Unicode
ခန်းမထဲက ဧည့်သည်တွေလေလံဈေးအပေါ် အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး၊ လော့လင်းရှန်းက သူ့နှုတ်ခမ်းနဲ့ ရှီယွင်နန်ရဲ့ နားသံသီးလေးတွေ ပွတ်သပ်လိုက်ကာ "ကိုယ့်ကို ဒီလိုစကားမျိုးသုံးပြီး မတားနဲ့။ "
ဘယ်လိုလုပ် သူက အပြင်မှာ အပျော်မယားရှိနိုင်မှာလဲ?
သူနှလုံးသား တစ်ခုလုံးကို သူ့ရှေ့ကလူဆီ ပေးထားတာလေ။
ရှီယွင်နန်က လော့လင်းရှန်းလက်ကို အရင်ဆုတ်ကိုင်လိုက်ကာ "ကျွန်တော်က စ နေတာပါ။ ခင်ဗျားက ကျွန်တော်ကြိုးစားထားတာကို တန်ဖိုးထားချင်နေမှန်း သိတာပေါ့။ဒါမယ့် ဒီလည်ဆွဲက ကျွန်တော် အများကြီး အားထုတ်ထားတာလေ။"
"ခင်ဗျား မှန်ဘောင်ထဲမှာ သိမ်းထားလို့ ဖုန်တက်နေမယ့်အစား၊ တကယ်တန်ဖိုးထားသဘောကျတဲ့ ပိုင်ရှင်နဲ့ တွေ့ပြီး သူ့တန်ဖိုးနဲ့ လက်ရာကို အချိန်ခါအလိုက်ထုတ်ပြနိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်။"
"ဟုတ်ပါပြီ။" လော့လင်းရှန်းက သူ့ရဲ့ လက်လေးကို ပြန်ဆုတ်ကိုင်လိုက်ပြီး လက်ချောင်းလေးတွေကို တင်းတင်းကြပ်ကြပ်ကြပ် ယှက်နွယ်ထားထားလိုက်သည်။
သူပြောပြီးသည်နှင့် တပြိုင်နက် ရှေ့တန်းမှ ပြတ်သားသည့် အော်သံတစ်ခု ထွက်လာ၏– "နံပါတ် တစ်၊ ၁၀ သန်း!"
သုံးမိနစ်အတွင်း၊ ယနေ့ညရဲ့ အမြင့်ဆုံးလေလံစျေးနှုန်းထိ တိုးမြင့်လာလေပြီ။
နောက်ဆုံးဒီဇိုင်းဖြစ်တာကြောင့်၊ ဘာဆုံးရှုံးမှု မရှိနိုင်တော့တဲ့ အပြင်၊ ဒီပရဟိတပွဲအတွက် စံချိန်အသစ်တောင် ထပ်ချိုးသွားနိုင်သည်။
ယွမ်ရွေ့မှာ ထိုင်ခုံပေါ်က ပြုတ်ကျမတတ်ပင်။ သူက စိတ်လှုပ်ရှားနေတာလေးကို ထိန်းကာ "ယွင်နန်၊ ငါကြားတာမှန်တယ်မလား? အဲ့အမျိုးသမီးက ဘယ်သူတုန်း!?"
ရှီယွင်နန်လည်း ခေါင်းခါပြလိုက်သည်။ သူတို့နေရာကနေဆို သူမကျောကိုသာ မြင်ရပြီး၊ ထိုအမျိုးသမီးရဲ့ မျက်နှာကို သေသေချာချာ မမြင်ရ။
ဒါကိုကြားသည်နှင့် လော့လင်းရှန်းက သူ့လက်ထောက်ဆီ တိတ်တိတ်လေး မက်ဆေ့ချ်ပို့လိုက်၏။
ဒီစျေးအထိရောက်လာတော့ ယွီရှော့မှာ ခေါင်းကိုယမ်းကာ ဝင်ပြိုင်တာကနေ ထွက်လိုက်တော့သည်။
ချမ်းသာတဲ့ အမျိုးသမီးတွေက သူတို့သဘောကျတဲ့ လက်ဝတ်ရတနာအတွက်ဆို ဘယ်စျေးဖြစ်နေဖြစ်နေ ပေးချင်နေကြတာပဲ။
"ထားလိုက်ပါတော့၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ငါသူတို့နဲ့ မပြိုင်တော့ဘူး။"
"ဂုဏ်ယူပါတယ် မစ္စတာရှီရေ။ မင်းကတော့ ဒီတိုက်ပွဲမှာ နာမည်တစ်လုံးရအောင် လုပ်နိုင်သွားပြီပဲ။"
ရှီယွင်နန် မသိမသာ ပြုံးလိုက်မိသည်။
အခု လေလံခေါ်စျေးက သူ့မှန်းထားတဲ့ အမြင့်ဆုံးဈေးထိ ရောက်သွားပြီလေ။ သူ့မှာ ပူပန်တာတွေ၊မကျေမနပ်ဖြစ်တာတွေမရှိတော့ဘူး။
တစ်ချိန်တည်းမှာပင်၊ တစ်တန်းထဲမှာ ထိုင်နေသည့်ကုကျွယ်ကတော့ မျက်နှာမှာ လုံးဝပြာနှမ်းနေသည်-
ဒီလည်ဆွဲအတွက် လက်ရှိလေလံဈေးက လင်းယွီရဲ့ နောက်ဆုံးပိတ်စျေးထက်တောင် ကျော်နေပြီလေ! စျေးပြိုင်ခေါ်တဲ့သူက "တောက်ပလွန်းတဲ့ပန်း" ရင်ထိုးတုန်းက လေလံဆွဲတဲ့တစ်ယောက်လေ!
ဘာလို့လဲ?
ဆယ်သန်းချင်းအတူတူကို ဘာလို့ အခုကြ မတွန့်ဆုတ်နေတာလဲ?
နှစ်ခုစလုံးကို လေလံဆွဲတဲ့ ဒီအမျိုးသမီးရဲ့ သဘောထားက လုံးဝမတူဘူး။ ဒါက သူတို့လင်းယွီကလူတွေ အားလုံးပေါင်းပြီး ထုတ်ထားတဲ့ ဒီဇိုင်းက ရှီယွင်နန် တစ်ယောက်တည်းထုတ်ထားတဲ့ ဒီဇိုင်းလောက် မကောင်းဘူးဆိုတာကို ပြနေတာလား?
"လင်းယွီရတဲ့လေလံဈေးက တော်တော်မြင့်နေပြီထင်ခဲ့တာ၊ ဒါမယ့် ဒီစတူဒီယိုအသစ်ရဲ့ ဈေးက ပိုမြင့်သွားမယ်လို့ မထင်ထားဘူး။"
"ဘာလို့သေချာမကြည့်တာလဲ? လည်ဆွဲဒီဇိုင်းက အဲ့ရင်ထိုးထက် ပိုကောင်းတယ်။"
"ငါးသန်းခြောက်သန်းတန်တဲ့ လည်ဆွဲကိုသာ လေလံမနိုင်ခဲ့ရင်၊ ငါလည်း ဒါကို အပြိုင်စျေးခေါ်မိမှာ။"
"အမှန်တိုင်း ပြောရရင် ခုနက ရင်ထိုးကို ၉.၉သန်းကတော့ စျေးများတယ်ထင်တာပဲ၊ ဒါမယ့် ငါ့အထင်တော့ ဒီလည်ဆွဲက ဒီထက်ပိုရနိုင်လောက်အုံးမလားလို့?"
