ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 372K 14.8K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

43.1

15K 2.6K 91
By Rozu_roro

Unicode


ရှီယွင်နန် rooftopပေါ် တက်လာချိန်မှာတော့ ညလေပြင်းလေးတွေက တဟူးဟူး တိုက်ခတ်နေသည်။

ဟိုတယ် rooftopတစ်ဝိုက်တွင် အကာအမြင့်များဖြင့် ဝန်းရံထားပြီး၊ အန္တရာယ်ရှိသည့် မတော်တဆမှုများကို ကာကွယ်ရန် အပြင်ဘက်ဆုံး တံခါးအား သော့ခတ်ထားသည်။

ရှီယွင်နန် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်တွေက ကွန်ကရစ်တွေနဲ့ အုပ်ထားတဲ့ ရေတိုင်ကီနောက်ဆီရောက်သွားပြီး သူလက်ထဲက ပစ္စည်းလေးတွေနဲ့ မြန်မြန်ဆန်ဆန်ပဲ သွားလိုက်သည်။

သူ နီးကပ်လာသည်နှင့်အမျှ ရေကန်နောက်ကွယ်မှ လူကို မြင်လိုက်ရလေသည်-

ယွမ်ရွေ့မှာ ကွန်ကရစ်နံရံနောက်ကို မှီပြီး သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပိုက်ထား၏။ သူက ဘောလုံးလေးတစ်လုံးလို ကွေးထားပြီး ခေါင်းကို ငုံ့ကာ တရှုံ့ရှုံငိုနေရှာသည်။

အခုအချိန်မှာတော့ သေချာပေါက်သူ့ရဲ့  စိတ်ကြီးဝင်တဲ့ စရိုက်လေးဟာ မရှိတော့။

ရှီယွင်နန် အနည်းငယ်စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း- "မင်းအသက်ပဲ ဘယ်လောက်ရှိနေပြီလဲ? ဒီမှာ တိတ်တိတ်လေး လာပုန်းပြီး ငိုနေတုန်းလား?"

"....."

ကြမ်းပြင်ပေါ်တွင်ထိုင်နေသည့် ယွမ်ရွေ့မှာ သူ့ပခုံးလေး တောင့်တောင့်ကြီးဖြစ်သွားပြီး ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။

ခေါင်မိုးပေါ်ရှိ တိုင်ကီအပေါ်နားတွင် ဟောင်းနေသည့် မီးသီး မှိန်မှိန်လေးသာရှိနေ၏။ အလင်းရောင်မှာ မှိန်ဖျော့နေသော်လည်း တစ်ယောက်နဲ့တစ်ယောက် ရှိနေတာကိုတော့ မြင်နိုင်နေတုန်းပင်။

ယွမ်ရွေ့မှာ ဘယ်ကမှန်းမသိ၊ ရုတ်တရက်ပေါ်လာတဲ့ ရှီယွင်နန်ကို မြင်တော့ သူသိက္ခာလေးကို ပြန်ဆယ်လိုက်သည်။ "မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ? ပြီးတော့ ငါဒီမှာရှိမှန်း ဘယ်လိုသိတာလဲ?"

ရှီယွင်နန်က သူယူလာတဲ့ ဘီယာဘူးတွေကို ချလိုက်ပြီး မျက်ခုံးပင့်ကာ "မင်း အောက်ဆင်းလာတာ မတွေ့ဘူးလို့ ကောင်တာကပြောလို့။ တခြားအထပ်တွေကလည်း အများစုက ဧည့်သည်ခန်းတွေနဲ့ ဟောခန်းတွေပဲရှိတာလေ။ အဲ့ဒါကြောင့် မင်းဒီကို ပြေးလာလောက်တယ်လို့ စဉ်းစားမိလိုက်တာ။"

ပြီးတော့ သူ့တွေးသလို မှန်နေခဲ့တယ်။

ရှီယွင်နန်က ကိုင်းလိုက်ပြီး ဘီယာတစ်ဘူးကို ထုတ်ကာ ပေးလိုက်သည်။

"ရော့။"

ယွမ်ရွေ့ခဏလောက် တုံ့ဆိုင်းနေ၏။ ဒီနေ့ သူ့မျက်နှာပျက်သွားပြီလို့ ထင်မိလေသည်။ အတင်းခုခံနေစရာ မလိုပေ။

ထို့ကြောင့် သူက ရှီယွင်နန် ပေးတဲ့ ဘီယာကိုယူလိုက်ပြီး ဖွင့်လိုက်သည်။

"ဘာလဲကွာ? ဒါနဲ့ ဘယ်လိုလုပ်လောက်မှာလဲ?"

ရှီယွင်နန် သူ့ရဲ့ ကသိကအောက်ဖြစ်ပြီး အာကျယ်အာကျယ်အသံလေးကိုကြားတော့ သူက အပြုံးလေးနဲ့ ရွဲ့လိုက်သည်။ "ဒါဆိုလည်း မသောက်နဲ့ပေါ့။ မင်းရဲ့ ရောင်နေတဲ့ မျက်နှာကိုပဲ ကပ်ထား။ ရုပ်ဆိုးတယ်။"

"....."

ယွမ်ရွေ့မှာ ယွမ်ဖုကွမ်ဆီက ပါးရိုက်ခံခဲ့ရသည်။ သူ့ညာဘက်မျက်နှာမှာ နီရဲကာရောင်နေသေးပြီး  ငိုချင်နေတဲ့ မျက်လုံးရဲရဲလေးတွေနဲ့ နှာခေါင်းရဲရဲလေးကြောင့် တချိန်တည်းမှာပင် သနားဖို့ကောင်းပြီး ချစ်ဖို့လည်း ကောင်းနေသည်။

ဒါပေမယ့်လည်း သူ့ရဲ့ ကြည့်ကောင်းတဲ့ မျက်နှာလေးကိုကျေဇူးတင်ရမှာပဲ။ မဟုတ်ရင်သူမျက်နှာမှာ တော်တော်ကြည့်ရဆိုးနေမှာ။

ယွမ်ရွေ့က ပြန်မဖြေဘဲ သူ့မျက်နှာပေါ်ကိုသာ ဘီယာအေးအေးလေးနဲ့  ကပ်ထားလိုက်သည်။

သူ အကြမ်းကြီးဖိလိုက်မိတာကြောင့် ညည်းသံလေးထွက်သွားကာ၊ ရှက်ကိုးရှက်ကန်းဖြင့် ရှီယွင်နန်ကို ကြည့်လိုက်မိသည်။

ရှီယွင်နန်ကတော့ သူ့အပြုံးကို လုံးဝမဖုံးကွယ်ထားပေ။ သူက သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲမှ ဝိုင်ဖြူပုလင်းကိုထုတ်ကာ ကမ်းပေးလိုက်လေသည်။

"ယူလိုက်။ အပြင်းဆုံးပဲ။ မင်းမူးရင်တော့ တာဝန်မယူဘူးနော်။"

ယွမ်ရွေ့က ငုံ့ကာ သူ့လက်ဖဝါးထဲ ရောက်လာတဲ့ အရက်ပုလင်းလေးကို စိုက်ကြည့်နေမိသည်။ ရုတ်တရက် လက်ကမ်းကာ ကူညီခံလိုက်ရတဲ့ နူးနူးညံညံခံစားချက်လေးကို ခံစားမိလိုက်လေသည်။

ရှီယွင်နန်က ဒီလို တွေးပေးတတ်တဲ့သူလား?

သူ အရက်ပြင်းပြင်းတွေ သောက်ချင်နေတာကိုတောင် သူက မှန်းနိုင်တယ်။

"ဒီလို သနားစရာကောင်းတဲ့ မျက်လုံးလေးတွေနဲ့ ငါ့ကို လာမကြည့်နဲ့။ ငါ့မှာ ယောကျ်ားရှိတယ်" ရှီယွင်နန်က သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။

"...ရှီယွင်နန်၊ မင်း!"

ယွမ်ရွေ့မှာ ဘာပြန်ပြောရမှန်းတောင်မသိတော့။  သူက လက်တစ်ဖက်ဖြင့် ဘီယာအေးအေးလေးကို သူ့ မျက်နှာပေါ်မှာ ကပ်ထားပြီး ကျန်လက်တစ်ဖက်ကို သုံးကာ အရက်ပုလင်းကို ပါးစပ်နဲ့ ကိုက်ဖွင့်လိုက်သည်။

"ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့၊ ငါမင်းကို မကြိုက်ဘူး။"

ချက်ချင်းပဲ အရက်နံ့ပြင်းပြင်းဟာ ယွမ်ရွေ့နှာခေါင်းထဲ စိမ့်ဝင်လာပြီး သူ့ကို သီးသွားစေတော့သည်။

ရှီယွင်နန်ကတော့ ကြမ်းပြင်ပေါ်ရှိ ဘီယာဗူးကို ပေါ့ပေါ့ပါးပါး မော့မသောက်ခင် သူက ယွမ်ရွေ့ရဲ့ ပုလင်းနဲ့ ချွှင်ခနဲ မြည်သွားတဲ့ထိ တိုက်လိုက်သေးသည်။

ယွမ်ရွေ့မှာ သူ့လုပ်ရပ်လေးကို ရုတ်တရက် စိုက်ကြည့်နေမိပြီး သူပြုံးမိသွားသော်လည်း တစ်ခုခုကို တွေးမိသွားကာ အမြန် ပြန်ထိန်းလိုက်သည်။

