Unicode
တစ်လခွဲကြာသောအခါ—
ရှီယွင်နန်တစ်ယောက် လက်ထဲဖိတ်စာကိုင်ထားရင်း Mia Grand Hotel သို့ ရောက်ရှိလာခဲ့သည်။
ဧည့်ကြိုသမားကို ကားသော့ပေးလိုက်ပြီးနောက်၊ နောက်တစ်စက္ကန့်မှာပဲ သူ့ကိုစောင့်နေသည့် သူ့သူငယ်ချင်း ယွမ်ရွေ့ကို တွေ့လိုက်ရသည်။
"ယွမ်ရွေ့"
ရှီယွင်နန် ဟိုတယ်လော်ဘီထဲသို့ အမြန်ဝင်လိုက်၏။ ဆောင်းရာသီမို့ အပြင်မှာ အရမ်းအေးနေလေသည်။
ယွမ်ရွေ့သူ့ကို လက်ပြလိုက်ပြီးနောက်၊ လော်ဘီထဲရှိ နာရီအား ကြည့်လိုက်သည်။ "ပွဲစဖို့ အချိန်နည်းနည်းတော့ကျန်သေးတယ်။ ခဏလောက်ထိုင်နေကြမလား?"
"အိုကေလေ။"
သူတို့နှစ်ယောက် ဒီကိုရောက်လာရသည့် အကြောင်းရင်းမှာ ဖန်းယာနဲ့ သူ့ခင်ပွန်း၏ 25 နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အတွက် ဖိတ်စာရရှိခဲ့လို့ပင်။
အကျိုးတူပူးပေါင်းသည့် ပါတနာများအဖြစ်၊ ရှီယွင်နန်နဲ့ ယွမ်ရွေ့မှာ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြ၏။
ထိုနေ့လေလံပွဲအပြီးတွင်၊ ဖန်းယာဦးဆောင်သော ဖန်းကုမ္ပဏီက သူတို့စတူဒီယိုနှင့် ပူးပေါင်းရန် ကမ်းလှမ်းလာခဲ့သည်။ ကမ်းလှမ်းချက်ကတော့ ရှင်းလင်းလေသည်-
နှစ်လပြည့်တိုင်း ယွမ်က ဖန်းမိသားစုလေလံပွဲမှာ ရောင်းချရန်၊ ကျောက်စိမ်းဒီဇိုင်းကို ဖန်တီးပေးရမည်ဖြစ်သည်။ နောက်ဆုံးအမြတ်ငွေကိုတော့ ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း ခွဲဝေရမည်ဖြစ်လေသည်။ ပူးပေါင်းဆောင်ရွက်သည့်ကာလကို အစမ်းသဘောအနေဖြင့် တစ်နှစ် သတ်မှတ်ထားကြသည်။
အကြမ်းဖျင်းဆွေးနွေးကြပြီးနောက်၊ ရှီယွင်နန်တို့က ပူးပေါင်းဆောင်ရွက်ဖို့ကို သဘောတူခဲ့ကြသည်။
ပထမအကြောင်းရင်းမှာ၊ ဖန်းမိသားစုအောက်ရှိ လေလံပွဲများတွင်၊ သူတို့ဒီဇိုင်းစတူဒီယိုကို ချဲ့ထွင်ရန်၊ ဖောက်သည်အများအပြားကို စုနိုင်မည်ဖြစ်ပြီး
ဒုတိယအကြောင်းရင်းမှာ၊ အသစ်ဖွင့်ထားသည့် ဒီဇိုင်းစတူဒီယိုအားလည်ပတ်ရန် ပုံမှန်ဝင်ရမည့် ဝင်ငွေမှာ မရှိမဖြစ်လိုအပ်တာကြောင့်ပင်။
ယွမ်ရွေ့မှာ လက်တလော အလုပ်များနေ၏။ ရှီယွင်နန်နဲ့ ဆုံဖို့ကလည်း သိပ်မလွယ်တာကြောင့်၊ သူက အလုပ်ကိစ္စကိုသာမေးလာသည်။ "မစ္စလျိုအတွက် ဒီဇိုင်းမူကြမ်း အခြေအနေကော?"
ယွီနန်ဒီဇိုင်းစတူဒီယိုသည် လေလံပွဲပြီးကတည်းက ဖန်းယာဆီကနေ အကျိုးတူပူပေါင်းဖို့ကို လက်ခံခဲ့ရရုံသာမက၊ တချို့ဧည့်သည့်များဆီကနေလည်း သီးသန့်အမှာစာတွေ ရရှိခဲ့ကြသည်။
တစ်ပွဲတည်းနဲ့ နာမည်ရလာသည့် ဒီဇိုင်နာချုပ် ရှီယွင်နန်မှာတော့ လက်မောင်းများ ရောင်ကိုင်းလာသည့်အထိ သီးသန့်အမှာစာများကို ရရှိခဲ့လေသည်။
သူနဲ့ သူ့လက်ထောက်အသစ်မှာ သင့်လျော်တဲ့ အမှာစာကြီးသုံးခုကို ရွေးချယ်ခဲ့ပြီး လက်တလော ဒီဇိုင်းဆွဲရန် အလုပ်များနေခဲ့သည်။ "ပြီးတော့မယ်။မစ္စလျိုနဲ့ အတည်ပြုပြီးတာနဲ့ ပါဝင်ပစ္စည်းစာရင်း ပို့လိုက်မယ်။"
"ကောင်းပြီလေ။"
"မင်းအခြေအနေကော?" ရှီယွင်နန် ပြန်မေးလာတော့
ယွမ်ရွေ့က တမင်တကာ ညည်းတဲ့ပုံစံလေးနဲ့ပြန်ပြောလာသည်။ "မင်းက ဦးနှောက်သုံးပြီး ငါက ကိုယ်ကာယခွန်အားကို သုံးနေရတာလေ။ ငါသေမတတ် အလုပ်များနေတာ။"
ကျောက်မျက်ရတနာပရဟိတလေလံပွဲအပြီးတွင်၊ သူတို့ ဒီဇိုင်းစတူဒီယိုကိုဖွင့်လှစ်နိုင်ခဲ့ပြီး၊ အသစ်တွေလည်း ခန့်အပ်နိုင်ခဲ့ကာ၊ အလုပ်တွေကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်ခဲ့သည်။
ယွမ်ရွေ့က ရှီယွင်နန်ရဲ့ နဂိုအစီအစဉ်အတိုင်း၊ ဒီဇိုင်နာများကို အုပ်စု နှစ်စုခွဲထားလိုက်၏။
အတွေ့ကြုံများများရှိသည့် ဒီဇိုင်နာအဖွဲ့ကသီးသန့်အမှာစာဒီဇိုင်းများအတွက် တာဝန်ယူထားပြီး၊ အတွေ့အကြုံနည်းသည့် ဒီဇိုင်နာအသစ်အုပ်စုက စျေးကွက်မှာရောင်းချမည့် အများဒီဇိုင်းများအတွက် တာဝန်ယူထားသည်။
သေချာတာပေါ့၊ ဒါက ပုံသေမဟုတ်ပါ။
ဒီဇိုင်နာတွေမှာ ဒီဇိုင်းစိတ်ကူးကောင်းတွေ ရှိနေသရွေ့ ပုံမှန်ဒီဇိုင်းအချိန်ဇယားကိုမနှောင့်နှေးစေဘဲ အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်သည်။
ထို့အပြင် နောက်ဆက်တွဲကိစ္စတွေဖြစ်သည့် အများဒီဇိုင်းများအား ထုတ်လုပ်ရန် စက်ရုံကိုလည်း ညှိနှိုင်းထားတာကြောင့်၊ ပထမအသုတ်ဒီဇိုင်းများထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
"မစ္စတာလော့အကူအညီနဲ့ ၊ ဆိုင်နေရာရယ်၊ အွန်လိုင်းကရောင်းဖို့ တရားဝင်ဝဘ်ဆိုဒ်ကို တချိန်တည်း ပြင်ဆင်ပြီးသွားတယ်။"
ယွမ်ရွေ့က လတ်တလောကိစ္စတွေကို မရပ်မနားပြောလိုက်ပြီး၊ ဘယ်သူမှ သတိမထားမိခင် သူ့ကိုယ်လေးကို ဆိုဖာပေါ်မှာ တစ်ဝက်လောက်မှီထားလိုက်ကာ
"ငါလေ တစ်နေ့ကို ကိုယ်နှစ်ကိုယ်သာ ခွဲထားလိုက်ချင်တယ်။ ပြီးခဲတဲ့ နှစ်ရက်လုံး ခြောက်နာရီ၊ ခုနစ်နာရီလောက်ပဲ အိပ်ရသေးတာ။"
ယွမ်ရွေ့မှာ မကြိုးစားခင်တုန်းကတော့ မသိခဲ့—ကိုယ့်ကိုယ်ပိုင်အလုပ်ကို စီမံတော့မယ်ဆို၊ အားစိုက်ထုတ်ရမယ်၊ ကိုယ်ခန္ဓာခွန်အားကို ထုတ်သုံးရမယ်ဆိုတာ သိလာရတယ်။ အရင်တုန်းက လုကျောက်အန်း ယွမ်မိသားစုကို ဘယ်လိုစီမံနေခဲ့လဲဆိုတာ သူတကယ်သိချင်မိ၏။
"မင်း လက်ထောက်တွေကော ခန့်ပြီးပြီးလား? အရမ်းအလုပ်တွေပိနေရင် ငါကူညီပေးလို့ရတယ်။" ရှီယွင်နန် သူ့ကိုမေးလိုက်သည်။
အမှန်အတိုင်း ပြောရရင်၊ တစ်ဖက်လူတဖြည်းဖြည်းရင့်ကျက်လာမယ်လို့ သူတောင် မထင်ထားဘူး။
"ဟင့်အင်း၊ ငါတို့အစကတည်းက သဘောတူထားတယ်လေ။ မင်းက ဒီဇိုင်းအတွက်အတွက်ပဲ တာဝန်ယူရမယ်၊ တခြားအသေးအဖွဲကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းဖို့ကတော့ ငါပိုကြိုးစားသွားမယ်!"
