ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယော...

Autorstwa Kue587

122K 19.3K 762

Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျ... Więcej

Intro
Arc(1) ရုပ်ရှင်ဧကရာဇ် /1/
Arc(1) ရုပ်ရှင်ဧကရာဇ် /2/
Arc(1) ရုပ်ရှင်ဧကရာဇ် /3/
Arc(1) ရုပ်ရှင်ဧကရာဇ် /4/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.1/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.2/
Arc(1) ရုပ်ရှင်ဧကရာဇ် /6/
Arc(1) ရုပ်ရှင်ဧကရာဇ် /7/
Arc(1) ရုပ်ရှင်ဧကရာဇ် /8/
Arc(2) No.(1) Host /9/
Arc(2) No.(1) Host /10/
Arc(2) No.(1) Host /11/
Arc(2) No.(1) Host /12/
Arc(2) No.(1) Host /13/
Arc(2) No.(1) Host /14.1/
Arc(2) No.(1) Host /14.2/
Arc(2) No.(1) Host /15/
Arc(2) No.(1) Host /16/
Arc(2) No.(1) Host /17.1/
Arc(2) No.(1) Host /17.2/
Arc(3) ဗိုလ်ချုပ်ကြီး /18/
Arc(3) ဗိုလ်ချုပ်ကြီး /19/
Arc(3) ဗိုလ်ချုပ်ကြီး /20.1/
Arc(3) ဗိုလ်ချုပ်ကြီး /20.2/
Arc(3) ဗိုလ်ချုပ်ကြီး /21.1/
Arc(3) ဗိုလ်ချုပ်ကြီး /21.2/
Arc(3) ဗိုလ်ချုပ်ကြီး /23/
about update
Arc(3) ဗိုလ်ချုပ်ကြီး /24.1/
Arc(3) ဗိုလ်ချုပ်ကြီး/24.2/
Arc(3) ဗိုလ်ချုပ်ကြီး /25/
Arc(4) ကျောင်းလူဆိုးလေး /26.1/
Arc(4) ကျောင်းလူဆိုးလေး /26.2/
Arc(4) ကျောင်းလူဆိုးလေး /27.1/
Arc(4) ကျောင်းလူဆိုးလေး /27.2/
Arc(4) ကျောင်းလူဆိုးလေး /28.1/
Arc(4) ကျောင်းလူဆိုးလေး /28.2/
Arc(4) ကျောင်းလူဆိုးလေး /29.1/
Arc(4) ကျောင်းလူဆိုးလေး /29.2/
Arc(4) ကျောင်းလူဆိုးလေး /30/
Arc(4) ကျောင်းလူဆိုးလေး /31/
Arc(4) ကျောင်းလူဆိုးလေး /32/
Arc(4) ကျောင်းလူဆိုးလေး /33/
Arc(4) ကျောင်းလူဆိုးလေး /34/
Arc (3)ကျောင်းလူဆိုးလေး /35/

Arc(3) ဗိုလ်ချုပ်ကြီး /24.3/

1.4K 300 16
Autorstwa Kue587

#Unicode#

"ဝမ်ကျုးကျီ"

ယာဥ်ပေါ်မှ အသံတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ဝမ်ကျုးကျီ ဗလာသက်သက်ငေးကြည့်နေမိရာမှာ နောက်သို့အမြန်လှည့်လိုက်သည်။

ပိုင်ကျီ သူ့အနောက်မှာ ရပ်နေခဲ့သည်။ မျက်နှာနဲ့အဝတ်စားတွေက မီးခိုးတွေကြောင့် မည်းနေခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ သတိရှိစွာတောက်ပနေကြသည်။

"ဝမ်ကျုးကျီ ခင်ဗျား စိတ်မပူနဲ့တော့​နော်။ကျွန်တော်အဆင်ပြေတယ်!"  ပိုင်ကျီ ပြုံးပြကာညင်ညင်သာသာပြောလာတယ်။
"မကြောက်နဲ့တော့နော် အိမ်ပြန်ပြီး လက်ထပ်ကြမယ်!"

ဝမ်ကျုးကျီ မျက်လုံးများ နီရဲလာသည်။အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ ပိုင်ကျီ့ ဆီ ချက်ချင်းဆိုသလို ပြေးသွားလိုက်၏။

"ရှောက်လော့ ရှောက်လော့"

"ကျွန်တော် ဒီမှာရှိပါတယ်" ပိုင်ကျီ ဝမ်ကျုးကျီ နောက်ကျောကို ပွတ်သပ်ပေးရင်း ညင်သာစွာထပ်ပြောလာသည်။

"ဒီကနေသွားကြရအောင်"

သူတို့ ဘေးနားရှိပတ်ဝန်းကျင်တစ်ခုလုံး လေးလံသော ယာဥ်စိတ်ပိုင်းများ ပြုတ်ကျနေသည့် အသံများ ထွက်ပေါ်လာသည်။
ဝမ်ကျုးကျီ မျက်လုံးမှားမှေးစင်းရင်း ခဏမျှစဥ်းစားလိုက်သည်။ထို့နောက် ပိုင်ကျီ့ကိုအလျင်အမြန်ဆွဲ​ခေါ်လိုက်ပြီး သူ့အသံသည်လည်း တဖြည်းဖြည်းတည်ငြိမ်လာသည်

"အရေးပေါ်ကယ်ဆယ်ရေးယာဥ်တွေ
မလောင်သေးဘူး။ကိုယ်တို့ အဲဒါတွေကိုသုံးပြီး ထွက်သွားရမယ်”

ပိုင်ကျီ ထောက်ခံလိုက်ကာ လက်ဖဝါး​ပေါ်တွင် ချွေးစေးများထွက်နေ​တော့သည်။

အခုအခြေအနေတွေက အန္တရာယ်များလွန်းသည်။ပေါက်ကွဲမှုဖြစ်သွားတုန်းက systemသာ သူ့ကို အချိန်မီ မကယ်တင်ခဲ့ဘူးဆိုရင် သူ့အရိုးစုတောင် ကျန်နေတော့မှာမဟုတ်ပေ။

ပိုင်ကျီ ဒီကမ္ဘာကို ပထမဆုံးအကြိမ် ကူးပြောင်းပြီးလာကတည်းက အလွန် အန္တရာယ်များခဲ့သည်။ပိုင်ကျီ အသက်ပြင်းပြင်းရှုထုတ်လိုက်တော့သည်။

ရှောက်လော့ ခန္ဓာကိုယ်သာသေဆုံးသွားရင် ပိုင်ကျီ နောက်ကမ္ဘာသို့ ရိုးရိုးလေးပဲ ကူးပြောင်းလိုက်ပြီး ပြန်လည်ရှင်သန်နိုင်သည်။ဝမ်ကျုးကျီ...ဝမ်ကျုးကျီ ကတော့သူ့လိုမဟုတ်​ပေ။

ပေါက်ကွဲမှုဖြစ်သွားတုန်းက ယာဥ်အကာကွယ်coverက အနည်းငယ်ကွဲအက်သွားခဲ့သည်။ပိုင်ကျီ သူ့ပတ်ဝန်းကျင်ရှိ စစ်ယာဥ်တစ်ခုလုံး ပျက်စီးသွားသည်ကိုကြည့်ရင်း သူ့စိတ်ထဲ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

အကယ်၍ ငါဒီမှာသေသွားခဲ့ရင် ဝမ်ကျုးကျီ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်အုံးမှာလား။  မူရင်းဝတ္ထုမှာ ရေးထားတဲ့ ကြေကွဲဖွယ်အဆုံးသတ်ကို သူထပ်ခံစားရအုံးမှာလား။

ထိုကြောက်စိတ်က သူ့ရင်ထဲမှာ ပေါ်ပေါက်လာပြီး ယာဥ်ပေါ်ကနေ ထွက်သွားဖို့ ကြိုးစားလိုက်သည်။မီးတောက်တွေပတ်ပတ်လည် ဝိုင်းနေပြီး ထိုမီးတောက်များကြားမှ ထွက်ပြေးလာကြရင်း ရုတ်တရက် ရင်းနှီးနေသည့် အော်သံကိုကြားလိုက်တော့ လှည့်ကြည့်လိုက်မိသည်။

ဝမ်ကျုးကျီ

သူ့ခြေလှမ်းတွေ ရပ်တန့်သွားပြီး ရင်းနှီးနေကျမျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။

ထိုသူ သူ့ရှေ့လျှောက်လာသည်။

မီးတောက်များနှင့် အပျက်အစီးများကြားတွင် ဝမ်ကျုးကျီ သူ့မှတ်ဉာဏ်တွေထဲရှိအရေးပေါ်ယာဥ်ရှိရာဆီ ပိုင်ကျီ့ကို ခေါ်သွားသည်။ရုတ်​တရက်​ ထူးဆန်းသည့်အသံတစ်ခုကိုကြားလိုက်ရပြန်သည်။

ပိုင်ကျီ ထိုအသံလာရာအားလှည့်ကြည့်လိုက်ချင်ပေမယ့် ထိုအချိန် systemသတိပေးသံကို ကြားလိုက်ရသည်-

"အဆင့်B သတိပေးချက်။စစ်ယာဥ်က ဒုတိယအကြီးစား ပေါက်ကွဲမှုဖြစ်ပေါ်လာပါမယ်။ကြာချိန်ငါးစက္ကန့်ကနေ ရေတွတ်သွားပါတော့မယ် "ငါး...လေး..."

