Unicode
၁၀ရက်ကြာပြီးနောက် ၊ အင်ပါယာနန်းတော်ဟိုတယ်တွင်
လော့လင်းရှန်းတို့ ရောက်လာမှာကို ဝင်ပေါက်မှာစောင့်နေတဲ့ စားပွဲထိုးက ချက်ချင်းသူတို့ကို မှတ်မိသွားကာ၊ အရှေ့ကိုလှမ်းပြီး ယဥ်ယဉ်ကျေးကျေး နှုတ်ဆက်လာသည်။ "နိဟောင် မစ္စတာလော့ ၊အပေါ်ဆုံးထပ်အခန်းမှာ ကျွန်တော်တို့ အကုန်လုံးစီစဥ်ပြီးသွားပါပြီ။ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ။"
ရွှေငါးလေးက စူးစူးစမ်းစမ်းဖြင့်၊ ခမ်းနားတဲ့ဟိုတယ်လော်ဘီကို ကြည့်ပြီး ရှီယွင်နန်ရဲ့လက်လေးကို လှုပ်ကာ "ရှောင်ရှူရှူ သားတို့ အိမ်မပြန်ဘူးလား?"
"ဟင့်အင်း။ ဒီနေ့က ဖိုးဖိုးချင်ရဲ့ မွေးနေ့မို့လို့ ရှူရှူတို့ ဒီမှာပဲ ညစာစားကြမှာ။ "ရှီယွင်နန်က ရွှေငါးလေးကို အလွယ်တကူပဲ မ ချီလိုက်သည်။
ဦးလေးချင်မှာ ရင်ထဲထိသွားပြီး၊ ပြန်ပြောလာတော့သည်။ "ခေါင်းဆောင်နဲ့ မစ္စတာရှီ၊ ဒီလိုမျိုး ဒုက္ခခံစရာမလိုပါဘူး။ ကျွန်တော့် အသက်က ငါးဆယ်ပဲပြည့်နေပြီကို ဘာလို့မွေးနေ့ပွဲလုပ်နေအုံးမှာလဲ? ဒါက ခေါင်းဆောင်တို့ အားလုံးရဲ့ အချိန်ကို ဖြုန်းနေတာပဲ။"
"မိသားစုအနေနဲ့ အတူတူ ထမင်းစားတာကို ဘယ်လိုလုပ်အချိန်ဖြုန်းတယ်လို့ခေါ်မှာလဲ?" ရှီယွင်နန်က လော့လင်းရှန်းအစား တုံ့ပြန်လိုက်သည်။
အိမ်တော်ထိန်းချင်မှာ နဂိုက လော့လင်းရှန်အဖေအတွက် အလုပ်လုပ်သော လက်ထောက်တစ်ဦးဖြစ်ပြီး၊နောက်ပိုင်းတွင် သူက လော့အိမ်တော်ရဲ့ အကူဖြစ်လာခဲ့သည်။ သူ့ဇနီးသည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ကာ၊ သားသမီး မကျန်ရစ်ခဲ့ပေ။
နှစ်အများကြီးအကြာမှာတောင်၊ သူက နောက်ထပ်မိန်းမတစ်ယောက် ထပ်မရှာခဲ့ပေ။
ဦးလေးချင်ရဲ့ စိတ်ထဲမှာတော့ လော့လင်းရှန်နဲ့ ရွှေငါးလေးကို သူ့ရဲ့သားနဲ့မြေးအဖြစ်ဆက်ဆံခဲ့သည်။
လော့လင်းရှန်းက သူ့(ဦးလေးချင်)ရဲ့ ကြင်နာမှုတွေကို အမြဲတမ်းမှတ်မိခဲ့ပေမယ့်လည်း သူ့အနေနဲ့ နှုတ်ဖြင့် ဖော်ပြဖို့ခက်ခဲ ခဲ့သည်။ မနေ့က မတိုင်ခင်တစ်ရက်တွင် ရှီယွင်နန်က အောင်ပွဲခံညစာစားဖို့ အကြံပေးလာသောအခါ၊ သူက သဘောတူခဲ့သည်။
သူတို့လေးယောက်အပြင် လက်ထောက် ချင်ကျန်းနဲ့ သက်တော်စောင့် ယွမ်မုန်တို့လည်း ဒီနေရာမှာရှိနေကြသည်။
လော့လင်းရှန်အတွက်တော့ ဒီလူနှစ်ယောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာလုပွဲကတည်းက လိုက်ပါလာသူတွေဖြစ်ပြီး သူ့ရဲ့မရှိမဖြစ်လိုအပ်ဆုံးသော ညာလက်ရုံးများပင်။
သူတို့အုပ်စုမှာ ဓါတ်လှေကားဖြင့် အပေါ်ကိုတက်လာလိုက်ကြသည်။
အင်ပါယာနန်းတော်ဟိုတယ်ရဲ့ သီးသန့်အခန်းက အမြင့်ဆုံးအထပ်မှာရှိပြီး၊ ညဘက်မှာဆိုရင် အင်ပါယာမြိုတော်တစ်ခုလုံးရှိ ရှူခင်းကောင်းလေးတွေကို ကြည့်ရှုခံစားရင်း အစားအစာကောင်းလေးတွေကို စားသောက်နိုင်သည်။
ထိပ်ဆုံးထပ်တစ်ခုလုံးမှာစုစုပေါင်း သီးသန့်ခန်း၄ခန်းရှိပြီး ထိုအခန်းတွေက ပုံမှန်စားသောက်ဆိုင်တွေထက်ပိုပြီး သီးသန့်ဆန်သည်။
သူတို့အုပ်စုသည် ဓါတ်လှေကားထဲက ထွက်လာပြီး သီးသန့်အခန်းတံခါးကို မရောက်မီ တစ်ဖက်က ဓာတ်လှေကားတံခါးလည်း ပွင့်လာတာကို တွေ့လိုက်ရသည်။
မထင်ထားတာကတော့၊ သူတို့တွေမှာ အသိအကျွမ်းတွေဖြစ်နေကြလေသည်။
ယွမ်ရွေ့သည် ရှေ့ကလျှောက်လာပြီး လူလတ်ပိုင်း စုံတွဲက နောက်က လိုက်လာသည်။နောက်ဆုံးမှာတော့ လုကျောက်အန်းက ထွက်လာသည်။
ရှီယွင်နန်က ခဏလောက်စဥ်းစားပြီးနောက် လူလတ်ပိုင်းစုံတွဲမှာ ယွမ်ရွေ့မိဘတွေဖြစ်ပြီး လုကျောက်အန်းရဲ့ဆရာတွေဖြစ်မယ်လို့ နားလည်လိုက်သည်။
ယွမ်ရွေ့မှာ ရှီယွင်နန်နဲ့ အကြည့်ချင်းဆုံသွားပြီးနောက် လော့လင်းရှန်းတို့ကို ကြည့်လိုက်ကာ
"တိုက်ဆိုင်လိုက်တာ?"
ယခင်က အဆက်အသွယ်သုံးလေးခုကြောင့် ရှီယွင်နန်အပေါ် ယွမ်ရွေ့ရဲ့သဘောထားသည် အစပိုင်းကဲ့သို့ဆိုးရွားခြင်းမရှိတော့ပေ။
ရှီယွင်နန် ပြန်ဖြေလိုက်သည်။ "ဒါက နည်းနည်းတော့ တိုက်ဆိုင်တာပဲ။"
ပုံမှန်သဘောအရအရဆိုရင် "ဒုတိယအမျိုးသားဇာတ်ဆောင်" ယွမ်ရွေ့ သည် ဇာတ်လိုက် ရှီးခဲ့ယွဲ့ နဲ့ နီးစပ်သင့်သည်။
ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ရှီယွင်နန်က ရှီးခဲ့ယွဲ့ ကို ဘယ်သောအခါမှ မတိုက်ခိုက်ရသေးပေ။ အဲဒီအစားသူက ယွမ်ရွေ့နဲ့ ထပ်ခါထပ်ခါ တွေ့နေခဲ့သည်။
လုကျောက်အန်းက အနောက်ကနေ တက်လာပြီး သူတို့ကို အေးအေးဆေးဆေး နှုတ်ဆက်လာသည်။ "မစ္စတာ ရှီ၊ ပြီးခဲ့တဲ့ တခေါက် ဂိုဒေါင်မှာဖြစ်တဲ့ မတော်တဆအကြောင်း ကျွန်တော်ကြားပြီးပါပြီ။ ကျွန်တော် တောင်းပန်ပါတယ်။"
"ပြီးသွားပြီပဲဟာ၊ အဆင်ပြေပါတယ်။"
ယွမ်ဖုကွမ်ရဲ့မျက်လုံးတွေကတော့ လော့လင်းရှန်၊ ရှီယွင်နန် နှင့် အခြားသူများပေါ်တွင် လျှို့ဝှက်စွာ စိုက်ကြည့်နေ၏။
ယွမ်မိသားစုက သူတို့ရဲ့ကိုယ်ပိုင်နယ်ပယ်ထဲမှာ အမြဲကြိုးစားအားထုတ်ခဲ့ကြသည်။ သူတို့က ထုတ်ကုန်ကောင်းများကိုသာ ဖန်တီးလိုကြပြီး အခြားစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းတွင် သို့မဟုတ် လူကြီးလူကောင်းများကြားတွင် မည်သည့်အခါမျှ ဝင်မပါဝင်ခဲ့ကြပေ။
ယွမ်ဖုကွမ်သည် လော့လင်းရှန်း မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိနေပုံရသော်လည်း ကောက်ချက်မချဝံ့သောကြောင့် သူ့အနားရှိ တပည့်ဖြစ်သူအား အသံတိုးတိုးဖြင့်သာ မေးလိုက်သည်။
"ကျောက်အန်း,သူတို့ကဘယ်သူတွေလဲ?"