အရင်တုန်းကတော့ ယွမ်ဖုကွမ်နဲ့ စကားများပြီးရင် သူပုန်းဖို့ ဒါမှမဟုတ် သောက်ဖို့ နိုက်ကလပ်ဆီ သွားလေ့ရှိတယ်။

ယွမ်ရွေ့က ဒီလိုအချိန်တွေဆို အနှောက်အယှက်လာပေးရင်း မုန်းပေမယ့်လည်း ဒီလိုမျိုး ရှီယွင်နန် သူ့ရှေ့ရုတ်တရက်ပေါ်လာတဲ့အခါ  သူထင်တဲ့ အမြင်နဲ့ လွဲသွားခဲ့တယ်-

သူသာ သူ့သူငယ်ချင်းဖြစ်ရင် ကောင်းမှာပဲ။

ရှီယွင်နန် ဘာစကားမပြောဘဲ ငြိမ်ငြိမ်လေး သောက်နေချိန်၊ ယွမ်ရွေ့ကတော့ ဝမ်းနည်းစိတ်ပျက်စွာ အရက်ကို တစ်ကြိုက်သောက်ပစ်လိုက်သည်။

ညလေလေးက မူးဝေခြင်းကို နည်းနည်းလွှင့်ပါး သွားစေ၏။

ယွမ်ရွေ့မှာ သူ့စိတ်ထဲက ခံစားချက်တချို့ကြောင့် အရက်ကို အနည်းငယ်သာ သောက်လိုက်သည်။  နာရီဝက်အကြာမှာတော့ သူက စူပုတ်ပုတ်နဲ့မေးလာလေသည်။ "ရှီယွင်နန်၊ အခန်းထဲမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ မင်းသိချင်လား?

"မင်းက ဘေးအခန်းမှာပဲဆိုတော့ ကြားသွားလား?"

"ငါ သိပ်မကြားလိုက်ပါဘူး။" ရှီယွင်နန်က သူ့လက်ထဲက ဘီယာကို ခါလိုက်ပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"စိတ်မပူနဲ့ ။ ဒီနေ့ဘာတွေဖြစ်လဲဆိုတာ ငါမမေးပါဘူး။ မင်းသာ စိတ်ငြိမ်သွားပြီး ဘ မတော်တဆမှမဖြစ်ရင်၊ အရက်သမားတစ်ယောက်အနေနဲ့ မင်းသေသေရှင်ရှင် လျစ်လျူရှူလိုက်မှာ။"

ဒီစကားတွေမှာ ယွမ်ရွေ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံလိုက်သလိုမျိုး၊အေးစက်လွန်းလှသည်။

ဒါပေမယ့် စဉ်းစားကြည့်ရင်တော့ သူအတွက်တွေးပေးနေတာပင်။ ဘာမှမမေးသလို လှောင်လည်း မလှောင်ပေ။ ဒီတိုင်းသူ့ကို အဖော်လုပ်ပေးနေရုံသာ။

ယွမ်ရွေ့ ရင်ထဲထိသွားကာ "ဘာလို့လဲ? အရင်တခေါက် ငါ ကျောက်စိမ်းပန်းပုဆိုင်မှာ ကူညီပေးခဲ့လို့လား?"

ရှီယွင်နန်က မငြင်းပေ။  "ငါပြောသားပဲ၊ ငါကအကြွေးတင်နေတာ မကြိုက်ပါဘူးဆို။"

ယွမ်ရွေ့က ခနဲ့လိုက်သည်။ "အဲ့တုန်းက မင်းကိုကူညီတာမှ မဟုတ်တာ။ ဒီတိုင်းဖြတ်သွားရင်း မနေနိုင်လို့။"

ရှီယွင်နန်က ဘာမှပြန်မဖြေဘဲ အကြာကြီး တိတ်ဆိတ်နေ၏။ သို့သော်လည်း ယွမ်ရွေ့ကတော့ သောင်းကြမ်းတတ်တဲ့ ဒေါသလေးကို မထိန်းနိုင်ပေ။

သူက မျက်နှာပေါ်မှာ ကပ်ထားတဲ့ ဘီယာဗူးကို ချလိုက်ပြီး နာကျင်အေးစက်နေသည့် သူ့ပါးလေးကို လက်နဲ့ ထိကာ စူပုတ်ပုတ်လေး ပြောလာသည်။ "ငါ့အဖေ့က အဲ့လို ဒေါသအရမ်းကြီးတဲ့သူပဲ။ အမှန်တော့ ငါ့ကို လူရှေ့သူရှေ့ ရိုက်လေ့မရှိဘူး။"

"....."

ထိုစကားကိုကြားတော့ အံ့အားသင့်သွားသည့်အရိပ်အယောင်လေးဟာ ရှီယွင်နန်မျက်လုံးထဲ ပေါ်လာတော့သည်။

အခန်းထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ယွမ်ရွေ့က ယွမ်ဖုကွမ်အပေါ် မကျေမနပ်အပြည့်နဲ့ စကားသံတွေထွက်လာမယ်လို့ သူထင်နေခဲ့တာ။ သူမထင်ထားသည်မှာ၊ တစ်ဖက်လူက သူ့အဖေရဲ့ လုပ်ရပ်ကို အရင်ရှင်းပြလာခြင်းပင်။

"ငါ့အဖေ ဘယ်လောက်အိုလဲ မင်းတွေ့လား? သူက ငါ့သူငယ်ချင်းတွေရဲ့ မိဘတွေထက် အသက်ပိုကြီးနေတာ။"

ယွမ်ရွေ့က ရှီယွင်နန်ကို မကြည့်ပေ။ သူ့ကိုယ်သူပြောနေသလိုမျိုး သူ့ရင်ထဲက စကားတွေကို ရင်ဖွင့်လာသည်။

"ယွမ်မိသားစုက ကျောက်စိမ်းထွင်းတဲ့လုပ်ငန်းကို ဆွေဇင်မျိုးဆက်ငါးဆက်၊ ခြောက်ဆက်လောက်လုပ်ခဲ့ကြတာ။ ငါတို့ ဘိုးဘွားတွေရဲ့ ကျောက်စိမ်း ပန်းပုကို နန်းတော်လက်ဆောင်ပဏ္ဏာအတွက် သုံးတယ်လို့တောင် ကြားဖူးတယ်။"

ထိုခေတ်တွင် ပညာရေးမှာ သိပ်မမြင့်မားသေးတာကြောင့်၊ အနုပညာအပေါ် ပိုယုံကြည်ချက်ရှိလာကြသည်- တင်းကြပ်တဲ့ ဆရာတွေက ထူးချွန်တဲ့ တပည့်တွေကို ပျိုးထောင်ပေးခဲ့တယ်။

ဆရာတွေက သူတို့တပည့်လေးတွေပေါ် ဆူပူကြိမ်းမောင်း ရိုက်နှက်ဆုံးမပြီး အပြစ်ပေးလေ့ရှိကြသည်။

တော်ကာထက်မြက်ပြီး ခံနိုင်ရည်ရှိတဲ့သူတွေကတော့ နောက်ဆုံးမှာ ဆရာပေးတဲ့ပညာကို ရရှိခဲ့ကြပြီး အမွေဆက်ခံကာ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ အရည်အချင်းမရှိ၊ သည်းမခံနိုင်တဲ့ သူတွေကတော့ ခြွင်းချက်မရှိ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းကာ တခြားဘဝလမ်းကြောင်းကို ပြောင်းခဲ့ကြရသည်။

"ငါအဖေ ငယ်ငယ်တုန်းကဆို အဘိုးဆီက အဆူခံအရိုက်ခံပြီး ကျောက်စိမ်းပညာကို သင်ခဲ့တာတဲ့။ ငါ့အမေပြောတာတော့ သူကပိုသင်လေလေ ပိုသဘောကျလာလေလေပဲတဲ့။ သူက လက်မှုပညာတွေမလုပ်ဘဲ၊ ကျောက်စိမ်းထွင်းရင်း သူ့ဘဝကို ကုန်ဆုံးခဲ့တာ။"

ယွမ်မိသားစုရဲ့ စည်းမျဉ်းများသည် လိမ်ညာလှည့်ဖြားခြင်းမရှိဘဲ ကျောက်စိမ်းထွင်းတဲ့ကျွမ်းကျင်မှုအပေါ် အခြေခံထားသည်။

"သူ့အသက် ငါးဆယ်ပြည့်ခါနီးမှာ ငါ့ကိုရခဲ့တယ်။  သူက ငါ့ကို နာကျင်စေပေမယ့် ငါ့အပေါ် မျှော်လင့်ချက်အားလုံးကို ပုံအောထားတယ်။"

"ငါ့ အမေပြောတာကြားတာတော့..."