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး systemရဲ့ အချက်ပေးသံလဲ ပျက်တောက်သွားသည်။ပိုင်ကျီ့ကို တစ်စုံတစ်ယောက်ကဆွဲကာပွေ့ဖက်လာသည်။အေးစက်နေသော လက်တစ်စုံက ပိုင်ကျီ့​နားတွေကိုဖုံးအုပ်ပေးလာသည်။

ဝမ်ကျုးကျီ

ပိုင်ကျီ အသံမထွက်ရဲပေ။

ပေါက်ကွဲမှုဖြစ်ပေါ်လာသော မီးတောက်ကြီးများသည် စစ်ယာဥ်တစ်ခုလုံးကို ပျက်စီးစေခဲ့သည်။ပိုင်ကျီ အဆုံးမရှိသောချောက်နက်ကြီးထဲ ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
အရာအားလုံးပေါက်ကွဲကုန်ပြီး ပိုင်ကျီ နားတွေလဲ အူသွားသည်။

မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ
System အကာကွယ်စနစ်ကိုပိတ်လိုက်ပြီးကြမ်းတမ်းသော ကျောက်စရစ်​မြေပြင်ကို ပိုင်ကျီ ခံစားလိုက်ရသည်။ပွေ့ဖက်ထားတဲ့လက်တွေပြေလျော့သွားတာကိုခံစားမိလိုက်တော့ ပိုင်ကျီ မော့ကြည့်လိုက်မိသည်။မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုကြောင့် ပိုင်ကျီအံ့သြသွားရသည်။

ဝမ်ကျုးကျီ တစ်ကိုယ်လုံး သွေးတွေ ဖုံးလွှမ်းနေပြီး သူ့အဝတ်အစားများလဲ အနီရောင်သွေးများ စွန်းထင်းနေသည်။နောက်ကျောမှ အတောင်ပံတစ်စုံဟာလဲ သူ့ရင်ခွင်ထဲတွင်ရှိ
ပိုင်ကျီ့ကို အခိုင်အမာကာကွယ်ပေးထားသည်။

ဝမ်ကျုးကျီမျက်ဝန်းတွေ တည်ငြိမ်နေပြီး
ပိုင်ကျီ့အား စိတ်အေးအေးထားကာကြည့်လာသည်။ထို့နောက် တစ်စုံတစ်ယောက်အား ချော့မော့ညင်သာသည့် အသံဖြင့်ပြောလာသည်။

“…ကိုယ့်ကို မကြောက်နဲ့နော်။ကိုယ်မင်းကို တောင်းပန်ပါတယ်။"

ပိုင်ကျီ သတိထားနေခြင်းမျိုးမရှိပဲ ဝမ်ကျုးကျီကိုစိုက်ကြည့်ကာငိုလာတော့သည်။

“ဝမ်ကျုးကျီ ဝမ်ကျုးကျီ” ပိုင်ကျီ့အသံမှာ အက်ကွဲကာ ကြမ်းရှနေပြီး ငိုရှိုက်နေတော့သည်။

"ခင်ဗျား မနာဘူးလား?"

ဝမ်ကျုးကျီ၏ စိတ်ဓာတ်ကျနေခဲ့သော မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး
အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသော အသံဖြင့် သူထပ်မေးလိုက်သည် "မင်း...?"

ပိုင်ကျီ မထိန်းချုပ်နိုင်စွာ ငိုနေခဲ့ပြီး တစ်ကိုယ်လုံး တုန်ခါနေသည်
"ခင်ဗျား သွေးထွက်နေတယ်...ဝမ်ကျုးကျီ...။"

“ကိုယ် အဆင်ပြေပါတယ်” ဝမ်ကျုးကျီ ချက်ချင်းပင် စိတ်အေးသွားသည်။ပိုင်ကျီ့
ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ကာ သူ့အသံ​ဟာလဲတုန်ခါနေသည်

"ကိုယ် အဆင်ပြေတယ်၊ ကိုယ်အဆင်ပြေပါတယ်"

ပိုင်ကျီ ရှိုက်ကြီးတငင် ငိုကာ ဝမ်ကျီကျုးကို နောက်တစ်ခေါက်ထပ်ဖက်ထားလိုက်ချင်ပေမယ့် ထိုအချိန်မှာပဲ အဝေးကအော်သံတချို့ကကြားဖြတ်လာတော့သည်။

ပိုင်ကျီယူနီဖောင်းဝတ်တပ်သား ဆယ်ယောက်လောက်က ဝမ်ကျုးကျီကို ကြောက်ရွံ့မှုတချို့ဖြင့် ဝိုင်းထားကြသည်ကို တွေ့လိုက်သည်။
"Alienပဲ သူကAlienပဲ!"

(t: Alienဆိုတာတော့ Zergလိုပဲဆိုပေမယ့် မျိုးနွယ်မတူကြပါဘူးတဲ့။)

ပိုင်ကျီ့နှလုံးသားတွေ တင်းကြပ်သွားသည် ။

“အရှင်မင်းသား…” အဖွဲ့ထဲရဲ့ ထိပ်တန်း စစ်သားမှ စိုးရိမ်တကြီးဖြင့် “သူက Alien တစ်ယောက်ပါအရှင်မင်းသား သူနဲ့ဝေးဝေးမှာနေပါ”

ထိုသူစကားပြောပြီးသည်နှင့်ပိုင်ကျီ မတ်တပ်ရပ်လိုက်ကာ ဓားကိုဆွဲထုတ်လိုက်ပြီး ဝမ်ကျုးကျီ ရှေ့ဝင်ရပ်လိုက်သည်။ထိုသို့လုပ်ရက်က သူ့ရဲ့ရည်ရွယ်ချက်နဲ့ ကာကွယ်ပေးလိုမှုတို့ကိုသိသာစွာပေါ်လွင်နေစေသည်။
"ဒါ ဘာအဓိပ္ပာယ်လဲ"

"အရှင်မင်းသား! သေချာကြည့်ပါ အခုဝမ်ကျုးကျီက အင်ပါယာကလူမဟုတ်တော့ဘူး"  ထိုစစ်သား အကြံအိုက်လာတော့သည်။

"ဘယ်လိုဖြစ်ပြီးတော့လဲ?"  ပိုင်ကျီမေးလာသည်။
"သူ ဘယ်သူ့ကို ထိခိုက်သွားအောင်လုပ်ခဲ့လို့လဲ"

“အခုပဲ ပေါက်ကွဲမှု​တွေဖြစ်သွားတာ... သူသာ ရှိမနေဘူးဆို ငါသေနေပြီ။အဲ့တာကို မင်းမမြင်ဘူးလား!"

“အရှင်မင်းသား အရင်ကခံစားချင်တွေကြောင့်နဲ့ စီရင်ဆုံးဖြတ်မှုကို အထိခိုက်မခံပါနဲ့”
ထိုစစ်သား တည်ငြိမ်စွာပြောလာသည်။
"Zergနဲ့ Aliensတွေက ကျွန်တော်တို့ကို သေစေချင်နေကြတဲ့ ရန်သူ​တွေပါ။Aliensတွေက Zergတွေထက် ပိုပြီးပါးနပ်ကြတယ်။သူ့မှာ တခြားပူးပေါင်းကြံစည်မှုတွေ ရှိနေမလားဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ”

"ပူးပေါင်းကြံစည်မှု?မင်းမှာသက်သေရှိလို့လား"

“ကျွန်တော်တို့လူသားမျိုးနွယ်ထဲကမဟုတ်မှတော့ ကျိန်းသေပေါက် သစ္စာဖောက်ပဲ"ထိုစစ်သားဆက်ပြောလာသည်
“အင်ပါယာတိုင်းပြည်ရဲ့ ရန်သူ့ခေါင်းကိုဖြတ်ဖို့ကစစ်သားတိုင်းရဲ့တာဝန်ပါ”

ပိုင်ကျီတစ်ချက်ရယ်လိုက်ကာ သူ့အမူအရာက အေးစက်သွားသည်။ထို့နောက် တစ်လုံးချင်းပြောလာသည်။
“ခေါင်းဖြတ်မယ် ဟုတ်လား? သူကငါ့ဘဝရဲ့လက်တွဲဖော်ပဲ။မင်း လာစမ်းကြည့်လိုက်လေ"

ပတ်ဝန်းကျင်ရှိလေထုတစ်ခုလုံး လောင်ကျွမ်းနေသည်။ဝမ်ကျုးကျီ သူ့ရှေ့တွင်ရပ်ကာ သူ့ကိုအဆုံးထိကာကွယ်ပေးမည့်ပုံရသည့် ပိုင်ကျီ့ကိုကြည့်လိုက်သည်။သူမနေနိုင်ပဲ အသံတိတ်ရယ်လိုက်မိသည်။

ဓားကိုင်ဖို့နေနေသာသာ မတ်တပ်ရပ်ဖို့တောင် ခွန်အားမရှိတော့ပေ။

စစ်သားများ အဆက်မပြတ် ရောက်လာကြပြီး ဝမ်ကျုးကျီ သူ့ရဲ့ပုံစံကိုဆက်မဖုံးကွယ်ထားနိုင်တော့ပေ။

သို့ရာ ဝမ်ကျုးကျီ နောင်တမရပေ။

တနှစ်ပတ်လုံး လေ​ပြင်းတိုက်ခတ်နေပြီး နေရောင်ခြည်တစွန်းတစတောင် မမြင်နိုင်တဲ့ အအေးပိုင်းဒေသဖြစ်သည့် သူ့မွေးရပ်မြေကို တွေးမိသည်။

သူမွေးလာကတည်းက လူသားနဲ့တူတာကြောင့် စွန့်ပစ်ခံခဲ့ရပြီး အသက်မရှင်နိုင်လုနီးပါးဖြစ်ခဲ့သည်။

အဲ့နောက်ပိုင်း သူတစ်နေရာပြီးတစ်နေရာ ထွက်ပြေးပုန်းရှောင်နေခဲ့ရတယ်။Zerg အစာမဖြစ်သွားစေဖို့ ပုန်းခဲ့ရတယ်။Aliensတွေ အမဲလိုက်တာကနေ ထွက်ပြေးခဲ့ရတယ်။အထူးသဖြင့် လူသားတွေဆီကနေပုန်းရှောင်နေခဲ့ရတယ်။

သူကြီးပြင်းလာတာနဲ့အမျှ လူသားတွေနဲ့ပိုပိုတူလာခဲ့တယ်။နောက်ဆုံးမှာတော့ သူ့ကျောနောက်က အတောင်ပံတွေကိုလဲ သူ့အလိုအတိုင်း သိမ်းထားနိုင်ခဲ့တော့တယ်။

ဝမ်ကျုးကျီ ဒီကမ္ဘာကြီးပေါ်မှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို သင်ယူခဲ့သည်။

စစ်သင်တန်းကျောင်းကို ဝင်ခဲ့ပြီး သူ့ကိုယ်ပိုင်ကြိုးစားမှုတွေနဲ့ ရာထူးအဆင့်ဆင့်ကို တတ်လှမ်းခဲ့သည်။ အခြားမျိုးနွယ်စုတွေကို သတ်နိုင်ဖို့ လူသားမျိုးနွယ်ကိုကူညီပေးခဲ့ပြီး သူတို့တိုက်ခိုက်နေကြတာကိုကြည့်နေခဲ့သည်။

Aliens​တွေ အသက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တာမျိုးတွေကိုလဲ သူမြင်ခဲ့ပေမယ့် သူအတွက်တော့ ကြားဝင်စရာအကြောင်းမရှိပေ။

ဒီကမ္ဘာကြီးမှာ ဘယ်သူ့အတွက်မှ သူ့ရဲ့နှလုံးသားကိုဖွင့်မပေးရဲခဲ့။ဒါကြောင့် သူနောက်ဆုံးမှာတော့ အကြံတစ်ခုရလာတော့သည်။

သြဇာလွှမ်းမိုးမှုကို လိုချင်ခဲ့သည်။  ဂုဏ်သိက္ခာရှိစွာ နေထိုင်ချင်ခဲ့သည်။

ဒါကိုတွေးရင်း ဝမ်ကျုးကျီ ရယ်သံတွေ တဖြည်းဖြည်းကျယ်လာသည်။

ပိုင်ကျီ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်ကာ
"ဘာဖြစ်လို့လဲ?"

