Hate Poem Written With Love࿐

By --KO--

41.7K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[46]

374 15 5
By --KO--

[Unicode]

" ဆရာဝန်ရောက်ပြီလား "

" ရောက်ပြီ.... ကိုးလ်အခန်းရှေ့မှာ  "

" အခန်းထဲမဝင်ဘဲ သူကအခန်းရှေ့မှာ ဘာလုပ်နေတာလဲ "

လေပြေရှင်းဟာ စိတ်တိုလွန်းသဖြင့် အော်ဟစ်လျက် ကိုးလ်အခန်းဆီ ဦးတည်သွားနေခဲ့လေသည်။

" ဟို....ကိုးလ်က အထဲကတံခါးပိတ်ထားလို့ သူဝင်မရလို့ပါ "

ခြေလှမ်းကြဲများသည် အိမ်အကူ၏ စကားမဆုံးခင်မှာတင် ကိုးလ် အခန်းရှေ့သို့ ရောက်သွားခဲ့လေပြီ။ ဆရာဝန်ကို တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ရှင်း၏ အကြည့်စူးစူးများကြောင့် ခေါင်းငုံ့ကြလေသည်။ ထပ်မံကျရောက်လာသော ဒေါသတို့ကို ဆရာဝန်ဆီပုံကျမသွားစေရန် နောက်ဆုံးအသိစိတ်လေးဖြင့် ထိန်းသိမ်းလိုက်ပြီး အနည်းငယ်နီရဲနေပါသည့် လက်ချောင်းများသည် ဂငယ်ကွေးသဏ္ဍာန် ပြုမူလိုက်လျက် ညင်သာမှုနှင့် စိုးရိမ်မှုတို့ရောယှက်ကာ ကိုးလ်အခန်းကို တီးခေါက်လိုက်သည်။

" ဒေါက် ....ဒေါက်....ကိုးလ်.... "

" ....... "

အထဲမှ မည်သည့်တုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။

" ကိုးလ်..... ကိုယ့်ကိုတံခါးဖွင့်ပေးပါဦး "

" ........... "

" ဒေါက်....ဒေါက်.... "

ရှင်းဟာ တံခါးထပ်ခေါက်လိုက်ပြီး ထပ်မံအသံပြုလိုက်လေသည်။

" ကိုယ့်ကိုတံခါးဖွင့်ပေးပါဦးနော် ကိုးလ် "

" ........ "

" ကိုယ်စိတ်ပူတယ် "

" ကျွီ.... "

တံခါးဟာ ပွင့်လာခဲ့လေ‌ပြီး ရှင်းနဲ့ ကိုးလ်မှာကား မျက်နှာချင်းဆိုင် အနေအထားသို့ ကူးပြောင်းသွားလေသည်။ ကိုးလ်တစ်ယောက် အိပ်နေခဲ့ရာမှ ပြန်နိုးလာချိန်တွင် သူ့အခန်းရှေ့၌ လူအများကြီးရပ်စောင့်နေခဲ့ပြီး အထူးသဖြင့် လေပြေရှင်းအား စိုးရိမ်နေသည့်မျက်နှာနှင့် တွေ့လိုက်ရလေသည်။ သူအိပ်နေစဉ်အတောအတွင်း ဘာတွေဖြစ်ပျက်သွားလဲ မသိသော်လည်း အရာအားလုံးဟာ လိုက်မမှီနိုင်‌အောင် ထူးဆန်းနေခဲ့လေသည်။ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ရှင်းကို မော့ကြည့်နေရင်းမှ အနောက်က လူတစ်သိုက်ကိုလည်း လှမ်းကြည့်လိုက်သေးလေသည်။

" ဟို ဘာဖြစ်ကြတာလဲဟင် "

" ကိုးလ်ကိုခေါ်မရ‌လို့လေ "

ထိုအခါမှ အကြောင်းအရင်းမှာ သူကြောင့်ဖြစ်နေသည်မှန်း ကိုးလ်နားလည်စ ပြုလာလေသည်။ ရှက်ကိုး ရှက်ကန်းဖြင့် အနည်းငယ်ရဲတက်လာသော မျက်နှာကို ကွယ်ထားပစ်ချင်သော်လည်း မျက်လွှာလေးချလျက် တိုးဖွဖွသာ သူပြန်ဖြေလိုက်ပါသည်။

" ကျွန်တော် ဆေးရှိန်ကြောင့် အတော်လေးအိပ်ပျော်နေတာကြောင့် မကြားလိုက်လို့ပါ ......တောင်းပန်ပါတယ် "

" ......... "

" ဟင် !  "

ရုတ်တရက် လေပြေရှင်း၏ လက်တစ်ဖက်ဟာ နှဖူးပြင်ထက် နေရာယူလာချိန်၌ ကိုးလ်မှာ စောစောကလေးပင် ချ‌ထားသော မျက်လွှာကို ပြန်ပင့်တင်လျက် မျက်လုံးအဝိုင်းသားများဖြင့် ရှင်းကို မော့ကြည့်လာခဲ့လေသည်။

" အင်း..... နည်းနည်းတော့ နွေးနေတယ် "

" ဘာ..... ဘာဖြစ်လို့လဲဟင် "

" ကိုးလ် နေမကောင်းဘူး ဆိုလို့လေ.... အဲ့တာကြောင့် ဆရာဝန်ပါခေါ်လာတာ "

" ကျွန်တော် နှာဆေးရုံလောက်လေးပါပဲ မစိုးရိမ်ရပါဘူး "

" မရပါဘူးနော် နှာဆေးရုံလောက်လေးလဲ ပေါ့စလို့မရဘူး။ ဆရာဝန်နဲ့ပြရမယ် "

ရှင်းက ကိုးလ်ကို ချော့မြူလျက် သိမ်းသွင်းလာလေသည်။ ဘယ်လိုတုန့်ပြန်ရမလဲ မသိတဲ့အတွက် ကိုးလ်ဟာ တောင့်တင်းစွာ ကြောင်အနေခဲ့မိသည်။

" လာ... "

ကိုးလ် လက်ကိုဆွဲပြီး လေပြေရှင်းဟာ ကုတင်ပေါ်သို့ပြန်ဆွဲယူသွားကာ ဆရာဝန်ကိုစမ်းသပ်စေလေသည်။ဆရာဝန်က အပူချိန်တိုင်းကိရိယာကို ပါးစပ်ထဲထည့်လာပြီး နားကြပ်ဖြင့်လည်း ဟိုစမ်းဒီစမ်းလုပ်ကာ ကိုးလ်ရဲ့အခြေအနေကို စမ်းသပ်နေခဲ့လေသည်။ သို့သော် ဆရာဝန်၏ စိတ်ထဲတွင် ထိုလူတစ်စုကို အခဲမကျေကာ အပြစ်မြင်လျက်ရှိနေပါတော့သည်။ ဤသည်မှာ သေလောက်သည့်ရောဂါများ ဟုတ်မနေပါချေ။ ဆရာဝန်‌အနေဖြင့် ဆေးခန်းတွင် အသည်းအသန်ဖြစ်နေသော လူနာများကို ထားခဲ့ရပြီး အသည်းအသန်ပြေးလာခဲ့ရခြင်း ဖြစ်သည်။

" အပူချိန်က အဲ့လောက်မများသေးပါဘူး နှာဆေးတာအပြင် တခြားဘာဖြစ်တာရှိသေးလဲ "

" မရှိပါဘူး "

" ဒါဆိုသောက်ဆေးပေးခဲ့မယ် ထမင်းစားပြီးမှသောက်နော် "

" ဟုတ်ကဲ့ "

ဆရာဝန်က ကိုးလ်လက်ထဲ ဆေးထည့်ပေးလိုက် ချိန်တွင် လေပြေရှင်းမှာ တအံ့တဩနဲ့ မေးလာခဲ့လေသည်။

" ဒါပဲလား "

ဘာရှိရဦးမှာလဲ သာမာန်အအေးမိတာလောက်ပဲ ကောင်းကောင်းအနားယူလိုက်ရင် ပျောက်သွားလိမ့်မယ်

" ဒါပေမယ့် စောစောက သူ့နှဖူးလိုစမ်းလိုက်တုန်းက ပူနေတယ် "

" သူ့နှဖူးကပူတာမဟုတ်ဘဲ ခင်ဗျားလက်က အရမ်းအေးနေတာပဲ နေမှာပါ။ သူ့အပူချိန်ကပုံမှန်ပါပဲ "

ဆရာဝန်နဲ့ လေပြေရှင်းမှာ တစ်ခွန်းစီ စကားရည်ပြိုင်နေကြလေသည်။ ကြည့်မကောင်းသည့်အတွက် ကိုးလ်မှာ ထိုနှစ်ယောက်၏ကြားထဲကို ဝင်ဖြေပေးရတော့သည်။

" ရှင်း..... ကျွန်တော်ဘာမှမဖြစ်ပါဘူး "

ဆရာဝန်က ဘာစကားမှ ထပ်ပြောမနေတော့ဘဲ သူ့ပစ္စည်းအဝဝကိုသိမ်းကာ နှုတ်မဆက်ဘဲနဲ့တောင် ပြန်သွားလေသည်။ သို့သော် ရှင်း မှာလည်း ဆရာဝန်ထံသိပ်အာရုံရမနေခဲ့ပါချေ။ ပြန်သွားသည်ကို သတိမထားမိဘဲ အိမ်အကူကို လှမ်းပြောလိုက်သည်။

" သူ့ကိုပြန်လိုက်ပို့ပေးလိုက်ကြ "

" အကိုလေး ဆရာဝန်ကပြန်သွားပါပြီ "

" အာ...ဒီလောက်တောင်မြန်လား "

" ဟုတ် "

" ဒါဆိုလဲ ကိုးလ်အတွက် စားစရာတစ်ခုခု မြန်မြန်သွားလုပ်ပေးလာခဲ့ "

" ဟုတ်ကဲ့ .... ဟုတ်ကဲ့ "

အခန်းထဲတွင် လေပြေရှင်းနှင့် ကိုးလ်တို့နှစ်ယောက်သာ ကျန်ခဲ့ပြီး ရှင်းက ကိုးလ်လက်များကို နွေးထွေးစွာ ဆုပ်ကိုင်လာခဲ့လေသည်။ အလွန်ညင်သာစွာ လေပြေရှင်းမှာကား ကိုးလ်အတွက် ပြောလာခဲ့သေးသည်။

" အဲ့တာကြောင့် မနေ့ညက ရေတွေခြောက်အောင်သုတ်ပါလို့ ကိုယ်ပြောခဲ့တယ်လေ "

" ကျွန်တော့်ရဲ့ပေါ့ဆမှုကြောင့် ရှင်းကို အလုပ်ရှုပ်စေခဲ့ပြီ "

" မဟုတ်ဘူး ကိုယ် ကိုးလ်ကို အလုပ်ရှုပ်စရာလို့မမြင်ပါဘူး "

ကိုးလ်ရဲ့ လက်များကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး လေပြေရှင်းဟာ ဆက်ပြောလာခဲ့လေသည်။

" နောက်ခါကြရင် နေမကောင်းမဖြစ်စေနဲ့ မဟုတ်ရင် ကိုယ်အပြစ်ပေးရလိမ့်မယ် "

" ဗျာ...... ဟုတ်....ဟုတ် "

ကိုးလ် တစ်ယောက် နားမလည်လိုက်သည့်ဟန်ဖြင့် အယောင်ယောင်အမှားမှား ပြန်ထူးလိုက်လေသည်။ လေပြေရှင်းလို သားရဲတစ်ကောင်ရှေ့မှာ ကိုးလ်ဟာ နူးညံ့သည့် ယုန်လေးတစ်ကောင်နှင့် အလွန်ပင်ဆင်တူနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့အခန်းထဲသို့ အိမ်ဖော်က ပန်းကန်တစ်ခုကိုင်လျက် ပြန်ဝင်လာခဲ့လေသည်။ ရှင်းသည် ထိုအိမ်ဖော်လက်ထဲကို ပန်းကန်ကိုဆွဲယူတာ ကိုးလ်မြင်လိုက်ရပြီး ဆက်လက်ငေးကြည့်နေခဲ့မိသည်။

" သွားတော့ "

လေပြေရှင်း၏ အထက်စီးဆန်သောလေသံသည် အိမ်ဖော်အား နှင်ထုတ်လိုက်လေသည်။

" လာ.... ပါးစပ်ဟ "

နှစ်ချက်လောက်မှုတ်ထားသော ဆန်ပြုတ်ကို ရှင်းက ကမ်းပေးလာခဲ့ပြီး ကိုးလ်ကို စားရန်အရိပ်အမြွတ်ပြနေခဲ့သည်။

" ရ...ရပါတယ် ကျွန်တော် ကိုယ့်ဘာသာစားလိုက်ပါ့မယ် "

" ပါးစပ်ဟ "

" အာ....ကျွန်တော် "

