Tie the Knot (✔️)

By TtalgiJinnie

67.9K 6.9K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... More

Prologue 🪢
1 🪢
2 🪢
3 🪢
4 🪢
5 🪢
6 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
14 🪢
15 🪢
16 🪢
17 🪢
18 🪢
Final 🪢

13 🪢

2.8K 330 122
By TtalgiJinnie

~တင်း​တောင်.. တင်းတောင်~

ကိုယ်တိုင်တံခါးဖွင့်ပြီးဝင်လို့ရတာမှန်ပေမယ့်သားတော်မောင် ဟူချူတစ်ယောက်.. သူမရှိတဲ့အချိန် သူမှာခဲ့၊ ပြောခဲ့ဖူးတဲ့စကားတွေကိုဘယ်လောက်အလေးအနက်ထားပြီးမှတ်သားထားသလဲ စမ်းသပ်ကြည့်ချင်စိတ်ကလေးဝင်လာသဖြင့် တမင်သက်သက်လူခေါ်ဘဲလ်တီးလိုက်ခြင်းဖြစ်သည်။

"ဘယ်သူပါလဲ.. ခင်ဗျာ"

ရှေးဦးစွာတောက်တောက်,တောက်တောက်ပြေးလာသည့်ခြေသံလေးနှင့်အတူအပြင်ကလူကြားနိုင်အောင်လှမ်းအော်ပြီးမေးလာတဲ့အသံစူးစူးလေးကိုအရင်ကြားရသည်။ ထို့နောက် ထပ်မံ၍ ကြားရသည်က ကျွီခနဲခုံဆွဲသံလေး.. ကြည့်ရတာတံခါးအပေါက်ဝတွင်ထားသည့်ခွေးခြေခုံကိုလွှမ်းဆွဲ၊ ခုံပေါ်တက်၊ တံခါးပေါ်မှအပေါက်သေးသေးလေးကနေအပြင်ကိုချောင်းကြည့်ရန်ကြံရွယ်နေပုံရသည်။ ဘဲလ်သံကြားတိုင်းတံခါးတန်းမဖွင့်ပေးရဘူးလို့ သူမှာခဲ့တဲ့စကားကိုမှတ်ထားပုံရတဲ့ဟူချူလေးရဲ့ အပေါက်သေးသေးလေးကနေအပြင်ကိုတက်ချောင်းဖို့ပြင်ဆင်နေပုံလေးကလည်းချစ်စရာ။

"ခစ်.. ခစ်"

အသည်းယားရင်လုပ်တတ်တဲ့ဟူချူရဲ့အကျင့်လေးအတိုင်းခစ်ခနဲရယ်သံလေး။ ပြီးတော့ဒုတ်ခနဲကြမ်းပြင်ပေါ်ခုန်ချသံ၊ ကျွီခနဲကြမ်းနှင့်ထိုင်ခုံခြေထောက်တို့ရဲ့ပွတ်ဆွဲသံအဆင့်ဆင့်ဖြစ်ပွားပြီးနောက်တွင်..

~ဂျလောက်~

"Appa.. Appa"

"ချူချူ"

ဒူးနှစ်ဖက်ကိုအနည်းငယ်ခွင်ကာ လက်လေးနှစ်ဖက်ကားရင်းအသင့်စောင့်နေတဲ့သူ့ကိုယ်ပေါ်ကိုအလိုက်သင့်ခုန်တက်လာတဲ့ဟူချူလေးကိုပွေ့ဖက်ကာပါးလေးတွေကိုဖိကပ်နမ်းရင်း..

"Aigoo.. ချူချူလေး.. တစ်ယောက်တည်းဘယ်လောက်တောင်ဆော့ထားသလဲ.. ဟင်.. တစ်ကိုယ်လုံးချွေးတွေချည်းပဲ။ ဂျီမင်း samchon သနားပါတယ်"

"ဂျီမင်း samchon ဒီမှာမရှိဘူးလေ"

"ဟင်! မရှိဘူး? ဒါဆို.. ဘယ်သူက.. "

"ဟုတ်တယ်.. ဆော့ဂျင်ရဲ့။ ဂျီမင်းက သူမအားလို့သူ့ကိုယ်စားဟူချူ့ကိုနေ့ကလေးထိန်းကျောင်းကနေ သွားကြိုပေးပါဆိုလို့ အန်တီပဲဟူချူ့ကိုကျောင်းကြိုလာတာ"

"ဪ.. အန်တီ"

ဟူချူ့ကိုယ်စားသူ့ကိုရှင်းပြလာသည့်ဂျီမင်းရဲ့အမေဖြစ်သူကို သူ.. ဟူချူ့ကိုချီထားလျက်ပင်ခေါင်းညိတ်၍ ဦးစွာနှုတ်ဆက်လိုက်သည်။

"အားနာစရာကြီး.. အန်တီရယ်။ ဂျီမင်းကလဲ.. ဟူချူ့ကိုသူသွားမကြိုနိုင်ရင်မကြိုနိုင်ဘူးပြောမှပေါ့။ သူသွားကြိုပေးမယ်ဆိုလို့အမှုမဲ့အမှတ်မဲ့နေလိုက်မိတာ။ အလကားသက်သက်အန်တီ့ကိုဒုက္ခပေးမိသလိုဖြစ်သွားပြီ.. အားနာလိုက်တာ"

"မဟုတ်တာပဲကွယ်။ ကျောင်းသွားကြိုပေးရတာ ဘာအပန်းကြီးတာလိုက်လို့.. အန်တီလည်းချူချူလေးကိုမတွေ့တာကြာလို့လွမ်းနေတာ.. အခုလိုလေးတွေ့လိုက်ရတော့အလွမ်းပြေသွားတာပေါ့"

"ကျေးဇူးတင်ပါတယ်.. အန်တီ"

"အို.. ဒါတွေပြောနေစရာမလိုပါဘူး.. သူစိမ်းတွေမှမဟုတ်တာ။ ကဲ.. ဆော့ဂျင်လည်းရောက်ပြီဆိုတော့အန်တီပြန်တော့မယ်။ ဂျီမင်းတို့အဖေကိုထမင်းပြင်ပေးရဦးမှာမို့လို့"

"ဟုတ်ကဲ့.. အန်တီ။ ချူချူ.. ဖွားဖွားကိုနှုတ်ဆက်ဦးလေ"

"ကောင်းကောင်းပြန်ပါ.. ခင်ဗျာ"

"အေးကွယ်"

ဂျီမင်းအမေ သူတို့သားအဖကိုနှုတ်ဆက်ပြီးထွက်သွားတော့မှဆော့ဂျင် ဟူးခနဲလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဟူချူ့ကိုမငြီးမငြူဝိုင်းထိန်းပေးကြတဲ့အပြင် ငွေရေးကြေးရေးကအစလိုလေသေး မရှိအောင်ကူညီပေးတတ်တဲ့ဂျီမင်းရဲ့အဖေနဲ့အမေကိုအမြဲအားနာရလွန်းလို့အကူအညီထပ်ယူရမှာမျက်နှာပူပါတယ်ဆိုမှ...

"ဒီ.. ဂျီမင်းတစ်ယောက်ကတော့လေ.... "

~တင်းတောင်.. တင်းတောင်~

ကြားလိုက်ရတဲ့လူခေါ်ဘဲလ်သံကြောင့်ခဏတာပျံ့လွင့်သွားသောအတွေးတို့ကိုပြန်လည်စုစည်းကာ..

"Appa.. ဘယ်သူလဲ"

မျက်တောင်လေးပုတ်ခတ်,ပုတ်ခတ်လုပ်ရင်းမေးလာသည့်ဟူချူလေးရဲ့မေးခွန်းကိုအပြုံးဖြင့်တုံ့ပြန်၍..

"အင်း.. Appa ဖိတ်ထားတဲ့ဧည့်သည်.. တံခါးသွားဖွင့်ပေးလိုက်"

လို့ပြောလိုက်တော့ဟူချူလေးကသူ့ကိုယ်ပေါ်ကဆင်းကာတံခါးဆီသို့ပြေးသွားပြီး..

~ဂျလောက်~

"ဟာ.. ဦး!"

သူနဲ့ဂျောင်ကုနှစ်ယောက်အတူတူပြန်လာခဲ့ပေမယ့်ဓါတ်လှေကားမစီးနိုင်တဲ့ ဂျောင်ကုကလှေကားကနေတက်လာခဲ့ရသဖြင့်အခုမှဒီကိုရောက်လာခြင်းဖြစ်သည်။

"ဦးက ဟူချူ့ဆီကိုလာလည်တာလား"

ဟူချူလေးကမေးလည်းမေး.. သူ့ခါးကိုပြေးဖက်ကာသူ့ဗိုက်ပေါ်တွင်မေးလေးထောက်၍မျက်လုံးဝိုင်းလေးများဖြင့်သူ့မျက်နှာကိုမော့ကြည့်လာတာမို့သူကပြုံးလိုက်ပြီးဟူချူ့ရဲ့ဆံပင်ပျော့ပျော့လေးများထဲလက်ချောင်းလေးတွေထိုးသွင်းကာ ချစ်စနိုးဖြင့်ဆွဲဖွလိုက်သည်။

"ဒါပေါ့.. ဟူချူ့ကိုလွမ်းနေခဲ့တာ"

သတိလတ်လွတ်ပါးစပ်ကထွက်သွားမိတဲ့စကားကြောင့်သူ့ကိုယ်သူတောင်အံ့ဩသွားမိသည်။ အမှန်လည်းဟူချူ့ကိုလွမ်းနေခဲ့တာ.. ဆိုတဲ့စကားကအလိမ်အညာစကားမဟုတ်ပါ။ မစားရက်ဘဲသိမ်းထားမိတဲ့ကွတ်ကီးလေးတွေကိုမြင်တိုင်း.. ဟူချူရေးပေးတဲ့စာလေးတွေကိုထုတ်ဖတ်မိတိုင်း.. ကားမောင်းနေရင်းကားနံပါတ်ပြားတွေကို အသံထွက်ဖတ်တတ်တဲ့ဟူချူလေးကိုမြင်ယောင်ပြီးပြုံးမိတိုင်း.. ကလေးကဗျာလေးတွေကိုမတော်တဆကြားမိတိုင်း.. ဟူချူလေးကိုလွမ်းနေခဲ့မိတာ။

"ဦး.. ဟူချူ့ကိုချီ.. Appa လိုချီ"

လက်ကလေးနှစ်ဖက်မြှောက်ရင်း ခြေဖျားလေးမြောက်ကြွ, မြောက်ကြွဖြင့်ပြောလာတဲ့ဟူချူလေးကိုချိုင်းအောက်မှကိုင်၍ မ,ချီလိုက်တော့သူ့ကိုယ်ပေါ်ကိုဆွေ့ခနဲပါလာသည်။ ဟူချူ့ကိုယ်လေးကဒီလောက်ထိပေါ့ပါးနေလိမ့်မယ်မထင်ထားခဲ့လို့ အားသုံးလိုက်မိသဖြင့်ဟူချူလေးရဲ့လက်မောင်းလေးတွေ နာများ, နာသွားမလားလို့စိုးထိတ်စိတ်ဖြင့် မျက်နှာလေးကိုအကဲခတ်မိတော့ပြုံးရွှင်နေတဲ့မျက်နှာလေးမှာရှေ့သွားရှည်ရှည်လေးတွေပေါ်အောင်ရယ်ပြနေတာမြင်မှစိတ်အေးသွားရတော့သည်။

"ဟူချူလေးက သေးလိုက်တာကွာ.. ထမင်းကောင်းကောင်းမစားဘူးလား"

"Appa ကလူကြီးမြန်မြန်ဖြစ်ချင်ရင်ထမင်းအများကြီးစားရမယ်ဆိုလို့ ဟူချူအများကြီးစားပါတယ်.. ဟူချူကစကားနားထောင်တဲ့ကလေးပါ.. နော် Appa"

"ဒါပေါ့.. ဒါပေါ့။ ချူချူက Appa ရဲ့လိမ္မာတဲ့ကလေးလေး"

ဆော့ဂျင်ရဲ့စကားကြောင့်ကျေနပ်ပုံရသွားတဲ့ဟူချူကသူ့ဘက်လှည့်လာပြီးဂုဏ်ယူဟန်ဖြင့်မေးဆတ်ပြသည်.. သဘောကတော့သူတော်ပါတယ်ပေါ့။

"ဟူချူလေးလည်းတစ်နေ့ဆယ့်နှစ်ကြိမ်အဖက်ခံဖို့လိုနေပြီ။ အဲ့ဒါမှမြန်မြန်ထွားလာမှာ"

"တကယ်? Appa.. Appa.. ကြားတယ်နော်.. ဟူချူ့ကိုအများကြီးဖက်ပေးရမယ်နော်"

သူကြည်နူးစွာပြုံး၍ခေါင်းညိတ်ပြလိုက်သည်။ ထိုအကျင့်လေးကဂျွန်ဂျောင်ကုရဲ့ကျေးဇူးနဲ့သူတို့သားအဖကြားမှာတိုးပွားလာတဲ့အလေ့အကျင့်ကောင်းလေးတစ်ခုပင်။

"ချူချူလေး.. ညစာဘာစားမလဲ။ Appa ဘာချက်ပေးရမလဲ"

"ဖက်ထုပ်ပြုတ်..အသားများများ.. အရွက်နည်းနည်းနော် Appa"

အသားများများဆိုတဲ့အသံကြားတာနဲ့ဟူချူ့ရဲ့အပြောကိုခေါင်းတညိတ်ညိတ်နဲ့ထောက်ခံနေသူကြီးရဲ့မျက်နှာကလည်းဝင်းပလို့။

"ရမယ်။ ဒါပေမယ့်.. အသားရော.. အရွက်ရောမျှတအောင်စားရမယ်။ နှစ်ယောက်လုံးကိုပြောတာနော်.. အရည်ပျော်တဲ့အထိငုံထားမှာတို့ဘာတို့ဆင်ခြေတွေမလိုချင်ဘူး"

သူ့စကားကြောင့်ရှုံ့မဲ့သွားတဲ့မျက်နှာတွေကမသိရင်ဇာတ်တိုက်ထားတဲ့အတိုင်း။ ထိုမဲ့ရွဲ့နေတဲ့လူသားနှစ်ယောက်ကိုကျောခိုင်းကာ ခိုးပြုံးရင်းမီးဖိုချောင်ထဲဝင်လာမိတော့ဂျောင်ကုကလည်းဟူချူ့ကိုချီထားလျက် သူ့နောက်မှလိုက်လာသည်။

"ဒါနဲ့.. ဂျယ်ဂျူဒိုသွားရင် ဟူချူ့ကိုပါခေါ်လာမှာလား"

"ခေါ်ချင်တာပေါ့။ ဒါပေမယ့်.. ကိုယ်တော်ချောကမလိုက်နိုင်ဘူးတဲ့လေ။ အဲ့ဒါကြောင့်ဂျီမင်းမိဘတွေရဲ့အိမ်မှာပဲထားခဲ့ရမှာ"

"ဟုတ်လား.. ဟူချူ။ ဘာလို့လဲ"

"ဟူချူကမအားဘူး.. ဦးရဲ့။ ကျောင်းမှာပြဇာတ်ကဖို့ဇာတ်တိုက်ရဦးမှာ"

"ပြဇာတ်? ဘာပြဇာတ်လဲ"

"စဝီးပင်း ဗျူးတီး"

"ဟင်?"

"Sleeping Beauty ကိုပြောတာ"

"ဪ"

"ဟူချူကမင်းသားလေးလုပ်ရမှာ"

"ပြဇာတ်ကချင်တာနည်းနည်းပါ။ သူကြိုက်နေတဲ့ကောင်မလေးနဲ့တွဲရမှာမို့လို့.. ဒီလို.. ဒီလို.. ရွစိရွစိဖြစ်နေတာ"

"ဟာ.. Appa ကလဲ.. အဲ့လိုမပြောရဘူးလေ။ ဟူချူရှက်တာပေါ့လို့"

ဟူချူကမျက်နှာရဲရဲလေးနဲ့သူ့လည်ပင်းတွင်နဖူးလေးနဲ့ဖိကပ်ရင်းဝှက်ထားသည်။

"အမယ်.. အခုမှရှက်ပြနေသေးတယ်။ တနေ့.. တနေ့.. ချယ်ယောင်း.. ချယ်ယောင်းနဲ့ပါးစပ်ကမချတမ်း ပြောနေတာဘယ်သူလဲ"

"မပြောပါနဲ့ဆိုမှ.. ရှက်တယ်လို့"

"ဟုတ်လား.. ဟူချူ့မှာကောင်မလေးရှိနေပြီလား"

သူမေးတော့ဟူချူ့မျက်နှာလေးကညှိုးကျသွားသည်။

"အခုမဟုတ်တော့ပါဘူး.. ဦးရယ်။ ပြတ်သွားပါပြီ"

ဟူချူကမျက်မှောင်လေးတွန့်ချိုးကာသူ့ရင်ဘတ်လေးကိုလက်ညှိုးဖြင့်ထိုးပြပြီး..

"အဲ့ဒါကြောင့် ဟူချူ့ရဲ့ဒီနားမှာ.. နာနာဖြစ်နေတာပေါ့"

ထို့နောက်တရားပေါက်သွားတဲ့လေသံဖြင့်..

