ပဟေဠိဆန်သော မင်းမျက်ဝန်း

By TulipWarwar

39 15 0

Zawgyi & Uni More

စာရေးသူ အမှာစာ
စာေရးသူ အမွာစာ
အပိုင်း (၁)
အပိုင်း(၁)
အပိုင္း(၂)
အပိုင်း(၃)
အပိုင္း(၃)
အပိုင်း(၄)
အပိုင္း(၄)
အပိုင်း(၅)
အပိုင္း(၅)

အပိုင်း (၂)

4 2 0
By TulipWarwar

''နိုးပီလား။မင်းကွာ....ကိုယ်ဘယ်လောက်ထိ ရင်တုန်ခဲ့လဲဆိုတာ.....တောက်။မင်း....မင်း....။ဒီမှာစက္ကလူငယ် မင်းငါ့လက်ကနေ ငါသေမှထွက်ပြေးလို့ရမယ်။ငါရှိနေသရွေ့တော့ မင်းကိုသေရွာကနေ ရအောင်ကိုပြန်ခေါ်မယ်ဆိုတာ မင်းသိထား''

ကျွန်တော် သူ့ကိုဘာစကားမှ ပြန်မပြောချင်။ကျွန်တော်တစ်ကိုယ်လုံး ထုံထိုင်းနေသည်။ကျွန်တော်လှုပ်လို့မရ။လက်မှာလည်း ဆေးချိတ်ထားသည်။ကျွန်တော် နေရောင်ရတဲ့အခန်းမှာ ရောက်နေသည်။သို့သော် ခြေတွေလက်တွေ၌ သံကြိုးတွေရှိသေးသည်။ကျွန်တော် ဒီငြီးငွေ့ဖွယ် ကောင်းသည့်အခန်းကို မကြည့်ချင်တော့။
မျက်စိမှိတ်ကာ အတိတ်ကိုသာပြန်တွေးနေမိတော့သည်။ထို့နောက် ထီလာသျှမ်း၏ ဂနာမငြိမ်လမ်းလျှောက်သံတွေကိုကြားနေရသည်။သူသည်သိပ် မုန်းဖို့ကောင်းပါသည်။

🍃🍃🍃🍃

ထိုလူကို ကျွန်တော်မမြင်ရ။ထိုလူသည် ကျွန်တော်ရဲ့ လည်ပင်းကိုဓားဖြင့်ထောက်ထားသည်။ဓားသည် ထက်လွန်းသည်။တိခနဲ ရှသွားသောကျွန်တော်ရဲ့လည်ပင်းသည် သွေးတွေယိုစိမ့်လာ၏။သွေးထွက်လွန်တတ်သော ကျွန်တော်သည် မိုက်ခနဲမူးချင်လာသည်။

''မင်းဒီနေ့လစာထုတ်တယ်မလား
ပေးစမ်းအဲ့ဒီ ပိုက်ဆံ။မပေးလို့ကတော့ မင်းအသက်ဖက်နဲ့ထုတ်ဖို့ပြင်ထားတော့''

ကျွန်တော်ရင်တွေထိန်းမရအောင် တဒိတ်ဒိတ်နှင့်တုန်နေသည်။မဖြစ်သေး တစ်ခုခုတော့ကြံမှရမည်။

''ဗီရိုထဲမှာ အထုတ်အမဲရောင်လေးရှိ..ရှိတယ်။အဲ့ဒီထဲမှာ ခင်များလိုချင်နေတဲ့ ပိုက်ဆံတွေရှိတယ်''

''အေး မဟုတ်လို့ကတော့ မင်းဒီနေရာမှာတင်ပွဲချင်းပြီးဖို့ပြင်။
မှောက်နေ''

