[Unicode]
ဆေးနံ့များမွှန်ထူနေသော နေရာတိုင်းကို တိမ်ယံဆင့် အလွန်မုန်းတီးလေ့ရှိသော်လည်း ယခုမှာ ပြဒါးရံရှိနေသည့်နေရာတစ်ခုမို့ သူ့မှာမညည်းညူရဲပါချေ။ ဆရာဝန်စောင့်ခိုင်းထားသည့် စောင့်ကြည့်ကာလမှာလည်း မကြာခင်ပြည့်တော့မည်ဖြစ်ကာ ပြဒါးရံမှာ အခုထိနိုးမလာခဲ့သေးပါချေ။ ဆေးရုံကုတင်ပေါ်တွင် ရှိမြဲအတိုင်းအနေအထားဖြင့် အသက်မဲ့စွာ လဲလျောင်းနေဆဲပင်ဖြစ်သည်။ထိုအကြောင်းအရာက ညစဥ်တိုင်းတွင် အိပ်မရအောင် စွမ်းဆောင်နိုင်ပြီး လူကို အနှောက်အယှက်ပေးသည့်နေရာ၌လည်း အလွန်ကျွမ်းကျင်လေသည်။ ဆင့်အတွက်တော့ ကုတင်ဘေးတွင်ထိုင်နေသော ယွန်းဟေမီကို ကြည့်လိုက်ရင်း ဒီနေ့ရက်တွေမှာ သူမအရမ်းပင်ပန်းနေခဲ့သည်ကို ညိုမဲနေသော မျက်ကွင်းများနှင့် ပိန်ပါးသွားသော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် သိသာလှလေသည်။
" ဆင့် ရောက်လာပြီလား "
" အခြေအနေဘယ်လိုရှိလဲ "
" ဘာမှထူးမလာဘူး "
" မမဟေမီ အိမ်ပြန်ပြီး အနားယူလိုက်ပါ ကျွန်တော်ဆက်ကြည့်ထားလိုက်မယ် "
ယွန်းဟေမီက ဆင့်စကားကို နာခံမှုအပြည့်ဖြင့် လိုက်နာကာ ဘာမှအထွန့်တက်မနေတော့ဘဲ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြီး အခန်းထဲမှထွက်သွားလေသည်။ ယွန်းဟေမီထိုင်ခဲ့သော ထိုင်ခုံပေါ််ဝင်ထိုင်လိုက်ရင်း တိမ်ယံဆင့်၏ အတွေးများမှာ သမုဒ္ဒရာအောက်ခြေက ကျောက်ခဲလေးတစ်ခုလို အနက်ရှိုင်းဆုံးနေရာထိ ရောက်ရှိနေခဲ့သည်။
" ရံ.... ဒီနေ့ကော ဘယ်လိုနေလဲ.... နေရတာ အဆင်ပြေရဲ့လား။ ကျွန်တော် ဒီနေ့ ရံနဲ့ သွားနေကြဆိုင်ကနေ မုန့်တွေဝယ်လာခဲ့တယ်။ ပြောမရဘူး ရံအခုနေများ နိုးလာရင် ဗိုက်ဆာနေနိုင်တာပဲလေ။ ဒါနဲ့ အဲ့ဆိုင်ကလေ အရင်အတိုင်းပဲ နည်းနည်းလေးမှ မပြောင်းလဲဘူးသိလား "
ဆင့်က အတောက်ပဆုံးပြုံးလိုက်ကာ အညင်သာဆုံးနည်းဖြင့် ပြဒါးရံ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လက်ကောက်ဝတ်တွင် ရှိနေသော ဆေးသွင်းပိုက်များမှာ နှလုံးသွေးပျက်စရာ ကောင်းလွန်းသောကြောင့် သူဟာ မမြင်ချင်ယောင်ဆောင်နေလိုက်ပါသည်။ ပြဒါးရံ၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ထွေးကိုင်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့မိသည်။ အမှန်မှာကား ဆင့်မှာ ဘာဆက်ပြောရမလဲ မသိဖြစ်နေခဲ့သောကြောင့်ပါပင်။ သူ့စိတ်ထဲတွင် ခံစားချက်အစုံဖြစ်ပေါ်နေပြီး စကားပေါင်းများစွာ စာစီထားသော်လည်း နှုတ်ခမ်းများကတော့ တင်းတင်းစေ့ထားကာ ဘာစကားမှထွက်မလာခဲ့ပေ။
ထို့နောက်သူဟာ ပြဒါးရံလက်အား ဆုပ်ကိုင်ထားရင်း လေပေါ်အနည်းငယ် မြှောက်လိုက်ကာ ခေါင်းကိုငုံ့၍ ခပ်ဖွဖွနမ်းလိုက်ပါ၏။ ထိုအချိန်တွင် မျက်ဝန်းများကိုမှေးစင်းထားပြီး မျက်တောင်များက မျက်ခမ်းစပ်ကိုထိလုနီးပါးဖြစ်နေကာ အလွန်မှဂန္တာဝင်ဆန်လှသော မြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေသည်။ သို့သော် ၎င်းမှာကြာရှည်မခံလိုက်ပါချေ။ နှလုံးခုန်နှုန်းပြသသော monitor ပေါ်တွင် အနီရောင် အလျားလိုက်မျဉ်းတစ်ကြောင်းပေါ်လာကာ တတီတီမြည်နေသော အသံများလည်း တရဆက်ထွက်ပေါ်လာလေသည်။
တိမ်ယံဆင့်မှာ ထိုအသံကြောင့် မျက်လုံးအိမ်များပင် ပြူးကျယ်လာရပြီး နွေးထွေးနေသောလက်မှာ တမှုတ်ခြင်းပင် အေးစက်သောရေခဲအသွင်သို့ ချက်ချင်းကူးပြောင်းသွားခဲ့လေတော့သည်။
" ပြဒါးရံ ဘာလို့နှလုံးမခုန်တော့တာလဲ "
ကုတင်အောက်က အချက်ပေးခလုတ်ဖြင့် ဆရာဝန်ကိုခေါ်လိုက်ပြီး ရှေးဦးသူနာပြုနည်းအတိုင်း ပြဒါးရံ၏ ရင်ဘတ်ပေါ် ဖိကာ နှလုံးပြန်ခုန်လာအောင် ကြိုးစားကြည့်လေသည်။ ဘာမှထူးခြားမလာသော်လည်း မိမိ၏လုပ်ပုံလုပ်နည်းများ မှန်ကန်နေသည်ကိုတော့ တိမ်ယံဆင့် မှတ်မိပါသည်။ ဇာတ်ကားတစ်ကားတွင် ဆရာဝန်နေရာက သရုပ်ဆောင်ရန်အတွက် ဆင့်ဟာ ရှေးဦးသူနာပြုသင်တန်းနှင့် ဆေးဘက်ဆိုင်ရာသင်တန်းကို သုံးလလောက်သွားတတ်ဖူးလေသည်။ သင်တန်းတက်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ဆင့်က အနည်းအကျဉ်းတော့ မှတ်မိနေပါသေးသည်။ ဒါဆို သူလုပ်တာတွေကလည်း မှန်ကန်နေပါရဲ့သားနဲ့ ပြဒါးရံဘာကြောင့် နှလုံးပြန်ခုန်မလာရတာလဲပင်။ ဆင်မှာ တွေးရင်းတွေးရင်း ရူးချင်စိတ်ပင်ပေါက်လာရပြီး အလွန်အမင်း ဆတ်ဆတ်ထိမခံဖြစ်လာရကာ မျက်ဝန်းထောင့်များပါ နီစွေးလာရတော့သည်။
သိပ်မကြာခင်မှာပင် ဆရာဝန်များ အပြေးအလွှားရောက်လာတာကြောင့် ဆင့်က သူလုပ်နေသည့်အလုပ်များကို ရပ်တန့်လိုက်လေသည်။ သူနာပြုတစ်ယောက်က အပြင်လူဝင်ခွင့်မရှိဘူးဟုဆိုကာ ဆင့်ကို အခန်းအပြင်တွန်းထုတ်လိုက်ပြီး တံခါးကိုစေ့ပိတ်လိုက်သည့်အခါ ထွက်ပေါ်လာသော တံခါးပိတ်သံမှာ ဆင့်ရဲ့ နှလုံးသားကို မိုးကြိုးပစ်ချလိုက်သည့်အသံနှင့်ပင် ဆင်တူနေခဲ့လေသည်။
ဦးတည်ချက် ရေရေရာရာမရှိသော မျက်ဝန်းအကြည့်များကို လက်ဆီကူးပြောင်းမိချိန်တွင် ပြဒါးရံအား ထိကိုင်ခဲ့စဉ်က နွေးထွေးမှုများ ပျောက်ဆုံးနေပြီး အလွန်အမင်းတုန်ယင်နေကြောင်း သတိထားမိသွားခဲ့သည်။ ထိုလက်နှစ်ချောင်းကို ပူးကိုင်လိုက်ပြီး ခြောက်ခြားမှုအပြည့်ဖြည့်ထားသော စိတ်အခြေအနေဖြင့် ဂါထာတစ်ခုကို အဆက်မပြတ် ခရားရေလွှတ် ရေရွတ်နေခဲ့မိသည်မှာ အရူးတစ်ယောက်လိုပါပင်။
" သူအဆင်ပြေမှာပါ.... သူဘာမှမဖြစ်ဘူး ။အရမ်းစိုးရိမ်မနေနဲ့ တိမ်ယံဆင့် သူအဆင်ပြေတယ်.... သူအဆင်ပြေတယ် "
တစ်ခဏအကြာတွင် ဆင့်က သည်းမခံနိုင်စွာ ဆဲရေးလိုက်ပါတော့သည်။
" ချီးကို အဆင်ပြေရမှာလား.... သူနှလုံးရပ်သွားတာ ငါကိုယ်တိုင်မြင်လိုက်ရတာ သူနှလုံးက လုံးဝပြန်ခုန်မလာခဲ့ဘူး "
တိမ်ယံဆင့်၏ ပုံစံမှာ ရူးသွားဖို့အနည်းငယ်သာ လိုအပ်နေပါတော့သည်။ နောက်ထပ်နည်းနည်းသာ အခန်းထဲမှထွက်လာသော ဆရာဝန်များထံမှာ စိတ်မ
ချမ်းမြေ့စရာ သတင်းကြားရခဲ့လျှင် ဆင့်ဟာ ထိုနေရာ၌ပင် သေသွားနိုင်သည်ဖြစ်သည်။ ကြုံတွေ့နေရသော တစ်စက္ကန့်တိုင်းပင်လျှင် ဆင့်အတွက် နှစ်ပေါင်းများစွာ ကြာရှည်နေသည်ဟု ခံစားရကာ အသက်ရှုနှုန်းများပင် မှားယွင်းလာပြီး ကမောက်ကမဖြင့် ဝုန်းတိုင်းကြဲနေခဲ့လေတော့သည်။ ဖြစ်နိုင်လျှင် ထိုကုတင်ပေါ်၌ လဲလျောင်းနေသောသူမှာ သူကိုယ်တိုင်ပင်ဖြစ်လိုက်ချင်ပါသည်။ ဆရာဝန်တွေအကူအညီနဲ့ အသက်လုနေရသူမှာ ဆင့်ကိုယ်တိုင်ဖြစ်နေခဲ့လျှင် ပြဒါးရံမှာ နှလုံးသည်းမွှာတစ်ခုလုံး ဖျက်ဆီးခံရသည့်နှယ် အဆပေါင်းမြောက်များစွာ နာကျင်ခံစားနေရမည်နှင့် လေပြေရှင်း၏ စိတ္တဇဆန်စွာ လူသတ်ချင်မည့်ပုံရိပ်တို့ကိုတော့ ထိုကောင်လေးဟာ တွေးမကြည့်မိခဲ့ပေ။
တိမ်ယံဆင့်၏ အတွေးစထဲတွင် ပြဒါးရံတစ်ဦးထဲသာနေရာယူနေခဲ့သည့်အတွက် ယွန်းဟေမီကို ပြဒါးရံအကြောင်း ဖုန်းဆက်လှမ်းသတိပေးသင့်သည်ကို လုံးလုံးလျားလျားပင် မေ့လျော့နေခဲ့မိသည်။ ဆောက်တည်ရာမရဖြစ်နေသော အခြေအနေသည် ဆရာဝန်များ ထွက်လာသည့်အခါ၌ ပိုလိုစိုးဝါးလာဟန် ပေါ်သွားခဲ့လေဟန်ဖြင့် ဟန်မဆောင်နိုင်ဘဲ အတင်းကာရော မေးမြန်းမိသည်မှာ _
" သူအဆင်ပြေရဲ့လား.... ဘယ်လိုနေသေးလဲ "
တိမ်ယံဆင့်၏ ပုံစံမှာ ဆောက်တည်ရာမရဖြစ်နေခဲ့ပြီး အသံလှိုင်းမှာလည်း အလွန်အမင်း အလောတကြီးနိုင်နေခဲ့လေ၏။
" စိတ်အေးအေးထားပါ "
" ကျွန်တော့်ကို စိတ်အေးအေးထားခိုင်းနေတာလား။ဘယ်လိုခွန်အားမျိုးနဲ့ ကျွန်တော်စိတ်အေးအေးထားနိုင်မှာလဲ။ သူကျွန်တော့်ရှေ့တင် နှလုံးရပ်သွားတာကို.... သေဖို့အလားအလာ ပိုများနေတဲ့အချိန်မှာ ကျွန်တော်က စိတ်အေးအေးထားနိုင်ဦးမှာလဲ "