"တော်ပါပြီ.. အချစ်ကိုစိတ်ကုန်သွားပါပြီ။ ဒီထဲက နာနာပျောက်သွားရင်တစ်သက်လုံးတစ်ယောက်တည်းပဲနေပါတော့မယ်လေ"

ပြောလာတဲ့လေသံလေးရော၊ သက်ပြင်းလေးဟင်းခနဲချလိုက်တဲ့မျက်နှာအမူအရာလေးကိုပါအသည်းတွေအူတွေထိန်းမရအောင်ယားလာတာကြောင့်ပါးဖောင်းဖောင်းလေးထက်နှာခေါင်းတဆုံးဝင်အောင်တိုးဝင်မွေ့ယမ်းပစ်လိုက်တော့ဟူချူလေးကကိုယ်လေးကိုတွန့်လိမ်နေအောင်ရုံးရင်း.. တခစ်ခစ်ရယ်သံလေးတွေကြောင့်ရုန်းကြွလှုပ်ရှားလာတဲ့ညနေခင်းလေးဟာအရင်နေ့တွေနဲ့မတူဘဲလှနေတော့မှာအသေအချာပင်။

********** **********

စုဘူးထဲကိုကျပ်ပြားစေ့တစ်စေ့ပစ်ထည့်လိုက်သလိုနေလုံးကြီးသည်ကမ္ဘာခုံးထဲသို့တိုးဝင်ပျောက်ကွယ်သွားပြီးနောက် မကြာမီအချိန်တွင်းမှာပဲအရာထင်ခါစလမင်းလေးက ကောင်းကင်ပေါ်သို့ရောက်နှင့်နေပြီဖြစ်သည်။ ဂျီမင်း.. သူ့လက်ကနာရီကိုတစ်ချက်ငုံ့ကြည့်၍ ဒီအချိန်သည်ရုံးခန်းထဲမှဝန်ထမ်းအားလုံးရုံးဆင်းသည့်အချိန်ဖြစ်ကြောင်းသေချာအောင်အတည်ပြုပြီး gallery ၏မလှမ်းမကမ်း အကွယ်တစ်နေရာကနေချောင်းမြောင်းနေရာမှလူလုံးထွက်ပြလိုက်သည်။

"ဪ.. ခုနကရုံးဆင်းသွားတဲ့ဝန်ထမ်းသစ်လေးမဟုတ်လား။ ဘာများမေ့ကျန်ခဲ့လို့လဲကွဲ့"

"ဟုတ်တယ်.. အဘ။ ရုံးမဆင်းခင်ကလုပ်ထားတဲ့အလုပ်လေးတွေကွန်ပျူတာထဲသေချာသိမ်းမိလား, မသိမ်းမိလား ဇဝေဇဝါဖြစ်နေလို့လေ။ သေချာအောင်လာပြန်စစ်တာ"

သူလည်းလုံခြုံရေးကြီးယုံကြည်အောင်မှင်သေသေမျက်နှာဖြင့်ပြောပြီးရုံးခန်းဆီသို့ခပ်သွက်သွက်ထွက်လာခဲ့သည်။ တော်ကြာစကားများများပြောမိလို့အမှားပါသွားရင်ဒုက္ခ။

"ငါ့နှယ်.. ခိုးကြောင်ခိုးဝှက်နဲ့။ မသိရင်ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေတာကျနေတာပဲ"

ညည်းညူသလိုလေးတီးတိုးရေရွတ်၍ကွန်ပျူတာကိုဖွင့်လိုက်သည်။ ရုံးခန်းအတွင်းကိုတော့မီးလုံးဝမဖွင့်ဘဲအမှောင်ချထားလျက်.. တချို့လေလံပွဲတွေရဲ့ information တွေကအပြင်ကိုသတင်းပေါက်ကြားလို့မဖြစ်တာကြောင့်ပြခန်းမှူးကပဲသေချာသိမ်းထားတတ်တယ်ဆိုတဲ့သတင်းကိုတခြားဝန်ထမ်းတွေကြားစပ်စုကြည့်ရင်းသိခဲ့ရတာမို့သူ့မှာ အခုလိုခိုးကြောင်ခိုးဝှက်စွန့်စားနေရခြင်းဖြစ်သည်။

"Password ကဘာပါလိမ့်။ ဟိုဆော့ password ရိုက်ထည့်တာကိုမြင်လိုက်ပါတယ်။ ရှေ့နှစ်လုံးနဲ့နောက်နှစ်လုံးကတော့ ၃ နဲ့ ၆ ပဲ။ အလယ်ကဂဏန်းနှစ်လုံးကဘာပါလိမ့်"

ဂျီမင်း.. မျက်စိနှစ်လုံးကိုစုံမှိတ်ပြီးမှတ်ဉာဏ်တွေကိုပြန်ခေါ်ကြည့်သည်။

"၂၃ လား ၂၄ လားတစ်ခုခုပဲ"

၂ နဲ့ ၃ ရိုက်ထည့်ကြည့်တော့အဆင်မပြေပေမယ့် ၂ နဲ့ ၄ ကျမှပဲဟိုဆော့ရဲ့ကွန်ပျူတာကတန်းခနဲပွင့်သွားသည်။

"လွန်ခဲ့တဲ့လေးနှစ်.. လွန်ခဲ့တဲ့လေးနှစ်.. ဆော့ဂျင်တည်းခဲ့တဲ့ဟိုတယ်မှာ.... ဟင်! လေလံပွဲရှိခဲ့တာပဲ!"

ဝမ်းသာအားရအသံကျယ်ကျယ်နဲ့အော်မိမလိုဖြစ်ပြီးမှပါးစပ်ကိုအလျင်အမြန်ပြန်ပိတ်ရသေးသည်။

"ပွဲတက်တဲ့လူစာရင်းက... "

~ချလောက်~

"အမလေး!"

ချလောက်ဆိုသည့်မီးခလုတ်ဖွင့်သံနှင့် ဖျတ်ခနဲလင်းထိန်လာတဲ့အခန်းမီးတို့သည်အခန့်မသင့်လျင် သူ့အသက်ကိုပင်ဆွဲနှုတ်သွားနိုင်ပါ၏။ လူမသိသူမသိအောင်ခိုးပြီးလုပ်နေရတော့လည်းဒီမဖြစ်စလောက်လေးတွေကိုနှလုံးရပ်မတတ်လန့်သွားမိတာမဆန်းပါ။

"ဟင်! ဂျီမင်း.. ရုံးမဆင်းသေးဘူးလား။ ဒီမှာ.. ဘာလုပ်နေတာလဲ"

တကယ်ပဲ.. ခိုးလုပ်ရတဲ့အလုပ်ဆိုဘာအလုပ်မှမလွယ်ကူပါ။

"ဟို.. ဟိုလေ.. ဪ.. ဒီလိုပါ။ ကျွန်တော်လေ.. ဟို.. အလုပ်လေးလက်စသတ်စရာကျန်နေသေးလို့ပြန်လာတာ။ အဲ့ဒါ.. ဟိုဆော့ရုံးခန်းထဲကကွန်ပျူတာကြီးကလေ.. ဟို.. ပွင့်. ပွင့်နေတာတွေ့လို့ဝင်ပိတ်ပေးနေတာ"

"ဟုတ်လား"

ဟိုဆော့ကမျက်ခုံးတစ်ဖက်ပင့်၍မေးပုံကအထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့သူ့ကိုသိပ်ယုံကြည်ချင်ပုံမရ။ သူလည်းဟိုဆော့သူ့နားရောက်မလာခင်ကွန်ပျူတာကိုကမန်းကတန်းပိတ်လိုက်ပြီး..

"ဟိုဆော့.. ရုံးဆင်းသွားပြီမဟုတ်လား။ ဘာ.. ဘာများမေ့ကျန်ခဲ့လို့လဲဟင်"

လုံခြုံရေးကြီးသူ့ကိုမေးခဲ့တဲ့စကားကိုပဲယူသုံးပြီးဟိုဆော့ကိုအာရုံ​ပြောင်းဖို့ကြိုးပမ်းရသည်။

"အင်း.. ဖုန်းကျန်ခဲ့တာ။ အိမ်ရောက်ခါနီးမှသတိရလို့"

"ဖုန်း?"

သူ.. မျက်လုံးကစားပြီးဝေ့ဝဲကြည့်လိုက်တော့စားပွဲပေါ်မှာရှိနေတဲ့ဟိုဆော့ရဲ့ဖုန်းကိုတွေ့လိုက်ရသည်။

"ဒါ.. ဒါလား"

"အင်း"

စကားအလွန်များတဲ့ဟိုဆော့က.. စကားကိုခပ်ပြတ်ပြတ်တုံးတိပဲပြောလာတာမို့သူစိုးထိတ်စွာဖြင့်ချွေးစေးတွေပြန်ချင်လာသည်။

"ကျွန်.. ကျွန်တော်.. ပြန်တော့မယ်။ အလုပ်လည်းပြီးပြီဆိုတော့လေ။ မနက်ဖြန်မှတွေ့မယ်နော်.. ဟိုဆော့"

သူ့ကိုခပ်ဖျော့ဖျော့ပြုံးပြရင်းခေါင်းညိတ်ပြလာတဲ့ဟိုဆော့ကိုနှုတ်ဆက်ပြီးအခန်းထဲကနေအပြေးတစ်ပိုင်းထွက်ဖို့အလုပ်..

"ဂျီမင်း"

ခေါ်သံကြောင့်နောက်ကိုပြန်လှည့်ကြည့်မိတော့သူ့ကိုတစ်ခုခုမေးချင်လို့ချီတုံချတုံဖြစ်နေပုံရတဲ့ဟိုဆော့ရဲ့မျက်နှာကိုရင်ဆိုင်တွေ့လိုက်ရသည်။

"ဘာမှမဟုတ်တော့ပါဘူး။ မနက်ဖြန်မှတွေ့မယ်နော်"

"အင်း"

ကြောင်အမ်းအမ်းမျက်နှာလေးနဲ့ဂျီမင်းအခန်းပြင်ကိုရောက်သွားမှဟိုဆော့သူ့ကွန်ပျူတာကိုဖွင့်ကြည့်ရင်းဂျောင်ကုနဲ့သူပြောဖြစ်ခဲ့တဲ့စကားတချို့ကိုပြန်အမှတ်ရသည်။ ဂျောင်ကုကသူ့ကိုပြောဖူးတယ်.. ဂျီမင်းကဆော့ဂျင်အပေါ်မကောင်းတဲ့ရည်ရွယ်ချက်ရှိမနေပေမယ့် တစ်ခုခုကိုသိနေသလိုပဲ.. တဲ့။

"Vegas.. Vegas.. ဂျီမင်းကဘာလို့လွန်ခဲ့တဲ့လေးနှစ် Vegas ကလေလံပွဲအကြောင်းကိုစုံစမ်းနေပါလိမ့်"

********** **********

"ဘာကူလုပ်ပေးရမလဲ"

လို့ပြောရင်းဟူချူလေးကိုထိုင်ခုံပေါ်ပွေ့ချီတင်ကာ ရှပ်အင်္ကျီလက်ကိုတံတောင်ဆစ်နားထိရောက်အောင်ခေါက်တင်လိုက်တာကြောင့် အတိုင်းသားမြင်နေရသည့်လက်ဖျံပေါ်မှစိမ်းမြနေသောသွေးကြောတို့နှင့် ရှပ်အင်္ကျီနှင့်ချပ်ကပ်နေသောမို့မို့မောက်မောက်ရင်အုပ်တို့ကိုငေးရင်းဆော့ဂျင် ကယောင်ကတမ်း တံတွေးမြိုချလိုက်မိတာသီးမလိုပင်ဖြစ်သွား၏။ မလုံမလဲဖြင့်အကြည့်တို့ကိုကမန်းကတန်းလွှဲရင်း သူ့လက်ကိုသူပင်ပြန်ငုံ့ကြည့်မိသေးသည်။ သူ့လက်ဖျံမှာလည်းသွေးကြောစိမ်းတွေမြင်နေရပေမယ့်.. သူ့လက်ဖျံရိုးလေးကတော့ထိုလူနှင့်ယှဥ်ရင်သေးသေးလေးဖြစ်လို့နေသည်။ ဟွန့်.. မာနထိခိုက်လိုက်တာ။

"ဒါရိုက်တာကြီးက.. ဘာလုပ်တတ်မှာမို့လို့လဲ"

သူ့စကားကြောင့်ထိုလူသားကခေါင်းလေးမော့ကာဟွန့်ခနဲမပွင့်တပွင့်ရယ်သည်။

"မီးဖိုချောင်အလုပ်တွေကိုလုပ်လေ့လုပ်ထမရှိတော့လည်းမကျွမ်းကျင်ဘူးပေါ့။ ဒါပေမယ့်.. ကိုယ်ကြိုက်နေတဲ့ကောင်လေး ပင်ပင်ပန်းပန်းချက်ပြုတ်နေတာကိုလည်းထိုင်ကြည့်နေနိုင်မယ့်လူစားမျိုးလည်းမဟုတ်ဘူးလေ"

ကိုယ်ကြိုက်နေတဲ့ကောင်လေးဆိုတဲ့စကားကိုလူတွေရှေ့လည်းမရှောင်၊ ပါးစပ်ကမချတမ်းပြောပုံက.. မုန်းစရာ။

"အယ်.. တစ်ခုတော့ရှိတယ်။ ခွန်အားသုံးပြီးလုပ်ရတာတွေတော့ကျွမ်းတယ်။ မယုံရင်စမ်းကြည့်"

"ဘာပြောတယ်!"

"စမ်းပြီးခိုင်းကြည့်.. လို့။ အခုဖက်ထုပ်အရွက်လုပ်ဖို့ဂျုံနယ်ရမှာမဟုတ်လား။ အဲ့ဒါ.. ကူလုပ်ပေးမယ်လို့.. ပြောတာ"

ဆော့ဂျင်.. မချိုမချဥ်မျက်နှာနဲ့ထိုလူကိုမျက်စောင်းတစ်ချက်ဝေ့ခနဲထိုးလိုက်ပြီးဂျုံတွေထည့်ထားသည့်ဇလုံကိုထမင်းစားပွဲပေါ်သို့ခပ်ဆောင့်ဆောင့်ချလိုက်သည်။ ထို့နောက်ဖက်ထုပ်ထဲအစာသွပ်ရန်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုရေခဲသေတ္တာထဲမှထုတ်ကာစတင်ပြင်ဆင်တော့သည်။

"ခစ်"

သူ ဂျုံနယ်နေတာကိုစားပွဲပေါ်လက်လေးနှစ်ဖက်ထောက်ကာတမေ့တမောကြည့်နေတဲ့ဟူချူလေးကိုအူယားလာတာနဲ့ဂျုံတွေပေနေတဲ့လက်နဲ့နှာခေါင်းလေးကိုတို့လိုက်တော့ဟူချူလေးကခစ်ခနဲအသံထွက်ရယ်၍ခြေထောက်လေးနှစ်ဖက်ကိုလည်းလှုပ်စိလှုပ်စိလုပ်နေသေးသည်။ သူကဟူချူဖြစ်သွားတဲ့ပုံလေးကိုကြည့်ကာကြည်ကြည်နူးနူးပြုံးရင်းသူ့မျက်စိရှေ့မှာထိုင်နေတဲ့ ဆော့ဂျင်ဘက်ကိုမျက်စပစ်ပြလိုက်တော့ဟူချူလေးကခေါင်းခါပြသည်။ ပြီးတော့သူ့နား,နားကပ်ကာလေသံတိုးတိုးလေးဖြင့်..

"Appa ကအစားအသောက်နဲ့ဆော့တာမကြိုက်ဘူး.. စိတ်ဆိုးလိမ့်မယ်။ Appa က.. စိတ်ဆိုးရင်ကြောက်ဖို့ကောင်းတယ်"

"ဟုတ်လို့လား"

"အင်း။ တခေါက်က.. ဟူချူ့ကိုစိတ်ဆိုးပြီးရိုက်မလို့လက်နဲ့ရွယ်သေးတယ်။ တကယ်တော့.. မရိုက်ပါဘူး။ ဟူချူက Appa ရဲ့သွေးသားမို့လို့အပြစ်ရှိလည်းခွင့်လွှတ်နိုင်တယ်..တဲ့။ ဒါမဲ့..ဦးက Appa ရဲ့သားမှမဟုတ်တာ။ အရိုက်ခံရလိမ့်မယ်"

"ဦးလည်းအရိုက်ခံရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့.. ဦးကဟူချူ့ Appa ရဲ့ဒယ်ဒီဖြစ်လာမယ့်သူပဲ"

"ဒယ်ဒီ? ဒါဆို.. ဦးက.. ဟူချူ့ရဲ့အဖိုးပေါ့"

"အမ်!"

"Appa ရေ.. Appa.. ဒီဦးကလေ.. Appa ရဲ့... "

"ဒီ.. ဒီနားမှာ.. ပေနေတယ်"

ဟူချူဘာမှမပြောနိုင်ခင်.. သူကအလင်းထက်မြန်သောအရှိန်ဖြင့်ဆော့ဂျင်ရဲ့ပါးကိုလက်ညှိုးဖြင့်လှမ်းသုတ်လိုက်တော့ recipe ထဲမှာအာရုံရောက်နေသဖြင့်ဘာမှမသိလိုက်တဲ့ဆော့ဂျင်ကမျက်လုံးပြူးလေးဖြင့်မော့ကြည့်လာသည်။ သူ့လက်ကဂျုံမှုန့်တွေကြောင့်ပါးမို့မို့လေးပေါ်မှာအဖြူစင်းကြီးနဲ့။ ဘုမသိဘမသိကြောင်စီစီလေးဖြစ်သွားတဲ့ပုံကရယ်ချင်စရာပေမို့..

"ဒီနားမှာလည်းပေနေသေးတယ်"

ဂျုံတွေပေနေတဲ့လက်ဖြင့်ပင် နှုတ်ခမ်းထောင့်လေးနှစ်ဖက်တွင်တရုတ်နဂါးလိုနှုတ်ခမ်းမွှေးတွန့်တွန့်နှစ်ခု ဆွဲပေးလိုက်တော့ဟူချူ့ထံမှရယ်သံလေးထွက်လာသည်။ အခုအချိန်ထိ.. ဘာတွေဖြစ်နေမှန်းမသိတဲ့ဆော့ဂျင်က.. မျက်လုံးလေးပေကလပ်,ပေကလပ်ဖြင့်သူနှင့်ဟူချူ့ကိုတလှည့်စီလိုက်ကြည့်နေသည်။

"ဘာလဲ.. ဘာဖြစ်လို့လဲ"

"Appa လှသွားပြီ.. Appa မူရှူးဖြစ်သွားပြီ.. ခစ်.. ခစ်"

"မူရှူး?"

