Unicode
ရှီယွင်နန်တစ်ယောက် မနက်စာစားပြီး၊ လော့လင်းရှန်းကို လိုက်ပို့ပေးပြီးနောက် လုကျောက်အန်းထံမှ WeChat မက်ဆေ့ တစ်စောင်ရောက်လာသည်။
တစ်ဖက်လူက အရေးကြီးတာ တချို့ ကြေညာဖို့ရှိတာကြောင့် သူ့အား ယွမ်ကျောက်စိမ်းဒီဇိုင်းစတူဒီယိုသို့ နေ့လည်၃နာရီတွင် လာရန်ဖိတ်ထားလေသည်။
ရှီယွင်နန် အချိန်ကိုအနည်းငယ်တွက်ချက်ပြီးနောက် ဝမ်းသာစွာနဲ့ပဲ လက်ခံလိုက်သည်။
ပထမအကြိမ်ထုတ်မည့် ဒီဇိုင်းမူကြမ်းကိုသူဆွဲပြီးသွားပြီ ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်တွေကို လုကျောက်အန်း၊ ကျောက်စိမ်းစက်ရုံရဲ့ အချောသတ်ရေးမွမ်းမံရေး အကြီးအကဲတို့နှင့် ဆွေးနွေးရန် လိုအပ်နေသေးသည်။
သူ လင်းလုံဈေးရှိ ယွမ်ဒီဇိုင်းစတူဒီယိုသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရောက်လာခဲ့သည်။ သူဓါတ်လှေကားဖြင့် အပေါ်တက်တော့မည့်အချိန်မှာပဲ တံခါးနားမှ အကူအညီသံကို ကြားလိုက်ရ၏။
"ဟေး, ကျေးဇူးပြုပြီးခဏစောင့်ပါဦး!"
ရှီယွင်နန် အသံပိုင်ရှင်ကိုသတိထားမိပြီး"open door" ဆိုတဲ့ ခလုတ်ကိုချက်ချင်းဖိလိုက်သည်။
တစ်ချိန်ထဲမှာပင် ယွမ်ရွေ့က လျှိုဝင်လာကာ "ကျေးဇူး....."
သူက ရင်းနှီးနေတဲ့ ရှီယွင်နန်မျက်နှာကို တွေ့လိုက်သောအခါ ပြောမပြတတ်အောင် နီရဲသွားပြီး တစ်ဝက်တစ်ပျက်စကားကို ပြန်ပြောလိုက်သည်။
"ကျေးဇူးပါ။"
ရှီယွင်နန် : "ယွမ်ရွေ့၊မင်းဘာလိုရှက်နေတာလဲ?"
"အဓိပ္ပါယ်မရှိတာ! ငါဘယ်လိုလုပ်ရှက်ရမှာလဲ?" ယွမ်ရွေ့က ငြင်းလာသည်။
ထိုနောက်သူက အထစ်ထစ်အငေါ့ငေါ့ဖြင့်"အဲ့ဒီ၊အဲ့ဒီည ဟိုတယ်ခေါင်းမိုးပေါ်မှာ ငါမင်းကို ဒုက္ခ ပေးမိခဲ့တယ်။"
"ရပါတယ်။"
"ဒါမယ့် တချို့တချို့ကတော့ အငိုသန်တဲ့ကလေးလိုမျိုး ငါ့အဝတ်အစားတွေကို ညစ်ပတ်သွားအောင်လုပ်ခဲ့တယ်လေ။ အဲ့တာက သောင်းချီတန်တာကို။ "ရှီယွင်နန် သူ့ကိုစလိုက်သည်။
"ငါ မင်းကို ပြန်ပေးမယ်!" ယွမ်ရွေ့က အမြန် တုံ့ပြန်လာပြီး ရှက်စရာကောင်းတဲ့ အရာတစ်ခုကိုလည်း ရုတ်တရက် သတိရသွားကာ "ငါ မင်းကို တတ်နိုင်သမျှမြန်မြန် ပြန်ဆပ်နိုင်ဖို့ ပိုက်ဆံစုလိုက်အုံးမယ်။"
အခုတော့ နှစ်ယောက်သား "ရန်သူမဟုတ်၊ အရမ်းရင်းနှီးတဲ့သူမဟုတ်" အဖြစ် သတ်မှတ်နိုင်လေပြီ။အကြိမ်ပေါင်းများစွာ တွေ့လာပြီးနောက်
ရှီယွင်နန်အပေါ်ထားတဲ့ ယွမ်ရွေ့ရဲ့ အမြင်ဆိုးမှာ ပျောက်ကွယ်သွားတော့သည်။ ဆန့်ကျင်ဘက်အနေနဲ့၊ တစ်ဖက်လူက တော်တော်ကိုကောင်းတဲ့လူလို့တောင် သူခံစားမိ၏။
ရှီးခဲ့ယွဲ့ နဲ့ ရှီယွင်နန်ကြား ဆက်ဆံရေး မကောင်းတာတော့ နှမြောစရာပဲ၊ မဟုတ်ရင် သူ ဒီလူနဲ့ တကယ်သူငယ်ချင်းဖြစ်ချင်တာ။
ရှီယွင်နန် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာ "ဆရာယွမ်က မင်းကိုကျောက်စိမ်းဒီဇိုင်းမှာ ပါဝင်ဖို့ ခွင့်ပြုထားတာလား?"
"ဟုတ်တယ်။"
ယွမ်ရွေ့က ပြန်ဖြေလာပြီး သူ့မျက်လုံးတွေက မကြုံစဖူး စိတ်လှုပ်ရှားကာ ကျေနပ်နေသည့် မရိပ်အယောင်လေးကို ပြနေသည်။
မနေ့ညက ယွမ်ဖုကွမ် နှင့် ယွမ်ရွေ့ တို့ သားအဖသည် မကြုံစဖူး ပြန်လည်သင့်မြတ်သွားကြပြီး၊ (ယွမ်ဖုကွမ်)က သူ့ကို ယွမ်ကျောက်စိမ်းဒီဇိုင်းလုပ်ငန်း တွင် ပါဝင်ခွင့်ပေးဖို့ သဘောတူလာခဲ့သည်။
သို့သော်လည်း ယွမ်ဖုကွမ်မှာ နောက်တစ်ကြိမ် ယွမ်ရွေ့လှည့်စားတာမှ တားဆီးရန် ယွမ်ရွေ့ရဲ့ဘဏ်ကတ်ကိုတော့ ပိတ်ထားဆဲပင်။ လစာ ရရှိရန်အတွက် "ကြိုးစားအားထုတ်ဖို့" ကိုသာ ပြောခဲ့သည်။
သူ့ကိုအသုံးမကျလို့ အမြဲတမ်း ကြိမ်းမောင်းနေသည့် ယွမ်ဖုကွမ်က နောက်ဆုံးတော့ ကျောက်စိမ်းထွင်းခြင်းအပြင် တခြားအလုပ်ကိုပါ ပေးခဲ့သည်။ ဒါကတော့ သူအရင်က ရွေးချယ်ခဲ့တဲ့ ကျောက်စိမ်းဒီဇိုင်းပင်။
ဒါကြောင့်မို့ ယွမ်ရွေ့က ဒီအခြေအနေကို နှစ်ခါမစဥ်းစားတော့ဘဲ သဘောတူခဲ့သည်။
သူ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် တစ်ညလုံးအိပ်မပျော်နိုင်ခဲ့။ နေ့လည် ၃ နာရီမှာ အစည်းအဝေးကျင်းပတော့မယ်ဆိုတာ သိလိုက်ရတော့ သူဒီအနီးနားကို အပြေးအလွှားရောက်လာပြီး နေ့လည်စာစားပြီး စောင့်နေလိုက်သည်။
သူစိတ်လှုပ်ရှာနေတာကို အခြားသူတွေမမြင်စေရန် သူက ယွမ်ကျောက်စိမ်းစတူဒီယို တည်ရှိရာ အဆောက်အအုံသို့ မဝင်ရောက်မီ ရှီယွင်နန် နှင့် တွေ့ဆုံနိုင်ရန်၊ ယခုအချိန်အထိ တမင်တကာစောင့်ဆိုင်းနေခဲ့တာပင်။
ရှီယွင်နန် ထိုသူစိတ်လှုပ်ရှားနေတာကို မမြင်ချင်ယောင်ဆောင်နေသော်လည်း ထိုသူ့အား မစဘဲနေဖို့ကတော့ ခဲယဉ်းလှသည်။
"သခင်လေးယွမ်၊ ဖိုက်တင်း။"
"ဒါပေါ့၊ဒါပေါ့"
ယွမ်ရွေ့က သူ့ကိုယ်သူ ဖော်မိနေမှာ စိုးရိမ်တာကြောင့် တမင်တကာ ချောင်းနှစ်ခါဟန့်လိုက်သေးသည်။
အသံကို တုံ့ပြန်သလိုမျိုး ဓာတ်လှေကားတံခါးသည်လည်းပွင့်လာ၏။
လုကျောက်အန်းက တစ်ထပ်လုံးကို ကျောက်စိမ်းဒီဇိုင်းစတူဒီယိုအဖြစ် ငှါးရမ်းထားပြီး၊ ဓါတ်လှေကားမှ ဆင်းသည်နှင့်တပြိုင်နက် ရုံးခန်းလော်ဘီကို ဖောက်ထွင်းမြင်ရသည့် မှန်ချပ်ကြီးမှတဆင့် မြင်လိုက်ရသည်။
လုကျောက်အန်းရဲ့ အရပ်ရှည်ရှည် သွယ်လျသောပုံသဏ္ဌာန်ကို မြင်လိုက်ရတော့ ယွမ်ရွေ့ မသိစိတ်မှ ခေတ္တရပ်သွားမိ၏။ "ရှီယွင်နန်"
"ဘာဖြစ်လို့လဲ?" ရှေ့ကလျှောက်လာတဲ့ ရှီယွင်နန်က လှည့်မေးလိုက်သည်။
ယွမ်ရွေ့က လုကျောက်အန်းကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့ပါးစပ်ကို ဖုံးကာ "အဲဒီနေ့က ငါ မူးပြီး စကားတွေ အများကြီး ပြောမိတယ်။ မင်း ငါ့ကို လျှို့ဝှက်ထားပေးဖို့ ကူညီပေးနိုင်မလား? အနည်းဆုံးတော့ ငါ့မိသားစု မသိစေနဲ့။"
ယွမ်ရွေ့က သူ့နားတိုးကပ်လာပြီး ရှားရှားပါးပါး အသံတိုးတိုးလေးဖြင့်ပြောလာသည်။ "ကျေးဇူးပြုပြီး ငါမင်းကို အကြွေးတင်နေတယ်လို့ သဘောထားလိုက်ပါ။ ငါ နောက်တစ်ခါကြ ပြန်ဆပ်ပါ့မယ်။"
