ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

43.2

14.4K 2.5K 59
By Rozu_roro

Unicode

"မင်းရယ်၊ ခဲယွဲ့နဲ့ ရှီမိသားစုကြား ဘာတွေဖြစ်ကြမှန်း ငါတကယ်မသိဘူး။ ဒါပေမယ့် ငါ့အတွက်တော့ ခဲယွဲ့ကသာ ငယ်ငယ်လေးကတည်းက ငါ့ကို အသိအမှတ်ပြုပေးတဲ့ သူငယ်ချင်းပဲ။"

ထို့နောက် အဲ့နေ့ ဂိုဒေါင်ထဲမှာတုန်းက ရှီယွင်နန်သူ့ကို ချီးကျူးတဲ့ စကားလေးကို ရုတ်တရက် သတိရမိသွားပြီး စိတ်ထဲကနေ စကားတစ်ခွန်းထပ်ပြောလိုက်သည်။

မင်းကတော့ ဒုတိယချီးကျူးတဲ့သူပဲ။

ယွမ်ရွေ့သည်ကျောက်စိမ်းများကို ခွဲခြားစိတ်ဖြာရာတွင် အနည်းငယ် ထူးချွန်သော်လည်း ယွမ်ဖုကွမ်လို ကျောက်စိမ်းပညာရှင်များအတွက်တောာ့ ထိုစွမ်းရည်မှာ အခြေခံသာသာဖြစ်ပြီး အနည်းငယ်မျှသာ အသုံးဝင်သည်။

အရက်မူးနေသော်လည်း ဖြူစင်သည့်မျက်လုံးများနဲ့ လေးနက်သည့်အမူအရာကို ဆက်လက်ထိန်းထားနိုင်သေးသည့် ယွမ်ရွေ့ကို တွေ့သောအခါ ရှီယွင်နန် နားလည်လိုက်သည်—

ယွမ်ရွေ့က ဒီလိုအနှိမ်ခံရတဲ့ စကားသံတွေအောက်မှာ ကြီးပြင်းလာခဲ့ရတာကြောင့် သူအလိုအပ်နေဆုံးအရာက အပြင်လူတွေရဲ့ ချီးကျူးစကားပဲ။

ရှီးခဲယွဲ့ကတော့ စကားလုံးတွေသုံးပြီး ရေကို ပျားရည်ဖြစ်အောင်တောင် လုပ်နိုင်တဲ့သူ။ သူက ယွမ်ရွေ့ကို အစကတည်းက အကြံတွေနဲ့ ချဉ်းကပ်ခဲ့တာပဲဖြစ်ရမယ်။

သူ့ရဲ့ အိပ်မက်ထဲမှာ၊ ယွမ်ရွေ့က တကယ့်ကိုပင် ရှီးခဲယွဲ့ စိတ်ရင်းနှင့် ပေါင်းသည့် သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ။ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုမှာ နဂိုကတည်းက ဒီလိုခိုင်ခိုင်မာမာ တည်ဆောင်ထားတာဖြစ်နိုင်တယ်။

"ငါအစက ခဲယွဲ့အကြံကို ငြင်းသေးတယ်၊ ဒါမယ့်သူ က သူ့ပိုက်ဆံတွေဆုံးရှုံးသွားရင်တောင် သူ့ကံတရားကို ကြိတ်မှိတ်လက်ခံဖို့ ဆန္ဒရှိတယ်လို့ ထပ်ပြောလာတယ်။"

သို့သော် ရှီးခဲယွဲ့ရင်းနှီးမြှုပ်နှံရန် တစ်ခုတည်းသောလိုအပ်ချက်မှာ သူ့သူငယ်ချင်း ယွမ်ရွေ့အား သူ့အစား ယွမ်ကျောက်စိမ်းဒီဇိုင်းတွင် ပါဝင်ခွင့်ပေးရန်ဖြစ်သည်။

သူက ရှီမိသားစုအတွက် အလုပ်များနေပြီး နှစ်ခုလုံးတပြိုင်နက်တည်း မလုပ်နိုင်တာကြောင့် ငွေကိုသာ ရင်းနှီးဖို့ အဆင်ပြေကြောင်း ပြောခဲ့သည်။

"သူ ငါ့အရည်အချင်းကို ပိုအသိမှတ်ပြုလေလေ၊ သူ့အတွက် ဒီအလုပ်ကို ကာကွယ်ရမယ်လို့ ခံစားမိလေလေပဲ။ နောက်ပိုင်း၊ တစ်ခုခု မှားယွင်းသွားရင်တောင် ဆုံးဖြတ်ချက် ချနိုင်တဲ့ အာဏာက လုကျောက်အန်းလက်ထဲမှာပဲ ရှိသွားမှာ။"

ရှီယွင်နန် ခနဲ့ကာ လှောင်ပြုံးပြုံးလိုက်သည်။

အခုတစ်ခေါက်တော့ ရှီးခဲယွဲ့က သူ့ကိုယ်သူ လူကောင်းတစ်ယောက်ပုံစံ ပြင်ထားတာပဲ။ တစ်ဖက်မှာ ယွမ်ရွေ့ကို မျက်နှာသာ အဝပေးထားပြီး တစ်ဖက်မှာတော့ သူ့ကိုယ်သူ လက်ရှောင်တဲ့ဆိုင်ပိုင်ရှင်(ဘာမှမလုပ်ဘဲ ညွှန်ကြားသူ) အဖြစ် သတ်မှတ်ထားတယ်။

သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပထမဆုံးပရောဂျက်နှစ်ခုပြဿနာတက်သွားတော့ အခုသူက ပိုသိုသိုသိပ်သိပ် နေမှာပဲ။

ဒါပေမယ့် အရေးအကြီးဆုံးက စာအုပ်ထဲကူးပြောင်းလာတဲ့ ရှီးခဲယွဲ့က မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်တော့မှ မလုပ်ဘူး။ ယွမ်မိသားစုမှာရင်းနှီးမြှုပ်နှံချင်နေမှတော့ ယွမ်ကျောက်စိမ်းဒီဇိုင်းက ပိုက်ဆံရဖို့ အလားအလာရှိတဲ့ဆိုတဲ့သဘောပေါ့။

ယွမ်ရွေ့က လက်ကျန်ဝိုင်ကို မော့သောက်လိုက်ပြီး နံရံကို မှီကာ ဗလုံးဗထွေး ပြောလာသည်။ "ငါ သူ့ကို ယုံပေမယ့် တစ်ချိန်တည်းမှာပဲ ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကို ဖုံးထားခဲ့တယ်။"

"ဘာကိုလဲ?"

ယွမ်ရွေ့က သူ့ကိုယ်သူ အပြစ်တင်တဲ့ပုံစံလေးနဲ့ နှာမှုတ်လိုက်ပြီး သူ့စိတ်ထဲက မကျေမနက်ချက်တွေမှာ ပြန်ပေါ်လာတော့သည်။

"... ငါ သူ့ကို ကူညီချင်တယ်။"

ရှီယွင်နန်မှာ ယွမ်ရွေ့ပြောသည့် "သူ" ဆိုတဲ့သူက လုကျောက်အန်းကိုပြောနေမှန်း မသိတဲ့ အချိန်ထိ မှင်တက်နေမိသည်။ ယွမ်ရွေ့မပြောရင်တောင် အကြောင်းအရင်းကို မှန်းလို့ရတယ်—

လုကျောက်အန်းက စိန်တုံးကျောက်စိမ်းပန်းပုထွင်းတဲ့ ယွမ်မိသားစုစည်းမျဉ်းကို ချိုးဖျက်ပြီး အခြားသူတွေ မေးခွန်းတွေ၊ ဖိအားတွေပေးလာမယ့် ကျောက်စိမ်းဒီဇိုင်းလက်ဝတ်ရတနာကို ကူးပြောင်းခဲ့တယ်။ နောက်ဆုံး၊ ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားခဲ့ရင်၊ တာဝန်ယူရပြီး အပြစ်ဖို့ခံရမယ့်ကိစ္စတွေဟာ သူ့တစ်ယောက်ထဲအပေါ် ပုံကျလာလိမ့်မယ်။

ရှီးခဲယွဲ့သာ ရင်းနှီးမြှုပ်နှံမယ်ဆို၊ ငွေကြေးပြဿနာရဲ့ ဝန်ထုပ်ဝန်ကို အနည်းအကျဉ်းတော့ လျှော့ချနိုင်သွားမှာပဲ။

ပြီးတော့ ယွမ်ရွေ့က စေတနာအရ ဝင်ကူပေးချင်တာ။ တကယ်လို့ သူသာ လေးလေးနက်နက်လုပ်ရင်၊ ကျောက်စိမ်းဝယ်တာ၊ ပစ္စည်းရွေးတာတွေမှာ အနည်းနဲ့အများတော့ ကူညီပေးနိုင်မှာပဲ။ နောက်ဆုံး သူတို့ အရှုံးပေါ်ရင်တောင် လုကျောက်အန်းတစ်ယောက်တည်း ဆူပူကြိမ်းမောင်းခံရမည် မဟုတ်တော့။

ဆန့်ကျင်ဘက်အနေနဲ့ ယွမ်ရွေ့ကသာ ပိုအပြောခံရလိမ့်မယ်—

ဘာလို့ဆို၊ သူကသာ ယွမ်ဖုကွမ်ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး ငယ်ငယ်လေးကတည်းက ဘာမှမဖြစ်မြောက်တဲ့ အမှိုက်တစကြောင့်မို့ပင်။