ဟူချူက လက်ညှိုးလေးထိုးကာခြေထောက်လေးနှစ်ဖက်ကိုခုန်ဆွခုန်ဆွလုပ်ရင်းတခစ်ခစ်ရယ်တော့ ကြောင်အမ်းအမ်းဖြစ်နေဆဲဆော့ဂျင်ကသူ့မျက်နှာသူလက်ဖြင့်စမ်းကြည့်သည်။ ပြီးတော့သူ့လက်သူပြန်ကြည့်ပြီးလက်တွင်ကပ်ပါလာသောဂျုံမှုန့်တွေကိုမြင်မှအခြေနေမှန်ကိုသဘောပေါက်သွားရကာ..

"ရား! ဒါ.. "

"ဖူး"

ရန်တွေ့ဖို့ပြင်ထားတဲ့စကားတွေကမျက်နှာရှေ့ကိုဖူးခနဲလွင့်လာတဲ့ဂျုံမှုန့်တွေကြောင့်ချောင်းဆိုးသံအဖြစ်ပြောင်းသွားရသည်။ ဟိုအမြင်ကတ်စရာလူကလက်တစ်ဆုပ်စာလောက်ဂျုံမှုန့်တွေကိုသူ့မျက်နှာတည့်တည့်ကိုမှုတ်လွှတ်လိုက်တာမို့မြူခိုးတွေဝေနေတဲ့အဖြူရောင်လွင်ပြင်ကြီးထဲရောက်သလိုဖြစ်သွားပြီးမျက်လုံးတွေလည်းမဖွင့်နိုင်တော့။

"အဟွတ်.. အဟွတ်.. ရား.. ဘာလုပ်တာလဲ.. ခင်ဗျား.. "

~ဒေါက်~

"အ!"

ကင်ဆော့ဂျင်တို့ကမျက်လုံးသာမဖွင့်နိုင်တာလက်မှန်းကတော့တည့်သည်။ သူ့ငယ်ထိပ်ကိုလှမ်းခေါက်လိုက်တာတန်းခနဲ။

"ရား! ပါးစပ်ကပဲပြောပါဆို.. လက်မပါနဲ့လို့"

"ရတယ်လေ.. လက်မပါရရင်လည်း.. "

"ရား.. ရား.. ခြေထောက်လည်းမပါနဲ့"

~ဒုတ်~

"အား!"

ဘယ်လိုတောင်စားပွဲအောက်ကနေအကန်ခံနေကျညို့သကျည်းကိုထိထိမိမိကန်နိုင်တာလဲ။ ဘောလုံးသမားများဝင်စားသလား..

"မင်းတော့.. တွေ့မယ်.. တွေ့မယ်.. အဲ့ဒီ့လက်တစ်ဆုပ်စာခြေကျင်းဝတ်ကနေကိုင်ပြီးနှစ်ပိုင်းချိုးပြမယ်"

"ဟွန်း.. မ.. ကြောက်.. တာ"

ဆော့ဂျင်ကလျှာထုတ်ပြောင်ပြပြီးမထီမဲ့မြင်ပြောတော့ဂျောင်ကုကထိုင်ရာမှဝုန်းခနဲထ,ရပ်ကာဆော့ဂျင်နောက်ကိုပြေးလိုက်သည်။ မကြီးမငယ်နဲ့ထိုသူနှစ်ယောက်စားပွဲတစ်ပတ်, ပတ်ကာစိန်ပြေးလိုက်တန်းကစားနေကြတာကိုထမင်းစားပွဲပေါ်တွင်မေးထောက်ရင်းထိုင်ကြည့်နေတဲ့ဟူချူလေးကသွားလေးတွေပေါ်အောင်ရယ်နေလျှက်..

ဟူချူလေးတစ်ယောက်.. နေလာခဲ့တဲ့သူ့ရဲ့သုံးနှစ်တာသက်တမ်းမှာဒီနေ့အပျော်ဆုံးပဲဆိုပြီးဒိုင်ယာရီထဲမှာပုံလေးတွေဆွဲရင်းရေးရဦးမယ်.. လို့များတွေးနေမလား..

********** **********

🎵 Let it go.. let it go.. and I'll rise like the break of dawn 🎵

🎵 Here I stand in the light of day. Let the storm rage on.... The cold never bothered me anyway 🎵

"ဟင်! ခင်ဗျား.. အခုချိန်ထိမပြန်ရသေး... "

"ရှူး"

ဂျောင်ကုကနှုတ်ခမ်းပေါ်လက်ညှိုးကန့်လန့်ဖြတ်တင်ကာရှူးတိုးတိုးလုပ်ပြီးပေါင်ပေါ်ကိုလက်ညှိုးထိုးပြသည်။ သူကြည့်လိုက်တော့ဟူချူလေးကဂျောင်ကုပေါင်ပေါ်တွင်လက်ကားယား, ခြေကားယားလေးဖြင့်အိပ်မောကျနေပြီ။

သူ ဟူချူတို့ဆီသွားပြီးအနားမှာရပ်လိုက်တော့အိပ်ပျော်နေတဲ့ဟူချူ့ရဲ့မျက်နှာလေးကိုငုံ့ကြည့်နေတဲ့ဂျောင်ကုက ဟူချူ့နဖူးပေါ်ကဆံပင်လေးတွေကိုသပ်တင်ပေးလိုက်၊ ခြေထောက်သေးသေးလေး.. လက်သေးသေးလေးတွေကိုဖွဖွဆုပ်ကြည့်လိုက်နှင့်.. အဖေတစ်ယောက်လိုကြင်နာစိတ်၊ ယုယစိတ်အပြည့်နဲ့မျက်လုံးတွေ.. အမူအရာတွေကသူ့ရင်ထဲကိုလှုပ်ခတ်သွားစေပါသည်။

"ဟူ​ချူ့ကိုဒီကိုပေး... "

သူကဒူးတစ်ဖက်ထောက်၍ထိုင်ချလိုက်ပြီးဟူချူ့ကိုချီဖို့ပြင်လိုက်တော့နီးကပ်သွားတဲ့အနေအထားမှာထိုလူ့ထံက ရေချိုးဆပ်ပြာနံ့လား.. ရေမွှေးနံ့လား.. ကိုယ်သင်းနံ့လား.. မကွဲပြားသည့်ရှတတအနံ့လေးကိုရှူရှိုက်မိသဖြင့်မူးမိုက်ချင်လာရတာမို့ယောင်ယမ်းကာအသက်အောင့်ထားမိသည်။

"ရရဲ့လား.. ဟူချူ့ကို ကိုယ်ချီပြီးအခန်းထဲပို့ပေးရမလား"

"ဟင်.. ဟင့်အင်း.. ရ.. ရတယ်။ ပြန်.. ပြန်တော့လေ။ နောက်တောင်ကျနေပြီ"

သူ.. ကတုန်ကယင်ဖြင့်ဟူချူ့ကိုမ,ချီကာအနောက်ကိုလှည့်မကြည့်တော့ဘဲဟူချူ့အခန်းထဲသို့ခပ်သွက်သွက်ပြေးဝင်ခဲ့သည်။ လူကမူးမေ့လဲချင်သလိုလို.. အဖျားတက်ချင်သလိုလို.. ဘယ်လိုကြီးမှန်းလည်းမသိဘူး။

"ဟာ! ပြန်ပါဆိုတာကို.. မပြန်သေးဘဲဘာလုပ်နေတာလဲ"

"အချိုမတည်းရသေးဘူးလေ။ ကျွေးမယ့်ကျွေးတော့ full course ကျွေးရမှာပေါ့။ ဘယ်လိုအိမ်ရှင်လဲ.. ဧည့်ဝတ်မကျေလိုက်တာ"

ဆော့ဂျင်.. ဘာမှခွန်းတုံ့ပြန်မနေတော့ဘဲမီးဖိုချောင်ဘက်ကိုသာထွက်လာခဲ့သည်။ ပြောနေလည်းအပိုပဲလေ.. ရုပ်ကိုကဒီမှာပဲကျောက်ချဖို့ဆုံးဖြတ်ထားတဲ့ရုပ်။

"ရွေး.. ဘာစားမှာလဲ"

"ဟင်!"

ရေခဲသေတ္တာနဲ့အပြည့် ရေခဲမုန့်ဗူး ၅၀ လောက်ကိုတွေ့လိုက်ရသဖြင့်အံ့အားသင့်မိတာကပါးစပ်မှအာမေဋိတ်သံပင်ကျွံထွက်သွားမိသည်အထိပင်။

"ဟူချူ့ကိုရေခဲမုန့်တွေအဲ့လောက်ထိမကျွေးနဲ့လေ။ တော်ကြာကလေး ရင်ကြပ်နေဦးမယ်"

"ဟူချူ့ဟာမဟုတ်ပါဘူး.. ဟူချူကရေခဲမုန့်မကြိုက်ဘူး"

"ဒါဖြင့်... "

မျက်ခုံးတစ်ဖက်မသိမသာမြင့်တက်သွားပြီးသူ့မျက်နှာကို ကြွက်ကိုကျီစယ်သောကြောင်ရဲ့သဘောကျခြင်းမျိုးဖြင့်လှမ်းကြည့်သည်။

"အစက.. ဒီအိမ်မှာကလေးတစ်ယောက်ပဲရှိတယ်မှတ်နေတာ။ အခုတော့.. "

"ဘာပြောတယ်! ကလေးပဲရေခဲမုန့်စားတာလား.. လူကြီးလည်းရေခဲမုန့်ကြိုက်ရင်စားမှာပေါ့။ ပြီးတော့.. ရေခဲမုန့်ကို ကလေးတွေပဲစားတယ်ဆိုရင်.. မင်္ဂလာဆောင်တွေမှာဘာလို့ရေခဲမုန့်ကျွေးလဲ.. ပြော။ လူကြီးမှာလည်းပါးစပ်ပါတာပဲ.. လူကြီးမှာလည်းအရသာခံတတ်တဲ့လျှာရှိတာပဲ.. လူကြီးလည်းရေခဲမုန့်ကြိုက်ရင်စားမှာပေါ့။ရေခဲမုန့်စားတဲ့သူတိုင်းကိုကလေးလို့သတ်မှတ်လို့မရဘူး.. နော်"

ခေါင်းလေးတမော့မော့၊ နှုတ်ခမ်းလေးတချွန်ချွန်နဲ့လျှာခလုတ်တိုက်မတတ်ရန်တွေ့နေပုံလေးကလည်း... အင်း.. ကလေးလို့ပြောပြန်ရင်လည်း.. ဒီနေရာမှာတင်ကင်ဆော့ဂျင်ရဲ့ cypher pt.5 တွေဘာတွေထွက်ချင်ထွက်လာမှာ.. ပြောလို့ရတာမဟုတ်ဘူး။

"ဟုတ်တာပေါ့.. ရေခဲမုန့်ကြိုက်တိုင်းကလေးလို့သတ်မှတ်လို့မရဘူးပေါ့။ ဒါပေမယ့်... ရေခဲမုန့်ကိုလိုတာထက်ပိုကြိုက်နေရင်တော့ကလေး...... "

ထိုအပြောကြောင့်သူကမကျေမနပ်ခွန်းတုံ့ပြန်မည်ပြုလျှင်...

"..လို့ဘယ်ပြောလို့ရပါ့မလဲ။ ကလေးကတော့ရေခဲမုန့်အများကြီးဘယ်ဝယ်နိုင်ပါ့မလဲ.. လူကြီးမို့လို့ဝယ်နိုင်တာပေါ့.. မဟုတ်ဘူးလား"

ဟုမေးတစ်ချက်ဆတ်၍ဆက်ပြောလိုက်တာမို့ရန်တွေ့ဖို့ပွင့်ဟတော့မည့်ဆဲဆဲဆော့ဂျင်ရဲ့နှုတ်ခမ်းလေးကိုတင်းတင်းပြန်စေ့ပြီးတစ်ဖက်သို့လှည့်လိုက်စဥ်မှာပင်နှုတ်ခမ်းထောင့်လေးတွေကော့ညွတ်ကာလှစ်ခနဲပြုံးလိုက်မိသည်။ တခါတလေတော့လည်းကလေးလေးတစ်ယောက်လိုအရေးတယူဆက်ဆံခံရလို့ဖြစ်တည်လာတဲ့ခံစားချက်လေးကလည်းလှိုင်းလုံးလေးတွေလိုနိမ့်ချည်မြင့်ချည်နဲ့.. မက်မောစရာတော့ကောင်းသား။

"ဒါပေမယ့်.. ဂျယ်လီကြိုက်ရင်တော့ကလေးပဲ"

"ဘာ!"

"ဟင်း.. ဟင်း.. ဟင်း"

ထွက်ပေါ်လာတဲ့ရယ်သံလွင်လွင်လေး။သူ မသိမသာခေါင်းလေးကိုစောင်းငဲ့ကြည့်လိုက်တော့ဘေးတစောင်းမြင်နေရသောမျက်နှာမှာရှည်မျောမျောပါးချိုင့်ရာလေးနဲ့ ထင်းနေအောင်ပေါ်သောနှာတံမြင့်မြင့်၊ ပိရိသေသပ်သောနှုတ်ခမ်းတို့ကအနုပညာလက်ရာပြောင်မြောက်စွာထုဆစ်ထားတဲ့ပန်းပုရုပ်လေးတစ်ရုပ်လို တော်တော်လေးကြည့်လို့ကောင်းသည်။ မေးရိုးပေါ်ကရိတ်သင်ပြီးစအမွှေးစိမ်းစိမ်း၊ ရှိန်းရှိန်းလေးတွေကလည်းလတ်လတ်ဆတ်ဆတ်ရေချိုးပြီးစလူတစ်ယောက်လိုလန်းဆန်းသည့်အသွင်မျိုးကလေး...

သူတမေ့တမောငေးနေမိရာမှသဘောကျစိတ်ကြောင့်ပြုံးမိမလိုဖြစ်သွားတဲ့နှုတ်ခမ်းလေးကိုထိန်းလိုက်ပြီး kitchen counter ကိုမှီကာရေခဲမုန့်တစ်ဇွန်းခပ်စားလိုက်သည်။ ရေခဲမုန့်စားပြီးရင်မအေးဘဲအငွေ့ပျံချင်လောက်အောင်ရင်ပူနေတဲ့သူဆိုလို့.. ဒီလောကမှာသူတစ်ယောက်ပဲရှိလိမ့်မယ်ထင်ပါသည်။

"အဟမ်း.. တစ်ခုလောက်မေးလို့ရမလား"

ပူရှိန်းရှိန်းဖြစ်စေတဲ့ ဒီအနေအထားကိုသူကိုယ်တိုင်ပဲဖြိုခွင်းပစ်လိုက်သည်။

"မေးလေ"

"ဘာလို့.. ဓါတ်လှေကားမစီးနိုင်တာလဲ"

သူ့အမေးကြောင့်ပြုံးနေတဲ့မျက်နှာကအနည်းငယ်တည်သွားသောအခါ.. အားနာမိသည့်စိတ်ကြောင့်စကားလမ်းကြောင်းပြောင်းဖို့ပြင်လိုက်ပေမယ့်...

"မင်း.. claustrophobia ဆိုတာကြားဖူးလား"

"နေရာကျဥ်းကျဥ်းလေးတွေကိုကြောက်တဲ့ရောဂါလား"

"အင်း.. ကြောက်တယ်ဆိုတာထက်.. ပိုဆိုးတယ်.. အသက်ကိုမရှူနိုင်တာ။ အဆိုးဆုံးအခြေအနေမှာဆိုရင်.. နှလုံးရပ်ပြီးတော့တောင်.. သေသွားနိုင်တယ်"

အဲ့ဒါကြောင့်.. ဟိုတစ်ခေါက်ကသူဘတ်စ်ကားပေါ်တက်သွားတာကိုအောက်ကနေလှမ်းကြည့်ပြီးဖြူဖပ်ဖြူလျော်ဖြစ်သွားတာကိုး။ အဲ့အချိန်တုန်းက ကားထဲမှာလူတွေပြည့်သိပ်နေတဲ့အချိန်လေ။ ပြီးတော့.. အမိုးပွင့်ကား။ ဒီရာသီဥတုမှာရူးကြောင်ကြောင်နဲ့အမိုးပွင့်ကားစီးတဲ့သူလို့စိတ်ထဲကနေကျိတ်ပြီးစွပ်စွဲမိခဲ့တာကိုနောင်တရမိသည်။ ဒါဖြင့်.. ဂေဟာကအပြန်.. သူ့ကြောင့်အမိုးပိတ်စီးပေးခဲ့ရတာပေါ့...

"အဲ့ဒါဆို.. ဂေဟာကအပြန်..ကျွန်တော့်ကြောင့်.. "

"အနားမှာမင်းရှိနေလို့နဲ့တူတယ်.. ဘာမှမဖြစ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုတောင်ထူးဆန်းနေတာ"

ဆော့ဂျင်မျက်လွှာချထားမိသည်။ ရင်ထဲမှာလည်းစို့နင့်သလိုလို.. ဝမ်းနည်းသလိုလိုနဲ့ လက်ထဲမှရေခဲမုန့်ကိုဇွန်းဖြင့်အကြောင်းမဲ့ထိုးစွနေမိလျက်...