"ကိုယ်ပျော်တယ်"

ဝမ်ကျုးကျီ ပိုင်ကျီ့​ကို ဖြည်းညှင်းစွာ စိုက်ကြည့်ကာ
"ရှောက်လော့ ကျေးဇူးတင်ပါတယ် "

ပိုင်ကျီ အံ့ဩသွားကာ "ကျွန်တော်ကို?"

“အင်း” ဝမ်ကျုးကျီ ခေါင်းညိတ်​ပြသည်။
"ရှောက်လော့ သူတို့နဲ့ မတိုက်နဲ့တော့ "

"ကိုယ့်ကို လွှဲပေးလိုက်ပါ"

ဝမ်ကျုးကျီထိုသို့ ဖြည်းဖြည်းချင်းပြောကာ အပြုံးမပျက်​ပေ။

နောက်ဆုံးတော့ သူ့ဘဝလုံးတွေ့ချင်နေခဲ့တဲ့သူကို ရှာတွေ့ပြီးပြီမို့ ဝမ်းနည်းစရာမရှိတော့ပေ။

သူ့အသွင်အပြင်ကို ဂရုမစိုက်တဲ့သူ၊သူ့ကို ရိုးရိုးသားသားနဲ့ အသိအမှတ်ပြုတဲ့သူ၊ အဓိကအချက်က သူ့ကိုချစ်တဲ့သူ၊သူ့ကို ချစ်​ပေးတဲ့သူ။

"... အိမ်မက်ပဲမက်နေလိုက်"

ပိုင်ကျီ တခဏမျှ တိတ်ဆိတ်သွားကာ​ အသက်ပြင်းပြင်းရှုပြီးပြောလိုက်သည်
"ကျွန်​တော်အရင်ကတည်းက ပြောခဲ့တယ်လေ ခင်ဗျားနဲ့တစ်သက်လုံးအတူနေမှာပါလို့"

"ခင်ဗျားနဲ့အတူ ပျော်ပျော်ရွင်ရွင်အတူနေသွားမှာ"

ပိုင်ကျီ တစ်ဖက်သို့ပြန်လှည့်ကာ လက်သီး တင်းကျပ်ကျပ်ဆုပ်ပြီးပြောလာသည်
"ကျွန်တော့်ကိုယုံလိုက်ပါ။ ဒီစကားတွေကို ဘဝလုံးထိန်းသိမ်းထားမှာပါ"

ထိုသို့ပြောပြီးနောက်တွင် စောစောတုန်းက စစ်သားကိုကြည့်လိုက်သည်။တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ထိတ်လန့်ဖွယ်ကောင်းသည်။ ပတ်ဝန်းကျင်ရှိ စစ်သားတွေကလဲ ရှေ့သို့တိုးလာကြကာ မြင်ကွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။

ဝမ်ကျုးကျီ အခြေနေတင်းမာလာသည်ကို ကြည့်ပြီး ရှေ့ထွက်ဖို့ရန် အားတင်းလိုက်သည်။ထိုအချိန် ရုတ်တရက်ဆိုသလို သူ့လည်ပင်းပေါ် ဓားတစ်ချောင်းရောက်လာတော့သည်။

"ရှောက်လော့ မင်းရပ်လိုက်တာ ပိုကောင်း
လိမ့်မယ်!"

အင်ပါယာအရှင်၏ တင်းမာသောအသံသည် ကျယ်လောင်စွာထွက်ပေါ်လာပြီး တိုက်ခိုက်နေသောသူများလဲ ချက်ချင်းရပ်သွားသည်။  ပိုင်ကျီ နောက်သို့ကို လှည့်ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေ ချက်ချင်းဆိုသလို ထိတ်လန့်သွားသည်။

ဝမ်ကျုးကျီကို အနက်ရောင်ဝတ်လူများက ဖမ်းဆီးထားကြသည်။ပိုင်ကျီ ထိန့်လန်မှုကြောင့် အသက်ရှုကြပ်သွားကာ မျက်လုံးမှိတ်ချလိုက်မိသည်။

"ဝမ်ကျုးကျီ!"

ပိုင်ကျီ ဝမ်ကျုးကျီနားသို့ တတ်နိုင်သမျှ မြန်မြန်ပြေးသွားလိုက်သည်။

"မင်းနောက်တစ်လှမ်းကြည့် လှမ်းလိုက်တာနဲ့ သူအသေပဲ"

ထိုသည်ကိုကြားတော့ ပိုင်ကျီ့ခြေလှမ်းများ ရပ်တန့်သွားပြီး အင်ပါယာအရှင်အား စိုက်ကြည့်လိုက်သည်။

“ဒါပေမယ့် သူက ကျွန်တော့်ကို ကယ်ခဲ့တာ… သူ ကျွန်တော့်ကို ကယ်ခဲ့တာ…”

အင်ပါယာအရှင် နှုတ်ဆိတ်နေ၏။

ပိုင်ကျီ ခြေလှမ်းအနည်းငယ်မျှ ရှေ့သို့တိုးလိုက်ကာ မျက်ရည်များကို အနိုင်နိုင်ထိန်းထားရသည်။
"သူသာ ကျွန်တော့်ကို မကယ်ခဲ့ရင် သူ့ကိုယ်သူ ထုတ်ဖော်လိုက်မိမှာမဟုတ်ဘူး..."

“ဒါတွေက မင်းနဲ့မဆိုင်ဘူး” အင်ပါယာအရှင် နောက်ဆုံးတွင် ပြောလာသည်။
“နေကောင်း​အောင်နေ။ပြန်ပြီး ကောင်းကောင်း အနားယူ"

"ကျွန်​တော်စကားနားထောင်ရင် သူ့ကိုအသက်ရှင်ခွင့်​ပေးမှာလား" ပိုင်ကျီ မျှော်လင့်ကြီးစွာ မေးလိုက်သည်။

အသက်ရွယ်ရပြီးသော ယောကျာ်းတစ်ယောက်(အင်ပါယာအရှင်)ပြောလာသည်
"မင်း ဝင်ပါလွန်းနေပြီ"

ပိုင်ကျီ့ မျက်ဝန်းထဲရှိ မျှော်လင့်ချက်အလင်းရောင်လေး ငြိမ်းသက်သွားသည်။ဖြစ်ပျက်ခဲ့သော ကိစ္စတွေများပြားလွန်းတာကြောင့် ပိုင်ကျီ ခြေလှမ်းတချို့လှမ်းလိုက်ကာ အမြင်အာရုံတစ်ခုလုံးအမှောင်ကျပြီး မေ့လဲကျသွားတော့သည်။

……

“တူလေးရေ တူလေး” Systemအသံက တဖြည်းဖြည်း ပိုကျယ်လာကာ ပိုင်ကျီလဲနိုးလာတော့သည်။
"အိုး!တူလေး၊ နောက်ဆုံးတော့ နိုးလာပြီ!"

ပိုင်ကျီ အမြင်အာရုံကြည်လင်လာကာ
သူ့ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည် "ဦးလေး ဝမ်ကျုးကျီဘယ်မှာလဲ"

“သူ့ကိုအချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ်  စိတ်မပူပါနဲ့  ဒီတစ်ခါတော့ ဦးလေးကိုမင်းပြောပြစရာမလိုဘဲ Recovery Mode ကို သူ့ဆီလွှဲပေးလိုက်တယ်"
“သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အကုန် ကုသပေးနိုင်အောင် ဦးလေး ထောက်ပံ့​ပေးထားတယ်။ဒီနည်းနဲ့ သူ့ကို နှိပ်စက်နေရင်တောင် ဘာမှမဖြစ်ဘူး”

"ကျွန်တော် သူ့ကို ကယ်မယ်။"

Systemပြောလာသည်။
“ဒါပေမယ့် မင်းကိုလည်း သူတို့အပြင်က ပိတ်ထားတယ်” "တော်တော်ကောင်းတဲ့လုံခြုံရေးစနစ်ပဲ"

“ဦးလေး မင်းကို ထုတ်​ပေးနိုင်တယ်” system ဆက်ပြောသည်။
"ဒါပေမယ့် မင်းအဲ့လိုထွက်သွားနိုင်ရင်ဘယ်လိုရှင်းပြမလဲ"

"ကျွန်​တော် ရှင်းပြမှာမဟုတ်ဘူး" ပိုင်ကျီ အခိုင်အမာပြောလာသည်။
"ကျွန်တော် သူ့ကို ကယ်မယ်။"

"ကောင်းပြီ၊ ကောင်းပြီ၊ အဆင်ပြေတယ်" system သူ့ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီး ဗိုက်ကိုဖွင့်လိုက်ကာ လက်ဝှေ့ရမ်းရင်းပြောလာသည်  "ဝင်လာခဲ့တော့"

ပိုင်ကျီ ကုတင်ပေါ်မှ ခုန်ခင်းကာ System ဗိုက်ထဲသို့ ဝင်သွားလိုက်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

System ပိုင်ကျီ့ကိုထည့်ထားသည့် သူ့ခန္ဓာကိုယ်ကို ဖုံးကာ နံရံတွေထဲကို ခိုးဝင်လိုက်သည်။လမ်းတစ်လျှောက် ခက်ခက်ခဲခဲဖြတ်သန်းလာပြီးနောက် နောက်ဆုံးတော့ သူတို့၏ပန်းတိုင်သို့ ရောက်သွား​တော့သည်။ထို့နောက် စွမ်းအားထောက်ပံ့ရေး စက်ကို 'ပေါ့ပ်' ဆိုသည့်အသံနှင့်အတူ ဖြတ်တောက်လိုက်သည်။အစောင့်များ သတိထားမိ
သွားသောအခါ systemလဲ အသက်​ပြင်းရှည်ကြီးကို မှုတ်ထုတ်သည်
"ကောင်းလိုက်တာ။"

"ဘာကောင်းတာလဲ?"

