Unicode
ရက်နှစ်ဆယ်အကြာတွင်—
ရှီယွင်နန်တစ်ယောက် လေယာဉ်ပေါ်က ဆင်းတာနဲ့ မသမ်းဘဲ မနေနိုင်တော့။
သူက အနားယူဖို့ဆို သတ်မှတ်ချက်မြင့်တွေရှိတယ်(ကြုံရာကျပန်း အနားမယူနိုင်ဘူး)။လေယာဉ်ရဲ့ အင်ဂျင်သံက နားကြပ်နဲ့တောင် ကာဖို့ ခက်ခဲပြီး တစ်ခါတလေ လေစီးကြောင်းလှိုင်းထန်တာမို့ ကောင်းကောင်း အနားယူလို့မရ။
အချိန်ကွာခြားချက်ကြောင့် လူတစ်ကိုယ်လုံးမှာ ပင်ပန်းနွမ်းနယ်နေ၏။
"ပင်ပန်းနေပြီလား?" လော့လင်းရှန်းက သူ့ကို စိုးရိမ်စွာ ကြည့်လာသည်။ "တရုတ်မှာ ကျန်နေခဲ့ဖို့ ကိုယ်ပြောသားပဲ။ ကိုယ်နဲ့ လိုက်လာစရာမလိုပါဘူး။"
ရှီယွင်နန် နှင့် ယွမ်မိသားစုအကြား ရင်းနှီးမြှုပ်နှံသည့်ပူးပေါင်းဆောင်ရွက်မှုမှာ ချောချောမွေ့မွေ့ပြီးသွားပြီး၊ ဒီဇိုင်နာများအား လိုက်ငှါးသည့်အချိန်တွင် ယွမ်ရွေ့ကလည်း သူရဲ့ ဒေါသလေးကို ထိန်းထားနိုင်ခဲ့သည်။
၎င်းတို့ထဲမှ တစ်ယောက်မှာ ကျောက်စိမ်းလည်ဆွဲကို စေ့စေ့စပ်စပ် ဖန်တီးရာတွင် တာဝန်ယူထားပြီး၊ အခြားတစ်ယောက်မှာ တွဲဖက်ဒီဇိုင်းနာများ စုဆောင်းရာတွင် တာဝန်ယူထားသည်။ အခုထိတော့ အားလုံးက အဆင်ပြေနေလေပြီ။
"လူကဖြင့် ဒီရောက်နေပြီ၊ ဒီစကားပြောဖို့ အရမ်းနောက်ကျလွန်းနေပြီမလား မစ္စတာလော့?"
ရှီယွင်နန်က လော့လင်းရှန်းလည်စီးအား သေချာပြန်ပြင်ပေးရန် ကိုယ်လေးကို ကိုင်းလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။ "လေးငါးရက်လောက်ပဲလေ။ ခင်ဗျားအတွက် ဒီအချိန်တွေကို ဖြုန်းရတာ ကျွန်တော် အရမ်းပျော်ပါတယ်။"
ထိုသို့ပြောပြီးနောက် သူက လော့လင်းရှန်းရဲ့ နှုတ်ခမ်းပါးပါးလေးအား နမ်းလိုက်သည်။
ဖြတ်သွားတဲ့ ခရီးသည်တစ်ဦးမှာ သူတို့နှစ်ယောက်ရဲ့ ရင်းရင်းနှီးနှီးဆက်ဆံရေးကိုမြင်ပြီး ဖော်ရွေစွာ ဂုဏ်ပြုပေးလာသည်။ "ကွန်ဂရက်ကျူလေးရှင်း! မင်းတို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်!"
ရှီယွင်နန် ပြုံးကာ ဖြတ်သွားဖြတ်လာတွေရဲ့ ကောင်းချီးစကားအား အင်္ဂလိပ်စကားနဲ့ ပြန်တုံ့ပြန်လိုက်သည်။
ယာဉ်မောင်းကို ဖုန်းဆက်ပြီးသွားတဲ့ ချင်ကျန်းလည်း ဘေးကို လျှောက်လာ၏။ "ခေါင်းဆောင်၊ ကားမောင်းသမားက ဂိတ် R11 မှာ စောင့်နေပါတယ်။ ကျွန်တော်တို့ အဲ့ကို သွားလို့ရပြီ။"
နာရီကို ငုံ့ကြည့်လိုက်တော့ US အချိန် နေ့ခင်းတစ်နာရီပင်။
"ခေါင်းဆောင်၊ ကျွန်တော်တို့အရင်အနားယူဖို့ ဟိုတယ်ကို ပြန်ကြမလား? ဒါမှမဟုတ် ဘန့်စ်အဖွဲ့ရဲ့ ကျန်းမာရေးစင်တာကို တန်းသွားကြမလား?"
လော့လင်းရှန်းက နောက်ဆက်တွဲဆောင်ရွက်ရာတွင် ကိစ္စရပ်များအဆင်ပြေချောမွေ့စေရန်၊ တစ်ကိုယ်လုံး ထပ်စစ်ဆေးဖို့ လာလိုက်တာပင်။ လေးရက်ကနေ ငါးရက်ထိ ကြာနိုင်လေသည်။
ရှီယွင်နန်ကတော့ မနေ့ကပင် သူရဲ့ ကျောက်စိမ်းလည်ဆွဲကို အပြီးသတ်နိုင်ခဲ့သည်။ လကုန်၊ လက်ဝတ်ရတနာဒီဇိုင်းလေလံပွဲမစခင်၊ အချိန်တစ်ပတ်လိုသေး၏။ အချိန်ရသေးတာကြောင့် သူက လော့လင်းရှန်းနောက်ကနေ လိုက်လာဖို့ ဆုံးဖြတ်ခဲ့သည်။
"အရင်ဆုံး အနားယူဖို့ ဟိုတယ်ကို သွားမယ်။ ဘန့်စ် အဖွဲ့နဲ့ ချိန်းထားတာကို မနက်ဖြန်မနက် ပြန်ချိန်းလိုက်။ "
လော့လင်းရှန်းက သူ့အတွက်သာ ရွေးချယ်ရမယ်ဆို၊ စစ်ဆေးဖို့ ချက်ချင်းတန်းသွားလိုက်မှာပင်။ သူလို အလုပ်များတဲ့ လူအတွက်တော့ အချိန်က ငွေပမာဏနဲ့ ညီမျှလေသည်။
ဒါပေမယ့် အခုတော့ ရှီယွင်နန်လည်း ပါလာပြီး၊ သူ့မှာ အချိန်ကွာခြားချက်ကြောင့် ပင်ပန်းနွမ်းနယ်နေတာကို လော့လင်းရှန်း မကြည့်ရက်ပေ။
ချင်ကျန်းကလည်း သဘောပေါက်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဘန့်စ်ကျွမ်းကျင်ပညာရှင်အဖွဲ့မှာ ပုဂ္ဂလိကဆေးကုသရေးအဖွဲ့ဖြစ်သည်။ လော့လင်းရှန်းက သူမလာခင်၊ တစ်ဖက်လူရဲ့ တစ်ပတ်လုံးလုံး ဆေးကုသသည့်အချိန်ဇယားကို စာချုပ်ချုပ်ဆိုထားသောကြောင့် သူလိုချင်တဲ့ အချိန်ကို ခြွင်းချက်မရှိ ချိန်းဆိုနိုင်လေသည်။
ရှီယွင်နန်ကတော့ ဝင်ပြောဖို့အတွက် သူ့မှာ အလွန်ပင် အိပ်ငိုက်နေသည်။ လော့လင်းရှန်းက အစီအစဉ်မှာ သူ့ကို ထည့်သွင်းစဉ်းစားပေးတာမို့ သူတကယ်ပဲ ပျော်ရွှင်မိသည်။
...
