"သမီးငယ် ဘယ်သွားလဲ ကိုမှိုင်း"
ညနေငါးနာရီကျော်သည်အထိအိမ်ပြန်ရောက်မလာသေးတဲ့ သမီးငယ်ကြောင့်နဲ့ သူသည် ကိုမှိုင်းထံသို့ဖုန်းလှမ်းဆက်ရလေသည်။
ညနေမှာမိုးရွာမည်စိုး၍ အိမ်ကို အစောပြန်လာဖို့ရန်အတွက် ဒီဟာလေးကို သူသေချာမှာလိုက်သည်။သို့သော်လည်း အခုမိုးတွေအသည်းအသန် ရွာသွန်းနေသည့် အချိန်ထိတိုင် ဒီဟာလေးဟာ အိမ်ကိုပြန်မလာသေးပေ။
"ဘာ ဒီလောက်မိုးရွာနေတာကို။ ဒီဟာလေးတော့ နာချင်နေပြီ။"
"အဲ့လောက်လဲ မစိုးရိမ်ပါနဲ့ သခင်လေး။ ကျွန်တော်တို့ မမလေးနားမှာ ရှိနေပါတယ်။"
မိုးရွာနေသည်ကြောင့် ကိုမှိုင်းဘက်က အသံကိုသဲသဲကွဲကွဲ မကြားရသော်လည်း အဖြစ်နိုင်ဆုံးကတော့ သူ့ကိုစိတ်မပူဖို့ပြောနေတာပဲ ဖြစ်ရမည်။ ကိုမှိုင်းအပြင် လွန်ခဲ့တဲ့လကတည်းကအောက်ကျင်းကိုဆင်းလာတဲ့ ကိုနန္ဒလည်းပါသည်မို့ စိတ်ချ၍ရသော်လည်းဘာပဲဖြစ်ဖြစ် အခုလိုမိုးရွာနေသည့် အချိန်လေးမှာ သမီးငယ်ကိုအနားမှာရှိနေစေချင်သည်။
"ပါပါး...."
ကိုယ့်မိန်းမကိုယ် ဖက်အိပ်ဖို့ရန်အတွက် စိတ်ကူးလေးကိုပင် အပြည့်အ၀မယဥ်ရသေးခင်မှာ ပါပါးဆိုသောတိမ်ရောင်လေး၏အသံကြောင့်နဲ့...."ဘာလိုလို့လဲ...သမီး"ဟုမေးလိုက်ရသည်။
"သမီးလို့မခေါ်နဲ့လေ ပါပါး"
"ဟောဗျာ...သမီးလို့ မခေါ်တော့ ဘယ်လိုခေါ်ရမလဲဗျ"
"တိမ်လွှာလို့ပဲခေါ်လိုက် ပါပါး"
ဆရာမကြီး ဒေါ်လရောင်ထည်ဝါသော တစ်ယောက် ဘာတွေတွေးနေပြန်ပြီလဲဆိုတာကို သူ,မသိသေးသော်လည်း ထပ်မမေးသေးပဲ တိမ်လွှာလေးနားမှာလာရပ်နေသည့် လရောင်လေးကို ကြင်နာစွာနဲ့ကြည့်မိတော့သည်။
ထိုသို့ကြည့်နေစဥ်မှာပဲ နောက်ထပ်အနားကိုရောက်လာသည့် ဆရာမကြီးတို့ရဲ့အကြီးအကဲ ကြယ်ရောင်ထည်ဝါသော,က....
"ကျောင်းကလူတွေကလေ နင့်အဖေရဲ့ သမီးအငယ်ဆုံးက နင့်အမေလာဆိုပြီး အာချောင်တယ်။ ပါပါးက မားကို သမီးငယ်လို့ ခေါ်တာဆိုလေ...အဲ့တာကြောင့် နောက်ဆို ကြယ်ရောင်တို့ကို နာမည်လေးပဲခေါ်တော့နော်"
"ဗျာ.."
အရင်က သူ နားမလည်ခဲ့သောနေခြည့်အတွက် ဒယ်ဒီ့ရဲ့သိမ်မွေ့ခြင်းတွေကို အခုချိန်မှာတော့ ကိုယ်တိုင်ပဲကျင့်သုံးလာတတ်ပြီဖြစ်သည်။ သူ့မှာက သားတစ်ယောက်သာရှိပြီး သမီးများသည်မို့ ဒီဟာလေးတစ်သိုက်နဲ့ အဆင်ပြေအောင်တော်တော််လေးကို ကြိုးစားခဲ့ရတာဖြစ်သည်။
အရင်ဆုံးအနေနဲ့ သူရဲ့ စိတ်မရှည်တတ်တဲ့ အကျင့်စရိုက်ကို မြောင်းထဲပို့ခဲ့ရပြီး ဒီဟာလေးတွေအလိုကျ ကြင်နာတတ်အောင် ကြိုးစားနေထိုင်ခဲ့သည်။ ထိုသို့ပြောင်းလဲမှုက အစပိုင်းမှာသူ့အတွက်ခက်ခဲခဲ့သော်လည်း ငယ်သေးတဲ့သမီးငယ်ရဲ့ ပုံရိပ်တို့ အမြဲခြံရံနေတတ်တဲ့ဒီဟာလေးတွေကို သူ့မှာအသည်းတယားယားနဲ့ စောင့်ရှောက်လာခဲ့ရင်း အခုဆိုရင် သူဟာဒီဟာလေးတွေအတွက် စိတ်အရှည်နိုင်ဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ငယ်သေးတဲ့သမီးငယ်လေးတွေနဲ့ ရင့်ကျက်လာတဲ့သူ့ရဲ့ ပုံစံက နေ့ရက်တိုင်းကို ကြည်လင်နေတော့သည်။
"ပါပါး ကြယ်ရောင့်ကိုပဲကြည့်...။"
အတွေးများနှင့်ကြည်လင်စပြုနေသော သူ့မျက်နှာကို လက်သေးသေးလေးတွေနဲ့ ဆွဲယူပြီးပြောလာတဲ့ ကြယ်ရောင့်ကို သူလည်း မျက်ခုံးတစ်ချက်ပင့်ပြလိုက်ရင်း....
"ဟုတ်ပါပြီ။ ပြောပါဗျာ....ဘာများပါလိမ့်။"
"အထွေမထူးတော့မဟုတ်ပါဘူး...။ ပါး... မာမားကို သမီးငယ်လို့မခေါ် တော့ပါနဲ့လား။"
"ငယ်ငယ်လေးထဲက ခေါ်လာတော့ နှုတ်ကကျိုးနေပြီကွ။"
"ဒါဆိုလည်း ကြယ်ရောင်တို့ကိုလည်းနာမည်ပဲခေါ်လေ။ သမီးလို့ မခေါ်နေနဲ့ ငယ်သေးတာပဲ။ ပါပါး အကျင့်ဖြစ်သွားမှာပေါ့။ ဟုတ်တယ်နော် ကိုကို........"
ကြယ််ရောင်သည် သူ့အားပြောနေရင်းကနေမှ စာအုပ်များဖြင့် အလုပ်ရှုပ်နေသော ကောင်းကင်ဘက်သို့ ဆက်ခနဲလှည့်ကြည့်ပြီး မေးလေသည်။ ထိုသို့အလှည့်မှာပဲ သူသည်ဝဲလွင့်သွားတဲ့ သမီးရဲ့ဆံပင်တွေထဲကို လက်ချောင်းလေးတွေထိုးပြီး အနည်းငယ်သတ်ချပေးဖြစ်သည်။ ဒါဟာသူ့အတွက်တော့ အလိုအလျောက်တုန့်ပြန်မှုတစ်ခုလိုပင် တွေးနေစရာမလိုတဲ့ အလိုက်သိမှုတွေထဲမှ တစ်ခုဖြစ်နေသည်။
"ပါပါး စိတ်ပျော်ရင်မာမားကို သူများတွေခေါ် သလိုမျိုး ငယ်ဆိုပြီးတိုးတိုးလေးခေါ် တတ်တယ်။"
သမီးရဲ့ဆံပင်တွေကိုသပ်ချပေးနေရင်းမှ သားဆီက ထိုစကားကြောင့်နဲ့ သူ့မျက်လုံးတွေက ပြူးကျယ်ကာသွားရတော့သည်။
"ဟုတ်လား ပါပါး...။"
"အမ်... "
"မာမားကို ငယ်လို့ခေါ်ရင်အဆင်ပြေတာပဲ နော် တိမ်ရောင်....။ ကျောင်းရောက်ရင် ပြန်ပြောလိုက်တော့"
ကြယ်ရောင့်စကားကြောင့်နဲ့ သူ့မှာ ပြာလောင်တွေခေတ်နေရသည့်ကြားကနေပဲ..