“တခြားနေရာတွေရဲ့ စွမ်းအားထောက်ပံ့ရေးစက်တွေကိုလဲဖြတ်လိုက်ပြီ” systemပြန်ဖြေလာသည်။

ပိုင်ကျီ: "...."

“ကောင်းပြီ၊ ကောင်းပြီ။တူလေး​ရေ မင်းမြေပုံကိုယူပြီး ဝမ်ကျုးကျီ ကိုလိုက်ရှာ။ဦးလေးဒီမှာ ခဏနေခဲ့မယ်"

ပိုင်ကျီ systemကြည့်လိုက်ကာ
"ဦးလေး ကျွန်တော်နဲ့ မလိုက်ဘူးလား"

“ခွေးစာတွေ မစားချင်ဘူး”  systemပြောလာသည်။
“ပြီးတော့ ဒီမှာစောင့်ကြည့်နေရမှာတွေ ရှိသေးတယ်။ကြည့်ကြည့်”

ပိုင်ကျီ systemညွှန်ပြရာကိုကြည့်လိုက်တော့ စစ်သားတချို့ လျှပ်စစ်ပြုပြင်သည့်ကိရိယာတွေသယ်လာနေတာကိုတွေ့လိုက်ရသည်။

ပိုင်ကျီ systemနဲ့အတူ တပ်သားတွေ ပြန်ပြင်ကြတာကိုစောင့်နေကြသည်။သူတို့ပြန်ပြင် ခါနီးတိုင်း 'ပေါ့ပ်'ဆိုသောအသံဖြင့် ပြန်၍ဖြတ်တောက်လိုက်သည်။

ပြုပြင်ရေး တပ်သားများ “ဘာလဲဟ”

တစ်ခေါက်ပြီးတစ်ခေါက်ထိုသို့ဖြစ်နေခဲ့ပြီး  နောက်ဆုံးတွင် စက်ပြင်နေသည့် တပ်သားလဲ ယုံကြည်မှုတွေပျောက်ကုန်ပြီး စိတ်ဓာတ်ပင်ကျလာတော့သည်
"ဝူးဝူး ငါဒီအလုပ်ကနေ နှုတ်ထွက်ချင်တယ် ဒီလို အလုပ်မျိုး မလုပ်နိုင်ဘူး..."

သူမျက်ရည်တွေထိန်းထားပြီး ကိရိယာတွေကို သန့်ရှင်းရေးလုပ်ကာ ပြောလာသည်။

System ပခုံးတွန့်ပြီး
"ကြည့်၊ ဦးလေး စောင့်ကြည့်နေရမယ့် အရာတွေရှိတယ်လို့ ပြောသားပဲ"

ပိုင်ကွီ : ...စက်ပြင်သမားလေးတွေကို စိတ်ဓာတ်ကျအောင်လုပ်ပြီး အလုပ်ကနေတောင်ထွက်ချင်သွားအောင်လုပ်တာ မကောင်းတဲ့အကျင့်နော်။

“Systemတွေမှာ ကိုယ်ကျင့်တရားဆိုတာမရှိဘူး” system မှန်ကန်စွာ ငြင်းခုံလာသည်။  "လာပါ ဝမ်ကျုးကျီကို သွားရှာရအောင်!"

လူမဟုတ်သော လူနှစ်ယောက်သည် မသေချာသောကံတရားကို အားကိုးရင်း ဝမ်ကျုးကျီဆီသွားကြတော့သည်။system
လမ်းတစ်လျှောက်ရှိ အဆာပြေမုန့်​အချို့ကိုပင် အိတ်ထဲထည့်ခဲ့သည်။

ပိုင်ကျီ : "ဦးလေးရေ ကိုယ့်ကိုကိုယ် ထပ်အရှက်မခွဲပါနဲ့တော့ ကျွန်​တော်တို့ရောက်ပြီ"

"အဲ့လိုပြောမှဖြစ်မှာလား ငါ့ပါငါတောင် ရှက်လာပြီ။ကျေးဇူးမရှိတဲ့ လူယုတ်မာလေး!” system ဒေါသ ထွက်သွားသည်။

ပိုင်ကျီ ခေါင်းယမ်းလိုက်ရင်း အစောင့်နှစ်ယောက်ဆီက သော့တွေကိုကျွမ်းကျင်စွာယူလိုက်ကာ သတိမေ့သွားအောင်လုပ်လိုက်သည်။ထို့နောက်systemဆီမှထွက်လာကာ ထိန်းချုပ်ခန်းတံခါးကို ဖွင့်လိုက်သည်။

ဝမ်ကျုးကျီ ပိုင်ကျီ့ကိုတည့်တည့်စိုက်ကြည်လိုက်ကာ အံ့သြထိတ်လန့်သွားရသည်။

"ဘာလို့လာတာလဲ"

"ခင်ဗျားကို ကယ်ဖို့" ပိုင်ကျီ ဒဏ်ရာတွေနှင့်
ဝမ်ကျုးကျီကို ထိန်းကိုင်ထားရင်း ကိုယ့်ကိုယ်ကို မရှိသလိုနေနေသော အနီးနားရှိ Systemကို လက်ညိုးထိုးပြလိုက်သည်
"ဒါက နန်းတော်ကနေ ခိုးယူလာတဲ့ အရေးပေါ် ကယ်ဆယ်ရေး ယာဥ်ပါ။အာကာသနဲ့ အချိန်တွေကို ဖြတ်ကျော်သွားနိုင်ပြီး ကျွန်တော်တို့အခုဒါနဲ့ထွက်ပြေးလို့ရတယ်”

တစ်ခုခုတော့ရှိနေအုံးမည်ဟု ဝမ်ကျုးကျီတွေးမိသည်။
"ဒီလောက် ရုပ်ဆိုးတဲ့ အရေးပေါ်ယာဥ်က ဘယ်လို ဖြစ်ရတာလဲ?"

System-…ဟဲဟဲ။မင်းငါ ဓားကိုင်ထားတဲ့ပုံမမြင်ဖူးသေးဘူးထင်တယ်။

ပိုင်ကျီ : "... အဲဒါကို စိတ်မပူပါနဲ့။  အရေးကြီးဆုံးက ဒီနေရာကနေ အရင်ထွက်ဖို့ပဲ”

ဝမ်ကျုးကျီ တုန်လှုပ်သွားပြီး “မရဘူး”

"ဘာလို့လဲ?"

"ကိုယ် မင်းကို မထိခိုက်စေချင်ဘူး" ဝမ်ကျုးကျီ ခဏတတ်ဆိတ်သွားသည့။
“ဒီအင်ပါယာကြီးက ကိုယ့်ကိုမကြိုဆိုဘူး။
ကိုယ့်မှာ သွားစရာနေရာမရှိဘူး။ရှောက်လော့ မင်းသွားသင့်ပြီ"

"မသွားဘူး" ပိုင်ကျီ ပြန်ပြောသည်။
"ခင်ဗျားကို တစ်ယောက်တည်းမထားခဲ့ဘူး"

"ဝမ်ကျုးကျီ ခင်ဗျား လက်ထပ်ဖို့ သဘောတူပြီးသား။မင်္ဂလာလက်စွပ်ကိုတောင် ကြည့်ပြီးပြီမဟုတ်ဘူးလား။ခင်ဗျား ကတိမတည်လို့မရဘူး"

ဝမ်ကျုးကျီ မျက်မှောင်ကြုပ်လိုက်ပြီး
“မင်း…”

"ကျွန်တော်ကရော!" ပိုင်ကျီ စိတ်မကောင်းဖြစ်သွားကာ မတ်တပ်ရက်လိုက်သည်
"ခင်ဗျားအတွက် ကျွန်​တော်ဒီကမ္ဘာကို လာခဲ့တာ။ခင်ဗျားထွက်သွားရင် ကျွန်​တော်လဲလိုက်ခဲ့မယ်"

"ဘာကို?"

"ဒါက အသေးအဖွဲကိစ္စလေးပါ" ပိုင်ကျီ အသက်ရှူသွင်းလိုက်ပြီး  "ဒါက ခိုးပြေးတာလေးပဲလေ  ဘယ်သူမဆို လုပ်နိုင်တယ်”

—————————————————————————
နောက်တစ်ပိုင်းပြီးရင် ဒီArcနဲ့ခွဲရတော့မယ်။
အရေးသားမကောင်းရင် တောင်းပန်ပါတယ်နော်။

____________________________

//Zawgyi//(part 3)

"ဝမ္က်ဳးက်ီ"

ယာဥ္ေပၚမွ အသံတစ္ခု ႐ုတ္ျခည္း ထြက္ေပၚလာသည္။ဝမ္က်ဳးက်ီ ဗလာသက္သက္ေငးၾကည့္ေနမိရာမွာ ေနာက္သို႔အျမန္လွည့္လိုက္သည္။

ပိုင္က်ီ သူ႕အေနာက္မွာ ရပ္ေနခဲ့သည္။ မ်က္ႏွာနဲ႕အဝတ္စားေတြက မီးခိုးေတြေၾကာင့္ မည္းေနခဲ့ေပမယ့္ သူ႕မ်က္လုံးေတြကေတာ့ သတိရွိစြာေတာက္ပေနၾကသည္။

"ဝမ္က်ဳးက်ီ ခင္ဗ်ား စိတ္မပူနဲ႕ေတာ့ေနာ္။ကြၽန္ေတာ္အဆင္ေျပတယ္!" ပိုင္က်ီ ၿပဳံးျပကာညင္ညင္သာသာေျပာလာတယ္။
"မေၾကာက္နဲ႕ေတာ့ေနာ္ အိမ္ျပန္ၿပီး လက္ထပ္ၾကမယ္!"