ပတ်ပတ်လည်ရှိဆွေးနွေးပြောဆိုသံများမှာ ကုကျွယ်မျက်နှာကို အကြမ်းပတမ်းရိုက်နေသလိုမျိုးပင်၊ သို့သော် သူဘယ်လောက်ပဲ မလိုမလားဖြစ်နေပါစေ၊ အကြိမ်ကြိမ်ရှုံးတဲ့ သူ့အခြေအနေကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ပါချေ။
ထိုချမ်းသာသည့်အမျိုးသမီးအပြင် အခြားချမ်းသာသည့် အမျိုးသမီးနှစ်ယောက်ကပါ နောက်ကအမှီလိုက်ကာ ယှဉ်ပြိုင်နေကြသည်။
သုံးယောက်သား အပြန်အလှန်စျေးပြိုင်ခေါ်နေရင်းနောက်၊ နောက်ဆုံးတော့ ရှီယွင်နန် ဒီဇိုင်းဆွဲခဲ့သည့် ဆွဲကြိုးကို ၁၄ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ သေချာတာပေါ့၊ နောက်ဆုံးအနိုင်ရသွားသည့်သူ့မှာ တရုတ်ရိုးရာဝတ်စုံနဲ့ သွားမွှေးခြုံထည်ဝတ်ထားသည့် အမျိုးသမီးပင်။
တစ်ညလုံး ကြာမြင့်ခဲ့သည့် လေလံပွဲမှာ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။ ယွီနန်ဒီဇိုင်း စတူဒီယိုမှာ ထိုက်တန်သည့်အနိုင်ရသူ ဖြစ်လာခဲ့သည်။
ယွမ်ရွေ့မှာ သူ့ရဲ့ကလေးဆန်ဆန်အမူယာလေးကို မထိန်းထားနိုင်တော့ဘဲ လော့လင်းရှန်းရှေ့မှာတင် ရှီယွင်နန်ကို ဖက်လိုက်ကာ "ယွင်နန် ငါတို့လုပ်နိုင်ခဲ့ပြီ!
14 သန်းတောင်! ဒါက အရင်ပရဟိတလေလံပွဲတွေကနေစပြီး အခုပွဲထိ စျေးအမြင့်ဆုံးအဖြစ် ထပ်စံချိန်ချိုး နိုင်ခဲ့တာလေ။
တွေးကြည့်ရင်း ယွမ်ရွေ့မှာ ထပ်ငိုချင်လာတော့သည်။
ဒီနေည အကုန်သိမ်းနိုင်သွားတာက ရှီယွင်နန်ရဲ့ ကျေးဇူးတွေကြောင့်ဖြစ်ပေမယ့်၊ သူလည်း သူ့တာဝန်ကိုသူ လုပ်နိုင်ခဲ့တယ်မလား?
သူ့အစ်ကိုသာ ဒါကိုမြင်ရင် ကောင်းမှာပဲ။ ဒီဇိုင်းစတူဒီယိုက သူ့လက်ထဲမှာ မကျရှုံးဘဲ ရှေ့လျှောက် ပိုအောင်မြင်လာတော့မှာ။
ရုတ်တရက် လော့လင်းရှန်းရဲ့ အေးစက်စက်အကြည့်ကို တွေ့လိုက်ရတော့ ယွမ်ရွေ့တစ်ယောက် အရိုးထဲအသားထဲကနေ နာကျင်လာကာ
"...."
ငိုချင်စိတ်မှာ ချက်ချင်း ပျောက်သွားတော့သည်။ သူ့မှာ ရှီယွင်နန်ကိုအမြန်ခွါလိုက်ရုံသာမက၊ သူ့သူငယ်ချင်းအား နောက်က လော့လင်းရှန်း ရင်ခွင်ထဲ တွန်းပို့လိုက်သည်။
ရှီယွင်နန်ကတော့ ယွမ်ရွေ့နှင့် လော့လင်းရှန်းကြားက ခဏတာ အကြည့်ကို သတိမထားမိလိုက်။ "ယွမ်ရွေ့ မင်းထပ်ငိုအုံးမလို့လား?"
"ဟင့်အင်း! ငါအဆင်ပြေတယ်!"
ယွမ်ရွေ့ တစ်ခုခုကို သတိရသွားကာ တစ်တန်းထဲမှာ ထိုင်နေသည့် ကုကျွယ်အား လှမ်းကြည့်လိုက်သည်။
သူက ကလေးဆန်ပြီး စိတ်ကြီးဝင်တဲ့ အမူယာလေးကို ဖုံးကွယ်မနေပေ။ သူဟာ ခေါင်းကို မောမော့ထားပြီး ကုကျွယ်အား မျက်နှာချင်းဆိုင်လိုက်ကာ လက်ခလယ်ထောင်ပြလိုက်ဖို့လည်း မမေ့။
"ပုတ်စော်နံနေတဲ့ အကောင်!"
ယွမ်ရွေ့က ပါးစပ်လှုပ်ကာ အသံတိတ်ပြောလိုက်တော့
"....."
ကုကျွယ်မျက်နှာမှာ ချက်ချင်းတင်းမာသွားတော့သည်။
သူတို့ဘေးကလူအချို့ကတော့ နှစ်ဖက်ကြားက "တိုက်ပွဲ" ကို ရိပ်မိသွားပြီး မကြည့်လာဘဲမနေနိုင်ကြတော့။
သူ့ကိုယ်သူ အမြဲတမ်း အထင်ကြီးနေတတ်တဲ့ ကုကျွယ်ကတော့ ရှက်သလိုခံစားနေရ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ ချွန်ထက်တဲ့ အပ်တစ်ချောင်းက သူ့ထိုင်ခုံအောက်နေ ပေါက်ထွက်လာသလိုမျိုး အေးအေးဆေးဆေးဆက်ထိုင်နေရန် ခက်ခဲလှသည်။
နောက်ဆုံးတော့ ကုကျွယ်မှာ သူ့မျက်နှာကို ဆက်မထိန်းနိုင်တော့။ သူက စုန့်မြောင်ခယ့်နဲ့ ယန်စန်းကိုထားခဲ့ကာ လေလံပွဲကနေ အမြန်ထွက်သွားလိုက်သည်။
ထွက်သွားသည့် သူ့ပုံရိပ်မှာ တကယ့်ကို သနားစရာပင်။
ရှီယွင်နန်ကတော့ ယွမ်ရွေ့ရဲ့ ရိုးအပြီး မဖုံးကွယ်ထားတတ်သည့် အပြုအမူလေးကို တွေ့လိုက်ရကာ ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "သူဌေး ယွမ်၊ မြန်မြန် သွားပြီး ကျွန်တော်တို့စတူဒီယိုကိုယ်စား အတည်ပြုချက်စာရွက်မှာ လက်မှတ်သွားထိုးအုံး။ လွှဲပေးဖို့ကောပဲ။"
ယွမ်ရွေ့တစ်ယောက် မရင်းနှီးသည့် အခေါ်အဝေါ်လေးကိုကြားတော့ ရယ်လိုက်မိသည်။
အဓိကပံ့ပိုးကူညီပေးသူ ရှီယွင်နန်နဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ့မှာ အရင်ကလို ငြင်းပယ်နိုင်စွမ်း မရှိတော့။ "ကောင်းပါပြီ ပါးပါးရှီ။ ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်!"
သူတို့နှစ်ယောက်ကြားက အပြန်အလှန်စကားတွေကိုကြားလိုက်ရတော့ လော့လင်းရှန်းလည်း ခုနကလို မျက်လုံးနဲ့ဘအရိပ်အခြေပြလိုက်တာက သိပ်မလိုပါဘူးလို့ ရုတ်တရက် ခံစားမိသွားလေသည်။
သိသိသာကိုပဲ၊ ဒီနှစ်ယောက်က "သားအဖ" လိုဆက်ဆံရေးကောင်းကြတာပဲ။
...
