Uni
/
အချိန်ကတစ်ရက်ပြီးတစ်ရက်ကုန်လွန်လာတယ်။ ရွာသူရွာသားတွေရဲ့အမြင်မကြည်မှုကြောင့်ရှောင်းကျန့်ရဲ့တောင်ပေါ်ကစာသင်ကျောင်းလေးဟာတိတ်ဆိတ်နေပုံများ။ ကလေးတွေကလည်းမလာကြတော့ရှောင်းကျန့်ကကျောင်းကလေးမှာတစ်ယောက်တည်းပါပဲ။ တစ်ခါတစ်လေဆိုယောင်ယမ်းပြီးစာသင်ဖို့စာသင်ခန်းလေးဆီကိုထွက်လာမိသေးတာ။ ဒီရက်တွေအတွင်းရှောင်းကျန့်အထီးကျန်နေပါတယ်။
မနက်ဖြန်ဆိုရင်ပြောထားတဲ့တစ်ပတ်ပြည့်တော့မယ်။ အချိန်ကမကျန်တော့ပေမယ့်လဲ့ယွီနှုတ်ကစကားတစ်ခွန်းမှထွက်ကျမလာတော့ ချင်းလုံရွာသားတွေရဲ့သံသယကကြီးထွားနေတုန်းပဲ။ ရှောင်းကျန့်ကတော့ဘာကိုမှတွေးမနေတော့ပါဘူး။ ကံစီမံရာပေါ့လေ။ ဒါပေမယ့်မျိုးနွယ်စုခေါင်းဆောင်လောင်းလျာလေးကတော့ခုထိရှောင်းကျန့်အနားမှာရှိနေတုန်းပဲ။ တဖွဖွအားပေးတုန်းပဲ။ အားနာနေတဲ့စိတ်အပြင်သံယောစဥ်ကြိုးတွေခိုင်မာလာတာနဲ့အမျှ ရှောင်းကျန့်တကယ်ကြီးလက်ထပ်ရမှာကြောက်လာတယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ဆိုတဲ့တိုင်းရင်းသားလေးနဲ့အတူစကားတွေပြောချင်သေးတယ်။ ပြီးတော့ရင်ခုန်ချင်ပါသေးတယ်။
"ဆရာရှောင်းကျန့် ကျွန်တော့်ကိုယုံ
ကျွန်တော်ရှိပါတယ် ခင်ဗျားရဲ့"
ညနေတိုင်းရောက်လာတတ်တဲ့တိုင်းရင်းသားလေးကရှောင်းကျန့်ကိုအဲ့လိုပြောတတ်တာတဖွဖွ။ ပိုးပန်းတော့မယ်ဆိုပေမယ့် ရှောင်းကျန့်စိတ်အခြေအနေကိုသိတဲ့ကောင်လေးကနားပူနားဆာမလုပ်ပေမယ့် ရှောင်းကျန့်ကတော့နားပူနားဆာလုပ်စေချင်မိတော့တာပါပဲ။ ဝမ်ရိပေါ်နဲ့အတူရှိနေရရင် ရှောင်းကျန့်ပူပင်စရာတွေမေ့သွားတတ်တာမို့ပေါ့။ စိတ်အတွက်အသုံးချနေတာမှန်ပေမယ့် အားနာစိတ်တချို့တဝက်နဲ့ပါပဲ။ ရှောင်းကျန့်ကအကြီးဖြစ်ပြီးဒီကောင်လေးကအတည်ကြီးကာကွယ်နေရတယ်။
"ဆရာရှောင်းကျန့်"
ကိုယ့်အတွေးနဲ့ကိုယ် တောင်တန်းတွေဖက်ကိုငေးနေတုန်းကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်မသိမသာလေးပြုံးမိသွားတယ်။ ညနေတိုင်ရင်ရောက်လာတတ်တဲ့နက်ပြာရောင်ဂျစ်တူးလေးပါပဲ။
"နေပြန်ပြီဗျာ အနွေးထည်မပါဘဲ"
ရှောင်းကျန့်တစ်ကိုယ်လုံးကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးတဲ့အခါ ခပ်ဝဲဝဲအသံလေးနဲ့ဆူတယ်။ ရှောင်းကျန့်ကလည်းရှောင်းကျန့်ပါပဲ။ ရေချိုးပြီးကာစကို လက်တိုလေးနဲ့အပြင်ထွက်ရပ်နေမိတာ။
"တောင်ပေါ်ကအေးတယ်ဆိုတာသိရဲ့နဲ့ဗျာ"
ရှောင်းကျန့်ကိုမှုန်ကုတ်ကုတ်ကြည့်ရင်း ဝမ်ရိပေါ်ကဆက်ပြောလာတာမို့ရှောင်းကျန့်ခပ်ဖွဖွပြုံးမိတယ်။
"ဟုတ်ပြီ ကျွန်တော်ဆွယ်တာထပ်ဝတ်လိုက်ပါ့မယ်"
အခန်းထဲကိုပြန်ဝင်၊တွေ့တဲ့ဆွယ်တာထပ်ဝတ်ပြီးထွက်လာတော့မှ မှုန်ကုတ်ကုတ်မျက်နှာထားကပြေလျော့သွားတော့တယ်။ ဒီကလေးဟာလေ!!။
"အပါးခေါ်ခိုင်းလိုက်တာ"
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်တွေခနဲပါပဲ။ အချိန်ပြည့်တော့မှာမို့သတိပေးဖို့လား။ ဒါမှမဟုတ်လက်ထပ်ပွဲအတွက်ကြိုပြင်ဖို့အသိပေးတာများလား။ စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ထားပေမယ့်ရှောင်းကျန့်ငိုင်မိတော့တယ်။ ရှောင်းကျန့်ကမရင့်ကျက်သေးပါဘူး။
"မတွေဝေစမ်းပါနဲ့ ခင်ဗျားရယ်
ကျွန်တော့်ကိုယုံလို့ပြောထားရဲ့သားနဲ့ဗျာ"
ငိုင်ကျသွားတဲ့ရှောင်းကျန့်မျက်နှာကိုသတိထားမိတဲ့ကောင်လေးကပြောရင်းဆိုရင်း ရှောင်းကျန့်လက်ဖဝါးတစ်ဖက်ကိုခပ်တင်းတင်းဆုတ်ကိုင်လိုက်တာမို့ရှောင်းကျန့်ကြည့်မိတော့ ခပ်ဖွဖွပြုံးပြတယ်။ အခွင့်အရေးယူတယ်လို့နည်းနည်းမှမတွေးမိပါဘဲ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုယုံဖို့ကြိုးစားလိုက်တယ်။ အဆိုးဆုံးဆိုရင်တောင် ခပ်ဝဲဝဲစကားသံဖွဖွတွေကိုကြားနေရသေးတယ်မလား။ အဆင်ပြေမှာပါ။