ကျွန်တော်သည် သူခိုင်းသည့်အတိုင်းနေမြဲတိုင်းနေရာမှာ မှောက်လိုက်သည်။ထိုသူခိုးသည် အခန်းထဲသို့ဝင်ကာ အားရပါးရလှန်လှော်ရှာလေ၏။မှောင်လှသည့် ကျွန်တော်ရဲ့အခန်းသည် ဘာမီးမှပါလာပုံမရသည့် သူ့အဖို့ ရှာရန်ခက်လောက်သည်။သူရှာနေသည်နှင့် ကျွန်တော်သည်အခန်းတံခါးကို အမြန်ပြေးပိတ်လိုက်သည်။ဂျက်မရှိသဖြင့် ခန္ဓာကိုယ်ဖြင့် ကာထားရသည်။ဖုန်းကလည်း ကျကျန်နေခဲ့သည်။လူတွေကို အော်ခေါ်ရအောင်လည်း ကျွန်တော်အိမ်သည် ရပ်ကွက်၏ထောင့်စွန်းဖြစ်၍ အတော်လှမ်းလှသည်။အစ်ကိုလာချိန်ကိုသာ တောင့်ခံရင်း ဒီသူခိုးဓားမြကို ထိန်းထားရမည်။
သို့သော် စိတ်ကူးနှင့်လက်တွေ့ တစ်ထပ်တည်းမကျ။လည်ပင်းကဒဏ်ရာသည် နည်းနည်းပြင်းသည်။သွေးက အဆက်မပြတ်ထွက်နေသည်။ဒီပုံစံအတိုင်းဆို ကျွန်တော် မကြာခင်ပစ်လဲတော့မည်ပင်။သူခိုးသည် သူ့အားဖြင့်တံခါးကို တွန်းကာဖွင့်သည်။ပထမအကြိမ် မပွင့်သော်လည်း အကြိမ်ရေများလာတော့ ကျွန်တော်လည်း
မတောင့်ခံနိုင်သဖြင့် တံခါးပွင့်ရလေတော့သည်။သူခိုးသည် လဲကျသွားသော ကျွန်တော့်ကိုဒေါသဖြင့် သတ်ဖို့ပြင်သည်။ သူလည်းသတ်ဖို့အလုပ်၊မီးလည်းအလာ၊သူလည်းကျွန်တော့်ကိုအကြည့် အရာရာ အချိန်ကိုက်တိုက်ထားသကဲ့သို့ သူသည်ကျွန်တော်ကို တွေတွေကြီး စိုက်ကြည့်နေသည်။ ဓားသည်ကျွန်တော်၏ ဗိုက်ဝသို့ ရောက်ဖို့တစ်လက်မသာ လိုတော့သည်။မီးရောင်အောက်တွင် ဓားရောင်နှင့်အတူ ကျွန်တော်၏မျက်ဝန်းရောင်သည်လည်း ထိုလူကိုပြုစားနေမည်ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင်မသိ။တုံ့ဆိုင်းနေသော ထိုသူခိုးသည် အိမ်ရှေ့၌ကားသံကြားသည်နှင့် အသိစိတ်ပြန်ဝင်သွားပြီး အမြန်ထွက်ပြေးလေ၏။ကံသီပေလို့ ကျွန်တော်အသက်ရှင်ရလေသည်။
ကားသံသည် အစ်ကိုကားသံမဟုတ်။တော်ပါသေးသည် ကားသံကြောင့်ထိုဓားမြထွက်ပြေးသွားသော်လည်း အဘယ်ကြောင့် ကျွန်တော်အားမသတ်ခဲ့ပါသနည်း။​သတ်ခါနီး ကျောက်ရုပ်ကဲ့သို့ဖြစ်သွားသော သူ့မျက်နှာကို ကျွန်တော်မေ့မည်မထင်။သိပ်မကြာခင်မှာဘဲ အစ်ကိုရောက်လာခဲ့သည်။သူ့ပုံမှာ စိုးရိမ်စိတ်တွေ အပြည့်ပါနေတာ ကျွန်တော်ကြည့်တာနှင့်တန်းသိပါသည်။
ကျွန်တော့်လည်ပင်းက ဒဏ်ရာကိုသွေးတိတ်အောင်အရင်လုပ်ပေးသည်။ပြီးနောက် ရပ်ကွက်လူကြီးတွေခေါ်ကာ ရပ်ကွက်တွင်းလုံခြုံရေးအတွက် အစ်ကိုကဦးဆောင်စွာ တိုင်ပင်လေသည်။ရပ်ကွက်လူကြီးတွေ ကျွန်တော့်အား အကျိုးအကြောင်းမေး၍ ပြန်သွားပြီးနောက် အစ်ကိုသည်အိမ်ရှေ့တံခါးကို သော့ပိတ်ကာဂျက်ထိုးလိုက်သည်။ကျွန်တော့်ထိုင်မှေးနေတဲ့ ခုံပေါ် သူပါလာထိုင်သည်။