"လေယာဥ်ကျတော့စီးနိုင်တယ်ပေါ့"

"Business class မှာတော့စီးနိုင်ပါတယ်။ ဒါပေမယ့်မစီးခင်ဆရာဝန်နဲ့တွေ့ပြီးစိတ်ကိုပြင်ဆင်ရတာပေါ့"

"ဪ.. "

"ဟင်း.. ဟင်း.. "

"ဘာရယ်တာလဲ"

"မင်းနဲ့စတွေ့တုန်းကအဖြစ်ကိုသတိရမိလို့ပါ။ အဲ့တုန်းက.. ကိုယ်ကလေယာဥ်အကြာကြီးစီးရလို့အရမ်း sensitive ဖြစ်နေတဲ့အချိန်.. မင်းက.... ဟင်း.. ဟင်း.. ဟင်း"

"ဘာလို့ခဏခဏရယ်နေတာလဲ"

"အဲ့တုန်းက.. မင်းကိုယ့်ကိုဘာပြောခဲ့လဲ"

"ဘာပြောလို့လဲ"

မျက်နှာတည်လေးနဲ့ပတ်ခနဲပြန်မေးပြီးမှသတိရသွားဟန်ဖြင့်နားရွက်ဖျား​လေးတွေကမြန်ဆန်တဲ့အရှိန်ဖြင့်ရဲတက်လာသည်။

"အဲ့.. အဲ့ဒါက.. ဒီအတိုင်း.. အနိုင်ရရင်ပြီးရောပြောလိုက်တာ။ ပြီးတော့.. ဘာမှလည်းမထိမိပါဘူး.. တကယ်ပြောတာ"

"ဟုတ်ပါပြီ"

ပြောပုံက ကလေးတစ်ယောက်ဂျီကျနေတာကိုနားအေးရင်ပြီးရောခေါင်းညိတ်လိုက်လျောနေရတဲ့ပုံမျိုး။

"တကယ်ပါဆိုမှ"

"ဟင်း.. ဟင်း"

"ဟာ.. "

သူ့ရဲ့မေတ္တာတုံးစရာလေးက ငြူငြူစူစူလေးသံရှည်စွဲပြော၍ မျက်စောင်းထိုးကာအံကြိတ်ပြသည်။ ထို့နောက်အကြည့်လွှဲကာရေခဲမုန့်ကိုငုံ့စားနေပုံလေးက.. အိမ်မြှောင်လေးအစာဖမ်းသလိုပင်။ လက်ဖျားလေးတွေနဲ့စုဆွဲဆုပ်ကိုင်ချင်စရာစုစုဖူးဖူး၊ နီနီထွေးထွေးနှုတ်ခမ်းလေးကိုငေးရင်းပြုံးမိသည်။ ရေခဲမုန့်စားပြီးသွားတဲ့ထိုနှုတ်ခမ်းလေးတွေကချိုမြနေမှာလား.. လျှာဖျားလေးကရော.. အေးစက်ပြီးမွှေးမြနေမှာလား။ ဒါကိုသူ.. မကြာမီသိရတော့မည်ထင်ပါသည်။

"ဘာ.. ဘာလုပ်တာလဲ"

ရုတ်တရက် ဆော့ဂျင်မှီထားသည့် kitchen counter ပေါ်တွင်လက်ထောက်ကာ နီးကပ်လာတဲ့မျက်နှာတစ်ခုကြောင့်ဆော့ဂျင်အလန့်တကြားဖြင့်ကျောလေးကို​ကော့ထားမိသည်။ သူ့မျက်လုံးတွေထဲမလွတ်တမ်းငုံ့မိုးကြည့်နေသည့်စူးရှရှရီဝေဝေအကြည့်တို့နှင့်ဆုံခိုက်မှာ ရင်ထဲကဒုတ်ခနဲဆောင့်ခုန်ကာ လက်ထဲမှရေခဲမုန့်လေးတောင်လွတ်ကျချင်သွားသည်။

"နှုတ်ခမ်းမှာ.. ပေနေတယ်"

ပေနေရင်ပေနေတယ်.. ပါးစပ်နဲ့ပြောလည်းရတာပဲ.. ဒါမျိုးလုပ်စရာလိုလို့လား.. ဆော့ဂျင်မျက်စောင်းလေးဝင့်၍မကျေမနပ်လေးရေရွတ်ကာနှုတ်ခမ်းကိုသုတ်ဖို့လက်လှမ်းလိုက်ပေမယ့် သူ့လက်ကလေးဟာဖျတ်ခနဲဆွဲကိုင်ခြင်းခံလိုက်ရပြီးနောက်မျက်တောင်တခတ်၊ ပင့်သက်နွေးနွေးတချက်ရဲ့အဖျားစွန်းမှာရှာဖွေတွေ့ရှိသွားတဲ့နူးညံ့ခြင်းတွေရဲ့အောက်မှာသူ့နှုတ်ခမ်းလေးတစ်စုံဟာ ရင်ခုန်ထွေပြားစွာမျောပါသွားရသည်။ ထိုအခိုက်အတန့်လေးမှာ..သူတို့နှစ်ဦးကြားဖြတ်သန်းသွားသောလေထုသည်ပင်တုန်ယင်နေသလိုလို..လွတ်ကျသွားတဲ့ရေခဲမုန့်ခွက်လေးကတော့ကြမ်းပြင်ပေါ်မှာငြိမ်သက်လို့။

မျက်နှာချင်းခွာလိုက်ချိန်မှာတော့.. မှိတ်ချထားတဲ့မျက်တောင်ဖျားလေးတွေဖြည်းဖြည်းချင်းလှုပ်ခတ်လာသည်။ လည်တိုင်အရှေ့အရေပြားကလေးကတော့တဖျတ်ဖျတ်တုန်ကာအရှေ့အနောက်ရွေ့လျား​နေ၏။

"ဆော့ဂျင်... "

ဖျတ်ခနဲမော့လာတဲ့မျက်ဝန်းလေးတွေနဲ့အကြည့်ချင်းတွယ်ငြိဆဲမှာပင်.. အရည်လဲ့နေတဲ့မျက်ဝန်းလေးတွေလက်ခနဲတောက်ပသွားချိန်ဟာခဏလေးဆိုသော်လည်း ထိုခဏလေးက.. တစ်ဘဝစာလုံးထိုလူသားလေးရဲ့အနားမှခစားဖို့လုံလောက်ပါသည်။

"ကိုယ်.. မင်းကို.. ချစ်တယ်"

ထိုစကားကိုညင်သာစွာဆိုရင်းဆော့ဂျင်ရဲ့လက်ဖျားလေးကိုဆွဲယူကာ သူ့ရင်ဘတ်တွင်ကပ်စေလိုက်သည်။

ဒီအခိုက်တန့်လေးမှာ..

တိုးလျတဲ့လေသံလေးရယ်.. လှပတဲ့စကားလုံးလေးတွေက.. ရင်ခုန်လှိုက်မောမှုတွေကိုဖြန့်ခင်းဖို့သူ့စိတ်ကိုဖြေလျော့စေခဲ့သလား.. သူ့ရဲ့အေးစက်စက်လက်ဖျားလေးဖြင့်ဖိကပ်ထားသောရင်ဘတ်နွေးနွေးအောက်ကတဒိတ်ဒိတ်ခုန်လှုပ်နေသောနှလုံးသားတစ်စုံကသူ့ကိုရူးရူးမိုက်မိုက်ရှေ့ဆက်တိုးချင်အောင်ညှို့ငင်နေသလား.. မဝေခွဲနိုင်ခဲ့သော်လည်း.. သူ့ခါးကိုတိုးဖက်လာသည့်လက်တစ်စုံကိုလည်းမငြင်းဆန်ခဲ့သလို.. ငုံ့ကျလာတဲ့နှုတ်ခမ်းပါးတို့ရဲ့ဦးဆောင်ရာနောက်သို့လိုက်ပါဖို့လည်းအသင့်ဖြစ်နေပါ၏။

"အင့်"

သူ့နှုတ်ခမ်းထက်တွင်ကြိမ်နှုန်းမှန်မှန်ဖြင့် လှုပ်ရှားနေသည့်နှုတ်ခမ်းပါးတို့ကနူးနူးညံ့ညံ့.. သို့ပေမယ့် ပြင်းပြင်းရှရှ။ မွတ်သိပ်စွာ စုပ်ယူခံလိုက်ရတိုင်းပိုမိုတက်ကြွလာသောစိတ်တို့ကထိန်းချုပ်ရခက်စွာ.. အသက်ရှူဖို့မေ့နေသည်အထိပင်။ နှုတ်ခမ်းသားနှစ်စုံကြာရှည်စွာမြဲမြံနေရာမှ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်နေသည့်ပြင်းပြင်းပြပြအသက်ရှူသံတို့ဖြင့်ခြယ်မှုန်းထားသည့်ည.. ထိုညလေးတွင်ကြယ်စင်တစ်ချို့ကြွေကြပြီးကြယ်စင်တစ်ချို့ပြန်လည်ရှင်သန်ထမြောက်လာကြသည်။

"ဟင့်.. အင်းး"

ရှည်ကြာထက်သန်သောအနမ်းတွေနှင့်မျောလွင့်နေခဲ့ပြီးမှမခံမရပ်နိုင်အောင်မောဟိုက်ပင်ပန်းလာတဲ့ဆော့ဂျင်က 'ဟင့်အင်း' ဟူသောမသဲမကွဲအသံလေးနှင့်အတူလူးလွန့်ကာခေါင်းလေးကိုငဲ့စောင်း၍လူးလွန့်ဖို့ကြိုးစားသည်။ သူကဆော့ဂျင်ရဲ့ခန္ဓာကိုယ်လေးကိုဖြေလျှော့လွှတ်ပေးလိုက်ပေမယ့်နဖူးချင်းထိကပ်ထားသည်။ မျက်လွှာလေးချကာ အသက်ကိုအလုအယက်ရှူနေသည့် သူ့မျက်စိရှေ့ကအရှက်သည်းနေတဲ့အလှတရားလေးကသိပ်ကိုလှလွန်းသည်။ စာဖွဲ့လို့မမီလောက်အောင်ပြည့်စုံတဲ့အလှတရားတွေနဲ့တင့်တယ်နေတဲ့သူ့ရဲ့အံ့ဖွယ်လူသားလေး...

ရဲပတောင်းခတ်နေတဲ့မျက်နှာလေးအနှံ့အသည်းတယားယားနှင့်နှာခေါင်းဖြင့်ဖိကပ်နမ်းမိတော့သူ့ရင်ဘတ်ကိုလက်လေးနှစ်ဖက်ဖြင့်စုံတွန်းလာသည်။

"ပြန်.. တော့"

အသက်တောင်အနိုင်နိုင်ရှူနေရသည့်ကြားမှခေါင်းကိုမဖော်တမ်းငုံ့ကာသူ့ကိုတံခါးနားထိရောက်အောင်အတင်းတွန်းထုတ်သည်။

"တကယ်.. ပြန်ရ... ဟာ!"

~ဂျလောက်~

~ဂျိန်း~

သူ့မှာစကားတောင်ဆုံးအောင်ပြောခွင့်မရဘဲအပြင်ဘက်သို့လွင့်ထွက်သွားသည်။ သူ့ကိုတစ်ချက်လေးတောင်မျက်လုံးဆွေကြည့်ဖော်မရတဲ့မေတ္တာတုံးလေးကသူလည်းအပြင်ရောက်တာနဲ့တံခါးကိုဂျိန်းခနဲဆောင့်ပိတ်လိုက်သည်။ သူကတော့.. ဒီအပြုအမူလေးတွေကိုပဲချစ်မဝနိုင်အောင်ရယ်နေမိတာအရူးတစ်ယောက်လို။

"အဲ့နားမှာပဲရှိနေသေးတာသိတယ်နော်"

တံခါးနားကပ်ကာသူပြောလိုက်တော့အထဲကပြန်ဖြေသံမကြားရပေမယ့်လှုပ်ရှားသွားတဲ့ချိုး​ချိုး​ချွတ်ချွတ်အသံလေးတွေကြောင့်ကြည်ကြည်နူးနူးပြုံးလိုက်ရင်း..

"ဒီည.. အိပ်ပျော်ပါ့မလား.. မသေချာပေမယ့်... အိပ်ပျော်ခဲ့ရင်.. အိပ်မက်လှလှမက်ပါစေ.. ကိုယ့်ရဲ့အံ့ဖွယ်လူသားလေး"

ဆော့ဂျင်.. တံခါးကိုမှီကာဆောင့်ကြောင့်လေးထိုင်ချလိုက်သည်။ တဖြည်းဖြည်းဝေးကွာသွားတဲ့ခြေသံခပ်တိုးတိုးကိုတံခါးတွင်နားကပ်ကာအငမ်းမရနားထောင်နေရင်းက.. ခြေသံလေးတွေကွယ်ပျောက်သွားတာနဲ့ ရင်ထဲမှာအစိတ်အပိုင်းတစ်ခုပျောက်ဆုံးသွားသလိုဟာတာတာကြီးဖြစ်ကျန်ခဲ့လျက်..

"မဟုတ်ဘူး.. မဟုတ်ဘူး.. အဲ့ဒါ ဟော်မုန်းကြောင့်ဖြစ်တာ... "

ဆော့ဂျင်.. သူ့မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာအော်နေမိတာသွေးရူးသွေးတန်း။

"ဟုတ်တယ်.. ဟော်မုန်းကြောင့်.. "

"ငါ.. ဘယ်သူနဲ့မှမဒိတ်တာကြာတော့.. testosterone တွေကဆန္ဒပြတာ.. ဟုတ်တယ်.. ဘာမှမဟုတ်ဘူး.. ဒီအတိုင်း.. pituitary gland ရဲ့ လှုံ့ဆော်မှုတစ်ခုပဲ.. "

သူ့ကိုယ်သူဘယ်လောက်တရားတွေပြ,ပြ.. ပညာတွေပေး,ပေး.. ဒိတ္ထိဖြစ်ဟန်တူသောသူ့နှလုံးသားကတော့အထဲကနေဒိတ်ခနဲ, ဒိတ်ခနဲ ဆောင့်,ဆောင့်တိုးနေလေရဲ့။

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

ကဲ..
ပျော်စရာတွေပေးတုန်းပျော်ထားကြနော်။ နောက်မှဘာဖြစ်တယ်.. ညာဖြစ်တယ်ဆိုပြီးအပြစ်မတင်ကြနဲ့။ အပြစ်တင်လည်းဂရုမစိုက်ပါဘူး။ ကိုယ်ကရေးချင်ရာရေးမှာ ဆိုပေမယ့်...

.
.
.

ရေးချင်ရာရေးလိုက်ရင် motherless child ဖြစ်သွားမှာပေါ့ကွယ်။ မလုပ်ရဲပါဘူး.. ကြောက်ပါတယ်.. ဟဲ..ဟဲ

နောက်တစ်ထု..

ဒါလေးကို mature မ on ပါဘူးနော်
ဖမ်မလီ ဖရန့်ဒလီး ပဲရေးမှာပါ 😁
အဲ့ဒါကြောင့်မည်သူမဆိုရဲရဲတင်းတင်းဖတ်နိုင်ပါတယ်။ လက်ချောင်းကြားထဲကချောင်းစရာမလိုတော့ဘူးပေါ့

**********

Zawgyi

~တင္းေတာင္.. တင္းေတာင္~

ကိုယ္တိုင္တံခါးဖြင့္ၿပီးဝင္လို႔ရတာမွန္ေပမယ့္သားေတာ္ေမာင္ဟူခ်ဴတစ္ေယာက္.. သူမရွိတဲ့အခ်ိန္ သူမွာခဲ့၊ ေျပာခဲ့ဖူးတဲ့စကားေတြကိုဘယ္ေလာက္အေလးအနက္ထားၿပီးမွတ္သားထားသလဲစမ္းသပ္ၾကည့္ခ်င္စိတ္ကေလးဝင္လာသျဖင့္ တမင္သက္သက္လူေခၚဘဲလ္တီးလိုက္ျခင္းျဖစ္သည္။

"ဘယ္သူပါလဲ.. ခင္ဗ်ာ"

ေရွးဦးစြာေတာက္ေတာက္,ေတာက္ေတာက္ေျပးလာသည့္ေျခသံေလးႏွင့္အတူအျပင္ကလူၾကားနိုင္ေအာင္လွမ္းေအာ္ၿပီးေမးလာတဲ့အသံစူးစူးေလးကိုအရင္ၾကားရသည္။ထို႔ေနာက္ ထပ္မံ၍ ၾကားရသည္က ကြၽီခနဲခုံဆြဲသံေလး.. ၾကည့္ရတာတံခါးအေပါက္ဝတြင္ထားသည့္ေခြးေျခခုံကိုလႊမ္းဆြဲ၊ ခုံေပၚတက္၊ တံခါးေပၚမွအေပါက္ေသးေသးေလးကေနအျပင္ကိုေခ်ာင္းၾကည့္ရန္ႀကံ႐ြယ္ေနပုံရသည္။ ဘဲလ္သံၾကားတိုင္းတံခါးတန္းမဖြင့္ေပးရဘူးလို႔သူမွာခဲ့တဲ့စကားကိုမွတ္ထားပုံရတဲ့ဟူခ်ဴေလးရဲ႕ အေပါက္ေသးေသးေလးကေနအျပင္ကိုတက္ေခ်ာင္းဖို႔ျပင္ဆင္ေနပုံေလးကလည္းခ်စ္စရာ။

"ခစ္.. ခစ္"

အသည္းယားရင္လုပ္တတ္တဲ့ဟူခ်ဴရဲ႕အက်င့္ေလးအတိုင္းခစ္ခနဲရယ္သံေလး။ ၿပီးေတာ့ဒုတ္ခနဲၾကမ္းျပင္ေပၚခုန္ခ်သံ၊ ကြၽီခနဲၾကမ္းႏွင့္ထိုင္ခုံေျခေထာက္တို႔ရဲ႕ပြတ္ဆြဲသံအဆင့္ဆင့္ျဖစ္ပြားၿပီးေနာက္တြင္..

~ဂ်ေလာက္~

"Appa.. Appa"

"ခ်ဴခ်ဴ"

ဒူးႏွစ္ဖက္ကိုအနည္းငယ္ခြင္ကာလက္ေလးႏွစ္ဖက္ကားရင္းအသင့္ေစာင့္ေနတဲ့သူ႕ကိုယ္ေပၚကိုအလိုက္သင့္ခုန္တက္လာတဲ့ဟူခ်ဴေလးကိုေပြ႕ဖက္ကာပါးေလးေတြကိုဖိကပ္နမ္းရင္း..

