ကျွန်တော်တုံ့ဆိုင်းဆိုင်းဖြင့် တံခါးလော့နားကိုသွားလိုက်သည်။ဘယ်သူမှမရှိ။သို့သော် ဘဲလ်တီးသံ သည်အဆက်မပြတ်ကိုကြားနေရသည်။ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ဆိုသည့် စိတ်ဖြင့်ဖွင့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ။ပါဆယ်အိတ် တစ်ခုတော့ရောက်နေသည်။ကျွန်တော် ထိုပါဆယ်အိတ်ကို အထဲယူရမလို မယူရမလိုဖြစ်နေခဲ့သည်။
''ညီ့ ဘာလုပ်နေတာလဲ''
ကျွန်တော်အကိုရဲ့အသံကြောင့် လန့်သွားသည်။အကိုလာခါမှထိုအထုတ်ကိုယူရမလား မယူရမလား စိတ်အေးရတော့သည်။
''သြော် ပါဆယ်တောင်ရောက်ပြီလား။ညီစားဖို့ ဒိုးနတ်မှာလိုက်တာDeliနဲ့''
''ကျွန်တော်က....''
''အထဲဝင်ရအောင်ညီ ''
အထဲရောက်တော့ ကျွန်တော့်ဖုန်းအောက်ကျနေပြီး မှန်ကွဲနေတာကိုအစ်ကိုကမြင်လေသည်။ထိုအကြောင်းကို အစ်ကို့ကို ဖြစ်ကြောင်းကုန်စင်အကုန်ရှင်းပြလိုက်သည်။ထီလာသျှမ်းပို့သည့် Video ကိုလည်းအစ်ကိုအားပြလိုက်သည်။အစ်ကိုသည် Videoကြည့်ပြီး ကျွန်တော်လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
''စိတ်မပူပါနဲ့ အစ်ကိုရှိတယ်။အစ်ကိုနဲ့နေရင် ညီဘာမှမဖြစ်ဘူး ဟုတ်ပြီလား။စိတ်အေးအေးထား။''
''ကျွန်တော့်ကြောင့် အစ်ကိုပါ ဒုက္ခများလာရင် ဘယ်လိုလုပ်မှာလဲ။ကျွန်တော်....။ကျွန်တော်...။''
''အစ်ကိုကို မယုံဘူးလားညီ''
''မယုံတာမဟုတ်ဘူး အစ်ကိုကိုစိတ်ပူလို့''
ကျွန်တော်အတွေးတွေလွန်လာပြီ။မတော်လို့ ကျွန်တော်ကိုထိမရတဲ့အဆုံး ကာကွယ်ပေးနေတဲ့ အစ်ကိုကိုပါတစ်ခုခုလုပ်လာရင်။အစ်ကိုသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တစ်ဘဝလုံး သေလူဘဝနှင့် နေသွားလိမ့်မည်ဆိုတာ သေချာသည်။
''ညီ...။ညီ့ အစ်ကိုကိုကြည့်''
''အစ်ကိုသာ တစ်ခုခု..''
''ဟေး ဟေး အစ်ကိုကို ကြည့်လို့ပြောနေတယ်လေ''
ကျွန်တော်အစ်ကိုကို ကြည့်ပြီးမျက်နှာပြန်လွဲဖို့ပြင်သည်။သို့သော်အစ်ကိုက ကျွန်တော်ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့်ပြန်တည့်ကာ သူ့ကိုသာလျှင်ပြန်ကြည့်စေလိုသည်။