နောက်နေ့မနက်၊ နယူးယောက်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွင်—
ရှီယွင်နန်သည် လော့လင်းရှန်း ပုဂ္ဂလိက ကျန်းမာရေးစင်တာသို့ သွားရာတွင် အဖော်လိုက်ပေးလာသည်။
လော့လင်းရှန်းအတွက်တော့ ဒီကိုလာတာ ပထမဆုံးအကြိမ် မဟုတ်။ သူနာပြုတွေအားလုံးမှာ တရုတ်ပြည်က ချောပြီး ချမ်းသာတဲ့ လူနာကို မှတ်မိကြလေသည်။ သူတို့က လော့လင်းရှန်းအား ဆရာဝန်-လူနာ ကတိပြုချက်စာရွက်တွင် လက်မှတ်ထိုးခိုင်းပြီး၊ စစ်ဆေးတဲ့ စင်တာထဲသို့ တွန်းကာ ခေါ်သွားကြသည်။
တံခါးပိတ်သွားသည့် အသံနဲ့အတူ၊ အေးစက်နေသည့် သံတံခါးက ရှီယွင်နန်အား အပြင်တွင် ပိတ်ဆို့ထား၏။ သူ့မှာ တစ်ခုခုပြောဖို့ အချိန်တောင်မရလိုက်။
ဘာကြောင့်မှန်းမသိ၊ သူ စိုးရိမ်နေကာ သက်ပြင်းချလိုက်မိသည်။
"မစ္စတာရှီ၊ ခေါင်းဆောင်က တရားဝင် အော်ပရေးရှင်း မစသေးပါဘူး။ ဒါက သူ့ခန္ဓာကိုယ်ကို ဘာမှမထိခိုက်စေတဲ့ ပုံမှန်စစ်ဆေးတာလေးပါ။" ရှီယွင်နန်ရဲ့ စိတ်အတက်အကျကို သတိထားမိသွားတဲ့ ချင်ကျန်းက သက်သာစေရန် နှစ်သိမ့်ပေးလိုက်သည်။
လော့လင်းရှန်းရဲ့ ခြေထောက်ဒဏ်ရာကြောင့်၊ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ်၊ သူတို့မှာ ဒီလိုစစ်ဆေးမှုမျိုး အကြိမ်တစ်ရာမက ကြုံးဖူးခဲ့ဖူးကြသည်။
အချိန်ကြာလာတာနဲ့အမျှ၊ လော့လင်းရှန်းကော၊ ယွမ်မုန်လို လက်အောက်ငယ်သားတွေပါ ဒါမျိုးကို ကျင့်သားရလာကြ၏။
"ဒီလိုစစ်ဆေးတာက ခန္ဓာကိုယ်ကို မထိခိုက်မှန်း ကျွန်တော်သိပါတယ်။" ရှီယွင်နန်က တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့ တံခါးကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။ "စစ်ဆေးတဲ့ ရလဒ်က သူ့ကိုထပ်နာကျင်စေမှာ စိုးလို့ပါ။"
တခါတလေ၊ ပျက်ဆီးသွားတဲ့မျှော်လင့်ချက်တွေဟာ လုံးဝမျှော်လင့်လို့မရတော့တဲ့ ရလဒ်ဆိုးထက်ပိုနာကျင်ရသည်။
လော့လင်းရှန်းရဲ့ စရိုက်က ချဉ်းကပ်ဖို့ မလွယ်ဘူးလို့ တခြားသူတွေ ပြောကြပေမယ့် ရှီယွင်နန်ကတော့ ဒါကို တိတ်တိတ်လေးဝမ်းသာနေမိ၏-
သူ့ချစ်သူ၊ အသွေးထဲအသားထိ မော်ကြွားနေတဲ့ ထိုလူက စစ်ဆေးပြီးတိုင်း ရလဒ်ဆိုးကြောင့် စိတ်ပျက်ပြီး ရူးမသွားတာကပင် အလွန်ကောင်းလှနေပြီ။
"....."
အခုတော့ ချင်ကျန်းနှုတ်ဆိတ်သွားသည့် အလှည့်ပင်။
"လော့မိသားစု ခေါင်ဆောင်" ဖြစ်လာသည့် လော့လင်းရှန်းက ပြင်းထန်တဲ့တိုက်ပွဲတွေကနေ သင်ယူပြီး လူတွေအပေါ် အလွယ်တကူ လွှမ်းမိုးနိုင်တာလို့ သူတို့က အခိုင်အမာယုံကြည်ထားကြ၏။ သူတို့က ဒါကိုပဲ အမှန်လို့မှတ်ယူထားပြီး မေ့နေကြတယ်-
"လော့ခေါင်းဆောင်" ဆိုတဲ့ ရာထူးကိုဘေးဖယ်ထားရင် လော့လင်းရှန်းက နှစ်တွေအများကြီး မအောင်မြင်ဘဲ ဆရာဝန်ကို ရှာနေရသည့် လူနာတစ်ဦးမျှသာပင်။
မစ္စတာရှီက အခြားသူတွေ မမြင်နိုင်တဲ့ အားငယ်တဲ့စိတ်ကို မြင်နိုင်တယ်။ ခေါင်းဆောင် သူ့ကို ချစ်တာမထူးဆန်းတော့ပါဘူး။
သူစဉ်းစားနေချိန်မှာပဲ၊ ဧည့်ခံတဲ့သူနာပြုက ကော်ဖီပူပူလေးနဲ့ ရေနွေးနွေးလေးကို ယူလာပေး၏။ "လူကြီးမင်းတို့၊ ဘေးကဧည့်ခန်းမှာ ဘာလို့ သွားထိုင်စောင့်မနေကြတာလဲ? မစ္စတာလော့ စစ်ဆေးတာက တစ်နာရီခွဲလောက် ကြာအုံးမှာ။"
ရှီယွင်နန် ကော်ဖီခွက်ကိုယူကာ ချင်ကျန်း နှင့် ယွမ်မုန်အား အထဲဝင်ပြီး စောင့်နေဖို့ လက်ဟန် ပြလိုက်သည်။
ချင်ကျန်းလည်း ရှီယွင်နန်တစ်ယောက် ဆိတ်ငြိမ်တဲ့နေရာလိုအပ်တယ်လို့ ထင်ကာ ဘာမှမပြောဘဲ ယွမ်မုန်နဲ့ ထွက်သွားလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရှီယွင်နန်က စစ်ဆေးခန်းအဝင်ပေါက်ရှိ သံထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
"ဒီက လူကြီးမင်းက၊ မစ္စတာလော့ရဲ့ ကောင်လေးလားဆိုတာ ကျွန်မမေးကြည့်လို့ရမလားရှင့်?" သူနာပြုမှာ သိချင်စိတ်ကို မထိန်းထားနိုင်တော့။
ရှီယွင်နန် ခဏမျှ မှင်တက်သွားပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့က လက်ထပ်ပြီးသွားပြီ။"
သူနာပြုမှာ ထိုအဖြေကိုကြားတော့ သူမရဲ့မျက်လုံးများက ရုတ်တရက် ကောင်းချီးပေးတဲ့ အရိပ်အယောင်များဖြင့်တောက်ပသွားတော့ပါသည်။ "ကွန်ကရက်ကျူလေးရှင်းပါ။ ရှင်နဲ့ မစ္စတာလော့က တကယ်လိုက်တယ်။"
"ကျေးဇူးတင်ပါတယ်။" ရှီယွင်နန် အပြုံးလေးနဲ့ ပြန်ပြောလိုက်သည်။
"မစ္စတာ ရှင်သိလား? ရှင့်ကို ကျွန်မတို့ ဌာနက သူနာပြုတွေ အရမ်းအားကျကြတာ။"
ရှီယွင်နန် မျက်ခုံးပင့်ကာ
"ကျွန်တော့ကို အားကျတယ်?"
သူက စကားစမြည်လာပြောနေသည့် သူနာပြုကို မကျေမနပ် မဖြစ်ပေ။ သူစိုးရိမ်နေတာကို အာရုံလွဲအောင်လုပ်ပေးလို့ ပိုတောင်ကျေးဇူးတင်မိသည်။
"ဟုတ်တာပေါ့။"
" မစ္စတာလော့ ပထမအကြိမ် စစ်ဆေးရတုန်းက ဆေးရုံလာတာနဲ့ သူနာပြုတော်တော်များများ သဘောကျသွားကြတာ။ ကျွန်မရဲ့ လက်ရဲဇက်ရဲ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်သုံးယောက်ဆို ရုံးပိတ်ချိန်ကြီးမှာတောင် သူ့ဖုန်းနံပါတ်ကို အပြေးအလွှားလာတောင်းကြတာ။"
"ဒါမယ့် ကံမကောင်းစွာနဲ့ပဲ၊ သူတို့အားလုံး မအောင်မြင်ကြဘူး။"
ရှီယွင်နန်ကတော့ နောက်ဆုံးရလဒ်ကို မျှော်လင့်ထားပြီးသားမို့ မပြုံးဘဲ မနေနိုင်တော့။ "ဘာလို့ ငြင်းလိုက်တာတဲ့လဲ?"