တောင်ဆင်းလမ်းကလေးမှာလေပြေဝေ့လို့အေးနေပေမယ့် ရှောင်းကျန့်ရဲ့လက်ဖဝါးလေးတစ်ဖက်ကတော့အတိုင်းထက်အလွန်နွေးပါတယ်။ ရှောင်းကျန့်လက်နာနေပြီအထင်နဲ့ခပ်ဖွဖွဆုတ်ကိုင်လိုက်၊ လွတ်ထွက်သွားမှာကြောက်သလိုနဲ့တင်းနေအောင်ဆုတ်ထားလိုက်နဲ့တစ်ယောက်တည်းအလုပ်တွေရှုပ်နေတဲ့ခြောက်နှစ်ငယ်တဲ့ကောင်လေးကအဲ့ဒီလိုချစ်စရာကောင်းပါတယ်။ တောပန်းရနံ့တွေကြိုင်နေတဲ့တောင်ဆင်းလမ်းကလေးမှာ ရှောင်းကျန့်ကအချိန်တွေကိုရပ်ထားချင်မိတော့တယ်။ ရှောင်းကျန့်ကလည်းအဲ့ဒီလိုအတ္တရှိပါတယ်။
တောင်ဆင်းလမ်းရဲ့အဆုံးရွာအဝင်ကိုရောက်တော့ ခပ်ဖွဖွဆုတ်ထားဆဲဖြစ်တဲ့လက်တစ်ဖက်ကိုဝမ်ရိပေါ်ကလွှတ်ပေးလာတယ်။ ဒါကပြောမပြရင်တောင်ရှောင်းကျန့်အတွက်ဆိုတာရှောင်းကျန့်သိပါတယ်။ မကြည်သာတဲ့အခြေအနေမှာရှောင်းကျန့်ကအများကြီးဆင်ခြင်သင့်တဲ့သူမဟုတ်လား။ လမ်းမှာကွက်ကြည့်ကွက်ကြည့်လုပ်သွားတဲ့လူတွေကိုရှောင်းကျန့်လျစ်လျူရှုထားလိုက်တယ်။
"အပါး ဆရာရှောင်းကျန့်ရောက်ပြီ"
အိမ်ကြီးထဲကိုလှမ်းဝင်လိုက်တာနဲ့ အိမ်ထဲကလူတွေအကုန်လုံးရဲ့အကြည့်ကရှောင်းကျန့်ဆီကိုရောက်လာတယ်။ ရှောင်းကျန့်ကတော့ခပ်တောင့်တောင့်ရပ်နေမိတယ်။ ရာသီဥတုအေးပေမယ့် စိတ်ပင်ပန်းတာကြောင့်မွန်းကျပ်လာသလိုလို။
"တောင်းပန်ပါတယ် ဆရာလေး
ငါတောင်းပန်ပါတယ်"
လဲ့ယွီအဖေကရုတ်တရက်ပြောလာတာမို့ရှောင်းကျန့်ကြောင်သွားတယ်။ ဘာလို့တောင်းပန်နေတာလဲ။ သူ့သမီးကိုလက်မထပ်မှာစိုးနေတာလား။
"ဆရာလေး ငါမှားတာပါ
ဒေါသစိတ်နဲ့စွပ်စွဲမိသွားတယ်
ငါတကယ်တောင်းပန်ပါတယ်"
ဘေးဘီကိုလှည့်ကြည့်တော့ မျက်နှာငယ်လေးနဲ့ထိုင်နေတဲ့လဲ့ယွီအနားမှာနက်ပြာရောင်တိုင်းရင်းသားဝတ်စုံနဲ့ကောင်လေးကိုတွေ့တယ်။ နည်းနည်းသဘောပေါက်သလိုတော့ရှိပေမယ့်လုံးဝကြီးနားလည်နေတာမျိုးတော့မဟုတ်ဘူး။
"ဆရာလေး ဒါကလဲ့ယွီနဲ့ရည်ငံနေတဲ့လူပါ
ဟိုကိစ္စကဆရာလေးနဲ့မဆိုင်ပါဘူး"
အကြီးအကဲလုံအာကကြားကနေဝင်ရှင်းပြတယ်။ ဖြစ်ချင်တော့အဲဒီကောင်လေးနဲ့လဲ့ယွီကလွန်လွန်ကြူးကြူးတွေဖြစ်ပြီးကာမှ အဲ့ဒီကောင်လေးကခရီးထွက်သွားရတယ်။ ကိုယ်ဝန်ကိစ္စကိုလဲ့ယွီကအရင်ဆုံးသိတဲ့အချိန် အနားမှာကောင်လေးလည်းရှိမနေတော့စိတ်ဓာတ်တွေကျပြီးတောင်ပေါ်ကိုလာငိုတဲ့ကိစ္စကို ရှောင်းကျန့်ဆီညစာလာပို့တဲ့အဒေါ်ကြီးမြင်သွားခဲ့ရုံလေး။ ခုတော့ကောင်လေးလည်းခရီးကနေပြန်ရောက်လာပြီဆိုတော့အားလုံးရှင်းသွားပြီ။ ဝမ်ရိပေါ်ကိုကြည့်လိုက်တော့ ရှောင်းကျန့်နဲ့မျက်နှာချင်းဆိုင်ကနေပြုံးပြီးခေါင်းအသာညိမ့်ပြတယ်။ 'အားလုံးပြီးပြီ'ဆိုတဲ့သဘောမျိုး။
"ညီမလေးနဲ့ဒီကဦးလေး
ကျွန်တော့်ကိုအားနာမနေပါနဲ့
ကျွန်တော်ကဘာမှစိတ်ထဲမထားပါဘူး"
အားနာနေပုံရတဲ့မျက်ဝန်းတွေကြောင့် ရှောင်းကျန့်ပြောတဲ့အခါ ခေါင်းညိမ့်ပြီးပြုံးပြကြတယ်။ အခုမှစိတ်ပေါ့ပါးသွားကြတဲ့ပုံပါပဲ။ ပြောရရင်ရှောင်းကျန့်လည်းအခုမှအသက်ဝဝရှူနိုင်တော့တယ်။ မဟုတ်ရင်စိတ်ဖိစီးနေဦးမှာပဲ။
"ကျွန်တော့်ကယုံကြည်ချင်စရာကောင်းရဲ့လား ဆရာရှောင်းကျန့်"
ရှောင်းကျန့်ကိုတောင်ပေါ်လိုက်ပို့တဲ့လမ်းမှာဝမ်ရိပေါ်ကမေးပါတယ်။ ရှောင်းကျန့်ချက်ချင်းခေါင်းညိမ့်ပြမိတယ်။
"အင်း ယုံကြည်ချင်စရာလည်းကောင်းသလို ကျွန်တော်....ယုံလည်းယုံပါတယ်"
ရှောင်းကျန့်ကပြောတော့ ပါးဖောင်းတွေမို့တက်အောင်ရယ်လိုက်တဲ့တိုင်းရင်းသားကောင်လေးရဲ့မျက်နှာကိုဘေးတစောင်းအနေအထားနဲ့မြင်လိုက်ရတယ်။ တကယ့်စမ်းချောင်းလေးလိုပဲ။
"စိတ်မညစ်စေရပါဘူး
ချင်းလုံမှာပျော်စေရပါ့မယ်"
ကတိပေးသလိုပြောလာတဲ့စကားကြောင့် ရှောင်းကျန့်ရင်ထဲနွေးခနဲ။ ယုံပါတယ်။ အခုလည်းဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ပျော်နေရတာပဲလေ။
"ဆရာရှောင်းကျန့်"
"ဗျာ"
