ငါ လူမှားဖလစ်မိပြီ (Translati...

By fried_grass

23.3K 3.1K 150

Title : I Got Caught After Flirting with the Wrong Person | 撩错人之后我被吃定了 Author : 伊川川 Total Chapters : 144 Genr... More

Synopsis
1 || မာယာများတဲ့ မြေခွေးချောလေး
2 || မလည်မဝယ် ယုန်ပေါက်လေး
3 || ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်း
4 || ငွေပုံပေါ်တွင် ထိုင်နိုင်ရန်
5 || မင်္ဂလာပါ ဂျူနီယာညီလေး ဖေးပိုင်
6 || တစ်ဆင့်ပြီးတစ်ဆင့်
7 || အမှိုက်ကောက်သမား
9 || ဖေးဖေးရဲ့ ကျူတာအသစ်
10 || အလုပ်နဲ့ဆိုင်တဲ့ ဒဏ်ရာ
11 || စူးစိုက်နစ်မြှုပ်ထားခြင်း
12 || ကိုယ့်ကို လူဆိုးလုပ်ခိုင်းတော့မှာပေါ့?

8 || အိမ်မှာ စောင့်နေမယ်နော်

1K 198 10
By fried_grass

UNICODE

အပိုင်း ()
အိမ်မှာ စောင့်နေမယ်နော်

ယနေ့၌ ပထမဆုံး ဖုန်းခေါ်လာမည့်သူမှာ ဖေးပိုင် တွေးထင်ထားသလို ရှီးကဲ့ယန် ဟုတ်မနေခဲ့။ လော့ယွီစန်း ဖြစ်နေလေသည်။

လော့ယွီစန်းက ဖုန်းထဲမှ ဤသို့ ပြောလာ၏။ ယမန်နေ့က ပေးလိုက်သည့် အသံဖမ်းစက်ထဲတွင် အရေးကြီးသည့် အသံဖိုင်များ သိမ်းထားကြောင်း၊ မကြာမီ အိမ်၌ လာယူမည်ဖြစ်ကြောင်းဟူ၍။

ဖေးပိုင်မှာ တံတွေးတစ်ချက်မျိုချ၍ မရဲတရဲ မေးလိုက်လေသည်။

"စီနီယာကိုကို နောက်နေ့မှ လာယူလို့ရမလားဟင်? ဒါမှမဟုတ်လည်း ဒီနေ့လယ်လောက်မှ ဖြစ်ဖြစ်ပေါ့?"

"မရဘူး"

လော့ယွီစန်းမှာ ယတိပြတ် ငြင်းဆိုလိုက်သည်။

ဖေးပိုင်လည်း မာဆတ်ဆတ် ပြန်ဖြေလိုက်၏။

"ပြီးရောလေ.. ဒါဆိုလည်း အိမ်မှာ စောင့်နေမယ်နော် စီနီယာကိုကို"

ဖုန်းချပြီးနောက် ဖေးပိုင်အဖြစ်မှာ အသက်ရှူမှားမတတ်။ လော့ယွီစန်း သူ့အိမ်ရောက်လာသည့်အချိန် ရှီးကဲ့ယန်နှင့် တန်းတိုးပါက မည်သို့လုပ်ရမည်ကိုပင် အကြံထုတ်နေမိသည်။

ရှီးကဲ့ယန်အား ကလဲ့စားချေရန် ရှောင်စန်းအား မြှူဆွယ်မည့်အကြံဟာ မိနစ်ပိုင်းအတွင်း သဲထဲ ရေသွန်ဖြစ်သွားတော့မည်။ မီးခွက်ထွန်းရှာလျှင်ပင် တွေ့ရန် ခက်ခဲသော လစာမြင့်အလုပ်သည်လည်း တစ်စစီ ကြေမွကာ လေနှင့်အတူ လွင့်ပြယ်သွားတော့မည်။

__သေစမ်း.. ဘုရားသခင်ကတော့ လူတွေကို ပလေးတဲ့နေရာမှာ တော်တော်တော်တာပဲ။

သို့သော်လည်း အဖြစ်အပျက်က သူတွေးထားသလောက် ကြောက်စရာကောင်းချင်မှ ကောင်းနေလိမ့်မည်။ လော့ယွီစန်းနှင့် ရှီးကဲ့ယန်တို့ ထိပ်တိုက် တွေ့ချင်မှ တွေ့မည်လေ။

နာရီဝက်မျှ ကြာသည့်အခါ တံခါးဘဲလ်မြည်သံကို ကြားလိုက်ရ၏။

ဖေးပိုင်လည်း တံခါးနား ကပ်သွားကာ 'ဘယ်သူလဲ'ဟု လှမ်းအော်မေးလိုက်သည်။

__လော့ယွီစန်းဆိုရင် ပုံမှန်အတိုင်းသာနေ။ ရှီးကဲ့ယန်ဆိုရင်တော့ ချက်ချင်း မျက်နှာသေပုံစံ ပြောင်းရမယ်။ နှစ်ယောက်လုံးဆိုရင်တော့ တံခါး ဖွင့်မနေတော့ဘူး။

"မင်းရဲ့ စီနီယာကိုကို"

ကံကောင်းထောက်မစွာဖြင့် လော့ယွီစန်း၏အသံ ထွက်လာလေသည်။

ဖေးပိုင်လည်း တော်ပါသေးရဲ့ဟု တွေးရင်း စိတ်လျော့သက်ပြင်းတစ်ချက်ချကာ လော့ယွီစန်းအား တံခါးဖွင့်ပေးလိုက်၏။

တစ်ပြိုင်နက်တည်းပင် နောင်တရစိတ်က တိတ်တခိုး ထွက်ပေါ်လာပြန်သည်။ လော့ယွီစန်း သူ့အိမ် ရောက်လာခြင်းက အခွင့်အရေးတစ်ခုဖြစ်သော်ငြား အဘယ်ကြောင့် ယနေ့မှ ဖြစ်ရသနည်း???

လော့ယွီစန်းမှာ တံခါးရှေ့၌ မလှုပ်မယှက် ရပ်စောင့်နေ၏။

"အိုး ဟုတ်သား ဖိနပ်နဲ့ ဝင်လာလို့ ရတယ်နော်"

လော့ယွီစန်းက တံခါးအနားရှိ ဖိနပ်စင်ထံ မေးငေါ့ပြလိုက်သည်။

"ဖိနပ်ပါးတစ်ရံလောက် မရှိဘူးလား?"

ဖေးပိုင်လည်း လှည့်ကြည့်လိုက်ရာ ယမန်နေ့ညက သိမ်းဆည်းရန် မေ့လျော့သွားခဲ့သော ရှီးကဲ့ယန်၏ ဖိနပ်ပါးတစ်ရံကို တွေ့ရလေ၏။

ဖေးပိုင်လည်း သူ့နဖူးသူ ရိုက်ကာ အခန်းထဲ ပြေးဝင်သွားပြီး တစ်ရှူးတစ်ရွက်ယူလာကာ ထိုဖိနပ်ပါးကို တစ်ရှူးဖြင့် ကိုင်ညှပ်ရင်း ရှီးကဲ့ယန်၏ပစ္စည်းများနှင့် ပြည့်နေသော ကတ်ထူပုံးထဲ ဝှီးခနဲ ပစ်ထည့်လိုက်လေသည်။

တစ်ရှူးကိုမူ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်၏။ ခေါင်းပြန်မော့ကြည့်သော် လော့ယွီစန်းက မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ ဖေးပိုင်လည်း သူ့အပြုအမူကို ကိုယ်တိုင် ရှင်းပြမှ ရတော့မည်ဟု တွေးမိ၏။

"စီနီယာကိုကို အထင်မလွဲနဲ့နော်.. ဒီဖိနပ်တွေက..... ကျွန်တော့်ဟာပါပဲ"

'ရည်းစားဟောင်း'ဟူသော စကားကို နှုတ်မှ ပြောမထွက်မီ အချိန်မှီ ပြန်ထိန်းလိုက်နိုင်သည်။