ရှီယွင်နန်က ထိုအဖြစ်အပျက်ကို သေသေချာချာ သတိထားမိသွားပြီး မျက်ခုံးပင့်ကာ "စိတ်မပူနဲ့။ ငါ တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါရတာကို မကြိုက်ဘူး။ မနေ့ညက မင်းပြောခဲ့တာကိုတောင် မေ့သွားပြီ။"
စကားရဲ့ ဒုတိယတစ်ဝက်မှာ သေချာပေါက် ယွမ်ရွေ့အတွက် တမင်တကာ ပြောနေမှန်း သိသာလေသည်။
ယွမ်ရွေ့ စိတ်သက်သာရာရစွာသက်ပြင်းချကာ ပြောလိုက်သည်။ "ကျေးဇူးပါ။"
ရှီယူနန်အပေါ် နှစ်ခါသုံးခါလောက် နားလည်ပေးပြီးနောက်၊သူ သူ့(ရှီယွင်နန်)ရဲ့စကားတွေကို လုံး၀ ယုံကြည်နိုင်လေပြီ။
ရှီယွင်နန်က ရယ်စရာကောင်းတဲ့ အပြုံးလေးကိုနှုတ်ခမ်းပေါ်တွင်ချိတ်ဆွဲလိုက်၏။ ဒီကောင်လေးယွမ်ရွေ့က သူ့ကို "ကျေးဇူးပါ" လို့ပြောရတာကို ပိုပိုပြီးသဘောကျလာမှန်း သူနားလည်သွားပြီ။ ဒီလူက သူတို့ပထမဆုံးတွေ့ဆုံ တုန်းကနဲ့ လုံးဝမတူတော့။ သူက ယဉ်ကျေးတဲ့စံပြလူငယ်လေးတစ်ယောက် နီးပါးတောင် ဖြစ်လုနီးပါးပဲ။
"ကောင်းပြီ၊သွားကြရအောင်။"
ရှီယွင်နန်က ထိုစကားလုံးတွေကိုပြောပြီးနောက် စတူဒီယိုထဲသို့ အရင်ဝင်သွားလိုက်သည်။
ယွမ်ရွေ့ကတော့ ထိုတစ်နေရာတည်းမှာပင် စက္ကန့်အနည်းငယ်ကြာအောင်ရပ်နေမိပြီး လုကျောက်အန်းနှင့် စတူဒီယိုထဲရှိ အခြားသောဒီဇိုင်နာများကို မှန်ကတဆင့် ကြည့်လိုက်သည်။ ကျောက်စိမ်း ထွင်းတာကို စွန့်လွှတ်ပြီးနောက်ပိုင်း အခုအကြိမ်က သူအတွက်တော့ညပထမဆုံးအကြိမ်စိတ်အားထက်သန်မှု အပြည့်နေခြင်းပင်။
ဟုတ်ပြီ!
သူ့မှာ သူ့မိသားစုရဲ့ လုပ်ငန်းတွေမှာ ပါဝင်ဖို့ အခွင့်အရေးရှိတုန်းပဲ၊ ပြီးတော့ အဲဒီလူရဲ့အနားမှာ ရှိနေဖို့လည်း အခွင့်အရေးရ နေတုန်းပဲ။
ယွမ်ရွေ့ သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးကို ထိန်းထားပြီး လေးနက်သောအကြည့်ဖြင့် ဒီဇိုင်းစတူဒီယိုထဲသို့ ဝင်သွားလိုက်လေသည်။
...
လုကျောက်အန်းက ရှီယွင်နန် နှင့် ယွမ်ရွေ့ တို့ကို ဒီဇိုင်းရေးဆွဲရာတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားထားခြင်းအပြင်၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖဖြစ်တဲ့ အခြားဒီဇိုင်နာ ခြောက်ယောက်ကိုပါ ဖိတ်ကြားထားသည်။ တစ်ဝက်မှာ ငယ်ရွယ်ပြီး ခေတ်မှီတဲ့ ဒီဇိုင်နာများဖြစ်ပြီး ကျန်တစ်ဝက်မှာ အတွေ့အကြုံရှိ ဒီဇိုင်နာများဖြစ်ကြ၏။
ဤသည်မှာ ရှီယွင်နန်အတွက်တော့ ပထမဆုံးအကြိမ် အဖြစ် အခြားဒီဇိုင်းနာ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံခြင်းပင်။ ယဉ်ကျေးကြသည့်အပြင် လျှို့ဝှက်ဝှက် အကြည့်များဖြင့်ပါ သူတို့ကကြည့်နေကြသည်။
စတူဒီယိုကို အချိန်မီရောက်လာတဲ့ ယွမ်ရွေ့ကိုမြင်တော့ လုကျောက်အန်းက"ခေါင်းဆောင်" အဖြစ် သူ့ပါးစပ်ကိုမဖွင့်ခင် သက်ပြင်းတစ်ချက်ချလိုက်သေးသည်။ "လူတိုင်းရောက်နေပြီဆိုမှ တော့ အစည်းအဝေးခန်းမှာ သွားထိုင်ကြတာပေါ့။"
"ဒီနေ့၊ ကျွန်တော် ကြေငြာချက်သုံးခုပြောဖို့ရှိပါတယ်၊ ဒါပေမယ့် မိနစ်အနည်းငယ်ထက် ပိုမယူပါဘူး"
"ကောင်းပါပြီ" "ပြသာနာမရှိပါဘူး"
ရှီယွင်နန်က အခြားသူများရဲ့အဖြေကို ကြားကာ အဆုံးတွင် တိတ်တဆိတ် နေလိုက်သည်။ သူက တခြားသူတွေနဲ့ လိုတာထက်ပိုဆက်ဆံရတာကိုမကြိုက်။ သူ အစည်းအဝေးခန်းထဲကို ဝင်လိုက်တာနဲ့လုကျောက်အန်းအသံကို ကြားလိုက်ရသည်။ "မစ္စတာရှီ၊ ဘာလို့ ဒီမှာ မထိုင်တာလဲ။"
လုကျောက်အန်းက အစည်းအဝေးခန်းထဲရှိ ဒုတိယခုံကို ရည်ညွှန်းနေခြင်းပင်။
သာမန်နေရာတစ်ခုမျှသာဖြစ်သော်လည်း အခြားဒီဇိုင်နာများရဲ့အမြင်မှာတော့ ဒါက ဒီဇိုင်းစတူဒီယိုရှိ "ဒုတိယအကောင်းဆုံးထိုင်ခုံ" ကို ကိုယ်စားပြုလေသည်။
ဒီဇိုင်နာတွေထဲက တစ်ယောက်ဖြစ်တဲ့ ယန်စန်းဆိုတဲ့လူမှာ ဒီစကားကြားကြားချင်း ဒုတိယထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး မျက်နှာတည်တည်ငြိမ်ငြိမ်ဖြင့် ခြေလှမ်းတစ်ဝက် နောက်ပြန်ဆုတ်ပြီး ရှီယွင်နန်ကို ပေးလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ။"
မကြာခင်တွင်၊ ယန်စန်းက low-key အမူအရာရှိသည့် ရှီယွင်နန်ရဲ့ မရင်းနှီးမနှီး မျက်နှာကိုကြည့်ရင်း အနီးနားရှိ လစ်လပ်သောခုံတွင် ဝင်ထိုင်လိုက်သည်။
သူ ဒီကျောက်စိမ်းဒီဇိုင်းနယ်ပယ်မှာ ဆယ့်ငါးနှစ်ကြာနေခဲ့ပေမယ့် "ရှီယွင်နန်" ဆိုတဲ့ နာမည်ကို အရင်က တစ်ခါမှ မကြားဖူးဘူး။
အခြားသူတွေနဲ့ ယှဉ်ရင် သူကသာ လုပ်သက်နှင့် လက်တွေ့စွမ်းဆောင်ရည်အရ ယွမ်ကျောက်စိမ်းစတူဒီယိုရဲ့ ခေါင်းဆောင်ဖြစ်သင့်တာ။
ဒါပေမယ့် လုကျောက်အန်းက တာဝန်ယူပြီး လူသိနည်းတဲ့ ရှီယွင်နန်ကို အစားထိုးခဲ့တယ်။ သူမကျေနပ်မဖြစ်ဘူးပြောရင် လိမ်ရာကြမှာပေါ့။
ရှီယွင်နန်က ယန်စန်းရဲ့စစ်ဆေးနေခြင်းကို မမြင်ယောင်ဆောင်ကာ လွယ်လင့်တကူဝင်ထိုင်လိုက်သည်။အမှန်တော့ သူတွင်လည်း ခွန်အားပြတ်လက်မနေချေ။
လုကျောက်အန်းက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်သူမဟုတ်။ ရိုးရိုးရှင်းရှင်း အဖွင့်အမှာစကားနှင့် ဒီဇိုင်နာများရဲ့ အမည်များကို မိတ်ဆက်ပြီးနောက်၊ သူသည် လိုအပ်သည့်ကိစ္စကို တန်းပြောလာသည်။
"ဒီနေ့မှာတော့ ယွမ်မိသားစုကိုယ်စား အရေးကြီးတဲ့ အချက်သုံးချက်ကို အဓိကပြောချင်ပါတယ်။"
"ယွမ် နဲ့ ဒီနေရာကလူတိုင်း ချုပ်ဆိုထားတဲ့ စာချုပ်မှာ လွတ်လပ်မှုအများကြီးရှိပေမယ့်၊ ကိစွတွေအားလုံးပြောပြီးတဲ့အခါကျရင်၊ စတူဒီယိုဖွင့်ပြီးတာနဲ့ လူတိုင်း ရံဖန်ရံခါ ဆက်သွယ်မှုတွေမှာအဆင်ပြေဖို့ ဒီဇိုင်နာချုပ်တစ်ယောက်ထားရှိရမယ်။"
လူအုပ်က ဒါကိုကြားသည်နှင့် ခေါင်းညိတ်လိုက်ကြသည်။
"ဒါက ပထမအချက်" လုကျောက်အန်းက ရှီယွင်နန်ကို စူးစူးစိုက်စိုက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ "ယွမ်မိသားစုက မစ္စတာရှီယွင်နန်ကို ဒီရာထူးမှာ ယာယီတာဝန်ယူခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။ မစ္စတာရှီနဲ့ ဒီမှာရှိတဲ့သူတိုင်း ဒါကို ဘယ်လိုထင်ကြလဲ?"