ကိုးလ်မှာ ရှင်း၏ အပြုအမူများကြောင့် နေရခက်နေခဲ့ပြီး‌မှ နောက်ဆုံးတွင် မတတ်နိုင်သည့်အဆုံး လေပြေရှင်းအား အလိုလိုက်ရပြန်လေသည်။ ပါးစပ်ဟပေးလိုက်ချိန်တွင် ပူပူ‌နွေးနွေး ဆန်ပြုတ်က ခံတွင်းအပြည့်နေရာယူလာသည်။ ထို့ပြင် ရှင်း၏ လုပ်ငန်းစဉ်များက မပြီးသေးပါပေ။ နှုတ်ခမ်းထောင့်၌ ပေနေခဲ့သော အရာများကို တစ်ရှုးသုံး၍ တယုတယသုတ်ပေးလာခဲ့သေးသည်။ လူသတ်ဖို့ရာ မျက်တောင်မခတ်သည့် မာဖီးရားဂိုဏ်း၏သခင်လေးသည် ဤမျှလည်း နူးညံ့တတ်ပါသေးသည်။ နူးညံ့သည်မှာကား အခြားလူတစ်‌ယောက်အဖြစ် ကူးပြောင်းသွားသည်ဟုတောင် ထင်မှတ်ရသည်အထိပေ။ သို့သော်၎င်းမှာကား အခွင့်ထူးခံ လူအချို့အတွက်သာ ဖြစ်လေသည်။

နာရီဝက်အကြာတွင် ပန်းကန်ထဲက ဆန်ပြုတ်တွေအကုန်လုံးကုန်သွားခဲ့လေသည်။ ပုံမှန်နေ့ဆိုလျှင် ကိုးလ်အစာစားတာ အဲ့လောက်မကြာမြင့်သော်လည်း လေပြေရှင်းမှာ ဆန်ပြုတ်ကို တစ်ခါခပ်လိုက်တိုင်း သူလိုချင်သောအနေအထား မရောက်မချင်း မှုတ်နေခဲ့သည့်အပြင် ကိုးလ်ပါးစပ်ကိုလည်း ဂရုတစိုက်သန့်ရှင်းရေး လုပ်ပေးနေသောကြောင့်ပါပင်။ မဟုတ်လျှင် ကိုးလ်စားပြီးသွားမည်မှာ ကြာလှပြီဖြစ်လေတော့သည်။

" ရော့.... "

လေပြေရှင်းက ကိုးလ်လက်ထဲကို ဆေးထည့်ပေးလာရင်း ရေပါကမ်းပေးလာခဲ့လေသည်။ မညီးမညူပင် လက်ထဲက ဆေးကိုသောက်လိုက်သည့်အခါမှ ရှင်း တစ်ယောက်အနည်းငယ် ကြေနပ်သွားဟန်တူသည်။

" အနားယူတော့ "

" ခဏ... "

စောင်ခြုံပေးပြီး ထသွားရန်ပြင်နေသော ရှင်းကို လှမ်းဆွဲလိုက်ကာ ကျန်သည့်စကားများကို ဆက်ပြောဖို့ ကိုးလ်အနည်းငယ် ရှက်နေခဲ့လေသည်။ ပြောဖို့ရာအတွက် အတော်အချိန်ယူလိုက်ရပြီး ရှင်းကလည်း စိတ်‌ရှည်စွာ စောင့်နေခဲ့သည်။

" ကျွန်တော်.... ကျွန်တော် "

" ....... "

ရှင်းက ခံစားချက်မဲ့သည့် မျက်လုံးများဖြင့်သာ ပြန်ကြည့်လာလေသည်။ ကိုးလ်အနေဖြင့် ထိုခံစားချက်မဲ့နေသည့် အကြည့်များကြောင့် အနည်းငယ် ကြောက်ရွံ့လာရသည်မှာ ပြောရန်တွန့်ဆုတ်နေသော စကားများပင် ပို၍ထစ်ငေါ့လာရသည်အထိပင်။

" ဟို...ဟို... အိမ်မှာ ...ပိုက်ဆံလေး ပြန်ယူလို့ ရမလား "

ကိုးလ်ကြည့်ရသည်မှာ ချက်ချင်းပင် ထငိုတော့မည်ဟုတောင် ထင်ရပေသည်။ သို့သော် ကိုးလ်နဲ့ဆန့်ကျင်စွာ လေပြေရှင်းမှာ အလွန်တည်ငြိမ်နေခဲ့၏။

" ဘာဖြစ်လို့လဲ "

" လိုအပ်တာလေးတွေ ဝယ်ချင်လို့ပါ "

" ....... "

ရှင်းက စိုက်ကြည့်နေဆဲပင်။

" ကျွန်တော်.... အိမ်ခဏပြန်လို့ရမလား "

ခေါင်းကို အောက်သို့ငုံ့ထားလျက် တိုးဖွစွာ တောင်းဆိုနေသောအသံလေးသည် အခန်းထဲတွင် ပျံ့နံ့နေခဲ့လေသည်။

" မရဘူး "

" ဗျာ ? "

" နားတော့ "

" ဟုတ်....ဟုတ် "

ဆက်တောင်းဆိုမနေတော့ဘဲ ကိုးလ်ဟာ နာခံမှုအပြည့်ဖြင့် လေပြေရှင်း ပြောသမျှကို နားထောင်လေသည်။ အခန်းအပြင်သို့ ရှင်း ထွက်သွားသောအခါတွင် အိမ်ဖော်နှင့် စကားပြောနေသော အသံသဲ့သဲ့ကို ကိုးလ်ကြားလိုက်ရ၏။

" အစ်ကိုလေး "

" အားလုံးကိုမှာထားလိုက် ဒီနေ့ကစပြီး ညဘက်ဘယ်သူမှ ခေါင်းမလျှော်ရဘူးလို့ "

" ရှင် "

" လျှော်တာတွေ့ခဲ့ရင် အပြစ်ပေးတာခံရမယ်လို့ပါပြောလိုက် "

အမှန်စင်စစ်တွင် ရှင်းသည်ကား ကိုးလ် ကြားအောင် တမင်ပြောနေခဲ့ခြင်းဖြစ်ပါသည်။ သူထိုကဲ့သို့စည်းကမ်းချက် အသစ်ထုတ်လိုက်လျှင်လည်း တိမ်ယံဆင့်မှာတော့ သေချာပေါက် ဂရုပင်စိုက်လိမ့်မည်မဟုတ်ပေ။ လေပြေညှင်းကတော့ အရှေ့၌ကြောက်ချင်ယောင်ဆောင် နောက်ကွယ်၌ ခိုး၍ဖောက်ဖျက်လိမ့်မည်ဖြစ်သည်။ နောက်ဆုံးကျန်ခဲ့သည်မှာ ကိုးလ်တစ်ယောက်ပင် ရှိပါလေတော့သည်။ ရှင်း ရည်ရွယ်သည်မှာလည်း ကိုးလ်ဆီသာဖြစ်သည့်အတွက် ကျန်သူများဖောက်ပျက်လျှင်တောင် ကိုးလ်မလိုက်နာ၍တော့ မရပေ။ ချောမော့ကာအမြဲနားချနေလျှင် ကြာလျှင် ကိုးလ်လည်း လေပြေလို မနာခံတတ်တော့မှာ ဆိုးသောကြောင့် သူဟာဤနည်းလမ်းကို အသုံးပြုလိုက်ရခြင်းဖြစ်လေသည်။ တစ်ဖက်၌ အနည်းငယ်စိတ်မကောင်း ဖြစ်သော်ငြား ဆန့်ကျင်ဘက်အနေဖြင့်လည်း သူအလွန်ကြေနပ်မိ၏။

လေပြေရှင်း၏ ဩဇာကြီးမားပုံသည် အလွန်အမင်းကို ကြောက်မခမ်းလိလိဖြစ်ကာ အတော်လေးကိုလည်း ခမ်းနားကျယ်ပြန်လွန်ပါ၏။ ထိုပဲ့သို့မဟုတ်လျှင် အိမ်ပြင်မထွက်ရန် မှာကြားခံထားရသော လေပြေညှင်းမှာ အစ်ကိုဖြစ်သူ၏ အမျက်တော်ရှမှာကို နည်းနည်းမှဂရုမစိုက်ဘဲ ယခုကဲ့သို့ Market ထဲ လျှောက်သွားနေလိမ့်မည်မဟုတ်ပေ။

" အင်း..... ဒီတစ်ခု ပြပေး "

ဂါဝန်တစ်ခုကို လက်ညှိုးထိုးလိုက်ကာ လေပြေညှင်းက ဆိုင်ဝန်ထမ်းကို ပြောလိုက်သည်။

" ဒီတစ်ခု ငါယူမယ် "

ငယ်ငယ်ရွယ်ရွယ်နှင့် လေပြေနဲ့အသက်ချင်း မတိမ်းမယိမ်းဟုထင်ရသော အမျိုးသမီးတစ်ယောက်သည် လေပြေညှင်း ယူရန်လုပ်ထားသော အင်္ကျီကိုဖြတ်လုလာခဲ့လေသည်။ သူမမျက်နှာအား တစ်ချက်စောင်းငဲ့ကြည့်လိုက်တော့ အရွယ်အစားကြီးသော နေကာမျက်မှန်ကို ဝတ်ဆင်ထားကာ အနားသတ်တွင် ရွှေရောင်လိုင်းများပါသည့် ဂါဝန်အကြပ်ကိုလည်း ဝတ်ဆင်ထားလေသည်။ ထိုဂါဝန်မှာ ပျှမ်းမျှအားဖြင့် ပေါင်လယ်လောက်ရှိမည်ဟု ထင်ရကာ သူမခန္ဓာကိုယ်ကောက်ကြောင်းကို အတော်လေးပေါ်လွင်စေ၏။ လေပြေလို အဝတ်အစားကို ဂရုမစိုက်ဘဲ အဆင်ပြေရာ ရှာဝတ်တတ်သူနှင့်တော့ အတော်လေးကွာခြားလှ၏။

" စိတ်မရှိပါနဲ့....ဒီတစ်ခုက ပိုင်ရှင်ရှိပြီးသွားပြီနော် မမ "

လေပြေဟာ တမင်တကာ မမတပ်ခေါ်လိုက်ပြီး ပြောသည့်စကားများမှာတော့ အနည်းငယ် ရင့်သီးသည့်အငွေ့အသက်များ ဖော်ထည့်ရောမွှေထားလေသည်။

" ဘယ်သူ့ကို မမခေါ်တာလဲ  "

" ဒါဆိုဘယ်လိုခေါ်ရမှာလဲ...." ဟေ့ " လို့လား။ ဒါမှမဟုတ် " အဒေါ် "လား ၊ " အန်တီ "လား ဘယ်ဟာပိုကြိုက်လဲ အဆင်ပြေသလိုခေါ်ပေးမယ် "

" တိတ်စမ်း "

" ....... "

" ကြည့်လိုက်တာနဲ့ နင်နဲ့ငါ အသက်သိမ်မကွာလောက်ဘူး "

" အယ်.... မဖြစ်နိုင်တာ ။သေချာပေါက် ဒီဘက်ကတစ်ယောက်က လေပြေထက် အသက်အများကြီး ပိုကြီးမယ့်ပုံပဲ "

" နင်...နင့်အသက်ဘယ်လောက်လဲ "

" 20...အန်တီကကော "

" ငါ့ကို အန်တီလို့မခေါ်နဲ့ ငါ 23ပဲရှိသေးတာ "

" ကြီးတာကကြီးတဲ့ဘဲ မဟုတ်ဘူးလား။ ဟိုအသက်အရမ်းငယ်ချင်တဲ့ ရောဂါတွေဘာတွေရနေတာတော့ မဟုတ်လောက်ပါဘူးနော် "

လေပြေညှင်း၏ အဆိပ်သုတ်ထားသော စကားများကြောင့် အပြောခံရသူမှာ ဒေါသတရားများပေါက်ကွဲ ထွက်လာလေသည်။ သူမက စိတ်ဆိုးမာန်းဆိုးဖြင့် နေကာမျက်မှန် ဆွဲချွတ်လိုက်ချိန်တွင် လေပြေဟာ အတော်လှသည့် မိန်းမပဲဟု စိတ်ထဲမှကြိတ်ချီးမွန်းလိုက်ပါသည်။ သို့သော် ဆက်ပြောလာသည့် သူမစကားများကြောင့် လေပြေ၏ ချီးမွန်းခန်းဟာ ကြက်ပျောက်ငှက်ပျောက် ပပျောက်ကွယ်သွားခဲ့သည်မှာအစွန်းတစ်စလေးပင် လှမ်းဆွဲထားလို့ မမှီနိုင်ခဲ့ပေ။

" အဲ့အင်္ကျီကို ထည့်လိုက် ငါယူမယ် "

" ဒီမှာ လေပြေ ယူပြီးသားလို့ပြောနေတယ်လေ "

" ကောင်မလေး မင်းငါ့ကိုမသိဘူးလား ဒီဆိုင်မှာငါက VVIP ပဲ "

" ဂရုမစိုက်ဘူး ဒီနေ့ အဲ့အင်္ကျီကိုပဲ ရအောင်ယူမှာ "

" ဟို..ဟိုလေ ဆိုင်မှာ ဒုတိယတစ်ခု ရှိပါသေးတယ်။ ဧည့်သည်နှစ်ယောက် လုစရာမလိုပါဘူး "

" မရဘူး ဒီတစ်ခုပဲယူမှာ "

" မရဘူး ဒီတစ်ခုပဲယူမှာ "

နှစ်ယောက်လုံး တပြိုင်နက်ပြောမိသွားကြလေသည်။

" ဟွန့် "

" ဟွန့်  "

စိတ်မရှည်စွာဖြင့် အသံပြုကာ ထပ်မံကျောခိုင်းလိုက်ကြပြန်သည်။ မိန်မတွေသည် အလွန်ခန့်မှန်းရခက်ကာ  အရောင်းဝန်ထမ်းလေးမှာဖြင့် ထိုနှစ်ယောက်၏အလယ်တွင် အင်္ကျီကိုကိုင်ပြီး ရှေ့မတိုးသာ၊ နောက်မဆုတ်သာသော အကြပ်ရိုက်မှုတို့ဖြင့် ကြုံတွေ့နေရလေသည်။