"ဆရာ, ဒါက ရှီယွင်နန်။ကျွန်တော်ကအရင်ပြောဖူးတဲ့ မစ္စတာ ရှီပါ။သူက ကျွန်တော်တို့ ယွမ်မိသားစုနဲ့ ပူးပေါင်းမယ်လို့ ပြောထားတဲ့ ဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ တခြားသူတွေကတော့..."
လုကျောက်အန်းက ရပ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေနဲ့ ရှီယွင်နန်ကို ခွင့်ပြုချက်တောင်းလိုက်သည်။
ရှီယွင်နန်ကအပြုံးဖြင့်ပြန်ဖြေလိုက်၏။ "ဆရာယွမ် ကို ကျွန်တော်လေးစားနေတာကြာပါပြီ။"
သူက လော့လင်းရှန်းတို့ကိုကြည့်လိုက်ပြီး အေးအေးဆေးဆေး မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော့်ခင်ပွန်းနဲ့မိသားစုဝင်တွေပါ။ကျွန်တော်တို့ ဒီည ဦးလေးရဲ့ မွေးနေ့ကိုဆင်နွှဲဖို့ လာခဲ့တာလေ။ အဲ့ဒါကြောင့် ကျွန်တော်ကို အခုခွင့်ပြုပါဦး။ကျွန်တော်မှာအချိန်ရှိတဲ့အခါကျရင် လူကိုယ်တိုင်လာလည်ပါမယ်။ "
ယွမ်ဖုကွမ်ရဲ့ ရှီယွင်နန်အပေါ် ပထမဆုံးအမြင်မဇာ မဆိုးပေ။သူက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ရတာပေါ့။သက်တောင့်သက်သာနေပါ။"
ယွမ်ရွေ့က သူ့အဖေရဲ့ သဘောထားကို မြင်သောအခါ သူ့မျက်လုံးထဲတွင် အံ့အားသင့်စရာအရိပ်အမြွက်ပြသွားသော်လည်း ဘာမှ ထပ်မပြောတော့ပေ။ သူက စားပွဲထိုးကို သူတို့ရဲ့သီးသန့်ခန်းထဲသို့ ခေါ်သွားပေးရန် ပြောလိုက်သည်။
ဒီညလည်း သူ ယုံကြည်မှုတွေ အပြည့်ရှိနေသည်။ သူ့မိသားစုနဲ့ လေးလေးနက်နက် ပြောစရာစကားအချို့ရှိနေလေသည်။
...
မိသားစုနှစ်ခုရဲ့ အခန်းများသည် တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိသော်လည်း ၎င်းတို့သည် နံရံတစ်ဖက်ဆီတွင် စားသောက်နေကြသောကြောင့် သာမန်အခြေအနေများတွင် တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြပေ။
ဟိုတယ်ရဲ့ ဝန်ဆောင်မှုက အရမ်းကောင်းသည်။
မွေးနေ့ပွဲလို့ သိပြီးနောက် သူတို့သည် အရမ်းထူးခြားတဲ့ကိတ်တစ်ခုကို ဦးလေးချင်းအတွက်ပြင်ဆင်ပေးခဲ့သည်။
ဖယောင်းတိုင်များထွန်းပြီးသည်နှင့် ရွှေငါးလေးက လူတွေကြားထဲတွင် အသံကျယ်ကျယ်လေးနဲ့ သီချင်းဆိုပေးလာသည်။ သူ့မျက်နှာလေးမှာ ဖယောင်းတိုင်မီးကြောင့် နီရဲနေလေသည်။
ဟင်းပွဲများအားလုံး ရောက်ရှိလာပြီးနောက် လော့လင်းရှန်က သူရဲ့လက်ထောက်နှင့် သက်တော်စောင့်အားပြောလိုက်သည်။ "ချင်းကျန်၊ ယွမ်မုန့်မနက်ဖြန် တစ်ရက်အားလပ်ရက် ရတာမို့ ဒီညသောက်နိုင်တယ်။ ရှောင်ဖို့ မလိုဘူး။"
ချင်းကျန်က အမြန်ပြန်ဖြေလိုက်သည် "ကျေးဇူးပါ ခေါင်းဆောင်။"
ယွင်မုန့်က ခဏလောက်မှင်တက်သွားပြီး အင်တင်တင်နဲ့ ငြင်းလိုက်သည်။ "ခေါင်းဆောင်၊ကျွန်တော်ရေပဲသောက်လိုက်ပါမယ်။ ကျွန်တော်က အရက်အရမ်းသောက်နိုင်တဲ့သူမဟုတ်ဘူး။ ကျွန်တော်က ခေါင်းဆောင်တို့ကို ပြန်မောင်းပို့ပေးရမှာဆိုတော့အရက်မူးပြီး နှောင့်နှေးစေမှာကိုစိုးရိမ်မိတယ် "
ရှီယွင်နန်က စလိုက်သည်။ "မင်းသောက်ခွင့်ရတဲ့အချိန်၊ သောက်သင့်တယ်နော်။ မင်းခေါင်းဆောင်ရဲ့ အဆင့်အတန်းနဲ့ သူ ဘယ်လိုလုပ်ပြီး ကိုယ်ရံတော် တယောက်ပဲ ထားထားမှာလဲ။ သူ့ကို ဘယ်သူကမှ အိမ်ပြန်မပို့ပေးမှာကို စိုးရိမ်နေတာလား?"
ဧည့်ခန်းနှင့် ဟိုတယ်အပြင်ဘက်တွင် လျှို့ဝှက်အကာအကွယ်ပေးနေသည့် အရပ်ဝတ် ဝတ်ထားပြီး ကျွမ်းကျင်တဲ့ သက်တော်စောင့်တွေ ရှိမယ် ဆိုတာ ပြောစရာတောင်မလိုပေ။
ဒီအစီအစဉ်က ချဲ့ကားတယ်လို့ ထင်ရသော်လည်း လော့လင်းရှန်အတွက်ကတော့ မှန်ကန်သည်။
ယွမ်မုန့်ရဲ့ သူ့အလုပ်ရှင်အပေါ် ရိုးသားမှုနှင့် နှိုင်းယှဉ်လျှင်၊ ချင်ကျန်က ပိုလိုက်လျောညီထွေရှိပြီး သက်တောင့်သက်သာရှိသည်မှာ သိသာလှသည်။
ချင်ကျန်က စကားတစ်ခွန်းမှ မပြောဘဲ ယွမ်မုန့်အတွက် ဝိုင်တစ်ခွက်ကို ထည့်ပေးလိုက်ပြီး၊ ထေ့ငေါ့ကာပြောလိုက်သည်။
"ခေါင်းဆောင်ကော၊ မစ္စတာရှီကော၊ ဦးလေးချင်တို့ ကော အားလုံး ဒီနေ့ပျော်နေကြတာကို မတွေ့ဘူးလား? စောင်စိုကြီးလိုလုပ်မနေပဲ သောက်စမ်းပါ! မင်းမူးသွားရင် ငါ မင်းကိုပြန်သယ်သွားပေးမယ်!"
( wet blanket- သူများတွေပျော်ရွှင်နေရင် mood ဖျက်တဲ့သူ ဝင်မjoin တဲ့သူမျိုးပါ။)
ယွမ်မုန့်က ချင်းကျန်ရဲ့နောက်ဆုံးစာကြောင်းကိုကြားသောအခါ တစ်ဖက်သူကို မယုံင်္သကာအကြည့်တစ်ချက်ပေးလိုက်ပြီး၊ စိတ်ထဲကနေ ညည်းတွားလိုက်သည်-
ဒီပျော့ပျော့ညံ့ညံ့ကောင်က သူကို ပြန်သယ်သွားနိုင်လို့လား?
ယွမ်မုန့် သူ့အတွေးတွေကနေ အသိပြန်လည်လာပြီး နောက် ဘေးနားတစ်ဝိုက်ကို ကြည့်ကာ ငြင်းရခက်လိမ့်မယ်ဟုထင်သောကြောင့် "ကောင်းပြီ၊ ဒါဆို လည်း နည်းနည်းပဲ သောက်မယ်။"
သူတို့တွေဟာ တူညီတဲ့အမိုးအောက်မှာ အချိန်အတော်ကြာနေထိုင်ခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် သူစိမ်းမဟုတ်ကြတော့ချေ။ မည်သူမည်ဝါဖြစ်ကြောင်း ဆိုတာကို သူတို့တွေစွန့်လွှတ်လိုက်ပြီး သဘာဝအတိုင်း အပူအပင်မရှိ စားသောက်လိုက်ကြသည်။
တစ်နာရီခန့်အကြာတွင်၊သူတို့တွေအားလုံး ရွှေငါးလေးကြောင့် ရယ်မောနေကြချိန် ဘေးခန်းမှ ရုတ်တရက် ဒေါသပေါက်ကွဲလာသည်—
"ယွမ်ရွေ့! မင်း ဒေါသတွေကို လျှော့ပါလား?"
"မင်းက တစ်နေ့လုံး ဒါကို ရေးကြီးခွင်ကျယ်လုပ်ဖို့ပဲသိတယ် ။မင်းမှာ အရည်အချင်းရှိရင် မင်းဘာသာမင်း စဉ်းစားကြည့်။"
ယွမ်ဖုကွမ်ရဲ့အသံကိုနားထောင်ရတာတော့ သူ အရမ်းဒေါသထွက်နေတဲ့ပုံပင်။
ရှီယွင်နန်နဲ့ လော့လင်းရှန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး ဘေးနားက ရွှေငါးလေးက ပြောလာသည်။ "ရှောင်ရှုရှု၊ ဘေးတံခါးက ရှောင်ရှုရှု သူငယ်ချင်းလား? သူတို့စကားများနေကြတာလား?"