ရှီယွင်နန် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။ လွန်ခဲ့တဲ့ မိနစ်ဝက်လောက်ကပင် လုကျောက်အန်းနှင့် ယွမ်မိသားစုမှာ ဒီလိုအတွေးမျိုး ရှိနေလိမ့်မယ်လို့ သူမသိခဲ့။
မေးခံလိုက်ရတဲ့ ရှီယွင်နန်ဘာမှမပြောမီ အခြားသော ဒီဇိုင်နာခြောက်ဦးက ၎င်းတို့အချင်းချင်းတိတ်တဆိတ် ဆွေးနွေးနေကြသည်။
အဆုံးမှာတော့ ယန်စန်းက အဖွဲ့ရဲ့ကိုယ်စားထုတ်မေးလာသည်။ "ကျွန်တော်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ။ မစ္စတာရှီရဲ့ယခင်လက်ရာတွေကဘယ်မှာလဲ။ကျောက်စိမ်းအသိုင်းအဝိုင်းတို့၊ လေလံအိမ်တွေနဲ့ကော အဆက်အသွယ်ရှိပါသလား?"
ယွမ်ကျောက်စိမ်းဒီဇိုင်းက လမ်းကြောင်းနှစ်ကြောင်းရှိတယ်။
တစ်ခုက အသစ်၊ လူကြိုက်များတဲ့ လမ်းကြောင်းဖြစ်ပြီး နောက်တစ်ခုကတော့ ဇိမ်ခံ၊ တန်ဖိုးကြီးတဲ့ လမ်းကြောင်းဖြစ်သည်။
အရင်က အွန်လိုင်းနှင့် အော့ဖ်လိုင်း အရောင်းဆိုင်များရဲ့ ပရိုမိုးရှင်းပေါ်တွင်သာ မှီခိုခဲ့သော်လည်း နောက်ပိုင်းတွင် လေလံအိမ်များ၊ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များရဲ့ အဆက်အသွယ်များဖြင့် ရောင်းချရန် ပိုမိုအားကိုးခဲ့သည်။
ရှီယွင်နန် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် အရင်က နိုင်ငံခြားမှာ နေခဲ့ပြီး အများစုကတော့ စိန်လက်ဝတ်ရတနာ ဒီဇိုင်းနဲ့ လုပ်ခဲ့တယ်။ ပြည်တွင်းလက်ရာတွေအကြောင်းပြောရင် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အခုအချိန်မှာ တကယ်မသိသေးပါဘူး။"
သူ့လေသံက မာနကြီးသည်လည်းမဟုတ်၊ နှိမ့်ချသည်လည်းမဟုတ် ဖြစ်နေပြီး ရှိနေသူများထံမှ နောက်ထပ်မေးခွန်းများကို ဖိတ်ခေါ်နေသည်။
"ဒီဇိုင်နာချုပ်" ရာထူးက ဒီလောက်အရေးကြီးမယ်လို့ ရှီယွင်နန်မထင်ခဲ့။
နောက်ဆုံးတွင်၊ တာဝန်ရှိသည့်ပုဂ္ဂိုလ်သည် ဒီဇိုင်းများပြဿနာများရှိသောအခါတွင်သာ ရှေ့သို့ထွက်ရန် လိုအပ်သည်။ လက်ရှိ ဒီဇိုင်နာများအားလုံး လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကတော့ တန်းတူညီတူပင်။
"မစ္စတာရှီက နှိမ့်ချလွန်းနေပါပြီ။ လုံမိသားကာဗာဒီဇိုင်းက ဒီအသိုင်းအဝိုင်းထဲမှာတော့ တော်တော်လေး နာမည်ကြီးပါတယ်။" လုကျောက်အန်းက ရှီယွင်နန် အတွက် စကားတစ်ကြောင်း ပေါင်းထည့်ပေးလိုက်သည်။
ဒါပေါ့၊ ရှီယွင်နန်ရဲ့ ချမ်းသာကြွယ်ဝတဲ့ အထောက်အထားနဲ့ ပတ်သက်ပြီးတော့ သူ အပြင်လူတွေကို တမင်တကာ ထုတ်မပြောလိုက်တော့။
လုကျောက်အန်းက ထိုစကားတစ်ကြောင်းကို ထည့်လိုက်သည်နှင့် ယန်စန်းနှင့် အခြားဒီဇိုင်နာများမှာ အနည်းငယ် ငြိမ်ကျသွားသည်။
နောက်ဆုံးတော့ ကျောက်စိမ်းပုတီးစေ့များပါ၀င်သည့် လုံဒီဇိုင်းမှာ ပြီးခဲ့တဲ့အတောအတွင်း၊ လူကြိုက်များမှုလှိုင်းလုံးများဖြင့် ဆွဲဆောင်နိုင်ခဲ့ပြီး ဒီနယ်ပယ်ထဲရှိ စက်ရုံအများစုနဲ့ပါ ရင်ဘောင်တန်းနိုင်ခဲ့သည်။
ကျောက်စိမ်းဒီဇိုင်နာများ အနေနှင့် ထိုအကြောင်းကို အသေအချာကြားသိခဲ့ကြပြီးလေပြီ။
ဒါပေမယ့် ရှီယွင်နန်က အရမ်းငယ်တဲ့ပုံပဲလေ။ အောင်မြင်သွားတဲ့ ဒီဇိုင်းဆိုတာ ကံကောင်းမှုသက်သက်ပဲ! သူ့ရဲ့ အားထုတ်မှုအပြည့်ကို ဘယ်လိုလုပ်ကိုယ်စားပြုနိုင်မလဲ?
ဒါက အရမ်းကို အလေးမထားသလိုဖြစ်လွန်းတယ်!
အခြားဒီဇိုင်နာခြောက်ယောက်ကတော့ သဘောမတူပေမယ့် ကောင်းမွန်တဲ့စိတ်နဲ့ လူကောင်းပုံစံသာ ပြသချင်တာကြောင့် ဘယ်သူကမှ ဆန့်ကျင်တဲ့စကားတွေကို အရင်ပြောဖို့ ဆန္ဒမရှိကြ။
လုကျောက်အန်းက ဆက်မေးလာသည် "မစ္စတာရှီ၊ ဘယ်လိုထင်လဲ?"
ရှီယွင်နန်က ပတ်ဝန်းကျင်မှ စုစည်းနေတဲ့ လျှို့ဝှက် "မထီမဲ့မြင်ပြုခြင်း" ကို ခံစားလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် ဒီရာထူးက လွတ်နေတာပဲလေ။ ဒါဆို သူဘာကြောင့် မယူရမှာလဲ?
သူက နှုတ်ခမ်းကို အနည်းငယ် မြင့်လိုက်ကာ "အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လက်ခံနိုင်ပါတယ်။"
ရှီယွင်နန်ကတော့ သူ့ကိုယ်အတွင်းမှာ မကောင်းတဲ့အရိုးတွေ(မကောင်းသောအတွင်းစိတ်)ရှိကြောင်း တစ်ခါမှ ငြင်းခဲ့သူမဟုတ်။
အခြားသူများက သူ့အပေါ် မကျေနပ်ပြ မနာလိုပြ လေလေ၊ သူ့အတွက်တော့ အနိုင်အရှုံးအတွက် လျှို့ဝှက်ဝှက် တိုက်ပွဲဝင်ချင်လေလေပဲ။
ဒါကိုဘယ်လိုပြောရမလဲ? သူကို ရန်မလုပ်နိုင်ဘဲ မခံမရပ်နိုင်ဖြစ်တဲ့သူတွေကို မြင်ရတာသဘောကျတယ်။
သူ့အသံတိတ်သွားသည်နှင့် တပြိုင်နက် အစည်းအဝေးခန်းထဲတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်-
"ကျွန်တော်လည်း ဘယ်လိုမှ မနေဘူး!"