အရင်ခေတ်ကတည်းက သာမညလူတွေကသာ ရှက်စရာကိစ္စဆို ပိုခေါင်းခံရတာလေ။

ရှီယွင်နန် တွေးနေစဉ်မှာပဲ မျက်နှာချင်းဆိုင်ရှိ ယွမ်ရွေ့မှာ မူးပြီး ရှိုက်ကြီးတငင်ငိုလာတော့သည်။ "ငါ အဲ့ဟိုတယ်အခန်းကို သေချာမှာထားပေးထာ။  သူတို့ကို လေးလေးနက်နက်ပြောပြပြီး ယွမ်မိသားစုကို ကယ်တင်ချင်ခဲ့တာ...။"

ဒါပေမယ့် ပြောပြီးနောက်မှတော့ သူ့အဖေဆီက ဗြုန်းစားကြီး အငြင်းခံခဲ့ရတယ်။

သူ့စိတ်ထဲက မျှော်လင့်ချက်လေးတွေ ပြိုကျသွားပြီး  သူ့အဖေကို ဒေါသတကြီး ပြန်ခံပြောခဲ့တယ်။ အဲ့ဒါကြောင့် ရှီယွင်နန်တို့ ညစာစားနေတုန်း ထို အပြစ်တင်သံစကားနှစ်ခွန်းကို ကြားခဲ့ရတာပင်။

" ရှီးခဲယွဲ့ကကော၊ သူကဘာလို့လာတာလဲ?"

ရှီယွင်နန်က ဒီမေးခွန်းမေးဖို့ တွန့်ဆုံ့မနေပေ။  ဓာတ်လှေကားကနေ ထွက်လာတုန်း၊ မိသားစုနှစ်စုဆုံတော့ ရှီးခဲယွဲ့မပါတာကို သူအတိအကျမှတ်မိတယ်လေ။

ယွမ်ရွေ့က ခေါင်းခါပြကာ "ဒီနေ့ကိစ္စအကြောင်း သူ့ကို ပြောထားတယ်။ လောလောဆယ် မလာသေးဖို့ကိုလည်း ပြောထားတယ်။"

ယွမ်ရွေ့က သူ့မိဘတွေကို အရင်စည်းရုံးချင်ပြီး နောက်နေ့မှ မိသားစုနဲ့တွေ့ဖို့ သူ့သူငယ်ချင်းကို ခေါ်လာချင်ခဲ့တာ။

ဒီလိုဆို အဆင်မပြေခဲ့ရင်တောင် သူနဲ့ ရှီးခဲယွဲ့ရဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးက သေချာပေါက် ပျက်စီးလိမ့်မည် မဟုတ်။

"ငါ့မိဘတွေကို မစည်းရုံးနိုင်မှာ ခဲယွဲ့ကစိုးရိမ်နေတာ။ အဲ့ဒါကြောင့် သူရောက်ချလာတာ။"

"ပြီးတော့ကော ဘာဖြစ်လဲ? ငါ့အဖေက သူ့ရှေ့မှာ ပို ပက်ပက်စက်စက် ပြောလာတယ်။ ငါ တကယ်ပဲ သည်းခံဖို့ကြိုးစားပေမယ့် ဒေါသကို မထိန်းနိုင်လိုက်ဘူး......"

ယွမ်ရွေ့အတွက်တော့ ထိုအကြောင်းကို တွေးလေလေ၊ ပိုဝမ်းနည်းလေလေပင်။ ဒီရက်ပိုင်းအတွင်း သူတည်ဆောက်ထားတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်လေးဟာ ထိုအချိန်မှာပဲ ပြိုကျသွားတော့သည်။

"ရှီ၊ ရှီယွင်နန်။" သူက​မော့ကာ သူ့​ရှေ့ကလူကိုကြည့်​လိုက်​သည်​။ သူ့မျက်လုံးလေးထဲတွင် မျက်ရည်များဝဲနေသော်လည်း ထိုမျက်ရည်လေးတွကျဆင်းလာဖို့ကို သူကငြင်းဆန်နေဆဲပင်။

"မင်းအမြင်၊ အပြင်လူတွေရဲ့အမြင်မှာ....ငါက အဲ့လောက်တောင်ဆိုးတာလား?"

သူ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားနေနေ၊ သူလည်း တစ်ခုခုကိုလေးလေးနက်နက် လုပ်ချင်တယ်ဆိုတာကို ဘယ်သူမှ မယုံကြဘူးလား?

ရှီယွင်နန်မှာ မျက်ရည်တွေကျမှာကို အတင်းထိန်းနေတဲ့ ယွမ်ရွေ့ကို ကြည့်ပြီး ဘာကြောင့်မှန်းမသိ အိမ်က ရွှေငါးလေးကို တွေးမိသွားသည်။ သူ့မျက်နှာမှာ ကလေးအဆီလေးတွေရှိနေသေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။

ရှီယွင်နန်က အနားကို တိုးကပ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "မင်းက မာနကြီးပြီး ဇွတ်တရွတ်လုပ်တတ်ပေမယ့် မကောင်းတဲ့သူ မဟုတ်ဘူးလို့ ငါထင်တယ်။ ဘယ်သူကမှ ပြီးပြည့်စုံမနေဘူးလေ။ မင်းကော ငါကောပေါ့။"

ရှီယွင်နန် သူ့အိတ်ကပ်ထဲ စမ်းလိုက်သော်လည်း သူက တစ်ရှူးမဆောင်လာမိပေ။

"မင်းငိုချင်ရင် ငိုချလိုက်။ ငါ မင်းကို မလှောင်ဘူး။"

"....."

ယွမ်ရွေ့မှာ မျက်ရည်များကျမှာကို အောင့်အည်းနေသော်လည်း တစ်စက်ပြီး တစ်စက် ကျလာတော့သည်။

နှစ်ပေါင်းများစွာကြာလာခဲ့သည့် မကျေမနပ်စိတ်လေးနဲ့ စိတ်ကြီးဝင်တဲ့စိတ်လေးမှာ အခုချိန်မှာတော့ ရုတ်တရက် ရေလွှမ်းသွားသလိုမျိုး  သွန်ကျလာပြီး၊ သူဟာ ရှီယွင်နန်ပခုံးပေါ်၊ အမှတ်တမဲ့ မှီလိုက်မိသည်။

ရှီယွင်နန်မှာ စက္ကန့်ဝက်လောက် တောင့်တောင့်ကြီးဖြစ်သွား၏။ သို့သော်လည်း ယွမ်ရွေ့ရဲ့ ငိုရှိုက်သံတွေမှာ ပြန်တွန်းဖို့ ပြင်နေသည့် သူ့လက်လေးကို ရပ်တန့်သွားစေသည်။

"ငါ လျှောက်လုပ်နေတာ မဟုတ်ပါဘူး၊ ငါ... ငါတကယ်ပဲ သူတို့ကို ကူညီချင်တာပါ။ ဘာလို့ငယ်ငယ်လေးကတည်းက ငါ့ကိုပဲ ဆူနေရတာလဲ?"

သူဟာ အပြစ်တင်ခံရလေလေ အမှားလုပ်မိမှာကို ပိုကြောက်လေလေ ဖြစ်လာပြီး၊ အမှားလုပ်မိမှာကို  ပိုကြောက်လေလေ၊ သူကောင်းကောင်းအာရုံမစိုက်နိုင်လေလေပါပဲ။

အရင်ကတော့ ယွမ်ရွေ့တစ်ယောက် လုကျောက်အန်းနောက် တကောက်ကောက်လိုက်ပြီး "ကော" လို့ ရွှင်ရွှင်ပျပျ ခေါ်တတ်သော်လည်း၊ တဖြည်းဖြည်းပိုပြင်းထန်တဲ့ ပြစ်တင်ဝေဖန်သံတွေနဲ့ ချီးကျူးစကားတွေဟာ သူတို့နှစ်ယောက်အား ပိုပိုဝေးကွာလာစေတော့သည်။

သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ လိုက်မမီနိုင်ဘူး။

သူ့စိတ်ထဲမှာ ဖြေရှင်းလို့မရတဲ့ သိမ်ငယ်စိတ်တွေကြောင့် သူ့ကံတရားကို ပိုပိုလက်ခံလာခဲ့တယ်။ သူဟာ အတင်းမကြိုးပမ်းတော့ဘဲ အခြားဆရာတွေနဲ့  အကြီးအကဲတွေ တစ်ဖက်လူကို စင်ပေါ်တင်ပေးနေတာကိုသာ ကြည့်နေပြီး သူ့ကိုယ့်သူ ရွှံထဲကို ဆွဲချနေခဲ့တယ်။

တစ်ဖက်သား(လုကျောက်အန်း)က သူ့ကို ပိုသည်းခံလေလေ၊ သူက ပိုဆန့်ကျင်လေလေပါပဲ။

...

