#Unicode#
ပိုင်ကျီ့ ခြေထောက်များ ချက်ချင်းဆိုသလို ပျော့ခွေသွားသည်။
“ဦးလေးရေ ကျွန်တော်အခုပဲ villainကြီးရှေ့မှာ ဒူးထောက်လိုက်မယ်လေ။အဲ့လိုဆိုရင်ရောရလား"
“ယောက်ျားတွေက လွယ်လွယ်နဲ့ ဒူးမထောက်သင့်ဘူး။တူလေး မင်းပြတင်းပေါက်ကနေ ခုန်ဆင်းသွားရင် ပိုကောင်းမယ်"
ပိုင်ကျီနှုတ်ခမ်းကို ကိုက်လိုက်ကာ မျက်နှာကို ဖုံးအုပ်လိုက်သည်။သူဒီကမ္ဘာရဲ့ အချက်အလက်အပြည့်အစုံကို ရရှိထားပြီဖြစ်သည်- မူလပိုင်ရှင်မှာ ရှဲ့စီးလျို ဟုအမည်ရပြီး သူသည်အတန်းကျော်ကာ ရန်ဖြစ်တတ်သည်။ဆေးလိပ်လဲသောက်တတ်ကာ အားနည်းသူတွေကို အနိုင်ကျင့်ပြီး ကျောင်းတွင်းဝတ္ထုတစ်ခုလုံးတွင် ဗီလိန်ရာထူးရလုနီးပါးပင်။
ဝမ်းနည်းစရာကောင်းတာက သူကျီကွေ့ချန် ကိုမနိုင်ခဲ့ပေ။
မူရင်းဝတ္ထုတွင် ကျီကွေ့ချန် အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချခံရသည်ကို အသေးစိတ် မဖော်ပြထားဘဲ
သူမကြာခဏ အနိုင်ကျင့်ခံရကြောင်းကိုသာ ဖော်ပြထားသည်။ဓားထိုးမှုဖြစ်ပွားပြီးနောက်ရိုးရှင်းစွာပင် ကျီကွေ့ချန်ကို ကျောင်းမှ ထုတ်ပယ်ခဲ့ပြီး ဝတ္ထုထဲတွင် ထိုသူအား ထပ်မံဖော်ပြခြင်း မပြုတော့ပေ။
ပိုင်ကျီ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျီကွေ့ချန် ဆီသို့ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ပတ်ဝန်းကျင်ရှိ ပိုင်ကျီ့ လက်ပါးစေတပည့်လေးများကချက်ချင်း သူ့အတွက် လမ်းဖွင့်ပေးလာကြသည်။လူတိုင်းရဲ့ မျက်လုံးတွေအောက်မှာပင် ပိုင်ကျီ လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ထို့နောက် ကြမ်းပြင်ပေါ်ရှိ ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်သည်။
လူတိုင်း: "…"
တပည့်လေး A: "ဘော့စ် ဘာလုပ်နေတာလဲ"
တပည့်လေး B- "ဖြစ်နိုင်တာက သူအသိတရားပေါက်သွားတာများလား"
တပည့်လေး C: "မင်းတို့ စောက်သုံးမကျတဲ့ကောင်တွေ။ဘောစ့်က ဘယ်လိုလုပ်အသိတရားပေါက်မှာလဲ။သူ ကျီကွေ့ချန်ကို နောက်ထပ် အရှက်ရစေမှာ သေချာတယ်!"
ပိုင်ကျီ နောက်ပြန်လှည့်လိုက်ကာ သူ့ရဲ့သည်းခံနိုင်မှုအတိုင်းတာကိုရောက်နေပြီဖြစ်သည်။
"တိတ်ကြစမ်း!"
တပည့်လေးများ : "ဝူးဝူးဝူး ဘောစ့်က အရမ်းရက်စက်ပေမယ့် အရမ်းချစ်စရာကောင်းတယ်..."
