friEND(COMPLETED)

By Kattamkaung

399K 42.5K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-12

7.7K 1.1K 47
By Kattamkaung

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၃

"နေပါအုန်း မင်းက ဘာကိစ္စငါ့ကို နေ့တိုင်းလာကြိုနေတာလဲ။ ငါ့ဟာငါတောင် သွားရလာရရှုပ်လွန်းလို့ ဆေးရုံနဲ့အနီးဆုံးက အဆောင်မှာနေနေတာကို"

"..."

ဘာမှမပြောပဲ ပုခုံးတစ်ချက်သာ တွန့်ပြသူကြောင့် ခွန်းနစ်ဆွေ့ဆွေ့ခုန်ချင်လာသည်။ ပြောရလွန်းလို့ အာလည်းပေါက်တော့မည်။ တစ်နေ့တစ်နေ့ လူနာတွေကို ပြောရဆိုရတာ အပင်ပန်းဆုံးထင်ခဲ့ပေမဲ့ ပြီးခဲ့သည့် လမှစကာ နေချိုမောင်နှင့် ပြောရတာ အပင်ပန်းဆုံးဖြစ်လာ၏။ ဒီကောင်က ရွတ်သည်။ ကိုယ်မလာနဲ့ပြောလည်းမရ။ ညနေတိုင်း ဆေးရုံမှပြန်ချိန်ဆို သူရောက်ချနေတတ်သည်။ ယခုလဲ ဂျူတီပိတ်ရက်ကြီး လာကြိုနေသည်ဟု ယုဖုန်းဆက်တာကြောင့် အ‌ဆောင်ကနေ ဆေးရုံထိ တကူးတကကို လာပြောရခြင်းဖြစ်၏။

"ဟင်း..."

သက်ပြင်းကို ကြာကြာချချိန်မရ။ မြင့်လွန်းပြီး ခွန်းနစ်မျက်စိထဲ ဘယ်လိုမှ ဘဝင်မတွေ့လှသည့် ဈေးကြီးလှပါသည်ဆိုသော သူ့ဆိုင်ကယ်ထက်သို့ တက်လိုက်ရသည်။ အိခနဲ ခံစားချက်နောက်မှာ ဆိုင်ကယ်စက်သံက ညက်ညောစွာနှင့်။

"အရင်အပါတ်တွေတုန်းက တနင်္ဂနွေတွေပဲ ပိတ်တာမို့လား"

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သူထံမှ ပထမဆုံးစကားက အခြားမဟုတ်။ ခွန်းနစ်ရဲ့ နားရက်အကြောင်းဖြစ်နေသည်။ ကျွဲပါးစောင်းတီးသလို ဘာမှန်းမသိနိုင်အောင် နားလည်ရခက်သည့်ကောင်မို့ ငြင်းခုန်ချင်မနေတော့။ ဖြေးဖြေးချင်းသာ လှိမ့်နေသော ဆိုင်ကယ်၏ နောက်ခုံမှတန်းကို သေချာကိုင်ရင်း "ဂျူတီပိတ်တဲ့ရက်က အမြဲတူမနေဘူး" ဟု ပြန်ဖြေလိုက်သည်။

"အော်...အင်း"

သူ့တုန့်ပြန်ပုံက ထူးထူးခြားခြားမရှိလှ။ ဆေးရုံရှေ့မှာ အတော်ကြာ စောင့်ခဲ့ရသည်ကိုပင် ဂရုစိုက်ပုံရမနေချေ။ နေချိုမောင်က အလုပ်ပြောင်းပြီးနောက် ညနေတိုင်း ခွန်းနစ်ဆီရောက်လာတတ်တယ်ဆိုတဲ့ ကိစ္စက ပုံမှန်ပဲလား၊ ပုံမှန် မဟုတ်တာလား...။ စဉ်းစားရင်း တွေးရင်း ခွန်းနစ်အတွက်တော့ ခေါင်းကိုက်ရတာသာ အဖတ်တင်ပါသည်။ ကိုယ်တိုင်က ဖက်လှဲတကင်း ပုခုံးဖက်ပေါင်းရသည့် သူငယ်ချင်းမရှိသည်မို့ ယခုလို တပူးပူးတတွဲတွဲ သွားလာနေရသော ဆက်ဆံရေးမျိုးကို အံဝင်ခွင်ကျဖြစ်မနေ။ ဒါ့အပြင် ခွန်းနစ်အတွက် ယောက်ျားတစ်ယောက်နှင့် တရင်းတနှီး ဆက်ဆံနေရသည့်ခံစားချက်က မိန်းမတစ်ယောက်နှင့် တရင်းတနှီးပြောဆို ဆက်ဆံနေရသည်ထက်ပင် အို့တို့အမ်းတမ်းနိုင်လွန်း၏။

"အဆောင်ဘေးနားတင် ရပ်လိုက်တော့။ ငါဆင်းလျှောက်လိုက်မယ်"

အင်းအဲ ပြန်မပြောပေမဲ့ ခွန်းနစ်ပြောသည့်အတိုင်း အဆောင်ဘေး လမ်းကြားထဲမှာ သူ့ဆိုင်ကယ်ကို ရပ်ပေးပါသည်။ သူ့အင်္ကျီပုခုံးမှာ ဖုန်စတချို့ပေတေနေကာ သေချာကြည့်တော့ သူ့ဆံပင်မှာ ပိုးမျှင်စတချို့ ကပ်နေသေး၏။ ဖုန်းဆိုင်မှာ လုပ်တယ်ဆိုသည့်လူက ဒီလောက်ပဲ ချောင်တိုးရသလား။ ခွန်းနစ်နှာခေါင်းရှုံ့လိုက်သလို စိတ်ထဲလဲ မကျေမနပ်ဖြစ်မိသွားသည်။

"ခေါင်းမှာ အမှိုက်တွေ"

ပြောရင်း ရောက်သွားသည့်လက်တွေအတွက် ခွင့်ပြုချက် ကြီးကြီးမားမားမလို။ ယောက်ျားတွေနဲ့ လက်ပွန်းတတီး ပြောဆိုရတိုင်း ဖြစ်လာတတ်သောနေရခက်ခြင်းတွေက ထူးထူးခြားခြားပဲ နေချိုမောင့်အနားမှာတော့ နည်းနည်းသက်သာသည်။

"ဘာလို့ ဒီလောက်တောင် ပေနေတာလဲ"

"ဒီနေ့ ကောင်တာနေရာရွှေ့လို့"

ဝေဖြိုးနိုင်ပြောစကားအရဆို သူလုပ်နေတာ ဆိုင်အကြီးကြီးတော့ ဟုတ်ပုံမပေါ်။ ဆိုင်ခွဲနှစ်ဆိုင်လောက် ရှိသည်ဟုတော့ သိရသည်။ ‌နေချိုမောင်က မူလလက်ဟောင်းဆိုင်မှာ ဖုန်းပြန်လည်ပြင်ဆင်ရေးအပိုင်းကို တာဝန်ယူထားပြီး တစ်ပါတ်လျှင် နားရက်တစ်ရက်သာရှိ၏။ သူ့အလုပ်ဆင်းချိန်က ခွန်းနစ်ဂျူတီမပြီးခင် နာရီဝက်အလိုဖြစ်ကာ အလုပ်သွားတာကိုတော့ ခွန်းနစ်နှင့်အတူ မနက်၈နာရီ မတ်တင်းမှာ သွားလေ့ရှိသည်။

နှစ်အတော်ကြာမှ ပြန်လည်ရရှိလာသော သွားဖော်လာဖက် သူငယ်ချင်းကြောင့် တောက်လျှောက်ဖြတ်သန်းလာခဲ့ရသော ကျင့်သားရပြီးနေပြီဖြစ်သည့် အလ့အထိတွေပင် ကပြောင်းကပြန်ဖြစ်ကုန်ခဲ့ပြီ။ မနက်ဖက် စိတ်လေးလက်အေး လမ်းလျှောက်သွားတတ်သော ဆေးရုံသို့ခရီးလမ်းကို ရုပ်ဆိုးလှသည့် ဆိုင်ကယ်ကြီးနှင့်သွားနေရသည်။ နေဝင်ဆည်းဆာကို ငေးရင်း ပြန်ရသည့် အိမ်ပြန်ချိန်မှာတော့ တုန့်ပြန်မှုနည်းလှသည့် လူတစ်ယောက်အား စကားတွေပြောရင်း ပြန်နေရ၏။

"မနက်က အရမ်းနောက်ကျနေလို့ ငါလာမကြိုတာ"

ဖြေရှင်းချက် မတောင်းသည်တောင်းသည် သူမသိ။ သူပြောချင်တာ ပြောပြီး ခွန်းနစ်လက်ထဲသို့ အထုပ်တစ်ခု ကမ်းပေးလာသည်။ ဖော့ဘူးထည့်ထားသည့် ပလပ်စတစ်အိတ်ကလေးပင်။ ဘူးအထက်မှာ အနီရောင်မှင်ဖြင့်ရေးထားသော စာလုံးများပါသည်။

"ခေါက်ဆွဲကြော် အဲ့ဒီဆိုင်က ကောင်းတယ်"

"မင်းအတွက် ယူသွား။ ငါက ညနေဖက် သိပ်မစား...."

