မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
By ma_roses_are_blue
86.5K 10.3K 163
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၆၈)
595 80 2
By ma_roses_are_blue
သူမ တုန်ရီနေတာကို သတိထားမိ‌သွားတဲ့ လုရှန်က သူမကို တင်းကြပ်စွာဖက်ထားလေသည်
"အေးနေတာလား အခန်းဆီ ပြန်သွားရအောင်"
သူမက သူ့ကိုကိုင်ထားပြီး ဧည့်ခန်းတံခါးကို ကြည့်ရင်း ဝေးဝေးကိုလျှောက်သွားလေသည်
ဒါက သူမကို ကယ်တင်ပေးနိုင်မဲ့တစ်ခုထဲသော အရာတစ်ခုလိုပင်
* * *
သူမအဖေနဲ့ ဧကရာဇ်က စံအိမ်ကနေ ချက်ချင်းထွက်ခွာသွားလေသည် လုရှန်က သူတို့ကို တစ်ညတောင် နေခွင့်မပေးတာကြောင့်ဖြစ်သည်
သူမက ပြတင်းပေါက်ဘေးမှာရပ်နေခဲ့ပြီး သူမအဖေထွက်ခွာသွားတာကို ကြည့်နေ‌မိသည် စံအိမ်ကမထွက်ခွာခင် သူမအဖေက သူမကိုရှာဖွေသလိုပုံစံ‌နှင့် အနောက်ကိုလှည့်ကြည့်လာခဲ့သည် ပြတင်းပေါက်ကို ဖွင့်ပြီး သူမအော်ဟစ်ချင်မိသည်
'သမီးကိုပါ ခေါ်သွားပါ'
ဒါပေမဲ့ သူမအနောက်ကနေ အသံတစ်ခုကို ကြားလိုက်ရတဲ့အခါ နှုတ်ခမ်းကိုကိုက်လိုက်မိသည်
"ဘယ်သူ့ကို ကြည့်နေတာလဲ နေးရား"
သူ၏ နွမ်းချိနေတဲ့အသံထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခုပါ၀င်နေလေသည်
ပြတင်းပေါက်ကနေ အကြည့်လွှဲလိုက်ပြီး ခေါင်းခါပြလိုက်လေသည်
"ကျွန်မ ဘယ်သူကိုမှ ကြည့်နေတာမဟုတ်ပါဘူး ဒီတိုင်း အပြင်ကိုကြည့်နေတာ နှင်းကျတဲ့ပမာဏကိုကြည့်ပြီး အံဩနေတာ"
"အာ"
လုရှန်က ခေါင်းညိမ့်ပြီး သူမဆီချဉ်းကပ်လာသည် ကံကောင်းစွာနဲ့ သူမအဖေနဲ့ ဧကရာဇ်တို့က မြင်ကွင်းမှာမရှိတော့ပေ သူမမြင်ရတာအားလုံးက အဖြူရောင်နှင်းတွေပင်
လုရှန်က သူမကို လက်မောင်းတွေကြားထဲထည့်ပြီး ‌တိုးတိုးလေးပြောလေသည်
"ဒီဧရိယာက နေ့တိုင်းနီးပါး နှင်းပဲကျတဲ့ မဖြစ်ထွန်းတဲ့မြေနေရာတစ်ခုပဲ ဘယ်သူမှဒီနေရာကိုမလိုချင်ကြဘူး ဘယ်သူမှလဲ ဂရုမစိုက်ကြဘူး ဒါကြောင့်လဲ ကိုယ်ဒီလိုနေရာကို လက်ခံခဲ့တာပေါ့"
“………”
"စွန့်ပစ်ထားတယ်လို့ပြောကြပေမဲ့ ကိုယ်ကတော့ ဒီနေရာကိုကြိုက်တယ် တိတ်ဆိတ်ပြီး အဖြူရောင်တွေနဲ့လှပနေတာ မင်းရောဘယ်လိုထင်လဲ နေးရား"
'ကျွန်မကတော့ ထွက်ပဲပြေးချင်တယ်'
"ဘာကိုလဲ"
အဖြေကိုမေးနေတဲ့ လုရှန်ကို သူမပြောလိုက်သည်
“ကျွန်မ‌ရောပဲ”
ရှက်ကိုးရှက်ကန်းမျက်နှာနှင့် မရိုးသားစွာဖြေလိုက်သည်
သို့သော်လည်း လုရှန်က သဘောကျစွာပြုံးလေသည်
"ဒီနေ့ကနေစပြီး ကိုယ်တို့အလုပ်ရှုပ်တော့မှာ"
“ဘာကိုလဲ?”