သူ့မှာ ငိုလေလေ ပိုစိတ်ရှုပ်လေလေဖြစ်လာပြီး ကြို့ပါထိုးလာတော့သည်။

ရှီယွင်နန်မှာ ယွမ်ရွေ့ ဒီလောက်ငိုမယ်လို့ မထင်ထားခဲ့။ သူကအခုမူးနေသေးပြီး၊ သူ့အင်္ကျီကိုတောင် စိုအောင်လုပ်နေသည်။

သူ့မှာ ရွေးချယ်စရာမရှိတော့တာကြောင့်၊ ဖုန်းကို ထုတ်ပြီး WeChat ကနေ လုကျောက်အန်းဆီ တိုတိုနဲ့လိုရင်း စာပို့လိုက်သည်။

[ခင်ဗျားရဲ့ အငိုသန်တဲ့ ညီလေးကိုလာခေါ်။]

လုကျောက်အန်းသည် မက်ဆေ့ချ်ရတဲ့အချိန်ကနေ  rooftop ပေါ်ရောက်လာဖို့ မိနစ် နှစ်ဆယ်လောက် ကြာသွားသည်။

သူက အသည်းအသန် မောဟိုက်နေသော်လည်း သူ့မျက်လုံးထဲက စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်လေးမှာတော့ လုံးဝပျောက်မသွားပေ။သူက နှစ်ယောက်သား အနားကို ရောက်မှသာ မောဟိုက်နေတာကို ထိန်းချုပ်ရင်း ပြောလာသည်။

"မစ္စရှီကို အနှောက်ယှက်ပေးမိလို့ အားနာလိုက်တာ။"

ယွမ်ဖုကွမ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားသော်လည်း စိတ်ပူနေသည့် လုကျောက်အန်းမှာ သူ့ဆရာအမိန့်ကို မနာခံဘဲ အမြန်ပြေးထွက်လာခဲ့သည်။ သို့သော် ယွမ်ရွေ့က ဖုန်းကိုချက်ချင်းပိတ်ပလိုက်တာကြောင့် သူ့မှာ လုံးဝမရှာနိုင်ခဲ့။

ယွမ်ရွေ့ကတော့ ငိုနေရင်း အိပ်ပျော်သွားပြီး၊ သူက  ဟောက်တောင် ဟောက်နေသေးသည်။

"....."

ရှီယွင်နန်က သူအမြင်ကတ်တာကို မဖုံးကွယ်ထားသလို၊ ရယ်စရာကောင်းတယ်လို့လည်း တွေးလိုက်မိသည်။ "ဒီလို ညီလေးရှိတာ ပင်ပန်းမှာပဲနော်။"

လုကျောက်အန်းကတော့ ဘာမှပြန်မပြောပေ။ သူက ရှီယွင်နန်အကူအညီဖြင့် ယွမ်ရွေ့အား ကျောပိုးလိုက်သည်။

ရှီယွင်နန်က မြေပြင်ပေါ်ရှိ ဘီယာပုလင်းများကို ကောက်ရင်း ပြောလိုက်လေသည်။ "မစ္စတာလု၊ အမှန်တိုင်းပြောရရင်၊ ကျွန်တော်နဲ့ ရှီးခဲယွဲ့က သိပ်အဆင်မပြေဘူး။"

"တကယ်လို့ ယွမ်မိသားစုသာ ရှီးခဲယွဲ့ ရင်းနှီးမြှုပ်နှံတာကို လက်ခံမယ်ဆိုရင်တော့ ခင်ဗျားတို့နဲ့ မပူးပေါင်းဖို့ကို ကျွန်တော် ရွေးချယ်ရတော့မှာပဲ။"

မင်းရဲ့ရန်သူ ငွေရဖို့ မင်းရဲ့စွမ်းအင်တွေကို သုံးရမှာလား?

သူမှာ အဲ့လောက် သဘောကောင်းတဲ့စိတ် မရှိသေးဘူး။

လုကျောက်အန်းရဲ့ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး သူက အမှန်တိုင်း ဖြေလာသည်။ "ဆရာက ရှီးခဲယွဲ့နဲ့ ရင်းနှီးမြှပ်နှံဖို့ မစီစဉ်ထားပါဘူး။ သူက မစ္စတာရှီးကို နောက်ဆုတ်စေချင်လို့၊ ညစာစားပွဲမှာ အဲ့စကားကြမ်းကြမ်းတွေကို ပြောခဲ့တာပါ။"

ဘယ်လိုပဲဖြစ်ဖြစ် ဧည့်သည်က ဧည့်သည်ပဲလေ။  ယွမ်ဖုကွမ် ဘယ်လောက်ပဲ တုံ့ဆိုင်းနေပါစေ ရှီးခဲယွဲ့ကို ပြောလို့မရတာကြောင့်၊ မြှားဦးက သူ့သားဖြစ်သူဘက်ကိုသာ လှည့်လိုက်ရသည်။

ယွမ်ဖုကွမ်မှာ စကားကြမ်းကြမ်းပြောတာကို အကျင့်ဖြစ်နေပြီး၊ ယွမ်ရွေ့ရဲ့ ခံစားချက်တွေကို ထည့်သွင်းမစဉ်းစားပေးတတ်တာကြောင့် အကြီးအကျယ် သဘောထားကွဲလွဲခဲ့ကြရသည်။

လုကျောက်အန်းသည် ယွမ်ရွေ့ကြုံတွေ့ခဲ့ရတဲ့ အရာတွေအတွက် စိတ်မကောင်းဖြစ်မိပေမယ့်လည်း သူ့ကို ပြုစုပျိုးထောင်ကာ သွန်သင်ဆုံးမခဲ့သည့် သူ့ဆရာအား အပြစ်မတင်နိုင်ပေ။ အလယ်ကနေ ဖြန်ဝင်ဖြေဖို့ဆိုတာ သူ့အတွက်မလွယ်ကူခဲ့ဘူး။

"အင်း ဒါဆို ကျွန်တော် အရင်ပြန်နှင့်တော့မယ်။"

ရှီယွင်နန် အနည်းငယ် ခေါင်းညိတ်ပြပြီး သူတို့နှင့်အတူ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

သူ ကားမောင်းထွက်သွားပြီးနောက် လုကျောင်အန်းက သူ့ကျောပေါ်မှာ နာနာခံခံနဲ့ ငြိမ်နေတဲ့ ယွမ်ရွေ့အား ကျောပိုးထားလေသည်။

ယွမ်ရွေ့မှာ ဒီကိုယ်ဟန်အနေအထားနဲ့ အလွန်ရင်းနှီးပုံရ၏။ သူက အိပ်နေရင်းနဲ့တောင် လုကျောက်အန်ကို သိုင်းဖက်လိုက်ဖို့လည်း မမေ့ပေ။

"ကော..."

ထို စကားသံလေး သူ့နားထဲရောက်လာချိန်မှာတော့  လုကျောက်အန်းတစ်ယောက် သူ့ခြေလှမ်းတွေကို ရပ်တန့်မိသွားသည်။ မှိန်ပြပြ အလင်းရောင်က သူ့မျက်လုံးပေါ် တွင် ဝင်းခနဲ လက်သွား၏။

သူ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်၊ ယွမ်ရွေ့ကို ကျောပိုးထားရင်း ကားပါကင်သို့လျှောက်လာလိုက်သည်။

...

ရှီယွင်နန် အိမ်ပြန်ရောက်လာချိန်မှာတော့ရွှေငါးလေးနဲ့ တခြားသူတွေမှာ ရေမိုးချိုးပြီး အိပ်ပျော်နေကြလေပြီ။

စာကြည့်ခန်းထဲတွင်၊ လှေကားမှ ခြေသံလေးတွေကိုကြားလိုက်ရသည့် လော့လင်းရှန်း တစ်ယောက် ဖိုင်ကို ချက်ချင်းချပြီး ဝီးချဲလ်ဖြင့် ထွက်လာလိုက်သည်။

နောက်​တစ်​စက္ကန့်​မှာပဲ သူတို့နှစ်ယောက် ဆုံကြကာ

ရှီယွင်နန်ရဲ့ နှုတ်ခမ်းပေါ်က အပြုံးလေးဟာပိုပိုကျယ်လာပြီး သူ အနားသို့ ငုံ့ကာ တိုးကပ်လိုက်သည်။

"အားလုံး အိပ်ပျော်နေပြီထင်တာ။"

"မအိပ်သေးဘူး၊ ကိုယ်မင်းကိုစောင့်နေတာ။"

ထို့နောက် သူကလွန်ခဲ့တဲ့ နှစ်နာရီ၊ သုံးနာရီအတွင်း ဘာတွေဖြစ်လဲဆိုတာ သူ့ချစ်သူအား မေးတော့သည်- "သခင်လေးယွမ်ကို ရှာတွေ့ခဲ့လား? အခြေအနေကကော?"

သူပြောပြီးသည်နှင့် ရှီယွင်နန်ရဲ့ ကုတ်အင်္ကျီပေါ်က အနက်ရောင်အစွန်းအကွက်ကြီးကို မြင်လိုက်ရကာ

"အင်္ကျီက ဘယ်လိုလုပ်ညစ်ပတ်သွားတာလဲ?"

