အသားဖြူသူမို့ထင်ပါရဲ့ နီရဲနေသော ထိုကောင်လေးရဲ့နားရွက် ထိုမှတစ်ဆင့် နီရဲနေပြန်သော ပါးပြင်ချောချော လေးနှစ်ဖက် ထိုမှတစ်ဆင့် ချစ်စရာကောင်းလှစွာ ထိပ်နီနေသော နှာတံချွန်ချွန်လေးနှင့် ချွေးစများသီကျနေသော မေးစေ့ချွန်ချွန်လေးအထိ ကျွန်မညို့ယူခံလိုက်ရသလိုမျိုးကို ငေးမောစွာ ကြည့်နေမိပါသည်...
မျက်နှာတစ်ခုလုံးရဲရဲတောက်နေသော သူ့ပုံစံကိုကြည့်ရသည်မှာ အစပ်စားနိုင်သည်ဟု မထင်
အစပ်မစားနိုင်ပါဘဲနှင့် ငရုတ်သီးများကို ဤမျှအထိထည့်စားနေသော ထိုသူ့ကိုကြည့်ရင်း ကိုယ်ပဲ ဆရာလုပ်၍မစားနိုင်ရင် မစားနဲ့တော့လို့ ပြောလိုက်ရမလိုလို မသိချင်ယောင်ဆောင်ပြီး ကိုယ့်ဟာကိုယ်ဆက်စားနေရမလိုလို ရေဘူးပဲ ယူပေးရတော့မလိုလိုနဲ့ တစ်ယောက်ထဲ လမ်းတွေပျောက်နေသော ကျွန်မပါပဲ
သူစိမ်းတစ်ယောက်ကို ကိုယ်က စ၍စိုးရိမ်ပူပန်ပေးနေရသည်မှာလည်း overဖြစ်လွန်းသည်ဟုထင်သည် ကိုယ်နှင့်လည်း မရင်းနှီးဘဲနှင့်သွား၍ ဆရာကြီးလုပ်ပြီး ပြောလိုက်မိရင် attentionလိုချင်၍ဝင်ေရာသည်ဟု ထင်သွားနိုင်လေသည် ပြီးတော့ကိုယ့်imageကိုလည်း ကျစေနိုင်လေသည်
အကောင်းဆုံးကတော့ ကိုယ်နှင့်မဆိုင်လျှင် ကလိုင်ဝင်မခေါက်သင့်တာပဲ....
ထိုသို့တွေးလိုက်ပြီး မိမိမျက်စိရှေ့မှ အာပူလျှာပူကိုသာ ပြန်၍အာရုံစိုက်စားနေလိုက်တော့သည် ...
ဟုတ်တယ်လေ ဒါငါ့ကိစ္စမှ မဟုတ်တာကို
မယောင်ရာ ဆီလူးမနေပါဘူး
ချောတာနဲ့ဇွတ်ရော ဖောရောရောတတ်တဲ့အထဲမှာ ငါမပါဘူး ငါက ဒီတိုင်းချောတဲ့မျက်နှာလေးေတွကိုပဲ ငေးကြည့်တာ အိန္ဒြေမဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့အထဲမှာ ငါမပါဘူး ငါအဲ့လောက်ထိလည်း အိန္ဒြေသိက္ခာမမဲ့ဘူး
ကိုယ့်အတွေးနှင့်ကိုယ်ခေါင်းတညိတ်ညိတ်လုပ်ရင်း ..
ဘေးကလူမြင်ရင်တော့ ကျွန်မကို ပုတ်သင်ညိုဝင်စားသလား အောက်မေ့သွားနိုင်ပါသည်
ထင်လည်း ထင်ချင်စရာကိုနော့ ကျွန်မပုံစံက....
“ဟို ရေလေးပါသလားမသိဘူး ကျွန်တော်အရမ်းစပ်နေလို့ပါ ရေလည်း မပါလာလို့ပါ....”
“ရပါတယ် ကျွန်မဆီမှာ ရေဘူးပါတယ် ...
ရော့..ယူလိုက်ပါ ရှင်အစပ်ပြေတဲ့အထိ ကြိုက်သလောက်သောက်လို့ ရပါတယ် အားမနာပါနဲ့...”
မိကလျာမ၏ ပြီတီတီအပြုံးနဲ့အကြည့်တို့ကို တမင်မမြင်ချင်ယောင်ဆောင်ကာ ထိုသူ့ကို ကျွန်မလွယ်အိတ်ထဲမှ ရေဘူးကို ထုတ်ပေးလိုက်သည်....