ထို့နောက် ယွမ်ရွေ့က ဆက်မပြောခင် ဝိုင်တစ်ငုံသောက်လိုက်တာကြောင့် နှစ်ကြိမ်ဆက်တိုက် သီးသွားသေးသည်။

ယွမ်ရွေ့ ပထမဆုံးမွေးနေ့တုန်းက ပစ္စည်းတွေရွေးရင်း ယွမ်ဖုကွမ်ကိုယ်တိုင် ထွင်းထားတဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကောက်ကိုင်လိုက်တာကြောင့် ဧည့်သည်တွေက "အဖေ့အမွေကို ဆက်ခံဖို့၊ ဒါ အတွက် မွေးဖွားလာတာ" ဆိုပြီး ချီးကျူးခဲ့ကြသည်။

အဲ့အချိန်တွေကို ပြန်တွေးကြည့်မှ၊ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတွေက အဲ့ကတည်းကရှိနေခဲ့တာပဲ။

တခြားကလေးတွေ "အနုပညာ" ဆိုတဲ့ စကားလုံးကိုတောင် နားမလည်သေးတဲ့ အချိန်၊ အသက် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ယွမ်ရွေ့မှာ  ဓားကို ကောက်ကိုင်ပြီး စားပွဲရှေ့မှာ တနေကုန် ထိုင်နေခဲ့တယ်။

"အဲ့တုန်းက ငါက အားသိပ်မရှိသေးဘူး။ ထွင်းတဲ့ဓားနဲ့ ကျောက်စိမ်းက အရမ်းလေးတာ။ ရိုးရိုးရှင်းရှင်း စကားလုံးလေးတစ်လုံးထွင်းဖို့ကိုတောင် လက်ချောင်းတွေပေါ်မှာ အရည်ကြည်ဖုတွေ သွေးတွေထွက်နေတာ။ ငါ ငိုပြီး အဲ့ကျောက်စိမ်းတုံးကို လွှင့်ပစ်လိုက်တော့ အဖေက ငါ့လက်ဖဝါးကို ကြိမ်လုံးနဲ့ ရိုက်တော့တာပဲ။"

နာကျင်စရာအမှတ်တရတွေမှာ နက်နဲလွန်းတာကြောင့် ယွမ်ရွေ့မှာ ထိုနှလုံးသားလေးကြေကွဲရတဲ့နေ့ကို ယောင်ဝါးဝါး မှတ်မိနေတုန်းပင်။

ရှီယွင်နန် မသိမသာ မျက်မှောင်ကြုတ်လိုက်မိလေသည်။

ကြာပွတ်တွေ၊ ကြိမ်လုံးတွေ? ဒါတွေက ဘိုးဘေးတွေချန်ရစ်ခဲ့သည့် နောက်ပြန်ဆွဲနေသည့် စည်းကမ်းများပင်။

ယှဉ်ပြောရရင်တော့၊ သူခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ဆို၊ သူ့အမေရင်ခွင်ထဲမှာပဲ ကြင်ကြင်နာနာအဖက်ခံထားရသေးပြီး "အဖေ"လို့ခေါ်တဲ့ ရှီရှန်းကလည်း ဖခင်ဆန်သေးသည်။

"ငါကသာ အဖေ့ရဲ့ သားအရင်းဖြစ်လို့ ပိုတင်းကျပ်တာလို့ အမေက ခဏခဏပြောတယ်... လုကျောက်အန်းကတော့ မွေးစားသား။ အဖေက သူ့ကို သူ့သားအဖြစ် မွေးစားခဲ့ပေမယ့် သူ့ကို တစ်ခါမှ ရိုက်ပြီး မဆုံးမဘူး။"

"ငါယုံပါတယ်!" ယွမ်ရွေ့က လေးလေးနက်နက် ခေါင်းညိတ်ပြလာပြီး သူ့မျက်လုံးတောက်တောက်လေးတွေနဲ့ ထပ်ပြောလာသည်။ "ဒါမယ့် လုကျောက်အန်းက ဘာလုပ်လုပ်တော်နေတာ။ သူ့အဖေဆီက ဘယ်တော့မှ အရိုက်ခံရမှာ မဟုတ်ဘူး။"

"အချို့အလုပ်တွေက၊ အရည်အချင်းပေါ်မှာပဲ မူတည်တာလေ!" ယွမ်ရွေ့ရဲ့ ခါးသီးနာကျည်းနေသည့်စိတ်ဟာ မူးဝေခြင်းနှင့်အတူ ပိုပိုပြင်းထန်လာတော့သည်။

"ဘယ်ကျောက်စိမ်းအနေထားက ထွင်းဖို့ ကောင်းမကောင်းဆိုတာ လုကျောက်အန်းကတစ်ချက်လေးကြည့်ပြီး ပြောနိုင်တယ်။ ဒါမယ့် ငါမပြောနိုင်ဘူး။ နောက်ဆုံး ငါတိုးတက်လာတဲ့အခါကြ သူ့လက်ရာတွေအကုန်လုံးကို ဆိုင်တွေမှာ ရောင်းတောင်ရောင်းနေပြီ။"

အတွေ့အကြုံနဲ့ ယှဉ်ရင် သူက လုကျောက်အန်းလောက် မတော်ဘူး။

အရည်အချင်းနဲ့ ယှဉ်ရင်လည်း သူက လုကျောက်အန်းလောက် မတော်ဘူး။

တမိုးအောက်တည်းနေပြီး လူတစ်ယောက်တည်းဆီက ပညာတွေရနေပေမယ့်လည်း  နေ့စဉ်နှင့်အမျှ တစ်နှစ်ပြီးတစ်နှစ် မယှဉ်ပြိုင်နိုင်ခဲ့။

"ငါ့ကို အဖေ စစိတ်ပျက်လာနေပြီဆိုတာသိပါတယ်။ ငါက သားတစ်ယောက်အနေနဲ့ အဖေ့အမွေကိုမဆက်ခံနိုင်လို့ သူစိတ်ပျက်နေတာ။အဲ့ဒါကြောင့် လုကျောက်အန်းကို ချီးကျူးတိုင်း သူက ငါ့ကို နှိမ်တယ်။"

"ငါ့ကို ဆူတိုင်း သူပြောနေကြစကားက 'မင်းအစ်ကိုကို ကြည့်စမ်း။ ငါလို ယွမ်ဖုကွမ်က မင်းလို အရည်အချင်းမရှိတဲ့ သားမျိုး ဘယ်လိုလုပ်ရနိုင်မှာလဲ' ဆိုတာချည်းပဲ?!"

"....."

ရှီယွင်နန် ဘာမှမတုံ့ပြန်လိုက်သော်လည်း နားထောင်သူအဖြစ် တိတ်တိတ်လေးနားထောင်ပေးနေလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဆယ်ကျော်သက်တွေဆိုတာ စိတ်ဆတ်တယ်လေ။ တခြားသူတစ်ယောက်ရဲ့ အရိပ်အောက်မှာ အချိန်အကြာကြီးနေနေရင် ရေရှည်မှာ ပြဿနာတွေ ဖြစ်လာမှာပဲ။

"ငါလည်း သိပါတယ်။" ယွမ်ရွေ့က ခံစားချက်တွေကြောင့် အသံတုန်လာပြီး သူကဝန်ခံလာသည်။"ငါ လုကျောက်အန်းကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။သူက ကောင်းကင်ပေါ်ကလ၊ ငါက မြေကြီးပေါ်က ရွှံ့ပဲလေ။"

"ငါ့အဖေနဲ့ အဲ့ကျောက်စိမ်းထွင်းသမားတွေရဲ့အမြင်မှာကော၊ လုကျောက်အန်းရဲ့ စိတ်ထဲမှာကော ငါက အမြဲ အရည်အချင်းမရှိတဲ့သူဖြစ်နေမှာပဲ။"

ဘေးချင်းကပ်ရပ်ဖို့ အရည်အချင်းမပြည့်မှီဘူး။

ယွမ်ရွေ့က တဖြည်းဖြည်းနဲ့ ပုန်ကန်လာတော့သည်။  သူက တစ်နေကုန် အရှုပ်တွေလုပ်ပြီး စည်းကမ်းတွေလည်း မလိုက်နာတော့။ သူက ဒီတိုင်း သူ့ရဲ့ရယ်စရာကောင်းတဲ့ စိတ်ကြီးဝင်တဲ့ပုံလေးကို လူတွေရှေ့မှာ ချပြနေရုံလေးသာ။

"ငါ ကျောက်စိမ်းမထွင်းရလည်း ကိုယ့်ဘဝကိုယ် ရှင်သန်နိုင်တယ်ဆိုတာ သူတို့ကို သိစေချင်တယ်။"

ယွမ်ရွေ့ သူ့ကိုယ်သူ လှောင်ရယ်လိုက်ပြီး ရှီယွင်နန်ပြောတာကိုမစောင့်ဘဲ ဝန်ခံလာသည်။  "ဟုတ်တယ်၊ ဒီအကြံက ပေါတောတောဖြစ်ပေမယ့်  ဒီလိုအတိုက်အခံ လုပ်တာကိုပဲ စဉ်းစားမိတယ်။"

ထို့နောက် သူပြန်ရတာကတော့ ယွမ်ဖုကွမ်ဆီက အဆူခံရ အရိုက်ခံရတာများသာပင်။

"မင်း ဒီလို ပိုလုပ်လေ၊ မင်းက ယွမ်မိသားစုကို ပိုဂရုစိုက်လေလေဆိုတာ ပြနေတာပဲလေ။" ရှီယွင်နန်က အမှန်ကို ပြောလာသည်။

တကယ့် ဥပေက္ခာဆိုတာ သူလုပ်သလိုမျိုး၊ ရှီမိသားစုအပေါ် တွယ်တာမနေဘဲ ထွက်သွားခြင်းပင်။

ယွမ်ရွေ့က ရှီယွင်နန်ကိုကြည့်လာပြီး မငြင်းပေ။ "ဟုတ်တယ်၊ ငါ့မျိုးရိုးနာမည်က ယွမ်ဆိုမှတော့  ငါဘယ်လောက်ပဲ အရည်အချင်းမရှိပါစေ၊ ငါတို့မိသားစု ကျဆင်းနေတာကို မကြည့်နိုင်ဘူး!"