"ပထမဆုံး လစာရတာ။ ငါ ကျွေးစရာ မင်းပဲရှိတယ်"

အာစေးမိသွားသည့် နှုတ်ခမ်းတွေ... အသက်ရှူကြပ်သလို မွန်းလာသည့် အနေအထားမှာ ခွန်းနစ် မဆီမဆိုင် ခေါင်းငုံ့ချကာ ကတ္တရာလမ်းကိုစိုက်ကြည့်မိသွားသည်။နေချိုမောင်... သူ စီးထားသည့်ရှူးဖိနပ်က ဘေးဘက်တွေမှာ ပေတေကာ ပွလန်နေ၏။

"သွားတော့မယ်။ မနက်ဖြန် မနက် သွားရမှာလား"

"အေး "

စက်အင်ဂျင်သံက တဖြေးဖြေး ဝေးလို့သွားသည်။ ညနေနေရောင် ပါးပါးအောက်မှာ သူ့ကျောပြင်ထက်က ဂျင်းလွယ်အိတ်ကလည်း ဝေးသည်ထက် ဝေးလို့သွား၏။ လမ်းမီးတိုင်မှ ဖျတ်ခနဲမီးလင်းလာမှ ခွန်းနစ်သတိဝင်လာသည်။ သူတို့ ရပ်နေခဲ့တာ ဗံဒါပင်ကြီးအောက်မှာပင်။ မြစ်သားမှာ နေခဲ့တုန်းက ကျူရှင်နားချိန်ပေးတိုင်း နေချိုမောင်က ခွန်းနစ်အတွက် ဗံဒါသီးတွေ ထုပေးခဲ့ဖူးတာ ပြန်အမှတ်ရမိသည်။

"ဟင်...ဒါက ဘာလို့ ..."

ဘယ်အချိန်ကများ ဘယ်လောက်ထိ သတိလက်လွတ် ဖြစ်သွားခဲ့လေသလဲ...။အဖြူရောင် ဖော့ဘူးထည့်ထားသည့် အထုပ်ကလေးက ခွန်းနစ်လက်ထဲတွင် ဆွဲကိုင်လျက်သား ကျန်ရစ်နေခဲ့သည်။

ဒီကောင်တော့...သူစားဖို့ ပြန်ပေးတာကို ယူမသွားဘူး...။
.........................................................

"ငါ့မိန်းမက မင်းတို့ မလာမချင်း ဂျီကျနေလို့လာစမ်းပါကွာ "ဆိုသည့် စကားနောက်မှာ ခွန်းနစ်ရောက်နေတာကတော့ ကျေးဇူးရှင် ဝေဖြိုးနိုင်၏ အိမ်ပင်ဖြစ်သည်။ နှစ်ဆယ် လေးဆယ် အလျား အနံ အပြည့်ဆောက်ထားသော လုံးချင်းတိုက်ကလေးက ထည်ထည်ဝါဝါကြီး မဟုတ်သော်လည်း သူတို့ရက်ကွက်ထဲမှာတော့ တင့်တင့်တည်တည်လေးဟု ‌ဆိုနိုင်သည်။ သူတို့အိမ်ကလေးက ပြင်ဦးလွင်အတက်လမ်းဖက်မရောက်ခင် လူခြေစိပ်လှသည့် ရပ်ကွက်တစ်ခု၏ ကြားလမ်းထဲတွင်ရှိ၏။

မန္တလေးမှာ နေတာကြာပေမဲ့ လမ်းနာမည်တွေ လိပ်စာတွေကို အလွတ်မရသလို သွားတိုင်းရွာလည်နေတတ်သည့် ခွန်းနစ်အတွက် တစ်ယောက်ထဲသာလာဖြစ်လျှင် သုံးရက်လောက်နေမှပဲ သူတို့အိမ်ကို ရောက်လိမ့်မည်။ တံတားအဖြူလေး ၊ ဈေးနားလေးစသည်ဖြင့် အလွယ်တကူ ပြောနေတဲ့သူတို့ လမ်းကိုရောက်ဖို့ တံတားအဖြူနှင့် ကန်သာယာ ဈေးဆိုသော ဈေးကြီးနားကို သုံးကြိမ်လောက် ပတ်လိုက်ရ၏။

"သူက မင်းအိမ်ကို တစ်ချိန်လုံးဝင်ထွက်နေတာတောင် မျက်စိလည်နေတယ်"

ကိုယ်တစ်ယောက်ထဲတော့ အညံ့မခံနိုင်၊ အတူပါလာသူကိုပါ အဖော်ခေါ်မယ်ကြံရင်း ခွန်းနစ်ပြောတော့ အိမ်ကြီးရှင် ဇနီးမောင်နှံက မျက်လုံးပြူးကြီးတွေနှင့် ကြည့်လာသည်။ မနွယ်နီက ပါးနှစ်ဖက်အပြည့် သနပ်ခါးတွေဖွေးကာ ဆံမြီးကျစ်ခွေထုံးထားသည့် ဆံပင်တွေမှာလည်း အုန်းဆီတွေရွှဲရွှဲစိုလို့နေသည်။ သူမက ခွန်းနစ်စကားကို ကြားကြားချင်း ရင်ခေါင်းထိ ပူနေပြီဖြစ်သော ဗိုက်ကိုမကာ ခေါင်းကိုခါယမ်းပြသည်။ထို့နောက် အတော်ကို ပြောချင်‌နေသော မျက်နှာထားဖြင့်

"ကျွန်မတို့ တချိန်လုံး အလည်ခေါ်နေတာတောင် မလာပါဘူး။အခု ခွန်းနစ်ကို ခေါ်ခဲ့ဆိုမှပဲ ပါလာတော့တယ်"

"ဟုတ်တယ် ဟိတ်ကောင်။ ငါ့မယ် အိမ်ပြောင်းခါစ  နွယ်ဆေးခန်းပြဖို့ လိုက်မပို့နိုင်လို့ ကူပါကွာဆိုတာတောင် လာမခေါ်လို့ သူအရင်နေတဲ့နေရာအထိ အရင်ပို့ရတယ်"

"ဟုတ်ပါ့။ မှတ်မှတ်ရရ အဲ့နေ့က ခွန်းနစ်တို့ဆေးရုံကို ပထမဆုံးလာတဲ့ရက်ပဲ။ ပြနေကျ အိုဂျီက အဲ့ဘက်ကို ပြောင်းထိုင်တယ်ဆိုလို့လေ"

"ဟုတ်သား။ အဲ့လိုပြောမှ သတိရတယ်။ ဟေ့ကောင် နေချို မင်း ခွန်းနစ်ကုဋေ အဲ့ဒီဆေးရုံမှာရှိတာ ကြိုသိနေခဲ့တာလားကွ ဟမ်"

"ကျွန်မလည်း သိချင်နေတာ ဟုတ်လား"

ခွန်းနစ်ဟာ သိချင်စိတ်ဟာများစွာဖြင့် သူ့ကိုလှမ်းကြည့်လိုက်သည်။ ပက်လက်ကုလားထိုင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်နေသူက ခံရောင်တီရှပ်အကွက်နှင့်။သူဝတ်နေကျ သားရေဂျာကင်ကြီးကို ဘေးလက်တန်းမှာ လွှားတင်လို့ထားသည်။

"မသိဘူး။ မင်း မိန်းမက နားငြီးလို့ လိုက်ပို့လိုက်တာ"

"ဟော်တော်"

"ဟား...အဟား ဟားဟား...ဟားဟား"

ဝေဖြိုးနိုင် အော်ရယ်သံက လည်ချောင်းပင်ကွဲမတတ်။ ခွန်းနစ်ပင် ရယ်ရခက် ငိုရခက်ဖြစ်ကာ ပါးစပ်ကို တင်းနေအောင်စိပြီး ထိန်းလိုက်ရ၏။ သူများအိမ်ပါ်တက်ပြီး သူများမိန်းမကို ပြောဆိုနေသည့် နေချိုမောင်က ဘာတွေစားပြီး သတ္တိတွေများနေသည်မသိ။ ဘုဆတ်ဆတ်နှင့် စကား‌လုံးတွေပါပျောက်ထွက်သွားအောင် စွမ်းဆောင်နိုင်စွမ်းကတော့ အရင်အတိုင်းဖြစ်သည်။

"အေးပါကွာ...မင်းတို့ကလဲ ငါ့မိန်းမကို ဇွတ်မပြောကြပါနဲ့။ ငါ့မယ် နွယ်စကားမပြောရင်ကို သေမလိုကွ"

ဘုန်းခနဲ သူ့ရင်ဘတ်သူ ထုပြပြီး ဆက်ရယ်နေတဲ့ သကောင့်သားရယ် ၊ပြောတဲ့သူကို စိတ်ဆိုးရမဲ့အစား ချစ်ပါတယ်ဆိုတဲ့ ယောက်ျားကိုမှ မျက်စောင်းထိုးတဲ့ မနွယ်နီရယ်...ခွန်းနစ် ပုခုံးတွေပါ လှုပ်ခါသည်အထိ အားပါးတရ ရယ်မိခဲ့၏။

နေလို့ကောင်းသည်... လူတွေအများကြီးနှင့် ရယ်မောရတာ နေလို့ကောင်းပါသည်။ ပြီးတော့ လွမ်းစရာလည်း ကောင်း၏။  ထိုစိတ်ကလေးက ကြာရှည်မခံလိုက်.. လှစ်ခနဲဆုံလိုက်မိသော မျက်ဝန်းတွေနှင့် အတွေ့မှာ ရယ်မောက်လက်စ အပြုံးတွေ အမ်းတမ်းတမ်းဖြစ်ကုန်ကြသည်။

နေချိုမောင်၏ မျက်ဝန်းသေတွေဟာ ဘာကြောင့်များခွန်းနစ်ဆီကို ရော‌က်နေခဲ့ပါသနည်း....။

........................................