တောင်တက်လမ်းကလေးကိုစတက်နေရင်း ခေါ်လာတဲ့အခါရှောင်းကျန့်ထူးလိုက်တော့ချက်ချင်းစကားကထွက်မလာသေးဘူး။
"မျိုးနွယ်စုရဲ့ခေါင်းဆောင်လောင်းလျာအနေနဲ့ဒုတိယအကြိမ်မြောက်ထပ်ပြောပါ့မယ် ဆရာရှောင်းကျန့်ကိုကျွန်တော်ကချစ်ရေးဆိုထားတာကိုစဥ်းစားစေချင်ပါတယ်"
ယောကျာ်လေးမို့မိန်းကလေးတွေလိုအများကြီးရှက်သွေးဖြာမသွားပေမယ့် လှိုက်ခနဲခုန်သွားတဲ့ရင်ဘတ်နဲ့အတူနားရွက်ဖျားတွေကရဲနေဦးမယ်ထင်ပါတယ်။ တောင်ပေါ်လေအေးလို့လား၊ ဒါမှမဟုတ် တောင်ပေါ်သားကြောင့်လား။
"ရိပေါ်ကကျွန်တော့်ထက်ခြောက်နှစ်လောက်ငယ်ပေမယ့် ကျွန်တော့်ထက်ခြောက်နှစ်စာလောက်စကားတတ်နေတယ်"
အရှက်ပြေအောင်ရှောင်းကျန့်စကားပြောတော့ တိုင်းရင်းသားကောင်လေးကရယ်တယ်။ ဘာမှတော့ပြန်မပြောတော့ဘူး။ ဒီလိုနဲ့တောင်တက်လမ်းကလေးမှာခြေရာတွေယှဥ်ခဲ့ပါတယ်။ ဖဝါးမြေလပ်ခြေရာထပ်တာမဟုတ်ပဲ သာမန်ဆန်ဆန်ခြေရာလေးတွေယှဥ်တွဲနေပါတယ်။
"ရိပေါ်"
တောင်တက်လမ်းရဲ့ထိပ်၊ စာသင်ကျောင်းကလေးနားကိုရောက်တော့ ရှောင်းကျန့်ခေါ်လိုက်တဲ့အခါ ဝမ်ရိပေါ်ကလှည့်ကြည့်လာတယ်။
"ပြောစရာရှိလို့လား ဆရာရှောင်းကျန့်"
ဝမ်ရိပေါ်အမေးကိုရှောင်းကျန့်ချက်ချင်းခေါင်းညိမ့်ပြလိုက်တယ်။ အဲ့ဒီအခါ'ပြောပေါ့ ဆရာရှောင်းကျန့်ရယ်'တဲ့။
"အမြဲတမ်းရိုးရာဝတ်စုံလက်တိုလေးနဲ့မနေပါနဲ့လား
ကျွန်တော်ကဝမ်ယွဲ့လုံမျိုးနွယ်စုခေါင်းဆောင်လောင်းလျာကိုစိတ်ပူပါတယ်"
ရှိသမျှသတ္တိနဲ့ပြောချလိုက်တဲ့အခါ စကားလုံးတွေကတောင်ပေါ်လေအေးအေးနဲ့အတူလွင့်ပျံသွားတယ်။ အဲ့ဒီအခါတိုင်းရင်းသားလေးကခေါင်းကိုငုံ့ချလိုက်ရင်းခိုးပြုံးတယ်။ ပြီးတော့ရှောင်းကျန့်ကိုကြည့်လာတာကရွှန်းရွှန်းစားစား။ ရှောင်းကျန့်ဆွယ်တာလက်ဖျားလေးကိုဘာရယ်ကြောင့်မှန်းမသိဖိချေမိသွားလေရဲ့။
"စိတ်ပူရင်ဆရာရှောင်းကျန့်ကမြန်မြန်စဥ်းစားလေဗျ အဲ့လိုဆိုကျွန်တော်ကကျေနပ်မှာ"
ဝမ်ရိပေါ်ကတကယ့်ကိုလည်တဲ့ကလေး။ လိုရာဆွဲပြောသွားတဲ့နေရာမှာရှောင်းကျန့်တို့လိုက်မမီနိုင်အောင်ပါပဲ။
"မျိုးနွယ်စုခေါင်းဆောင်လောင်းလျာက တကယ့်လူလည်"
ရှောင်းကျန့်ကပြောတဲ့အခါ ဝမ်ရိပေါ်ကရယ်ပါတယ်။ တကယ့်ကိုပေါ့ပါးတဲ့ညနေခင်းပါပဲ။ ရယ်သံသဲ့သဲ့တွေက တောင်ပေါ်မှာပျံ့လို့၊လွင့်လို့။
"ကျွန်တော်ပြန်တော့မယ် ဆရာရှောင်းကျန့်
မျိုးနွယ်စုခေါင်းဆောင်လောင်းလျာကလည်းခင်ဗျားကိုစိတ်ပူတယ်
နွေးနွေးထွေးထွေးနေ"
ပြောပြီးလှည့်ထွက်သွားတဲ့ကျောပြင်နက်ပြာရောင်က ညနေဆည်းဆာထက်တောင်ငေးမောဖို့ကောင်းပါတယ်။ ခက်ခဲရတဲ့ရက်တွေအတွက် ရှောင်းကျန့်အနားမှာရှိနေပေးခဲ့တဲ့ဝမ်ရိပေါ်ကတကယ်တော့အဆောင်လက်ပတ်ကလေးနဲ့တူပါတယ်။ ဘယ်ဖက်လက်ကအန္တရာယ်ကင်းကျောက်ပုတီးလေးထက် ဝမ်ရိပေါ်ကိုရှောင်းကျန့်ကပိုယုံနေပါတယ်။
ဝမ်ရိပေါ်ကရှောင်းကျန့်အတွက် နက်ပြာရောင်ကံကောင်းခြင်းကျောက်တုံးကလေးဖြစ်လိမ့်မယ်။ ကိုယ်နဲ့မကွာဆောင်ထားချင်စရာ။
~~~
"ဆရာလေးကိုလွမ်းနေတာ သားက"
"သမီးဆိုဆရာလေးဆီလာချင်တာမှတအားပဲ"
"ဆရာလေး နေကောင်းတယ်မလား
သားသတိရနေတာ"
ရှောင်းကျန့်ရဲ့တောင်ပေါ်ကစာသင်ကျောင်းလေးကအရင်လိုစိုပြေလာပြီ။ ဆူဆူညံညံဆော့ကစားသံတွေ၊ စာသင်စာအံသံတွေ၊ ကလေးတွေရန်ဖြစ်ကြတဲ့အသံတွေနဲ့အရင်လိုအသက်ဝင်လာတယ်။ တော်သေးတာပေါ့။ ကိစ္စတွေအားလုံးအဆင်ပြေသွားလို့။ ရှောင်းကျန့်လည်းသူတို့လေးတွေကိုအများကြီးလွမ်းနေခဲ့တာ။
"နတ်ဆရာကပြောတာ ဆရာလေးကဂြိုလ်ဆိုးတဲ့"
ခပ်သွက်သွက်ယွဲ့လွီကလှမ်းပြောတဲ့အခါ ရှောင်းကျန့်မဆိုသလောက်ကလေးတော့စိတ်မကောင်းဖြစ်မိပါတယ်။ အစတည်းကနတ်ဆရာကရှောင်းကျန့်ကိုမကြည်တော့ အခုကိစ္စမှာနတ်ဆရာသွေးထိုးလိုက်တာတွေပါတယ်ဆိုတာရှောင်းကျန့်ကြားပါတယ်။ ဘာပဲဖြစ်ဖြစ်ချင်းလုံကလူတွေကရိုးသားကြတော့အပြစ်ဆိုစရာတော့မရှိပါဘူး။ ပြီးတော့ရှောင်းကျန့်ကိုယ်တိုင်ကလည်းအပြစ်တင်လိုစိတ်မရှိဘူး။