နီစွေးစွေးမျက်ဝန်းများနှင့်အတူ ဆင့်ဟာ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ ဆရာဝန်တွေဆီ ပြန်ဟစ်မိလေတော့သည်။ ဘာကိုမှမတွေးတောနိုင်ဘဲ ပြဒါးရံတစ်ယောက်ထဲ အသိစိတ်ကို စိုးမိုးနေသည်မှာ လွန်စွာမှခံစားရခက်ပြီး အတိုင်းအဆမဲ့နာကျင်စေပါသည်။ ဖြစ်နိုင်ခြေများသည်မှာ ပြဒါးရံသာ သေဆုံးသွားလျှင် သူသည်လည်း အသက်ရှင်ချင်စိတ် ရှိတော့မည်မဟုတ်ပေ။ တခဏအကြာတွင် စိတ်ကိုအတတ်နိုင်ဆုံးထိန်းလိုက်ပြီး အတိုင်းအဆမဲ့မြန်နေသော အသက်ရှုနှုန်းကို ပြန်ထိန်းလိုက်ကာ ပုံမှန်လေသံပြန်ဖြစ်သွားလေသည်။
" တောင်းပန်ပါတယ်.... ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘူးဖြစ်သွားတယ် "
5မိနစ်လောက် တိတ်ဆိတ်နေခဲ့ပြီးမှ ဆင့်က မေးမြန်းလာခဲ့လေသည်။
" သူ........ အဆင်ပြေတယ်မို့လား "
ဆင့်က ဆရာဝန်တွေကို ရွေးချယ်ခွင့်တောင် မပေးချင်ခဲ့ပါပေ။ သူဟာ အဖြူရောင်ကုတ်တွေဝတ်ထားတဲ့ လူတွေဆီမှ " လူနာကို ကယ်တင်နိုင်လိုက်ပါပြီ " ဆိုသော စကားကို ကြားချင်လွန်းလှသည်။ ထိုစကားလေးတစ်ခွန်းထဲကပင် ဆင့်ဘဝရဲ့ သေခြင်းရှင်ခြင်းများကို ဆုံးဖြတ်ပေးသွားမည် ဖြစ်လေသည်။
" စိတ်ပူစရာမလိုတော့ပါဘူး.... အချိန်မီကယ်လိုက်နိုင်ပါတယ် "
" ဗျာ ! "
" အခုစိတ်ချလို့ရပါပြီ "
ဆရာဝန်တွေက ဆင့်ကိုထပ်မံကာ အဖြေပေးလာခဲ့လေသည်။ ပျော်ရွှင်မှုက အတိုင်းအဆမဲ့လွန်းလို့ ဆင့်မှာ ခြေထောက်များ၌ပင် အားအင်တို့လျော့နည်းလာသလို ခံစားလာရသည်။အသိစိတ်ပြန်ဝင်လာချိန်တွင် တိမ်ယံဆင့်အရှေ့၌ စေ့စေ့ပိတ်ထားသည့် တံခါးတစ်ချပ်သာ ရှိနေခဲ့လေသည်။ အနည်းငယ်မျှသာ လျှောက်လှမ်းပြီး ဝင်သွားလိုက်လျှင် ပြဒါးရံနဲ့ တစ်ခန်းထဲနေနေရမည်ဖြစ်ပြီး လေထုတစ်ခုထဲကိုရှုသွင်းကာ.... မဟုတ်ဘူး ပြဒါးရံနဲ့ သူဟာ လေထုတစ်ခုထဲကို မရှုသွင်းနိုင်ပေ။ ထိုလူသား၏ နှာခေါင်းနဲ့ ပါးစပ်များကို ဖုံးအုပ်ထားသည့် အောက်စီဂျင် Mask ကိုမြင်လိုက်ချိန်တိုင်းတွင် တိမ်ယံဆင့်၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသမျှသွေးများအားလုံး ရပ်တန့်သွားသည်ဟု ခံစားနေရသည်။
အခန်းထဲသို့စတင်ဝင်လိုက်ချိန်တွင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနဲ့ဆန့်ကျင်စွာ အလွန်တိတ်ဆိတ်လွန်းလှ၏။ သူနာပြုတစ်ယောက် ရှိနေခဲ့ပြီး ဆင့် ဝင်လာသည့်အခါတွင် ထွက်သွားလေသည်။ ကြည့်ရတာ သူစစ်ဆေးစရာရှိသည်များကို စစ်ဆေးပြီး၍ထင်သည်။ ထို့နောက် ကုတင်ပေါ်တွင်လှဲနေသော ပြဒါးရံကို ထပ်တွေ့ရလေသည်။ ငြိမ်သက်လွန်းသော ထိုသူ့ကိုကြည့်ရင်း ဆင့်၏ စိတ်တစ်နေရာတွင် စိတ်သက်သာရာရခြင်းနှင့် ဒေါသထွက်မှုများ တစ်ပြိုင်နက်ဖြစ်ပေါ်လာသည်။
လွန်ခဲ့တဲ့နာရီဝက်က ထိုင်ခဲ့သောထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး နှလုံးခုန်နှုန်းပြသည့် monitor ကိုကြည့်လိုက်ချိန်တွင် အနီရောင်အကြောင်းလေးက တက်လိုက်ဆင်းလိုက်နှင့်ပင်။ အကြည့်လွှဲလိုက်ပြီး ပြဒါးရံ၏လက်ကို ဒုတိယအကြိမ်ဆုပ်ကိုင်လိုက်သည့်တိုင် ဆင့်၏ စိုးရိမ်ပူပန်မှုများက ရပ်တန့်မသွားသေးပေ။ အကယ်၍များ ဒီနေ့လိုမကြာခဏ ဖြစ်နေခဲ့ရင်ရော သူဘယ်လိုလုပ်ရပါ့မလဲ။
" တီ......တီ.....တီ "
ဖုန်းScreen ပေါ်,ပေါ်လာသော နာမည်မှာ လေပြေရှင်း၏ အမည်ဖြစ်နေသောကြောင့် ဆင့်က ချက်ချင်းကိုင်လိုက်ကာ တိတ်တဆိတ် နားထောင်နေလိုက်သည်။
" ပြန်မလာသေးဘူးလားဆင့် နောက်ကျနေတော့မယ် "
" ငါဆေးရုံမှာဒီနေ့အိပ်မလို့ "
" မရဘူး....အိမ်ပြန်လာပြီး နောက်နေ့မှသူ့ကိုထပ်သွားကြည့်ပေါ့ "
" သူနှလုံးရပ်သွားတယ် ရှင်း "
" ဆင့်..... "
ရှင်း အနေဖြင့် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတော့ပါချေ။ သူဟာ ဆင့်ကို နှစ်သိမ့်ပေးချင်နေခဲ့ပါသည့်တိုင် တိမ်ယံဆင့်၏ ဝေဒနာကို လျော့ပါးသွားစေမည့် နှစ်သိမ့်စကားတို့ ရှာမတွေ့ခဲ့ဘဲ ရှိနေ၏။
" ငါအခုသူ့အနားမှာပဲ နေချင်တယ် "
" ကောင်းပြီ.... ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဖို့မမေ့နဲ့ ။ မနက်ဖြန် 12 နာရီမကျော်ခင် အိမ်ကိုရောက်အောင်ပြန်လာရမယ် "
" အင်း "
" ကိုကို.... ဒီအိတ်တွေက ဘာတွေလဲဟင် အများကြီးပဲ "
" အဲ့တာ ကိုးလ်အတွက် ဝယ်လာတဲ့အဝတ်တွေ သွားမရှုတ်နဲ့ "
" အာ.... ဒီလောက်အများကြီး ကိုကိုသူ့ကို အိမ်မှာအပြီးခေါ်ထားတော့မလို့လား"
ဖုန်းထဲကတဆင့် မောင်နှမနှစ်ယောက်ရဲ့ စကားပြောသံတွေ ဆင့် ကြားနေရကာ ဆက်နားထောင်ရန်မသင့်တော့သောကြောင့် ခပ်မြန်မြန်ပင် ချပစ်လိုက်လေသည်။ မျက်ဝန်းတစ်ဝိုက်ကို လက်ဖြင့်ခပ်ဖွဖွပွတ်သပ်လိုက်ရင်း ဆင့်က ဒီနေ့လည်း ပြဒါရံကို စကားတွေအများကြီးပြောဖို့ရာ စဉ်းစားထားလေသည်။ ပထမဦးစွာဖြင့် _
" ရံ...ကျွန်တော်ပြောမယ်။ တကယ်လို့ နောက်သုံးရက်အတွင်းသာ ခင်ဗျားနိုးမလာဘူးဆိုရင် ကျွန်တော်အခြားကောင်လေးနဲ့ တွဲပစ်မယ် "
ပြောပြီးကာမှ ဆင့်က တစ်ခုကိုသတိရမိသွားလေသည်။ သူ့အနေဖြင့် ပြဒါးရံကိုချစ်မိနေတာ ဝန်ခံဖို့ကိုပင် အတော်လေး အချိန်ယူလိုက်ရသည် ဖြစ်လေရာ နောက်ထပ် ယောက်ျားလေးတစ်ယောက်နဲ့ တွဲဖြစ်ဖို့ဆိုလျှင် ကန္တာရထဲက ပင်လယ်ပြင်လို့ မဖြစ်နိုင်စရာအလွန်ကောင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားမည်ပေ။
" မဟုတ်ဘူး..... ကျွန်တော် အခြားကောင်မလေးတစ်ယောက်နဲ့ လက်ထပ်မယ် "
ထို့ကြောင့် ဆင့်က စကားကိုပြန်ပြင်ပြောလိုက်ပြီး ပြဒါးရံကို ခြိမ်းခြောက်ပြီးရင် ခြိမ်းခြောက်နေလေသည်။
" ပြီးရင် ခင်ဗျားအခုနေ,နေတဲ့အိမ်ကလည်း ကျွန်တော့်နာမည်နဲ့ ဝယ်ထားတဲ့အိမ်မလို့ မင်္ဂလာဆောင်ပြီးရင် သတို့သမီးကို လက်ဖွဲ့အနေနဲ့ပေးပစ်မယ်။ ခင်ဗျားကိုလည်း အိမ်ပေါ်က နှင်ချပစ်မယ်....ကျွန်တော်တကယ်လုပ်မှာ တကယ်လို့ သုံးရက်အတွင်း ခင်ဗျားနိုးမလာသေးဘူးဆိုရင်ပေါ့ "
တိတ်ဆိတ်မှုက တစ်ဖန်ပြန်လည်ကြီးစိုးသွားပြန်ပြီး ဆင့်က ပြဒါးရံ၏ လက်ကိုဆုပ်ကိုင်ရင်းဖြင့် ထိုလက်ပေါ် ခေါင်းလှဲချလိုက်လေတော့သည်။
" ကျွန်တော် လိမ်ပြောတာပါ..... ရံ မရှိရင် ကျွန်တော်အသက်ရှင်ရမယ့် အကြောင်းပြချက်လဲ မရှိတော့ဘူး "
တစ်ဖက်လူက တိတ်ဆိတ်နေဆဲပါပင်။
" နောက်ကျနေမှန်းသိပေမယ့် တစ်ချိန်လုံးပြောချင်ခဲ့တဲ့ စကားတစ်ခွန်းပါ "
" ......... "
" ရံကို .....အဆုံးအစမရှိလောက်အောင် ချစ်တယ် "
ချစ်မိပြီဆိုထဲက နှလုံးသားက နာကျင်ရတော့တာပါပဲ။ ဒါပေမယ့် မချစ်ဘဲလဲ မနေနိုင်ကြပြန်ဘူး..... နာကျင်စေမှန်းသိသိရက်နဲ့ ဆက်ချစ်ဖို့ကိုပဲ ရွေးချယ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အသေအချာသိနေကြတယ်လေ လူတစ်ယောက်ကို ချစ်မိလို့နာကျင်ရတာထက် ထိုလူရဲ့အနားမှာ မနေနိုင်တဲ့ နာကျင်မှုက ပိုပြီးအတိုင်းအဆမဲ့တယ်ဆိုတာ သူတို့သိနေကြလို့ပင်။
" ပြဒါးရံ ခင်ဗျားကျွန်တော်ဖွင့်ပြောတာကို နည်းနည်းလေးတော့ အသိအမှတ်ပြုသင့်တယ် မဟုတ်လား "
" ........ "
" ဒါကဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ ။ ဖွင့်ပြောတာတောင် ဘာတုန့်ပြန်မှုမှမရဘူး .... ခင်ဗျားပြောကြည့် ကျွန်တော့် သိက္ခာတွေရစရာမရှိအောင် ပျက်စီးကုန်ပြီလား "
" ....... "
" ဟက်..... ခင်ဗျားတကယ်နေနိုင်လွန်းတယ် "
ဆုပ်ကိုင်ထားမြဲဖြစ်သော ပြဒါးရံ၏လက်များမှာ နွေးထွေးနေဆဲဖြစ်ပြီး ဆင့်၏ မျက်လွှာချထားခြင်းကြောင့် ထိုလက်ဖမိုးပေါ်တွင် တိမ်ယံဆင့်၏ မျက်တောင်များ ဖြန့်ကျက်နေရာယူနေလေသည်။ ထို့ပြင် ခပ်ရေးရေးသာ မြင်နိုင်ဖွယ်ရှိသော ရေစက်အချို့မှာလည်း အလွန်သေးငယ်သောအသွင်တို့ဖြင့် ထိုမျက်တောင်များပေါ် တွဲခိုပျော်ပါးကာသဘာဝတရားကို လွန်ဆန်၍ တိမ်ယံဆင့်လို ယောက်ျားတစ်ယောက်ကိုပင် အနူးညံ့ဆုံးနူးညံ့စေသည်။