လက်ပါးစေတပည့်လေးများရဲ့ အော်သံကို မကြားရတဲ့ ပိုင်ကျီကတော့ ကျောပိုးအိတ်ပေါ်ရှိ ဖုန်များကိုခါလိုက်သည်။သူ့အကြည့်တွေက စုတ်ပြဲနေသည့် အိမ်စာစာအုပ်တွေဆီ ရောက်သွားကာ ခဏရပ်တန့်သွားသည်။သူ နေရာ၌ပင် မတ်တပ်ရပ်နေကာ သတိနှင့်မေးလိုပ်သည်
"...အတန်းဖော်ကျီ မင်းအိမ်စာတွေ ပြီးပြီလား"
ကျီကွေ့ချန် ဘာမှမပြောပဲ ခေါင်းညိတ်ပြလာသည်။
ပိုင်ကျီ ခေါင်းငုံ့လိုက်ပြီး ကိုးရို့ကားယားနိုင်စွာ စုတ်ပြဲနေသော စာရွက်တချို့ကို ဂရုတစိုက် လှန်ကြည့်လိုက်သည်။
သပ်ရပ်လှပသော စာလုံးလေးများသည် စာမျက်နှာတစ်ခုလုံးတွင် စီစီရီရီဖြင့်ပြည့်နှက်နေသည်။
ပိုင်ကျီ စာရွတ်များကို နောက်ပြန်လှန်လိုက်သည်။
"ဦးလေးရေ ကျွန်တော်တော့ဒီတစ်ခါ တကယ်သွားပြီ"
“ငါရောပဲ” systemပြောလာသည့် စကားလုံးများက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
ပိုင်ကျီ ငိုချင်ပေမယ့် မျက်ရည်ကျမလာပေ "အတန်းဖော် ကျီ ဒါကအမှန်တော့ အမှားတစ်ခုပဲ"
"ဘော့စ်ပြောတာမှန်တယ်! ငါတို့ကမင်းကို နဂိုထဲက ရိုတ်ပိုင်ခွင့်ရှိတယ်!" အနီးနားရှိ လက်ပါးစေလေးများက ထောက်ခံလာကြသည်။
ပိုင်ကျီ ဒီအမှိုက်အတန်းဖော်တွေရဲ့ စွမ်းအားကို ပထမဆုံးအကြိမ် နားလည်သဘောပေါက်သွားသည်
"... တိတ်နေကြစမ်း! ငါ့ခွင့်ပြုချက်မရှိဘဲ စကားမပြောနဲ့!"
ထို့နောက် ပိုင်ကျီ အတင်းပြုံးပြလိုက်ပြီး သူ့ကိုယ်သူ ရှင်းပြဖို့ ကြိုးစားလိုက်သည်
"ငါ တကယ်တော့- အရင်ထဲက- မင်းကို-ပြောချင်တာရှိတယ်-အဲ့တာ"
ကျီကွေ့ချန် သူ့ရဲ့အေးစက်စက်မျက်လုံးများဖြင့် မော့ကြည့်လာသည်။
ပိုင်ကျီ သူ့(ကျီကွေ့ချန်)မျက်လုံးတွေကို ခဏမျှ ကြည့်လိုက်သော်လည်း ကြောက်စိတ်တွေသာပိုပိုတိုးလာရသည်။
ဒီလိုဖြစ်လို့မရဘူး ဒီကိစ္စကို ဖြေရှင်းရမယ်။
“အားလုံး ထွက်သွားကြ။မြန်မြန်လေး!"
ပိုင်ကျီ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီးပတ်ဝန်းကျင်ရှိ ကောင်လေးတွေကို အော်ဟစ်လိုက်သည်။
"ဘော့စ် မင်းကော။"
"ငါလုပ်စရာရှိတယ်!" ပိုင်ကျီ သူတို့ဆီမှ ထူးထူးဆန်းဆန်းစကားများ ထပ်ပြောလာမည်ကို စိုးရိမ်သောကြောင့် သူ့လက်ကို ဝှေ့ယမ်းကာ “မြန်မြန်ထွက်သွား၊ ထွက်သွား!”
"ဘောစ့်က ဘာပြောလဲ ဘော့စ်ပြောသလိုပဲပေါ့! ညီအစ်ကိုတို့ သွားရအောင်!"