"အဆင်ပြေပါတယ်။ငါတို့ဘာသာပဲစားကြရအောင်"
ရှီယွင်နန်က ရွှေငါးလေးပါးစပ်ထဲကို အသားနည်းနည်းထည့်လိုက်ပြီး အခွင့်အရေးကိုအရယူကာ သူကိုသင်ပေးလိုက်သည်။"မိသားစုတိုင်းမှာ သူ့ပြဿနာနဲ့သူ ကိုယ်စီရှိကြတယ်၊ အပြင်လူတွေအနေနဲ့ကတော့ တံခါးပိတ်တဲ့ကိစ္စတွေကို လိုက်မစိုးရိမ်သင့်ဘူးလေ။ နားလည်လား?"
"ဟုတ်"
ရွှေငါးလေးက ပါးစပ်ထဲရှိ အသားများကို ဝါးရင်း စူးစူးစမ်းစမ်း ထပ်မေးလာသည်။ "ဒါမယ့် သူတို့ ရန်ဖြစ်နေတဲ့အသံတွေက အရမ်းဆူညံလာရင် ဘယ်လိုလုပ်မလဲ?"
"ဒါက မင်းကိုယ်ဘာသာကို စောင့်ရှောက်နိုင်ပါ့မလားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"။ လော့လင်းရှန်က အကျယ်ကြီးပြန်ဖြေလိုက်သည်။ "မင်းရဲ့ ပါဝါ အတွင်းက ဘာတွေရှိမလဲဆိုတာ၊ မင်း ရဲ့နှလုံးသားနဲ့ ရွေးချယ်လို့ရတယ်။"
"မင်းမှာ အရည်အချင်းမရှိရင် မင်းအရမ်းသတ္တိရှိလို့မရဘူး၊ မဟုတ်ရင် ကိုယ့်ကိုယ်ကို ထိခိုက်စေလိမ့်မယ်။သိပြီလား?"
ရွှေငါးလေးက စဉ်းစဉ်းစားစားတွေးရင်း ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်းလေးနဲ့ ထိုစာကြောင်းရဲ့အဓိပ္ပါယ်ကို အမြန်ပဲ မှတ်သားထားလိုက်တော့သည်။
ကံကောင်းစွာနဲ့ပဲ၊ ဒေါသတကြီး ဆုံးမပြီးနောက် ဘေးတံခါးက ရပ်တန့်သွားပြီး နည်းနည်းနှစ်သိမ့်နေသည့် အသံလေးတစ်ခု ထွက်ပေါ်လာသည်။
မစ္စယွမ် နှင့် လုကျောက်အန်းမှာ အခြေအနေကို ကြားဝင် ဖျန်ဖြေရန် ကြိုးစားနေပုံပင်။
ယွမ်ဖုကွမ်း ဒေါသထွက်ရသည်မှာ ယွမ်ရွေ့ကြောင့်ဖြစ်မယ်လို့ ရှီယွင်နန်တိတ်တဆိတ် မှန်းဆလိုက်သည်။ ဒုက္ခပေးတတ်တဲ့သခင်ငယ်လေးက လူအိုကြီး ဒေါသအရမ်းထွက်သွားအောင် ဘာတွေပြောလိုက်လဲဆိုတာကိုသူ သိချင်နေမိသည်။
သူတို့အုပ်စုမှာ နောက်ထပ် နာရီဝက် သို့မဟုတ် ထိုထက်ကြာအောင် စားနေလိုက်ကြသည်။ သူတို့ထပြီး ထွက်သွားတော့မယ့်အချိန်မှာပဲ တံခါးနားမှာ ရန်ပွဲတွေ ထပ်ဖြစ်လာပြန်တယ်။
"ကျွန်တော်က ကျောက်စိမ်းထွင်းတာကို ကောင်းကောင်းမတတ်နိုင်တာနဲ့ပဲ အဖေ့ရဲ့မျက်လုံးထဲမှာ ကျွန်တော်ငယ်ငယ်က လုပ်ခဲ့တဲ့အရာတိုင်းက မှားနေလို့ထင်နေတယ်လေ။ ဟုတ်တယ်မလား?"
"ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဖေ့ဆီက သေအောင် ရိုက်ခံနေရမှာပဲလေ!"
"ဒါပေမယ့် အဖေကိုယ်တိုင်ကျတော့ရော? ကျောက်စိမ်းထွင်းတာကို အရမ်းချစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ယွမ်မိသားစုက ကျဆင်းနေတုန်းပဲ!"
"လုံလောက်ပြီ! ယွမ်ရွေ့၊ မင်းက အပြင်လူတွေရှေ့မှာ ငါ့ကို ဒေါသထွက်စေချင်နေတာလား?"
ဘန်း!
ရှီယွင်နန်တို့ အခန်းထဲကထွက်လာတော့ ခွက်တွေ၊ပန်းကန်တွေကျကွဲသံတွေကို သူတို့ကြားလိုက်ရသည်။
စားပွဲထိုးမှာ အခန်းတံခါးရှေ့တွင် နေရခက်စွာရပ်နေပြီး ရှက်ရွံ့သည့် မျက်နှာလေးဖြင့် တံခါးထဲ ဝင်ရမလို ထွက်ရမလို့ဖြစ်နေသည်။
ဘေးအခန်းရဲ့တံခါးကို တစ်ဝက်ဖွင့်ထားသဖြင့် အထဲမှာဘာဖြစ်နေလဲဆိုတာကို လူတွေအလွယ်တကူပဲ မြင်နိုင်၏။
ယွမ်ဖုကွမ်ရဲ့မျက်နှာက နီမြန်းလာပြီး သူ့ဇနီးက ဝင်တားနေရသည်။ သူ့ဘေးနားက ယွမ်ရွေ့ ကလည်း ဒေါသထွက်ကာ ဝမ်းနည်းနေသည့်အကြည့်လေးကို ပြလာသည်။
လုကျောက်အန်းက သူ့ကို တားဖို့ ကြိုးစားပေမယ့် ယွမ်ရွေ့က အတင်းတွန်းထုတ်လိုက်၏။ သူကငြင်းဆန်လိုက်ကာ "လုကျောက်အန်း! ငါ့ကိုမထိနဲ့!"
ယွမ်ရွေ့ရဲ့ မျက်လုံးများသည် ယွမ်ဖုကွမ်ရဲ့မျက်နှာဆီသို့ ပြန်ရောက်လာပြီး၊ သူ့စိတ်ခံစားချက်တွေကို ပြင်းပြင်းထန်ထန် မျိုသိပ်နေရပုံပင်။ "အဖေ၊ အဖေ့မျက်လုံးထဲမှာ လုကျောက်အန်းပဲရှိတယ်။အဖေက အရာအားလုံးအတွက် လုကျောက်အန်းကိုပဲတွေးနေတာ။"
"သူကျောက်စိမ်းလက်ဝတ်ရတနာ ဒီဇိုင်းကို စလုပ်ချင်ရင်တော့ သူမှန်တယ်။ ဒါမယ့် ကျွန်တော်ပြောတဲ့အခါ အဖေက ကျွန်တော့်စကားကို ချက်ချင်းငြင်းပယ်တယ်။"
"ဟုတ်တယ်၊ သူက အခုလက်ရှိ ယွမ်မိသားစုကို တာဝန်ယူနေတယ်၊ ကျွန်တော်ကတော့ အဖေ မကြိုက်တဲ့ အမှိုက်တစ်စပဲလေ။ အပြင်လူတွေက သူကို အဖေရဲ့တရားမ၀င်ကလေးဖြစ်တယ်လို့တောင် ပြောနေကြတာ မအံ့ဩတော့ပါဘူး။ အရာအားလုံးကို သူ့ဆီ မှာပဲ အပ်ထားလိုက်တော့။ ကျွန်တော်လည်း ထပ်ပြီး လိုက်ဂရုမစိုက်တော့ဘူး!"
—ဖြောင်း!
"မင်း မသိတတ်တဲ့ သား!"
ယွမ်ဖုကွမ် သူ့ကို(ယွမ်ရွေ့)ကြမ်းကြမ်းတမ်းတမ်းရိုက်လိုက်ပြီး အသံသည်လည်း အလွန်ကျယ်လောင်စွာ ထွက်လာ၏။
ထိုအချိန်တွင် အခန်းထဲကလူတွေသာမက အပြင်ဘက်မှာရှိနေတဲ့ ရှီယွင်နန်တို့ပါ အချိန်ခဏလောက် လန့်သွားကြလေသည်။
ယွမ်ရွေ့မှာ စက္ကန့်အနည်းငယ်လောက် မှင်တက်စွာရပ်မိနေပြီး သူ့ရဲ့ခေါင်းကိုငုံလိုက်သည်။ပဲစေ့ အရွယ်မျက်ရည်များဟာ ချက်ချင်း ကျဆင်းလာတော့သည်။
"ရှောင်ရွေ့!" မစ္စယွမ်မှာ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
"ဆရာ!" လုကျောက်အန်းအော်လိုက်သည်။ထိုနောက် အမြန် ယွမ်ရွေ့ရဲ့အခြေအနေကို စစ်ဆေးလိုက်သည်။ "မလုပ်နဲ့၊ကောကြည့်ပါရစေ..."