လော့ယွီစန်း၏အရှေ့၌ ရှီးကဲ့ယန်အကြောင်းကို မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ထုတ်ဖော်ပြရန် အန္တရာယ်များလွန်းသည်လေ။

ဖေးပိုင်လည်း စက္ကန့်ပိုင်းမျှ တွေးတောပြီးနောက် စကားကို ပြန်ဆက်၏။

"ကျွန်တော်က အဲ့ဖိနပ်တွေကို ယင်မောင်းဖို့ သုံးတာလေ.. အခု ညစ်ပတ်နေပြီမို့ လွှတ်ပစ်လိုက်တာ"

ထို့နောက် ထပ်ပြောလေသည်။

"နောက်ဆို စီနီယာကိုကိုအတွက်ဆိုပြီး ဖိနပ်ပါးတစ်ရံ ထားထားပေးမယ်နော်"

လော့ယွီစန်းမှာ ဖေးပိုင်၏စကားကို ကြားပြီးနောက် မျက်ခုံးက မသိမသာ ပင့်တက်သွားသည်။ မျက်လုံးအကြည့်၌ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိနေသည့်ပုံပင်။

ဖေးပိုင်မှာ မမြင်ချင်ယောင်ဆောင်ပြီးနောက် အိမ်ထဲ ခေါ်သွင်းလိုက်လေသည်။

"စီနီယာကိုကို ဒီမှာ ထိုင်နော်.. ကျွန်တော် အသံဖမ်းစက် သွားယူလိုက်ဦးမယ်"

ထို့နောက် ချက်ချင်းပင် အိပ်ခန်းထဲ ပြေးဝင်သွားကာ ကျောင်းလွယ်အိတ်ထဲ ကမန်းကတန်း ရှာတော့သည်။ လော့ယွီစန်း သူ့အား ဖုန်းခေါ်စဥ်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ အသံဖမ်းစက်ကို ကြိုတင်၍ မရှာထားမိခဲ့ခြင်းပင်။

ဖေးပိုင်လည်း အချိန်အတန်ကြာအထိ မျက်ကလဲဆန်ပျာ ရှာသည့်တိုင် ရှာမတွေ့နိုင်သေးချေ။ တဖြည်းဖြည်းနှင့် ဇောချွေးများ ပြန်လာချေပြီ။ ယမန်နေ့တုန်းက အသံဖမ်းစက်ကို ကျောင်းလွယ်အိတ်ထဲ​ ထည့်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။

__မြန်မြန် ရှာတွေ့ပါတော့ဟ။ ရှီးကဲ့ယန် လာနေပြီ...

ဖေးပိုင်လည်း လက်ထဲ၌ ကျောင်းလွယ်အိတ်ကို ကိုင်ရင်း အိပ်ခန်းထဲ​ မျက်စိလျှံလျက် လျှောက်ကြည့်နေမိသည်။

__အသံဖမ်းစက်က ငါ အခန်းရှင်းတုန်း ပြုတ်ကျပြီး ချောင်ထဲ လိမ့်သွားတာများလား?

စတုရန်း ၁၀ မီတာမျှပင် မရှိသည့် ကော်ဇောကို လှန်ကြည့်ရန်အပြင် တံခါးဘဲလ်သံက 'ဒင်'ခနဲ မြည်လာလေသည်။ ဆက်တိုက်ပင် တီးနေခြင်းပင်။ ခေါင်းလောင်းတီးနေသူက အတော်ပင် စိတ်မရှည်လက်မရှည်ဖြစ်နေပုံ ပေါ်၏။

ဖေးပိုင်၏ ဦးနှောက်ထဲ​ အတွေးတစ်ခုသာ ရှိတော့သည်။

__ငါတော့ သွားပြီ။ တကယ် သွားပြီ။

__ကောင်းကင်ဘုံက ငါ့ကို အပြစ်ပေးနေတာ။

အင်မတန်ပင် နှမြောတသဖြစ်စရာကောင်းလွန်းပါသည်။ လက်စားချေရန် အကြံ မစနိုင်ခင်မှာပင် ရုတ်တရက် ပျက်စီးသွားရပြီ။

သူ အိမ်တံခါးကို ဖွင့်လိုက်သည့်အချိန်၌ပင် အမှိုက်ကောင်နှင့် ရှောင်စန်းတို့က သူ့အား ဟားတိုက်ရယ်မောကြတော့မည်။ မည်သည့်မျက်နှာဖြင့် ဤလောက၌ ဆက်လက်ရှင်သန်သွားရတော့မည်နည်း?

မဖြစ်နိုင်။ အရှုံးကို ဝန်မခံနိုင်သေးပါ။ ရသမျှအားဖြင့် ရုန်းချင်ပါသေးသည်။

ဖေးပိုင်၏ မျက်ဝန်းထဲ​ အနိုင်မခံ အရှုံးမပေးသည့် အလျှံက တဖြည်းဖြည်း တောက်ပလာ၏။ လက်ထဲမှ ကျောင်းလွယ်အိတ်ကို ပစ်ချလိုက်ပြီး ဧည့်ခန်းထဲ ပြေးထွက်လာခဲ့သည်။ ထို့နောက် လော့ယွီစန်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အိပ်ခန်းထဲ ဆွဲခေါ်လာလေ၏။

လော့ယွီစန်းမှာ ထင်ရာစိုင်းနေသော ကောင်ငယ်လေးအား နားလည်ရခက်စွာ ကြည့်နေမိသည်။

"ဘာလုပ်တာလဲ?"

"စီနီယာကိုကို.. ကျွန်တော် ရှင်းပြနေဖို့ အချိန်မရှိဘူး.. ဘာဖြစ်ဖြစ် ဒီမှာ အရင် နေနေပေးပါ.. တံခါးကို လုံးဝ လုံးဝ မဖွင့်ပါနဲ့.. ကျွန်တော် တစ်အောင့်နေရင် ပြန်လာခဲ့ပါ့မယ်"

ဖေးပိုင်မှာ အတည်ပေါက် ပြောဆိုနေတော့၏။

ထို့နောက် လော့ယွီစန်း ပြန်လည်တုံ့ပြန်မည့်အချိန်ကိုပင် စောင့်မနေတော့ဘဲ​ သုတ်တီးသုတ်ပျာ ထွက်သွားကာ အိပ်ခန်းတံခါးကို ဆောင့်ပိတ်လိုက်လေသည်။

တံခါးခေါင်းလောင်းမှာ မရပ်မနား မြည်ဟည်းနေ၏။ ဖေးပိုင်လည်း ဆံပင်ကို သပ်ကာ အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် တံခါးကို ဆွဲဖွင့်လိုက်သည်။

"ရပြီ မတီးနဲ့တော့"

ရှီးကဲ့ယန်မှာ ယခုထိ ငပျင်းတစ်ကောင် ဖြစ်နေဆဲပင်။ ကောက်ကွေးကွေး ရှေ့ဆံပင်က မျက်ဝန်းသွယ်သွယ်ရှေ့ တွဲလျားကျဆင်းနေ၏။ နှုတ်ခမ်းပါး၏ ထောင့်စွန်းများက တစ်ဝက်ခန့် ကွေးတက်နေလေရာ စကားမပြောသည့်တိုင် စနောက်ကျီစယ်နေခြင်း ဖြစ်မှန်း သိသာသည်။

ရှီးကဲ့ယန်အား မြင်လျှင်မြင်ချင်း ဖေးပိုင်၏ နှလုံးသားမှာ ကုတ်ဖဲ့ခံလိုက်ရသည့်ပမာ။

ခပ်တည်တည်မျက်နှာထား မပျက်ခင် စက္ကန့်ပိုင်းအလို၌ ခါးကုန်းကာ ကတ်ထူပုံးကို အိမ်အပြင်ထိ တရွတ်တိုက် ဆွဲလိုက်၏။

"ဒါ အကုန်ပဲ.. မြန်မြန် ယူသွားတော့"

ရှီးကဲ့ယန်မှာ ခေါင်းငုံ့ရင်း တစ်ချက်ကြည့်လိုက်သည်။

"တစ်ခု ပျောက်နေတယ်"

ဖေးပိုင်မှာ မျက်မှောင်ကြုတ်လျက် မေး၏။

"ဘာပျောက်တာလဲ?"