"သူတို့ပြောသလို ယွမ်မိသားစုရဲ့ ပိုင်ဆိုင်မှုလေးတွေကိုပဲ ဂရုစိုက်တယ်လို့ မင်းထင်နေတာလား?"  ယွမ်ရွေ့က ခေါင်းခါကာ

"မှားနေပြီ။"

သူ့ထက် လုကျောက်အန်းက ယွမ်မိသားစုကိုပိုစီမံခန့်ခွဲနိုင်မှန်း သူသိပြီးသား။ ယွမ်မိသားစုကို စောင့်ရှောက်နေတဲ့ သူ့ကို သူစိတ်မ၀င်စားဘူး။

သို့သော် ကလေးဘဝကနေ အရွယ်ရောက်သည့်ထိ တိုးလာတဲ့ မိမိကိုယ်ကို အထင်ကြီးတဲ့ စိတ်၊ သိမ်ငယ်တဲ့စိတ်တွေက နေ့ရောညပါ ရောယှက်ကာပြင်းထန်လာပြီး အရှုံးပေးနေသည့် လုကျောက်အန်းကိုတောင် စကားကောင်းကောင်း မပြောနိုင်ပေ။

"ဂိုဒေါင်မှာ မတော်တဆဖြစ်တဲ့နေ့က၊ ယွမ်မိသားစုရဲ့ ကျောက်စိမ်းဒီဇိုင်းမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ ခဲယွဲ့က ပြောတယ်။ နောက် အစုရှယ်ယာအလိုက် အမြတ်ကို တွက်ယူမယ်ပေါ့။"

ထိုစကားကိုကြားသောအခါ၊ ထေ့ငေါ့ချင်နေတဲ့ အရိပ်အယောင်လေးတွေဟာ ရှီယွင်နန် မျက်လုံးထဲ ပေါ်လာတော့သည်။

ဟုတ်တာပေါ့၊ ကံတရားရဲ့ လမ်းကြောင်းတချို့က ထပ်နေဦးမှာပဲလေ၊ ဒါမယ့် ရှီးခဲယွဲ့ကတော့ အခုချိန်မှာတောင် ယွမ်မိသားစုဆီက အကျိုးအမြတ်ရဖို့တွေးနေတုန်းပဲ။

"အစကတော့ ငါလည်းသဘောမတူဘူး။"  ယွမ်ရွေ့ကပြောလာသည်။

တစ်ဖက်တွင်၊ လုကျောက်အန်းကသာ ဒီကိစ္စအတွက် အပြည့်အဝ တာဝန်ယူထားကြောင်း သူသိပြီးဖြစ်သလို၊ တစ်ဖက်လူရဲ့ အနာဂတ်ဆုံးဖြတ်ချက်များကို စစ်ဆေးတိုင်းတာရန် အခြား "ရင်းနှီးမြှုပ်နှံသူ" မရှာချင်ခဲ့။

တစ်ဖက်တွင်မူ၊ ယွမ်ကျောက်စိမ်းပန်းပုတွေမှာ ကျဆင်းလာပြီး အသစ်ဖွင့်ထားတဲ့ ကျောက်စိမ်းဒီဇိုင်းဟာ အမြတ်အစွန်း ရနိုင်မလာဆိုတာ မသေချာပေ။

တစ်နည်းဆိုရသော် လုကျောက်အန်းက အစပိုင်းယွမ်ဖုကွမ်ကို တိုင်ပင်သောအခါ၊ ဒီစျေးဖွင့်နိုင်ဖို့အတွက် အရှုံးထွက်ရင်တောင် အံကြိတ်ထားပြီး အလုပ်ကိုလုပ်ရမယ်လို့ သူတို့ ထင်မိကြသည်။

ယွမ်ရွေ့ သူ့သူငယ်ချင်းကို မငြင်းချင်ဘူး။

"မင်းရယ်၊ ခဲယွဲ့နဲ့ ရှီမိသားစုကြား ဘာတွေဖြစ်ကြမှန်း ငါတကယ်မသိဘူး။ ဒါပေမယ့် ငါ့အတွက်တော့ ခဲယွဲ့ကသာ ငယ်ငယ်လေးကတည်းက ငါ့ကို အသိအမှတ်ပြုပေးတဲ့ သူငယ်ချင်းပဲ။"


English T/N

Asian မိဘတွေ - ချစ်လို့ ရိုက်တာ :)

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်!!

Rozu တခါမှ ဘာသာပြန်ရင်း မငိုဖူးပါဘူး ဒါမယ့် ယွမ်ရွေ့ပြောတာတွေနားထောင်မိတော့ တကယ်ပဲ ဝမ်းနည်းမိတယ်။ ကိုယ့်သားသမီးကို တခြားသူနဲ့ ယှဉ်တယ်ဆိုတာ မိဘတွေ နေ့စဉ်ပြောနေကြစကားတွေပါပဲ။ ကိုယ့်ဟာ ကိုယ့်သားသမီးကို တကယ်ချစ်ရင် သားသမီးချင်း ယှဉ်စရာမလိုသလို၊ တခြားသူရဲ့ သားသမီးတွေနဲ့လည်း မယှဉ်သင့်ပါ။ ဒါဟာ ကောင်းစေချင်တာမဟုတ်ဘူး စိတ်ဒဏ်ရာပေးနေတာပါ။ "ဆန်ရင်း နာနာဖွပ်" ဆိုတဲ့ စကားက ရှေးနောက်ပြန်ဆွဲနေတဲ့ လူကြီးတွေ ပြောခဲ့တဲ့စကား။ ဒါဆို မိဘဖြစ်လာတဲ့သူတွေကော အယှဉ်မခံခဲ့ရဘူးလား။ မဟုတ်ဘူး သူတို့လည်း ယှဉ်ခံရတာပဲ။ ဒါဆို ဘာလို့ ကိုယ်မိဘဖြစ်တဲ့ အချိန် ဒီလမ်းစဉ်ကိုလိုက်နေရတာလဲ။ ကိုယ့်တွေအလှည့်ကြရင်ကော ဒါမျိုး လုပ်ကြအုံးမှာလားဆိုပြီး ဒါကို ပြန်နေရင်း တွေးမိတယ်။ အတတ်နိုင်ဆုံးတော့ ဒီလိုမလုပ်မိပါစေနဲ့ ။ ကိုယ်သာ ယွမ်ရွေ့နေရာမှာဆို သူ့လို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊ သူတို့နောင်တရအောင် ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်မိမှာ။ ကိုယ့်သားသမီးတုန်းက ခံခဲ့ရသလိုမျိုး ကိုယ့်သားသမီးတွေကို မဖြစ်စေချင်ဘူး။ ဒါကြောင့် child care လေးတွေပါတဲ့ novel တွေဆို ပိုဖတ်မိတယ် ။ ချင်းချီတို့ ဆုံးမသလိုမျိုးဆို တကယ့်အနှစ်တွေပါပဲ ။ novel တွေထဲကနေ ပြန်သင်ယူမိတယ်။ စာရှည်သွားရင် ဆောရီးပါ။ ဟီး mood ဝင်သွားလို့ ^-^
















Zawgyi


43.1

ရွီယြင္နန္ rooftopေပၚ တက္လာခ်ိန္မွာေတာ့ ညေလျပင္းေလးေတြက တဟူးဟူး တိုက္ခတ္ေနသည္။

ဟိုတယ္ rooftopတစ္ဝိုက္တြင္ အကာအျမင့္မ်ားျဖင့္ ဝန္းရံထားၿပီး၊ အႏၲရာယ္ရွိသည့္ မေတာ္တဆမႈမ်ားကို ကာကြယ္ရန္ အျပင္ဘက္ဆုံး တံခါးအား ေသာ့ခတ္ထားသည္။

ရွီယြင္နန္ ပတ္ပတ္လည္ကို လွမ္းၾကည့္လိုက္၏။ သူ႔အၾကည့္ေတြက ကြန္ကရစ္ေတြနဲ႔ အုပ္ထားတဲ့ ေရတိုင္ကီေနာက္ဆီေရာက္သြားၿပီး သူလက္ထဲက ပစၥည္းေလးေတြနဲ႔ ျမန္ျမန္ဆန္ဆန္ပဲ သြားလိုက္သည္။

သူ နီးကပ္လာသည္ႏွင့္အမွ် ေရကန္ေနာက္ကြယ္မွ လူကို ျမင္လိုက္ရေလသည္-

ယြမ္ေ႐ြ႕မွာ ကြန္ကရစ္နံရံေနာက္ကို မွီၿပီး သူ႔ကိုယ္သူ လက္ႏွစ္ဖက္ျဖင့္ တင္းတင္းၾကပ္ၾကပ္ ပိုက္ထား၏။ သူက ေဘာလုံးေလးတစ္လုံးလို ေကြးထားၿပီး ေခါင္းကို ငုံ႔ကာ တရႈံ႕ရႈံငိုေနရွာသည္။

အခုအခ်ိန္မွာေတာ့ ေသခ်ာေပါက္သူ႔ရဲ႕  စိတ္ႀကီးဝင္တဲ့ စ႐ိုက္ေလးဟာ မရွိေတာ့။

ရွီယြင္နန္ အနည္းငယ္စိတ္သက္သာရာ ရသြားကာ သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း- "မင္းအသက္ပဲ ဘယ္ေလာက္ရွိေနၿပီလဲ? ဒီမွာ တိတ္တိတ္ေလး လာပုန္းၿပီး ငိုေနတုန္းလား?"

"....."