"ငါထင်တယ် မင်းကိုတော့ တကယ်ပြောမရဘူး"

"ဒါဆို ထပ်မပြောနေနဲ့တော့ တက်"

ခေါင်းကို အကြိမ်ကြိမ်ခါလိုက်ပေမဲ့ ခန္ဓာကိုယ်ဟာ သစ္စဖောက်စွာပဲ သူ့ဆိုင်ကယ်ထက် ရောက်လို့သွားသည်။ နှစ်လကနေ သုံးလဆိုတော့ ခွန်းနစ်ကြာကြာ ဟန်ကိုယ့်ဖို့ လုပ်မနေချင်တော့ပါ။ နေချိုမောင်နဲ့ ကိုယ့်ကြားမှာ တစ်ခုခုက အရမ်းနီးကပ်နေပြီး တစ်ခုခုက ဒီထပ်ပိုပြီး နီးကပ်လို့မရအောင် လုပ်နေသလိုပင်။

တစ်ခါတစ်လေ ခုလို ရင်းနှီးမှုမျိုးက အဆင်မှ ပြေရဲ့လားဆိုသော သံသယတွေဝင်လာတတ်ပြီး တစ်ခါတစ်လေကျပြန်တော့ အခုလိုလေးလည်း အဆင်ပြေသားပဲဆိုသည့် ယုံကြည်မှုမျိုးကို ရပြန်သည်။

"ညနေစာ စားပြီးပြီလား"

အသာယာတိုးဝင်နေသည့် လေထုကို ထိုးဖောက်ရင်းမေးတော့ နောက်ကြည့်မှန်မှတဆင့် ရောက်လာသည့် သူ့မျက်ဝန်းတွေနှင့်ဆုံ၏။

"မစားရသေးဘူး"

"ပေါ်ပေါ်သွားရအောင် ငါကျွေးမယ်"

"အခုလား"

"အေးလေ"

"ပြီးတာပဲ"

ချိုးနေကျလမ်းကိုကျော်ကာ အခြားဦးတည်ရာကို သူရွေးလိုက်သည်။အလုပ်ပြန်ချိန်မို့ ကားတွေ ဆိုင်ကယ်တွေဖြင့် ပြည့်နှက်နေသည့် မန္တလေးရဲ့ လမ်း‌မတွေကြောင့် ထင်သလောက် အရှိန်မတင်နိုင်။ ခွန်းနစ်အတွက်တော့ တရကြမ်းမောင်းတာထက် ယခုလိုလေး ဖြေးဖြေးချင်းသွားနေရတာက အဆင်ပြေသည်။ ညနေဘက် စည်ကားတိုးကျိတ်နေသည့် လမ်းဘေးဆိုင်တွေ၊ဘီယာဆိုင်ကယ်ကို ငေးရတာက တစ်မျိုးအရသာရှိသည်ဟု ထင်ဝာာကြောင့်လည်း ပါ၏။ နှမြောစရာကောင်းတာက အလည်အပတ် ထွက်ချင်စိတ်နည်းသည့်ခွန်းနစ်အတွက် ဒီလိုမြင်ကွင်းမျိုးကို နေ့တိုင်း မမြင်နိုင်ခြင်းပင်။ သူက ဆေးရုံနှင့် အဆောင်ကလွဲရင် ဟိုသွားဒီလာလုပ်ရမှာ ပျင်းသည်ကိုး။ နောက်ပြီး အတူသွားမည့် အဖော်မရှိဘူးဆိုသည့် ဆင်ခြေကလည်း ရှိနေပြန်သေးသည်။

ပေါ်ပေါ်ကိုရောက်တော့ ‌ခွန်းနစ်က ဖက်ထုပ်ကြော်နှင့်ကြက်ခြေထောက်သုပ်မှာသည်။ နေချိုမောင့်ကို စားချင်တာမေးတော့ မပြောတတ်။ မင်းစားချင်တာ မှာဟုဟာ ခပ်လွယ်လွယ်ပြော၏။ သူ့ကြည့်ရတာ အစားအသောက်ကိုလည်း စိတ်ဝင်စားပုံမပေါ်။ ဒီကောင်က အတော်ပျင်းစရာကောင်းတာပဲဟု ခွန်းနစ် တိတ်တဆိတ်မှတ်ချက်ချမိသည်။

"ဟိုးဘက်ဆိုင်က မာလာရှမ်းကောမှာလိုက်မယ်"

စားစရာတွေစုံတော့ အားပါးတရစားတာ ခွန်းနစ်သာ။ သူက ဟိုတို့ဒီဆိတ်နှင့် ကြက်စားသလောက်သာ စားသည်။ လူကောင်ကြီးသလောက် အစားအသောက်ကျတော့ နည်းရှာသည်ကိုး။

"ပုံမှန်ဆို ညဘက်တွေ ဘာစားလဲ"

"ငါလား"

"အေးလေ ဒီမှာ မေးစရာမင်းပဲရှိတာ။ ငါက ဘေးဝိုင်းကလူတွေကို လိုက်မေးရမလား"

"အဟင်း... ထမင်း မဟုတ်ရင် ငှက်ပျောသီးပေါ့"

"ဟာ ပျင်းစရာကြီး"

ဘာလို့လဲဆိုသော သူ့မျက်နှာပေးက ရယ်ချင်စရာကောင်းသည်။

"ငါဆို တစ်နပ်တစ်မျိုး မှာစားချင်စားနေတာ။ ပိုက်ဆံအပ်စရာ အိမ်လဲမရှိတဲ့အတူတူ ငါ့ဟာငါ ရှယ်အမ်းပဲ"

သွားပြီ...ပြောချင်တာပြောပြီးမှ ခွန်းနစ် ပါးစိပ်က ပိတ်၏။ သူများ သတိထားမိသွားသလား။ လှမ်းကြည့်တော့ သူခေါင်းငုံသွားသည်။ သူ့လက်က အစောက ပျင်းပျင်းရိရိ နှိုက်နေသော ဖက်ထုပ်ကြော်ပန်းကန်ကို တူနှင့်ဆွနေ၏။

"ဒီဆိုင်က ကောင်းပါတယ်"

သတိမထားမိတာလား ..သို့မဟုတ် လမ်းကြောင်းလွဲလိုလေသလား။

"အင်း ဟုတ်တယ်။ မင်းကြိုက်ရင် ငါတို့ နောက်လဲ လာစားမယ်လေ"

"အင်း"

တော်သေးတာပေါ့။ ဟူးခနဲ မှုတ်ထုတ်လိုက်မိသည့် လေပူထဲမှာ စိုးထိတ်မှုတချို့များ ကပ်ပါသွားလေမလား။ မသိစေချင်သော အကြောင်းအရာတွေကို သူစိတ်မဝင်စားတာပဲ တော်သေးသည်။ ခွန်းနစ် မပြောချင်တဲ့ကိစ္စတွေ အများကြီးရှိတဲ့အကြောင်း သူ့ကို မသိစေချင်သေး။ ဘယ်လောက်မှ မကြာသေးသည့် နှစ်ယောက်ကြားက ခင်မင်မှုလေးကို တာရှည်ခံစေချင်သေးသည်။ တကယ်ဆိုရင် အကြာကြီးနေမှ အခုလို ယုံကြည်ချက်နည်းနည်းလောက်ဖြစ်ဖြစ် ထားလို့ရမဲ့ လူတစ်ယောက်နဲ့ ပြန်ဆုံရတာမို့လား။

အပြန်လမ်းမှာ သူက အနီးဆုံးလမ်းကိုရွေး၏။ မောင်နှုန်းအရှိန်ရလည်း အရင်ကထက် ပိုမြင့်နေသည်။အဆောင်ပြန်တာနောက်ကျလျှင် ဒဏ်ကြေးဆောင်ရကြောင်း ပြောမိတာကိုပင် မှတ်ထားလေသလားလို့ မဆီမဆိုင်တွေးမိသေး၏။ ခွန်းနစ်ကတော့ လမ်းဘေးကိုမငေးနိုင်သလို အဆောင်မှူး ပစိပစပ်များမှာကိုလည်း စိတ်ပူမနေ။ သူ့ကျောပြင်ထက်က သားရေဂျာကင်ကြီးကိုသာ ငူငူကြီးကြည့်ပြီး ပါလာခဲ့သည်။

နေချိုမောင်ကို ပြောပြသင့်သလား...
ခွန်းနစ်အကြောင်းတွေကို အသိပေးရရလောက်တဲ့အထိ ဒီသူငယ်ချင်းကို ယုံကြည်လိုက်သင့်ရဲ့လား...
ကိုယ့်အကြောင်း တစ်ခွန်းတောင် စောဒကတက်မေးမြန်းခြင်း မရှိသူကိုမှ ပြောပြချင်နေသည့် ကိုယ်က‌ရော ဘာတွေဖြစ်နေပါသနည်း။ တကယ်ကိုပဲ ဘာကြောင့် မလုံမလံခံစားချက်တွေ အနိုင်ကျင့်မိသလို ခံစားချက်တွေနဲ့ ပင်ပန်းနေမိပါသနည်း။