လုရှန်က သူမလက်ကို ကိုင်လိုက်ပြီး လက်ဖမိုးကိုနမ်းလိုက်လေသညခ မျက်တောင်‌ရှည်တွေကို နှိမ့်ချထားပြီး ချိုမြိန်လှသောအသံနှင့်
"ကိုယ်တို့ လက်ထပ်ပွဲအတွက် ပြင်ရတော့မယ်လေ"
သူမတို့နှစ်ယောက်ထဲရှိပြီဆိုတော့ မလိုအပ်သော နှိမ့်ချတဲ့လက်ထပ်ပွဲဖြစ်မယ်ဆိုတာ သူမခန့်မှန်းပြီးသားပါ
အင်္ကျီဒီဇိုင်းနာက အရင်ရောက်လာလေသည်
"လှပတဲ့သတို့သမီးအတွက် ၀တ်စုံချုပ်လုပ်ခွင့်ရတာ ဂုဏ်ယူစရာပါပဲ ကျွန်မ အရည်အချင်းတွေလိုအပ်နေရင်တောင်  လှပတဲ့၀တ်စုံတစ်ထည်ရအောင် ကျွန်မအကောင်းဆုံးကြိုးစားပါမယ်"
၀တ်စုံကို အသာထား သူမက(ပါနေးရား) ဒီဇိုင်းနာအတွက်သာစိတ်ပူလေသည် ဒီဇိုင်းနာက သူမအဖေနဲ့ ဧကရာဇ် လာလည်ပြီးကထဲက သူမတွေ့ရတဲ့ ပထမဆုံးလူဖြစ်နေလေသည်
"ဒီနေရာကို ဘယ်လိုလာတာလဲ လုရှန်ဆီကနေ ခွင့်ပြုချက်ရခဲ့တာလား ရှင့်မျက်လုံး ကျွန်မပေါ်ရောက်လာရင် မျက်လုံးတွေဖောက်ထုတ်မယ်လို့ သူက ခြိမ်းခြောက်လိုက်တာလား"
သူမရဲ့ဖွင့်ထုတ်ပြောမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီဇိုင်းနာက ‌ခေါင်းကိုငုံ့ထားလေသည်
"ကျွန် ကျွန်မ တောင်းပန်ပါတယ် မစ် သတို့သမီး သူက လိုအပ်တာထက် ပိုမပြောဖို့မှာလိုက်ပါတယ်"
“…… ”
တောင့်တင်းနေတဲ့ဒီဇိုင်းနာရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာ သူဘယ်‌လောက်ကြောက်နေသလဲ သူမသဘောပေါက်လိုက်သည် သူ့ကို စကားထပ်‌မပြောဖို့ သူမကြိုးစားလိုက်သည် ထို့နောက် ဒီဇိုင်းနာက ၀တ်စုံအကြောင်းကလွဲပြီး ကျန်တာဘာမှမပြောပေ သူက သူမနာမည်ကိုလဲ ဘယ်တော့မှမခေါ်သလို သူမနဲ့လဲ စကားနည်းနည်းလေးတောင်မပြောပေ
"ကျွန်မတိုင်းတာ တာပြီးပါပြီ မစ်သတို့သမီးဆီက ယူသွားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ၀တ်စုံကို တတ်နိုင်သမျှမြန်မြန်ပြီးအောင်လုပ်လိုက်ပါမယ်"
ဒီဇိုင်းနာ ထွက်သွားပြီးနောက် လက်၀တ်ရတနာရောင်းသူ၀င်လာပြန်သည်
"ကျွန်တော် အကောင်းဆုံးရတနာတွေအမျိုးမျိုးကိုယူလာပါတယ် လိုချင်တဲ့ဒီဇိုင်းနဲ့ ရတနာကို ကျွန်တော်ကိုပြောပါ သတိုးသမီး တောင်းဆိုတဲ့အတိုင်း ကျွန်တော်လုပ်ပေးပါမယ်"