ၾကမ္းျပင္ေပၚတြင္ထိုင္ေနသည့္ ယြမ္ေ႐ြ႕မွာ သူ႔ပခုံးေလး ေတာင့္ေတာင့္ႀကီးျဖစ္သြားၿပီး ျဖည္းျဖည္းခ်င္း ေမာ့ၾကည့္လာသည္။

ေခါင္မိုးေပၚရွိ တိုင္ကီအေပၚနားတြင္ ေဟာင္းေနသည့္ မီးသီး မွိန္မွိန္ေလးသာရွိေန၏။ အလင္းေရာင္မွာ မွိန္ေဖ်ာ့ေနေသာ္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ရွိေနတာကိုေတာ့ ျမင္ႏိုင္ေနတုန္းပင္။

ယြမ္ေ႐ြ႕မွာ ဘယ္ကမွန္းမသိ၊ ႐ုတ္တရက္ေပၚလာတဲ့ ရွီယြင္နန္ကို ျမင္ေတာ့ သူသိကၡာေလးကို ျပန္ဆယ္လိုက္သည္။ "မင္းက ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ? ၿပီးေတာ့ ငါဒီမွာရွိမွန္း ဘယ္လိုသိတာလဲ?"

ရွီယြင္နန္က သူယူလာတဲ့ ဘီယာဘူးေတြကို ခ်လိုက္ၿပီး မ်က္ခုံးပင့္ကာ "မင္း ေအာက္ဆင္းလာတာ မေတြ႕ဘူးလို႔ ေကာင္တာကေျပာလို႔။ တျခားအထပ္ေတြကလည္း အမ်ားစုက ဧည့္သည္ခန္းေတြနဲ႔ ေဟာခန္းေတြပဲရွိတာေလ။ အဲ့ဒါေၾကာင့္ မင္းဒီကို ေျပးလာေလာက္တယ္လို႔ စဥ္းစားမိလိုက္တာ။"

ၿပီးေတာ့ သူ႔ေတြးသလို မွန္ေနခဲ့တယ္။

ရွီယြင္နန္က ကိုင္းလိုက္ၿပီး ဘီယာတစ္ဘူးကို ထုတ္ကာ ေပးလိုက္သည္။

"ေရာ့။"

ယြမ္ေ႐ြ႕ခဏေလာက္ တုံ႔ဆိုင္းေန၏။ ဒီေန႔ သူ႔မ်က္ႏွာပ်က္သြားၿပီလို႔ ထင္မိေလသည္။ အတင္းခုခံေနစရာ မလိုေပ။

ထို႔ေၾကာင့္ သူက ရွီယြင္နန္ ေပးတဲ့ ဘီယာကိုယူလိုက္ၿပီး ဖြင့္လိုက္သည္။

"ဘာလဲကြာ? ဒါနဲ႔ ဘယ္လိုလုပ္ေလာက္မွာလဲ?"

ရွီယြင္နန္ သူ႔ရဲ႕ ကသိကေအာက္ျဖစ္ၿပီး အာက်ယ္အာက်ယ္အသံေလးကိုၾကားေတာ့ သူက အၿပဳံးေလးနဲ႔ ႐ြဲ႕လိုက္သည္။ "ဒါဆိုလည္း မေသာက္နဲ႔ေပါ့။ မင္းရဲ႕ ေရာင္ေနတဲ့ မ်က္ႏွာကိုပဲ ကပ္ထား။ ႐ုပ္ဆိုးတယ္။"

"....."

ယြမ္ေ႐ြ႕မွာ ယြမ္ဖုကြမ္ဆီက ပါး႐ိုက္ခံခဲ့ရသည္။ သူ႔ညာဘက္မ်က္ႏွာမွာ နီရဲကာေရာင္ေနေသးၿပီး  ငိုခ်င္ေနတဲ့ မ်က္လုံးရဲရဲေလးေတြနဲ႔ ႏွာေခါင္းရဲရဲေလးေၾကာင့္ တခ်ိန္တည္းမွာပင္ သနားဖို႔ေကာင္းၿပီး ခ်စ္ဖို႔လည္း ေကာင္းေနသည္။

ဒါေပမယ့္လည္း သူ႔ရဲ႕ ၾကည့္ေကာင္းတဲ့ မ်က္ႏွာေလးကိုေက်ဇူးတင္ရမွာပဲ။ မဟုတ္ရင္သူမ်က္ႏွာမွာ ေတာ္ေတာ္ၾကည့္ရဆိုးေနမွာ။

ယြမ္ေ႐ြ႕က ျပန္မေျဖဘဲ သူ႔မ်က္ႏွာေပၚကိုသာ ဘီယာေအးေအးေလးနဲ႔  ကပ္ထားလိုက္သည္။

သူ အၾကမ္းႀကီးဖိလိုက္မိတာေၾကာင့္ ညည္းသံေလးထြက္သြားကာ၊ ရွက္ကိုးရွက္ကန္းျဖင့္ ရွီယြင္နန္ကို ၾကည့္လိုက္မိသည္။

ရွီယြင္နန္ကေတာ့ သူ႔အၿပဳံးကို လုံးဝမဖုံးကြယ္ထားေပ။ သူက သူ႔ကုတ္အက်ႌအိတ္ကပ္ထဲမွ ဝိုင္ျဖဴပုလင္းကိုထုတ္ကာ ကမ္းေပးလိုက္ေလသည္။

"ယူလိုက္။ အျပင္းဆုံးပဲ။ မင္းမူးရင္ေတာ့ တာဝန္မယူဘူးေနာ္။"

ယြမ္ေ႐ြ႕က ငုံ႔ကာ သူ႔လက္ဖဝါးထဲ ေရာက္လာတဲ့ အရက္ပုလင္းေလးကို စိုက္ၾကည့္ေနမိသည္။ ႐ုတ္တရက္ လက္ကမ္းကာ ကူညီခံလိုက္ရတဲ့ ႏူးႏူးညံညံခံစားခ်က္ေလးကို ခံစားမိလိုက္ေလသည္။

ရွီယြင္နန္က ဒီလို ေတြးေပးတတ္တဲ့သူလား?

သူ အရက္ျပင္းျပင္းေတြ ေသာက္ခ်င္ေနတာကိုေတာင္ သူက မွန္းႏိုင္တယ္။

"ဒီလို သနားစရာေကာင္းတဲ့ မ်က္လုံးေလးေတြနဲ႔ ငါ့ကို လာမၾကည့္နဲ႔။ ငါ့မွာ ေယာက်္ားရွိတယ္" ရွီယြင္နန္က သူနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္။

"...ရွီယြင္နန္၊ မင္း!"

ယြမ္ေ႐ြ႕မွာ ဘာျပန္ေျပာရမွန္းေတာင္မသိေတာ့။  သူက လက္တစ္ဖက္ျဖင့္ ဘီယာေအးေအးေလးကို သူ႔ မ်က္ႏွာေပၚမွာ ကပ္ထားၿပီး က်န္လက္တစ္ဖက္ကို သုံးကာ အရက္ပုလင္းကို ပါးစပ္နဲ႔ ကိုက္ဖြင့္လိုက္သည္။

"ကိုယ့္ကိုယ္ကို အထင္ႀကီးမေနနဲ႔၊ ငါမင္းကို မႀကိဳက္ဘူး။"

ခ်က္ခ်င္းပဲ အရက္နံ႔ျပင္းျပင္းဟာ ယြမ္ေ႐ြ႕ႏွာေခါင္းထဲ စိမ့္ဝင္လာၿပီး သူ႔ကို သီးသြားေစေတာ့သည္။

ရွီယြင္နန္ကေတာ့ ၾကမ္းျပင္ေပၚရွိ ဘီယာဗူးကို ေပါ့ေပါ့ပါးပါး ေမာ့မေသာက္ခင္ သူက ယြမ္ေ႐ြ႕ရဲ႕ ပုလင္းနဲ႔ ခႊၽင္ခနဲ ျမည္သြားတဲ့ထိ တိုက္လိုက္ေသးသည္။

ယြမ္ေ႐ြ႕မွာ သူ႔လုပ္ရပ္ေလးကို ႐ုတ္တရက္ စိုက္ၾကည့္ေနမိၿပီး သူၿပဳံးမိသြားေသာ္လည္း တစ္ခုခုကို ေတြးမိသြားကာ အျမန္ ျပန္ထိန္းလိုက္သည္။

အရင္တုန္းကေတာ့ ယြမ္ဖုကြမ္နဲ႔ စကားမ်ားၿပီးရင္ သူပုန္းဖို႔ ဒါမွမဟုတ္ ေသာက္ဖို႔ ႏိုက္ကလပ္ဆီ သြားေလ့ရွိတယ္။

ယြမ္ေ႐ြ႕က ဒီလိုအခ်ိန္ေတြဆို အေႏွာက္အယွက္လာေပးရင္း မုန္းေပမယ့္လည္း ဒီလိုမ်ိဳး ရွီယြင္နန္ သူ႔ေရွ႕႐ုတ္တရက္ေပၚလာတဲ့အခါ  သူထင္တဲ့ အျမင္နဲ႔ လြဲသြားခဲ့တယ္-

သူသာ သူ႔သူငယ္ခ်င္းျဖစ္ရင္ ေကာင္းမွာပဲ။

ရွီယြင္နန္ ဘာစကားမေျပာဘဲ ၿငိမ္ၿငိမ္ေလး ေသာက္ေနခ်ိန္၊ ယြမ္ေ႐ြ႕ကေတာ့ ဝမ္းနည္းစိတ္ပ်က္စြာ အရက္ကို တစ္ႀကိဳက္ေသာက္ပစ္လိုက္သည္။

ညေလေလးက မူးေဝျခင္းကို နည္းနည္းလႊင့္ပါး သြားေစ၏။

ယြမ္ေ႐ြ႕မွာ သူ႔စိတ္ထဲက ခံစားခ်က္တခ်ိဳ႕ေၾကာင့္ အရက္ကို အနည္းငယ္သာ ေသာက္လိုက္သည္။  နာရီဝက္အၾကာမွာေတာ့ သူက စူပုတ္ပုတ္နဲ႔ေမးလာေလသည္။ "ရွီယြင္နန္၊ အခန္းထဲမွာ ဘာေတြျဖစ္သြားတာလဲဆိုတာ မင္းသိခ်င္လား?