ချောလို့ ကူညီတာမဟုတ်ပါဘူး အကူအညီလိုအပ်တဲ့သူကို ကူညီရတာ အရမ်းမွန်မြတ်တဲ့အလုပ်လို့ ကျွန်မထင်လို့
သူမဟုတ်လဲ ကျွန်မကူညီမိမှာပါပဲ အပန်းကြီးတဲ့အလုပ်မှ မဟုတ်တာ ဟုတ်တယ်မလားreadersတို့
ကမ္ဘာကြီးကို ကိုယ်မေသခင် တတ်နိုင်သလောက် အကျိုးပြုကူညီခဲ့သင့်တယ်လို့ ကျွန်မထင်တယ်
ဒါပေမဲ့ အိမ်က ကိုယ့်မိသားစု အမေ၊အဖေ၊ဦးလေး၊အဒေါ်၊အကို၊အမ၊မောင် အစရှိတဲ့ ကိုယ့်မိသားစုကိုလည်း အရင်ကူညီကြရမယ်
ကျွန်မသိပ်ကြိုက်တဲ့ စကားစုလေးတစ်ခုရှိတယ်သိလား..
“လူတိုင်းက ကမ္ဘာကြီးကို ကယ်တင်ချင်ကြတယ်
ဒါပေမဲ့ ဘယ်သူကမှ ကိုယ့်အိမ်က အမေကို လုပ်ကူပေးဖို့တော့ စိတ်ကူးမရှိကြဘူးတဲ့...”
ဒါကြောင့် ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် ကိုယ့်အိမ်ကို အရင်ကူညီရမယ် တစ်ယောက်ချင်းစီသာ ကိုယ့်အိမ်ကို ပြုပြင်ပြောင်းလဲကြမယ်ဆိုရင် ငါတို့ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားလိမ့်မယ် အရေးကြီးတာက ငါတို့နိုင်ရာတာဝန်ထမ်းဆောင်ကြဖို့ပဲ မနိုင်တဲ့ တာဝန်တွေကိုလည်း မယူပါနဲ့ ကိုယ်ပဲ ပင်ပန်းရလိမ့်မယ် အမှားတွေ လုပ်မိနေလဲ ဘာမှမဖြစ်ပါဘူး ငါတို့က လူသားတွေပဲ မှန်လိုက်မှားလိုက်နဲ့ပဲ ငါတို့ဘဝကို အသက်ရှင်သန်နေရတာပဲ တော်ပြီလေ သူများကို မထိခိုက်စေရင် ....
တော်ပြီလေ သူများကို မကောင်းကြံချင်တဲ့စိတ်မရှိရင်...
တော်ပြီလေ ကိုယ်နိုင်ရာတာဝန်ကို မပျင်းမရိတာဝန်ထမ်းဆောင်နေရင်...
တော်ပြီလေ အပြစ်တင်ဝေဖန်သံတွေကြားလည်း ကိုယ့်ကိုကိုယ်ပြန်ထနိုင်တယ် ဆိုရင်.....
လူဝင်ဆန့်ဖို့ ကြိုးစားမနေပါတော့နဲ့ သူများတွေ သတ်မှတ်ထားတဲ့ ဘောင်တွေထဲ ငါတို့ဝင်စရာလိုလို့လား ငါတို့အားနည်းချက်တွေက သူများကို မထိခိုက်စေဘူးဆိုရင် တော်ပြီလေ သူများအမြင်မှာ ချစ်စရာကောင်းဖို့ ခင်စရာကောင်းဖို့ လိမ္မာတယ်မြင်စေဖို့ မင်းမဟုတ်တဲ့ အဲ့ဒီနာကျင်လည်း ဟန်ဆောင်သည်းခံနေရတဲ့အပြုအမူတွေကို ဘယ်အချိန်ထိ မင်းချိတ်ဆွဲထားဦးမလို့လဲ
ငါဒီလိုစကားတွေ ပြောနေလို့ ငါက မင်းလိုမဟုတ်ဘူးထင်နေတာလား
ငါလည်း ကြိုးစားခဲ့ဖူးတယ် မင်းလိုမျိုး လူဝင်ဆန့်ဖို့အတွက်
ကိုယ့်ကိုစနေသလိုလိုနဲ့ နှိမ်ချပြောနေကြတဲ့ ငါ့သူငယ်ချင်းတွေ....