ယွမ်ရွေ့က ရှီယွင်နန်နားကပ်လိုက်ပြီး သူ့ပခုံးလေးအားဖက်လိုက်ကာ "မင်းက ငါ့ကို အရမ်းယုံထားမှတော့ ငါမင်းကိုစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးလေ။"
. . . သူ့အဖေ နဲ့ သူ့အစ်ကို စိတ်ပျက်အောင်လည်း လုပ်လို့မဖြစ်ဘူး။
ရှီယွင်နန်မှာ ခဏတာ မှင်တက်သွားပြီး၊ ထရယ်လိုက်မိသည်။
"ဘာလို့ ရယ်တာလဲကွ?"
ယွမ်ရွေ့မှာ ရှီယွင်နန်က သူ့ရဲ့ကလေးဆန်တဲ့စိတ်လေးကိုရယ်နေတာလို့ထင်သွားပြီး သူက ထပ်ထည့်ပြောလိုက်သည်။ "ငါတကယ်ပြောနေတာ။ မင်းငါ့ကို စိတ်ရင်းနဲ့ သူငယ်ချင်းလိုသဘောထားမှန်းငါသိပါတယ်။ ငါလည်း အဲ့လိုပဲ။"
"ငါက ရှီးခယ့်ယွဲ့ အရှုံးပေါ်တာကို ရယ်နေတာပါ။"
အချို့သူတွေက စိတ်ရင်းနဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေထက်၊ ပိုက်ဆံတွေ၊ အကျိုးစီးပွါးရေးတွေကို သာ ပိုအလေးထားကြတယ်။
အချိန်တော်တော်ကြာမှ ရှီးခယ့်ယွဲ့ဆိုတဲ့နာမည်ကိုကြားလိုက်ရတော့၊ ယွမ်ရွေ့ ရွံရှာသည့်အနေနဲ့ မျက်မှောင်ကြုတ်လိုက်မိ၏။ "ဘာလို့ သူက ပါလာရတာလဲ?"
သူ့စရိုက်က တစ်ယောက်ယောက်ကိုသူငယ်ချင်းအဖြစ်သတ်မှတ်ပြီဆို၊ စိတ်ရင်းမှန်နဲ့ ပေါင်းတယ်။ တစ်ယောက်ယောက်ကို သစ္စာဖောက်အဖြစ် သတ်မှန်လိုက်ပြီဆိုရင်လည်း၊ သူတို့ရဲ့ တည်ရှိမှုက သူ့အတွက်တော့ အမှိုက်တွေထက်တောင် ညစ်ပတ်နံစော်တယ်။
"ဘာမှမဟုတ်ပါဘူး၊ ငါစကားအများကြီးပြောမိသွားတယ်။" ရှီယွင်နန်က သူ့အမှားကို ပြတ်ပြတ်သားသား ဝန်ခံကာ ယွမ်ရွေ့အား ဆွဲထူလိုက်သည်။ "အပေါ်တက်ပြီး ခန်းမထဲဝင်ကြစို့။ "
"အိုကေ"
"ဒါနဲ့၊ ငါက လူမှုရေးအရလာတာနော်။ စောစောပြန်ရင် ပြန်မှာ။" ရှီယွင်နန် ပြောလာတော့
ယွမ်ရွေ့ နးမလည်ဖြစ်သွားကာ "တစ်ခုခု ရှိလို့လား?"
ရှီယွင်နန်ရဲ့ မျက်လုံးလေးတွေက စွဲမက်စရာကောင်းသည့် အပြုံးလေးဖြင့် လက်ခနဲဖြစ်သွားကာ "ဒီနေ့ လော့လင်းရှန်း မွေးနေ့လေ။ သူ့အနားမှာရှိပေးချင်လို့ အိမ်ပြန်ချင်တယ်။"
"....."
ယွမ်ရွေ့ရဲ့ ပါးစပ်လေးမှာ ခွေးစာတွေနဲ့ ပြည့်သွားပြီး၊ သူ့မျက်လုံးလေးတွေမှာ ကောင်းကင်အထိ မျက်ဆန်လန်ပြမတတ်ပင်။
"အဲ့လိုကိုး။" သူက အမြန်ချောင်းဟန့်လိုက်ကာ၊ စကားလမ်းကြောင်းလွှဲရန်၊ သူကြားခဲ့ရတဲ့ အတင်းအဖျင်းစကားကို သုံးလိုက်သည်။ "အရင်တခေါက် လေလံပွဲမှာတုန်းက ငါတို့ မစ္စဖန်းနဲ့ စကားပြောပြီးတာနဲ့ စောစောပြန်သွားတာလေ။ နောက်ပိုင်း ဘာတွေ ဖြစ်သွားလဲ မှန်းကြည့်။"
"မင်းမှာ ဒါတွေလိုက်မေးဖို့ ဘယ်လိုလုပ် အချိန်တွေ ရှိနေသေးတာလဲ?" ရှီယွင်နန် သိချင်နေမိသည်။
နှစ်ယောက်သား ဓာတ်လှေကားထဲ ဝင်လိုက်ပြီးနောက်၊ ဓာတ်လှေကားတံခါးက ပိတ်သွား၏။
ယွမ်ရွေ့က ချက်ကျလက်ကျ ပြောလာသည်။ "ကုကျွယ် ငှါးထားတဲ့လူက သူထွက်သွားတယ်ထင်နေတော့၊ အသံကျယ်ကြီးနဲ့ လျှောက်အော်လိုက်လို့ ပေါ်ကုန်တာလေ။ ဘာဆက်ဖြစ်လဲမှန်းကြည့်။ အဲ့ချိန်တုန်းက ကုကျွယ်မပြန်သွားသေးဘူးတဲ့!"
ရှီယွင်နန် ဒါကို ကြားတော့ချက်ချင်းပြန်မေးလိုက်သည်။ "တိုက်ဆိုင်သွားတာလား?"
ယွမ်ရွေ့က အတင်းအဖျင်းစကားတွေကို ပျော်ပျော်ရွှင်ရွှင် ဆက်ဝေမျှလိုက်သည်။
သူတို့ လေလံစျေးနှုန်း လင်းယွီထက်ကျော်သွားပြီးနောက်၊ ယွမ်ရွေ မာန်ပါပါနဲ့ လုပ်ပြလိုက်တာကို မြင်လိုက်ရတဲ့ ကုကျွယ်မှာ ဒေါသတကြီးဖြင့် လေလံဆွဲတဲ့နေရာကနေ ချက်ချင်းထသွားခဲ့သည်။
သို့သော် ကုကျွယ်က စီးပွါးရေးနယ်ပယ်မှာ အနည်းနဲ့အများတော့ အတွေ့အကြုံအချို့ရှိထား၏။ သူ့မှာ အကြံအစည်တွေ ပြည့်နေပေမယ့်လည်း ငွေပေးချေဖို့ကိုတော့ ရှောင်နေမှာမဟုတ်။
"ငါကြားတာတော့ ကုကျွယ်က လသာဆောင်မှာ ပုန်းပြီး ဆေးလိပ်သောက်နေတာတဲ့။ အဲ့မှာ တစ်ယောက်ယောက်ဆီကဖုန်းလာတော့ ပြန်ဝင်လာတာကြာသွားတာ။ သူလေလံပွဲနေရာ ပြန်ရောက်တော့ ကိုယ်စားလှယ်က စိတ်တွေဂယောက်ဂယက်ဖြစ်ပြီး ကောင်းကင်ပေါ်အထိ အပေါက်တောင် ဖောက်ပြီးနေပြီ။" ( မရည်ရွယ်ဘဲ လျှို့ဝှက်ချက်ထုတ်ပြောမိ)
အမှန်ဆို၊ ဒီကိုယ်စားလှယ်ကိုလည်း အပြစ်တင်လို့တော့မရ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ကုကျွယ်ကသာ သူ့ကို လေလံဆွဲရဖို့ ချမ်းသာတဲ့ ဧည့်သည်လို သရုပ်ဆောင်ခိုင်းတာလေ။ သူက တကယ်ချမ်းသာတဲ့ သူမှမဟုတ်တာ။ ဒီတခေါက် 10 သန်းနီးပါးတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုက မမျှော်လင့်ဘဲ လေလံအောင်သွားပြီး သူ့ကို ထိတ်လန့်သွားစေခဲ့သည်။
"ကုကျွယ် ခန်းမထဲပြန်ရောက်ရောက်ချင်း၊ ဒါတွေမြင်လိုက်ရတော့ သူ့မှာ ဒေါသထွက်လွန်းလို့ မျက်နှာကစာရွက်လို့ဖြူဖျော့နေတာပဲတဲ့။ သူတွင်းတူးပြီး ပုန်းမနေနိုင်တာတော့ သနားစရာပဲ။"
သူ တွန့်ဆုတ်နေပေမယ့်လည်း၊ ကုန်ပစ္စည်းအတွက် ငွေပေးချေဖို့ကို တိတ်တိတ်လေး ဖြေရှင်းနေရသေးသည်။
ဒါမယ့် လူချမ်းသာတွေရဲ့လေလံပွဲက ဘယ်လိုမျိုးမို့လို့လဲ?