ထို့ကြောင့် လူတိုင်းသည် တခဏချင်း လှုပ်ရှားသွားကြသည်။
ပိုင်ကျီ: ငါက မကောင်းဆိုးဝါးဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ဘာလို့ ရုတ်တရက်ခံစားလိုက်ရပါလိမ့်။
သို့သော် လက်ရှိ ကိစ္စတွေက မပြေလည်သေးတဲ့အတွက် ပိုင်ကျီ တခြားအတွေးတွေကို ဘေးဖယ်ထားလိုက်သည်။နှလုံးသားတစ်ခုတည်းရဲ့ အချစ်တစ်ခုနဲ့ သူချင့်ချိန်ပြီး အမှန်တရားကို မည်သို့ပြုပြင်ရမည်ကို စတင်စဥ်းစားရမည်။
System အေးစက်စွာပြောလာသည်
"ဖော်ရွေတဲ့သတိပေးချက် မင်းကောင်လေးက တစ်နေ့လုံး ဘာမှမစားရသေးဘူး"
"ဘာ!" ပိုင်ကျီ ချက်ချင်း စိတ်ပူသွားသည်။ သူရုတ်တရက် ထရပ်လိုက်ပြီး ကျီကွေ့ချန်ရဲ့လက်ကို ဆွဲလိုက်ချင်ပေမယ့် တစ်ဖက်သူက ပိုင်ကျီ့ရဲ့ အထိအတွေ့ကို ချက်ချင်းရှောင်လိုက်ပြီးနောက်ဆုတ်သွားသည်။
ပိုင်ကျီ့ လက်သည် လေထဲ၌ဆန့်တန်းထားလျက်ပင်ရပ်တန့်သွားသည်။
ထို့နောက် ကျီကွေ့ချန်လှုပ်ရှားလာပြီးခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့မှ
ပိုင်ကျီကြောင်အ နေရာကနေသတိပြန်ရလာသည်။
ပိုင်ကျီ ထပ်ပြီး စိုးရိမ်လာပြန်သည်။
"ကျီကွေ့ချန် မင်းရဲ့ကျောပိုးအိတ်!"
ကျီကွေ့ချန် နောက်ပြန်လှည့်မကြည့်လာပေ။
ထိုသည်ကိုမြင်တော့ ပိုင်ကျီ ရှုပ်ပွပျက်စီးနေပြီဖြစ်သည့်စာအုပ်များကို ကျောပိုးအိတ်ထဲထည့်ကာ ကျီကွေ့ချန် အနားကိုပြေးသွားလိုက်သည်။ကျောပိုးအိတ်အကြီးကြီးကို ထမ်းကာ ခြေလှမ်းခပ်မှန်မှန်ဖြင့်အနောက်ကလိုက်သွားသည်။
နားမလည်နိုင်စွာပင် နောက်လိုက်တစ်ဦး ရရှိခဲ့သော ကျီကွေ့ချန် “….”
ထို့နောက် ချက်ချင်းပင် ရပ်တန့်သွားသည်။
ပိုင်ကျီ ဝမ်းသာအားရဖြင့် ကျောပိုးအိတ်ကို အမြန်လွှဲပေးလိုက်ပြီး "ကျီကွေ့ချန် မင်းရဲ့ ကျောပိုးအိတ်နဲ့ အိမ်စာစာအုပ်"
ကျီကွေ့ချန် သူ့ကို စိုက်ကြည့်နေသည်။
သူစကားပြောလာသောအသံသည် အနည်းငယ် ဒေါသထွက်နေပြီး "ရှဲ့စီးလျို မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"ငါ? ငါဘာမှမကြိုးစားပါဘူး" ပိုင်ကျီ တုံးအစွာပြောလာသည်။
"မင်း ပစ္စည်းတွေ ကျန်ခဲ့လို့လေ"
ကျီကွေ့ချန် အကြာကြီး ငြိမ်သက်သွားပြီး ပြောလာသည်
“ငါမလိုချင်တော့ဘူး”