"သားတော့မယုံပါဘူး
ဆရာလေးကဖယောင်းတိုင်ပဲဟာ ဘွားဘွားပြောသလိုမျိုး"
ယွဲ့လွီစကားကြောင့်ရှောင်းကျန့်မှာ စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲကနေပြုံးမိသွားတယ်။ ဒီကလေးတွေကတော့လေ။
"ကဲ!! စာဆက်ရေးကြတော့
စကားမများကြနဲ့"
"ဟုတ်ကဲ့ ဆရာလေး"
ရှောင်းကျန့်ပြောလိုက်တော့ကလေးတွေကခေါင်းလေးတွေငုံ့ပြီးစာဆက်ရေးနေကြတယ်။ ရှောင်းကျန့်ကတော့ထုံးစံအတိုင်းသင်ရိုးညွှန်းတမ်းတွေကိုထိုင်ဖတ်နေလိုက်တယ်။ အဲ့တာအပြင်လုပ်စရာမှမရှိတာ။
"ဆရာရှောင်းကျန့်"
အသံလာရာကြည့်မိတော့ စာသင်ခန်းအပေါက်ဝမှာထမင်းချိုင့်နဲ့ဝမ်ရိပေါ်။ ရှောင်းကျန့်ကိုယ်တိုင်မသိလိုက်ခင်မှာပဲပြုံးမိသွားပါတယ်။
"ရိပေါ်လာပြီလား"
လက်ထဲကသင်ရိုးညွှန်းတမ်းစာအုပ်ကိုချပြီးအခန်းပေါက်ဝဆီသွားတော့လက်ထဲကိုထမင်းချိုင့်ထည့်ပေးလာတယ်။
"အဆာမလွန်စေနဲ့ ဆရာရှောင်းကျန့်
အပါးကမှာတာမဟုတ်ဘူး ကျွန်တော်ကပြောတာ"
ခပ်တည်တည်အသံနဲ့ဝမ်ရိပေါ်စကားကိုရှောင်းကျန့်ပြုံးနေရင်းကခေါင်းညိမ့်ပြလိုက်တယ်။
"ဟုတ်ပါပြီ ကျွန်တော်အကြာကြီးမနေပါဘူး"
ရှောင်းကျန့်ကပြောတော့မှ ဝမ်ရိပေါ်ကစိတ်ချသလိုခေါင်းညိမ့်တယ်။ သေချာကြည့်မိတော့မှဒီနေ့ဝမ်ရိပေါ်ဝတ်ထားတဲ့ရိုးရာဝတ်စုံကလက်ရှည်လေး။ ပုံစံတစ်မျိုးနဲ့ကြည့်ကောင်းတဲ့ရိုးရာအက်ျီရဲ့လက်အနားစမှာချည်ကြိုးရောင်စုံတွေရစ်သိုင်းနေတယ်။ ဒီလိုဆိုပြန်တော့လည်း တိုင်းရင်းသားငဂျစ်ကလေးကချောပြန်တာပါပဲ။
"ကျွန်တော်ပြန်တော့မယ် ဆရာရှောင်းကျန့်
အားနေရင်ကျွန်တော့်ကိုလက်ခံဖို့စဥ်းစားနေတာကောင်းပါတယ်"
လိပ်ကလေးကကိုယ့်ဖက်ကိုယ်ယက်တော့တယ်။ ရှောင်းကျန့်ကတော့စိတ်မဆိုးနိုင်ပဲတစ်ချိန်လုံးပြုံးမိပြန်တာပါပဲ။
"ကျွန်တော်ကစာသင်နေရတာနဲ့အားမှမအားဘဲ ရိပေါ်ရယ်"
ရှောင်းကျန့်ကစသလိုပြောတော့ ရိပေါ်မျက်နှာကချက်ချင်းမှုန်ကုတ်ကုတ်ဖြစ်သွားတယ်။ ဒါပေမယ့်ခဏအတွင်းပုံမှန်ဖြစ်သွားပါတယ်။
"မအားလည်းစဥ်းစားရမယ်ဆိုတာဆရာရှောင်းကျန့်သိရဲ့သားနဲ့ဗျာ
ဝမ်ယွဲ့လုံရဲ့မီးအိမ်ကလေးကနေ ဝမ်ရိပေါ်ရဲ့ကြယ်ကလေးပါဖြစ်ပေးပါဦး"
စကားတတ်တဲ့တိုင်းရင်းသားကိုရှောင်းကျန့်မနိုင်တော့တာမို့ဘာမှပြန်မပြောမိတော့ဘူး။ အဲ့ဒီအစားပြုံးမိနေတာပဲ။ တကယ့်ကိုမနိုင်တော့ပါဘူး။
"ဒီတစ်ခါတကယ်ပြန်ပြီ ဆရာရှောင်းကျန့်"
"ဂရုစိုက်ပြန်ပါ အကြီးအကဲလောင်းလျာဗျ"
နှုတ်ဆက်ပြီးလှည့်ထွက်သွားတော့မယ့်သူက ရှောင်းကျန့်စကားကိုကြားတော့ပြုံးသွားသေးတယ်။
"ဆရာလေး ဘာလို့ပြုံးနေတာလဲ"
ထမင်းချိုင့်ကိုဆွဲပြီးဝင်လာတဲ့ရှောင်းကျန့်ကိုဟွားဟွားကဆီးကြိုပြီးမေးလာတယ်။ ရှောင်းကျန့်ကတော့ပြုံးနေမိမှန်းတောင်သတိထားမိတာမဟုတ်ဘူး။
"နေ့လည်စာဟင်းကောင်းလို့နေမှာပေါ့
ဟွားဟွားကလည်း"
ဆွဲလာတဲ့ထမင်းချိုင့်ကိုမေးငေါ့ပြရင်း လီဟုန်ကဝင်ပြောတယ်။ ရှောင်းကျန့်ကတော့ရယ်ချမိတော့တာပါပဲ။ ဒီကလေးတွေဟာလေ!။ ဘယ်လိုတောင်တွေးချနေကြတာလဲ။
"ဟုတ်တယ် ဟင်းကောင်းလို့"
ရယ်သံစွက်နေတဲ့ရှောင်းကျန့်အဖြေကြောင့် လီဟုန်က'ငါမပြောဘူးလား'ဆိုတဲ့မျက်နှာပေးနဲ့ဟွားဟွားကိုကြည့်နေတယ်။ တောင်ပေါ်လေခပ်သော့သော့မှာတစ်ချက်တစ်ချက်အေးသွားတတ်တယ်။ ဆွယ်တာအထူကြီးဝတ်ထားတဲ့ရှောင်းကျန့်ကတော့လူတင်မကစိတ်ကလေးရော၊နှလုံးသားကလေးပါနွေးထွေးပါတယ်။
သူ့ကြောင့်...အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်လောင်းလျာလေးကြောင့်ပေါ့။
#TayyYizhan
1.11.2022(Tue)
A/N မွေးလရဲ့အစလေးမှာupdateလိုက်ပါတယ်။ တေးရိကျန့်ဟာ officially 17ဖြစ်ပါတော့မယ်💛 ဖတ်လို့ပြေမပြေပြောခဲ့ပါဦး။ တေးပြန်စစ်မထားလို့...