ဘယ်ချိန်က အိပ်ပျော်သွားမှန်း မသိသော်လည်း ရုတ်တရက်ပြန်နိုးလာချိန်တွင် မနက်6 နာရီထိုးနေပြီဖြစ်လေသည်။ အညိုရောင်ခပ်ဖျော့ဖျော့သန်းနေသော မျက်ဝန်းတစ်ဝိုက်ကို လက်ခုံနဲ့ပွတ်ဆွဲလိုက်ပြီး အပြည့်အဝနိုးကြားလာအောင် အကူအညီပေးလိုက်သော်လည်း အကူအညီက အလုပ်မဖြစ်ဘူးပဲ။
" ဂွီ.....ဂွီ "
တိမ်ယံဆင့်က ထိုအသံမှာ ပြဒါးရံဆီမှလားဟု အသေအချာနားထောင်လိုက်ပြီးမှ နောက်ဆုံးတွင် မိမိဗိုက်မှ ထွက်လာသောအသံဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။ မနေ့ညထဲက သူဟာဘာမှမစားဘဲ အိပ်လိုက်ခြင်းဖြစ်ကြောင်း သတိရသွားကာ အစာရှာရန် ရှာပုံတော်ဖွင့်မည့် တိရစ္ဆာန်လေးအသွင် ကူးပြောင်းသွားရပြန်သည်။
" အား...သေတော့မှာပဲ "
တံခါးပေါက်နားတွင် ဆံပင်ဖားလျားဖြင့် မတ်တပ်ရပ်နေသော ယွန်းဟေမီအားကြည့်ပြီး ဆင့် ထခုန်မိမတတ်ပင် ဖြစ်သွားသည်။ ထိုအချိန်မှပဲ တိမ်ယံဆင့်၏ အိပ်ချင်စိတ်က လုံးဝပျောက်ကွယ်သွားတော့သည်။
" မမဟေမီ ဘယ်ချိန်ထဲက ရောက်နေတာလဲ "
" အခုလေးတင်ပဲ ဆင့် အိပ်နေတယ်ထင်လို့ "
" မိုးတောင်ကောင်းကောင်း မလင်းသေးဘူး.... ကျွန်တော့်အထင် မမဟေမီ နည်းနည်းလောက်ထပ်အိပ်လိုက်ပါလား "
ယွန်းဟေမီအား ကြည့်ရသည်မှာလည်း အိပ်ချင်မပြယ်သေးသည့် ပုံစံနှင့်ပင်။
" မဟုတ်ဘူး.... မမဒီနေ့ရံလေးကို မျက်စိဒေါက်ထောက် ထိုင်ကြည့်နေမှာ....မနေ့က ရံလေးနှလုံးရပ်သွားတယ်ဆို "
" ဘယ်လိုသိတာလဲ "
" ဆရာဝန်ဆီက "
" အင်း.... သူ့အခြေအနေက ပြန်မကောင်းလာတဲ့အပြင် ပိုပိုဆိုးလာတယ် "
" ရံလေးပြောနေကျ စကားတစ်ခွန်းရှိတယ်.... တိမ်ယံဆင့်ကိုထားပြီး သူအရင်ထွက်သွားလို့မဖြစ်ဘူးတဲ့ ၊ဒါကြောင့် သူအတတ်နိုင်ဆုံး အသက်ရှင်အောင်ကြိုးစားနေတာ မင်းကြောင့်ပဲ ဆင့်။ မင်းရှိနေသ၍ သူလည်းရှိနေဦးမှာပါ "
" သူကအမြဲ ကျွန်တော့်အတွက် တွေးပေးနေခဲ့တာပဲ "
" ပြီးတော့လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စတွေကို ရံလေးက အခုထိစုံစမ်းနေတုန်းပဲ သူ့စိတ်ထဲမှာသွေးရိုးသားရိုး မဟုတ်ဘူးလို့ အမြဲထင်နေတာ .... အစကတော့ မမ မယုံဘူး။ ဒါပေမယ့် မနေ့က ရံလေးဖုန်းထဲကို message တစ်စောင်ဝင်လာတယ် "
ယွန်းဟေမီက ပြဒါးရံရဲ့ဖုန်းကို တိမ်ယံဆင့်ထံ ကမ်းပေးလာခဲ့လေသည်။
" သတင်းထောက်ကို ကျွန်တော်တို့ခြေရာခံမိပြီ ကိုပြဒါးရံ။ xxx..မှာ ခင်ဗျားမှာထားတဲ့အတိုင်း ကျွန်တော်တို့ရှိနေတယ် မြန်မြန်လာခဲ့ပေးပါ "
ဆင့် ဖတ်လိုက်ပြီးနောက် ပြဒါးရံ၏ ရည်ရွယ်ချက်ကို အနည်းငယ် နားလည်သလို ရှိလာခဲ့လေသည်။ ပြဒါးရံက တစ်ချိန်လုံးသတင်းထောက်ကို လိုက်ရှာနေတာဖြစ်ပြီး ထိုနောက်က တရားခံကို လိုက်စုံစမ်းနေခဲ့တာဖြစ်လေသည်။
" ဒါတွေကို သူဘာလို့မစဉ်းစားမိခဲ့တာလဲ "
ဆင့် စိတ်ထဲကနေကိုယ့်ကို အပစ်တင်လိုက်ပြီး ပြဒါးရံစခဲ့သော ပဟေဠိကို ကိုယ်တိုင်အဆုံးသတ်ရန် ရွေးချယ်လိုက်လေသည်။
" ကျွန်တော်သွားမယ် "
" ကောင်းပြီ.....သေချာပေါက်ဂရုစိုက်ရမယ်နော် "
" အင်း "
အခန်းထဲမှ တိမ်ယံဆင့်ထွက်သွားတာကိုကြည့်ပြီး ယွန်းဟေမီ၏ စိတ်ထဲတွင်အနည်းငယ် မချင့်မရဲဖြစ်နေမိသည်။ သည်နှစ်ယောက်လုံးအတွက် ကာစီးထားတဲ့ အတားအစီးတွေက နည်းနည်းနောနောမှ မဟုတ်ဘဲ။ ကံကြမ္မာကသာ ထပ်ပြီးရက်စက်နေမယ်ဆိုလျှင် အဲ့ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ရုံဘဲ တတ်နိုင်တော့မှာပေါ့။
ကားဖြင့်အစောတလျင် ထွက်လာခဲ့သော်လည်း ဆင့်က စာထဲကပြောထားသောနေရာကို အတိအကျမသိပေ။ ထို့ကြောင့် GPSဖွင့်လိုက်ပြီး ထိုပေါ်မှာ အမှတ်အသားတစ်ခုလုပ်လိုက်ကာ လမ်းညွှန်အတိုင်း မောင်းထွက်ရန်သာ လုပ်ရတော့သည်။ 2 ကြိမ်လောက် လမ်းမှားဝင်ပြီး အပြီးတွင် ကံကောင်းထောက်မ၍ ရောက်လာခဲ့လေသည်။ မဟုတ်လျှင် တိမ်ယံဆင့်မှာ ဒီနေ့တစ်ရက်လုံး လမ်းရှာခြင်းဖြင့်သာ အချိန်ကုန်ရမည်ဖြစ်သည်။
နေရာမှာလမ်းကြားလေးတွေထဲ အတော်လေးဝင်ရပြီး ဤနယ်မြေတစ်ဝိုက်က အိမ်များနှင့် အဆောက်အဦးများမှာ ဆင်တူးရိုးမှားပင် ဖြစ်ကြလေသည်။ စစဝင်လာခြင်းတွင် တိမ်ယံဆင့်မှာ ဝင်္ကဘာလိုလမ်းပျောက်နေပြီး ရှင်းလေရှုပ်လေဖြစ်သည့် သင်္ချာဖြင့်တောင် မှားယွင်းလာရတော့သည်။
" ရောက်လာပြီလား ကိုပြဒါးရံ "
တံခါးဖွင့်လိုက်ချိန်တွင် အထဲရှိလူက ပြဒါးရံနှင့်မှား၍ ဆင့်ကိုနှုတ်ဆက်ကြသည်။
" ခင်ဗျား ပြဒါးရံ မဟုတ်ဘူး "
" ....... "
ဆင့်က ပြန်မှပြန်မပြောသော်လည်း တံခါးလာဖွင့်သောလူက တိမ်ယံဆင့်ကိုအသေအချာ စိုက်ကြည့်နေဆဲပင်။ ပုံစံကြည့်ရသည်မှာ တစ်စုံတစ်ရာကို အတော်လေး စဉ်းစားနေဟန်ဖြင့်။
" မင်း....မင်း.....ငါရင်းနှီးနေတယ်... တိမ်ယံဆင့်...တိမ်ယံဆင့်မဟုတ်လား "
" ငါဝင်လို့ရပြီလား "
တိမ်ယံဆင့်၏ နှုတ်ခမ်းပါးမှ ထွက်လာသောအသံသည် အနိမ့်အမြင့်အတက်အကျမရှိသည့် မျဉ်းဖြောင့်တစ်ကြောင်းနှင့်ပင် ဆင်တူလှချေသည်။ မျက်ဝန်းများကတော့ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှင့်နေကာ အနက်ရောင်ကြားမှ ခရမ်းရောင်များဖြတ်ပြေးနေသည်ကို မြင်ရသူတိုင်းသိနိုင်သည်။
" ပြ...ပြဒါးရံကော "
" ငါသူ့အစားလာတာ "
" ပြဒါးရံမှ မဟုတ်ရင် ဝင်လို့မရဘူး "
" မင်းမဖယ်သေးရင် ငါမင်းကို ပြန်မထနိုင်တဲ့ထိရိုက်ပစ်မယ် မင်းယုံလား "
" ဘယ်သူလာတာလဲ "
အခန်းထဲရှိ နောက်တစ်ယောက်ထံမှ အသံထွက်လာခဲ့လေသည်။ ထိုအသံပိုင်ရှင်မှာ တံခါးဝသို့ရောက်သောအခါ ဆင့်ကို သေချာစိုက်ကြည့်လာပြီးနောက် တစ်ဦးတည်းရေရွတ်နေဟန်ဖြင့် စကားပြောလာခဲ့သည်။
" တိမ်ယံဆင့်လား.....ပြဒါးရံရဲ့ချစ်သူပဲ "
" ငါဝင်လို့ရပြီလား "
ဆင့်က ဒုတိယအကြိမ် တူညီသောစကားကိုဆိုလိုက်ကာ ထပ်ပြောလိုက်ပြန်လေသည်။ သည်တစ်ကြိမ်သာ ထပ်တားစီးခံရလျှင် တိမ်ယံဆင့်ကအကြမ်းနည်းသုံး၍ အတင်းဝင်သွားမည်ဖြစ်ပြီး တူညီသောစကားကို သုံးခေါက်ဆိုကာ အထဲဝင်ရဖို့ တောင်းဆိုနေတော့မည်မဟုတ်ပေ။
" ဝင်လာခဲ့ "
" တစ်ကယ်ဝင်ခိုင်းမလို့လား....သူကပြဒါးရံ မဟုတ်ဘူးလေ "
အခုချိန်ထိ အရိပ်ယောင်မသိသေးသော လူကို ဆင့်ကတစ်ချက်စိုက်ကြည့်လိုက်ပြီး ထိုသူက ဆင့်၏အကြည့်များကြောင့် ပါးစပ်များ ကော်နှင့်အပိတ်ခံလိုက်ရသလို ဘာအသံမှထွက်မလာတော့ပေ။
" သူ့ကိုဂရုစိုက်မနေနဲ့ "
ခေါင်းဆောင်ဟုထင်ရသောလူက ဆင့်ကို သတိပေးလာလေသည်။ ထို့နောက် ထိုင်ခုံပေါ်တွင် နောက်ပြန်ကြိုးတုပ်ခံထားရသော လူတစ်ယောက်ကို မြင်လိုက်ရပြီး ပါးစပ်များကလည်း တိပ်နှင့်အပိတ်ခံထားရသေးသည်။ ဆင့်က ထိုကြိုးချည်ခံထားရသောလူနားသွားကာ ပါးစပ်ကတိပ်ကို အရင်ဆွဲခွာလိုက်သည်။
" အား "
" အဲ့ဒီ့တုန်းက ငါတို့ရဲ့ပုံကို ဓာတ်ပုံခိုးရိုက်ပြီးဖြန့်ခဲ့တာ မင်းလား "
စကားပုလ္လင်ခံနေရမည့် ဆက်ဆံရေးမဟုတ်တာကြောင့် ဆင့်က တည့်တိုးပင် မေးချလိုက်သည်။
" ဘာဓာတ်ပုံလဲ ငါဘာမှမသိဘူး "
သတင်းထောက်၏အသံမှာ တုန်ယင်မှုများအပြည့်အဝ နေရာယူနေခဲ့ပြီး တိမ်ယံဆင့်က ငရဲမင်းအသွင့်ဖြင့် အပြစ်သားကို အပြစ်စီရင်ဖို့ မေးခွန်းများမေးမြန်နေသည့်ပုံဖြင့် ဆင်တူနေခဲ့လေသည်။ တည်ငြိမ်မှုမှာကား မြင်ရသည်နှင့် အကြောက်တရားကိုပေးစွမ်းနိုင်သည်အထိ အစွန်းရောက်သည့် တည်ငြိမ်မှုများ ဝန်းရံလွှမ်းခြုံနေသည့်အပြင် ရက်စက်သည့် မျက်ဝန်းတစ်စုံ၏ပိုင်ရှင်အဖြစ် သတင်းထောက်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်နေခဲ့သည်။
" ငါ့ကိုပြော ဘယ်သူခိုင်းတာလဲ "
" မရှိဘူး....ဒီလောက် ဟော့တဲ့သတင်းကို ဘယ်သတင်းထောက်သမားကမှ အလွတ်ပေးမှာမဟုတ်ဘူး။ ငါမဟုတ်လဲ အခြားတစ်ယောက်က လုပ်မှာပဲ "
" မပြောချင်ဘူးပေါ့.... ရတယ် "
" ဘာ..... ဘာလုပ်မလို့လဲ "
" ငါကတော့ မင်းကိုဘာမှလုပ်မှာမဟုတ်ဘူး......မျက်နှာချင်းဆိုင်နေရတာတောင် ရွံ့နေပြီမလို့ "