" ဟိုမှာ ဆူးသစ္စာမလား.... "

လူတစ်စုသည် လေပြေတို့ရှိရာထံ လက်ညှိုးထိုးပြီး ပြာပြာသလဲ အော်ဟစ်ကုန်ကြလေသည်။ ဘာတွေဖြစ်နေမှန်း လေပြေနားမလည်သော်လည်း သူနှင့်မျက်နှာချင်းဆိုင်ရှိနေသည့် လူမှာတော့ နေကာမျက်မှန်ကိုပြန်တပ်လိုက်ကာ မျက်နှာကို မပြသမိစေရန်အသည်းအသန် ဖုံးကွယ်နေလေသည်။

" အား....ချောတယ် ။ငါ့မိန်းမ...ငါ့မိန်းက အပြင်မှာဆို ပိုချောတာဟ "

" သေစမ်း "

ဆူးသစ္စာဟာ ခပ်တိုးတိုးကျိန်ဆဲလိုက်ပြီး ဒီလူအုပ်ကြားထဲကနေ ဘယ်လိုထွက်သွားရမလဲဆိုတာကို စဉ်းစားရခက်နေခဲ့လေသည်။ သူမ‌အနေဖြင့် shooting မရှိသောရက်ကလေးတွင် အေးအေးလူလူ ဈေးဝယ်ထွက်ရန် ကြံစည်ထားခြင်းဖြစ်သော်လည်း အခုတော့ အရာအားလုံး ပျက်သုန်းခြင်းကိန်းစိုက်နေပြီ ဖြစ်ပါသောကြောင့်ပင်။

" အန်တီ ဆိုင်ရှေ့ကလူတွေက  အန်တီ့ကိုကြည့်ဖို့ လာတာထင်တယ် မြန်မြန်သွားတွေ့လိုက်လေ "

" နင့်အပူမပါဘူး "

ဆူးသစ္စာဟာ ပြဿနာတတ်နေသည့်ကြား၌ပင် လေပြေနှင့်ပြိုင်၍ ရန်ဖြစ်လိုက်ပါသေးသည်။ သူမက ပိုက်ဆံအိတ်ထဲက ဖုန်းကို အလျင်အမြန်ထုတ်ယူလိုက်ကာ လက်တစ်ဖက်ကို အသုံးပြုလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ ဆူးသစ္စာပုံမှာ အနည်းငယ် အလျင်လိုနေခဲ့ဟန်ပေါ်ပြီး ခဏအကြာတွင် တစ်ဖက်လူက ဖုန်းကိုင်လာခဲ့လေသည်။

" ငါ Swan ရဲ့ 18 ထပ်မြောက်မှာ fanတွေ တွေ့သွားလို့ ပြန်ထွက်မရဘူး အခုချက်ခြင်းလာခဲ့ "

ဆိုင်ရှေ့တွင်ထူထဲလှသော လူအုပ်တစ်အုပ်ရှိနေခဲ့ကာ တားမြစ်ထားသော လုံခြုံ‌ရေးအချို့ကြောင့်သာ ဆိုင်ထဲဝင်မလာနိုင်ကြခြင်း ဖြစ်လေသည်။ ခဏအကြာတွင် ဆူးသစ္စာ၏ လှမ်းခေါ်ခံရသော မန်နေဂျာမှာ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

" ဆူး....အဲ့တာကြောင့် အပြင်ထွက်ရင် သေချာဂရုစိုက်သွားပါလို့ ပြောထားတာကို အခုတော့အားလုံးရှုပ်ကုန်ပြီ "

" ဆူးကို ဆက်ပြီး အပြစ်တင်နေမယ်ဆို ပြန်လိုက်တော့ "

" ဟုတ်ပါပြီ အမဖြေရှင်းပေးမယ် စိတ်အေးအေးထားနော် "

" အရင်ဆုံး ဒီကညီမလေး အမကိုတစ်ခုလောက် ကူညီနိုင်မလား "

" မကူညီနိုင်ဘူး "

လေပြေက ခပ်သွက်သွက်ပင် ငြင်းဆန်လိုက်လေသည်။

" သူ့ကိုသွားမပြောနဲ့ "

ဆူးသစ္စာကလည်း မန်နေဂျာကို ထပ်မံသတိပေးသည်။ သို့သော် မန်နေဂျာက ဆူးသစ္စာကို ဂရုမစိုက်ဘဲ လေပြေညှင်းထံ ဆက်ပြောလာခဲ့ပြန်သည်။

" လိုချင်တာမှန်သမျှ တောင်းဆိုလို့ရတယ်။ ဒီတစ်ခါလောက်တော့ ကူညီပါနော် "

" လိုချင်တာ မှန်သမျှလား "

" ဟုတ်တယ် "

ဆူးသစ္စာအား လှမ်းကြည့်လိုက်ချိန်တွင် သူမမျက်နှာက သဘောမကျသော်ငြား ဘာမှတော့ ဝင်ပြောမလာခဲ့ပေ။ ဆိုင်မှာ ဘေးနံရံအပြည့်တွင် မှန်များဖြင့်သာ ကာရံထားသောကြောင့် ဆိုင်ထဲသို့ အပြင်ဘက်မှနေ၍ ထုတ်ချင်းပေါက်မြင်နေရလေသည်။ ဒါကြောင့် သူတို့သုံးယောက်သည် အထည်နှင့်ကွယ်နေသော နေရာတစ်ခုသို့ပြောင်းရွေ့လိုက်ကာ အစီအစဉ်ကို ဆက်လက်ရေးဆွဲကြလေသည်။

" လေပြေမှာ တောင်းဆိုစရာရှိတယ် "

" ပြော "

" စောစောကအင်္ကျီရယ် ....ဟိုဟာ...ဟိုဟာ...ဟိုဟာ "

လေပြေက ဈေးအလွန်ကြီးမယ် ထင်ရသော အင်္ကျီများကို ဆယ်စုံထက်မက လက်ညှိုးထိုး၍ ညွှန်ပြလိုက်ပြီး

" အကုန်ထုတ်လိုက်....သူတို့ရှင်းလိမ့်မယ် "

ဝန်ထမ်းမှာ နာခံမှုအပြည့်ဖြင့် လေပြေ ညွှန်ပြ‌ထားသော အင်္ကျီများကို ဂရုတစိုက်‌ထည့်ကာ အလုပ်ရှုပ်နေတော့လေသည်။ မန်မေဂျာ၏ တိတိတခိုးတံတွေးမြိုချနေသံကို ကြားနေရသော်လည်း မသိချင်ယောင်ဆောင်လိုက်ကာ လေပြေညှင်း၏ မျက်နှာမှာမူ အောင်န်ုင်သူ၏အပြုံးများ အပြည့်နေရာယူထားလေတော့သည်။ နာမည်ကြီး brand တံဆိတ်များကိုသာ ရွေးယူလိုက်သည့်အတွက် ဘယ်လောက်ပဲ လစာကောင်းသည့် မာန်နေဂျာဖြစ်နေပါစေ 6 လစာလောက်တော့ လေပြေလက်ထဲ ပလုံသွားပြီဖြစ်လေသည်။

" အစီအစဉ်က လွယ်ပါတယ် .... ညီမလေးက ဒီကုတ်ကိုခြုံပြီး အမနဲ့အပြင်ကိုထွက်ပြီး ဆူးလို့ အထင်မှားသွားအောင် လုပ်ရမယ်...ဒါပေမယ့် မျက်နှာကိုတော့ ကွယ်ထားရမယ် "

" အင်း "

" Fan တွေက အမတို့နောက်ကို လိုက်လာမှ ဆူးက အနောက်ကနေ တိတ်တိတ်လေးထွက်သွား ဟုတ်ပြီလား "

" ကလေးကလား အစီအစဉ်နဲ့ "

လေပြေညှင်းကတော့ အတော်လေးကို ခပ်တုံးတုံးနိုင်သည့် အစီအစဉ်ဟု ခေါင်းစဉ်တပ်မိလေသည်။ Fan တွေနဲ့တွေ့ပြီး နှုတ်ဆက်လိုက်ရုံလေးပဲကို ဘာတွေအဲ့လောက်တောင်ကြောက်နေလဲ သူစဉ်းစားမရတော့ပါပေ။

" ဘာပြောတာလဲ "

ဆူးသစ္စာဆီက တုန့်ပြန်လာသော မာကျောသည့် အသံဖြစ်လေသည်။

" မြန်မြန်လုပ်ပြီး မြန်မြန်အဆုံးသတ်ကြ‌တာပေါ့ လေပြေမှာ အဲ့လောက်အချိန်မရှိဘူး "

ပြောထားသည့်အတိုင်း လေပြေနဲ့ မန်နေဂျာဖြစ်သူက ဆိုင်ရှေ့သို့ ထွက်သွားပြီး အနည်းငယ် ခပ်ဝေးဝေးရောက်ချိန်တွင် ထိုခပ်တုံးတုံး fan တစ်စုက နောက်မှတပ်ကြပ်မခွာ လိုက်လာကြလေသည်။ လေပြေက စ်တ်ထဲမှတွေးတောနေမိပါတော့သည်။

" ငါကသူတို့ idol နဲ့ အဲ့လောက်လဲ ရုပ်ချင်းတူမနေဘဲနဲ့ ဒါလေးတောင် မခွဲနိုင်ကြဘူးလား "

အလွန်တော်လွန်းသော လေပြေရှင်း၏ ညီမလေးသည် သူ့မျက်နှာကို ကုတ်အင်္ကျီဖြင့် ဖုံးကွယ်ထားသောကြောင့် ဖန်တွေမမြင်ရတာကိုတော့ ထည့်မစဉ်းစားမိလိုက်ပါချေ။ ဘေးတွင် ဆူးသစ္စာ၏ မန်နေဂျာရှိနေသည့်အတွက် ဖန်တွေရဲ့အထင်ခွဲမှုကလည်း အရမ်းတုံးအလွန်းသော ဉာဏ်ရည်ကို အပြစ်တင်၍လည်း မရနိုင်ပေ။

ဆူးသစ္စာ၏ ဖန်တွေ အတင်းဝိုင်းအုံလာချိန်တွင် လေပြေတို့ ရှေ့ဆက်လျှောက်လို့မရတော့ဘဲ ပိတ်မိကုန်ကြလေသည်။ ထို့နောက်ဆူညံနေသော လူထုကြောင့် လေပြေက သည်းမခံနိုင်တော့ဘဲ ကုတ်အင်္ကျီကို ဖယ်ရှားလိုက်ကာ မျက်နှာကိုဖော်ပြလိုက်ရာ လူအားလုံး စိတ်ပျက်သွားကြသည်။

" ဟာ "

လူတိုင်း၏ စိတ်ပျက်သွားသော အသံများတစ်ပြိုင်နက် ထွက်လာကြလေသည်။

" ဆူးသစ္စာမဟုတ်ဘူး သူကဘယ်ရောက်သွားတာလဲ "

" ငါတို့အလှည့်စား ခံလိုက်ရပြီပဲ "

" သေချာတာပေါ့ ဒါကရုပ်ရှင်တိုင်းမှာ မြင်နေကျအကွက်ပဲကို ငါ ကိုဆင့်ကို လိုက်တုန်းကဆိုရင် သူဘယ်ပြေးပြေးမလွတ်ဘူး။ နောက်ဆုံး ငါ့ကိုတောင် ပြန်တောင်းပန်ရတဲ့အထိဘဲ...ဟီးဟီး "

စိတ်ထဲမှ လေပြေ ကြိတ်တွေးပြီး အပြင်ဘက်၌ ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုကို မျက်နှာထက်၌ ပုံသွင်းထားလေသည်မှာ လေပြေရှင်း၏ ညီမဆိုတာမပြောဘဲ ယုံကြရမည်အထိပင်။

ခဏအကြာတွင် လေပြေတို့နားတွင် လူတစ်ယောက်မှမရှိတော့ဘဲ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားလေသည်။ မန်နေဂျာက လေပြေလက်ထဲ 10ခုမကသော အိတ်များကို ထည့်ပေးသွားပြီး ပြန်ထွက်သွားသည်။

" နှစ်‌ယောက်လုံး ထွက်လာခဲ့ကြ "

လေပြေညှင်းတစ်ယောက် လေဟာနယ်ကို စကားပြောရင်း အရူးတစ်ယောက်နှယ် ပြုမူလိုက်သော်လည်း အနောက်ဘက်တွင် ဘယ်ကမှန်းမသိသည့် လူနှစ်ယောက် ရောက်ရှိလာလေသည်။ တိတ်ဆိတိနေပြီး လေပြေဘက်က မလှုပ်ရှားမလာမချင်း သူတို့လည်း နည်းနည်းလေးမှ မရွေ့လျားကြပေ။

" ရော့ "

လေပြေက လက်ထဲက အိတ်များကို ကမ်းပေးလိုက်သည့်အခါ နာခံမှုအပြည့်ဖြင့် ယူလိုက်ကြသည်။ လေပြေလက်ထဲတွင် ဆူးသစ္စာနှင့် အပြိုင်လုခဲ့သော အိတ်တစ်အိတ်သာ ကျန်ခဲ့ပါတော့သည်။ သို့သော် လေပြေက ကိုင်ခိုင်းထားခြင်းမဟုတ်ဘဲ အပြီးပိုင် ပေးလိုက်ခြင်းဖြစ်ကြောင်းကို ထပ်လောင်းပြောလိုက်ပါသေးသည်။

" ယူလိုက် "