လူတိုင်းအသံလာရာဆီသို့ ကြည့်လိုက်ရာ အဆုံးတွင် ထိုင်နေသည့် ယွမ်ရွေ့ထံမှ စိတ်လှုပ်တရှားနဲ့ အသံထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ယွမ်ရွေ့က ရှီယွင်နန်နဲ့ အကြည့်ချင်းဆုံသွားပြီး၊ သူ့ရိုးသားမှုကိုပြသရန်အတွက် စိတ်နှလုံးသားထဲကနေလက်ခုပ်တီးရင်း၊ အခြားဒီဇိုင်နာများရဲ့ သံသယအကြည့်များနှင့် မကျေမနပ်အကြည့်ကို လုံးဝလျစ်လျူရှုထားသည်။
ဒီမှာရှိတဲ့ ဒီဇိုင်နာတွေထဲ၊ ရှီယွင်နန်က သာလျှင် သူသိသော ဒီဇိုင်နာပင်။ ရင်းနှီးကျွမ်းဝင်တဲ့အဆင့်ကနေဆို သူသေချာပေါက် ရှီယွင်နန်ကိုသာ ရွေးမိမှာပဲ။
"မစ္စတာလု၊သူကဘယ်သူလဲ?" တခြား ဒီဇိုင်နာတစ်ယောက်ကမေးလာတော့
လုကျောက်အန်း ပြန်ဖြေလိုက်သည်။ "ဒါက ကျွန်တော် ပြောချင်တဲ့ ဒုတိယအချက်ပါ။ ဒီနေ့ကစပြီး ယွမ်ရွေ့က ကျွန်တော့်ရာထူးကို တာဝန်ယူပြီး ယွမ်ကျောက်စိမ်းဒီဇိုင်စတူဒီယိုရဲ့တာဝန်ခံဖြစ်လာလိမ့်မယ်။"
ဤသည်မှာ သူနှင့် ယွမ်ဖုကွမ်တို့ တညီတညွတ်တည်း ညှိနှိုင်းခဲ့သည့် ရလဒ်ဖြစ်သည်။
ယွမ်ရွေ့မျိုးရိုးအမည်ကို လူတိုင်းကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့က တစ်ဖက်လူရဲ့ အထောက်အထားကို နားလည်သွားကြပြီး သူတို့မှာ ချက်ခြင်းပင် ဘယ်လိုသဘောထားမှမရှိတော့။
"အရင်က ချုပ်ဆိုထားတဲ့ စာချုပ်ပါ အကြောင်းအရာတွေက အတူတူပဲဆိုတော့ စိတ်ချပါ။ ဒီဇိုင်းမူကြမ်းကို ပေးအပ်ဖို့ မင်းတို့မှာ တာဝန်ရှိသလို၊ ယွမ်ကတော့ ပစ္စည်းတွေ ပံ့ပိုးဖို့ နဲ့စီမံဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ နောက်ဆက်တွဲအကျိုးအမြတ်ကို စာချုပ်အရ ခွဲဝေပေးမှာပါ။"
"ယွမ်ရွေ့ နဲ့ ကျွန်တော်က ဒီဇိုင်းဆွဲပြီးနောက် ကိစ္စတွေအားလုံးကို တာဝန်ယူမယ်။ ဒါက မင်းတို့ရဲ့ဒီဇိုင်းစွမ်းဆောင်ရည်ကို ထိခိုက်မှာမဟုတ်ပါဘူး"
"ဟုတ်တာပေါ့၊ မင်းတို့ရဲ့ ဒီဇိုင်းအားလုံးလည်း ဒီစံနမူနာမျဉ်းအတိုင်း လိုက်နာဖို့ ငါမျှော်လင့်နေတုန်းပဲ။ ဒါအပြင် အနာဂတ်မှာမလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့လာရင်၊ ယွမ်မိသားစုနှင့် မစ္စတာရှီတို့က မင်းတို့အတွက် ဖြေရှင်းပေးဖို့ ဆောင်ရွက်ပါလိမ့်မယ်။"
ယန်စန်းနှင့် အခြားသူတွေ ဒါကိုကြားတဲ့အခါမှာတော့ သူတို့တွေ ပထမနှစ်ချက်ကို လိုက်လျောလို့ရပေသည်။ ဒီ "ဒီဇိုင်းလုပ်ငန်း"က သူတို့အတွက် အမှန်တကယ်ပင် အရှုံးမရှိ။
လူအုပ်ထဲက ရှီယွင်နန်ကတော့ တစ်ခုခုမှားနေကြောင်း သတိပြုမိသွားသည်။ သူ့မျက်လုံးများက သံယများဖြင်ကြည့်လာပြီး သူကမေးလိုက်သည်။
"မစ္စ၊တာလု၊ ယွမ်ရွေ့က ခင်ဗျားရာထူးကိုယူမယ်လို့ ပြောနေတာလား? ကူညီမယ့်အစားလေ?"
"ဒါဆို ခင်ဗျားကကော?"
ဒီမေးခွန်းကြောင့် လူတွေ မသိစိတ်ကနေ တုံ့ပြန်လာသည်။
အဆုံးတွင်ထိုင်နေသည့် ယွမ်ရွေ့တောင် တခဏမျှ ထိတ်လန့်သွားပြီး ပင်မထိုင်ခုံရှိ လုကျောက်အန်းကို စူးစူးစိုက်စိုက်ကြည့်လိုက်မိသည်။
လုကျောက်အန်းက ခဏမျှ တိတ်ဆိတ်သွားကာ ဆက်ပြောလာသည်။ "ဒါက တတိယမြောက်ပြောချင်တဲ့ စကားပါ။ အခုကစပြီး ယွမ်ကျောက်စိမ်းစတူဒီယိုအပြင် ယွမ်စီမံခန့်ခွဲရေးကနေ ကျွန်တော် နုတ်ထွက်တော့မှာပါ။ လူတိုင်း အရင်က သဘောတူညီချက်ကို လိုက်နာနိုင်ပြီး ယွမ်မိသားစုနှင့် လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
"....."
ခဏလောက် လူတိုင်းတိတ်ဆိတ်သွားကြတော့သည်။
ရှီယွင်နန် ယွမ်ရွေ့ကို တစ်ချက်ကြည့်လိုက်တော့ ထို့သူရဲ့ ပြုံးနေသောနှုတ်ခမ်းလေးတွေမှာ ချက်ချင်းအေးခဲသွားသည်ကို မြင်လိုက်ရသည်။
ရှီယွင်နန်က လုကျောက်အန်းရဲ့မျက်နှာဆီ တစ်ဖန်ပြန်လှည့်ကြည့်ပြီးနောက် နှစ်စက္ကန့်အတွင်း သဘောပေါက်လိုက်သည်-
အဲ့ဒါကြောင့် သူ့အိမ်မက်ထဲက မူရင်းဝတ္ထုမှာ ယွမ်ရွေ့နဲ့ ရှီးခဲ့ယွဲ့တို့ ကျောက်စိမ်းဒီဇိုင်း ရောင်းချတာမှာ ဘယ်လောက်ကောင်းကောင်း လုပ်ခဲ့လုပ်ခဲ့၊ လုကျောက်အန်းက တစ်ခါမှ ပေါ်မလာတာကိုး။
အရာအားလုံး တရားဝင်မစတင်အချိန်ကတည်းက လုကျောက်အန်းက သူ့ဆန္ဒအလျောက် နှုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာပဲ။
Translator-aiur_de_yanyan
Editor-Roro
Zawgyi
ရွီယြင္နန္တစ္ေယာက္ မနက္စာစားၿပီး၊ ေလာ့လင္းရွန္းကို လိုက္ပို႔ေပးၿပီးေနာက္ လုေက်ာက္အန္းထံမွ WeChat မက္ေဆ့ တစ္ေစာင္ေရာက္လာသည္။
တစ္ဖက္လူက အေရးႀကီးတာ တခ်ိဳ႕ ေၾကညာဖို႔ရွိတာေၾကာင့္ သူ႔အား ယြမ္ေက်ာက္စိမ္းဒီဇိုင္းစတူဒီယိုသို႔ ေန႔လည္၃နာရီတြင္ လာရန္ဖိတ္ထားေလသည္။
ရွီယြင္နန္ အခ်ိန္ကိုအနည္းငယ္တြက္ခ်က္ၿပီးေနာက္ ဝမ္းသာစြာနဲ႔ပဲ လက္ခံလိုက္သည္။
ပထမအႀကိမ္ထုတ္မည့္ ဒီဇိုင္းမူၾကမ္းကိုသူဆြဲၿပီးသြားၿပီ ျဖစ္ၿပီး၊ အေသးစိတ္အခ်က္အလက္ေတြကို လုေက်ာက္အန္း၊ ေက်ာက္စိမ္းစက္႐ုံရဲ႕ အေခ်ာသတ္ေရးမြမ္းမံေရး အႀကီးအကဲတို႔ႏွင့္ ေဆြးေႏြးရန္ လိုအပ္ေနေသးသည္။
သူ လင္းလုံေဈးရွိ ယြမ္ဒီဇိုင္းစတူဒီယိုသို႔ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္တြင္ ေရာက္လာခဲ့သည္။ သူဓါတ္ေလွကားျဖင့္ အေပၚတက္ေတာ့မည့္အခ်ိန္မွာပဲ တံခါးနားမွ အကူအညီသံကို ၾကားလိုက္ရ၏။
"ေဟး, ေက်းဇူးျပဳၿပီးခဏေစာင့္ပါဦး!"
ရွီယြင္နန္ အသံပိုင္ရွင္ကိုသတိထားမိၿပီး"open door" ဆိုတဲ့ ခလုတ္ကိုခ်က္ခ်င္းဖိလိုက္သည္။
တစ္ခ်ိန္ထဲမွာပင္ ယြမ္ေ႐ြ႕က လွ်ိဳဝင္လာကာ "ေက်းဇူး....."
သူက ရင္းႏွီးေနတဲ့ ရွီယြင္နန္မ်က္ႏွာကို ေတြ႕လိုက္ေသာအခါ ေျပာမျပတတ္ေအာင္ နီရဲသြားၿပီး တစ္ဝက္တစ္ပ်က္စကားကို ျပန္ေျပာလိုက္သည္။
"ေက်းဇူးပါ။"
ရွီယြင္နန္ : "ယြမ္ေ႐ြ႕၊မင္းဘာလိုရွက္ေနတာလဲ?"