ရှီးကဲ့ယန်မှာ လက်ပိုက်လျက် တံခါးဘောင်ကို မှီလိုက်၏။

"အိပ်ခန်းစားပွဲပေါ်က ကွန်ဒုံးတစ်ဘူး"

သံနေသံထားက အင်မတန် ပိရိလွန်းနေရာ တမင်တကာ လုပ်နေခြင်းဖြစ်ကြောင်း သိသာလွန်းသည်။

တမင်သက်သက် ဒုက္ခပေးနေခြင်းပင်။

လော့ယွီစန်းသာ အိပ်ခန်းထဲ ရှိမနေပါက ရှီးကဲ့ယန်အား ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားသည်အထိ ဆဲဆိုအော်ဟစ်ပစ်မည်သာ။ ရှီးကဲ့ယန်၏ တတိယခြေထောက်အား ဆောင့်ကန်ချင်စိတ်ကို ချုပ်တည်းကာ ကိုယ့်အသံကိုယ် နှိမ့်၍ အနှီလူအား ရွံရှာစိတ်ဖြင့် နှုတ်ဆက်လိုက်သည်။

"အယ်..." ရှီးကဲ့ယန်က ကပြက်ကချော် ရယ်မောရင်း ဖေးပိုင်၏ နားအနီး ကပ်တိုးပြောလိုက်၏။ "ဒီတစ်ပတ်လုံး ွင်းထုတဲ့အချိန်ဆို ကိုယ့်အကြောင်းကိုပဲ တွေးနေတာမလား?"

ရင်းနှီးပြီးသား ထွက်သက်က အရေပြားထက် စွဲကျန်ရစ်၏။ ယစ်မူးဖွယ်ကောင်းလှသည့် ကိုယ်သင်းရနံက ယခုများတွင်တော့ ပျို့အန်ချင်စရာ ကောင်းနေတော့သည်။ အမြီးတက်နင်းခံရသည့် ယုန်သူငယ်ပမာ ရှီးကဲ့ယန်အား အတင်းတွန်းထုတ်လိုက်၏။

"ထွက်သွားစမ်း! ကွန်ဒုံးလေးတစ်ဘူးတည်း မလား? ရစေရမယ်"

ဖေးပိုင်လည်း သူ့အား ထပ်လာကိုင်သည့် ရှီးကဲ့ယန်၏လက်အား ဖျတ်ခနဲ ခါပစ်ကာ အိပ်ခန်းထဲ လျှောက်လာတော့သည်။

ထိုအချိန်အတွင်း လက်ရှိ အိပ်ခန်းထဲ ရှိနေသူက မည်သူဖြစ်ကြောင်း ရှီးကဲ့ယန်အား ကြွားလုံးထုတ်ပစ်လိုက်ချင်၏။

ဖေးပိုင် ရှီးကဲ့ယန်အကြောင်း ကောင်းကောင်းကြီးကို သိပါသည်။ သူနှင့် ချစ်ကြိုက်စဥ်ကာလ၌ ရှီးကဲ့ယန်ဟာ ဆတ်ဆတ်ထိမခံ​ ရှာလကာရည်အိုးတစ်လုံး ဖြစ်ခဲ့သည်ပင်။ ဖေးပိုင် အတန်းဖော်များအား စကားနှစ်ခွန်းထက် ပိုပြောမိလိုက်သည်နှင့် ရှီးကဲ့ယန်ထံမှ အရစ်ခံရတော့သည်။ ထိုအတန်းဖော်များကိုလည်း ရံဖန်ရံခါ ရန်သွားစတတ်သေး၏။

လက်ရှိကောင်လေးကို အခြားလူတစ်ဦး၏ အိပ်ခန်းထဲ မြင်သွားမည့်ကိစ္စဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့။

ဖေးပိုင် လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။ ယခုအချိန်အထိ အောင့်ကို အောင့်ထားရမည်။

လက်ရှိ၌ ဖေးပိုင်နှင့် လော့ယွီစန်းအကြား မည်သည့်အခြေအနေမျှ ထူးမလာသေး။ ဤနေရာ၌ မြင်သွားပါက အလွန်ဆုံး ရှီးကဲ့ယန်မှာ သဝန်တိုရုံမျှသာ ဖြစ်လိမ့်မည်။

__အဲ့လောက် ဘယ်လွယ်ပါ့မလဲ အမှိုက်ကောင်ရဲ့။

တွေးရင်း အိပ်ခန်းတံခါးကို အနည်းငယ်မျှသာ ဖွင့်ပြီး အထဲဝင်သွား၏။ ရှီးကဲ့ယန်အား အတွင်းမှ လူကို မြင်ခွင့်မပေးနိုင်ပါ။

ဖေးပိုင်မှာ တံခါးကို ပိတ်ကာ တစ်ဖက်သို့ လှည့်လိုက်စဥ်မှာပင် အရိပ်တစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။

လော့ယွီစန်းက ဖေးပိုင်နှင့် လက်မဝက်ခြားအကွာ၌ ရပ်နေခြင်းပင်။ လက်ဖဝါးက ဖေးပိုင်အနောက်ရှိ တံခါးကို ထောက်ထား၏။ ထို့နောက် အထက်စီးဖြင့် မေးမြန်းလာသည်။

"အပြင်မှာ ဘယ်သူရောက်နေလို့လဲ?"

"... ကျွန်တော့်ရည်းစားဟောင်းကောင်လေး"

ဖေးပိုင်လည်း ဤသို့လျှင် ရဲရဲတင်းတင်း ဖြေပစ်လိုက်၏။

__ဖေးပိုင် နင် သေပြီသေပြီ။ လော့ယွီစန်း အခုနေ အပြင်ထွက်သွားမယ်ဆိုလည်း တားလို့ရတော့မှာ မဟုတ်ဘူး။

လော့ယွီစန်းလည်း ထိုအဖြေကို ကြားပြီးနောက် စက္ကန့်ပိုင်းမျှ ငြိမ်သက်သွား၏။ ခုနလေးတင်က ဖေးပိုင် သူ့အား အိပ်ခန်းထဲ ပုန်းနေခိုင်းသည့်အချိန်၌ တံခါးအပြင်ဘက်ရှိ လူက ပေါ့သေးသေးမဟုတ်ဟု ခန့်မှန်းခဲ့ပြီးပြီ။ ထိုကလေး ဤမျှအထိ ပျာယာခတ်နေပုံပေါက်ပါက သူ၏ချစ်သူကောင်လေးပင် ဖြစ်ရမည်ဟူ၍။

ဤသို့ တွေးမိစဥ် စိတ်ထဲ​ အနည်းငယ် စနိုးစနောင့် ဖြစ်သွားသည်။ သို့သော်..

__ရည်းစားဟောင်း ဖြစ်နေတာကိုး။

လော့ယွီစန်းက စိတ်ဝင်တစား အမေးပြု၏။

"ဒါဆို ငါ့ကို ဘာလို့ မြင်လို့မရတာလဲ?"

__ဘာလို့ဆို သူက နင့်လက်ရှိကောင်လေးမို့လို့ပေါ့။ ချီးထဲမှ..

သို့သော်လည်း ဖေးပိုင် ထိုသို့ ပြန်မပြောနိုင်ပါ။ တံတွေးပြန်မျိုချကာ ဖြေလေ၏။

"... ဘာလို့လဲဆိုတော့ ဘာလို့ဆို သူက စီနီယာကိုကို့ကို မြင်ရင် သိမ်ငယ်သွားမှာ စိုးလို့ပေါ့"

လေသံက အတည်ပေါက် ပြောနေဟန်မပေါ်။ လော့ယွီစန်းအား စိတ်ကျေနပ်စေရန် အချိုသပ်နေသည့်အတိုင်းပင်။ သို့သော်လည်း လော့ယွီစန်းက လက်ပြန်ဖယ်ကာ အနောက်တစ်လှမ်း ဆုတ်လိုက်၏။

"ဒါဆို ဘယ်အချိန်ထိ ဒီမှာ နေရမှာလဲ?"