ပိုင်ကျီ ဒီလိုပြန်ဖြေလာမည်ဟု မမျှော်လင့်ထားပါပေ။ပိုင်ကျီ ထိုစကားကြောင့် ကြောင်အနေမိစဥ်မှာပင် ကျီကွေ့ချန်ထပ်ပြောလာသည်
“ငါ့နောက်ကို မလိုက်ပါနဲ့တော့”
ထို့နောက် ကျီကွေ့ချန် ပိုင်ကျီ့နားမှ ခြေလှမ်းကြီးများဖြင့် ထွက်ခွာသွားပြန်သည်။
ပိုင်ကျီ သူ့နောက်ကိုထပ်မလိုက်တော့ပဲ ကျောပိုးအိတ်ကိုသာ ဆုပ်ကိုင်ထားလိုက်သည်။
ခဏနေတော့ တခြားကျောင်းသားတွေ လျှောက်လမ်းထဲ ဝင်လာကြသည်။ပိုင်ကျီ ကျီကွေ့ချန် ထွက်သွားသည့် လမ်းကြောင်းကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ကာ အိတ်ကိုသယ်ပြီး ဖြည်းဖြည်းချင်း ထွက်သွားလိုက်သည်။
“ဦးလေး ဘယ်လိုလုပ်ရမလဲ…”
System "ဦးလေးလဲမသိဘူး။ဒီဦးလေးက အသက်ကြီးနေပြီ ကျောင်းတက်ခဲ့ရတဲ့
ရက်တွေကို မေ့နေတာကြာပြီ”
“ဟူး….” ပိုင်ကျီ သက်ပြင်းချလိုက်ပြီး မူလပိုင်ရှင်၏ မှတ်ဥာဏ်တွေကို အခြေခံပြီး အိမ်ပြန်ခဲ့လိုက်တော့သည်။
ရှဲ့စီးလျို ၏မိသားစုသည် အတော်လေးအခြေနေကောင်းပြီး သူ၏မိဘများသည်လည်း သူတို့၏တစ်ဦးတည်းသောသားကို အလွန်အမင်း ချစ်ခင်အလိုလိုက်ကြသည်။ ထို့ကြောင့် ငယ်ငယ်လေးတည်းကပျက်စီးနေခဲ့တော့သည်။မူရင်းဝတ္ထုထဲတွင် ရှဲ့စီးလျိုသည်အဆုံးသတ် မကောင်းပေ။အုပ်စုဖွဲ့ရန်ပွဲ၌ ဒဏ်ရာပြင်းထန်စွာရပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
Syatemက သူ့ကိုရှာတွေ့တဲ့အချိန်မှာ ရှဲ့စီးလျိုဟာ နောင်တရနေခဲ့သည်။ထို့နောက် သူသည် ပြန်လည်မွေးဖွားချင်းကို အထူးလေ့လာပေးသည့် နေရာသို့ဝင်သွားတော့သည်။
(T:ဒီနေရာကို etranကိုယ်တိုင်လဲနားမလည်ပါဘူးတဲ့။ထင်တာတော့ တခြားနေရာမှာပြန်လည်မွေးဖွားလာမယ်ထင်တယ်။)
မူလပိုင်ရှင် သေဆုံးသွားသောအခါ
သူ့မိဘတွေရဲ့နောက်ဆုံးအချိန်ခါမှာ ဂရုစိုက်ပေးပါလို့မှာခဲ့ပြီး တခြားတောင်းဆိုလာတာမျိုးမရှိပေ။
စည်းမျဥ်းများအရ ပိုင်ကျီ သည် မူပိုင်ရှင်များ၏ ဆန္ဒကိုဖြည့်ဆည်းပေးရန် မလိုအပ်သော်လည်း သူဒီကမ္ဘာ၌ တစ်ဘဝလုံး ဖြတ်သန်းပြီး တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တာကြောင့် မူလပိုင်ရှင်၏ဆန္ဒကိုဖြည့်ဆည်းပေးရန်လက်ခံခဲ့လိုက်သည်။
______________________________________________
#Zawgyi#