ထို့နောက် ပန်းအလှဆင်သူနှင့် ဖိနပ်ပြုလုပ်သူတို့ရောက်လာကြသည် လာလည်သူတို့ ယူလာတဲ့ ပစ္စည်းတွေအကုန်လုံးက အရည်အသွေးအမြင့်ဆုံးဆိုပေမဲ့ အားလုံးက ပထမဆုံးရောက်လာတဲ့ ဒီဇိုင်းနာလိုပဲ ပြုမူကြလေသည်
သူတို့တွေ သူမနဲ့ လုံး၀စကားမပြောမိဖို့ ရှောင်နေကြမှန်း သူမခံစားနိုင်လေသည်
သူမအတွက် အလွန်အမင်းအချည်းအနှီးသာဖြစ်တော့သည်
သူတို့အားလုံးပြန်သွားပြီးနောက် မမှုန်မသုန်မျက်နှာနှင့် သူမအနားယူနေချိန် လုရှန်က အခန်းထဲကို၀င်လာလေသည်
"မင်း အကြိုက်ကိုရော ရွေးခဲ့ရရဲ့လား နေးရားကို အကောင်းဆုံးပစ္စည်းတွေပဲပြဖို့ ကိုယ်သူတို့ကိုပြောခဲ့တာ"
'မရွေးခဲ့ရဘူး'လို သူမပြောလိုက်ရင် ဒီနေ့လာတဲ့သူအားလုံးကို သူခေါင်းဖြတ်ပစ်နိုင်တာကြောင့် သူမ ကို့ရိုးကားယားဖြေလိုက်ရသည်
"အင်း"
"တော်သေးတာပေါ့"
လုရှန်က အနားကပ်လာပြီး သူမလက်ကိုကိုင်လိုက်သည် သူတို့လက်တွေထိလိုက်ချိန်မှာ အေးခဲမှုတွေ ပြန့်နှံ့လာတာကို သူမခံစားလိုက်ရသည်
"လက်တွေ ဘာလို့အဲ့လောက်တောင်အေးနေရတာလဲ"
"ကိုယ် နေးရားကို ပြစရာတစ်ခုရှိတယ် ဒါကြောင့်ကိုယ်အပြင်မှာ အလုပ်နည်းနည်း လုပ်ခဲ့တယ်"
“အလုပ်?”
"ကိုယ့်နောက်လိုက်ခဲ့ နေးရား"
လုရှန်က သူမကို ကလေးလိုမျက်နှာနှင့် ဆွဲခေါ်သွားလေသည် သူမလက်ကိုကိုင်ပြီး စံအိမ်ဥယျာဉ်ဆီကို ဦးတည်လိုက်သည်
သူမမျက်လုံးတွေ ပြူးကျယ်သွားတော့သည်
ဖောက်ထွင်းမြင်ရတဲ့ရေခဲနဲ့ လုပ်ထားတဲ့ လှပတဲ့ ပန်းပုတွေကိုတွေ့လိုက်ရသည် ပန်းပွင့်ပုံ မြေခွေးပုံ ငှက်ပုံတွေနှင့် အလယ်မှာ လှပတဲ့ နတ်သမီးရုပ်တောင်ပါလိုက်သေးသည် နေရောင်ထဲမှာ တလက်လက်တောက်နေတဲ့ရေခဲအပိုင်းတွေက သူမမြင်ဖူးနေကြ ရတနာတွေထက်တောင် ပိုလှပနေလေသည် မှော်ဆန်တဲ့မြင်ကွင်းကို ကြည့်ပြီး သူမဘာမှတောင်မပြောနိုင်တော့ပေ
လုရှန်က အပြုံးလေးနှင့်
"ဘယ်လိုလဲ တောက်ပပြီး လှတယ်မလား"
"ဘယ်အချိန်တုန်းကလုပ်လိုက်တာလဲ"
သူက Yandere အဖြစ်ပြောင်းလဲသွားပြီဆိုပေမဲ့လဲ မှော်ဆရာတော့ဖြစ်မလာနိုင်ပေ ဒီလို အလွန်ကြီးမားတဲ့ ရုပ်ထုတွေကို ရက်နည်းနည်း‌နဲ့တော့ လုပ်ဖို့ရာမဖြစ်နိုင်
လျို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလိုက်ရသလို လုရှန်ကပြောလေသည်
"တကယ်က ကိုယ် ဒါတွေလုပ်ထားတာ အတော်ကြာပြီ မင်းဒီကိုရောက်လာတဲ့အခါကျရင် ပြချင်လို့လေ"
“…..”