"Aigoo.. ခ်ဴခ်ဴေလး.. တစ္ေယာက္တည္းဘယ္ေလာက္ေတာင္ေဆာ့ထားသလဲ.. ဟင္.. တစ္ကိုယ္လုံးေခြၽးေတြခ်ည္းပဲ။ ဂ်ီမင္း samchon သနားပါတယ္"

"ဂ်ီမင္း samchon ဒီမွာမရွိဘူးေလ"

"ဟင္! မရွိဘူး? ဒါဆို.. ဘယ္သူက.. "

"ဟုတ္တယ္.. ေဆာ့ဂ်င္ရဲ႕။ ဂ်ီမင္းက သူမအားလို႔သူ႕ကိုယ္စားဟူခ်ဴ႕ကိုေန႕ကေလးထိန္းေက်ာင္းကေန သြားႀကိဳေပးပါဆိုလို႔ အန္တီပဲဟူခ်ဴ႕ကိုေက်ာင္းႀကိဳလာတာ"

"ဪ.. အန္တီ"

ဟူခ်ဴ႕ကိုယ္စားသူ႕ကိုရွင္းျပလာသည့္ဂ်ီမင္းရဲ႕အေမျဖစ္သူကို သူ.. ဟူခ်ဴ႕ကိုခ်ီထားလ်က္ပင္ေခါင္းညိတ္၍ ဦးစြာႏႈတ္ဆက္လိုက္သည္။

"အားနာစရာႀကီး.. အန္တီရယ္။ ဂ်ီမင္းကလဲ.. ဟူခ်ဴ႕ကိုသူသြားမႀကိဳနိုင္ရင္မႀကိဳနိုင္ဘူးေျပာမွေပါ့။ သူသြားႀကိဳေပးမယ္ဆိုလို႔အမႈမဲ့အမွတ္မဲ့ေနလိုက္မိတာ။ အလကားသက္သက္အန္တီ့ကိုဒုကၡေပးမိသလိုျဖစ္သြားၿပီ.. အားနာလိုက္တာ"

"မဟုတ္တာပဲကြယ္။ ေက်ာင္းသြားႀကိဳေပးရတာ ဘာအပန္းႀကီးတာလိုက္လို႔.. အန္တီလည္းခ်ဴခ်ဴေလးကိုမေတြ႕တာၾကာလို႔လြမ္းေနတာ.. အခုလိုေလးေတြ႕လိုက္ရေတာ့အလြမ္းေျပသြားတာေပါ့"

"ေက်းဇူးတင္ပါတယ္.. အန္တီ"

"အို.. ဒါေတြေျပာေနစရာမလိုပါဘူး.. သူစိမ္းေတြမွမဟုတ္တာ။ ကဲ.. ေဆာ့ဂ်င္လည္းေရာက္ၿပီဆိုေတာ့အန္တီျပန္ေတာ့မယ္။ ဂ်ီမင္းတို႔အေဖကိုထမင္းျပင္ေပးရဦးမွာမို႔လို႔"

"ဟုတ္ကဲ့.. အန္တီ။ ခ်ဴခ်ဴ.. ဖြားဖြားကိုႏႈတ္ဆက္ဦးေလ"

"ေကာင္းေကာင္းျပန္ပါ.. ခင္ဗ်ာ"

"ေအးကြယ္"

ဂ်ီမင္းအေမ သူတို႔သားအဖကိုႏႈတ္ဆက္ၿပီးထြက္သြားေတာ့မွေဆာ့ဂ်င္ဟူးခနဲေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ ဟူခ်ဴ႕ကိုမၿငီးမျငဴဝိုင္းထိန္းေပးၾကတဲ့အျပင္ ေငြေရးေၾကးေရးကအစလိုေလေသးမရွိေအာင္ကူညီေပးတတ္တဲ့ဂ်ီမင္းရဲ႕အေဖနဲ႕အေမကိုအၿမဲအားနာရလြန္းလို႔အကူအညီထပ္ယူရမွာမ်က္ႏွာပူပါတယ္ဆိုမွ...

"ဒီ.. ဂ်ီမင္းတစ္ေယာက္ကေတာ့ေလ.... "

~တင္းေတာင္.. တင္းေတာင္~

ၾကားလိုက္ရတဲ့လူေခၚဘဲလ္သံေၾကာင့္ခဏတာပ်ံ့လြင့္သြားေသာအေတြးတို႔ကိုျပန္လည္စုစည္းကာ..

"Appa.. ဘယ္သူလဲ"

မ်က္ေတာင္ေလးပုတ္ခတ္,ပုတ္ခတ္လုပ္ရင္းေမးလာသည့္ဟူခ်ဴေလးရဲ႕ေမးခြန္းကိုအၿပဳံးျဖင့္တုံ႕ျပန္၍..

"အင္း.. Appa ဖိတ္ထားတဲ့ဧည့္သည္.. တံခါးသြားဖြင့္ေပးလိုက္"

လို႔ေျပာလိုက္ေတာ့ဟူခ်ဴေလးကသူ႕ကိုယ္ေပၚကဆင္းကာတံခါးဆီသို႔ေျပးသြားၿပီး..

~ဂ်ေလာက္~

"ဟာ.. ဦး!"

သူနဲ႕ေဂ်ာင္ကုႏွစ္ေယာက္အတူတူျပန္လာခဲ့ေပမယ့္ဓါတ္ေလွကားမစီးနိုင္တဲ့ေဂ်ာင္ကုကေလွကားကေနတက္လာခဲ့ရသျဖင့္အခုမွဒီကိုေရာက္လာျခင္းျဖစ္သည္။

"ဦးက ဟူခ်ဴ႕ဆီကိုလာလည္တာလား"

ဟူခ်ဴေလးကေမးလည္းေမး.. သူ႕ခါးကိုေျပးဖက္ကာသူ႕ဗိုက္ေပၚတြင္ေမးေလးေထာက္၍မ်က္လုံးဝိုင္းေလးမ်ားျဖင့္သူ႕မ်က္ႏွာကိုေမာ့ၾကည့္လာတာမို႔သူကၿပဳံးလိုက္ၿပီးဟူခ်ဴ႕ရဲ႕ဆံပင္ေပ်ာ့ေပ်ာ့ေလးမ်ားထဲလက္ေခ်ာင္းေလးေတြထိုးသြင္းကာ ခ်စ္စနိုးျဖင့္ဆြဲဖြလိုက္သည္။

"ဒါေပါ့.. ဟူခ်ဴ႕ကိုလြမ္းေနခဲ့တာ"

သတိလတ္လြတ္ပါးစပ္ကထြက္သြားမိတဲ့စကားေၾကာင့္သူ႕ကိုယ္သူေတာင္အံ့ဩသြားမိသည္။ အမွန္လည္းဟူခ်ဴ႕ကိုလြမ္းေနခဲ့တာ.. ဆိုတဲ့စကားကအလိမ္အညာစကားမဟုတ္ပါ။ မစားရက္ဘဲသိမ္းထားမိတဲ့ကြတ္ကီးေလးေတြကိုျမင္တိုင္း.. ဟူခ်ဴေရးေပးတဲ့စာေလးေတြကိုထုတ္ဖတ္မိတိုင္း.. ကားေမာင္းေနရင္းကားနံပါတ္ျပားေတြကို အသံထြက္ဖတ္တတ္တဲ့ဟူခ်ဴေလးကိုျမင္ေယာင္ၿပီးၿပဳံးမိတိုင္း.. ကေလးကဗ်ာေလးေတြကိုမေတာ္တဆၾကားမိတိုင္း.. ဟူခ်ဴေလးကိုလြမ္းေနခဲ့မိတာ။

"ဦး.. ဟူခ်ဴ႕ကိုခ်ီ.. Appa လိုခ်ီ"

လက္ကေလးႏွစ္ဖက္ျမႇောက္ရင္း ေျခဖ်ားေလးေျမာက္ႂကြ, ေျမာက္ႂကြျဖင့္ေျပာလာတဲ့ဟူခ်ဴေလးကိုခ်ိဳင္းေအာက္မွကိုင္၍ မ,ခ်ီလိုက္ေတာ့သူ႕ကိုယ္ေပၚကိုေဆြ႕ခနဲပါလာသည္။ ဟူခ်ဴ႕ကိုယ္ေလးကဒီေလာက္ထိေပါ့ပါးေနလိမ့္မယ္မထင္ထားခဲ့လို႔ အားသုံးလိုက္မိသျဖင့္ဟူခ်ဴေလးရဲ႕လက္ေမာင္းေလးေတြ နာမ်ား, နာသြားမလားလို႔စိုးထိတ္စိတ္ျဖင့္ မ်က္ႏွာေလးကိုအကဲခတ္မိေတာ့ၿပဳံး႐ႊင္ေနတဲ့မ်က္ႏွာေလးမွာေရွ႕သြားရွည္ရွည္ေလးေတြေပၚေအာင္ရယ္ျပေနတာျမင္မွစိတ္ေအးသြားရေတာ့သည္။

"ဟူခ်ဴေလးက ေသးလိုက္တာကြာ..ထမင္းေကာင္းေကာင္းမစားဘူးလား"

"Appa ကလူႀကီးျမန္ျမန္ျဖစ္ခ်င္ရင္ထမင္းအမ်ားႀကီးစားရမယ္ဆိုလို႔ ဟူခ်ဴအမ်ားႀကီးစားပါတယ္.. ဟူခ်ဴကစကားနားေထာင္တဲ့ကေလးပါ.. ေနာ္ Appa"

"ဒါေပါ့.. ဒါေပါ့။ ခ်ဴခ်ဴက Appa ရဲ႕လိမၼာတဲ့ကေလးေလး"

ေဆာ့ဂ်င္ရဲ႕စကားေၾကာင့္ေက်နပ္ပုံရသြားတဲ့ဟူခ်ဴကသူ႕ဘက္လွည့္လာၿပီးဂုဏ္ယူဟန္ျဖင့္ေမးဆတ္ျပသည္.. သေဘာကေတာ့သူေတာ္ပါတယ္ေပါ့။

"ဟူခ်ဴေလးလည္းတစ္ေန႕ဆယ့္ႏွစ္ႀကိမ္အဖက္ခံဖို႔လိုေနၿပီ။ အဲ့ဒါမွျမန္ျမန္ထြားလာမွာ"

"တကယ္? Appa.. Appa.. ၾကားတယ္ေနာ္.. ဟူခ်ဴ႕ကိုအမ်ားႀကီးဖက္ေပးရမယ္ေနာ္"

သူၾကည္ႏူးစြာၿပဳံး၍ေခါင္းညိတ္ျပလိုက္သည္။ ထိုအက်င့္ေလးကဂြၽန္ေဂ်ာင္ကုရဲ႕ေက်းဇူးနဲ႕သူတို႔သားအဖၾကားမွာတိုးပြားလာတဲ့အေလ့အက်င့္ေကာင္းေလးတစ္ခုပင္။

"ခ်ဴခ်ဴေလး.. ညစာဘာစားမလဲ။ Appa ဘာခ်က္ေပးရမလဲ"

"ဖက္ထုပ္ျပဳတ္..အသားမ်ားမ်ား.. အ႐ြက္နည္းနည္းေနာ္ Appa"

အသားမ်ားမ်ားဆိုတဲ့အသံၾကားတာနဲ႕ဟူခ်ဴ႕ရဲ႕အေျပာကိုေခါင္းတညိတ္ညိတ္နဲ႕ေထာက္ခံေနသူႀကီးရဲ႕မ်က္ႏွာကလည္းဝင္းပလို႔။

"ရမယ္။ ဒါေပမယ့္.. အသားေရာ.. အ႐ြက္ေရာမွ်တေအာင္စားရမယ္။ ႏွစ္ေယာက္လုံးကိုေျပာတာေနာ္.. အရည္ေပ်ာ္တဲ့အထိငုံထားမွာတို႔ဘာတို႔ဆင္ေျခေတြမလိုခ်င္ဘူး"

သူ႕စကားေၾကာင့္ရႈံ႕မဲ့သြားတဲ့မ်က္ႏွာေတြကမသိရင္ဇာတ္တိုက္ထားတဲ့အတိုင္း။ ထိုမဲ့႐ြဲ႕ေနတဲ့လူသားႏွစ္ေယာက္ကိုေက်ာခိုင္းကာခိုးၿပဳံးရင္းမီးဖိုေခ်ာင္ထဲဝင္လာမိေတာ့ေဂ်ာင္ကုကလည္းဟူခ်ဴ႕ကိုခ်ီထားလ်က္သူ႕ေနာက္မွလိုက္လာသည္။

"ဒါနဲ႕.. ဂ်ယ္ဂ်ဴဒိုသြားရင္ဟူခ်ဴ႕ကိုပါေခၚလာမွာလား"

"ေခၚခ်င္တာေပါ့။ ဒါေပမယ့္.. ကိုယ္ေတာ္ေခ်ာကမလိုက္နိုင္ဘူးတဲ့ေလ။ အဲ့ဒါေၾကာင့္ဂ်ီမင္းမိဘေတြရဲ႕အိမ္မွာပဲထားခဲ့ရမွာ"

"ဟုတ္လား.. ဟူခ်ဴ။ ဘာလို႔လဲ"

"ဟူခ်ဴကမအားဘူး.. ဦးရဲ႕။ ေက်ာင္းမွာျပဇာတ္ကဖို႔ဇာတ္တိုက္ရဦးမွာ"

"ျပဇာတ္? ဘာျပဇာတ္လဲ"

"စဝီးပင္း ဗ်ဴးတီး"

"ဟင္?"

"Sleeping Beauty ကိုေျပာတာ"

"ဪ"

"ဟူခ်ဴကမင္းသားေလးလုပ္ရမွာ"

"ျပဇာတ္ကခ်င္တာနည္းနည္းပါ။ သူႀကိဳက္ေနတဲ့ေကာင္မေလးနဲ႕တြဲရမွာမို႔လို႔.. ဒီလို.. ဒီလို.. ႐ြစိ႐ြစိျဖစ္ေနတာ"

"ဟာ.. Appa ကလဲ.. အဲ့လိုမေျပာရဘူးေလ။ ဟူခ်ဴရွက္တာေပါ့လို႔"

ဟူခ်ဴကမ်က္ႏွာရဲရဲေလးနဲ႕သူ႕လည္ပင္းတြင္နဖူးေလးနဲ႕ဖိကပ္ရင္းဝွက္ထားသည္။

"အမယ္.. အခုမွရွက္ျပေနေသးတယ္။ တေန႕.. တေန႕.. ခ်ယ္ေယာင္း.. ခ်ယ္ေယာင္းနဲ႕ပါးစပ္ကမခ်တမ္းေျပာေနတာဘယ္သူလဲ"

"မေျပာပါနဲ႕ဆိုမွ.. ရွက္တယ္လို႔"

"ဟုတ္လား.. ဟူခ်ဴ႕မွာေကာင္မေလးရွိေနၿပီလား"

သူေမးေတာ့ဟူခ်ဴ႕မ်က္ႏွာေလးကညွိုးက်သြားသည္။

"အခုမဟုတ္ေတာ့ပါဘူး.. ဦးရယ္။ ျပတ္သြားပါၿပီ"

ဟူခ်ဴကမ်က္ေမွာင္ေလးတြန့္ခ်ိဳးကာသူ႕ရင္ဘတ္ေလးကိုလက္ညွိုးျဖင့္ထိုးျပၿပီး..

"အဲ့ဒါေၾကာင့္ ဟူခ်ဴ႕ရဲ႕ဒီနားမွာ.. နာနာျဖစ္ေနတာေပါ့"

ထို႔ေနာက္တရားေပါက္သြားတဲ့ေလသံျဖင့္..

"ေတာ္ပါၿပီ.. အခ်စ္ကိုစိတ္ကုန္သြားပါၿပီ။ ဒီထဲက နာနာေပ်ာက္သြားရင္တစ္သက္လုံးတစ္ေယာက္တည္းပဲေနပါေတာ့မယ္ေလ"

ေျပာလာတဲ့ေလသံေလးေရာ၊သက္ျပင္းေလးဟင္းခနဲခ်လိဳက္တဲ့မ်က္ႏွာအမူအရာေလးကိုပါအသည္းေတြအူေတြထိန္းမရေအာင္ယားလာတာေၾကာင့္ပါးေဖာင္းေဖာင္းေလးထက္ႏွာေခါင္းတဆုံးဝင္ေအာင္တိုးဝင္ေမြ႕ယမ္းပစ္လိုက္ေတာ့ဟူခ်ဴေလးကကိုယ္ေလးကိုတြန့္လိမ္ေနေအာင္႐ုံးရင္း.. တခစ္ခစ္ရယ္သံေလးေတြေၾကာင့္႐ုန္းႂကြလႈပ္ရွားလာတဲ့ညေနခင္းေလးဟာအရင္ေန႕ေတြနဲ႕မတူဘဲလွေနေတာ့မွာအေသအခ်ာပင္။

********** **********

စုဘူးထဲကိုက်ပ္ျပားေစ့တစ္ေစ့ပစ္ထည့္လိုက္သလိုေနလုံးႀကီးသည္ကမၻာခုံးထဲသို႔တိုးဝင္ေပ်ာက္ကြယ္သြားၿပီးေနာက္ မၾကာမီအခ်ိန္တြင္းမွာပဲအရာထင္ခါစလမင္းေလးကေကာင္းကင္ေပၚသို႔ေရာက္ႏွင့္ေနၿပီျဖစ္သည္။ ဂ်ီမင္း.. သူ႕လက္ကနာရီကိုတစ္ခ်က္ငုံ႕ၾကည့္၍ဒီအခ်ိန္သည္႐ုံးခန္းထဲမွဝန္ထမ္းအားလုံး႐ုံးဆင္းသည့္အခ်ိန္ျဖစ္ေၾကာင္းေသခ်ာေအာင္အတည္ျပဳၿပီး gallery ၏မလွမ္းမကန္းအကြယ္တစ္ေနရာကေနေခ်ာင္းေျမာင္းေနရာမွလူလုံးထြက္ျပလိုက္သည္။

"ဪ.. ခုနက႐ုံးဆင္းသြားတဲ့ဝန္ထမ္းသစ္ေလးမဟုတ္လား။ ဘာမ်ားေမ့က်န္ခဲ့လို႔လဲကြဲ႕"

"ဟုတ္တယ္.. အဘ။ ႐ုံးမဆင္းခင္ကလုပ္ထားတဲ့အလုပ္ေလးေတြကြန္ပ်ဴတာထဲေသခ်ာသိမ္းမိလား, မသိမ္းမိလားဇေဝဇဝါျဖစ္ေနလို႔ေလ။ ေသခ်ာေအာင္လာျပန္စစ္တာ"