ပိုင္က်ီ့ ေျခေထာက္မ်ား ခ်က္ခ်င္းဆိုသလို ေပ်ာ့ေခြသြားသည္။
ဦးေလးေရ ကြၽန္ေတာ္အခုပဲ villainႀကီးေရွ႕မွာ ဒူးေထာက္လိုက္မယ္ေလ။အဲ့လိုဆိုရင္ေရာရလား"
ေယာက္်ားေတြက လြယ္လြယ္နဲ႕ ဒူးမေထာက္သင့္ဘူး။တူေလး မင္းျပတင္းေပါက္ကေန ခုန္ဆင္းသြားရင္ ပိုေကာင္းမယ္"
ပိုင္က်ီႏႈတ္ခမ္းကို ကိုက္လိုက္ကာ မ်က္ႏွာကို ဖုံးအုပ္လိုက္သည္။သူဒီကမၻာရဲ႕ အခ်က္အလက္အျပည့္အစုံကို ရရွိထားၿပီျဖစ္သည္- မူလပိုင္ရွင္မွာ ရွဲ႕စီးလ်ိဳ ဟုအမည္ရၿပီး သူသည္အတန္းေက်ာ္ကာ ရန္ျဖစ္တတ္သည္။ေဆးလိပ္လဲေသာက္တတ္ကာ အားနည္းသူေတြကို အနိုင္က်င့္ၿပီး ေက်ာင္းတြင္းဝတၳဳတစ္ခုလုံးတြင္ ဗီလိန္ရာထူးရလုနီးပါးပင္။
ဝမ္းနည္းစရာေကာင္းတာက သူက်ီေကြ႕ခ်န္ ကိုမနိုင္ခဲ့ေပ။
မူရင္းဝတၳဳတြင္ က်ီေကြ႕ခ်န္ အဘယ္ေၾကာင့္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ခံရသည္ကို အေသးစိတ္ မေဖာ္ျပထားဘဲ
သူမၾကာခဏ အနိုင္က်င့္ခံရေၾကာင္းကိုသာ ေဖာ္ျပထားသည္။ဓားထိုးမႈျဖစ္ပြားၿပီးေနာက္ရိုးရွင္းစြာပင္ က်ီေကြ႕ခ်န္ကို ေက်ာင္းမွ ထုတ္ပယ္ခဲ့ၿပီး ဝတၳဳထဲတြင္ ထိုသူအား ထပ္မံေဖာ္ျပျခင္း မျပဳေတာ့ေပ။
ပိုင္က်ီ အသက္ျပင္းျပင္းရႉလိုက္ၿပီး က်ီေကြ႕ခ်န္ ဆီသို႔ျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္သည္။
ပတ္ဝန္းက်င္ရွိ ပိုင္က်ီ့ လက္ပါးေစတပည့္ေလးမ်ားကခ်က္ခ်င္း သူ႕အတြက္ လမ္းဖြင့္ေပးလာၾကသည္။လူတိုင္းရဲ႕ မ်က္လုံးေတြေအာက္မွာပင္ ပိုင္က်ီ လက္တစ္ဖက္ကို ျဖည္းညွင္းစြာ ဆန႔္ထုတ္လိုက္သည္။
ထို႔ေနာက္ ၾကမ္းျပင္ေပၚရွိ ေက်ာပိုးအိတ္ကို ေကာက္ကိုင္လိုက္သည္။
လူတိုင္း: ""
တပည့္ေလး A: "ေဘာ့စ္ ဘာလုပ္ေနတာလဲ"
တပည့္ေလး B- "ျဖစ္နိုင္တာက သူအသိတရားေပါက္သြားတာမ်ားလား"
တပည့္ေလး C: "မင္းတို႔ ေစာက္သုံးမက်တဲ့ေကာင္ေတြ။ေဘာစ့္က ဘယ္လိုလုပ္အသိတရားေပါက္မွာလဲ။သူ က်ီေကြ႕ခ်န္ကို ေနာက္ထပ္ အရွက္ရေစမွာ ေသခ်ာတယ္!"
ပိုင္က်ီ ေနာက္ျပန္လွည့္လိုက္ကာ သူ႕ရဲ႕သည္းခံနိုင္မႈအတိုင္းတာကိုေရာက္ေနၿပီျဖစ္သည္။
"တိတ္ၾကစမ္း!"
တပည့္ေလးမ်ား : "ဝူးဝူးဝူး ေဘာစ့္က အရမ္းရက္စက္ေပမယ့္ အရမ္းခ်စ္စရာေကာင္းတယ္..."