ယွမ်ရွေ့ သူ့ကိုရှောင်ဖို့ ခြေလှမ်းတစ်ဝက်နောက်ဆုတ်လိုက်သည်။ သူ့မျက်လုံးများမှာ နီရဲနေပြီး စိတ်ပျက်နေသည်။ "တွေ့လား? မင်း ဒီမိသားစုထဲမှာ ရှိနေသရွေ့ သူ့နှလုံးသားထဲမှာ ငါက မင်းရဲ့ဆံပင်ကြိုးမျှင်နဲ့တောင် ယှဉ်လို့မရဘူး။"
အော်ခြင်းငေါက်ခြင်းမျိုးမရှိသော်လည်း၊ ဤမျှအေးဆေးသောစကားမှာ လူကို ပြောမပြတတ်စွာ ဝမ်းနည်းစေသည်။
လုကျောက်အန်းရဲ့လက်မှာ လေထဲမှာ တောင့်ခဲ့သွား၏။
"..."
ယွမ်ရွေ့ အခန်းထဲကနေ တိတ်တဆိတ်ထွက်လာလိုက်သည်။
သူ တံခါးကိုတွန်းဖွင့်လာချိန်မှာပဲ ထွက်သွားဖို့ အချိန်မရလိုက်တဲ့ ရှီယွင်နန်တို့နဲ့ တိုးတော့သည်။ သူက သူ့သိက္ခာကို ထိန်းသိမ်းဖို့ ကြိုးစားကာ မျက်ရည်တွေကို သုတ်လိုက်ပြီး အမြန်ထွက်သွားလိုက်သည်။
အခန်းထဲက ယွမ်ဖုကွမ်ရဲ့အသံက ထွက်လာသည်။ "ကျောက်အန်း! မစ္စတာရှီး !မင်းတို့ သူ့နောက်ကို လိုက်သွားစရာ မလိုဘူး! ယွမ်မိသားစုက ထွက်သွားမယ်ဆို သူ့မှာ အရင်းအနှီး ဘယ်လောက်ရှိလဲ ကြည့်တာပေါ့။"
"အထူးသဖြင့် မင်းပဲကျောက်အန်း! သူ အဓိပ္ပါယ်မရှိတာတွေပြောသွားကြားလိုက်လား? တကယ်လို့မင်းဒီည သူ့ဆီကိုသွားရင် မိသားစုစည်းကမ်းနဲ့အညီ မင်းကို အပြစ်ပေးမယ်!"
ရှီယွင်နန်တစ်ယောက် ထိုစကားလုံးတွေကို ကြားလိုက်တဲ့အခါ သူ ဘေးနားကိုဖြည်းဖြည်းချင်းကြည့်လိုက်သည်။ သေချာတာပေါ့၊သူ ရှီးခဲယွဲ့ကိုမြင်လိုက်ရလေသည်။
ရှီယွင်နန်ရဲ့မျက်လုံးများလက်ခနဲဖြစ်သွားပြီး သူ့ဘာသာသူ တွေးလိုက်မိသည်-
ဒီလူ ဘယ်တုန်းက ရောက်လာတာလဲ? သူသူငယ်ချင်းကောင်း ယွမ်ရွေ့က အဖေ့ဆီက ပါးရိုက်ခံရတယ်။ ယွမ်ရွေ့အဖေကလိုက်မသွားနဲ့ဆိုတာနဲ့ပဲ သူက လိုက်မသွားပါလား။
ရုတ်တရက် ဘာကြောင့်မှန်းမသိ ရှီယွင်နန်မှာ "အမှတ်မထင်" သူငယ်ချင်းဖွဲ့ခဲ့သည့် ယွမ်ရွေ့အတွက် ဝမ်းနည်းသလ်ု ခံစားလိုက်ရသည်။
သူတို့ဒီမှာဆက်နေလို့ မကောင်းမှန်းသိတာနဲ့ လော့လင်းရှန်က ဝီးချဲလ်ကို ထိန်းလာကာ ပြောလာသည်။ "သွားကြရအောင်။"
ဦးလေးချင်နှင့် အခြားသူတွေမှာ ကန့်ကွက်ခြင်းမရှိဘဲ လော့လင်းရှန်နဲ့ လိုက်သွားကြသည်။
ရှီယွင်နန် သူ့အတွေးတွေကို ဖယ်လိုက်ပြီး အားလုံးနဲ့ အတူအောက်ထပ်ကို ဆင်းသွားပေမယ့် ဟိုတယ်ဧည့်ခန်းကိုပဲစိတ်ရောက်နေတော့သည်။သူ့စိတ်ထဲမှာ မထင်မှတ်ထားတဲ့ စိုးရိမ်ပူပန်မှုတွေကို မဖယ်ရှားနိုင်ဘဲ သူ့အရှိန်နဲ့သူ ရပ်တန့်မိလိုက်သည်။
"ခဏ, ခင်ဗျားတို့အရင်ပြန်သွားနှင့်။"
ရှီယွင်နန်မှာ သူစိတ်မပူသင့်ဘူးလို့ ခံစားမိကာ သက်ပြင်းချလိုက်မိသည်။ "... ကျွန်တော် ခံစားချက်သိပ် မကောင်းဘူး။ ယွမ်ရွေ့ကို သွားရှာလိုက်အုံးမယ်။"
ပါးရိုက်ခံရပြီးနောက် ယွမ်ရွေ့ရဲ့အကြည့်မှာ ဝမ်းနည်းဖို့ကောင်းလွန်းလှသည်။ တဖက်လူမှာ ခွကျတဲ့လူတစ်ယောက်ဖြစ်၏။ ရှီယွင်နန်သည် ထိုအငြင်းပွားမှုတွင် ဖုံးကွယ်ထားသည့် အရာတစ်ခုရှိမယ်လို့ ထင်လိုက်မိသည်။
ဒါ့အပြင်၊ ယွမ်ရွေ့မှာ အရင်တခေါက် ကျောက်စိမ်းဆိုင်မှာ သူ့ကို ကူညီပေးခဲ့တာကြောင့် ရှီယွင်နန်မှာ ထိုသူကို လျစ်လျူမရှုနိုင်ပေ။
လော့လင်းရှန်က ရှီယွင်နန်ကို မော့ကြည့်လာပြီး နောက်ဆုံးတွင် သူ့ချစ်သူအတွက် သီးသန့်အချိန်လေးပေးလိုက်သည်။ "မင်းကို လျှို့ဝှက်ကာကွယ်ဖို့ တစ်ယောက်ယောက်ကို ကိုယ်လွှတ်လိုက်မယ်။ အိမ်ကို စောစောပြန်လာဖို့လည်း ကြိုးစားဦးနော်"
ရှီယွင်နန်က လော့လင်းရှန်ကို လေးလေးနက်နက်အကြည့်လေးနဲ့ကြည့်လိုက်ပြီး၊ ရုတ်တရက် သူ့နှလုံးသားလေး လှုပ်ခါသွားသည်။
သူက ရွှေငါးလေးရဲ့ မျက်လုံးတွေကို ကာလိုက်ပြီး၊ လူတိုင်းရဲ့အရှေ့မှာပဲ ကိုယ်ကို ကိုင်းကာ ရှက်ရွံ့ခြင်းမရှိဘဲ လော့လင်းရှန်ကို နမ်းလိုက်သည်။ "ကောင်းပါပြီဗျာ့၊ကျွန်တော်အိမ်ပြန်လာမှာကိုစောင့်နေနော်"
ရုတ်တရတ် ခွေးစာကြောင့် လူတိုင်းမှာ မှင်တက်သွားပြီး ဖြတ်သွားသော စားပွဲထိုးသည်ပင် စက္ကန့်ပိုင်းမျှ မကြည့်ဘဲ မနေနိုင်တော့ချေ။
ချင်ကျန်းနဲ့ ယွမ်မုန့်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
အခြားသူတွေနဲ့ ယှဉ်ရင် မစ္စတာရှီက ခေါင်းဆောင်ရှေ့မှာ၊ အမြဲထိန်းထိန်းသိမ်းသိမ်းမနေတတ်မှန်း၊ သူတို့သိထားပေမယ့် အခုကတော့ တစ်ဖက်လူက သူတို့ရှေ့မှာ ပထမဆုံးအကြိမ် နမ်းတာလေ။
သူတို့ တကယ်ပဲ ဒီမှာ နမ်းကြတာဟ!!
ပတ်ဝန်းကျင်ရှိလူတိုင်း အံ့ဩမှင်တက်ပြီး စကားမပြောနိုင်တဲ့အချိန်တွင်၊ လော့လင်းရှန်တစ်ယောက်တည်းကသာ စိတ်ခံစားချက်ကောင်းကောင်းလေးဖြင့် တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။
"ကောင်းပြီ"
ရှီယွင်နန်က ပြုံးပြီး ရွှေငါးလေးကို လွှတ်ကာ ထလိုက်သည်။ သူ နောက်ပြန်လှည့်ကာ ဟိုတယ်ကောင်တာ ရှေ့ကို သွားလိုက်၏။
သူက ကောင်တာရှေ့ကိုသွားပြီး ယွမ်ရွေ့ အောက်ထပ်ကို ဆင်းလာတာတွေ့လားလို့ မေးကြည့်ချင်တာကြောင့်ပင်။
ရွှေငါးလေးက ရှီယွင်နန်ရဲ့ ကျောပြင်ကို ခဏကြာအောင် စိုက်ကြည့်နေပြီး လျှို့ဝှက်ချက်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ဝီးချဲလ်ပေါ်က လော့လင်းရှန်အား ပြုံးပြလိုက်သည်။
"ရှူရှူ! ရှူရှူတို့အခုလေးတင် ဘာလုပ်သွားလဲဆိုတာ သားသိတယ်!"