သတင်းထောက်က " ဘာမှလုပ်မှာမဟုတ်ဘူး " ဟူသော တစ်ခွန်းသာ နားထဲဝင်သွားခဲ့ပြီး သက်ပြင်းချလာခဲ့လေသည်။
" ဒါပေမယ့်...... သူတို့ကတော့ ငါနဲ့မတူဘူး "
တိမ်ယံဆင့်၏ နှုတ်ခမ်းထက်တွင် ခပ်ရေးရေးအပြုံးတစ်ခုနေရာယူလာခဲ့ပြီး အနက်ရောင်မျက်ဝန်းတစ်စုံနှင့် လိုက်ဖက်ညီနေကာ ထိုအပြုံးကလည်း အနည်းငယ် မကောင်းဆိုးဝါးဆန်လှ၏။
" မပြောမချင်း သူ့ကိုနှိပ်စက် "
ထိုင်ခုံပေါ်တွင် ခြေချိတ်လျက် ထိုင်လိုက်ပြီး လက်နှစ်ဖက်လုံးကို ထိုင်ခုံလက်ရမ်းတစ်ဖက်စီ တင်ထားရင်း ခေါင်းစောင်းလိုက်ကာ ဆက်ပြောလာခဲ့လေသည်။
" သေသွားရင်အလောင်းဖျောက်ဖို့ နေရာတွေအများကြီး ငါသိထားတယ် "
ပြဒါးရံစီက ပိုက်ဆံယူထားသော လူသုံးယောက်သည် ဆင့်၏အမိန့်ကြောင့် သတင်းထောက်ဆီ တန်းတန်းမတ်မတ် လျှောက်သွားနေခဲ့ကြသည်။
" ဘာ....ဘာ တိမ်ယံဆင့်....မင်းအခုလုပ်နေတာတွေ တရားဥပဒေနဲ့မညီဘူးဆိုတာသိရဲ့လား။ ငါသေသွားရင် မင်းလည်းထောင်ကျပြီပဲ "
" တရားဥပဒေလား..... "
တိမ်ယံဆင့်က လက်တစ်ဖက်ဖြင့် မေးထောက်လိုက်ပြီး အံကြိတ်ကာ ဆက်ပြောလိုက်သည်။
" လူတွေလောက် ကြောက်ဖို့ကောင်းမနေဘူး "
တိမ်ယံဆင့်အတွက်တော့ တရားဥပဒေထက်စာရင် လူတွေကပိုကြောက်ဖို့ကောင်းတာ သဘာဝပဲမဟုတ်ဘူးလား။ လူတွေရဲ့ ရှုတ်ချမှုကြောင့် သူ့အလုပ်ကိုဆုံးရှုံးခဲ့ရတယ် ၊လူတွေရဲ့အမြင်ကြောင့် သူ့ချစ်သူနဲ့ ဝေးခဲ့ရတယ်၊ လူတွေရဲ့ပါးစပ်ကြောင့် သူ့အမေသေခဲ့ရတယ်။ လူတွေနဲ့ယှဉ်လိုက်ရင် တရားဥပဒေဆိုတာ စာစီထားတဲ့အချက်အလက်သာသာပဲ။
" ငါ့လိုလူကို မင်းကတရားဥပဒေအကြောင်း လာသင်ပေးနေတာလား "
" အား...... အား..... "
အကြမ်းပတမ်း ရိုက်နှက်မှုများကြောင့် သတင်းထောက်၏အသံက တိုက်ခန်းအတွင်း ကျယ်လောင်စွာ ပဲ့တင်ထပ်နေတော့သည်။ နောက်ပိုင်းတွင် ဆင့်က သည်းမခံနိုင်တော့သောကြောင့် လက်ညှိုးနဲ့လက်မကို မျက်ခုံးနှစ်ခုကြားအလယ်နေရာ၌ ဖိချေလိုက်ရလေသည်။
" သူ့ပါးစပ်ကို တစ်ခုခုထည့်ထားလိုက်ပါလား.... အသံကြားရတာ ခေါင်းကိုက်တယ် "
ခဏအကြာတွင် သတင်းထောက်၏ ပါးစပ်ထဲ၌ အဝတ်တစ်ခုနေရာယူနေခဲ့လေသည်။ အကယ်၍ သတင်းထောက်က လက်မြောက်အရှုံးပေး၍ အကုန်ဖြေဆိုမည်ဆိုလည်း ဆင့်က မသေရုံတမယ် ရိုက်ဖို့စီစဉ်ထားခဲ့ဟန်တူပါသည်။ ရိုက်မြဲရိုက်နေဖို့သာ အမိန့်ပေးခဲ့ပြီး ကျန်တာကို လျစ်လျူရှုထားကာ ထိုင်ကြည့်နေရသည်ကို အလွန်သဘောခွေ့နေပုံ ပေါ်နေခဲ့လေသည်။
" အွန်း..... အွန်း.... "
နာရီဝက်နီးပါး ရိုက်ပြီးသောအခါတွင် ထိုသူ့ခန္ဓာကိုယ်ပေါ်၌ အကောင်းဟုဆိုနိုင်သောနေရာ သေးသေးပင်ကျန်မနေတော့ပေ။ ရောင်ကိုင်းဖူးရောင်နေသော မျက်နှာနှင့် အမူအယာလုပ်ပြလာသည်မှာ သူအမှန်တိုင်းပြောပြပါ့မယ်ဟူသော သဏ္ဌာန်တို့ဖြင့်ပင်။
" အာ..... ဘာပြောတာ မကြားရဘူး "
" အွန်း....အွန်း..... "
တိမ်ယံဆင့်က စဉ်းလဲစွာပြုံးလိုက်ပြီး ပါးစပ်ထဲထည့်ထားသော အဝတ်စကို ဖယ်မပေးဘဲ မကြားရဘူးဟုသာ ဆက်တိုက်ငြင်းနေခဲ့လေသည်။
" အွန်း.....အွန်း "
" မင်းဘာဖြစ်ချင်နေတာလဲ ငါနားလည်အောင် ပြောပြမှပေါ့.... ဒါမှမင်းဘာပြောချင်နေလဲ ငါသိရမှာ "
" အွန်း "
" ပါးစပ်ထဲအဝတ်စို့ထားမှတော့ သူဘယ်လိုပြောမလဲ ကျွန်တော်ဖယ်ပေးလိုက်ရမလား "
တံခါးဝ၌ တိမ်ယံဆင့်ကို အထဲမဝင်ရန်တားခဲ့သော ခပ်တုံးတုံးတစ်ယောက်က ဝင်ပြောလာခဲ့လေသည်။ ဆင့်က ထိုလူဝင်ပြောလာသည်ကို မကြားချင်ယောင်ဆောင်လိုက်ကာ အမိန့်ပေးပေး စေခိုင်းလိုက်ပြန်သည်။
" ဆက်ရိုက်.... မရပ်နဲ့ ....သူ့ပါးစပ်ကနေ အမှန်အတိုင်းမပြောလာမချင်း လုံးဝမရပ်နဲ့ "
" တီ....တီ....တီ "
ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး ရိုက်နှက်နေသော အသံများနှင့်ဝေးရာကို ထွက်သွားလိုက်ကာ ဆိုင်းတွခြင်းမရှိကိုင်လိုက်ပြီး လေလှိုင်းထဲကတစ်ဆင့် ပျံ့လွှင့်လာသော လေပြေရှင်းအသံကို လက်ခံလိုက်သည်။
" ဆင့် ငါအခုဆေးရုံကိုလိုက်လာမလို့.... မင်းဘာလိုအပ်တာရှိသေးလဲ ငါယူလာခဲ့မယ် "
" မရှိဘူး.... ဒါပေမယ့် ငါအခုဆေးရုံမှာ မဟုတ်ဘူး....အပြင်ရောက်နေတယ် "
" ဒါဆိုငါလာရမှာလား....မလာရဘူးလား "
" လာခဲ့လိုက် ငါလည်းအပြန်ကျရင် ဆေးရုံကိုဝင်ပြီး ရံကိုတစ်ချက်ကြည့်ဖို့ စဉ်းစားထားတယ်။ အဲ့ကနေမှ မင်းနဲ့အတူတူပြန်လိုက်ခဲ့မယ် "
" ကောင်းပြီ "
နာရီထဲတစ်ချက်ငုံ့ကြည့်လိုက်ချိန်တွင် 10 နာရီခွဲနေပြီဖြစ်ပြီး ပြန်သွားလျှင်တောင် အနည်းဆုံး 11နာရီခွဲ ဝန်းကျင်လောက် ရောက်သွားမည်မှာ အသေအချာပင်။ တိမ်ယံဆင့်က ရှင်း၏ 12 နာရီအမှီပြန်လာခဲ့ဟူသော စကားကိုပြန်ကြားယောင်လိုက်ရင်း စိတ်ပျက်သော အမူအယာကို ဖော်ထုက်လိုက်ကာ သတင်းထောက်ကို ရိုက်နှက်နေတာကို ရပ်ခိုင်းလိုက်ပြန်သည်။ ပါးစပ်ထဲက အဝတ်စကိုလည်း ဖယ်ခိုင်းလိုက်ကာ အနည်းငယ် သက်ညှာပေးလိုက်လေသည်။
" ရပ်လိုက်တော့ "
သတင်းထောက်ဆီလျှောက်သွားပြီး ထိုင်ချလိုက်ကာ တသမတ်ထဲသော စကားကို ဆိုလိုက်ပြန်လေသည်။
" အခုပြောချင်စိတ် ပေါ်လာပြီလား "
" ပြောမယ်....ပြောမယ် မင်းသိချင်တာ အကုန်ပြောပြမယ် "
ခေါင်းတွင်တွင်ညိတ်ရင်း သတင်းထောက်က ပြောလာခဲ့သည်။
" ဘယ်သူခိုင်းတာလဲ "
" မာယာသစ္စာပါ မာယာသစ္စာခိုင်းတာ "
" မာယာသစ္စာ "
ဆင့်က ခပ်တိုးတိုးရေရွတ်လိုက်ကာ အကြောင်းအရင်းကိုတော့ အနည်းငယ် သဘောပေါက်သွားခဲ့သည်။
" ငါကဘယ်လိုယုံကြည်ရမှာလဲ "
" ကျွန်တော့်ဖုန်းထဲမှာ သက်သေရှိတယ် "
" ပေး "
ဆင့်က လက်ဝါးဖြန့်ထုတ်လိုက်ကာ ဖုန်းပေးရန်တောင်း အရိပ်အယောင်ပြလိုက်သည်။
" သူ.... သူတို့ဆီမှာရှိတယ် "
ကျန်လူသုံးယောက်ထံ မျက်နှာလွှဲလိုက်ပြီး သတင်းထောက်က ပြောလာခဲ့လေသည်။ ခေါင်းဆောင်ဟုထင်ရသောလူက ဆင့်လက်ထဲ ဖုန်းထည့်ပေးလာခဲ့ပြီး မျက်နှာထားတည်တည်နှင့် သတင်းထောက်ကို ပြန်စိုက်ကြည့်လိုက်သည်။
ဖုန်းထဲ မွှေနှောက်ရှာလိုက်ပြီး နောက်ဆုံးတွင် မာယာသစ္စာနှင့် ဖုန်းပြောထားသည့် history များအပြင် သတင်းထောက် လက်ခံရရှိထားသော ငွေ amount message များကိုပါတစ်ခါတည်းတွေ့လိုက်ရသည်။ ဒီလောက်ဆိုလျှင် မာယာသစ္စာဆိုတာ သေချာသလောက်ရှိနေပြီ ဖြစ်လေသည်။
" သူ့ကိုပြန်လွှတ်လိုက်တော့ "
လူသုံးယောက်ကိုအမိန့်ပေးလိုက်ကာ တိမ်ယံဆင့် သတင်းထောက်၏ ဖုန်းကိုယူပြီး အပြင်သို့ပြန်ထွက်လာခဲ့သည်။ ခေါင်းထဲတွင် တွေးစရာကိစ္စများ ပိုပိုများပြားလာကာ မာယာသစ္စာ ထိုသို့လုပ်ခိုင်းရခြင်းအပေါ်သို့ ရည်ရွယ်ချက်ကို ဆင့်က သေချာသိနေခဲ့လေပြီ။ အစထဲက ပြဒါးရံနဲ့ မာယာသစ္စာက ဆန့်ကျင်ဘက်ဖြစ်နေသည့် ၃ နဲ့ ၄ လိုဆက်ဆံရေးဖြစ်တာကြောင့် ပြဒါးရံနဲ့ပက်သက်တဲ့ ဘယ်အားနည်းချက်မဆို မာယာသစ္စာက အလွတ်ပေးနေမှာ မဟုတ်ပေ။
ဆင့်က လမ်းကြားလေးထဲ ကားဝင်လို့မရတာကြောင့် လမ်းထိပ်တွင်ရပ်ထားခဲ့သည့်အတွက် ကားရှိရာနေရာနှင့် အနည်းငယ်တော့ အလှမ်းဝေးနေခဲ့လေသည်။ ကားစီသွားနေရင်း အိတ်ကပ်ထဲက ဖုန်းက ဒုတိယအကြိမ်ထပ်မြည်လာခဲ့လေသည်။ ကြည့်လိုက်ချိန်တွင် ထပ်ပြီး ရှင်းဆီကပဲ ဖြစ်နေခဲ့ပြန်သည်။
" ငါပြန်လာနေပြီ မင်းဘာလို့ခဏခဏဆက်နေတာလဲ "
" ငါအခုဆေးရုံမှာ "
" အင်းသိပြီ "
" ပြဒါးရံ ပြန်သတိရလာပြီ "
" ဘာ ! "
" သူမင်းနာမည်ကိုပဲခေါ်နေတယ် "
ထိုစကားကြောင့် တိမ်ယံဆင့်၏ လျှောက်လှမ်းနေသော ခြေထောက်များပင် ရပ်တန့်တုန့်ဆိုင်းသွားပြီး မိမိကနားကြားမှားနေတာလားဟု ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိသည်။ အသိစိတ်ပြန်ဝင်လာချိန်တွင် သူဟာ လမ်းလျှောက်နေခြင်းမဟုတ်တော့ဘဲ လေထက်မြန်သောအရှိန်နှုန်းဖြင့် ကားစီပြေးနေခြင်းဖြစ်လေသည်။
