Unicode
ယွမ်ရွေ့ သူ့သူငယ်ချင်းနောက် အမြန်လိုက်မှီသွားပြီး သူ့ပုခုံးပေါ် လက်တင်လိုက်ကာ"ယွင်နန်၊ ငါမင်းအတွက် လျှို့ဝှက်ထားပေးမယ်!"
သူကပြုံးကာ ရယ်မောနေ၏။ သူက အမြဲစိုးရိမ်နေပြီး၊ ဒီလိုနောက်ပြောင်တာမျိုး ရှားတာကြောင့်
ရှီယွင်နန် မေးလိုက်မိသည်။ "ဘာလျှို့ဝှက်ချက်လဲ?"
"မင်း ခုနက ကုကျွယ်နဲ့ အရမ်းနီးကပ်နေတာလေ။ မစ္စတာလော့သာ သိရင် သဝန်တိုမှာ မလား?"
ရှီယွင်နန်မှာ ရယ်ရမလား ငိုရမလားမသိတော့။ "သူ့ရှေ့မှာ ပေါက်ကရတွေမပြောနဲ့။"
ယွမ်ရွေ့က သူ့ရင်ဘတ်သူပုတ်ကာ စိတ်ချလက်ချနေရန် ပြောလာသည်။ "ငါသိပါတယ်ကွ။ ငါကအမြဲ မင်းဘက်က! မင်းတို့ ဆက်ဆံရေးအဆင်မပြေရင် ငါ့အလုပ်ကို ထိခိုက်မှာစိုးရိမ်တယ်။"
"ယွမ်ရွေ့၊ လစ်စမ်း။"
...
နှစ်ယောက်သား ထိုင်ရာနေရာပြန်ရောက်သောအခါ လေလံပွဲရဲ့ ဒုတိယပိုင်းက စတင်နေလေပြီ။
ခန်းမကြီးရဲ့ လေထုမှာ အရမ်းစိတ်အားပြင်းပြနေကြသည်။ နံပါတ် 18 လက်ရာကို 7.6 သန်းဖြင့် လေလံတင်ရောင်းချခဲ့၏။ ယနေ့အတွက် အမြင့်ဆုံးစျေးပင်။
လေလံပွဲက လာမည့် "Xဒီဇိုင်း" လက်ရာများအား ပြသရန်၊ လေလံပွဲရဲ့ ညနေခင်းနောက်ဆုံးအစီအစဉ်ကို စတင်လာလေသည်။
ယွမ်ရွေ့က အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်တရှား ပြောလိုက်သည်။ "ယွင်နန်၊ ငါတို့အလှည့်ပဲ။"
"ကဲ နံပါတ်၂၁ပစ္စည်းကို အားလုံးသိအောင် ကြေငြာပါရစေ..."
လေလံတင်သူက ခဏရပ်လိုက်ပြီး ဆက်ပြောလာသည်။ "လင်းယွီဒီဇိုင်းဆွဲထားတဲ့ 'တောက်ပလွန်းသည့်ပန်း' ပါတဲ့ခင်ဗျာ့။"
စခရင်ကြီးကြီးက လက်ရာရဲ့ အသေးစိတ်အချက်အလက်တွေကို ပြသနေပြီး၊ တစ်ချိန်တည်းမှာပင် လက်ရာအစစ်တွေပါသည့် ဗီရိုကြီးကို ဝန်ထမ်းတွေက တွန်းလာသည်။
ယွမ်ရွေ့က မျက်နှာမှာ ဘာအမူရာမှ မပြကာမေးလာသည်။ "ဘာတွေဖြစ်နေတာလဲ? ငါတို့လက်ရာကို အရင်ပြရမှာ မဟုတ်ဘူးလား?"
"စိတ်မပူပါနဲ့။ ငါ့ ခဏပြောင်းခိုင်းထားတာ။" ရှီယွင်နန်က အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။
သူက ချင်ကျန်းကို ဒေတာအမှားသုံးခိုင်းကာ သူတို့နှင့် လင်းယွီရဲ့ လေလံပွဲအစီအစဉ်ကို ယာယီပြောင်းခိုင်းခဲ့၏။ ဘာထွေထွေထူးထူး ကိစ္စမှ မရှိတာကြောင့် စီစဉ်သူက အလွယ်တကူပဲ နေရာပြန်ပြောင်းလာပေးခဲ့သည်။
"ဘာလို့လဲ?" ယွမ်ရွေ့ စဉ်းစားမရတော့။
ရှီယွင်နန်က ကုကျွယ်ရှိရာဘက်သို့ ကြည့်ကာပြောလိုက်သည်။ " အနိုင်ရဖို့အတွက်၊ သူတို့ ပစ္စည်းကို အရမ်းမြှောက်နေလွန်းတဲ့ သူတွေက အမြင့်ဆုံးအမှတ်ကိုရလာရင် ပိုမျက်စိကန်းလာပြီးတက်ကြွလာကြကော။ အဆုံးကြရင်၊ နောက်ဆုံးစျေးနဲ့ ရလဒ်က ဘာမှမဟုတ်ဘူးလေ။"
ယွမ်ရွေ့မှာ ဘာတွေဖြစ်နေမှန်းမသိပေမယ့်၊ သူ့သူငယ်ချင်း လုံးဝမစိုးရိမ်တာမြင်တော့ သူ့စိတ်ကို မျိုသိပ်ကာ စောင့်ကြည့်နေလိုက်သည်။
စင်ပေါ်မှ လေလံတင်သူက လည်ချောင်းရှင်းကာချက်ချင်းပင် မိတ်ဆက်စကားကို စတင်လိုက်သည်။ "လူကြီးမင်းတို့၊ ကြည့်ကြည့်လိုက်ပါ။ ဒီပစ္စည်းက နေကြာပန်းလို ပုံစံကိုမှ စိန်တွေ ကျောက်စိမ်းတွေနဲ့ လုပ်ထားတဲ့ ရင်ထိုးဖြစ်ပြီး ဒီပစ္စည်းကို တောက်ပလွန်းသည့် ပန်း' လို့နာမည်ပေးထားပါတယ်။"
ရင်ထိုးရဲ့ အထပ်ထပ်ဖြစ်နေသည့် ပွင့်ချပ်များမှာအဝါရောင်စိန်များကနေ အကြည်ရောင်စိန်များအထိ တဖြည်းဖြည်း ပြောင်းထားသည်။ တဖြည်းဖြည်းအရောင်အထပ်ထပ်ပြောင်းထားသည်မှာ သဘာဝဆန်လှလေသည်။
အဖမ်းစားနိုင်ဆုံးကတော့ အလယ်မှာထည့်ထားသည့် မြစိမ်းရောင် ကျောက်စိမ်းတုံးကြီးပင်။ အစိမ်းရင့်ရောင်က လူတွေသဘောကျအောင် ဆွဲဆောင်နေလေသည်။
ထိုရင်ထိုးမှာ၊ စိန်များတလက်လက်တောက်နေပြီး၊ကျောက်စိမ်းလို စိတ်ကိုအေးစေသည့်အမျိုးအစားနှင့် ပေါင်းစပ်ရန် ခက်ခဲတာကြောင့် လက်ဝတ်ရတနာဒီဇိုင်းတွင် စွန့်စားရဲသည့် ဆန်းသစ်တီထွင်မှုမျိုးဖြစ်သည်။
သို့သော် အခုလို အခိုက်အတန့်တွင်၊ အလင်းတောက်တောက်အောက်ရှိ ရင်ထိုးပွင့်ချပ်များမှာ အကြည်ရောင်စိန်များနှင့် ပေါင်းစမ်သွားပြီး၊ မနက်ခင်း နေထွက်ချိန်ကဲ့သို့ပင် ရွှေဝါရောင်နီးပါး အလင်းတန်းများကို ထုတ်လွှတ်နေသည်။
၎င်းရဲ့အလယ်ဗဟိုရှိ မြစိမ်းရောင်ကျောက်စိမ်းမှာ အရည်အသွေးအမြင့်ပြီး တောက်ပလှသည်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့သူများပင်လျှင် အရောင်းအဆင်းအမြင့်ဆုံး အစိမ်းရောင်ဆိုတာ တန်းသိနိုင်သည်။
"အရမ်းလှတာပဲ!" ခဏကြာတော့ သူတို့ဘေးက ချမ်းသာသည့်အမျိုးသမီး တော်တော်များများကပြောလာကြသည်။
"ဒီရင်ထိုးက အရမ်းလက်ရာမြောက်လွန်းတယ် မလား?"
"စခေါ်စျေးက ဘယ်လောက်လဲ? ဟန်နီ ကျွန်မ ဒါလေးကို မျက်စိကျတယ်!"
ကုကျွယ်တစ်ယောက် သူ့ဘေးပတ်ပတ်လည်း စကားသံတွေ၊ ချီးကျူးသံတွေကြားတော့ သူ့စိတ်ထဲမှာ ပိုယုံကြည်ချက်ရှိသွားတော့သည်။
သူက မျှော်လင့်စောင့်စားနေသည့် အရာရောက်လာတော့မလိုမျိုး၊ ငါးတန်းမြောက်နှင့် ခြောက်တန်းမြောက်ရှိ ထိုင်ခုံပေါ်မှ လူတွေကိုကြည့်လိုက်သည်။
"နံပါတ်၂၁က လင်းယွီသီးသန့်ထုတ်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး၊ တစ်ကြိမ်ကို 100,000 တိုးပြီး၊ 4.5 သန်းကနေ စခေါ်ထားပါတယ်။ အခု လေလံဆွဲဖို့ကို တရားဝင်စပါပြီခင်ဗျာ့!"
သူပြောပြီးသည်နှင့် ပဉ္စမတန်းမှာထိုင်နေသည့် ဧည့်သည်တစ်ယောက်က သူ့ရဲ့လေလံနံပါတ်ပြားကို မြှောက်ပြလာသည်။ "နံပါတ် ၃၅က 5သန်းပေးထားပါတယ်!"
