"နှလုံးသားကိုရင်း၍ အမှောင်မှ...
By LuMorAung
9.3K 660 59
( Book published ) #Fiction , #drama , #Bromance , #historical ဘာသာရေးနဲ့ ချစ်မေတ္တာကို သေချာ ပုံဖော် ပြထားပြ... More
အပိုင်း (၁)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
ဇာတ်သိမ်းပိုင်း
စာအုပ်ထုတ်​ဝေခြင်း
Cover art
Giveaway
အပိုင်း (၂)
1.2K 92 5
By LuMorAung
             " နှလုံးသားကို ရင်း၍ အမှောင်မှ
                         လွတ်ရစေမည် "
                      အပိုင်း (၂)
လွန်ခဲ့သော နှစ်ပေါင်း ၈၀,၀၀၀ ခန့်က
ကမ္ဘာကြီး တစ်ခု တည်ရှိသည်။
လက်ရှိ နေထိုင်ရာ ကမ္ဘာကြီး မပေါ်ခင် က
တည်ရှိခဲ့သော ကမ္ဘာ တစ်ခုပင်။
ထိုကမ္ဘာကြီး၏ တစ်နေရာတွင်
မုတ္တ ဟုခေါ်သော မြို့လေး တစ်မြို့ ရှိသည်။
မုတ္တ မြို့လေးက စည်ကားသည်။
အပျော်အပျက်လည်း များသည်။
ဒုစရိုက်လည်း များသည်။
ထိုမုတ္တ မြို့တွင် အထင်ကရ တက္ကသိုလ်
တစ်ခုရှိသည်။ ရာမေယု ဟု အမည်တွင်သော
တက္ကသိုလ်ကြီး။
ထိုသက္ကသိုလ်ကြီး၏ တစ်နေရာတွင်
ကျောင်းသား တစ်ချို့က ရန်ဖြစ်နေသည်။
တိတိကျကျ ပြောရလျှင်
ကျောင်းသားတစ်ဦးကို ဝိုင်းအနိုင်ကျင့်နေကြခြင်းပင်။
"ဟေ့ကောင် မာနတ္တ , ငပိန်းကောင် "
ကျောင်းသားတစ်ဦး၏ လှောင်ပြောင်မှုကို
ကျန်ကျောင်းသားများကပါ ဝိုင်းပြီး
ဟားတိုက် ရယ်နေကြသည်
"နာမည်ကသာ မာနတ္တ , လူက ငနုံကောင် "
"ဖြောင်း "
ပြောလည်း ပြော ခေါင်းကိုလည်း
တစ်ချက်ချင်း ရိုက်နေသည်။
တခါတလေ သဲများနှင့် ပက်သည်။
ထိုသို့ အနိုင်ကျင့် ၍ ဝတော့
ထိုကျောင်းသားများ ထွက်သွားကြသည်။
မာနတ္တ ဟု အမည်တွင်သည့် ကျောင်းသားကမူ
မျက်ရည်များ တစက်စက် ကျနေသည်။
၁၀ မိနစ် ခန့်မျှ ငိုပြီးတော့ ပေကျံနေသော
အင်္ကျီကို ခါ၍ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ကျနေသော မျက်မှန်လေးကို ကောက်၍ တပ်လိုက်သည်။ လွယ်အိတ်ကို
ကိုင်၍ စာသင်ခန်းဘက်ကို ထွက်လာလိုက်သည်။
စာသင်ခန်းဘက်ရောက်တော့ ကျောင်းသားများ
သိပ်မရှိသေးပေ။ မာနတ္တ စာသင်ခန်းထဲသို့
ဝင်ထိုင်လိုက်သည်။ များမကြာမီပင် စာသင်ချိန်
စတော့သည်။