ရှီယွင်နန် ငုံ့ကြည့်လိုက်ပြီး ရယ်ရမလား ငိုရမလားမသိတော့။ "ပြောရရင်အရှည်ကြီးပဲ။ ခင်ဗျား အလုပ်မရှုပ်ဘူးလား? အခန်းထဲသွားမယ်လေ။ ကျွန်တော် ခင်ဗျားကို ဘာတွေဖြစ်ခဲ့လဲ ပြန်ပြောပြမယ်။"

စာကြည့်ခန်းထဲက အလင်းရောင်လေး မှောင်သွားတော့၊ သူက လော့လင်းရှန်းအား အိပ်ခန်းထဲသို့ ပြန်တွန်းကာ ခေါ်သွားလိုက်သည်။

အိပ်ခန်းထဲဝင်ကာ၊ တံခါးပိတ်ပြီးနောက် ရှီယွင်နန်က ကုတင်ဘေးတွင် ပေါ့ပေါ့ပါးပါးထိုင်ကာ ယွမ်ရွေ့ကိုရှာတွေပြီးနောက်ပိုင်း ဖြစ်ပျက်သမျှကို အကျဉ်းချုက် ပြန်ပြောပြလိုက်သည်။

လော့လင်းရှန်းက အတင်းအဖျင်းပြောတတ်တဲ့သူမဟုတ်တာကြောင့် ရှီယွင်နန်က လုံးဝ စိတ်ထင့်မနေပေ။

"အခုတော့ ယွမ်ရွေ့ရဲ့စိတ်ထားလေး မဆိုးဘူးဆိုတာ 100 percent သေချာတယ်။ သူကငယ်ငယ်လေးကတည်းက ငြင်းပယ်ခံခဲ့ရလို့၊ သူ့စရိုက်က တဇွတ်ထိုးဆန်နေတာ။"

"သူလိုလူတွေက အကြံစည်ရှိတဲ့သူတွေအသုံးချတာ ခဏခဏခံရတတ်တယ်။"

လော့လင်းရှန်းက သူ့ရဲ့သွယ်ဝိုက်စကားလေးကို နားလည်သည်။

"ရှီးခဲယွဲ့ကို ပြောချင်တာလား?"

ရှီယွင်နန်က သူပြောတာ သဘောတူတဲ့အနေနဲ့ "အင်း" လို့ ဖြေကာ ပြန်တုံ့ပြန်လိုက်သည်။

ဟုတ်တာပေါ့၊ သူငယ်ချင်းဖွဲ့တယ်ဆိုတာ လွတ်လွတ်လပ်လပ် ဖွဲ့လို့ရတယ်လေ။ ရှီယွင်နန်က ရှီခဲယွဲ့လိုမဟုတ်လို့ ယွမ်ရွေ့ရှေ့မှာ သူ့မကောင်းကြောင်းပြောမည်မဟုတ်။

ရှီယွင်နန်က သူ့အင်္ကျီပေါ်ရှိ မျက်ရည်အစွန်းကွက်ကြီးကို လက်ညှိုးထိုးပြရင်း ယွမ်ရွေ့ ငိုနေတဲ့ပုံစံကို ပြန်သတိရသွားတော့ကာ၊ သူ မရယ်ဘဲ မနေနိုင်တော့။ "ကျွန်တော် ယွမ်ရွေ့နဲ့ လေးငါးခါလောက် တော့ တွေ့ဖူးတယ်။ တွေ့တိုင်းလည်း သူက အမြဲတမ်း ရိုင်းစိုင်းပြီး မောက်မာနေတာ။ ဒီနေ့တော့ သူက တကယ်ကြီး ကျွန်တော့ကို ဖက်ပြီး ငိုနေတာ။"

"....."

လော့လင်းရှန်းရဲ့ မျက်လုံးများပေါ်ရှိ ပြောင်းလဲသွားသည့် အရိပ်အယောင်မှာ အရမ်းကြီးတော့မသိသာပေ။

"သူ မင်းကို ဖက်တာလား?"

ရှီယွင်နန်ကတော့ ဒီရယ်စရာကောင်းတဲ့ ဖြစ်ရပ်မှာသာ နှစ်ဝင်နေပြီး တစ်ဖက်သားရဲ့ မသိမသာ ပြောင်းလဲမှုလေးကို လုံးဝသတိမထားမိပေ။

"အင်း၊ အဲ့ကောင်လေးက အရက်မူးရင် တော်တော်သန်မာတာပဲ။ ကျွန်တော့မှာ နည်းနည်းလေးတောင် ရုန်းလို့မရဘူး။"

"ခင်ဗျားပြောကြည့်၊ မနက်ဖြန်နိုးလို့ ဒီည သူပြောခဲ့တာတွေကို မှတ်မိပြီး၊ နောက်ဆို ကျွန်တော့ကို တွေ့ရင် ရှောင်နေလောက်လား?"

"ပြောမှပဲ ယွမ်ရွေ့က တချို့ကိစ္စတွေမှာဆို ကျွန်တော်တို့ ရွှေငါးလေးလောက်တောင် မရင့်ကျက်ဘူး၊ တော်တော်ရယ်ရတယ်။"

"....."

လော့လင်းရှန်းက စကားပြန်မပြောသေး။

ယွမ်ရွေ့ကို ဝေဖန်ပြောတဲ့အချိန် ရှီယွင်နန်ပုံစံက ထူးထူးခြားခြား သဘောကျနေသလားလို့?

လော့လင်းရှန်းက အချိန်အတော်ကြာတဲ့ထိစကားပြန်မပြောတာကိုတွေ့တော့ ရှီယွင်နန် အနီးကပ်ကြည့်လိုက်ပြီး တစ်ခုခုဖြစ်နေမှန်း ရိပ်မိသွားတော့သည်။

သူက စိတ်ဝင်တစားနဲ့ တိုးကပ်လိုက်ပြီးမေးလိုက်သည်။

"လော့လင်းရှန်း၊ ကျွန်တော်ပြောတာကို နားထောင်နေလား?"

"အင်း။"

"ဒါဆို ကျွန်တော်ဘာပြောလိုက်တာလဲ?"

လော့လင်းရှန်းက သူ့လက်ချောင်းလေးတွေကို ပွတ်သပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကုတ်အင်္ကျီကို ချွတ်ပြီး ရေချိုးလိုက်အုံး။"

"အိုကေ။"

ရှီယွင်နန်က မြူးထူးနေတဲ့ မျက်လုံးလေးတွေနဲ့ လော့လင်းရှန်းရှေ့မှာ သူ့အင်္ကျီကို ဖြည်းဖြည်းချင်း ဂရုတစိုက် ချွတ်လိုက်သည်။

"လောင်ကုန်း၊ ဒီအင်္ကျီကို ဘာလိုလုပ်လိုက်ရမလဲ? သောင်းဂဏန်းလောက်ပေးရတာ။"

လော့လင်းရှန်းက ရှီယွင်နန် တမင်တကာ စ နေမှန်း သိတာကြောင့်၊ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒီအင်္ကျီကို မပစ်လိုက်နဲ့။"

ပြီးတော့...

ကိုယ့်ကိုလည်း ဖက်ခွင့်ပေး။









Zawgyi


"မင္းရယ္၊ ခဲယြဲ႕နဲ႔ ရွီမိသားစုၾကား ဘာေတြျဖစ္ၾကမွန္း ငါတကယ္မသိဘူး။ ဒါေပမယ့္ ငါ့အတြက္ေတာ့ ခဲယြဲ႕ကသာ ငယ္ငယ္ေလးကတည္းက ငါ့ကို အသိအမွတ္ျပဳေပးတဲ့ သူငယ္ခ်င္းပဲ။"

ထို႔ေနာက္ အဲ့ေန႔ ဂိုေဒါင္ထဲမွာတုန္းက ရွီယြင္နန္သူ႔ကို ခ်ီးက်ဴးတဲ့ စကားေလးကို ႐ုတ္တရက္ သတိရမိသြားၿပီး စိတ္ထဲကေန စကားတစ္ခြန္းထပ္ေျပာလိုက္သည္။

မင္းကေတာ့ ဒုတိယခ်ီးက်ဴးတဲ့သူပဲ။

ယြမ္ေ႐ြ႕သည္ေက်ာက္စိမ္းမ်ားကို ခြဲျခားစိတ္ျဖာရာတြင္ အနည္းငယ္ ထူးခြၽန္ေသာ္လည္း ယြမ္ဖုကြမ္လို ေက်ာက္စိမ္းပညာရွင္မ်ားအတြက္ေတာာ့ ထိုစြမ္းရည္မွာ အေျခခံသာသာျဖစ္ၿပီး အနည္းငယ္မွ်သာ အသုံးဝင္သည္။

အရက္မူးေနေသာ္လည္း ျဖဴစင္သည့္မ်က္လုံးမ်ားနဲ႔ ေလးနက္သည့္အမူအရာကို ဆက္လက္ထိန္းထားႏိုင္ေသးသည့္ ယြမ္ေ႐ြ႕ကို ေတြ႕ေသာအခါ ရွီယြင္နန္ နားလည္လိုက္သည္—

ယြမ္ေ႐ြ႕က ဒီလိုအႏွိမ္ခံရတဲ့ စကားသံေတြေအာက္မွာ ႀကီးျပင္းလာခဲ့ရတာေၾကာင့္ သူအလိုအပ္ေနဆုံးအရာက အျပင္လူေတြရဲ႕ ခ်ီးက်ဴးစကားပဲ။

ရွီးခဲယြဲ႕ကေတာ့ စကားလုံးေတြသုံးၿပီး ေရကို ပ်ားရည္ျဖစ္ေအာင္ေတာင္ လုပ္ႏိုင္တဲ့သူ။ သူက ယြမ္ေ႐ြ႕ကို အစကတည္းက အႀကံေတြနဲ႔ ခ်ဥ္းကပ္ခဲ့တာပဲျဖစ္ရမယ္။