ဖေးပိုင်မှာ ယခုမှ သက်ပြင်းတစ်ချက် ချနိုင်တော့၏။ လော့ယွီစန်း၏အခြေအနေက တည်ငြိမ်သွားခဲ့ချေပြီ။

"သူ့ကို တစ်ခုခု ယူပေးပြီးတာနဲ့ ထွက်သွားလိမ့်မယ်" ဖေးပိုင်က လော့ယွီစန်း၏ ပခုံးနှစ်ဖက်ပေါ် လက်တင်ကာ အားဖျော့ဖျော့ဖြင့် ကုတင်နံဘေး တွန်းလိုက်သည်။ "စီနီယာကိုကိုက ဒီမှာ ခဏလေးပဲ စောင့်နေပေး"

ကုတင်နံဘေးရှိ အံဆွဲကို ငတက်ပြားပမာ ခိုးကြောင်ခိုးဝှက် ဆွဲဖွင့်ကာ ပစ္စည်းတစ်ခုကို လက်ဖြင့် စမ်းမိသည်နှင့် ဘောင်းဘီအိတ်ကပ်ထဲ အလျင်အမြန် ထည့်ရန် ပြင်၏။

သို့သော်လည်း အင်မတန် စိတ်လှုပ်ရှားနေသည့်အတွက် လက်ချော်ကာ ကွန်ဒုံးဘူးက ကြမ်းပြင်ပေါ် လှိမ့်ကျသွားပြီး လော့ယွီစန်း၏ ခြေထောက်ရှေ့တည့်တည့်တွင် သွားရပ်လေသည်။

လော့ယွီစန်းလည်း ထိုအရာအား ရှင်းရှင်းလင်းလင်း တွေ့သွား၏။ လည်စလုပ်က မသိမသာ မြင့်တက်သွားကာ အကြည့်များကပင် အနည်းငယ် ရှုပ်ထွေးသွားသည်။

ဖေးပိုင်လည်း ကုန်းကောက်ရန်ဟန်အပြင် တစ်ဖက်လူ၏လက်က သူ့အရှေ့ ကြိုရောက်နှင့်ပြီး ကွန်ဒုံးဘူးကို ကောက်ယူကာ သူ့ထံ​ ပေးလာ၏။ ထို့အပြင် 'ဒါ ကျသွားလို့'ဟု လေသံတိုးတိုးဖြင့် ပြောသေးသည်။

ဖေးပိုင်မှာတော့ လော့ယွီစန်းကိုပင် ပြန်မကြည့်ရဲတော့။ လော့ယွီစန်း၏ လက်ထဲမှ ကွန်ဒုံးဘူးကို ဆတ်ခနဲ ဆွဲယူကာ အပြင်ပြန်ထွက်လာခဲ့၏။ ကျေးဇူးတင်စကားပင် မပြောခဲ့ရ။

အိမ်တံခါးအပြင်ဘက်ရှိ ရှီးကဲ့ယန်က ထိုဘူးအား ငုံ့ကြည့်နေ၏။ ဖေးပိုင်က ကွန်ဒုံးဘူးအား ရှီးကဲ့ယန်၏ ရင်ဘတ်ပေါ် ပစ်ပေါက်လိုက်သည်။

"ယူပြီး သွားတော့"

ရှီးကဲ့ယန်က ကြမ်းပြင်ပေါ် ကျသွားသည့် ကွန်ဒုံးဘူးကို ပြန်မကောက်ချေ။ ဖေးပိုင်၏ အိပ်ခန်းဘက် တစ်ချက်ကြည့်လိုက်၏။

"ကွန်ဒုံးဘူးလေး သွားယူတာ အဲ့လောက်တောင် ကြာလား?"

ဖေးပိုင်က မထီမဲ့မြင်ပြုလျက် ပြန်ပြော၏။

"သောက်ရူးကောင်က ဘယ်နားလည်မလဲ"

ရှီးကဲ့ယန်က ဆက်မေးသည်။

"အိမ်မှာ တစ်ယောက်တည်းလား?"

ဖေးပိုင်လည်း ခပ်တည်တည်ဖြင့် ပြန်ဖြေ၏။

"တစ်ယောက်တည်း မဟုတ်ဘူး.. အဲ့လူကို မြင်ရင် ခင်ဗျား လန့်သေသွားမှာ စိုးရတယ်"

ရှီးကဲ့ယန်မှာ ဆွံ့အသွား၏။ သို့သော် စကားထပ်ပြောမည်အပြု ဖေးပိုင်က တံခါးကို ဆောင့်ပိတ်ချလိုက်သည်။

ခေတ္တကြာသော် ကတ်ထူပုံးကို တရွတ်တိုက် ဆွဲရင်း အောက်ဆင်းသွားသည့် ခြေသံကို ကြားလိုက်ရ၏။

ဖေးပိုင်မှာ ရှီးကဲ့ယန် အောက်ဆင်းသွားသည်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ကိုယ်သူ ချိန်ကိုက်ဗုံးရန်မှ ကယ်တင်လိုက်နိုင်သည်ကို ဂုဏ်ယူမဆုံးပင်။

ယခုဆိုလျှင် လော့ယွီစန်းနှင့် ရှီးကဲ့ယန်တို့ အိမ်အောက်၌ မဆုံမိစေရန် လော့ယွီစန်းအား အချိန်နည်းနည်း ထပ်ဆွဲရန်သာ ကျန်တော့သည်။

__အား အခုထိ အသံဖမ်းစက် ရှာမတွေ့သေးဘူး။ ငါ ဘယ်မှာများ မှားထားမိလိုက်ပါလိမ့်။

ဖေးပိုင်လည်း အိပ်ခန်းထဲ ပြန်ဝင်လာကာ ခပ်တည်တည်ဖြင့် ဟိုချောင်သည်ထောင့် လှန်လှောရှာဖွေနေ၏။ လော့ယွီစန်းမှာတော့ ကုတင်ပေါ် ထိုင်လျက် ဖေးပိုင်အား အေးအေးဆေးဆေး ငေးကြည့်နေလေသည်။

ဖေးပိုင်လည်း မျက်နှာပူမနေတော့ဘဲ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ချကာ ကုတင်အောက် ရှာမည်အရွယ် လော့ယွီစန်း၏ ခပ်ဖွဖွ ပြောသံကို ကြားလိုက်ရ၏။

"ပျောက်သွားပြီမလား?"

🫧🫧🫧🫧🫧🫧

ZAWGYI

အပိုင္း ()
အိမ္မွာ ေစာင့္ေနမယ္ေနာ္

ယေန႔၌ ပထမဆုံး ဖုန္းေခၚလာမည့္သူမွာ ေဖးပိုင္ ေတြးထင္ထားသလို ရွီးကဲ့ယန္ ဟုတ္မေနခဲ့။ ေလာ့ယြီစန္း ျဖစ္ေနေလသည္။

ေလာ့ယြီစန္းက ဖုန္းထဲမွ ဤသို႔ ေျပာလာ၏။ ယမန္ေန႔က ေပးလိုက္သည့္ အသံဖမ္းစက္ထဲတြင္ အေရးႀကီးသည့္ အသံဖိုင္မ်ား သိမ္းထားေၾကာင္း၊ မၾကာမီ အိမ္၌ လာယူမည္ျဖစ္ေၾကာင္းဟူ၍။

ေဖးပိုင္မွာ တံေတြးတစ္ခ်က္မ်ိဳခ်၍ မရဲတရဲ ေမးလိုက္ေလသည္။

"စီနီယာကိုကို ေနာက္ေန႔မွ လာယူလို႔ရမလားဟင္? ဒါမွမဟုတ္လည္း ဒီေန႔လယ္ေလာက္မွ ျဖစ္ျဖစ္ေပါ့?"