"နေချိုမောင် "

"ဟင်"

ပြန်ခါနီးလူကို တော်တော်နှင့် ပြန်ခွင့်မပေးမိ။ လက်တစ်ဖက်ထဲလျှိုလွယ်ထားမိသည့် အိတ်ကိုင်းကိုကိုင်ထားသော လက်ချောင်းတွေက တင်းသသည်ထက် တင်းလို့လာသည်။ ထုံးစံအတိုင်း သူတို့နှစ်ယောက်လုံးက အဆောင်ဘေးလမ်းက ဗံဒါပင်ကလေးအောက်မှာပင်။

"တကယ်လို့"

"တကယ်လို့ ငါက အရင် မင်းသိထားသလို မဟုတ်တော့ရင်"

"အဲ့လိုဆိုရင်"

"မင်း ကြောက်သွားမှာလား"

အား...ဘယ်လိုတောင် စောက်အဓိပ္ပာယ် မရှိလိုက်တဲ့ မေးခွန်းလဲကွာ။ ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်သွားသည်။ ငတုံးတောင် ခွန်းနစ်ကုဋေ.. မင်းကိုယ်တိုင်တောင် နားမလည်တဲ့ကိစ္စကို နေချိုမောင်က ဘယ်လိုလုပ်နားလည်မှာတဲ့လဲ။

"ဘာမှ မဟုတ်တော့ဘူးကွာ။ မင်းလဲ ပြန်တော့။ငါလဲ ဝင်ပြီ"

စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေကိုဆွဲဖွရင်း သူ့ကို နှုတ်ဆက်လိုက်သည်။ ခုချိန်မှာ အကောင်းဆုံးက ဘိုင့်ဘိုင့်လုပ်လိုက်ကြဖို့ပဲ ရှိ၏။

"‌ခွန်းနစ်ကုဋေ"

ခြေစွပ်ဖိနပ် အဖြူလေးရဲ့ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။ ညနေလေပြေ၏ ဗလာသပ်သပ်ဖြစ်နေသည့် ဘာအရောင်အစွန်းထင်းမှမပါသော အသံကို ခွန်းနစ်ထံသို့ သယ်ဆောင်လာ၏။ သူ့အသံက ပေါ့ပါးကာ နားထောင်ရကောင်းနေခဲ့သည်။

"ဘာမှမတွေးပဲ ကောင်းကောင်းအိပ်"

"..."

"မင်းသာ သရဲမဟုတ်ရင် "

"..."

"ငါ မကြောက်ဘူး"

"ဖွီး..."

"အဟား ဟား... အေးပါကွာ.. ငါ့ကောင်ရာ"

အော်ရယ်သံက ညဉ့်ဦးယံကို ထိုးဖောက်လို့... တီဗွီသံ၊ ကားသံ ၊ ဆိုင်ကယ်သံ၊ ပြောသံဆိုသံတွေ ညံနေသည့် ရပ်ကွယ်ငယ်က ခေတ္တမျှ တိတ်ဆိတ်သွားပါသလို။ ခွန်းနစ် နားထဲမှာ ကိုယ့် ရယ်သံကိုယ်သာ ပြန်ကြားနေရသည်။

မင်းက ဘာမှမပြောင်းလဲသွားဘူး နေချိုမောင်။ အရင်ကလို နှုတ်ဆိတ်နေပြီး မင်းပြောလိုက်တဲ့ စကားတစ်ခွန်းစီက ငါ့ကို ငိုအောင် ရယ်အောင် လုပ်နိုင်နေတုန်းပါပဲ။ ငါ့ကို အပို့အကြိုလုပ်ပေးတဲ့ ရွတ်တွတ်တွတ် သူငယ်ချင်းဖြစ်နေတုန်းပါပဲ။ ငါ စိတ်ထင်တိုင်း ပြောပစ်လိုက်လို့ရမယ်လို့ ယုံကြည်ချက်ကလေးဝင်စေတဲ့ လူတစ်ယောက်အဖြစ် ခံစားနေရတုန်းပါပဲ။

ငါကရော... ငါကတော့ ဒီနှစ်တွေထဲမှာ အများကြီးပြောင်းလဲသွားခဲ့တယ်ကွ။ ကောင်း၏ မကောင်း၏ ငါကိုယ်တိုင်တောင် မဆုံးဖြတ်နိုင်တဲ့ မဆုံးဖြတ်ရဲသေးတဲ့ အပြောင်းအလဲမျိုးနဲ့ပေါ့။

ငါ့အတ္တတွေကို မြင်တဲ့တစ်နေ့ကျရင် အရှင်လတ်လတ်ရှိနေသေးတဲ့ ငါ့ကိုကြောက်ပြီး ရွံသွားမဲ့ မင်းကို မြင်ရလေအုန်းမယ်ထင်ပါရဲ့။

အတွေးစဟာ ရယ်သံတွေကြားမှ မှန်ကွဲစတွေသဖွယ်။ ခွန်းနစ်ရင်ဘတ်က နာကျင်လာသည်။ လူတစ်ယောက်က ရယ်နေရင်း မရယ်ချင်တော့တာတောင် ရပ်လိုက်ဖို့ကျ ခက်လိုက်တာများ။ မရယ်ချင်ပေမဲ့ ဆက်ရယ်နေရတဲ့ ရယ်သံတွေက ပျော်စရာရော ကောင်းနေပါ့မလား။

သူကတော့ မရယ်ပါ။ဆိုင်ကယ်ကို ထိန်းထားရင်း ခွန်းနစ်ကိုသာ ငေးကြည့်နေသည်။ လမ်းမီးတိုင်အောက်က သူ့မျက်ဝန်းတွေကလည်း တည်ငြိမ်ကာ နက်မှောင်နေ၏။ တစ်ခုတော့ရှိသည်.... သူ့နှုတ်ထက်ခမ်းမှာ အပြုံးသဲ့သဲ့လေး ခိုနေတာ ခွန်းနစ်သေချာတွေ့လိုက်ပါသည်။

သူ့အပြုံးက နာကျင်နေသော ခွန်းနစ်ရယ်သံတွေကို လှောင်ရယ်နေတာ မဟုတ်ဘူးလို့  တစ်ယောက်ယောက်က သက်သေပြုပေးနိုင်လျှင် သိပ်ကောင်းမည်။
.................................................................

စာရေးသူ၏ အမှာစာ:
ကဲ ကျွန်မလာပါပြီနော်
Vote ၁၀၀ပြည့်တာ သတိပေးကြတာတွေ့ပါတယ်။ စာမေးပွဲနဲ့မို့ မတင်ဖြစ်တာပါ။

မနက်ဖြန် ထပ်တွေ့ကြပါမယ်

အိုင့်ကလေးနှစ်ယောက်ကို စောင့်ကြည့်ပေးကြပါအုန်း ❤️

Zawgyi

တိမ္တိုက္ငယ္၏ ဦးခိုက္မႈ ၃

"ေနပါအုန္း မင္းက ဘာကိစၥငါ့ကို ေန႕တိုင္းလာႀကိဳေနတာလဲ။ ငါ့ဟာငါေတာင္ သြားရလာရရႈပ္လြန္းလို႔ ေဆး႐ုံနဲ႕အနီးဆုံးက အေဆာင္မွာေနေနတာကို"

"..."

ဘာမွမေျပာပဲ ပုခုံးတစ္ခ်က္သာ တြန႔္ျပသူေၾကာင့္ ခြန္းနစ္ေဆြ႕ေဆြ႕ခုန္ခ်င္လာသည္။ ေျပာရလြန္းလို႔ အာလည္းေပါက္ေတာ့မည္။ တစ္ေန႕တစ္ေန႕ လူနာေတြကို ေျပာရဆိုရတာ အပင္ပန္းဆုံးထင္ခဲ့ေပမဲ့ ၿပီးခဲ့သည့္ လမွစကာ ေနခ်ိဳေမာင္ႏွင့္ ေျပာရတာ အပင္ပန္းဆုံးျဖစ္လာ၏။ ဒီေကာင္က ႐ြတ္သည္။ ကိုယ္မလာနဲ႕ေျပာလည္းမရ။ ညေနတိုင္း ေဆး႐ုံမွျပန္ခ်ိန္ဆို သူေရာက္ခ်ေနတတ္သည္။ ယခုလဲ ဂ်ဴတီပိတ္ရက္ႀကီး လာႀကိဳေနသည္ဟု ယုဖုန္းဆက္တာေၾကာင့္ အ‌ေဆာင္ကေန ေဆး႐ုံထိ တကူးတကကို လာေျပာရျခင္းျဖစ္၏။

"ဟင္း..."