Zawgyi
/
အခ်ိန္ကတစ္ရက္ၿပီးတစ္ရက္ကုန္လြန္လာတယ္။ ႐ြာသူ႐ြာသားေတြရဲ႕အျမင္မၾကည္မႈေၾကာင့္ေရွာင္းက်န့္ရဲ႕ေတာင္ေပၚကစာသင္ေက်ာင္းေလးဟာတိတ္ဆိတ္ေနပုံမ်ား။ ကေလးေတြကလည္းမလာၾကေတာ့ေရွာင္းက်န့္ကေက်ာင္းကေလးမွာတစ္ေယာက္တည္းပါပဲ။ တစ္ခါတစ္ေလဆိုေယာင္ယမ္းၿပီးစာသင္ဖို႔စာသင္ခန္းေလးဆီကိုထြက္လာမိေသးတာ။ ဒီရက္ေတြအတြင္းေရွာင္းက်န့္အထီးက်န္ေနပါတယ္။
မနက္ျဖန္ဆိုရင္ေျပာထားတဲ့တစ္ပတ္ျပည့္ေတာ့မယ္။ အခ်ိန္ကမက်န္ေတာ့ေပမယ့္လဲ့ယြီႏႈတ္ကစကားတစ္ခြန္းမွထြက္က်မလာေတာ့ ခ်င္းလုံ႐ြာသားေတြရဲ႕သံသယကႀကီးထြားေနတုန္းပဲ။ ေရွာင္းက်န့္ကေတာ့ဘာကိုမွေတြးမေနေတာ့ပါဘူး။ ကံစီမံရာေပါ့ေလ။ ဒါေပမယ့္မ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာေလးကေတာ့ခုထိေရွာင္းက်န့္အနားမွာရွိေနတုန္းပဲ။ တဖြဖြအားေပးတုန္းပဲ။ အားနာေနတဲ့စိတ္အျပင္သံေယာစဥ္ႀကိဳးေတြခိုင္မာလာတာနဲ႕အမွ် ေရွာင္းက်န့္တကယ္ႀကီးလက္ထပ္ရမွာေၾကာက္လာတယ္။ ေရွာင္းက်န့္ ဝမ္ရိေပၚဆိုတဲ့တိုင္းရင္းသားေလးနဲ႕အတူစကားေတြေျပာခ်င္ေသးတယ္။ ၿပီးေတာ့ရင္ခုန္ခ်င္ပါေသးတယ္။
"ဆရာေရွာင္းက်န့္ ကြၽန္ေတာ့္ကိုယုံ
ကြၽန္ေတာ္ရွိပါတယ္ ခင္ဗ်ားရဲ႕"
ညေနတိုင္းေရာက္လာတတ္တဲ့တိုင္းရင္းသားေလးကေရွာင္းက်န့္ကိုအဲ့လိုေျပာတတ္တာတဖြဖြ။ ပိုးပန္းေတာ့မယ္ဆိုေပမယ့္ ေရွာင္းက်န့္စိတ္အေျခအေနကိုသိတဲ့ေကာင္ေလးကနားပူနားဆာမလုပ္ေပမယ့္ ေရွာင္းက်န့္ကေတာ့နားပူနားဆာလုပ္ေစခ်င္မိေတာ့တာပါပဲ။ ဝမ္ရိေပၚနဲ႕အတူရွိေနရရင္ ေရွာင္းက်န့္ပူပင္စရာေတြေမ့သြားတတ္တာမို႔ေပါ့။ စိတ္အတြက္အသုံးခ်ေနတာမွန္ေပမယ့္ အားနာစိတ္တခ်ိဳ႕တဝက္နဲ႕ပါပဲ။ ေရွာင္းက်န့္ကအႀကီးျဖစ္ၿပီးဒီေကာင္ေလးကအတည္ႀကီးကာကြယ္ေနရတယ္။
"ဆရာေရွာင္းက်န့္"
ကိုယ့္အေတြးနဲ႕ကိုယ္ ေတာင္တန္းေတြဖက္ကိုေငးေနတုန္းၾကားလိုက္ရတဲ့အသံေၾကာင့္ ေရွာင္းက်န့္မသိမသာေလးၿပဳံးမိသြားတယ္။ ညေနတိုင္ရင္ေရာက္လာတတ္တဲ့နက္ျပာေရာင္ဂ်စ္တူးေလးပါပဲ။
"ေနျပန္ၿပီဗ်ာ အေႏြးထည္မပါဘဲ"
ေရွာင္းက်န့္တစ္ကိုယ္လုံးကိုေျခဆုံးေခါင္းဆုံးၾကည့္ၿပီးတဲ့အခါ ခပ္ဝဲဝဲအသံေလးနဲ႕ဆူတယ္။ ေရွာင္းက်န့္ကလည္းေရွာင္းက်န့္ပါပဲ။ ေရခ်ိဳးၿပီးကာစကို လက္တိုေလးနဲ႕အျပင္ထြက္ရပ္ေနမိတာ။
"ေတာင္ေပၚကေအးတယ္ဆိုတာသိရဲ႕နဲ႕ဗ်ာ"
ေရွာင္းက်န့္ကိုမႈန္ကုတ္ကုတ္ၾကည့္ရင္း ဝမ္ရိေပၚကဆက္ေျပာလာတာမို႔ေရွာင္းက်န့္ခပ္ဖြဖြၿပဳံးမိတယ္။
"ဟုတ္ၿပီ ကြၽန္ေတာ္ဆြယ္တာထပ္ဝတ္လိုက္ပါ့မယ္"
အခန္းထဲကိုျပန္ဝင္၊ေတြ႕တဲ့ဆြယ္တာထပ္ဝတ္ၿပီးထြက္လာေတာ့မွ မႈန္ကုတ္ကုတ္မ်က္ႏွာထားကေျပေလ်ာ့သြားေတာ့တယ္။ ဒီကေလးဟာေလ!!။
"အပါးေခၚခိုင္းလိုက္တာ"
ဝမ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န့္ေတြခနဲပါပဲ။ အခ်ိန္ျပည့္ေတာ့မွာမို႔သတိေပးဖို႔လား။ ဒါမွမဟုတ္လက္ထပ္ပြဲအတြက္ႀကိဳျပင္ဖို႔အသိေပးတာမ်ားလား။ စိတ္ကိုအတတ္နိုင္ဆုံးျပင္ဆင္ထားေပမယ့္ေရွာင္းက်န့္ငိုင္မိေတာ့တယ္။ ေရွာင္းက်န့္ကမရင့္က်က္ေသးပါဘူး။
"မေတြေဝစမ္းပါနဲ႕ ခင္ဗ်ားရယ္
ကြၽန္ေတာ့္ကိုယုံလို႔ေျပာထားရဲ႕သားနဲ႕ဗ်ာ"
ငိုင္က်သြားတဲ့ေရွာင္းက်န့္မ်က္ႏွာကိုသတိထားမိတဲ့ေကာင္ေလးကေျပာရင္းဆိုရင္း ေရွာင္းက်န့္လက္ဖဝါးတစ္ဖက္ကိုခပ္တင္းတင္းဆုတ္ကိုင္လိုက္တာမို႔ေရွာင္းက်န့္ၾကည့္မိေတာ့ ခပ္ဖြဖြၿပဳံးျပတယ္။ အခြင့္အေရးယူတယ္လို႔နည္းနည္းမွမေတြးမိပါဘဲ ေရွာင္းက်န့္ကဝမ္ရိေပၚကိုယုံဖို႔ႀကိဳးစားလိုက္တယ္။ အဆိုးဆုံးဆိုရင္ေတာင္ ခပ္ဝဲဝဲစကားသံဖြဖြေတြကိုၾကားေနရေသးတယ္မလား။ အဆင္ေျပမွာပါ။