"မရဘူး"

ေလာ့ယြီစန္းမွာ ယတိျပတ္ ျငင္းဆိုလိုက္သည္။

ေဖးပိုင္လည္း မာဆတ္ဆတ္ ျပန္ေျဖလိုက္၏။

"ၿပီးေရာေလ.. ဒါဆိုလည္း အိမ္မွာ ေစာင့္ေနမယ္ေနာ္ စီနီယာကိုကို"

ဖုန္းခ်ၿပီးေနာက္ ေဖးပိုင္အျဖစ္မွာ အသက္ရွူမွားမတတ္။ ေလာ့ယြီစန္း သူ႔အိမ္ေရာက္လာသည့္အခ်ိန္ ရွီးကဲ့ယန္ႏွင့္ တန္းတိုးပါက မည္သို႔လုပ္ရမည္ကိုပင္ အႀကံထုတ္ေနမိသည္။

ရွီးကဲ့ယန္အား ကလဲ့စားေခ်ရန္ ေရွာင္စန္းအား ျမႇဴဆြယ္မည့္အႀကံဟာ မိနစ္ပိုင္းအတြင္း သဲထဲ ေရသြန္ျဖစ္သြားေတာ့မည္။ မီးခြက္ထြန္းရွာလၽွင္ပင္ ေတြ႕ရန္ ခက္ခဲေသာ လစာျမင့္အလုပ္သည္လည္း တစ္စစီ ေၾကမြကာ ေလႏွင့္အတူ လြင့္ျပယ္သြားေတာ့မည္။

__ေသစမ္း.. ဘုရားသခင္ကေတာ့ လူေတြကို ပေလးတဲ့ေနရာမွာ ေတာ္ေတာ္ေတာ္တာပဲ။

သို႔ေသာ္လည္း အျဖစ္အပ်က္က သူေတြးထားသေလာက္ ေၾကာက္စရာေကာင္းခ်င္မွ ေကာင္းေနလိမ့္မည္။ ေလာ့ယြီစန္းႏွင့္ ရွီးကဲ့ယန္တို႔ ထိပ္တိုက္ ေတြ႕ခ်င္မွ ေတြ႕မည္ေလ။

နာရီဝက္မၽွ ၾကာသည့္အခါ တံခါးဘဲလ္ျမည္သံကို ၾကားလိုက္ရ၏။

ေဖးပိုင္လည္း တံခါးနား ကပ္သြားကာ 'ဘယ္သူလဲ'ဟု လွမ္းေအာ္ေမးလိုက္သည္။

__ေလာ့ယြီစန္းဆိုရင္ ပုံမွန္အတိုင္းသာေန။ ရွီးကဲ့ယန္ဆိုရင္ေတာ့ ခ်က္ခ်င္း မ်က္ႏွာေသပုံစံ ေျပာင္းရမယ္။ ႏွစ္ေယာက္လုံးဆိုရင္ေတာ့ တံခါး ဖြင့္မေနေတာ့ဘူး။

"မင္းရဲ့ စီနီယာကိုကို"

ကံေကာင္းေထာက္မစြာျဖင့္ ေလာ့ယြီစန္း၏အသံ ထြက္လာေလသည္။

ေဖးပိုင္လည္း ေတာ္ပါေသးရဲ့ဟု ေတြးရင္း စိတ္ေလ်ာ့သက္ျပင္းတစ္ခ်က္ခ်ကာ ေလာ့ယြီစန္းအား တံခါးဖြင့္ေပးလိုက္၏။

တစ္ၿပိဳင္နက္တည္းပင္ ေနာင္တရစိတ္က တိတ္တခိုး ထြက္ေပၚလာျပန္သည္။ ေလာ့ယြီစန္း သူ႔အိမ္ ေရာက္လာျခင္းက အခြင့္အေရးတစ္ခုျဖစ္ေသာ္ျငား အဘယ္ေၾကာင့္ ယေန႔မွ ျဖစ္ရသနည္း???

ေလာ့ယြီစန္းမွာ တံခါးေရွ႕၌ မလွုပ္မယွက္ ရပ္ေစာင့္ေန၏။

"အိုး ဟုတ္သား ဖိနပ္နဲ႔ ဝင္လာလို႔ ရတယ္ေနာ္"

ေလာ့ယြီစန္းက တံခါးအနားရွိ ဖိနပ္စင္ထံ ေမးေငါ့ျပလိုက္သည္။

"ဖိနပ္ပါးတစ္ရံေလာက္ မရွိဘူးလား?"

ေဖးပိုင္လည္း လွည့္ၾကည့္လိုက္ရာ ယမန္ေန႔ညက သိမ္းဆည္းရန္ ေမ့ေလ်ာ့သြားခဲ့ေသာ ရွီးကဲ့ယန္၏ ဖိနပ္ပါးတစ္ရံကို ေတြ႕ရေလ၏။

ေဖးပိုင္လည္း သူ႔နဖူးသူ ရိုက္ကာ အခန္းထဲ ေျပးဝင္သြားၿပီး တစ္ရွူးတစ္ရြက္ယူလာကာ ထိုဖိနပ္ပါးကို တစ္ရွူးျဖင့္ ကိုင္ညႇပ္ရင္း ရွီးကဲ့ယန္၏ပစၥည္းမ်ားႏွင့္ ျပည့္ေနေသာ ကတ္ထူပုံးထဲ ဝွီးခနဲ ပစ္ထည့္လိုက္ေလသည္။

တစ္ရွူးကိုမူ အမွိုက္ပုံးထဲ လႊင့္ပစ္လိုက္၏။ ေခါင္းျပန္ေမာ့ၾကည့္ေသာ္ ေလာ့ယြီစန္းက မမွိတ္မသုန္ စိုက္ၾကည့္ေနေလသည္။ ေဖးပိုင္လည္း သူ႔အျပဳအမူကို ကိုယ္တိုင္ ရွင္းျပမွ ရေတာ့မည္ဟု ေတြးမိ၏။

"စီနီယာကိုကို အထင္မလြဲနဲ႔ေနာ္.. ဒီဖိနပ္ေတြက..... ကၽြန္ေတာ့္ဟာပါပဲ"

'ရည္းစားေဟာင္း'ဟူေသာ စကားကို ႏွုတ္မွ ေျပာမထြက္မီ အခ်ိန္မွီ ျပန္ထိန္းလိုက္နိုင္သည္။

ေလာ့ယြီစန္း၏အေရွ႕၌ ရွီးကဲ့ယန္အေၾကာင္းကို မည္သည့္ပုံစံမ်ိဳးျဖင့္ျဖစ္ေစ ထုတ္ေဖာ္ျပရန္ အႏၲရာယ္မ်ားလြန္းသည္ေလ။

ေဖးပိုင္လည္း စကၠန့္ပိုင္းမၽွ ေတြးေတာၿပီးေနာက္ စကားကို ျပန္ဆက္၏။

"ကၽြန္ေတာ္က အဲ့ဖိနပ္ေတြကို ယင္ေမာင္းဖို႔ သုံးတာေလ.. အခု ညစ္ပတ္ေနၿပီမို႔ လႊတ္ပစ္လိုက္တာ"

ထို႔ေနာက္ ထပ္ေျပာေလသည္။

"ေနာက္ဆို စီနီယာကိုကိုအတြက္ဆိုၿပီး ဖိနပ္ပါးတစ္ရံ ထားထားေပးမယ္ေနာ္"

ေလာ့ယြီစန္းမွာ ေဖးပိုင္၏စကားကို ၾကားၿပီးေနာက္ မ်က္ခုံးက မသိမသာ ပင့္တက္သြားသည္။ မ်က္လုံးအၾကည့္၌ အဓိပၸာယ္တစ္စုံတစ္ရာ ရွိေနသည့္ပုံပင္။

ေဖးပိုင္မွာ မျမင္ခ်င္ေယာင္ေဆာင္ၿပီးေနာက္ အိမ္ထဲ ေခၚသြင္းလိုက္ေလသည္။

"စီနီယာကိုကို ဒီမွာ ထိုင္ေနာ္.. ကၽြန္ေတာ္ အသံဖမ္းစက္ သြားယူလိုက္ဦးမယ္"