လက္ပါးေစတပည့္ေလးမ်ားရဲ႕ ေအာ္သံကို မၾကားရတဲ့ ပိုင္က်ီကေတာ့ ေက်ာပိုးအိတ္ေပၚရွိ ဖုန္မ်ားကိုခါလိုက္သည္။သူ႕အၾကည့္ေတြက စုတ္ၿပဲေနသည့္ အိမ္စာစာအုပ္ေတြဆီ ေရာက္သြားကာ ခဏရပ္တန့္သြားသည္။သူ ေနရာ၌ပင္ မတ္တပ္ရပ္ေနကာသတိႏွင့္ေမးလိုပ္သည္
"...အတန္းေဖာ္က်ီ မင္းအိမ္စာေတြ ၿပီးၿပီလား"
က်ီေကြ႕ခ်န္ ဘာမွမေျပာပဲ ေခါင္းညိတ္ျပလာသည္။
ပိုင္က်ီ ေခါင္းငုံ႕လိုက္ၿပီး ကိုးရို႔ကားယားနိုင္စြာ စုတ္ၿပဲေနေသာ စာ႐ြက္တခ်ိဳ႕ကို ဂ႐ုတစိုက္ လွန္ၾကည့္လိုက္သည္။
သပ္ရပ္လွပေသာ စာလုံးေလးမ်ားသည္ စာမ်က္ႏွာတစ္ခုလုံးတြင္ စီစီရီရီျဖင့္ျပည့္ႏွက္ေနသည္။
ပိုင္က်ီ စာ႐ြတ္မ်ားကို ေနာက္ျပန္လွန္လိုက္သည္။
"ဦးေလးေရ ကြၽန္ေတာ္ေတာ့ဒီတစ္ခါ တကယ္သြားၿပီ"
ငါေရာပဲ systemေျပာလာသည့္ စကားလုံးမ်ားက သူ႕ေခါင္းထဲတြင္ ထြက္ေပၚလာသည္။
ပိုင္က်ီ ငိုခ်င္ေပမယ့္ မ်က္ရည္က်မလာေပ "အတန္းေဖာ္ က်ီ ဒါကအမွန္ေတာ့ အမွားတစ္ခုပဲ"
"ေဘာ့စ္ေျပာတာမွန္တယ္!ငါတို႔ကမင္းကို နဂိုထဲက ရိုတ္ပိုင္ခြင့္ရွိတယ္!" အနီးနားရွိ လက္ပါးေစေလးမ်ားက ေထာက္ခံလာၾကသည္။
ပိုင္က်ီ ဒီအမွိုက္အတန္းေဖာ္ေတြရဲ႕ စြမ္းအားကို ပထမဆုံးအႀကိမ္ နားလည္သေဘာေပါက္သြားသည္
"... တိတ္ေနၾကစမ္း! ငါ့ခြင့္ျပဳခ်က္မရွိဘဲ စကားမေျပာနဲ႕!"
ထို႔ေနာက္ ပိုင္က်ီ အတင္းၿပဳံးျပလိုက္ၿပီး သူ႕ကိုယ္သူ ရွင္းျပဖို႔ ႀကိဳးစားလိုက္သည္
"ငါ တကယ္ေတာ့- အရင္ထဲက- မင္းကို-ေျပာခ်င္တာရွိတယ္-အဲ့တာ"
က်ီေကြ႕ခ်န္ သူ႕ရဲ႕ေအးစက္စက္မ်က္လုံးမ်ားျဖင့္ ေမာ့ၾကည့္လာသည္။
ပိုင္က်ီ သူ႕(က်ီေကြ႕ခ်န္)မ်က္လုံးေတြကို ခဏမွ် ၾကည့္လိုက္ေသာ္လည္း ေၾကာက္စိတ္ေတြသာပိုပိုတိုးလာရသည္။
ဒီလိုျဖစ္လို႔မရဘူး ဒီကိစၥကို ေျဖရွင္းရမယ္။
အားလုံး ထြက္သြားၾက။ျမန္ျမန္ေလး!"
ပိုင္က်ီ သူ႕ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီးပတ္ဝန္းက်င္ရွိ ေကာင္ေလးေတြကို ေအာ္ဟစ္လိုက္သည္။
"ေဘာ့စ္ မင္းေကာ။"
"ငါလုပ္စရာရွိတယ္!"ပိုင္က်ီ သူတို႔ဆီမွ ထူးထူးဆန္းဆန္းစကားမ်ား ထပ္ေျပာလာမည္ကို စိုးရိမ္ေသာေၾကာင့္ သူ႕လက္ကို ေဝွ႕ယမ္းကာ ျမန္ျမန္ထြက္သြား၊ ထြက္သြား!
"ေဘာစ့္က ဘာေျပာလဲ ေဘာ့စ္ေျပာသလိုပဲေပါ့! ညီအစ္ကိုတို႔ သြားရေအာင္!"