ယွီရှော့လည်း အရင်အလှည့်တုန်းက လက်ဝတ်ရတနာတစ်ခု ရရှိခဲ့တာကြောင့် လွှဲယူရန် ခန်းမရဲ့ ဘယ်ဖက်အခြမ်းသို့ ထွက်သွားလေပြီ။
ရှေ့မှာထိုင်တဲ့ ချင်ကျန်းနဲ့ ယွမ်မုန်လည်း နောက်သို့လျှောက်လာကြသည်။
ချင်ကျန်းက လော့လင်းရှန်းနဲ့ ရှီယွင်နန်နား လျှောက်လာပြီး တိုးတိုးလေးပြောလာ၏။ "ခေါင်းဆောင်၊ မစ္စတာရှီ၊ လည်ဆွဲရသွားတဲ့ အမျိုးသမီးနာမည် က ဖန်းယာလို့ခေါ်ပါတယ်။ သူက ဒီလေလံပွဲစီစဉ်သူတွေထဲက တစ်ယောက်ပါ။"
"ဖန်းယာ?" ရှီယွင်နန် ထိုနာမည်ကိုတော့ သိပ်မရင်းနှီးပေ။
ချင်ကျန်း၏ ကျွမ်းကျင်တဲ့လက်ထောက်စွမ်းရည်နဲ့ဆို ဒါလေးက မဖြစ်စလောက်လေးပင်။ သူက မစ္စဖန်းယာရဲ့ မိသားစုနောက်ခံကိုတောင် ရှာထားပြီးလေပြီ။ "ဖန်းမိသားစုရဲ့အပေါင်ဆိုင်က နိုင်ငံတဝှမ်းမှာ ဆိုင်ခွဲတွေအများကြီးဖွင့်ထားပါတယ်။ သူတို့က တဖြေးဖြေးစီးပွါးရေးကောင်းလာပြီး တရားမဝင်အငြင်းအခုံရန်ဖြစ်တာမျိုးတွေတော့ မရှိခဲ့ပါဘူး..."
အပေါင်ဆိုင်လုပ်ငန်းကို အချိန်အတော်ကြာ လည်ပတ်ခဲ့ပြီးနောက်၊ လာမရွေးသည့် တန်ဖိုးကြီး ကုန်ပစ္စည်းအချို့စုပုံလာကာ၊ ဖန်းမိသားစုက လေလံပွဲအမျိုးမျိုးကို ကျင်းပခဲ့ကြသည်။
နှစ်တွေကြာလာသည်နှင့်အမျှ အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ကာအောင်မြင်လာကြလေသည်။
ဖန်းယာရဲ့ခင်ပွန်းသည်မှာ ဘရန်းထုတ် အဝတ်စားလုပ်ငန်းလုပ်ကိုင်သူဖြစ်၏။ သို့သော် ဖန်းယာက ယောကျာ်းနှင့် ဇနီးသည် အလုပ်တွဲလုပ်ရတာကို မကြိုက်သူဖြစ်ကာ၊ လက်ထပ်ပြီးနောက် နှစ်ပေါင်းများစွာကြာ၊ သူမကိုယ်ပိုင်လုပ်ငန်းတွင်သာ အလုပ်များနေခဲ့သည်။
ချင်ကျန်းက ဆက်ပြောလာသည်။ "သူမက အရင်နှစ်တွေရဲ့ လက်ဝတ်ရတနာပရဟိတလေလံပွဲတွေကို ထောက်ပံ့ထားတာပါ။"
ရှီယွင်နန် သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ "သူ့လေလံကဒ်က နံပါတ် 01ဖြစ်နေတာ မဆန်းတော့ပါဘူး။"
သူပြောပြီးသည်နှင့် ဘေးနားကနေ အသံချိုချိုလေး ကြားလိုက်ရသည်။ "မစ္စတာရှီ?"
ရှီယွင်နန် လှည့်ကြည့်လိုက်တော့ သူ့ဒီဇိုင်းကို အနိုင်ရခဲ့သည့် ဖန်းယာပင်။
ပြောနေကာမှ ရောက်ချလာတာပဲ။
"နိဟောင် မစ္စဖန်း။" ရှီယွင်နန်က ဖော်ရွေစွာ ပြုံးပြလိုက်ပြီး အရင်လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ကျွန်တော့်ဒီဇိုင်းကိုတန်ဖိုးထားပြီး ဝယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဖန်းယာမှာ ဒီဇိုင်းကို သဘောကျသလို၊ ရှီယွင်နန်အပေါ် အမြင်ကောင်းတာတာကြောင့်၊ ဖော်ဖော်ရွေရွေ ပြန်ပြုံးပြလိုက်သည်။
သူမ လော့လင်းရှန်းကို မှတ်မိတာကြောင့်၊ အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်ပြီး၊ ရှီယွင်နန်ကို ပြန်အာရုံစိုက်လိုက်သည်။
"တဆိတ်လောက် မစ္စတာရှီ။ တကယ်တော့ ကျွန်မရှင့်ကို မေးစရာရှိလို့ပါ၊ ကျွန်မဝယ်လိုက်တဲ့ ဆွဲကြိုးနာမည်က ဘာလဲဟင်။"
"မပေးရသေးပါဘူး။" ရှီယွင်နန် အမှန်အတိုင်းပြန်ဖြေလိုက်၏။
"ဒီလည်ဆွဲကို ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ကျွန်တော် နာမည်ပေးခွင့်ရှိပေမယ့်၊ ဒီလည်ဆွဲကို ပထမဆုံးဝယ်ဖြစ်သွားတဲ့ ပိုင်ရှင်ကို နာမည်ပေးစေချင်တာ။"
ဖန်းယာမှာ ထိုစကားကိုကြားလိုက်သည်နှင့်၊ အံ့အားသွားကာ အကြည့်များနှင့် ချီးကျူးသည့်အရိပ်အယောင်လေးပြလာသည်။ "ကောင်းပါပြီ ဒါဆို ကျွန်မဒါကို လက်ခံပါ့မယ်။"
"ကောင်းပါပြီ "
ဖန်းယာက ခေါင်းညိတ်ပြလာသော်လည်း အလျင်စလို မထွက်သွားသေးပေ။
လော့လင်းရှန်းရဲ့ အကြည့်ထဲမှာတော့ သဘောပေါက်သည့် အရိပ်အယောင်လေးတွေ ပြန့်နှံ့လာပြီး သူက တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်သည်။ "မစ္စဖန်း၊ မင်းမှာ ယွင်နန်ကို ပြောစရာရှိသေးလို့လား? ကျွန်တော်တို့ သွားလို့ရပြီလား?"
ဖန်းယာက မသိမသာပြုံးလိုက်ရင်း လော့လင်းရှန်းအား ကြည့်လိုက်ကာ "ခေါင်းဆောင်လော့ရဲ့ လေသံကအရမ်းမာတာပဲနော်။ ရှင့်မျက်လုံးတွေက ဖုံးမထားနိုင်ဘူးပဲ။"
လော့လင်းရှန်းနဲ့ ရှီယွင်နန် ကြားက ဆက်ဆံရေးကို ဖန်းယာ သိတာကြာပြီဖြစ်သည်။ သို့သော် သူမအခုလာရတဲ့အကြောင်းအရင်းမှာ ချမ်းသာတဲ့ မိသားစုတွေကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးကြောင့် မဟုတ်ဘဲ ရှီယွင်နန်ရဲ့ ဒီဇိုင်းကို တကယ်သဘောကျလို့ပင်။
သူမက ရှီယွင်နန်ဘက်လှည့်ကာ ချိုချိုသာသာ ပြောလာသည်။ "တကယ်တော့ဖန်းမိသားစု လက်ဝတ်ရတနာလေလံပွဲအတွက်၊ မစ္စတာရှီကော ယွီနန်စတူဒီယိုနဲ့ကော ပူးပေါင်းချင်လို့ပါ။"
ထိုစကားများထွက်လာသည်နှင့်တပြိုင်နက်၊ အခြားဧည့်သည်တွေမှာ သွားနေရာကနေ ရပ်တန့်သွားကြပြီး၊ သီးသန့်ဒီဇိုင်းတွေအတွက် ရှီယွင်နန်ကို ရှာချင်နေကြသည်။
ပူးပေါင်းဆောင်ရွက်မည့်ကိစ္စအကြောင်း ဘယ်သူမှ မပြောသေးခင်၊ ဘေးကခန်းမထဲကနေ ဆူဆူညံညံအသံများ ကြားလိုက်ကြရသည်။ "ငါ့မှာ ပိုက်ဆံမရှိဘူး! ငါက မစ္စတာကုကိုယ်စား လေလံဆွဲပေးတာ။"
"ငါ အခု သူ့ကို ဖုန်းဆက်လို့မရဘူး! မင်းတို့ သူ့ဆီသွားပြီး ပိုက်ဆံသွားတောင်းပေါ့!"