ေတာင္ဆင္းလမ္းကေလးမွာေလေျပေဝ့လို႔ေအးေနေပမယ့္ ေရွာင္းက်န့္ရဲ႕လက္ဖဝါးေလးတစ္ဖက္ကေတာ့အတိုင္းထက္အလြန္ေႏြးပါတယ္။ ေရွာင္းက်န့္လက္နာေနၿပီအထင္နဲ႕ခပ္ဖြဖြဆုတ္ကိုင္လိုက္၊ လြတ္ထြက္သြားမွာေၾကာက္သလိုနဲ႕တင္းေနေအာင္ဆုတ္ထားလိုက္နဲ႕တစ္ေယာက္တည္းအလုပ္ေတြရႈပ္ေနတဲ့ေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးကအဲ့ဒီလိုခ်စ္စရာေကာင္းပါတယ္။ ေတာပန္းရနံ႕ေတြႀကိဳင္ေနတဲ့ေတာင္ဆင္းလမ္းကေလးမွာ ေရွာင္းက်န့္ကအခ်ိန္ေတြကိုရပ္ထားခ်င္မိေတာ့တယ္။ ေရွာင္းက်န့္ကလည္းအဲ့ဒီလိုအတၱရွိပါတယ္။
ေတာင္ဆင္းလမ္းရဲ႕အဆုံး႐ြာအဝင္ကိုေရာက္ေတာ့ ခပ္ဖြဖြဆုတ္ထားဆဲျဖစ္တဲ့လက္တစ္ဖက္ကိုဝမ္ရိေပၚကလႊတ္ေပးလာတယ္။ ဒါကေျပာမျပရင္ေတာင္ေရွာင္းက်န့္အတြက္ဆိုတာေရွာင္းက်န့္သိပါတယ္။ မၾကည္သာတဲ့အေျခအေနမွာေရွာင္းက်န့္ကအမ်ားႀကီးဆင္ျခင္သင့္တဲ့သူမဟုတ္လား။ လမ္းမွာကြက္ၾကည့္ကြက္ၾကည့္လုပ္သြားတဲ့လူေတြကိုေရွာင္းက်န့္လ်စ္လ်ဴရႈထားလိုက္တယ္။
"အပါး ဆရာေရွာင္းက်န့္ေရာက္ၿပီ"
အိမ္ႀကီးထဲကိုလွမ္းဝင္လိုက္တာနဲ႕ အိမ္ထဲကလူေတြအကုန္လုံးရဲ႕အၾကည့္ကေရွာင္းက်န့္ဆီကိုေရာက္လာတယ္။ ေရွာင္းက်န့္ကေတာ့ခပ္ေတာင့္ေတာင့္ရပ္ေနမိတယ္။ ရာသီဥတုေအးေပမယ့္ စိတ္ပင္ပန္းတာေၾကာင့္မြန္းက်ပ္လာသလိုလို။
"ေတာင္းပန္ပါတယ္ ဆရာေလး
ငါေတာင္းပန္ပါတယ္"
လဲ့ယြီအေဖက႐ုတ္တရက္ေျပာလာတာမို႔ေရွာင္းက်န့္ေၾကာင္သြားတယ္။ ဘာလို႔ေတာင္းပန္ေနတာလဲ။ သူ႕သမီးကိုလက္မထပ္မွာစိုးေနတာလား။
"ဆရာေလး ငါမွားတာပါ
ေဒါသစိတ္နဲ႕စြပ္စြဲမိသြားတယ္
ငါတကယ္ေတာင္းပန္ပါတယ္"
ေဘးဘီကိုလွည့္ၾကည့္ေတာ့ မ်က္ႏွာငယ္ေလးနဲ႕ထိုင္ေနတဲ့လဲ့ယြီအနားမွာနက္ျပာေရာင္တိုင္းရင္းသားဝတ္စုံနဲ႕ေကာင္ေလးကိုေတြ႕တယ္။ နည္းနည္းသေဘာေပါက္သလိုေတာ့ရွိေပမယ့္လုံးဝႀကီးနားလည္ေနတာမ်ိဳးေတာ့မဟုတ္ဘူး။
"ဆရာေလး ဒါကလဲ့ယြီနဲ႕ရည္ငံေနတဲ့လူပါ
ဟိုကိစၥကဆရာေလးနဲ႕မဆိုင္ပါဘူး"
အႀကီးအကဲလုံအာကၾကားကေနဝင္ရွင္းျပတယ္။ ျဖစ္ခ်င္ေတာ့အဲဒီေကာင္ေလးနဲ႕လဲ့ယြီကလြန္လြန္ၾကဴးၾကဴးေတြျဖစ္ၿပီးကာမွ အဲ့ဒီေကာင္ေလးကခရီးထြက္သြားရတယ္။ ကိုယ္ဝန္ကိစၥကိုလဲ့ယြီကအရင္ဆုံးသိတဲ့အခ်ိန္ အနားမွာေကာင္ေလးလည္းရွိမေနေတာ့စိတ္ဓာတ္ေတြက်ၿပီးေတာင္ေပၚကိုလာငိုတဲ့ကိစၥကို ေရွာင္းက်န့္ဆီညစာလာပို႔တဲ့အေဒၚႀကီးျမင္သြားခဲ့႐ုံေလး။ ခုေတာ့ေကာင္ေလးလည္းခရီးကေနျပန္ေရာက္လာၿပီဆိုေတာ့အားလုံးရွင္းသြားၿပီ။ ဝမ္ရိေပၚကိုၾကည့္လိုက္ေတာ့ ေရွာင္းက်န့္နဲ႕မ်က္ႏွာခ်င္းဆိုင္ကေနၿပဳံးၿပီးေခါင္းအသာညိမ့္ျပတယ္။ 'အားလုံးၿပီးၿပီ'ဆိုတဲ့သေဘာမ်ိဳး။
"ညီမေလးနဲ႕ဒီကဦးေလး
ကြၽန္ေတာ့္ကိုအားနာမေနပါနဲ႕
ကြၽန္ေတာ္ကဘာမွစိတ္ထဲမထားပါဘူး"
အားနာေနပုံရတဲ့မ်က္ဝန္းေတြေၾကာင့္ ေရွာင္းက်န့္ေျပာတဲ့အခါ ေခါင္းညိမ့္ၿပီးၿပဳံးျပၾကတယ္။ အခုမွစိတ္ေပါ့ပါးသြားၾကတဲ့ပုံပါပဲ။ ေျပာရရင္ေရွာင္းက်န့္လည္းအခုမွအသက္ဝဝရႉနိုင္ေတာ့တယ္။ မဟုတ္ရင္စိတ္ဖိစီးေနဦးမွာပဲ။
"ကြၽန္ေတာ့္ကယုံၾကည္ခ်င္စရာေကာင္းရဲ႕လား ဆရာေရွာင္းက်န့္"
ေရွာင္းက်န့္ကိုေတာင္ေပၚလိုက္ပို႔တဲ့လမ္းမွာဝမ္ရိေပၚကေမးပါတယ္။ ေရွာင္းက်န့္ခ်က္ခ်င္းေခါင္းညိမ့္ျပမိတယ္။
"အင္း ယုံၾကည္ခ်င္စရာလည္းေကာင္းသလို ကြၽန္ေတာ္....ယုံလည္းယုံပါတယ္"
ေရွာင္းက်န့္ကေျပာေတာ့ ပါးေဖာင္းေတြမို႔တက္ေအာင္ရယ္လိုက္တဲ့တိုင္းရင္းသားေကာင္ေလးရဲ႕မ်က္ႏွာကိုေဘးတေစာင္းအေနအထားနဲ႕ျမင္လိုက္ရတယ္။ တကယ့္စမ္းေခ်ာင္းေလးလိုပဲ။
"စိတ္မညစ္ေစရပါဘူး
ခ်င္းလုံမွာေပ်ာ္ေစရပါ့မယ္"
ကတိေပးသလိုေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န့္ရင္ထဲေႏြးခနဲ။ ယုံပါတယ္။ အခုလည္းဝမ္ရိေပၚေၾကာင့္ေရွာင္းက်န့္ေပ်ာ္ေနရတာပဲေလ။
"ဆရာေရွာင္းက်န့္"
"ဗ်ာ"
ေတာင္တက္လမ္းကေလးကိုစတက္ေနရင္း ေခၚလာတဲ့အခါေရွာင္းက်န့္ထူးလိုက္ေတာ့ခ်က္ခ်င္းစကားကထြက္မလာေသးဘူး။