" ဒါက ဈေးအရမ်းကြီးတယ် မမလေး "

" နင်တို့ကို ဘယ်သူကအလကားပေးလို့လဲ...ဒါက လက်ထိုးတာ။ အဲ့ဒီ့အစား ဒီနေ့ကိစ္စကို ကိုကို့ ,ကို ပြန်မတိုင်နဲ့ "

" မဖြစ်ဘူး.....မဖြစ်ဘူး။ ကျွန်တော်တို့ သေလိမ့်မယ် "

" ဟွန်း.... လုပ်ပါ.... ကိုကိုသိရင် လေပြေ သေလိမ့်မယ် "

" ကျွန်တော်တို့လည်း သေလိမ့်မယ်.... မလုပ်ရဲဘူး "

" မလုပ်ရင် လေပြေ ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်လိုက်မယ်။ အဲ့လိုဆိုလည်း ကိုကို့ဆီက အပြစ်ပေးတာ ခံရမှာပဲမလား "

" တောင်းပန်ပါတယ် ကျွန်တော်တို့နှစ်ယောက်ကို ချမ်းသာပေးလို့မရဘူးလား "

" တောင်းပန်ပါတယ် လေပြေကို ကူညီပေးလို့မရဘူးလား "

" ဟိုတစ်ခါကလည်း လေပြေ ပျောက်သွားတုန်းကလည်း သုံးလစာ အဖြတ်ခံလိုက်ရတယ်။ ဒီတစ်ခါသာထပ်မိရင် ကျွန်တော်တို့ သုံးလစာနဲ့ မပြီးသွားလောက်ဘူး "

" အဲ့တာကြောင့် အတူတူဖုံးကွယ်ကြမယ်လို့ ပြောနေတာလေ။ လေပြေ တို့သာညီရင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး နော်....နော် "

" ကြည့်ရတာ ဘယ်သူမှမသိတာက မဖြစ်နိုင်တော့ဘူးထင်တယ် "

Bodyguard နှစ်ယောက်ထဲက တစ်ယောက်က ထုတ်ပြောလာသောစကားဖြစ်ပြီး ဖုန်းကို ရှေ့သို့ကမ်းပေးလာလေသည်။ လေပြေညှင်း အလျင်မြန်ယူကြည့်လိုက်ပြီး ခေါင်းမီးတောက်လာသည်ဟုတောင် မိမိကိုယ်ကို ခံစားမိနေရသည်။

" သေစမ်း...ဘယ်သူက လိုင်းပေါ်တင်လိုက်တာလဲ "

လိုင်းပေါ်တွင် "'ဆူးသစ္စာအယောင်ဆောင်ကာ ဖန်တွေကိုလှည့်စားခဲ့သော မိန်းကလေး " ဟူသည့်စာနှင့် လေပြေပုံရိပ်က ထင်ထင်ရှားရှား နေရာယူထားလေသည်။ ဘေးတွင် မန်နေဂျာဖြစ်သူက လေပြေကိုနောက်က ထိန်းကိုင်နေသောပုံဖြစ်ကာ လေပြေညှင်း၏ မျက်နှာက အေးအေးလူလူဖြင့် တစိုးတစီမှ စိုးရိမ်ပူပန်မနေပုံမှာ အခုဖြစ်နေသည့် အသွင်အပြင်နှင့်တော့ နည်းနည်းလေးမှ သက်ဆိုင်မနေဘဲ ဆန့်ကျင်ဘက်သို့သာ မြားဦးညွှန်ပြနေသည် ။

" အခု ကျွန်တော်တို့တစ်ကယ် သေပြီ.... ဘယ်လိုလုပ်ကြမလဲ "

လေပြေထက်ပင် ထိုနှစ်ယောက်က ပို၍စိတ်သောက ရောက်နေဟန်ဖြင့် မငိုရုံတမယ် ပြောလာကြလေသည်။

" တိတ်.... "

အထက်စီးဆန်သော အမိန့်ပေးသံကြောင့် bodyguard နှစ်ယောက်မှာ တိတ်သွားကြလေသည်။

" နင်တို့အသံတွေကြောင့် ငါငိုလို့မရဘူး...အီး....ဟီး.....ဟီး .....အိမ်မပြန်ရဲဘူး "

" မရဘူး "

" မရဘူး "

Bodyguard  နှစ်ယောက်က တစ်ပြိုက်နက်အော်လိုက်တာကြောင့် လေပြေပင်လန့်ပြီး ထခုန်မိမတတ်ဖြစ်သွားသည်။

" ဟင် ! "

" ဟန်ဆောင်မနေနဲ့....ဘယ်တုန်းက အိမ်ကိုကြောက်ဖူးလို့လဲ။ လေပြေနည်းနည်းလောက် ဂျီကျလိုက်တာနဲ့ ဦးမင်းအာကာက အကုန်ခွင့်ပြုပေးတာဘဲ....ကိုလေပြေရှင်းလည်း အတူတူဘဲ ဆူတာတောင် မတွေ့ဖူးဘူး "

" ဒါပေမယ့် ..... "

" ဘာမှဆက်မပြောနဲ့ ပြန်ကြမယ် "

" ဟင် ပြန်ရတော့မှာလား လည်လို့တောင်မဝသေးတာကို "

" ပြန်မယ် "

" ဟင်း .....ကောင်းပြီလေ "

နှုတ်ခမ်းထော်ကာ လေပြေ အိမ်ပြန်ရန် သဘောတူလိုက်ရလေတော့သည်။

အိမ်ထဲသို့ဝင်လာလိုက်ချင်းမှာတင် သာမာန်ထက်ပို၍ တိတ်ဆိတ်မှုမျိုး လေပြေကြုံတွေ့ နေရတာကြောင့် အနည်းငယ်ပင် ထိတ်လန့်လာမိပြီး လေထုကပို၍အေးစက်လာသည်ဟု ခံစားမိလာလေသည်။ သို့သော်အခန်းထဲသို့ ဘယ်သူမှသတိမထားမိခင် အမြန်ဝင်လျက် အိပ်ချင်ယောင်ဆောင်နေလိုက်မည်ဟု ကြံစည်ထားသော်လည်း ဘယ်ကထွက်လာမှန်းမသိသည့် အသံတစ်ခုက လေပြေညှင်းကို ဟန့်တားလိုက်လေသည်။

" ပြန်လာပြီလား "

လေပြေရှင်းမှာ ဧည့်ခန်းထဲတွင်ထိုင်လျက် ခြေထောက်နှစ်‌ဖက်ကို လက်တစ်ထောင်စာလောက်ကား၍ ထိုင်နေကာ လက်တစ်ဖက်ကို နောက်ကဆိုဖာတန်းပေါ် တင်ထားပြီး ကျန်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်နေခဲ့သည်။

" ကို....ကို "

" ........ "

" ဟဲ...ဟဲ အလုပ်ကအစောကြီး ပြန်လာတာဘဲနော် "

" ဘယ်ကပြန်လာတာလဲ "

လေပြေညှင်းက အချိုသတ်ရန်ကြိုးစားသော်လည်း ရှင်းအသံက စိတ်ဆိုးခြင်းလည်းမရှိသလို အလွန်သာယာနေခြင်းမျိုးလည်းမရှိသည်မှာ ရေသေနေသော ကန်ရေပြင်ကဲ့သို့ လွန်စွာတည်ငြိမ်လှ၏။

" အင်း.... ဟိုနား ဒီနား လမ်းလျှောက်ထွက်တာပါ "

" မလိမ်နဲ့ "

" တောင်းပန်ပါတယ် လေပြေအိမ်က ခိုးထွက်မိပါတယ်...မဆူနဲ့တော့နော် ကိုကို "

" ဒါပဲလား "

ရှင်းက စာအုပ်ကို ဖုန်းခနဲမြည်အောင် စားပွဲပေါ်သို့ ပစ်ချလိုက်လေသည်။ လေပြေတစ်ယောက် အစ်ကိုဖြစ်သူနား အသည်းအသန်လျှောက်သွားလိုက်ပြီး အင်္ကျီစလေးကိုကိုင်ကာ ခပ်ဖြေးဖြေးဆွဲလျက် စတင်ကာသိမ်းသွင်းတော့သည်။

" ကိုကိုကလည်း....လေပြေ တောင်းပန်ပြီးပြီလေ "

" သွားနားတော့ "

" မဆူတော့ဘူးပေါ့ "

ရှင်းက အမည်ဖော်မရသော အကြည့်တို့ဖြင့် ပြန်ကြည့်လာလေသည်။

" ဟီး.....ဟီး... သွားတော့မယ်နော် "

လေပြေညှင်းကို အိမ်ပြင်မထွက်ခိုင်းရခြင်းမှာ အကြောင်းအရင်းတစ်ခုထဲသာ ရှိပါသည်။ ငယ်ငယ်ထဲက သည်းသည်းလှုပ်အချစ်ခံရပြီး လိုတာမှန်သမျှ တတိုင်းရနိုင်သည့် သူ့ညီမလေးကို ဦးစစ်ဟန်တို့လူတစ်စုကြောင့် ထိခိုက်မှုအသေးစားလေး ရသွားမှာ‌တောင်မလိုလားသောကြောင့်ဖြစ်ပါသည်။ လေပြေက ငယ်ငယ်ရွယ်ရွယ်နှင့် စူးစမ်းတတ်သည့်စရိုက် ရှိလေသောကြောင့် အတင်းအကြပ်စေခိုင်းလိုက်လျှင် ပြန်ဆန့်ကျင်တတ်သည့် သဘောတရားများ ဆောင်ကျဉ်းထားတတ်သည်။ ထို့ကြောင့် ရှင်းသည် မလိုအပ်လျှင် လေပြေအပေါ် မချုပ်ချယ်တတ်ပေ။ သဘောရှိ လွှတ်ပေးထားကာ မမြင်ချင်ယောင် ဆောင်ပေးထားတတ်သည်။ သို့သော်ယခု၌မူ ရှင်း ကိုယ်တိုင်တောင် အလုပ်အရမ်းများနေသည့်အတွက် အနားကလူများကို တစ်ယောက်ချင်း လိုက်ဂရုမစိုက်နိုင်တော့ချေ။ ထို့ကြောင် ယခုလို စည်းကမ်းတင်းကြပ်နေရခြင်းဖြစ်လေတော့သည်။

__________________________________

Note/

စောစောဖတ်ရအောင် ဒီနေ့တင်ပေးလိုက်တာ ဖြစ်တဲ့အတွက် 25 ရက်နေ့ ၊ ဆင့် မွေးနေ့ကျရင် ထပ်တင်ပေးနိုင်ဖို့ မသေချာတော့ပါဘူးဗျ။
အားလုံး ကောင်းမွန်တဲ့နေ့လေး ပိုင်ဆိုင်နိုင်ကြပါစေ😘

______________________________

[Zawgyi]

" ဆရာဝန္ေရာက္ၿပီလား "

" ေရာက္ၿပီ.... ကိုးလ္အခန္းေရွ႕မွာ  "

" အခန္းထဲမဝင္ဘဲ သူကအခန္းေရွ႕မွာ ဘာလုပ္ေနတာလဲ "

ေလေျပရွင္းဟာ စိတ္တိုလြန္းသျဖင့္ ေအာ္ဟစ္လ်က္ ကိုးလ္အခန္းဆီ ဦးတည္သြားေနခဲ့ေလသည္။

" ဟို....ကိုးလ္က အထဲကတံခါးပိတ္ထားလို႔ သူဝင္မရလို႔ပါ "

ေျခလွမ္းႀကဲမ်ားသည္ အိမ္အကူ၏ စကားမဆုံးခင္မွာတင္ ကိုးလ္ အခန္းေရွ႕သို႔ ေရာက္သြားခဲ့ေလၿပီ။ ဆရာဝန္ကို တစ္ခ်က္လွမ္းၾကည့္လိုက္ခ်ိန္တြင္ ရွင္း၏ အၾကည့္စူးစူးမ်ားေၾကာင့္ ေခါင္းငုံ႔ၾကေလသည္။ ထပ္မံက်ေရာက္လာေသာ ေဒါသတို႔ကို ဆရာဝန္ဆီပုံက်မသြားေစရန္ ေနာက္ဆုံးအသိစိတ္ေလးျဖင့္ ထိန္းသိမ္းလိုက္ၿပီး အနည္းငယ္နီရဲေနပါသည့္ လက္ေခ်ာင္းမ်ားသည္ ဂငယ္ေကြးသ႑ာန္ ျပဳမူလိုက္လ်က္ ညင္သာမႈႏွင့္ စိုးရိမ္မႈတို႔ေရာယွက္ကာ ကိုးလ္အခန္းကို တီးေခါက္လိုက္သည္။

" ေဒါက္ ....ေဒါက္....ကိုးလ္.... "

" ....... "

အထဲမွ မည္သည့္တုန႔္ျပန္မႈမွ ရွိမလာခဲ့ေပ။

" ကိုးလ္..... ကိုယ့္ကိုတံခါးဖြင့္ေပးပါဦး "

" ........... "

" ေဒါက္....ေဒါက္.... "

ရွင္းဟာ တံခါးထပ္ေခါက္လိုက္ၿပီး ထပ္မံအသံျပဳလိုက္ေလသည္။

" ကိုယ့္ကိုတံခါးဖြင့္ေပးပါဦးေနာ္ ကိုးလ္ "

" ........ "

" ကိုယ္စိတ္ပူတယ္ "

" ကြၽီ.... "