"ငါ့ကို ပိုက်ဆံပေးပြီး လုပ်ခိုင်းတာ။ နေအုံး မင်းတို့ဘာလို့ငါ့ကို ဖမ်းတာလဲ!"
လေလံပွဲလုပ်သည့်ခန်းမထဲရှိ၊ ဧည့်သည်များမှာ အသံလာရာသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်၏-
လုံခြုံရေးယူနီဖောင်းဝတ်ထားသည့် လူနှစ်ယောက်က လူတစ်ယောက်ကို ဆွဲထုတ်နေသည်။ ဆွဲထုတ်ခံနေရသည့်သူမှာ၊ လေလံပွဲတုန်းက အသည်းအသန် လေလံဆွဲခဲ့သည့် နံပါတ် ၃၅ပင်။
"ဘာတွေဖြစ်နေတာတုန်း? " တစ်ယောက်ကမေးလာတော့
အခြားဧည့်သည်က ပြန်ဖြေပေးလာသည်။ "လင်းယွီက ကိုယ်စားလှယ်ငှါးပြီး ခုနကလေလံပွဲမှာ ဈေးကိုတမင်တကာ တိုးခိုင်းခဲ့တာတဲ့။ ဒါမယ့် အဆမတန် တိုးမိပြီး သူတို့ဒီဇိုင်းကို ပြန်ဝယ်မိသွားတာ။"
"အခု၊ ပွဲစီစဉ်သူက ပစ္စည်းဖိုးပေးချေဖို့ တောင်းနေတာလေ။ ဒီကိုယ်စားလှယ်က ဘယ်လို ပိုက်ဆံတွေ အများကြီး ပါလာနိုင်မှာလဲ? လင်းယွီသူဌေးကုကို ရှာမတွေ့တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထုတ်ပြောမိသွားတာ။"
ဧည့်သည်တွေမှာ ဒီအကြောင်းကြားလိုက်ရတော့ စက်ဆုပ်ရွံရှာသွားကြသည်—
ဒီနေ့ည လင်းယွီရဲ့လေလံပွဲရလဒ်က တော်တော် လေးကောင်းတယ်လို့ သူတို့ထင်ခဲ့တာလေ။ ဒါမယ့် လင်းယွီက ဒီလိုမသမာနည်းကို သုံးခဲ့တာလား? ဒီလိုကုမ္ပဏီတစ်ခုက ထုတ်ကုန်ကောင်းကို ကြိုးကြိုးစားစား အားထုတ်ပြီးထုတ်ပါ့မလား?
သေချာပေါက် ဘယ်ဟုတ်မလဲ။
လေလံပွဲအပြီးတွင်၊ လင်းယွီနှင့် သီးသန့်အမှာစာများမှာမို့ စီစဉ်နေသည့် ဧည့်သည်များတွေမှာ ထိုစိတ်ကူးကို ပယ်ချလိုက်ကြသည်။
ဒီလို လက်ဝတ်ရတနာဒီဇိုင်းကုမ္ပဏီကို သူတို့တင်မကဘူး၊သူတို့ရဲ့ ဆွေမျိုးတွေ အသိမိတ်ဆွေတွေကိုပါ ရှောင်ခိုင်းရမယ်!
ဒါကို ကြားလိုက်ရတော့ ဖန်းယာမှာ ရွံရှာစက်ဆုပ်သွားတာကို ဖုံးကွယ်မနေပေ။
သူမကရင်ထိုးအတွက် 9 သန်းနဲ့ လေလံဆွဲခဲ့ပြီး၊ သဲလွန်စကို ရိပ်မိလိုက်တာကြောင့် ရပ်တန့်လိုက်ပေမယ့်၊ ဒီလိုမျိုး တကယ်ဖြစ်နေမယ်လို့ မထင်ထားပေ။
"ငါ့စကားကို ဖြန့်လိုက်။ အခုချိန်ကစပြီး၊ လင်းယွီ လက်ဝတ်ရတနာဒီဇိုင်းတွေကို ငါတို့ ဖန်းလေလံပွဲတွေမှာ ဝင်ပါခွင့်မပြုတော့ဘူး။" ဖန်းယာက ဖုန်းကို ကောက်ကိုင်လိုက်ကာ WeChatကနေ တစ်ဆင့် သူမလက်ထောက်အား ညွှန်ကြားလိုက်သည်။
ရှီယွင်နန်မှာ ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက်ပေါ်သွားတာကို မြင်တော့ ခေါင်းယမ်းမိလိုက်၏။
အရင်ကဆို လင်းယွီဒီဇိုင်းဌာနက အကောင်းဆုံး ဒီဇိုင်းတွေကို ထုတ်လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်၊ ကုကျွယ်လို ဘာအရည်အချင်းမှ မရှိတဲ့ သူဌေးရှိနေသရွေ့၊ သေချာပေါက် သူတို့အနာဂတ်ကျဆင်းလာမှာပဲ။
Zawgyi
ခန္းမထဲက ဧည့္သည္ေတြေလလံေဈးအေပၚ အာ႐ုံစိုက္ေနခ်ိန္ကို အခြင့္ေကာင္းယူၿပီး၊ ေလာ့လင္းရွန္းက သူ႔ႏႈတ္ခမ္းနဲ႔ ရွီယြင္နန္ရဲ႕ နားသံသီးေလးေတြ ပြတ္သပ္လိုက္ကာ "ကိုယ့္ကို ဒီလိုစကားမ်ိဳးသုံးၿပီး မတားနဲ႔။ "
ဘယ္လိုလုပ္ သူက အျပင္မွာ အေပ်ာ္မယားရွိႏိုင္မွာလဲ?
သူႏွလုံးသား တစ္ခုလုံးကို သူ႔ေရွ႕ကလူဆီ ေပးထားတာေလ။
ရွီယြင္နန္က ေလာ့လင္းရွန္းလက္ကို အရင္ဆုတ္ကိုင္လိုက္ကာ "ကြၽန္ေတာ္က စ ေနတာပါ။ ခင္ဗ်ားက ကြၽန္ေတာ္ႀကိဳးစားထားတာကို တန္ဖိုးထားခ်င္ေနမွန္း သိတာေပါ့။ဒါမယ့္ ဒီလည္ဆြဲက ကြၽန္ေတာ္ အမ်ားႀကီး အားထုတ္ထားတာေလ။"
"ခင္ဗ်ား မွန္ေဘာင္ထဲမွာ သိမ္းထားလို႔ ဖုန္တက္ေနမယ့္အစား၊ တကယ္တန္ဖိုးထားသေဘာက်တဲ့ ပိုင္ရွင္နဲ႔ ေတြ႕ၿပီး သူ႔တန္ဖိုးနဲ႔ လက္ရာကို အခ်ိန္ခါအလိုက္ထုတ္ျပႏိုင္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္။"
"ဟုတ္ပါၿပီ။" ေလာ့လင္းရွန္းက သူ႔ရဲ႕ လက္ေလးကို ျပန္ဆုတ္ကိုင္လိုက္ၿပီး လက္ေခ်ာင္းေလးေတြကို တင္းတင္းၾကပ္ၾကပ္ၾကပ္ ယွက္ႏြယ္ထားထားလိုက္သည္။
သူေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ ေရွ႕တန္းမွ ျပတ္သားသည့္ ေအာ္သံတစ္ခု ထြက္လာ၏– "နံပါတ္ တစ္၊ ၁၀ သန္း!"