"မစ္စတာလော့က သူ့နှလုံးသားထဲမှာ ချစ်ရမယ့်သူ ရှိပြီးသားတဲ့။"
"....."
နှလုံးသားထဲက ချစ်သူ?
ထိုစကားကြောင့် ရှီယွင်နန် အံ့အားသင့်သွားတော့သည်။ သူမှတ်မိတာမှန်ရင်-
အရင်တခေါက် လော့လင်းရှန်း ဒီကိုလာစစ်ဆေးတုန်းက သူတို့နှစ်ယောက်မတွဲသေးသလို နားလည်မှုလွဲနေကြတာလေ။
ဒီလိုအခြေအနေမျိုးမှာ လော့လင်းရှန်းက သူ့အကြောင်းကို ဒီလိုပြောခဲ့တာလား?
သူနာပြုကတော့ ရှီယွင်နန်ရဲ့ အတွင်ခံစားချက်တွေကို မသိတာကြောင့် ဆက်ပြောလာသည်။ "အစက ဒေါက်တာဘန့်စ်က လေးရက်ကြာ စစ်ဆေးပြီး၊ ပြန်လည်ထူထောင်ကုသဖို့ကိုပါ စီစဉ်ထားတာ။ ဒါမယ့် မစ္စတာလော့က သုံးရက်အတွင်း အမြန်ပြီးအောင်လုပ်သွားတာလေ။"
"နောက်မှ ကျွန်မတို့လည်း သိရတာ။ မစ္စတာလော့က သူ့ချစ်သူကို ဆက်သွယ်မရလို့ တရုတ်ပြည်ကို အမြန်ပြန်ဖို့ လုပ်နေတာတဲ့။"
"မစ္စတာ၊ ဘယ်သူက ဒီလိုရင်ထဲနက်နက်ရှိုင်းရှိုင်းချစ်တဲ့သူကို မလိုချင်ဘဲနေမှာလဲ? သေချာပေါက် ရှင်က ကျွန်မတို့ အားကျတာနဲ့ ထိုက်တန်တယ်။"
ရှီယွင်နန်ရဲ့ လက်ဖဝါးလေးမှာ ကော်ဖီပူပူလေးကြောင့် နွေးထွေးသွားပြီး သူ့နှလုံးသားလေးပါ နွေးထွေး ခုန်ပေါက်နေသည်။ လော့လင်းရှန်းက သူ့ရှေ့မှာတော့ အေးတိအေးစက် ဂရုမစိုက်သလိုနေနေပြီး၊ ဒီလိုမျိုးစိတ်ရှိတယ်လို့ သူ့ကို တစ်ခါမှ မပြောဖူးဘူးလေ။
ဒါပေမယ့်၊ အခြားသူတွေရဲ့ ပါးစပ်ကနေ "အားကျရတဲ့လူ" ဖြစ်လာတော့ သူပြောမပြတတ်စွာ ကျေနပ်မိသည်။
...
နောက်ဆုံးတော့ တစ်နာရီခွဲ စစ်ဆေးခြင်းက ပြီးဆုံးသွားလေပြီ။
လော့လင်းရှန်းတစ်ယောက် ဝီးချဲလ်နဲ့ ထွက်လာသည့်အခါ၊ ကြုံတောင့်ကြုံခဲ တစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်သည့် ပုံလေးကို မြင်လိုက်ရသည်။
ရှီယွင်နန်မှာ ဒီတိုင်း မနေနိုင်တော့။ "ဘာလို့ အရမ်းပင်ပန်းနေတာပါလိမ့်?"
"စိတ်မပူပါနဲ့၊ ဒါက လိုအပ်တဲ့ မတ်တပ်ရပ်ပြီး လမ်းလျှောက်တာရဲ့ စမ်းသပ်ချက်ကြောင့်ပါ။"
အရပ်ရှည်ရှည်နဲ့ အမျိုးသားဆရာဝန်တစ်ယောက်က စစ်ဆေးသည့် အခန်းထဲကထွက်လာပြီး ရှင်းပြလာသည်။
"မစ္စတာလော့ မင်းရဲ့ စစ်ဆေးချက်အာနိသင်တွေက ခွဲစိတ်စံနှုန်းတွေနဲ့ ကိုက်ညီတယ်။"
ထိုလူက ဒေါက်တာဘန့်စ်ပင်။
"ဒါမယ့် ခွဲမစိတ်ခင် အတိုင်းအတာတစ်ခုအထိ ခွဲစိတ်ဖို့အကြိုလေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။"
"ခွဲစိတ်ဖို့ အကြိုလေ့ကျင့်ခန်း?"
"ဟုတ်ပါတယ်၊ မစ္စတာလော့ရဲ့ အခြေအနေက ကြွက်သွားတွေချည့်နဲ့လာပြီး အထိုင်များတဲ့ တခြားလူနာတွေနဲ့ မတူဘဲ၊ ကျွန်တော် ထင်ထားတာထက် အများကြီး ပိုကောင်းနေတယ်..."
ဒါပေမယ့် လော့လင်းရှန်းကတော့ မတူပေ။ သူက ခြေထောက်ဒဏ်ရာရပြီးနောက် ပြန်လည်ထူထောင်သည့် လေ့ကျင့်ခန်းတွေကို ဘယ်တော့မှ လက်မလွှတ်ခဲ့ပေ။
"ဒေါက်တာMichele နဲ့ ဆွေးနွေးပြီးပါပြီ။ အဆင်ပြေတဲ့ ခွဲစိတ်အကြိုလေ့ကျင့်ခန်းက မစ္စတာလော့ရဲ့ အာနိသင်ကို ပိုတိုးတက်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုအခြေအနေမျိုးဆို၊ အောင်မြင်နှုန်းက ပိုတိုးလာနိုင်တယ်။"
"သေချာပေါက် ဒါက ကောင်းတဲ့ ယူဆချက်ပါ။" ဒေါက်တာဘန့်စ်က ခဏတန့်ကာ ဆက်ပြောလာသည်။
"ဒါမယ့် ကြိုပြောထားရမှာက၊ ခွဲစိတ်တာ အရမ်းအောင်မြင်တယ်ဆိုရင်တောင် ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေက မလွယ်လောက်ဘူး။ ကျေးဇူးပြုပြီး စိတ်ကို ကြိုပြင်ဆင်ထားပါ မစ္စတာလော့။"
လော့လင်းရှန်းက သူ့ကိုယ်သူ တစ်နှစ်ပတ်လုံး မှောင်မည်းနေသည့် ချောက်ကမ်းပါးအောက်က အလင်းရောင်မှိန်ဖျော့ဖျော့လေးကို လှမ်းဖမ်းဆုတ်ဖို့ကြိုးစားနေသည့်သူလို့ ထင်မိသည်။ သူ့ရဲ့ တင်းမာနေသည့်စိတ်မှာ ပြေလျော့သွာတော့၏။
"ကျွန်တော် နားလည်ပါပြီ။"
"ဖြစ်နိုင်ရင် နောက်သုံးရက်အတွင်း ဒေတာစောင့်ကြည့်ဖို့ ကျွန်တော်တို့ဌာနကို ပြန်လာပေးပါ။ အရင်တစ်ခေါက်လို လေယာဉ်လက်မှတ်ဝယ်ပြီး အလောတကြီး ပြန်သွားတာမျိုး မလုပ်ပါနဲ့။"
ဒေါက်တာဘန့်စ်က သူ့ကို စလိုက်သည်။
လူနာ စိတ်အခြေအနေ ပိုကောင်းလေလေ၊ သေချာပေါက် သူတို့ဆရာဝန်တွေအတွက်လည်း ပိုကောင်းလေလေပေါ့။
လော့လင်းရှန်းက အရင်တခေါက် သူအတွေ့အကြုံကို ပြန်မှတ်မိသွားပြီး၊ ရှီယွင်နန်ကို ကြည့်လိုက်သည်။
သူနာပြုဆီက အမှန်တရား သိလိုက်ရတဲ့ ရှီယွင်နန်မှာ အကြည့်ချင်းဆုံတော့ ချက်ချင်း ပြုံးပြလိုက်၏။ "ဒေါက်တာဘန့်စ်၊ ဒီတစ်ခါတော့ သူထွက်ပြေးလို့မရတော့ဘူး။ ကျွန်ေတော်ကိုယ်တိုင် စောင့်ကြပ်ပေးဖို့ လိုက်လာတာ။"
"....."