လုရှန်က အနောက်ကနေ သူမဆီ ချဉ်းကပ်လာပြီး သူမကိုဖက်ကာ
"ဘယ်အချိန်မှန်းလဲတော့မသိဘူး တနေ့မှာ ကိုယ်အိမ်မက်တစ်ခုမက်ခဲ့တယ် အိမ်မက်က ကိုယ်က ဒီနေရာကိုမင်းနဲ့ရောက်လာတာတဲ့"
မနက်ခင်းနေရောင်ခြည်အချိန်လေးမှာ သူတို့နှစ်ယောက် နှင်းတောထဲလမ်းလျှောက်ကြတယ်
ပြီးရင် နှင်းတွေနဲ့ဆော့ကြတယ် မီးဖိုရှေ့မှာ မီးလှုံကြတယ် ပြီးတော့ ချိုတဲ့ ချောကလတ်ပူပူနွေးနွေးကိုသောက်ကြတယ်
ပြီးတော့ ပင်ပန်းလာရင် တယောက်ကို တစ်ယောက်ဖက်တွယ်ထားပြီး အိပ်ပျော်သွားကြတယ် မျက်လုံးဖွင့်လိုက်တဲ့အချိန်ကျရင် ‌အပြင်ကမှောင်နေပြီ
ကြယ်တွေစုံတဲ့ညကောင်းကင်အောက်မှာ သူတို့နမ်းကြတယ်
လုရှန်က မျက်လုံးကိုဖွင့်ပြီး ချစ်ခင်မှုတွေအပြည့်နှင့်
"အဲ့အချိန်တုန်းက ကိုယ်က အိမ်မက်တစ်ခုလို့ပဲထင်ခဲ့တာ မင်းက ကိုယ်ရဲ့ဇနီးလောင်းဆိုပေမဲ့ ကိုယ်မင်းကိုလက်ထပ်နိုင်လိမ့်မယ်လို့ ကိုယ်မယုံခဲ့ဘူး မင်းက အရမ်းတန်ဖိုးရှိပြီးလှပလို့လေ"
“……”
လုရှန်က လေထဲမှာပျံဝဲနေတဲ့ ဆံပင်ကို သူမနားအနောက်ညှပ်ပေးရင်း
"ဒါပေမဲ့ ဒါက အိမ်မက်တစ်ခုလုံး၀မဟုတ်တော့ဘူး အခု မင်းက ဒီနေရာမှာရောက်နေပြီလေ"
လုရှန်က အပြုံးလှလှလေးနှင့်
"ကိုယ် မင်းကိုချစ်တယ် နေးရား ဒီနေ့ကနေစပြီး ကိုယ်တို့ ဒီနေရာမှာ ပျော်ပျော်ရွှင်ရွှင်နေသွားရအောင်"
ဒါပေမဲ့ ချိုမြိန်လှတဲ့ ချစ်စကားတွေကို သက်တောင့်သက်သာတောင် မပြုံးနိုင်ပေ
'ကိုယ်တို့'ဆိုတဲ့ အဓိပ္ပာယ်ကိုသူမသိလေသည်
သူပြောတဲ့'ကိုယ်တို့'ဆိုတာက သူနဲ့ သူမနှစ်ယောက်သာဖြစ်သည် ထို'ကိုယ်တို့'ဆိုတာက ဘယ်သူမှ၀င်မရှုပ်လို့မရတဲ့ အရာဖြစ်လေသည် တခြားသူတွေနဲ့စကားပြောခွင့်မရှိဘဲ တယောက်ကို တယေယက်ကြည့်နေရုံသာ
သူမျှော်လင့်ထားတဲ့ အနာဂတ်ဆိုတဲ့အရာကြောင့် သူမ မွန်းကြပ်သလိုတောင် ခံစားလာရသည်
သူမ သတိမပြုလိုက်ပဲ ထုတ်ပြော‌လိုက်သည်
"ကျွန်မ‌ကတော့ အဲ့ဒါမျိုး မကြိုက်ဘူး"
မျက်လုံးတွေပြူးကျယ်နေတဲ့လုရှန်ကို သူမအော်လိုက်သည်
"ကျွန်မ ရှင်တစ်ယောက်ထဲကိုပဲ ကြည့်ပြီး ဘယ်လိုလုပ်နေနိုင်မှာလဲ ကျွန်မမှာ မိသားစုတွေ သူငယ်ချင်းတွေရှိသေးတယ် ရှင်က ကျွန်မအတွက် တန်ဖိုးအရှိဆုံးလူဆိုပေမဲ့ ရှင်တစ်ယောက်ထဲမဟုတ်ဘူး"
'အိုး နိုး!' သူမပါးစပ်ကိုအုပ်လိုက်သည်
'ငါ ဘာ ဘာတွေပြောလိုက်မိတာလဲ'