မာနတ္တ က စာများကို ကြိုးစားပမ်းစား လိုက်မှတ်နေသည်။ သူသည် စာသင်ယူရာတွင် အားနည်းသည်။ အရှင်းဆုံး ပြောရလျှင် တုံးသည်။ ညံ့သည်ပေါ့။
" မနက်ဖြန် ကြိုဆိုပွဲက မိုက်မှာကွ "
"အေး ဟိုမိန်းမလေးက အရမ်းယွတယ် ဆိုပဲ။
ငါတို့အကြိုက်ပေါ့ "
ဘေးမှ ဖြတ်သွားသူများရဲ့ စကားသံကို
မာနတ္တ ကြားလိုက်ရသည်။ မနက်ဖြန် သူတို့ကျောင်း၏ ကြိုဆိုပွဲ ဖြစ်သည်။
ကျောင်း၏ အလှဆုံးများကို ရွေးချယ်မည့်ပွဲလည်း ဖြစ်သည်။ မာနတ္တ ကတော့ စိတ်မဝင်စားပါချေ။ သူက ရုပ်ဆိုးဆိုး ကျောင်းသား
တစ်ယောက် မဟုတ်ပါလား။
နောက်ရက်ကျတော့ မာနတ္တ ကျောင်းဝတ်စုံနှင့်ပင် ထွက်လာလိုက်သည်။ လူအကုန်လုံးကတော့
ဝတ်ကောင်းစားကောင်း များနှင့် လှပနေကြသည်။ မာနတ္တ တစ်ယောက်သာ စုတ်တိစုတ်ပြတ် ဖြစ်နေခြင်းပင်။
မာနတ္တ ကျောင်းထဲသို့ ဝင်တော့ ကြိုဆိုပွဲက
စနေပြီ ဖြစ်သည်။ မာနတ္တ စင်ရှေ့ရောက်တော့
"ကျောင်းရဲ့ အလှမယ် ဆု ရရှိသူကတော့
မြကြေးမှုံ ဖြစ်ပါတယ် "
အသံကြောင့် မာနတ္တ လှည့်ကြည့်တော့
ချောမောလှပသော မိန်းမပျိုတစ်ဥိး။
အရပ် ၅ပေ ၆လက်မ ကျော်ခန့်။
ဆံနွယ်အကောက်အကွေးလေးများကြားမှ
ကြည်လင်နေသော မိန်းမပျို။
မာနတ္တ လည်း ဆက်ကြည့်မနေပဲ
လှည့်ထွက်သွားသည်။
ချို့တဲ့ တဲ့ မာနတ္တ တစ်ယောက်က ကျောင်းပိတ်ရက်တွင် အချိန်ပိုင်းဝန်ထမ်း လုပ်၍ ငွေရှာရသည်။ ငါးများ လိုက်ပို့ခြင်း , ကြက်ဥများ လိုက်ပို့ခြင်း များကို လုပ်ပေးရသည်။ဒီလိုနဲ့ ကြိုဆိုပွဲပြီးတာ ၁ လ ခန့်ကြာခဲ့ပြီ ဖြစ်သော တစ်နေ့။
ထုံးစံအတိုင်း ကျောင်းပိတ်ရက်မို့ မာနတ္တက
အလုပ်လုပ်နေရသည်။ဈေးထဲက ကြက်ဥများကို ဆိုင်ကယ်ပေါ် တင်နေစဉ် ဆူဆူညံညံ အသံကြောင့်
မာနတ္တ လှည့်ကြည့်တော့ မြကြေးမှုံ။
" ကောင်မ ခိုင်းရင်လုပ်လိုက်။ "
" ဖြောင်း "
မြကြေးမုံ၏ ပါးပေါ်သို့ ရိုက်ချလိုက်သော လက်ဝါးတစ်ခု။ မြကြေးမှုံ၏  မျက်ဝန်းထက်မှ
မျက်ရည်များက တသွင်သွင်စီးကျနေသည်။
လူအများက ဝိုင်းအုံကြည့်နေ၍ ရှက်သည်ကတစ်ကြောင်း , နာကျင်မှုကြောင့် တစ်ကြောင်း ။
မာနတ္တ လည်း ဆက်ကြည့်မနေတော့ပဲ ပို့စရာရှိတာကို သွားပို့လိုက်သည်။
နောက်ရက်တွင်လည်း ထိုဈေးထဲသို့ရောက်တော့