တစ်ကြိမ်တည်းနဲ့ 5သန်း?
ယွမ်ရွေ့ ထိုပမာဏကိုကြားသောအခါ ခဏတာ ငြိမ်သက်သွား၏။
သူ့ဘေးမှာထိုင်နေတဲ့ ရှီယွင်နန် နဲ့ လော့လင်းရှန်းကတော့ ကနေတဲ့ ဇာတ်ကို သိနေသလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသည်။
နောက်တစ်စက္ကန့်မှာပဲ ခြောက်တန်းမြောက်တွင်ထိုင်နေသည့် အခြားဧည့်သည်တစ်ယောက်က သူ့ကဒ်ကို မြှောက်ကာ "၅.၂ သန်း!" လို့အော်လာသည်။
"ဟုတ်ပြီဗျ၊ မစ္စတာနံပတ်၆က 5.2 သန်းအထိ တိုးမြှင့်လိုက်ပါတယ်။ တခြားဘယ်သူတွေ မြှင့်အုံးမလဲ?" လေလံသမားမေးပြီးသည်နှင့်၊ တခြားအမျိုးသမီးတစ်ယောက်က စျေးမြှင့်ရန် လက်ကိုချက်ချင်းမြှောက်လာသည်။
လေလံဆွဲသူမှာ လေလံဆွဲရာတွင် ကျွမ်းကျင်လှသည်။
သုံးမိနစ်မပြည့်ခင်မှာပဲ၊ ထိုရင်ထိုးရဲ့လေလံဈေးမှာ ခုနစ်သန်းအထိ မြင့်တက်လာပြီး၊ အမြင့်ဆုံးလေလံဆွဲထားသူမှာ ငါးတန်းမြှောက်တွင်ထိုင်နေသည့် နံပါတ်၃၅ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ခြောက်တန်းမြောက်တွင် ထိုင်နေသည့် ဧည့်သည်ပင်။
"၇ သန်းအထက် လေလံဆွဲမယ့်သူ ရှိပါသလား?" လေလံဆွဲသူက ပတ်ပတ်လည်ကို ကြည့်ကာ အော်မေးလာသည်။
ရုတ်တရက် ရှေ့တန်းမှ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရ၏။ "နံပါတ် 14၊ 7.7 သန်း!"
ရုတ်တရက်၊ ဒီနေ့ည လေလံပွဲရဲ့ အမြင့်ဆုံးစျေးထိ ရောက်လာတော့သည်။
သူ့နေရာမှာသာ ထိုင်နေသည့် ကုကျွယ်တစ်ယောက် မျက်လုံးတွေချက်ခြင်းတောက်လာပြီး အကြာကြီးနေမှ အနိုင်ရသူအပြုံးမျိုးပြုံးနေသည်။
ယွမ်ရွေ့မှာ စျေးနှုန်းမြင့်လာတဲ့ သူ့ဘက် ချက်ချင်းကြည့်လိုက်မိပြီး၊ တစ်ဖက်လူရဲ့ ရုပ်ကို မြင်သည့်အခါ ရှော့ရသွားတော့သည်။
သူက လော့လင်းရှန်းနှင့် ရှီယွင်နန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်ကာ "ယွင်နန်၊ ဘာတွေဖြစ်နေတာတုန်း? ဟိုလူက မစ္စတာလော့ရဲ့ လက်ထောက်မစ္စတာချင်မလား? ဘာလို့ တခြားသူရဲ့ ဒီဇိုင်းကိုစျေးပြိုင်ခေါ်နေတာလဲ?"
'၇.၇ သန်း'အထိ စျေးပြိုင်ခေါ်လာသူမှာ လေလံပွဲစနေတဲ့အချိန် အကြာကြီး ပျောက်နေသည့် ချင်ကျန်းဖြစ်သည်။
ဒေါသလေးထွက်ကာ ပါးကို ငါးပူတင်းဖောင်းသလိုဖောင်းနေသည့် ယွမ်ရွေ့ကိုကြည့်ပြီး၊ ရှီယွင်နန် ရှင်းပြရန် သူနားသို့ တိုးလိုက်သည်။ "တမင်ခေါ်တာ။"
"မင်းဘာကိုဆိုလိုတာလဲ?"
"စျေးအပြိုင်ခေါ်တဲ့ နံပါတ် ၃၅ နဲ့ နံပါတ်၆ ဧည့်သည်တွေက ကုကျွယ် အဆက်အသွယ်သုံးပြီး ငှါးထားတဲ့သူတွေ။"
"....."
"သူတို့က လေလံဈေးကို အလွန်အကြူးတွေ မြင့်နေတာပဲ။" ယွမ်ရွေ့က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချက်ချင်းပြောလာသည်။ "ဒါက လေလံပွဲရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာလေ!"
အရင်ဆုံး၊ သူတို့က လေလံပစ္စည်းကို "လူကြိုက်များ"အောင် စျေးပြိုင်ခေါ်တဲ့သူတွေ တမင်တကာထည့်ထားပြီး၊ ထိုလေလံပစ္စည်းအား အမှန်တကယ်ကြိုက်တဲ့သူများကို စိတ်လှုပ်ရှားကာ တက်ကြွလာပြီးစျေးထပ်မြင့်လာစေရန်ဖြစ်သည်။အတိုင်းအတာတစ်ခုအထိ စျေးမြင့်လာရင် သူတို့က အချိန်မှီ ရပ်လိုက်ကြမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လေလံအောင်သွားတဲ့သူများမှာ၊ မတန်တဆစျေးနှုန်းဖြင့် ဝယ်ယူရန် လှည့်စားခံလိုက်ရမည်ဖြစ်၏။ဒါက မြတ်သွားတာမဟုတ်ဘဲ ရှုံးသွားတာပင်!
အဆုံးစွန်ထိ ခေါင်းပုံဖြတ်သူများမှာ၊ အားလုံးကို ကြိုးကိုင်ခြယ်လှယ်ရန်၊ နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ပစ္စည်းရောင်းချသူများသာဖြစ်သည်။
"သေချာပေါက် ငါတို့သိတာပေါ့။" ရှီယွင်နန်က ပြန်ဖြေသည်။
ဒီလေလံငွေတွေကို ပရဟိတအတွက် လှူဒါန်းသွားမှာဖြစ်ပြီး၊ လေလံဈေးဘယ်လောက်ပဲ များနေပါစေ၊ ထိုငွေတွေမှာ လင်းယွီအိတ်ကပ်ထဲသို့ စီးဝင်မည်မဟုတ်။ သူတို့လိုချင်သည့်အရာမှာ အာရုံစိုက်ခံရပြီး၊ အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်ရန် ဖြစ်သည်။ သူတို့ လက်ဝတ်ရတနာပစ္စည်းတွေ ကောင်းမွန်ပြီး၊ စိတ်ကျေနပ်စေသရွေ၊ အော်ဒါအများအပြားက သူတို့ဆီ ဝင်လာမှာဖြစ်၏။
ယွမ်ရွေ့လည်း ထပ်မငြင်းခုံတော့ပေ၊ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ရှီယွင်နန်လည်း ဒါတွေလိုချင်လို့ လေလံပွဲမှာ ပါဝင်လာတာပဲလေ။
သူတို့ ဘယ်လောက်ပဲ အနိုင်ရချင်နေပါစေ၊ ဒီလိုလှည့်ကွက်မျိုးကိုတော့ မကစားဘူး။ သေချာပေါက်ဒီပွဲက သူတို့ လက်ရာကို အမှန်တကယ်သဘောကျမယ့် ဧည်သည့်တွေကို စောင့်ဆိုင်းနေတဲ့ တွင်းနက်ကြီး မဟုတ်ဘူးလား?
"စိတ်မပူနဲ့၊ ဒါက စိတ်ကို ကစားတဲ့ဂိမ်းပဲ။"
ရှီယွင်နန်က သူ့သူငယ်ချင်းအား နှစ်သိမ့်ရန် နောက်ကျောလေးပုတ်လိုက်ကာ "ငါဒီမှာ ရှိနေရင်၊ ကုကျွယ်ပဲ ဒုက္ခရောက်သွားလိမ့်မယ်။"
နှစ်ဦးကြား စကားခဏလေးပြောနေပြီးနောက်၊ လေလံဈေးမှာ 8.6 သန်းအထိ မြင့်တက်လာသည်။
နံပါတ်6 နှင့် နံပါတ်35 တို့က ဈေးကို တိုးမြင့်လာပြီး ထိုလက်ဝတ်ရတနာကို အမှန်တကယ်သဘောကျသည့် အမျိုးသမီးက နောက်ကနေလိုက်ကာ စျေးအပြိုင်ခေါ်လာနေသည်။
နောက်တစ်ကြိမ်မှာပင် ဈေးက 9သန်းအထိ ရောက်သွား၏။ လေလံစျေးကိုမြင့်လိုက်သူမှာ တရုတ်ရိုးရာဝတ်စုံနှင့် သားမွှေးခြုံထည်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးပင်။
ယွမ်ရွေ့မှာ သည်းမခံနိုင်တော့။ သူကုကျွယ်ကို ပိုပိုရွံရှာလာတော့သည်။
သူက ကျောက်စိမ်းနဲ့ပတ်သက်ရင် အကျင့်သိက္ခာကို အမြင့်ဆုံးသတ်မှတ်ထားသူဖြစ်၏။
လေလံဈေးက အရမ်းမြင့်နေပြီလို့ လူတိုင်းထင်နေချိန်မှာပဲ၊ ရှေ့တန်းကနေ ရင်းနှီးတဲ့ နောက်ထပ်အသံက ထပ်ထွက်လာသည်။ "နံပါတ် ၉၈၊ ၉.၅ သန်း။
ရုတ်တရက် လူတိုင်းရဲ့အကြည့်မှာ စူးစိုက်ကြည့်လာပြီး လော့လင်းရှန်းပင် အံ့ဩသွားကာ မျက်မှောင်ကြုတ်လိုက်သည်။ "ယွီရှော့?"