ဝမ္က်ဳးက်ီ မ်က္လုံးမ်ား နီရဲလာသည္။အသက္ျပင္းျပင္းရႈသြင္းလိုက္ကာ ပိုင္က်ီ့ ဆီ ခ်က္ခ်င္းဆိုသလို ေျပးသြားလိုက္၏။

"ေရွာက္ေလာ့ ေရွာက္ေလာ့"

"ကြၽန္ေတာ္ ဒီမွာရွိပါတယ္" ပိုင္က်ီ ဝမ္က်ဳးက်ီ ေနာက္ေက်ာကို ပြတ္သပ္ေပးရင္း ညင္သာစြာထပ္ေျပာလာသည္။

"ဒီကေနသြားၾကရေအာင္"

သူတို႔ ေဘးနားရွိပတ္ဝန္းက်င္တစ္ခုလုံး ေလးလံေသာ ယာဥ္စိတ္ပိုင္းမ်ား ျပဳတ္က်ေနသည့္ အသံမ်ား ထြက္ေပၚလာသည္။
ဝမ္က်ဳးက်ီ မ်က္လုံးမွားေမွးစင္းရင္း ခဏမွ်စဥ္းစားလိုက္သည္။ထို႔ေနာက္ ပိုင္က်ီ့ကိုအလ်င္အျမန္ဆြဲေခၚလိုက္ၿပီး သူ႕အသံသည္လည္း တျဖည္းျဖည္းတည္ၿငိမ္လာသည္

"အေရးေပၚကယ္ဆယ္ေရးယာဥ္ေတြ
မေလာင္ေသးဘူး။ကိုယ္တို႔ အဲဒါေတြကိုသုံးၿပီး ထြက္သြားရမယ္

ပိုင္က်ီ ေထာက္ခံလိုက္ကာ လက္ဖဝါးေပၚတြင္ ေခြၽးေစးမ်ားထြက္ေနေတာ့သည္။

အခုအေျခအေနေတြက အႏၱရာယ္မ်ားလြန္းသည္။ေပါက္ကြဲမႈျဖစ္သြားတုန္းက systemသာ သူ႕ကို အခ်ိန္မီ မကယ္တင္ခဲ့ဘူးဆိုရင္ သူ႕အရိုးစုေတာင္ က်န္ေနေတာ့မွာမဟုတ္ေပ။

ပိုင္က်ီ ဒီကမၻာကို ပထမဆုံးအႀကိမ္ ကူးေျပာင္းၿပီးလာကတည္းက အလြန္ အႏၱရာယ္မ်ားခဲ့သည္။ပိုင္က်ီ အသက္ျပင္းျပင္းရႈထုတ္လိုက္ေတာ့သည္။

ေရွာက္ေလာ့ ခႏၶာကိုယ္သာေသဆုံးသြားရင္ ပိုင္က်ီ ေနာက္ကမၻာသို႔ ရိုးရိုးေလးပဲ ကူးေျပာင္းလိုက္ၿပီး ျပန္လည္ရွင္သန္နိုင္သည္။ဝမ္က်ဳးက်ီ...ဝမ္က်ဳးက်ီ ကေတာ့သူ႕လိုမဟုတ္ေပ။

ေပါက္ကြဲမႈျဖစ္သြားတုန္းက ယာဥ္အကာကြယ္coverက အနည္းငယ္ကြဲအက္သြားခဲ့သည္။ပိုင္က်ီ သူ႕ပတ္ဝန္းက်င္ရွိ စစ္ယာဥ္တစ္ခုလုံး ပ်က္စီးသြားသည္ကိုၾကည့္ရင္း သူ႕စိတ္ထဲ ေမးခြန္းတစ္ခု ထြက္ေပၚလာသည္။

အကယ္၍ ငါဒီမွာေသသြားခဲ့ရင္ ဝမ္က်ဳးက်ီ သူ႕ကံၾကမၼာကို ေျပာင္းလဲနိုင္အုံးမွာလား။ မူရင္းဝတၳဳမွာ ေရးထားတဲ့ ေၾကကြဲဖြယ္အဆုံးသတ္ကို သူထပ္ခံစားရအုံးမွာလား။

ထိုေၾကာက္စိတ္က သူ႕ရင္ထဲမွာ ေပၚေပါက္လာၿပီး ယာဥ္ေပၚကေန ထြက္သြားဖို႔ ႀကိဳးစားလိုက္သည္။မီးေတာက္ေတြပတ္ပတ္လည္ ဝိုင္းေနၿပီး ထိုမီးေတာက္မ်ားၾကားမွ ထြက္ေျပးလာၾကရင္း ႐ုတ္တရက္ ရင္းႏွီးေနသည့္ ေအာ္သံကိုၾကားလိုက္ေတာ့ လွည့္ၾကည့္လိုက္မိသည္။

ဝမ္က်ဳးက်ီ

သူ႕ေျခလွမ္းေတြ ရပ္တန႔္သြားၿပီး ရင္းႏွီးေနက်မ်က္ဝန္းတစ္စုံကိုေတြ႕လိုက္ရသည္။

ထိုသူ သူ႕ေရွ႕ေလွ်ာက္လာသည္။

မီးေတာက္မ်ားႏွင့္ အပ်က္အစီးမ်ားၾကားတြင္ ဝမ္က်ဳးက်ီ သူ႕မွတ္ဉာဏ္ေတြထဲရွိအေရးေပၚယာဥ္ရွိရာဆီ ပိုင္က်ီ့ကို ေခၚသြားသည္။႐ုတ္တရက္ ထူးဆန္းသည့္အသံတစ္ခုကိုၾကားလိုက္ရျပန္သည္။

ပိုင္က်ီ ထိုအသံလာရာအားလွည့္ၾကည့္လိုက္ခ်င္ေပမယ့္ ထိုအခ်ိန္ systemသတိေပးသံကို ၾကားလိုက္ရသည္-

"အဆင့္B သတိေပးခ်က္။စစ္ယာဥ္က ဒုတိယအႀကီးစား ေပါက္ကြဲမႈျဖစ္ေပၚလာပါမယ္။ၾကာခ်ိန္ငါးစကၠန့္ကေန ေရတြတ္သြားပါေတာ့မယ္ "ငါး...ေလး..."

ေပါက္ကြဲသံတစ္ခုထြက္ေပၚလာၿပီး systemရဲ႕ အခ်က္ေပးသံလဲ ပ်က္ေတာက္သြားသည္။ပိုင္က်ီ့ကို တစ္စုံတစ္ေယာက္ကဆြဲကာေပြ႕ဖက္လာသည္။ေအးစက္ေနေသာ လက္တစ္စုံက ပိုင္က်ီ့နားေတြကိုဖုံးအုပ္ေပးလာသည္။

ဝမ္က်ဳးက်ီ

ပိုင္က်ီ အသံမထြက္ရဲေပ။

ေပါက္ကြဲမႈျဖစ္ေပၚလာေသာ မီးေတာက္ႀကီးမ်ားသည္ စစ္ယာဥ္တစ္ခုလုံးကို ပ်က္စီးေစခဲ့သည္။ပိုင္က်ီ အဆုံးမရွိေသာေခ်ာက္နက္ႀကီးထဲ ျပဳတ္က်သြားသလိုခံစားလိုက္ရသည္။
အရာအားလုံးေပါက္ကြဲကုန္ၿပီး ပိုင္က်ီ နားေတြလဲ အူသြားသည္။

ေျမျပင္ေပၚသို႔ ဆင္းသက္လာေသာအခါ
System အကာကြယ္စနစ္ကိုပိတ္လိုက္ၿပီးၾကမ္းတမ္းေသာ ေက်ာက္စရစ္ေျမျပင္ကို ပိုင္က်ီ ခံစားလိုက္ရသည္။ေပြ႕ဖက္ထားတဲ့လက္ေတြေျပေလ်ာ့သြားတာကိုခံစားမိလိုက္ေတာ့ ပိုင္က်ီ ေမာ့ၾကည့္လိုက္မိသည္။ျမင္လိုက္ရသည့္ ျမင္ကြင္းတစ္ခုေၾကာင့္ ပိုင္က်ီအံ့ၾသသြားရသည္။

ဝမ္က်ဳးက်ီ တစ္ကိုယ္လုံး ေသြးေတြ ဖုံးလႊမ္းေနၿပီး သူ႕အဝတ္အစားမ်ားလဲ အနီေရာင္ေသြးမ်ား စြန္းထင္းေနသည္။ေနာက္ေက်ာမွ အေတာင္ပံတစ္စုံဟာလဲ သူ႕ရင္ခြင္ထဲတြင္ရွိ
ပိုင္က်ီ့ကို အခိုင္အမာကာကြယ္ေပးထားသည္။

ဝမ္က်ဳးက်ီမ်က္ဝန္းေတြ တည္ၿငိမ္ေနၿပီး
ပိုင္က်ီ့အား စိတ္ေအးေအးထားကာၾကည့္လာသည္။ထို႔ေနာက္ တစ္စုံတစ္ေယာက္အား ေခ်ာ့ေမာ့ညင္သာသည့္ အသံျဖင့္ေျပာလာသည္။

ကိုယ့္ကို မေၾကာက္နဲ႕ေနာ္။ကိုယ္မင္းကို ေတာင္းပန္ပါတယ္။"

ပိုင္က်ီ သတိထားေနျခင္းမ်ိဳးမရွိပဲ ဝမ္က်ဳးက်ီကိုစိုက္ၾကည့္ကာငိုလာေတာ့သည္။

ဝမ္က်ဳးက်ီ ဝမ္က်ဳးက်ီ ပိုင္က်ီ့အသံမွာ အက္ကြဲကာ ၾကမ္းရွေနၿပီး ငိုရွိုက္ေနေတာ့သည္။

"ခင္ဗ်ား မနာဘူးလား?"