" ဘာ ဘာကိုပြောမှာလဲ သမီး" ဟု အလျင်စလိုမေးဖြစ်လိုက်သေးသည်။
"မာမားကို ပါပါးက ငယ်လို့ခေါ် တဲ့အကြောင်းပေါ့...။"
"ဒါမယ့် ဒါကလူတွေရှေ့မှာ မခေါ် တော့ ပြောရတာအဆင်မပြေလောက်ဘူး..."
ဒီလောက်ဆို သူသဘောပေါက်လိုက်ပြီ။ ဒီသားက ဘယ်အချိန်က ကြားလိုက်မှန်းမသိတဲ့ ဒီအခေါ်အဝေါ်နဲ့ သူ့အား ဆေးထိုးနေပြီဖြစ်သည်။ ဒါကြောင့်ပဲ သူက အလိုက်သိစွာနဲ့ပင်...
"သားလိုချင်နေတဲ့ ဘောလုံးအင်္ကျီကို ပါးမှာထားပြီးပါပြီနော်။ စကားတွေအရမ်းမများပါနဲ့...ok?"
"OK OK, thank youနော် ပါး..."
လိုချင်တာကို ရတော့မည်ဆိုတော့ သားက သူ့
အနားသို့လျှောက်လာပြီး ပါးပြင်ကိုခပ်ဖွဖွနဲ့ ခပ်မြန်မြန်အနမ်းပေးတော့သည်။ထိုအချိန်မှာပဲ သားကို အတင်းဆွဲဖက်လိုက်ရင်း သမီးတွေမကြားနိုင်လောက်အောင် လေသံနိမ့်လိုက်ကာ...
"သား ကြားတာတွေက အမှန်မဟုတ်ဘူးကွ။" ဟု မှင်သေသေနဲ့ငြင်းဆန်လိုက်သည်။
"ဘာတွေပြောနေကြတာလဲ....ခဏ ခဏ။" ရုတ်တရပ် ၀င်ရောက်လာသော လျှပ်ပြေးတစ်ခုနှင့်အတူ အပြေး၀င်လာတဲ့ သမီးငယ်ဟာ သားကိုအသာအယာတွန်းဖယ်ပြီး သူ့ရင်ခွင်ထဲကို တန်းမတ်စွာ၀င်ရောက်လာလေသည်။
" မား...." အလိုမကျစွာနဲ့ သူမအားခေါ် လာသည့် ပေါက်စိညှောင့်တောက်လေး သွန်းဖြိုးကို သူ့ရင်ခွင်ထဲအတင်းတွယ်ကပ်ဖက်ထားရင်းကပဲ "မား မိုးမိလာလို့ အရမ်းချမ်းနေတာ။ ခဏပဲ ပါပါးကိုဖက်ထားမယ် တကယ်ခဏပဲ...."
ထိုသို့ပြောပြီး မျက်စိကို စုံမှိတ်ကာ တစ်နေ့လုံးလွမ်းနေခဲ့ရတဲ့ သူ့ကိုပိုပြီးတင်းကျပ်အောင် အစွမ်းကုန်ဖက်ထားလိုက်တော့သည်။
"တို့ပြောပါတယ်..."
"ကဲ လာပါ နေရယ်... ကလေးတွေနားပါစေ။"
"ဟင့်အင်း မရဘူး။"
ငြင်းဆန်ခြင်းနှင့်အတူ နေခြည်သည် ထည်ဝါနှင့် သမီးငယ်တို့ရပ်နေကြသော နေရာနားအထိ ဆက်တိုက်လျှောက်သွားပြီး ကလေးတွေဘေးမှာရှိနေသည့်တိုင် ထည်ဝါ့ရင်ခွင်ထဲမှာ နစ်မြှုပ်လို့နေသည့် ရေစက်များ၏တရားခံ သမီးငယ်ကို ပခုံးကနေဆွဲလှည့်ကာ...
"အမကြီးသမီးငယ် အမကြီးကြောင့် ရေကြီးသွားတဲ့ အိမ်ကြမ်းပြင်ကိုရေသုတ်ရပါမယ်။"
"ဟမ်...."'
သမီးငယ်တစ်ယောက် 'ဟမ်'လို့မပြီးသေးခင်မှာတင် နေခြည်က သမီးငယ်ကိုဆွဲပြီးအခန်းအပြင်သို့ဆွဲထုတ်သွားတော့သည်။ ထိုသို့ နေခြည်နဲ့သမီးငယ်၏နောက်ကနေပြီး အသက်နဲ့ထည်၀ါလည်းလိုက်လာခဲသည်။
နေခြည့်လုပ်ပုံကြောင့် အသက်သည်သူမနဲ့အတူနောက်က လိုက်လာသောထည်ဝါကို လှည့်ကြည့်ရင်းအားနာနေရလေသည်။ထို့ကြောင့်ပဲ နေခြည့်အနားကို တိုးကပ်ကာ ငယ့်ကိုဆက်ပြီးကြမ်းမသုတ်စေဖို့ပြောကြည့်ဖို့ ကြိုးစားလိုက်ရုံရှိသေးသည်...
"အသက်ပြောလည်း မရဘူးနော်။ ဘယ်နှခါရှိနေပြီလဲ ရေစိုနဲ့ အိမ်ထဲကို ပြေးပြေး၀င်တာ.... မတော်လို့ အဲ့ဒီရေကွက်ထဲ မာမီသာလျှော်လဲကြည့်ပါလား....တော်ပြီ တော်ပြီ ဘာမှလာမပြောနဲ့ ။"
ခေါင်းမာစွာနဲ့ ငယ့်ကိုရေပြန်သုတ်ခိုင်းနေသည့် မမနေခြည့်ကြောင့်နဲ့ ငယ် သူ့ဆီကိုကြည့်လိုက်မိသညိ။ ထိုအချိန်မှာပဲ သူက ငယ့်အကြည့်တွေကို နားလည်နေသည့်အလားပဲ အနီးမှာရှိနေသည့် ကြမ်းတိုက်၀တ်တစ်ခုကို လှမ်းယူပြီး....
"ငါတော့ ကူပေးလို့ ရတယ်မလာနေခြည်" ဟု သူ့အမကို မေးသည်။
"အသက် အသက်လည်း ကူပေးမယ်။"
မယောင်မလည်နဲ့ အသက်ကပါ လာထိုင်ပြီး ရောကူသုတ်ပေးတော့ ခပ်မြန်််််မြန် နဲ့ပဲ ကြမ်းတုက်ခြင်းအလုပ်က ပြီးဆုံးခဲ့သည်။ ကြမ်းပြင်ကို ရေသုတ်ပြီးတော့ ငယ်ကို သူကရေချိုးဖို့ပြောသည်ကြောင့် ငယ်ခပ်ခပ်မြန်မြန်ပဲ ရေချိုးခဲ့လိုက်တာဖြစ်သည်။
မိသားစုနဲ့ အတူ ညစာစားကြသည့် အချိန်မှာ အနည်းငယ်လောက် မအီမသာဖြစ်ပေမယ့်လည်း အထွေအထူးစိတ်ထဲမှာထားမနေတော့ပဲ အနည်းငယ်မျှကိုသာ စားခဲ့လိုက်သည်။ အိပ်ချိန်ကိုရောက်တော့ အလယ်မှာမှအိပ်ချင်ပါသည်ဆိုသော ရွှေရောင်ထည်ဝါသောကို သူနဲငယ်ရဲ့ကြားထဲမှာထားပြီး အိပ်ရာ၀င်ခဲ့လိုက်သည်။
"သမီးငယ်...သမီးငယ်"
"ဟင်..."