"အဓိပၸါယ္မရွိတာ! ငါဘယ္လိုလုပ္ရွက္ရမွာလဲ?" ယြမ္ေ႐ြ႕က ျငင္းလာသည္။
ထိုေနာက္သူက အထစ္ထစ္အေငါ့ေငါ့ျဖင့္"အဲ့ဒီ၊အဲ့ဒီည ဟိုတယ္ေခါင္းမိုးေပၚမွာ ငါမင္းကို ဒုကၡ ေပးမိခဲ့တယ္။"
"ရပါတယ္။"
"ဒါမယ့္ တခ်ိဳ႕တခ်ိဳ႕ကေတာ့ အငိုသန္တဲ့ကေလးလိုမ်ိဳး ငါ့အဝတ္အစားေတြကို ညစ္ပတ္သြားေအာင္လုပ္ခဲ့တယ္ေလ။ အဲ့တာက ေသာင္းခ်ီတန္တာကို။ "ရွီယြင္နန္ သူ႔ကိုစလိုက္သည္။
"ငါ မင္းကို ျပန္ေပးမယ္!" ယြမ္ေ႐ြ႕က အျမန္ တုံ႔ျပန္လာၿပီး ရွက္စရာေကာင္းတဲ့ အရာတစ္ခုကိုလည္း ႐ုတ္တရက္ သတိရသြားကာ "ငါ မင္းကို တတ္ႏိုင္သမွ်ျမန္ျမန္ ျပန္ဆပ္ႏိုင္ဖို႔ ပိုက္ဆံစုလိုက္အုံးမယ္။"
အခုေတာ့ ႏွစ္ေယာက္သား "ရန္သူမဟုတ္၊ အရမ္းရင္းႏွီးတဲ့သူမဟုတ္" အျဖစ္ သတ္မွတ္ႏိုင္ေလၿပီ။အႀကိမ္ေပါင္းမ်ားစြာ ေတြ႕လာၿပီးေနာက္
ရွီယြင္နန္အေပၚထားတဲ့ ယြမ္ေ႐ြ႕ရဲ႕ အျမင္ဆိုးမွာ ေပ်ာက္ကြယ္သြားေတာ့သည္။ ဆန႔္က်င္ဘက္အေနနဲ႔၊ တစ္ဖက္လူက ေတာ္ေတာ္ကိုေကာင္းတဲ့လူလို႔ေတာင္ သူခံစားမိ၏။
ရွီးခဲ့ယြဲ႕ နဲ႔ ရွီယြင္နန္ၾကား ဆက္ဆံေရး မေကာင္းတာေတာ့ ႏွေျမာစရာပဲ၊ မဟုတ္ရင္ သူ ဒီလူနဲ႔ တကယ္သူငယ္ခ်င္းျဖစ္ခ်င္တာ။
ရွီယြင္နန္ ဓာတ္ေလွကားခလုတ္ကို ႏွိပ္လိုက္ကာ "ဆရာယြမ္က မင္းကိုေက်ာက္စိမ္းဒီဇိုင္းမွာ ပါဝင္ဖို႔ ခြင့္ျပဳထားတာလား?"
"ဟုတ္တယ္။"
ယြမ္ေ႐ြ႕က ျပန္ေျဖလာၿပီး သူ႔မ်က္လုံးေတြက မႀကဳံစဖူး စိတ္လႈပ္ရွားကာ ေက်နပ္ေနသည့္ မရိပ္အေယာင္ေလးကို ျပေနသည္။
မေန႔ညက ယြမ္ဖုကြမ္ ႏွင့္ ယြမ္ေ႐ြ႕ တို႔ သားအဖသည္ မႀကဳံစဖူး ျပန္လည္သင့္ျမတ္သြားၾကၿပီး၊ (ယြမ္ဖုကြမ္)က သူ႔ကို ယြမ္ေက်ာက္စိမ္းဒီဇိုင္းလုပ္ငန္း တြင္ ပါဝင္ခြင့္ေပးဖို႔ သေဘာတူလာခဲ့သည္။
သို႔ေသာ္လည္း ယြမ္ဖုကြမ္မွာ ေနာက္တစ္ႀကိမ္ ယြမ္ေ႐ြ႕လွည့္စားတာမွ တားဆီးရန္ ယြမ္ေ႐ြ႕ရဲ႕ဘဏ္ကတ္ကိုေတာ့ ပိတ္ထားဆဲပင္။ လစာ ရရွိရန္အတြက္ "ႀကိဳးစားအားထုတ္ဖို႔" ကိုသာ ေျပာခဲ့သည္။
သူ႔ကိုအသုံးမက်လို႔ အၿမဲတမ္း ႀကိမ္းေမာင္းေနသည့္ ယြမ္ဖုကြမ္က ေနာက္ဆုံးေတာ့ ေက်ာက္စိမ္းထြင္းျခင္းအျပင္ တျခားအလုပ္ကိုပါ ေပးခဲ့သည္။ ဒါကေတာ့ သူအရင္က ေ႐ြးခ်ယ္ခဲ့တဲ့ ေက်ာက္စိမ္းဒီဇိုင္းပင္။
ဒါေၾကာင့္မို႔ ယြမ္ေ႐ြ႕က ဒီအေျခအေနကို ႏွစ္ခါမစဥ္းစားေတာ့ဘဲ သေဘာတူခဲ့သည္။
သူ အရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ တစ္ညလုံးအိပ္မေပ်ာ္ႏိုင္ခဲ့။ ေန႔လည္ ၃ နာရီမွာ အစည္းအေဝးက်င္းပေတာ့မယ္ဆိုတာ သိလိုက္ရေတာ့ သူဒီအနီးနားကို အေျပးအလႊားေရာက္လာၿပီး ေန႔လည္စာစားၿပီး ေစာင့္ေနလိုက္သည္။
သူစိတ္လႈပ္ရွာေနတာကို အျခားသူေတြမျမင္ေစရန္ သူက ယြမ္ေက်ာက္စိမ္းစတူဒီယို တည္ရွိရာ အေဆာက္အအုံသို႔ မဝင္ေရာက္မီ ရွီယြင္နန္ ႏွင့္ ေတြ႕ဆုံႏိုင္ရန္၊ ယခုအခ်ိန္အထိ တမင္တကာေစာင့္ဆိုင္းေနခဲ့တာပင္။
ရွီယြင္နန္ ထိုသူစိတ္လႈပ္ရွားေနတာကို မျမင္ခ်င္ေယာင္ေဆာင္ေနေသာ္လည္း ထိုသူ႔အား မစဘဲေနဖို႔ကေတာ့ ခဲယဥ္းလွသည္။
"သခင္ေလးယြမ္၊ ဖိုက္တင္း။"
"ဒါေပါ့၊ဒါေပါ့"
ယြမ္ေ႐ြ႕က သူ႔ကိုယ္သူ ေဖာ္မိေနမွာ စိုးရိမ္တာေၾကာင့္ တမင္တကာ ေခ်ာင္းႏွစ္ခါဟန္႔လိုက္ေသးသည္။
အသံကို တုံ႔ျပန္သလိုမ်ိဳး ဓာတ္ေလွကားတံခါးသည္လည္းပြင့္လာ၏။
လုေက်ာက္အန္းက တစ္ထပ္လုံးကို ေက်ာက္စိမ္းဒီဇိုင္းစတူဒီယိုအျဖစ္ ငွါးရမ္းထားၿပီး၊ ဓါတ္ေလွကားမွ ဆင္းသည္ႏွင့္တၿပိဳင္နက္ ႐ုံးခန္းေလာ္ဘီကို ေဖာက္ထြင္းျမင္ရသည့္ မွန္ခ်ပ္ႀကီးမွတဆင့္ ျမင္လိုက္ရသည္။
လုေက်ာက္အန္းရဲ႕ အရပ္ရွည္ရွည္ သြယ္လ်ေသာပုံသဏၭာန္ကို ျမင္လိုက္ရေတာ့ ယြမ္ေ႐ြ႕ မသိစိတ္မွ ေခတၱရပ္သြားမိ၏။ "ရွီယြင္နန္"
"ဘာျဖစ္လို႔လဲ?" ေရွ႕ကေလွ်ာက္လာတဲ့ ရွီယြင္နန္က လွည့္ေမးလိုက္သည္။
ယြမ္ေ႐ြ႕က လုေက်ာက္အန္းကို မ်က္လုံးေထာင့္မွ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႔ရဲ႕ပါးစပ္ကို ဖုံးကာ "အဲဒီေန႔က ငါ မူးၿပီး စကားေတြ အမ်ားႀကီး ေျပာမိတယ္။ မင္း ငါ့ကို လွ်ိဳ႕ဝွက္ထားေပးဖို႔ ကူညီေပးႏိုင္မလား? အနည္းဆုံးေတာ့ ငါ့မိသားစု မသိေစနဲ႔။"
ယြမ္ေ႐ြ႕က သူ႔နားတိုးကပ္လာၿပီး ရွားရွားပါးပါး အသံတိုးတိုးေလးျဖင့္ေျပာလာသည္။ "ေက်းဇူးျပဳၿပီး ငါမင္းကို အေႂကြးတင္ေနတယ္လို႔ သေဘာထားလိုက္ပါ။ ငါ ေနာက္တစ္ခါၾက ျပန္ဆပ္ပါ့မယ္။"
ရွီယြင္နန္က ထိုအျဖစ္အပ်က္ကို ေသေသခ်ာခ်ာ သတိထားမိသြားၿပီး မ်က္ခုံးပင့္ကာ "စိတ္မပူနဲ႔။ ငါ တျခားသူေတြရဲ႕ ကိစၥေတြမွာ ဝင္ပါရတာကို မႀကိဳက္ဘူး။ မေန႔ညက မင္းေျပာခဲ့တာကိုေတာင္ ေမ့သြားၿပီ။"
စကားရဲ႕ ဒုတိယတစ္ဝက္မွာ ေသခ်ာေပါက္ ယြမ္ေ႐ြ႕အတြက္ တမင္တကာ ေျပာေနမွန္း သိသာေလသည္။
ယြမ္ေ႐ြ႕ စိတ္သက္သာရာရစြာသက္ျပင္းခ်ကာ ေျပာလိုက္သည္။ "ေက်းဇူးပါ။"
ရွီယူနန္အေပၚ ႏွစ္ခါသုံးခါေလာက္ နားလည္ေပးၿပီးေနာက္၊သူ သူ႔(ရွီယြင္နန္)ရဲ႕စကားေတြကို လုံး၀ ယုံၾကည္ႏိုင္ေလၿပီ။
ရွီယြင္နန္က ရယ္စရာေကာင္းတဲ့ အၿပဳံးေလးကိုႏႈတ္ခမ္းေပၚတြင္ခ်ိတ္ဆြဲလိုက္၏။ ဒီေကာင္ေလးယြမ္ေ႐ြ႕က သူ႔ကို "ေက်းဇူးပါ" လို႔ေျပာရတာကို ပိုပိုၿပီးသေဘာက်လာမွန္း သူနားလည္သြားၿပီ။ ဒီလူက သူတို႔ပထမဆုံးေတြ႕ဆုံ တုန္းကနဲ႔ လုံးဝမတူေတာ့။ သူက ယဥ္ေက်းတဲ့စံျပလူငယ္ေလးတစ္ေယာက္ နီးပါးေတာင္ ျဖစ္လုနီးပါးပဲ။
"ေကာင္းၿပီ၊သြားၾကရေအာင္။"
ရွီယြင္နန္က ထိုစကားလုံးေတြကိုေျပာၿပီးေနာက္ စတူဒီယိုထဲသို႔ အရင္ဝင္သြားလိုက္သည္။
ယြမ္ေ႐ြ႕ကေတာ့ ထိုတစ္ေနရာတည္းမွာပင္ စကၠန႔္အနည္းငယ္ၾကာေအာင္ရပ္ေနမိၿပီး လုေက်ာက္အန္းႏွင့္ စတူဒီယိုထဲရွိ အျခားေသာဒီဇိုင္နာမ်ားကို မွန္ကတဆင့္ ၾကည့္လိုက္သည္။ ေက်ာက္စိမ္း ထြင္းတာကို စြန႔္လႊတ္ၿပီးေနာက္ပိုင္း အခုအႀကိမ္က သူအတြက္ေတာ့ညပထမဆုံးအႀကိမ္စိတ္အားထက္သန္မႈ အျပည့္ေနျခင္းပင္။
ဟုတ္ၿပီ!