တုန်ရီစွာနှင့် လုရှန်ကိုကြည့်လိုက်သည် ဒါပေမဲ့ လုရှန်က သူမထင်သလို ဒေါသထွက်တာမျိုးမရှိပေ သူက သူမကို မျက်လုံးပြူးကြီးတွေနှင့်သာ ငေးကြည့်နေလေသည် ထိုအချိန်မှာ သူမမှာ မျှော်လင့်ချက်အနည်းငယ်ရှိသွားလေသည်
'မူရင်း၀တ္ထုနဲ့မတူပဲ ကွာခြားစွာအဆုံးသတ်လိမ့်မလား'
မူရင်း၀တ္ထုက လုရှန်သည် ကြောက်စရာ လူသတ်သမားတစ်ယောက်ဖြစ်‌သည် ဒါပေမဲ့ သူမအရှေ့က လုရှန်သည် အနည်းဆုံးတော့ သူမရှေ့မှာ ဘယ်သူ့ကိုမှ မသတ်ပေ သူက ကောင်းကောင်း ပြောဆိုဆက်ဆံနိုင်တယ် တခြားသူတွေထက်လဲ ပိုကြင်နာတတ်တယ် Yandere အဖြစ်ပြောင်းသွားတာတောင်မှ သူမစကားကို နားထောင်တုန်းဖြစ်သည်
သို့သော်လည်း လုရှန်စကားပြောလာတဲ့အချိန်မှာ သူမမှာရှိနေတဲ့မျှော်လင့်ချက်သေးသေးလေးကလဲ ကွဲကြေသွားတော့သည်
"ဒါဆို မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ ပျောက်ကွယ်သွားရင် ကိုယ်က တစ်ယောက်ထဲသူဖြစ်လာမှာလား"
“…… ”
"ဖြေပါ နေးရား"
အသံချိုချိုလေးနဲ့ ဒီလိုကြောက်စရာကောင်းတဲ့ စကားတွေကို နားထောင်ရတာ သူမရဲ့မျှော်လင့်ချက်အားလုံးပျောက်ဆုံးသွားလေသည်
သူက ရူးနေတာပဲ
သူက သူမချစ်တဲ့ လုရှန်မဟုတ်ဘူး
သူမမျက်ရည်တွေကို ထိန်းထားလိုက်ပြီး စိတ်ပျက်ပျက်နှင့် ပြုံးကာ လှည့်စားသလိုပြောလိုက်သည်
"‌အော် ကျွန်မက စလိုက်တာပါ ကျွန်မအတွက် လုရှန်အပြင် တခြားသူမရှိဘူး"
သူကသာ အတိတ်ကလုရှန်ဆိုရင် သူမစကားတွေက အလိမ်တွေဆိုတာ သတိပြုမိလိမ့်မည် မျှော်လင့်ထားတဲ့အတိုင်း ယခုလုရှန်က ဘာဆိုဘာမှ သတိမပြုမိပေ သတိပြုမိဖို့လဲ မကြိုးစားပေ
လုရှန်က သူကြားချင်တာကိုသာ နားထောင်လိုက်ရပြီး သူပြောချင်တာကိုသာပြောလိမ့်မည်
"နေးရားကလဲ ကိုယ့်အတွက် တစ်ဦးတစ်ယောက်ထဲသောသူပါပဲ"
လုရှန်‌ပြုံးနေတဲ့မျက်နှာက သူမပြောလိုက်တဲ့စကားနဲ့ပတ်သတ်ပြီး  စိုးရိမ်စိတ်တောင်မပြပေ ထိုအရာက သူမကို အလွန်စိတ်ပျက်စေသည်
ကြိုတင်မျှော်လင့်ထားသလို လက်ထပ်ပွဲအတွက် သူမပြင်ဆင်နေလေသည် ဒါပေမဲ့ သူမရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုလဲမရှိသလို ပျော်ရွှင်မှု ချစ်ခင်မှုတွေလဲမပါပေ
အကြောက်တရားသာရှိလေသည်
'ကျွန်မတောင်းဆိုပါတယ် တယောက်ယောက် ကျွန်မကိုလာကယ်ကြပါ'
* * *
"အပြီးသတ်၀တ်စုံက ဒီနေ့လာလိမ့်မယ် ကိုယ် တကယ်မျှော်လင့်နေမိတယ် အဲ့၀တ်စုံ၀တ်ပြီး မင်း‌ဘယ်လောက်လှနေလိမ့်မလဲဆိုပြီးတော့လေ"
မနက်ကထဲက လုရှန် စိတ်အခြေအနေကောင်းနေပုံရသည် သူမ ၀တ်စုံ၀တ်တာကို မြင်ရမှာ သူအရမ်းစိတ်၀င်စားနေပုံရသည်