ဒီလိုလှောင်စရာကိစ္စမျိုးက ကျယ်ကျယ်ပြန့်ပြန့် ပျံ့သွားပြီး၊ လူတွေကြားက အတင်းအဖျင်းဖြစ်လာသည်။ ကုကျွယ်လည်း အခုတစ်ကြိမ် လုံးဝနာမည်ပျက် သွားပြီး၊ လင်းယွီအနာဂတ်လည်း ပျက်စီးသွားလေပြီ။
ယွမ်ရွေ့ကတော့ ထိုအကြောင်းကို ပိုတွေးလေလေ၊ ရယ်ချင်လေလေပင်။
ကုကျွယ် သူတို့ကို ပစ်မှတ်ထားမှာကို ဘယ်သူကခွင့်ပြုထားရမှာလဲ? ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ အခြေအနေမကောင်းပေမယ့်၊ သူမှာတော့ အချိန်ကောင်းလေးတွေရှိနေတယ်။
ရှီယွင်နန် ခေါင်းခါကာ ရယ်မောလိုက်၏။ "ကံမကောင်းတဲ့လူတွေက သွားကြားထဲမှာတောင် ရေတွေ ညှပ်တတ်တယ်တဲ့။"
"အမှန်ပဲ။"
ဓာတ်လှေကားတံခါးပွင့်လာပြီးနောက်၊ သူတို့နှစ်ယောက်သား ပွဲရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကာ ညာဘက်ရှိ ဧည့်ခန်းမဆီသို့ လျှောက်သွားလိုက်ကြသည်။
ယွမ်ရွေ့က ဒီအခွင့်ရေးကိုသုံးကာ အခြားကိစ္စတစ်ခုကို အကောင်အထည်ဖော်ချင်နေမိ၏။ "ဒါနဲ့၊ လွန်ခဲ့တဲ့၂ နှစ်လောက်က လင်းယွီမှာ ဒီဇိုင်းအဖွဲ့တစ်ဖွဲ့ရှိခဲ့တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ပူးပေါင်းရအောင် ငါဖိတ်စာတွေပို့ဖို့ စီစဉ်ထားတယ်။ မင်းဘယ်လို သဘောရလဲ?"
ရှီယွင်နန် မျက်ခုံးပင့်ကာ သူ့ကိုကြည့်ကာ သူ့ကိုကြည့်လိုက်သည်။ "မင်း လင်းယွီကို အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာလား?"
"ဘယ်သူက ကုကျွယ်နဲ့ ရှီးခယ့်ယွဲ့ကို ငါတို့နံရံတွေလာဖောက်ခိုင်းလို့တုန်း? ငါကြားတာတော့ အဲ့ဒီဇိုင်နာတွေက ကုကျွယ်ဒဏ်ကိုမခံနိုင်လို့ နှုတ်ထွက်ခဲ့ကြတာတဲ့။ အခုချိန်၊ ကိုယ်ပိုင်လုပ်ငန်းထောင်ထားတဲ့ဒီဇိုင်နာတွေ နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ်။ ငါက ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာမှမဟုတ်တာ။ ဘာလို့ကြောက်ရမှာလဲ?"
"ဟုတ်ပါတယ်၊ ဒါမယ့် သူတို့ဆွဲထားတဲ့အရင်ဒီဇိုင်းတွေက ငါတို့အနာဂတ်အစီအစဉ်နဲ့ ကိုက်ညီမှုရှိမရှိ မင်းငါ့ကို ပြကြည့်အုံးလေ။"
"ကောင်းပါပြီကွာ၊ မင်းမှာ ဒီဇိုင်းပိုင်းကိုအပြည့်အဝထိန်းချုပ်ပိုင်ခွင့်ရှိပါတယ်။"
ခဏတာစကားပြောပြီးနောက်တွင်၊ သူတို့နှစ်ယောက် ပွဲသို့ အချိန်မီရောက်လာကြပြီး၊ အပူချိန်မှာ လိုအပ်သည်ထက် ပိုလျှံနေသည်။
ရှီယွင်နန် ဒီပွဲရဲ့အဓိကဇာတ်ဆောင်ကို ခန်းမအလယ်တွင် တွေ့လိုက်ရ၏။
ဖန်းယာက တရုတ်ရိုးရာအင်္ကျီနှင့်၊ သားမွှေးခြုံထည်ကို ၀တ်ဆင်ထားဆဲဖြစ်ပြီး၊ သူမရဲ့ ချောမောသည့်မျက်နှာမှာ ပေါ်လွင်နေသည်။ သူမရဲ့ ဆံပင်ကို vintage အကောက်လှိုင်းပုံစံ သေသေချာချာ ဖီးထားပြီး ၊ပထမအကြည့်တစ်ချက်နဲ့တွင်၊ တရုတ်ပြည်ကြီး၏ ဆွဲဆောင်မှုရှိသည့် အလှတရားမျိုးရှိနေသည်။
ဖန်းယာ၏ဘေးတွင်တော့ ခန့်ညားစွာ ဝတ်စုံပြည့်ဝတ်ထားသည့် ခင်ပွန်းဖြစ်သူ မော့ပေါ်အန်းက ရပ်နေလေသည်။
ယွမ်ရွေ့ ဝိုင်နှစ်ခွက်ကို ယူလိုက်ကာ သူ့သူငယ်ချင်းကို မေးလိုက်၏။ "မစ္စဖန်း ဝတ်ဆင်တဲ့ပုံကလေ တရုတ်နိုင်ငံရဲ့ စစ်တပ်ချုပ်ဇနီးတွေဝတ်တဲ့ပုံနဲ့ တူတယ်လို့ထင်လား?"
ရှီယွင်နန် ပြုံးရုံသာပြုံးလိုက်၏။ "မစ္စဖန်းက နုတယ်။"
အစကတော့ ဖန်းယာမှာ အသက်၃၀လောက်သာ ရှိအုံးမယ်လို့ ရှီယွင်နန်ထင်ခဲ့ပေမယ့် နောက်ပိုင်းစကားပြောဖြစ်တဲ့အခါ၊ သူမမှာ အသက်၂၃နှစ်အရွယ်သမီးတစ်ယောက်ရှိနေပြီဆိုတာ သိလိုက်ရသည်။
ယွမ်ရွေ့က သူနဲ့အတူ ဖန်ခွက်တိုက်လိုက်ပြီး တိုးတိုးလေးပြောလာသည်။ "သူ့ယောက်ျားက ဒီဇိုင်းပညာကို လေ့လာခဲ့တာတဲ့။ နောက်ပိုင်း သူ့ကိုယ်ပိုင်ဘရန်းနာမည်နဲ့ အမျိုးသားဝတ်တွေထုတ်ခဲ့တယ်လေ။"
ဖန်းမိသားစုလောက် မကြီးမားပေမယ့် သူ့မှာ ပုံမှန်ဝင်ငွေလေးဝင်နေလေသည်။
နှစ်ယောက်သား ခဏတာ စကားစမြည်ပြောနေကြရင်း၊ ဖန်းယာက သူတို့ကို သတိထားမိသွားကာ၊ သူခင်ပွန်းနဲ့အတူ လျှောက်လာသည်။ "မစ္စတာရှီ၊ မစ္စတာယွမ်၊ ကျွန်မတို့ မင်္ဂလာနှစ်ပတ်လည် အခမ်းအနားပွဲကနေ ကြိုဆိုပါတယ်နော်။"
နီးကပ်လာသည်နှင့်အမျှ၊ တစ်ဖက်လူဝတ်ထားသည့် ဆွဲကြိုးကို ရှီယွင်နန် သတိပြုမိလိုက်သည်။
"မစ္စတာမော့၊ မစ္စစ်ဖန်း၊ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ့။ နှစ်တစ်ရာတိုင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
ရှီယွင်နန်က သူ့ဖန်ခွက်ကို မြှောက်ကာ နှုတ်ဆက်လိုက်၏။ သူ့အကြည့်က လည်ဆွဲပေါ်ရောက်သွားကာ "မစ္စဖန်းက ကြည့်တတ်တာပဲ။ ဒီနေ့ဝတ်စုံနဲ့ လည်ဆွဲက အရမ်းလိုက်တယ်။"
ပြောဆိုလိုက်ပုံမှာ ပညာသားပါလှ၏။
ရှီယွင်နန်က ရိုးရိုးရှင်းရှင်း စာကြောင်းနှစ်ခုနဲ့တင်၊ ဖန်းယာကို ချီးကျူးလိုက်ရုံသာမက သူ့ကိုယ်ပိုင်ဒီဇိုင်းကိုလည်း သွယ်ဝိုက်ကာ ထုတ်ပြောလာသည်။
ဖန်းယာက ရှီယွင်နန်စကားကို အရမ်းသဘောကျကာ ပြန်ဖြေလိုက်သည်။ "ကျွန်မ ဒီလည်ဆွဲကို ကျင်းစဲ့လို့ နာမည်ပေးထားတယ်။"
( ကဗျာနာမည်ဖြစ်ပြီး Li Shengyin ရေးခဲ့တဲ့ ထန်မင်းဆက်က နာမည်ကြီးကဗျာဖြစ်သည်။ ဒီကဗျာက အချစ်ကဗျာဖြပြီး Li Shengyinက သူ့မိန်းမနဲ့အမှန်တရတွေကို ရေးဖွဲ့ထားတာပင်။ တချို့ပြောကြတာတော့ အစေခံက ဆရာသခင်အတွက် ရေးဖွဲ့ထားတဲ့ ကဗျာ မျိုးပါတဲ့။)
လက်ဝတ်ရတနာဒီဇိုင်းတွေမှာ အင်္ဂလိပ်နာမည်များသာ အသုံးများတာ မဟုတ်သော်လည်း၊ ဂန္ထဝင်ဆန်သည့် နာမည်မှာတော့ အနည်းငယ်မျှသာရှိသည်။
ရှီယွင်နန်က သူမအဓိပ္ပာယ်ကို ချက်ခြင်းမှန်းဆမိလိုက်ကာ ပြုံးလိုက်မိ၏။ "ပင်လယ်ထဲမှာ တောက်ပတဲ့လရဲ့အရိပ်က မျက်ရည်နဲ့လုပ်ထားတဲ့ ပုလဲနဲ့တူတယ်တယ်။ နေ့ထူးနေ့ကောင်းလေးတစ်ရက်မှာ လန်ထျန်းတောင်ပေါ်က ကျောက်စိမ်းလေးတွေက မြူဆိုင်းနေတတ်တယ်။မစ္စဖန်းက ဒီကဗျာလေးကနေ ကောက်နုတ်ထားတာပဲ။"
ဖန်းယာ ခေါင်းညိတ်လိုက်ကာ " ဒီဇိုင်နာတစ်ယောက်အနေနဲ့ မစ္စတာရှီကော ဘယ်လိုထင်လဲ?"