ဝမ္က်ဳးက်ီ၏ စိတ္ဓာတ္က်ေနခဲ့ေသာ မ်က္ဝန္းမ်ား ႐ုတ္တရက္ ေတာက္ပသြားၿပီး
အနည္းငယ္မယုံၾကည္နိုင္ျဖစ္ေနေသာ အသံျဖင့္ သူထပ္ေမးလိုက္သည္ "မင္း...?"

ပိုင္က်ီ မထိန္းခ်ဳပ္နိုင္စြာ ငိုေနခဲ့ၿပီး တစ္ကိုယ္လုံး တုန္ခါေနသည္
"ခင္ဗ်ား ေသြးထြက္ေနတယ္...ဝမ္က်ဳးက်ီ...။"

ကိုယ္ အဆင္ေျပပါတယ္ ဝမ္က်ဳးက်ီ ခ်က္ခ်င္းပင္ စိတ္ေအးသြားသည္။ပိုင္က်ီ့
ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားလိုက္ကာ သူ႕အသံဟာလဲတုန္ခါေနသည္

"ကိုယ္ အဆင္ေျပတယ္၊ ကိုယ္အဆင္ေျပပါတယ္"

ပိုင္က်ီ ရွိုက္ႀကီးတငင္ ငိုကာ ဝမ္က်ီက်ဳးကို ေနာက္တစ္ေခါက္ထပ္ဖက္ထားလိုက္ခ်င္ေပမယ့္ ထိုအခ်ိန္မွာပဲ အေဝးကေအာ္သံတခ်ိဳ႕ကၾကားျဖတ္လာေတာ့သည္။

ပိုင္က်ီယူနီေဖာင္းဝတ္တပ္သား ဆယ္ေယာက္ေလာက္က ဝမ္က်ဳးက်ီကို ေၾကာက္႐ြံ႕မႈတခ်ိဳ႕ျဖင့္ ဝိုင္းထားၾကသည္ကို ေတြ႕လိုက္သည္။
"Alienပဲ သူကAlienပဲ!"

(t: Alienဆိုတာေတာ့ Zergလိုပဲဆိုေပမယ့္ မ်ိဳးႏြယ္မတူၾကပါဘူးတဲ့။)

ပိုင္က်ီ့ႏွလုံးသားေတြ တင္းၾကပ္သြားသည္ ။

အရွင္မင္းသား အဖြဲ႕ထဲရဲ႕ ထိပ္တန္း စစ္သားမွ စိုးရိမ္တႀကီးျဖင့္ သူက Alien တစ္ေယာက္ပါအရွင္မင္းသား သူနဲ႕ေဝးေဝးမွာေနပါ

ထိုသူစကားေျပာၿပီးသည္ႏွင့္ပိုင္က်ီ မတ္တပ္ရပ္လိုက္ကာ ဓားကိုဆြဲထုတ္လိုက္ၿပီး ဝမ္က်ဳးက်ီ ေရွ႕ဝင္ရပ္လိုက္သည္။ထိုသို႔လုပ္ရက္က သူ႕ရဲ႕ရည္႐ြယ္ခ်က္နဲ႕ ကာကြယ္ေပးလိုမႈတို႔ကိုသိသာစြာေပၚလြင္ေနေစသည္။
"ဒါ ဘာအဓိပၸာယ္လဲ"

"အရွင္မင္းသား!ေသခ်ာၾကည့္ပါ အခုဝမ္က်ဳးက်ီက အင္ပါယာကလူမဟုတ္ေတာ့ဘူး" ထိုစစ္သား အႀကံအိုက္လာေတာ့သည္။

"ဘယ္လိုျဖစ္ၿပီးေတာ့လဲ?" ပိုင္က်ီေမးလာသည္။
"သူ ဘယ္သူ႕ကို ထိခိုက္သြားေအာင္လုပ္ခဲ့လို႔လဲ"

အခုပဲ ေပါက္ကြဲမႈေတြျဖစ္သြားတာ... သူသာ ရွိမေနဘူးဆို ငါေသေနၿပီ။အဲ့တာကို မင္းမျမင္ဘူးလား!"

အရွင္မင္းသား အရင္ကခံစားခ်င္ေတြေၾကာင့္နဲ႕ စီရင္ဆုံးျဖတ္မႈကို အထိခိုက္မခံပါနဲ႕
ထိုစစ္သား တည္ၿငိမ္စြာေျပာလာသည္။
"Zergနဲ႕ Aliensေတြက ကြၽန္ေတာ္တို႔ကို ေသေစခ်င္ေနၾကတဲ့ ရန္သူေတြပါ။Aliensေတြက Zergေတြထက္ ပိုၿပီးပါးနပ္ၾကတယ္။သူ႕မွာ တျခားပူးေပါင္းႀကံစည္မႈေတြ ရွိေနမလားဆိုတာ ဘယ္လိုလုပ္သိနိုင္မွာလဲ

"ပူးေပါင္းႀကံစည္မႈ?မင္းမွာသက္ေသရွိလို႔လား"

ကြၽန္ေတာ္တို႔လူသားမ်ိဳးႏြယ္ထဲကမဟုတ္မွေတာ့ က်ိန္းေသေပါက္ သစၥာေဖာက္ပဲ"ထိုစစ္သားဆက္ေျပာလာသည္
အင္ပါယာတိုင္းျပည္ရဲ႕ ရန္သူ႕ေခါင္းကိုျဖတ္ဖို႔ကစစ္သားတိုင္းရဲ႕တာဝန္ပါ

ပိုင္က်ီတစ္ခ်က္ရယ္လိုက္ကာ သူ႕အမူအရာက ေအးစက္သြားသည္။ထို႔ေနာက္ တစ္လုံးခ်င္းေျပာလာသည္။
ေခါင္းျဖတ္မယ္ ဟုတ္လား? သူကငါ့ဘဝရဲ႕လက္တြဲေဖာ္ပဲ။မင္း လာစမ္းၾကည့္လိုက္ေလ"

ပတ္ဝန္းက်င္ရွိေလထုတစ္ခုလုံး ေလာင္ကြၽမ္းေနသည္။ဝမ္က်ဳးက်ီ သူ႕ေရွ႕တြင္ရပ္ကာ သူ႕ကိုအဆုံးထိကာကြယ္ေပးမည့္ပုံရသည့္ ပိုင္က်ီ့ကိုၾကည့္လိုက္သည္။သူမေနနိုင္ပဲ အသံတိတ္ရယ္လိုက္မိသည္။

ဓားကိုင္ဖို႔ေနေနသာသာ မတ္တပ္ရပ္ဖို႔ေတာင္ ခြန္အားမရွိေတာ့ေပ။

စစ္သားမ်ား အဆက္မျပတ္ ေရာက္လာၾကၿပီး ဝမ္က်ဳးက်ီ သူ႕ရဲ႕ပုံစံကိုဆက္မဖုံးကြယ္ထားနိုင္ေတာ့ေပ။

သို႔ရာ ဝမ္က်ဳးက်ီ ေနာင္တမရေပ။

တႏွစ္ပတ္လုံး ေလျပင္းတိုက္ခတ္ေနၿပီး ေနေရာင္ျခည္တစြန္းတစေတာင္ မျမင္နိုင္တဲ့ အေအးပိုင္းေဒသျဖစ္သည့္ သူ႕ေမြးရပ္ေျမကို ေတြးမိသည္။

သူေမြးလာကတည္းက လူသားနဲ႕တူတာေၾကာင့္ စြန႔္ပစ္ခံခဲ့ရၿပီး အသက္မရွင္နိုင္လုနီးပါးျဖစ္ခဲ့သည္။

အဲ့ေနာက္ပိုင္း သူတစ္ေနရာၿပီးတစ္ေနရာ ထြက္ေျပးပုန္းေရွာင္ေနခဲ့ရတယ္။Zerg အစာမျဖစ္သြားေစဖို႔ ပုန္းခဲ့ရတယ္။Aliensေတြ အမဲလိုက္တာကေန ထြက္ေျပးခဲ့ရတယ္။အထူးသျဖင့္ လူသားေတြဆီကေနပုန္းေရွာင္ေနခဲ့ရတယ္။

သူႀကီးျပင္းလာတာနဲ႕အမွ် လူသားေတြနဲ႕ပိုပိုတူလာခဲ့တယ္။ေနာက္ဆုံးမွာေတာ့ သူ႕ေက်ာေနာက္က အေတာင္ပံေတြကိုလဲ သူ႕အလိုအတိုင္း သိမ္းထားနိုင္ခဲ့ေတာ့တယ္။

ဝမ္က်ဳးက်ီ ဒီကမၻာႀကီးေပၚမွာ ဘယ္လိုရွင္သန္ရမလဲဆိုတာကို သင္ယူခဲ့သည္။

စစ္သင္တန္းေက်ာင္းကို ဝင္ခဲ့ၿပီး သူ႕ကိုယ္ပိုင္ႀကိဳးစားမႈေတြနဲ႕ ရာထူးအဆင့္ဆင့္ကို တတ္လွမ္းခဲ့သည္။ အျခားမ်ိဳးႏြယ္စုေတြကို သတ္နိုင္ဖို႔ လူသားမ်ိဳးႏြယ္ကိုကူညီေပးခဲ့ၿပီး သူတို႔တိုက္ခိုက္ေနၾကတာကိုၾကည့္ေနခဲ့သည္။

Aliensေတြ အသက္ႀကီး႐ြယ္အိုေတြနဲ႕ကေလးေတြကို ရက္ရက္စက္စက္သတ္ပစ္ခဲ့တာမ်ိဳးေတြကိုလဲ သူျမင္ခဲ့ေပမယ့္ သူအတြက္ေတာ့ ၾကားဝင္စရာအေၾကာင္းမရွိေပ။

ဒီကမၻာႀကီးမွာ ဘယ္သူ႕အတြက္မွ သူ႕ရဲ႕ႏွလုံးသားကိုဖြင့္မေပးရဲခဲ့။ဒါေၾကာင့္ သူေနာက္ဆုံးမွာေတာ့ အႀကံတစ္ခုရလာေတာ့သည္။

ၾသဇာလႊမ္းမိုးမႈကို လိုခ်င္ခဲ့သည္။ ဂုဏ္သိကၡာရွိစြာ ေနထိုင္ခ်င္ခဲ့သည္။

ဒါကိုေတြးရင္း ဝမ္က်ဳးက်ီ ရယ္သံေတြ တျဖည္းျဖည္းက်ယ္လာသည္။

ပိုင္က်ီ စိုးရိမ္တႀကီးျဖင့္ လွည့္ၾကည့္လိုက္ကာ
"ဘာျဖစ္လို႔လဲ?"

