အပိုင်း(၄)

4 1 0
                                    

ကျွန်တော်နှင့် လက်တစ်ကမ်းသာလိုသည့် ခွေးရူးသည် ကျွန်တော့်ကိုကိုက်ခါနီး ကျွန်တော်ကိုကြည့်ပြီး ရုတ်တရတ်ကြီးရပ်သွားလေသည်။ထို့နောက်
အရှိန်းပြင်းပြင်းဖြင့် ဝင်လာသည့်ကားသည် ခွေးကိုဝင်တိုက်လေ၏။ခွေးရူးသည် သွေးသံရဲရဲဖြင့် သေသွားလေသည်။
ကား၏အရှိန်ပြင်းချက်သည် ခွေးစုတ်ပြတ်သွားအောင်ထိကို ပြင်းထန်သည်။ခွေးမှာ ဗိုက်ပွင့်ကာ အရိုးတွေတောင် ကြွေမွလေသည်။ထို့နောက် ခွေးကို ဝင်တိုက်ခဲ့သော ကားပေါ်ကလူသည် ကားထဲမှ ဘာမှမဖြစ်သလိုထွက်လာသည်။

''ဘာဖြစ်သွားသေးလဲ''

သူကတရင်းတနှီးမေးသည်။သူ့အသံကို ကျွန်တော်ကောင်းကောင်းကြီးသိနေသည်။သူသည်မျက်မှန် ချွတ်ကာကျွန်တော်နား တဖြေးဖြေးတိုးလာသည်။
ဟို... ဆိုက်ကို။စားသောက်ဆိုင်မှာ ကျွန်တော့်ကိုဆွဲလားရမ်းလား လုပ်ခဲ့သည့်ဆိုက်ကို။ဒါ့အပြင် သူက အိမ်ဖောက်သူကိုသတ်ခဲ့တဲ့ လူသတ်သမား။ခု ခွေးရူးကိုပါကားဖြင့်တိုက်သတ်ခဲ့သည်။သူက ထီလာသျှမ်း ။

''လန့်သွားလား..။
sorry ။ကိုယ်မင်းကို နည်းနည်းလေးမှ အထိခိုက်မခံချင်လို့။ကိုယ်သာ နောက်ကျသွားရင် အဲ့ဒီခွေးရူးမင်းအသားကို နာအောင်လုပ်မှာဆိုးလို့''

ကျွန်တော်အစက ပြေးဖို့ကြံသော်လည်း ခုကိစ္စကပြေးလေ ပိုဆိုးလေဖြစ်နေသည်။ထို့ကြောင့်ကျွန်တော် သူနှင့်ထိပ်တိုက်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

''ထီလာသျှမ်း ဟုတ်တယ်မလား''

''ဗျာ့ ဟုတ်ပါတယ် ခင်မျ''

ခုကျတော့ သူ့မျက်နှာသည် အမဲစက်ကင်းပြီး ဘာအပြစ်မှမလုပ်ထားတဲ့ ကလေးတစ်ယောက်မျက်နှာလို ပြုံးပြနေသည်။ဟန်ဆောင်ကောင်းတာလား ရူးနေတာလား မဟုတ်။နှစ်ခုလုံးပေါင်းထားတဲ့ ဆိုက်ကိုပင်ဖြစ်သည်။

''ခင်များ ကျွန်တော့်ဆီက ဘာလိုချင်လို့ ဒီလောက်တောင်လိုက်တွဲကပ်နေရတာလဲ။''

''မင်းဆီက ချစ်ခြင်း''

''ဆိုက်ကိုလူသတ်သမားတစ်ယောက်ကို ကျွန်တော်မချစ်နိုင်ဘူး။ဒါ့ကြောင့် ကျွန်တော့်ကို ဆက်ပြီးမနှောက်ယှက်ပါနဲ့။အခု ကျွန်တော် ခင်များရုပ်ရော နာမည်ရောကျွန်တော်သိပြီး။ ခင်များဆက်ပြီး ရှေ့ဆက်တိုးနေမယ်၊နှောက်ယှက်နေမယ်ဆိုရင် ကျွန်တော်ရဲတိုင်မယ်''

ပဟေဠိဆန်သော မင်းမျက်ဝန်းWhere stories live. Discover now