"မ်ိဳးႏြယ္စုရဲ႕ေခါင္းေဆာင္ေလာင္းလ်ာအေနနဲ႕ဒုတိယအႀကိမ္ေျမာက္ထပ္ေျပာပါ့မယ္ ဆရာေရွာင္းက်န့္ကိုကြၽန္ေတာ္ကခ်စ္ေရးဆိုထားတာကိုစဥ္းစားေစခ်င္ပါတယ္"
ေယာက်ာ္ေလးမို႔မိန္းကေလးေတြလိုအမ်ားႀကီးရွက္ေသြးျဖာမသြားေပမယ့္ လွိုက္ခနဲခုန္သြားတဲ့ရင္ဘတ္နဲ႕အတူနား႐ြက္ဖ်ားေတြကရဲေနဦးမယ္ထင္ပါတယ္။ ေတာင္ေပၚေလေအးလို႔လား၊ ဒါမွမဟုတ္ ေတာင္ေပၚသားေၾကာင့္လား။
"ရိေပၚကကြၽန္ေတာ့္ထက္ေျခာက္ႏွစ္ေလာက္ငယ္ေပမယ့္ ကြၽန္ေတာ့္ထက္ေျခာက္ႏွစ္စာေလာက္စကားတတ္ေနတယ္"
အရွက္ေျပေအာင္ေရွာင္းက်န့္စကားေျပာေတာ့ တိုင္းရင္းသားေကာင္ေလးကရယ္တယ္။ ဘာမွေတာ့ျပန္မေျပာေတာ့ဘူး။ ဒီလိုနဲ႕ေတာင္တက္လမ္းကေလးမွာေျခရာေတြယွဥ္ခဲ့ပါတယ္။ ဖဝါးေျမလပ္ေျခရာထပ္တာမဟုတ္ပဲ သာမန္ဆန္ဆန္ေျခရာေလးေတြယွဥ္တြဲေနပါတယ္။
"ရိေပၚ"
ေတာင္တက္လမ္းရဲ႕ထိပ္၊ စာသင္ေက်ာင္းကေလးနားကိုေရာက္ေတာ့ ေရွာင္းက်န့္ေခၚလိုက္တဲ့အခါ ဝမ္ရိေပၚကလွည့္ၾကည့္လာတယ္။
"ေျပာစရာရွိလို႔လား ဆရာေရွာင္းက်န့္"
ဝမ္ရိေပၚအေမးကိုေရွာင္းက်န့္ခ်က္ခ်င္းေခါင္းညိမ့္ျပလိုက္တယ္။ အဲ့ဒီအခါ'ေျပာေပါ့ ဆရာေရွာင္းက်န့္ရယ္'တဲ့။
"အၿမဲတမ္းရိုးရာဝတ္စုံလက္တိုေလးနဲ႕မေနပါနဲ႕လား
ကြၽန္ေတာ္ကဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာကိုစိတ္ပူပါတယ္"
ရွိသမွ်သတၱိနဲ႕ေျပာခ်လိဳက္တဲ့အခါ စကားလုံးေတြကေတာင္ေပၚေလေအးေအးနဲ႕အတူလြင့္ပ်ံသြားတယ္။ အဲ့ဒီအခါတိုင္းရင္းသားေလးကေခါင္းကိုငုံ႕ခ်လိဳက္ရင္းခိုးၿပဳံးတယ္။ ၿပီးေတာ့ေရွာင္းက်န့္ကိုၾကည့္လာတာက႐ႊန္း႐ႊန္းစားစား။ ေရွာင္းက်န့္ဆြယ္တာလက္ဖ်ားေလးကိုဘာရယ္ေၾကာင့္မွန္းမသိဖိေခ်မိသြားေလရဲ႕။
"စိတ္ပူရင္ဆရာေရွာင္းက်န့္ကျမန္ျမန္စဥ္းစားေလဗ် အဲ့လိုဆိုကြၽန္ေတာ္ကေက်နပ္မွာ"
ဝမ္ရိေပၚကတကယ့္ကိုလည္တဲ့ကေလး။ လိုရာဆြဲေျပာသြားတဲ့ေနရာမွာေရွာင္းက်န့္တို႔လိုက္မမီနိုင္ေအာင္ပါပဲ။
"မ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာက တကယ့္လူလည္"
ေရွာင္းက်န့္ကေျပာတဲ့အခါ ဝမ္ရိေပၚကရယ္ပါတယ္။ တကယ့္ကိုေပါ့ပါးတဲ့ညေနခင္းပါပဲ။ ရယ္သံသဲ့သဲ့ေတြက ေတာင္ေပၚမွာပ်ံ့လို႔၊လြင့္လို႔။
"ကြၽန္ေတာ္ျပန္ေတာ့မယ္ ဆရာေရွာင္းက်န့္
မ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာကလည္းခင္ဗ်ားကိုစိတ္ပူတယ္
ေႏြးေႏြးေထြးေထြးေန"
ေျပာၿပီးလွည့္ထြက္သြားတဲ့ေက်ာျပင္နက္ျပာေရာင္က ညေနဆည္းဆာထက္ေတာင္ေငးေမာဖို႔ေကာင္းပါတယ္။ ခက္ခဲရတဲ့ရက္ေတြအတြက္ ေရွာင္းက်န့္အနားမွာရွိေနေပးခဲ့တဲ့ဝမ္ရိေပၚကတကယ္ေတာ့အေဆာင္လက္ပတ္ကေလးနဲ႕တူပါတယ္။ ဘယ္ဖက္လက္ကအႏၲရာယ္ကင္းေက်ာက္ပုတီးေလးထက္ ဝမ္ရိေပၚကိုေရွာင္းက်န့္ကပိုယုံေနပါတယ္။
ဝမ္ရိေပၚကေရွာင္းက်န့္အတြက္ နက္ျပာေရာင္ကံေကာင္းျခင္းေက်ာက္တုံးကေလးျဖစ္လိမ့္မယ္။ ကိုယ္နဲ႕မကြာေဆာင္ထားခ်င္စရာ။
~~~
"ဆရာေလးကိုလြမ္းေနတာ သားက"
"သမီးဆိုဆရာေလးဆီလာခ်င္တာမွတအားပဲ"
"ဆရာေလး ေနေကာင္းတယ္မလား
သားသတိရေနတာ"
ေရွာင္းက်န့္ရဲ႕ေတာင္ေပၚကစာသင္ေက်ာင္းေလးကအရင္လိုစိုေျပလာၿပီ။ ဆူဆူညံညံေဆာ့ကစားသံေတြ၊ စာသင္စာအံသံေတြ၊ ကေလးေတြရန္ျဖစ္ၾကတဲ့အသံေတြနဲ႕အရင္လိုအသက္ဝင္လာတယ္။ ေတာ္ေသးတာေပါ့။ ကိစၥေတြအားလုံးအဆင္ေျပသြားလို႔။ ေရွာင္းက်န့္လည္းသူတို႔ေလးေတြကိုအမ်ားႀကီးလြမ္းေနခဲ့တာ။
"နတ္ဆရာကေျပာတာ ဆရာေလးကၿဂိဳလ္ဆိုးတဲ့"
ခပ္သြက္သြက္ယြဲ႕လြီကလွမ္းေျပာတဲ့အခါ ေရွာင္းက်န့္မဆိုသေလာက္ကေလးေတာ့စိတ္မေကာင္းျဖစ္မိပါတယ္။ အစတည္းကနတ္ဆရာကေရွာင္းက်န့္ကိုမၾကည္ေတာ့ အခုကိစၥမွာနတ္ဆရာေသြးထိုးလိုက္တာေတြပါတယ္ဆိုတာေရွာင္းက်န့္ၾကားပါတယ္။ ဘာပဲျဖစ္ျဖစ္ခ်င္းလုံကလူေတြကရိုးသားၾကေတာ့အျပစ္ဆိုစရာေတာ့မရွိပါဘူး။ ၿပီးေတာ့ေရွာင္းက်န့္ကိုယ္တိုင္ကလည္းအျပစ္တင္လိုစိတ္မရွိဘူး။