ရှေ့တန်းရှိ ယွီရှော့က သူ့ကဒ်ပြားကို ပြုံးပြုံးပျော်ပျော်ဝေ့ယမ်းပြကာ၊ သူကပါးစပ်လေးကို အုပ်လိုက်ပြီးပြောလာသည်။ "မင်းတို့တွေ ဘာလုပ်နေမှန်း ငါသိတယ်။ ငါလည်း ပျင်းနေလို့ ဝင်ကူညီတာ။"
"စိတ်မပူနဲ့၊ စျေးက ဆက်တိုးနေမှာ။ ငါ လောင်းတာရှုံးသွားလည်း ပစ္စည်းကောင်းအတွက် 9.5 သန်း အကုန်အကျခံတယ်လို့ပဲ သဘောထားလိုက်တာပေါ့"
ဒီငွေလောက်က သူ့အတွက် မပြောပလောက်ဘူး။
သေချာတာပေါ့၊ ယွီရှော့ စျေးမြင့်လိုက်ပြီးနောက် လေလံပွဲထဲတွင် ခဏလောက်ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
လေလံပွဲတွေမှာ၊ သဘောကျတဲ့စိတ်နဲ့ စိတ်အားတက်ကြွတဲ့စိတ်က အမှန်ဖြစ်သော်လည်း၊ 9.5 သန်းနဲ့ ရောင်းချနေတဲ့ စိန်ရင်ထိုးရဲ့စျေးမှာ အတော်အတန်မြှင့်နေလေပြီ။
ကုကျွယ် ထိုင်နေရင်း မက်ဆေ့ချ်ဝင်လာတာျကြာင့်၊ ဖုန်းကတုန်ခါသွား၏။
"သူဌေးကု၊ စျေးကို ဆက်မြှင့်ရအုံးမလား?"
"မစ္စတာကု ၊နောက်ဆုတ်သင့်နေပြီမလား?"
ရှေ့ဆင့်နောက်ဆင့် ပို့လာသော စာသားနှစ်ခုမှာ၊ ဧည်သည်အတုများဖြစ်သည့် နံပါတ်၆နှင့် ၃၅ဆီကပင်။ သူတို့က စျေးနှုန်းကို ခြယ်လှယ်ရန် တာဝန်ရှိနေသူများဖြစ်၏။
ဒီ ခေါင်တက်လာသည့်စျေးနှုန်းတွင်၊ မထင်မှတ်ဘဲ တစ်ခုခုဖြစ်မှာစိုးကာ၊ သူတို့က နောက်ကွယ်ကနေ ကုကျွယ်အတွက် စျေးကို အလောတကြီးမတိုးနိုင်သေးပေ။
ကုကျွယ် ချီတုံချတုံဖြစ်နေချိန်မှာဘဲ၊ သူ့ဘေးနားရှိ၊ ဆွေးနွေးနေကြသည့်လေသံမှာ ရုတ်တရက်ကျယ်လာသည်။ "ဒီလေလံပွဲအရဆို၊ ဒီရင်ထိုးက 10 သန်းလောက်ထိ တက်သွားမှာမဟုတ်ဘူးမလား? အဲ့လိုဆို အမြင့်ဆုံးဖြစ်သွားမှာ!"
"မလိုပါဘူး။ ဒီ ၉.၅ သန်းလောက်ဆို ရနေပြီထင်တ ပဲ။"
"၉.၅ သန်းတောင်ရှိနေပြီလေ၊ ၅၀၀,၀၀၀ ပဲကွာတော့တာ။ အဲ့ချမ်းသာတဲ့မိန်းမတွေက ငွေပေါပေါသီသီသုံးဖို့ ဖူလုံနေတာပဲဟာ။ ပိုက်ဆံကို သူတို့သဘောကျတဲ့ ပစ္စည်းတွေအပေါ် အမြဲသုံးကြတယ်လေ။"
...
ကုကျွယ် တိတ်တိတ်လေး ထိုင်နားထောင်နေရင်း ရေချိုးခန်းတံခါးဝမှာ ရှီယွင်နန်ပြောခဲ့တဲ့ စကားတွေက သူ့စိတ်ကို ဂနာမငြိမ်ဖြစ်အောင်လုပ်နေသည်။
စောင့်ကြည့်နေလိုက် ကုကျွယ်; ငါ့လက်ရာက သေချာပေါက် လေလံပွဲမှာ စျေးအမြင့်ဆုံးရလိမ့်မယ်။ ပြီးရင် မင်းတို့လင်းယွီဒီဇိုင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်။
"သူဌေးကု၊ ရှင် ဘာဖြစ်နေတာလဲ?" စုန့်မြောင်ခယ်က သူ့ကိုသတိပေးလာသည်။ "နှစ်ခါလို့တောင် အော်နေပြီ။"
ဒါကိုကြားတော့ ကုကျွယ်က သူ့ဖုန်းထဲက မက်ဆေ့ခ်ျကို ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ထပ်တိုးလိုက်!
9.9 သန်းအထိ။
မက်ဆေ့ချ်ပို့ပြီး သိပ်မကြာခင်မှာပဲ သူ့ရှေ့က အတန်းရှိ "လူယုံတော်" က လေလံဆွဲသူ သုံးကြိမ်မြောက် မခေါ်လာခင် စျေးနှုန်းကို ၉.၉ သန်းအထိ တိုးမြှင့်လိုက်တော့သည်။
ဒီစျေးခေါ်လိုက်သည်နှင့်၊ ရှီယွင်နန်နဲ့ လော့လင်းရှန်းမှာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြသည်။
ယွီရှော့မှာ သက်ပြင်းတစ်ချက်ချပြီး ခေါင်းယမ်းမိလိုက်တော့သည်။
မရောင့်ရဲမတင်းတိမ်တဲ့သူက ဆင်ကိုမျိုဖို့ ကြိုးစားနေတဲ့ မြွေနဲ့တူတယ်တဲ့။ သူ့ခန့်မှန်းတာ တကယ့်ကို တိကျတာပဲ။
"ဆယ်သန်းနဲ့ ၁၀၀၀၀၀ပဲကွာတော့တယ်!" စုန့်မြောင်ခယ့်က စိတ်လှုပ်တရှားမျှော်လင့်နေသည်။
ကုကျွယ်မှာ အသက်ရှူရခက်လာပြီး၊ လေလံအပြိုင်ဆွဲခဲ့သည့် ချမ်းသာတဲ့အမျိုးသမီးအား စိုက်ကြည့်လိုက်သည်။
သူ လောင်းထားတယ်!
တစ်ဖက်လူက ရင်ထိုးအတွက် ပျေးချေလာပေးဖို့ပေါ့!
ဘယ်လိုဖြစ်ဖြစ်၊ တစ်ဖက်လူက ၉ သန်းထိတောင်ဆွဲချင်နေတာပဲလေ။ ၁ သန်းလောက်အတွက် ဒီတိုင်းရိုးရိုးလေး ဆုံးဖြတ်ချက်ချဖို့သာ လိုတော့သည်။
သို့သော် အချိန်တွေသာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးလာပြီး၊ ဧည့်သည်တွေထဲကနေ ထပ်မလှုပ်ရှားလာသလို၊ ဟန်ဆောင်ကာ တိတ်ဆိတ်နေကြသည်။
ကုကျွယ်ရဲ့ စိုးရိမ်မှုမှာ သူ့နှလုံးသားတွင်းထဲကနေ တဖြည်းဖြည်းထွက်လာတော့သည်။
အမှန်မှာ၊ လေလံပွဲတစ်ခုစီအတွက် စျေးနှုန်းတိုးမည့်အချိန်ကို တစ်မိနစ်သာ ကန့်သတ်သော်လည်း၊ ပွဲစီစဉ်သူနှင့် လေလံဆွဲသူမှာ အမြတ်အစွန်ပိုရရန် အချိန်ကို ဆွဲနေလေ့ရှိသည်။
အခုတစ်ခေါက်၊ လေလံဆွဲသူမှာ ကုကျွယ်ဆီကနေ တိတ်တဆိတ် အကျိုးမြတ်လေးတွေရထား၏။ သူက ကုကျွယ်ကိုခဏခဏ စိုက်ကြည့်ရင်း အချိန်ဆွဲကာ အရှိန်မြှင့်ဖို့ ကြိုးစားနေသည်။
ဘယ်သူမှ စျေးထပ်မမြှင့်ချင်တာတော့ နှမြောစရာပင်။
"အချိန်ပြည့်နေပြီလေ! ဘာလို့ မကြေငြာသေးတာလဲ?"
"ဟုတ်ပ။ အရမ်းအချိန်ဆွဲလွန်းနေတာ မဟုတ်ဘူးလား?"
"ဒီလေလံဆွဲသူက သူ့အလုပ်သူလုပ်ရမှန်း မသိဘူးလား?"
ဧည့်သည်အချို့က စိတ်မရှည်စွာ အသံထွက်လာကြသည်။ ဆယ်နာရီထိုးတော့မှာလေ။ သူ့တို့မှာ အိမ်ကိုစောစောမပြန်ခင် နောက်ဆုံးပြမယ့် ပစ္စည်းကို စောင့်နေရသေးတယ်!