သူ႔မွာ သူ႔မိသားစုရဲ႕ လုပ္ငန္းေတြမွာ ပါဝင္ဖို႔ အခြင့္အေရးရွိတုန္းပဲ၊ ၿပီးေတာ့ အဲဒီလူရဲ႕အနားမွာ ရွိေနဖို႔လည္း အခြင့္အေရးရ ေနတုန္းပဲ။
ယြမ္ေ႐ြ႕ သူ႔ႏႈတ္ခမ္းေထာင့္ရွိ အၿပဳံးကို ထိန္းထားၿပီး ေလးနက္ေသာအၾကည့္ျဖင့္ ဒီဇိုင္းစတူဒီယိုထဲသို႔ ဝင္သြားလိုက္ေလသည္။
...
လုေက်ာက္အန္းက ရွီယြင္နန္ ႏွင့္ ယြမ္ေ႐ြ႕ တို႔ကို ဒီဇိုင္းေရးဆြဲရာတြင္ ပူးေပါင္းပါဝင္ရန္ ဖိတ္ၾကားထားျခင္းအျပင္၊ အမ်ိဳးသား သုံးဦးႏွင့္ အမ်ိဳးသမီး သုံးဦးဖျဖစ္တဲ့ အျခားဒီဇိုင္နာ ေျခာက္ေယာက္ကိုပါ ဖိတ္ၾကားထားသည္။ တစ္ဝက္မွာ ငယ္႐ြယ္ၿပီး ေခတ္မွီတဲ့ ဒီဇိုင္နာမ်ားျဖစ္ၿပီး က်န္တစ္ဝက္မွာ အေတြ႕အႀကဳံရွိ ဒီဇိုင္နာမ်ားျဖစ္ၾက၏။
ဤသည္မွာ ရွီယြင္နန္အတြက္ေတာ့ ပထမဆုံးအႀကိမ္ အျဖစ္ အျခားဒီဇိုင္းနာ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ေတြ႕ဆုံျခင္းပင္။ ယဥ္ေက်းၾကသည့္အျပင္ လွ်ိဳ႕ဝွက္ဝွက္ အၾကည့္မ်ားျဖင့္ပါ သူတို႔ကၾကည့္ေနၾကသည္။
စတူဒီယိုကို အခ်ိန္မီေရာက္လာတဲ့ ယြမ္ေ႐ြ႕ကိုျမင္ေတာ့ လုေက်ာက္အန္းက"ေခါင္းေဆာင္" အျဖစ္ သူ႔ပါးစပ္ကိုမဖြင့္ခင္ သက္ျပင္းတစ္ခ်က္ခ်လိုက္ေသးသည္။ "လူတိုင္းေရာက္ေနၿပီဆိုမွ ေတာ့ အစည္းအေဝးခန္းမွာ သြားထိုင္ၾကတာေပါ့။"
"ဒီေန႔၊ ကြၽန္ေတာ္ ေၾကျငာခ်က္သုံးခုေျပာဖို႔ရွိပါတယ္၊ ဒါေပမယ့္ မိနစ္အနည္းငယ္ထက္ ပိုမယူပါဘူး"
"ေကာင္းပါၿပီ" "ျပသာနာမရွိပါဘူး"
ရွီယြင္နန္က အျခားသူမ်ားရဲ႕အေျဖကို ၾကားကာ အဆုံးတြင္ တိတ္တဆိတ္ ေနလိုက္သည္။ သူက တျခားသူေတြနဲ႔ လိုတာထက္ပိုဆက္ဆံရတာကိုမႀကိဳက္။ သူ အစည္းအေဝးခန္းထဲကို ဝင္လိုက္တာနဲ႔လုေက်ာက္အန္းအသံကို ၾကားလိုက္ရသည္။ "မစၥတာရွီ၊ ဘာလို႔ ဒီမွာ မထိုင္တာလဲ။"
လုေက်ာက္အန္းက အစည္းအေဝးခန္းထဲရွိ ဒုတိယခုံကို ရည္ၫႊန္းေနျခင္းပင္။
သာမန္ေနရာတစ္ခုမွ်သာျဖစ္ေသာ္လည္း အျခားဒီဇိုင္နာမ်ားရဲ႕အျမင္မွာေတာ့ ဒါက ဒီဇိုင္းစတူဒီယိုရွိ "ဒုတိယအေကာင္းဆုံးထိုင္ခုံ" ကို ကိုယ္စားျပဳေလသည္။
ဒီဇိုင္နာေတြထဲက တစ္ေယာက္ျဖစ္တဲ့ ယန္စန္းဆိုတဲ့လူမွာ ဒီစကားၾကားၾကားခ်င္း ဒုတိယထိုင္ခုံကို ဆြဲထုတ္လိုက္ၿပီး မ်က္ႏွာတည္တည္ၿငိမ္ၿငိမ္ျဖင့္ ေျခလွမ္းတစ္ဝက္ ေနာက္ျပန္ဆုတ္ၿပီး ရွီယြင္နန္ကို ေပးလိုက္သည္။
"ေက်းဇူးျပဳၿပီး ထိုင္ပါ။"
မၾကာခင္တြင္၊ ယန္စန္းက low-key အမူအရာရွိသည့္ ရွီယြင္နန္ရဲ႕ မရင္းႏွီးမႏွီး မ်က္ႏွာကိုၾကည့္ရင္း အနီးနားရွိ လစ္လပ္ေသာခုံတြင္ ဝင္ထိုင္လိုက္သည္။
သူ ဒီေက်ာက္စိမ္းဒီဇိုင္းနယ္ပယ္မွာ ဆယ့္ငါးႏွစ္ၾကာေနခဲ့ေပမယ့္ "ရွီယြင္နန္" ဆိုတဲ့ နာမည္ကို အရင္က တစ္ခါမွ မၾကားဖူးဘူး။
အျခားသူေတြနဲ႔ ယွဥ္ရင္ သူကသာ လုပ္သက္ႏွင့္ လက္ေတြ႕စြမ္းေဆာင္ရည္အရ ယြမ္ေက်ာက္စိမ္းစတူဒီယိုရဲ႕ ေခါင္းေဆာင္ျဖစ္သင့္တာ။
ဒါေပမယ့္ လုေက်ာက္အန္းက တာဝန္ယူၿပီး လူသိနည္းတဲ့ ရွီယြင္နန္ကို အစားထိုးခဲ့တယ္။ သူမေက်နပ္မျဖစ္ဘူးေျပာရင္ လိမ္ရာၾကမွာေပါ့။
ရွီယြင္နန္က ယန္စန္းရဲ႕စစ္ေဆးေနျခင္းကို မျမင္ေယာင္ေဆာင္ကာ လြယ္လင့္တကူဝင္ထိုင္လိုက္သည္။အမွန္ေတာ့ သူတြင္လည္း ခြန္အားျပတ္လက္မေနေခ်။
လုေက်ာက္အန္းက ယဥ္ေက်းသိမ္ေမြ႕စြာ ေျပာဆိုတတ္သူမဟုတ္။ ႐ိုး႐ိုးရွင္းရွင္း အဖြင့္အမွာစကားႏွင့္ ဒီဇိုင္နာမ်ားရဲ႕ အမည္မ်ားကို မိတ္ဆက္ၿပီးေနာက္၊ သူသည္ လိုအပ္သည့္ကိစၥကို တန္းေျပာလာသည္။
"ဒီေန႔မွာေတာ့ ယြမ္မိသားစုကိုယ္စား အေရးႀကီးတဲ့ အခ်က္သုံးခ်က္ကို အဓိကေျပာခ်င္ပါတယ္။"
"ယြမ္ နဲ႔ ဒီေနရာကလူတိုင္း ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ လြတ္လပ္မႈအမ်ားႀကီးရွိေပမယ့္၊ ကိစြေတြအားလုံးေျပာၿပီးတဲ့အခါက်ရင္၊ စတူဒီယိုဖြင့္ၿပီးတာနဲ႔ လူတိုင္း ရံဖန္ရံခါ ဆက္သြယ္မႈေတြမွာအဆင္ေျပဖို႔ ဒီဇိုင္နာခ်ဳပ္တစ္ေယာက္ထားရွိရမယ္။"
လူအုပ္က ဒါကိုၾကားသည္ႏွင့္ ေခါင္းညိတ္လိုက္ၾကသည္။
"ဒါက ပထမအခ်က္" လုေက်ာက္အန္းက ရွီယြင္နန္ကို စူးစူးစိုက္စိုက္ၾကည့္ကာ တည္ၿငိမ္စြာေျပာလိုက္သည္။ "ယြမ္မိသားစုက မစၥတာရွီယြင္နန္ကို ဒီရာထူးမွာ ယာယီတာဝန္ယူခြင့္ျပဳဖို႔ ဆုံးျဖတ္လိုက္တယ္။ မစၥတာရွီနဲ႔ ဒီမွာရွိတဲ့သူတိုင္း ဒါကို ဘယ္လိုထင္ၾကလဲ?"