"သားေတာ့မယုံပါဘူး
ဆရာေလးကဖေယာင္းတိုင္ပဲဟာ ဘြားဘြားေျပာသလိုမ်ိဳး"
ယြဲ႕လြီစကားေၾကာင့္ေရွာင္းက်န့္မွာ စိတ္မေကာင္းျဖစ္ေနရတဲ့ၾကားထဲကေနၿပဳံးမိသြားတယ္။ ဒီကေလးေတြကေတာ့ေလ။
"ကဲ!! စာဆက္ေရးၾကေတာ့
စကားမမ်ားၾကနဲ႕"
"ဟုတ္ကဲ့ ဆရာေလး"
ေရွာင္းက်န့္ေျပာလိုက္ေတာ့ကေလးေတြကေခါင္းေလးေတြငုံ႕ၿပီးစာဆက္ေရးေနၾကတယ္။ ေရွာင္းက်န့္ကေတာ့ထုံးစံအတိုင္းသင္ရိုးၫႊန္းတမ္းေတြကိုထိုင္ဖတ္ေနလိုက္တယ္။ အဲ့တာအျပင္လုပ္စရာမွမရွိတာ။
"ဆရာေရွာင္းက်န့္"
အသံလာရာၾကည့္မိေတာ့ စာသင္ခန္းအေပါက္ဝမွာထမင္းခ်ိဳင့္နဲ႕ဝမ္ရိေပၚ။ ေရွာင္းက်န့္ကိုယ္တိုင္မသိလိုက္ခင္မွာပဲၿပဳံးမိသြားပါတယ္။
"ရိေပၚလာၿပီလား"
လက္ထဲကသင္ရိုးၫႊန္းတမ္းစာအုပ္ကိုခ်ၿပီးအခန္းေပါက္ဝဆီသြားေတာ့လက္ထဲကိုထမင္းခ်ိဳင့္ထည့္ေပးလာတယ္။
"အဆာမလြန္ေစနဲ႕ ဆရာေရွာင္းက်န့္
အပါးကမွာတာမဟုတ္ဘူး ကြၽန္ေတာ္ကေျပာတာ"
ခပ္တည္တည္အသံနဲ႕ဝမ္ရိေပၚစကားကိုေရွာင္းက်န့္ၿပဳံးေနရင္းကေခါင္းညိမ့္ျပလိုက္တယ္။
"ဟုတ္ပါၿပီ ကြၽန္ေတာ္အၾကာႀကီးမေနပါဘူး"
ေရွာင္းက်န့္ကေျပာေတာ့မွ ဝမ္ရိေပၚကစိတ္ခ်သလိုေခါင္းညိမ့္တယ္။ ေသခ်ာၾကည့္မိေတာ့မွဒီေန႕ဝမ္ရိေပၚဝတ္ထားတဲ့ရိုးရာဝတ္စုံကလက္ရွည္ေလး။ ပုံစံတစ္မ်ိဳးနဲ႕ၾကည့္ေကာင္းတဲ့ရိုးရာအက္်ီရဲ႕လက္အနားစမွာခ်ည္ႀကိဳးေရာင္စုံေတြရစ္သိုင္းေနတယ္။ ဒီလိုဆိုျပန္ေတာ့လည္း တိုင္းရင္းသားငဂ်စ္ကေလးကေခ်ာျပန္တာပါပဲ။
"ကြၽန္ေတာ္ျပန္ေတာ့မယ္ ဆရာေရွာင္းက်န့္
အားေနရင္ကြၽန္ေတာ့္ကိုလက္ခံဖို႔စဥ္းစားေနတာေကာင္းပါတယ္"
လိပ္ကေလးကကိုယ့္ဖက္ကိုယ္ယက္ေတာ့တယ္။ ေရွာင္းက်န့္ကေတာ့စိတ္မဆိုးနိုင္ပဲတစ္ခ်ိန္လုံးၿပဳံးမိျပန္တာပါပဲ။
"ကြၽန္ေတာ္ကစာသင္ေနရတာနဲ႕အားမွမအားဘဲ ရိေပၚရယ္"
ေရွာင္းက်န့္ကစသလိုေျပာေတာ့ ရိေပၚမ်က္ႏွာကခ်က္ခ်င္းမႈန္ကုတ္ကုတ္ျဖစ္သြားတယ္။ ဒါေပမယ့္ခဏအတြင္းပုံမွန္ျဖစ္သြားပါတယ္။
"မအားလည္းစဥ္းစားရမယ္ဆိုတာဆရာေရွာင္းက်န့္သိရဲ႕သားနဲ႕ဗ်ာ
ဝမ္ယြဲ႕လုံရဲ႕မီးအိမ္ကေလးကေန ဝမ္ရိေပၚရဲ႕ၾကယ္ကေလးပါျဖစ္ေပးပါဦး"
စကားတတ္တဲ့တိုင္းရင္းသားကိုေရွာင္းက်န့္မနိုင္ေတာ့တာမို႔ဘာမွျပန္မေျပာမိေတာ့ဘူး။ အဲ့ဒီအစားၿပဳံးမိေနတာပဲ။ တကယ့္ကိုမနိုင္ေတာ့ပါဘူး။
"ဒီတစ္ခါတကယ္ျပန္ၿပီ ဆရာေရွာင္းက်န့္"
"ဂ႐ုစိုက္ျပန္ပါ အႀကီးအကဲေလာင္းလ်ာဗ်"
ႏႈတ္ဆက္ၿပီးလွည့္ထြက္သြားေတာ့မယ့္သူက ေရွာင္းက်န့္စကားကိုၾကားေတာ့ၿပဳံးသြားေသးတယ္။
"ဆရာေလး ဘာလို႔ၿပဳံးေနတာလဲ"
ထမင္းခ်ိဳင့္ကိုဆြဲၿပီးဝင္လာတဲ့ေရွာင္းက်န့္ကိုဟြားဟြားကဆီးႀကိဳၿပီးေမးလာတယ္။ ေရွာင္းက်န့္ကေတာ့ၿပဳံးေနမိမွန္းေတာင္သတိထားမိတာမဟုတ္ဘူး။
"ေန႕လည္စာဟင္းေကာင္းလို႔ေနမွာေပါ့
ဟြားဟြားကလည္း"
ဆြဲလာတဲ့ထမင္းခ်ိဳင့္ကိုေမးေငါ့ျပရင္း လီဟုန္ကဝင္ေျပာတယ္။ ေရွာင္းက်န့္ကေတာ့ရယ္ခ်မိေတာ့တာပါပဲ။ ဒီကေလးေတြဟာေလ!။ ဘယ္လိုေတာင္ေတြးခ်ေနၾကတာလဲ။
"ဟုတ္တယ္ ဟင္းေကာင္းလို႔"
ရယ္သံစြက္ေနတဲ့ေရွာင္းက်န့္အေျဖေၾကာင့္ လီဟုန္က'ငါမေျပာဘူးလား'ဆိုတဲ့မ်က္ႏွာေပးနဲ႕ဟြားဟြားကိုၾကည့္ေနတယ္။ ေတာင္ေပၚေလခပ္ေသာ့ေသာ့မွာတစ္ခ်က္တစ္ခ်က္ေအးသြားတတ္တယ္။ ဆြယ္တာအထူႀကီးဝတ္ထားတဲ့ေရွာင္းက်န့္ကေတာ့လူတင္မကစိတ္ကေလးေရာ၊ႏွလုံးသားကေလးပါေႏြးေထြးပါတယ္။
သူ႕ေၾကာင့္...အဲ့ဒီမ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာေလးေၾကာင့္ေပါ့။
#TayyYizhan
1.11.2022(Tue)
A/N ေမြးလရဲ႕အစေလးမွာupdateလိုက္ပါတယ္။ ေတးရိက်န့္ဟာ officially 17ျဖစ္ပါေတာ့မယ္💛 ဖတ္လို႔ေျပမေျပေျပာခဲ့ပါဦး။ ေတးျပန္စစ္မထားလို႔...