သူ႔ရဲ႕ အိပ္မက္ထဲမွာ၊ ယြမ္ေ႐ြ႕က တကယ့္ကိုပင္ ရွီးခဲယြဲ႕ စိတ္ရင္းႏွင့္ ေပါင္းသည့္ သူငယ္ခ်င္းေတြထဲက တစ္ေယာက္ပဲ။ သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈမွာ နဂိုကတည္းက ဒီလိုခိုင္ခိုင္မာမာ တည္ေဆာင္ထားတာျဖစ္ႏိုင္တယ္။

"ငါအစက ခဲယြဲ႕အႀကံကို ျငင္းေသးတယ္၊ ဒါမယ့္သူ က သူ႔ပိုက္ဆံေတြဆုံးရႈံးသြားရင္ေတာင္ သူ႔ကံတရားကို ႀကိတ္မွိတ္လက္ခံဖို႔ ဆႏၵရွိတယ္လို႔ ထပ္ေျပာလာတယ္။"

သို႔ေသာ္ ရွီးခဲယြဲ႕ရင္းႏွီးျမႇဳပ္ႏွံရန္ တစ္ခုတည္းေသာလိုအပ္ခ်က္မွာ သူ႔သူငယ္ခ်င္း ယြမ္ေ႐ြ႕အား သူ႔အစား ယြမ္ေက်ာက္စိမ္းဒီဇိုင္းတြင္ ပါဝင္ခြင့္ေပးရန္ျဖစ္သည္။

သူက ရွီမိသားစုအတြက္ အလုပ္မ်ားေနၿပီး ႏွစ္ခုလုံးတၿပိဳင္နက္တည္း မလုပ္ႏိုင္တာေၾကာင့္ ေငြကိုသာ ရင္းႏွီးဖို႔ အဆင္ေျပေၾကာင္း ေျပာခဲ့သည္။

"သူ ငါ့အရည္အခ်င္းကို ပိုအသိမွတ္ျပဳေလေလ၊ သူ႔အတြက္ ဒီအလုပ္ကို ကာကြယ္ရမယ္လို႔ ခံစားမိေလေလပဲ။ ေနာက္ပိုင္း၊ တစ္ခုခု မွားယြင္းသြားရင္ေတာင္ ဆုံးျဖတ္ခ်က္ ခ်ႏိုင္တဲ့ အာဏာက လုေက်ာက္အန္းလက္ထဲမွာပဲ ရွိသြားမွာ။"

ရွီယြင္နန္ ခနဲ႔ကာ ေလွာင္ၿပဳံးၿပဳံးလိုက္သည္။

အခုတစ္ေခါက္ေတာ့ ရွီးခဲယြဲ႕က သူ႔ကိုယ္သူ လူေကာင္းတစ္ေယာက္ပုံစံ ျပင္ထားတာပဲ။ တစ္ဖက္မွာ ယြမ္ေ႐ြ႕ကို မ်က္ႏွာသာ အဝေပးထားၿပီး တစ္ဖက္မွာေတာ့ သူ႔ကိုယ္သူ လက္ေရွာင္တဲ့ဆိုင္ပိုင္ရွင္(ဘာမွမလုပ္ဘဲ ၫႊန္ၾကားသူ) အျဖစ္ သတ္မွတ္ထားတယ္။

သူကိုယ္တိုင္ပါဝင္ခဲ့တဲ့ ပထမဆုံးပေရာဂ်က္ႏွစ္ခုျပႆနာတက္သြားေတာ့ အခုသူက ပိုသိုသိုသိပ္သိပ္ ေနမွာပဲ။

ဒါေပမယ့္ အေရးအႀကီးဆုံးက စာအုပ္ထဲကူးေျပာင္းလာတဲ့ ရွီးခဲယြဲ႕က မေသခ်ာမေရရာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဘယ္ေတာ့မွ မလုပ္ဘူး။ ယြမ္မိသားစုမွာရင္းႏွီးျမႇဳပ္ႏွံခ်င္ေနမွေတာ့ ယြမ္ေက်ာက္စိမ္းဒီဇိုင္းက ပိုက္ဆံရဖို႔ အလားအလာရွိတဲ့ဆိုတဲ့သေဘာေပါ့။

ယြမ္ေ႐ြ႕က လက္က်န္ဝိုင္ကို ေမာ့ေသာက္လိုက္ၿပီး နံရံကို မွီကာ ဗလုံးဗေထြး ေျပာလာသည္။ "ငါ သူ႔ကို ယုံေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ငါ့ရဲ႕တစ္ကိုယ္ေကာင္းဆန္တဲ့ စိတ္ကို ဖုံးထားခဲ့တယ္။"

"ဘာကိုလဲ?"

ယြမ္ေ႐ြ႕က သူ႔ကိုယ္သူ အျပစ္တင္တဲ့ပုံစံေလးနဲ႔ ႏွာမႈတ္လိုက္ၿပီး သူ႔စိတ္ထဲက မေက်မနက္ခ်က္ေတြမွာ ျပန္ေပၚလာေတာ့သည္။

"... ငါ သူ႔ကို ကူညီခ်င္တယ္။"

ရွီယြင္နန္မွာ ယြမ္ေ႐ြ႕ေျပာသည့္ "သူ" ဆိုတဲ့သူက လုေက်ာက္အန္းကိုေျပာေနမွန္း မသိတဲ့ အခ်ိန္ထိ မွင္တက္ေနမိသည္။ ယြမ္ေ႐ြ႕မေျပာရင္ေတာင္ အေၾကာင္းအရင္းကို မွန္းလို႔ရတယ္—

လုေက်ာက္အန္းက စိန္တုံးေက်ာက္စိမ္းပန္းပုထြင္းတဲ့ ယြမ္မိသားစုစည္းမ်ဥ္းကို ခ်ိဳးဖ်က္ၿပီး အျခားသူေတြ ေမးခြန္းေတြ၊ ဖိအားေတြေပးလာမယ့္ ေက်ာက္စိမ္းဒီဇိုင္းလက္ဝတ္ရတနာကို ကူးေျပာင္းခဲ့တယ္။ ေနာက္ဆုံး၊ ပိုက္ဆံေတြ အမ်ားႀကီး ဆုံးရႈံးသြားခဲ့ရင္၊ တာဝန္ယူရၿပီး အျပစ္ဖို႔ခံရမယ့္ကိစၥေတြဟာ သူ႔တစ္ေယာက္ထဲအေပၚ ပုံက်လာလိမ့္မယ္။

ရွီးခဲယြဲ႕သာ ရင္းႏွီးျမႇဳပ္ႏွံမယ္ဆို၊ ေငြေၾကးျပႆနာရဲ႕ ဝန္ထုပ္ဝန္ကို အနည္းအက်ဥ္းေတာ့ ေလွ်ာ့ခ်ႏိုင္သြားမွာပဲ။

ၿပီးေတာ့ ယြမ္ေ႐ြ႕က ေစတနာအရ ဝင္ကူေပးခ်င္တာ။ တကယ္လို႔ သူသာ ေလးေလးနက္နက္လုပ္ရင္၊ ေက်ာက္စိမ္းဝယ္တာ၊ ပစၥည္းေ႐ြးတာေတြမွာ အနည္းနဲ႔အမ်ားေတာ့ ကူညီေပးႏိုင္မွာပဲ။ ေနာက္ဆုံး သူတို႔ အရႈံးေပၚရင္ေတာင္ လုေက်ာက္အန္းတစ္ေယာက္တည္း ဆူပူႀကိမ္းေမာင္းခံရမည္ မဟုတ္ေတာ့။

ဆန႔္က်င္ဘက္အေနနဲ႔ ယြမ္ေ႐ြ႕ကသာ ပိုအေျပာခံရလိမ့္မယ္—

ဘာလို႔ဆို၊ သူကသာ ယြမ္ဖုကြမ္ရဲ႕ တစ္ဦးတည္းေသာသားျဖစ္ၿပီး ငယ္ငယ္ေလးကတည္းက ဘာမွမျဖစ္ေျမာက္တဲ့ အမႈိက္တစေၾကာင့္မို႔ပင္။

အရင္ေခတ္ကတည္းက သာမညလူေတြကသာ ရွက္စရာကိစၥဆို ပိုေခါင္းခံရတာေလ။

ရွီယြင္နန္ ေတြးေနစဥ္မွာပဲ မ်က္ႏွာခ်င္းဆိုင္ရွိ ယြမ္ေ႐ြ႕မွာ မူးၿပီး ရႈိက္ႀကီးတငင္ငိုလာေတာ့သည္။ "ငါ အဲ့ဟိုတယ္အခန္းကို ေသခ်ာမွာထားေပးထာ။  သူတို႔ကို ေလးေလးနက္နက္ေျပာျပၿပီး ယြမ္မိသားစုကို ကယ္တင္ခ်င္ခဲ့တာ...။"

ဒါေပမယ့္ ေျပာၿပီးေနာက္မွေတာ့ သူ႔အေဖဆီက ျဗဳန္းစားႀကီး အျငင္းခံခဲ့ရတယ္။

သူ႔စိတ္ထဲက ေမွ်ာ္လင့္ခ်က္ေလးေတြ ၿပိဳက်သြားၿပီး  သူ႔အေဖကို ေဒါသတႀကီး ျပန္ခံေျပာခဲ့တယ္။ အဲ့ဒါေၾကာင့္ ရွီယြင္နန္တို႔ ညစာစားေနတုန္း ထို အျပစ္တင္သံစကားႏွစ္ခြန္းကို ၾကားခဲ့ရတာပင္။

" ရွီးခဲယြဲ႕ကေကာ၊ သူကဘာလို႔လာတာလဲ?"