ဒါပေမဲ့ သူမက ၀တ်စုံအကြောင်း ထည့်တောင်မတွေးပေ
‘အက်စတယ်လာက ဘာလို့မလာသေးတာလဲ'
ဧကရာဇ်ထွက်ခွာသွားခဲ့တာတောင်အတော်ကြာပြီ သူမအကြောင်း အက်စတယ်လာကို ပြောပြဖို့ သူမှာ အချိန်အလုံအလောက်ရှိပါသည်
'ငါ့အကြောင်းကြားပြီးတာတောင်မှ မလာဖို့ဆုံးဖြတ်လိုက်တာလား:
သူမခေါင်းခါလိုက်သည်
အက်စတယ်လာက အဲ့လိုလုပ်မှာမဟုတ်ဘူး အက်စတယ်လာကို တကမ္ဘာလုံးကတားနေရင်တောင်မှ သူမဆီလာမဲ့ လူစားမျိုးဖြစ်သည်
အဲ့အစား အက်စတယ်လာကို မလာနိုင်အောင် တခြားအကြောင်းပြချက်တွေရှိနေတာနဲ့ ပိုတူလေသည်
ဖြစ်နိုင်တာက...
စိတ်ထဲ ကိစ္စတစ်ခု၀င်လာချိန်မှာတော့ သူမမျက်နှာဖြူဖျော့သွားတော့သည်
'အကယ်၍ ဧကရာဇ်က အက်စတယ်လာကို ငါအကြောင်းမပြောပြရင်ရော'
ဒါက ဖြစ်နိုင်ချေရှိသည်
ဧကရာဇ်က အက်စတယ်လာကို ဂရုစိုက်သည် သူမက အင်ပါယာရဲ့ မြင့်မြတ်တဲ့ သူတော်စင်တစ်ယောက်ဖြစ်တဲ့အပြင် ဧကရာဇ်ရဲ့အသက်ကယ်တင်ရှင် ပြီးတော့ အိမ်ရှေ့စံမင်းသားရဲ့ ချစ်သူ
ဧကရာဇ်က အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ခုထဲကို အက်စတယ်လာအား ဆွဲမသွင်းချင်တာဖြစ်နိုင်သည်
ဒါ့အပြင် လုရှန်ရဲ့ ဖမ်းချုပ်မှုထဲမှာ သူမပိတ်လှောင်ခံရခြင်းနဲ့ အဆုံးသတ်သွားရင်တောင်မှ ဧကရာဇ်မှာ ဆုံးရှုံးစရာမရှိပေ
ပြောရရင် လုရှန်က ဘယ်လောက်အန္တရာယ်များသလဲ သူလဲမြင်သွားတာပဲ တခြားသူတွေ အန္တရာယ်ပြုခံရတာကနေကာကွယ်ဖို့ သူမက လုရှန်ဘေးမှာရှိနေဖို့လိုသည် ဒါကြောင့် သူက သူမကို ဒီနေရာမှာ ထိန်းထားချင်နေတာဖြစ်နိုင်သည်
ထိုအကြောင်းတွေးလိုက်ချိန်မှာ သူရင်တွေ ပြင်းထန်စွာခုန်လာတော့သည်
'မဟုတ်ဘူး မဖြစ်နိုင်ဘူး'
ကြောက်စရာကောင်းတဲ့ဖြစ်နိုင်ချေတွေကို ပြင်းပြင်းထန်ထန်ငြင်းဆန်နေမိသည်
“နေးရား ဒီဇိုင်းနာရောက်လာပြီ"
လုရှန်စကားကြားမှ သူမအသိပြန်၀င်လာတော့သည် ရုတ်တရက် ဒီဇိုင်းနာက အခန်းထဲမှာ ရပ်နေတော့သည် အတိုင်းအတာတိုင်းတုန်းကနဲ့မတူပဲ ဒီဇိုင်းနာဘေးမှာ အကူနှစ်ယောက်ပါလာလေသည် သူတို့လက်ထဲမှာ မျက်စိကန်းလောက်အောင် ‌လှပတဲ့ ၀တ်စုံတစ်ခုကို ကိုင်ထားလေသည်
Continue Reading
You'll Also Like
152K 16.1K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
2.7M 92.4K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
1.7M 208K 165