"မင်းသိနေတယ်လား?" လော့လင်းရှန်းက တရုတ်ဘာသာဖြင့် အမြန်တုံ့ပြန်လာသည်။
ရှီယွင်နန်က ဖုံးကွယ်ထားမနေပေ။ "သူနာပြုဆရာမ ပြောတာ။"
ဒေါက်တာဘန့်စ်မှာ သူတို့နှစ်ယောက်ကြား အပြန်အလှန်စကားကို နားမလည်သော်လည်း ဥာဏ်ကောင်းသူမို့ ရှီယွင်နန်ဘယ်သူဖြစ်သည်ကို အမြန် ခန့်မှန်းလိုက်နိုင်သည်။ "ဒါဆို ကောင်းတာပေါ့။ မင်းက မစ္စတာလော့ရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်ပဲ။"
နိုင်ငံခြားသားတွေက စကားပြောလာရင် အမြဲတည့်တိုးဆန်ကြလေသည်။
ရှီယွင်နန် နှင့် လော့လင်းရှန်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိကြသည်။
စစ်ဆေးချက်ရလဒ်က မျှော်လင့်ထားတာထက် ပိုကောင်းနေတာကြောင့် နှစ်ယောက်စလုံးမှာ စိတ်အခြေအနေ ကောင်းနေကြ၏။
"စိတ်ချထားပါ မစ္စတာလော့၊ အလွန်အကျွံ ဒဏ်ရာမရအောင် မင်းရဲ့လေ့ကျင့်ခန်းကို အဆင်ပြေသလို ပြန်လျှော့ချပေးပါ့မယ်။ အခုပြန်ပြီး ထမင်းသွားစားလို့ရပါပြီ။"
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဒေါက်တာဘန့်စ်။"
ဒီစကားကတော့ ရှီယွင်နန် ပြန်ဖြေလိုက်တာဖြစ်၏။
ဒေါက်တာဘန့်စ် နှင့် သူနာပြုအားလုံး ထွက်သွားပြီးနောက် လော့လင်းရှန်းက ရှီယွင်နန်ဆီ အာရုံပြန်စိုက်လာကာ မေးလာသည်။ "အပြင်မှာ စောင့်နေရတာပင်ပန်းနေပြီလား?"
"ပင်ပန်းပါဘူး ခင်ဗျားနဲ့ယှဉ်ရင် ကျွန်တော်က ဘယ်လိုလုပ် ပင်ပန်းမှာလဲ?"
ရှီယွင်နန်က သူတစ်ငုံသာ သောက်ရသေးသည့် ကော်ဖီအား သူ့ချစ်သူလက်ထဲသို့ ကမ်းပေးလိုက်သည်။ "ဒီကော်ဖီက ကျွန်တော့်အတွက် အရမ်းခါးတယ်။"
လော့လင်းရှန်းက တိတ်တဆိတ်နဲ့ပဲ ယူလိုက်ပြီး ရုတ်တရက် သူ့အိတ်ကပ်ထဲကနေ သကြားလုံးလေး တစ်လုံးကို ထုတ်လိုက်သည်။
၎င်းဟာ ရင်းနှီးနေတဲ့ သစ်သီးသကြားလုံးလေးပင်။
ရှီယွင်နန်က အပြုံးလေးနဲ့ ယူလိုက်၏။ သကြားလုံးလေး သူ့ပါးစပ်ထဲမရောက်ခင် သူက အချိုဓာတ်တွေ ရနေလေပြီ။ "ဘာလို့ သကြားလုံးတွေကို ခင်ဗျားကိုယ်ပေါ်မှာ အချိန်တိုင်းသိမ်းထားတာလဲ? အရင်တခေါက် ပေးတုန်းကကြ မကြိုက်ဘူးဆို?"
"ကိုယ် မကြိုက်တာ မဟုတ်ပါဘူး။" လော့လင်းရှန်းက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလာသည်။
သူက ရှီယွင်နန် သူ့ပါးစပ်ထဲ သကြားလုံးလေးထည့်နေတာကို ကြည့်ပြီး ထပ်ထည့်ပြောလိုက်သည်။ "မင်းကြိုက်ရင် ကိုယ်မင်းအတွက်သိမ်းထားပေးမယ်။"
ရှီယွင်နန် ဘယ်ညာကြည့်ကာ လော့လင်းရှန်းနှုတ်ခမ်းပေါ်မှ အနမ်းတစ်ခုအား အမြန်ခိုးယူလိုက်သည်။ အချိုဓာတ်လေးတွေ ပြန့်သွား၏။
"လော့လင်းရှန်း"
"ဟမ်?"
"ကျွန်တော် ခင်ဗျားကို ပိုပိုသဘောကျလာသလိုပဲ။"
ရှီယွင်နန်က ချစ်တယ်ဆိုတဲ့စကားကို အလွယ်တကူထုတ်ပြောတတ်သူမဟုတ်။ ဖြစ်နိုင်ရင်၊ တစ်နေ့ ထိုစကားသုံးလုံးကို လော့လင်းရှန်းကိုကြည့်ပြီး သူလေးလေးနက်နက်ပြောမယ်။
ရှီယွင်နန် အချိန်ကိုကြည့်လိုက်ကာ "ဗိုက်ဆာနေပြီလား? ညစာစားဖို့ ကျွန်တော်ခင်ဗျားကို စားသောက်ဆိုင်ဆီ ခေါ်သွားချင်တယ်။"
"ကောင်းပြီလေ။ မင်းစီစဉ်လိုက်လို့ရတယ်။"
Zawgyi
ရက္ႏွစ္ဆယ္အၾကာတြင္—
ရွီယြင္နန္တစ္ေယာက္ ေလယာဥ္ေပၚက ဆင္းတာနဲ႔ မသမ္းဘဲ မေနႏိုင္ေတာ့။
သူက အနားယူဖို႔ဆို သတ္မွတ္ခ်က္ျမင့္ေတြရွိတယ္(ႀကဳံရာက်ပန္း အနားမယူႏိုင္ဘူး)။ေလယာဥ္ရဲ႕ အင္ဂ်င္သံက နားၾကပ္နဲ႔ေတာင္ ကာဖို႔ ခက္ခဲၿပီး တစ္ခါတေလ ေလစီးေၾကာင္းလႈိင္းထန္တာမို႔ ေကာင္းေကာင္း အနားယူလို႔မရ။
အခ်ိန္ကြာျခားခ်က္ေၾကာင့္ လူတစ္ကိုယ္လုံးမွာ ပင္ပန္းႏြမ္းနယ္ေန၏။
"ပင္ပန္းေနၿပီလား?" ေလာ့လင္းရွန္းက သူ႔ကို စိုးရိမ္စြာ ၾကည့္လာသည္။ "တ႐ုတ္မွာ က်န္ေနခဲ့ဖို႔ ကိုယ္ေျပာသားပဲ။ ကိုယ္နဲ႔ လိုက္လာစရာမလိုပါဘူး။"
ရွီယြင္နန္ ႏွင့္ ယြမ္မိသားစုအၾကား ရင္းႏွီးျမႇဳပ္ႏွံသည့္ပူးေပါင္းေဆာင္႐ြက္မႈမွာ ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးသြားၿပီး၊ ဒီဇိုင္နာမ်ားအား လိုက္ငွါးသည့္အခ်ိန္တြင္ ယြမ္ေ႐ြ႕ကလည္း သူရဲ႕ ေဒါသေလးကို ထိန္းထားႏိုင္ခဲ့သည္။
၎တို႔ထဲမွ တစ္ေယာက္မွာ ေက်ာက္စိမ္းလည္ဆြဲကို ေစ့ေစ့စပ္စပ္ ဖန္တီးရာတြင္ တာဝန္ယူထားၿပီး၊ အျခားတစ္ေယာက္မွာ တြဲဖက္ဒီဇိုင္းနာမ်ား စုေဆာင္းရာတြင္ တာဝန္ယူထားသည္။ အခုထိေတာ့ အားလုံးက အဆင္ေျပေနေလၿပီ။
"လူကျဖင့္ ဒီေရာက္ေနၿပီ၊ ဒီစကားေျပာဖို႔ အရမ္းေနာက္က်လြန္းေနၿပီမလား မစၥတာေလာ့?"