တံခါးဟာ ပြင့္လာခဲ့ေလ‌ၿပီး ရွင္းနဲ႔ ကိုးလ္မွာကား မ်က္ႏွာခ်င္းဆိုင္ အေနအထားသို႔ ကူးေျပာင္းသြားေလသည္။ ကိုးလ္တစ္ေယာက္ အိပ္ေနခဲ့ရာမွ ျပန္ႏိုးလာခ်ိန္တြင္ သူ႔အခန္းေရွ႕၌ လူအမ်ားႀကီးရပ္ေစာင့္ေနခဲ့ၿပီး အထူးသျဖင့္ ေလေျပရွင္းအား စိုးရိမ္ေနသည့္မ်က္ႏွာႏွင့္ ေတြ႕လိုက္ရေလသည္။ သူအိပ္ေနစဥ္အေတာအတြင္း ဘာေတြျဖစ္ပ်က္သြားလဲ မသိေသာ္လည္း အရာအားလုံးဟာ လိုက္မမွီႏိုင္‌ေအာင္ ထူးဆန္းေနခဲ့ေလသည္။ မ်က္ေတာင္မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး ရွင္းကို ေမာ့ၾကည့္ေနရင္းမွ အေနာက္က လူတစ္သိုက္ကိုလည္း လွမ္းၾကည့္လိုက္ေသးေလသည္။

" ဟို ဘာျဖစ္ၾကတာလဲဟင္ "

" ကိုးလ္ကိုေခၚမရ‌လို႔ေလ "

ထိုအခါမွ အေၾကာင္းအရင္းမွာ သူေၾကာင့္ျဖစ္ေနသည္မွန္း ကိုးလ္နားလည္စ ျပဳလာေလသည္။ ရွက္ကိုး ရွက္ကန္းျဖင့္ အနည္းငယ္ရဲတက္လာေသာ မ်က္ႏွာကို ကြယ္ထားပစ္ခ်င္ေသာ္လည္း မ်က္လႊာေလးခ်လ်က္ တိုးဖြဖြသာ သူျပန္ေျဖလိုက္ပါသည္။

" ကြၽန္ေတာ္ ေဆးရွိန္ေၾကာင့္ အေတာ္ေလးအိပ္ေပ်ာ္ေနတာေၾကာင့္ မၾကားလိုက္လို႔ပါ ......ေတာင္းပန္ပါတယ္ "

" ......... "

" ဟင္ !  "

႐ုတ္တရက္ ေလေျပရွင္း၏ လက္တစ္ဖက္ဟာ ႏွဖူးျပင္ထက္ ေနရာယူလာခ်ိန္၌ ကိုးလ္မွာ ေစာေစာကေလးပင္ ခ်‌ထားေသာ မ်က္လႊာကို ျပန္ပင့္တင္လ်က္ မ်က္လုံးအဝိုင္းသားမ်ားျဖင့္ ရွင္းကို ေမာ့ၾကည့္လာခဲ့ေလသည္။

" အင္း..... နည္းနည္းေတာ့ ေႏြးေနတယ္ "

" ဘာ..... ဘာျဖစ္လို႔လဲဟင္ "

" ကိုးလ္ ေနမေကာင္းဘူး ဆိုလို႔ေလ.... အဲ့တာေၾကာင့္ ဆရာဝန္ပါေခၚလာတာ "

" ကြၽန္ေတာ္ ႏွာေဆး႐ုံေလာက္ေလးပါပဲ မစိုးရိမ္ရပါဘူး "

" မရပါဘူးေနာ္ ႏွာေဆး႐ုံေလာက္ေလးလဲ ေပါ့စလို႔မရဘူး။ ဆရာဝန္နဲ႔ျပရမယ္ "

ရွင္းက ကိုးလ္ကို ေခ်ာ့ျမဴလ်က္ သိမ္းသြင္းလာေလသည္။ ဘယ္လိုတုန႔္ျပန္ရမလဲ မသိတဲ့အတြက္ ကိုးလ္ဟာ ေတာင့္တင္းစြာ ေၾကာင္အေနခဲ့မိသည္။

" လာ... "

ကိုးလ္ လက္ကိုဆြဲၿပီး ေလေျပရွင္းဟာ ကုတင္ေပၚသို႔ျပန္ဆြဲယူသြားကာ ဆရာဝန္ကိုစမ္းသပ္ေစေလသည္။ဆရာဝန္က အပူခ်ိန္တိုင္းကိရိယာကို ပါးစပ္ထဲထည့္လာၿပီး နားၾကပ္ျဖင့္လည္း ဟိုစမ္းဒီစမ္းလုပ္ကာ ကိုးလ္ရဲ႕အေျခအေနကို စမ္းသပ္ေနခဲ့ေလသည္။ သို႔ေသာ္ ဆရာဝန္၏ စိတ္ထဲတြင္ ထိုလူတစ္စုကို အခဲမေက်ကာ အျပစ္ျမင္လ်က္ရွိေနပါေတာ့သည္။ ဤသည္မွာ ေသေလာက္သည့္ေရာဂါမ်ား ဟုတ္မေနပါေခ်။ ဆရာဝန္‌အေနျဖင့္ ေဆးခန္းတြင္ အသည္းအသန္ျဖစ္ေနေသာ လူနာမ်ားကို ထားခဲ့ရၿပီး အသည္းအသန္ေျပးလာခဲ့ရျခင္း ျဖစ္သည္။

" အပူခ်ိန္က အဲ့ေလာက္မမ်ားေသးပါဘူး ႏွာေဆးတာအျပင္ တျခားဘာျဖစ္တာရွိေသးလဲ "

" မရွိပါဘူး "

" ဒါဆိုေသာက္ေဆးေပးခဲ့မယ္ ထမင္းစားၿပီးမွေသာက္ေနာ္ "

" ဟုတ္ကဲ့ "

ဆရာဝန္က ကိုးလ္လက္ထဲ ေဆးထည့္ေပးလိုက္ ခ်ိန္တြင္ ေလေျပရွင္းမွာ တအံ့တဩနဲ႔ ေမးလာခဲ့ေလသည္။

" ဒါပဲလား "

ဘာရွိရဦးမွာလဲ သာမာန္အေအးမိတာေလာက္ပဲ ေကာင္းေကာင္းအနားယူလိုက္ရင္ ေပ်ာက္သြားလိမ့္မယ္

" ဒါေပမယ့္ ေစာေစာက သူ႔ႏွဖူးလိုစမ္းလိုက္တုန္းက ပူေနတယ္ "

" သူ႔ႏွဖူးကပူတာမဟုတ္ဘဲ ခင္ဗ်ားလက္က အရမ္းေအးေနတာပဲ ေနမွာပါ။ သူ႔အပူခ်ိန္ကပုံမွန္ပါပဲ "

ဆရာဝန္နဲ႔ ေလေျပရွင္းမွာ တစ္ခြန္းစီ စကားရည္ၿပိဳင္ေနၾကေလသည္။ ၾကည့္မေကာင္းသည့္အတြက္ ကိုးလ္မွာ ထိုႏွစ္ေယာက္၏ၾကားထဲကို ဝင္ေျဖေပးရေတာ့သည္။

" ရွင္း..... ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး "

ဆရာဝန္က ဘာစကားမွ ထပ္ေျပာမေနေတာ့ဘဲ သူ႔ပစၥည္းအဝဝကိုသိမ္းကာ ႏႈတ္မဆက္ဘဲနဲ႔ေတာင္ ျပန္သြားေလသည္။ သို႔ေသာ္ ရွင္း မွာလည္း ဆရာဝန္ထံသိပ္အာ႐ုံရမေနခဲ့ပါေခ်။ ျပန္သြားသည္ကို သတိမထားမိဘဲ အိမ္အကူကို လွမ္းေျပာလိုက္သည္။

" သူ႔ကိုျပန္လိုက္ပို႔ေပးလိုက္ၾက "

" အကိုေလး ဆရာဝန္ကျပန္သြားပါၿပီ "

" အာ...ဒီေလာက္ေတာင္ျမန္လား "

" ဟုတ္ "

" ဒါဆိုလဲ ကိုးလ္အတြက္ စားစရာတစ္ခုခု ျမန္ျမန္သြားလုပ္ေပးလာခဲ့ "

" ဟုတ္ကဲ့ .... ဟုတ္ကဲ့ "

အခန္းထဲတြင္ ေလေျပရွင္းႏွင့္ ကိုးလ္တို႔ႏွစ္ေယာက္သာ က်န္ခဲ့ၿပီး ရွင္းက ကိုးလ္လက္မ်ားကို ေႏြးေထြးစြာ ဆုပ္ကိုင္လာခဲ့ေလသည္။ အလြန္ညင္သာစြာ ေလေျပရွင္းမွာကား ကိုးလ္အတြက္ ေျပာလာခဲ့ေသးသည္။

" အဲ့တာေၾကာင့္ မေန႔ညက ေရေတြေျခာက္ေအာင္သုတ္ပါလို႔ ကိုယ္ေျပာခဲ့တယ္ေလ "

" ကြၽန္ေတာ့္ရဲ႕ေပါ့ဆမႈေၾကာင့္ ရွင္းကို အလုပ္ရႈပ္ေစခဲ့ၿပီ "

" မဟုတ္ဘူး ကိုယ္ ကိုးလ္ကို အလုပ္ရႈပ္စရာလို႔မျမင္ပါဘူး "

ကိုးလ္ရဲ႕ လက္မ်ားကို ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး ေလေျပရွင္းဟာ ဆက္ေျပာလာခဲ့ေလသည္။

" ေနာက္ခါၾကရင္ ေနမေကာင္းမျဖစ္ေစနဲ႔ မဟုတ္ရင္ ကိုယ္အျပစ္ေပးရလိမ့္မယ္ "

" ဗ်ာ...... ဟုတ္....ဟုတ္ "

ကိုးလ္ တစ္ေယာက္ နားမလည္လိုက္သည့္ဟန္ျဖင့္ အေယာင္ေယာင္အမွားမွား ျပန္ထူးလိုက္ေလသည္။ ေလေျပရွင္းလို သားရဲတစ္ေကာင္ေရွ႕မွာ ကိုးလ္ဟာ ႏူးညံ့သည့္ ယုန္ေလးတစ္ေကာင္ႏွင့္ အလြန္ပင္ဆင္တူေနခဲ့သည္။

တစ္ခ်ိန္တည္းမွာပင္ သူတို႔အခန္းထဲသို႔ အိမ္ေဖာ္က ပန္းကန္တစ္ခုကိုင္လ်က္ ျပန္ဝင္လာခဲ့ေလသည္။ ရွင္းသည္ ထိုအိမ္ေဖာ္လက္ထဲကို ပန္းကန္ကိုဆြဲယူတာ ကိုးလ္ျမင္လိုက္ရၿပီး ဆက္လက္ေငးၾကည့္ေနခဲ့မိသည္။

" သြားေတာ့ "

ေလေျပရွင္း၏ အထက္စီးဆန္ေသာေလသံသည္ အိမ္ေဖာ္အား ႏွင္ထုတ္လိုက္ေလသည္။

" လာ.... ပါးစပ္ဟ "

ႏွစ္ခ်က္ေလာက္မႈတ္ထားေသာ ဆန္ျပဳတ္ကို ရွင္းက ကမ္းေပးလာခဲ့ၿပီး ကိုးလ္ကို စားရန္အရိပ္အႁမြတ္ျပေနခဲ့သည္။

" ရ...ရပါတယ္ ကြၽန္ေတာ္ ကိုယ့္ဘာသာစားလိုက္ပါ့မယ္ "

" ပါးစပ္ဟ "

" အာ....ကြၽန္ေတာ္ "

ကိုးလ္မွာ ရွင္း၏ အျပဳအမူမ်ားေၾကာင့္ ေနရခက္ေနခဲ့ၿပီး‌မွ ေနာက္ဆုံးတြင္ မတတ္ႏိုင္သည့္အဆုံး ေလေျပရွင္းအား အလိုလိုက္ရျပန္ေလသည္။ ပါးစပ္ဟေပးလိုက္ခ်ိန္တြင္ ပူပူ‌ေႏြးေႏြး ဆန္ျပဳတ္က ခံတြင္းအျပည့္ေနရာယူလာသည္။ ထို႔ျပင္ ရွင္း၏ လုပ္ငန္းစဥ္မ်ားက မၿပီးေသးပါေပ။ ႏႈတ္ခမ္းေထာင့္၌ ေပေနခဲ့ေသာ အရာမ်ားကို တစ္ရႈးသုံး၍ တယုတယသုတ္ေပးလာခဲ့ေသးသည္။ လူသတ္ဖို႔ရာ မ်က္ေတာင္မခတ္သည့္ မာဖီးရားဂိုဏ္း၏သခင္ေလးသည္ ဤမွ်လည္း ႏူးညံ့တတ္ပါေသးသည္။ ႏူးညံ့သည္မွာကား အျခားလူတစ္‌ေယာက္အျဖစ္ ကူးေျပာင္းသြားသည္ဟုေတာင္ ထင္မွတ္ရသည္အထိေပ။ သို႔ေသာ္၎မွာကား အခြင့္ထူးခံ လူအခ်ိဳ႕အတြက္သာ ျဖစ္ေလသည္။