''ဒီည အစ်ကို ညီ့အိမ်မှာအိပ်မယ်။မနက်ဖြန်ကျရင် အစ်ကိုလည်းအလုပ်ပိတ်တယ်ဆိုတော့ ညီ့ကိုဆေးခန်းလိုက်ပို့မယ်။အကိုကတော့ ညီ့ကိုအစ်ကိုအိမ်မှာလာနေစေချင်တယ်။ညီဒီမှာ တစ်ယောက်တည်းပြန်နေတာသိရင် သူပြန်လာလောက်တယ်။ ညီမှာဒဏ်ရာနဲ့ဆိုတော့ မဖြစ်ပါဘူးလေ...။အစ်ကိုအိမ်မှာလိုက်နေ။ညီ အစ်ကိုအိမ်မှာ နေရတာပျင်းတယ်ဆိုရင် ညီ့အိမ်မှာပြန်နေအစ်ကိုကတော့ အဖော်အဖြစ်အမြဲ ဘယ်သွားသွား ရှိနေပေးမယ်။လတ်တလောတော့ အစ်ကို့အိမ်မှာ လိုက်နေမယ်မလား ညီ''

ကျွန်တော်အတွက် ဒါကနည်းနည်းစိမ်းသလိုခံစားရသည်။ငယ်စဥ်အခါက သူများအိမ်အိပ်ဖို့ မပြောနှင့်အလည်တောင်မရောက်ဖူး။သူငယ်ချင်း အိမ်တောင်မဆော့ဘူးတဲ့ ကျွန်တော့်အဖို့ အနေကျပ်တည်းသည်ဟုထင်သည်။သို့သော် အစ်ကိုသည် ကျွန်တော့်လုံခြုံရေး၊ကာကွယ်ရေးအတွက် ကူညီနေတာကိုငြင်းဖို့ ကျွန်တော်အားနာသည်။

''ညီ့ကြည့်ရတာ မနေချင်ဖူးနဲ့တူတယ်။ဒါပင်မယ့် ညီရာ နေဖို့ မနေဖို့ မစဥ်းစားသင့်ဘူးလို့ အစ်ကိုထင်တယ်ညီ။ညီနေဖို့ အားနာနေရအောင်ကလည်း အစ်ကိုက တခြားသူလည်းမဟုတ်ဘူးလေ ညီရဲ့''

တခြားသူမဟုတ်ဘူးတဲ့လား...အစ်ကို။ကျွန်တော် အစ်ကိုနှင့်နေဖို့ လက်ခံရပါတော့သည်။အစ်ကိုက ကျွန်တော်အလုပ်ရှင်နှင့်အရမ်းရင်းနှီးနေတော့ အကျိုးအကြောင်းပြောပြပြီး ခွင့်ယူပေးသည်။ကျေးဇူးတွေ များလှပါပြီ အစ်ကို။

မနက်၂နာရီ........

ကျွန်တော်အတွေးတွေ များလှသည်။မက်ဆေ့ပိုင်ရှင်နှင့် အိမ်ဖောက်သူအကြောင်းတွေးမနိုင်တော့။တွေးရင်း...တွေးရင်း အဖေဆုံးချိန်ကိုပြန်ရောက်မိသည်။အဖေဆုံးပြီးနောက် အမေသည်ပုံမှန်ထက်ထူးဆန်းလာသည်။အမြဲအလုပ်ရှုပ်နေပြီး ညနေဆိုပျောက်ပျောက်သွားတက်သည်။ကျွန်တော်မေးတော့ ''သားကိုကာကွယ်ဖို့''တဲ့။အမေသည် ကျွန်တော်မျက်ရည်မကျဖို့ အမြဲမှာကြားတတ်သည်။အမေဆုံးတော့ ပို၍ပင်အရင်ထက် ထူးဆန်းလာသည်။ကျွန်တော်လည်း တစ်ခါမှမကြုံဖူးသည့် လူပေါင်းစုံ၏ ထိပါးနှောက်ယှက်မှုကို ခံလာရသည်။အမေစျာပနတုံးက ကျွန်တော် ဘဝပျက်လုနီးပါးဖြစ်ခဲ့ရသည်။တော်သေးသည် အဲ့ဒီအချိန်၌ အစ်ကိုရှိလို့သာ ကျွန်တော် အသက်အန္တရယ်ကနေ လွတ်မြောက်ခဲ့သည်။
အိမ်ရှေ့ဧည့်ခန်း၌ ကွေးကွေးလေးအိပ်နေတဲ့ အစ်ကို့ကို ကျွန်တော်စောင်လေး ခြုံပေးလိုက်သည်။ကျွန်တော်တော့ ဒီနေ့အိပ်ပျော်မည်မထင်။