လော့လင်းရှန်က စိတ်ခံစားချက်ကောင်းတွေကိုထိန်းသိမ်းလိုက်ပြီး၊ သူ့တူလေးကို သူ့ပေါင်ပေါ်မှာ ထိန်းကိုင်ထားလိုက်သည်။ "မင်းက ဘာသိတာလဲ?"
"ရှူရှူနဲ့ ရှောင်ရှုရှုတို့နမ်းနေတာ ဖြစ်ရမယ်!"
"....."
ဦးလေးချင်တို့မှာ ဒါကိုကြားတဲ့အခါ ကူကယ်ရာမဲ့စွာ ရယ်မိသွားကြသည်။ သူတို့ ဒီ"လိမ္မာပါးနပ်တဲ့ ကလေး"နဲ့ ပတ်သက်ပြီး တကယ် ဘာမှမတတ်နိုင်ပေ။
လော့လင်းရှန်က ငြင်းဆိုခြင်းမရှိသော်လည်း သင်ကြားပေးဖို့မမေ့ချေ။ "ဟုတ်တယ်၊ ဒါမယ့် မင်းက ငယ်သေးတယ်။ ဒီအရာတွေကို ကြုံရာကျပန်း လေ့လာလို့ မရဘူး။ မင်းရဲ့ရှောင်ရှုရှုနဲ့ ငါက..."
ရွှေငါးလေးက ကြားဖြတ်ပြောလာသည်"သား သိတယ်! ရှောင်ရှုရှုအရင်တုန်းက သားကို ပုံပြင်ပြောပြဖူးတယ်!"
"သူ ဘာပြောပြခဲ့တာလဲ?" လော့လင်းရှန်က ပြန်မေးလိုက်သည်။
"သား အသက်ကြီးလာလို့၊ တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုတာ သေချာသိလာတဲ့အခါကျရင် သားအလုပ်နိုင်ဆုံးအရာက နမ်းတာပဲ။ သား ဒါကို လူတိုင်းကို လုပ်လို့မရဘူး၊ အဲ့လိုဆို သားက လူကောင်း မဟုတ်တော့ဘူး။"
လော့လင်းရှန်းက သူပြောတာမှန်တာကိုမြင်ပြီး လက်ခံလိုက်သည် "အင်း၊ မှန်တယ်။ ငါတို့ရဲ့ကျင်းယွီလေး က အရမ်းအံ့သြစရာကောင်းတာပဲ။"
ရွှေငါးလေးမှာ လော့လင်းရှန်ထံမှ ကြုံတောင့်ကြုံခဲ ချီးမွမ်းစကားလေးကို ရရှိပြီးနောက် တက်ကြွလာတော့သည်။ "ရှုရှု၊ သားနောက်ထပ် တစ်ခုလည်း သိသေးတယ်!"
လော့လင်းရှန်က သူ့နောက်ကို ဆက်ပြီး ဖောလို လိုက်ကာ "ဘာရှိသေးတာလဲ?"
ရွှေငါးလေးက ခေါင်းညိတ်ကာ"ရှောင်ရှုရှုနဲ့ရှုရှုတို့နမ်းနေတယ်ဆိုတာက ရှုရှု က ရှောင်ရှုရှုရဲ့ အကြိုက်ဆုံးဖြစ်သလို၊ ရှောင်ရှုရှုကလည်း ရှုရှုရဲ့ အကြိုက်ဆုံးပေါ့။"
"ရှုရှု၊သားမှန်တယ် မှတ်လား?"
လော့လင်းရှန်းသည် သူ့တူလေးစကားကို သဘောကျကာ ခပ်တိုတို ရယ်မောလိုက်သည်။ သူက အဓိပ္ပါယ်မဲ့ စကားလုံးများမပါဘဲ "ဟုတ်တယ်၊ သားမှန်တယ်" လို့သာ ပြန်ဖြေလိုက်လေသည်။
မူရင်းစာရေးသူမှာပြောစရာရှိပါတယ်!!
ရွှေငါးလေး- သားက ဒီလို ထက်မြတ်တဲ့ကောင်လေးပါ!
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်!!!!
အားလုံးပဲ ဒါလေးကို မြန်မြန် ပြီးစေချင်လို့ paid translator ညီမလေးကို ခေါ်ထားပါတယ်။ သူတစ်ပိုင်းပြန် ကိုယ်တစ်ပိုင်းပြန်ဆိုတော့ မြန်မြန်ပြီးတာပေါ့နော်။ ပြီးတော့ rozu မအားတဲ့ နေ့တွေဆို သူပြန်ပေးတော့ update မလွတ်တော့ဘူးပေါ့။
Translator- aiur_de_yanyan
Editor- roro
Zawgyi
Chapter 42
၁၀ရက္ၾကာၿပီးေနာက္ ၊ အင္ပါယာနန္းေတာ္ဟိုတယ္တြင္
ေလာ့လင္းရွန္းတို႔ ေရာက္လာမွာကို ဝင္ေပါက္မွာေစာင့္ေနတဲ့ စားပြဲထိုးက ခ်က္ခ်င္းသူတို႔ကို မွတ္မိသြားကာ၊ အေရွ႕ကိုလွမ္းၿပီး ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္လာသည္။ "နိေဟာင္ မစၥတာေလာ့ ၊အေပၚဆုံးထပ္အခန္းမွာ ကြၽန္ေတာ္တို႔ အကုန္လုံးစီစဥ္ၿပီးသြားပါၿပီ။ကြၽန္ေတာ္နဲ႔လိုက္ခဲ့ေပးပါ။"
ေ႐ႊငါးေလးက စူးစူးစမ္းစမ္းျဖင့္၊ ခမ္းနားတဲ့ဟိုတယ္ေလာ္ဘီကို ၾကည့္ၿပီး ရွီယြင္နန္ရဲ႕လက္ေလးကို လႈပ္ကာ "ေရွာင္ရွဴရွဴ သားတို႔ အိမ္မျပန္ဘူးလား?"
"ဟင့္အင္း။ ဒီေန႔က ဖိုးဖိုးခ်င္ရဲ႕ ေမြးေန႔မို႔လို႔ ရွဴရွဴတို႔ ဒီမွာပဲ ညစာစားၾကမွာ။ "ရွီယြင္နန္က ေ႐ႊငါးေလးကို အလြယ္တကူပဲ မ ခ်ီလိုက္သည္။
ဦးေလးခ်င္မွာ ရင္ထဲထိသြားၿပီး၊ ျပန္ေျပာလာေတာ့သည္။ "ေခါင္းေဆာင္နဲ႔ မစၥတာရွီ၊ ဒီလိုမ်ိဳး ဒုကၡခံစရာမလိုပါဘူး။ ကြၽန္ေတာ့္ အသက္က ငါးဆယ္ပဲျပည့္ေနၿပီကို ဘာလို႔ေမြးေန႔ပြဲလုပ္ေနအုံးမွာလဲ? ဒါက ေခါင္းေဆာင္တို႔ အားလုံးရဲ႕ အခ်ိန္ကို ျဖဳန္းေနတာပဲ။"
"မိသားစုအေနနဲ႔ အတူတူ ထမင္းစားတာကို ဘယ္လိုလုပ္အခ်ိန္ျဖဳန္းတယ္လို႔ေခၚမွာလဲ?" ရွီယြင္နန္က ေလာ့လင္းရွန္းအစား တုံ႔ျပန္လိုက္သည္။
အိမ္ေတာ္ထိန္းခ်င္မွာ နဂိုက ေလာ့လင္းရွန္အေဖအတြက္ အလုပ္လုပ္ေသာ လက္ေထာက္တစ္ဦးျဖစ္ၿပီး၊ေနာက္ပိုင္းတြင္ သူက ေလာ့အိမ္ေတာ္ရဲ႕ အကူျဖစ္လာခဲ့သည္။ သူ႔ဇနီးသည္မွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကင္ဆာေရာဂါေၾကာင့္ ဆုံးပါးသြားခဲ့ကာ၊ သားသမီး မက်န္ရစ္ခဲ့ေပ။
ႏွစ္အမ်ားႀကီးအၾကာမွာေတာင္၊ သူက ေနာက္ထပ္မိန္းမတစ္ေယာက္ ထပ္မရွာခဲ့ေပ။
ဦးေလးခ်င္ရဲ႕ စိတ္ထဲမွာေတာ့ ေလာ့လင္းရွန္နဲ႔ ေ႐ႊငါးေလးကို သူ႔ရဲ႕သားနဲ႔ေျမးအျဖစ္ဆက္ဆံခဲ့သည္။
ေလာ့လင္းရွန္းက သူ႔(ဦးေလးခ်င္)ရဲ႕ ၾကင္နာမႈေတြကို အၿမဲတမ္းမွတ္မိခဲ့ေပမယ့္လည္း သူ႔အေနနဲ႔ ႏႈတ္ျဖင့္ ေဖာ္ျပဖို႔ခက္ခဲ ခဲ့သည္။ မေန႔က မတိုင္ခင္တစ္ရက္တြင္ ရွီယြင္နန္က ေအာင္ပြဲခံညစာစားဖို႔ အႀကံေပးလာေသာအခါ၊ သူက သေဘာတူခဲ့သည္။
သူတို႔ေလးေယာက္အျပင္ လက္ေထာက္ ခ်င္က်န္းနဲ႔ သက္ေတာ္ေစာင့္ ယြမ္မုန္တို႔လည္း ဒီေနရာမွာရွိေနၾကသည္။
ေလာ့လင္းရွန္အတြက္ေတာ့ ဒီလူႏွစ္ေယာက္မွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ အာဏာလုပြဲကတည္းက လိုက္ပါလာသူေတြျဖစ္ၿပီး သူ႔ရဲ႕မရွိမျဖစ္လိုအပ္ဆုံးေသာ ညာလက္႐ုံးမ်ားပင္။
သူတို႔အုပ္စုမွာ ဓါတ္ေလွကားျဖင့္ အေပၚကိုတက္လာလိုက္ၾကသည္။
အင္ပါယာနန္းေတာ္ဟိုတယ္ရဲ႕ သီးသန္႔အခန္းက အျမင့္ဆုံးအထပ္မွာရွိၿပီး၊ ညဘက္မွာဆိုရင္ အင္ပါယာၿမိဳေတာ္တစ္ခုလုံးရွိ ရွဴခင္းေကာင္းေလးေတြကို ၾကည့္ရႈခံစားရင္း အစားအစာေကာင္းေလးေတြကို စားေသာက္ႏိုင္သည္။
ထိပ္ဆုံးထပ္တစ္ခုလုံးမွာစုစုေပါင္း သီးသန္႔ခန္း၄ခန္းရွိၿပီး ထိုအခန္းေတြက ပုံမွန္စားေသာက္ဆိုင္ေတြထက္ပိုၿပီး သီးသန္႔ဆန္သည္။
သူတို႔အုပ္စုသည္ ဓါတ္ေလွကားထဲက ထြက္လာၿပီး သီးသန႔္အခန္းတံခါးကို မေရာက္မီ တစ္ဖက္က ဓာတ္ေလွကားတံခါးလည္း ပြင့္လာတာကို ေတြ႕လိုက္ရသည္။
မထင္ထားတာကေတာ့၊ သူတို႔ေတြမွာ အသိအကြၽမ္းေတြျဖစ္ေနၾကေလသည္။
ယြမ္ေ႐ြ႕သည္ ေရွ႕ကေလွ်ာက္လာၿပီး လူလတ္ပိုင္း စုံတြဲက ေနာက္က လိုက္လာသည္။ေနာက္ဆုံးမွာေတာ့ လုေက်ာက္အန္းက ထြက္လာသည္။
ရွီယြင္နန္က ခဏေလာက္စဥ္းစားၿပီးေနာက္ လူလတ္ပိုင္းစုံတြဲမွာ ယြမ္ေ႐ြ႕မိဘေတြျဖစ္ၿပီး လုေက်ာက္အန္းရဲ႕ဆရာေတြျဖစ္မယ္လို႔ နားလည္လိုက္သည္။
ယြမ္ေ႐ြ႕မွာ ရွီယြင္နန္နဲ႔ အၾကည့္ခ်င္းဆုံသြားၿပီးေနာက္ ေလာ့လင္းရွန္းတို႔ကို ၾကည့္လိုက္ကာ
"တိုက္ဆိုင္လိုက္တာ?"