"ကိုယ္ေပ်ာ္တယ္"

ဝမ္က်ဳးက်ီ ပိုင္က်ီ့ကို ျဖည္းညွင္းစြာ စိုက္ၾကည့္ကာ
"ေရွာက္ေလာ့ ေက်းဇူးတင္ပါတယ္ "

ပိုင္က်ီ အံ့ဩသြားကာ "ကြၽန္ေတာ္ကို?"

အင္း ဝမ္က်ဳးက်ီ ေခါင္းညိတ္ျပသည္။
"ေရွာက္ေလာ့ သူတို႔နဲ႕ မတိုက္နဲ႕ေတာ့ "

"ကိုယ့္ကို လႊဲေပးလိုက္ပါ"

ဝမ္က်ဳးက်ီထိုသို႔ ျဖည္းျဖည္းခ်င္းေျပာကာ အၿပဳံးမပ်က္ေပ။

ေနာက္ဆုံးေတာ့ သူ႕ဘဝလုံးေတြ႕ခ်င္ေနခဲ့တဲ့သူကို ရွာေတြ႕ၿပီးၿပီမို႔ ဝမ္းနည္းစရာမရွိေတာ့ေပ။

သူ႕အသြင္အျပင္ကို ဂ႐ုမစိုက္တဲ့သူ၊သူ႕ကို ရိုးရိုးသားသားနဲ႕ အသိအမွတ္ျပဳတဲ့သူ၊ အဓိကအခ်က္က သူ႕ကိုခ်စ္တဲ့သူ၊သူ႕ကို ခ်စ္ေပးတဲ့သူ။

"... အိမ္မက္ပဲမက္ေနလိုက္"

ပိုင္က်ီ တခဏမွ် တိတ္ဆိတ္သြားကာ အသက္ျပင္းျပင္းရႈၿပီးေျပာလိုက္သည္
"ကြၽန္ေတာ္အရင္ကတည္းက ေျပာခဲ့တယ္ေလ ခင္ဗ်ားနဲ႕တစ္သက္လုံးအတူေနမွာပါလို႔"

"ခင္ဗ်ားနဲ႕အတူ ေပ်ာ္ေပ်ာ္႐ြင္႐ြင္အတူေနသြားမွာ"

ပိုင္က်ီ တစ္ဖက္သို႔ျပန္လွည့္ကာ လက္သီး တင္းက်ပ္က်ပ္ဆုပ္ၿပီးေျပာလာသည္
"ကြၽန္ေတာ့္ကိုယုံလိုက္ပါ။ ဒီစကားေတြကို ဘဝလုံးထိန္းသိမ္းထားမွာပါ"

ထိုသို႔ေျပာၿပီးေနာက္တြင္ ေစာေစာတုန္းက စစ္သားကိုၾကည့္လိုက္သည္။တိုက္ပြဲသည္ အလြန္ျပင္းထန္ၿပီး ထိတ္လန့္ဖြယ္ေကာင္းသည္။ ပတ္ဝန္းက်င္ရွိ စစ္သားေတြကလဲ ေရွ႕သို႔တိုးလာၾကကာ ျမင္ကြင္းတစ္ခုလုံး ပရမ္းပတာ ျဖစ္သြားသည္။

ဝမ္က်ဳးက်ီ အေျခေနတင္းမာလာသည္ကို ၾကည့္ၿပီး ေရွ႕ထြက္ဖို႔ရန္ အားတင္းလိုက္သည္။ထိုအခ်ိန္ ႐ုတ္တရက္ဆိုသလို သူ႕လည္ပင္းေပၚ ဓားတစ္ေခ်ာင္းေရာက္လာေတာ့သည္။

"ေရွာက္ေလာ့ မင္းရပ္လိုက္တာ ပိုေကာင္း
လိမ့္မယ္!"

အင္ပါယာအရွင္၏ တင္းမာေသာအသံသည္ က်ယ္ေလာင္စြာထြက္ေပၚလာၿပီး တိုက္ခိုက္ေနေသာသူမ်ားလဲ ခ်က္ခ်င္းရပ္သြားသည္။ ပိုင္က်ီ ေနာက္သို႔ကို လွည့္ၾကည့္လိုက္ေတာ့ သူ႕မ်က္ဝန္းေတြ ခ်က္ခ်င္းဆိုသလို ထိတ္လန့္သြားသည္။

ဝမ္က်ဳးက်ီကို အနက္ေရာင္ဝတ္လူမ်ားက ဖမ္းဆီးထားၾကသည္။ပိုင္က်ီ ထိန့္လန္မႈေၾကာင့္ အသက္ရႈၾကပ္သြားကာ မ်က္လုံးမွိတ္ခ်လိဳက္မိသည္။

"ဝမ္က်ဳးက်ီ!"

ပိုင္က်ီ ဝမ္က်ဳးက်ီနားသို႔ တတ္နိုင္သမွ် ျမန္ျမန္ေျပးသြားလိုက္သည္။

"မင္းေနာက္တစ္လွမ္းၾကည့္ လွမ္းလိုက္တာနဲ႕ သူအေသပဲ"

ထိုသည္ကိုၾကားေတာ့ ပိုင္က်ီ့ေျခလွမ္းမ်ား ရပ္တန႔္သြားၿပီး အင္ပါယာအရွင္အား စိုက္ၾကည့္လိုက္သည္။

ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို ကယ္ခဲ့တာ သူ ကြၽန္ေတာ့္ကို ကယ္ခဲ့တာ

အင္ပါယာအရွင္ ႏႈတ္ဆိတ္ေန၏။

ပိုင္က်ီ ေျခလွမ္းအနည္းငယ္မွ် ေရွ႕သို႔တိုးလိုက္ကာ မ်က္ရည္မ်ားကို အနိုင္နိုင္ထိန္းထားရသည္။
"သူသာ ကြၽန္ေတာ့္ကို မကယ္ခဲ့ရင္ သူ႕ကိုယ္သူ ထုတ္ေဖာ္လိုက္မိမွာမဟုတ္ဘူး..."

ဒါေတြက မင္းနဲ႕မဆိုင္ဘူး အင္ပါယာအရွင္ ေနာက္ဆုံးတြင္ ေျပာလာသည္။
ေနေကာင္းေအာင္ေန။ျပန္ၿပီး ေကာင္းေကာင္း အနားယူ"

"ကြၽန္ေတာ္စကားနားေထာင္ရင္ သူ႕ကိုအသက္ရွင္ခြင့္ေပးမွာလား"ပိုင္က်ီ ေမွ်ာ္လင့္ႀကီးစြာ ေမးလိုက္သည္။

အသက္႐ြယ္ရၿပီးေသာ ေယာက်ာ္းတစ္ေယာက္(အင္ပါယာအရွင္)ေျပာလာသည္
"မင္း ဝင္ပါလြန္းေနၿပီ"

ပိုင္က်ီ့ မ်က္ဝန္းထဲရွိ ေမွ်ာ္လင့္ခ်က္အလင္းေရာင္ေလး ၿငိမ္းသက္သြားသည္။ျဖစ္ပ်က္ခဲ့ေသာ ကိစၥေတြမ်ားျပားလြန္းတာေၾကာင့္ ပိုင္က်ီ ေျခလွမ္းတခ်ိဳ႕လွမ္းလိုက္ကာ အျမင္အာ႐ုံတစ္ခုလုံးအေမွာင္က်ၿပီး ေမ့လဲက်သြားေတာ့သည္။

တူေလးေရ တူေလး Systemအသံက တျဖည္းျဖည္း ပိုက်ယ္လာကာ ပိုင္က်ီလဲနိုးလာေတာ့သည္။
"အိုး!တူေလး၊ ေနာက္ဆုံးေတာ့ နိုးလာၿပီ!"

ပိုင္က်ီ အျမင္အာ႐ုံၾကည္လင္လာကာ
သူ႕ေဘးပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္သည္ "ဦးေလး ဝမ္က်ဳးက်ီဘယ္မွာလဲ"

သူ႕ကိုအခ်ဳပ္ခန္းထဲမွာ ထိန္းသိမ္းထားတယ္ စိတ္မပူပါနဲ႕ ဒီတစ္ခါေတာ့ ဦးေလးကိုမင္းေျပာျပစရာမလိုဘဲ Recovery Mode ကို သူ႕ဆီလႊဲေပးလိုက္တယ္"
သူ႕ရဲ႕ ကိုယ္တြင္းအဂၤါေတြကို အကုန္ ကုသေပးနိုင္ေအာင္ ဦးေလး ေထာက္ပံ့ေပးထားတယ္။ဒီနည္းနဲ႕ သူ႕ကို ႏွိပ္စက္ေနရင္ေတာင္ ဘာမွမျဖစ္ဘူး

"ကြၽန္ေတာ္ သူ႕ကို ကယ္မယ္။"

Systemေျပာလာသည္။
ဒါေပမယ့္ မင္းကိုလည္း သူတို႔အျပင္က ပိတ္ထားတယ္ "ေတာ္ေတာ္ေကာင္းတဲ့လုံၿခဳံေရးစနစ္ပဲ"

ဦးေလး မင္းကို ထုတ္ေပးနိုင္တယ္ system ဆက္ေျပာသည္။
"ဒါေပမယ့္ မင္းအဲ့လိုထြက္သြားနိုင္ရင္ဘယ္လိုရွင္းျပမလဲ"

"ကြၽန္ေတာ္ ရွင္းျပမွာမဟုတ္ဘူး" ပိုင္က်ီ အခိုင္အမာေျပာလာသည္။
"ကြၽန္ေတာ္ သူ႕ကို ကယ္မယ္။"

"ေကာင္းၿပီ၊ ေကာင္းၿပီ၊ အဆင္ေျပတယ္" system သူ႕ခႏၶာကိုယ္ကို ထုတ္ေဖာ္လိုက္ၿပီး ဗိုက္ကိုဖြင့္လိုက္ကာ လက္ေဝွ႕ရမ္းရင္းေျပာလာသည္ "ဝင္လာခဲ့ေတာ့"

ပိုင္က်ီ ကုတင္ေပၚမွ ခုန္ခင္းကာ System ဗိုက္ထဲသို႔ ဝင္သြားလိုက္သည္။
ထို႔ေနာက္ မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္ကြယ္သြားၾကသည္။

System ပိုင္က်ီ့ကိုထည့္ထားသည့္ သူ႕ခႏၶာကိုယ္ကို ဖုံးကာ နံရံေတြထဲကို ခိုးဝင္လိုက္သည္။လမ္းတစ္ေလွ်ာက္ ခက္ခက္ခဲခဲျဖတ္သန္းလာၿပီးေနာက္ ေနာက္ဆုံးေတာ့ သူတို႔၏ပန္းတိုင္သို႔ ေရာက္သြားေတာ့သည္။ထို႔ေနာက္ စြမ္းအားေထာက္ပံ့ေရး စက္ကို 'ေပါ့ပ္' ဆိုသည့္အသံႏွင့္အတူ ျဖတ္ေတာက္လိုက္သည္။အေစာင့္မ်ား သတိထားမိ
သြားေသာအခါ systemလဲ အသက္ျပင္းရွည္ႀကီးကို မႈတ္ထုတ္သည္
"ေကာင္းလိုက္တာ။"

"ဘာေကာင္းတာလဲ?"