ရွီယြင္နန္က ေလာ့လင္းရွန္းလည္စီးအား ေသခ်ာျပန္ျပင္ေပးရန္ ကိုယ္ေလးကို ကိုင္းလိုက္ၿပီး အၿပဳံးေလးနဲ႔ ေျပာလိုက္သည္။ "ေလးငါးရက္ေလာက္ပဲေလ။ ခင္ဗ်ားအတြက္ ဒီအခ်ိန္ေတြကို ျဖဳန္းရတာ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။"
ထိုသို႔ေျပာၿပီးေနာက္ သူက ေလာ့လင္းရွန္းရဲ႕ ႏႈတ္ခမ္းပါးပါးေလးအား နမ္းလိုက္သည္။
ျဖတ္သြားတဲ့ ခရီးသည္တစ္ဦးမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ရင္းရင္းႏွီးႏွီးဆက္ဆံေရးကိုျမင္ၿပီး ေဖာ္ေ႐ြစြာ ဂုဏ္ျပဳေပးလာသည္။ "ကြန္ဂရက္က်ဴေလးရွင္း! မင္းတို႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးလိုက္တယ္ေနာ္!"
ရွီယြင္နန္ ၿပဳံးကာ ျဖတ္သြားျဖတ္လာေတြရဲ႕ ေကာင္းခ်ီးစကားအား အဂၤလိပ္စကားနဲ႔ ျပန္တုံ႔ျပန္လိုက္သည္။
ယာဥ္ေမာင္းကို ဖုန္းဆက္ၿပီးသြားတဲ့ ခ်င္က်န္းလည္း ေဘးကို ေလွ်ာက္လာ၏။ "ေခါင္းေဆာင္၊ ကားေမာင္းသမားက ဂိတ္ R11 မွာ ေစာင့္ေနပါတယ္။ ကြၽန္ေတာ္တို႔ အဲ့ကို သြားလို႔ရၿပီ။"
နာရီကို ငုံ႔ၾကည့္လိုက္ေတာ့ US အခ်ိန္ ေန႔ခင္းတစ္နာရီပင္။
"ေခါင္းေဆာင္၊ ကြၽန္ေတာ္တို႔အရင္အနားယူဖို႔ ဟိုတယ္ကို ျပန္ၾကမလား? ဒါမွမဟုတ္ ဘန္႔စ္အဖြဲ႕ရဲ႕ က်န္းမာေရးစင္တာကို တန္းသြားၾကမလား?"
ေလာ့လင္းရွန္းက ေနာက္ဆက္တြဲေဆာင္႐ြက္ရာတြင္ ကိစၥရပ္မ်ားအဆင္ေျပေခ်ာေမြ႕ေစရန္၊ တစ္ကိုယ္လုံး ထပ္စစ္ေဆးဖို႔ လာလိုက္တာပင္။ ေလးရက္ကေန ငါးရက္ထိ ၾကာႏိုင္ေလသည္။
ရွီယြင္နန္ကေတာ့ မေန႔ကပင္ သူရဲ႕ ေက်ာက္စိမ္းလည္ဆြဲကို အၿပီးသတ္ႏိုင္ခဲ့သည္။ လကုန္၊ လက္ဝတ္ရတနာဒီဇိုင္းေလလံပြဲမစခင္၊ အခ်ိန္တစ္ပတ္လိုေသး၏။ အခ်ိန္ရေသးတာေၾကာင့္ သူက ေလာ့လင္းရွန္းေနာက္ကေန လိုက္လာဖို႔ ဆုံးျဖတ္ခဲ့သည္။
"အရင္ဆုံး အနားယူဖို႔ ဟိုတယ္ကို သြားမယ္။ ဘန္႔စ္ အဖြဲ႕နဲ႔ ခ်ိန္းထားတာကို မနက္ျဖန္မနက္ ျပန္ခ်ိန္းလိုက္။ "
ေလာ့လင္းရွန္းက သူ႔အတြက္သာ ေ႐ြးခ်ယ္ရမယ္ဆို၊ စစ္ေဆးဖို႔ ခ်က္ခ်င္းတန္းသြားလိုက္မွာပင္။ သူလို အလုပ္မ်ားတဲ့ လူအတြက္ေတာ့ အခ်ိန္က ေငြပမာဏနဲ႔ ညီမွ်ေလသည္။
ဒါေပမယ့္ အခုေတာ့ ရွီယြင္နန္လည္း ပါလာၿပီး၊ သူ႔မွာ အခ်ိန္ကြာျခားခ်က္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနတာကို ေလာ့လင္းရွန္း မၾကည့္ရက္ေပ။
ခ်င္က်န္းကလည္း သေဘာေပါက္ကာ ေခါင္းညိတ္ျပလိုက္သည္။
ဘန္႔စ္ကြၽမ္းက်င္ပညာရွင္အဖြဲ႕မွာ ပုဂၢလိကေဆးကုသေရးအဖြဲ႕ျဖစ္သည္။ ေလာ့လင္းရွန္းက သူမလာခင္၊ တစ္ဖက္လူရဲ႕ တစ္ပတ္လုံးလုံး ေဆးကုသသည့္အခ်ိန္ဇယားကို စာခ်ဳပ္ခ်ဳပ္ဆိုထားေသာေၾကာင့္ သူလိုခ်င္တဲ့ အခ်ိန္ကို ႁခြင္းခ်က္မရွိ ခ်ိန္းဆိုႏိုင္ေလသည္။
ရွီယြင္နန္ကေတာ့ ဝင္ေျပာဖို႔အတြက္ သူ႔မွာ အလြန္ပင္ အိပ္ငိုက္ေနသည္။ ေလာ့လင္းရွန္းက အစီအစဥ္မွာ သူ႔ကို ထည့္သြင္းစဥ္းစားေပးတာမို႔ သူတကယ္ပဲ ေပ်ာ္႐ႊင္မိသည္။
...