လေလံဆွဲသူက ထူးထူးဆန်းဆန်း စကားတွေပြောနေ၏။ ပွဲစီစဉ်သူကလည်း နားကြပ်ကနေ သူ့အားနောက်ဆုံးစျေးကို ကြေငြာခိုင်းလာတာကြောင့်
သူ အသက်ပြင်းပြင်းရှူကာ၊ ဧည့်သည်အားလုံးရှေ့မှာပဲ နောက်ဆုံးစျေးကို ကြေငြာလိုက်ရသည်။ "ဒီရင်ထိုးကို 9.9 သန်းနဲ့ စျေးဖြတ်ထားတဲ့ မစ္စတာနံပါတ်၆ကို ဂုဏ်ပြုပါတယ်ခင်ဗျာ့။"
ထို စကားထွက်လာသည်နဲ့ စုန့်မြောင်ခယ့်က ထိတ်လန့်တကြီး အော်လာသည်။
သူတို့ဘေးပတ်ပတ်လည်က လူတော်တော်များများလည်း ထိုကြောက်စရာကောင်းတဲ့ အော်ဟစ်သံကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လာကြ၏။ လူတော်တော်များများက ကုကျွယ်ကို မှတ်မိသွားကြတာကြောင့်၊ သူတို့က ဂုဏ်ပြုစကားတွေ ပြောလာကြသည်။ "မစ္စတာကု၊ ဂုဏ်ယူပါတယ်နော်။"
"လင်းယွီရောင်းလိုက်ရတဲ့လေလံဈေးက အရမ်းမိုက်တာပဲ!"
ကုကျွယ်ကတော့ သူတို့ကို လုံးဝမတုံ့ပြန်နိုင်ပေ။ သူ့မျက်လုံးများပင်လျှင် ခုနကလို တောက်ပပြီး စိတ်ကြီးဝင်နေသည့် အရိပ်ယောင်လေးတွေမရှိတော့။
သူ့မှာ ရင်ထဲမွန်းကြပ်နေပြီး၊ ပူလောင်လာကာ ချွေးအေးတွေပြန်လာပြီး အေးနေသည့်နေရာမှာ ကြက်သေသေနေမိသည်-
ဘယ်လိုလုပ်ဖြစ်နိုင်မလဲ? သူတကယ်ပဲ လောင်းတာရှုံးသွားတာလား!
ဒီအခိုက်အတန့်တွင်၊ အခြားသူတွေရဲ့ ဂုဏ်ပြုစကားများမှာ သူ့နားထဲတွင်တော့ လှောင်ပြောင်စကားများ ဖြစ်နေသည်။
သူ့ကုမ္ပဏီရဲ့ဒီဇိုင်းကို ဝယ်ဖို့ ၉.၉ သန်း အကုန်အကျခံလိုက်ရတယ်။ အဆိုးဆုံးကတော့ ဒီငွေတွေအားလုံးကို ပရဟိတအလှူအဖြစ် အကုန်ပေးလိုက်ရတာပဲ!
စီမံခန့်ခွဲတဲ့စရိတ်တွေ၊ မှတ်ပုံတင်ကြေးအပြင်၊ လေလံပွဲလာတဲ့ခရီးစဉ်ကုန်ကျစရိတ်ကတင် သန်းကို ဆယ်ဂဏန်းနီးပါးလောက် ကုန်ကျထားတာ။
ရုတ်တရက် ကုကျွယ်မှာ ရှီယွင်နန်ရဲ့လှောင်ပြောင်နေသည့် အပြုံးကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားတော့သည် ။
အခုတော့၊ သူ့ပါးမှာ အချက်ပေါင်းများစွာ ရိုက်ခံလိုက်ရတဲ့ ပုံပဲ။ ဆယ်သန်းနီးပါးရှိတဲ့ ဒီလေလံဈေးက သူ့ကို လုံးဝဖိနင်းထားပေမယ့် သူ့မှာ ဖွင့်ဟပြောလို့မရသလို၊ အော်လည်းမအော်နိုင်ဘူး!
တကယ်လို့ သူစျေးတက်ခိုင်းဖို့ လူငှါးထားတာသာပေါ်သွားရင်၊ ၁၀ သန်းနီးပါး ဆုံးရှုံးသွားတာထက် ပိုဆိုးသွားလိမ့်မယ်။ လင်းယွီဒီဇိုင်းလက်ရာတွေ နောက်လေလံပွဲကြီးတွေထဲ မပါလာနိုင်တော့မှာသူစိုးရိမ်မိတယ်။
အခုချိန်မှာတော့ ကုကျွယ်တစ်ယောက် အစွမ်းကုန် အံကြိတ်ကာ အကျိတ်အခဲတွေကို ဗိုက်ထဲကိုသာ မျိုချထားလိုက်ရသည်။
...
"မင်းမြင်လိုက်လား?"
ဂိမ်းကိုအဆုံးသတ်ပေးလိုက်တဲ့ ရှီယွင်နန်က သူချစ်သူနဲ့ သူ့သူငယ်ချင်းအား တိုးတိုးလေးပြောလိုက်သည်။ "လူတွေဟာ သူတို့ပေါ်သူတို့ မရိုးသားရင်၊ တွင်းနက်နက်တူးမိပြီး မြှုပ်သွားလိမ့်မယ်။"
သူတမင်တကာပဲ သူ့ဒီဇိုင်းလက်ရာကို ကုကျွယ်တို့ မရိုးမသားလုပ်ရပ်နောက်မှာ ရွှေ့ထားခဲ့တယ်။ တကယ်လို့ သူ့လက်ရာသာ 9.5သန်းအထက် များသွားရင် ဘယ်လိုဖြစ်သွားမလဲ?
ရှီယွင်နန်က တမင်တကာ ရေချိုးခန်းထဲတွင် စိတ်ကိုကစားစေမယ့် အရိပ်အမြွက်စကားလုံးတွေ သုံးခဲ့သည်။
မမြင်ရတဲ့ ဖိအားတွေအောက်မှာ ကုကျွယ်က အရှုံးဖြစ်ခွင့်မပေးနိုင်ခဲ့။ သူက လှုံ့ဆော်သည့်စကားလုံးအောက်တွင် အငြိမ်သက်ဆုံးအဆုံးအဖြတ်ကို မဆုံးဖြတ်နိုင်ကာ ထိုကဲ့သို့သောရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။
လော့လင်းရှန်းက သူ့ချစ်သူရဲ့ မျက်လုံးထဲက လှည့်ဖြားတတ်တဲ့ အရိပ်အယောင်လေးကို ဖမ်းမိသွားကာ သူကပြောလိုက်သည်။ "ဒီတစ်ခါတော့ ကုကျွယ် သူ့မျက်နှာသူပေါ် ပြန်လဲကျတာပဲ။"
"သူ့ထောင်ချောက်ထဲ သူပြန်ကျသွားတာမို့၊ ကျွန်တော့အပြစ် မဟုတ်ဘူး။" ရှီယွင်နန် သရော်လိုက်သည်။
သူ့ဘေးနားက ယွမ်ရွေ့မှာ ဒါကိုကြားတော့ အားရနေသည့် သူမျက်နှာကို ဖုံးကွယ်မထားပေ။ "အမှန်ပဲ! သူနဲ့တန်တယ်!"
တစ်ဖက်မှာ ပျော်ရွှင်ပြီး ကျန်တစ်ဖက်ကတော့ ပူဆွေးနေ၏။
နောက်ဆုံး ဒီဇိုင်းမှာ ဧည့်သည်အားလုံးရဲ့ အာရုံကိုပြန်ရလိုက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။
လေလံတင်သူ မိတ်ဆက်စကားမပြောလာခင်မှာပဲ၊ အစစ်အမှန်ထုတ်ကုန်အား ပြသလာသောအခါ၊ အခန်းတစ်ခုလုံး အာမေဋိတ်အသံများဖြင့် ပြည့်နှက်သွားတော့သည်။
Zawgyi
ယြမ္ေ႐ြ႕ သူ႔သူငယ္ခ်င္းေနာက္ အျမန္လိုက္မွီသြားၿပီး သူ႔ပုခုံးေပၚ လက္တင္လိုက္ကာ"ယြင္နန္၊ ငါမင္းအတြက္ လွ်ိဳ႕ဝွက္ထားေပးမယ္!"
သူကၿပဳံးကာ ရယ္ေမာေန၏။ သူက အၿမဲစိုးရိမ္ေနၿပီး၊ ဒီလိုေနာက္ေျပာင္တာမ်ိဳး ရွားတာေၾကာင့္
ရွီယြင္နန္ ေမးလိုက္မိသည္။ "ဘာလွ်ိဳ႕ဝွက္ခ်က္လဲ?"
"မင္း ခုနက ကုကြၽယ္နဲ႔ အရမ္းနီးကပ္ေနတာေလ။ မစၥတာေလာ့သာ သိရင္ သဝန္တိုမွာ မလား?"
ရွီယြင္နန္မွာ ရယ္ရမလား ငိုရမလားမသိေတာ့။ "သူ႔ေရွ႕မွာ ေပါက္ကရေတြမေျပာနဲ႔။"
ယြမ္ေ႐ြ႕က သူ႔ရင္ဘတ္သူပုတ္ကာ စိတ္ခ်လက္ခ်ေနရန္ ေျပာလာသည္။ "ငါသိပါတယ္ကြ။ ငါကအၿမဲ မင္းဘက္က! မင္းတို႔ ဆက္ဆံေရးအဆင္မေျပရင္ ငါ့အလုပ္ကို ထိခိုက္မွာစိုးရိမ္တယ္။"
"ယြမ္ေ႐ြ႕၊ လစ္စမ္း။"
...
ႏွစ္ေယာက္သား ထိုင္ရာေနရာျပန္ေရာက္ေသာအခါ ေလလံပြဲရဲ႕ ဒုတိယပိုင္းက စတင္ေနေလၿပီ။
ခန္းမႀကီးရဲ႕ ေလထုမွာ အရမ္းစိတ္အားျပင္းျပေနၾကသည္။ နံပါတ္ 18 လက္ရာကို 7.6 သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့၏။ ယေန႔အတြက္ အျမင့္ဆုံးေစ်းပင္။
ေလလံပြဲက လာမည့္ "Xဒီဇိုင္း" လက္ရာမ်ားအား ျပသရန္၊ ေလလံပြဲရဲ႕ ညေနခင္းေနာက္ဆုံးအစီအစဥ္ကို စတင္လာေလသည္။
ယြမ္ေ႐ြ႕က အသက္ျပင္းျပင္းရွဴကာ စိတ္လႈပ္တရွား ေျပာလိုက္သည္။ "ယြင္နန္၊ ငါတို႔အလွည့္ပဲ။"
"ကဲ နံပါတ္၂၁ပစၥည္းကို အားလုံးသိေအာင္ ေၾကျငာပါရေစ..."
ေလလံတင္သူက ခဏရပ္လိုက္ၿပီး ဆက္ေျပာလာသည္။ "လင္းယြီဒီဇိုင္းဆြဲထားတဲ့ 'ေတာက္ပလြန္းသည့္ပန္း' ပါတဲ့ခင္ဗ်ာ့။"
စခရင္ႀကီးႀကီးက လက္ရာရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို ျပသေနၿပီး၊ တစ္ခ်ိန္တည္းမွာပင္ လက္ရာအစစ္ေတြပါသည့္ ဗီ႐ိုႀကီးကို ဝန္ထမ္းေတြက တြန္းလာသည္။
ယြမ္ေ႐ြ႕က မ်က္ႏွာမွာ ဘာအမူရာမွ မျပကာေမးလာသည္။ "ဘာေတြျဖစ္ေနတာလဲ? ငါတို႔လက္ရာကို အရင္ျပရမွာ မဟုတ္ဘူးလား?"
"စိတ္မပူပါနဲ႔။ ငါ့ ခဏေျပာင္းခိုင္းထားတာ။" ရွီယြင္နန္က အသံတိုးတိုးျဖင့္ ျပန္ေျဖလာသည္။
သူက ခ်င္က်န္းကို ေဒတာအမွားသုံးခိုင္းကာ သူတို႔ႏွင့္ လင္းယြီရဲ႕ ေလလံပြဲအစီအစဥ္ကို ယာယီေျပာင္းခိုင္းခဲ့၏။ ဘာေထြေထြထူးထူး ကိစၥမွ မရွိတာေၾကာင့္ စီစဥ္သူက အလြယ္တကူပဲ ေနရာျပန္ေျပာင္းလာေပးခဲ့သည္။
"ဘာလို႔လဲ?" ယြမ္ေ႐ြ႕ စဥ္းစားမရေတာ့။
ရွီယြင္နန္က ကုကြၽယ္ရွိရာဘက္သို႔ ၾကည့္ကာေျပာလိုက္သည္။ " အႏိုင္ရဖို႔အတြက္၊ သူတို႔ ပစၥည္းကို အရမ္းေျမႇာက္ေနလြန္းတဲ့ သူေတြက အျမင့္ဆုံးအမွတ္ကိုရလာရင္ ပိုမ်က္စိကန္းလာၿပီးတက္ႂကြလာၾကေကာ။ အဆုံးၾကရင္၊ ေနာက္ဆုံးေစ်းနဲ႔ ရလဒ္က ဘာမွမဟုတ္ဘူးေလ။"
ယြမ္ေ႐ြ႕မွာ ဘာေတြျဖစ္ေနမွန္းမသိေပမယ့္၊ သူ႔သူငယ္ခ်င္း လုံးဝမစိုးရိမ္တာျမင္ေတာ့ သူ႔စိတ္ကို မ်ိဳသိပ္ကာ ေစာင့္ၾကည့္ေနလိုက္သည္။
စင္ေပၚမွ ေလလံတင္သူက လည္ေခ်ာင္းရွင္းကာခ်က္ခ်င္းပင္ မိတ္ဆက္စကားကို စတင္လိုက္သည္။ "လူႀကီးမင္းတို႔၊ ၾကည့္ၾကည့္လိုက္ပါ။ ဒီပစၥည္းက ေနၾကာပန္းလို ပုံစံကိုမွ စိန္ေတြ ေက်ာက္စိမ္းေတြနဲ႔ လုပ္ထားတဲ့ ရင္ထိုးျဖစ္ၿပီး ဒီပစၥည္းကို ေတာက္ပလြန္းသည့္ ပန္း' လို႔နာမည္ေပးထားပါတယ္။"
ရင္ထိုးရဲ႕ အထပ္ထပ္ျဖစ္ေနသည့္ ပြင့္ခ်ပ္မ်ားမွာအဝါေရာင္စိန္မ်ားကေန အၾကည္ေရာင္စိန္မ်ားအထိ တျဖည္းျဖည္း ေျပာင္းထားသည္။ တျဖည္းျဖည္းအေရာင္အထပ္ထပ္ေျပာင္းထားသည္မွာ သဘာဝဆန္လွေလသည္။
အဖမ္းစားႏိုင္ဆုံးကေတာ့ အလယ္မွာထည့္ထားသည့္ ျမစိမ္းေရာင္ ေက်ာက္စိမ္းတုံးႀကီးပင္။ အစိမ္းရင့္ေရာင္က လူေတြသေဘာက်ေအာင္ ဆြဲေဆာင္ေနေလသည္။
ထိုရင္ထိုးမွာ၊ စိန္မ်ားတလက္လက္ေတာက္ေနၿပီး၊ေက်ာက္စိမ္းလို စိတ္ကိုေအးေစသည့္အမ်ိဳးအစားႏွင့္ ေပါင္းစပ္ရန္ ခက္ခဲတာေၾကာင့္ လက္ဝတ္ရတနာဒီဇိုင္းတြင္ စြန္႔စားရဲသည့္ ဆန္းသစ္တီထြင္မႈမ်ိဳးျဖစ္သည္။
သို႔ေသာ္ အခုလို အခိုက္အတန႔္တြင္၊ အလင္းေတာက္ေတာက္ေအာက္ရွိ ရင္ထိုးပြင့္ခ်ပ္မ်ားမွာ အၾကည္ေရာင္စိန္မ်ားႏွင့္ ေပါင္းစမ္သြားၿပီး၊ မနက္ခင္း ေနထြက္ခ်ိန္ကဲ့သို႔ပင္ ေ႐ႊဝါေရာင္နီးပါး အလင္းတန္းမ်ားကို ထုတ္လႊတ္ေနသည္။
၎ရဲ႕အလယ္ဗဟိုရွိ ျမစိမ္းေရာင္ေက်ာက္စိမ္းမွာ အရည္အေသြးအျမင့္ၿပီး ေတာက္ပလွသည္။ ပေရာ္ဖက္ရွင္နယ္ မဟုတ္တဲ့သူမ်ားပင္လွ်င္ အေရာင္းအဆင္းအျမင့္ဆုံး အစိမ္းေရာင္ဆိုတာ တန္းသိႏိုင္သည္။
"အရမ္းလွတာပဲ!" ခဏၾကာေတာ့ သူတို႔ေဘးက ခ်မ္းသာသည့္အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ားကေျပာလာၾကသည္။
"ဒီရင္ထိုးက အရမ္းလက္ရာေျမာက္လြန္းတယ္ မလား?"
"စေခၚေစ်းက ဘယ္ေလာက္လဲ? ဟန္နီ ကြၽန္မ ဒါေလးကို မ်က္စိက်တယ္!"
ကုကြၽယ္တစ္ေယာက္ သူ႔ေဘးပတ္ပတ္လည္း စကားသံေတြ၊ ခ်ီးက်ဴးသံေတြၾကားေတာ့ သူ႔စိတ္ထဲမွာ ပိုယုံၾကည္ခ်က္ရွိသြားေတာ့သည္။
သူက ေမွ်ာ္လင့္ေစာင့္စားေနသည့္ အရာေရာက္လာေတာ့မလိုမ်ိဳး၊ ငါးတန္းေျမာက္ႏွင့္ ေျခာက္တန္းေျမာက္ရွိ ထိုင္ခုံေပၚမွ လူေတြကိုၾကည့္လိုက္သည္။
"နံပါတ္၂၁က လင္းယြီသီးသန္႔ထုတ္ထားတဲ့ ဒီဇိုင္းျဖစ္ၿပီး၊ တစ္ႀကိမ္ကို 100,000 တိုးၿပီး၊ 4.5 သန္းကေန စေခၚထားပါတယ္။ အခု ေလလံဆြဲဖို႔ကို တရားဝင္စပါၿပီခင္ဗ်ာ့!"
သူေျပာၿပီးသည္ႏွင့္ ပၪၥမတန္းမွာထိုင္ေနသည့္ ဧည့္သည္တစ္ေယာက္က သူ႔ရဲ႕ေလလံနံပါတ္ျပားကို ေျမႇာက္ျပလာသည္။ "နံပါတ္ ၃၅က 5သန္းေပးထားပါတယ္!"
တစ္ႀကိမ္တည္းနဲ႔ 5သန္း?
ယြမ္ေ႐ြ႕ ထိုပမာဏကိုၾကားေသာအခါ ခဏတာ ၿငိမ္သက္သြား၏။
သူ႔ေဘးမွာထိုင္ေနတဲ့ ရွီယြင္နန္ နဲ႔ ေလာ့လင္းရွန္းကေတာ့ ကေနတဲ့ ဇာတ္ကို သိေနသလိုမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္လိုက္ၾကသည္။
ေနာက္တစ္စကၠန႔္မွာပဲ ေျခာက္တန္းေျမာက္တြင္ထိုင္ေနသည့္ အျခားဧည့္သည္တစ္ေယာက္က သူ႔ကဒ္ကို ေျမႇာက္ကာ "၅.၂ သန္း!" လို႔ေအာ္လာသည္။
"ဟုတ္ၿပီဗ်၊ မစၥတာနံပတ္၆က 5.2 သန္းအထိ တိုးျမႇင့္လိုက္ပါတယ္။ တျခားဘယ္သူေတြ ျမႇင့္အုံးမလဲ?" ေလလံသမားေမးၿပီးသည္ႏွင့္၊ တျခားအမ်ိဳးသမီးတစ္ေယာက္က ေစ်းျမႇင့္ရန္ လက္ကိုခ်က္ခ်င္းေျမႇာက္လာသည္။
ေလလံဆြဲသူမွာ ေလလံဆြဲရာတြင္ ကြၽမ္းက်င္လွသည္။
သုံးမိနစ္မျပည့္ခင္မွာပဲ၊ ထိုရင္ထိုးရဲ႕ေလလံေဈးမွာ ခုနစ္သန္းအထိ ျမင့္တက္လာၿပီး၊ အျမင့္ဆုံးေလလံဆြဲထားသူမွာ ငါးတန္းေျမႇာက္တြင္ထိုင္ေနသည့္ နံပါတ္၃၅ျဖစ္သည္။
ေနာက္တစ္ေယာက္ကေတာ့ ေျခာက္တန္းေျမာက္တြင္ ထိုင္ေနသည့္ ဧည့္သည္ပင္။
"၇ သန္းအထက္ ေလလံဆြဲမယ့္သူ ရွိပါသလား?" ေလလံဆြဲသူက ပတ္ပတ္လည္ကို ၾကည့္ကာ ေအာ္ေမးလာသည္။
႐ုတ္တရက္ ေရွ႕တန္းမွ ရင္းႏွီးတဲ့ အသံတစ္ခုကို ၾကားလိုက္ရ၏။ "နံပါတ္ 14၊ 7.7 သန္း!"
႐ုတ္တရက္၊ ဒီေန႔ည ေလလံပြဲရဲ႕ အျမင့္ဆုံးေစ်းထိ ေရာက္လာေတာ့သည္။
သူ႔ေနရာမွာသာ ထိုင္ေနသည့္ ကုကြၽယ္တစ္ေယာက္ မ်က္လုံးေတြခ်က္ျခင္းေတာက္လာၿပီး အၾကာႀကီးေနမွ အႏိုင္ရသူအၿပဳံးမ်ိဳးၿပဳံးေနသည္။
ယြမ္ေ႐ြ႕မွာ ေစ်းႏႈန္းျမင့္လာတဲ့ သူ႔ဘက္ ခ်က္ခ်င္းၾကည့္လိုက္မိၿပီး၊ တစ္ဖက္လူရဲ႕ ႐ုပ္ကို ျမင္သည့္အခါ ေရွာ့ရသြားေတာ့သည္။
သူက ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္အား မယုံၾကည္ႏိုင္စြာ ၾကည့္လိုက္ကာ "ယြင္နန္၊ ဘာေတြျဖစ္ေနတာတုန္း? ဟိုလူက မစၥတာေလာ့ရဲ႕ လက္ေထာက္မစၥတာခ်င္မလား? ဘာလို႔ တျခားသူရဲ႕ ဒီဇိုင္းကိုေစ်းၿပိဳင္ေခၚေနတာလဲ?"
'၇.၇ သန္း'အထိ ေစ်းၿပိဳင္ေခၚလာသူမွာ ေလလံပြဲစေနတဲ့အခ်ိန္ အၾကာႀကီး ေပ်ာက္ေနသည့္ ခ်င္က်န္းျဖစ္သည္။
ေဒါသေလးထြက္ကာ ပါးကို ငါးပူတင္းေဖာင္းသလိုေဖာင္းေနသည့္ ယြမ္ေ႐ြ႕ကိုၾကည့္ၿပီး၊ ရွီယြင္နန္ ရွင္းျပရန္ သူနားသို႔ တိုးလိုက္သည္။ "တမင္ေခၚတာ။"
"မင္းဘာကိုဆိုလိုတာလဲ?"
"ေစ်းအၿပိဳင္ေခၚတဲ့ နံပါတ္ ၃၅ နဲ႔ နံပါတ္၆ ဧည့္သည္ေတြက ကုကြၽယ္ အဆက္အသြယ္သုံးၿပီး ငွါးထားတဲ့သူေတြ။"
"....."
"သူတို႔က ေလလံေဈးကို အလြန္အၾကဴးေတြ ျမင့္ေနတာပဲ။" ယြမ္ေ႐ြ႕က မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာ ခ်က္ခ်င္းေျပာလာသည္။ "ဒါက ေလလံပြဲရဲ႕ စည္းကမ္းေတြကို ခ်ိဳးေဖာက္တာေလ!"
အရင္ဆုံး၊ သူတို႔က ေလလံပစၥည္းကို "လူႀကိဳက္မ်ား"ေအာင္ ေစ်းၿပိဳင္ေခၚတဲ့သူေတြ တမင္တကာထည့္ထားၿပီး၊ ထိုေလလံပစၥည္းအား အမွန္တကယ္ႀကိဳက္တဲ့သူမ်ားကို စိတ္လႈပ္ရွားကာ တက္ႂကြလာၿပီးေစ်းထပ္ျမင့္လာေစရန္ျဖစ္သည္။အတိုင္းအတာတစ္ခုအထိ ေစ်းျမင့္လာရင္ သူတို႔က အခ်ိန္မွီ ရပ္လိုက္ၾကမည္ျဖစ္သည္။ အက်ိဳးဆက္အေနျဖင့္ ေလလံေအာင္သြားတဲ့သူမ်ားမွာ၊ မတန္တဆေစ်းႏႈန္းျဖင့္ ဝယ္ယူရန္ လွည့္စားခံလိုက္ရမည္ျဖစ္၏။ဒါက ျမတ္သြားတာမဟုတ္ဘဲ ရႈံးသြားတာပင္!
အဆုံးစြန္ထိ ေခါင္းပုံျဖတ္သူမ်ားမွာ၊ အားလုံးကို ႀကိဳးကိုင္ျခယ္လွယ္ရန္၊ ေနာက္ကြယ္တြင္ ပုန္းေအာင္းေနသည့္ ပစၥည္းေရာင္းခ်သူမ်ားသာျဖစ္သည္။
"ေသခ်ာေပါက္ ငါတို႔သိတာေပါ့။" ရွီယြင္နန္က ျပန္ေျဖသည္။
ဒီေလလံေငြေတြကို ပရဟိတအတြက္ လႉဒါန္းသြားမွာျဖစ္ၿပီး၊ ေလလံေဈးဘယ္ေလာက္ပဲ မ်ားေနပါေစ၊ ထိုေငြေတြမွာ လင္းယြီအိတ္ကပ္ထဲသို႔ စီးဝင္မည္မဟုတ္။ သူတို႔လိုခ်င္သည့္အရာမွာ အာ႐ုံစိုက္ခံရၿပီး၊ ေအာင္ျမင္မႈကို ေဆာင္ၾကဥ္းေပးႏိုင္ရန္ ျဖစ္သည္။ သူတို႔ လက္ဝတ္ရတနာပစၥည္းေတြ ေကာင္းမြန္ၿပီး၊ စိတ္ေက်နပ္ေစသေ႐ြ၊ ေအာ္ဒါအမ်ားအျပားက သူတို႔ဆီ ဝင္လာမွာျဖစ္၏။
ယြမ္ေ႐ြ႕လည္း ထပ္မျငင္းခုံေတာ့ေပ၊ဘယ္လိုပဲျဖစ္ျဖစ္ သူနဲ႔ ရွီယြင္နန္လည္း ဒါေတြလိုခ်င္လို႔ ေလလံပြဲမွာ ပါဝင္လာတာပဲေလ။
သူတို႔ ဘယ္ေလာက္ပဲ အႏိုင္ရခ်င္ေနပါေစ၊ ဒီလိုလွည့္ကြက္မ်ိဳးကိုေတာ့ မကစားဘူး။ ေသခ်ာေပါက္ဒီပြဲက သူတို႔ လက္ရာကို အမွန္တကယ္သေဘာက်မယ့္ ဧည္သည့္ေတြကို ေစာင့္ဆိုင္းေနတဲ့ တြင္းနက္ႀကီး မဟုတ္ဘူးလား?
"စိတ္မပူနဲ႔၊ ဒါက စိတ္ကို ကစားတဲ့ဂိမ္းပဲ။"
ရွီယြင္နန္က သူ႔သူငယ္ခ်င္းအား ႏွစ္သိမ့္ရန္ ေနာက္ေက်ာေလးပုတ္လိုက္ကာ "ငါဒီမွာ ရွိေနရင္၊ ကုကြၽယ္ပဲ ဒုကၡေရာက္သြားလိမ့္မယ္။"
ႏွစ္ဦးၾကား စကားခဏေလးေျပာေနၿပီးေနာက္၊ ေလလံေဈးမွာ 8.6 သန္းအထိ ျမင့္တက္လာသည္။
နံပါတ္6 ႏွင့္ နံပါတ္35 တို႔က ေဈးကို တိုးျမင့္လာၿပီး ထိုလက္ဝတ္ရတနာကို အမွန္တကယ္သေဘာက်သည့္ အမ်ိဳးသမီးက ေနာက္ကေနလိုက္ကာ ေစ်းအၿပိဳင္ေခၚလာေနသည္။
ေနာက္တစ္ႀကိမ္မွာပင္ ေဈးက 9သန္းအထိ ေရာက္သြား၏။ ေလလံေစ်းကိုျမင့္လိုက္သူမွာ တ႐ုတ္႐ိုးရာဝတ္စုံႏွင့္ သားေမႊးၿခဳံထည္ကိုဝတ္ဆင္ထားသည့္ အမ်ိဳးသမီးပင္။
ယြမ္ေ႐ြ႕မွာ သည္းမခံႏိုင္ေတာ့။ သူကုကြၽယ္ကို ပိုပို႐ြံရွာလာေတာ့သည္။
သူက ေက်ာက္စိမ္းနဲ႔ပတ္သက္ရင္ အက်င့္သိကၡာကို အျမင့္ဆုံးသတ္မွတ္ထားသူျဖစ္၏။
ေလလံေဈးက အရမ္းျမင့္ေနၿပီလို႔ လူတိုင္းထင္ေနခ်ိန္မွာပဲ၊ ေရွ႕တန္းကေန ရင္းႏွီးတဲ့ ေနာက္ထပ္အသံက ထပ္ထြက္လာသည္။ "နံပါတ္ ၉၈၊ ၉.၅ သန္း။
႐ုတ္တရက္ လူတိုင္းရဲ႕အၾကည့္မွာ စူးစိုက္ၾကည့္လာၿပီး ေလာ့လင္းရွန္းပင္ အံ့ဩသြားကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ယြီေရွာ့?"
ေရွ႕တန္းရွိ ယြီေရွာ့က သူ႔ကဒ္ျပားကို ၿပဳံးၿပဳံးေပ်ာ္ေပ်ာ္ေဝ့ယမ္းျပကာ၊ သူကပါးစပ္ေလးကို အုပ္လိုက္ၿပီးေျပာလာသည္။ "မင္းတို႔ေတြ ဘာလုပ္ေနမွန္း ငါသိတယ္။ ငါလည္း ပ်င္းေနလို႔ ဝင္ကူညီတာ။"
"စိတ္မပူနဲ႔၊ ေစ်းက ဆက္တိုးေနမွာ။ ငါ ေလာင္းတာရႈံးသြားလည္း ပစၥည္းေကာင္းအတြက္ 9.5 သန္း အကုန္အက်ခံတယ္လို႔ပဲ သေဘာထားလိုက္တာေပါ့"
ဒီေငြေလာက္က သူ႔အတြက္ မေျပာပေလာက္ဘူး။
ေသခ်ာတာေပါ့၊ ယြီေရွာ့ ေစ်းျမင့္လိုက္ၿပီးေနာက္ ေလလံပြဲထဲတြင္ ခဏေလာက္ၿငိမ္သက္တိတ္ဆိတ္သြားေတာ့သည္။
ေလလံပြဲေတြမွာ၊ သေဘာက်တဲ့စိတ္နဲ႔ စိတ္အားတက္ႂကြတဲ့စိတ္က အမွန္ျဖစ္ေသာ္လည္း၊ 9.5 သန္းနဲ႔ ေရာင္းခ်ေနတဲ့ စိန္ရင္ထိုးရဲ႕ေစ်းမွာ အေတာ္အတန္ျမႇင့္ေနေလၿပီ။
ကုကြၽယ္ ထိုင္ေနရင္း မက္ေဆ့ခ်္ဝင္လာတာ်ၾကာင့္၊ ဖုန္းကတုန္ခါသြား၏။
"သူေဌးကု၊ ေစ်းကို ဆက္ျမႇင့္ရအုံးမလား?"
"မစၥတာကု ၊ေနာက္ဆုတ္သင့္ေနၿပီမလား?"
ေရွ႕ဆင့္ေနာက္ဆင့္ ပို႔လာေသာ စာသားႏွစ္ခုမွာ၊ ဧည္သည္အတုမ်ားျဖစ္သည့္ နံပါတ္၆ႏွင့္ ၃၅ဆီကပင္။ သူတို႔က ေစ်းႏႈန္းကို ျခယ္လွယ္ရန္ တာဝန္ရွိေနသူမ်ားျဖစ္၏။
ဒီ ေခါင္တက္လာသည့္ေစ်းႏႈန္းတြင္၊ မထင္မွတ္ဘဲ တစ္ခုခုျဖစ္မွာစိုးကာ၊ သူတို႔က ေနာက္ကြယ္ကေန ကုကြၽယ္အတြက္ ေစ်းကို အေလာတႀကီးမတိုးႏိုင္ေသးေပ။
ကုကြၽယ္ ခ်ီတုံခ်တုံျဖစ္ေနခ်ိန္မွာဘဲ၊ သူ႔ေဘးနားရွိ၊ ေဆြးေႏြးေနၾကသည့္ေလသံမွာ ႐ုတ္တရက္က်ယ္လာသည္။ "ဒီေလလံပြဲအရဆို၊ ဒီရင္ထိုးက 10 သန္းေလာက္ထိ တက္သြားမွာမဟုတ္ဘူးမလား? အဲ့လိုဆို အျမင့္ဆုံးျဖစ္သြားမွာ!"
"မလိုပါဘူး။ ဒီ ၉.၅ သန္းေလာက္ဆို ရေနၿပီထင္တ ပဲ။"
"၉.၅ သန္းေတာင္ရွိေနၿပီေလ၊ ၅၀၀,၀၀၀ ပဲကြာေတာ့တာ။ အဲ့ခ်မ္းသာတဲ့မိန္းမေတြက ေငြေပါေပါသီသီသုံးဖို႔ ဖူလုံေနတာပဲဟာ။ ပိုက္ဆံကို သူတို႔သေဘာက်တဲ့ ပစၥည္းေတြအေပၚ အၿမဲသုံးၾကတယ္ေလ။"
...
ကုကြၽယ္ တိတ္တိတ္ေလး ထိုင္နားေထာင္ေနရင္း ေရခ်ိဳးခန္းတံခါးဝမွာ ရွီယြင္နန္ေျပာခဲ့တဲ့ စကားေတြက သူ႔စိတ္ကို ဂနာမၿငိမ္ျဖစ္ေအာင္လုပ္ေနသည္။
ေစာင့္ၾကည့္ေနလိုက္ ကုကြၽယ္; ငါ့လက္ရာက ေသခ်ာေပါက္ ေလလံပြဲမွာ ေစ်းအျမင့္ဆုံးရလိမ့္မယ္။ ၿပီးရင္ မင္းတို႔လင္းယြီဒီဇိုင္းကို ငါ့ေျခဖဝါးေအာက္မွာ နင္းေျခပစ္မယ္။
"သူေဌးကု၊ ရွင္ ဘာျဖစ္ေနတာလဲ?" စုန္႔ေျမာင္ခယ္က သူ႔ကိုသတိေပးလာသည္။ "ႏွစ္ခါလို႔ေတာင္ ေအာ္ေနၿပီ။"
ဒါကိုၾကားေတာ့ ကုကြၽယ္က သူ႔ဖုန္းထဲက မက္ေဆ့ခ္်ကို ျပတ္ျပတ္သားသား ျပန္ေျဖလိုက္သည္။
ထပ္တိုးလိုက္!
9.9 သန္းအထိ။
မက္ေဆ့ခ်္ပို႔ၿပီး သိပ္မၾကာခင္မွာပဲ သူ႔ေရွ႕က အတန္းရွိ "လူယုံေတာ္" က ေလလံဆြဲသူ သုံးႀကိမ္ေျမာက္ မေခၚလာခင္ ေစ်းႏႈန္းကို ၉.၉ သန္းအထိ တိုးျမႇင့္လိုက္ေတာ့သည္။
ဒီေစ်းေခၚလိုက္သည္ႏွင့္၊ ရွီယြင္နန္နဲ႔ ေလာ့လင္းရွန္းမွာ အဓိပၸါယ္ပါပါ ၿပဳံးလိုက္ၾကသည္။
ယြီေရွာ့မွာ သက္ျပင္းတစ္ခ်က္ခ်ၿပီး ေခါင္းယမ္းမိလိုက္ေတာ့သည္။
မေရာင့္ရဲမတင္းတိမ္တဲ့သူက ဆင္ကိုမ်ိဳဖို႔ ႀကိဳးစားေနတဲ့ ေႁမြနဲ႔တူတယ္တဲ့။ သူ႔ခန္႔မွန္းတာ တကယ့္ကို တိက်တာပဲ။
"ဆယ္သန္းနဲ႔ ၁၀၀၀၀၀ပဲကြာေတာ့တယ္!" စုန္႔ေျမာင္ခယ့္က စိတ္လႈပ္တရွားေမွ်ာ္လင့္ေနသည္။
ကုကြၽယ္မွာ အသက္ရွဴရခက္လာၿပီး၊ ေလလံအၿပိဳင္ဆြဲခဲ့သည့္ ခ်မ္းသာတဲ့အမ်ိဳးသမီးအား စိုက္ၾကည့္လိုက္သည္။
သူ ေလာင္းထားတယ္!
တစ္ဖက္လူက ရင္ထိုးအတြက္ ေပ်းေခ်လာေပးဖို႔ေပါ့!
ဘယ္လိုျဖစ္ျဖစ္၊ တစ္ဖက္လူက ၉ သန္းထိေတာင္ဆြဲခ်င္ေနတာပဲေလ။ ၁ သန္းေလာက္အတြက္ ဒီတိုင္း႐ိုး႐ိုးေလး ဆုံးျဖတ္ခ်က္ခ်ဖို႔သာ လိုေတာ့သည္။
သို႔ေသာ္ အခ်ိန္ေတြသာ တစ္မိနစ္ၿပီးတစ္မိနစ္ ကုန္ဆုံးလာၿပီး၊ ဧည့္သည္ေတြထဲကေန ထပ္မလႈပ္ရွားလာသလို၊ ဟန္ေဆာင္ကာ တိတ္ဆိတ္ေနၾကသည္။
ကုကြၽယ္ရဲ႕ စိုးရိမ္မႈမွာ သူ႔ႏွလုံးသားတြင္းထဲကေန တျဖည္းျဖည္းထြက္လာေတာ့သည္။
အမွန္မွာ၊ ေလလံပြဲတစ္ခုစီအတြက္ ေစ်းႏႈန္းတိုးမည့္အခ်ိန္ကို တစ္မိနစ္သာ ကန႔္သတ္ေသာ္လည္း၊ ပြဲစီစဥ္သူႏွင့္ ေလလံဆြဲသူမွာ အျမတ္အစြန္ပိုရရန္ အခ်ိန္ကို ဆြဲေနေလ့ရွိသည္။
အခုတစ္ေခါက္၊ ေလလံဆြဲသူမွာ ကုကြၽယ္ဆီကေန တိတ္တဆိတ္ အက်ိဳးျမတ္ေလးေတြရထား၏။ သူက ကုကြၽယ္ကိုခဏခဏ စိုက္ၾကည့္ရင္း အခ်ိန္ဆြဲကာ အရွိန္ျမႇင့္ဖို႔ ႀကိဳးစားေနသည္။
ဘယ္သူမွ ေစ်းထပ္မျမႇင့္ခ်င္တာေတာ့ ႏွေျမာစရာပင္။
"အခ်ိန္ျပည့္ေနၿပီေလ! ဘာလို႔ မေၾကျငာေသးတာလဲ?"
"ဟုတ္ပ။ အရမ္းအခ်ိန္ဆြဲလြန္းေနတာ မဟုတ္ဘူးလား?"
"ဒီေလလံဆြဲသူက သူ႔အလုပ္သူလုပ္ရမွန္း မသိဘူးလား?"
ဧည့္သည္အခ်ိဳ႕က စိတ္မရွည္စြာ အသံထြက္လာၾကသည္။ ဆယ္နာရီထိုးေတာ့မွာေလ။ သူ႔တို႔မွာ အိမ္ကိုေစာေစာမျပန္ခင္ ေနာက္ဆုံးျပမယ့္ ပစၥည္းကို ေစာင့္ေနရေသးတယ္!
ေလလံဆြဲသူက ထူးထူးဆန္းဆန္း စကားေတြေျပာေန၏။ ပြဲစီစဥ္သူကလည္း နားၾကပ္ကေန သူ႔အားေနာက္ဆုံးေစ်းကို ေၾကျငာခိုင္းလာတာေၾကာင့္
သူ အသက္ျပင္းျပင္းရွဴကာ၊ ဧည့္သည္အားလုံးေရွ႕မွာပဲ ေနာက္ဆုံးေစ်းကို ေၾကျငာလိုက္ရသည္။ "ဒီရင္ထိုးကို 9.9 သန္းနဲ႔ ေစ်းျဖတ္ထားတဲ့ မစၥတာနံပါတ္၆ကို ဂုဏ္ျပဳပါတယ္ခင္ဗ်ာ့။"
ထို စကားထြက္လာသည္နဲ႔ စုန္႔ေျမာင္ခယ့္က ထိတ္လန္႔တႀကီး ေအာ္လာသည္။
သူတို႔ေဘးပတ္ပတ္လည္က လူေတာ္ေတာ္မ်ားမ်ားလည္း ထိုေၾကာက္စရာေကာင္းတဲ့ ေအာ္ဟစ္သံကို ၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္လာၾက၏။ လူေတာ္ေတာ္မ်ားမ်ားက ကုကြၽယ္ကို မွတ္မိသြားၾကတာေၾကာင့္၊ သူတို႔က ဂုဏ္ျပဳစကားေတြ ေျပာလာၾကသည္။ "မစၥတာကု၊ ဂုဏ္ယူပါတယ္ေနာ္။"
"လင္းယြီေရာင္းလိုက္ရတဲ့ေလလံေဈးက အရမ္းမိုက္တာပဲ!"
ကုကြၽယ္ကေတာ့ သူတို႔ကို လုံးဝမတုံ႔ျပန္ႏိုင္ေပ။ သူ႔မ်က္လုံးမ်ားပင္လွ်င္ ခုနကလို ေတာက္ပၿပီး စိတ္ႀကီးဝင္ေနသည့္ အရိပ္ေယာင္ေလးေတြမရွိေတာ့။
သူ႔မွာ ရင္ထဲမြန္းၾကပ္ေနၿပီး၊ ပူေလာင္လာကာ ေခြၽးေအးေတြျပန္လာၿပီး ေအးေနသည့္ေနရာမွာ ၾကက္ေသေသေနမိသည္-
ဘယ္လိုလုပ္ျဖစ္ႏိုင္မလဲ? သူတကယ္ပဲ ေလာင္းတာရႈံးသြားတာလား!
ဒီအခိုက္အတန႔္တြင္၊ အျခားသူေတြရဲ႕ ဂုဏ္ျပဳစကားမ်ားမွာ သူ႔နားထဲတြင္ေတာ့ ေလွာင္ေျပာင္စကားမ်ား ျဖစ္ေနသည္။
သူ႔ကုမၸဏီရဲ႕ဒီဇိုင္းကို ဝယ္ဖို႔ ၉.၉ သန္း အကုန္အက်ခံလိုက္ရတယ္။ အဆိုးဆုံးကေတာ့ ဒီေငြေတြအားလုံးကို ပရဟိတအလႉအျဖစ္ အကုန္ေပးလိုက္ရတာပဲ!
စီမံခန႔္ခြဲတဲ့စရိတ္ေတြ၊ မွတ္ပုံတင္ေၾကးအျပင္၊ ေလလံပြဲလာတဲ့ခရီးစဥ္ကုန္က်စရိတ္ကတင္ သန္းကို ဆယ္ဂဏန္းနီးပါးေလာက္ ကုန္က်ထားတာ။
႐ုတ္တရက္ ကုကြၽယ္မွာ ရွီယြင္နန္ရဲ႕ေလွာင္ေျပာင္ေနသည့္ အၿပဳံးကို ျမင္လိုက္ရၿပီး သူ႔မ်က္ႏွာမွာ ခ်က္ခ်င္း ျပာႏွမ္းသြားေတာ့သည္ ။
အခုေတာ့၊ သူ႔ပါးမွာ အခ်က္ေပါင္းမ်ားစြာ ႐ိုက္ခံလိုက္ရတဲ့ ပုံပဲ။ ဆယ္သန္းနီးပါးရွိတဲ့ ဒီေလလံေဈးက သူ႔ကို လုံးဝဖိနင္းထားေပမယ့္ သူ႔မွာ ဖြင့္ဟေျပာလို႔မရသလို၊ ေအာ္လည္းမေအာ္ႏိုင္ဘူး!
တကယ္လို႔ သူေစ်းတက္ခိုင္းဖို႔ လူငွါးထားတာသာေပၚသြားရင္၊ ၁၀ သန္းနီးပါး ဆုံးရႈံးသြားတာထက္ ပိုဆိုးသြားလိမ့္မယ္။ လင္းယြီဒီဇိုင္းလက္ရာေတြ ေနာက္ေလလံပြဲႀကီးေတြထဲ မပါလာႏိုင္ေတာ့မွာသူစိုးရိမ္မိတယ္။
အခုခ်ိန္မွာေတာ့ ကုကြၽယ္တစ္ေယာက္ အစြမ္းကုန္ အံႀကိတ္ကာ အက်ိတ္အခဲေတြကို ဗိုက္ထဲကိုသာ မ်ိဳခ်ထားလိုက္ရသည္။
...
"မင္းျမင္လိုက္လား?"
ဂိမ္းကိုအဆုံးသတ္ေပးလိုက္တဲ့ ရွီယြင္နန္က သူခ်စ္သူနဲ႔ သူ႔သူငယ္ခ်င္းအား တိုးတိုးေလးေျပာလိုက္သည္။ "လူေတြဟာ သူတို႔ေပၚသူတို႔ မ႐ိုးသားရင္၊ တြင္းနက္နက္တူးမိၿပီး ျမႇဳပ္သြားလိမ့္မယ္။"
သူတမင္တကာပဲ သူ႔ဒီဇိုင္းလက္ရာကို ကုကြၽယ္တို႔ မ႐ိုးမသားလုပ္ရပ္ေနာက္မွာ ေ႐ႊ႕ထားခဲ့တယ္။ တကယ္လို႔ သူ႔လက္ရာသာ 9.5သန္းအထက္ မ်ားသြားရင္ ဘယ္လိုျဖစ္သြားမလဲ?
ရွီယြင္နန္က တမင္တကာ ေရခ်ိဳးခန္းထဲတြင္ စိတ္ကိုကစားေစမယ့္ အရိပ္အႁမြက္စကားလုံးေတြ သုံးခဲ့သည္။
မျမင္ရတဲ့ ဖိအားေတြေအာက္မွာ ကုကြၽယ္က အရႈံးျဖစ္ခြင့္မေပးႏိုင္ခဲ့။ သူက လႈံ႕ေဆာ္သည့္စကားလုံးေအာက္တြင္ အၿငိမ္သက္ဆုံးအဆုံးအျဖတ္ကို မဆုံးျဖတ္ႏိုင္ကာ ထိုကဲ့သို႔ေသာရလဒ္ကို ျဖစ္ေပၚေစခဲ့သည္။
ေလာ့လင္းရွန္းက သူ႔ခ်စ္သူရဲ႕ မ်က္လုံးထဲက လွည့္ျဖားတတ္တဲ့ အရိပ္အေယာင္ေလးကို ဖမ္းမိသြားကာ သူကေျပာလိုက္သည္။ "ဒီတစ္ခါေတာ့ ကုကြၽယ္ သူ႔မ်က္ႏွာသူေပၚ ျပန္လဲက်တာပဲ။"
"သူ႔ေထာင္ေခ်ာက္ထဲ သူျပန္က်သြားတာမို႔၊ ကြၽန္ေတာ့အျပစ္ မဟုတ္ဘူး။" ရွီယြင္နန္ သေရာ္လိုက္သည္။
သူ႔ေဘးနားက ယြမ္ေ႐ြ႕မွာ ဒါကိုၾကားေတာ့ အားရေနသည့္ သူမ်က္ႏွာကို ဖုံးကြယ္မထားေပ။ "အမွန္ပဲ! သူနဲ႔တန္တယ္!"
တစ္ဖက္မွာ ေပ်ာ္႐ႊင္ၿပီး က်န္တစ္ဖက္ကေတာ့ ပူေဆြးေန၏။
ေနာက္ဆုံး ဒီဇိုင္းမွာ ဧည့္သည္အားလုံးရဲ႕ အာ႐ုံကိုျပန္ရလိုက္ဖို႔ အခ်ိန္သိပ္မၾကာလိုက္ေပ။
ေလလံတင္သူ မိတ္ဆက္စကားမေျပာလာခင္မွာပဲ၊ အစစ္အမွန္ထုတ္ကုန္အား ျပသလာေသာအခါ၊ အခန္းတစ္ခုလုံး အာေမဋိတ္အသံမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။