အချစ်ကနာကျင်စေလဲ နာကျင်စေတဲ့အကြောင်းပြချက်က မင်းဖြစ်နေလို့ ထပ်ပြီးဒီလက်တစ်စုံကိုပဲ ဖမ်းဆုပ်မိပြန်ပြီ။ ရုန်းထွက်ဖို့က မဖြစ်နိုင်တော့တာမို့ ဆက်ပြီးနစ်ဝင်ရုံမှအပ ရွေးချယ်ခွင့်ဆိုတာ သူတို့နှစ်ယောက်မှာ မရှိတော့လေပြီ။
_________________________________
[Zawgyi]
ေဆးနံ႔မ်ားမႊန္ထူေနေသာ ေနရာတိုင္းကို တိမ္ယံဆင့္ အလြန္မုန္းတီးေလ့ရွိေသာ္လည္း ယခုမွာ ျပဒါးရံရွိေနသည့္ေနရာတစ္ခုမို႔ သူ႔မွာမညည္းညဴရဲပါေခ်။ ဆရာဝန္ေစာင့္ခိုင္းထားသည့္ ေစာင့္ၾကည့္ကာလမွာလည္း မၾကာခင္ျပည့္ေတာ့မည္ျဖစ္ကာ ျပဒါးရံမွာ အခုထိႏိုးမလာခဲ့ေသးပါေခ်။ ေဆး႐ုံကုတင္ေပၚတြင္ ရွိၿမဲအတိုင္းအေနအထားျဖင့္ အသက္မဲ့စြာ လဲေလ်ာင္းေနဆဲပင္ျဖစ္သည္။ထိုအေၾကာင္းအရာက ညစဥ္တိုင္းတြင္ အိပ္မရေအာင္ စြမ္းေဆာင္ႏိုင္ၿပီး လူကို အေႏွာက္အယွက္ေပးသည့္ေနရာ၌လည္း အလြန္ကြၽမ္းက်င္ေလသည္။ ဆင့္အတြက္ေတာ့ ကုတင္ေဘးတြင္ထိုင္ေနေသာ ယြန္းေဟမီကို ၾကည့္လိုက္ရင္း ဒီေန႔ရက္ေတြမွာ သူမအရမ္းပင္ပန္းေနခဲ့သည္ကို ညိဳမဲေနေသာ မ်က္ကြင္းမ်ားႏွင့္ ပိန္ပါးသြားေသာ ခႏၶာကိုယ္ကို ၾကည့္႐ုံျဖင့္ သိသာလွေလသည္။
" ဆင့္ ေရာက္လာၿပီလား "
" အေျခအေနဘယ္လိုရွိလဲ "
" ဘာမွထူးမလာဘူး "
" မမေဟမီ အိမ္ျပန္ၿပီး အနားယူလိုက္ပါ ကြၽန္ေတာ္ဆက္ၾကည့္ထားလိုက္မယ္ "
ယြန္းေဟမီက ဆင့္စကားကို နာခံမႈအျပည့္ျဖင့္ လိုက္နာကာ ဘာမွအထြန႔္တက္မေနေတာ့ဘဲ သိမ္းဆည္းစရာရွိတာ သိမ္းဆည္းၿပီး အခန္းထဲမွထြက္သြားေလသည္။ ယြန္းေဟမီထိုင္ခဲ့ေသာ ထိုင္ခုံေပၚ္ဝင္ထိုင္လိုက္ရင္း တိမ္ယံဆင့္၏ အေတြးမ်ားမွာ သမုဒၵရာေအာက္ေျခက ေက်ာက္ခဲေလးတစ္ခုလို အနက္ရႈိင္းဆုံးေနရာထိ ေရာက္ရွိေနခဲ့သည္။
" ရံ.... ဒီေန႔ေကာ ဘယ္လိုေနလဲ.... ေနရတာ အဆင္ေျပရဲ႕လား။ ကြၽန္ေတာ္ ဒီေန႔ ရံနဲ႔ သြားေနၾကဆိုင္ကေန မုန႔္ေတြဝယ္လာခဲ့တယ္။ ေျပာမရဘူး ရံအခုေနမ်ား ႏိုးလာရင္ ဗိုက္ဆာေနႏိုင္တာပဲေလ။ ဒါနဲ႔ အဲ့ဆိုင္ကေလ အရင္အတိုင္းပဲ နည္းနည္းေလးမွ မေျပာင္းလဲဘူးသိလား "
ဆင့္က အေတာက္ပဆုံးၿပဳံးလိုက္ကာ အညင္သာဆုံးနည္းျဖင့္ ျပဒါးရံ၏လက္ကို ဆုပ္ကိုင္လိုက္သည္။ လက္ေကာက္ဝတ္တြင္ ရွိေနေသာ ေဆးသြင္းပိုက္မ်ားမွာ ႏွလုံးေသြးပ်က္စရာ ေကာင္းလြန္းေသာေၾကာင့္ သူဟာ မျမင္ခ်င္ေယာင္ေဆာင္ေနလိုက္ပါသည္။ ျပဒါးရံ၏လက္ကို သူ႔လက္ႏွစ္ဖက္ျဖင့္ ဆုပ္ေထြးကိုင္လိုက္ၿပီး အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနခဲ့မိသည္။ အမွန္မွာကား ဆင့္မွာ ဘာဆက္ေျပာရမလဲ မသိျဖစ္ေနခဲ့ေသာေၾကာင့္ပါပင္။ သူ႔စိတ္ထဲတြင္ ခံစားခ်က္အစုံျဖစ္ေပၚေနၿပီး စကားေပါင္းမ်ားစြာ စာစီထားေသာ္လည္း ႏႈတ္ခမ္းမ်ားကေတာ့ တင္းတင္းေစ့ထားကာ ဘာစကားမွထြက္မလာခဲ့ေပ။
ထို႔ေနာက္သူဟာ ျပဒါးရံလက္အား ဆုပ္ကိုင္ထားရင္း ေလေပၚအနည္းငယ္ ေျမႇာက္လိုက္ကာ ေခါင္းကိုငုံ႔၍ ခပ္ဖြဖြနမ္းလိုက္ပါ၏။ ထိုအခ်ိန္တြင္ မ်က္ဝန္းမ်ားကိုေမွးစင္းထားၿပီး မ်က္ေတာင္မ်ားက မ်က္ခမ္းစပ္ကိုထိလုနီးပါးျဖစ္ေနကာ အလြန္မွဂႏၲာဝင္ဆန္လွေသာ ျမင္ကြင္းတစ္ခုကိုျဖစ္ေပၚေစသည္။ သို႔ေသာ္ ၎မွာၾကာရွည္မခံလိုက္ပါေခ်။ ႏွလုံးခုန္ႏႈန္းျပသေသာ monitor ေပၚတြင္ အနီေရာင္ အလ်ားလိုက္မ်ဥ္းတစ္ေၾကာင္းေပၚလာကာ တတီတီျမည္ေနေသာ အသံမ်ားလည္း တရဆက္ထြက္ေပၚလာေလသည္။
တိမ္ယံဆင့္မွာ ထိုအသံေၾကာင့္ မ်က္လုံးအိမ္မ်ားပင္ ျပဴးက်ယ္လာရၿပီး ေႏြးေထြးေနေသာလက္မွာ တမႈတ္ျခင္းပင္ ေအးစက္ေသာေရခဲအသြင္သို႔ ခ်က္ခ်င္းကူးေျပာင္းသြားခဲ့ေလေတာ့သည္။
" ျပဒါးရံ ဘာလို႔ႏွလုံးမခုန္ေတာ့တာလဲ "
ကုတင္ေအာက္က အခ်က္ေပးခလုတ္ျဖင့္ ဆရာဝန္ကိုေခၚလိုက္ၿပီး ေရွးဦးသူနာျပဳနည္းအတိုင္း ျပဒါးရံ၏ ရင္ဘတ္ေပၚ ဖိကာ ႏွလုံးျပန္ခုန္လာေအာင္ ႀကိဳးစားၾကည့္ေလသည္။ ဘာမွထူးျခားမလာေသာ္လည္း မိမိ၏လုပ္ပုံလုပ္နည္းမ်ား မွန္ကန္ေနသည္ကိုေတာ့ တိမ္ယံဆင့္ မွတ္မိပါသည္။ ဇာတ္ကားတစ္ကားတြင္ ဆရာဝန္ေနရာက သ႐ုပ္ေဆာင္ရန္အတြက္ ဆင့္ဟာ ေရွးဦးသူနာျပဳသင္တန္းႏွင့္ ေဆးဘက္ဆိုင္ရာသင္တန္းကို သုံးလေလာက္သြားတတ္ဖူးေလသည္။ သင္တန္းတက္ထားသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ဆင့္က အနည္းအက်ဥ္းေတာ့ မွတ္မိေနပါေသးသည္။ ဒါဆို သူလုပ္တာေတြကလည္း မွန္ကန္ေနပါရဲ႕သားနဲ႔ ျပဒါးရံဘာေၾကာင့္ ႏွလုံးျပန္ခုန္မလာရတာလဲပင္။ ဆင္မွာ ေတြးရင္းေတြးရင္း ႐ူးခ်င္စိတ္ပင္ေပါက္လာရၿပီး အလြန္အမင္း ဆတ္ဆတ္ထိမခံျဖစ္လာရကာ မ်က္ဝန္းေထာင့္မ်ားပါ နီေစြးလာရေတာ့သည္။
သိပ္မၾကာခင္မွာပင္ ဆရာဝန္မ်ား အေျပးအလႊားေရာက္လာတာေၾကာင့္ ဆင့္က သူလုပ္ေနသည့္အလုပ္မ်ားကို ရပ္တန႔္လိုက္ေလသည္။ သူနာျပဳတစ္ေယာက္က အျပင္လူဝင္ခြင့္မရွိဘူးဟုဆိုကာ ဆင့္ကို အခန္းအျပင္တြန္းထုတ္လိုက္ၿပီး တံခါးကိုေစ့ပိတ္လိုက္သည့္အခါ ထြက္ေပၚလာေသာ တံခါးပိတ္သံမွာ ဆင့္ရဲ႕ ႏွလုံးသားကို မိုးႀကိဳးပစ္ခ်လိုက္သည့္အသံႏွင့္ပင္ ဆင္တူေနခဲ့ေလသည္။
ဦးတည္ခ်က္ ေရေရရာရာမရွိေသာ မ်က္ဝန္းအၾကည့္မ်ားကို လက္ဆီကူးေျပာင္းမိခ်ိန္တြင္ ျပဒါးရံအား ထိကိုင္ခဲ့စဥ္က ေႏြးေထြးမႈမ်ား ေပ်ာက္ဆုံးေနၿပီး အလြန္အမင္းတုန္ယင္ေနေၾကာင္း သတိထားမိသြားခဲ့သည္။ ထိုလက္ႏွစ္ေခ်ာင္းကို ပူးကိုင္လိုက္ၿပီး ေျခာက္ျခားမႈအျပည့္ျဖည့္ထားေသာ စိတ္အေျခအေနျဖင့္ ဂါထာတစ္ခုကို အဆက္မျပတ္ ခရားေရလႊတ္ ေရ႐ြတ္ေနခဲ့မိသည္မွာ အ႐ူးတစ္ေယာက္လိုပါပင္။
" သူအဆင္ေျပမွာပါ.... သူဘာမွမျဖစ္ဘူး ။အရမ္းစိုးရိမ္မေနနဲ႔ တိမ္ယံဆင့္ သူအဆင္ေျပတယ္.... သူအဆင္ေျပတယ္ "
တစ္ခဏအၾကာတြင္ ဆင့္က သည္းမခံႏိုင္စြာ ဆဲေရးလိုက္ပါေတာ့သည္။
" ခ်ီးကို အဆင္ေျပရမွာလား.... သူႏွလုံးရပ္သြားတာ ငါကိုယ္တိုင္ျမင္လိုက္ရတာ သူႏွလုံးက လုံးဝျပန္ခုန္မလာခဲ့ဘူး "
တိမ္ယံဆင့္၏ ပုံစံမွာ ႐ူးသြားဖို႔အနည္းငယ္သာ လိုအပ္ေနပါေတာ့သည္။ ေနာက္ထပ္နည္းနည္းသာ အခန္းထဲမွထြက္လာေသာ ဆရာဝန္မ်ားထံမွာ စိတ္မ
ခ်မ္းေျမ့စရာ သတင္းၾကားရခဲ့လွ်င္ ဆင့္ဟာ ထိုေနရာ၌ပင္ ေသသြားႏိုင္သည္ျဖစ္သည္။ ႀကဳံေတြ႕ေနရေသာ တစ္စကၠန႔္တိုင္းပင္လွ်င္ ဆင့္အတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကာရွည္ေနသည္ဟု ခံစားရကာ အသက္ရႈႏႈန္းမ်ားပင္ မွားယြင္းလာၿပီး ကေမာက္ကမျဖင့္ ဝုန္းတိုင္းႀကဲေနခဲ့ေလေတာ့သည္။ ျဖစ္ႏိုင္လွ်င္ ထိုကုတင္ေပၚ၌ လဲေလ်ာင္းေနေသာသူမွာ သူကိုယ္တိုင္ပင္ျဖစ္လိုက္ခ်င္ပါသည္။ ဆရာဝန္ေတြအကူအညီနဲ႔ အသက္လုေနရသူမွာ ဆင့္ကိုယ္တိုင္ျဖစ္ေနခဲ့လွ်င္ ျပဒါးရံမွာ ႏွလုံးသည္းမႊာတစ္ခုလုံး ဖ်က္ဆီးခံရသည့္ႏွယ္ အဆေပါင္းေျမာက္မ်ားစြာ နာက်င္ခံစားေနရမည္ႏွင့္ ေလေျပရွင္း၏ စိတၱဇဆန္စြာ လူသတ္ခ်င္မည့္ပုံရိပ္တို႔ကိုေတာ့ ထိုေကာင္ေလးဟာ ေတြးမၾကည့္မိခဲ့ေပ။
တိမ္ယံဆင့္၏ အေတြးစထဲတြင္ ျပဒါးရံတစ္ဦးထဲသာေနရာယူေနခဲ့သည့္အတြက္ ယြန္းေဟမီကို ျပဒါးရံအေၾကာင္း ဖုန္းဆက္လွမ္းသတိေပးသင့္သည္ကို လုံးလုံးလ်ားလ်ားပင္ ေမ့ေလ်ာ့ေနခဲ့မိသည္။ ေဆာက္တည္ရာမရျဖစ္ေနေသာ အေျခအေနသည္ ဆရာဝန္မ်ား ထြက္လာသည့္အခါ၌ ပိုလိုစိုးဝါးလာဟန္ ေပၚသြားခဲ့ေလဟန္ျဖင့္ ဟန္မေဆာင္ႏိုင္ဘဲ အတင္းကာေရာ ေမးျမန္းမိသည္မွာ _
" သူအဆင္ေျပရဲ႕လား.... ဘယ္လိုေနေသးလဲ "
တိမ္ယံဆင့္၏ ပုံစံမွာ ေဆာက္တည္ရာမရျဖစ္ေနခဲ့ၿပီး အသံလႈိင္းမွာလည္း အလြန္အမင္း အေလာတႀကီးႏိုင္ေနခဲ့ေလ၏။
" စိတ္ေအးေအးထားပါ "
" ကြၽန္ေတာ့္ကို စိတ္ေအးေအးထားခိုင္းေနတာလား။ဘယ္လိုခြန္အားမ်ိဳးနဲ႔ ကြၽန္ေတာ္စိတ္ေအးေအးထားႏိုင္မွာလဲ။ သူကြၽန္ေတာ့္ေရွ႕တင္ ႏွလုံးရပ္သြားတာကို.... ေသဖို႔အလားအလာ ပိုမ်ားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္က စိတ္ေအးေအးထားႏိုင္ဦးမွာလဲ "