ရွီယြင္နန္က ဒီေမးခြန္းေမးဖို႔ တြန္႔ဆုံ႔မေနေပ။  ဓာတ္ေလွကားကေန ထြက္လာတုန္း၊ မိသားစုႏွစ္စုဆုံေတာ့ ရွီးခဲယြဲ႕မပါတာကို သူအတိအက်မွတ္မိတယ္ေလ။

ယြမ္ေ႐ြ႕က ေခါင္းခါျပကာ "ဒီေန႔ကိစၥအေၾကာင္း သူ႔ကို ေျပာထားတယ္။ ေလာေလာဆယ္ မလာေသးဖို႔ကိုလည္း ေျပာထားတယ္။"

ယြမ္ေ႐ြ႕က သူ႔မိဘေတြကို အရင္စည္း႐ုံးခ်င္ၿပီး ေနာက္ေန႔မွ မိသားစုနဲ႔ေတြ႕ဖို႔ သူ႔သူငယ္ခ်င္းကို ေခၚလာခ်င္ခဲ့တာ။

ဒီလိုဆို အဆင္မေျပခဲ့ရင္ေတာင္ သူနဲ႔ ရွီးခဲယြဲ႕ရဲ႕ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးက ေသခ်ာေပါက္ ပ်က္စီးလိမ့္မည္ မဟုတ္။

"ငါ့မိဘေတြကို မစည္း႐ုံးႏိုင္မွာ ခဲယြဲ႕ကစိုးရိမ္ေနတာ။ အဲ့ဒါေၾကာင့္ သူေရာက္ခ်လာတာ။"

"ၿပီးေတာ့ေကာ ဘာျဖစ္လဲ? ငါ့အေဖက သူ႔ေရွ႕မွာ ပို ပက္ပက္စက္စက္ ေျပာလာတယ္။ ငါ တကယ္ပဲ သည္းခံဖို႔ႀကိဳးစားေပမယ့္ ေဒါသကို မထိန္းႏိုင္လိုက္ဘူး......"

ယြမ္ေ႐ြ႕အတြက္ေတာ့ ထိုအေၾကာင္းကို ေတြးေလေလ၊ ပိုဝမ္းနည္းေလေလပင္။ ဒီရက္ပိုင္းအတြင္း သူတည္ေဆာက္ထားတဲ့ ကိုယ့္ကိုယ္ကို ယုံၾကည္တဲ့စိတ္ေလးဟာ ထိုအခ်ိန္မွာပဲ ၿပိဳက်သြားေတာ့သည္။

"ရွီ၊ ရွီယြင္နန္။" သူက​ေမာ့ကာ သူ႔​ေရွ႕ကလူကိုၾကည့္​လိုက္​သည္​။ သူ႔မ်က္လုံးေလးထဲတြင္ မ်က္ရည္မ်ားဝဲေနေသာ္လည္း ထိုမ်က္ရည္ေလးတြက်ဆင္းလာဖို႔ကို သူကျငင္းဆန္ေနဆဲပင္။

"မင္းအျမင္၊ အျပင္လူေတြရဲ႕အျမင္မွာ....ငါက အဲ့ေလာက္ေတာင္ဆိုးတာလား?"

သူ ဘယ္ေလာက္ပဲ ခက္ခက္ခဲခဲ ႀကိဳးစားေနေန၊ သူလည္း တစ္ခုခုကိုေလးေလးနက္နက္ လုပ္ခ်င္တယ္ဆိုတာကို ဘယ္သူမွ မယုံၾကဘူးလား?

ရွီယြင္နန္မွာ မ်က္ရည္ေတြက်မွာကို အတင္းထိန္းေနတဲ့ ယြမ္ေ႐ြ႕ကို ၾကည့္ၿပီး ဘာေၾကာင့္မွန္းမသိ အိမ္က ေ႐ႊငါးေလးကို ေတြးမိသြားသည္။ သူ႔မ်က္ႏွာမွာ ကေလးအဆီေလးေတြရွိေနေသးေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္၏။

ရွီယြင္နန္က အနားကို တိုးကပ္လိုက္ၿပီး ပြင့္ပြင့္လင္းလင္း ေျပာလိုက္သည္။ "မင္းက မာနႀကီးၿပီး ဇြတ္တ႐ြတ္လုပ္တတ္ေပမယ့္ မေကာင္းတဲ့သူ မဟုတ္ဘူးလို႔ ငါထင္တယ္။ ဘယ္သူကမွ ၿပီးျပည့္စုံမေနဘူးေလ။ မင္းေကာ ငါေကာေပါ့။"

ရွီယြင္နန္ သူ႔အိတ္ကပ္ထဲ စမ္းလိုက္ေသာ္လည္း သူက တစ္ရွဴးမေဆာင္လာမိေပ။

"မင္းငိုခ်င္ရင္ ငိုခ်လိုက္။ ငါ မင္းကို မေလွာင္ဘူး။"

"....."

ယြမ္ေ႐ြ႕မွာ မ်က္ရည္မ်ားက်မွာကို ေအာင့္အည္းေနေသာ္လည္း တစ္စက္ၿပီး တစ္စက္ က်လာေတာ့သည္။

ႏွစ္ေပါင္းမ်ားစြာၾကာလာခဲ့သည့္ မေက်မနပ္စိတ္ေလးနဲ႔ စိတ္ႀကီးဝင္တဲ့စိတ္ေလးမွာ အခုခ်ိန္မွာေတာ့ ႐ုတ္တရက္ ေရလႊမ္းသြားသလိုမ်ိဳး  သြန္က်လာၿပီး၊ သူဟာ ရွီယြင္နန္ပခုံးေပၚ၊ အမွတ္တမဲ့ မွီလိုက္မိသည္။

ရွီယြင္နန္မွာ စကၠန႔္ဝက္ေလာက္ ေတာင့္ေတာင့္ႀကီးျဖစ္သြား၏။ သို႔ေသာ္လည္း ယြမ္ေ႐ြ႕ရဲ႕ ငိုရႈိက္သံေတြမွာ ျပန္တြန္းဖို႔ ျပင္ေနသည့္ သူ႔လက္ေလးကို ရပ္တန္႔သြားေစသည္။

"ငါ ေလွ်ာက္လုပ္ေနတာ မဟုတ္ပါဘူး၊ ငါ... ငါတကယ္ပဲ သူတို႔ကို ကူညီခ်င္တာပါ။ ဘာလို႔ငယ္ငယ္ေလးကတည္းက ငါ့ကိုပဲ ဆူေနရတာလဲ?"

သူဟာ အျပစ္တင္ခံရေလေလ အမွားလုပ္မိမွာကို ပိုေၾကာက္ေလေလ ျဖစ္လာၿပီး၊ အမွားလုပ္မိမွာကို  ပိုေၾကာက္ေလေလ၊ သူေကာင္းေကာင္းအာ႐ုံမစိုက္ႏိုင္ေလေလပါပဲ။

အရင္ကေတာ့ ယြမ္ေ႐ြ႕တစ္ေယာက္ လုေက်ာက္အန္းေနာက္ တေကာက္ေကာက္လိုက္ၿပီး "ေကာ" လို႔ ႐ႊင္႐ႊင္ပ်ပ် ေခၚတတ္ေသာ္လည္း၊ တျဖည္းျဖည္းပိုျပင္းထန္တဲ့ ျပစ္တင္ေဝဖန္သံေတြနဲ႔ ခ်ီးက်ဴးစကားေတြဟာ သူတို႔ႏွစ္ေယာက္အား ပိုပိုေဝးကြာလာေစေတာ့သည္။

သူ ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား၊ လိုက္မမီႏိုင္ဘူး။

သူ႔စိတ္ထဲမွာ ေျဖရွင္းလို႔မရတဲ့ သိမ္ငယ္စိတ္ေတြေၾကာင့္ သူ႔ကံတရားကို ပိုပိုလက္ခံလာခဲ့တယ္။ သူဟာ အတင္းမႀကိဳးပမ္းေတာ့ဘဲ အျခားဆရာေတြနဲ႔  အႀကီးအကဲေတြ တစ္ဖက္လူကို စင္ေပၚတင္ေပးေနတာကိုသာ ၾကည့္ေနၿပီး သူ႔ကိုယ့္သူ ႐ႊံထဲကို ဆြဲခ်ေနခဲ့တယ္။

တစ္ဖက္သား(လုေက်ာက္အန္း)က သူ႔ကို ပိုသည္းခံေလေလ၊ သူက ပိုဆန႔္က်င္ေလေလပါပဲ။

...