ယခင္က အဆက္အသြယ္သုံးေလးခုေၾကာင့္ ရွီယြင္နန္အေပၚ ယြမ္ေ႐ြ႕ရဲ႕သေဘာထားသည္ အစပိုင္းကဲ့သို႔ဆိုး႐ြားျခင္းမရွိေတာ့ေပ။
ရွီယြင္နန္ ျပန္ေျဖလိုက္သည္။ "ဒါက နည္းနည္းေတာ့ တိုက္ဆိုင္တာပဲ။"
ပုံမွန္သေဘာအရအရဆိုရင္ "ဒုတိယအမ်ိဳးသားဇာတ္ေဆာင္" ယြမ္ေ႐ြ႕ သည္ ဇာတ္လိုက္ ရွီးခဲ့ယြဲ႕ နဲ႔ နီးစပ္သင့္သည္။
ဒါေပမဲ့ ဒီရက္ပိုင္းေတြမွာ ရွီယြင္နန္က ရွီးခဲ့ယြဲ႕ ကို ဘယ္ေသာအခါမွ မတိုက္ခိုက္ရေသးေပ။ အဲဒီအစားသူက ယြမ္ေ႐ြ႕နဲ႔ ထပ္ခါထပ္ခါ ေတြ႕ေနခဲ့သည္။
လုေက်ာက္အန္းက အေနာက္ကေန တက္လာၿပီး သူတို႔ကို ေအးေအးေဆးေဆး ႏႈတ္ဆက္လာသည္။ "မစၥတာ ရွီ၊ ၿပီးခဲ့တဲ့ တေခါက္ ဂိုေဒါင္မွာျဖစ္တဲ့ မေတာ္တဆအေၾကာင္း ကြၽန္ေတာ္ၾကားၿပီးပါၿပီ။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။"
"ၿပီးသြားၿပီပဲဟာ၊ အဆင္ေျပပါတယ္။"
ယြမ္ဖုကြမ္ရဲ႕မ်က္လုံးေတြကေတာ့ ေလာ့လင္းရွန္၊ ရွီယြင္နန္ ႏွင့္ အျခားသူမ်ားေပၚတြင္ လွ်ိဳ႕ဝွက္စြာ စိုက္ၾကည့္ေန၏။
ယြမ္မိသားစုက သူတို႔ရဲ႕ကိုယ္ပိုင္နယ္ပယ္ထဲမွာ အၿမဲႀကိဳးစားအားထုတ္ခဲ့ၾကသည္။ သူတို႔က ထုတ္ကုန္ေကာင္းမ်ားကိုသာ ဖန္တီးလိုၾကၿပီး အျခားစီးပြားေရးလုပ္ငန္းအသိုင္းအဝိုင္းတြင္ သို႔မဟုတ္ လူႀကီးလူေကာင္းမ်ားၾကားတြင္ မည္သည့္အခါမွ် ဝင္မပါဝင္ခဲ့ၾကေပ။
ယြမ္ဖုကြမ္သည္ ေလာ့လင္းရွန္း မည္သူမည္ဝါျဖစ္ေၾကာင္းကို မွတ္မိေနပုံရေသာ္လည္း ေကာက္ခ်က္မခ်ဝံ့ေသာေၾကာင့္ သူ႔အနားရွိ တပည့္ျဖစ္သူအား အသံတိုးတိုးျဖင့္သာ ေမးလိုက္သည္။
"ေက်ာက္အန္း,သူတို႔ကဘယ္သူေတြလဲ?"
"ဆရာ, ဒါက ရွီယြင္နန္။ကြၽန္ေတာ္ကအရင္ေျပာဖူးတဲ့ မစၥတာ ရွီပါ။သူက ကြၽန္ေတာ္တို႔ ယြမ္မိသားစုနဲ႔ ပူးေပါင္းမယ္လို႔ ေျပာထားတဲ့ ဒီဇိုင္နာေတြထဲကတစ္ေယာက္ပါ။ တျခားသူေတြကေတာ့..."
လုေက်ာက္အန္းက ရပ္လိုက္ၿပီး သူ႔ရဲ႕မ်က္လုံးေတြနဲ႔ ရွီယြင္နန္ကို ခြင့္ျပဳခ်က္ေတာင္းလိုက္သည္။
ရွီယြင္နန္ကအၿပဳံးျဖင့္ျပန္ေျဖလိုက္၏။ "ဆရာယြမ္ ကို ကြၽန္ေတာ္ေလးစားေနတာၾကာပါၿပီ။"
သူက ေလာ့လင္းရွန္းတို႔ကိုၾကည့္လိုက္ၿပီး ေအးေအးေဆးေဆး မိတ္ဆက္ေပးလိုက္သည္။ "ဒါက ကြၽန္ေတာ့္ခင္ပြန္းနဲ႔မိသားစုဝင္ေတြပါ။ကြၽန္ေတာ္တို႔ ဒီည ဦးေလးရဲ႕ ေမြးေန႔ကိုဆင္ႏႊဲဖို႔ လာခဲ့တာေလ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ကို အခုခြင့္ျပဳပါဦး။ကြၽန္ေတာ္မွာအခ်ိန္ရွိတဲ့အခါက်ရင္ လူကိုယ္တိုင္လာလည္ပါမယ္။ "
ယြမ္ဖုကြမ္ရဲ႕ ရွီယြင္နန္အေပၚ ပထမဆုံးအျမင္မဇာ မဆိုးေပ။သူက ေခါင္းညိတ္လိုက္ၿပီး ျပန္ေျပာလိုက္သည္။ "ရတာေပါ့။သက္ေတာင့္သက္သာေနပါ။"
ယြမ္ေ႐ြ႕က သူ႔အေဖရဲ႕ သေဘာထားကို ျမင္ေသာအခါ သူ႔မ်က္လုံးထဲတြင္ အံ့အားသင့္စရာအရိပ္အႁမြက္ျပသြားေသာ္လည္း ဘာမွ ထပ္မေျပာေတာ့ေပ။ သူက စားပြဲထိုးကို သူတို႔ရဲ႕သီးသန္႔ခန္းထဲသို႔ ေခၚသြားေပးရန္ ေျပာလိုက္သည္။
ဒီညလည္း သူ ယုံၾကည္မႈေတြ အျပည့္ရွိေနသည္။ သူ႔မိသားစုနဲ႔ ေလးေလးနက္နက္ ေျပာစရာစကားအခ်ိဳ႕ရွိေနေလသည္။
...
