''ညီ... အစ်ကိုညက ကိစ္စ''
''ရပါတယ်အစ်ကိုရ ''
အစ်ကိုနှင့်ကျွန်တော်ရဲ့ ထမင်းစားဝိုင်းလေးက တိတ်ဆိတ်နေသည်။အစ်ကိုကြည့်ရတာကျွန်တော်ကို အနေရခက်နေသည့်ပုံဖြစ်နေသည်။သူ့အိမ်မှာ ကပ်နေရတဲ့ကျွန်တော်က ပိုနေရခက်မှာ သူသိသင့်သည်။သို့ပင်မယ့်လည်း ကျွန်တော်ကဘဲ စကားစလိုက်သည်။
''အစ်ကို ကျွန်တော်မျက်လုံးကို ကြည့်ပေးပါလား။အရမ်းစွဲဆောင်မှုတွေ ရှိနေသလားလို့''
''အင်း....။
ညီ့မျက်လုံးလေးတွေက
နက်ရှိုင်းတဲ့ သမုဒ္ဒရာနဲ့တူတယ်
ညီ့ရဲ့ အကြည့်မှာနစ်မြှပ်သွားတဲ့သူက
ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး။''''အဲ့လောက်တောင်လား...ဝါးကိုယ့်ကိုယ်ကို ရှိန်သွားပြီ''
''တကယ်ပြောတာညီရ''
အစ်ကိုမျက်နှာတည်နေပုံက နောက်နေတာနှင့်မတူ။အစ်ကိုက အတည်ပြောနေတာဆိုရင် ကျွန်တော့်မျက်လုံးတွေက လူတွေကို ငြို့ယူနိုင်စွမ်းရှိနေတာလား။ဒါဆို အစ်ကိုကရော..။ပြီးတော့ အိမ်ဖောက်သူ...။ထီလာသျှမ်း...။
အမေ...။အမေက ကျွန်တော့်ကို လူတွေရှေ့ မျက်ရည်မကျဖို့ နှင့်မျက်ရည်တစမ်းစမ်းနှင့် လူတွေကိုမကြည့်ဖို့ အမြဲမှာတတ်သည်။ကျွန်တော်က အကြောင်းပြချက်ကိုမေးတော့ အမေက ယောက်ျားလေးဖြစ်ပြီး မျက်ရည်ကျရင်လူတွေ လှောင်ပြီး အထင်သေးမှာ စိုးလို့ဟု ဖြေတတ်သည်။''ပြီးတော့ ညီ့မျက်လုံးလေးက ဒီလိုချိန်တွေသာ မသိသာတာ။ညီငိုတာ မြင်မိရင် လမ်းမရှိတဲ့ ဝင်္ကပါထဲ ရောက်သွားသလိုဘဲ''
''ဒါဆို အစ်ကိုကရော ရောက်ဖူးတာလား''
အစ်ကို့အဖြေကိုရော ကျွန်တော်သိချင်မိတာမို့ နောက်တောက်တောက်မေးလိုက်သည်။
''ကဲ...ဒဏ်ရာပြ သက်သာပြီလားလို့
ကြည့်မယ်''စကားလမ်းကြောင်းလွှဲလိုက်သည့်အစ်ကိုသည် ကျွန်တော့်ကို ဘာတွေဖုံးကွယ်ထားပါသနည်း။အစ်ကို စကားဖြတ်လိုက်တာမို့ ကျွန်တော့်တွေးနေတာလေးတွေတောင် မေ့သွားရသည်။အမြဲ တရိပ်ရိပ်ဂရုစိုက်တတ်တဲ့ အစ်ကိုရိပ်မြတ်မောင်သည် ကျွန်တော့်ကို ဘယ်တော့မှ အပျောက်မခံတဲ့အရိပ်ကလေးလို ကြည့်ရှူစောင့်ရှောက်နေမှုကြောင့် ကျွန်တော်သည် အစ်ကို့ကို အရာရာ ပုံအပ်ကာ ယုံကြည်ထားပါသည်။ဒါနဲ့ ကျွန်တော် အစ်ကို့ကို ချစ်မိနေပြီထင်ပါရဲ့။