ရှီယွင်နန်ရဲ့ မျက်လုံးများက အသိအမှတ်ပြုတဲ့ အရိပ်အယောက်လေးပြသနေ၏။ "အဆင်ပြေပါတယ်။"
ဖန်းယာက သာမန်ချမ်းသာသည့် အမျိုးသမီးများထက် လက်ဝတ်ရတနာအကြောင်းကို ပိုသိသူဖြစ်သည်။ ဥပမာအနေနဲ့ ဒီဆွဲကြိုးနာမည်ကိုပဲ ကြည့်လေ။ ဒီနာမည်က ရှီယွင်နန် ဒီဇိုင်းဆွဲတုန်းက စဉ်းစားမိသည့် နာမည်ဖြစ်သည်။
"ဒီလည်ဆွဲကို ရလာတဲ့နေ့ကတည်းက ငါ့ကို ပြပြီးရင်းပြနေတာ။" မော့ပေါ်အန်းက သူ့မိန်းမကို မနိုင်ဘူးဆိုတဲ့ လေသံလေးနဲ့ ပြောလာကာ ဖက်လိုက်သည်။
"မစ္စတာရှီ၊ မစ္စတာယွမ်၊ ဖြစ်နိုင်ရင် မင်းတို့စတူဒီယိုကနေ ငါ့အတွက် သီးသန့်အမှာစာဒီဇိုင်း ထုတ်ပေးလို့ရမလား?"
ရှီယွင်နန် နှင့် ယွမ်ရွေ့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "မစ္စတာမော့က မစ္စဖန်းအတွက် လည်ဆွဲလိုချင်တာလား?"
"သူက ဘာလို့ ကျွန်မကိုပေးမှာလဲ?"
ဖန်းယာက ခင်ပွန်းဖြစ်သူရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ကာ သူ့အစားဖြေပေးလာသည်။ "သူက သမီးအတွက် မွေးနေ့လက်ဆောင်ရွေးဖို့ လုပ်နေတာ။"
သူမပြောပြီးသည်နှင့် တပြိုင်နက် မိန်းကလေးတစ်ယောက်က အသံကျယ်ကျယ်နဲ့ပြောလာသည်။ "ပါး၊ မား၊ သမီး လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့။"
မော့ပေါ်အန်း နှင့် ဖန်းယာမှာ တစ်ချိန်တည်းလှည့်ကြည့်သွားကြပြီး ရှီယွင်နန်လည်း သူတို့ကြည့်ရာသို့ လှမ်းကြည့်လိုက်သည်။
အရောင်တောက်တောက် ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးက လျှောက်လာပြီး သူမဘေးတွင်တော့ ပိုနူးညံ့သိမ်မွေ့သည့် အမူအယာနဲ့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ကရပ်နေသည်။
ရှီယွင်နန်နှင့် ထိုဧည့်သည်ရဲ့ အကြည့်တို့ဆုံသွားချိန်မှာတော့ ခုနက ပျော်ရွှင်နေသည့် သူ့မျက်လုံးလေးမှာ ရုတ်တရက်အေးခဲသွားတော့လေသည်။
"ချီချီ" ချစ်ခြင်းမေတ္တာများက ဖန်းယာမျက်နှာပေါ်တွင် ချက်ချင်းပွင့်လန်းလာပြီး သူတို့ကို မိတ်ဆက်ပေးဖို့လည်း မမေ့ပေ။ "ဒါက ကျွန်မသမီး မော့ရွှမ်ချီတဲ့။"
"ချီချီ၊ ဒီနှစ်ယောက်က မေမေရဲ့ အကျိုးတူပါတနာတွေလေ၊ ဒါမယ့် တကယ်တော့လေ သူတို့က မင်းထက် နှစ်နည်းနည်းလေးပဲ ပိုကြီးကြတာ။"
သူမက ရှီယွင်နန်တို့ ယွမ်ရွေ့တို့နှင့် သိပ်မရင်းနှီးသော်လည်း ယဉ်ကျေးမှုအရ ခေါင်းညိတ်ပြလာသည်။
ယွမ်ရွေ့လည်း တုံ့ပြန်သည့်အနေဖြင့် ပြန်ခေါင်းညိတ်ပြလိုက်ပြီး အခြားသူတွေမမြင်ရသည့် သူ့လက်ချောင်းလေးနဲ့ ရှီယွင်နန်ရဲ့ ကျောကို ပွတ်လိုက်ကာ ( ပြန်နှုတ်ဆက်ဖို့) သတိပေးလိုက်သည်။ "ယွင်နန်?"
နောက်တစ်စက္ကန့်မှာပဲ မော့ပေါ်အန်းက မေးလာ၏။ "ချီချီ ဒါကဘယ်သူလဲ?"
မော့ရွှမ်ချီက ချက်ချင်းဆိုသလိုပဲ မိတ်ဆက်ပေးလာတော့သည်။ "ပါး မား၊ ဒါက လော့ယန်ချွမ်းတဲ့။ သမီး ခဏ ခဏပြောဖူးတယ်လေ။ အရင်တခေါက် သမီးလူဆိုးတွေနဲ့တွေတုန်းက ကူညီပေးတဲ့သူဆိုတာ။"
Zawgyi
တစ္လခြဲၾကာေသာအခါ—
ရွီယြင္နန္တစ္ေယာက္ လက္ထဲဖိတ္စာကိုင္ထားရင္း Mia Grand Hotel သို႔ ေရာက္ရွိလာခဲ့သည္။
ဧည့္ႀကိဳသမားကို ကားေသာ့ေပးလိုက္ၿပီးေနာက္၊ ေနာက္တစ္စကၠန႔္မွာပဲ သူ႔ကိုေစာင့္ေနသည့္ သူ႔သူငယ္ခ်င္း ယြမ္ေ႐ြ႕ကို ေတြ႕လိုက္ရသည္။
"ယြမ္ေ႐ြ႕"
ရွီယြင္နန္ ဟိုတယ္ေလာ္ဘီထဲသို႔ အျမန္ဝင္လိုက္၏။ ေဆာင္းရာသီမို႔ အျပင္မွာ အရမ္းေအးေနေလသည္။
ယြမ္ေ႐ြ႕သူ႔ကို လက္ျပလိုက္ၿပီးေနာက္၊ ေလာ္ဘီထဲရွိ နာရီအား ၾကည့္လိုက္သည္။ "ပြဲစဖို႔ အခ်ိန္နည္းနည္းေတာ့က်န္ေသးတယ္။ ခဏေလာက္ထိုင္ေနၾကမလား?"