မိသားစုႏွစ္ခုရဲ႕ အခန္းမ်ားသည္ တစ္ခုႏွင့္တစ္ခု ကပ္လ်က္ရွိေသာ္လည္း ၎တို႔သည္ နံရံတစ္ဖက္ဆီတြင္ စားေသာက္ေနၾကေသာေၾကာင့္ သာမန္အေျခအေနမ်ားတြင္ တစ္ေယာက္ကိုတစ္ေယာက္ မေႏွာင့္ယွက္ၾကေပ။
ဟိုတယ္ရဲ႕ ဝန္ေဆာင္မႈက အရမ္းေကာင္းသည္။
ေမြးေန႔ပြဲလို႔ သိၿပီးေနာက္ သူတို႔သည္ အရမ္းထူးျခားတဲ့ကိတ္တစ္ခုကို ဦးေလးခ်င္းအတြက္ျပင္ဆင္ေပးခဲ့သည္။
ဖေယာင္းတိုင္မ်ားထြန္းၿပီးသည္ႏွင့္ ေ႐ႊငါးေလးက လူေတြၾကားထဲတြင္ အသံက်ယ္က်ယ္ေလးနဲ႔ သီခ်င္းဆိုေပးလာသည္။ သူ႔မ်က္ႏွာေလးမွာ ဖေယာင္းတိုင္မီးေၾကာင့္ နီရဲေနေလသည္။
ဟင္းပြဲမ်ားအားလုံး ေရာက္ရွိလာၿပီးေနာက္ ေလာ့လင္းရွန္က သူရဲ႕လက္ေထာက္ႏွင့္ သက္ေတာ္ေစာင့္အားေျပာလိုက္သည္။ "ခ်င္းက်န္၊ ယြမ္မုန္႔မနက္ျဖန္ တစ္ရက္အားလပ္ရက္ ရတာမို႔ ဒီညေသာက္ႏိုင္တယ္။ ေရွာင္ဖို႔ မလိုဘူး။"
ခ်င္းက်န္က အျမန္ျပန္ေျဖလိုက္သည္ "ေက်းဇူးပါ ေခါင္းေဆာင္။"
ယြင္မုန္႔က ခဏေလာက္မွင္တက္သြားၿပီး အင္တင္တင္နဲ႔ ျငင္းလိုက္သည္။ "ေခါင္းေဆာင္၊ကြၽန္ေတာ္ေရပဲေသာက္လိုက္ပါမယ္။ ကြၽန္ေတာ္က အရက္အရမ္းေသာက္ႏိုင္တဲ့သူမဟုတ္ဘူး။ ကြၽန္ေတာ္က ေခါင္းေဆာင္တို႔ကို ျပန္ေမာင္းပို႔ေပးရမွာဆိုေတာ့အရက္မူးၿပီး ေႏွာင့္ေႏွးေစမွာကိုစိုးရိမ္မိတယ္ "
ရွီယြင္နန္က စလိုက္သည္။ "မင္းေသာက္ခြင့္ရတဲ့အခ်ိန္၊ ေသာက္သင့္တယ္ေနာ္။ မင္းေခါင္းေဆာင္ရဲ႕ အဆင့္အတန္းနဲ႔ သူ ဘယ္လိုလုပ္ၿပီး ကိုယ္ရံေတာ္ တေယာက္ပဲ ထားထားမွာလဲ။ သူ႔ကို ဘယ္သူကမွ အိမ္ျပန္မပို႔ေပးမွာကို စိုးရိမ္ေနတာလား?"
ဧည့္ခန္းႏွင့္ ဟိုတယ္အျပင္ဘက္တြင္ လွ်ိဳ႕ဝွက္အကာအကြယ္ေပးေနသည့္ အရပ္ဝတ္ ဝတ္ထားၿပီး ကြၽမ္းက်င္တဲ့ သက္ေတာ္ေစာင့္ေတြ ရွိမယ္ ဆိုတာ ေျပာစရာေတာင္မလိုေပ။
ဒီအစီအစဥ္က ခ်ဲ႕ကားတယ္လို႔ ထင္ရေသာ္လည္း ေလာ့လင္းရွန္အတြက္ကေတာ့ မွန္ကန္သည္။
ယြမ္မုန္႔ရဲ႕ သူ႔အလုပ္ရွင္အေပၚ ႐ိုးသားမႈႏွင့္ ႏႈိင္းယွဥ္လွ်င္၊ ခ်င္က်န္က ပိုလိုက္ေလ်ာညီေထြရွိၿပီး သက္ေတာင့္သက္သာရွိသည္မွာ သိသာလွသည္။
ခ်င္က်န္က စကားတစ္ခြန္းမွ မေျပာဘဲ ယြမ္မုန္႔အတြက္ ဝိုင္တစ္ခြက္ကို ထည့္ေပးလိုက္ၿပီး၊ ေထ့ေငါ့ကာေျပာလိုက္သည္။
"ေခါင္းေဆာင္ေကာ၊ မစၥတာရွီေကာ၊ ဦးေလးခ်င္တို႔ ေကာ အားလုံး ဒီေန႔ေပ်ာ္ေနၾကတာကို မေတြ႕ဘူးလား? ေစာင္စိုႀကီးလိုလုပ္မေနပဲ ေသာက္စမ္းပါ! မင္းမူးသြားရင္ ငါ မင္းကိုျပန္သယ္သြားေပးမယ္!"
( wet blanket- သူမ်ားေတြေပ်ာ္႐ႊင္ေနရင္ mood ဖ်က္တဲ့သူ ဝင္မjoin တဲ့သူမ်ိဳးပါ။)
ယြမ္မုန္႔က ခ်င္းက်န္ရဲ႕ေနာက္ဆုံးစာေၾကာင္းကိုၾကားေသာအခါ တစ္ဖက္သူကို မယုံသၤကာအၾကည့္တစ္ခ်က္ေပးလိုက္ၿပီး၊ စိတ္ထဲကေန ညည္းတြားလိုက္သည္-
ဒီေပ်ာ့ေပ်ာ့ညံ့ညံ့ေကာင္က သူကို ျပန္သယ္သြားႏိုင္လို႔လား?
ယြမ္မုန္႔ သူ႔အေတြးေတြကေန အသိျပန္လည္လာၿပီး ေနာက္ ေဘးနားတစ္ဝိုက္ကို ၾကည့္ကာ ျငင္းရခက္လိမ့္မယ္ဟုထင္ေသာေၾကာင့္ "ေကာင္းၿပီ၊ ဒါဆို လည္း နည္းနည္းပဲ ေသာက္မယ္။"
သူတို႔ေတြဟာ တူညီတဲ့အမိုးေအာက္မွာ အခ်ိန္အေတာ္ၾကာေနထိုင္ခဲ့တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သူစိမ္းမဟုတ္ၾကေတာ့ေခ်။ မည္သူမည္ဝါျဖစ္ေၾကာင္း ဆိုတာကို သူတို႔ေတြစြန္႔လႊတ္လိုက္ၿပီး သဘာဝအတိုင္း အပူအပင္မရွိ စားေသာက္လိုက္ၾကသည္။
တစ္နာရီခန႔္အၾကာတြင္၊သူတို႔ေတြအားလုံး ေ႐ႊငါးေလးေၾကာင့္ ရယ္ေမာေနၾကခ်ိန္ ေဘးခန္းမွ ႐ုတ္တရက္ ေဒါသေပါက္ကြဲလာသည္—
"ယြမ္ေ႐ြ႕! မင္း ေဒါသေတြကို ေလွ်ာ့ပါလား?"
"မင္းက တစ္ေန႔လုံး ဒါကို ေရးႀကီးခြင္က်ယ္လုပ္ဖို႔ပဲသိတယ္ ။မင္းမွာ အရည္အခ်င္းရွိရင္ မင္းဘာသာမင္း စဥ္းစားၾကည့္။"
ယြမ္ဖုကြမ္ရဲ႕အသံကိုနားေထာင္ရတာေတာ့ သူ အရမ္းေဒါသထြက္ေနတဲ့ပုံပင္။
ရွီယြင္နန္နဲ႔ ေလာ့လင္းရွန္တို႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္မိၾကၿပီး ေဘးနားက ေ႐ႊငါးေလးက ေျပာလာသည္။ "ေရွာင္ရႈရႈ၊ ေဘးတံခါးက ေရွာင္ရႈရႈ သူငယ္ခ်င္းလား? သူတို႔စကားမ်ားေနၾကတာလား?"
"အဆင္ေျပပါတယ္။ငါတို႔ဘာသာပဲစားၾကရေအာင္"
ရွီယြင္နန္က ေ႐ႊငါးေလးပါးစပ္ထဲကို အသားနည္းနည္းထည့္လိုက္ၿပီး အခြင့္အေရးကိုအရယူကာ သူကိုသင္ေပးလိုက္သည္။"မိသားစုတိုင္းမွာ သူ႔ျပႆနာနဲ႔သူ ကိုယ္စီရွိၾကတယ္၊ အျပင္လူေတြအေနနဲ႔ကေတာ့ တံခါးပိတ္တဲ့ကိစၥေတြကို လိုက္မစိုးရိမ္သင့္ဘူးေလ။ နားလည္လား?"
"ဟုတ္"
ေ႐ႊငါးေလးက ပါးစပ္ထဲရွိ အသားမ်ားကို ဝါးရင္း စူးစူးစမ္းစမ္း ထပ္ေမးလာသည္။ "ဒါမယ့္ သူတို႔ ရန္ျဖစ္ေနတဲ့အသံေတြက အရမ္းဆူညံလာရင္ ဘယ္လိုလုပ္မလဲ?"
"ဒါက မင္းကိုယ္ဘာသာကို ေစာင့္ေရွာက္ႏိုင္ပါ့မလားဆိုတဲ့ အေပၚမွာပဲ မူတည္တယ္"။ ေလာ့လင္းရွန္က အက်ယ္ႀကီးျပန္ေျဖလိုက္သည္။ "မင္းရဲ႕ ပါဝါ အတြင္းက ဘာေတြရွိမလဲဆိုတာ၊ မင္း ရဲ႕ႏွလုံးသားနဲ႔ ေ႐ြးခ်ယ္လို႔ရတယ္။"
"မင္းမွာ အရည္အခ်င္းမရွိရင္ မင္းအရမ္းသတၱိရွိလို႔မရဘူး၊ မဟုတ္ရင္ ကိုယ့္ကိုယ္ကို ထိခိုက္ေစလိမ့္မယ္။သိၿပီလား?"