သက္ျပင္းကို ၾကာၾကာခ်ခ်ိန္မရ။ ျမင့္လြန္းၿပီး ခြန္းနစ္မ်က္စိထဲ ဘယ္လိုမွ ဘဝင္မေတြ႕လွသည့္ ေဈးႀကီးလွပါသည္ဆိုေသာ သူ႕ဆိုင္ကယ္ထက္သို႔ တက္လိုက္ရသည္။ အိခနဲ ခံစားခ်က္ေနာက္မွာ ဆိုင္ကယ္စက္သံက ညက္ေညာစြာႏွင့္။

"အရင္အပါတ္ေတြတုန္းက တနဂၤေႏြေတြပဲ ပိတ္တာမို႔လား"

တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနခဲ့သူထံမွ ပထမဆုံးစကားက အျခားမဟုတ္။ ခြန္းနစ္ရဲ႕ နားရက္အေၾကာင္းျဖစ္ေနသည္။ ကြၽဲပါးေစာင္းတီးသလို ဘာမွန္းမသိနိုင္ေအာင္ နားလည္ရခက္သည့္ေကာင္မို႔ ျငင္းခုန္ခ်င္မေနေတာ့။ ေျဖးေျဖးခ်င္းသာ လွိမ့္ေနေသာ ဆိုင္ကယ္၏ ေနာက္ခုံမွတန္းကို ေသခ်ာကိုင္ရင္း "ဂ်ဴတီပိတ္တဲ့ရက္က အၿမဲတူမေနဘူး" ဟု ျပန္ေျဖလိုက္သည္။

"ေအာ္...အင္း"

သူ႕တုန႔္ျပန္ပုံက ထူးထူးျခားျခားမရွိလွ။ ေဆး႐ုံေရွ႕မွာ အေတာ္ၾကာ ေစာင့္ခဲ့ရသည္ကိုပင္ ဂ႐ုစိုက္ပုံရမေနေခ်။ ေနခ်ိဳေမာင္က အလုပ္ေျပာင္းၿပီးေနာက္ ညေနတိုင္း ခြန္းနစ္ဆီေရာက္လာတတ္တယ္ဆိုတဲ့ ကိစၥက ပုံမွန္ပဲလား၊ ပုံမွန္ မဟုတ္တာလား...။ စဥ္းစားရင္း ေတြးရင္း ခြန္းနစ္အတြက္ေတာ့ ေခါင္းကိုက္ရတာသာ အဖတ္တင္ပါသည္။ ကိုယ္တိုင္က ဖက္လွဲတကင္း ပုခုံးဖက္ေပါင္းရသည့္ သူငယ္ခ်င္းမရွိသည္မို႔ ယခုလို တပူးပူးတတြဲတြဲ သြားလာေနရေသာ ဆက္ဆံေရးမ်ိဳးကို အံဝင္ခြင္က်ျဖစ္မေန။ ဒါ့အျပင္ ခြန္းနစ္အတြက္ ေယာက္်ားတစ္ေယာက္ႏွင့္ တရင္းတႏွီး ဆက္ဆံေနရသည့္ခံစားခ်က္က မိန္းမတစ္ေယာက္ႏွင့္ တရင္းတႏွီးေျပာဆို ဆက္ဆံေနရသည္ထက္ပင္ အို႔တို႔အမ္းတမ္းနိုင္လြန္း၏။

"အေဆာင္ေဘးနားတင္ ရပ္လိုက္ေတာ့။ ငါဆင္းေလွ်ာက္လိုက္မယ္"

အင္းအဲ ျပန္မေျပာေပမဲ့ ခြန္းနစ္ေျပာသည့္အတိုင္း အေဆာင္ေဘး လမ္းၾကားထဲမွာ သူ႕ဆိုင္ကယ္ကို ရပ္ေပးပါသည္။ သူ႕အကၤ်ီပုခုံးမွာ ဖုန္စတခ်ိဳ႕ေပေတေနကာ ေသခ်ာၾကည့္ေတာ့ သူ႕ဆံပင္မွာ ပိုးမွ်င္စတခ်ိဳ႕ ကပ္ေနေသး၏။ ဖုန္းဆိုင္မွာ လုပ္တယ္ဆိုသည့္လူက ဒီေလာက္ပဲ ေခ်ာင္တိုးရသလား။ ခြန္းနစ္ႏွာေခါင္းရႈံ႕လိုက္သလို စိတ္ထဲလဲ မေက်မနပ္ျဖစ္မိသြားသည္။

"ေခါင္းမွာ အမွိုက္ေတြ"

ေျပာရင္း ေရာက္သြားသည့္လက္ေတြအတြက္ ခြင့္ျပဳခ်က္ ႀကီးႀကီးမားမားမလို။ ေယာက္်ားေတြနဲ႕ လက္ပြန္းတတီး ေျပာဆိုရတိုင္း ျဖစ္လာတတ္ေသာေနရခက္ျခင္းေတြက ထူးထူးျခားျခားပဲ ေနခ်ိဳေမာင့္အနားမွာေတာ့ နည္းနည္းသက္သာသည္။

"ဘာလို႔ ဒီေလာက္ေတာင္ ေပေနတာလဲ"

"ဒီေန႕ ေကာင္တာေနရာေ႐ႊ႕လို႔"

ေဝၿဖိဳးနိုင္ေျပာစကားအရဆို သူလုပ္ေနတာ ဆိုင္အႀကီးႀကီးေတာ့ ဟုတ္ပုံမေပၚ။ ဆိုင္ခြဲႏွစ္ဆိုင္ေလာက္ ရွိသည္ဟုေတာ့ သိရသည္။ ‌ေနခ်ိဳေမာင္က မူလလက္ေဟာင္းဆိုင္မွာ ဖုန္းျပန္လည္ျပင္ဆင္ေရးအပိုင္းကို တာဝန္ယူထားၿပီး တစ္ပါတ္လွ်င္ နားရက္တစ္ရက္သာရွိ၏။ သူ႕အလုပ္ဆင္းခ်ိန္က ခြန္းနစ္ဂ်ဴတီမၿပီးခင္ နာရီဝက္အလိုျဖစ္ကာ အလုပ္သြားတာကိုေတာ့ ခြန္းနစ္ႏွင့္အတူ မနက္၈နာရီ မတ္တင္းမွာ သြားေလ့ရွိသည္။

ႏွစ္အေတာ္ၾကာမွ ျပန္လည္ရရွိလာေသာ သြားေဖာ္လာဖက္ သူငယ္ခ်င္းေၾကာင့္ ေတာက္ေလွ်ာက္ျဖတ္သန္းလာခဲ့ရေသာ က်င့္သားရၿပီးေနၿပီျဖစ္သည့္ အလ့အထိေတြပင္ ကေျပာင္းကျပန္ျဖစ္ကုန္ခဲ့ၿပီ။ မနက္ဖက္ စိတ္ေလးလက္ေအး လမ္းေလွ်ာက္သြားတတ္ေသာ ေဆး႐ုံသို႔ခရီးလမ္းကို ႐ုပ္ဆိုးလွသည့္ ဆိုင္ကယ္ႀကီးႏွင့္သြားေနရသည္။ ေနဝင္ဆည္းဆာကို ေငးရင္း ျပန္ရသည့္ အိမ္ျပန္ခ်ိန္မွာေတာ့ တုန႔္ျပန္မႈနည္းလွသည့္ လူတစ္ေယာက္အား စကားေတြေျပာရင္း ျပန္ေနရ၏။

"မနက္က အရမ္းေနာက္က်ေနလို႔ ငါလာမႀကိဳတာ"

ေျဖရွင္းခ်က္ မေတာင္းသည္ေတာင္းသည္ သူမသိ။ သူေျပာခ်င္တာ ေျပာၿပီး ခြန္းနစ္လက္ထဲသို႔ အထုပ္တစ္ခု ကမ္းေပးလာသည္။ ေဖာ့ဘူးထည့္ထားသည့္ ပလပ္စတစ္အိတ္ကေလးပင္။ ဘူးအထက္မွာ အနီေရာင္မွင္ျဖင့္ေရးထားေသာ စာလုံးမ်ားပါသည္။

"ေခါက္ဆြဲေၾကာ္ အဲ့ဒီဆိုင္က ေကာင္းတယ္"

"မင္းအတြက္ ယူသြား။ ငါက ညေနဖက္ သိပ္မစား...."

"ပထမဆုံး လစာရတာ။ ငါ ေကြၽးစရာ မင္းပဲရွိတယ္"

အာေစးမိသြားသည့္ ႏႈတ္ခမ္းေတြ... အသက္ရႉၾကပ္သလို မြန္းလာသည့္ အေနအထားမွာ ခြန္းနစ္ မဆီမဆိုင္ ေခါင္းငုံ႕ခ်ကာ ကတၱရာလမ္းကိုစိုက္ၾကည့္မိသြားသည္။ေနခ်ိဳေမာင္... သူ စီးထားသည့္ရႉးဖိနပ္က ေဘးဘက္ေတြမွာ ေပေတကာ ပြလန္ေန၏။

"သြားေတာ့မယ္။ မနက္ျဖန္ မနက္ သြားရမွာလား"

"ေအး "

စက္အင္ဂ်င္သံက တေျဖးေျဖး ေဝးလို႔သြားသည္။ ညေနေနေရာင္ ပါးပါးေအာက္မွာ သူ႕ေက်ာျပင္ထက္က ဂ်င္းလြယ္အိတ္ကလည္း ေဝးသည္ထက္ ေဝးလို႔သြား၏။ လမ္းမီးတိုင္မွ ဖ်တ္ခနဲမီးလင္းလာမွ ခြန္းနစ္သတိဝင္လာသည္။ သူတို႔ ရပ္ေနခဲ့တာ ဗံဒါပင္ႀကီးေအာက္မွာပင္။ ျမစ္သားမွာ ေနခဲ့တုန္းက က်ဴရွင္နားခ်ိန္ေပးတိုင္း ေနခ်ိဳေမာင္က ခြန္းနစ္အတြက္ ဗံဒါသီးေတြ ထုေပးခဲ့ဖူးတာ ျပန္အမွတ္ရမိသည္။

"ဟင္...ဒါက ဘာလို႔ ..."