သုံးမိနစ္အတြင္း၊ ယေန႔ညရဲ႕ အျမင့္ဆုံးေလလံေစ်းႏႈန္းထိ တိုးျမင့္လာေလၿပီ။
ေနာက္ဆုံးဒီဇိုင္းျဖစ္တာေၾကာင့္၊ ဘာဆုံးရႈံးမႈ မရွိႏိုင္ေတာ့တဲ့ အျပင္၊ ဒီပရဟိတပြဲအတြက္ စံခ်ိန္အသစ္ေတာင္ ထပ္ခ်ိဳးသြားႏိုင္သည္။
ယြမ္ေ႐ြ႕မွာ ထိုင္ခုံေပၚက ျပဳတ္က်မတတ္ပင္။ သူက စိတ္လႈပ္ရွားေနတာေလးကို ထိန္းကာ "ယြင္နန္၊ ငါၾကားတာမွန္တယ္မလား? အဲ့အမ်ိဳးသမီးက ဘယ္သူတုန္း!?"
ရွီယြင္နန္လည္း ေခါင္းခါျပလိုက္သည္။ သူတို႔ေနရာကေနဆို သူမေက်ာကိုသာ ျမင္ရၿပီး၊ ထိုအမ်ိဳးသမီးရဲ႕ မ်က္ႏွာကို ေသေသခ်ာခ်ာ မျမင္ရ။
ဒါကိုၾကားသည္ႏွင့္ ေလာ့လင္းရွန္းက သူ႔လက္ေထာက္ဆီ တိတ္တိတ္ေလး မက္ေဆ့ခ်္ပို႔လိုက္၏။
ဒီေစ်းအထိေရာက္လာေတာ့ ယြီေရွာ့မွာ ေခါင္းကိုယမ္းကာ ဝင္ၿပိဳင္တာကေန ထြက္လိုက္ေတာ့သည္။
ခ်မ္းသာတဲ့ အမ်ိဳးသမီးေတြက သူတို႔သေဘာက်တဲ့ လက္ဝတ္ရတနာအတြက္ဆို ဘယ္ေစ်းျဖစ္ေနျဖစ္ေန ေပးခ်င္ေနၾကတာပဲ။
"ထားလိုက္ပါေတာ့၊ လူႀကီးလူေကာင္းတစ္ေယာက္အေနနဲ႔ ငါသူတို႔နဲ႔ မၿပိဳင္ေတာ့ဘူး။"
"ဂုဏ္ယူပါတယ္ မစၥတာရွီေရ။ မင္းကေတာ့ ဒီတိုက္ပြဲမွာ နာမည္တစ္လုံးရေအာင္ လုပ္ႏိုင္သြားၿပီပဲ။"
ရွီယြင္နန္ မသိမသာ ၿပဳံးလိုက္မိသည္။
အခု ေလလံေခၚေစ်းက သူ႔မွန္းထားတဲ့ အျမင့္ဆုံးေဈးထိ ေရာက္သြားၿပီေလ။ သူ႔မွာ ပူပန္တာေတြ၊မေက်မနပ္ျဖစ္တာေတြမရွိေတာ့ဘူး။
တစ္ခ်ိန္တည္းမွာပင္၊ တစ္တန္းထဲမွာ ထိုင္ေနသည့္ကုကြၽယ္ကေတာ့ မ်က္ႏွာမွာ လုံးဝျပာႏွမ္းေနသည္-
ဒီလည္ဆြဲအတြက္ လက္ရွိေလလံေဈးက လင္းယြီရဲ႕ ေနာက္ဆုံးပိတ္ေစ်းထက္ေတာင္ ေက်ာ္ေနၿပီေလ! ေစ်းၿပိဳင္ေခၚတဲ့သူက "ေတာက္ပလြန္းတဲ့ပန္း" ရင္ထိုးတုန္းက ေလလံဆြဲတဲ့တစ္ေယာက္ေလ!
ဘာလို႔လဲ?
ဆယ္သန္းခ်င္းအတူတူကို ဘာလို႔ အခုၾက မတြန္႔ဆုတ္ေနတာလဲ?
ႏွစ္ခုစလုံးကို ေလလံဆြဲတဲ့ ဒီအမ်ိဳးသမီးရဲ႕ သေဘာထားက လုံးဝမတူဘူး။ ဒါက သူတို႔လင္းယြီကလူေတြ အားလုံးေပါင္းၿပီး ထုတ္ထားတဲ့ ဒီဇိုင္းက ရွီယြင္နန္ တစ္ေယာက္တည္းထုတ္ထားတဲ့ ဒီဇိုင္းေလာက္ မေကာင္းဘူးဆိုတာကို ျပေနတာလား?
"လင္းယြီရတဲ့ေလလံေဈးက ေတာ္ေတာ္ျမင့္ေနၿပီထင္ခဲ့တာ၊ ဒါမယ့္ ဒီစတူဒီယိုအသစ္ရဲ႕ ေဈးက ပိုျမင့္သြားမယ္လို႔ မထင္ထားဘူး။"
"ဘာလို႔ေသခ်ာမၾကည့္တာလဲ? လည္ဆြဲဒီဇိုင္းက အဲ့ရင္ထိုးထက္ ပိုေကာင္းတယ္။"
"ငါးသန္းေျခာက္သန္းတန္တဲ့ လည္ဆြဲကိုသာ ေလလံမႏိုင္ခဲ့ရင္၊ ငါလည္း ဒါကို အၿပိဳင္ေစ်းေခၚမိမွာ။"
"အမွန္တိုင္း ေျပာရရင္ ခုနက ရင္ထိုးကို ၉.၉သန္းကေတာ့ ေစ်းမ်ားတယ္ထင္တာပဲ၊ ဒါမယ့္ ငါ့အထင္ေတာ့ ဒီလည္ဆြဲက ဒီထက္ပိုရႏိုင္ေလာက္အုံးမလားလို႔?"
ပတ္ပတ္လည္ရွိေဆြးေႏြးေျပာဆိုသံမ်ားမွာ ကုကြၽယ္မ်က္ႏွာကို အၾကမ္းပတမ္း႐ိုက္ေနသလိုမ်ိဳးပင္၊ သို႔ေသာ္ သူဘယ္ေလာက္ပဲ မလိုမလားျဖစ္ေနပါေစ၊ အႀကိမ္ႀကိမ္ရႈံးတဲ့ သူ႔အေျခအေနကိုေတာ့ ေျပာင္းလဲႏိုင္မွာမဟုတ္ပါေခ်။
ထိုခ်မ္းသာသည့္အမ်ိဳးသမီးအျပင္ အျခားခ်မ္းသာသည့္ အမ်ိဳးသမီးႏွစ္ေယာက္ကပါ ေနာက္ကအမွီလိုက္ကာ ယွဥ္ၿပိဳင္ေနၾကသည္။
သုံးေယာက္သား အျပန္အလွန္ေစ်းၿပိဳင္ေခၚေနရင္းေနာက္၊ ေနာက္ဆုံးေတာ့ ရွီယြင္နန္ ဒီဇိုင္းဆြဲခဲ့သည့္ ဆြဲႀကိဳးကို ၁၄ သန္းျဖင့္ ေရာင္းခ်ႏိုင္ခဲ့သည္။ ေသခ်ာတာေပါ့၊ ေနာက္ဆုံးအႏိုင္ရသြားသည့္သူ႔မွာ တ႐ုတ္႐ိုးရာဝတ္စုံနဲ႔ သြားေမႊးၿခဳံထည္ဝတ္ထားသည့္ အမ်ိဳးသမီးပင္။
တစ္ညလုံး ၾကာျမင့္ခဲ့သည့္ ေလလံပြဲမွာ ေနာက္ဆုံးေတာ့ ၿပီးဆုံးသြားေလၿပီ။ ယြီနန္ဒီဇိုင္း စတူဒီယိုမွာ ထိုက္တန္သည့္အႏိုင္ရသူ ျဖစ္လာခဲ့သည္။
ယြမ္ေ႐ြ႕မွာ သူ႔ရဲ႕ကေလးဆန္ဆန္အမူယာေလးကို မထိန္းထားႏိုင္ေတာ့ဘဲ ေလာ့လင္းရွန္းေရွ႕မွာတင္ ရွီယြင္နန္ကို ဖက္လိုက္ကာ "ယြင္နန္ ငါတို႔လုပ္ႏိုင္ခဲ့ၿပီ!