နီေစြးေစြးမ်က္ဝန္းမ်ားႏွင့္အတူ ဆင့္ဟာ ကိုယ့္ကိုကိုယ္မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ဆရာဝန္ေတြဆီ ျပန္ဟစ္မိေလေတာ့သည္။ ဘာကိုမွမေတြးေတာႏိုင္ဘဲ ျပဒါးရံတစ္ေယာက္ထဲ အသိစိတ္ကို စိုးမိုးေနသည္မွာ လြန္စြာမွခံစားရခက္ၿပီး အတိုင္းအဆမဲ့နာက်င္ေစပါသည္။ ျဖစ္ႏိုင္ေျခမ်ားသည္မွာ ျပဒါးရံသာ ေသဆုံးသြားလွ်င္ သူသည္လည္း အသက္ရွင္ခ်င္စိတ္ ရွိေတာ့မည္မဟုတ္ေပ။ တခဏအၾကာတြင္ စိတ္ကိုအတတ္ႏိုင္ဆုံးထိန္းလိုက္ၿပီး အတိုင္းအဆမဲ့ျမန္ေနေသာ အသက္ရႈႏႈန္းကို ျပန္ထိန္းလိုက္ကာ ပုံမွန္ေလသံျပန္ျဖစ္သြားေလသည္။
" ေတာင္းပန္ပါတယ္.... ကိုယ့္ကိုကိုယ္ မထိန္းႏိုင္ဘူးျဖစ္သြားတယ္ "
5မိနစ္ေလာက္ တိတ္ဆိတ္ေနခဲ့ၿပီးမွ ဆင့္က ေမးျမန္းလာခဲ့ေလသည္။
" သူ........ အဆင္ေျပတယ္မို႔လား "
ဆင့္က ဆရာဝန္ေတြကို ေ႐ြးခ်ယ္ခြင့္ေတာင္ မေပးခ်င္ခဲ့ပါေပ။ သူဟာ အျဖဴေရာင္ကုတ္ေတြဝတ္ထားတဲ့ လူေတြဆီမွ " လူနာကို ကယ္တင္ႏိုင္လိုက္ပါၿပီ " ဆိုေသာ စကားကို ၾကားခ်င္လြန္းလွသည္။ ထိုစကားေလးတစ္ခြန္းထဲကပင္ ဆင့္ဘဝရဲ႕ ေသျခင္းရွင္ျခင္းမ်ားကို ဆုံးျဖတ္ေပးသြားမည္ ျဖစ္ေလသည္။
" စိတ္ပူစရာမလိုေတာ့ပါဘူး.... အခ်ိန္မီကယ္လိုက္ႏိုင္ပါတယ္ "
" ဗ်ာ ! "
" အခုစိတ္ခ်လို႔ရပါၿပီ "
ဆရာဝန္ေတြက ဆင့္ကိုထပ္မံကာ အေျဖေပးလာခဲ့ေလသည္။ ေပ်ာ္႐ႊင္မႈက အတိုင္းအဆမဲ့လြန္းလို႔ ဆင့္မွာ ေျခေထာက္မ်ား၌ပင္ အားအင္တို႔ေလ်ာ့နည္းလာသလို ခံစားလာရသည္။အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ တိမ္ယံဆင့္အေရွ႕၌ ေစ့ေစ့ပိတ္ထားသည့္ တံခါးတစ္ခ်ပ္သာ ရွိေနခဲ့ေလသည္။ အနည္းငယ္မွ်သာ ေလွ်ာက္လွမ္းၿပီး ဝင္သြားလိုက္လွ်င္ ျပဒါးရံနဲ႔ တစ္ခန္းထဲေနေနရမည္ျဖစ္ၿပီး ေလထုတစ္ခုထဲကိုရႈသြင္းကာ.... မဟုတ္ဘူး ျပဒါးရံနဲ႔ သူဟာ ေလထုတစ္ခုထဲကို မရႈသြင္းႏိုင္ေပ။ ထိုလူသား၏ ႏွာေခါင္းနဲ႔ ပါးစပ္မ်ားကို ဖုံးအုပ္ထားသည့္ ေအာက္စီဂ်င္ Mask ကိုျမင္လိုက္ခ်ိန္တိုင္းတြင္ တိမ္ယံဆင့္၏ ခႏၶာကိုယ္ထဲတြင္ စီးဆင္းေနသမွ်ေသြးမ်ားအားလုံး ရပ္တန႔္သြားသည္ဟု ခံစားေနရသည္။
အခန္းထဲသို႔စတင္ဝင္လိုက္ခ်ိန္တြင္ မၾကာေသးခင္က ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားနဲ႔ဆန႔္က်င္စြာ အလြန္တိတ္ဆိတ္လြန္းလွ၏။ သူနာျပဳတစ္ေယာက္ ရွိေနခဲ့ၿပီး ဆင့္ ဝင္လာသည့္အခါတြင္ ထြက္သြားေလသည္။ ၾကည့္ရတာ သူစစ္ေဆးစရာရွိသည္မ်ားကို စစ္ေဆးၿပီး၍ထင္သည္။ ထို႔ေနာက္ ကုတင္ေပၚတြင္လွဲေနေသာ ျပဒါးရံကို ထပ္ေတြ႕ရေလသည္။ ၿငိမ္သက္လြန္းေသာ ထိုသူ႔ကိုၾကည့္ရင္း ဆင့္၏ စိတ္တစ္ေနရာတြင္ စိတ္သက္သာရာရျခင္းႏွင့္ ေဒါသထြက္မႈမ်ား တစ္ၿပိဳင္နက္ျဖစ္ေပၚလာသည္။
လြန္ခဲ့တဲ့နာရီဝက္က ထိုင္ခဲ့ေသာထိုင္ခုံေပၚျပန္ထိုင္လိုက္ၿပီး ႏွလုံးခုန္ႏႈန္းျပသည့္ monitor ကိုၾကည့္လိုက္ခ်ိန္တြင္ အနီေရာင္အေၾကာင္းေလးက တက္လိုက္ဆင္းလိုက္ႏွင့္ပင္။ အၾကည့္လႊဲလိုက္ၿပီး ျပဒါးရံ၏လက္ကို ဒုတိယအႀကိမ္ဆုပ္ကိုင္လိုက္သည့္တိုင္ ဆင့္၏ စိုးရိမ္ပူပန္မႈမ်ားက ရပ္တန႔္မသြားေသးေပ။ အကယ္၍မ်ား ဒီေန႔လိုမၾကာခဏ ျဖစ္ေနခဲ့ရင္ေရာ သူဘယ္လိုလုပ္ရပါ့မလဲ။
" တီ......တီ.....တီ "
ဖုန္းScreen ေပၚ,ေပၚလာေသာ နာမည္မွာ ေလေျပရွင္း၏ အမည္ျဖစ္ေနေသာေၾကာင့္ ဆင့္က ခ်က္ခ်င္းကိုင္လိုက္ကာ တိတ္တဆိတ္ နားေထာင္ေနလိုက္သည္။
" ျပန္မလာေသးဘူးလားဆင့္ ေနာက္က်ေနေတာ့မယ္ "
" ငါေဆး႐ုံမွာဒီေန႔အိပ္မလို႔ "
" မရဘူး....အိမ္ျပန္လာၿပီး ေနာက္ေန႔မွသူ႔ကိုထပ္သြားၾကည့္ေပါ့ "
" သူႏွလုံးရပ္သြားတယ္ ရွင္း "
" ဆင့္..... "
ရွင္း အေနျဖင့္ ဘယ္လိုႏွစ္သိမ့္ေပးရမလဲ မသိေတာ့ပါေခ်။ သူဟာ ဆင့္ကို ႏွစ္သိမ့္ေပးခ်င္ေနခဲ့ပါသည့္တိုင္ တိမ္ယံဆင့္၏ ေဝဒနာကို ေလ်ာ့ပါးသြားေစမည့္ ႏွစ္သိမ့္စကားတို႔ ရွာမေတြ႕ခဲ့ဘဲ ရွိေန၏။
" ငါအခုသူ႔အနားမွာပဲ ေနခ်င္တယ္ "
" ေကာင္းၿပီ.... ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္ဖို႔မေမ့နဲ႔ ။ မနက္ျဖန္ 12 နာရီမေက်ာ္ခင္ အိမ္ကိုေရာက္ေအာင္ျပန္လာရမယ္ "
" အင္း "
" ကိုကို.... ဒီအိတ္ေတြက ဘာေတြလဲဟင္ အမ်ားႀကီးပဲ "
" အဲ့တာ ကိုးလ္အတြက္ ဝယ္လာတဲ့အဝတ္ေတြ သြားမရႈတ္နဲ႔ "
" အာ.... ဒီေလာက္အမ်ားႀကီး ကိုကိုသူ႔ကို အိမ္မွာအၿပီးေခၚထားေတာ့မလို႔လား"
ဖုန္းထဲကတဆင့္ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ စကားေျပာသံေတြ ဆင့္ ၾကားေနရကာ ဆက္နားေထာင္ရန္မသင့္ေတာ့ေသာေၾကာင့္ ခပ္ျမန္ျမန္ပင္ ခ်ပစ္လိုက္ေလသည္။ မ်က္ဝန္းတစ္ဝိုက္ကို လက္ျဖင့္ခပ္ဖြဖြပြတ္သပ္လိုက္ရင္း ဆင့္က ဒီေန႔လည္း ျပဒါရံကို စကားေတြအမ်ားႀကီးေျပာဖို႔ရာ စဥ္းစားထားေလသည္။ ပထမဦးစြာျဖင့္ _
" ရံ...ကြၽန္ေတာ္ေျပာမယ္။ တကယ္လို႔ ေနာက္သုံးရက္အတြင္းသာ ခင္ဗ်ားႏိုးမလာဘူးဆိုရင္ ကြၽန္ေတာ္အျခားေကာင္ေလးနဲ႔ တြဲပစ္မယ္ "
ေျပာၿပီးကာမွ ဆင့္က တစ္ခုကိုသတိရမိသြားေလသည္။ သူ႔အေနျဖင့္ ျပဒါးရံကိုခ်စ္မိေနတာ ဝန္ခံဖို႔ကိုပင္ အေတာ္ေလး အခ်ိန္ယူလိုက္ရသည္ ျဖစ္ေလရာ ေနာက္ထပ္ ေယာက္်ားေလးတစ္ေယာက္နဲ႔ တြဲျဖစ္ဖို႔ဆိုလွ်င္ ကႏၲာရထဲက ပင္လယ္ျပင္လို႔ မျဖစ္ႏိုင္စရာအလြန္ေကာင္းသည့္ ကိစၥရပ္တစ္ခု ျဖစ္သြားမည္ေပ။
" မဟုတ္ဘူး..... ကြၽန္ေတာ္ အျခားေကာင္မေလးတစ္ေယာက္နဲ႔ လက္ထပ္မယ္ "
ထို႔ေၾကာင့္ ဆင့္က စကားကိုျပန္ျပင္ေျပာလိုက္ၿပီး ျပဒါးရံကို ၿခိမ္းေျခာက္ၿပီးရင္ ၿခိမ္းေျခာက္ေနေလသည္။
" ၿပီးရင္ ခင္ဗ်ားအခုေန,ေနတဲ့အိမ္ကလည္း ကြၽန္ေတာ့္နာမည္နဲ႔ ဝယ္ထားတဲ့အိမ္မလို႔ မဂၤလာေဆာင္ၿပီးရင္ သတို႔သမီးကို လက္ဖြဲ႕အေနနဲ႔ေပးပစ္မယ္။ ခင္ဗ်ားကိုလည္း အိမ္ေပၚက ႏွင္ခ်ပစ္မယ္....ကြၽန္ေတာ္တကယ္လုပ္မွာ တကယ္လို႔ သုံးရက္အတြင္း ခင္ဗ်ားႏိုးမလာေသးဘူးဆိုရင္ေပါ့ "
တိတ္ဆိတ္မႈက တစ္ဖန္ျပန္လည္ႀကီးစိုးသြားျပန္ၿပီး ဆင့္က ျပဒါးရံ၏ လက္ကိုဆုပ္ကိုင္ရင္းျဖင့္ ထိုလက္ေပၚ ေခါင္းလွဲခ်လိုက္ေလေတာ့သည္။
" ကြၽန္ေတာ္ လိမ္ေျပာတာပါ..... ရံ မရွိရင္ ကြၽန္ေတာ္အသက္ရွင္ရမယ့္ အေၾကာင္းျပခ်က္လဲ မရွိေတာ့ဘူး "
တစ္ဖက္လူက တိတ္ဆိတ္ေနဆဲပါပင္။
" ေနာက္က်ေနမွန္းသိေပမယ့္ တစ္ခ်ိန္လုံးေျပာခ်င္ခဲ့တဲ့ စကားတစ္ခြန္းပါ "
" ......... "
" ရံကို .....အဆုံးအစမရွိေလာက္ေအာင္ ခ်စ္တယ္ "
ခ်စ္မိၿပီဆိုထဲက ႏွလုံးသားက နာက်င္ရေတာ့တာပါပဲ။ ဒါေပမယ့္ မခ်စ္ဘဲလဲ မေနႏိုင္ၾကျပန္ဘူး..... နာက်င္ေစမွန္းသိသိရက္နဲ႔ ဆက္ခ်စ္ဖို႔ကိုပဲ ေ႐ြးခ်ယ္တတ္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔အေသအခ်ာသိေနၾကတယ္ေလ လူတစ္ေယာက္ကို ခ်စ္မိလို႔နာက်င္ရတာထက္ ထိုလူရဲ႕အနားမွာ မေနႏိုင္တဲ့ နာက်င္မႈက ပိုၿပီးအတိုင္းအဆမဲ့တယ္ဆိုတာ သူတို႔သိေနၾကလို႔ပင္။
" ျပဒါးရံ ခင္ဗ်ားကြၽန္ေတာ္ဖြင့္ေျပာတာကို နည္းနည္းေလးေတာ့ အသိအမွတ္ျပဳသင့္တယ္ မဟုတ္လား "
" ........ "
" ဒါကဘယ္လိုေတာင္ အရွက္ကြဲမႈႀကီးလဲ ။ ဖြင့္ေျပာတာေတာင္ ဘာတုန႔္ျပန္မႈမွမရဘူး .... ခင္ဗ်ားေျပာၾကည့္ ကြၽန္ေတာ့္ သိကၡာေတြရစရာမရွိေအာင္ ပ်က္စီးကုန္ၿပီလား "
" ....... "
" ဟက္..... ခင္ဗ်ားတကယ္ေနႏိုင္လြန္းတယ္ "
ဆုပ္ကိုင္ထားၿမဲျဖစ္ေသာ ျပဒါးရံ၏လက္မ်ားမွာ ေႏြးေထြးေနဆဲျဖစ္ၿပီး ဆင့္၏ မ်က္လႊာခ်ထားျခင္းေၾကာင့္ ထိုလက္ဖမိုးေပၚတြင္ တိမ္ယံဆင့္၏ မ်က္ေတာင္မ်ား ျဖန႔္က်က္ေနရာယူေနေလသည္။ ထို႔ျပင္ ခပ္ေရးေရးသာ ျမင္ႏိုင္ဖြယ္ရွိေသာ ေရစက္အခ်ိဳ႕မွာလည္း အလြန္ေသးငယ္ေသာအသြင္တို႔ျဖင့္ ထိုမ်က္ေတာင္မ်ားေပၚ တြဲခိုေပ်ာ္ပါးကာသဘာဝတရားကို လြန္ဆန္၍ တိမ္ယံဆင့္လို ေယာက္်ားတစ္ေယာက္ကိုပင္ အႏူးညံ့ဆုံးႏူးညံ့ေစသည္။