သူ႔မွာ ငိုေလေလ ပိုစိတ္ရႈပ္ေလေလျဖစ္လာၿပီး ႀကိဳ႕ပါထိုးလာေတာ့သည္။

ရွီယြင္နန္မွာ ယြမ္ေ႐ြ႕ ဒီေလာက္ငိုမယ္လို႔ မထင္ထားခဲ့။ သူကအခုမူးေနေသးၿပီး၊ သူ႔အက်ႌကိုေတာင္ စိုေအာင္လုပ္ေနသည္။

သူ႔မွာ ေ႐ြးခ်ယ္စရာမရွိေတာ့တာေၾကာင့္၊ ဖုန္းကို ထုတ္ၿပီး WeChat ကေန လုေက်ာက္အန္းဆီ တိုတိုနဲ႔လိုရင္း စာပို႔လိုက္သည္။

[ခင္ဗ်ားရဲ႕ အငိုသန္တဲ့ ညီေလးကိုလာေခၚ။]

လုေက်ာက္အန္းသည္ မက္ေဆ့ခ်္ရတဲ့အခ်ိန္ကေန  rooftop ေပၚေရာက္လာဖို႔ မိနစ္ ႏွစ္ဆယ္ေလာက္ ၾကာသြားသည္။

သူက အသည္းအသန္ ေမာဟိုက္ေနေသာ္လည္း သူ႔မ်က္လုံးထဲက စိုးရိမ္ပူပန္ေနသည့္ အရိပ္အေယာင္ေလးမွာေတာ့ လုံးဝေပ်ာက္မသြားေပ။သူက ႏွစ္ေယာက္သား အနားကို ေရာက္မွသာ ေမာဟိုက္ေနတာကို ထိန္းခ်ဳပ္ရင္း ေျပာလာသည္။

"မစၥရွီကို အေႏွာက္ယွက္ေပးမိလို႔ အားနာလိုက္တာ။"

ယြမ္ဖုကြမ္က တင္းတင္းက်ပ္က်ပ္ တားျမစ္ထားေသာ္လည္း စိတ္ပူေနသည့္ လုေက်ာက္အန္းမွာ သူ႔ဆရာအမိန႔္ကို မနာခံဘဲ အျမန္ေျပးထြက္လာခဲ့သည္။ သို႔ေသာ္ ယြမ္ေ႐ြ႕က ဖုန္းကိုခ်က္ခ်င္းပိတ္ပလိုက္တာေၾကာင့္ သူ႔မွာ လုံးဝမရွာႏိုင္ခဲ့။

ယြမ္ေ႐ြ႕ကေတာ့ ငိုေနရင္း အိပ္ေပ်ာ္သြားၿပီး၊ သူက ေဟာက္ေတာင္ ေဟာက္ေနေသးသည္။

"....."

ရွီယြင္နန္က သူအျမင္ကတ္တာကို မဖုံးကြယ္ထားသလို၊ ရယ္စရာေကာင္းတယ္လို႔လည္း ေတြးလိုက္မိသည္။ "ဒီလို ညီေလးရွိတာ ပင္ပန္းမွာပဲေနာ္။"

လုေက်ာက္အန္းကေတာ့ ဘာမွျပန္မေျပာေပ။ သူက ရွီယြင္နန္အကူအညီျဖင့္ ယြမ္ေ႐ြ႕အား ေက်ာပိုးလိုက္သည္။

ရွီယြင္နန္က ေျမျပင္ေပၚရွိ ဘီယာပုလင္းမ်ားကို ေကာက္ရင္း ေျပာလိုက္ေလသည္။ "မစၥတာလု၊ အမွန္တိုင္းေျပာရရင္၊ ကြၽန္ေတာ္နဲ႔ ရွီးခဲယြဲ႕က သိပ္အဆင္မေျပဘူး။"

"တကယ္လို႔ ယြမ္မိသားစုသာ ရွီးခဲယြဲ႕ ရင္းႏွီးျမႇဳပ္ႏွံတာကို လက္ခံမယ္ဆိုရင္ေတာ့ ခင္ဗ်ားတို႔နဲ႔ မပူးေပါင္းဖို႔ကို ကြၽန္ေတာ္ ေ႐ြးခ်ယ္ရေတာ့မွာပဲ။"

မင္းရဲ႕ရန္သူ ေငြရဖို႔ မင္းရဲ႕စြမ္းအင္ေတြကို သုံးရမွာလား?

သူမွာ အဲ့ေလာက္ သေဘာေကာင္းတဲ့စိတ္ မရွိေသးဘူး။

လုေက်ာက္အန္းရဲ႕ မ်က္ႏွာအမူအရာမွာ အနည္းငယ္ေျပာင္းလဲသြားၿပီး သူက အမွန္တိုင္း ေျဖလာသည္။ "ဆရာက ရွီးခဲယြဲ႕နဲ႔ ရင္းႏွီးျမႇပ္ႏွံဖို႔ မစီစဥ္ထားပါဘူး။ သူက မစၥတာရွီးကို ေနာက္ဆုတ္ေစခ်င္လို႔၊ ညစာစားပြဲမွာ အဲ့စကားၾကမ္းၾကမ္းေတြကို ေျပာခဲ့တာပါ။"

ဘယ္လိုပဲျဖစ္ျဖစ္ ဧည့္သည္က ဧည့္သည္ပဲေလ။  ယြမ္ဖုကြမ္ ဘယ္ေလာက္ပဲ တုံ႔ဆိုင္းေနပါေစ ရွီးခဲယြဲ႕ကို ေျပာလို႔မရတာေၾကာင့္၊ ျမႇားဦးက သူ႔သားျဖစ္သူဘက္ကိုသာ လွည့္လိုက္ရသည္။

ယြမ္ဖုကြမ္မွာ စကားၾကမ္းၾကမ္းေျပာတာကို အက်င့္ျဖစ္ေနၿပီး၊ ယြမ္ေ႐ြ႕ရဲ႕ ခံစားခ်က္ေတြကို ထည့္သြင္းမစဥ္းစားေပးတတ္တာေၾကာင့္ အႀကီးအက်ယ္ သေဘာထားကြဲလြဲခဲ့ၾကရသည္။

လုေက်ာက္အန္းသည္ ယြမ္ေ႐ြ႕ႀကဳံေတြ႕ခဲ့ရတဲ့ အရာေတြအတြက္ စိတ္မေကာင္းျဖစ္မိေပမယ့္လည္း သူ႔ကို ျပဳစုပ်ိဳးေထာင္ကာ သြန္သင္ဆုံးမခဲ့သည့္ သူ႔ဆရာအား အျပစ္မတင္ႏိုင္ေပ။ အလယ္ကေန ျဖန္ဝင္ေျဖဖို႔ဆိုတာ သူ႔အတြက္မလြယ္ကူခဲ့ဘူး။

"အင္း ဒါဆို ကြၽန္ေတာ္ အရင္ျပန္ႏွင့္ေတာ့မယ္။"

ရွီယြင္နန္ အနည္းငယ္ ေခါင္းညိတ္ျပၿပီး သူတို႔ႏွင့္အတူ ေအာက္ထပ္သို႔ ဆင္းလာလိုက္သည္။

သူ ကားေမာင္းထြက္သြားၿပီးေနာက္ လုေက်ာင္အန္းက သူ႔ေက်ာေပၚမွာ နာနာခံခံနဲ႔ ၿငိမ္ေနတဲ့ ယြမ္ေ႐ြ႕အား ေက်ာပိုးထားေလသည္။

ယြမ္ေ႐ြ႕မွာ ဒီကိုယ္ဟန္အေနအထားနဲ႔ အလြန္ရင္းႏွီးပုံရ၏။ သူက အိပ္ေနရင္းနဲ႔ေတာင္ လုေက်ာက္အန္ကို သိုင္းဖက္လိုက္ဖို႔လည္း မေမ့ေပ။

"ေကာ..."

ထို စကားသံေလး သူ႔နားထဲေရာက္လာခ်ိန္မွာေတာ့  လုေက်ာက္အန္းတစ္ေယာက္ သူ႔ေျခလွမ္းေတြကို ရပ္တန္႔မိသြားသည္။ မွိန္ျပျပ အလင္းေရာင္က သူ႔မ်က္လုံးေပၚ တြင္ ဝင္းခနဲ လက္သြား၏။

သူ အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ၿငိမ္သက္သြားၿပီးေနာက္၊ ယြမ္ေ႐ြ႕ကို ေက်ာပိုးထားရင္း ကားပါကင္သို႔ေလွ်ာက္လာလိုက္သည္။

...

ရွီယြင္နန္ အိမ္ျပန္ေရာက္လာခ်ိန္မွာေတာ့ေ႐ႊငါးေလးနဲ႔ တျခားသူေတြမွာ ေရမိုးခ်ိဳးၿပီး အိပ္ေပ်ာ္ေနၾကေလၿပီ။

စာၾကည့္ခန္းထဲတြင္၊ ေလွကားမွ ေျခသံေလးေတြကိုၾကားလိုက္ရသည့္ ေလာ့လင္းရွန္း တစ္ေယာက္ ဖိုင္ကို ခ်က္ခ်င္းခ်ၿပီး ဝီးခ်ဲလ္ျဖင့္ ထြက္လာလိုက္သည္။

ေနာက္​တစ္​စကၠန႔္​မွာပဲ သူတို႔ႏွစ္ေယာက္ ဆုံၾကကာ

ရွီယြင္နန္ရဲ႕ ႏႈတ္ခမ္းေပၚက အၿပဳံးေလးဟာပိုပိုက်ယ္လာၿပီး သူ အနားသို႔ ငုံ႔ကာ တိုးကပ္လိုက္သည္။

"အားလုံး အိပ္ေပ်ာ္ေနၿပီထင္တာ။"

"မအိပ္ေသးဘူး၊ ကိုယ္မင္းကိုေစာင့္ေနတာ။"

ထို႔ေနာက္ သူကလြန္ခဲ့တဲ့ ႏွစ္နာရီ၊ သုံးနာရီအတြင္း ဘာေတြျဖစ္လဲဆိုတာ သူ႔ခ်စ္သူအား ေမးေတာ့သည္- "သခင္ေလးယြမ္ကို ရွာေတြ႕ခဲ့လား? အေျခအေနကေကာ?"