မြကြေးမုံကို မာနတ္တတွေ့လိုက်သည်။ ကြက်သားများ ခုတ်ထစ်နေသော မြကြေးမှုံ။ ကျောင်းအလှမယ် မြကြေးမှုံ မှ ဟုတ်ပါလေစ ဟု တွေးယူရလောက်အောင် မိန်းမကြမ်းပုံစံနှင့်ပင်။
မာနတ္တလည်း ဖာသိဖာသာပင် ပို့ရမည့်
ပစ္စည်းများကိုသာ ဆိုင်ကယ်ပေါ် တင်လိုက်,
အရေအတွက်စစ်လိုက်နှင့် အလုပ်ရှုပ်နေသည်။
ထိုနေ့က မာနတ္တ ကျောင်းမှာ ဆရာမ ခိုင်းသဖြင့်
ညနေစောင်းမှ ပြန်လာရသည်။ ထိုစဉ် စာသင်ခန်းထဲမှ ခုံလှုပ်သံများကြား၍ မာနတ္တ ကြောင်တောင်တောင် ဖြစ်သွားတယ်။
' သရဲများ ခြောက်ခံရလေသလား '
ဒါလည်း မဖြစ်နိုင်။
သူ ဒီကျောင်းတက်လာတာ ၃ နှစ်ရှိပြီ ဖြစ်သည်။
ထိုကဲ့သို့ ကိစ္စမျိုး မကြုံဖူးချေ။
ထို့နှင့် မာနတ္တ ပြတင်းပေါက်အနား ချဉ်းကပ်ပြီး
ကြည့်လိုက်တော့
"ဟင် ..."
မြကြေးမှုံကို တွေ့လိုက်သည်။
ခန္ဓာကိုယ်က အဝတ်အစားမပါ။
မြကြေးမှုံ၏ ခန္ဓာကိုယ်အသားစိုင်များက
ဆွဲဆောင်မှု ပြင်းလှသော်လည်း
မာနတ္တလို အူအူတူတူ ကောင်က
ဘာမျှ မခံစားရ။
မြကြေးမှုံနှင့် လိင်ဆက်ဆံနေသည်က
ကျောင်းမှ အတန်းပိုင် ဦးစက္က။
မြကြေးမုံကို အတင်းချုပ်၍ လိင်ဆက်ဆံနေခြင်း။
ခဏကြာတော့ ဦးစက္က က မြကြေးမှုံကို
ပိုက်ဆံတစ်ချို့ ပေးနေသည်ကို တွေ့လိုက်သည်။
သူတို့ ထွက်လာကြတော့ မာနတ္တလည်း
တစ်နေရာတွင် ငုံ့၍ ပုန်းနေလိုက်သည်။
မာနတ္တ၏မြင်ကွင်းထဲကနေ သူတို့ပျောက်သွားတော့မှ မာနတ္တလည်း ထထွက်လာသည်။
လမ်းတွင် မြကြေးမှုံအကြောင်း
စဉ်းစားလာမိသည်။
မြကြေးမှုံသည် အလွန်ချောမောသူ တစ်ဦး
ဆိုတာ သူ သိသည်။ ဆင်းရဲနွမ်းပါသည်ကိုလည်း
သူ တွေ့ခဲ့သည်။ အခုတော့ မြကြေးမှုံက
ခန္ဓာကိုယ် ရင်း၍ လုပ်စားနေသည်။
သူ မြကြေးမှုံအတွက် စိတ်မကောင်းဖြစ်မိသည်။
ထို့နောက်ပိုင်း တစ်စနှင့်တစ်စ မြကြေးမှုံကို
သူတွေ့လာသည်။ ချုံပုတ်ထဲမှ ထွက်လာတာတစ်မျိုး, ကျောင်းခန်းထဲမှ ဖရိုဖရဲ ထွက်လာတာမျိုး
ဖြစ်သည်။
သူလည်း တွေ့ပါများတော့
မြကြေးမှုံကို သနားလာသည်။
ဒီလိုနဲ့ သူတို့ ကျောင်းပြီးသွားသည်။
ကျောင်းနောက်ဆုံးရက်တွင် မြကြေးမှုံကို
သူတွေ့လိုက်သည်။
ပျက်စီး၍ ပြည့်တန်ဆာ သာသာ
ဖြစ်နေသော မြကြေးမှုံ။
သူ စိတ်မကောင်းပါချေ။
သို့သော် သူဘာမှ မလုပ်ပေးနိုင်ပါ။
ကျောင်းပြီးတော့ သူလည်း