ဘယ္အခ်ိန္ကမ်ား ဘယ္ေလာက္ထိ သတိလက္လြတ္ ျဖစ္သြားခဲ့ေလသလဲ...။အျဖဴေရာင္ ေဖာ့ဘူးထည့္ထားသည့္ အထုပ္ကေလးက ခြန္းနစ္လက္ထဲတြင္ ဆြဲကိုင္လ်က္သား က်န္ရစ္ေနခဲ့သည္။

ဒီေကာင္ေတာ့...သူစားဖို႔ ျပန္ေပးတာကို ယူမသြားဘူး...။
.........................................................

"ငါ့မိန္းမက မင္းတို႔ မလာမခ်င္း ဂ်ီက်ေနလို႔လာစမ္းပါကြာ "ဆိုသည့္ စကားေနာက္မွာ ခြန္းနစ္ေရာက္ေနတာကေတာ့ ေက်းဇူးရွင္ ေဝၿဖိဳးနိုင္၏ အိမ္ပင္ျဖစ္သည္။ ႏွစ္ဆယ္ ေလးဆယ္ အလ်ား အနံ အျပည့္ေဆာက္ထားေသာ လုံးခ်င္းတိုက္ကေလးက ထည္ထည္ဝါဝါႀကီး မဟုတ္ေသာ္လည္း သူတို႔ရက္ကြက္ထဲမွာေတာ့ တင့္တင့္တည္တည္ေလးဟု ‌ဆိုနိုင္သည္။ သူတို႔အိမ္ကေလးက ျပင္ဦးလြင္အတက္လမ္းဖက္မေရာက္ခင္ လူေျခစိပ္လွသည့္ ရပ္ကြက္တစ္ခု၏ ၾကားလမ္းထဲတြင္ရွိ၏။

မႏၲေလးမွာ ေနတာၾကာေပမဲ့ လမ္းနာမည္ေတြ လိပ္စာေတြကို အလြတ္မရသလို သြားတိုင္း႐ြာလည္ေနတတ္သည့္ ခြန္းနစ္အတြက္ တစ္ေယာက္ထဲသာလာျဖစ္လွ်င္ သုံးရက္ေလာက္ေနမွပဲ သူတို႔အိမ္ကို ေရာက္လိမ့္မည္။ တံတားအျဖဴေလး ၊ ေဈးနားေလးစသည္ျဖင့္ အလြယ္တကူ ေျပာေနတဲ့သူတို႔ လမ္းကိုေရာက္ဖို႔ တံတားအျဖဴႏွင့္ ကန္သာယာ ေဈးဆိုေသာ ေဈးႀကီးနားကို သုံးႀကိမ္ေလာက္ ပတ္လိုက္ရ၏။

"သူက မင္းအိမ္ကို တစ္ခ်ိန္လုံးဝင္ထြက္ေနတာေတာင္ မ်က္စိလည္ေနတယ္"

ကိုယ္တစ္ေယာက္ထဲေတာ့ အညံ့မခံနိုင္၊ အတူပါလာသူကိုပါ အေဖာ္ေခၚမယ္ႀကံရင္း ခြန္းနစ္ေျပာေတာ့ အိမ္ႀကီးရွင္ ဇနီးေမာင္ႏွံက မ်က္လုံးျပဴးႀကီးေတြႏွင့္ ၾကည့္လာသည္။ မႏြယ္နီက ပါးႏွစ္ဖက္အျပည့္ သနပ္ခါးေတြေဖြးကာ ဆံၿမီးက်စ္ေခြထုံးထားသည့္ ဆံပင္ေတြမွာလည္း အုန္းဆီေတြ႐ႊဲ႐ႊဲစိုလို႔ေနသည္။ သူမက ခြန္းနစ္စကားကို ၾကားၾကားခ်င္း ရင္ေခါင္းထိ ပူေနၿပီျဖစ္ေသာ ဗိုက္ကိုမကာ ေခါင္းကိုခါယမ္းျပသည္။ထို႔ေနာက္ အေတာ္ကို ေျပာခ်င္‌ေနေသာ မ်က္ႏွာထားျဖင့္

"ကြၽန္မတို႔ တခ်ိန္လုံး အလည္ေခၚေနတာေတာင္ မလာပါဘူး။အခု ခြန္းနစ္ကို ေခၚခဲ့ဆိုမွပဲ ပါလာေတာ့တယ္"

"ဟုတ္တယ္ ဟိတ္ေကာင္။ ငါ့မယ္ အိမ္ေျပာင္းခါစ  ႏြယ္ေဆးခန္းျပဖို႔ လိုက္မပို႔နိုင္လို႔ ကူပါကြာဆိုတာေတာင္ လာမေခၚလို႔ သူအရင္ေနတဲ့ေနရာအထိ အရင္ပို႔ရတယ္"

"ဟုတ္ပါ့။ မွတ္မွတ္ရရ အဲ့ေန႕က ခြန္းနစ္တို႔ေဆး႐ုံကို ပထမဆုံးလာတဲ့ရက္ပဲ။ ျပေနက် အိုဂ်ီက အဲ့ဘက္ကို ေျပာင္းထိုင္တယ္ဆိုလို႔ေလ"

"ဟုတ္သား။ အဲ့လိုေျပာမွ သတိရတယ္။ ေဟ့ေကာင္ ေနခ်ိဳ မင္း ခြန္းနစ္ကုေဋ အဲ့ဒီေဆး႐ုံမွာရွိတာ ႀကိဳသိေနခဲ့တာလားကြ ဟမ္"

"ကြၽန္မလည္း သိခ်င္ေနတာ ဟုတ္လား"

ခြန္းနစ္ဟာ သိခ်င္စိတ္ဟာမ်ားစြာျဖင့္ သူ႕ကိုလွမ္းၾကည့္လိုက္သည္။ ပက္လက္ကုလားထိုင္ေပၚမွာ မိန႔္မိန႔္ႀကီးထိုင္ေနသူက ခံေရာင္တီရွပ္အကြက္ႏွင့္။သူဝတ္ေနက် သားေရဂ်ာကင္ႀကီးကို ေဘးလက္တန္းမွာ လႊားတင္လို႔ထားသည္။

"မသိဘူး။ မင္း မိန္းမက နားၿငီးလို႔ လိုက္ပို႔လိုက္တာ"

"ေဟာ္ေတာ္"

"ဟား...အဟား ဟားဟား...ဟားဟား"

ေဝၿဖိဳးနိုင္ ေအာ္ရယ္သံက လည္ေခ်ာင္းပင္ကြဲမတတ္။ ခြန္းနစ္ပင္ ရယ္ရခက္ ငိုရခက္ျဖစ္ကာ ပါးစပ္ကို တင္းေနေအာင္စိၿပီး ထိန္းလိုက္ရ၏။ သူမ်ားအိမ္ပၚတက္ၿပီး သူမ်ားမိန္းမကို ေျပာဆိုေနသည့္ ေနခ်ိဳေမာင္က ဘာေတြစားၿပီး သတၱိေတြမ်ားေနသည္မသိ။ ဘုဆတ္ဆတ္ႏွင့္ စကား‌လုံးေတြပါေပ်ာက္ထြက္သြားေအာင္ စြမ္းေဆာင္နိုင္စြမ္းကေတာ့ အရင္အတိုင္းျဖစ္သည္။

"ေအးပါကြာ...မင္းတို႔ကလဲ ငါ့မိန္းမကို ဇြတ္မေျပာၾကပါနဲ႕။ ငါ့မယ္ ႏြယ္စကားမေျပာရင္ကို ေသမလိုကြ"

ဘုန္းခနဲ သူ႕ရင္ဘတ္သူ ထုျပၿပီး ဆက္ရယ္ေနတဲ့ သေကာင့္သားရယ္ ၊ေျပာတဲ့သူကို စိတ္ဆိုးရမဲ့အစား ခ်စ္ပါတယ္ဆိုတဲ့ ေယာက္်ားကိုမွ မ်က္ေစာင္းထိုးတဲ့ မႏြယ္နီရယ္...ခြန္းနစ္ ပုခုံးေတြပါ လႈပ္ခါသည္အထိ အားပါးတရ ရယ္မိခဲ့၏။

ေနလို႔ေကာင္းသည္... လူေတြအမ်ားႀကီးႏွင့္ ရယ္ေမာရတာ ေနလို႔ေကာင္းပါသည္။ ၿပီးေတာ့ လြမ္းစရာလည္း ေကာင္း၏။  ထိုစိတ္ကေလးက ၾကာရွည္မခံလိုက္.. လွစ္ခနဲဆုံလိုက္မိေသာ မ်က္ဝန္းေတြႏွင့္ အေတြ႕မွာ ရယ္ေမာက္လက္စ အၿပဳံးေတြ အမ္းတမ္းတမ္းျဖစ္ကုန္ၾကသည္။

ေနခ်ိဳေမာင္၏ မ်က္ဝန္းေသေတြဟာ ဘာေၾကာင့္မ်ားခြန္းနစ္ဆီကို ေရာ‌က္ေနခဲ့ပါသနည္း....။

........................................