သူေျပာၿပီးသည္ႏွင့္ ရွီယြင္နန္ရဲ႕ ကုတ္အက်ႌေပၚက အနက္ေရာင္အစြန္းအကြက္ႀကီးကို ျမင္လိုက္ရကာ

"အက်ႌက ဘယ္လိုလုပ္ညစ္ပတ္သြားတာလဲ?"

ရွီယြင္နန္ ငုံ႔ၾကည့္လိုက္ၿပီး ရယ္ရမလား ငိုရမလားမသိေတာ့။ "ေျပာရရင္အရွည္ႀကီးပဲ။ ခင္ဗ်ား အလုပ္မရႈပ္ဘူးလား? အခန္းထဲသြားမယ္ေလ။ ကြၽန္ေတာ္ ခင္ဗ်ားကို ဘာေတြျဖစ္ခဲ့လဲ ျပန္ေျပာျပမယ္။"

စာၾကည့္ခန္းထဲက အလင္းေရာင္ေလး ေမွာင္သြားေတာ့၊ သူက ေလာ့လင္းရွန္းအား အိပ္ခန္းထဲသို႔ ျပန္တြန္းကာ ေခၚသြားလိုက္သည္။

အိပ္ခန္းထဲဝင္ကာ၊ တံခါးပိတ္ၿပီးေနာက္ ရွီယြင္နန္က ကုတင္ေဘးတြင္ ေပါ့ေပါ့ပါးပါးထိုင္ကာ ယြမ္ေ႐ြ႕ကိုရွာေတြၿပီးေနာက္ပိုင္း ျဖစ္ပ်က္သမွ်ကို အက်ဥ္းခ်ဳက္ ျပန္ေျပာျပလိုက္သည္။

ေလာ့လင္းရွန္းက အတင္းအဖ်င္းေျပာတတ္တဲ့သူမဟုတ္တာေၾကာင့္ ရွီယြင္နန္က လုံးဝ စိတ္ထင့္မေနေပ။

"အခုေတာ့ ယြမ္ေ႐ြ႕ရဲ႕စိတ္ထားေလး မဆိုးဘူးဆိုတာ 100 percent ေသခ်ာတယ္။ သူကငယ္ငယ္ေလးကတည္းက ျငင္းပယ္ခံခဲ့ရလို႔၊ သူ႔စ႐ိုက္က တဇြတ္ထိုးဆန္ေနတာ။"

"သူလိုလူေတြက အႀကံစည္ရွိတဲ့သူေတြအသုံးခ်တာ ခဏခဏခံရတတ္တယ္။"

ေလာ့လင္းရွန္းက သူ႔ရဲ႕သြယ္ဝိုက္စကားေလးကို နားလည္သည္။

"ရွီးခဲယြဲ႕ကို ေျပာခ်င္တာလား?"

ရွီယြင္နန္က သူေျပာတာ သေဘာတူတဲ့အေနနဲ႔ "အင္း" လို႔ ေျဖကာ ျပန္တုံ႔ျပန္လိုက္သည္။

ဟုတ္တာေပါ့၊ သူငယ္ခ်င္းဖြဲ႕တယ္ဆိုတာ လြတ္လြတ္လပ္လပ္ ဖြဲ႕လို႔ရတယ္ေလ။ ရွီယြင္နန္က ရွီခဲယြဲ႕လိုမဟုတ္လို႔ ယြမ္ေ႐ြ႕ေရွ႕မွာ သူ႔မေကာင္းေၾကာင္းေျပာမည္မဟုတ္။

ရွီယြင္နန္က သူ႔အက်ႌေပၚရွိ မ်က္ရည္အစြန္းကြက္ႀကီးကို လက္ညႇိဳးထိုးျပရင္း ယြမ္ေ႐ြ႕ ငိုေနတဲ့ပုံစံကို ျပန္သတိရသြားေတာ့ကာ၊ သူ မရယ္ဘဲ မေနႏိုင္ေတာ့။ "ကြၽန္ေတာ္ ယြမ္ေ႐ြ႕နဲ႔ ေလးငါးခါေလာက္ ေတာ့ ေတြ႕ဖူးတယ္။ ေတြ႕တိုင္းလည္း သူက အၿမဲတမ္း ႐ိုင္းစိုင္းၿပီး ေမာက္မာေနတာ။ ဒီေန႔ေတာ့ သူက တကယ္ႀကီး ကြၽန္ေတာ့ကို ဖက္ၿပီး ငိုေနတာ။"

"....."

ေလာ့လင္းရွန္းရဲ႕ မ်က္လုံးမ်ားေပၚရွိ ေျပာင္းလဲသြားသည့္ အရိပ္အေယာင္မွာ အရမ္းႀကီးေတာ့မသိသာေပ။

"သူ မင္းကို ဖက္တာလား?"

ရွီယြင္နန္ကေတာ့ ဒီရယ္စရာေကာင္းတဲ့ ျဖစ္ရပ္မွာသာ ႏွစ္ဝင္ေနၿပီး တစ္ဖက္သားရဲ႕ မသိမသာ ေျပာင္းလဲမႈေလးကို လုံးဝသတိမထားမိေပ။

"အင္း၊ အဲ့ေကာင္ေလးက အရက္မူးရင္ ေတာ္ေတာ္သန္မာတာပဲ။ ကြၽန္ေတာ့မွာ နည္းနည္းေလးေတာင္ ႐ုန္းလို႔မရဘူး။"

"ခင္ဗ်ားေျပာၾကည့္၊ မနက္ျဖန္ႏိုးလို႔ ဒီည သူေျပာခဲ့တာေတြကို မွတ္မိၿပီး၊ ေနာက္ဆို ကြၽန္ေတာ့ကို ေတြ႕ရင္ ေရွာင္ေနေလာက္လား?"

"ေျပာမွပဲ ယြမ္ေ႐ြ႕က တခ်ိဳ႕ကိစၥေတြမွာဆို ကြၽန္ေတာ္တို႔ ေ႐ႊငါးေလးေလာက္ေတာင္ မရင့္က်က္ဘူး၊ ေတာ္ေတာ္ရယ္ရတယ္။"

"....."

ေလာ့လင္းရွန္းက စကားျပန္မေျပာေသး။

ယြမ္ေ႐ြ႕ကို ေဝဖန္ေျပာတဲ့အခ်ိန္ ရွီယြင္နန္ပုံစံက ထူးထူးျခားျခား သေဘာက်ေနသလားလို႔?

ေလာ့လင္းရွန္းက အခ်ိန္အေတာ္ၾကာတဲ့ထိစကားျပန္မေျပာတာကိုေတြ႕ေတာ့ ရွီယြင္နန္ အနီးကပ္ၾကည့္လိုက္ၿပီး တစ္ခုခုျဖစ္ေနမွန္း ရိပ္မိသြားေတာ့သည္။

သူက စိတ္ဝင္တစားနဲ႔ တိုးကပ္လိုက္ၿပီးေမးလိုက္သည္။

"ေလာ့လင္းရွန္း၊ ကြၽန္ေတာ္ေျပာတာကို နားေထာင္ေနလား?"

"အင္း။"

"ဒါဆို ကြၽန္ေတာ္ဘာေျပာလိုက္တာလဲ?"

ေလာ့လင္းရွန္းက သူ႔လက္ေခ်ာင္းေလးေတြကို ပြတ္သပ္လိုက္ၿပီး ျပန္ေျဖလိုက္သည္။

"ကုတ္အက်ႌကို ခြၽတ္ၿပီး ေရခ်ိဳးလိုက္အုံး။"

"အိုေက။"

ရွီယြင္နန္က ျမဴးထူးေနတဲ့ မ်က္လုံးေလးေတြနဲ႔ ေလာ့လင္းရွန္းေရွ႕မွာ သူ႔အက်ႌကို ျဖည္းျဖည္းခ်င္း ဂ႐ုတစိုက္ ခြၽတ္လိုက္သည္။

"ေလာင္ကုန္း၊ ဒီအက်ႌကို ဘာလိုလုပ္လိုက္ရမလဲ? ေသာင္းဂဏန္းေလာက္ေပးရတာ။"

ေလာ့လင္းရွန္းက ရွီယြင္နန္ တမင္တကာ စ ေနမွန္း သိတာေၾကာင့္၊ သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး ျပန္ေျဖလိုက္သည္။

"ဒီအက်ႌကို မပစ္လိုက္နဲ႔။"

ၿပီးေတာ့...

ကိုယ့္ကိုလည္း ဖက္ခြင့္ေပး။

Continue Reading

You'll Also Like

319K 41.1K 32
Chengchi family Extra Only ( 30 parts ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author...
177K 13.3K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
312K 25K 29
Mini Story Uni Life Style Sweet Romance