14 သန္းေတာင္! ဒါက အရင္ပရဟိတေလလံပြဲေတြကေနစၿပီး အခုပြဲထိ ေစ်းအျမင့္ဆုံးအျဖစ္ ထပ္စံခ်ိန္ခ်ိဳး ႏိုင္ခဲ့တာေလ။
ေတြးၾကည့္ရင္း ယြမ္ေ႐ြ႕မွာ ထပ္ငိုခ်င္လာေတာ့သည္။
ဒီေနည အကုန္သိမ္းႏိုင္သြားတာက ရွီယြင္နန္ရဲ႕ ေက်းဇူးေတြေၾကာင့္ျဖစ္ေပမယ့္၊ သူလည္း သူ႔တာဝန္ကိုသူ လုပ္ႏိုင္ခဲ့တယ္မလား?
သူ႔အစ္ကိုသာ ဒါကိုျမင္ရင္ ေကာင္းမွာပဲ။ ဒီဇိုင္းစတူဒီယိုက သူ႔လက္ထဲမွာ မက်ရႈံးဘဲ ေရွ႕ေလွ်ာက္ ပိုေအာင္ျမင္လာေတာ့မွာ။
႐ုတ္တရက္ ေလာ့လင္းရွန္းရဲ႕ ေအးစက္စက္အၾကည့္ကို ေတြ႕လိုက္ရေတာ့ ယြမ္ေ႐ြ႕တစ္ေယာက္ အ႐ိုးထဲအသားထဲကေန နာက်င္လာကာ
"...."
ငိုခ်င္စိတ္မွာ ခ်က္ခ်င္း ေပ်ာက္သြားေတာ့သည္။ သူ႔မွာ ရွီယြင္နန္ကိုအျမန္ခြါလိုက္႐ုံသာမက၊ သူ႔သူငယ္ခ်င္းအား ေနာက္က ေလာ့လင္းရွန္း ရင္ခြင္ထဲ တြန္းပို႔လိုက္သည္။
ရွီယြင္နန္ကေတာ့ ယြမ္ေ႐ြ႕ႏွင့္ ေလာ့လင္းရွန္းၾကားက ခဏတာ အၾကည့္ကို သတိမထားမိလိုက္။ "ယြမ္ေ႐ြ႕ မင္းထပ္ငိုအုံးမလို႔လား?"
"ဟင့္အင္း! ငါအဆင္ေျပတယ္!"
ယြမ္ေ႐ြ႕ တစ္ခုခုကို သတိရသြားကာ တစ္တန္းထဲမွာ ထိုင္ေနသည့္ ကုကြၽယ္အား လွမ္းၾကည့္လိုက္သည္။
သူက ကေလးဆန္ၿပီး စိတ္ႀကီးဝင္တဲ့ အမူယာေလးကို ဖုံးကြယ္မေနေပ။ သူဟာ ေခါင္းကို ေမာေမာ့ထားၿပီး ကုကြၽယ္အား မ်က္ႏွာခ်င္းဆိုင္လိုက္ကာ လက္ခလယ္ေထာင္ျပလိုက္ဖို႔လည္း မေမ့။
"ပုတ္ေစာ္နံေနတဲ့ အေကာင္!"
ယြမ္ေ႐ြ႕က ပါးစပ္လႈပ္ကာ အသံတိတ္ေျပာလိုက္ေတာ့
"....."
ကုကြၽယ္မ်က္ႏွာမွာ ခ်က္ခ်င္းတင္းမာသြားေတာ့သည္။
သူတို႔ေဘးကလူအခ်ိဳ႕ကေတာ့ ႏွစ္ဖက္ၾကားက "တိုက္ပြဲ" ကို ရိပ္မိသြားၿပီး မၾကည့္လာဘဲမေနႏိုင္ၾကေတာ့။
သူ႔ကိုယ္သူ အၿမဲတမ္း အထင္ႀကီးေနတတ္တဲ့ ကုကြၽယ္ကေတာ့ ရွက္သလိုခံစားေနရ၏။ စကၠန႔္အနည္းငယ္အတြင္းမွာပင္၊ ခြၽန္ထက္တဲ့ အပ္တစ္ေခ်ာင္းက သူ႔ထိုင္ခုံေအာက္ေန ေပါက္ထြက္လာသလိုမ်ိဳး ေအးေအးေဆးေဆးဆက္ထိုင္ေနရန္ ခက္ခဲလွသည္။
ေနာက္ဆုံးေတာ့ ကုကြၽယ္မွာ သူ႔မ်က္ႏွာကို ဆက္မထိန္းႏိုင္ေတာ့။ သူက စုန္႔ေျမာင္ခယ့္နဲ႔ ယန္စန္းကိုထားခဲ့ကာ ေလလံပြဲကေန အျမန္ထြက္သြားလိုက္သည္။
ထြက္သြားသည့္ သူ႔ပုံရိပ္မွာ တကယ့္ကို သနားစရာပင္။
ရွီယြင္နန္ကေတာ့ ယြမ္ေ႐ြ႕ရဲ႕ ႐ိုးအၿပီး မဖုံးကြယ္ထားတတ္သည့္ အျပဳအမူေလးကို ေတြ႕လိုက္ရကာ ကူကယ္ရာမဲ့စြာ ေျပာလိုက္၏။ "သူေဌး ယြမ္၊ ျမန္ျမန္ သြားၿပီး ကြၽန္ေတာ္တို႔စတူဒီယိုကိုယ္စား အတည္ျပဳခ်က္စာ႐ြက္မွာ လက္မွတ္သြားထိုးအုံး။ လႊဲေပးဖို႔ေကာပဲ။"
ယြမ္ေ႐ြ႕တစ္ေယာက္ မရင္းႏွီးသည့္ အေခၚအေဝၚေလးကိုၾကားေတာ့ ရယ္လိုက္မိသည္။
အဓိကပံ့ပိုးကူညီေပးသူ ရွီယြင္နန္နဲ႔ ရင္ဆိုင္ရခ်ိန္မွာေတာ့ သူ႔မွာ အရင္ကလို ျငင္းပယ္ႏိုင္စြမ္း မရွိေတာ့။ "ေကာင္းပါၿပီ ပါးပါးရွီ။ ကြၽန္ေတာ္ အခုပဲသြားလိုက္ပါ့မယ္!"
သူတို႔ႏွစ္ေယာက္ၾကားက အျပန္အလွန္စကားေတြကိုၾကားလိုက္ရေတာ့ ေလာ့လင္းရွန္းလည္း ခုနကလို မ်က္လုံးနဲ႔ဘအရိပ္အေျချပလိုက္တာက သိပ္မလိုပါဘူးလို႔ ႐ုတ္တရက္ ခံစားမိသြားေလသည္။
သိသိသာကိုပဲ၊ ဒီႏွစ္ေယာက္က "သားအဖ" လိုဆက္ဆံေရးေကာင္းၾကတာပဲ။
...