"ငါထင္တယ္ မင္းကိုေတာ့ တကယ္ေျပာမရဘူး"

"ဒါဆို ထပ္မေျပာေနနဲ႕ေတာ့ တက္"

ေခါင္းကို အႀကိမ္ႀကိမ္ခါလိုက္ေပမဲ့ ခႏၶာကိုယ္ဟာ သစၥေဖာက္စြာပဲ သူ႕ဆိုင္ကယ္ထက္ ေရာက္လို႔သြားသည္။ ႏွစ္လကေန သုံးလဆိုေတာ့ ခြန္းနစ္ၾကာၾကာ ဟန္ကိုယ့္ဖို႔ လုပ္မေနခ်င္ေတာ့ပါ။ ေနခ်ိဳေမာင္နဲ႕ ကိုယ့္ၾကားမွာ တစ္ခုခုက အရမ္းနီးကပ္ေနၿပီး တစ္ခုခုက ဒီထပ္ပိုၿပီး နီးကပ္လို႔မရေအာင္ လုပ္ေနသလိုပင္။

တစ္ခါတစ္ေလ ခုလို ရင္းႏွီးမႈမ်ိဳးက အဆင္မွ ေျပရဲ႕လားဆိုေသာ သံသယေတြဝင္လာတတ္ၿပီး တစ္ခါတစ္ေလက်ျပန္ေတာ့ အခုလိုေလးလည္း အဆင္ေျပသားပဲဆိုသည့္ ယုံၾကည္မႈမ်ိဳးကို ရျပန္သည္။

"ညေနစာ စားၿပီးၿပီလား"

အသာယာတိုးဝင္ေနသည့္ ေလထုကို ထိုးေဖာက္ရင္းေမးေတာ့ ေနာက္ၾကည့္မွန္မွတဆင့္ ေရာက္လာသည့္ သူ႕မ်က္ဝန္းေတြႏွင့္ဆုံ၏။

"မစားရေသးဘူး"

"ေပၚေပၚသြားရေအာင္ ငါေကြၽးမယ္"

"အခုလား"

"ေအးေလ"

"ၿပီးတာပဲ"

ခ်ိဳးေနက်လမ္းကိုေက်ာ္ကာ အျခားဦးတည္ရာကို သူေ႐ြးလိုက္သည္။အလုပ္ျပန္ခ်ိန္မို႔ ကားေတြ ဆိုင္ကယ္ေတြျဖင့္ ျပည့္ႏွက္ေနသည့္ မႏၲေလးရဲ႕ လမ္း‌မေတြေၾကာင့္ ထင္သေလာက္ အရွိန္မတင္နိုင္။ ခြန္းနစ္အတြက္ေတာ့ တရၾကမ္းေမာင္းတာထက္ ယခုလိုေလး ေျဖးေျဖးခ်င္းသြားေနရတာက အဆင္ေျပသည္။ ညေနဘက္ စည္ကားတိုးက်ိတ္ေနသည့္ လမ္းေဘးဆိုင္ေတြ၊ဘီယာဆိုင္ကယ္ကို ေငးရတာက တစ္မ်ိဳးအရသာရွိသည္ဟု ထင္ဝာာေၾကာင့္လည္း ပါ၏။ ႏွေျမာစရာေကာင္းတာက အလည္အပတ္ ထြက္ခ်င္စိတ္နည္းသည့္ခြန္းနစ္အတြက္ ဒီလိုျမင္ကြင္းမ်ိဳးကို ေန႕တိုင္း မျမင္နိုင္ျခင္းပင္။ သူက ေဆး႐ုံႏွင့္ အေဆာင္ကလြဲရင္ ဟိုသြားဒီလာလုပ္ရမွာ ပ်င္းသည္ကိုး။ ေနာက္ၿပီး အတူသြားမည့္ အေဖာ္မရွိဘူးဆိုသည့္ ဆင္ေျခကလည္း ရွိေနျပန္ေသးသည္။

ေပၚေပၚကိုေရာက္ေတာ့ ‌ခြန္းနစ္က ဖက္ထုပ္ေၾကာ္ႏွင့္ၾကက္ေျခေထာက္သုပ္မွာသည္။ ေနခ်ိဳေမာင့္ကို စားခ်င္တာေမးေတာ့ မေျပာတတ္။ မင္းစားခ်င္တာ မွာဟုဟာ ခပ္လြယ္လြယ္ေျပာ၏။ သူ႕ၾကည့္ရတာ အစားအေသာက္ကိုလည္း စိတ္ဝင္စားပုံမေပၚ။ ဒီေကာင္က အေတာ္ပ်င္းစရာေကာင္းတာပဲဟု ခြန္းနစ္ တိတ္တဆိတ္မွတ္ခ်က္ခ်မိသည္။

"ဟိုးဘက္ဆိုင္က မာလာရွမ္းေကာမွာလိုက္မယ္"

စားစရာေတြစုံေတာ့ အားပါးတရစားတာ ခြန္းနစ္သာ။ သူက ဟိုတို႔ဒီဆိတ္ႏွင့္ ၾကက္စားသေလာက္သာ စားသည္။ လူေကာင္ႀကီးသေလာက္ အစားအေသာက္က်ေတာ့ နည္းရွာသည္ကိုး။

"ပုံမွန္ဆို ညဘက္ေတြ ဘာစားလဲ"

"ငါလား"

"ေအးေလ ဒီမွာ ေမးစရာမင္းပဲရွိတာ။ ငါက ေဘးဝိုင္းကလူေတြကို လိုက္ေမးရမလား"

"အဟင္း... ထမင္း မဟုတ္ရင္ ငွက္ေပ်ာသီးေပါ့"

"ဟာ ပ်င္းစရာႀကီး"

ဘာလို႔လဲဆိုေသာ သူ႕မ်က္ႏွာေပးက ရယ္ခ်င္စရာေကာင္းသည္။

"ငါဆို တစ္နပ္တစ္မ်ိဳး မွာစားခ်င္စားေနတာ။ ပိုက္ဆံအပ္စရာ အိမ္လဲမရွိတဲ့အတူတူ ငါ့ဟာငါ ရွယ္အမ္းပဲ"

သြားၿပီ...ေျပာခ်င္တာေျပာၿပီးမွ ခြန္းနစ္ ပါးစိပ္က ပိတ္၏။ သူမ်ား သတိထားမိသြားသလား။ လွမ္းၾကည့္ေတာ့ သူေခါင္းငုံသြားသည္။ သူ႕လက္က အေစာက ပ်င္းပ်င္းရိရိ ႏွိုက္ေနေသာ ဖက္ထုပ္ေၾကာ္ပန္းကန္ကို တူႏွင့္ဆြေန၏။

"ဒီဆိုင္က ေကာင္းပါတယ္"

သတိမထားမိတာလား ..သို႔မဟုတ္ လမ္းေၾကာင္းလြဲလိုေလသလား။

"အင္း ဟုတ္တယ္။ မင္းႀကိဳက္ရင္ ငါတို႔ ေနာက္လဲ လာစားမယ္ေလ"

"အင္း"

ေတာ္ေသးတာေပါ့။ ဟူးခနဲ မႈတ္ထုတ္လိုက္မိသည့္ ေလပူထဲမွာ စိုးထိတ္မႈတခ်ိဳ႕မ်ား ကပ္ပါသြားေလမလား။ မသိေစခ်င္ေသာ အေၾကာင္းအရာေတြကို သူစိတ္မဝင္စားတာပဲ ေတာ္ေသးသည္။ ခြန္းနစ္ မေျပာခ်င္တဲ့ကိစၥေတြ အမ်ားႀကီးရွိတဲ့အေၾကာင္း သူ႕ကို မသိေစခ်င္ေသး။ ဘယ္ေလာက္မွ မၾကာေသးသည့္ ႏွစ္ေယာက္ၾကားက ခင္မင္မႈေလးကို တာရွည္ခံေစခ်င္ေသးသည္။ တကယ္ဆိုရင္ အၾကာႀကီးေနမွ အခုလို ယုံၾကည္ခ်က္နည္းနည္းေလာက္ျဖစ္ျဖစ္ ထားလို႔ရမဲ့ လူတစ္ေယာက္နဲ႕ ျပန္ဆုံရတာမို႔လား။

အျပန္လမ္းမွာ သူက အနီးဆုံးလမ္းကိုေ႐ြး၏။ ေမာင္ႏႈန္းအရွိန္ရလည္း အရင္ကထက္ ပိုျမင့္ေနသည္။အေဆာင္ျပန္တာေနာက္က်လွ်င္ ဒဏ္ေၾကးေဆာင္ရေၾကာင္း ေျပာမိတာကိုပင္ မွတ္ထားေလသလားလို႔ မဆီမဆိုင္ေတြးမိေသး၏။ ခြန္းနစ္ကေတာ့ လမ္းေဘးကိုမေငးနိုင္သလို အေဆာင္မႉး ပစိပစပ္မ်ားမွာကိုလည္း စိတ္ပူမေန။ သူ႕ေက်ာျပင္ထက္က သားေရဂ်ာကင္ႀကီးကိုသာ ငူငူႀကီးၾကည့္ၿပီး ပါလာခဲ့သည္။