ထို႔ေၾကာင့္ လူတိုင္းသည္ တခဏခ်င္း လႈပ္ရွားသြားၾကသည္။
ပိုင္က်ီ: ငါက မေကာင္းဆိုးဝါးဂိုဏ္းရဲ႕ ေခါင္းေဆာင္လို႔ ဘာလို႔ ႐ုတ္တရက္ခံစားလိုက္ရပါလိမ့္။
သို႔ေသာ္ လက္ရွိ ကိစၥေတြက မေျပလည္ေသးတဲ့အတြက္ ပိုင္က်ီ တျခားအေတြးေတြကို ေဘးဖယ္ထားလိုက္သည္။ႏွလုံးသားတစ္ခုတည္းရဲ႕ အခ်စ္တစ္ခုနဲ႕ သူခ်င့္ခ်ိန္ၿပီး အမွန္တရားကို မည္သို႔ျပဳျပင္ရမည္ကို စတင္စဥ္းစားရမည္။
System ေအးစက္စြာေျပာလာသည္
"ေဖာ္ေ႐ြတဲ့သတိေပးခ်က္ မင္းေကာင္ေလးက တစ္ေန႕လုံး ဘာမွမစားရေသးဘူး"
"ဘာ!" ပိုင္က်ီ ခ်က္ခ်င္း စိတ္ပူသြားသည္။ သူ႐ုတ္တရက္ ထရပ္လိုက္ၿပီး က်ီေကြ႕ခ်န္ရဲ႕လက္ကို ဆြဲလိုက္ခ်င္ေပမယ့္ တစ္ဖက္သူက ပိုင္က်ီ့ရဲ႕ အထိအေတြ႕ကို ခ်က္ခ်င္းေရွာင္လိုက္ၿပီးေနာက္ဆုတ္သြားသည္။
ပိုင္က်ီ့ လက္သည္ ေလထဲ၌ဆန့္တန္းထားလ်က္ပင္ရပ္တန့္သြားသည္။
ထို႔ေနာက္ က်ီေကြ႕ခ်န္လႈပ္ရွားလာၿပီးေျခလွမ္းက်ဲက်ဲျဖင့္ ထြက္သြားေတာ့မွ
ပိုင္က်ီေၾကာင္အ ေနရာကေနသတိျပန္ရလာသည္။
ပိုင္က်ီ ထပ္ၿပီး စိုးရိမ္လာျပန္သည္။
"က်ီေကြ႕ခ်န္ မင္းရဲ႕ေက်ာပိုးအိတ္!"
က်ီေကြ႕ခ်န္ ေနာက္ျပန္လွည့္မၾကည့္လာေပ။
ထိုသည္ကိုျမင္ေတာ့ ပိုင္က်ီ ရႈပ္ပြပ်က္စီးေနၿပီျဖစ္သည့္စာအုပ္မ်ားကို ေက်ာပိုးအိတ္ထဲထည့္ကာ က်ီေကြ႕ခ်န္ အနားကိုေျပးသြားလိုက္သည္။ေက်ာပိုးအိတ္အႀကီးႀကီးကို ထမ္းကာ ေျခလွမ္းခပ္မွန္မွန္ျဖင့္အေနာက္ကလိုက္သြားသည္။
နားမလည္နိုင္စြာပင္ ေနာက္လိုက္တစ္ဦး ရရွိခဲ့ေသာ က်ီေကြ႕ခ်န္ .
ထို႔ေနာက္ ခ်က္ခ်င္းပင္ ရပ္တန႔္သြားသည္။
ပိုင္က်ီ ဝမ္းသာအားရျဖင့္ ေက်ာပိုးအိတ္ကို အျမန္လႊဲေပးလိုက္ၿပီး "က်ီေကြ႕ခ်န္ မင္းရဲ႕ ေက်ာပိုးအိတ္နဲ႕ အိမ္စာစာအုပ္"
က်ီေကြ႕ခ်န္ သူ႕ကို စိုက္ၾကည့္ေနသည္။
သူစကားေျပာလာေသာအသံသည္ အနည္းငယ္ ေဒါသထြက္ေနၿပီး "ရွဲ႕စီးလ်ိဳ မင္း ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ"
"ငါ? ငါဘာမွမႀကိဳးစားပါဘူး" ပိုင္က်ီ တုံးအစြာေျပာလာသည္။
"မင္း ပစၥည္းေတြ က်န္ခဲ့လို႔ေလ"
က်ီေကြ႕ခ်န္ အၾကာႀကီး ၿငိမ္သက္သြားၿပီး ေျပာလာသည္
ငါမလိုခ်င္ေတာ့ဘူး