"ဒီကိုလာ.... အရမ်းနေရခက်နေလားး။"
ငယ်မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ စိုးရိမ်လွန်းအားကြီးနေသည့် သူ့မျက်၀န်းတွေကို ဦးစွာမြင်လိုက်ရသည်။ပြီးမှ နံဘေးမှာ ၀န်းရံနေကြသောမိသားစု၀င်တွေကိုမြင်လိုက်ရသည်။
"ညလည်း နက်ပြီဆိုတော့ အလင်းကိုခေါ်ရမှာအားနာရတယ်။ ထည်ဝါ မင်းပဲ ရေတဘတ်တိုက်ပြီး,ဆေးတိုက်လိုက်တော့။ ကလေးတွေကိုတော့ တခြားအခန်းကိုပို့လိုက်မယ်။ အဖျားကူးရင် မင်းပဲ ပိုပင်ပန်းမယ်၊ နားလည်လား။"
"ဟုတ်ကဲ့ ဒယ်ဒီ....။ ကဲ သား ညီမလေးတွေကို စောင့်ရှောက်။ သမီးတို့ကလည်း လိမ်လိမ်မာမာ နေကြနော်။"
ပြီးနောက်တွင် ကလေးတွေကို အန်ကယ်တို့ကခေါ်သွားလေသည်။ ကလေးတွေရှိလာကတည်းက သူတို့လေးတွေနဲ့ အချိန်ပြည့်နီးပါး အတူရှိခဲ့ကြသည်က ညတွေမှာ ဒီလိုနှစ်ယောက်တည်းအတူမရှိကြရတာတော််တော်ကြာပြီမို့ ငယ်တော့ ရင်တွေခုန်ပြီးအရမ်းပဲ ပျော်နေသည်။
ထိုသို့ အပျော်တွေက တဖြည်းဖြည်းနဲ့စုလာရင်းကနေ လက်မောင်းအရင်းလေးနားကို ရေတဘတ်ဖြင့်တိုကပေးနေသော သူ့အား တစ်ခါတစ်ရံနှစ်ယောက်တည်းရှိချိန်မှာ ခေါ်တတ်တဲ့,မဟုတ်ရင်လည်း သူကိုယ်တိုင်ကခေါ်ပေးဖို့တောင်းဆိုတတ်တဲ့ နာမလေးကို ခေါ်ဆိုမိတော့သည်။
"ကိုဘုန်း..."
တတ်ကြွနေတဲ့ ငယ့်ခေါ် သံကြောင့်ပဲဖြစ်လိမ့်မည်။
"ငြိမ်ငြိမ်လေးနေတာ ကောင်းမယ် သမီးငယ်။"
သူကအဲ့လိုပြောလာမှပဲ ငယ်ကပိုလို့ ထကြွချင်နေတော့တာကြောင့်နဲ့ ခေါင်းအုံးအထက်ကနေခေါင်းကိုထောင်လိုက်ပြီး သူ့နဲ့ပိုပြီး နီးကပ်အောင်တိုးကပ်သွားလိုက်ကာ...
"ကိုဘုန်းကို ဖက်ထားဦးမယ်။"
ဆိုပြီး သူ့ပေါင်ပေါ် ကို ခေါင်းချကာ တစ်နေ့တစ်ခြားပိုပိုပြီးကြည်လင်လာတဲ့ သူ့မျက်နှာလေးကို လွတ်လွတ်လပ်လပ် ငေးမောနေလိုက်တော့သည်။
"ငါဆေးသွား ယူဦးမယ်။"
ငယ်,နာသွားမည် စိုး၍ သူ့ပေါင်ပေါ်မှာတင်ထားသည့် ငယ့်ဦးခေါင်းကို အသာအယာနဲ့ဖယ်ခွာပေးဖိုးကြိုးစားသူရဲ့ ပါးပြင်ဆီကိုလှမ်းလို့ထိတွေ့လိုက်ရင်း တမ်းတမ်းတတနဲ့ပဲငယ်ရေရွတ်မိသွားသည်.....
"ဒီလို မကြည့်ရတာ ဘယ်လောက်တောင်ကြာပြီလဲ။ ခဏတော့ နေပါဦး ကြည့်လို့မ၀သေးဘူး။"
"ဟွန်းး...ကြည့်ရတာ မငြီးငွေ့သေးလား အခုထိအောင်ပဲ။"
"အင်း။ ဒါနဲ့ ဒီရက်ပိုင်း ပိုပြီးကြည်လင်လာရောပဲ ငါ့ယောကျာ်းက...."
"အဟွတ် အဟွတ်..."
ငယ့်စကားမှာ အရှက်သည်းပြီး ချောင်းတွေဆိုးသွားသည့် သူ့ကြောင့် ငယ့်ကိုယ်တိုင်လည်းသူ့ကို ဆက်မကြည့်ရဲတော့ပဲ တစ်ဖက်လှည့်ကာ ခပ်တိုးတိုးနဲ့ရယ်မောနေရသည်။ ဒီလို ငယ်နဲ့သူ့ကြားမှာ လေထုကငြိမ်သက်သိမ်မွေ့နေစဥ်မှာပဲ..
"သမီးတွေက ပြောနေတယ်၊ သမီးငယ်လို့ မခေါ်ဖို့။ သူတို့တွေကိုကျောင်းမှာ သူငယ်ချင်းတွေက စကြလို့တဲ့။ "
"ဟယ် အဲ့တာဆို မတတ်နိုင်တော့ဘူးပေါ့ ယောကျာ်းရယ်, သဘာ၀ကျကျပဲ ကိုယ့်မိန်းမကို မိန်းမလို့ခေါ်ရတော့မှာပဲ။"
သူ့မျက်နှာကို စိုက်ကြည့်ပြီး ထုတ်ပြောလိုက်တော့ သူကသွားစွယ်လေးတွေ ပေါ်သည်အထိရယ်မောကာသွားတော့သည်။ ရယ်မောသွားတဲ့ အခါမှာလှုပ်ရှားသွားသည့် သူ့ပါးပြင်လေးတွေကို အနှောက်အယှက်ကင်းကင်းနဲ့ ထိတွေ့နေရင်းမှ မထိန်းနိုင်၊မသိမ်းနိုင်နဲ့ ငယ်ကပဲဦးစွာ နမ်းရှိုက်မိသည်။
ထိုသို့နဲ့ သူ့ပါးပြင်နဲ့ ငယ့်နှုတ်ခမ်းထိတွေ့သွားပြီး သိပ်မကြာခင်လေးမှာပဲ....