သူလည္းလုံၿခဳံေရးႀကီးယုံၾကည္ေအာင္မွင္ေသေသမ်က္ႏွာျဖင့္ေျပာၿပီး႐ုံးခန္းဆီသို႔ခပ္သြက္သြက္ထြက္လာခဲ့သည္။ ေတာ္ၾကာစကားမ်ားမ်ားေျပာမိလို႔အမွားပါသြားရင္ဒုကၡ။

"ငါ့ႏွယ္.. ခိုးေၾကာင္ခိုးဝွက္နဲ႕။ မသိရင္ဥပေဒနဲ႕မလြတ္ကင္းတာေတြလုပ္ေနတာက်ေနတာပဲ"

ညည္းၫူသလိုေလးတီးတိုးေရ႐ြတ္၍ကြန္ပ်ဴတာကိုဖြင့္လိုက္သည္။ ႐ုံးခန္းအတြင္းကိုေတာ့မီးလုံးဝမဖြင့္ဘဲအေမွာင္ခ်ထားလ်က္.. တခ်ိဳ႕ေလလံပြဲေတြရဲ႕ information ေတြကအျပင္ကိုသတင္းေပါက္ၾကားလို႔မျဖစ္တာေၾကာင့္ျပခန္းမႉးကပဲေသခ်ာသိမ္းထားတတ္တယ္ဆိုတဲ့သတင္းကိုတျခားဝန္ထမ္းေတြၾကားစပ္စုၾကည့္ရင္းသိခဲ့ရတာမို႔သူ႕မွာ အခုလိုခိုးေၾကာင္ခိုးဝွက္စြန့္စားေနရျခင္းျဖစ္သည္။

"Password ကဘာပါလိမ့္။ ဟိုေဆာ့ password ရိုက္ထည့္တာကိုျမင္လိုက္ပါတယ္။ ေရွ႕ႏွစ္လုံးနဲ႕ေနာက္ႏွစ္လုံးကေတာ့ ၃ နဲ႕ ၆ ပဲ။ အလယ္ကဂဏန္းႏွစ္လုံးကဘာပါလိမ့္"

ဂ်ီမင္း.. မ်က္စိႏွစ္လုံးကိုစုံမွိတ္ၿပီးမွတ္ဉာဏ္ေတြကိုျပန္ေခၚၾကည့္သည္။

"၂၃ လား ၂၄ လားတစ္ခုခုပဲ"

၂ နဲ႕ ၃ ရိုက္ထည့္ၾကည့္ေတာ့အဆင္မေျပေပမယ့္ ၂ နဲ႕ ၄ က်မွပဲဟိုေဆာ့ရဲ႕ကြန္ပ်ဴတာကတန္းခနဲပြင့္သြားသည္။

"လြန္ခဲ့တဲ့ေလးႏွစ္.. လြန္ခဲ့တဲ့ေလးႏွစ္.. ေဆာ့ဂ်င္တည္းခဲ့တဲ့ဟိုတယ္မွာ.... ဟင္! ေလလံပြဲရွိခဲ့တာပဲ!"

ဝမ္းသာအားရအသံက်ယ္က်ယ္နဲ႕ေအာ္မိမလိုျဖစ္ၿပီးမွပါးစပ္ကိုအလ်င္အျမန္ျပန္ပိတ္ရသည္။

"ပြဲတက္တဲ့လူစာရင္းက... "

~ခ်ေလာက္~

"အမေလး!"

ခ်ေလာက္ဆိုသည့္မီးခလုတ္ဖြင့္သံႏွင့္ ဖ်တ္ခနဲလင္းထိန္လာတဲ့အခန္းမီးတို႔သည္အခန့္မသင့္လ်င္သူ႕အသက္ကိုပင္ဆြဲႏႈတ္သြားနိုင္ပါ၏။ လူမသိသူမသိေအာင္ခိုးၿပီးလုပ္ေနရေတာ့လည္းဒီမျဖစ္စေလာက္ေလးေတြကိုႏွလုံးရပ္မတတ္လန့္သြားမိတာမဆန္းပါ။

"ဟင္! ဂ်ီမင္း.. ႐ုံးမဆင္းေသးဘူးလား။ ဒီမွာ.. ဘာလုပ္ေနတာလဲ"

တကယ္ပဲ.. ခိုးလုပ္ရတဲ့အလုပ္ဆိုဘာအလုပ္မွမလြယ္ကူပါ။

"ဟို.. ဟိုေလ.. ဪ.. ဒီလိုပါ။ ကြၽန္ေတာ္ေလ.. ဟို.. အလုပ္ေလးလက္စသတ္စရာက်န္ေနေသးလို႔ျပန္လာတာ။ အဲ့ဒါ.. ဟိုေဆာ့႐ုံးခန္းထဲကကြန္ပ်ဴတာႀကီးကေလ.. ဟို.. ပြင့္. ပြင့္ေနတာေတြ႕လို႔ဝင္ပိတ္ေပးေနတာ"

"ဟုတ္လား"

ဟိုေဆာ့ကမ်က္ခုံးတစ္ဖက္ပင့္၍ေမးပုံကအထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတဲ့သူ႕ကိုသိပ္ယုံၾကည္ခ်င္ပုံမရ။ သူလည္းဟိုေဆာ့သူ႕နားေရာက္မလာခင္ကြန္ပ်ဴတာကိုကမန္းကတန္းပိတ္လိုက္ၿပီး..

"ဟိုေဆာ့.. ႐ုံးဆင္းသြားၿပီမဟုတ္လား။ ဘာ.. ဘာမ်ားေမ့က်န္ခဲ့လို႔လဲဟင္"

လုံၿခဳံေရးႀကီးသူ႕ကိုေမးခဲ့တဲ့စကားကိုပဲယူသုံးၿပီးဟိုေဆာ့ကိုအာ႐ုံေျပာင္းဖို႔ႀကိဳးပမ္းရသည္။

"အင္း.. ဖုန္းက်န္ခဲ့တာ။ အိမ္ေရာက္ခါနီးမွသတိရလို႔"

"ဖုန္း?"

သူ.. မ်က္လုံးကစားၿပီးေဝ့ဝဲၾကည့္လိုက္ေတာ့စားပြဲေပၚမွာရွိေနတဲ့ဟိုေဆာ့ရဲ႕ဖုန္းကိုေတြ႕လိုက္ရသည္။

"ဒါ.. ဒါလား"

"အင္း"

စကားအလြန္မ်ားတဲ့ဟိုေဆာ့က.. စကားကိုခပ္ျပတ္ျပတ္တုံးတိပဲေျပာလာတာမို႔သူစိုးထိတ္စြာျဖင့္ေခြၽးေစးေတြျပန္ခ်င္လာသည္။

"ကြၽန္.. ကြၽန္ေတာ္.. ျပန္ေတာ့မယ္။ အလုပ္လည္းၿပီးၿပီဆိုေတာ့ေလ။ မနက္ျဖန္မွေတြ႕မယ္ေနာ္.. ဟိုေဆာ့"

သူ႕ကိုခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးျပရင္းေခါင္းညိတ္ျပလာတဲ့ဟိုေဆာ့ကိုႏႈတ္ဆက္ၿပီးအခန္းထဲကေနအေျပးတစ္ပိုင္းထြက္ဖို႔အလုပ္..

"ဂ်ီမင္း"

ေခၚသံေၾကာင့္ေနာက္ကိုျပန္လွည့္ၾကည့္မိေတာ့သူ႕ကိုတစ္ခုခုေမးခ်င္လို႔ခ်ီတုံခ်တဳံျဖစ္ေနပုံရတဲ့ဟိုေဆာ့ရဲ႕မ်က္ႏွာကိုရင္ဆိုင္ေတြ႕လိုက္ရသည္။

"ဘာမွမဟုတ္ေတာ့ပါဘူး။ မနက္ျဖန္မွေတြ႕မယ္ေနာ္"

"အင္း"

ေၾကာင္အမ္းအမ္းမ်က္ႏွာေလးနဲ႕ဂ်ီမင္းအခန္းျပင္ကိုေရာက္သြားမွဟိုေဆာ့သူ႕ကြန္ပ်ဴတာကိုဖြင့္ၾကည့္ရင္းေဂ်ာင္ကုနဲ႕သူေျပာျဖစ္ခဲ့တဲ့စကားတခ်ိဳ႕ကိုျပန္အမွတ္ရသည္။ ေဂ်ာင္ကုကသူ႕ကိုေျပာဖူးတယ္.. ဂ်ီမင္းကေဆာ့ဂ်င္အေပၚမေကာင္းတဲ့ရည္႐ြယ္ခ်က္ရွိမေနေပမယ့္ တစ္ခုခုကိုသိေနသလိုပဲ.. တဲ့။

"Vegas.. Vegas.. ဂ်ီမင္းကဘာလို႔လြန္ခဲ့တဲ့ေလးႏွစ္ Vegas ကေလလံပြဲအေၾကာင္းကိုစုံစမ္းေနပါလိမ့္"

********** **********

"ဘာကူလုပ္ေပးရမလဲ"

လို႔ေျပာရင္းဟူခ်ဴေလးကိုထိုင္ခုံေပၚေပြ႕ခ်ီတင္ကာ ရွပ္အကၤ်ီလက္ကိုတံေတာင္ဆစ္နားထိေရာက္ေအာင္ေခါက္တင္လိုက္တာေၾကာင့္ အတိုင္းသားျမင္ေနရသည့္လက္ဖ်ံေပၚမွစိမ္းျမေနေသာေသြးေၾကာတို႔ႏွင့္ ရွပ္အကၤ်ီႏွင့္ခ်ပ္ကပ္ေနေသာမို႔မို႔ေမာက္ေမာက္ရင္အုပ္တို႔ကိုေငးရင္းေဆာ့ဂ်င္ ကေယာင္ကတမ္းတံေတြးၿမိဳခ်လိဳက္မိတာသီးမလိုပင္ျဖစ္သြား၏။ မလုံမလဲျဖင့္အၾကည့္တို႔ကိုကမန္းကတန္းလႊဲရင္း သူ႕လက္ကိုသူပင္ျပန္ငုံ႕ၾကည့္မိေသးသည္။ သူ႕လက္ဖ်ံမွာလည္းေသြးေၾကာစိမ္းေတြျမင္ေနရေပမယ့္.. သူ႕လက္ဖ်ံရိုးေလးကေတာ့ထိုလူႏွင့္ယွဥ္ရင္ေသးေသးေလးျဖစ္လို႔ေနသည္။ ဟြန့္.. မာနထိခိုက္လိုက္တာ။

"ဒါရိုက္တာႀကီးက.. ဘာလုပ္တတ္မွာမို႔လို႔လဲ"

သူ႕စကားေၾကာင့္ထိုလူသားကေခါင္းေလးေမာ့ကာဟြန့္ခနဲမပြင့္တပြင့္ရယ္သည္။

"မီးဖိုေခ်ာင္အလုပ္ေတြကိုလုပ္ေလ့လုပ္ထမရွိေတာ့လည္းမကြၽမ္းက်င္ဘူးေပါ့။ ဒါေပမယ့္.. ကိုယ္ႀကိဳက္ေနတဲ့ေကာင္ေလး ပင္ပင္ပန္းပန္းခ်က္ျပဳတ္ေနတာကိုလည္းထိုင္ၾကည့္ေနနိုင္မယ့္လူစားမ်ိဳးလည္းမဟုတ္ဘူးေလ"

ကိုယ္ႀကိဳက္ေနတဲ့ေကာင္ေလးဆိုတဲ့စကားကိုလူေတြေရွ႕လည္းမေရွာင္၊ ပါးစပ္ကမခ်တမ္းေျပာပုံက.. မုန္းစရာ။

"အယ္.. တစ္ခုေတာ့ရွိတယ္။ ခြန္အားသုံးၿပီးလုပ္ရတာေတြေတာ့ကြၽမ္းတယ္။ မယုံရင္စမ္းၾကည့္"

"ဘာေျပာတယ္!"

"စမ္းၿပီးခိုင္းၾကည့္.. လို႔။ အခုဖက္ထုပ္အ႐ြက္လုပ္ဖို႔ဂ်ဳံနယ္ရမွာမဟုတ္လား။ အဲ့ဒါ.. ကူလုပ္ေပးမယ္လို႔.. ေျပာတာ"

ေဆာ့ဂ်င္.. မခ်ိဳမခ်ဥ္မ်က္ႏွာနဲ႕ထိုလူကိုမ်က္ေစာင္းတစ္ခ်က္ေဝ့ခနဲထိုးလိုက္ၿပီးဂ်ဳံေတြထည့္ထားသည့္ဇလုံကိုထမင္းစားပြဲေပၚသို႔ခပ္ေဆာင့္ေဆာင့္ခ်လိဳက္သည္။ ထို႔ေနာက္ဖက္ထုပ္ထဲအစာသြပ္ရန္လိုအပ္တဲ့ပါဝင္ပစၥည္းေတြကိုေရခဲေသတၱာထဲမွထုတ္ကာစတင္ျပင္ဆင္ေတာ့သည္။

"ခစ္"

သူဂ်ဳံနယ္ေနတာကိုစားပြဲေပၚလက္ေလးႏွစ္ဖက္ေထာက္ကာတေမ့တေမာၾကည့္ေနတဲ့ဟူခ်ဴေလးကိုအူယားလာတာနဲ႕ဂ်ဳံေတြေပေနတဲ့လက္နဲ႕ႏွာေခါင္းေလးကိုတို႔လိုက္ေတာ့ဟူခ်ဴေလးကခစ္ခနဲအသံထြက္ရယ္၍ေျခေထာက္ေလးႏွစ္ဖက္ကိုလည္းလႈပ္စိလႈပ္စိလုပ္ေနေသးသည္။ သူကဟူခ်ဴျဖစ္သြားတဲ့ပုံေလးကိုၾကည့္ကာၾကည္ၾကည္ႏူးႏူးၿပဳံးရင္းသူ႕မ်က္စိေရွ႕မွာထိုင္ေနတဲ့ေဆာ့ဂ်င္ဘက္ကိုမ်က္စပစ္ျပလိုက္ေတာ့ဟူခ်ဴေလးကေခါင္းခါျပသည္။ ၿပီးေတာ့သူ႕နား,နားကပ္ကာေလသံတိုးတိုးေလးျဖင့္..

"Appa ကအစားအေသာက္နဲ႕ေဆာ့တာမႀကိဳက္ဘူး.. စိတ္ဆိုးလိမ့္မယ္။ Appa က.. စိတ္ဆိုးရင္ေၾကာက္ဖို႔ေကာင္းတယ္"

"ဟုတ္လို႔လား"

"အင္း။ တေခါက္က.. ဟူခ်ဴ႕ကိုစိတ္ဆိုးၿပီးရိုက္မလို႔လက္နဲ႕႐ြယ္ေသးတယ္။ တကယ္ေတာ့.. မရိုက္ပါဘူး။ ဟူခ်ဴက Appa ရဲ႕ေသြးသားမို႔လို႔အျပစ္ရွိလည္းခြင့္လႊတ္နိုင္တယ္..တဲ့။ ဒါမဲ့..ဦးက Appa ရဲ႕သားမွမဟုတ္တာ။ အရိုက္ခံရလိမ့္မယ္"

"ဦးလည္းအရိုက္ခံရမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့.. ဦးကဟူခ်ဴ႕ Appa ရဲ႕ဒယ္ဒီျဖစ္လာမယ့္သူပဲ"

"ဒယ္ဒီ? ဒါဆို.. ဦးက.. ဟူခ်ဴ႕ရဲ႕အဖိုးေပါ့"

"အမ္!"

"Appa ေရ.. Appa.. ဒီဦးကေလ.. Appa ရဲ႕... "

"ဒီ.. ဒီနားမွာ.. ေပေနတယ္"

ဟူခ်ဴဘာမွမေျပာနိုင္ခင္.. သူကအလင္းထက္ျမန္ေသာအရွိန္ျဖင့္ေဆာ့ဂ်င္ရဲ႕ပါးကိုလက္ညွိုးျဖင့္လွမ္းသုတ္လိုက္ေတာ့ recipe ထဲမွာအာ႐ုံေရာက္ေနသျဖင့္ဘာမွမသိလိုက္တဲ့ေဆာ့ဂ်င္ကမ်က္လုံးျပဴးေလးျဖင့္ေမာ့ၾကည့္လာသည္။ သူ႕လက္ကဂ်ဳံမႈန့္ေတြေၾကာင့္ပါးမို႔မို႔ေလးေပၚမွာအျဖဴစင္းႀကီးနဲ႕။.. ဘုမသိဘမသိေၾကာင္စီစီေလးျဖစ္သြားတဲ့ပုံကရယ္ခ်င္စရာေပမို႔..

"ဒီနားမွာလည္းေပေနေသးတယ္"

ဂ်ဳံေတြေပေနတဲ့လက္ျဖင့္ပင္ ႏႈတ္ခမ္းေထာင့္ေလးႏွစ္ဖက္တြင္တ႐ုတ္နဂါးလိုႏႈတ္ခမ္းေမႊးတြန့္တြန့္ႏွစ္ခု ဆြဲေပးလိုက္ေတာ့ဟူခ်ဴ႕ထံမွရယ္သံေလးထြက္လာသည္။ အခုအခ်ိန္ထိ.. ဘာေတြျဖစ္ေနမွန္းမသိတဲ့ေဆာ့ဂ်င္က.. မ်က္လုံးေလးေပကလပ္,ေပကလပ္ျဖင့္သူႏွင့္ဟူခ်ဴ႕ကိုတလွည့္စီလိုက္ၾကည့္ေနသည္။

"ဘာလဲ.. ဘာျဖစ္လို႔လဲ"

"Appa လွသြားၿပီ.. Appa မူရႉးျဖစ္သြားၿပီ.. ခစ္.. ခစ္"

"မူရႉး?"

ဟူခ်ဴက လက္ညွိုးေလးထိုးကာေျခေထာက္ေလးႏွစ္ဖက္ကိုခုန္ဆြခုန္ဆြလုပ္ရင္းတခစ္ခစ္ရယ္ေတာ့ ေၾကာင္အမ္းအမ္းျဖစ္ေနဆဲေဆာ့ဂ်င္ကသူ႕မ်က္ႏွာသူလက္ျဖင့္စမ္းၾကည့္သည္။ ၿပီးေတာ့သူ႕လက္သူျပန္ၾကည့္ၿပီးလက္တြင္ကပ္ပါလာေသာဂ်ဳံမႈန့္ေတြကိုျမင္မွအေျခေနမွန္ကိုသေဘာေပါက္သြားရကာ..