ပစ္စည်းလိုက်ပို့သည့် အလုပ်သာ လုပ်သည်။
တစ်နေ့ သူပါဆယ် တစ်ခုကို ပို့ရသည်။
နေရာက လမ်းသွယ်လေးတစ်ခုမှ
တိုက်ခန်းဆီသို့။
သူ တိုက်ခန်းဆီ ရောက်တော့ တံခါးကို ခေါက်လိုက်သည်။
" ပါဆယ် လာပို့တာပါ "
သူ အပြင်ကနေ အော်လိုက်တော့
အထဲမှ တံခါးလာဖွင့်သည်။
ကြည့်လိုက်တော့ မြကြေးမှုံ။
မြကြေးမှုံကို မြင်၍ သူဝမ်းသာ သွားပေမယ့်
မြကြေးမှုံကတော့ သူ့ကို မသိပါချေ။
ပိုက်ဆံရှင်းပြီး တံခါးပိတ်သွားသည်။
အဲ့နေ့ကစပြီး သူလည်း မြကြေးမှုံတိုက်ခန်းနားကို
မယောင်မလည် ရောက်နေတတ်သည်။
ဘာဖြစ်လို့ ဆိုတာတော့ မာနတ္တ ကိုယ်တိုင်လည်း
မသိ။
မြကြေးမှုံအခန်းမှ ယောက်ျားလေးများ
ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကိုလည်း
သူတွေ့ရသည်။ တဖြည်းဖြည်း သူ
မြကြေးမှုံကို သနား၍ ချစ်မေတ္တာတွေ
ပေါက်ဖွားလာသည်။
သနားချစ်က အချစ်တကာ့အချစ်ထဲတွင်
အဆိုးဆုံး ဆိုတာကို မာနတ္တ လက်တွေ့သိနေရသည်။
တစ်နေ့တော့ မာနတ္တတစ်ယောက် ဆိုင်ကယ်ပျက်၍
သူ့အသိ ပြင်ဆိုင်သို့ ဆိုင်ကယ်တွန်းလာလိုက်သည်။
"အစ်ကိုရေ ဆိုင်ကယ်ပျက်ပြန်ပြီဗျာ "
မာနတ္တ ၏ စကားကြောင့် ဆိုင်ကယ်ပြင်ဆရာက
ဆိုင်ကယ်ကို တစ်ချက်ကြည့်သည်။
ဆိုင်ကယ်က ဟောင်း၍ စုတ်နေချေပြီ။
"မနက်ဖြန် လာယူလိုက် ဟုတ်လား ,
အကို ကြည့်ပေးထားမယ် "
သို့နှင့် မာနတ္တလည်း ခြေလျင် ထွက်လာခဲ့သည်။
နေကလည်း ပူသည်။ ချွေးများလည်း
တဒီးဒီကျနေသည်။ မာနတ္တ လမ်းလျောက်နေတုန်း
ရှေ့တွင် ရဟန်း တစ်ပါးကို တွေ့သည်။
ဖိနပ်မပါ ပဲ လျောက်လာသော ရဟန်းတစ်ပါး။
မာနတ္တလည်း ကိုယ်ချင်းစာ၍
ထိုရဟန်းရှေ့တွင် လက်အုပ်ချီ၍
သူ့ ဖိနပ်ကို ရဟန်းရှေ့သို့ ချပေးသည်။
ရဟန်းကလည်း ခေါင်းလေး တစ်ချက်သာ
ငြိမ့်ပြ၍ ဖိနပ်ကို စီးပြီး ထွက်သွားသည်။
နေကပူသည်မို့ မာနတ္တ အပြေးတပိုင်း
လျောက်လာသည်။ ဖိနပ်လည်း မရှိတော့ဘူး
မဟုတ်လား။ တစ်နေရာသို့ ရောက်တော့ လမ်းဖြတ်ကူးသည်။ အရှိန်ဖြင့် ဝင်လာသော
ကားတစ်စီးကို မာနတ္တ မမြင်ခဲ့ပါ။
သူ သိလိုက်သည်က သူ့ခန္ဓာ လေထဲသို့
မြောက်တတ်သွားသည်။ ထို့နောက်
အရာရာက အမှောင်အတိ..။
*****************************************
နေရာက တာဝတိံသာ ..
နတ်ပြည် (၆) ထပ်၏ ဒုတိယမြောက် နတ်ပြည်။
မာဃသိကြားမင်း အုပ်စိုးပြီး စည်ကားသော
နတ်ပြည်တစ်ခု။
တာဝတိံသာက ၁ ရက်သည် လူ့ပြည်က နှစ် ၁၀၀ နှင့် ညီမျှသည်။ နက်သက်က လူ့သက်တမ်းနှင့်
တွက်လျှင် နှစ်ပေါင်း ( ၃.၆ ) ကုဋေခန့်။
ထိုနတ်ပြည်၏ အရှေ့မြောက်စူးစူးတွင်
ဗိမာန်ကြီး တစ်ခု ပေါ်လာသည်။
နတ်သမီးများလည်း ပေါ်လာသည်။
သို့သော် ဗိမာန်ရှင်က မပေါ်လာသေး။
ခဏကြာတော့ ဗိမာန်ရှင် နတ်သား ပေါ်လာသည်။
"ဟင် .." "အို ..."
ဘေးနားပတ်ဝန်းကျင်ရှိ ဗိမာန်မှ နတ်သမီးများကပါ အံ့ဩဟန်နှင့် ကြည့်နေသည်။
ဆံပင်အနက် ရှည်ရှည် ကို သပ်တင်ထားပြီး
မေးရိုးသွယ်သွယ် နှာတံပေါ်ပေါ်နှင့်
အလွန်မှ တည်ကြည်ဆွဲဆောင်မှု ရှိသော
နတ်သားတစ်ပါး။
"အို မောင်ကြီး , နာမည်​က ဘယ်လိုများ
ခေါ်ပါသလဲ "
ဘေးမှ နတ်သမီးက မေးလိုက်သည်။
"ကျုပ်နာမည် မာနတ္တ "
မာနတ္တလည်း ကောင်းမှုအကျိုးကြောင့်
နတ်ပြည်တွင် ချောမောသော နတ်သားအဖြစ်
မွေးဖွားခွင့်ရခဲ့သည်။
ချောမော၍ တန်ခိုးကြီးသော နတ်ဖြစ်သဖြင့်
တာဝတိံသာက နတ်များကလည်း
မာနတ္တကို အချိန်တိုအတွင်း ခင်သွားကြသည်။
"မာနတ္တ တဲ့လား အဆွေ , ကျုပ်က ရူပက္က လို့ခေါ်ပါတယ် "
မာနတ္တ၏ ဗိမာန်ဘေးတွင် ရှိသော နတ်သားတစ်ပါးက လာမိတ်ဆက်သည်။
မာနတ္တလည်း
" တွေ့ရတာ  ဝမ်းသာပါတယ် မိတ်ဆွေ "
သူတို့ ၂ ဦး စကားပြောရင်း ခဏအတွင်း
အလွန်ခင်လာကြသည်။
အခေါ်အဝေါ် အပြောအဆိုကပါ ပြောင်းလဲလာသည်။
တစ်ယောက်အကြောင်း တစ်ယောက် ရင်ဖွင့်ကြသည်။
" ဒါဆို ကိုယ့်လူက မြကြေးမှုံဆိုတဲ့
လူမလေးကို ချစ်တယ် ဆိုပါတော့ "
ရူပက္က၏ စကားကို မာနတ္တက ခေါင်းငြိမ့်ပြလိုက်သည်။
"ခဏစောင့်ဗျာ။ ကျုပ် မြကြေးမှုံကို
ခဏသွားကြည့်မယ် "
မာနတ္တက ပြောပြောဆိုဆိုနှင့် လူပြည့်ကို
ဆင်းလာသည်။
မြကြေးမှုံ နေထိုင်ရာ တိုက်ခန်းလေးကို
လာကြည့်သည်။
မြကြေးမှုံ က အသက် ၄၀ ကျော်အရွယ်ပင်
ဖြစ်နေချေသည်။ ငွေကြေးအနည်းငယ်အတွက်
ပြည့်တန်ဆာ လုပ်နေတုန်းပင်။
ထို့အပြင် မူးယစ်ဆေးပါ စွဲနေသည်ကို
တွေ့လိုက်ရသည်။
မာနတ္တ ရင်ထဲတွင် နာကျင်လာသည်။
ထို့ကြောင့် သူ့တန်ခိုးနှင့် လူယောင်
ဖန်ဆင်းလိုက်သည်။
"ဒေါက် ဒေါက် "
တံခါးသံကြား၍ ဒေါ်မြကြေးမှုံ တစ်ယောက်
အပြေးအလွှားသွားဖွင့်သည်။
"ဟင် ..."
ခပ်ချောချော လူငယ်တစ်ယောက်က
သူမလို အဒေါ်အရွယ် ပြည့်တန်ဆာဆီ လာတော့
မြကြေးမှုံ အံ့ဩနေသည်။
"အဒေါ့် လိပ်စာနဲ့ ပစ္စည်းရောက်လို့
လာပို့တာပါ "
မာနတ္တက ပါဆယ်ကို ပေးလိုက်ပြီး
ပြန်ထွက်သွားသည်။
မြကြေးမှုံ ပါဆယ်ကို ဖွင့်ကြည့်တော့
အဖိုးတန်လှသော လက်ဝတ်ရတနာများ ..။
မာနတ္တလည်း ချစ်ရသူအတွက်
လုပ်ပေးခဲ့ပြီးတော့ ပျော်ပြီး နတ်ပြည်
ပြန်တက်သွားသည်။
တာဝတိံသာ ရောက်တော့ စူဠာမဏိ စေတီကို ဖူးရင်း
တတ်သလောက်မှတ်သလောက်လေး တရားထိုင်ကြည့်သည်။
ထို့နောက် နတ်စည်းစိမ်းကို ခံစားလိုက် ,
စေတီတွင် တရားထိုင်လိုက်နှင့် အချိန်အတော်ကုန်ခဲ့သည်။ သူ့စိတ်တွင် မြကြေးမုံကို
သတိရလာသည်။
သူမ ဒီအချိန်ဆို အေးအေးဆေးဆေး နေနိုင်နေပြီဟု
သူ ယူဆသည်။
လူ့ပြည့်သို့ ဆင်း၍ မြကြေးမုံဆီ သွားကြည့်သည်။
သူပေးခဲ့သော ရတနာများကို ထုခွဲရောင်းချကာ
မြကြေးမှုံက ဇိမ်ခန်း ဖွင့်ထားသည်။ မူးယစ်ကုန်သည်ကြီး ဖြစ်နေသည်။ မာနတ္တ အံ့ဩသင့်သွားသည်။ အကုသိုလ်အလုပ်များ
ဆက်လုပ်နေသေးသည်ကို သူ မယုံနိုင်။
မာနတ္တလည်း စိတ်လေသွားပြီး
နတ်ပြည်တက်ကာ စိတ်ငြိမ်အောင်
တရားထိုင်နေလိုက်သည်။
"ဟေ့ ငမာ .."
ခေါ်သံကြောင့် မာနတ္တ ကြည့်လိုက်တော့ ရူပက္က။
မင်းရဲ့ မြကြေးမှုံကတော့ နောက်ဆုံးအချိန်
ရောက်နေပြီ။
ဘယ်လောက်ပဲ စိတ်ကုန်ကုန် မချစ်ပဲ မနေနိုင်သည်မို့ မာနတ္တလည်း လူ့ပြည့်သို့ ဆင်းသည်။
မြကြေးမှုံကို တစ်နေရာမှ ကြည့်နေသည်။
မူးယစ်ဆေး သုံးသည့်ဒဏ်တွေကြောင့်
မြကြေးမုံ အလူးအလဲ ခံနေရသည်။
သွေးရူးသွေးတန်း အော်ဟစ်နေသည်။
ခဏကြာတော့ ငြိမ်ကြသွားသည်။
မြကြေးမှုံ သေချေပြီ။
သူလည်း ဘုံစာရင်း ဗိမာန်သို့ တက်သွားလိုက်သည်။
"မြကြေးမှုံ ဆိုတဲ့ ကောင်မလေး
ဘယ်ရောက်နေလဲ သိချင်လို့ပါ "
စာရင်းစစ်နေသော နတ်သမီးက သူ့ကို
မော့ကြည့်သည်။ ခပ်ချောချော ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော နတ်သားလေး ဖြစ်၍
စာရင်းစစ်မလေးလည်း ရင်ဖိုသွားသည်။
"အဲ့တာက နတ်သားတွေကို ပြောလို့မရဘူးရှင်ရဲ့ "
နှုတ်ခမ်းလေးကိုက် , မျက်လွှာလေးပင့်ကာ
အထာပေးနေသော နတ်သမီးလေးကို
မာနတ္တ ဘာဆက်ပြောရမှန်းမသိ။
" သိကြားမင်း က ခွင့်ပေးရင်ရော ရလား "
မာနတ္တ မေးလိုက်တော့
" အဲ့လိုဆိုရင်တော့ ရပါတယ် "
မာနတ္တလည်း ချက်ချင်းထွက်သွားလိုက်သည်။
စာရင်းစစ် နတ်သမီးလေးက အနောက်ကနေ
အလောတကော အော်မေးသည်။
"အရှင့် နာမည်က ဘာတဲ့လဲ "
"ကျုပ်က မာနတ္တ "
မာနတ္တလည်း သိကြားမင်း နေထိုင်ရာ
ဗိမာန်သို့ရောက်တော့ အစောင့်နတ်သားများကလည်း
သူ့ မိတ်ဆွေများ ဖြစ်သဖြင့် ဝင်ခွင့်ရခဲ့သည်။
"ကဲ ဘာကိစ္စများလဲ မာနတ္တ "
သိကြားမင်းက မေးလိုက်သည်။
"အဲ ဟို ကျုပ်အသိ သေတာလေ။
အဲ့တာ သူ ဘယ်ဘဝ ရောက်နေလဲ သိချင်တာ။
သိကြားမင်း ခွင့်ပြုချက် လိုလို့ "
ဦးမာဃကြီးလည်း စဉ်းစားခန်းဖွင့်တော့သည်
မာနတ္တက ရောက်လာတည်းက လိမ်မာသည်​။
တခြားနတ်များကဲ့သို့ အပျော်အပါး၌ သိပ်မပျော်မွေ့ပဲ ဘုရားတရားလည်း လုပ်သည်။
ဦးမာဃ ကိုယ်တိုင်ကလည်း မာနတ္တကို
သူ့ညီကဲ့သို့ ချစ်သည်။ ထို့ကြောင့်
ပေလွှာအလွတ်ကို ယူလိုက်သည်။
ဦးမာဃ စိတ်ထဲမှ ရွတ်ဆိုသော
စာသားများက ပေလွှာထက်တွင် အလိုလို
ပေါ်လာသည်။
"အေး ရော့ ဒီပေလွှာယူသွားတော့ "
သိကြားမင်း ပေးသော ပေလွှာကို ယူ၍
မာနတ္တ ဘုံစာရင်း ဗိမာန်သို့ ပြန်ရောက်ရှိလာသည်။
"နှမ သိကြားမင်းဆီက ပေလွှာ "
မာနတ္တ၏ အသံကြောင့် နတ်သမီးလေးက
ပေလွှာကို လှမ်းယူကြည့်သည်။
ထို့နောက် စားရင်းကို ပြန်ကြည့်လိုက်ပြီး
"မြကြေးမှုံဆိုတဲ့ တစ်ယောက်က
ရောရုဝ ငရဲ မှာ "
"ဟမ် ...."
++++++++++++++++++++++++++++++
အပိုင်း (၃) -> မနက်ဖြန်
Continue Reading
You'll Also Like
40.4K 6.2K 36
About of a beautiful love story
60.7K 2.4K 33
ရှိုင်းစက်နေ "ငါ့မှာစည်းစိမ်တွေ ပိုင်ဆိုင်မှုတွေဘာတစ်ခုမှမရှိတော့ရင်ရော မင်းငါ့ကိုလက်ထပ်မှာလား" လင်းညို့ "ရှိုင်းစက် မင်းဘာစကားပြောတာလဲ ငါကမင်းကိုလေ ...
42.7K 2.2K 9
စစ်ပိုင်ဇေ × အရိပ်လေး စစ္ပိုင္ေဇ × အရိပ္ေလး Written by dawnnlight
1.7M 207K 164