ယြီေရွာ့လည္း အရင္အလွည့္တုန္းက လက္ဝတ္ရတနာတစ္ခု ရရွိခဲ့တာေၾကာင့္ လႊဲယူရန္ ခန္းမရဲ႕ ဘယ္ဖက္အျခမ္းသို႔ ထြက္သြားေလၿပီ။
ေရွ႕မွာထိုင္တဲ့ ခ်င္က်န္းနဲ႔ ယြမ္မုန္လည္း ေနာက္သို႔ေလွ်ာက္လာၾကသည္။
ခ်င္က်န္းက ေလာ့လင္းရွန္းနဲ႔ ရွီယြင္နန္နား ေလွ်ာက္လာၿပီး တိုးတိုးေလးေျပာလာ၏။ "ေခါင္းေဆာင္၊ မစၥတာရွီ၊ လည္ဆြဲရသြားတဲ့ အမ်ိဳးသမီးနာမည္ က ဖန္းယာလို႔ေခၚပါတယ္။ သူက ဒီေလလံပြဲစီစဥ္သူေတြထဲက တစ္ေယာက္ပါ။"
"ဖန္းယာ?" ရွီယြင္နန္ ထိုနာမည္ကိုေတာ့ သိပ္မရင္းႏွီးေပ။
ခ်င္က်န္း၏ ကြၽမ္းက်င္တဲ့လက္ေထာက္စြမ္းရည္နဲ႔ဆို ဒါေလးက မျဖစ္စေလာက္ေလးပင္။ သူက မစၥဖန္းယာရဲ႕ မိသားစုေနာက္ခံကိုေတာင္ ရွာထားၿပီးေလၿပီ။ "ဖန္းမိသားစုရဲ႕အေပါင္ဆိုင္က ႏိုင္ငံတဝွမ္းမွာ ဆိုင္ခြဲေတြအမ်ားႀကီးဖြင့္ထားပါတယ္။ သူတို႔က တေျဖးေျဖးစီးပြါးေရးေကာင္းလာၿပီး တရားမဝင္အျငင္းအခုံရန္ျဖစ္တာမ်ိဳးေတြေတာ့ မရွိခဲ့ပါဘူး..."
အေပါင္ဆိုင္လုပ္ငန္းကို အခ်ိန္အေတာ္ၾကာ လည္ပတ္ခဲ့ၿပီးေနာက္၊ လာမေ႐ြးသည့္ တန္ဖိုးႀကီး ကုန္ပစၥည္းအခ်ိဳ႕စုပုံလာကာ၊ ဖန္းမိသားစုက ေလလံပြဲအမ်ိဳးမ်ိဳးကို က်င္းပခဲ့ၾကသည္။
ႏွစ္ေတြၾကာလာသည္ႏွင့္အမွ် အတိုင္းအတာတစ္ခုအထိ ခ်ဲ႕ထြင္ကာေအာင္ျမင္လာၾကေလသည္။
ဖန္းယာရဲ႕ခင္ပြန္းသည္မွာ ဘရန္းထုတ္ အဝတ္စားလုပ္ငန္းလုပ္ကိုင္သူျဖစ္၏။ သို႔ေသာ္ ဖန္းယာက ေယာက်ာ္းႏွင့္ ဇနီးသည္ အလုပ္တြဲလုပ္ရတာကို မႀကိဳက္သူျဖစ္ကာ၊ လက္ထပ္ၿပီးေနာက္ ႏွစ္ေပါင္းမ်ားစြာၾကာ၊ သူမကိုယ္ပိုင္လုပ္ငန္းတြင္သာ အလုပ္မ်ားေနခဲ့သည္။
ခ်င္က်န္းက ဆက္ေျပာလာသည္။ "သူမက အရင္ႏွစ္ေတြရဲ႕ လက္ဝတ္ရတနာပရဟိတေလလံပြဲေတြကို ေထာက္ပံ့ထားတာပါ။"
ရွီယြင္နန္ သေဘာေပါက္ကာ ေခါင္းညိတ္လိုက္သည္။ "သူ႔ေလလံကဒ္က နံပါတ္ 01ျဖစ္ေနတာ မဆန္းေတာ့ပါဘူး။"
သူေျပာၿပီးသည္ႏွင့္ ေဘးနားကေန အသံခ်ိဳခ်ိဳေလး ၾကားလိုက္ရသည္။ "မစၥတာရွီ?"
ရွီယြင္နန္ လွည့္ၾကည့္လိုက္ေတာ့ သူ႔ဒီဇိုင္းကို အႏိုင္ရခဲ့သည့္ ဖန္းယာပင္။
ေျပာေနကာမွ ေရာက္ခ်လာတာပဲ။
"နိေဟာင္ မစၥဖန္း။" ရွီယြင္နန္က ေဖာ္ေ႐ြစြာ ၿပဳံးျပလိုက္ၿပီး အရင္လက္ဆြဲႏႈတ္ဆက္လိုက္သည္။ "ကြၽန္ေတာ့္ဒီဇိုင္းကိုတန္ဖိုးထားၿပီး ဝယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။"
ဖန္းယာမွာ ဒီဇိုင္းကို သေဘာက်သလို၊ ရွီယြင္နန္အေပၚ အျမင္ေကာင္းတာတာေၾကာင့္၊ ေဖာ္ေဖာ္ေ႐ြေ႐ြ ျပန္ၿပဳံးျပလိုက္သည္။
သူမ ေလာ့လင္းရွန္းကို မွတ္မိတာေၾကာင့္၊ အနည္းငယ္သာ ေခါင္းညိတ္ျပလိုက္ၿပီး၊ ရွီယြင္နန္ကို ျပန္အာ႐ုံစိုက္လိုက္သည္။
"တဆိတ္ေလာက္ မစၥတာရွီ။ တကယ္ေတာ့ ကြၽန္မရွင့္ကို ေမးစရာရွိလို႔ပါ၊ ကြၽန္မဝယ္လိုက္တဲ့ ဆြဲႀကိဳးနာမည္က ဘာလဲဟင္။"
"မေပးရေသးပါဘူး။" ရွီယြင္နန္ အမွန္အတိုင္းျပန္ေျဖလိုက္၏။
"ဒီလည္ဆြဲကို ဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ ကြၽန္ေတာ္ နာမည္ေပးခြင့္ရွိေပမယ့္၊ ဒီလည္ဆြဲကို ပထမဆုံးဝယ္ျဖစ္သြားတဲ့ ပိုင္ရွင္ကို နာမည္ေပးေစခ်င္တာ။"
ဖန္းယာမွာ ထိုစကားကိုၾကားလိုက္သည္ႏွင့္၊ အံ့အားသြားကာ အၾကည့္မ်ားႏွင့္ ခ်ီးက်ဴးသည့္အရိပ္အေယာင္ေလးျပလာသည္။ "ေကာင္းပါၿပီ ဒါဆို ကြၽန္မဒါကို လက္ခံပါ့မယ္။"
"ေကာင္းပါၿပီ "
ဖန္းယာက ေခါင္းညိတ္ျပလာေသာ္လည္း အလ်င္စလို မထြက္သြားေသးေပ။
ေလာ့လင္းရွန္းရဲ႕ အၾကည့္ထဲမွာေတာ့ သေဘာေပါက္သည့္ အရိပ္အေယာင္ေလးေတြ ျပန္႔ႏွံ႔လာၿပီး သူက တည္တည္ၿငိမ္ၿငိမ္ပဲ ေမးလိုက္သည္။ "မစၥဖန္း၊ မင္းမွာ ယြင္နန္ကို ေျပာစရာရွိေသးလို႔လား? ကြၽန္ေတာ္တို႔ သြားလို႔ရၿပီလား?"