မိုးစင်စင်လင်းတော့ ကျွန်တော်မနက်စာပြင်လိုက်သည်။ကော်ဖီပူပူလေးနှစ်ခွက်နှင့် ပေါင်မုန့်ထောပတ်သုတ်လေးကိုအရင်စားပွဲပေါ်ချလိုက်သည်။အစ်ကိုအတွက် ကြက်ဥကြော်နှင့်ပေါင်မုန့်မီးပါကင်ပေးလိုက်သည်။ လည်ပင်းကလည်း နာနေတော့ ထမင်းလည်းကြော်မကျွေးနိုင်ဖြစ်ရသည်။

''ညီ နားနားနေနေ နေတာမဟုတ်ဘူးကွာ။
ဒဏ်ရာကြီးနဲ့ကို..။မျက်နှာကလည်း ချောင်နေပြီ။အိပ်ရေးမဝဘူးနဲ့တူတယ်''

''အစ်ကိုလာတုန်းလေး လုပ်ကျွေးရတာပါ အစ်ကိုရ။ဒဏ်ရာကလည်း သက်သာနေပါပြီ''

ကျွန်တော်တကယ် နာကျင်နေသော်လည်း စောစေားစီးစီးမုသားသုံးနေပါသည်။

''သက်သာသာ မသာသာ။ခနနေ အစ်ကိုနဲ့ဆေးခန်းသွားမယ် မေးခိုင်ကာကွယ်ဆေးထိုးရမယ်။အမှန်ဆိုညတည်းက ထိုးရမှာဆေးခန်းတွေ ပိတ်နေလို့''

''အဲ့တာထားပါဦး အစ်ကိုကလည်း။မနက်စာအရင်စားဦး။ဟုတ်ပီလား''

အစ်ကို ပူကျိပူကျိနှင့် ကျွန်တော်ကိုပြောနေသည်။ကျွန်တော်ရဲ့ သွေးတွေ သူ့အင်္ကျီမှာ စွန်းနေတာကို ကျွန်တော်မြင်လိုက်သည်။သူ့ကို အင်္ကျီလဲဖို့ပြောတော့ အတင်းငြင်းသည်။ကျွန်တော့်ကိုကျတော့ ဇွတ်ကိုလဲခိုင်းပြီး သူကျတော့ ဘူးသည်တဲ့လား..။

ဆေးခန်းသွားဆေးထိုးပြီးနောက် ကျွန်တော်အစ်ကို့အိမ်ရောက်ခဲ့ရလေသည်။သန့်ပြန့်သပ်ရပ်သည့် အစ်ကိုအိမ်လည်း ကျွန်တော်သေချာမရှိုးနိုင်တော့။ဆေးသောက်ထားတဲ့ ဆေးရှိန်နှင့်ညက မအိပ်ခဲ့ရတဲ့အရှိန်ကြောင့် အစ်ကိုရဲ့အိပ်ရာပေါ်မှာ တစ်ခါတည်းအိပ်ပျော်ခဲ့သည်။သင်းသင်းပျံ့ပျံ့ဤအိပ်ရာလေးက ကျွန်တော်ရဲ့ စိတ်ဆင်းရဲမှုတွေကို ဖယ်ရှားပေးစေသည်။မကြာခင်မှာဘဲ ကျွန်တော်ပါးပြင်ပေါ် အနမ်းတစ်စုံရောက်လာသည်။
အိမ်မက်ထဲဝယ်....ကျွန်တော်အနမ်းခံရလေ၏။

ဝါး......အားရပါးရအိပ်စက်လိုက်တာ ညနေသုံးနာရီတောင်ထိုးပြီ။အစ်ကို​လည်း အိမ်မှာမရှိ။ကျွန်တော် ရှေ့လျှောက်နောက်လျှောက်ကြည့်ကာ အစ်ကို့အိမ်ကိုလိုက်လံစစ်ဆေးမိသည်။ပစ္စည်းအကုန်အစုံ စနစ်တကျထားတတ်သော အစ်ကိုသည်တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပင်။TVစားပွဲ၌ အစ်ကိုငယ်ငယ်က ပုံလေးတွေကို ကျွန်တော်ငေးမိသည်။

''ဟမ်....''