"ရား! ဒါ.. "

"ဖူး"

ရန္ေတြ႕ဖို႔ျပင္ထားတဲ့စကားေတြကမ်က္ႏွာေရွ႕ကိုဖူးခနဲလြင့္လာတဲ့ဂ်ဳံမႈန့္ေတြေၾကာင့္ေခ်ာင္းဆိုးသံအျဖစ္ေျပာင္းသြားရသည္။ ဟိုအျမင္ကတ္စရာလူကလက္တစ္ဆုပ္စာေလာက္ဂ်ဳံမႈန့္ေတြကိုသူ႕မ်က္ႏွာတည့္တည့္ကိုမႈတ္လႊတ္လိုက္တာမို႔ျမဴခိုးေတြေဝေနတဲ့အျဖဴေရာင္လြင္ျပင္ႀကီးထဲေရာက္သလိုျဖစ္သြားၿပီးမ်က္လုံးေတြလည္းမဖြင့္နိုင္ေတာ့။

"အဟြတ္.. အဟြတ္.. ရား.. ဘာလုပ္တာလဲ.. ခင္ဗ်ား.. "

~ေဒါက္~

"အ!"

ကင္ေဆာ့ဂ်င္တို႔ကမ်က္လုံးသာမဖြင့္နိုင္တာလက္မွန္းကေတာ့တည့္သည္။ သူ႕ငယ္ထိပ္ကိုလွမ္းေခါက္လိုက္တာတန္းခနဲ။

"ရား! ပါးစပ္ကပဲေျပာပါဆို.. လက္မပါနဲ႕လို႔"

"ရတယ္ေလ.. လက္မပါရရင္လည္း.. "

"ရား.. ရား.. ေျခေထာက္လည္းမပါနဲ႕"

~ဒုတ္~

"အား!"

ဘယ္လိုေတာင္စားပြဲေအာက္ကေနအကန္ခံေနက်ညိဳ႕သက်ည္းကိုထိထိမိမိကန္နိုင္တာလဲ။ ေဘာလုံးသမားမ်ားဝင္စားသလား..

"မင္းေတာ့.. ေတြ႕မယ္.. ေတြ႕မယ္.. အဲ့ဒီ့လက္တစ္ဆုပ္စာေျခက်င္းဝတ္ကေနကိုင္ၿပီးႏွစ္ပိုင္းခ်ိဳးျပမယ္"

"ဟြန္း.. မ.. ေၾကာက္.. တာ"

ေဆာ့ဂ်င္ကလွ်ာထုတ္ေျပာင္ျပၿပီးမထီမဲ့ျမင္ေျပာေတာ့ေဂ်ာင္ကုကထိုင္ရာမွဝုန္းခနဲထ,ရပ္ကာေဆာ့ဂ်င္ေနာက္ကိုေျပးလိုက္သည္။ မႀကီးမငယ္နဲ႕ထိုသူႏွစ္ေယာက္စားပြဲတစ္ပတ္, ပတ္ကာစိန္ေျပးလိုက္တန္းကစားေနၾကတာကိုထမင္းစားပြဲေပၚတြင္ေမးေထာက္ရင္းထိုင္ၾကည့္ေနတဲ့ဟူခ်ဴေလးကသြားေလးေတြေပၚေအာင္ရယ္ေနလွ်က္..

ဟူခ်ဴေလးတစ္ေယာက္.. ေနလာခဲ့တဲ့သူ႕ရဲ႕သုံးႏွစ္တာသက္တမ္းမွာဒီေန႕အေပ်ာ္ဆုံးပဲဆိုၿပီးဒိုင္ယာရီထဲမွာပုံေလးေတြဆြဲရင္းေရးရဦးမယ္.. လို႔မ်ားေတြးေနမလား..

********** **********

🎵 Let it go.. let it go.. and I'll rise like the break of dawn 🎵

🎵 Here I stand in the light of day. Let the storm rage on.... The cold never bothered me anyway 🎵

"ဟင္! ခင္ဗ်ား.. အခုခ်ိန္ထိမျပန္ရေသး... "

"ရႉး"

ေဂ်ာင္ကုကႏႈတ္ခမ္းေပၚလက္ညွိုးကန့္လန့္ျဖတ္တင္ကာရႉးတိုးတိုးလုပ္ၿပီးေပါင္ေပၚကိုလက္ညွိုးထိုးျပသည္။ သူၾကည့္လိုက္ေတာ့ဟူခ်ဴေလးကေဂ်ာင္ကုေပါင္ေပၚတြင္လက္ကားယား, ေျခကားယားေလးျဖင့္အိပ္ေမာက်ေနၿပီ။

သူ ဟူခ်ဴတို႔ဆီသြားၿပီးအနားမွာရပ္လိုက္ေတာ့အိပ္ေပ်ာ္ေနတဲ့ဟူခ်ဴ႕ရဲ႕မ်က္ႏွာေလးကိုငုံ႕ၾကည့္ေနတဲ့ေဂ်ာင္ကုကဟူခ်ဴ႕နဖူးေပၚကဆံပင္ေလးေတြကိုသပ္တင္ေပးလိုက္၊ ေျခေထာက္ေသးေသးေလး.. လက္ေသးေသးေလးေတြကိုဖြဖြဆုပ္ၾကည့္လိုက္ႏွင့္..အေဖတစ္ေယာက္လိုၾကင္နာစိတ္၊ ယုယစိတ္အျပည့္နဲ႕မ်က္လုံးေတြ.. အမူအရာေတြကသူ႕ရင္ထဲကိုလႈပ္ခတ္သြားေစပါသည္။

"ဟူခ်ဴ႕ကိုဒီကိုေပး... "

သူကဒူးတစ္ဖက္ေထာက္၍ထိုင္ခ်လိဳက္ၿပီးဟူခ်ဴ႕ကိုခ်ီဖို႔ျပင္လိုက္ေတာ့နီးကပ္သြားတဲ့အေနအထားမွာထိုလူ႕ထံက ေရခ်ိဳးဆပ္ျပာနံ႕လား.. ေရေမႊးနံ႕လား.. ကိုယ္သင္းနံ႕လား.. မကြဲျပားသည့္ရွတတအနံ႕ေလးကိုရႉရွိုက္မိသျဖင့္မူးမိုက္ခ်င္လာရတာမို႔ေယာင္ယမ္းကာအသက္ေအာင့္ထားမိသည္။

"ရရဲ႕လား.. ဟူခ်ဴ႕ကို ကိုယ္ခ်ီၿပီးအခန္းထဲပို႔ေပးရမလား"

"ဟင္.. ဟင့္အင္း.. ရ.. ရတယ္။ ျပန္.. ျပန္ေတာ့ေလ။ ေနာက္ေတာင္က်ေနၿပီ"

သူ..ကတုန္ကယင္ျဖင့္ဟူခ်ဴ႕ကိုမ,ခ်ီကာအေနာက္ကိုလွည့္မၾကည့္ေတာ့ဘဲဟူခ်ဴ႕အခန္းထဲသို႔ခပ္သြက္သြက္ေျပးဝင္ခဲ့သည္။ လူကမူးေမ့လဲခ်င္သလိုလို.. အဖ်ားတက္ခ်င္သလိုလို.. ဘယ္လိုႀကီးမွန္းလည္းမသိဘူး။

"ဟာ! ျပန္ပါဆိုတာကို.. မျပန္ေသးဘဲဘာလုပ္ေနတာလဲ"

"အခ်ိဳမတည္းရေသးဘူးေလ။ ေကြၽးမယ့္ေကြၽးေတာ့ full course ေကြၽးရမွာေပါ့။ ဘယ္လိုအိမ္ရွင္လဲ.. ဧည့္ဝတ္မေက်လိဳက္တာ"

ေဆာ့ဂ်င္.. ဘာမွခြန္းတုံ႕ျပန္မေနေတာ့ဘဲမီးဖိုေခ်ာင္ဘက္ကိုသာထြက္လာခဲ့သည္။ ေျပာေနလည္းအပိုပဲေလ.. ႐ုပ္ကိုကဒီမွာပဲေက်ာက္ခ်ဖိဳ႕ဆုံးျဖတ္ထားတဲ့႐ုပ္။

"ေ႐ြး.. ဘာစားမွာလဲ"

"ဟင္!"

ေရခဲေသတၱာနဲ႕အျပည့္ေရခဲမုန့္ဗူး ၅၀ ေလာက္ကိုေတြ႕လိုက္ရသျဖင့္အံ့အားသင့္မိတာကပါးစပ္မွအာေမဋိတ္သံပင္ကြၽံထြက္သြားမိသည္အထိပင္။

"ဟူခ်ဴ႕ကိုေရခဲမုန့္ေတြအဲ့ေလာက္ထိမေကြၽးနဲ႕ေလ။ ေတာ္ၾကာကေလး ရင္ၾကပ္ေနဦးမယ္"

"ဟူခ်ဴ႕ဟာမဟုတ္ပါဘူး.. ဟူခ်ဴကေရခဲမုန့္မႀကိဳက္ဘူး"

"ဒါျဖင့္... "

မ်က္ခုံးတစ္ဖက္မသိမသာျမင့္တက္သြားၿပီးသူ႕မ်က္ႏွာကို ႂကြက္ကိုက်ီစယ္ေသာေၾကာင္ရဲ႕သေဘာက်ျခင္းမ်ိဳးျဖင့္လွမ္းၾကည့္သည္။

"အစက.. ဒီအိမ္မွာကေလးတစ္ေယာက္ပဲရွိတယ္မွတ္ေနတာ။ အခုေတာ့.. "

"ဘာေျပာတယ္! ကေလးပဲေရခဲမုန့္စားတာလား.. လူႀကီးလည္းေရခဲမုန့္ႀကိဳက္ရင္စားမွာေပါ့။ ၿပီးေတာ့.. ေရခဲမုန့္ကို ကေလးေတြပဲစားတယ္ဆိုရင္.. မဂၤလာေဆာင္ေတြမွာဘာလို႔ေရခဲမုန့္ေကြၽးလဲ.. ေျပာ။ လူႀကီးမွာလည္းပါးစပ္ပါတာပဲ.. လူႀကီးမွာလည္းအရသာခံတတ္တဲ့လွ်ာရွိတာပဲ.. လူႀကီးလည္းေရခဲမုန့္ႀကိဳက္ရင္စားမွာေပါ့။ေရခဲမုန့္စားတဲ့သူတိုင္းကိုကေလးလို႔သတ္မွတ္လို႔မရဘူး.. ေနာ္"

ေခါင္းေလးတေမာ့ေမာ့၊ ႏႈတ္ခမ္းေလးတခြၽန္ခြၽန္နဲ႕လွ်ာခလုတ္တိုက္မတတ္ရန္ေတြ႕ေနပုံေလးကလည္း... အင္း.. ကေလးလို႔ေျပာျပန္ရင္လည္း.. ဒီေနရာမွာတင္ကင္ေဆာ့ဂ်င္ရဲ႕ cypher pt.5 ေတြဘာေတြထြက္ခ်င္ထြက္လာမွာ.. ေျပာလို႔ရတာမဟုတ္ဘူး။

"ဟုတ္တာေပါ့.. ေရခဲမုန့္ႀကိဳက္တိုင္းကေလးလို႔သတ္မွတ္လို႔မရဘူးေပါ့။ ဒါေပမယ့္... ေရခဲမုန့္ကိုလိုတာထက္ပိုႀကိဳက္ေနရင္ေတာ့ကေလး...... "

ထိုအေျပာေၾကာင့္သူကမေက်မနပ္ခြန္းတုံ႕ျပန္မည္ျပဳလွ်င္...

"..လို႔ဘယ္ေျပာလို႔ရပါ့မလဲ။ ကေလးကေတာ့ေရခဲမုန့္အမ်ားႀကီးဘယ္ဝယ္နိုင္ပါ့မလဲ.. လူႀကီးမို႔လို႔ဝယ္နိုင္တာေပါ့.. မဟုတ္ဘူးလား"

ဟုေမးတစ္ခ်က္ဆတ္၍ဆက္ေျပာလိုက္တာမို႔ရန္ေတြ႕ဖို႔ပြင့္ဟေတာ့မည့္ဆဲဆဲေဆာ့ဂ်င္ရဲ႕ႏႈတ္ခမ္းေလးကိုတင္းတင္းျပန္ေစ့ၿပီးတစ္ဖက္သို႔လွည့္လိုက္စဥ္မွာပင္ႏႈတ္ခမ္းေထာင့္ေလးေတြေကာ့ၫြတ္ကာလွစ္ခနဲၿပဳံးလိုက္မိသည္။ တခါတေလေတာ့လည္းကေလးေလးတစ္ေယာက္လိုအေရးတယူဆက္ဆံခံရလို႔ျဖစ္တည္လာတဲ့ခံစားခ်က္ေလးကလည္းလွိုင္းလုံးေလးေတြလိုနိမ့္ခ်ည္ျမင့္ခ်ည္နဲ႕.. မက္ေမာစရာေတာ့ေကာင္းသား။

"ဒါေပမယ့္.. ဂ်ယ္လီႀကိဳက္ရင္ေတာ့ကေလးပဲ"

"ဘာ!"

"ဟင္း.. ဟင္း.. ဟင္း"

ထြက္ေပၚလာတဲ့ရယ္သံလြင္လြင္ေလး.. သူ မသိမသာေခါင္းေလးကိုေစာင္းငဲ့ၾကည့္လိုက္ေတာ့ေဘးတေစာင္းျမင္ေနရေသာမ်က္ႏွာမွာရွည္ေမ်ာေမ်ာပါးခ်ိဳင့္ရာေလးနဲ႕ ထင္းေနေအာင္ေပၚေသာႏွာတံျမင့္ျမင့္၊ ပိရိေသသပ္ေသာႏႈတ္ခမ္းတို႔ကအႏုပညာလက္ရာေျပာင္ေျမာက္စြာထုဆစ္ထားတဲ့ပန္းပု႐ုပ္ေလးတစ္႐ုပ္လို ေတာ္ေတာ္ေလးၾကည့္လို႔ေကာင္းသည္။ေမးရိုးေပၚကရိတ္သင္ၿပီးစအေမႊးစိမ္းစိမ္း၊ ရွိန္းရွိန္းေလးေတြကလည္းလတ္လတ္ဆတ္ဆတ္ေရခ်ိဳးၿပီးစလူတစ္ေယာက္လိုလန္းဆန္းသည့္အသြင္မ်ိဳးကေလး...

သူတေမ့တေမာေငးေနမိရာမွသေဘာက်စိတ္ေၾကာင့္ၿပဳံးမိမလိုျဖစ္သြားတဲ့ႏႈတ္ခမ္းေလးကိုထိန္းလိုက္ၿပီး kitchen counter ကိုမွီကာေရခဲမုန့္တစ္ဇြန္းခပ္စားလိုက္သည္။ ေရခဲမုန့္စားၿပီးရင္မေအးဘဲအေငြ႕ပ်ံခ်င္ေလာက္ေအာင္ရင္ပူေနတဲ့သူဆိုလို႔.. ဒီေလာကမွာသူတစ္ေယာက္ပဲရွိလိမ့္မယ္ထင္တယ္...

"အဟမ္း.. တစ္ခုေလာက္ေမးလို႔ရမလား"

ပူရွိန္းရွိန္းျဖစ္ေစတဲ့ ဒီအေနအထားကိုသူကိုယ္တိုင္ပဲၿဖိဳခြင္းပစ္လိုက္သည္။

"ေမးေလ"

"ဘာလို႔.. ဓါတ္ေလွကားမစီးနိုင္တာလဲ"

သူ႕အေမးေၾကာင့္ၿပဳံးေနတဲ့မ်က္ႏွာကအနည္းငယ္တည္သြားေသာအခါ.. အားနာမိသည့္စိတ္ေၾကာင့္စကားလမ္းေၾကာင္းေျပာင္းဖို႔ျပင္လိုက္ေပမယ့္...

"မင္း.. claustrophobia ဆိုတာၾကားဖူးလား"

"ေနရာက်ဥ္းက်ဥ္းေလးေတြကိုေၾကာက္တဲ့ေရာဂါလား"

"အင္း.. ေၾကာက္တယ္ဆိုတာထက္.. ပိုဆိုးတယ္.. အသက္ကိုမရႉနိုင္တာ။ အဆိုးဆုံးအေျခအေနမွာဆိုရင္.. ႏွလုံးရပ္ၿပီးေတာ့ေတာင္.. ေသသြားနိုင္တယ္"

အဲ့ဒါေၾကာင့္.. ဟိုတစ္ေခါက္ကသူဘတ္စ္ကားေပၚတက္သြားတာကိုေအာက္ကေနလွမ္းၾကည့္ၿပီးျဖဴဖပ္ျဖဴေလ်ာ္ျဖစ္သြားတာကိုး။ အဲ့အခ်ိန္တုန္းက ကားထဲမွာလူေတြျပည့္သိပ္ေနတဲ့အခ်ိန္ေလ။ ၿပီးေတာ့.. အမိုးပြင့္ကား။ ဒီရာသီဥတုမွာ႐ူးေၾကာင္ေၾကာင္နဲ႕အမိုးပြင့္ကားစီးတဲ့သူလို႔စိတ္ထဲကေနက်ိတ္ၿပီးစြပ္စြဲမိခဲ့တာကိုေနာင္တရမိသည္။ ဒါျဖင့္.. ေဂဟာကအျပန္.. သူ႕ေၾကာင့္အမိုးပိတ္စီးေပးခဲ့ရတာေပါ့...

"အဲ့ဒါဆို.. ေဂဟာကအျပန္..ကြၽန္ေတာ့္ေၾကာင့္.. "

"အနားမွာမင္းရွိေနလို႔နဲ႕တူတယ္.. ဘာမွမျဖစ္ခဲ့ဘူး။ ကိုယ့္ကိုယ္ကိုေတာင္ထူးဆန္းေနတာ"

ေဆာ့ဂ်င္မ်က္လႊာခ်ထားမိသည္။ ရင္ထဲမွာလည္းစို႔နင့္သလိုလို.. ဝမ္းနည္းသလိုလိုနဲ႕ လက္ထဲမွေရခဲမုန့္ကိုဇြန္းျဖင့္အေၾကာင္းမဲ့ထိုးစြေနမိလ်က္...