"အိုေကေလ။"
သူတို႔ႏွစ္ေယာက္ ဒီကိုေရာက္လာရသည့္ အေၾကာင္းရင္းမွာ ဖန္းယာနဲ႔ သူ႔ခင္ပြန္း၏ 25 ႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္အတြက္ ဖိတ္စာရရွိခဲ့လို႔ပင္။
အက်ိဳးတူပူးေပါင္းသည့္ ပါတနာမ်ားအျဖစ္၊ ရွီယြင္နန္နဲ႔ ယြမ္ေ႐ြ႕မွာ ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္လာၾက၏။
ထိုေန႔ေလလံပြဲအၿပီးတြင္၊ ဖန္းယာဦးေဆာင္ေသာ ဖန္းကုမၸဏီက သူတို႔စတူဒီယိုႏွင့္ ပူးေပါင္းရန္ ကမ္းလွမ္းလာခဲ့သည္။ ကမ္းလွမ္းခ်က္ကေတာ့ ရွင္းလင္းေလသည္-
ႏွစ္လျပည့္တိုင္း ယြမ္က ဖန္းမိသားစုေလလံပြဲမွာ ေရာင္းခ်ရန္၊ ေက်ာက္စိမ္းဒီဇိုင္းကို ဖန္တီးေပးရမည္ျဖစ္သည္။ ေနာက္ဆုံးအျမတ္ေငြကိုေတာ့ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အတိုင္း ခြဲေဝရမည္ျဖစ္ေလသည္။ ပူးေပါင္းေဆာင္႐ြက္သည့္ကာလကို အစမ္းသေဘာအေနျဖင့္ တစ္ႏွစ္ သတ္မွတ္ထားၾကသည္။
အၾကမ္းဖ်င္းေဆြးေႏြးၾကၿပီးေနာက္၊ ရွီယြင္နန္တို႔က ပူးေပါင္းေဆာင္႐ြက္ဖို႔ကို သေဘာတူခဲ့ၾကသည္။
ပထမအေၾကာင္းရင္းမွာ၊ ဖန္းမိသားစုေအာက္ရွိ ေလလံပြဲမ်ားတြင္၊ သူတို႔ဒီဇိုင္းစတူဒီယိုကို ခ်ဲ႕ထြင္ရန္၊ ေဖာက္သည္အမ်ားအျပားကို စုႏိုင္မည္ျဖစ္ၿပီး
ဒုတိယအေၾကာင္းရင္းမွာ၊ အသစ္ဖြင့္ထားသည့္ ဒီဇိုင္းစတူဒီယိုအားလည္ပတ္ရန္ ပုံမွန္ဝင္ရမည့္ ဝင္ေငြမွာ မရွိမျဖစ္လိုအပ္တာေၾကာင့္ပင္။
ယြမ္ေ႐ြ႕မွာ လက္တေလာ အလုပ္မ်ားေန၏။ ရွီယြင္နန္နဲ႔ ဆုံဖို႔ကလည္း သိပ္မလြယ္တာေၾကာင့္၊ သူက အလုပ္ကိစၥကိုသာေမးလာသည္။ "မစၥလ်ိဳအတြက္ ဒီဇိုင္းမူၾကမ္း အေျခအေနေကာ?"
ယြီနန္ဒီဇိုင္းစတူဒီယိုသည္ ေလလံပြဲၿပီးကတည္းက ဖန္းယာဆီကေန အက်ိဳးတူပူေပါင္းဖို႔ကို လက္ခံခဲ့ရ႐ုံသာမက၊ တခ်ိဳ႕ဧည့္သည့္မ်ားဆီကေနလည္း သီးသန္႔အမွာစာေတြ ရရွိခဲ့ၾကသည္။
တစ္ပြဲတည္းနဲ႔ နာမည္ရလာသည့္ ဒီဇိုင္နာခ်ဳပ္ ရွီယြင္နန္မွာေတာ့ လက္ေမာင္းမ်ား ေရာင္ကိုင္းလာသည့္အထိ သီးသန႔္အမွာစာမ်ားကို ရရွိခဲ့ေလသည္။
သူနဲ႔ သူ႔လက္ေထာက္အသစ္မွာ သင့္ေလ်ာ္တဲ့ အမွာစာႀကီးသုံးခုကို ေ႐ြးခ်ယ္ခဲ့ၿပီး လက္တေလာ ဒီဇိုင္းဆြဲရန္ အလုပ္မ်ားေနခဲ့သည္။ "ၿပီးေတာ့မယ္။မစၥလ်ိဳနဲ႔ အတည္ျပဳၿပီးတာနဲ႔ ပါဝင္ပစၥည္းစာရင္း ပို႔လိုက္မယ္။"
"ေကာင္းၿပီေလ။"
"မင္းအေျခအေနေကာ?" ရွီယြင္နန္ ျပန္ေမးလာေတာ့
ယြမ္ေ႐ြ႕က တမင္တကာ ညည္းတဲ့ပုံစံေလးနဲ႔ျပန္ေျပာလာသည္။ "မင္းက ဦးေႏွာက္သုံးၿပီး ငါက ကိုယ္ကာယခြန္အားကို သုံးေနရတာေလ။ ငါေသမတတ္ အလုပ္မ်ားေနတာ။"
ေက်ာက္မ်က္ရတနာပရဟိတေလလံပြဲအၿပီးတြင္၊ သူတို႔ ဒီဇိုင္းစတူဒီယိုကိုဖြင့္လွစ္ႏိုင္ခဲ့ၿပီး၊ အသစ္ေတြလည္း ခန္႔အပ္ႏိုင္ခဲ့ကာ၊ အလုပ္ေတြကို ေခ်ာေခ်ာေမြ႕ေမြ႕ေဆာင္႐ြက္ႏိုင္ခဲ့သည္။
ယြမ္ေ႐ြ႕က ရွီယြင္နန္ရဲ႕ နဂိုအစီအစဥ္အတိုင္း၊ ဒီဇိုင္နာမ်ားကို အုပ္စု ႏွစ္စုခြဲထားလိုက္၏။
အေတြ႕ႀကဳံမ်ားမ်ားရွိသည့္ ဒီဇိုင္နာအဖြဲ႕ကသီးသန႔္အမွာစာဒီဇိုင္းမ်ားအတြက္ တာဝန္ယူထားၿပီး၊ အေတြ႕အႀကဳံနည္းသည့္ ဒီဇိုင္နာအသစ္အုပ္စုက ေစ်းကြက္မွာေရာင္းခ်မည့္ အမ်ားဒီဇိုင္းမ်ားအတြက္ တာဝန္ယူထားသည္။
ေသခ်ာတာေပါ့၊ ဒါက ပုံေသမဟုတ္ပါ။
ဒီဇိုင္နာေတြမွာ ဒီဇိုင္းစိတ္ကူးေကာင္းေတြ ရွိေနသေ႐ြ႕ ပုံမွန္ဒီဇိုင္းအခ်ိန္ဇယားကိုမေႏွာင့္ေႏွးေစဘဲ အခ်ိန္မေ႐ြး ျပဳျပင္ေျပာင္းလဲႏိုင္သည္။
ထို႔အျပင္ ေနာက္ဆက္တြဲကိစၥေတြျဖစ္သည့္ အမ်ားဒီဇိုင္းမ်ားအား ထုတ္လုပ္ရန္ စက္႐ုံကိုလည္း ညႇိႏႈိင္းထားတာေၾကာင့္၊ ပထမအသုတ္ဒီဇိုင္းမ်ားထြက္လာမည့္ အခ်ိန္ကို ေစာင့္ဆိုင္းေနၾကသည္။
"မစၥတာေလာ့အကူအညီနဲ႔ ၊ ဆိုင္ေနရာရယ္၊ အြန္လိုင္းကေရာင္းဖို႔ တရားဝင္ဝဘ္ဆိုဒ္ကို တခ်ိန္တည္း ျပင္ဆင္ၿပီးသြားတယ္။"
ယြမ္ေ႐ြ႕က လတ္တေလာကိစၥေတြကို မရပ္မနားေျပာလိုက္ၿပီး၊ ဘယ္သူမွ သတိမထားမိခင္ သူ႔ကိုယ္ေလးကို ဆိုဖာေပၚမွာ တစ္ဝက္ေလာက္မွီထားလိုက္ကာ
"ငါေလ တစ္ေန႔ကို ကိုယ္ႏွစ္ကိုယ္သာ ခြဲထားလိုက္ခ်င္တယ္။ ၿပီးခဲတဲ့ ႏွစ္ရက္လုံး ေျခာက္နာရီ၊ ခုနစ္နာရီေလာက္ပဲ အိပ္ရေသးတာ။"
ယြမ္ေ႐ြ႕မွာ မႀကိဳးစားခင္တုန္းကေတာ့ မသိခဲ့—ကိုယ့္ကိုယ္ပိုင္အလုပ္ကို စီမံေတာ့မယ္ဆို၊ အားစိုက္ထုတ္ရမယ္၊ ကိုယ္ခႏၶာခြန္အားကို ထုတ္သုံးရမယ္ဆိုတာ သိလာရတယ္။ အရင္တုန္းက လုေက်ာက္အန္း ယြမ္မိသားစုကို ဘယ္လိုစီမံေနခဲ့လဲဆိုတာ သူတကယ္သိခ်င္မိ၏။
"မင္း လက္ေထာက္ေတြေကာ ခန္႔ၿပီးၿပီးလား? အရမ္းအလုပ္ေတြပိေနရင္ ငါကူညီေပးလို႔ရတယ္။" ရွီယြင္နန္ သူ႔ကိုေမးလိုက္သည္။
အမွန္အတိုင္း ေျပာရရင္၊ တစ္ဖက္လူတျဖည္းျဖည္းရင့္က်က္လာမယ္လို႔ သူေတာင္ မထင္ထားဘူး။
"ဟင့္အင္း၊ ငါတို႔အစကတည္းက သေဘာတူထားတယ္ေလ။ မင္းက ဒီဇိုင္းအတြက္အတြက္ပဲ တာဝန္ယူရမယ္၊ တျခားအေသးအဖြဲကိစၥေတြကိုကိုင္တြယ္ေျဖရွင္းဖို႔ကေတာ့ ငါပိုႀကိဳးစားသြားမယ္!"