"နေမကောင်းတာကို ငြိမ်ငြိမ်နေရင် ကောင်းမယ်နော်။ "
အရင်ကလို ဒေါသသံမဟုတ်တော့ပဲ ခပ်ရွှင်လေးဖြစ်လာတဲ့ သူ့ရဲ့စကားလုံးလေးတွေကို အသည်းယားနေတာကြာလှပြီ၊ ကလေးတွေရှိရှိနေလို့ အမြဲကျော်သွားပေးနေခဲ့တာကို ဒီတစ်ခါမှာတော့ ဖြစ်ချင်ရာဖြစ်တော့ဆိုပြီး သူ့ပါးပြင်ဆီကခပ်ပါးပါးအနမ်းလေးကို အချိန်မြှင့်လိုက်ပြီး သူ့နှုတ်ခမ်းလေးကို တရှိုက်မတ်မတ်နဲ့ စုပ်ယူနမ်းရှိုက်လိုက်သည်။
"နင် နေမကောင်းဘူး။"
သူ့အသံကို နားထောင်ရုံနဲ့တင် သူဘာဖြစ်နေမှန်းသိနေတဲ့ ငယ်က လွှတ်မြှောက်သွားတဲ့ သူ့နှုတ်ခမ်းတွေကို နောက်ထပ်တစ်ကြိမ် စိုစွတ်စေလိုက်သည်။ ထိုသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်နမ်းရှိုက်ခြင်း၏ အကျိုးဆက်အနေနဲ့ နောက်တစ်နေ့ မနက်ခင်းမှာတော့ ငယ့်ခန္ဓာကိုယ်က ပင်ပန်းနွယ်မှုတွေစုဝေးသွားပြီး ဆေးပါချိတ်လိုက်ရတော့သည်။
"ညက ဆေးသေချာတိုက်ရဲ့လား ထည်၀ါရယ်။ ငယ့်ကိုကြည့်ရတာ မနေ့ညကထက်ပိုပြီးဖျော့တော့နေလားလို့။"
" တိုက်ပါတယ် မာမီ။ သူ တော််တော််လေး ပင်ပန်းနေလို့ဖြစ်မယ်။"
အသံလေး ခပ်တိုးတိုးနဲ့ဖြေရှင်းချက်ပေးရှာတဲ့ သူ့ကိုမော့ကြည့်ပြီး ဆေးချိတ်ထားသည့် အခြေအနေကတောင် ငယ့်နှုတ်ခမ်းမှာ ပြုံးရိပ်တို့ဖြစ်ပေါ်နေရသည်။ ဒီလောက်ထိကို သူ့အပေါ်မှာ ငယ်ချစ်တာဖြစ်သည်။
နေမကောင်းတဲ့ ရက်တွေကို အမှန်တိုင်းပြောရလျှင် ငယ်သိပ်ကိုပျော်နေမိသည်။ မနက်ခင်းကစပြီး မအိပ်ခင်အချိန်အထိ သူ့ကိုမြင်နေရပြီး အိပ်ချိန်ရောက်တော့လည်း ငယ်တစ်ယောက်တည်း သူ့ရင်ခွင်အကျယ်ကြီးထဲမှာ ရှိနေရတာ တော််တော််လေးကို သက်တောင့်သက်သာဖြစ်စရာပင်။ သမီးတွေနဲ့ သူ့ကို မေ၀မျှရတဲ့ ဒီအချိန်လေးတွေကို ငယ်တကယ်ပဲ သဘောကျနေတာဖြစ်သည်။
ထို့ကြောင့်နဲ့ နွားနို့ခွက်ကို ကိုင်ပြီး ငယ့်ဆီသို့လျှာက်လာနေသူကို..." ကလေးတွေကို အခန်းခွဲပေးရအောင် ထည်၀ါ။"
"အစပ်အဆက်မရှိ ဘာတွေပြောနေတာလဲ။"
"ဒီတိုင်းလေးပဲ ငါတို့နှစ်ယောက် အတူတူ အိပ်ရအောင်လေ။ အဲ့တာမကောင်းဘူးလား....။"
"ဟွန်းးး.... မဟုတ်တာတွေ မတွေးနဲ့တော့ အပြင်ဘက်ထွက်ရအောင်...။"
အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ငယ့်ကို သူကဆွဲထူပေးပြီး အစောကယူလာသည့် နွားနို့ခွက်ကို ကမ်းပေးလာသည်မို့...
" နွားနို့က အဖျားကို အားပေးတယ်။ ငါမသောက်တော့ဘူး။"
"ဖျားတာလည်း မဟုတ်တော့ပဲနဲ့ အားရှိအောင် သောက်လိုက်ပါ."
ကွက်တိဆိုသလိုမှန်ကန်နေသည့် သူ့စကားကြောင့် ငယ်နှုတ်ခမ်းလေးကိုအသာမဲ့ပြရင်း သူ့အလိုကျပဲ နွားနို့ခွက်ကို မော့ချလိုက်သည်။ ဖန်ခွက်ထဲ နွားနို့တွေကုန်သွားမှ သူ့လက်ထဲကိုဖန်ခွက်ပြန််ပေးလိုက်သည်။ သူကလည်း ငယ်ပြန်ပေးလာတဲ့ ဖန်ခွက်ကိုယူပြီး...."အပြင်ထွက်မယ်" ဆိုကာ သတိလက်လွှတ်နဲ့ ငယ့်ကို မစောင့်ပဲ အပြင်ကိုထွက်ဖို့လုပ်သည်။
"ယောကျာ်း ယောကျာ်း..."
ငယ့်ခေါ် သံကြောင့် ငယ့်ဘက်သို့ ပြန်လှည့်လာသည့် သူ့ကိုလက်ယပ်ကာခေါ်လိုက်ပြီး..
"ငါ့ကို တွဲရဦးမှာလေ။"
"ဆောရီး ငါမေ့သွားတယ်။"
ချက်ချင်းပဲ ငယ့်အနားကို ပြေးလာပြီးငယ့်ကိုဖေးမပေးတဲ့ သူ့ကြောင့် နေပြန်မကောင်းသေးပါဘူးဆိုတဲ့ လုပ်ကြံဇာတ်လမ်းလေးက ၆ရက်မြောက်ထိတိုင်သက်၀င်နေသေးတာဖြစ်သည်။
သူက ငယ့်ကိုသည်းသည်းလှုပ် ဂရုစိုက်ပြလေလေ မိသားစု၀င်တွေ ငယ်အခုထိမသက်သာသေးဘူးလို့ထင်နေလေလေနဲ့ ကလေးတွေကိုပြန်မပို့ကြတာ ၁၀ရက်ကျော်််နေပြီဖြစ်သည်။ လင်မယားနှစ်ယောက်တည်း နေတာ နည်းနည်းလောက်ကြာသွားတော့ ကလေးတွေပြန်လာမှာကို ငယ်တော့စိုးရိမ်နေတာအမှန်ပင်။
အဲ့တာကြောင့် ကလေးတွေကို အခန်းခွဲပေးလိုက်ရအောင်လို့ ပြောတာကို သူကလက်မခံပေ။ ဒီရက်တွေမှာ နှစ်ယောက် အတူတူရှိကြဖို့ လိုလားနေတာက ငယ်တစ်ယောက်တည်းလို့ပြောရအောင်ကလည်း သူသာငယ်နဲ့ နှစ်ယောက်တည်းမရှိချင်ဘူးဆိုရင် အခုလောက်ထိ ငယ်ဟန်ဆောင်နေတာကို ကူညီစရာမလိုလောက်ဘူးမလား။
တကယ်ပဲ ဒီယောကျ်ားရဲ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ခန့်မှန်းရခက်သည်။
______________
Zawgyi....
"သမီးငယ္ ဘယ္သြားလဲ ကိုမႈိင္း"
ညေနငါးနာရီေက်ာ္သည္အထိအိမ္ျပန္ေရာက္မလာေသးတဲ့ သမီးငယ္ေၾကာင့္နဲ႔ သူသည္ ကိုမႈိင္းထံသို႔ဖုန္းလွမ္းဆက္ရေလသည္။
ညေနမွာမိုး႐ြာမည္စိုး၍ အိမ္ကို အေစာျပန္လာဖို႔ရန္အတြက္ ဒီဟာေလးကို သူေသခ်ာမွာလိုက္သည္။သို႔ေသာ္လည္း အခုမိုးေတြအသည္းအသန္ ႐ြာသြန္းေနသည့္ အခ်ိန္ထိတိုင္ ဒီဟာေလးဟာ အိမ္ကိုျပန္မလာေသးေပ။
"ဘာ ဒီေလာက္မိုး႐ြာေနတာကို။ ဒီဟာေလးေတာ့ နာခ်င္ေနၿပီ။"
"အဲ့ေလာက္လဲ မစိုးရိမ္ပါနဲ႔ သခင္ေလး။ ကြၽန္ေတာ္တို႔ မမေလးနားမွာ ရွိေနပါတယ္။"
မိုး႐ြာေနသည္ေၾကာင့္ ကိုမႈိင္းဘက္က အသံကိုသဲသဲကြဲကြဲ မၾကားရေသာ္လည္း အျဖစ္ႏိုင္ဆုံးကေတာ့ သူ႔ကိုစိတ္မပူဖို႔ေျပာေနတာပဲ ျဖစ္ရမည္။ ကိုမႈိင္းအျပင္ လြန္ခဲ့တဲ့လကတည္းကေအာက္က်င္းကိုဆင္းလာတဲ့ ကိုနႏၵလည္းပါသည္မို႔ စိတ္ခ်၍ရေသာ္လည္းဘာပဲျဖစ္ျဖစ္ အခုလိုမိုး႐ြာေနသည့္ အခ်ိန္ေလးမွာ သမီးငယ္ကိုအနားမွာရွိေနေစခ်င္သည္။
"ပါပါး...."
ကိုယ့္မိန္းမကိုယ္ ဖက္အိပ္ဖို႔ရန္အတြက္ စိတ္ကူးေလးကိုပင္ အျပည့္အ၀မယဥ္ရေသးခင္မွာ ပါပါးဆိုေသာတိမ္ေရာင္ေလး၏အသံေၾကာင့္နဲ႔...."ဘာလိုလို႔လဲ...သမီး"ဟုေမးလိုက္ရသည္။
"သမီးလို႔မေခၚနဲ႔ေလ ပါပါး"
"ေဟာဗ်ာ...သမီးလို႔ မေခၚေတာ့ ဘယ္လိုေခၚရမလဲဗ်"
"တိမ္လႊာလို႔ပဲေခၚလိုက္ ပါပါး"
ဆရာမႀကီး ေဒၚလေရာင္ထည္ဝါေသာ တစ္ေယာက္ ဘာေတြေတြးေနျပန္ၿပီလဲဆိုတာကို သူ,မသိေသးေသာ္လည္း ထပ္မေမးေသးပဲ တိမ္လႊာေလးနားမွာလာရပ္ေနသည့္ လေရာင္ေလးကို ၾကင္နာစြာနဲ႔ၾကည့္မိေတာ့သည္။
ထိုသို႔ၾကည့္ေနစဥ္မွာပဲ ေနာက္ထပ္အနားကိုေရာက္လာသည့္ ဆရာမႀကီးတို႔ရဲ႕အႀကီးအကဲ ၾကယ္ေရာင္ထည္ဝါေသာ,က....
"ေက်ာင္းကလူေတြကေလ နင့္အေဖရဲ႕ သမီးအငယ္ဆုံးက နင့္အေမလာဆိုၿပီး အာေခ်ာင္တယ္။ ပါပါးက မားကို သမီးငယ္လို႔ ေခၚတာဆိုေလ...အဲ့တာေၾကာင့္ ေနာက္ဆို ၾကယ္ေရာင္တို႔ကို နာမည္ေလးပဲေခၚေတာ့ေနာ္"
"ဗ်ာ.."
အရင္က သူ နားမလည္ခဲ့ေသာေနျခည့္အတြက္ ဒယ္ဒီ့ရဲ႕သိမ္ေမြ႕ျခင္းေတြကို အခုခ်ိန္မွာေတာ့ ကိုယ္တိုင္ပဲက်င့္သုံးလာတတ္ၿပီျဖစ္သည္။ သူ႔မွာက သားတစ္ေယာက္သာရွိၿပီး သမီးမ်ားသည္မို႔ ဒီဟာေလးတစ္သိုက္နဲ႔ အဆင္ေျပေအာင္ေတာ္ေတာ္္ေလးကို ႀကိဳးစားခဲ့ရတာျဖစ္သည္။
အရင္ဆုံးအေနနဲ႔ သူရဲ႕ စိတ္မရွည္တတ္တဲ့ အက်င့္စ႐ိုက္ကို ေျမာင္းထဲပို႔ခဲ့ရၿပီး ဒီဟာေလးေတြအလိုက် ၾကင္နာတတ္ေအာင္ ႀကိဳးစားေနထိုင္ခဲ့သည္။ ထိုသို႔ေျပာင္းလဲမႈက အစပိုင္းမွာသူ႔အတြက္ခက္ခဲခဲ့ေသာ္လည္း ငယ္ေသးတဲ့သမီးငယ္ရဲ႕ ပုံရိပ္တို႔ အၿမဲၿခံရံေနတတ္တဲ့ဒီဟာေလးေတြကို သူ႔မွာအသည္းတယားယားနဲ႔ ေစာင့္ေရွာက္လာခဲ့ရင္း အခုဆိုရင္ သူဟာဒီဟာေလးေတြအတြက္ စိတ္အရွည္ႏိုင္ဆုံး လူသားတစ္ေယာက္ျဖစ္လာခဲ့ၿပီ။
ဘယ္လိုပဲျဖစ္ျဖစ္ ငယ္ေသးတဲ့သမီးငယ္ေလးေတြနဲ႔ ရင့္က်က္လာတဲ့သူ႔ရဲ႕ ပုံစံက ေန႔ရက္တိုင္းကို ၾကည္လင္ေနေတာ့သည္။
"ပါပါး ၾကယ္ေရာင့္ကိုပဲၾကည့္...။"
အေတြးမ်ားႏွင့္ၾကည္လင္စျပဳေနေသာ သူ႔မ်က္ႏွာကို လက္ေသးေသးေလးေတြနဲ႔ ဆြဲယူၿပီးေျပာလာတဲ့ ၾကယ္ေရာင့္ကို သူလည္း မ်က္ခုံးတစ္ခ်က္ပင့္ျပလိုက္ရင္း....
"ဟုတ္ပါၿပီ။ ေျပာပါဗ်ာ....ဘာမ်ားပါလိမ့္။"
"အေထြမထူးေတာ့မဟုတ္ပါဘူး...။ ပါး... မာမားကို သမီးငယ္လို႔မေခၚ ေတာ့ပါနဲ႔လား။"
"ငယ္ငယ္ေလးထဲက ေခၚလာေတာ့ ႏႈတ္ကက်ိဳးေနၿပီကြ။"
"ဒါဆိုလည္း ၾကယ္ေရာင္တို႔ကိုလည္းနာမည္ပဲေခၚေလ။ သမီးလို႔ မေခၚေနနဲ႔ ငယ္ေသးတာပဲ။ ပါပါး အက်င့္ျဖစ္သြားမွာေပါ့။ ဟုတ္တယ္ေနာ္ ကိုကို........"
ၾကယ္္ေရာင္သည္ သူ႔အားေျပာေနရင္းကေနမွ စာအုပ္မ်ားျဖင့္ အလုပ္ရႈပ္ေနေသာ ေကာင္းကင္ဘက္သို႔ ဆက္ခနဲလွည့္ၾကည့္ၿပီး ေမးေလသည္။ ထိုသို႔အလွည့္မွာပဲ သူသည္ဝဲလြင့္သြားတဲ့ သမီးရဲ႕ဆံပင္ေတြထဲကို လက္ေခ်ာင္းေလးေတြထိုးၿပီး အနည္းငယ္သတ္ခ်ေပးျဖစ္သည္။ ဒါဟာသူ႔အတြက္ေတာ့ အလိုအေလ်ာက္တုန႔္ျပန္မႈတစ္ခုလိုပင္ ေတြးေနစရာမလိုတဲ့ အလိုက္သိမႈေတြထဲမွ တစ္ခုျဖစ္ေနသည္။
"ပါပါး စိတ္ေပ်ာ္ရင္မာမားကို သူမ်ားေတြေခၚ သလိုမ်ိဳး ငယ္ဆိုၿပီးတိုးတိုးေလးေခၚ တတ္တယ္။"
သမီးရဲ႕ဆံပင္ေတြကိုသပ္ခ်ေပးေနရင္းမွ သားဆီက ထိုစကားေၾကာင့္နဲ႔ သူ႔မ်က္လုံးေတြက ျပဴးက်ယ္ကာသြားရေတာ့သည္။
"ဟုတ္လား ပါပါး...။"
"အမ္... "
"မာမားကို ငယ္လို႔ေခၚရင္အဆင္ေျပတာပဲ ေနာ္ တိမ္ေရာင္....။ ေက်ာင္းေရာက္ရင္ ျပန္ေျပာလိုက္ေတာ့"
ၾကယ္ေရာင့္စကားေၾကာင့္နဲ႔ သူ႔မွာ ျပာေလာင္ေတြေခတ္ေနရသည့္ၾကားကေနပဲ..
" ဘာ ဘာကိုေျပာမွာလဲ သမီး" ဟု အလ်င္စလိုေမးျဖစ္လိုက္ေသးသည္။
"မာမားကို ပါပါးက ငယ္လို႔ေခၚ တဲ့အေၾကာင္းေပါ့...။"
"ဒါမယ့္ ဒါကလူေတြေရွ႕မွာ မေခၚ ေတာ့ ေျပာရတာအဆင္မေျပေလာက္ဘူး..."
ဒီေလာက္ဆို သူသေဘာေပါက္လိုက္ၿပီ။ ဒီသားက ဘယ္အခ်ိန္က ၾကားလိုက္မွန္းမသိတဲ့ ဒီအေခၚအေဝၚနဲ႔ သူ႔အား ေဆးထိုးေနၿပီျဖစ္သည္။ ဒါေၾကာင့္ပဲ သူက အလိုက္သိစြာနဲ႔ပင္...
"သားလိုခ်င္ေနတဲ့ ေဘာလုံးအက်ႌကို ပါးမွာထားၿပီးပါၿပီေနာ္။ စကားေတြအရမ္းမမ်ားပါနဲ႔...ok?"
"OK OK, thank youေနာ္ ပါး..."
လိုခ်င္တာကို ရေတာ့မည္ဆိုေတာ့ သားက သူ႔
အနားသို႔ေလွ်ာက္လာၿပီး ပါးျပင္ကိုခပ္ဖြဖြနဲ႔ ခပ္ျမန္ျမန္အနမ္းေပးေတာ့သည္။ထိုအခ်ိန္မွာပဲ သားကို အတင္းဆြဲဖက္လိုက္ရင္း သမီးေတြမၾကားႏိုင္ေလာက္ေအာင္ ေလသံနိမ့္လိုက္ကာ...
"သား ၾကားတာေတြက အမွန္မဟုတ္ဘူးကြ။" ဟု မွင္ေသေသနဲ႔ျငင္းဆန္လိုက္သည္။
"ဘာေတြေျပာေနၾကတာလဲ....ခဏ ခဏ။" ႐ုတ္တရပ္ ၀င္ေရာက္လာေသာ လွ်ပ္ေျပးတစ္ခုႏွင့္အတူ အေျပး၀င္လာတဲ့ သမီးငယ္ဟာ သားကိုအသာအယာတြန္းဖယ္ၿပီး သူ႔ရင္ခြင္ထဲကို တန္းမတ္စြာ၀င္ေရာက္လာေလသည္။
" မား...." အလိုမက်စြာနဲ႔ သူမအားေခၚ လာသည့္ ေပါက္စိေညႇာင့္ေတာက္ေလး သြန္းၿဖိဳးကို သူ႔ရင္ခြင္ထဲအတင္းတြယ္ကပ္ဖက္ထားရင္းကပဲ "မား မိုးမိလာလို႔ အရမ္းခ်မ္းေနတာ။ ခဏပဲ ပါပါးကိုဖက္ထားမယ္ တကယ္ခဏပဲ...."
ထိုသို႔ေျပာၿပီး မ်က္စိကို စုံမွိတ္ကာ တစ္ေန႔လုံးလြမ္းေနခဲ့ရတဲ့ သူ႔ကိုပိုၿပီးတင္းက်ပ္ေအာင္ အစြမ္းကုန္ဖက္ထားလိုက္ေတာ့သည္။
"တို႔ေျပာပါတယ္..."
"ကဲ လာပါ ေနရယ္... ကေလးေတြနားပါေစ။"
"ဟင့္အင္း မရဘူး။"
ျငင္းဆန္ျခင္းႏွင့္အတူ ေနျခည္သည္ ထည္ဝါႏွင့္ သမီးငယ္တို႔ရပ္ေနၾကေသာ ေနရာနားအထိ ဆက္တိုက္ေလွ်ာက္သြားၿပီး ကေလးေတြေဘးမွာရွိေနသည့္တိုင္ ထည္ဝါ့ရင္ခြင္ထဲမွာ နစ္ျမႇဳပ္လို႔ေနသည့္ ေရစက္မ်ား၏တရားခံ သမီးငယ္ကို ပခုံးကေနဆြဲလွည့္ကာ...
"အမႀကီးသမီးငယ္ အမႀကီးေၾကာင့္ ေရႀကီးသြားတဲ့ အိမ္ၾကမ္းျပင္ကိုေရသုတ္ရပါမယ္။"
"ဟမ္...."'
သမီးငယ္တစ္ေယာက္ 'ဟမ္'လို႔မၿပီးေသးခင္မွာတင္ ေနျခည္က သမီးငယ္ကိုဆြဲၿပီးအခန္းအျပင္သို႔ဆြဲထုတ္သြားေတာ့သည္။ ထိုသို႔ ေနျခည္နဲ႔သမီးငယ္၏ေနာက္ကေနၿပီး အသက္နဲ႔ထည္၀ါလည္းလိုက္လာခဲသည္။
ေနျခည့္လုပ္ပုံေၾကာင့္ အသက္သည္သူမနဲ႔အတူေနာက္က လိုက္လာေသာထည္ဝါကို လွည့္ၾကည့္ရင္းအားနာေနရေလသည္။ထို႔ေၾကာင့္ပဲ ေနျခည့္အနားကို တိုးကပ္ကာ ငယ့္ကိုဆက္ၿပီးၾကမ္းမသုတ္ေစဖို႔ေျပာၾကည့္ဖို႔ ႀကိဳးစားလိုက္႐ုံရွိေသးသည္...
"အသက္ေျပာလည္း မရဘူးေနာ္။ ဘယ္ႏွခါရွိေနၿပီလဲ ေရစိုနဲ႔ အိမ္ထဲကို ေျပးေျပး၀င္တာ.... မေတာ္လို႔ အဲ့ဒီေရကြက္ထဲ မာမီသာေလွ်ာ္လဲၾကည့္ပါလား....ေတာ္ၿပီ ေတာ္ၿပီ ဘာမွလာမေျပာနဲ႔ ။"
ေခါင္းမာစြာနဲ႔ ငယ့္ကိုေရျပန္သုတ္ခိုင္းေနသည့္ မမေနျခည့္ေၾကာင့္နဲ႔ ငယ္ သူ႔ဆီကိုၾကည့္လိုက္မိသညိ။ ထိုအခ်ိန္မွာပဲ သူက ငယ့္အၾကည့္ေတြကို နားလည္ေနသည့္အလားပဲ အနီးမွာရွိေနသည့္ ၾကမ္းတိုက္၀တ္တစ္ခုကို လွမ္းယူၿပီး....
"ငါေတာ့ ကူေပးလို႔ ရတယ္မလာေနျခည္" ဟု သူ႔အမကို ေမးသည္။
"အသက္ အသက္လည္း ကူေပးမယ္။"
မေယာင္မလည္နဲ႔ အသက္ကပါ လာထိုင္ၿပီး ေရာကူသုတ္ေပးေတာ့ ခပ္ျမန္္္္္ျမန္ နဲ႔ပဲ ၾကမ္းတုက္ျခင္းအလုပ္က ၿပီးဆုံးခဲ့သည္။ ၾကမ္းျပင္ကို ေရသုတ္ၿပီးေတာ့ ငယ္ကို သူကေရခ်ိဳးဖို႔ေျပာသည္ေၾကာင့္ ငယ္ခပ္ခပ္ျမန္ျမန္ပဲ ေရခ်ိဳးခဲ့လိုက္တာျဖစ္သည္။
မိသားစုနဲ႔ အတူ ညစာစားၾကသည့္ အခ်ိန္မွာ အနည္းငယ္ေလာက္ မအီမသာျဖစ္ေပမယ့္လည္း အေထြအထူးစိတ္ထဲမွာထားမေနေတာ့ပဲ အနည္းငယ္မွ်ကိုသာ စားခဲ့လိုက္သည္။ အိပ္ခ်ိန္ကိုေရာက္ေတာ့ အလယ္မွာမွအိပ္ခ်င္ပါသည္ဆိုေသာ ေ႐ႊေရာင္ထည္ဝါေသာကို သူနဲငယ္ရဲ႕ၾကားထဲမွာထားၿပီး အိပ္ရာ၀င္ခဲ့လိုက္သည္။
"သမီးငယ္...သမီးငယ္"
"ဟင္..."
"ဒီကိုလာ.... အရမ္းေနရခက္ေနလားး။"
ငယ္မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ စိုးရိမ္လြန္းအားႀကီးေနသည့္ သူ႔မ်က္၀န္းေတြကို ဦးစြာျမင္လိုက္ရသည္။ၿပီးမွ နံေဘးမွာ ၀န္းရံေနၾကေသာမိသားစု၀င္ေတြကိုျမင္လိုက္ရသည္။
"ညလည္း နက္ၿပီဆိုေတာ့ အလင္းကိုေခၚရမွာအားနာရတယ္။ ထည္ဝါ မင္းပဲ ေရတဘတ္တိုက္ၿပီး,ေဆးတိုက္လိုက္ေတာ့။ ကေလးေတြကိုေတာ့ တျခားအခန္းကိုပို႔လိုက္မယ္။ အဖ်ားကူးရင္ မင္းပဲ ပိုပင္ပန္းမယ္၊ နားလည္လား။"
"ဟုတ္ကဲ့ ဒယ္ဒီ....။ ကဲ သား ညီမေလးေတြကို ေစာင့္ေရွာက္။ သမီးတို႔ကလည္း လိမ္လိမ္မာမာ ေနၾကေနာ္။"
ၿပီးေနာက္တြင္ ကေလးေတြကို အန္ကယ္တို႔ကေခၚသြားေလသည္။ ကေလးေတြရွိလာကတည္းက သူတို႔ေလးေတြနဲ႔ အခ်ိန္ျပည့္နီးပါး အတူရွိခဲ့ၾကသည္က ညေတြမွာ ဒီလိုႏွစ္ေယာက္တည္းအတူမရွိၾကရတာေတာ္္ေတာ္ၾကာၿပီမို႔ ငယ္ေတာ့ ရင္ေတြခုန္ၿပီးအရမ္းပဲ ေပ်ာ္ေနသည္။
ထိုသို႔ အေပ်ာ္ေတြက တျဖည္းျဖည္းနဲ႔စုလာရင္းကေန လက္ေမာင္းအရင္းေလးနားကို ေရတဘတ္ျဖင့္တိုကေပးေနေသာ သူ႔အား တစ္ခါတစ္ရံႏွစ္ေယာက္တည္းရွိခ်ိန္မွာ ေခၚတတ္တဲ့,မဟုတ္ရင္လည္း သူကိုယ္တိုင္ကေခၚေပးဖို႔ေတာင္းဆိုတတ္တဲ့ နာမေလးကို ေခၚဆိုမိေတာ့သည္။
"ကိုဘုန္း..."
တတ္ႂကြေနတဲ့ ငယ့္ေခၚ သံေၾကာင့္ပဲျဖစ္လိမ့္မည္။
"ၿငိမ္ၿငိမ္ေလးေနတာ ေကာင္းမယ္ သမီးငယ္။"
သူကအဲ့လိုေျပာလာမွပဲ ငယ္ကပိုလို႔ ထႂကြခ်င္ေနေတာ့တာေၾကာင့္နဲ႔ ေခါင္းအုံးအထက္ကေနေခါင္းကိုေထာင္လိုက္ၿပီး သူ႔နဲ႔ပိုၿပီး နီးကပ္ေအာင္တိုးကပ္သြားလိုက္ကာ...
"ကိုဘုန္းကို ဖက္ထားဦးမယ္။"
ဆိုၿပီး သူ႔ေပါင္ေပၚ ကို ေခါင္းခ်ကာ တစ္ေန႔တစ္ျခားပိုပိုၿပီးၾကည္လင္လာတဲ့ သူ႔မ်က္ႏွာေလးကို လြတ္လြတ္လပ္လပ္ ေငးေမာေနလိုက္ေတာ့သည္။
"ငါေဆးသြား ယူဦးမယ္။"
ငယ္,နာသြားမည္ စိုး၍ သူ႔ေပါင္ေပၚမွာတင္ထားသည့္ ငယ့္ဦးေခါင္းကို အသာအယာနဲ႔ဖယ္ခြာေပးဖိုးႀကိဳးစားသူရဲ႕ ပါးျပင္ဆီကိုလွမ္းလို႔ထိေတြ႕လိုက္ရင္း တမ္းတမ္းတတနဲ႔ပဲငယ္ေရ႐ြတ္မိသြားသည္.....
"ဒီလို မၾကည့္ရတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ။ ခဏေတာ့ ေနပါဦး ၾကည့္လို႔မ၀ေသးဘူး။"
"ဟြန္းး...ၾကည့္ရတာ မၿငီးေငြ႕ေသးလား အခုထိေအာင္ပဲ။"
"အင္း။ ဒါနဲ႔ ဒီရက္ပိုင္း ပိုၿပီးၾကည္လင္လာေရာပဲ ငါ့ေယာက်ာ္းက...."
"အဟြတ္ အဟြတ္..."
ငယ့္စကားမွာ အရွက္သည္းၿပီး ေခ်ာင္းေတြဆိုးသြားသည့္ သူ႔ေၾကာင့္ ငယ့္ကိုယ္တိုင္လည္းသူ႔ကို ဆက္မၾကည့္ရဲေတာ့ပဲ တစ္ဖက္လွည့္ကာ ခပ္တိုးတိုးနဲ႔ရယ္ေမာေနရသည္။ ဒီလို ငယ္နဲ႔သူ႔ၾကားမွာ ေလထုကၿငိမ္သက္သိမ္ေမြ႕ေနစဥ္မွာပဲ..
"သမီးေတြက ေျပာေနတယ္၊ သမီးငယ္လို႔ မေခၚဖို႔။ သူတို႔ေတြကိုေက်ာင္းမွာ သူငယ္ခ်င္းေတြက စၾကလို႔တဲ့။ "
"ဟယ္ အဲ့တာဆို မတတ္ႏိုင္ေတာ့ဘူးေပါ့ ေယာက်ာ္းရယ္, သဘာ၀က်က်ပဲ ကိုယ့္မိန္းမကို မိန္းမလို႔ေခၚရေတာ့မွာပဲ။"
သူ႔မ်က္ႏွာကို စိုက္ၾကည့္ၿပီး ထုတ္ေျပာလိုက္ေတာ့ သူကသြားစြယ္ေလးေတြ ေပၚသည္အထိရယ္ေမာကာသြားေတာ့သည္။ ရယ္ေမာသြားတဲ့ အခါမွာလႈပ္ရွားသြားသည့္ သူ႔ပါးျပင္ေလးေတြကို အေႏွာက္အယွက္ကင္းကင္းနဲ႔ ထိေတြ႕ေနရင္းမွ မထိန္းႏိုင္၊မသိမ္းႏိုင္နဲ႔ ငယ္ကပဲဦးစြာ နမ္းရႈိက္မိသည္။
ထိုသို႔နဲ႔ သူ႔ပါးျပင္နဲ႔ ငယ့္ႏႈတ္ခမ္းထိေတြ႕သြားၿပီး သိပ္မၾကာခင္ေလးမွာပဲ....
"ေနမေကာင္းတာကို ၿငိမ္ၿငိမ္ေနရင္ ေကာင္းမယ္ေနာ္။ "
အရင္ကလို ေဒါသသံမဟုတ္ေတာ့ပဲ ခပ္႐ႊင္ေလးျဖစ္လာတဲ့ သူ႔ရဲ႕စကားလုံးေလးေတြကို အသည္းယားေနတာၾကာလွၿပီ၊ ကေလးေတြရွိရွိေနလို႔ အၿမဲေက်ာ္သြားေပးေနခဲ့တာကို ဒီတစ္ခါမွာေတာ့ ျဖစ္ခ်င္ရာျဖစ္ေတာ့ဆိုၿပီး သူ႔ပါးျပင္ဆီကခပ္ပါးပါးအနမ္းေလးကို အခ်ိန္ျမႇင့္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေလးကို တရႈိက္မတ္မတ္နဲ႔ စုပ္ယူနမ္းရႈိက္လိုက္သည္။
"နင္ ေနမေကာင္းဘူး။"
သူ႔အသံကို နားေထာင္႐ုံနဲ႔တင္ သူဘာျဖစ္ေနမွန္းသိေနတဲ့ ငယ္က လႊတ္ေျမႇာက္သြားတဲ့ သူ႔ႏႈတ္ခမ္းေတြကို ေနာက္ထပ္တစ္ႀကိမ္ စိုစြတ္ေစလိုက္သည္။ ထိုသို႔ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္နမ္းရႈိက္ျခင္း၏ အက်ိဳးဆက္အေနနဲ႔ ေနာက္တစ္ေန႔ မနက္ခင္းမွာေတာ့ ငယ့္ခႏၶာကိုယ္က ပင္ပန္းႏြယ္မႈေတြစုေဝးသြားၿပီး ေဆးပါခ်ိတ္လိုက္ရေတာ့သည္။
"ညက ေဆးေသခ်ာတိုက္ရဲ႕လား ထည္၀ါရယ္။ ငယ့္ကိုၾကည့္ရတာ မေန႔ညကထက္ပိုၿပီးေဖ်ာ့ေတာ့ေနလားလို႔။"
" တိုက္ပါတယ္ မာမီ။ သူ ေတာ္္ေတာ္္ေလး ပင္ပန္းေနလို႔ျဖစ္မယ္။"
အသံေလး ခပ္တိုးတိုးနဲ႔ေျဖရွင္းခ်က္ေပးရွာတဲ့ သူ႔ကိုေမာ့ၾကည့္ၿပီး ေဆးခ်ိတ္ထားသည့္ အေျခအေနကေတာင္ ငယ့္ႏႈတ္ခမ္းမွာ ၿပဳံးရိပ္တို႔ျဖစ္ေပၚေနရသည္။ ဒီေလာက္ထိကို သူ႔အေပၚမွာ ငယ္ခ်စ္တာျဖစ္သည္။
ေနမေကာင္းတဲ့ ရက္ေတြကို အမွန္တိုင္းေျပာရလွ်င္ ငယ္သိပ္ကိုေပ်ာ္ေနမိသည္။ မနက္ခင္းကစၿပီး မအိပ္ခင္အခ်ိန္အထိ သူ႔ကိုျမင္ေနရၿပီး အိပ္ခ်ိန္ေရာက္ေတာ့လည္း ငယ္တစ္ေယာက္တည္း သူ႔ရင္ခြင္အက်ယ္ႀကီးထဲမွာ ရွိေနရတာ ေတာ္္ေတာ္္ေလးကို သက္ေတာင့္သက္သာျဖစ္စရာပင္။ သမီးေတြနဲ႔ သူ႔ကို မေ၀မွ်ရတဲ့ ဒီအခ်ိန္ေလးေတြကို ငယ္တကယ္ပဲ သေဘာက်ေနတာျဖစ္သည္။
ထို႔ေၾကာင့္နဲ႔ ႏြားႏို႔ခြက္ကို ကိုင္ၿပီး ငယ့္ဆီသို႔လွ်ာက္လာေနသူကို..." ကေလးေတြကို အခန္းခြဲေပးရေအာင္ ထည္၀ါ။"
"အစပ္အဆက္မရွိ ဘာေတြေျပာေနတာလဲ။"
"ဒီတိုင္းေလးပဲ ငါတို႔ႏွစ္ေယာက္ အတူတူ အိပ္ရေအာင္ေလ။ အဲ့တာမေကာင္းဘူးလား....။"
"ဟြန္းးး.... မဟုတ္တာေတြ မေတြးနဲ႔ေတာ့ အျပင္ဘက္ထြက္ရေအာင္...။"
အိပ္ရာေပၚမွာ လဲေလ်ာင္းေနတဲ့ ငယ့္ကို သူကဆြဲထူေပးၿပီး အေစာကယူလာသည့္ ႏြားႏို႔ခြက္ကို ကမ္းေပးလာသည္မို႔...
" ႏြားႏို႔က အဖ်ားကို အားေပးတယ္။ ငါမေသာက္ေတာ့ဘူး။"
"ဖ်ားတာလည္း မဟုတ္ေတာ့ပဲနဲ႔ အားရွိေအာင္ ေသာက္လိုက္ပါ."
ကြက္တိဆိုသလိုမွန္ကန္ေနသည့္ သူ႔စကားေၾကာင့္ ငယ္ႏႈတ္ခမ္းေလးကိုအသာမဲ့ျပရင္း သူ႔အလိုက်ပဲ ႏြားႏို႔ခြက္ကို ေမာ့ခ်လိုက္သည္။ ဖန္ခြက္ထဲ ႏြားႏို႔ေတြကုန္သြားမွ သူ႔လက္ထဲကိုဖန္ခြက္ျပန္္ေပးလိုက္သည္။ သူကလည္း ငယ္ျပန္ေပးလာတဲ့ ဖန္ခြက္ကိုယူၿပီး...."အျပင္ထြက္မယ္" ဆိုကာ သတိလက္လႊတ္နဲ႔ ငယ့္ကို မေစာင့္ပဲ အျပင္ကိုထြက္ဖို႔လုပ္သည္။
"ေယာက်ာ္း ေယာက်ာ္း..."
ငယ့္ေခၚ သံေၾကာင့္ ငယ့္ဘက္သို႔ ျပန္လွည့္လာသည့္ သူ႔ကိုလက္ယပ္ကာေခၚလိုက္ၿပီး..
"ငါ့ကို တြဲရဦးမွာေလ။"
"ေဆာရီး ငါေမ့သြားတယ္။"
ခ်က္ခ်င္းပဲ ငယ့္အနားကို ေျပးလာၿပီးငယ့္ကိုေဖးမေပးတဲ့ သူ႔ေၾကာင့္ ေနျပန္မေကာင္းေသးပါဘူးဆိုတဲ့ လုပ္ႀကံဇာတ္လမ္းေလးက ၆ရက္ေျမာက္ထိတိုင္သက္၀င္ေနေသးတာျဖစ္သည္။
သူက ငယ့္ကိုသည္းသည္းလႈပ္ ဂ႐ုစိုက္ျပေလေလ မိသားစု၀င္ေတြ ငယ္အခုထိမသက္သာေသးဘူးလို႔ထင္ေနေလေလနဲ႔ ကေလးေတြကိုျပန္မပို႔ၾကတာ ၁၀ရက္ေက်ာ္္္ေနၿပီျဖစ္သည္။ လင္မယားႏွစ္ေယာက္တည္း ေနတာ နည္းနည္းေလာက္ၾကာသြားေတာ့ ကေလးေတြျပန္လာမွာကို ငယ္ေတာ့စိုးရိမ္ေနတာအမွန္ပင္။
အဲ့တာေၾကာင့္ ကေလးေတြကို အခန္းခြဲေပးလိုက္ရေအာင္လို႔ ေျပာတာကို သူကလက္မခံေပ။ ဒီရက္ေတြမွာ ႏွစ္ေယာက္ အတူတူရွိၾကဖို႔ လိုလားေနတာက ငယ္တစ္ေယာက္တည္းလို႔ေျပာရေအာင္ကလည္း သူသာငယ္နဲ႔ ႏွစ္ေယာက္တည္းမရွိခ်င္ဘူးဆိုရင္ အခုေလာက္ထိ ငယ္ဟန္ေဆာင္ေနတာကို ကူညီစရာမလိုေလာက္ဘူးမလား။
တကယ္ပဲ ဒီေယာက်္ားရဲ႕ စိတ္ထဲမွာ ဘာေတြးေနလဲဆိုတာ ခန႔္မွန္းရခက္သည္။