ရွီယြင္နန္ အံ့ၾသစြာျဖင့္ မ်က္ခုံးပင့္လိုက္မိသည္။ လြန္ခဲ့တဲ့ မိနစ္ဝက္ေလာက္ကပင္ လုေက်ာက္အန္းႏွင့္ ယြမ္မိသားစုမွာ ဒီလိုအေတြးမ်ိဳး ရွိေနလိမ့္မယ္လို႔ သူမသိခဲ့။
ေမးခံလိုက္ရတဲ့ ရွီယြင္နန္ဘာမွမေျပာမီ အျခားေသာ ဒီဇိုင္နာေျခာက္ဦးက ၎တို႔အခ်င္းခ်င္းတိတ္တဆိတ္ ေဆြးေႏြးေနၾကသည္။
အဆုံးမွာေတာ့ ယန္စန္းက အဖြဲ႕ရဲ႕ကိုယ္စားထုတ္ေမးလာသည္။ "ကြၽန္ေတာ္ရဲ႕ မသိနားမလည္မႈကို ခြင့္လႊတ္ပါ။ မစၥတာရွီရဲ႕ယခင္လက္ရာေတြကဘယ္မွာလဲ။ေက်ာက္စိမ္းအသိုင္းအဝိုင္းတို႔၊ ေလလံအိမ္ေတြနဲ႔ေကာ အဆက္အသြယ္ရွိပါသလား?"
ယြမ္ေက်ာက္စိမ္းဒီဇိုင္းက လမ္းေၾကာင္းႏွစ္ေၾကာင္းရွိတယ္။
တစ္ခုက အသစ္၊ လူႀကိဳက္မ်ားတဲ့ လမ္းေၾကာင္းျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ဇိမ္ခံ၊ တန္ဖိုးႀကီးတဲ့ လမ္းေၾကာင္းျဖစ္သည္။
အရင္က အြန္လိုင္းႏွင့္ ေအာ့ဖ္လိုင္း အေရာင္းဆိုင္မ်ားရဲ႕ ပ႐ိုမိုးရွင္းေပၚတြင္သာ မွီခိုခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေလလံအိမ္မ်ား၊ ထင္ရွားေက်ာ္ၾကားတဲ့ ပုဂၢိဳလ္မ်ားရဲ႕ အဆက္အသြယ္မ်ားျဖင့္ ေရာင္းခ်ရန္ ပိုမိုအားကိုးခဲ့သည္။
ရွီယြင္နန္ အနည္းငယ္ ၿပဳံးကာ ေျပာလိုက္သည္။ "ကြၽန္ေတာ္ အရင္က ႏိုင္ငံျခားမွာ ေနခဲ့ၿပီး အမ်ားစုကေတာ့ စိန္လက္ဝတ္ရတနာ ဒီဇိုင္းနဲ႔ လုပ္ခဲ့တယ္။ ျပည္တြင္းလက္ရာေတြအေၾကာင္းေျပာရင္ စိတ္မေကာင္းပါဘူး၊ ဒါေပမယ့္ အခုအခ်ိန္မွာ တကယ္မသိေသးပါဘူး။"
သူ႔ေလသံက မာနႀကီးသည္လည္းမဟုတ္၊ ႏွိမ့္ခ်သည္လည္းမဟုတ္ ျဖစ္ေနၿပီး ရွိေနသူမ်ားထံမွ ေနာက္ထပ္ေမးခြန္းမ်ားကို ဖိတ္ေခၚေနသည္။
"ဒီဇိုင္နာခ်ဳပ္" ရာထူးက ဒီေလာက္အေရးႀကီးမယ္လို႔ ရွီယြင္နန္မထင္ခဲ့။
ေနာက္ဆုံးတြင္၊ တာဝန္ရွိသည့္ပုဂၢိဳလ္သည္ ဒီဇိုင္းမ်ားျပႆနာမ်ားရွိေသာအခါတြင္သာ ေရွ႕သို႔ထြက္ရန္ လိုအပ္သည္။ လက္ရွိ ဒီဇိုင္နာမ်ားအားလုံး လက္မွတ္ေရးထိုးထားသည့္ ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္မ်ားကေတာ့ တန္းတူညီတူပင္။
"မစၥတာရွီက ႏွိမ့္ခ်လြန္းေနပါၿပီ။ လုံမိသားကာဗာဒီဇိုင္းက ဒီအသိုင္းအဝိုင္းထဲမွာေတာ့ ေတာ္ေတာ္ေလး နာမည္ႀကီးပါတယ္။" လုေက်ာက္အန္းက ရွီယြင္နန္ အတြက္ စကားတစ္ေၾကာင္း ေပါင္းထည့္ေပးလိုက္သည္။
ဒါေပါ့၊ ရွီယြင္နန္ရဲ႕ ခ်မ္းသာႂကြယ္ဝတဲ့ အေထာက္အထားနဲ႔ ပတ္သက္ၿပီးေတာ့ သူ အျပင္လူေတြကို တမင္တကာ ထုတ္မေျပာလိုက္ေတာ့။
လုေက်ာက္အန္းက ထိုစကားတစ္ေၾကာင္းကို ထည့္လိုက္သည္ႏွင့္ ယန္စန္းႏွင့္ အျခားဒီဇိုင္နာမ်ားမွာ အနည္းငယ္ ၿငိမ္က်သြားသည္။
ေနာက္ဆုံးေတာ့ ေက်ာက္စိမ္းပုတီးေစ့မ်ားပါ၀င္သည့္ လုံဒီဇိုင္းမွာ ၿပီးခဲ့တဲ့အေတာအတြင္း၊ လူႀကိဳက္မ်ားမႈလႈိင္းလုံးမ်ားျဖင့္ ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ဒီနယ္ပယ္ထဲရွိ စက္႐ုံအမ်ားစုနဲ႔ပါ ရင္ေဘာင္တန္းႏိုင္ခဲ့သည္။
ေက်ာက္စိမ္းဒီဇိုင္နာမ်ား အေနႏွင့္ ထိုအေၾကာင္းကို အေသအခ်ာၾကားသိခဲ့ၾကၿပီးေလၿပီ။
ဒါေပမယ့္ ရွီယြင္နန္က အရမ္းငယ္တဲ့ပုံပဲေလ။ ေအာင္ျမင္သြားတဲ့ ဒီဇိုင္းဆိုတာ ကံေကာင္းမႈသက္သက္ပဲ! သူ႔ရဲ႕ အားထုတ္မႈအျပည့္ကို ဘယ္လိုလုပ္ကိုယ္စားျပဳႏိုင္မလဲ?
ဒါက အရမ္းကို အေလးမထားသလိုျဖစ္လြန္းတယ္!
အျခားဒီဇိုင္နာေျခာက္ေယာက္ကေတာ့ သေဘာမတူေပမယ့္ ေကာင္းမြန္တဲ့စိတ္နဲ႔ လူေကာင္းပုံစံသာ ျပသခ်င္တာေၾကာင့္ ဘယ္သူကမွ ဆန႔္က်င္တဲ့စကားေတြကို အရင္ေျပာဖို႔ ဆႏၵမရွိၾက။
လုေက်ာက္အန္းက ဆက္ေမးလာသည္ "မစၥတာရွီ၊ ဘယ္လိုထင္လဲ?"
ရွီယြင္နန္က ပတ္ဝန္းက်င္မွ စုစည္းေနတဲ့ လွ်ိဳ႕ဝွက္ "မထီမဲ့ျမင္ျပဳျခင္း" ကို ခံစားလိုက္မိ၏။ ဘာပဲျဖစ္ျဖစ္ ဒီရာထူးက လြတ္ေနတာပဲေလ။ ဒါဆို သူဘာေၾကာင့္ မယူရမွာလဲ?