ေနခ်ိဳေမာင္ကို ေျပာျပသင့္သလား...
ခြန္းနစ္အေၾကာင္းေတြကို အသိေပးရရေလာက္တဲ့အထိ ဒီသူငယ္ခ်င္းကို ယုံၾကည္လိုက္သင့္ရဲ႕လား...
ကိုယ့္အေၾကာင္း တစ္ခြန္းေတာင္ ေစာဒကတက္ေမးျမန္းျခင္း မရွိသူကိုမွ ေျပာျပခ်င္ေနသည့္ ကိုယ္က‌ေရာ ဘာေတြျဖစ္ေနပါသနည္း။ တကယ္ကိုပဲ ဘာေၾကာင့္ မလုံမလံခံစားခ်က္ေတြ အနိုင္က်င့္မိသလို ခံစားခ်က္ေတြနဲ႕ ပင္ပန္းေနမိပါသနည္း။

"ေနခ်ိဳေမာင္ "

"ဟင္"

ျပန္ခါနီးလူကို ေတာ္ေတာ္ႏွင့္ ျပန္ခြင့္မေပးမိ။ လက္တစ္ဖက္ထဲလွ်ိုလြယ္ထားမိသည့္ အိတ္ကိုင္းကိုကိုင္ထားေသာ လက္ေခ်ာင္းေတြက တင္းသသည္ထက္ တင္းလို႔လာသည္။ ထုံးစံအတိုင္း သူတို႔ႏွစ္ေယာက္လုံးက အေဆာင္ေဘးလမ္းက ဗံဒါပင္ကေလးေအာက္မွာပင္။

"တကယ္လို႔"

"တကယ္လို႔ ငါက အရင္ မင္းသိထားသလို မဟုတ္ေတာ့ရင္"

"အဲ့လိုဆိုရင္"

"မင္း ေၾကာက္သြားမွာလား"

အား...ဘယ္လိုေတာင္ ေစာက္အဓိပၸာယ္ မရွိလိုက္တဲ့ ေမးခြန္းလဲကြာ။ ကိုယ့္ဟာကိုယ္ေတာင္ စိတ္ညစ္သြားသည္။ ငတုံးေတာင္ ခြန္းနစ္ကုေဋ.. မင္းကိုယ္တိုင္ေတာင္ နားမလည္တဲ့ကိစၥကို ေနခ်ိဳေမာင္က ဘယ္လိုလုပ္နားလည္မွာတဲ့လဲ။

"ဘာမွ မဟုတ္ေတာ့ဘူးကြာ။ မင္းလဲ ျပန္ေတာ့။ငါလဲ ဝင္ၿပီ"

စိတ္ရႈပ္ရႈပ္ႏွင့္ ဆံပင္ေတြကိုဆြဲဖြရင္း သူ႕ကို ႏႈတ္ဆက္လိုက္သည္။ ခုခ်ိန္မွာ အေကာင္းဆုံးက ဘိုင့္ဘိုင့္လုပ္လိုက္ၾကဖို႔ပဲ ရွိ၏။

"‌ခြန္းနစ္ကုေဋ"

ေျခစြပ္ဖိနပ္ အျဖဴေလးရဲ႕ လႈပ္ရွားမႈတို႔ ရပ္တန႔္သြားသည္။ ညေနေလေျပ၏ ဗလာသပ္သပ္ျဖစ္ေနသည့္ ဘာအေရာင္အစြန္းထင္းမွမပါေသာ အသံကို ခြန္းနစ္ထံသို႔ သယ္ေဆာင္လာ၏။ သူ႕အသံက ေပါ့ပါးကာ နားေထာင္ရေကာင္းေနခဲ့သည္။

"ဘာမွမေတြးပဲ ေကာင္းေကာင္းအိပ္"

"..."

"မင္းသာ သရဲမဟုတ္ရင္ "

"..."

"ငါ မေၾကာက္ဘူး"

"ဖြီး..."

"အဟား ဟား... ေအးပါကြာ.. ငါ့ေကာင္ရာ"

ေအာ္ရယ္သံက ညဉ့္ဦးယံကို ထိုးေဖာက္လို႔... တီဗြီသံ၊ ကားသံ ၊ ဆိုင္ကယ္သံ၊ ေျပာသံဆိုသံေတြ ညံေနသည့္ ရပ္ကြယ္ငယ္က ေခတၱမွ် တိတ္ဆိတ္သြားပါသလို။ ခြန္းနစ္ နားထဲမွာ ကိုယ့္ ရယ္သံကိုယ္သာ ျပန္ၾကားေနရသည္။

မင္းက ဘာမွမေျပာင္းလဲသြားဘူး ေနခ်ိဳေမာင္။ အရင္ကလို ႏႈတ္ဆိတ္ေနၿပီး မင္းေျပာလိုက္တဲ့ စကားတစ္ခြန္းစီက ငါ့ကို ငိုေအာင္ ရယ္ေအာင္ လုပ္နိုင္ေနတုန္းပါပဲ။ ငါ့ကို အပို႔အႀကိဳလုပ္ေပးတဲ့ ႐ြတ္တြတ္တြတ္ သူငယ္ခ်င္းျဖစ္ေနတုန္းပါပဲ။ ငါ စိတ္ထင္တိုင္း ေျပာပစ္လိုက္လို႔ရမယ္လို႔ ယုံၾကည္ခ်က္ကေလးဝင္ေစတဲ့ လူတစ္ေယာက္အျဖစ္ ခံစားေနရတုန္းပါပဲ။

ငါကေရာ... ငါကေတာ့ ဒီႏွစ္ေတြထဲမွာ အမ်ားႀကီးေျပာင္းလဲသြားခဲ့တယ္ကြ။ ေကာင္း၏ မေကာင္း၏ ငါကိုယ္တိုင္ေတာင္ မဆုံးျဖတ္နိုင္တဲ့ မဆုံးျဖတ္ရဲေသးတဲ့ အေျပာင္းအလဲမ်ိဳးနဲ႕ေပါ့။

ငါ့အတၱေတြကို ျမင္တဲ့တစ္ေန႕က်ရင္ အရွင္လတ္လတ္ရွိေနေသးတဲ့ ငါ့ကိုေၾကာက္ၿပီး ႐ြံသြားမဲ့ မင္းကို ျမင္ရေလအုန္းမယ္ထင္ပါရဲ႕။

အေတြးစဟာ ရယ္သံေတြၾကားမွ မွန္ကြဲစေတြသဖြယ္။ ခြန္းနစ္ရင္ဘတ္က နာက်င္လာသည္။ လူတစ္ေယာက္က ရယ္ေနရင္း မရယ္ခ်င္ေတာ့တာေတာင္ ရပ္လိုက္ဖို႔က် ခက္လိုက္တာမ်ား။ မရယ္ခ်င္ေပမဲ့ ဆက္ရယ္ေနရတဲ့ ရယ္သံေတြက ေပ်ာ္စရာေရာ ေကာင္းေနပါ့မလား။

သူကေတာ့ မရယ္ပါ။ဆိုင္ကယ္ကို ထိန္းထားရင္း ခြန္းနစ္ကိုသာ ေငးၾကည့္ေနသည္။ လမ္းမီးတိုင္ေအာက္က သူ႕မ်က္ဝန္းေတြကလည္း တည္ၿငိမ္ကာ နက္ေမွာင္ေန၏။ တစ္ခုေတာ့ရွိသည္.... သူ႕ႏႈတ္ထက္ခမ္းမွာ အၿပဳံးသဲ့သဲ့ေလး ခိုေနတာ ခြန္းနစ္ေသခ်ာေတြ႕လိုက္ပါသည္။

သူ႕အၿပဳံးက နာက်င္ေနေသာ ခြန္းနစ္ရယ္သံေတြကို ေလွာင္ရယ္ေနတာ မဟုတ္ဘူးလို႔  တစ္ေယာက္ေယာက္က သက္ေသျပဳေပးနိုင္လွ်င္ သိပ္ေကာင္းမည္။
.................................................................

စာေရးသူ၏ အမွာစာ:
ကဲ ကြၽန္မလာပါၿပီေနာ္
Vote ၁၀၀ျပည့္တာ သတိေပးၾကတာေတြ႕ပါတယ္။ စာေမးပြဲနဲ႕မို႔ မတင္ျဖစ္တာပါ။

မနက္ျဖန္ ထပ္ေတြ႕ၾကပါမယ္

အိုင့္ကေလးႏွစ္ေယာက္ကို ေစာင့္ၾကည့္ေပးၾကပါအုန္း ❤️

Continue Reading

You'll Also Like

258K 22.4K 64
ဒီဇာတ္​လမ္​း​ေလး ဘယ္​ကစလဲလို႔​ေျပာရင္​ ရာဇဝင္​​ေတြ သမိုင္​း​ေၾကာင္​း​ေတြကစတယ္​​ေျပာရမွာ​ေပါ့ ဒီဇာတ်​လမ်း​လေး ဘယ်​ကစလဲလို့​ပြောရင်​ ရာဇဝင်​​တွေ သမိုင်...
399K 42.5K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...