ပိုင္က်ီ ဒီလိုျပန္ေျဖလာမည္ဟု မေမွ်ာ္လင့္ထားပါေပ။ပိုင္က်ီ ထိုစကားေၾကာင့္ ေၾကာင္အေနမိစဥ္မွာပင္ က်ီေကြ႕ခ်န္ထပ္ေျပာလာသည္
ငါ့ေနာက္ကို မလိုက္ပါနဲ႕ေတာ့
ထို႔ေနာက္ က်ီေကြ႕ခ်န္ ပိုင္က်ီ့နားမွ ေျခလွမ္းႀကီးမ်ားျဖင့္ ထြက္ခြာသြားျပန္သည္။
ပိုင္က်ီ သူ႕ေနာက္ကိုထပ္မလိုက္ေတာ့ပဲ ေက်ာပိုးအိတ္ကိုသာ ဆုပ္ကိုင္ထားလိုက္သည္။
ခဏေနေတာ့ တျခားေက်ာင္းသားေတြ ေလွ်ာက္လမ္းထဲ ဝင္လာၾကသည္။ပိုင္က်ီ က်ီေကြ႕ခ်န္ ထြက္သြားသည့္ လမ္းေၾကာင္းကို ေနာက္ဆုံးတစ္ခ်က္ၾကည့္လိုက္ကာ အိတ္ကိုသယ္ၿပီး ျဖည္းျဖည္းခ်င္း ထြက္သြားလိုက္သည္။
ဦးေလး ဘယ္လိုလုပ္ရမလဲ
System "ဦးေလးလဲမသိဘူး။ဒီဦးေလးက အသက္ႀကီးေနၿပီ ေက်ာင္းတက္ခဲ့ရတဲ့
ရက္ေတြကို ေမ့ေနတာၾကာၿပီ
ဟူး.ပိုင္က်ီ သက္ျပင္းခ်လိဳက္ၿပီး မူလပိုင္ရွင္၏ မွတ္ဥာဏ္ေတြကို အေျခခံၿပီး အိမ္ျပန္ခဲ့လိုက္ေတာ့သည္။
ရွဲ႕စီးလ်ိဳ ၏မိသားစုသည္ အေတာ္ေလးအေျခေနေကာင္းၿပီး သူ၏မိဘမ်ားသည္လည္း သူတို႔၏တစ္ဦးတည္းေသာသားကို အလြန္အမင္း ခ်စ္ခင္အလိုလိုက္ၾကသည္။ ထို႔ေၾကာင့္ ငယ္ငယ္ေလးတည္းကပ်က္စီးေနခဲ့ေတာ့သည္။မူရင္းဝတၳဳထဲတြင္ ရွဲ႕စီးလ်ိဳသည္အဆုံးသတ္ မေကာင္းေပ။အုပ္စုဖြဲ႕ရန္ပြဲ၌ ဒဏ္ရာျပင္းထန္စြာရၿပီး ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့သည္။
Syatemက သူ႕ကိုရွာေတြ႕တဲ့အခ်ိန္မွာ ရွဲ႕စီးလ်ိဳဟာ ေနာင္တရေနခဲ့သည္။ထို႔ေနာက္ သူသည္ ျပန္လည္ေမြးဖြားခ်င္းကို အထူးေလ့လာေပးသည့္ ေနရာသို႔ဝင္သြားေတာ့သည္။
(T:ဒီေနရာကိုetranကိုယ္တိုင္လဲနားမလည္ပါဘူးတဲ့။ထင္တာေတာ့ တျခားေနရာမွာျပန္လည္ေမြးဖြားလာမယ္ထင္တယ္။)
မူလပိုင္ရွင္ ေသဆုံးသြားေသာအခါ
သူ႕မိဘေတြရဲ႕ေနာက္ဆုံးအခ်ိန္ခါမွာ ဂ႐ုစိုက္ေပးပါလို႔မွာခဲ့ၿပီး တျခားေတာင္းဆိုလာတာမ်ိဳးမရွိေပ။
စည္းမ်ဥ္းမ်ားအရ ပိုင္က်ီ သည္ မူပိုင္ရွင္မ်ား၏ ဆႏၵကိုျဖည့္ဆည္းေပးရန္ မလိုအပ္ေသာ္လည္း သူဒီကမၻာ၌ တစ္ဘဝလုံး ျဖတ္သန္းၿပီး တာဝန္ကို ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္နိုင္တာေၾကာင့္ မူလပိုင္ရွင္၏ဆႏၵကိုျဖည့္ဆည္းေပးရန္လက္ခံခဲ့လိုက္သည္။
______________________________________________