ထို႔ေနာက္ ခ်က္ခ်င္းပင္ အိပ္ခန္းထဲ ေျပးဝင္သြားကာ ေက်ာင္းလြယ္အိတ္ထဲ ကမန္းကတန္း ရွာေတာ့သည္။ ေလာ့ယြီစန္း သူ႔အား ဖုန္းေခၚစဥ္က ေျခမကိုင္မိ လက္မကိုင္မိျဖစ္ကာ အသံဖမ္းစက္ကို ႀကိဳတင္၍ မရွာထားမိခဲ့ျခင္းပင္။

ေဖးပိုင္လည္း အခ်ိန္အတန္ၾကာအထိ မ်က္ကလဲဆန္ပ်ာ ရွာသည့္တိုင္ ရွာမေတြ႕နိုင္ေသးေခ်။ တျဖည္းျဖည္းႏွင့္ ေဇာေခၽြးမ်ား ျပန္လာေခ်ၿပီ။ ယမန္ေန႔တုန္းက အသံဖမ္းစက္ကို ေက်ာင္းလြယ္အိတ္ထဲ​ ထည့္လိုက္သည္ကို ရွင္းရွင္းလင္းလင္း မွတ္မိပါေသးသည္။

__ျမန္ျမန္ ရွာေတြ႕ပါေတာ့ဟ။ ရွီးကဲ့ယန္ လာေနၿပီ...

ေဖးပိုင္လည္း လက္ထဲ၌ ေက်ာင္းလြယ္အိတ္ကို ကိုင္ရင္း အိပ္ခန္းထဲ​ မ်က္စိလၽွံလ်က္ ေလၽွာက္ၾကည့္ေနမိသည္။

__အသံဖမ္းစက္က ငါ အခန္းရွင္းတုန္း ျပဳတ္က်ၿပီး ေခ်ာင္ထဲ လိမ့္သြားတာမ်ားလား?

စတုရန္း ၁၀ မီတာမၽွပင္ မရွိသည့္ ေကာ္ေဇာကို လွန္ၾကည့္ရန္အျပင္ တံခါးဘဲလ္သံက 'ဒင္'ခနဲ ျမည္လာေလသည္။ ဆက္တိုက္ပင္ တီးေနျခင္းပင္။ ေခါင္းေလာင္းတီးေနသူက အေတာ္ပင္ စိတ္မရွည္လက္မရွည္ျဖစ္ေနပုံ ေပၚ၏။

ေဖးပိုင္၏ ဦးေႏွာက္ထဲ​ အေတြးတစ္ခုသာ ရွိေတာ့သည္။

__ငါေတာ့ သြားၿပီ။ တကယ္ သြားၿပီ။

__ေကာင္းကင္ဘုံက ငါ့ကို အျပစ္ေပးေနတာ။

အင္မတန္ပင္ ႏွေျမာတသျဖစ္စရာေကာင္းလြန္းပါသည္။ လက္စားေခ်ရန္ အႀကံ မစနိုင္ခင္မွာပင္ ႐ုတ္တရက္ ပ်က္စီးသြားရၿပီ။

သူ အိမ္တံခါးကို ဖြင့္လိုက္သည့္အခ်ိန္၌ပင္ အမွိုက္ေကာင္ႏွင့္ ေရွာင္စန္းတို႔က သူ႔အား ဟားတိုက္ရယ္ေမာၾကေတာ့မည္။ မည္သည့္မ်က္ႏွာျဖင့္ ဤေလာက၌ ဆက္လက္ရွင္သန္သြားရေတာ့မည္နည္း?

မျဖစ္နိုင္။ အရွုံးကို ဝန္မခံနိုင္ေသးပါ။ ရသမၽွအားျဖင့္ ႐ုန္းခ်င္ပါေသးသည္။

ေဖးပိုင္၏ မ်က္ဝန္းထဲ​ အနိုင္မခံ အရွုံးမေပးသည့္ အလၽွံက တျဖည္းျဖည္း ေတာက္ပလာ၏။ လက္ထဲမွ ေက်ာင္းလြယ္အိတ္ကို ပစ္ခ်လိုက္ၿပီး ဧည့္ခန္းထဲ ေျပးထြက္လာခဲ့သည္။ ထို႔ေနာက္ ေလာ့ယြီစန္း၏ လက္ေကာက္ဝတ္ကို ဆြဲကိုင္ကာ အိပ္ခန္းထဲ ဆြဲေခၚလာေလ၏။

ေလာ့ယြီစန္းမွာ ထင္ရာစိုင္းေနေသာ ေကာင္ငယ္ေလးအား နားလည္ရခက္စြာ ၾကည့္ေနမိသည္။

"ဘာလုပ္တာလဲ?"

"စီနီယာကိုကို.. ကၽြန္ေတာ္ ရွင္းျပေနဖို႔ အခ်ိန္မရွိဘူး.. ဘာျဖစ္ျဖစ္ ဒီမွာ အရင္ ေနေနေပးပါ.. တံခါးကို လုံးဝ လုံးဝ မဖြင့္ပါနဲ႔.. ကၽြန္ေတာ္ တစ္ေအာင့္ေနရင္ ျပန္လာခဲ့ပါ့မယ္"

ေဖးပိုင္မွာ အတည္ေပါက္ ေျပာဆိုေနေတာ့၏။

ထို႔ေနာက္ ေလာ့ယြီစန္း ျပန္လည္တုံ႔ျပန္မည့္အခ်ိန္ကိုပင္ ေစာင့္မေနေတာ့ဘဲ​ သုတ္တီးသုတ္ပ်ာ ထြက္သြားကာ အိပ္ခန္းတံခါးကို ေဆာင့္ပိတ္လိုက္ေလသည္။

တံခါးေခါင္းေလာင္းမွာ မရပ္မနား ျမည္ဟည္းေန၏။ ေဖးပိုင္လည္း ဆံပင္ကို သပ္ကာ အသက္ဝဝ ရွူသြင္းလိုက္ၿပီးေနာက္ တံခါးကို ဆြဲဖြင့္လိုက္သည္။

"ရၿပီ မတီးနဲ႔ေတာ့"

ရွီးကဲ့ယန္မွာ ယခုထိ ငပ်င္းတစ္ေကာင္ ျဖစ္ေနဆဲပင္။ ေကာက္ေကြးေကြး ေရွ႕ဆံပင္က မ်က္ဝန္းသြယ္သြယ္ေရွ႕ တြဲလ်ားက်ဆင္းေန၏။ ႏွုတ္ခမ္းပါး၏ ေထာင့္စြန္းမ်ားက တစ္ဝက္ခန့္ ေကြးတက္ေနေလရာ စကားမေျပာသည့္တိုင္ စေနာက္က်ီစယ္ေနျခင္း ျဖစ္မွန္း သိသာသည္။

ရွီးကဲ့ယန္အား ျမင္လၽွင္ျမင္ခ်င္း ေဖးပိုင္၏ ႏွလုံးသားမွာ ကုတ္ဖဲ့ခံလိုက္ရသည့္ပမာ။

ခပ္တည္တည္မ်က္ႏွာထား မပ်က္ခင္ စကၠန့္ပိုင္းအလို၌ ခါးကုန္းကာ ကတ္ထူပုံးကို အိမ္အျပင္ထိ တရြတ္တိုက္ ဆြဲလိုက္၏။

"ဒါ အကုန္ပဲ.. ျမန္ျမန္ ယူသြားေတာ့"

ရွီးကဲ့ယန္မွာ ေခါင္းငုံ႔ရင္း တစ္ခ်က္ၾကည့္လိုက္သည္။

"တစ္ခု ေပ်ာက္ေနတယ္"

ေဖးပိုင္မွာ မ်က္ေမွာင္ၾကဳတ္လ်က္ ေမး၏။

"ဘာေပ်ာက္တာလဲ?"