နာရီဝက္အၾကာတြင္ ပန္းကန္ထဲက ဆန္ျပဳတ္ေတြအကုန္လုံးကုန္သြားခဲ့ေလသည္။ ပုံမွန္ေန႔ဆိုလွ်င္ ကိုးလ္အစာစားတာ အဲ့ေလာက္မၾကာျမင့္ေသာ္လည္း ေလေျပရွင္းမွာ ဆန္ျပဳတ္ကို တစ္ခါခပ္လိုက္တိုင္း သူလိုခ်င္ေသာအေနအထား မေရာက္မခ်င္း မႈတ္ေနခဲ့သည့္အျပင္ ကိုးလ္ပါးစပ္ကိုလည္း ဂ႐ုတစိုက္သန႔္ရွင္းေရး လုပ္ေပးေနေသာေၾကာင့္ပါပင္။ မဟုတ္လွ်င္ ကိုးလ္စားၿပီးသြားမည္မွာ ၾကာလွၿပီျဖစ္ေလေတာ့သည္။

" ေရာ့.... "

ေလေျပရွင္းက ကိုးလ္လက္ထဲကို ေဆးထည့္ေပးလာရင္း ေရပါကမ္းေပးလာခဲ့ေလသည္။ မညီးမညဴပင္ လက္ထဲက ေဆးကိုေသာက္လိုက္သည့္အခါမွ ရွင္း တစ္ေယာက္အနည္းငယ္ ေၾကနပ္သြားဟန္တူသည္။

" အနားယူေတာ့ "

" ခဏ... "

ေစာင္ၿခဳံေပးၿပီး ထသြားရန္ျပင္ေနေသာ ရွင္းကို လွမ္းဆြဲလိုက္ကာ က်န္သည့္စကားမ်ားကို ဆက္ေျပာဖို႔ ကိုးလ္အနည္းငယ္ ရွက္ေနခဲ့ေလသည္။ ေျပာဖို႔ရာအတြက္ အေတာ္အခ်ိန္ယူလိုက္ရၿပီး ရွင္းကလည္း စိတ္‌ရွည္စြာ ေစာင့္ေနခဲ့သည္။

" ကြၽန္ေတာ္.... ကြၽန္ေတာ္ "

" ....... "

ရွင္းက ခံစားခ်က္မဲ့သည့္ မ်က္လုံးမ်ားျဖင့္သာ ျပန္ၾကည့္လာေလသည္။ ကိုးလ္အေနျဖင့္ ထိုခံစားခ်က္မဲ့ေနသည့္ အၾကည့္မ်ားေၾကာင့္ အနည္းငယ္ ေၾကာက္႐ြံ႕လာရသည္မွာ ေျပာရန္တြန႔္ဆုတ္ေနေသာ စကားမ်ားပင္ ပို၍ထစ္ေငါ့လာရသည္အထိပင္။

" ဟို...ဟို... အိမ္မွာ ...ပိုက္ဆံေလး ျပန္ယူလို႔ ရမလား "

ကိုးလ္ၾကည့္ရသည္မွာ ခ်က္ခ်င္းပင္ ထငိုေတာ့မည္ဟုေတာင္ ထင္ရေပသည္။ သို႔ေသာ္ ကိုးလ္နဲ႔ဆန႔္က်င္စြာ ေလေျပရွင္းမွာ အလြန္တည္ၿငိမ္ေနခဲ့၏။

" ဘာျဖစ္လို႔လဲ "

" လိုအပ္တာေလးေတြ ဝယ္ခ်င္လို႔ပါ "

" ....... "

ရွင္းက စိုက္ၾကည့္ေနဆဲပင္။

" ကြၽန္ေတာ္.... အိမ္ခဏျပန္လို႔ရမလား "

ေခါင္းကို ေအာက္သို႔ငုံ႔ထားလ်က္ တိုးဖြစြာ ေတာင္းဆိုေနေသာအသံေလးသည္ အခန္းထဲတြင္ ပ်ံ႕နံ႔ေနခဲ့ေလသည္။

" မရဘူး "

" ဗ်ာ ? "

" နားေတာ့ "

" ဟုတ္....ဟုတ္ "

ဆက္ေတာင္းဆိုမေနေတာ့ဘဲ ကိုးလ္ဟာ နာခံမႈအျပည့္ျဖင့္ ေလေျပရွင္း ေျပာသမွ်ကို နားေထာင္ေလသည္။ အခန္းအျပင္သို႔ ရွင္း ထြက္သြားေသာအခါတြင္ အိမ္ေဖာ္ႏွင့္ စကားေျပာေနေသာ အသံသဲ့သဲ့ကို ကိုးလ္ၾကားလိုက္ရ၏။

" အစ္ကိုေလး "

" အားလုံးကိုမွာထားလိုက္ ဒီေန႔ကစၿပီး ညဘက္ဘယ္သူမွ ေခါင္းမေလွ်ာ္ရဘူးလို႔ "

" ရွင္ "

" ေလွ်ာ္တာေတြ႕ခဲ့ရင္ အျပစ္ေပးတာခံရမယ္လို႔ပါေျပာလိုက္ "

အမွန္စင္စစ္တြင္ ရွင္းသည္ကား ကိုးလ္ ၾကားေအာင္ တမင္ေျပာေနခဲ့ျခင္းျဖစ္ပါသည္။ သူထိုကဲ့သို႔စည္းကမ္းခ်က္ အသစ္ထုတ္လိုက္လွ်င္လည္း တိမ္ယံဆင့္မွာေတာ့ ေသခ်ာေပါက္ ဂ႐ုပင္စိုက္လိမ့္မည္မဟုတ္ေပ။ ေလေျပညႇင္းကေတာ့ အေရွ႕၌ေၾကာက္ခ်င္ေယာင္ေဆာင္ ေနာက္ကြယ္၌ ခိုး၍ေဖာက္ဖ်က္လိမ့္မည္ျဖစ္သည္။ ေနာက္ဆုံးက်န္ခဲ့သည္မွာ ကိုးလ္တစ္ေယာက္ပင္ ရွိပါေလေတာ့သည္။ ရွင္း ရည္႐ြယ္သည္မွာလည္း ကိုးလ္ဆီသာျဖစ္သည့္အတြက္ က်န္သူမ်ားေဖာက္ပ်က္လွ်င္ေတာင္ ကိုးလ္မလိုက္နာ၍ေတာ့ မရေပ။ ေခ်ာေမာ့ကာအၿမဲနားခ်ေနလွ်င္ ၾကာလွ်င္ ကိုးလ္လည္း ေလေျပလို မနာခံတတ္ေတာ့မွာ ဆိုးေသာေၾကာင့္ သူဟာဤနည္းလမ္းကို အသုံးျပဳလိုက္ရျခင္းျဖစ္ေလသည္။ တစ္ဖက္၌ အနည္းငယ္စိတ္မေကာင္း ျဖစ္ေသာ္ျငား ဆန႔္က်င္ဘက္အေနျဖင့္လည္း သူအလြန္ေၾကနပ္မိ၏။

ေလေျပရွင္း၏ ဩဇာႀကီးမားပုံသည္ အလြန္အမင္းကို ေၾကာက္မခမ္းလိလိျဖစ္ကာ အေတာ္ေလးကိုလည္း ခမ္းနားက်ယ္ျပန္လြန္ပါ၏။ ထိုပဲ့သို႔မဟုတ္လွ်င္ အိမ္ျပင္မထြက္ရန္ မွာၾကားခံထားရေသာ ေလေျပညႇင္းမွာ အစ္ကိုျဖစ္သူ၏ အမ်က္ေတာ္ရွမွာကို နည္းနည္းမွဂ႐ုမစိုက္ဘဲ ယခုကဲ့သို႔ Market ထဲ ေလွ်ာက္သြားေနလိမ့္မည္မဟုတ္ေပ။

" အင္း..... ဒီတစ္ခု ျပေပး "

ဂါဝန္တစ္ခုကို လက္ညႇိဳးထိုးလိုက္ကာ ေလေျပညႇင္းက ဆိုင္ဝန္ထမ္းကို ေျပာလိုက္သည္။

" ဒီတစ္ခု ငါယူမယ္ "

ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ေလေျပနဲ႔အသက္ခ်င္း မတိမ္းမယိမ္းဟုထင္ရေသာ အမ်ိဳးသမီးတစ္ေယာက္သည္ ေလေျပညႇင္း ယူရန္လုပ္ထားေသာ အက်ႌကိုျဖတ္လုလာခဲ့ေလသည္။ သူမမ်က္ႏွာအား တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္ေတာ့ အ႐ြယ္အစားႀကီးေသာ ေနကာမ်က္မွန္ကို ဝတ္ဆင္ထားကာ အနားသတ္တြင္ ေ႐ႊေရာင္လိုင္းမ်ားပါသည့္ ဂါဝန္အၾကပ္ကိုလည္း ဝတ္ဆင္ထားေလသည္။ ထိုဂါဝန္မွာ ပွ်မ္းမွ်အားျဖင့္ ေပါင္လယ္ေလာက္ရွိမည္ဟု ထင္ရကာ သူမခႏၶာကိုယ္ေကာက္ေၾကာင္းကို အေတာ္ေလးေပၚလြင္ေစ၏။ ေလေျပလို အဝတ္အစားကို ဂ႐ုမစိုက္ဘဲ အဆင္ေျပရာ ရွာဝတ္တတ္သူႏွင့္ေတာ့ အေတာ္ေလးကြာျခားလွ၏။

" စိတ္မရွိပါနဲ႔....ဒီတစ္ခုက ပိုင္ရွင္ရွိၿပီးသြားၿပီေနာ္ မမ "

ေလေျပဟာ တမင္တကာ မမတပ္ေခၚလိုက္ၿပီး ေျပာသည့္စကားမ်ားမွာေတာ့ အနည္းငယ္ ရင့္သီးသည့္အေငြ႕အသက္မ်ား ေဖာ္ထည့္ေရာေမႊထားေလသည္။

" ဘယ္သူ႔ကို မမေခၚတာလဲ  "

" ဒါဆိုဘယ္လိုေခၚရမွာလဲ...." ေဟ့ " လို႔လား။ ဒါမွမဟုတ္ " အေဒၚ "လား ၊ " အန္တီ "လား ဘယ္ဟာပိုႀကိဳက္လဲ အဆင္ေျပသလိုေခၚေပးမယ္ "

" တိတ္စမ္း "

" ....... "

" ၾကည့္လိုက္တာနဲ႔ နင္နဲ႔ငါ အသက္သိမ္မကြာေလာက္ဘူး "

" အယ္.... မျဖစ္ႏိုင္တာ ။ေသခ်ာေပါက္ ဒီဘက္ကတစ္ေယာက္က ေလေျပထက္ အသက္အမ်ားႀကီး ပိုႀကီးမယ့္ပုံပဲ "

" နင္...နင့္အသက္ဘယ္ေလာက္လဲ "

" 20...အန္တီကေကာ "

" ငါ့ကို အန္တီလို႔မေခၚနဲ႔ ငါ 23ပဲရွိေသးတာ "

" ႀကီးတာကႀကီးတဲ့ဘဲ မဟုတ္ဘူးလား။ ဟိုအသက္အရမ္းငယ္ခ်င္တဲ့ ေရာဂါေတြဘာေတြရေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ "

ေလေျပညႇင္း၏ အဆိပ္သုတ္ထားေသာ စကားမ်ားေၾကာင့္ အေျပာခံရသူမွာ ေဒါသတရားမ်ားေပါက္ကြဲ ထြက္လာေလသည္။ သူမက စိတ္ဆိုးမာန္းဆိုးျဖင့္ ေနကာမ်က္မွန္ ဆြဲခြၽတ္လိုက္ခ်ိန္တြင္ ေလေျပဟာ အေတာ္လွသည့္ မိန္းမပဲဟု စိတ္ထဲမွႀကိတ္ခ်ီးမြန္းလိုက္ပါသည္။ သို႔ေသာ္ ဆက္ေျပာလာသည့္ သူမစကားမ်ားေၾကာင့္ ေလေျပ၏ ခ်ီးမြန္းခန္းဟာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ပေပ်ာက္ကြယ္သြားခဲ့သည္မွာအစြန္းတစ္စေလးပင္ လွမ္းဆြဲထားလို႔ မမွီႏိုင္ခဲ့ေပ။

" အဲ့အက်ႌကို ထည့္လိုက္ ငါယူမယ္ "

" ဒီမွာ ေလေျပ ယူၿပီးသားလို႔ေျပာေနတယ္ေလ "

" ေကာင္မေလး မင္းငါ့ကိုမသိဘူးလား ဒီဆိုင္မွာငါက VVIP ပဲ "

" ဂ႐ုမစိုက္ဘူး ဒီေန႔ အဲ့အက်ႌကိုပဲ ရေအာင္ယူမွာ "

" ဟို..ဟိုေလ ဆိုင္မွာ ဒုတိယတစ္ခု ရွိပါေသးတယ္။ ဧည့္သည္ႏွစ္ေယာက္ လုစရာမလိုပါဘူး "

" မရဘူး ဒီတစ္ခုပဲယူမွာ "

" မရဘူး ဒီတစ္ခုပဲယူမွာ "

ႏွစ္ေယာက္လုံး တၿပိဳင္နက္ေျပာမိသြားၾကေလသည္။

" ဟြန႔္ "

" ဟြန႔္  "

စိတ္မရွည္စြာျဖင့္ အသံျပဳကာ ထပ္မံေက်ာခိုင္းလိုက္ၾကျပန္သည္။ မိန္မေတြသည္ အလြန္ခန႔္မွန္းရခက္ကာ  အေရာင္းဝန္ထမ္းေလးမွာျဖင့္ ထိုႏွစ္ေယာက္၏အလယ္တြင္ အက်ႌကိုကိုင္ၿပီး ေရွ႕မတိုးသာ၊ ေနာက္မဆုတ္သာေသာ အၾကပ္႐ိုက္မႈတို႔ျဖင့္ ႀကဳံေတြ႕ေနရေလသည္။