ယြမ္ေ႐ြ႕က ရွီယြင္နန္နားကပ္လိုက္ၿပီး သူ႔ပခုံးေလးအားဖက္လိုက္ကာ "မင္းက ငါ့ကို အရမ္းယုံထားမွေတာ့ ငါမင္းကိုစိတ္ပ်က္ေအာင္လုပ္လို႔မျဖစ္ဘူးေလ။"
. . . သူ႔အေဖ နဲ႔ သူ႔အစ္ကို စိတ္ပ်က္ေအာင္လည္း လုပ္လို႔မျဖစ္ဘူး။
ရွီယြင္နန္မွာ ခဏတာ မွင္တက္သြားၿပီး၊ ထရယ္လိုက္မိသည္။
"ဘာလို႔ ရယ္တာလဲကြ?"
ယြမ္ေ႐ြ႕မွာ ရွီယြင္နန္က သူ႔ရဲ႕ကေလးဆန္တဲ့စိတ္ေလးကိုရယ္ေနတာလို႔ထင္သြားၿပီး သူက ထပ္ထည့္ေျပာလိုက္သည္။ "ငါတကယ္ေျပာေနတာ။ မင္းငါ့ကို စိတ္ရင္းနဲ႔ သူငယ္ခ်င္းလိုသေဘာထားမွန္းငါသိပါတယ္။ ငါလည္း အဲ့လိုပဲ။"
"ငါက ရွီးခယ့္ယြဲ႕ အရႈံးေပၚတာကို ရယ္ေနတာပါ။"
အခ်ိဳ႕သူေတြက စိတ္ရင္းနဲ႔ ေပါင္းတဲ့ သူငယ္ခ်င္းေတြထက္၊ ပိုက္ဆံေတြ၊ အက်ိဳးစီးပြါးေရးေတြကို သာ ပိုအေလးထားၾကတယ္။
အခ်ိန္ေတာ္ေတာ္ၾကာမွ ရွီးခယ့္ယြဲ႕ဆိုတဲ့နာမည္ကိုၾကားလိုက္ရေတာ့၊ ယြမ္ေ႐ြ႕ ႐ြံရွာသည့္အေနနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ "ဘာလို႔ သူက ပါလာရတာလဲ?"
သူ႔စ႐ိုက္က တစ္ေယာက္ေယာက္ကိုသူငယ္ခ်င္းအျဖစ္သတ္မွတ္ၿပီဆို၊ စိတ္ရင္းမွန္နဲ႔ ေပါင္းတယ္။ တစ္ေယာက္ေယာက္ကို သစၥာေဖာက္အျဖစ္ သတ္မွန္လိုက္ၿပီဆိုရင္လည္း၊ သူတို႔ရဲ႕ တည္ရွိမႈက သူ႔အတြက္ေတာ့ အမႈိက္ေတြထက္ေတာင္ ညစ္ပတ္နံေစာ္တယ္။
"ဘာမွမဟုတ္ပါဘူး၊ ငါစကားအမ်ားႀကီးေျပာမိသြားတယ္။" ရွီယြင္နန္က သူ႔အမွားကို ျပတ္ျပတ္သားသား ဝန္ခံကာ ယြမ္ေ႐ြ႕အား ဆြဲထူလိုက္သည္။ "အေပၚတက္ၿပီး ခန္းမထဲဝင္ၾကစို႔။ "
"အိုေက"
"ဒါနဲ႔၊ ငါက လူမႈေရးအရလာတာေနာ္။ ေစာေစာျပန္ရင္ ျပန္မွာ။" ရွီယြင္နန္ ေျပာလာေတာ့
ယြမ္ေ႐ြ႕ နးမလည္ျဖစ္သြားကာ "တစ္ခုခု ရွိလို႔လား?"
ရွီယြင္နန္ရဲ႕ မ်က္လုံးေလးေတြက စြဲမက္စရာေကာင္းသည့္ အၿပဳံးေလးျဖင့္ လက္ခနဲျဖစ္သြားကာ "ဒီေန႔ ေလာ့လင္းရွန္း ေမြးေန႔ေလ။ သူ႔အနားမွာရွိေပးခ်င္လို႔ အိမ္ျပန္ခ်င္တယ္။"
"....."
ယြမ္ေ႐ြ႕ရဲ႕ ပါးစပ္ေလးမွာ ေခြးစာေတြနဲ႔ ျပည့္သြားၿပီး၊ သူ႔မ်က္လုံးေလးေတြမွာ ေကာင္းကင္အထိ မ်က္ဆန္လန္ျပမတတ္ပင္။
"အဲ့လိုကိုး။" သူက အျမန္ေခ်ာင္းဟန္႔လိုက္ကာ၊ စကားလမ္းေၾကာင္းလႊဲရန္၊ သူၾကားခဲ့ရတဲ့ အတင္းအဖ်င္းစကားကို သုံးလိုက္သည္။ "အရင္တေခါက္ ေလလံပြဲမွာတုန္းက ငါတို႔ မစၥဖန္းနဲ႔ စကားေျပာၿပီးတာနဲ႔ ေစာေစာျပန္သြားတာေလ။ ေနာက္ပိုင္း ဘာေတြ ျဖစ္သြားလဲ မွန္းၾကည့္။"
"မင္းမွာ ဒါေတြလိုက္ေမးဖို႔ ဘယ္လိုလုပ္ အခ်ိန္ေတြ ရွိေနေသးတာလဲ?" ရွီယြင္နန္ သိခ်င္ေနမိသည္။
ႏွစ္ေယာက္သား ဓာတ္ေလွကားထဲ ဝင္လိုက္ၿပီးေနာက္၊ ဓာတ္ေလွကားတံခါးက ပိတ္သြား၏။
ယြမ္ေ႐ြ႕က ခ်က္က်လက္က် ေျပာလာသည္။ "ကုကြၽယ္ ငွါးထားတဲ့လူက သူထြက္သြားတယ္ထင္ေနေတာ့၊ အသံက်ယ္ႀကီးနဲ႔ ေလွ်ာက္ေအာ္လိုက္လို႔ ေပၚကုန္တာေလ။ ဘာဆက္ျဖစ္လဲမွန္းၾကည့္။ အဲ့ခ်ိန္တုန္းက ကုကြၽယ္မျပန္သြားေသးဘူးတဲ့!"
ရွီယြင္နန္ ဒါကို ၾကားေတာ့ခ်က္ခ်င္းျပန္ေမးလိုက္သည္။ "တိုက္ဆိုင္သြားတာလား?"
ယြမ္ေ႐ြ႕က အတင္းအဖ်င္းစကားေတြကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဆက္ေဝမွ်လိုက္သည္။
သူတို႔ ေလလံေစ်းႏႈန္း လင္းယြီထက္ေက်ာ္သြားၿပီးေနာက္၊ ယြမ္ေ႐ြ မာန္ပါပါနဲ႔ လုပ္ျပလိုက္တာကို ျမင္လိုက္ရတဲ့ ကုကြၽယ္မွာ ေဒါသတႀကီးျဖင့္ ေလလံဆြဲတဲ့ေနရာကေန ခ်က္ခ်င္းထသြားခဲ့သည္။
သို႔ေသာ္ ကုကြၽယ္က စီးပြါးေရးနယ္ပယ္မွာ အနည္းနဲ႔အမ်ားေတာ့ အေတြ႕အႀကဳံအခ်ိဳ႕ရွိထား၏။ သူ႔မွာ အႀကံအစည္ေတြ ျပည့္ေနေပမယ့္လည္း ေငြေပးေခ်ဖို႔ကိုေတာ့ ေရွာင္ေနမွာမဟုတ္။
"ငါၾကားတာေတာ့ ကုကြၽယ္က လသာေဆာင္မွာ ပုန္းၿပီး ေဆးလိပ္ေသာက္ေနတာတဲ့။ အဲ့မွာ တစ္ေယာက္ေယာက္ဆီကဖုန္းလာေတာ့ ျပန္ဝင္လာတာၾကာသြားတာ။ သူေလလံပြဲေနရာ ျပန္ေရာက္ေတာ့ ကိုယ္စားလွယ္က စိတ္ေတြဂေယာက္ဂယက္ျဖစ္ၿပီး ေကာင္းကင္ေပၚအထိ အေပါက္ေတာင္ ေဖာက္ၿပီးေနၿပီ။" ( မရည္႐ြယ္ဘဲ လွ်ိဳ႕ဝွက္ခ်က္ထုတ္ေျပာမိ)
အမွန္ဆို၊ ဒီကိုယ္စားလွယ္ကိုလည္း အျပစ္တင္လို႔ေတာ့မရ။
ဘယ္လိုပဲျဖစ္ျဖစ္၊ ကုကြၽယ္ကသာ သူ႔ကို ေလလံဆြဲရဖို႔ ခ်မ္းသာတဲ့ ဧည့္သည္လို သ႐ုပ္ေဆာင္ခိုင္းတာေလ။ သူက တကယ္ခ်မ္းသာတဲ့ သူမွမဟုတ္တာ။ ဒီတေခါက္ 10 သန္းနီးပါးတန္ဖိုးရွိတဲ့ ပစၥည္းတစ္ခုက မေမွ်ာ္လင့္ဘဲ ေလလံေအာင္သြားၿပီး သူ႔ကို ထိတ္လန္႔သြားေစခဲ့သည္။
"ကုကြၽယ္ ခန္းမထဲျပန္ေရာက္ေရာက္ခ်င္း၊ ဒါေတြျမင္လိုက္ရေတာ့ သူ႔မွာ ေဒါသထြက္လြန္းလို႔ မ်က္ႏွာကစာ႐ြက္လို႔ျဖဴေဖ်ာ့ေနတာပဲတဲ့။ သူတြင္းတူးၿပီး ပုန္းမေနႏိုင္တာေတာ့ သနားစရာပဲ။"
သူ တြန္႔ဆုတ္ေနေပမယ့္လည္း၊ ကုန္ပစၥည္းအတြက္ ေငြေပးေခ်ဖို႔ကို တိတ္တိတ္ေလး ေျဖရွင္းေနရေသးသည္။
ဒါမယ့္ လူခ်မ္းသာေတြရဲ႕ေလလံပြဲက ဘယ္လိုမ်ိဳးမို႔လို႔လဲ?