ေနာက္ေန႔မနက္၊ နယူးေယာက္ၿမိဳ႕ရဲ႕ ဆင္ေျခဖုံးရပ္ကြက္တြင္—
ရွီယြင္နန္သည္ ေလာ့လင္းရွန္း ပုဂၢလိက က်န္းမာေရးစင္တာသို႔ သြားရာတြင္ အေဖာ္လိုက္ေပးလာသည္။
ေလာ့လင္းရွန္းအတြက္ေတာ့ ဒီကိုလာတာ ပထမဆုံးအႀကိမ္ မဟုတ္။ သူနာျပဳေတြအားလုံးမွာ တ႐ုတ္ျပည္က ေခ်ာၿပီး ခ်မ္းသာတဲ့ လူနာကို မွတ္မိၾကေလသည္။ သူတို႔က ေလာ့လင္းရွန္းအား ဆရာဝန္-လူနာ ကတိျပဳခ်က္စာ႐ြက္တြင္ လက္မွတ္ထိုးခိုင္းၿပီး၊ စစ္ေဆးတဲ့ စင္တာထဲသို႔ တြန္းကာ ေခၚသြားၾကသည္။
တံခါးပိတ္သြားသည့္ အသံနဲ႔အတူ၊ ေအးစက္ေနသည့္ သံတံခါးက ရွီယြင္နန္အား အျပင္တြင္ ပိတ္ဆို႔ထား၏။ သူ႔မွာ တစ္ခုခုေျပာဖို႔ အခ်ိန္ေတာင္မရလိုက္။
ဘာေၾကာင့္မွန္းမသိ၊ သူ စိုးရိမ္ေနကာ သက္ျပင္းခ်လိုက္မိသည္။
"မစၥတာရွီ၊ ေခါင္းေဆာင္က တရားဝင္ ေအာ္ပေရးရွင္း မစေသးပါဘူး။ ဒါက သူ႔ခႏၶာကိုယ္ကို ဘာမွမထိခိုက္ေစတဲ့ ပုံမွန္စစ္ေဆးတာေလးပါ။" ရွီယြင္နန္ရဲ႕ စိတ္အတက္အက်ကို သတိထားမိသြားတဲ့ ခ်င္က်န္းက သက္သာေစရန္ ႏွစ္သိမ့္ေပးလိုက္သည္။
ေလာ့လင္းရွန္းရဲ႕ ေျခေထာက္ဒဏ္ရာေၾကာင့္၊ ျပည္တြင္းျဖစ္ျဖစ္၊ ျပည္ပျဖစ္ျဖစ္၊ သူတို႔မွာ ဒီလိုစစ္ေဆးမႈမ်ိဳး အႀကိမ္တစ္ရာမက ႀကဳံးဖူးခဲ့ဖူးၾကသည္။
အခ်ိန္ၾကာလာတာနဲ႔အမွ်၊ ေလာ့လင္းရွန္းေကာ၊ ယြမ္မုန္လို လက္ေအာက္ငယ္သားေတြပါ ဒါမ်ိဳးကို က်င့္သားရလာၾက၏။
"ဒီလိုစစ္ေဆးတာက ခႏၶာကိုယ္ကို မထိခိုက္မွန္း ကြၽန္ေတာ္သိပါတယ္။" ရွီယြင္နန္က တင္းတင္းၾကပ္ၾကပ္ပိတ္ထားတဲ့ တံခါးကို စိုက္ၾကည့္ကာ ဆက္ေျပာလိုက္သည္။ "စစ္ေဆးတဲ့ ရလဒ္က သူ႔ကိုထပ္နာက်င္ေစမွာ စိုးလို႔ပါ။"
တခါတေလ၊ ပ်က္ဆီးသြားတဲ့ေမွ်ာ္လင့္ခ်က္ေတြဟာ လုံးဝေမွ်ာ္လင့္လို႔မရေတာ့တဲ့ ရလဒ္ဆိုးထက္ပိုနာက်င္ရသည္။
ေလာ့လင္းရွန္းရဲ႕ စ႐ိုက္က ခ်ဥ္းကပ္ဖို႔ မလြယ္ဘူးလို႔ တျခားသူေတြ ေျပာၾကေပမယ့္ ရွီယြင္နန္ကေတာ့ ဒါကို တိတ္တိတ္ေလးဝမ္းသာေနမိ၏-
သူ႔ခ်စ္သူ၊ အေသြးထဲအသားထိ ေမာ္ႂကြားေနတဲ့ ထိုလူက စစ္ေဆးၿပီးတိုင္း ရလဒ္ဆိုးေၾကာင့္ စိတ္ပ်က္ၿပီး ႐ူးမသြားတာကပင္ အလြန္ေကာင္းလွေနၿပီ။
"....."
အခုေတာ့ ခ်င္က်န္းႏႈတ္ဆိတ္သြားသည့္ အလွည့္ပင္။
"ေလာ့မိသားစု ေခါင္ေဆာင္" ျဖစ္လာသည့္ ေလာ့လင္းရွန္းက ျပင္းထန္တဲ့တိုက္ပြဲေတြကေန သင္ယူၿပီး လူေတြအေပၚ အလြယ္တကူ လႊမ္းမိုးႏိုင္တာလို႔ သူတို႔က အခိုင္အမာယုံၾကည္ထားၾက၏။ သူတို႔က ဒါကိုပဲ အမွန္လို႔မွတ္ယူထားၿပီး ေမ့ေနၾကတယ္-
"ေလာ့ေခါင္းေဆာင္" ဆိုတဲ့ ရာထူးကိုေဘးဖယ္ထားရင္ ေလာ့လင္းရွန္းက ႏွစ္ေတြအမ်ားႀကီး မေအာင္ျမင္ဘဲ ဆရာဝန္ကို ရွာေနရသည့္ လူနာတစ္ဦးမွ်သာပင္။
မစၥတာရွီက အျခားသူေတြ မျမင္ႏိုင္တဲ့ အားငယ္တဲ့စိတ္ကို ျမင္ႏိုင္တယ္။ ေခါင္းေဆာင္ သူ႔ကို ခ်စ္တာမထူးဆန္းေတာ့ပါဘူး။
သူစဥ္းစားေနခ်ိန္မွာပဲ၊ ဧည့္ခံတဲ့သူနာျပဳက ေကာ္ဖီပူပူေလးနဲ႔ ေရေႏြးေႏြးေလးကို ယူလာေပး၏။ "လူႀကီးမင္းတို႔၊ ေဘးကဧည့္ခန္းမွာ ဘာလို႔ သြားထိုင္ေစာင့္မေနၾကတာလဲ? မစၥတာေလာ့ စစ္ေဆးတာက တစ္နာရီခြဲေလာက္ ၾကာအုံးမွာ။"
ရွီယြင္နန္ ေကာ္ဖီခြက္ကိုယူကာ ခ်င္က်န္း ႏွင့္ ယြမ္မုန္အား အထဲဝင္ၿပီး ေစာင့္ေနဖို႔ လက္ဟန္ ျပလိုက္သည္။
ခ်င္က်န္းလည္း ရွီယြင္နန္တစ္ေယာက္ ဆိတ္ၿငိမ္တဲ့ေနရာလိုအပ္တယ္လို႔ ထင္ကာ ဘာမွမေျပာဘဲ ယြမ္မုန္နဲ႔ ထြက္သြားလိုက္သည္။
သူတို႔ႏွစ္ေယာက္ ထြက္သြားၿပီးေနာက္ ရွီယြင္နန္က စစ္ေဆးခန္းအဝင္ေပါက္ရွိ သံထိုင္ခုံေပၚတြင္ ထိုင္လိုက္သည္။
"ဒီက လူႀကီးမင္းက၊ မစၥတာေလာ့ရဲ႕ ေကာင္ေလးလားဆိုတာ ကြၽန္မေမးၾကည့္လို႔ရမလားရွင့္?" သူနာျပဳမွာ သိခ်င္စိတ္ကို မထိန္းထားႏိုင္ေတာ့။
ရွီယြင္နန္ ခဏမွ် မွင္တက္သြားၿပီး ျဖည္းျဖည္းခ်င္း ျပန္ေျဖလိုက္သည္။
"ဟုတ္ပါတယ္၊ ကြၽန္ေတာ္တို႔က လက္ထပ္ၿပီးသြားၿပီ။"
သူနာျပဳမွာ ထိုအေျဖကိုၾကားေတာ့ သူမရဲ႕မ်က္လုံးမ်ားက ႐ုတ္တရက္ ေကာင္းခ်ီးေပးတဲ့ အရိပ္အေယာင္မ်ားျဖင့္ေတာက္ပသြားေတာ့ပါသည္။ "ကြန္ကရက္က်ဴေလးရွင္းပါ။ ရွင္နဲ႔ မစၥတာေလာ့က တကယ္လိုက္တယ္။"
"ေက်းဇူးတင္ပါတယ္။" ရွီယြင္နန္ အၿပဳံးေလးနဲ႔ ျပန္ေျပာလိုက္သည္။
"မစၥတာ ရွင္သိလား? ရွင့္ကို ကြၽန္မတို႔ ဌာနက သူနာျပဳေတြ အရမ္းအားက်ၾကတာ။"
ရွီယြင္နန္ မ်က္ခုံးပင့္ကာ
"ကြၽန္ေတာ့ကို အားက်တယ္?"
သူက စကားစျမည္လာေျပာေနသည့္ သူနာျပဳကို မေက်မနပ္ မျဖစ္ေပ။ သူစိုးရိမ္ေနတာကို အာ႐ုံလြဲေအာင္လုပ္ေပးလို႔ ပိုေတာင္ေက်းဇူးတင္မိသည္။
"ဟုတ္တာေပါ့။"
" မစၥတာေလာ့ ပထမအႀကိမ္ စစ္ေဆးရတုန္းက ေဆး႐ုံလာတာနဲ႔ သူနာျပဳေတာ္ေတာ္မ်ားမ်ား သေဘာက်သြားၾကတာ။ ကြၽန္မရဲ႕ လက္ရဲဇက္ရဲ လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္သုံးေယာက္ဆို ႐ုံးပိတ္ခ်ိန္ႀကီးမွာေတာင္ သူ႔ဖုန္းနံပါတ္ကို အေျပးအလႊားလာေတာင္းၾကတာ။"
"ဒါမယ့္ ကံမေကာင္းစြာနဲ႔ပဲ၊ သူတို႔အားလုံး မေအာင္ျမင္ၾကဘူး။"
ရွီယြင္နန္ကေတာ့ ေနာက္ဆုံးရလဒ္ကို ေမွ်ာ္လင့္ထားၿပီးသားမို႔ မၿပဳံးဘဲ မေနႏိုင္ေတာ့။ "ဘာလို႔ ျငင္းလိုက္တာတဲ့လဲ?"