"မင္းက ေဘးအခန္းမွာပဲဆိုေတာ့ ၾကားသြားလား?"

"ငါ သိပ္မၾကားလိုက္ပါဘူး။" ရွီယြင္နန္က သူ႔လက္ထဲက ဘီယာကို ခါလိုက္ၿပီး ေအးေအးေဆးေဆး ျပန္ေျဖလိုက္သည္။

"စိတ္မပူနဲ႔ ။ ဒီေန႔ဘာေတြျဖစ္လဲဆိုတာ ငါမေမးပါဘူး။ မင္းသာ စိတ္ၿငိမ္သြားၿပီး ဘ မေတာ္တဆမွမျဖစ္ရင္၊ အရက္သမားတစ္ေယာက္အေနနဲ႔ မင္းေသေသရွင္ရွင္ လ်စ္လ်ဴရွဴလိုက္မွာ။"

ဒီစကားေတြမွာ ယြမ္ေ႐ြ႕ကို သူစိမ္းတစ္ေယာက္လို ဆက္ဆံလိုက္သလိုမ်ိဳး၊ေအးစက္လြန္းလွသည္။

ဒါေပမယ့္ စဥ္းစားၾကည့္ရင္ေတာ့ သူအတြက္ေတြးေပးေနတာပင္။ ဘာမွမေမးသလို ေလွာင္လည္း မေလွာင္ေပ။ ဒီတိုင္းသူ႔ကို အေဖာ္လုပ္ေပးေန႐ုံသာ။

ယြမ္ေ႐ြ႕ ရင္ထဲထိသြားကာ "ဘာလို႔လဲ? အရင္တေခါက္ ငါ ေက်ာက္စိမ္းပန္းပုဆိုင္မွာ ကူညီေပးခဲ့လို႔လား?"

ရွီယြင္နန္က မျငင္းေပ။  "ငါေျပာသားပဲ၊ ငါကအေႂကြးတင္ေနတာ မႀကိဳက္ပါဘူးဆို။"

ယြမ္ေ႐ြ႕က ခနဲ႔လိုက္သည္။ "အဲ့တုန္းက မင္းကိုကူညီတာမွ မဟုတ္တာ။ ဒီတိုင္းျဖတ္သြားရင္း မေနႏိုင္လို႔။"

ရွီယြင္နန္က ဘာမွျပန္မေျဖဘဲ အၾကာႀကီး တိတ္ဆိတ္ေန၏။ သို႔ေသာ္လည္း ယြမ္ေ႐ြ႕ကေတာ့ ေသာင္းၾကမ္းတတ္တဲ့ ေဒါသေလးကို မထိန္းႏိုင္ေပ။

သူက မ်က္ႏွာေပၚမွာ ကပ္ထားတဲ့ ဘီယာဗူးကို ခ်လိုက္ၿပီး နာက်င္ေအးစက္ေနသည့္ သူ႔ပါးေလးကို လက္နဲ႔ ထိကာ စူပုတ္ပုတ္ေလး ေျပာလာသည္။ "ငါ့အေဖ့က အဲ့လို ေဒါသအရမ္းႀကီးတဲ့သူပဲ။ အမွန္ေတာ့ ငါ့ကို လူေရွ႕သူေရွ႕ ႐ိုက္ေလ့မရွိဘူး။"

"....."

ထိုစကားကိုၾကားေတာ့ အံ့အားသင့္သြားသည့္အရိပ္အေယာင္ေလးဟာ ရွီယြင္နန္မ်က္လုံးထဲ ေပၚလာေတာ့သည္။

အခန္းထဲမွာ ျဖစ္ခဲ့တဲ့ ကိစၥအတြက္ ယြမ္ေ႐ြ႕က ယြမ္ဖုကြမ္အေပၚ မေက်မနပ္အျပည့္နဲ႔ စကားသံေတြထြက္လာမယ္လို႔ သူထင္ေနခဲ့တာ။ သူမထင္ထားသည္မွာ၊ တစ္ဖက္လူက သူ႔အေဖရဲ႕ လုပ္ရပ္ကို အရင္ရွင္းျပလာျခင္းပင္။

"ငါ့အေဖ ဘယ္ေလာက္အိုလဲ မင္းေတြ႕လား? သူက ငါ့သူငယ္ခ်င္းေတြရဲ႕ မိဘေတြထက္ အသက္ပိုႀကီးေနတာ။"

ယြမ္ေ႐ြ႕က ရွီယြင္နန္ကို မၾကည့္ေပ။ သူ႔ကိုယ္သူေျပာေနသလိုမ်ိဳး သူ႔ရင္ထဲက စကားေတြကို ရင္ဖြင့္လာသည္။

"ယြမ္မိသားစုက ေက်ာက္စိမ္းထြင္းတဲ့လုပ္ငန္းကို ေဆြဇင္မ်ိဳးဆက္ငါးဆက္၊ ေျခာက္ဆက္ေလာက္လုပ္ခဲ့ၾကတာ။ ငါတို႔ ဘိုးဘြားေတြရဲ႕ ေက်ာက္စိမ္း ပန္းပုကို နန္းေတာ္လက္ေဆာင္ပဏၰာအတြက္ သုံးတယ္လို႔ေတာင္ ၾကားဖူးတယ္။"

ထိုေခတ္တြင္ ပညာေရးမွာ သိပ္မျမင့္မားေသးတာေၾကာင့္၊ အႏုပညာအေပၚ ပိုယုံၾကည္ခ်က္ရွိလာၾကသည္- တင္းၾကပ္တဲ့ ဆရာေတြက ထူးခြၽန္တဲ့ တပည့္ေတြကို ပ်ိဳးေထာင္ေပးခဲ့တယ္။

ဆရာေတြက သူတို႔တပည့္ေလးေတြေပၚ ဆူပူႀကိမ္းေမာင္း ႐ိုက္ႏွက္ဆုံးမၿပီး အျပစ္ေပးေလ့ရွိၾကသည္။

ေတာ္ကာထက္ျမက္ၿပီး ခံႏိုင္ရည္ရွိတဲ့သူေတြကေတာ့ ေနာက္ဆုံးမွာ ဆရာေပးတဲ့ပညာကို ရရွိခဲ့ၾကၿပီး အေမြဆက္ခံကာ ဆက္လက္လုပ္ေဆာင္ခဲ့ၾကသည္။ အရည္အခ်င္းမရွိ၊ သည္းမခံႏိုင္တဲ့ သူေတြကေတာ့ ႁခြင္းခ်က္မရွိ အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို ေျပာင္းကာ တျခားဘဝလမ္းေၾကာင္းကို ေျပာင္းခဲ့ၾကရသည္။

"ငါအေဖ ငယ္ငယ္တုန္းကဆို အဘိုးဆီက အဆူခံအ႐ိုက္ခံၿပီး ေက်ာက္စိမ္းပညာကို သင္ခဲ့တာတဲ့။ ငါ့အေမေျပာတာေတာ့ သူကပိုသင္ေလေလ ပိုသေဘာက်လာေလေလပဲတဲ့။ သူက လက္မႈပညာေတြမလုပ္ဘဲ၊ ေက်ာက္စိမ္းထြင္းရင္း သူ႔ဘဝကို ကုန္ဆုံးခဲ့တာ။"

ယြမ္မိသားစုရဲ႕ စည္းမ်ဥ္းမ်ားသည္ လိမ္ညာလွည့္ျဖားျခင္းမရွိဘဲ ေက်ာက္စိမ္းထြင္းတဲ့ကြၽမ္းက်င္မႈအေပၚ အေျခခံထားသည္။

"သူ႔အသက္ ငါးဆယ္ျပည့္ခါနီးမွာ ငါ့ကိုရခဲ့တယ္။  သူက ငါ့ကို နာက်င္ေစေပမယ့္ ငါ့အေပၚ ေမွ်ာ္လင့္ခ်က္အားလုံးကို ပုံေအာထားတယ္။"

"ငါ့ အေမေျပာတာၾကားတာေတာ့..."