ဒီလိုေလွာင္စရာကိစၥမ်ိဳးက က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕သြားၿပီး၊ လူေတြၾကားက အတင္းအဖ်င္းျဖစ္လာသည္။ ကုကြၽယ္လည္း အခုတစ္ႀကိမ္ လုံးဝနာမည္ပ်က္ သြားၿပီး၊ လင္းယြီအနာဂတ္လည္း ပ်က္စီးသြားေလၿပီ။
ယြမ္ေ႐ြ႕ကေတာ့ ထိုအေၾကာင္းကို ပိုေတြးေလေလ၊ ရယ္ခ်င္ေလေလပင္။
ကုကြၽယ္ သူတို႔ကို ပစ္မွတ္ထားမွာကို ဘယ္သူကခြင့္ျပဳထားရမွာလဲ? ဘာပဲျဖစ္ျဖစ္ တစ္ဖက္လူ အေျခအေနမေကာင္းေပမယ့္၊ သူမွာေတာ့ အခ်ိန္ေကာင္းေလးေတြရွိေနတယ္။
ရွီယြင္နန္ ေခါင္းခါကာ ရယ္ေမာလိုက္၏။ "ကံမေကာင္းတဲ့လူေတြက သြားၾကားထဲမွာေတာင္ ေရေတြ ညႇပ္တတ္တယ္တဲ့။"
"အမွန္ပဲ။"
ဓာတ္ေလွကားတံခါးပြင့္လာၿပီးေနာက္၊ သူတို႔ႏွစ္ေယာက္သား ပြဲရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာကာ ညာဘက္ရွိ ဧည့္ခန္းမဆီသို႔ ေလွ်ာက္သြားလိုက္ၾကသည္။
ယြမ္ေ႐ြ႕က ဒီအခြင့္ေရးကိုသုံးကာ အျခားကိစၥတစ္ခုကို အေကာင္အထည္ေဖာ္ခ်င္ေနမိ၏။ "ဒါနဲ႔၊ လြန္ခဲ့တဲ့၂ ႏွစ္ေလာက္က လင္းယြီမွာ ဒီဇိုင္းအဖြဲ႕တစ္ဖြဲ႕ရွိခဲ့တယ္။ ဒီအခြင့္အေရးကို အသုံးခ်ၿပီး ပူးေပါင္းရေအာင္ ငါဖိတ္စာေတြပို႔ဖို႔ စီစဥ္ထားတယ္။ မင္းဘယ္လို သေဘာရလဲ?"
ရွီယြင္နန္ မ်က္ခုံးပင့္ကာ သူ႔ကိုၾကည့္ကာ သူ႔ကိုၾကည့္လိုက္သည္။ "မင္း လင္းယြီကို အဆုံးထိ တိုက္ခိုက္ဖို႔ ဆုံးျဖတ္ထားတာလား?"
"ဘယ္သူက ကုကြၽယ္နဲ႔ ရွီးခယ့္ယြဲ႕ကို ငါတို႔နံရံေတြလာေဖာက္ခိုင္းလို႔တုန္း? ငါၾကားတာေတာ့ အဲ့ဒီဇိုင္နာေတြက ကုကြၽယ္ဒဏ္ကိုမခံႏိုင္လို႔ ႏႈတ္ထြက္ခဲ့ၾကတာတဲ့။ အခုခ်ိန္၊ ကိုယ္ပိုင္လုပ္ငန္းေထာင္ထားတဲ့ဒီဇိုင္နာေတြ ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ ရွိတယ္။ ငါက ကြယ္ရာမွာ ခိုးေၾကာင္ခိုးဝွက္ လုပ္ေနတာမွမဟုတ္တာ။ ဘာလို႔ေၾကာက္ရမွာလဲ?"
"ဟုတ္ပါတယ္၊ ဒါမယ့္ သူတို႔ဆြဲထားတဲ့အရင္ဒီဇိုင္းေတြက ငါတို႔အနာဂတ္အစီအစဥ္နဲ႔ ကိုက္ညီမႈရွိမရွိ မင္းငါ့ကို ျပၾကည့္အုံးေလ။"
"ေကာင္းပါၿပီကြာ၊ မင္းမွာ ဒီဇိုင္းပိုင္းကိုအျပည့္အဝထိန္းခ်ဳပ္ပိုင္ခြင့္ရွိပါတယ္။"
ခဏတာစကားေျပာၿပီးေနာက္တြင္၊ သူတို႔ႏွစ္ေယာက္ ပြဲသို႔ အခ်ိန္မီေရာက္လာၾကၿပီး၊ အပူခ်ိန္မွာ လိုအပ္သည္ထက္ ပိုလွ်ံေနသည္။
ရွီယြင္နန္ ဒီပြဲရဲ႕အဓိကဇာတ္ေဆာင္ကို ခန္းမအလယ္တြင္ ေတြ႕လိုက္ရ၏။
ဖန္းယာက တ႐ုတ္႐ိုးရာအက်ႌႏွင့္၊ သားေမႊးၿခဳံထည္ကို ၀တ္ဆင္ထားဆဲျဖစ္ၿပီး၊ သူမရဲ႕ ေခ်ာေမာသည့္မ်က္ႏွာမွာ ေပၚလြင္ေနသည္။ သူမရဲ႕ ဆံပင္ကို vintage အေကာက္လႈိင္းပုံစံ ေသေသခ်ာခ်ာ ဖီးထားၿပီး ၊ပထမအၾကည့္တစ္ခ်က္နဲ႔တြင္၊ တ႐ုတ္ျပည္ႀကီး၏ ဆြဲေဆာင္မႈရွိသည့္ အလွတရားမ်ိဳးရွိေနသည္။
ဖန္းယာ၏ေဘးတြင္ေတာ့ ခန္႔ညားစြာ ဝတ္စုံျပည့္ဝတ္ထားသည့္ ခင္ပြန္းျဖစ္သူ ေမာ့ေပၚအန္းက ရပ္ေနေလသည္။
ယြမ္ေ႐ြ႕ ဝိုင္ႏွစ္ခြက္ကို ယူလိုက္ကာ သူ႔သူငယ္ခ်င္းကို ေမးလိုက္၏။ "မစၥဖန္း ဝတ္ဆင္တဲ့ပုံကေလ တ႐ုတ္ႏိုင္ငံရဲ႕ စစ္တပ္ခ်ဳပ္ဇနီးေတြဝတ္တဲ့ပုံနဲ႔ တူတယ္လို႔ထင္လား?"