"မစၥတာေလာ့က သူ႔ႏွလုံးသားထဲမွာ ခ်စ္ရမယ့္သူ ရွိၿပီးသားတဲ့။"
"....."
ႏွလုံးသားထဲက ခ်စ္သူ?
ထိုစကားေၾကာင့္ ရွီယြင္နန္ အံ့အားသင့္သြားေတာ့သည္။ သူမွတ္မိတာမွန္ရင္-
အရင္တေခါက္ ေလာ့လင္းရွန္း ဒီကိုလာစစ္ေဆးတုန္းက သူတို႔ႏွစ္ေယာက္မတြဲေသးသလို နားလည္မႈလြဲေနၾကတာေလ။
ဒီလိုအေျခအေနမ်ိဳးမွာ ေလာ့လင္းရွန္းက သူ႔အေၾကာင္းကို ဒီလိုေျပာခဲ့တာလား?
သူနာျပဳကေတာ့ ရွီယြင္နန္ရဲ႕ အတြင္ခံစားခ်က္ေတြကို မသိတာေၾကာင့္ ဆက္ေျပာလာသည္။ "အစက ေဒါက္တာဘန္႔စ္က ေလးရက္ၾကာ စစ္ေဆးၿပီး၊ ျပန္လည္ထူေထာင္ကုသဖို႔ကိုပါ စီစဥ္ထားတာ။ ဒါမယ့္ မစၥတာေလာ့က သုံးရက္အတြင္း အျမန္ၿပီးေအာင္လုပ္သြားတာေလ။"
"ေနာက္မွ ကြၽန္မတို႔လည္း သိရတာ။ မစၥတာေလာ့က သူ႔ခ်စ္သူကို ဆက္သြယ္မရလို႔ တ႐ုတ္ျပည္ကို အျမန္ျပန္ဖို႔ လုပ္ေနတာတဲ့။"
"မစၥတာ၊ ဘယ္သူက ဒီလိုရင္ထဲနက္နက္ရႈိင္းရႈိင္းခ်စ္တဲ့သူကို မလိုခ်င္ဘဲေနမွာလဲ? ေသခ်ာေပါက္ ရွင္က ကြၽန္မတို႔ အားက်တာနဲ႔ ထိုက္တန္တယ္။"
ရွီယြင္နန္ရဲ႕ လက္ဖဝါးေလးမွာ ေကာ္ဖီပူပူေလးေၾကာင့္ ေႏြးေထြးသြားၿပီး သူ႔ႏွလုံးသားေလးပါ ေႏြးေထြး ခုန္ေပါက္ေနသည္။ ေလာ့လင္းရွန္းက သူ႔ေရွ႕မွာေတာ့ ေအးတိေအးစက္ ဂ႐ုမစိုက္သလိုေနေနၿပီး၊ ဒီလိုမ်ိဳးစိတ္ရွိတယ္လို႔ သူ႔ကို တစ္ခါမွ မေျပာဖူးဘူးေလ။
ဒါေပမယ့္၊ အျခားသူေတြရဲ႕ ပါးစပ္ကေန "အားက်ရတဲ့လူ" ျဖစ္လာေတာ့ သူေျပာမျပတတ္စြာ ေက်နပ္မိသည္။
...
ေနာက္ဆုံးေတာ့ တစ္နာရီခြဲ စစ္ေဆးျခင္းက ၿပီးဆုံးသြားေလၿပီ။
ေလာ့လင္းရွန္းတစ္ေယာက္ ဝီးခ်ဲလ္နဲ႔ ထြက္လာသည့္အခါ၊ ႀကဳံေတာင့္ႀကဳံခဲ တစ္ကိုယ္လုံးပင္ပန္းႏြမ္းနယ္သည့္ ပုံေလးကို ျမင္လိုက္ရသည္။
ရွီယြင္နန္မွာ ဒီတိုင္း မေနႏိုင္ေတာ့။ "ဘာလို႔ အရမ္းပင္ပန္းေနတာပါလိမ့္?"
"စိတ္မပူပါနဲ႔၊ ဒါက လိုအပ္တဲ့ မတ္တပ္ရပ္ၿပီး လမ္းေလွ်ာက္တာရဲ႕ စမ္းသပ္ခ်က္ေၾကာင့္ပါ။"
အရပ္ရွည္ရွည္နဲ႔ အမ်ိဳးသားဆရာဝန္တစ္ေယာက္က စစ္ေဆးသည့္ အခန္းထဲကထြက္လာၿပီး ရွင္းျပလာသည္။
"မစၥတာေလာ့ မင္းရဲ႕ စစ္ေဆးခ်က္အာနိသင္ေတြက ခြဲစိတ္စံႏႈန္းေတြနဲ႔ ကိုက္ညီတယ္။"
ထိုလူက ေဒါက္တာဘန္႔စ္ပင္။
"ဒါမယ့္ ခြဲမစိတ္ခင္ အတိုင္းအတာတစ္ခုအထိ ခြဲစိတ္ဖို႔အႀကိဳေလ့က်င့္ခန္းေတြ လုပ္ရပါမယ္။"
"ခြဲစိတ္ဖို႔ အႀကိဳေလ့က်င့္ခန္း?"
"ဟုတ္ပါတယ္၊ မစၥတာေလာ့ရဲ႕ အေျခအေနက ႂကြက္သြားေတြခ်ည့္နဲ႔လာၿပီး အထိုင္မ်ားတဲ့ တျခားလူနာေတြနဲ႔ မတူဘဲ၊ ကြၽန္ေတာ္ ထင္ထားတာထက္ အမ်ားႀကီး ပိုေကာင္းေနတယ္..."