ထို႔ေနာက္ ယြမ္ေ႐ြ႕က ဆက္မေျပာခင္ ဝိုင္တစ္ငုံေသာက္လိုက္တာေၾကာင့္ ႏွစ္ႀကိမ္ဆက္တိုက္ သီးသြားေသးသည္။

ယြမ္ေ႐ြ႕ ပထမဆုံးေမြးေန႔တုန္းက ပစၥည္းေတြေ႐ြးရင္း ယြမ္ဖုကြမ္ကိုယ္တိုင္ ထြင္းထားတဲ့ ေက်ာက္စိမ္းတုံးတစ္တုံးကို ေကာက္ကိုင္လိုက္တာေၾကာင့္ ဧည့္သည္ေတြက "အေဖ့အေမြကို ဆက္ခံဖို႔၊ ဒါ အတြက္ ေမြးဖြားလာတာ" ဆိုၿပီး ခ်ီးက်ဴးခဲ့ၾကသည္။

အဲ့အခ်ိန္ေတြကို ျပန္ေတြးၾကည့္မွ၊ သူ႔အတြက္ ဝန္ထုပ္ဝန္ပိုးေတြက အဲ့ကတည္းကရွိေနခဲ့တာပဲ။

တျခားကေလးေတြ "အႏုပညာ" ဆိုတဲ့ စကားလုံးကိုေတာင္ နားမလည္ေသးတဲ့ အခ်ိန္၊ အသက္ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္အ႐ြယ္ ယြမ္ေ႐ြ႕မွာ  ဓားကို ေကာက္ကိုင္ၿပီး စားပြဲေရွ႕မွာ တေနကုန္ ထိုင္ေနခဲ့တယ္။

"အဲ့တုန္းက ငါက အားသိပ္မရွိေသးဘူး။ ထြင္းတဲ့ဓားနဲ႔ ေက်ာက္စိမ္းက အရမ္းေလးတာ။ ႐ိုး႐ိုးရွင္းရွင္း စကားလုံးေလးတစ္လုံးထြင္းဖို႔ကိုေတာင္ လက္ေခ်ာင္းေတြေပၚမွာ အရည္ၾကည္ဖုေတြ ေသြးေတြထြက္ေနတာ။ ငါ ငိုၿပီး အဲ့ေက်ာက္စိမ္းတုံးကို လႊင့္ပစ္လိုက္ေတာ့ အေဖက ငါ့လက္ဖဝါးကို ႀကိမ္လုံးနဲ႔ ႐ိုက္ေတာ့တာပဲ။"

နာက်င္စရာအမွတ္တရေတြမွာ နက္နဲလြန္းတာေၾကာင့္ ယြမ္ေ႐ြ႕မွာ ထိုႏွလုံးသားေလးေၾကကြဲရတဲ့ေန႔ကို ေယာင္ဝါးဝါး မွတ္မိေနတုန္းပင္။

ရွီယြင္နန္ မသိမသာ မ်က္ေမွာင္ၾကဳတ္လိုက္မိေလသည္။

ၾကာပြတ္ေတြ၊ ႀကိမ္လုံးေတြ? ဒါေတြက ဘိုးေဘးေတြခ်န္ရစ္ခဲ့သည့္ ေနာက္ျပန္ဆြဲေနသည့္ စည္းကမ္းမ်ားပင္။

ယွဥ္ေျပာရရင္ေတာ့၊ သူေျခာက္ႏွစ္၊ ခုနစ္ႏွစ္အ႐ြယ္ဆို၊ သူ႔အေမရင္ခြင္ထဲမွာပဲ ၾကင္ၾကင္နာနာအဖက္ခံထားရေသးၿပီး "အေဖ"လို႔ေခၚတဲ့ ရွီရွန္းကလည္း ဖခင္ဆန္ေသးသည္။

"ငါကသာ အေဖ့ရဲ႕ သားအရင္းျဖစ္လို႔ ပိုတင္းက်ပ္တာလို႔ အေမက ခဏခဏေျပာတယ္... လုေက်ာက္အန္းကေတာ့ ေမြးစားသား။ အေဖက သူ႔ကို သူ႔သားအျဖစ္ ေမြးစားခဲ့ေပမယ့္ သူ႔ကို တစ္ခါမွ ႐ိုက္ၿပီး မဆုံးမဘူး။"

"ငါယုံပါတယ္!" ယြမ္ေ႐ြ႕က ေလးေလးနက္နက္ ေခါင္းညိတ္ျပလာၿပီး သူ႔မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႔ ထပ္ေျပာလာသည္။ "ဒါမယ့္ လုေက်ာက္အန္းက ဘာလုပ္လုပ္ေတာ္ေနတာ။ သူ႔အေဖဆီက ဘယ္ေတာ့မွ အ႐ိုက္ခံရမွာ မဟုတ္ဘူး။"

"အခ်ိဳ႕အလုပ္ေတြက၊ အရည္အခ်င္းေပၚမွာပဲ မူတည္တာေလ!" ယြမ္ေ႐ြ႕ရဲ႕ ခါးသီးနာက်ည္းေနသည့္စိတ္ဟာ မူးေဝျခင္းႏွင့္အတူ ပိုပိုျပင္းထန္လာေတာ့သည္။

"ဘယ္ေက်ာက္စိမ္းအေနထားက ထြင္းဖို႔ ေကာင္းမေကာင္းဆိုတာ လုေက်ာက္အန္းကတစ္ခ်က္ေလးၾကည့္ၿပီး ေျပာႏိုင္တယ္။ ဒါမယ့္ ငါမေျပာႏိုင္ဘူး။ ေနာက္ဆုံး ငါတိုးတက္လာတဲ့အခါၾက သူ႔လက္ရာေတြအကုန္လုံးကို ဆိုင္ေတြမွာ ေရာင္းေတာင္ေရာင္းေနၿပီ။"

အေတြ႕အႀကဳံနဲ႔ ယွဥ္ရင္ သူက လုေက်ာက္အန္းေလာက္ မေတာ္ဘူး။

အရည္အခ်င္းနဲ႔ ယွဥ္ရင္လည္း သူက လုေက်ာက္အန္းေလာက္ မေတာ္ဘူး။

တမိုးေအာက္တည္းေနၿပီး လူတစ္ေယာက္တည္းဆီက ပညာေတြရေနေပမယ့္လည္း ေန႔စဥ္ႏွင့္အမွ် တစ္ႏွစ္ၿပီးတစ္ႏွစ္ မယွဥ္ၿပိဳင္ႏိုင္ခဲ့။

"ငါ့ကို အေဖ စစိတ္ပ်က္လာေနၿပီဆိုတာသိပါတယ္။ ငါက သားတစ္ေယာက္အေနနဲ႔ အေဖ့အေမြကိုမဆက္ခံႏိုင္လို႔ သူစိတ္ပ်က္ေနတာ။အဲ့ဒါေၾကာင့္ လုေက်ာက္အန္းကို ခ်ီးက်ဴးတိုင္း သူက ငါ့ကို ႏွိမ္တယ္။"

"ငါ့ကို ဆူတိုင္း သူေျပာေနၾကစကားက 'မင္းအစ္ကိုကို ၾကည့္စမ္း။ ငါလို ယြမ္ဖုကြမ္က မင္းလို အရည္အခ်င္းမရွိတဲ့ သားမ်ိဳး ဘယ္လိုလုပ္ရႏိုင္မွာလဲ' ဆိုတာခ်ည္းပဲ?!"

"....."

ရွီယြင္နန္ ဘာမွမတုံ႔ျပန္လိုက္ေသာ္လည္း နားေထာင္သူအျဖစ္ တိတ္တိတ္ေလးနားေထာင္ေပးေနလိုက္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ဆယ္ေက်ာ္သက္ေတြဆိုတာ စိတ္ဆတ္တယ္ေလ။ တျခားသူတစ္ေယာက္ရဲ႕ အရိပ္ေအာက္မွာ အခ်ိန္အၾကာႀကီးေနေနရင္ ေရရွည္မွာ ျပႆနာေတြ ျဖစ္လာမွာပဲ။

"ငါလည္း သိပါတယ္။" ယြမ္ေ႐ြ႕က ခံစားခ်က္ေတြေၾကာင့္ အသံတုန္လာၿပီး သူကဝန္ခံလာသည္။"ငါ လုေက်ာက္အန္းကို ဘယ္ေတာ့မွ အႏိုင္ယူႏိုင္မွာ မဟုတ္ဘူး။သူက ေကာင္းကင္ေပၚကလ၊ ငါက ေျမႀကီးေပၚက ႐ႊံ႕ပဲေလ။"

"ငါ့အေဖနဲ႔ အဲ့ေက်ာက္စိမ္းထြင္းသမားေတြရဲ႕အျမင္မွာေကာ၊ လုေက်ာက္အန္းရဲ႕ စိတ္ထဲမွာေကာ ငါက အၿမဲ အရည္အခ်င္းမရွိတဲ့သူျဖစ္ေနမွာပဲ။"

ေဘးခ်င္းကပ္ရပ္ဖို႔ အရည္အခ်င္းမျပည့္မွီဘူး။

ယြမ္ေ႐ြ႕က တျဖည္းျဖည္းနဲ႔ ပုန္ကန္လာေတာ့သည္။  သူက တစ္ေနကုန္ အရႈပ္ေတြလုပ္ၿပီး စည္းကမ္းေတြလည္း မလိုက္နာေတာ့။ သူက ဒီတိုင္း သူ႔ရဲ႕ရယ္စရာေကာင္းတဲ့ စိတ္ႀကီးဝင္တဲ့ပုံေလးကို လူေတြေရွ႕မွာ ခ်ျပေန႐ုံေလးသာ။

"ငါ ေက်ာက္စိမ္းမထြင္းရလည္း ကိုယ့္ဘဝကိုယ္ ရွင္သန္ႏိုင္တယ္ဆိုတာ သူတို႔ကို သိေစခ်င္တယ္။"

ယြမ္ေ႐ြ႕ သူ႔ကိုယ္သူ ေလွာင္ရယ္လိုက္ၿပီး ရွီယြင္နန္ေျပာတာကိုမေစာင့္ဘဲ ဝန္ခံလာသည္။  "ဟုတ္တယ္၊ ဒီအႀကံက ေပါေတာေတာျဖစ္ေပမယ့္  ဒီလိုအတိုက္အခံ လုပ္တာကိုပဲ စဥ္းစားမိတယ္။"