ရွီးကဲ့ယန္မွာ လက္ပိုက္လ်က္ တံခါးေဘာင္ကို မွီလိုက္၏။

"အိပ္ခန္းစားပြဲေပၚက ကြန္ဒုံးတစ္ဘူး"

သံေနသံထားက အင္မတန္ ပိရိလြန္းေနရာ တမင္တကာ လုပ္ေနျခင္းျဖစ္ေၾကာင္း သိသာလြန္းသည္။

တမင္သက္သက္ ဒုကၡေပးေနျခင္းပင္။

ေလာ့ယြီစန္းသာ အိပ္ခန္းထဲ ရွိမေနပါက ရွီးကဲ့ယန္အား ခုနစ္အိမ္ၾကား၊ ရွစ္အိမ္ၾကားသည္အထိ ဆဲဆိုေအာ္ဟစ္ပစ္မည္သာ။ ရွီးကဲ့ယန္၏ တတိယေျခေထာက္အား ေဆာင့္ကန္ခ်င္စိတ္ကို ခ်ဳပ္တည္းကာ ကိုယ့္အသံကိုယ္ ႏွိမ့္၍ အႏွီလူအား ရြံရွာစိတ္ျဖင့္ ႏွုတ္ဆက္လိုက္သည္။

"အယ္..." ရွီးကဲ့ယန္က ကျပက္ကေခ်ာ္ ရယ္ေမာရင္း ေဖးပိုင္၏ နားအနီး ကပ္တိုးေျပာလိုက္၏။ "ဒီတစ္ပတ္လုံး ြင္းထုတဲ့အခ်ိန္ဆို ကိုယ့္အေၾကာင္းကိုပဲ ေတြးေနတာမလား?"

ရင္းႏွီးၿပီးသား ထြက္သက္က အေရျပားထက္ စြဲက်န္ရစ္၏။ ယစ္မူးဖြယ္ေကာင္းလွသည့္ ကိုယ္သင္းရနံက ယခုမ်ားတြင္ေတာ့ ပ်ိဳ႕အန္ခ်င္စရာ ေကာင္းေနေတာ့သည္။ အၿမီးတက္နင္းခံရသည့္ ယုန္သူငယ္ပမာ ရွီးကဲ့ယန္အား အတင္းတြန္းထုတ္လိုက္၏။

"ထြက္သြားစမ္း! ကြန္ဒုံးေလးတစ္ဘူးတည္း မလား? ရေစရမယ္"

ေဖးပိုင္လည္း သူ႔အား ထပ္လာကိုင္သည့္ ရွီးကဲ့ယန္၏လက္အား ဖ်တ္ခနဲ ခါပစ္ကာ အိပ္ခန္းထဲ ေလၽွာက္လာေတာ့သည္။

ထိုအခ်ိန္အတြင္း လက္ရွိ အိပ္ခန္းထဲ ရွိေနသူက မည္သူျဖစ္ေၾကာင္း ရွီးကဲ့ယန္အား ႂကြားလုံးထုတ္ပစ္လိုက္ခ်င္၏။

ေဖးပိုင္ ရွီးကဲ့ယန္အေၾကာင္း ေကာင္းေကာင္းႀကီးကို သိပါသည္။ သူႏွင့္ ခ်စ္ႀကိဳက္စဥ္ကာလ၌ ရွီးကဲ့ယန္ဟာ ဆတ္ဆတ္ထိမခံ​ ရွာလကာရည္အိုးတစ္လုံး ျဖစ္ခဲ့သည္ပင္။ ေဖးပိုင္ အတန္းေဖာ္မ်ားအား စကားႏွစ္ခြန္းထက္ ပိုေျပာမိလိုက္သည္ႏွင့္ ရွီးကဲ့ယန္ထံမွ အရစ္ခံရေတာ့သည္။ ထိုအတန္းေဖာ္မ်ားကိုလည္း ရံဖန္ရံခါ ရန္သြားစတတ္ေသး၏။

လက္ရွိေကာင္ေလးကို အျခားလူတစ္ဦး၏ အိပ္ခန္းထဲ ျမင္သြားမည့္ကိစၥဆိုလၽွင္ေတာ့ ဆိုဖြယ္ရာပင္ မရွိေတာ့။

ေဖးပိုင္ လက္သီးက်စ္က်စ္ ဆုပ္လိုက္သည္။ ယခုအခ်ိန္အထိ ေအာင့္ကို ေအာင့္ထားရမည္။

လက္ရွိ၌ ေဖးပိုင္ႏွင့္ ေလာ့ယြီစန္းအၾကား မည္သည့္အေျခအေနမၽွ ထူးမလာေသး။ ဤေနရာ၌ ျမင္သြားပါက အလြန္ဆုံး ရွီးကဲ့ယန္မွာ သဝန္တို႐ုံမၽွသာ ျဖစ္လိမ့္မည္။

__အဲ့ေလာက္ ဘယ္လြယ္ပါ့မလဲ အမွိုက္ေကာင္ရဲ့။

ေတြးရင္း အိပ္ခန္းတံခါးကို အနည္းငယ္မၽွသာ ဖြင့္ၿပီး အထဲဝင္သြား၏။ ရွီးကဲ့ယန္အား အတြင္းမွ လူကို ျမင္ခြင့္မေပးနိုင္ပါ။

ေဖးပိုင္မွာ တံခါးကို ပိတ္ကာ တစ္ဖက္သို႔ လွည့္လိုက္စဥ္မွာပင္ အရိပ္တစ္ခု၏ လႊမ္းမိုးျခင္းကို ခံလိုက္ရ၏။

ေလာ့ယြီစန္းက ေဖးပိုင္ႏွင့္ လက္မဝက္ျခားအကြာ၌ ရပ္ေနျခင္းပင္။ လက္ဖဝါးက ေဖးပိုင္အေနာက္ရွိ တံခါးကို ေထာက္ထား၏။ ထို႔ေနာက္ အထက္စီးျဖင့္ ေမးျမန္းလာသည္။

"အျပင္မွာ ဘယ္သူေရာက္ေနလို႔လဲ?"

"... ကၽြန္ေတာ့္ရည္းစားေဟာင္းေကာင္ေလး"

ေဖးပိုင္လည္း ဤသို႔လၽွင္ ရဲရဲတင္းတင္း ေျဖပစ္လိုက္၏။

__ေဖးပိုင္ နင္ ေသၿပီေသၿပီ။ ေလာ့ယြီစန္း အခုေန အျပင္ထြက္သြားမယ္ဆိုလည္း တားလို႔ရေတာ့မွာ မဟုတ္ဘူး။

ေလာ့ယြီစန္းလည္း ထိုအေျဖကို ၾကားၿပီးေနာက္ စကၠန့္ပိုင္းမၽွ ၿငိမ္သက္သြား၏။ ခုနေလးတင္က ေဖးပိုင္ သူ႔အား အိပ္ခန္းထဲ ပုန္းေနခိုင္းသည့္အခ်ိန္၌ တံခါးအျပင္ဘက္ရွိ လူက ေပါ့ေသးေသးမဟုတ္ဟု ခန့္မွန္းခဲ့ၿပီးၿပီ။ ထိုကေလး ဤမၽွအထိ ပ်ာယာခတ္ေနပုံေပါက္ပါက သူ၏ခ်စ္သူေကာင္ေလးပင္ ျဖစ္ရမည္ဟူ၍။

ဤသို႔ ေတြးမိစဥ္ စိတ္ထဲ​ အနည္းငယ္ စနိုးစေနာင့္ ျဖစ္သြားသည္။ သို႔ေသာ္..

__ရည္းစားေဟာင္း ျဖစ္ေနတာကိုး။

ေလာ့ယြီစန္းက စိတ္ဝင္တစား အေမးျပဳ၏။

"ဒါဆို ငါ့ကို ဘာလို႔ ျမင္လို႔မရတာလဲ?"

__ဘာလို႔ဆို သူက နင့္လက္ရွိေကာင္ေလးမို႔လို႔ေပါ့။ ခ်ီးထဲမွ..

သို႔ေသာ္လည္း ေဖးပိုင္ ထိုသို႔ ျပန္မေျပာနိုင္ပါ။ တံေတြးျပန္မ်ိဳခ်ကာ ေျဖေလ၏။

"... ဘာလို႔လဲဆိုေတာ့ ဘာလို႔ဆို သူက စီနီယာကိုကို႔ကို ျမင္ရင္ သိမ္ငယ္သြားမွာ စိုးလို႔ေပါ့"

ေလသံက အတည္ေပါက္ ေျပာေနဟန္မေပၚ။ ေလာ့ယြီစန္းအား စိတ္ေက်နပ္ေစရန္ အခ်ိဳသပ္ေနသည့္အတိုင္းပင္။ သို႔ေသာ္လည္း ေလာ့ယြီစန္းက လက္ျပန္ဖယ္ကာ အေနာက္တစ္လွမ္း ဆုတ္လိုက္၏။

"ဒါဆို ဘယ္အခ်ိန္ထိ ဒီမွာ ေနရမွာလဲ?"