ဒါေပမယ့္ ေလာ့လင္းရွန္းကေတာ့ မတူေပ။ သူက ေျခေထာက္ဒဏ္ရာရၿပီးေနာက္ ျပန္လည္ထူေထာင္သည့္ ေလ့က်င့္ခန္းေတြကို ဘယ္ေတာ့မွ လက္မလႊတ္ခဲ့ေပ။
"ေဒါက္တာMichele နဲ႔ ေဆြးေႏြးၿပီးပါၿပီ။ အဆင္ေျပတဲ့ ခြဲစိတ္အႀကိဳေလ့က်င့္ခန္းက မစၥတာေလာ့ရဲ႕ အာနိသင္ကို ပိုတိုးတက္ေအာင္ ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္တယ္။ ဒီလိုအေျခအေနမ်ိဳးဆို၊ ေအာင္ျမင္ႏႈန္းက ပိုတိုးလာႏိုင္တယ္။"
"ေသခ်ာေပါက္ ဒါက ေကာင္းတဲ့ ယူဆခ်က္ပါ။" ေဒါက္တာဘန႔္စ္က ခဏတန္႔ကာ ဆက္ေျပာလာသည္။
"ဒါမယ့္ ႀကိဳေျပာထားရမွာက၊ ခြဲစိတ္တာ အရမ္းေအာင္ျမင္တယ္ဆိုရင္ေတာင္ ခြဲစိတ္ၿပီးေနာက္ပိုင္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြက မလြယ္ေလာက္ဘူး။ ေက်းဇူးျပဳၿပီး စိတ္ကို ႀကိဳျပင္ဆင္ထားပါ မစၥတာေလာ့။"
ေလာ့လင္းရွန္းက သူ႔ကိုယ္သူ တစ္ႏွစ္ပတ္လုံး ေမွာင္မည္းေနသည့္ ေခ်ာက္ကမ္းပါးေအာက္က အလင္းေရာင္မွိန္ေဖ်ာ့ေဖ်ာ့ေလးကို လွမ္းဖမ္းဆုတ္ဖို႔ႀကိဳးစားေနသည့္သူလို႔ ထင္မိသည္။ သူ႔ရဲ႕ တင္းမာေနသည့္စိတ္မွာ ေျပေလ်ာ့သြာေတာ့၏။
"ကြၽန္ေတာ္ နားလည္ပါၿပီ။"
"ျဖစ္ႏိုင္ရင္ ေနာက္သုံးရက္အတြင္း ေဒတာေစာင့္ၾကည့္ဖို႔ ကြၽန္ေတာ္တို႔ဌာနကို ျပန္လာေပးပါ။ အရင္တစ္ေခါက္လို ေလယာဥ္လက္မွတ္ဝယ္ၿပီး အေလာတႀကီး ျပန္သြားတာမ်ိဳး မလုပ္ပါနဲ႔။"
ေဒါက္တာဘန္႔စ္က သူ႔ကို စလိုက္သည္။
လူနာ စိတ္အေျခအေန ပိုေကာင္းေလေလ၊ ေသခ်ာေပါက္ သူတို႔ဆရာဝန္ေတြအတြက္လည္း ပိုေကာင္းေလေလေပါ့။
ေလာ့လင္းရွန္းက အရင္တေခါက္ သူအေတြ႕အႀကဳံကို ျပန္မွတ္မိသြားၿပီး၊ ရွီယြင္နန္ကို ၾကည့္လိုက္သည္။
သူနာျပဳဆီက အမွန္တရား သိလိုက္ရတဲ့ ရွီယြင္နန္မွာ အၾကည့္ခ်င္းဆုံေတာ့ ခ်က္ခ်င္း ၿပဳံးျပလိုက္၏။ "ေဒါက္တာဘန္႔စ္၊ ဒီတစ္ခါေတာ့ သူထြက္ေျပးလို႔မရေတာ့ဘူး။ ကြၽန္ေေတာ္ကိုယ္တိုင္ ေစာင့္ၾကပ္ေပးဖို႔ လိုက္လာတာ။"
"....."
"မင္းသိေနတယ္လား?" ေလာ့လင္းရွန္းက တ႐ုတ္ဘာသာျဖင့္ အျမန္တုံ႔ျပန္လာသည္။
ရွီယြင္နန္က ဖုံးကြယ္ထားမေနေပ။ "သူနာျပဳဆရာမ ေျပာတာ။"
ေဒါက္တာဘန္႔စ္မွာ သူတို႔ႏွစ္ေယာက္ၾကား အျပန္အလွန္စကားကို နားမလည္ေသာ္လည္း ဥာဏ္ေကာင္းသူမို႔ ရွီယြင္နန္ဘယ္သူျဖစ္သည္ကို အျမန္ ခန္႔မွန္းလိုက္ႏိုင္သည္။ "ဒါဆို ေကာင္းတာေပါ့။ မင္းက မစၥတာေလာ့ရဲ႕ အေရးပါတဲ့ပုဂၢိဳလ္ပဲ။"
ႏိုင္ငံျခားသားေတြက စကားေျပာလာရင္ အၿမဲတည့္တိုးဆန္ၾကေလသည္။
ရွီယြင္နန္ ႏွင့္ ေလာ့လင္းရွန္းမွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း ၿပဳံးလိုက္မိၾကသည္။
စစ္ေဆးခ်က္ရလဒ္က ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းေနတာေၾကာင့္ ႏွစ္ေယာက္စလုံးမွာ စိတ္အေျခအေန ေကာင္းေနၾက၏။
"စိတ္ခ်ထားပါ မစၥတာေလာ့၊ အလြန္အကြၽံ ဒဏ္ရာမရေအာင္ မင္းရဲ႕ေလ့က်င့္ခန္းကို အဆင္ေျပသလို ျပန္ေလွ်ာ့ခ်ေပးပါ့မယ္။ အခုျပန္ၿပီး ထမင္းသြားစားလို႔ရပါၿပီ။"
"ေကာင္းပါၿပီ၊ ေက်းဇူးတင္ပါတယ္ ေဒါက္တာဘန္႔စ္။"
ဒီစကားကေတာ့ ရွီယြင္နန္ ျပန္ေျဖလိုက္တာျဖစ္၏။
ေဒါက္တာဘန္႔စ္ ႏွင့္ သူနာျပဳအားလုံး ထြက္သြားၿပီးေနာက္ ေလာ့လင္းရွန္းက ရွီယြင္နန္ဆီ အာ႐ုံျပန္စိုက္လာကာ ေမးလာသည္။ "အျပင္မွာ ေစာင့္ေနရတာပင္ပန္းေနၿပီလား?"
"ပင္ပန္းပါဘူး ခင္ဗ်ားနဲ႔ယွဥ္ရင္ ကြၽန္ေတာ္က ဘယ္လိုလုပ္ ပင္ပန္းမွာလဲ?"
ရွီယြင္နန္က သူတစ္ငုံသာ ေသာက္ရေသးသည့္ ေကာ္ဖီအား သူ႔ခ်စ္သူလက္ထဲသို႔ ကမ္းေပးလိုက္သည္။ "ဒီေကာ္ဖီက ကြၽန္ေတာ့္အတြက္ အရမ္းခါးတယ္။"
ေလာ့လင္းရွန္းက တိတ္တဆိတ္နဲ႔ပဲ ယူလိုက္ၿပီး ႐ုတ္တရက္ သူ႔အိတ္ကပ္ထဲကေန သၾကားလုံးေလး တစ္လုံးကို ထုတ္လိုက္သည္။
၎ဟာ ရင္းႏွီးေနတဲ့ သစ္သီးသၾကားလုံးေလးပင္။
ရွီယြင္နန္က အၿပဳံးေလးနဲ႔ ယူလိုက္၏။ သၾကားလုံးေလး သူ႔ပါးစပ္ထဲမေရာက္ခင္ သူက အခ်ိဳဓာတ္ေတြ ရေနေလၿပီ။ "ဘာလို႔ သၾကားလုံးေတြကို ခင္ဗ်ားကိုယ္ေပၚမွာ အခ်ိန္တိုင္းသိမ္းထားတာလဲ? အရင္တေခါက္ ေပးတုန္းကၾက မႀကိဳက္ဘူးဆို?"
"ကိုယ္ မႀကိဳက္တာ မဟုတ္ပါဘူး။" ေလာ့လင္းရွန္းက တိုတိုတုတ္တုတ္ပဲ ျပန္ေျဖလာသည္။
သူက ရွီယြင္နန္ သူ႔ပါးစပ္ထဲ သၾကားလုံးေလးထည့္ေနတာကို ၾကည့္ၿပီး ထပ္ထည့္ေျပာလိုက္သည္။ "မင္းႀကိဳက္ရင္ ကိုယ္မင္းအတြက္သိမ္းထားေပးမယ္။"
ရွီယြင္နန္ ဘယ္ညာၾကည့္ကာ ေလာ့လင္းရွန္းႏႈတ္ခမ္းေပၚမွ အနမ္းတစ္ခုအား အျမန္ခိုးယူလိုက္သည္။ အခ်ိဳဓာတ္ေလးေတြ ျပန္႔သြား၏။
"ေလာ့လင္းရွန္း"
"ဟမ္?"
"ကြၽန္ေတာ္ ခင္ဗ်ားကို ပိုပိုသေဘာက်လာသလိုပဲ။"
ရွီယြင္နန္က ခ်စ္တယ္ဆိုတဲ့စကားကို အလြယ္တကူထုတ္ေျပာတတ္သူမဟုတ္။ ျဖစ္ႏိုင္ရင္၊ တစ္ေန႔ ထိုစကားသုံးလုံးကို ေလာ့လင္းရွန္းကိုၾကည့္ၿပီး သူေလးေလးနက္နက္ေျပာမယ္။
ရွီယြင္နန္ အခ်ိန္ကိုၾကည့္လိုက္ကာ "ဗိုက္ဆာေနၿပီလား? ညစာစားဖို႔ ကြၽန္ေတာ္ခင္ဗ်ားကို စားေသာက္ဆိုင္ဆီ ေခၚသြားခ်င္တယ္။"
"ေကာင္းၿပီေလ။ မင္းစီစဥ္လိုက္လို႔ရတယ္။"