ထို႔ေနာက္ သူျပန္ရတာကေတာ့ ယြမ္ဖုကြမ္ဆီက အဆူခံရ အ႐ိုက္ခံရတာမ်ားသာပင္။

"မင္း ဒီလို ပိုလုပ္ေလ၊ မင္းက ယြမ္မိသားစုကို ပိုဂ႐ုစိုက္ေလေလဆိုတာ ျပေနတာပဲေလ။" ရွီယြင္နန္က အမွန္ကို ေျပာလာသည္။

တကယ့္ ဥေပကၡာဆိုတာ သူလုပ္သလိုမ်ိဳး၊ ရွီမိသားစုအေပၚ တြယ္တာမေနဘဲ ထြက္သြားျခင္းပင္။

ယြမ္ေ႐ြ႕က ရွီယြင္နန္ကိုၾကည့္လာၿပီး မျငင္းေပ။ "ဟုတ္တယ္၊ ငါ့မ်ိဳး႐ိုးနာမည္က ယြမ္ဆိုမွေတာ့  ငါဘယ္ေလာက္ပဲ အရည္အခ်င္းမရွိပါေစ၊ ငါတို႔မိသားစု က်ဆင္းေနတာကို မၾကည့္ႏိုင္ဘူး!"

"သူတို႔ေျပာသလို ယြမ္မိသားစုရဲ႕ ပိုင္ဆိုင္မႈေလးေတြကိုပဲ ဂ႐ုစိုက္တယ္လို႔ မင္းထင္ေနတာလား?"  ယြမ္ေ႐ြ႕က ေခါင္းခါကာ

"မွားေနၿပီ။"

သူ႔ထက္ လုေက်ာက္အန္းက ယြမ္မိသားစုကိုပိုစီမံခန႔္ခြဲႏိုင္မွန္း သူသိၿပီးသား။ ယြမ္မိသားစုကို ေစာင့္ေရွာက္ေနတဲ့ သူ႔ကို သူစိတ္မ၀င္စားဘူး။

သို႔ေသာ္ ကေလးဘဝကေန အ႐ြယ္ေရာက္သည့္ထိ တိုးလာတဲ့ မိမိကိုယ္ကို အထင္ႀကီးတဲ့ စိတ္၊ သိမ္ငယ္တဲ့စိတ္ေတြက ေန႔ေရာညပါ ေရာယွက္ကာျပင္းထန္လာၿပီး အရႈံးေပးေနသည့္ လုေက်ာက္အန္းကိုေတာင္ စကားေကာင္းေကာင္း မေျပာႏိုင္ေပ။

"ဂိုေဒါင္မွာ မေတာ္တဆျဖစ္တဲ့ေန႔က၊ ယြမ္မိသားစုရဲ႕ ေက်ာက္စိမ္းဒီဇိုင္းမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္တယ္လို႔ ခဲယြဲ႕က ေျပာတယ္။ ေနာက္ အစုရွယ္ယာအလိုက္ အျမတ္ကို တြက္ယူမယ္ေပါ့။"

ထိုစကားကိုၾကားေသာအခါ၊ ေထ့ေငါ့ခ်င္ေနတဲ့ အရိပ္အေယာင္ေလးေတြဟာ ရွီယြင္နန္ မ်က္လုံးထဲ ေပၚလာေတာ့သည္။

ဟုတ္တာေပါ့၊ ကံတရားရဲ႕ လမ္းေၾကာင္းတခ်ိဳ႕က ထပ္ေနဦးမွာပဲေလ၊ ဒါမယ့္ ရွီးခဲယြဲ႕ကေတာ့ အခုခ်ိန္မွာေတာင္ ယြမ္မိသားစုဆီက အက်ိဳးအျမတ္ရဖို႔ေတြးေနတုန္းပဲ။

"အစကေတာ့ ငါလည္းသေဘာမတူဘူး။"  ယြမ္ေ႐ြ႕ကေျပာလာသည္။

တစ္ဖက္တြင္၊ လုေက်ာက္အန္းကသာ ဒီကိစၥအတြက္ အျပည့္အဝ တာဝန္ယူထားေၾကာင္း သူသိၿပီးျဖစ္သလို၊ တစ္ဖက္လူရဲ႕ အနာဂတ္ဆုံးျဖတ္ခ်က္မ်ားကို စစ္ေဆးတိုင္းတာရန္ အျခား "ရင္းႏွီးျမႇဳပ္ႏွံသူ" မရွာခ်င္ခဲ့။

တစ္ဖက္တြင္မူ၊ ယြမ္ေက်ာက္စိမ္းပန္းပုေတြမွာ က်ဆင္းလာၿပီး အသစ္ဖြင့္ထားတဲ့ ေက်ာက္စိမ္းဒီဇိုင္းဟာ အျမတ္အစြန္း ရႏိုင္မလာဆိုတာ မေသခ်ာေပ။

တစ္နည္းဆိုရေသာ္ လုေက်ာက္အန္းက အစပိုင္းယြမ္ဖုကြမ္ကို တိုင္ပင္ေသာအခါ၊ ဒီေစ်းဖြင့္ႏိုင္ဖို႔အတြက္ အရႈံးထြက္ရင္ေတာင္ အံႀကိတ္ထားၿပီး အလုပ္ကိုလုပ္ရမယ္လို႔ သူတို႔ ထင္မိၾကသည္။

ယြမ္ေ႐ြ႕ သူ႔သူငယ္ခ်င္းကို မျငင္းခ်င္ဘူး။

"မင္းရယ္၊ ခဲယြဲ႕နဲ႔ ရွီမိသားစုၾကား ဘာေတြျဖစ္ၾကမွန္း ငါတကယ္မသိဘူး။ ဒါေပမယ့္ ငါ့အတြက္ေတာ့ ခဲယြဲ႕ကသာ ငယ္ငယ္ေလးကတည္းက ငါ့ကို အသိအမွတ္ျပဳေပးတဲ့ သူငယ္ခ်င္းပဲ။"


English T/N

Asian မိဘေတြ - ခ်စ္လို႔ ႐ိုက္တာ :)

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္!!

Rozu တခါမွ ဘာသာျပန္ရင္း မငိုဖူးပါဘူး ဒါမယ့္ ယြမ္ေ႐ြ႕ေျပာတာေတြနားေထာင္မိေတာ့ တကယ္ပဲ ဝမ္းနည္းမိတယ္။ ကိုယ့္သားသမီးကို တျခားသူနဲ႔ ယွဥ္တယ္ဆိုတာ မိဘေတြ ေန႔စဥ္ေျပာေနၾကစကားေတြပါပဲ။ ကိုယ့္ဟာ ကိုယ့္သားသမီးကို တကယ္ခ်စ္ရင္ သားသမီးခ်င္း ယွဥ္စရာမလိုသလို၊ တျခားသူရဲ႕ သားသမီးေတြနဲ႔လည္း မယွဥ္သင့္ပါ။ ဒါဟာ ေကာင္းေစခ်င္တာမဟုတ္ဘူး စိတ္ဒဏ္ရာေပးေနတာပါ။ "ဆန္ရင္း နာနာဖြပ္" ဆိုတဲ့ စကားက ေရွးေနာက္ျပန္ဆြဲေနတဲ့ လူႀကီးေတြ ေျပာခဲ့တဲ့စကား။ ဒါဆို မိဘျဖစ္လာတဲ့သူေတြေကာ အယွဥ္မခံခဲ့ရဘူးလား။ မဟုတ္ဘူး သူတို႔လည္း ယွဥ္ခံရတာပဲ။ ဒါဆို ဘာလို႔ ကိုယ္မိဘျဖစ္တဲ့ အခ်ိန္ ဒီလမ္းစဥ္ကိုလိုက္ေနရတာလဲ။ ကိုယ့္ေတြအလွည့္ၾကရင္ေကာ ဒါမ်ိဳး လုပ္ၾကအုံးမွာလားဆိုၿပီး ဒါကို ျပန္ေနရင္း ေတြးမိတယ္။ အတတ္ႏိုင္ဆုံးေတာ့ ဒီလိုမလုပ္မိပါေစနဲ႔ ။ ကိုယ္သာ ယြမ္ေ႐ြ႕ေနရာမွာဆို သူ႔လို ခံႏိုင္ရည္ရွိမွာမဟုတ္ဘူး၊ သူတို႔ေနာင္တရေအာင္ ကိုယ့္ကိုယ္ကို တစ္ခုခုလုပ္မိမွာ။ ကိုယ့္သားသမီးတုန္းက ခံခဲ့ရသလိုမ်ိဳး ကိုယ့္သားသမီးေတြကို မျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ child care ေလးေတြပါတဲ့ novel ေတြဆို ပိုဖတ္မိတယ္ ။ ခ်င္းခ်ီတို႔ ဆုံးမသလိုမ်ိဳးဆို တကယ့္အႏွစ္ေတြပါပဲ ။ novel ေတြထဲကေန ျပန္သင္ယူမိတယ္။ စာရွည္သြားရင္ ေဆာရီးပါ။ ဟီး mood ဝင္သြားလို႔ ^-^

Continue Reading

You'll Also Like

1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
18.7K 1.7K 17
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem ပါနော် 1 by 5 or maybe 6 🤭 Author -shut paann start -23,12,2023 end-
1.3M 44.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd