မည်á€ļနက်ရက်စက်သေီဒá€Ŋတိယဇီတ်လိá€Ŋက...

By ma_roses_are_blue

86.3K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ęđ€ë―€ė‚ Artist(s) Sol (solminator0) Yea... More

Description
အပိá€Ŋင်á€ļ(၀၀)
အပိá€Ŋင်á€ļ(၁)
အပိá€Ŋင်á€ļ(၂)
အပိá€Ŋင်á€ļ(၃)
အပိá€Ŋင်á€ļ(၄)
အပိá€Ŋင်á€ļ(၅)
အပိá€Ŋင်á€ļ(၆)
အပိá€Ŋင်á€ļ(၇)
အပိá€Ŋင်á€ļ(၈)
အပိá€Ŋင်á€ļ(၉)
အပိá€Ŋင်á€ļ(၁၀)
အပိá€Ŋင်á€ļ(၁၁)
အပိá€Ŋင်á€ļ(၁၂)
အပိá€Ŋင်á€ļ(၁၃)
အပိá€Ŋင်á€ļ(၁၄)
အပိá€Ŋင်á€ļ(၁၅)
အပိá€Ŋင်á€ļ(၁၆)
အပိá€Ŋင်á€ļ(၁၇)
အပိá€Ŋင်á€ļ(၁၈)
အပိá€Ŋင်á€ļ(၁၉)
အပိá€Ŋင်á€ļ(၂၀)
အပိá€Ŋင်á€ļ(၂၁)
အပိá€Ŋင်á€ļ(၂၂)
အပိá€Ŋင်á€ļ(၂၃)
အပိá€Ŋင်á€ļ(၂၄)
အပိá€Ŋင်á€ļ(၂၅)
အပိá€Ŋင်á€ļ(၂၆)
အပိá€Ŋင်á€ļ(၂၇)
အပိá€Ŋင်á€ļ(၂၈)
အပိá€Ŋင်á€ļ(၂၉)
အပိá€Ŋင်á€ļ(၃၀)
အပိá€Ŋင်á€ļ(၃၁)
Notice
အပိá€Ŋင်á€ļ(၃၂)
အပိá€Ŋင်á€ļ(၃၃)
အပိá€Ŋင်á€ļ(၃၄)
အပိá€Ŋင်á€ļ(၃၅)
အပိá€Ŋင်á€ļ(၃၆)
အပိá€Ŋင်á€ļ(၃၇)
အပိá€Ŋင်á€ļ(၃၈)
အပိá€Ŋင်á€ļ(၃၉)
အပိá€Ŋင်á€ļ(၄၀)
အပိá€Ŋင်á€ļ(၄၁)
အပိá€Ŋင်á€ļ(၄၂)
အပိá€Ŋင်á€ļ(၄၃)
အပိá€Ŋင်á€ļ(၄၄)
အပိá€Ŋင်á€ļ(၄၅)
အပိá€Ŋင်á€ļ(၄၆)
အပိá€Ŋင်á€ļ(၄၇)
အပိá€Ŋင်á€ļ(၄၈)
အပိá€Ŋင်á€ļ(၄၉)
အပိá€Ŋင်á€ļ(၅၀)
အပိá€Ŋင်á€ļ(၅၁)
အပိá€Ŋင်á€ļ(၅၂)
အပိá€Ŋင်á€ļ(၅၃)
အပိá€Ŋင်á€ļ(၅၄)
အပိá€Ŋင်á€ļ(၅၅)
အပိá€Ŋင်á€ļ(၅၆)
အပိá€Ŋင်á€ļ(၅၇)
အပိá€Ŋင်á€ļ(၅၈)
အပိá€Ŋင်á€ļ(၅၉)
အပိá€Ŋင်á€ļ(၆၀)
အပိá€Ŋင်á€ļ(၆၁)
အပိá€Ŋင်á€ļ(၆၂)
အပိá€Ŋင်á€ļ(၆၃)
အပိá€Ŋင်á€ļ(၆၄)
အပိá€Ŋင်á€ļ(၆၅)
အပိá€Ŋင်á€ļ(၆၆)
အပိá€Ŋင်á€ļ(၆၇)
အပိá€Ŋင်á€ļ(၆၈)
အပိá€Ŋင်á€ļ(၇၀)
အပိá€Ŋင်á€ļ(၇၁)
အပိá€Ŋင်á€ļ(၇၂)
အပိá€Ŋင်á€ļ(၇၃)
အပိá€Ŋင်á€ļ(၇၄)
အပိá€Ŋင်á€ļ(၇၅)
အပိá€Ŋင်á€ļ(၇၆)
အပိá€Ŋင်á€ļ(၇၇)
အပိá€Ŋင်á€ļ(၇၈)
အပိá€Ŋင်á€ļ(၇၉)
အပိá€Ŋင်á€ļ(၈၀)
အပိá€Ŋင်á€ļ(၈၁)
အပိá€Ŋင်á€ļ(၈၂)
အပိá€Ŋင်á€ļ(၈၃)
ðŸŦķ

အပိá€Ŋင်á€ļ(၆၉)

784 104 7
By ma_roses_are_blue

စိန်သေးသေးလေး အရေအတွက်ထောင်ချီလောက်နှင့် သိပ်သည်းစွာစီချယ်ထားတဲ့ မင်္ဂလာ၀တ်စုံကိုကြည့်ပြီး လုရှန်ခေါင်းကိုစောင်းထားလေသည်
"ဒါလေးက ကောင်းတယ်ထင်တယ် ဒါပေမဲ့ ကိုယ်က ၀တ်စုံတွေအကြောင်းသိပ်မသိဘူး နေးရားရော ဘယ်လိုထင်လဲ"

အခု သူမရဲ့ စိတ်အခြေအနေက မင်္ဂလာ၀တ်စုံကို စူးစမ်းချင်တဲ့ အခြေအနေမဟုတ်ပေ သို့သော်လည်း သူမအရှေ့က ခေါင်းငုံ့ထားတဲ့ ဒီဇိုင်းနာကို မြင်လိုက်ချိန်မှာ တစ်ခုခုပြောသင့်ကြောင်း သူမသိလိုက်သည် ဒီဇိုင်းနာရဲ့လက်တွေ တုန်နေဝာာကို သူမမြင်နိုင်သည် ဒီဇိုင်းနာခံစားနေရတဲ့ အကြောက်တရားကိုလဲ သူမခံစားနိုင်လေသည် ဒီ၀တ်စုံအကြောင်း ဆိုးတာတစ်ခုခုပြောလိုက်တာနဲ့ ဒီဇိုင်းနာရဲ့ ခေါင်းက လေထဲ ဝဲသွားမယ်ဆိုတာ သူမ ယုံကြည်လေသည်

ခေါင်းကို အရေးတကြီးညိမ့်ရင်း
"ကျွန်မလဲ ကြိုက်ပါတယ် တကယ်လှတယ်"

ထိုအခါမှသာ ဒီဇိုင်းနာက ခေါင်းကိုမော့လာနိုင်ပြီး တောက်ပစွာပြုံးလာနိုင်တော့သည်
"ဒါဆို ၀တ်ကြည့်လိုက်ရအောင် ပြင်စရာလိုတဲ့နေရာတွေများရှိသေးလား ကျွန်မတို့ ကြည့်ရအောင်လို့လေ"

ဒီဇိုင်းနာက လုရှန်က ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်သည် လုရှန်က ခေါင်းကို စောင်းကာ 'အာ'လို့ ရေရွန်ပြီး မျက်နှာ အတန်ငယ် နီရဲလာပြန်သည်
“ဒါဆို ကိုယ်ထွက်သွားရမှာလား”

"ဟုတ်တယ် ကျွန်မ အတွင်းခံဘာညာ ချွတ်ရအုမ်းမယ်လေ"

လုရှန်က စိတ်ရှုပ်သလိုမျက်နှာနှင့် ခဏလောက် ရပ်နေကာ ထို့နောက် သက်ပြင်းချလေသည်
"မြန်မြန်လုပ်ရမယ် သိတယ်မလား"

"ဒါ ဒါပေါ့"

လုရှန်က ဒီဇိုင်းနာကို "ငါ့ သတို့သမီးတခုခုဖြစ်ကြည့် မင်းရဲ့ ဝိဉာဉ်ကို တစ်စစီ စုတ်ဖြဲပစ်မယ်" လို့ တော့ မခြိမ်းခြောက်ခဲ့ပေ သို့သော်လည်း အေးစက်စက်နီရဲရဲမျက်လုံးတွေနဲ့ အကြည့်တစ်ချက်ပေးပြီး အစားထိုး ခြိမ်းခြောက်ခဲ့လေသည်
အဲ့ဒါလေးလုပ်ပြခဲ့သော်လည်း  ဒီဇိုင်းနာက ခလုတ်ပင်တိုက်မိမတတ်

လုရှန်က သူမအနားချဉ်းကပ်လာပြီး သူမနဖူးကိုနမ်းကာ
"ဒါဆို ကိုယ်စောင့်နေမယ် အဆင်မပြေတာရှိရင်ကိုယ်ကိုပြောနော်"

“…အိုခေ.”

လုရှန် အခန်းကထွက်သွားလေသည်

ဒီလိုလှပတဲ့ မင်္ဂလာ၀တ်စုံကို သူမဘာသာ မ၀တ်ဆင်နိုင်ပေ ၀တ်ဆင်စရာတွေအများကြီးရှိတာကြောင့်ပင် အတွင်းခံ corset ရှင်မီးအင်္ကျီတွေကနေ စတင်လေသည် အသက်မဲ့နေတဲ့အရုပ်လိုပင် အသက်ကိုရှုထုတ်ကာ ထိုင်ခုံမှာထိုင်လိုက်လေသည် ၀တ်စုံကို သူတို့ ၀တ်ဆင်ပေးနိုင်ဖို့ရာ သူမလုပ်နိုင်တာ  ဒါအကုန်ပင်ဖြစ်သည်

ဒါပေမဲ့ အံဩစရာတစ်ခုဖြစ်လာခဲ့လေသည်

သူမအနားကပ်လာတဲ့ အကူတစ်ယောက်က
"အက် အက်စတယ်လာ"

"ရှုး"

သူမနှုတ်ခမ်းပေါ် လက်ချောင်းတင်လိုက်တဲ့ အမျိုးသမီးက အက်စတယ်လာဖြစ်ရမည်

အက်စတယ်လာက သူမနားထဲ အသံတိုးတိုးလေးနှင့်
"ကျွန်မ ဖမ်းမိသွားမှာ ကြောက်နေတာ တော်သေးတာပေါ့ လွတ်သွားလို့"

'အံဩစရာပဲ'

အက်စတယ်လာကို ဒုတိယအကြိမ်ပြန်ကြည့်လိုက်တော့ ခေါင်းစွပ်က သူမမျက်နှာကို ဖုံးကွယ်ထားပြီး ခေါင်းကိုငုံ့ကာ ပုန်းနေခဲ့‌သည် အက်စတယ်လာရဲ့ သင်္ကေတ ရွှေရောင်ဆံနွယ်ရှည်တွေကိုတောင် မမြင်ရ နီညိုရောင် ဆံပင်တိုကို ပေါ်နေသော လည်တိုင်မှာ မြင်နိုင်ရုံသာတွေ့ရလေသည်

အလွန်အံ့အားသင့်နေတဲ့ သူမအကြည့်ကို သိလိုက်တဲ့ အက်စတယ်လာက ‌ပျော်ရွှင်စွာပြောလေသည်
"လုရှန်ရော မစ်နေးရားရော ကျွန်မကို သတိမထားမိဘူးပဲ ဒါဆို ကျွန်မဆံပင်အရောင်ပြောင်းလိုက်တာ ကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲ"

ထို့နောက် သူမကို ပြုံးပြပြီး
"ရှင် အကြာကြီးစောင့်နေခဲ့ရမှာပဲ နေးရား"

“…!”

ထိုအချိန်မှာတော့ မျက်ရည်တွေ သူမမျက်လုံးထဲ၌ ဖြစ်တည်လာလေသည်
'မဟုတ်သေးဘူး နင်ဒီနေရာမှာငိုရင် လုရှန်ကြားသွားပြီး အခန်းထဲ ချက်ချင်း၀င်လာလိမ့်မယ်'

'ပြီးတော့ ဒီနေရာကို ၀င်နိုင်အောင် အက်စတယ်လာရဲ့ အားထုတ်ထားတာ သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်'

မငိုမိအောင် ထိန်းထားဖို့ သူမပါးစပ်ကို လက်နဲ့ အုပ်ကာ ကာထားလိုက်သည်

အက်စတယ်လာ သူမကို သနားစဖွယ် ကြည့်ကာ သူမလက်ကိုကိုင်ပြီး
"ကျွန်မလာတာ နောက်ကျသွားလို့တောင်းပန်ပါတယ် သတင်းကြားကြားချင်း ကျွန်မလာချင်ခဲ့တာ ဒါပေမဲ့ မလာနိုင်ခဲ့ဘူး လုရှန်ရဲ့ အစောင့်အကြပ်က အရမ်းတင်းကြပ်လွန်းတော့ လွယ်လွယ်နဲ့ ၀င်မရခဲ့ဘူး"

အက်စတယ်လာက ပြုံးပြီး
"စိတ်မပူပါနဲ့တော့ ကျွန်မ အခုရောက်လာပြီပဲဟာကို"

'ဒီဟာကြောင့် သူမဆံပင်ကို မှောင်တဲ့အရောင်ဆိုးပြီး တိုတိုညှပ်ပစ်တာလား'

အက်စတယ်လာက ပိုပြီး ပိုပြီး ဂုဏ်ကျက်သရေ သိက္ခာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပြီ
* * *

"မစ်သတို့သမီးအဆင်သင့်ဖြစ်နေပါပြီ ၀င်လာနိုင်ပါပြီ"

ဒီဇိုင်းနာစကားကြားပြီး လုရှန် တံခါးကိုဖွင့်ပြီး ၀င်လာခဲ့သည်

တခြားသတို့သမီးတွေလိုပဲ သူမကလဲ အဖြူရောင်မင်္ဂလာ၀တ်စုံကို ၀တ်ဆင်ထားလေသည် ဒါပေမဲ့ လုရှန် သူမကို မြင်လိုက်တဲ့ အချိန် လမ်းလျှောက်တာရပ်သွားလေသည် အချိန်က ရပ်တန့်နေသလို သူက သူမကို ငေးကြည့်နေပြီး တုန်ရီနေသောအသံနှင့်

"မင်း အရမ်းလှတယ် နေးရား"

"တကယ်လား"

"ဟုတ်တယ် ကိုယ်နှလုံးသားတောင် ရပ်သွားသလို့ ခံစားရတယ်"
လုရှန်က ပါးတွေနီရဲပြီး ခေါင်းညိမ့်လေသည်

ဒီဇိုင်းနာက လုရှန်မျက်လုံးတွေကို ကြည့်ပြီးနောက်
"ခ ခဏလောက် ဆရာစစ်သည်"

လုရှန်က ဒီဇိုင်းနာကို လှမ်းကြည့်လိုက်သည်

အကြည့်တစ်ချက်ဆိုပေမဲ့ ဒီဇိုင်းနာမှာ ပခုံးတွန့်ပြီး တုန်ရီသွားလေသည် သူမ ကြမ်းပြင်ကို ကြည့်ပြီး
"သတို့သမီး ၀တ်စုံကို လူကိုယ်တိုင်၀တ်တာမြင်လိုက်ရတော့ ဒီဇိုင်းက တစ်ခုခုလိုအပ်နေသလို ခံစားရတယ် ပိုပြီး ကျက်သရေရှိသွားအောင် စကတ်မှာ ပန်းနည်းနည်းလောက်ထည့် အလှဆင်လိုက်ရင် ပိုပြီးလှသွားမယ်လို့ ကျွန်မထင်တယ် ကျွန်မ အဲ့တာ လုပ်ရမလား"

“……”

လုရှန်က ချက်ချင်းအဖြေမပေးသောအခါ ဒီဇိုင်းနာက ဖြူဖျော့ဖျော့မျက်နှာနှင့်
"ဒါ ဒါကို လုပ်ရတာက မခက်ခဲပါဘူး မနက်ဖြန်ဆို ပြီးမှာပါ ရှင်မလုပ်ချင်ရင် ကျွန်မတို့ မလုပ်တော့ပါဘူး ဒါပေမဲ့ ထပ်ထည့်လိုက်ရင် သတို့သမီးရဲ့အလှက ပိုပေါ်သွားမှာ"

လုရှန်က မျက်စိကိုမှေးကြည့်ပြီး ခေါင်းညိမ့်လေသည်
“ဟုတ်ပြီ.”

"ကျွန်မတို့ မနက်ဖြန်ပြန်လာပါမယ်"

ဒီဇိုင်းနာက လုရှန်ကို ခေါင်းငုံ့အရိုအသေပေးပြီး အခန်းထဲက မြန်မြန်ထွက်ခွာသွားလေသည် သူ‌မခေါ်လာတဲ့ အကူနှစ်ယောက်ကလဲ လက်ထဲ အိတ်ကိုယ်စီကို သယ်ပြီး ထွက်ခွာသွားလေသည် ခေါင်းငုံ့ထားတဲ့ အက်စတယ်လာနှင့် သူမ အကြည့်ချင်းဆုံအောင်လုပ်လိုက်လေသည် တခဏတုန်းက အက်စတယ်လာနဲ့ စကားပြောခဲ့တာတွေကို သူမသတိရသွားလေသည်

အက်စတယ်လာက
"ကျွန်မဒီနေ့ စံအိမ်ကနေထွက်တဲ့အချိန်ကျရင် လုရှန်ရဲ့စွမ်းအားကို ရပ်တန့်ဖို့ အကာအကွယ်တစ်ခုလုပ်လိုက်မယ် အခုက အကာအကွယ်ကို ဘယ်နေရာမှာ လုပ်မယ်ဆိုတာကို ဆုံးဖြတ်ရမယ် ကျွန်မ လာပြီး ပြန်နိုင်မဲ့ နေရာတစ်ခုခုများရှိလား ပြီးတော့ မစ်နေးရား လုရှန်ကို သံသယမဖြစ်ပဲ ခေါ်ထုတ်နိုင်မဲ့နေရာ ဖြစ်ရမယ် နေရာက ရှင်းရှင်းလင်းလင်းမြင်ရရင်ပိုကောင်းမယ် ဒါမှ မစ်နေးရားနဲ့ ကျွန်မ အမှားအယွင်းမလုပ်မိမှာ"

သေသေချာချာစဉ်းစားပြီးနောက် သူမက
"စံအိမ်ရဲ့ ဥယျာဉ်ထဲမှာ နတ်မိမယ် ရေခဲရုပ်ထုတစ်ခုရှိတယ် အဲ့နေရာဆိုရင်ရော ဘယ်လိုလဲ"

ဥယျာဉ်က ၀င်ပေါက်လမ်းမှာရှိလေပြီး အက်စတယ်လာ လွယ်လွယ်၀င်နိုင်တဲ့ နေရာတစ်ခုဖြစ်လေသည် နတ်ဘုရားမရုပ်ထုကလဲ အရမ်း ခမ်းနားပြီး လှပတာကြောင့် ဘယ်သူမှာ အမှားလုပ်လို့ရတဲ့နေရာတစ်ခုမဟုတ်ပေ

အက်စတယ်လာက သူမအတိုချုံးရှင်းပြတာကို သဘောပေါက်ပြီးခေါင်းညိမ့်လေသည်
"အိုခေ ဒါဆို ကျွန်မ မနက်ဖြန် နေ့လည် စံအိမ်ကိုပြန်လာခဲ့မယ် နေးရား လုရှန်ကို အဲ့အချိန်ကျရင် ရုပ်ထုဆီကိုခေါ်လာခဲ့ပါ"

ဒါက သူတို့ရဲ့အစီအစဉ်ဖြစ်လေသည်

လုရှန်က သူမကိုကြည့်နေတာကြောင့် အက်စတယ်လာက မြန်မြန်အကြည့်လွှဲသွားလိုက်သည် အက်စတယ်လာအခန်းထဲက ထွက်သွားတာတောင်မှ လုရှန်က သတိမထားမိပေ

ဆံပင်အရောင်ကို ပြောင်းပြီး တိုတိုညှပ်လိုက်ရုံသာဖြစ်လေသည်

မဟုတ်သေးဘူး လုရှန်က သေးသေးလေးရုပ်ဖျက်ထားတဲ့အက်စတယ်လာကို မမှတ်မိတာမဟုတ်ဘူး

သူ အက်စတယ်လာကို မမှတ်မိရတဲ့အကြောင်းက
“နေးရား”

သူမကြောင့်ဖြစ်လေသည်

သူအကြည့်က သူမဆီကိုသာ ဦးတည်ထားလေသည်

ယခင်က အမြဲလိုလို စွဲလမ်းမှု ချစ်စိတ်ပြင်းပြမှု အပြည့်နှင့် သူ့အကြည့်က အခု တခြားအဓိပ္ပာယ်ကိုဖော်ဆောင်နေလေသည်
* * *

အဆုံးမှာတော့ ထိုညမှာ သူမအိပ်မပျော်နိုင်ပေ မနက်ဖြန် အက်စတယ်လာနဲ့ တွေ့ဖို့ ကတိပေးထားခဲ့တဲ့အချိန်တုန်းက အကြောင်းကိုပဲတွေးနေမိသည် ထိုအရာကြောင့် မနက်ရောက်တော့ သူမ အလွန်ခြေကုန်လက်ပန်းကျနေလေသည် မနက်စာယူလာပြီး အခန်းထဲ၀င်လာတဲ့ လုရှန်က သူမရဲ့ မျက်တွင်းကျနေသောမျက်နှာကိုမြင်ပြီး စတင်စိတ်ပူပန်တော့လေသည်
"နေးရား အဆင်ပြေရဲ့လား မင်းပုံစံက နေကောင်းနေပုံမပေါ်ဘူး"

"ကျွန်မ အိပ်မပျော်ဘူးဖြစ်သွားတာပါ"

သူမစကားတွေကြားပြီး လုရှန်မျက်နှာက ခက်ထန်သွားလေသည်
"မနေ့က စားခဲ့တဲ့စားစရာကြောင့်လား ဒါမှမဟုတ် ခေါင်းအုံးကြောင့်လား အိပ်ပျော်အောင်လုပ်ပေးတဲ့ အမွေးနံ့ပါတဲ့ ‌ဖယောင်းတိုင်တွေရှိတယ်လို့ ကိုယ်ကြားတယ်"

သူမကို ဒီလိုမျိုး အလိုလိုက်တာ မြင်ရတဲ့ အချိန်တိုင်း သူမရင်တွေ ကွဲရလေသည်

သူမ နည်းနည်းလောက် ပိုပြီးသီးခံလိုက်ရင် သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်လောက်မလား

သူမ ခဏတာ စိတ်လွတ်သွားလေသည်

ဒါက နတ်သမီးပုံပြင်မှ မဟုတ်ပဲ လက်တွေ့လေ

'မင်းသားနဲ့ မင်းသမီး အဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နေသွားကြတယ်'ဆိုတဲ့ အဆုံးသတ်မျိုး မဖြစ်နိုင်ဘူး

သူနဲ့ သူမက အခုမပျော်ရွှင်နိုင်ကြဘူး

သံသရဖြစ်စရာရုပ်မပေါ်အောင် ခပ်တည်တည်မျက်နှာနှင့်
"ကျွန်မ နည်နည်း အားမရှိသလိုခံစားရတယ် လမ်းနည်းနည်းလောက်လျှောက်လိုက်ရင် သက်သာသွားမယ် ထင်တယ် ကျွန်မတို့ တူတူသွားကြမလား"

လုရှန်က ဘယ်တော့မှ ငြင်းဆန်မည်မဟုတ်ပေ

မဟုတ်ဘူး သူက ဒီလိုမျိုးကြားရတာကို အရမ်းပျော်မှာ

လုရှန်က တောက်ပစွာပြုံးရင်း ခေါင်းငြိမ့်ကာ
“အကြံကောင်းပဲ"

ရိုးရင်းစွာ စားသောက်ပြီး အပြင်ကို ထွက်ကြလေသည် လုရှန်က အမွေးဖွာခြုံထည်ကို သူမတကိုယ်လုံးခြုံပေးရင်း
"နေ့လည်ခင်းဆိုပေမဲ့ အပြင်မှာက အရမ်းအေးနေတုန်းပဲ"

“ကျေးဇူးပါ"

သူမ ရှက်စွာပြုံးပြီး သူပေးလာတဲ့ ခြုံထည်ကို ဆုတ်ကိုင်လိုက်သည် နတ်မိမယ်ရုပ်ထုရှိရာနေရာကို သဘာ၀ကျကျပုံစံနှင့် လျှောက်သွားလိုက်သည်

ဥယျာဉ်ကို သွားတဲ့ လမ်းကြောင်းက လှပလေသည် ညီညီညာညာဖြတ်ထားတဲ့ ချုံပုတ်တွေပေါ်မှာ အဖြူရောင်နှင်းတွေ ဖုံးနေပြီး ချုံပုတ်တွေကို တောက်ပစွာ အလှဆင်ထားသည် နတ်သမီးပုံပြင်တွေထဲက နှင်းတွေနဲ့ အံဖွယ်တိုင်းပြည်လို လှပလေသည် ‌ဒါပေမဲ့ ထိုမြင်ကွင်းကို သဘောကျနေရမဲ့အစား သူမ စိတ်ရှုပ်နေလေသည် ဒီလိုလှပတဲ့နေရာမှာ လမ်းလျှောက်နေသူနှစ်ယောက်က သူမနှင့် လုရှန်သာရှိတာကြောင့်ဖြစ်သည်

သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်သာလျှင် အသက်ရှင် ကျန်ရစ်နိုင်သလိုပင်

သူမ လုရှန်ကို တခါမေးဖူးသည်

'စံအိမ်မှာ ကျွန်မတို့နှစ်ယောက်ထဲ ရှိတာလား'

လုရှန်က မျက်လုံးကိုမှေးရင်း

[ကိုယ်ကတော့ ကိုယ်တို့နှစ်ယောက်ပဲရှိချင်တာပေါ့ ဒါပေမဲ့ လက်တွေ့မှာက မဖြစ်နိုင်ဘူးလေ ကိုယ်က မင်း သက်တောင့်သက်သာ ဖြစ်အောင်မလုပ်နိုင်မှာဆိုးလို့လေ ဒါကြောင့် စံအိမ်ကို စီမံဖို့ ချက်ပြုတ်ဖို့အတွက် အစေခံနည်းနည်းတော့ ခန့်ထားရတာပေါ့]

[ရှင် အပြင် တခြားသူတွေကို ကျွန်မ မမြင်မိပါဘူး]

[ဟုတ်တယ် မင်းနဲ့ ဘယ်တော့မှ မတွေ့ဆုံပဲနေရမယ်ဆိုတာ သူတို့ လိုက်နာရမဲ့ အရေးအကြီးဆုံး စည်းမျဉ်းပဲ]

ထိုအခိုက်အတန့်မှာ သူမ မွန်းကြပ်သွားသလို ခံစားလိုက်ရသည်

နှုတ်ခမ်းကို ကိုက်ရင်း သူမတွေးနေမိသည်

'ဒါပေမဲ့ လူတွေအစုအဝေးလိုက် အမြဲတမ်းရှိမနေတဲ့ နေရာက ပိုကောင်းတယ် ဒါမှ အက်စတယ်လာ အလွယ်တကူ၀င်နိုင်ပြီး ပြန်ထွက်နိုင်မှာ'

အခုအချိန်လောက်ဆို အက်စတယ်လာလဲ စံအိမ်ထဲ ၀င်နေလောက်ပြီ

ပြီးတော့ သူမကလဲ အက်စတယ်လာနဲ့ ချိန်းဆိုထားတဲ့ နေရာကို ရောက်‌နေလေပြီ

နေရောင်ထဲမှာတောက်ပနေတဲ့ နတ်ဘုရားမရုပ်ထုကိုကြည့်ပြီး သူမတံတွေးပင်မြိုချမိသည်

'အရင်ကနဲ့ သိပ်ကွာတဲ့ပုံမပေါ်ဘူးဆိုတာက အက်စတယ်လာ ဒီနေရာမှာ အကာအကွယ်လုပ်ပြီးပြီလို့ ဆိုလိုတာပဲ'

စိုးရိမ်မှုတွေ ထပ်ပြီး မြင့်တတ်လာပြန်သည်
'အကာအကွယ်တစ်ခုထဲနဲ့ သူ့ကို ရပ်တန့်နိုင်ပါ့မလား'

စိုးရိမ်မှုတွေကို ဖျက်ပစ်ဖို့ သူမကြိုးစားလိုက်သည်

အက်စတယ်လာက အချိန်မရတာကြောင့် အသေးစိတ်မရှင်းပြနိုင်ခဲ့ပေမဲ့ မူရင်း၀တ္ထုကို ဖတ်ရင်းကနေ သူမသိလေသည်

သူတော်စင်ဖန်တီးတဲ့ အကာအကွယ်က နတ်ဆိုးရဲ့စွမ်းအားကို သန်သန်မာမာ ဖိနှိပ်နိုင်စွမ်းရှိလေသည်

နတ်ဆိုးရဲ့စွမ်းအားက သန်မာလေလေ အကာအကွယ်က ပိုကြံ့ခိုင်လေလေ

နတ်ဆိုးစွမ်းအင် အပြည့်အ၀ ဖူးပွင့်နေတဲ့ လုရှန်ကိုတောင် ထည့်မပြောလေနှင့်

"ဘာတွေ အဲ့လောက်အထိတွေးနေတာလဲ နေးရား"

အင်နိုးစန့်အသံကို ကြားလိုက်ရသောအခါ သူမခေါင်းကိုလှည့်လိုက်လေသည် လုရှန်က သူမကိုငေးကြည့်နေတာပင် သူ၏နီရဲရဲမျက်လုံးတွေက သူမစိတ်ကိုဖတ်နေသလို သူမတံတွေးပင်မြိုချမိသည်

'အချိန်မကျသေးဘူးလား'

အက်စတယ်လာက သတ်မှတ်ထားတဲ့အချိန်ရောက်ရင် လုရှန်ရဲ့ စွမ်းအားကို ဖိနှိပ်မဲ့ အကာအကွယ်က အသက်၀င်လာမယ်လို့ ပြောခဲ့လေသည် အဲ့အချိန်မတိုင်ခင်အထိ လုရှန်ကို ဒီနေရာမှာ ရှိနေအောင် ထိန်းထားရမည်

"အမ်"

သူ့ကိုဘာပြောရမလဲဆိုပြီး ခဏလောက်တုံ့ဆိုင်းပြီးနောက် သူမပါးစပ်ကိုဖွင့်လိုက်သည်

"လုရှန် အတိတ်ကို ပြန်မသွားချင်ဘူးလား"

"အတိတ်ဆီ?"

Continue Reading

You'll Also Like

3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~â™Ĩ~ Type- OWN CRE...
794K 31.7K 50
ဒá€Ŋတိယအကှိမ္ ပှန္တင္ခှင္á€ļ....
484K 69.4K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- åģåĒĻéĨ စိတ္ကူá€ļ...