" ဟိုမွာ ဆူးသစၥာမလား.... "

လူတစ္စုသည္ ေလေျပတို႔ရွိရာထံ လက္ညႇိဳးထိုးၿပီး ျပာျပာသလဲ ေအာ္ဟစ္ကုန္ၾကေလသည္။ ဘာေတြျဖစ္ေနမွန္း ေလေျပနားမလည္ေသာ္လည္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္ရွိေနသည့္ လူမွာေတာ့ ေနကာမ်က္မွန္ကိုျပန္တပ္လိုက္ကာ မ်က္ႏွာကို မျပသမိေစရန္အသည္းအသန္ ဖုံးကြယ္ေနေလသည္။

" အား....ေခ်ာတယ္ ။ငါ့မိန္းမ...ငါ့မိန္းက အျပင္မွာဆို ပိုေခ်ာတာဟ "

" ေသစမ္း "

ဆူးသစၥာဟာ ခပ္တိုးတိုးက်ိန္ဆဲလိုက္ၿပီး ဒီလူအုပ္ၾကားထဲကေန ဘယ္လိုထြက္သြားရမလဲဆိုတာကို စဥ္းစားရခက္ေနခဲ့ေလသည္။ သူမ‌အေနျဖင့္ shooting မရွိေသာရက္ကေလးတြင္ ေအးေအးလူလူ ေဈးဝယ္ထြက္ရန္ ႀကံစည္ထားျခင္းျဖစ္ေသာ္လည္း အခုေတာ့ အရာအားလုံး ပ်က္သုန္းျခင္းကိန္းစိုက္ေနၿပီ ျဖစ္ပါေသာေၾကာင့္ပင္။

" အန္တီ ဆိုင္ေရွ႕ကလူေတြက  အန္တီ့ကိုၾကည့္ဖို႔ လာတာထင္တယ္ ျမန္ျမန္သြားေတြ႕လိုက္ေလ "

" နင့္အပူမပါဘူး "

ဆူးသစၥာဟာ ျပႆနာတတ္ေနသည့္ၾကား၌ပင္ ေလေျပႏွင့္ၿပိဳင္၍ ရန္ျဖစ္လိုက္ပါေသးသည္။ သူမက ပိုက္ဆံအိတ္ထဲက ဖုန္းကို အလ်င္အျမန္ထုတ္ယူလိုက္ကာ လက္တစ္ဖက္ကို အသုံးျပဳလိုက္ၿပီး ဖုန္းနံပါတ္တစ္ခုကို ေခၚဆိုလိုက္သည္။ ဆူးသစၥာပုံမွာ အနည္းငယ္ အလ်င္လိုေနခဲ့ဟန္ေပၚၿပီး ခဏအၾကာတြင္ တစ္ဖက္လူက ဖုန္းကိုင္လာခဲ့ေလသည္။

" ငါ Swan ရဲ႕ 18 ထပ္ေျမာက္မွာ fanေတြ ေတြ႕သြားလို႔ ျပန္ထြက္မရဘူး အခုခ်က္ျခင္းလာခဲ့ "

ဆိုင္ေရွ႕တြင္ထူထဲလွေသာ လူအုပ္တစ္အုပ္ရွိေနခဲ့ကာ တားျမစ္ထားေသာ လုံၿခဳံ‌ေရးအခ်ိဳ႕ေၾကာင့္သာ ဆိုင္ထဲဝင္မလာႏိုင္ၾကျခင္း ျဖစ္ေလသည္။ ခဏအၾကာတြင္ ဆူးသစၥာ၏ လွမ္းေခၚခံရေသာ မန္ေနဂ်ာမွာ အေျပးအလႊား ေရာက္ရွိလာခဲ့သည္။

" ဆူး....အဲ့တာေၾကာင့္ အျပင္ထြက္ရင္ ေသခ်ာဂ႐ုစိုက္သြားပါလို႔ ေျပာထားတာကို အခုေတာ့အားလုံးရႈပ္ကုန္ၿပီ "

" ဆူးကို ဆက္ၿပီး အျပစ္တင္ေနမယ္ဆို ျပန္လိုက္ေတာ့ "

" ဟုတ္ပါၿပီ အမေျဖရွင္းေပးမယ္ စိတ္ေအးေအးထားေနာ္ "

" အရင္ဆုံး ဒီကညီမေလး အမကိုတစ္ခုေလာက္ ကူညီႏိုင္မလား "

" မကူညီႏိုင္ဘူး "

ေလေျပက ခပ္သြက္သြက္ပင္ ျငင္းဆန္လိုက္ေလသည္။

" သူ႔ကိုသြားမေျပာနဲ႔ "

ဆူးသစၥာကလည္း မန္ေနဂ်ာကို ထပ္မံသတိေပးသည္။ သို႔ေသာ္ မန္ေနဂ်ာက ဆူးသစၥာကို ဂ႐ုမစိုက္ဘဲ ေလေျပညႇင္းထံ ဆက္ေျပာလာခဲ့ျပန္သည္။

" လိုခ်င္တာမွန္သမွ် ေတာင္းဆိုလို႔ရတယ္။ ဒီတစ္ခါေလာက္ေတာ့ ကူညီပါေနာ္ "

" လိုခ်င္တာ မွန္သမွ်လား "

" ဟုတ္တယ္ "

ဆူးသစၥာအား လွမ္းၾကည့္လိုက္ခ်ိန္တြင္ သူမမ်က္ႏွာက သေဘာမက်ေသာ္ျငား ဘာမွေတာ့ ဝင္ေျပာမလာခဲ့ေပ။ ဆိုင္မွာ ေဘးနံရံအျပည့္တြင္ မွန္မ်ားျဖင့္သာ ကာရံထားေသာေၾကာင့္ ဆိုင္ထဲသို႔ အျပင္ဘက္မွေန၍ ထုတ္ခ်င္းေပါက္ျမင္ေနရေလသည္။ ဒါေၾကာင့္ သူတို႔သုံးေယာက္သည္ အထည္ႏွင့္ကြယ္ေနေသာ ေနရာတစ္ခုသို႔ေျပာင္းေ႐ြ႕လိုက္ကာ အစီအစဥ္ကို ဆက္လက္ေရးဆြဲၾကေလသည္။

" ေလေျပမွာ ေတာင္းဆိုစရာရွိတယ္ "

" ေျပာ "

" ေစာေစာကအက်ႌရယ္ ....ဟိုဟာ...ဟိုဟာ...ဟိုဟာ "

ေလေျပက ေဈးအလြန္ႀကီးမယ္ ထင္ရေသာ အက်ႌမ်ားကို ဆယ္စုံထက္မက လက္ညႇိဳးထိုး၍ ၫႊန္ျပလိုက္ၿပီး

" အကုန္ထုတ္လိုက္....သူတို႔ရွင္းလိမ့္မယ္ "

ဝန္ထမ္းမွာ နာခံမႈအျပည့္ျဖင့္ ေလေျပ ၫႊန္ျပ‌ထားေသာ အက်ႌမ်ားကို ဂ႐ုတစိုက္‌ထည့္ကာ အလုပ္ရႈပ္ေနေတာ့ေလသည္။ မန္ေမဂ်ာ၏ တိတိတခိုးတံေတြးၿမိဳခ်ေနသံကို ၾကားေနရေသာ္လည္း မသိခ်င္ေယာင္ေဆာင္လိုက္ကာ ေလေျပညႇင္း၏ မ်က္ႏွာမွာမူ ေအာင္ႏ္ုင္သူ၏အၿပဳံးမ်ား အျပည့္ေနရာယူထားေလေတာ့သည္။ နာမည္ႀကီး brand တံဆိတ္မ်ားကိုသာ ေ႐ြးယူလိုက္သည့္အတြက္ ဘယ္ေလာက္ပဲ လစာေကာင္းသည့္ မာန္ေနဂ်ာျဖစ္ေနပါေစ 6 လစာေလာက္ေတာ့ ေလေျပလက္ထဲ ပလုံသြားၿပီျဖစ္ေလသည္။

" အစီအစဥ္က လြယ္ပါတယ္ .... ညီမေလးက ဒီကုတ္ကိုၿခဳံၿပီး အမနဲ႔အျပင္ကိုထြက္ၿပီး ဆူးလို႔ အထင္မွားသြားေအာင္ လုပ္ရမယ္...ဒါေပမယ့္ မ်က္ႏွာကိုေတာ့ ကြယ္ထားရမယ္ "

" အင္း "

" Fan ေတြက အမတို႔ေနာက္ကို လိုက္လာမွ ဆူးက အေနာက္ကေန တိတ္တိတ္ေလးထြက္သြား ဟုတ္ၿပီလား "

" ကေလးကလား အစီအစဥ္နဲ႔ "

ေလေျပညႇင္းကေတာ့ အေတာ္ေလးကို ခပ္တုံးတုံးႏိုင္သည့္ အစီအစဥ္ဟု ေခါင္းစဥ္တပ္မိေလသည္။ Fan ေတြနဲ႔ေတြ႕ၿပီး ႏႈတ္ဆက္လိုက္႐ုံေလးပဲကို ဘာေတြအဲ့ေလာက္ေတာင္ေၾကာက္ေနလဲ သူစဥ္းစားမရေတာ့ပါေပ။

" ဘာေျပာတာလဲ "

ဆူးသစၥာဆီက တုန႔္ျပန္လာေသာ မာေက်ာသည့္ အသံျဖစ္ေလသည္။

" ျမန္ျမန္လုပ္ၿပီး ျမန္ျမန္အဆုံးသတ္ၾက‌တာေပါ့ ေလေျပမွာ အဲ့ေလာက္အခ်ိန္မရွိဘူး "

ေျပာထားသည့္အတိုင္း ေလေျပနဲ႔ မန္ေနဂ်ာျဖစ္သူက ဆိုင္ေရွ႕သို႔ ထြက္သြားၿပီး အနည္းငယ္ ခပ္ေဝးေဝးေရာက္ခ်ိန္တြင္ ထိုခပ္တုံးတုံး fan တစ္စုက ေနာက္မွတပ္ၾကပ္မခြာ လိုက္လာၾကေလသည္။ ေလေျပက စ္တ္ထဲမွေတြးေတာေနမိပါေတာ့သည္။

" ငါကသူတို႔ idol နဲ႔ အဲ့ေလာက္လဲ ႐ုပ္ခ်င္းတူမေနဘဲနဲ႔ ဒါေလးေတာင္ မခြဲႏိုင္ၾကဘူးလား "

အလြန္ေတာ္လြန္းေသာ ေလေျပရွင္း၏ ညီမေလးသည္ သူ႔မ်က္ႏွာကို ကုတ္အက်ႌျဖင့္ ဖုံးကြယ္ထားေသာေၾကာင့္ ဖန္ေတြမျမင္ရတာကိုေတာ့ ထည့္မစဥ္းစားမိလိုက္ပါေခ်။ ေဘးတြင္ ဆူးသစၥာ၏ မန္ေနဂ်ာရွိေနသည့္အတြက္ ဖန္ေတြရဲ႕အထင္ခြဲမႈကလည္း အရမ္းတုံးအလြန္းေသာ ဉာဏ္ရည္ကို အျပစ္တင္၍လည္း မရႏိုင္ေပ။

ဆူးသစၥာ၏ ဖန္ေတြ အတင္းဝိုင္းအုံလာခ်ိန္တြင္ ေလေျပတို႔ ေရွ႕ဆက္ေလွ်ာက္လို႔မရေတာ့ဘဲ ပိတ္မိကုန္ၾကေလသည္။ ထို႔ေနာက္ဆူညံေနေသာ လူထုေၾကာင့္ ေလေျပက သည္းမခံႏိုင္ေတာ့ဘဲ ကုတ္အက်ႌကို ဖယ္ရွားလိုက္ကာ မ်က္ႏွာကိုေဖာ္ျပလိုက္ရာ လူအားလုံး စိတ္ပ်က္သြားၾကသည္။

" ဟာ "

လူတိုင္း၏ စိတ္ပ်က္သြားေသာ အသံမ်ားတစ္ၿပိဳင္နက္ ထြက္လာၾကေလသည္။

" ဆူးသစၥာမဟုတ္ဘူး သူကဘယ္ေရာက္သြားတာလဲ "

" ငါတို႔အလွည့္စား ခံလိုက္ရၿပီပဲ "

" ေသခ်ာတာေပါ့ ဒါက႐ုပ္ရွင္တိုင္းမွာ ျမင္ေနက်အကြက္ပဲကို ငါ ကိုဆင့္ကို လိုက္တုန္းကဆိုရင္ သူဘယ္ေျပးေျပးမလြတ္ဘူး။ ေနာက္ဆုံး ငါ့ကိုေတာင္ ျပန္ေတာင္းပန္ရတဲ့အထိဘဲ...ဟီးဟီး "

စိတ္ထဲမွ ေလေျပ ႀကိတ္ေတြးၿပီး အျပင္ဘက္၌ ေကာက္က်စ္စဥ္းလဲေသာ အၿပဳံးတစ္ခုကို မ်က္ႏွာထက္၌ ပုံသြင္းထားေလသည္မွာ ေလေျပရွင္း၏ ညီမဆိုတာမေျပာဘဲ ယုံၾကရမည္အထိပင္။

ခဏအၾကာတြင္ ေလေျပတို႔နားတြင္ လူတစ္ေယာက္မွမရွိေတာ့ဘဲ ပုံမွန္အေနအထားသို႔ ျပန္ေရာက္သြားေလသည္။ မန္ေနဂ်ာက ေလေျပလက္ထဲ 10ခုမကေသာ အိတ္မ်ားကို ထည့္ေပးသြားၿပီး ျပန္ထြက္သြားသည္။