ဘယ္ခ်ိန္က အိပ္ေပ်ာ္သြားမွန္း မသိေသာ္လည္း ႐ုတ္တရက္ျပန္ႏိုးလာခ်ိန္တြင္ မနက္6 နာရီထိုးေနၿပီျဖစ္ေလသည္။ အညိဳေရာင္ခပ္ေဖ်ာ့ေဖ်ာ့သန္းေနေသာ မ်က္ဝန္းတစ္ဝိုက္ကို လက္ခုံနဲ႔ပြတ္ဆြဲလိုက္ၿပီး အျပည့္အဝႏိုးၾကားလာေအာင္ အကူအညီေပးလိုက္ေသာ္လည္း အကူအညီက အလုပ္မျဖစ္ဘူးပဲ။
" ဂြီ.....ဂြီ "
တိမ္ယံဆင့္က ထိုအသံမွာ ျပဒါးရံဆီမွလားဟု အေသအခ်ာနားေထာင္လိုက္ၿပီးမွ ေနာက္ဆုံးတြင္ မိမိဗိုက္မွ ထြက္လာေသာအသံျဖစ္ေၾကာင္း အတည္ျပဳလိုက္ေလသည္။ မေန႔ညထဲက သူဟာဘာမွမစားဘဲ အိပ္လိုက္ျခင္းျဖစ္ေၾကာင္း သတိရသြားကာ အစာရွာရန္ ရွာပုံေတာ္ဖြင့္မည့္ တိရစာၦန္ေလးအသြင္ ကူးေျပာင္းသြားရျပန္သည္။
" အား...ေသေတာ့မွာပဲ "
တံခါးေပါက္နားတြင္ ဆံပင္ဖားလ်ားျဖင့္ မတ္တပ္ရပ္ေနေသာ ယြန္းေဟမီအားၾကည့္ၿပီး ဆင့္ ထခုန္မိမတတ္ပင္ ျဖစ္သြားသည္။ ထိုအခ်ိန္မွပဲ တိမ္ယံဆင့္၏ အိပ္ခ်င္စိတ္က လုံးဝေပ်ာက္ကြယ္သြားေတာ့သည္။
" မမေဟမီ ဘယ္ခ်ိန္ထဲက ေရာက္ေနတာလဲ "
" အခုေလးတင္ပဲ ဆင့္ အိပ္ေနတယ္ထင္လို႔ "
" မိုးေတာင္ေကာင္းေကာင္း မလင္းေသးဘူး.... ကြၽန္ေတာ့္အထင္ မမေဟမီ နည္းနည္းေလာက္ထပ္အိပ္လိုက္ပါလား "
ယြန္းေဟမီအား ၾကည့္ရသည္မွာလည္း အိပ္ခ်င္မျပယ္ေသးသည့္ ပုံစံႏွင့္ပင္။
" မဟုတ္ဘူး.... မမဒီေန႔ရံေလးကို မ်က္စိေဒါက္ေထာက္ ထိုင္ၾကည့္ေနမွာ....မေန႔က ရံေလးႏွလုံးရပ္သြားတယ္ဆို "
" ဘယ္လိုသိတာလဲ "
" ဆရာဝန္ဆီက "
" အင္း.... သူ႔အေျခအေနက ျပန္မေကာင္းလာတဲ့အျပင္ ပိုပိုဆိုးလာတယ္ "
" ရံေလးေျပာေနက် စကားတစ္ခြန္းရွိတယ္.... တိမ္ယံဆင့္ကိုထားၿပီး သူအရင္ထြက္သြားလို႔မျဖစ္ဘူးတဲ့ ၊ဒါေၾကာင့္ သူအတတ္ႏိုင္ဆုံး အသက္ရွင္ေအာင္ႀကိဳးစားေနတာ မင္းေၾကာင့္ပဲ ဆင့္။ မင္းရွိေနသ၍ သူလည္းရွိေနဦးမွာပါ "
" သူကအၿမဲ ကြၽန္ေတာ့္အတြက္ ေတြးေပးေနခဲ့တာပဲ "
" ၿပီးေတာ့လြန္ခဲ့တဲ့ သုံးႏွစ္က ကိစၥေတြကို ရံေလးက အခုထိစုံစမ္းေနတုန္းပဲ သူ႔စိတ္ထဲမွာေသြး႐ိုးသား႐ိုး မဟုတ္ဘူးလို႔ အၿမဲထင္ေနတာ .... အစကေတာ့ မမ မယုံဘူး။ ဒါေပမယ့္ မေန႔က ရံေလးဖုန္းထဲကို message တစ္ေစာင္ဝင္လာတယ္ "
ယြန္းေဟမီက ျပဒါးရံရဲ႕ဖုန္းကို တိမ္ယံဆင့္ထံ ကမ္းေပးလာခဲ့ေလသည္။
" သတင္းေထာက္ကို ကြၽန္ေတာ္တို႔ေျခရာခံမိၿပီ ကိုျပဒါးရံ။ xxx..မွာ ခင္ဗ်ားမွာထားတဲ့အတိုင္း ကြၽန္ေတာ္တို႔ရွိေနတယ္ ျမန္ျမန္လာခဲ့ေပးပါ "
ဆင့္ ဖတ္လိုက္ၿပီးေနာက္ ျပဒါးရံ၏ ရည္႐ြယ္ခ်က္ကို အနည္းငယ္ နားလည္သလို ရွိလာခဲ့ေလသည္။ ျပဒါးရံက တစ္ခ်ိန္လုံးသတင္းေထာက္ကို လိုက္ရွာေနတာျဖစ္ၿပီး ထိုေနာက္က တရားခံကို လိုက္စုံစမ္းေနခဲ့တာျဖစ္ေလသည္။
" ဒါေတြကို သူဘာလို႔မစဥ္းစားမိခဲ့တာလဲ "
ဆင့္ စိတ္ထဲကေနကိုယ့္ကို အပစ္တင္လိုက္ၿပီး ျပဒါးရံစခဲ့ေသာ ပေဟဠိကို ကိုယ္တိုင္အဆုံးသတ္ရန္ ေ႐ြးခ်ယ္လိုက္ေလသည္။
" ကြၽန္ေတာ္သြားမယ္ "
" ေကာင္းၿပီ.....ေသခ်ာေပါက္ဂ႐ုစိုက္ရမယ္ေနာ္ "
" အင္း "
အခန္းထဲမွ တိမ္ယံဆင့္ထြက္သြားတာကိုၾကည့္ၿပီး ယြန္းေဟမီ၏ စိတ္ထဲတြင္အနည္းငယ္ မခ်င့္မရဲျဖစ္ေနမိသည္။ သည္ႏွစ္ေယာက္လုံးအတြက္ ကာစီးထားတဲ့ အတားအစီးေတြက နည္းနည္းေနာေနာမွ မဟုတ္ဘဲ။ ကံၾကမၼာကသာ ထပ္ၿပီးရက္စက္ေနမယ္ဆိုလွ်င္ အဲ့ကံၾကမၼာကို ေျပာင္းျပန္လွန္ပစ္႐ုံဘဲ တတ္ႏိုင္ေတာ့မွာေပါ့။
ကားျဖင့္အေစာတလ်င္ ထြက္လာခဲ့ေသာ္လည္း ဆင့္က စာထဲကေျပာထားေသာေနရာကို အတိအက်မသိေပ။ ထို႔ေၾကာင့္ GPSဖြင့္လိုက္ၿပီး ထိုေပၚမွာ အမွတ္အသားတစ္ခုလုပ္လိုက္ကာ လမ္းၫႊန္အတိုင္း ေမာင္းထြက္ရန္သာ လုပ္ရေတာ့သည္။ 2 ႀကိမ္ေလာက္ လမ္းမွားဝင္ၿပီး အၿပီးတြင္ ကံေကာင္းေထာက္မ၍ ေရာက္လာခဲ့ေလသည္။ မဟုတ္လွ်င္ တိမ္ယံဆင့္မွာ ဒီေန႔တစ္ရက္လုံး လမ္းရွာျခင္းျဖင့္သာ အခ်ိန္ကုန္ရမည္ျဖစ္သည္။
ေနရာမွာလမ္းၾကားေလးေတြထဲ အေတာ္ေလးဝင္ရၿပီး ဤနယ္ေျမတစ္ဝိုက္က အိမ္မ်ားႏွင့္ အေဆာက္အဦးမ်ားမွာ ဆင္တူး႐ိုးမွားပင္ ျဖစ္ၾကေလသည္။ စစဝင္လာျခင္းတြင္ တိမ္ယံဆင့္မွာ ဝကၤဘာလိုလမ္းေပ်ာက္ေနၿပီး ရွင္းေလရႈပ္ေလျဖစ္သည့္ သခ်ၤာျဖင့္ေတာင္ မွားယြင္းလာရေတာ့သည္။
" ေရာက္လာၿပီလား ကိုျပဒါးရံ "
တံခါးဖြင့္လိုက္ခ်ိန္တြင္ အထဲရွိလူက ျပဒါးရံႏွင့္မွား၍ ဆင့္ကိုႏႈတ္ဆက္ၾကသည္။
" ခင္ဗ်ား ျပဒါးရံ မဟုတ္ဘူး "
" ....... "
ဆင့္က ျပန္မွျပန္မေျပာေသာ္လည္း တံခါးလာဖြင့္ေသာလူက တိမ္ယံဆင့္ကိုအေသအခ်ာ စိုက္ၾကည့္ေနဆဲပင္။ ပုံစံၾကည့္ရသည္မွာ တစ္စုံတစ္ရာကို အေတာ္ေလး စဥ္းစားေနဟန္ျဖင့္။
" မင္း....မင္း.....ငါရင္းႏွီးေနတယ္... တိမ္ယံဆင့္...တိမ္ယံဆင့္မဟုတ္လား "
" ငါဝင္လို႔ရၿပီလား "
တိမ္ယံဆင့္၏ ႏႈတ္ခမ္းပါးမွ ထြက္လာေသာအသံသည္ အနိမ့္အျမင့္အတက္အက်မရွိသည့္ မ်ဥ္းေျဖာင့္တစ္ေၾကာင္းႏွင့္ပင္ ဆင္တူလွေခ်သည္။ မ်က္ဝန္းမ်ားကေတာ့ ေၾကာက္မက္ဖြယ္ စြမ္းအင္လႈိင္းတစ္ခုကို ထုတ္လႊင့္ေနကာ အနက္ေရာင္ၾကားမွ ခရမ္းေရာင္မ်ားျဖတ္ေျပးေနသည္ကို ျမင္ရသူတိုင္းသိႏိုင္သည္။
" ျပ...ျပဒါးရံေကာ "
" ငါသူ႔အစားလာတာ "
" ျပဒါးရံမွ မဟုတ္ရင္ ဝင္လို႔မရဘူး "
" မင္းမဖယ္ေသးရင္ ငါမင္းကို ျပန္မထႏိုင္တဲ့ထိ႐ိုက္ပစ္မယ္ မင္းယုံလား "
" ဘယ္သူလာတာလဲ "
အခန္းထဲရွိ ေနာက္တစ္ေယာက္ထံမွ အသံထြက္လာခဲ့ေလသည္။ ထိုအသံပိုင္ရွင္မွာ တံခါးဝသို႔ေရာက္ေသာအခါ ဆင့္ကို ေသခ်ာစိုက္ၾကည့္လာၿပီးေနာက္ တစ္ဦးတည္းေရ႐ြတ္ေနဟန္ျဖင့္ စကားေျပာလာခဲ့သည္။
" တိမ္ယံဆင့္လား.....ျပဒါးရံရဲ႕ခ်စ္သူပဲ "
" ငါဝင္လို႔ရၿပီလား "
ဆင့္က ဒုတိယအႀကိမ္ တူညီေသာစကားကိုဆိုလိုက္ကာ ထပ္ေျပာလိုက္ျပန္ေလသည္။ သည္တစ္ႀကိမ္သာ ထပ္တားစီးခံရလွ်င္ တိမ္ယံဆင့္ကအၾကမ္းနည္းသုံး၍ အတင္းဝင္သြားမည္ျဖစ္ၿပီး တူညီေသာစကားကို သုံးေခါက္ဆိုကာ အထဲဝင္ရဖို႔ ေတာင္းဆိုေနေတာ့မည္မဟုတ္ေပ။
" ဝင္လာခဲ့ "
" တစ္ကယ္ဝင္ခိုင္းမလို႔လား....သူကျပဒါးရံ မဟုတ္ဘူးေလ "
အခုခ်ိန္ထိ အရိပ္ေယာင္မသိေသးေသာ လူကို ဆင့္ကတစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး ထိုသူက ဆင့္၏အၾကည့္မ်ားေၾကာင့္ ပါးစပ္မ်ား ေကာ္ႏွင့္အပိတ္ခံလိုက္ရသလို ဘာအသံမွထြက္မလာေတာ့ေပ။
" သူ႔ကိုဂ႐ုစိုက္မေနနဲ႔ "
ေခါင္းေဆာင္ဟုထင္ရေသာလူက ဆင့္ကို သတိေပးလာေလသည္။ ထို႔ေနာက္ ထိုင္ခုံေပၚတြင္ ေနာက္ျပန္ႀကိဳးတုပ္ခံထားရေသာ လူတစ္ေယာက္ကို ျမင္လိုက္ရၿပီး ပါးစပ္မ်ားကလည္း တိပ္ႏွင့္အပိတ္ခံထားရေသးသည္။ ဆင့္က ထိုႀကိဳးခ်ည္ခံထားရေသာလူနားသြားကာ ပါးစပ္ကတိပ္ကို အရင္ဆြဲခြာလိုက္သည္။
" အား "
" အဲ့ဒီ့တုန္းက ငါတို႔ရဲ႕ပုံကို ဓာတ္ပုံခိုး႐ိုက္ၿပီးျဖန႔္ခဲ့တာ မင္းလား "
စကားပုလႅင္ခံေနရမည့္ ဆက္ဆံေရးမဟုတ္တာေၾကာင့္ ဆင့္က တည့္တိုးပင္ ေမးခ်လိုက္သည္။
" ဘာဓာတ္ပုံလဲ ငါဘာမွမသိဘူး "
သတင္းေထာက္၏အသံမွာ တုန္ယင္မႈမ်ားအျပည့္အဝ ေနရာယူေနခဲ့ၿပီး တိမ္ယံဆင့္က ငရဲမင္းအသြင့္ျဖင့္ အျပစ္သားကို အျပစ္စီရင္ဖို႔ ေမးခြန္းမ်ားေမးျမန္ေနသည့္ပုံျဖင့္ ဆင္တူေနခဲ့ေလသည္။ တည္ၿငိမ္မႈမွာကား ျမင္ရသည္ႏွင့္ အေၾကာက္တရားကိုေပးစြမ္းႏိုင္သည္အထိ အစြန္းေရာက္သည့္ တည္ၿငိမ္မႈမ်ား ဝန္းရံလႊမ္းၿခဳံေနသည့္အျပင္ ရက္စက္သည့္ မ်က္ဝန္းတစ္စုံ၏ပိုင္ရွင္အျဖစ္ သတင္းေထာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္တန္႔ေနခဲ့သည္။
" ငါ့ကိုေျပာ ဘယ္သူခိုင္းတာလဲ "
" မရွိဘူး....ဒီေလာက္ ေဟာ့တဲ့သတင္းကို ဘယ္သတင္းေထာက္သမားကမွ အလြတ္ေပးမွာမဟုတ္ဘူး။ ငါမဟုတ္လဲ အျခားတစ္ေယာက္က လုပ္မွာပဲ "
" မေျပာခ်င္ဘူးေပါ့.... ရတယ္ "
" ဘာ..... ဘာလုပ္မလို႔လဲ "
" ငါကေတာ့ မင္းကိုဘာမွလုပ္မွာမဟုတ္ဘူး......မ်က္ႏွာခ်င္းဆိုင္ေနရတာေတာင္ ႐ြံ႕ေနၿပီမလို႔ "
သတင္းေထာက္က " ဘာမွလုပ္မွာမဟုတ္ဘူး " ဟူေသာ တစ္ခြန္းသာ နားထဲဝင္သြားခဲ့ၿပီး သက္ျပင္းခ်လာခဲ့ေလသည္။