ငါတုံးအတဲ့ လူတစ်ယောက်လို ဘာမှမသိသလို မဖြစ်သလို နေခဲ့ဖူးတယ် ငါ့မှာ သူငယ်ချင်းတစ်ယောက်မှမရှိတော့မှာ ငါကြောက်ခဲ့လို့
အဲ့ဒါရဲ့ရလဒ်က ဘာလဲသိလား ငါဟာ သူတို့ဘာပြောပြော ပြောလို့ရတဲ့ သူတစ်ယောက်ဖြစ်သွားခဲ့တယ် သူတို့ကတော့ ငါ့ကိုနာမည်လေးလှလှပေးခဲ့ပါတယ် သူတို့စသမျှ “အစအနောက်ခံနိုင်သူ” “စိတ်မဆိုးတတ်သူ”တဲ့
အဲ့လိုမျိုး အစခံနိုင်ဖို့ ငါသူတို့နှိမ်ပြောနေကြတာတွေကို အပြုံးတုေတွနဲ့ နားထောင်ခဲ့ရတယ် အပြုံးတုတွေ အသက်မပါတဲ့ ခံရခက်နေခဲ့တဲ့ အပြုံးတုတွေ
ဒါဟာ တစ်ချိန်တုန်းက ငါဖြစ်ခဲ့တာပေါ့
အဲ့တုန်းက ငါကတော့ အခုသေသွားခဲ့ပြီ
အခုငါကတော့ အဲ့ဒီရဲ့ဆန့်ကျင်ဘက်ဖြစ်လာခဲ့တယ် ငါဘုရားဟောတဲ့ သည်းခံခြင်းသည်သာ အောင်မြင်ရာဆိုတဲ့ စကားလုံးတွေကိုလည်း ငါမလိုက်နာနိုင်တော့ဘူး
Enoughတော်ပြီလေ ဒီလောက်ဆို 5နှစ်ကြာ သည်းခံခဲ့ပြီးရင် တော်သင့်ပြီလေ သည်းခံခြင်းသည်သာ အောင်မြင်ရာ ဆိုတဲ့စကားက နေရာတိုင်းမှာ မမှန်ပါဘူး
ကျွန်မအတွက်ကတော့ သည်းခံလေ အနိုင်ကျင့်ချင်သူတွေက ပိုပြီးရောင့်တက်လာလေပဲမို့ ကျွန်မအတွက်ကတော့ အဲ့ဒီစကားဟာ မမှန်ကန်ခဲ့ပါဘူး....
အခုကျွန်မက အရင်က ကျွန်မနဲ့များစွာကွာခြားသွားခဲ့ပါပြီ
အရင်က ကျွန်မနဲ့ယခု ကျွန်မရဲ့တူညီတဲ့အချက်တွေတော့ ရှိနေပါသေးတယ်
ကြင်နာတတ်တဲ့ နှလုံးသားနဲ့မိသားစုပေါ် ချစ်တတ်တဲ့စိတ်ပါပဲ
ကျွန်မရဲ့နှလုံးသားက Korean drama nameထဲကလို အမှန်တကယ်ကို “ပြောင်းလဲသွားသော နှလုံးသား”ဖြစ်ခဲ့ရတာပါ အရင်ကထက် ပိုပြီးမာကျောလာတယ်
အရင်က လူသိပ်ကြောက်တတ်တဲ့ ကျွန်မက အခုဈေးကိုတောင် တစ်ယောက်ထဲ သွားလာရဲတဲ့အထိ ကျွန်မရဲရင့်လာခဲ့တယ် ဘာ်နေရာကိုမဆို ကျွန်မတစ်ယောက်ထဲ သွားရဲလာခဲ့တယ်
ကိုယ့်ကိုကိုယ်ပိုချစ်တတ်လာဖို့ သင်ယူခဲ့ပြီး မိမိကိုယ်ကိုသာ အားကိုးရမယ်ဆိုတဲ့ စိတ်မွေးမြူရင်း ကျွန်မဟာ အရင်လို အားငယ်ရှက်ရွံ့တတ်တဲ့ ကောင်မလေးတစ်ယောက်မဟုတ်တော့ဘဲ ပျော်ပျော်နေတတ်တဲ့ အစအနောက် အရမ်းသန်တဲ့ မိုးဥတုဆိုတဲ့ လက်ရှိ ခေါင်းကြောမာမာ မဟုတ်ရင် ဘယ်သူ့ကိုမဆို ပက်ခနဲပြန်ပြောရဲတဲ့ ခပ်မာမာ မျက်နှာကြောတင်းတင်းကောင်မလေးတစ်ယောက်ဖြစ်လာခဲ့ရတယ်
ထိုသူ့ဆီမှတော့ ကျွန်မရုန်းထွက်နေရဆဲပါ ထိုသူ့ရှေ့ရောက်တိုင်း လွန်ခဲ့သော ၅နှစ်ခန့်က ကျွန်မပြန်ဖြစ်သွားတတ်တယ် ယခုကျွန်မရဲ့ပြောင်းလဲမှုတွေဟာ ပျောက်ဆုံးသွားတတ်တယ် ထိုသူဟာ ကျွန်မရဲ့အချစ်ဦး “ဘုန်းမြင့်မြတ်”ပါပဲ