တျခားေနရာေတြရဲ႕ စြမ္းအားေထာက္ပံ့ေရးစက္ေတြကိုလဲျဖတ္လိုက္ၿပီ systemျပန္ေျဖလာသည္။

ပိုင္က်ီ: "...."

ေကာင္းၿပီ၊ ေကာင္းၿပီ။တူေလးေရ မင္းေျမပုံကိုယူၿပီး ဝမ္က်ဳးက်ီ ကိုလိုက္ရွာ။ဦးေလးဒီမွာ ခဏေနခဲ့မယ္"

ပိုင္က်ီ systemၾကည့္လိုက္ကာ
"ဦးေလး ကြၽန္ေတာ္နဲ႕ မလိုက္ဘူးလား"

ေခြးစာေတြ မစားခ်င္ဘူး systemေျပာလာသည္။
ၿပီးေတာ့ ဒီမွာေစာင့္ၾကည့္ေနရမွာေတြ ရွိေသးတယ္။ၾကည့္ၾကည့္

ပိုင္က်ီ systemၫႊန္ျပရာကိုၾကည့္လိုက္ေတာ့ စစ္သားတခ်ိဳ႕ လွ်ပ္စစ္ျပဳျပင္သည့္ကိရိယာေတြသယ္လာေနတာကိုေတြ႕လိုက္ရသည္။

ပိုင္က်ီ systemနဲ႕အတူ တပ္သားေတြ ျပန္ျပင္ၾကတာကိုေစာင့္ေနၾကသည္။သူတို႔ျပန္ျပင္ ခါနီးတိုင္း 'ေပါ့ပ္'ဆိုေသာအသံျဖင့္ ျပန္၍ျဖတ္ေတာက္လိုက္သည္။

ျပဳျပင္ေရး တပ္သားမ်ား ဘာလဲဟ

တစ္ေခါက္ၿပီးတစ္ေခါက္ထိုသို႔ျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးတြင္ စက္ျပင္ေနသည့္ တပ္သားလဲ ယုံၾကည္မႈေတြေပ်ာက္ကုန္ၿပီး စိတ္ဓာတ္ပင္က်လာေတာ့သည္
"ဝူးဝူး ငါဒီအလုပ္ကေန ႏႈတ္ထြက္ခ်င္တယ္ ဒီလို အလုပ္မ်ိဳး မလုပ္နိုင္ဘူး..."

သူမ်က္ရည္ေတြထိန္းထားၿပီး ကိရိယာေတြကို သန႔္ရွင္းေရးလုပ္ကာ ေျပာလာသည္။

System ပခုံးတြန႔္ၿပီး
"ၾကည့္၊ ဦးေလး ေစာင့္ၾကည့္ေနရမယ့္ အရာေတြရွိတယ္လို႔ ေျပာသားပဲ"

ပိုင္ကြီ : ...စက္ျပင္သမားေလးေတြကို စိတ္ဓာတ္က်ေအာင္လုပ္ၿပီး အလုပ္ကေနေတာင္ထြက္ခ်င္သြားေအာင္လုပ္တာ မေကာင္းတဲ့အက်င့္ေနာ္။

Systemေတြမွာ ကိုယ္က်င့္တရားဆိုတာမရွိဘူး system မွန္ကန္စြာ ျငင္းခုံလာသည္။ "လာပါ ဝမ္က်ဳးက်ီကို သြားရွာရေအာင္!"

လူမဟုတ္ေသာ လူႏွစ္ေယာက္သည္ မေသခ်ာေသာကံတရားကို အားကိုးရင္း ဝမ္က်ဳးက်ီဆီသြားၾကေတာ့သည္။system
လမ္းတစ္ေလွ်ာက္ရွိ အဆာေျပမုန့္အခ်ိဳ႕ကိုပင္ အိတ္ထဲထည့္ခဲ့သည္။

ပိုင္က်ီ : "ဦးေလးေရ ကိုယ့္ကိုကိုယ္ ထပ္အရွက္မခြဲပါနဲ႕ေတာ့ ကြၽန္ေတာ္တို႔ေရာက္ၿပီ"

"အဲ့လိုေျပာမွျဖစ္မွာလား ငါ့ပါငါေတာင္ ရွက္လာၿပီ။ေက်းဇူးမရွိတဲ့ လူယုတ္မာေလး!system ေဒါသ ထြက္သြားသည္။

ပိုင္က်ီ ေခါင္းယမ္းလိုက္ရင္း အေစာင့္ႏွစ္ေယာက္ဆီက ေသာ့ေတြကိုကြၽမ္းက်င္စြာယူလိုက္ကာ သတိေမ့သြားေအာင္လုပ္လိုက္သည္။ထို႔ေနာက္systemဆီမွထြက္လာကာ ထိန္းခ်ဳပ္ခန္းတံခါးကို ဖြင့္လိုက္သည္။

ဝမ္က်ဳးက်ီ ပိုင္က်ီ့ကိုတည့္တည့္စိုက္ၾကည္လိုက္ကာ အံ့ၾသထိတ္လန့္သြားရသည္။

"ဘာလို႔လာတာလဲ"

"ခင္ဗ်ားကို ကယ္ဖို႔" ပိုင္က်ီ ဒဏ္ရာေတြႏွင့္
ဝမ္က်ဳးက်ီကို ထိန္းကိုင္ထားရင္း ကိုယ့္ကိုယ္ကို မရွိသလိုေနေနေသာ အနီးနားရွိ Systemကို လက္ညိုးထိုးျပလိုက္သည္
"ဒါက နန္းေတာ္ကေန ခိုးယူလာတဲ့ အေရးေပၚ ကယ္ဆယ္ေရး ယာဥ္ပါ။အာကာသနဲ႕ အခ်ိန္ေတြကို ျဖတ္ေက်ာ္သြားနိုင္ၿပီး ကြၽန္ေတာ္တို႔အခုဒါနဲ႕ထြက္ေျပးလို႔ရတယ္

တစ္ခုခုေတာ့ရွိေနအုံးမည္ဟု ဝမ္က်ဳးက်ီေတြးမိသည္။
"ဒီေလာက္ ႐ုပ္ဆိုးတဲ့ အေရးေပၚယာဥ္က ဘယ္လို ျဖစ္ရတာလဲ?"

System-ဟဲဟဲ။မင္းငါ ဓားကိုင္ထားတဲ့ပုံမျမင္ဖူးေသးဘူးထင္တယ္။

ပိုင္က်ီ : "... အဲဒါကို စိတ္မပူပါနဲ႕။ အေရးႀကီးဆုံးက ဒီေနရာကေန အရင္ထြက္ဖို႔ပဲ

ဝမ္က်ဳးက်ီ တုန္လႈပ္သြားၿပီး မရဘူး

"ဘာလို႔လဲ?"

"ကိုယ္ မင္းကို မထိခိုက္ေစခ်င္ဘူး" ဝမ္က်ဳးက်ီ ခဏတတ္ဆိတ္သြားသည့။
ဒီအင္ပါယာႀကီးက ကိုယ့္ကိုမႀကိဳဆိုဘူး။
ကိုယ့္မွာ သြားစရာေနရာမရွိဘူး။ေရွာက္ေလာ့ မင္းသြားသင့္ၿပီ"

"မသြားဘူး" ပိုင္က်ီ ျပန္ေျပာသည္။
"ခင္ဗ်ားကို တစ္ေယာက္တည္းမထားခဲ့ဘူး"

"ဝမ္က်ဳးက်ီ ခင္ဗ်ား လက္ထပ္ဖို႔ သေဘာတူၿပီးသား။မဂၤလာလက္စြပ္ကိုေတာင္ ၾကည့္ၿပီးၿပီမဟုတ္ဘူးလား။ခင္ဗ်ား ကတိမတည္လို႔မရဘူး"

ဝမ္က်ဳးက်ီ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး
မင္း

"ကြၽန္ေတာ္ကေရာ!"ပိုင္က်ီ စိတ္မေကာင္းျဖစ္သြားကာ မတ္တပ္ရက္လိုက္သည္
"ခင္ဗ်ားအတြက္ ကြၽန္ေတာ္ဒီကမၻာကို လာခဲ့တာ။ခင္ဗ်ားထြက္သြားရင္ ကြၽန္ေတာ္လဲလိုက္ခဲ့မယ္"

"ဘာကို?"

"ဒါက အေသးအဖြဲကိစၥေလးပါ" ပိုင္က်ီ အသက္ရႉသြင္းလိုက္ၿပီး "ဒါက ခိုးေျပးတာေလးပဲေလ ဘယ္သူမဆို လုပ္နိုင္တယ္"

_____________________________

ေနာက္တစ္ပိုင္းၿပီးရင္ ဒီArcနဲ႕ခြဲရေတာ့မယ္။
အေရးသားမေကာင္းရင္ ေတာင္းပန္ပါတယ္ေနာ္။

____________________________

Czytaj Dalej

To Też Polubisz

3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
484K 69.4K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
135K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
3.6M 284K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...