" ဒါေပမယ့္...... သူတို႔ကေတာ့ ငါနဲ႔မတူဘူး "
တိမ္ယံဆင့္၏ ႏႈတ္ခမ္းထက္တြင္ ခပ္ေရးေရးအၿပဳံးတစ္ခုေနရာယူလာခဲ့ၿပီး အနက္ေရာင္မ်က္ဝန္းတစ္စုံႏွင့္ လိုက္ဖက္ညီေနကာ ထိုအၿပဳံးကလည္း အနည္းငယ္ မေကာင္းဆိုးဝါးဆန္လွ၏။
" မေျပာမခ်င္း သူ႔ကိုႏွိပ္စက္ "
ထိုင္ခုံေပၚတြင္ ေျခခ်ိတ္လ်က္ ထိုင္လိုက္ၿပီး လက္ႏွစ္ဖက္လုံးကို ထိုင္ခုံလက္ရမ္းတစ္ဖက္စီ တင္ထားရင္း ေခါင္းေစာင္းလိုက္ကာ ဆက္ေျပာလာခဲ့ေလသည္။
" ေသသြားရင္အေလာင္းေဖ်ာက္ဖို႔ ေနရာေတြအမ်ားႀကီး ငါသိထားတယ္ "
ျပဒါးရံစီက ပိုက္ဆံယူထားေသာ လူသုံးေယာက္သည္ ဆင့္၏အမိန႔္ေၾကာင့္ သတင္းေထာက္ဆီ တန္းတန္းမတ္မတ္ ေလွ်ာက္သြားေနခဲ့ၾကသည္။
" ဘာ....ဘာ တိမ္ယံဆင့္....မင္းအခုလုပ္ေနတာေတြ တရားဥပေဒနဲ႔မညီဘူးဆိုတာသိရဲ႕လား။ ငါေသသြားရင္ မင္းလည္းေထာင္က်ၿပီပဲ "
" တရားဥပေဒလား..... "
တိမ္ယံဆင့္က လက္တစ္ဖက္ျဖင့္ ေမးေထာက္လိုက္ၿပီး အံႀကိတ္ကာ ဆက္ေျပာလိုက္သည္။
" လူေတြေလာက္ ေၾကာက္ဖို႔ေကာင္းမေနဘူး "
တိမ္ယံဆင့္အတြက္ေတာ့ တရားဥပေဒထက္စာရင္ လူေတြကပိုေၾကာက္ဖို႔ေကာင္းတာ သဘာဝပဲမဟုတ္ဘူးလား။ လူေတြရဲ႕ ရႈတ္ခ်မႈေၾကာင့္ သူ႔အလုပ္ကိုဆုံးရႈံးခဲ့ရတယ္ ၊လူေတြရဲ႕အျမင္ေၾကာင့္ သူ႔ခ်စ္သူနဲ႔ ေဝးခဲ့ရတယ္၊ လူေတြရဲ႕ပါးစပ္ေၾကာင့္ သူ႔အေမေသခဲ့ရတယ္။ လူေတြနဲ႔ယွဥ္လိုက္ရင္ တရားဥပေဒဆိုတာ စာစီထားတဲ့အခ်က္အလက္သာသာပဲ။
" ငါ့လိုလူကို မင္းကတရားဥပေဒအေၾကာင္း လာသင္ေပးေနတာလား "
" အား...... အား..... "
အၾကမ္းပတမ္း ႐ိုက္ႏွက္မႈမ်ားေၾကာင့္ သတင္းေထာက္၏အသံက တိုက္ခန္းအတြင္း က်ယ္ေလာင္စြာ ပဲ့တင္ထပ္ေနေတာ့သည္။ ေနာက္ပိုင္းတြင္ ဆင့္က သည္းမခံႏိုင္ေတာ့ေသာေၾကာင့္ လက္ညႇိဳးနဲ႔လက္မကို မ်က္ခုံးႏွစ္ခုၾကားအလယ္ေနရာ၌ ဖိေခ်လိုက္ရေလသည္။
" သူ႔ပါးစပ္ကို တစ္ခုခုထည့္ထားလိုက္ပါလား.... အသံၾကားရတာ ေခါင္းကိုက္တယ္ "
ခဏအၾကာတြင္ သတင္းေထာက္၏ ပါးစပ္ထဲ၌ အဝတ္တစ္ခုေနရာယူေနခဲ့ေလသည္။ အကယ္၍ သတင္းေထာက္က လက္ေျမာက္အရႈံးေပး၍ အကုန္ေျဖဆိုမည္ဆိုလည္း ဆင့္က မေသ႐ုံတမယ္ ႐ိုက္ဖို႔စီစဥ္ထားခဲ့ဟန္တူပါသည္။ ႐ိုက္ၿမဲ႐ိုက္ေနဖို႔သာ အမိန႔္ေပးခဲ့ၿပီး က်န္တာကို လ်စ္လ်ဴရႈထားကာ ထိုင္ၾကည့္ေနရသည္ကို အလြန္သေဘာေခြ႕ေနပုံ ေပၚေနခဲ့ေလသည္။
" အြန္း..... အြန္း.... "
နာရီဝက္နီးပါး ႐ိုက္ၿပီးေသာအခါတြင္ ထိုသူ႔ခႏၶာကိုယ္ေပၚ၌ အေကာင္းဟုဆိုႏိုင္ေသာေနရာ ေသးေသးပင္က်န္မေနေတာ့ေပ။ ေရာင္ကိုင္းဖူးေရာင္ေနေသာ မ်က္ႏွာႏွင့္ အမူအယာလုပ္ျပလာသည္မွာ သူအမွန္တိုင္းေျပာျပပါ့မယ္ဟူေသာ သဏၭာန္တို႔ျဖင့္ပင္။
" အာ..... ဘာေျပာတာ မၾကားရဘူး "
" အြန္း....အြန္း..... "
တိမ္ယံဆင့္က စဥ္းလဲစြာၿပဳံးလိုက္ၿပီး ပါးစပ္ထဲထည့္ထားေသာ အဝတ္စကို ဖယ္မေပးဘဲ မၾကားရဘူးဟုသာ ဆက္တိုက္ျငင္းေနခဲ့ေလသည္။
" အြန္း.....အြန္း "
" မင္းဘာျဖစ္ခ်င္ေနတာလဲ ငါနားလည္ေအာင္ ေျပာျပမွေပါ့.... ဒါမွမင္းဘာေျပာခ်င္ေနလဲ ငါသိရမွာ "
" အြန္း "
" ပါးစပ္ထဲအဝတ္စို႔ထားမွေတာ့ သူဘယ္လိုေျပာမလဲ ကြၽန္ေတာ္ဖယ္ေပးလိုက္ရမလား "
တံခါးဝ၌ တိမ္ယံဆင့္ကို အထဲမဝင္ရန္တားခဲ့ေသာ ခပ္တုံးတုံးတစ္ေယာက္က ဝင္ေျပာလာခဲ့ေလသည္။ ဆင့္က ထိုလူဝင္ေျပာလာသည္ကို မၾကားခ်င္ေယာင္ေဆာင္လိုက္ကာ အမိန႔္ေပးေပး ေစခိုင္းလိုက္ျပန္သည္။
" ဆက္႐ိုက္.... မရပ္နဲ႔ ....သူ႔ပါးစပ္ကေန အမွန္အတိုင္းမေျပာလာမခ်င္း လုံးဝမရပ္နဲ႔ "
" တီ....တီ....တီ "
ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ႐ိုက္ႏွက္ေနေသာ အသံမ်ားႏွင့္ေဝးရာကို ထြက္သြားလိုက္ကာ ဆိုင္းတြျခင္းမရွိကိုင္လိုက္ၿပီး ေလလႈိင္းထဲကတစ္ဆင့္ ပ်ံ႕လႊင့္လာေသာ ေလေျပရွင္းအသံကို လက္ခံလိုက္သည္။
" ဆင့္ ငါအခုေဆး႐ုံကိုလိုက္လာမလို႔.... မင္းဘာလိုအပ္တာရွိေသးလဲ ငါယူလာခဲ့မယ္ "
" မရွိဘူး.... ဒါေပမယ့္ ငါအခုေဆး႐ုံမွာ မဟုတ္ဘူး....အျပင္ေရာက္ေနတယ္ "
" ဒါဆိုငါလာရမွာလား....မလာရဘူးလား "
" လာခဲ့လိုက္ ငါလည္းအျပန္က်ရင္ ေဆး႐ုံကိုဝင္ၿပီး ရံကိုတစ္ခ်က္ၾကည့္ဖို႔ စဥ္းစားထားတယ္။ အဲ့ကေနမွ မင္းနဲ႔အတူတူျပန္လိုက္ခဲ့မယ္ "
" ေကာင္းၿပီ "
နာရီထဲတစ္ခ်က္ငုံ႔ၾကည့္လိုက္ခ်ိန္တြင္ 10 နာရီခြဲေနၿပီျဖစ္ၿပီး ျပန္သြားလွ်င္ေတာင္ အနည္းဆုံး 11နာရီခြဲ ဝန္းက်င္ေလာက္ ေရာက္သြားမည္မွာ အေသအခ်ာပင္။ တိမ္ယံဆင့္က ရွင္း၏ 12 နာရီအမွီျပန္လာခဲ့ဟူေသာ စကားကိုျပန္ၾကားေယာင္လိုက္ရင္း စိတ္ပ်က္ေသာ အမူအယာကို ေဖာ္ထုက္လိုက္ကာ သတင္းေထာက္ကို ႐ိုက္ႏွက္ေနတာကို ရပ္ခိုင္းလိုက္ျပန္သည္။ ပါးစပ္ထဲက အဝတ္စကိုလည္း ဖယ္ခိုင္းလိုက္ကာ အနည္းငယ္ သက္ညႇာေပးလိုက္ေလသည္။
" ရပ္လိုက္ေတာ့ "
သတင္းေထာက္ဆီေလွ်ာက္သြားၿပီး ထိုင္ခ်လိုက္ကာ တသမတ္ထဲေသာ စကားကို ဆိုလိုက္ျပန္ေလသည္။
" အခုေျပာခ်င္စိတ္ ေပၚလာၿပီလား "
" ေျပာမယ္....ေျပာမယ္ မင္းသိခ်င္တာ အကုန္ေျပာျပမယ္ "
ေခါင္းတြင္တြင္ညိတ္ရင္း သတင္းေထာက္က ေျပာလာခဲ့သည္။
" ဘယ္သူခိုင္းတာလဲ "
" မာယာသစၥာပါ မာယာသစၥာခိုင္းတာ "
" မာယာသစၥာ "
ဆင့္က ခပ္တိုးတိုးေရ႐ြတ္လိုက္ကာ အေၾကာင္းအရင္းကိုေတာ့ အနည္းငယ္ သေဘာေပါက္သြားခဲ့သည္။
" ငါကဘယ္လိုယုံၾကည္ရမွာလဲ "
" ကြၽန္ေတာ့္ဖုန္းထဲမွာ သက္ေသရွိတယ္ "
" ေပး "
ဆင့္က လက္ဝါးျဖန႔္ထုတ္လိုက္ကာ ဖုန္းေပးရန္ေတာင္း အရိပ္အေယာင္ျပလိုက္သည္။
" သူ.... သူတို႔ဆီမွာရွိတယ္ "
က်န္လူသုံးေယာက္ထံ မ်က္ႏွာလႊဲလိုက္ၿပီး သတင္းေထာက္က ေျပာလာခဲ့ေလသည္။ ေခါင္းေဆာင္ဟုထင္ရေသာလူက ဆင့္လက္ထဲ ဖုန္းထည့္ေပးလာခဲ့ၿပီး မ်က္ႏွာထားတည္တည္ႏွင့္ သတင္းေထာက္ကို ျပန္စိုက္ၾကည့္လိုက္သည္။
ဖုန္းထဲ ေမႊေႏွာက္ရွာလိုက္ၿပီး ေနာက္ဆုံးတြင္ မာယာသစၥာႏွင့္ ဖုန္းေျပာထားသည့္ history မ်ားအျပင္ သတင္းေထာက္ လက္ခံရရွိထားေသာ ေငြ amount message မ်ားကိုပါတစ္ခါတည္းေတြ႕လိုက္ရသည္။ ဒီေလာက္ဆိုလွ်င္ မာယာသစၥာဆိုတာ ေသခ်ာသေလာက္ရွိေနၿပီ ျဖစ္ေလသည္။
" သူ႔ကိုျပန္လႊတ္လိုက္ေတာ့ "
လူသုံးေယာက္ကိုအမိန႔္ေပးလိုက္ကာ တိမ္ယံဆင့္ သတင္းေထာက္၏ ဖုန္းကိုယူၿပီး အျပင္သို႔ျပန္ထြက္လာခဲ့သည္။ ေခါင္းထဲတြင္ ေတြးစရာကိစၥမ်ား ပိုပိုမ်ားျပားလာကာ မာယာသစၥာ ထိုသို႔လုပ္ခိုင္းရျခင္းအေပၚသို႔ ရည္႐ြယ္ခ်က္ကို ဆင့္က ေသခ်ာသိေနခဲ့ေလၿပီ။ အစထဲက ျပဒါးရံနဲ႔ မာယာသစၥာက ဆန႔္က်င္ဘက္ျဖစ္ေနသည့္ ၃ နဲ႔ ၄ လိုဆက္ဆံေရးျဖစ္တာေၾကာင့္ ျပဒါးရံနဲ႔ပက္သက္တဲ့ ဘယ္အားနည္းခ်က္မဆို မာယာသစၥာက အလြတ္ေပးေနမွာ မဟုတ္ေပ။
ဆင့္က လမ္းၾကားေလးထဲ ကားဝင္လို႔မရတာေၾကာင့္ လမ္းထိပ္တြင္ရပ္ထားခဲ့သည့္အတြက္ ကားရွိရာေနရာႏွင့္ အနည္းငယ္ေတာ့ အလွမ္းေဝးေနခဲ့ေလသည္။ ကားစီသြားေနရင္း အိတ္ကပ္ထဲက ဖုန္းက ဒုတိယအႀကိမ္ထပ္ျမည္လာခဲ့ေလသည္။ ၾကည့္လိုက္ခ်ိန္တြင္ ထပ္ၿပီး ရွင္းဆီကပဲ ျဖစ္ေနခဲ့ျပန္သည္။
" ငါျပန္လာေနၿပီ မင္းဘာလို႔ခဏခဏဆက္ေနတာလဲ "
" ငါအခုေဆး႐ုံမွာ "
" အင္းသိၿပီ "
" ျပဒါးရံ ျပန္သတိရလာၿပီ "
" ဘာ ! "
" သူမင္းနာမည္ကိုပဲေခၚေနတယ္ "
ထိုစကားေၾကာင့္ တိမ္ယံဆင့္၏ ေလွ်ာက္လွမ္းေနေသာ ေျခေထာက္မ်ားပင္ ရပ္တန႔္တုန႔္ဆိုင္းသြားၿပီး မိမိကနားၾကားမွားေနတာလားဟု ကိုယ့္ကိုကိုယ္ျပန္ဆန္းစစ္မိသည္။ အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ သူဟာ လမ္းေလွ်ာက္ေနျခင္းမဟုတ္ေတာ့ဘဲ ေလထက္ျမန္ေသာအရွိန္ႏႈန္းျဖင့္ ကားစီေျပးေနျခင္းျဖစ္ေလသည္။
အခ်စ္ကနာက်င္ေစလဲ နာက်င္ေစတဲ့အေၾကာင္းျပခ်က္က မင္းျဖစ္ေနလို႔ ထပ္ၿပီးဒီလက္တစ္စုံကိုပဲ ဖမ္းဆုပ္မိျပန္ၿပီ။ ႐ုန္းထြက္ဖို႔က မျဖစ္ႏိုင္ေတာ့တာမို႔ ဆက္ၿပီးနစ္ဝင္႐ုံမွအပ ေ႐ြးခ်ယ္ခြင့္ဆိုတာ သူတို႔ႏွစ္ေယာက္မွာ မရွိေတာ့ေလၿပီ။