ေဖးပိုင္မွာ ယခုမွ သက္ျပင္းတစ္ခ်က္ ခ်နိုင္ေတာ့၏။ ေလာ့ယြီစန္း၏အေျခအေနက တည္ၿငိမ္သြားခဲ့ေခ်ၿပီ။

"သူ႔ကို တစ္ခုခု ယူေပးၿပီးတာနဲ႔ ထြက္သြားလိမ့္မယ္" ေဖးပိုင္က ေလာ့ယြီစန္း၏ ပခုံးႏွစ္ဖက္ေပၚ လက္တင္ကာ အားေဖ်ာ့ေဖ်ာ့ျဖင့္ ကုတင္နံေဘး တြန္းလိုက္သည္။ "စီနီယာကိုကိုက ဒီမွာ ခဏေလးပဲ ေစာင့္ေနေပး"

ကုတင္နံေဘးရွိ အံဆြဲကို ငတက္ျပားပမာ ခိုးေၾကာင္ခိုးဝွက္ ဆြဲဖြင့္ကာ ပစၥည္းတစ္ခုကို လက္ျဖင့္ စမ္းမိသည္ႏွင့္ ေဘာင္းဘီအိတ္ကပ္ထဲ အလ်င္အျမန္ ထည့္ရန္ ျပင္၏။

သို႔ေသာ္လည္း အင္မတန္ စိတ္လွုပ္ရွားေနသည့္အတြက္ လက္ေခ်ာ္ကာ ကြန္ဒုံးဘူးက ၾကမ္းျပင္ေပၚ လွိမ့္က်သြားၿပီး ေလာ့ယြီစန္း၏ ေျခေထာက္ေရွ႕တည့္တည့္တြင္ သြားရပ္ေလသည္။

ေလာ့ယြီစန္းလည္း ထိုအရာအား ရွင္းရွင္းလင္းလင္း ေတြ႕သြား၏။ လည္စလုပ္က မသိမသာ ျမင့္တက္သြားကာ အၾကည့္မ်ားကပင္ အနည္းငယ္ ရွုပ္ေထြးသြားသည္။

ေဖးပိုင္လည္း ကုန္းေကာက္ရန္ဟန္အျပင္ တစ္ဖက္လူ၏လက္က သူ႔အေရွ႕ ႀကိဳေရာက္ႏွင့္ၿပီး ကြန္ဒုံးဘူးကို ေကာက္ယူကာ သူ႔ထံ​ ေပးလာ၏။ ထို႔အျပင္ 'ဒါ က်သြားလို႔'ဟု ေလသံတိုးတိုးျဖင့္ ေျပာေသးသည္။

ေဖးပိုင္မွာေတာ့ ေလာ့ယြီစန္းကိုပင္ ျပန္မၾကည့္ရဲေတာ့။ ေလာ့ယြီစန္း၏ လက္ထဲမွ ကြန္ဒုံးဘူးကို ဆတ္ခနဲ ဆြဲယူကာ အျပင္ျပန္ထြက္လာခဲ့၏။ ေက်းဇူးတင္စကားပင္ မေျပာခဲ့ရ။

အိမ္တံခါးအျပင္ဘက္ရွိ ရွီးကဲ့ယန္က ထိုဘူးအား ငုံ႔ၾကည့္ေန၏။ ေဖးပိုင္က ကြန္ဒုံးဘူးအား ရွီးကဲ့ယန္၏ ရင္ဘတ္ေပၚ ပစ္ေပါက္လိုက္သည္။

"ယူၿပီး သြားေတာ့"

ရွီးကဲ့ယန္က ၾကမ္းျပင္ေပၚ က်သြားသည့္ ကြန္ဒုံးဘူးကို ျပန္မေကာက္ေခ်။ ေဖးပိုင္၏ အိပ္ခန္းဘက္ တစ္ခ်က္ၾကည့္လိုက္၏။

"ကြန္ဒုံးဘူးေလး သြားယူတာ အဲ့ေလာက္ေတာင္ ၾကာလား?"

ေဖးပိုင္က မထီမဲ့ျမင္ျပဳလ်က္ ျပန္ေျပာ၏။

"ေသာက္႐ူးေကာင္က ဘယ္နားလည္မလဲ"

ရွီးကဲ့ယန္က ဆက္ေမးသည္။

"အိမ္မွာ တစ္ေယာက္တည္းလား?"

ေဖးပိုင္လည္း ခပ္တည္တည္ျဖင့္ ျပန္ေျဖ၏။

"တစ္ေယာက္တည္း မဟုတ္ဘူး.. အဲ့လူကို ျမင္ရင္ ခင္ဗ်ား လန့္ေသသြားမွာ စိုးရတယ္"

ရွီးကဲ့ယန္မွာ ဆြံ႕အသြား၏။ သို႔ေသာ္ စကားထပ္ေျပာမည္အျပဳ ေဖးပိုင္က တံခါးကို ေဆာင့္ပိတ္ခ်လိုက္သည္။

ေခတၱၾကာေသာ္ ကတ္ထူပုံးကို တရြတ္တိုက္ ဆြဲရင္း ေအာက္ဆင္းသြားသည့္ ေျခသံကို ၾကားလိုက္ရ၏။

ေဖးပိုင္မွာ ရွီးကဲ့ယန္ ေအာက္ဆင္းသြားသည္ကို မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ေနၿပီးေနာက္ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။ သူ႔ကိုယ္သူ ခ်ိန္ကိုက္ဗုံးရန္မွ ကယ္တင္လိုက္နိုင္သည္ကို ဂုဏ္ယူမဆုံးပင္။

ယခုဆိုလၽွင္ ေလာ့ယြီစန္းႏွင့္ ရွီးကဲ့ယန္တို႔ အိမ္ေအာက္၌ မဆုံမိေစရန္ ေလာ့ယြီစန္းအား အခ်ိန္နည္းနည္း ထပ္ဆြဲရန္သာ က်န္ေတာ့သည္။

__အား အခုထိ အသံဖမ္းစက္ ရွာမေတြ႕ေသးဘူး။ ငါ ဘယ္မွာမ်ား မွားထားမိလိုက္ပါလိမ့္။

ေဖးပိုင္လည္း အိပ္ခန္းထဲ ျပန္ဝင္လာကာ ခပ္တည္တည္ျဖင့္ ဟိုေခ်ာင္သည္ေထာင့္ လွန္ေလွာရွာေဖြေန၏။ ေလာ့ယြီစန္းမွာေတာ့ ကုတင္ေပၚ ထိုင္လ်က္ ေဖးပိုင္အား ေအးေအးေဆးေဆး ေငးၾကည့္ေနေလသည္။

ေဖးပိုင္လည္း မ်က္ႏွာပူမေနေတာ့ဘဲ ၾကမ္းျပင္ေပၚ ဝမ္းလ်ားေမွာက္ခ်ကာ ကုတင္ေအာက္ ရွာမည္အရြယ္ ေလာ့ယြီစန္း၏ ခပ္ဖြဖြ ေျပာသံကို ၾကားလိုက္ရ၏။

"ေပ်ာက္သြားၿပီမလား?"

🫧🫧🫧🫧🫧🫧

Continue Reading

You'll Also Like

13K 276 22
nirvana if they had a groupchat. next.
9.2K 746 21
yoongi hate Hoseok hoseok hate yoongi how the hell will they survive in their forced marriage?
31.9K 3.2K 104
Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိ...
4.1K 268 10
Stop crying and laugh (I'm also making this because I have too many memes in my gallery so I can just store them here instead of course.) ...