Time can change people
“အချိန်ဟာ လူတွေကို ပြောင်းလဲစေနိုင်တယ်” မဟုတ်လား
Crd to my own photo(I'm just teasing you(readers). )
ဒီနေ့တော့ ဇာတ်လမ်းလေးနဲ့motivationလေးရောရေးပေးလိုက်ပါတယ် အမှန်တော့ ဇာတ်ကွက်ကို စဉ်းစားမထားပါဘူး ဒီတိုင်းေခါင်းထဲပေါ်လာတဲ့ စိတ်ကူးတွေအတိုင်း လိုက်ပါစီးမျောကြည့်ရုံပဲ
SMYသိပ်ကြိုက်တဲ့ စကားစုရှိသေးတယ်
နာမည်ကြီးဝတ္ထုဆရာတစ်ယောက်က ပြောတယ်
“ဇာတ်ကောင်တွေရဲ့ပြောစကားတွေ ဇာတ်လမ်းတွေက သူဖန်တီးတာမဟုတ်ပါဘူးတဲ့ ဒီဇာတ်ကောင်တွေကသာ သူ့ဟာသူဒီဇာတ်လမ်းကို ရေးဆွဲသွားတာပါတဲ့”
နည်းနည်းလေးရှုပ်သွားမလား readers သူပြောချင်တာက သူက ဇာတ်လမ်းကို ဟိုလိုဖြစ်အောင် ရေးမလား ဒီလိုဖြစ်အောင်ရေးမလားဆိုပြီး ကိုယ့်စိတ်နဲ့ကိုယ်မဆုံးဖြတ်ဘဲနဲ့ ငါသာ ဒီဇာတ်ကောင်ဆိုရင် ဘယ်လိုလုပ်ချင်သလဲဆိုပြီး စဉ်းစားပြီးရေးခဲ့တာပါတဲ့
အဲ့ဒီစကားလေးကို ကျွန်မအရမ်းသဘောကျတယ် လက်တွေက သူ့အလိုလိုအစီအစဉ်တကျလှုပ်ရှားသွားရတာကိုလည်း ကျွန်မသဘောကျတယ် အစီအစဉ်မချထားဘဲနဲ့ စိတ်ကူးပေါ်ရာ ရေးရတဲ့အရသာကလည်း မိုက်တယ် လွတ်လပ်တယ် စာအုပ်ကြီးလို အဆုံးသတ်ကို ကြိုတင်ပြင်ဆင်ပြီး ရေးရတာကို ကျွန်မမကြိုက်ဘူး ကျွန်မကိုယ်တိုင်လည်း ဒီဝတ္ထုရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်မ မသိဘူး ကျွန်မလည်း ဘယ်လိုဖြစ်သွားမလဲ အရမ်းစိတ်ဝင်စားတယ် ဘာလို့ဆို ကျွန်မက လက်ရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်နေရလို့ပဲ စာရေးဖို့ လုပ်လိုက်ပြီဆိုရင်ပဲ လက်တွေက သူ့ဟာသူအလိုလိုဆက်တိုက်လှုပ်ရှားပြီး စကားလုံးတွေကို ရေးပြသွားတယ် အခုလိုမျိုးပေါ့ ဒါကြောင့်ဝတ္ထုအတွက် ကျွန်မသိပ်မစဉ်းစားရပါဘူး အကျဥ်းချုံးပြောရရင် ကျွန်မအဲ့ဆရာကြီးနည်းလမ်းအတိုင်း ကျင့်သုံးကြည့်နေတာပေါ့ ကျွန်မအတွက်တော့ အဆင်ပြေတယ် စိတ်လှုပ်ရှားဖို့ကောင်းတယ် ကိုယ်တိုင်လည်း နောက်တစ်ပိုင်းဘာလာမလဲဆိုတာ မသိလို့လေ ကိုယ့်ဟာကိုယ်ရေး ကိုယ့်ဟာကိုယ်စိတ်လှုပ်ရှားနေရတာ feelingက လန်းတယ် လွတ်လပ်တယ်လေ ပေါ့ပါးတယ်လေ ကဲဒါလေးပြောပြချင်တာပါပဲ SMYဒီဝတ္ထုကို ဘယ်လိုရေးခဲ့သလဲဆိုတာကို