"ေလယာဥ္က်ေတာ့စီးနိုင္တယ္ေပါ့"

"Business class မွာေတာ့စီးနိုင္ပါတယ္။ ဒါေပမယ့္မစီးခင္ဆရာဝန္နဲ႕ေတြ႕ၿပီးစိတ္ကိုျပင္ဆင္ရတာေပါ့"

"ဪ.. "

"ဟင္း.. ဟင္း.. "

"ဘာရယ္တာလဲ"

"မင္းနဲ႕စေတြ႕တုန္းကအျဖစ္ကိုသတိရမိလို႔ပါ။ အဲ့တုန္းက.. ကိုယ္ကေလယာဥ္အၾကာႀကီးစီးရလို႔အရမ္း sensitive ျဖစ္ေနတဲ့အခ်ိန္.. မင္းက.... ဟင္း.. ဟင္း.. ဟင္း"

"ဘာလို႔ခဏခဏရယ္ေနတာလဲ"

"အဲ့တုန္းက.. မင္းကိုယ့္ကိုဘာေျပာခဲ့လဲ"

"ဘာေျပာလို႔လဲ"

မ်က္ႏွာတည္ေလးနဲ႕ပတ္ခနဲျပန္ေမးၿပီးမွသတိရသြားဟန္ျဖင့္နား႐ြက္ဖ်ားေလးေတြကျမန္ဆန္တဲ့အရွိန္ျဖင့္ရဲတက္လာသည္။

"အဲ့.. အဲ့ဒါက.. ဒီအတိုင္း.. အနိုင္ရရင္ၿပီးေရာေျပာလိုက္တာ။ ၿပီးေတာ့.. ဘာမွလည္းမထိမိပါဘူး.. တကယ္ေျပာတာ"

"ဟုတ္ပါၿပီ"

ေျပာပုံက ကေလးတစ္ေယာက္ဂ်ီက်ေနတာကိုနားေအးရင္ၿပီးေရာေခါင္းညိတ္လိုက္ေလ်ာေနရတဲ့ပုံမ်ိဳး။

"တကယ္ပါဆိုမွ"

"ဟင္း.. ဟင္း"

"ဟာ.. "

သူ႕ရဲ႕ေမတၱာတုံးစရာေလးက ျငဴျငဴစူစူေလးသံရွည္စြဲေျပာ၍ မ်က္ေစာင္းထိုးကာအံႀကိတ္ျပသည္။ ထို႔ေနာက္အၾကည့္လႊဲကာေရခဲမုန့္ကိုငုံ႕စားေနပုံေလးက.. အိမ္ျမႇောင္ေလးအစာဖမ္းသလိုပင္။ လက္ဖ်ားေလးေတြနဲ႕စုဆြဲဆုပ္ကိုင္ခ်င္စရာစုစုဖူးဖူး၊ နီနီေထြးေထြးႏႈတ္ခမ္းေလးကိုေငးရင္းၿပဳံးမိသည္။ ေရခဲမုန့္စားၿပီးသြားတဲ့ထိုႏႈတ္ခမ္းေလးေတြကခ်ိဳျမေနမွာလား.. လွ်ာဖ်ားေလးကေရာ.. ေအးစက္ၿပီးေမႊးျမေနမွာလား။ ဒါကိုသူ.. မၾကာမီသိရေတာ့မည္ထင္ပါသည္။

"ဘာ.. ဘာလုပ္တာလဲ"

႐ုတ္တရက္ ေဆာ့ဂ်င္မွီထားသည့္ kitchen counter ေပၚတြင္လက္ေထာက္ကာ နီးကပ္လာတဲ့မ်က္ႏွာတစ္ခုေၾကာင့္ေဆာ့ဂ်င္အလန့္တၾကားျဖင့္ေက်ာေလးကိုေကာ့ထားမိသည္။ သူ႕မ်က္လုံးေတြထဲမလြတ္တမ္းငုံ႕မိုးၾကည့္ေနသည့္စူးရွရွရီေဝေဝအၾကည့္တို႔ႏွင့္ဆုံခိုက္မွာ ရင္ထဲကဒုတ္ခနဲေဆာင့္ခုန္ကာ လက္ထဲမွေရခဲမုန့္ေလးေတာင္လြတ္က်ခ်င္သြားသည္။

"ႏႈတ္ခမ္းမွာ.. ေပေနတယ္"

ေပေနရင္ေပေနတယ္.. ပါးစပ္နဲ႕ေျပာလည္းရတာပဲ.. ဒါမ်ိဳးလုပ္စရာလိုလို႔လား.. ေဆာ့ဂ်င္မ်က္ေစာင္းေလးဝင့္၍မေက်မနပ္ေလးေရ႐ြတ္ကာႏႈတ္ခမ္းကိုသုတ္ဖို႔လက္လွမ္းလိုက္ေပမယ့္ သူ႕လက္ကေလးဟာဖ်တ္ခနဲဆြဲကိုင္ျခင္းခံလိုက္ရၿပီးေနာက္မ်က္ေတာင္တခတ္၊ ပင့္သက္ႏြေးႏြေးတခ်က္ရဲ႕အဖ်ားစြန္းမွာရွာေဖြေတြ႕ရွိသြားတဲ့ႏူးညံ့ျခင္းေတြရဲ႕ေအာက္မွာသူ႕ႏႈတ္ခမ္းေလးတစ္စုံဟာ ရင္ခုန္ေထြျပားစြာေမ်ာပါသြားရသည္။ထိုအခိုက္အတန့္ေလးမွာ..သူတို႔ႏွစ္ဦးၾကားျဖတ္သန္းသြားေသာေလထုသည္ပင္တုန္ယင္ေနသလိုလို..လြတ္က်သြားတဲ့ေရခဲမုန့္ခြက္ေလးကေတာ့ၾကမ္းျပင္ေပၚမွာၿငိမ္သက္လို႔။

မ်က္ႏွာခ်င္းခြာလိုက္ခ်ိန္မွာေတာ့.. မွိတ္ခ်ထားတဲ့မ်က္ေတာင္ဖ်ားေလးေတြျဖည္းျဖည္းခ်င္းလႈပ္ခတ္လာသည္။ လည္တိုင္အေရွ႕အေရျပားကေလးကေတာ့တဖ်တ္ဖ်တ္တုန္ကာအေရွ႕အေနာက္ေ႐ြ႕လ်ားေန၏။

"ေဆာ့ဂ်င္... "

ဖ်တ္ခနဲေမာ့လာတဲ့မ်က္ဝန္းေလးေတြနဲ႕အၾကည့္ခ်င္းတြယ္ၿငိဆဲမွာပင္.. အရည္လဲ့ေနတဲ့မ်က္ဝန္းေလးေတြလက္ခနဲေတာက္ပသြားခ်ိန္ဟာခဏေလးဆိုေသာ္လည္း ထိုခဏေလးက.. တစ္ဘဝစာလုံးထိုလူသားေလးရဲ႕အနားမွခစားဖို႔လုံေလာက္ပါသည္။

"ကိုယ္.. မင္းကို.. ခ်စ္တယ္"

ထိုစကားကိုညင္သာစြာဆိုရင္းေဆာ့ဂ်င္ရဲ႕လက္ဖ်ားေလးကိုဆြဲယူကာ သူ႕ရင္ဘတ္တြင္ကပ္ေစလိုက္သည္။

ဒီအခိုက္တန့္ေလးမွာ..

တိုးလ်တဲ့ေလသံေလးရယ္.. လွပတဲ့စကားလုံးေလးေတြက.. ရင္ခုန္လွိုက္ေမာမႈေတြကိုျဖန့္ခင္းဖို႔သူ႕စိတ္ကိုေျဖေလ်ာ့ေစခဲ့သလား.. သူ႕ရဲ႕ေအးစက္စက္လက္ဖ်ားေလးျဖင့္ဖိကပ္ထားေသာရင္ဘတ္ႏြေးႏြေးေအာက္ကတဒိတ္ဒိတ္ခုန္လႈပ္ေနေသာႏွလုံးသားတစ္စုံကသူ႕ကို႐ူး႐ူးမိုက္မိုက္ေရွ႕ဆက္တိုးခ်င္ေအာင္ညွို႔ငင္ေနသလား.. မေဝခြဲနိုင္ခဲ့ေသာ္လည္း.. သူ႕ခါးကိုတိုးဖက္လာသည့္လက္တစ္စုံကိုလည္းမျငင္းဆန္ခဲ့သလို.. ငုံ႕က်လာတဲ့ႏႈတ္ခမ္းပါးတို႔ရဲ႕ဦးေဆာင္ရာေနာက္သို႔လိုက္ပါဖို႔လည္းအသင့္ျဖစ္ေနပါ၏။

"အင့္"

သူ႕ႏႈတ္ခမ္းထက္တြင္ႀကိမ္ႏႈန္းမွန္မွန္ျဖင့္ လႈပ္ရွားေနသည့္ႏႈတ္ခမ္းပါးတို႔ကႏူးႏူးညံ့ညံ့.. သို႔ေပမယ့္ ျပင္းျပင္းရွရွ။ မြတ္သိပ္စြာ စုပ္ယူခံလိုက္ရတိုင္းပိုမိုတက္ႂကြလာေသာစိတ္တို႔ကထိန္းခ်ဳပ္ရခက္စြာ.. အသက္ရႉဖို႔ေမ့ေနသည္အထိပင္။ ႏႈတ္ခမ္းသားႏွစ္စုံၾကာရွည္စြာၿမဲၿမံေနရာမွၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚေနသည့္ျပင္းျပင္းျပျပအသက္ရႉသံတို႔ျဖင့္ျခယ္မႈန္းထားသည့္ည.. ထိုညေလးတြင္ၾကယ္စင္တစ္ခ်ိဳ႕ေႂကြၾကၿပီးၾကယ္စင္တစ္ခ်ိဳ႕ျပန္လည္ရွင္သန္ထေျမာက္လာၾကသည္။

"ဟင့္.. အင္းး"

ရွည္ၾကာထက္သန္ေသာအနမ္းေတြႏွင့္ေမ်ာလြင့္ေနခဲ့ၿပီးမွမခံမရပ္နိုင္ေအာင္ေမာဟိုက္ပင္ပန္းလာတဲ့ေဆာ့ဂ်င္က 'ဟင့္အင္း' ဟူေသာမသဲမကြဲအသံေလးႏွင့္အတူလူးလြန့္ကာေခါင္းေလးကိုငဲ့ေစာင္း၍လူးလြန့္ဖို႔ႀကိဳးစားသည္။ သူကေဆာ့ဂ်င္ရဲ႕ခႏၶာကိုယ္ေလးကိုေျဖေလွ်ာ့လႊတ္ေပးလိုက္ေပမယ့္နဖူးခ်င္းထိကပ္ထားသည္။ မ်က္လႊာေလးခ်ကာ အသက္ကိုအလုအယက္ရႉေနသည့္ သူ႕မ်က္စိေရွ႕ကအရွက္သည္းေနတဲ့အလွတရားေလးကသိပ္ကိုလွလြန္းသည္။ စာဖြဲ႕လို႔မမီေလာက္ေအာင္ျပည့္စုံတဲ့အလွတရားေတြနဲ႕တင့္တယ္ေနတဲ့သူ႕ရဲ႕အံ့ဖြယ္လူသားေလး...

ရဲပေတာင္းခတ္ေနတဲ့မ်က္ႏွာေလးအႏွံ႕အသည္းတယားယားႏွင့္ႏွာေခါင္းျဖင့္ဖိကပ္နမ္းမိေတာ့သူ႕ရင္ဘတ္ကိုလက္ေလးႏွစ္ဖက္ျဖင့္စုံတြန္းလာသည္။

"ျပန္.. ေတာ့"

အသက္ေတာင္အနိုင္နိုင္ရႉေနရသည့္ၾကားမွေခါင္းကိုမေဖာ္တမ္းငုံ႕ကာသူ႕ကိုတံခါးနားထိေရာက္ေအာင္အတင္းတြန္းထုတ္သည္။

"တကယ္.. ျပန္ရ... ဟာ!"

~ဂ်ေလာက္~

~ဂ်ိန္း~

သူ႕မွာစကားေတာင္ဆုံးေအာင္ေျပာခြင့္မရဘဲအျပင္ဘက္သို႔လြင့္ထြက္သြားသည္။ သူ႕ကိုတစ္ခ်က္ေလးေတာင္မ်က္လုံးေဆြၾကည့္ေဖာ္မရတဲ့ေမတၱာတုံးေလးကသူလည္းအျပင္ေရာက္တာနဲ႕တံခါးကိုဂ်ိန္းခနဲေဆာင့္ပိတ္လိုက္သည္။ သူကေတာ့.. ဒီအျပဳအမူေလးေတြကိုပဲခ်စ္မဝနိုင္ေအာင္ရယ္ေနမိတာအ႐ူးတစ္ေယာက္လို။

"အဲ့နားမွာပဲရွိေနေသးတာသိတယ္ေနာ္"

တံခါးနားကပ္ကာသူေျပာလိုက္ေတာ့အထဲကျပန္ေျဖသံမၾကားရေပမယ့္လႈပ္ရွားသြားတဲ့ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံေလးေတြေၾကာင့္ၾကည္ၾကည္ႏူးႏူးၿပဳံးလိုက္ရင္း..

"ဒီည.. အိပ္ေပ်ာ္ပါ့မလား.. မေသခ်ာေပမယ့္... အိပ္ေပ်ာ္ခဲ့ရင္.. အိပ္မက္လွလွမက္ပါေစ.. ကိုယ့္ရဲ႕အံ့ဖြယ္လူသားေလး"

ေဆာ့ဂ်င္.. တံခါးကိုမွီကာေဆာင့္ေၾကာင့္ေလးထိုင္ခ်လိဳက္သည္။ တျဖည္းျဖည္းေဝးကြာသြားတဲ့ေျခသံခပ္တိုးတိုးကိုတံခါးတြင္နားကပ္ကာအငမ္းမရနားေထာင္ေနရင္းက.. ေျခသံေလးေတြကြယ္ေပ်ာက္သြားတာနဲ႕ ရင္ထဲမွာအစိတ္အပိုင္းတစ္ခုေပ်ာက္ဆုံးသြားသလိုဟာတာတာႀကီးျဖစ္က်န္ခဲ့လ်က္..

"မဟုတ္ဘူး.. မဟုတ္ဘူး.. အဲ့ဒါ ေဟာ္မုန္းေၾကာင့္ျဖစ္တာ... "

ေဆာ့ဂ်င္.. သူ႕မ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္အုပ္ကာေအာ္ေနမိတာေသြး႐ူးေသြးတန္း။

"ဟုတ္တယ္.. ေဟာ္မုန္းေၾကာင့္.. "

"ငါ.. ဘယ္သူနဲ႕မွမဒိတ္တာၾကာေတာ့.. testosterone ေတြကဆႏၵျပတာ.. ဟုတ္တယ္.. ဘာမွမဟုတ္ဘူး.. ဒီအတိုင္း.. pituitary gland ရဲ႕ လႈံ႕ေဆာ္မႈတစ္ခုပဲ.. "

သူ႕ကိုယ္သူဘယ္ေလာက္တရားေတြျပ,ျပ.. ပညာေတြေပး,ေပး.. ဒိတၳိျဖစ္ဟန္တူေသာသူ႕ႏွလုံးသားကေတာ့အထဲကေနဒိတ္ခနဲ, ဒိတ္ခနဲ ေဆာင့္,ေဆာင့္တိုးေနေလရဲ႕။

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

ကဲ..
ေပ်ာ္စရာေတြေပးတုန္းေပ်ာ္ထားၾကေနာ္။ ေနာက္မွဘာျဖစ္တယ္.. ညာျဖစ္တယ္ဆိုၿပီးအျပစ္မတင္ၾကနဲ႕။ အျပစ္တင္လည္းဂ႐ုမစိုက္ပါဘူး။ ကိုယ္ကေရးခ်င္ရာေရးမွာ ဆိုေပမယ့္...

.
.
.

ေရးခ်င္ရာေရးလိုက္ရင္ motherless child ျဖစ္သြားမွာေပါ့ကြယ္။ မလုပ္ရဲပါဘူး.. ေၾကာက္ပါတယ္.. ဟဲ..ဟဲ

ေနာက္တစ္ထု..

ဒါေလးကို mature မ on ပါဘူးေနာ္
ဖမ္မလီ ဖရန့္ဒလီး ပဲေရးမွာပါ 😁
အဲ့ဒါေၾကာင့္မည္သူမဆိုရဲရဲတင္းတင္းဖတ္နိုင္ပါတယ္။ လက္ေခ်ာင္းၾကားထဲကေခ်ာင္းစရာမလိုေတာ့ဘူးေပါ့

Continue Reading

You'll Also Like

9.6K 1.1K 8
"ဒီည ကိုယ်သခင်လေးမလုပ်တော့ဘူး မင်းက သခင်လေးလုပ်လိုက် ကလေး ကိုယ်က မင်းကို စောင့်ရှောက်မယ်"
369K 10.9K 85
The starting of the story mainly it is your point of view, you, unlike any other girl, is in love with their song instead of the Bangtan members. Rea...
43.8K 5.3K 31
လက်ဝှေ့မှလက်ဝှေ့...ဘယ်ချိန်မဆိုလက်သီးကအဆင်သင့်ဖြစ်နေတဲ့ကောင်လေးနှင့်...ဖိုက်တာလေးကိုမှအသည်းစွဲချစ်ပါတယ်ဆိုတဲ့ပျိုတိုင်းရဲ့အသည်းကျော်သူဌေးသားလေးတို့ရဲ...
3K 231 6
ချာတိတ်က ကိုယ့်ရဲ့ ကြယ်.... ဦးငယ်စောင့်နေတဲ့ တပွင့်တည်းသောကြယ်....⭐