ရွီယြင္နန္ ၿပဳံး႐ုံသာၿပဳံးလိုက္၏။ "မစၥဖန္းက ႏုတယ္။"
အစကေတာ့ ဖန္းယာမွာ အသက္၃၀ေလာက္သာ ရွိအုံးမယ္လို႔ ရွီယြင္နန္ထင္ခဲ့ေပမယ့္ ေနာက္ပိုင္းစကားေျပာျဖစ္တဲ့အခါ၊ သူမမွာ အသက္၂၃ႏွစ္အ႐ြယ္သမီးတစ္ေယာက္ရွိေနၿပီဆိုတာ သိလိုက္ရသည္။
ယြမ္ေ႐ြ႕က သူနဲ႔အတူ ဖန္ခြက္တိုက္လိုက္ၿပီး တိုးတိုးေလးေျပာလာသည္။ "သူ႔ေယာက္်ားက ဒီဇိုင္းပညာကို ေလ့လာခဲ့တာတဲ့။ ေနာက္ပိုင္း သူ႔ကိုယ္ပိုင္ဘရန္းနာမည္နဲ႔ အမ်ိဳးသားဝတ္ေတြထုတ္ခဲ့တယ္ေလ။"
ဖန္းမိသားစုေလာက္ မႀကီးမားေပမယ့္ သူ႔မွာ ပုံမွန္ဝင္ေငြေလးဝင္ေနေလသည္။
ႏွစ္ေယာက္သား ခဏတာ စကားစျမည္ေျပာေနၾကရင္း၊ ဖန္းယာက သူတို႔ကို သတိထားမိသြားကာ၊ သူခင္ပြန္းနဲ႔အတူ ေလွ်ာက္လာသည္။ "မစၥတာရွီ၊ မစၥတာယြမ္၊ ကြၽန္မတို႔ မဂၤလာႏွစ္ပတ္လည္ အခမ္းအနားပြဲကေန ႀကိဳဆိုပါတယ္ေနာ္။"
နီးကပ္လာသည္ႏွင့္အမွ်၊ တစ္ဖက္လူဝတ္ထားသည့္ ဆြဲႀကိဳးကို ရွီယြင္နန္ သတိျပဳမိလိုက္သည္။
"မစၥတာေမာ့၊ မစၥစ္ဖန္း၊ ဖိတ္ၾကားတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ့။ ႏွစ္တစ္ရာတိုင္ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလး ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။"
ရွီယြင္နန္က သူ႔ဖန္ခြက္ကို ေျမႇာက္ကာ ႏႈတ္ဆက္လိုက္၏။ သူ႔အၾကည့္က လည္ဆြဲေပၚေရာက္သြားကာ "မစၥဖန္းက ၾကည့္တတ္တာပဲ။ ဒီေန႔ဝတ္စုံနဲ႔ လည္ဆြဲက အရမ္းလိုက္တယ္။"
ေျပာဆိုလိုက္ပုံမွာ ပညာသားပါလွ၏။
ရွီယြင္နန္က ႐ိုး႐ိုးရွင္းရွင္း စာေၾကာင္းႏွစ္ခုနဲ႔တင္၊ ဖန္းယာကို ခ်ီးက်ဴးလိုက္႐ုံသာမက သူ႔ကိုယ္ပိုင္ဒီဇိုင္းကိုလည္း သြယ္ဝိုက္ကာ ထုတ္ေျပာလာသည္။
ဖန္းယာက ရွီယြင္နန္စကားကို အရမ္းသေဘာက်ကာ ျပန္ေျဖလိုက္သည္။ "ကြၽန္မ ဒီလည္ဆြဲကို က်င္းစဲ့လို႔ နာမည္ေပးထားတယ္။"
( ကဗ်ာနာမည္ျဖစ္ၿပီး Li Shengyin ေရးခဲ့တဲ့ ထန္မင္းဆက္က နာမည္ႀကီးကဗ်ာျဖစ္သည္။ ဒီကဗ်ာက အခ်စ္ကဗ်ာျဖၿပီး Li Shengyinက သူ႔မိန္းမနဲ႔အမွန္တရေတြကို ေရးဖြဲ႕ထားတာပင္။ တခ်ိဳ႕ေျပာၾကတာေတာ့ အေစခံက ဆရာသခင္အတြက္ ေရးဖြဲ႕ထားတဲ့ ကဗ်ာ မ်ိဳးပါတဲ့။)
လက္ဝတ္ရတနာဒီဇိုင္းေတြမွာ အဂၤလိပ္နာမည္မ်ားသာ အသုံးမ်ားတာ မဟုတ္ေသာ္လည္း၊ ဂႏၳဝင္ဆန္သည့္ နာမည္မွာေတာ့ အနည္းငယ္မွ်သာရွိသည္။
ရွီယြင္နန္က သူမအဓိပၸာယ္ကို ခ်က္ျခင္းမွန္းဆမိလိုက္ကာ ၿပဳံးလိုက္မိ၏။ "ပင္လယ္ထဲမွာ ေတာက္ပတဲ့လရဲ႕အရိပ္က မ်က္ရည္နဲ႔လုပ္ထားတဲ့ ပုလဲနဲ႔တူတယ္တယ္။ ေန႔ထူးေန႔ေကာင္းေလးတစ္ရက္မွာ လန္ထ်န္းေတာင္ေပၚက ေက်ာက္စိမ္းေလးေတြက ျမဴဆိုင္းေနတတ္တယ္။မစၥဖန္းက ဒီကဗ်ာေလးကေန ေကာက္ႏုတ္ထားတာပဲ။"
ဖန္းယာ ေခါင္းညိတ္လိုက္ကာ " ဒီဇိုင္နာတစ္ေယာက္အေနနဲ႔ မစၥတာရွီေကာ ဘယ္လိုထင္လဲ?"
ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ားက အသိအမွတ္ျပဳတဲ့ အရိပ္အေယာက္ေလးျပသေန၏။ "အဆင္ေျပပါတယ္။"
ဖန္းယာက သာမန္ခ်မ္းသာသည့္ အမ်ိဳးသမီးမ်ားထက္ လက္ဝတ္ရတနာအေၾကာင္းကို ပိုသိသူျဖစ္သည္။ ဥပမာအေနနဲ႔ ဒီဆြဲႀကိဳးနာမည္ကိုပဲ ၾကည့္ေလ။ ဒီနာမည္က ရွီယြင္နန္ ဒီဇိုင္းဆြဲတုန္းက စဥ္းစားမိသည့္ နာမည္ျဖစ္သည္။
"ဒီလည္ဆြဲကို ရလာတဲ့ေန႔ကတည္းက ငါ့ကို ျပၿပီးရင္းျပေနတာ။" ေမာ့ေပၚအန္းက သူ႔မိန္းမကို မႏိုင္ဘူးဆိုတဲ့ ေလသံေလးနဲ႔ ေျပာလာကာ ဖက္လိုက္သည္။
"မစၥတာရွီ၊ မစၥတာယြမ္၊ ျဖစ္ႏိုင္ရင္ မင္းတို႔စတူဒီယိုကေန ငါ့အတြက္ သီးသန႔္အမွာစာဒီဇိုင္း ထုတ္ေပးလို႔ရမလား?"
ရွီယြင္နန္ ႏွင့္ ယြမ္ေ႐ြ႕မွာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး ျပန္ေျဖလိုက္သည္။ "မစၥတာေမာ့က မစၥဖန္းအတြက္ လည္ဆြဲလိုခ်င္တာလား?"
"သူက ဘာလို႔ ကြၽန္မကိုေပးမွာလဲ?"
ဖန္းယာက ခင္ပြန္းျဖစ္သူရဲ႕ ရည္႐ြယ္ခ်က္ကို သေဘာေပါက္ကာ သူ႔အစားေျဖေပးလာသည္။ "သူက သမီးအတြက္ ေမြးေန႔လက္ေဆာင္ေ႐ြးဖို႔ လုပ္ေနတာ။"
သူမေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ မိန္းကေလးတစ္ေယာက္က အသံက်ယ္က်ယ္နဲ႔ေျပာလာသည္။ "ပါး၊ မား၊ သမီး လူတစ္ေယာက္နဲ႔ မိတ္ဆက္ေပးခ်င္လို႔။"
ေမာ့ေပၚအန္း ႏွင့္ ဖန္းယာမွာ တစ္ခ်ိန္တည္းလွည့္ၾကည့္သြားၾကၿပီး ရွီယြင္နန္လည္း သူတို႔ၾကည့္ရာသို႔ လွမ္းၾကည့္လိုက္သည္။
အေရာင္ေတာက္ေတာက္ ဂါဝန္ရွည္ကို ၀တ္ဆင္ထားသည့္ မိန္းကေလးငယ္တစ္ဦးက ေလွ်ာက္လာၿပီး သူမေဘးတြင္ေတာ့ ပိုႏူးညံ့သိမ္ေမြ႕သည့္ အမူအယာနဲ႔ အရပ္ရွည္ရွည္ အမ်ိဳးသားတစ္ေယာက္ကရပ္ေနသည္။
ရွီယြင္နန္ႏွင့္ ထိုဧည့္သည္ရဲ႕ အၾကည့္တို႔ဆုံသြားခ်ိန္မွာေတာ့ ခုနက ေပ်ာ္႐ႊင္ေနသည့္ သူ႔မ်က္လုံးေလးမွာ ႐ုတ္တရက္ေအးခဲသြားေတာ့ေလသည္။
"ခ်ီခ်ီ" ခ်စ္ျခင္းေမတၱာမ်ားက ဖန္းယာမ်က္ႏွာေပၚတြင္ ခ်က္ခ်င္းပြင့္လန္းလာၿပီး သူတို႔ကို မိတ္ဆက္ေပးဖို႔လည္း မေမ့ေပ။ "ဒါက ကြၽန္မသမီး ေမာ့႐ႊမ္ခ်ီတဲ့။"
"ခ်ီခ်ီ၊ ဒီႏွစ္ေယာက္က ေမေမရဲ႕ အက်ိဳးတူပါတနာေတြေလ၊ ဒါမယ့္ တကယ္ေတာ့ေလ သူတို႔က မင္းထက္ ႏွစ္နည္းနည္းေလးပဲ ပိုႀကီးၾကတာ။"
သူမက ရွီယြင္နန္တို႔ ယြမ္ေ႐ြ႕တို႔ႏွင့္ သိပ္မရင္းႏွီးေသာ္လည္း ယဥ္ေက်းမႈအရ ေခါင္းညိတ္ျပလာသည္။
ယြမ္ေ႐ြ႕လည္း တုံ႔ျပန္သည့္အေနျဖင့္ ျပန္ေခါင္းညိတ္ျပလိုက္ၿပီး အျခားသူေတြမျမင္ရသည့္ သူ႔လက္ေခ်ာင္းေလးနဲ႔ ရွီယြင္နန္ရဲ႕ ေက်ာကို ပြတ္လိုက္ကာ ( ျပန္ႏႈတ္ဆက္ဖို႔) သတိေပးလိုက္သည္။ "ယြင္နန္?"
ေနာက္တစ္စကၠန႔္မွာပဲ ေမာ့ေပၚအန္းက ေမးလာ၏။ "ခ်ီခ်ီ ဒါကဘယ္သူလဲ?"
ေမာ့႐ႊမ္ခ်ီက ခ်က္ခ်င္းဆိုသလိုပဲ မိတ္ဆက္ေပးလာေတာ့သည္။ "ပါး မား၊ ဒါက ေလာ့ယန္ခြၽမ္းတဲ့။ သမီး ခဏ ခဏေျပာဖူးတယ္ေလ။ အရင္တေခါက္ သမီးလူဆိုးေတြနဲ႔ေတြတုန္းက ကူညီေပးတဲ့သူဆိုတာ။"