သူက ႏႈတ္ခမ္းကို အနည္းငယ္ ျမင့္လိုက္ကာ "အားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္လက္ခံႏိုင္ပါတယ္။"
ရွီယြင္နန္ကေတာ့ သူ႔ကိုယ္အတြင္းမွာ မေကာင္းတဲ့အ႐ိုးေတြ(မေကာင္းေသာအတြင္းစိတ္)ရွိေၾကာင္း တစ္ခါမွ ျငင္းခဲ့သူမဟုတ္။
အျခားသူမ်ားက သူ႔အေပၚ မေက်နပ္ျပ မနာလိုျပ ေလေလ၊ သူ႔အတြက္ေတာ့ အႏိုင္အရႈံးအတြက္ လွ်ိဳ႕ဝွက္ဝွက္ တိုက္ပြဲဝင္ခ်င္ေလေလပဲ။
ဒါကိုဘယ္လိုေျပာရမလဲ? သူကို ရန္မလုပ္ႏိုင္ဘဲ မခံမရပ္ႏိုင္ျဖစ္တဲ့သူေတြကို ျမင္ရတာသေဘာက်တယ္။
သူ႔အသံတိတ္သြားသည္ႏွင့္ တၿပိဳင္နက္ အစည္းအေဝးခန္းထဲတြင္ က်ယ္ေလာင္ေသာအသံတစ္ခု ထြက္ေပၚလာသည္-
"ကြၽန္ေတာ္လည္း ဘယ္လိုမွ မေနဘူး!"
လူတိုင္းအသံလာရာဆီသို႔ ၾကည့္လိုက္ရာ အဆုံးတြင္ ထိုင္ေနသည့္ ယြမ္ေ႐ြ႕ထံမွ စိတ္လႈပ္တရွားနဲ႔ အသံထြက္ေပၚလာသည္ကို ေတြ႕လိုက္ရသည္။
ယြမ္ေ႐ြ႕က ရွီယြင္နန္နဲ႔ အၾကည့္ခ်င္းဆုံသြားၿပီး၊ သူ႔႐ိုးသားမႈကိုျပသရန္အတြက္ စိတ္ႏွလုံးသားထဲကေနလက္ခုပ္တီးရင္း၊ အျခားဒီဇိုင္နာမ်ားရဲ႕ သံသယအၾကည့္မ်ားႏွင့္ မေက်မနပ္အၾကည့္ကို လုံးဝလ်စ္လ်ဴရႈထားသည္။
ဒီမွာရွိတဲ့ ဒီဇိုင္နာေတြထဲ၊ ရွီယြင္နန္က သာလွ်င္ သူသိေသာ ဒီဇိုင္နာပင္။ ရင္းႏွီးကြၽမ္းဝင္တဲ့အဆင့္ကေနဆို သူေသခ်ာေပါက္ ရွီယြင္နန္ကိုသာ ေ႐ြးမိမွာပဲ။
"မစၥတာလု၊သူကဘယ္သူလဲ?" တျခား ဒီဇိုင္နာတစ္ေယာက္ကေမးလာေတာ့
လုေက်ာက္အန္း ျပန္ေျဖလိုက္သည္။ "ဒါက ကြၽန္ေတာ္ ေျပာခ်င္တဲ့ ဒုတိယအခ်က္ပါ။ ဒီေန႔ကစၿပီး ယြမ္ေ႐ြ႕က ကြၽန္ေတာ့္ရာထူးကို တာဝန္ယူၿပီး ယြမ္ေက်ာက္စိမ္းဒီဇိုင္စတူဒီယိုရဲ႕တာဝန္ခံျဖစ္လာလိမ့္မယ္။"
ဤသည္မွာ သူႏွင့္ ယြမ္ဖုကြမ္တို႔ တညီတၫြတ္တည္း ညႇိႏႈိင္းခဲ့သည့္ ရလဒ္ျဖစ္သည္။
ယြမ္ေ႐ြ႕မ်ိဳး႐ိုးအမည္ကို လူတိုင္းၾကားလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ သူတို႔က တစ္ဖက္လူရဲ႕ အေထာက္အထားကို နားလည္သြားၾကၿပီး သူတို႔မွာ ခ်က္ျခင္းပင္ ဘယ္လိုသေဘာထားမွမရွိေတာ့။
"အရင္က ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါ အေၾကာင္းအရာေတြက အတူတူပဲဆိုေတာ့ စိတ္ခ်ပါ။ ဒီဇိုင္းမူၾကမ္းကို ေပးအပ္ဖို႔ မင္းတို႔မွာ တာဝန္ရွိသလို၊ ယြမ္ကေတာ့ ပစၥည္းေတြ ပံ့ပိုးဖို႔ နဲ႔စီမံေဆာင္႐ြက္ေပးဖို႔ တာဝန္ရွိတယ္။ ေနာက္ဆက္တြဲအက်ိဳးအျမတ္ကို စာခ်ဳပ္အရ ခြဲေဝေပးမွာပါ။"
"ယြမ္ေ႐ြ႕ နဲ႔ ကြၽန္ေတာ္က ဒီဇိုင္းဆြဲၿပီးေနာက္ ကိစၥေတြအားလုံးကို တာဝန္ယူမယ္။ ဒါက မင္းတို႔ရဲ႕ဒီဇိုင္းစြမ္းေဆာင္ရည္ကို ထိခိုက္မွာမဟုတ္ပါဘူး"
"ဟုတ္တာေပါ့၊ မင္းတို႔ရဲ႕ ဒီဇိုင္းအားလုံးလည္း ဒီစံနမူနာမ်ဥ္းအတိုင္း လိုက္နာဖို႔ ငါေမွ်ာ္လင့္ေနတုန္းပဲ။ ဒါအျပင္ အနာဂတ္မွာမလိုလားအပ္တဲ့ ျပႆနာေတြ ႀကဳံေတြ႕လာရင္၊ ယြမ္မိသားစုႏွင့္ မစၥတာရွီတို႔က မင္းတို႔အတြက္ ေျဖရွင္းေပးဖို႔ ေဆာင္႐ြက္ပါလိမ့္မယ္။"
ယန္စန္းႏွင့္ အျခားသူေတြ ဒါကိုၾကားတဲ့အခါမွာေတာ့ သူတို႔ေတြ ပထမႏွစ္ခ်က္ကို လိုက္ေလ်ာလို႔ရေပသည္။ ဒီ "ဒီဇိုင္းလုပ္ငန္း"က သူတို႔အတြက္ အမွန္တကယ္ပင္ အရႈံးမရွိ။
လူအုပ္ထဲက ရွီယြင္နန္ကေတာ့ တစ္ခုခုမွားေနေၾကာင္း သတိျပဳမိသြားသည္။ သူ႔မ်က္လုံးမ်ားက သံယမ်ားျဖင္ၾကည့္လာၿပီး သူကေမးလိုက္သည္။
"မစၥ၊တာလု၊ ယြမ္ေ႐ြ႕က ခင္ဗ်ားရာထူးကိုယူမယ္လို႔ ေျပာေနတာလား? ကူညီမယ့္အစားေလ?"
"ဒါဆို ခင္ဗ်ားကေကာ?"
ဒီေမးခြန္းေၾကာင့္ လူေတြ မသိစိတ္ကေန တုံ႔ျပန္လာသည္။
အဆုံးတြင္ထိုင္ေနသည့္ ယြမ္ေ႐ြ႕ေတာင္ တခဏမွ် ထိတ္လန႔္သြားၿပီး ပင္မထိုင္ခုံရွိ လုေက်ာက္အန္းကို စူးစူးစိုက္စိုက္ၾကည့္လိုက္မိသည္။
လုေက်ာက္အန္းက ခဏမွ် တိတ္ဆိတ္သြားကာ ဆက္ေျပာလာသည္။ "ဒါက တတိယေျမာက္ေျပာခ်င္တဲ့ စကားပါ။ အခုကစၿပီး ယြမ္ေက်ာက္စိမ္းစတူဒီယိုအျပင္ ယြမ္စီမံခန႔္ခြဲေရးကေန ကြၽန္ေတာ္ ႏုတ္ထြက္ေတာ့မွာပါ။ လူတိုင္း အရင္က သေဘာတူညီခ်က္ကို လိုက္နာႏိုင္ၿပီး ယြမ္မိသားစုႏွင့္ လက္တြဲလုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"
"....."
ခဏေလာက္ လူတိုင္းတိတ္ဆိတ္သြားၾကေတာ့သည္။
ရွီယြင္နန္ ယြမ္ေ႐ြ႕ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ထို႔သူရဲ႕ ၿပဳံးေနေသာႏႈတ္ခမ္းေလးေတြမွာ ခ်က္ခ်င္းေအးခဲသြားသည္ကို ျမင္လိုက္ရသည္။
ရွီယြင္နန္က လုေက်ာက္အန္းရဲ႕မ်က္ႏွာဆီ တစ္ဖန္ျပန္လွည့္ၾကည့္ၿပီးေနာက္ ႏွစ္စကၠန႔္အတြင္း သေဘာေပါက္လိုက္သည္-
အဲ့ဒါေၾကာင့္ သူ႔အိမ္မက္ထဲက မူရင္းဝတၳဳမွာ ယြမ္ေ႐ြ႕နဲ႔ ရွီးခဲ့ယြဲ႕တို႔ ေက်ာက္စိမ္းဒီဇိုင္း ေရာင္းခ်တာမွာ ဘယ္ေလာက္ေကာင္းေကာင္း လုပ္ခဲ့လုပ္ခဲ့၊ လုေက်ာက္အန္းက တစ္ခါမွ ေပၚမလာတာကိုး။
အရာအားလုံး တရားဝင္မစတင္အခ်ိန္ကတည္းက လုေက်ာက္အန္းက သူ႔ဆႏၵအေလ်ာက္ ႏႈတ္ထြက္ဖို႔ ေ႐ြးခ်ယ္ခဲ့တာပဲ။
Translator- aiur_de_yanyan
Editor- Roro