ကျွန်တော် အံ့သြရသည်။ကျွန်တော်တို့ ကမ်းခြေသွားတော့ ကျွန်တော် အားရပါးရရယ်ကာ ရေဆော့နေတဲ့ပုံလည်းရှိနေသည်။ဘယ်ချိန်ကတည်းက အစ်ကိုရိုက်ခဲ့တာပါလိမ့်။ထိုအချိန်က အစ်ကိုနဲ့ကျွန်တော်လည်း သေချာမသိသေးသော အချိန်လည်းဖြစ်သည်။ဒီအကြောင်း အစ်ကိုကိုမေးရမည်။
ဟော ကိုယ်ဘာသာကိုယ်ကြည်နူးနေတုံး လာပြန်လေတဲ့ ထိုမက်ဆေ့။
ကျွန်တော်မဖတ်ချင်။ပို့တဲ့ ဖုန်းနံပါတ်ကို block listထဲ တန်းထည့်ပစ်လိုက်သည်။နောက်မို့ဆို စိတ်ရှုပ်နေရဦးမှာမို့။

ညနေ ၆နာရီတောင်ထိုးပြီ။အစ်ကိုခုချိန်ထိ မလာသေး။ဖုန်းဆက်ဖို့ ကျွန်တော်ပြင်တော့ မက်ဆေ့ပေါင်းထောင်ကျော်အောင်ပို့ထားလေတဲ့ဖုန်းနံပါတ်များ။ကျွန်တော် ဆင်းကဒ်လဲမှဖြစ်တော့မည်။သို့သော် အမှတ်မထင်မြင်မိလိုက်သည့် စာသားကြောင့် ကျွန်တော်ဖွင့်ကြည့်လိုက်ရသည်။

''မင်းလေးကို သွေးထွက်အောင်လုပ်တဲ့ ငနဲသားကို ကိုယ်ဖမ်းထားတယ်။
Vdပို့ထားတယ် baby။
Viberမှာ သွားကြည့်လိုက်.....
မင်းလေးရဲ့ မျက်ဝန်းမှာကျရှုံးနေသူ
ထီလာသျှမ်း''

လာပြန်ပြီ ဒီနာမည်။ထီလာသျှမ်း...ထီလာသျှမ်း။သူ့ပို့ထားသည်ဆိုတဲ့videoကို ကျွန်တော်လိုင်းဖွင့်ကာ ကြည့်လိုက်သည်။
မှန်သည် သူပြောသည့်အတိုင်း ညကကျွန်တော့်ကို သတ်ဖို့ပြင်တဲ့သူကို ဖမ်းချုပ်ထားသည်။ထိုလူမျက်နှာကို ကျွန်တော်ကောင်းကောင်းကြီးမှတ်မိနေသည်။
ပြီးနောက်မျက်နှာဖုံးစွတ်ထားတဲ့လူတစ်ယောက်က ဓားမြှောင်တစ်လက်ဖြင့် သူ့လည်ပင်းကိုထောက်ထားသည်။

''မင်းကိုထိတဲ့သူ ဘယ်သူ့ကိုမဆို ကိုယ်သတ်ပေးမယ်။​မင်းသာ ကိုယ့်ဘဝထဲကို ဝင်လာမယ်ဆိုရင် ကိုယ့်အသက်ကိုတောင် မင်းလက်ထဲထည့်ပေးမယ်ကွာ ဟုတ်ပီလား။ဒါ့ကြောင့် ကိုယ်ရဲ့မူပိုင်လေး လုပ်ပေးပါ စက္ကလူငယ်''

ဒီအသံကို ကျွန်တော်ရင်းနှီးနေသည်။တစ်နေရာရာမှာ ရင်းရင်းနှီးနှီးကို သိနေတဲ့အသံဖြစ်သည်။ကျွန်တော် video ကိုပြန်စိုက်ကြည့်နေမိသည်။ထို့နောက် ထင်မထားသည့်မြင်ကွင်း။ဘဝမှာတစ်ခါမှ မမြင်ဖူးသည့်မြင်ကွင်း။
အိမ်ဖောက်သူရဲ့ လည်ပင်းကိုရက်ရက်စက်စက်လှီးဖြတ်သတ်လိုက်တဲ့ မြင်ကွင်းသည် ကျွန်တော်စိတ်ကိုလှုပ်ကာခြောက်လှန့်လိုက်သည်။ဆက်ငင် ဆက်ငင်ဖြစ်နေသော အိမ်ဖောက်သူသည် ကျွန်တော့်အားစိုက်ကြည့်နေသလို.....။ကျွန်တော် ဖုန်းလည်းလွတ်ကျ လူလည်းဇောချွေးတွေပြန်လာသည်။
ထို့နောက် ဘဲလ်တီးသံ ဆူးဆူးဝါးကြီးကို ကျွန်တော်ကြားရလေတော့သည်။

Continue Reading

You'll Also Like

32.8K 2.9K 18
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
244K 7.2K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
96.9K 319 30
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
188K 4.5K 109
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...