" ႏွစ္‌ေယာက္လုံး ထြက္လာခဲ့ၾက "

ေလေျပညႇင္းတစ္ေယာက္ ေလဟာနယ္ကို စကားေျပာရင္း အ႐ူးတစ္ေယာက္ႏွယ္ ျပဳမူလိုက္ေသာ္လည္း အေနာက္ဘက္တြင္ ဘယ္ကမွန္းမသိသည့္ လူႏွစ္ေယာက္ ေရာက္ရွိလာေလသည္။ တိတ္ဆိတိေနၿပီး ေလေျပဘက္က မလႈပ္ရွားမလာမခ်င္း သူတို႔လည္း နည္းနည္းေလးမွ မေ႐ြ႕လ်ားၾကေပ။

" ေရာ့ "

ေလေျပက လက္ထဲက အိတ္မ်ားကို ကမ္းေပးလိုက္သည့္အခါ နာခံမႈအျပည့္ျဖင့္ ယူလိုက္ၾကသည္။ ေလေျပလက္ထဲတြင္ ဆူးသစၥာႏွင့္ အၿပိဳင္လုခဲ့ေသာ အိတ္တစ္အိတ္သာ က်န္ခဲ့ပါေတာ့သည္။ သို႔ေသာ္ ေလေျပက ကိုင္ခိုင္းထားျခင္းမဟုတ္ဘဲ အၿပီးပိုင္ ေပးလိုက္ျခင္းျဖစ္ေၾကာင္းကို ထပ္ေလာင္းေျပာလိုက္ပါေသးသည္။

" ယူလိုက္ "

" ဒါက ေဈးအရမ္းႀကီးတယ္ မမေလး "

" နင္တို႔ကို ဘယ္သူကအလကားေပးလို႔လဲ...ဒါက လက္ထိုးတာ။ အဲ့ဒီ့အစား ဒီေန႔ကိစၥကို ကိုကို႔ ,ကို ျပန္မတိုင္နဲ႔ "

" မျဖစ္ဘူး.....မျဖစ္ဘူး။ ကြၽန္ေတာ္တို႔ ေသလိမ့္မယ္ "

" ဟြန္း.... လုပ္ပါ.... ကိုကိုသိရင္ ေလေျပ ေသလိမ့္မယ္ "

" ကြၽန္ေတာ္တို႔လည္း ေသလိမ့္မယ္.... မလုပ္ရဲဘူး "

" မလုပ္ရင္ ေလေျပ ကိုယ့္ကိုကိုယ္ ဒဏ္ရာရေအာင္လုပ္လိုက္မယ္။ အဲ့လိုဆိုလည္း ကိုကို႔ဆီက အျပစ္ေပးတာ ခံရမွာပဲမလား "

" ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ခ်မ္းသာေပးလို႔မရဘူးလား "

" ေတာင္းပန္ပါတယ္ ေလေျပကို ကူညီေပးလို႔မရဘူးလား "

" ဟိုတစ္ခါကလည္း ေလေျပ ေပ်ာက္သြားတုန္းကလည္း သုံးလစာ အျဖတ္ခံလိုက္ရတယ္။ ဒီတစ္ခါသာထပ္မိရင္ ကြၽန္ေတာ္တို႔ သုံးလစာနဲ႔ မၿပီးသြားေလာက္ဘူး "

" အဲ့တာေၾကာင့္ အတူတူဖုံးကြယ္ၾကမယ္လို႔ ေျပာေနတာေလ။ ေလေျပ တို႔သာညီရင္ ဘယ္သူမွသိလိုက္မွာမဟုတ္ဘူး ေနာ္....ေနာ္ "

" ၾကည့္ရတာ ဘယ္သူမွမသိတာက မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္ "

Bodyguard ႏွစ္ေယာက္ထဲက တစ္ေယာက္က ထုတ္ေျပာလာေသာစကားျဖစ္ၿပီး ဖုန္းကို ေရွ႕သို႔ကမ္းေပးလာေလသည္။ ေလေျပညႇင္း အလ်င္ျမန္ယူၾကည့္လိုက္ၿပီး ေခါင္းမီးေတာက္လာသည္ဟုေတာင္ မိမိကိုယ္ကို ခံစားမိေနရသည္။

" ေသစမ္း...ဘယ္သူက လိုင္းေပၚတင္လိုက္တာလဲ "

လိုင္းေပၚတြင္ "'ဆူးသစၥာအေယာင္ေဆာင္ကာ ဖန္ေတြကိုလွည့္စားခဲ့ေသာ မိန္းကေလး " ဟူသည့္စာႏွင့္ ေလေျပပုံရိပ္က ထင္ထင္ရွားရွား ေနရာယူထားေလသည္။ ေဘးတြင္ မန္ေနဂ်ာျဖစ္သူက ေလေျပကိုေနာက္က ထိန္းကိုင္ေနေသာပုံျဖစ္ကာ ေလေျပညႇင္း၏ မ်က္ႏွာက ေအးေအးလူလူျဖင့္ တစိုးတစီမွ စိုးရိမ္ပူပန္မေနပုံမွာ အခုျဖစ္ေနသည့္ အသြင္အျပင္ႏွင့္ေတာ့ နည္းနည္းေလးမွ သက္ဆိုင္မေနဘဲ ဆန႔္က်င္ဘက္သို႔သာ ျမားဦးၫႊန္ျပေနသည္ ။

" အခု ကြၽန္ေတာ္တို႔တစ္ကယ္ ေသၿပီ.... ဘယ္လိုလုပ္ၾကမလဲ "

ေလေျပထက္ပင္ ထိုႏွစ္ေယာက္က ပို၍စိတ္ေသာက ေရာက္ေနဟန္ျဖင့္ မငို႐ုံတမယ္ ေျပာလာၾကေလသည္။

" တိတ္.... "

အထက္စီးဆန္ေသာ အမိန႔္ေပးသံေၾကာင့္ bodyguard ႏွစ္ေယာက္မွာ တိတ္သြားၾကေလသည္။

" နင္တို႔အသံေတြေၾကာင့္ ငါငိုလို႔မရဘူး...အီး....ဟီး.....ဟီး .....အိမ္မျပန္ရဲဘူး "

" မရဘူး "

" မရဘူး "

Bodyguard  ႏွစ္ေယာက္က တစ္ၿပိဳက္နက္ေအာ္လိုက္တာေၾကာင့္ ေလေျပပင္လန႔္ၿပီး ထခုန္မိမတတ္ျဖစ္သြားသည္။

" ဟင္ ! "

" ဟန္ေဆာင္မေနနဲ႔....ဘယ္တုန္းက အိမ္ကိုေၾကာက္ဖူးလို႔လဲ။ ေလေျပနည္းနည္းေလာက္ ဂ်ီက်လိုက္တာနဲ႔ ဦးမင္းအာကာက အကုန္ခြင့္ျပဳေပးတာဘဲ....ကိုေလေျပရွင္းလည္း အတူတူဘဲ ဆူတာေတာင္ မေတြ႕ဖူးဘူး "

" ဒါေပမယ့္ ..... "

" ဘာမွဆက္မေျပာနဲ႔ ျပန္ၾကမယ္ "

" ဟင္ ျပန္ရေတာ့မွာလား လည္လို႔ေတာင္မဝေသးတာကို "

" ျပန္မယ္ "

" ဟင္း .....ေကာင္းၿပီေလ "

ႏႈတ္ခမ္းေထာ္ကာ ေလေျပ အိမ္ျပန္ရန္ သေဘာတူလိုက္ရေလေတာ့သည္။

အိမ္ထဲသို႔ဝင္လာလိုက္ခ်င္းမွာတင္ သာမာန္ထက္ပို၍ တိတ္ဆိတ္မႈမ်ိဳး ေလေျပႀကဳံေတြ႕ ေနရတာေၾကာင့္ အနည္းငယ္ပင္ ထိတ္လန႔္လာမိၿပီး ေလထုကပို၍ေအးစက္လာသည္ဟု ခံစားမိလာေလသည္။ သို႔ေသာ္အခန္းထဲသို႔ ဘယ္သူမွသတိမထားမိခင္ အျမန္ဝင္လ်က္ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္မည္ဟု ႀကံစည္ထားေသာ္လည္း ဘယ္ကထြက္လာမွန္းမသိသည့္ အသံတစ္ခုက ေလေျပညႇင္းကို ဟန႔္တားလိုက္ေလသည္။

" ျပန္လာၿပီလား "

ေလေျပရွင္းမွာ ဧည့္ခန္းထဲတြင္ထိုင္လ်က္ ေျခေထာက္ႏွစ္‌ဖက္ကို လက္တစ္ေထာင္စာေလာက္ကား၍ ထိုင္ေနကာ လက္တစ္ဖက္ကို ေနာက္ကဆိုဖာတန္းေပၚ တင္ထားၿပီး က်န္တစ္ဖက္က စာအုပ္တစ္အုပ္ကို ကိုင္ေနခဲ့သည္။

" ကို....ကို "

" ........ "

" ဟဲ...ဟဲ အလုပ္ကအေစာႀကီး ျပန္လာတာဘဲေနာ္ "

" ဘယ္ကျပန္လာတာလဲ "

ေလေျပညႇင္းက အခ်ိဳသတ္ရန္ႀကိဳးစားေသာ္လည္း ရွင္းအသံက စိတ္ဆိုးျခင္းလည္းမရွိသလို အလြန္သာယာေနျခင္းမ်ိဳးလည္းမရွိသည္မွာ ေရေသေနေသာ ကန္ေရျပင္ကဲ့သို႔ လြန္စြာတည္ၿငိမ္လွ၏။

" အင္း.... ဟိုနား ဒီနား လမ္းေလွ်ာက္ထြက္တာပါ "

" မလိမ္နဲ႔ "

" ေတာင္းပန္ပါတယ္ ေလေျပအိမ္က ခိုးထြက္မိပါတယ္...မဆူနဲ႔ေတာ့ေနာ္ ကိုကို "

" ဒါပဲလား "

ရွင္းက စာအုပ္ကို ဖုန္းခနဲျမည္ေအာင္ စားပြဲေပၚသို႔ ပစ္ခ်လိုက္ေလသည္။ ေလေျပတစ္ေယာက္ အစ္ကိုျဖစ္သူနား အသည္းအသန္ေလွ်ာက္သြားလိုက္ၿပီး အက်ႌစေလးကိုကိုင္ကာ ခပ္ေျဖးေျဖးဆြဲလ်က္ စတင္ကာသိမ္းသြင္းေတာ့သည္။

" ကိုကိုကလည္း....ေလေျပ ေတာင္းပန္ၿပီးၿပီေလ "

" သြားနားေတာ့ "

" မဆူေတာ့ဘူးေပါ့ "

ရွင္းက အမည္ေဖာ္မရေသာ အၾကည့္တို႔ျဖင့္ ျပန္ၾကည့္လာေလသည္။

" ဟီး.....ဟီး... သြားေတာ့မယ္ေနာ္ "

ေလေျပညႇင္းကို အိမ္ျပင္မထြက္ခိုင္းရျခင္းမွာ အေၾကာင္းအရင္းတစ္ခုထဲသာ ရွိပါသည္။ ငယ္ငယ္ထဲက သည္းသည္းလႈပ္အခ်စ္ခံရၿပီး လိုတာမွန္သမွ် တတိုင္းရႏိုင္သည့္ သူ႔ညီမေလးကို ဦးစစ္ဟန္တို႔လူတစ္စုေၾကာင့္ ထိခိုက္မႈအေသးစားေလး ရသြားမွာ‌ေတာင္မလိုလားေသာေၾကာင့္ျဖစ္ပါသည္။ ေလေျပက ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ စူးစမ္းတတ္သည့္စ႐ိုက္ ရွိေလေသာေၾကာင့္ အတင္းအၾကပ္ေစခိုင္းလိုက္လွ်င္ ျပန္ဆန႔္က်င္တတ္သည့္ သေဘာတရားမ်ား ေဆာင္က်ဥ္းထားတတ္သည္။ ထို႔ေၾကာင့္ ရွင္းသည္ မလိုအပ္လွ်င္ ေလေျပအေပၚ မခ်ဳပ္ခ်ယ္တတ္ေပ။ သေဘာရွိ လႊတ္ေပးထားကာ မျမင္ခ်င္ေယာင္ ေဆာင္ေပးထားတတ္သည္။ သို႔ေသာ္ယခု၌မူ ရွင္း ကိုယ္တိုင္ေတာင္ အလုပ္အရမ္းမ်ားေနသည့္အတြက္ အနားကလူမ်ားကို တစ္ေယာက္ခ်င္း လိုက္ဂ႐ုမစိုက္ႏိုင္ေတာ့ေခ်။ ထို႔ေၾကာင္ ယခုလို စည္းကမ္းတင္းၾကပ္ေနရျခင္းျဖစ္ေလေတာ့သည္။

______________________________

Note/

ေစာေစာဖတ္ရေအာင္ ဒီေန႔တင္ေပးလိုက္တာ ျဖစ္တဲ့အတြက္ 25 ရက္ေန႔ ၊ ဆင့္ ေမြးေန႔က်ရင္ ထပ္တင္ေပးႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူးဗ်။
အားလုံး ေကာင္းမြန္တဲ့ေန႔ေလး ပိုင္ဆိုင္ႏိုင္ၾကပါေစ😘။

Continue Reading

You'll Also Like

2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
14.4K 1.4K 23
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။
168K 7.9K 137
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...