ဖန္းယာက မသိမသာၿပဳံးလိုက္ရင္း ေလာ့လင္းရွန္းအား ၾကည့္လိုက္ကာ "ေခါင္းေဆာင္ေလာ့ရဲ႕ ေလသံကအရမ္းမာတာပဲေနာ္။ ရွင့္မ်က္လုံးေတြက ဖုံးမထားႏိုင္ဘူးပဲ။"
ေလာ့လင္းရွန္းနဲ႔ ရွီယြင္နန္ ၾကားက ဆက္ဆံေရးကို ဖန္းယာ သိတာၾကာၿပီျဖစ္သည္။ သို႔ေသာ္ သူမအခုလာရတဲ့အေၾကာင္းအရင္းမွာ ခ်မ္းသာတဲ့ မိသားစုေတြၾကားက ရႈပ္ေထြးတဲ့ ဆက္ဆံေရးေၾကာင့္ မဟုတ္ဘဲ ရွီယြင္နန္ရဲ႕ ဒီဇိုင္းကို တကယ္သေဘာက်လို႔ပင္။
သူမက ရွီယြင္နန္ဘက္လွည့္ကာ ခ်ိဳခ်ိဳသာသာ ေျပာလာသည္။ "တကယ္ေတာ့ဖန္းမိသားစု လက္ဝတ္ရတနာေလလံပြဲအတြက္၊ မစၥတာရွီေကာ ယြီနန္စတူဒီယိုနဲ႔ေကာ ပူးေပါင္းခ်င္လို႔ပါ။"
ထိုစကားမ်ားထြက္လာသည္ႏွင့္တၿပိဳင္နက္၊ အျခားဧည့္သည္ေတြမွာ သြားေနရာကေန ရပ္တန္႔သြားၾကၿပီး၊ သီးသန္႔ဒီဇိုင္းေတြအတြက္ ရွီယြင္နန္ကို ရွာခ်င္ေနၾကသည္။
ပူးေပါင္းေဆာင္႐ြက္မည့္ကိစၥအေၾကာင္း ဘယ္သူမွ မေျပာေသးခင္၊ ေဘးကခန္းမထဲကေန ဆူဆူညံညံအသံမ်ား ၾကားလိုက္ၾကရသည္။ "ငါ့မွာ ပိုက္ဆံမရွိဘူး! ငါက မစၥတာကုကိုယ္စား ေလလံဆြဲေပးတာ။"
"ငါ အခု သူ႔ကို ဖုန္းဆက္လို႔မရဘူး! မင္းတို႔ သူ႔ဆီသြားၿပီး ပိုက္ဆံသြားေတာင္းေပါ့!"
"ငါ့ကို ပိုက္ဆံေပးၿပီး လုပ္ခိုင္းတာ။ ေနအုံး မင္းတို႔ဘာလို႔ငါ့ကို ဖမ္းတာလဲ!"
ေလလံပြဲလုပ္သည့္ခန္းမထဲရွိ၊ ဧည့္သည္မ်ားမွာ အသံလာရာသို႔ တညီတၫြတ္တည္း လွည့္ၾကည့္လိုက္၏-
လုံၿခဳံေရးယူနီေဖာင္းဝတ္ထားသည့္ လူႏွစ္ေယာက္က လူတစ္ေယာက္ကို ဆြဲထုတ္ေနသည္။ ဆြဲထုတ္ခံေနရသည့္သူမွာ၊ ေလလံပြဲတုန္းက အသည္းအသန္ ေလလံဆြဲခဲ့သည့္ နံပါတ္ ၃၅ပင္။
"ဘာေတြျဖစ္ေနတာတုန္း? " တစ္ေယာက္ကေမးလာေတာ့
အျခားဧည့္သည္က ျပန္ေျဖေပးလာသည္။ "လင္းယြီက ကိုယ္စားလွယ္ငွါးၿပီး ခုနကေလလံပြဲမွာ ေဈးကိုတမင္တကာ တိုးခိုင္းခဲ့တာတဲ့။ ဒါမယ့္ အဆမတန္ တိုးမိၿပီး သူတို႔ဒီဇိုင္းကို ျပန္ဝယ္မိသြားတာ။"
"အခု၊ ပြဲစီစဥ္သူက ပစၥည္းဖိုးေပးေခ်ဖို႔ ေတာင္းေနတာေလ။ ဒီကိုယ္စားလွယ္က ဘယ္လို ပိုက္ဆံေတြ အမ်ားႀကီး ပါလာႏိုင္မွာလဲ? လင္းယြီသူေဌးကုကို ရွာမေတြ႕ေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ထုတ္ေျပာမိသြားတာ။"
ဧည့္သည္ေတြမွာ ဒီအေၾကာင္းၾကားလိုက္ရေတာ့ စက္ဆုပ္႐ြံရွာသြားၾကသည္—
ဒီေန႔ည လင္းယြီရဲ႕ေလလံပြဲရလဒ္က ေတာ္ေတာ္ ေလးေကာင္းတယ္လို႔ သူတို႔ထင္ခဲ့တာေလ။ ဒါမယ့္ လင္းယြီက ဒီလိုမသမာနည္းကို သုံးခဲ့တာလား? ဒီလိုကုမၸဏီတစ္ခုက ထုတ္ကုန္ေကာင္းကို ႀကိဳးႀကိဳးစားစား အားထုတ္ၿပီးထုတ္ပါ့မလား?
ေသခ်ာေပါက္ ဘယ္ဟုတ္မလဲ။
ေလလံပြဲအၿပီးတြင္၊ လင္းယြီႏွင့္ သီးသန႔္အမွာစာမ်ားမွာမို႔ စီစဥ္ေနသည့္ ဧည့္သည္မ်ားေတြမွာ ထိုစိတ္ကူးကို ပယ္ခ်လိုက္ၾကသည္။
ဒီလို လက္ဝတ္ရတနာဒီဇိုင္းကုမၸဏီကို သူတို႔တင္မကဘူး၊သူတို႔ရဲ႕ ေဆြမ်ိဳးေတြ အသိမိတ္ေဆြေတြကိုပါ ေရွာင္ခိုင္းရမယ္!
ဒါကို ၾကားလိုက္ရေတာ့ ဖန္းယာမွာ ႐ြံရွာစက္ဆုပ္သြားတာကို ဖုံးကြယ္မေနေပ။
သူမကရင္ထိုးအတြက္ 9 သန္းနဲ႔ ေလလံဆြဲခဲ့ၿပီး၊ သဲလြန္စကို ရိပ္မိလိုက္တာေၾကာင့္ ရပ္တန္႔လိုက္ေပမယ့္၊ ဒီလိုမ်ိဳး တကယ္ျဖစ္ေနမယ္လို႔ မထင္ထားေပ။
"ငါ့စကားကို ျဖန္႔လိုက္။ အခုခ်ိန္ကစၿပီး၊ လင္းယြီ လက္ဝတ္ရတနာဒီဇိုင္းေတြကို ငါတို႔ ဖန္းေလလံပြဲေတြမွာ ဝင္ပါခြင့္မျပဳေတာ့ဘူး။" ဖန္းယာက ဖုန္းကို ေကာက္ကိုင္လိုက္ကာ WeChatကေန တစ္ဆင့္ သူမလက္ေထာက္အား ၫႊန္ၾကားလိုက္သည္။
ရွီယြင္နန္မွာ ဒီလိုမ်ိဳး ႐ုပ္ပ်က္ဆင္းပ်က္ေပၚသြားတာကို ျမင္ေတာ့ ေခါင္းယမ္းမိလိုက္၏။
အရင္ကဆို လင္းယြီဒီဇိုင္းဌာနက အေကာင္းဆုံး ဒီဇိုင္းေတြကို ထုတ္လုပ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္၊ ကုကြၽယ္လို ဘာအရည္အခ်င္းမွ မရွိတဲ့ သူေဌးရွိေနသေ႐ြ႕၊ ေသခ်ာေပါက္ သူတို႔အနာဂတ္က်ဆင္းလာမွာပဲ။