ေ႐ႊငါးေလးက စဥ္းစဥ္းစားစားေတြးရင္း ေခါင္းညိတ္လိုက္သည္။ သူ႔ေခါင္းေလးနဲ႔ ထိုစာေၾကာင္းရဲ႕အဓိပၸါယ္ကို အျမန္ပဲ မွတ္သားထားလိုက္ေတာ့သည္။
ကံေကာင္းစြာနဲ႔ပဲ၊ ေဒါသတႀကီး ဆုံးမၿပီးေနာက္ ေဘးတံခါးက ရပ္တန႔္သြားၿပီး နည္းနည္းႏွစ္သိမ့္ေနသည့္ အသံေလးတစ္ခု ထြက္ေပၚလာသည္။
မစၥယြမ္ ႏွင့္ လုေက်ာက္အန္းမွာ အေျခအေနကို ၾကားဝင္ ဖ်န္ေျဖရန္ ႀကိဳးစားေနပုံပင္။
ယြမ္ဖုကြမ္း ေဒါသထြက္ရသည္မွာ ယြမ္ေ႐ြ႕ေၾကာင့္ျဖစ္မယ္လို႔ ရွီယြင္နန္တိတ္တဆိတ္ မွန္းဆလိုက္သည္။ ဒုကၡေပးတတ္တဲ့သခင္ငယ္ေလးက လူအိုႀကီး ေဒါသအရမ္းထြက္သြားေအာင္ ဘာေတြေျပာလိုက္လဲဆိုတာကိုသူ သိခ်င္ေနမိသည္။
သူတို႔အုပ္စုမွာ ေနာက္ထပ္ နာရီဝက္ သို႔မဟုတ္ ထိုထက္ၾကာေအာင္ စားေနလိုက္ၾကသည္။ သူတို႔ထၿပီး ထြက္သြားေတာ့မယ့္အခ်ိန္မွာပဲ တံခါးနားမွာ ရန္ပြဲေတြ ထပ္ျဖစ္လာျပန္တယ္။
"ကြၽန္ေတာ္က ေက်ာက္စိမ္းထြင္းတာကို ေကာင္းေကာင္းမတတ္ႏိုင္တာနဲ႔ပဲ အေဖ့ရဲ႕မ်က္လုံးထဲမွာ ကြၽန္ေတာ္ငယ္ငယ္က လုပ္ခဲ့တဲ့အရာတိုင္းက မွားေနလို႔ထင္ေနတယ္ေလ။ ဟုတ္တယ္မလား?"
"ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား အေဖ့ဆီက ေသေအာင္ ႐ိုက္ခံေနရမွာပဲေလ!"
"ဒါေပမယ့္ အေဖကိုယ္တိုင္က်ေတာ့ေရာ? ေက်ာက္စိမ္းထြင္းတာကို အရမ္းခ်စ္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ယြမ္မိသားစုက က်ဆင္းေနတုန္းပဲ!"
"လုံေလာက္ၿပီ! ယြမ္ေ႐ြ႕၊ မင္းက အျပင္လူေတြေရွ႕မွာ ငါ့ကို ေဒါသထြက္ေစခ်င္ေနတာလား?"
ဘန္း!
ရွီယြင္နန္တို႔ အခန္းထဲကထြက္လာေတာ့ ခြက္ေတြ၊ပန္းကန္ေတြက်ကြဲသံေတြကို သူတို႔ၾကားလိုက္ရသည္။
စားပြဲထိုးမွာ အခန္းတံခါးေရွ႕တြင္ ေနရခက္စြာရပ္ေနၿပီး ရွက္႐ြံ့သည့္ မ်က္ႏွာေလးျဖင့္ တံခါးထဲ ဝင္ရမလို ထြက္ရမလို႔ျဖစ္ေနသည္။
ေဘးအခန္းရဲ႕တံခါးကို တစ္ဝက္ဖြင့္ထားသျဖင့္ အထဲမွာဘာျဖစ္ေနလဲဆိုတာကို လူေတြအလြယ္တကူပဲ ျမင္ႏိုင္၏။
ယြမ္ဖုကြမ္ရဲ႕မ်က္ႏွာက နီျမန္းလာၿပီး သူ႔ဇနီးက ဝင္တားေနရသည္။ သူ႔ေဘးနားက ယြမ္ေ႐ြ႕ ကလည္း ေဒါသထြက္ကာ ဝမ္းနည္းေနသည့္အၾကည့္ေလးကို ျပလာသည္။
လုေက်ာက္အန္းက သူ႔ကို တားဖို႔ ႀကိဳးစားေပမယ့္ ယြမ္ေ႐ြ႕က အတင္းတြန္းထုတ္လိုက္၏။ သူကျငင္းဆန္လိုက္ကာ "လုေက်ာက္အန္း! ငါ့ကိုမထိနဲ႔!"
ယြမ္ေ႐ြ႕ရဲ႕ မ်က္လုံးမ်ားသည္ ယြမ္ဖုကြမ္ရဲ႕မ်က္ႏွာဆီသို႔ ျပန္ေရာက္လာၿပီး၊ သူ႔စိတ္ခံစားခ်က္ေတြကို ျပင္းျပင္းထန္ထန္ မ်ိဳသိပ္ေနရပုံပင္။ "အေဖ၊ အေဖ့မ်က္လုံးထဲမွာ လုေက်ာက္အန္းပဲရွိတယ္။အေဖက အရာအားလုံးအတြက္ လုေက်ာက္အန္းကိုပဲေတြးေနတာ။"
"သူေက်ာက္စိမ္းလက္ဝတ္ရတနာ ဒီဇိုင္းကို စလုပ္ခ်င္ရင္ေတာ့ သူမွန္တယ္။ ဒါမယ့္ ကြၽန္ေတာ္ေျပာတဲ့အခါ အေဖက ကြၽန္ေတာ့္စကားကို ခ်က္ခ်င္းျငင္းပယ္တယ္။"
"ဟုတ္တယ္၊ သူက အခုလက္ရွိ ယြမ္မိသားစုကို တာဝန္ယူေနတယ္၊ ကြၽန္ေတာ္ကေတာ့ အေဖ မႀကိဳက္တဲ့ အမႈိက္တစ္စပဲေလ။ အျပင္လူေတြက သူကို အေဖရဲ႕တရားမ၀င္ကေလးျဖစ္တယ္လို႔ေတာင္ ေျပာေနၾကတာ မအံ့ဩေတာ့ပါဘူး။ အရာအားလုံးကို သူ႔ဆီ မွာပဲ အပ္ထားလိုက္ေတာ့။ ကြၽန္ေတာ္လည္း ထပ္ၿပီး လိုက္ဂ႐ုမစိုက္ေတာ့ဘူး!"
—ေျဖာင္း!
"မင္း မသိတတ္တဲ့ သား!"
ယြမ္ဖုကြမ္ သူ႔ကို(ယြမ္ေ႐ြ႕)ၾကမ္းၾကမ္းတမ္းတမ္း႐ိုက္လိုက္ၿပီး အသံသည္လည္း အလြန္က်ယ္ေလာင္စြာ ထြက္လာ၏။
ထိုအခ်ိန္တြင္ အခန္းထဲကလူေတြသာမက အျပင္ဘက္မွာရွိေနတဲ့ ရွီယြင္နန္တို႔ပါ အခ်ိန္ခဏေလာက္ လန္႔သြားၾကေလသည္။
ယြမ္ေ႐ြ႕မွာ စကၠန္႔အနည္းငယ္ေလာက္ မွင္တက္စြာရပ္မိေနၿပီး သူ႔ရဲ႕ေခါင္းကိုငုံလိုက္သည္။ပဲေစ့ အ႐ြယ္မ်က္ရည္မ်ားဟာ ခ်က္ခ်င္း က်ဆင္းလာေတာ့သည္။
"ေရွာင္ေ႐ြ႕!" မစၥယြမ္မွာ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြား၏။
"ဆရာ!" လုေက်ာက္အန္းေအာ္လိုက္သည္။ထိုေနာက္ အျမန္ ယြမ္ေ႐ြ႕ရဲ႕အေျခအေနကို စစ္ေဆးလိုက္သည္။ "မလုပ္နဲ႔၊ေကာၾကည့္ပါရေစ..."
ယြမ္ေ႐ြ႕ သူ႔ကိုေရွာင္ဖို႔ ေျခလွမ္းတစ္ဝက္ေနာက္ဆုတ္လိုက္သည္။ သူ႔မ်က္လုံးမ်ားမွာ နီရဲေနၿပီး စိတ္ပ်က္ေနသည္။ "ေတြ႕လား? မင္း ဒီမိသားစုထဲမွာ ရွိေနသေ႐ြ႕ သူ႔ႏွလုံးသားထဲမွာ ငါက မင္းရဲ႕ဆံပင္ႀကိဳးမွ်င္နဲ႔ေတာင္ ယွဥ္လို႔မရဘူး။"
ေအာ္ျခင္းေငါက္ျခင္းမ်ိဳးမရွိေသာ္လည္း၊ ဤမွ်ေအးေဆးေသာစကားမွာ လူကို ေျပာမျပတတ္စြာ ဝမ္းနည္းေစသည္။
လုေက်ာက္အန္းရဲ႕လက္မွာ ေလထဲမွာ ေတာင့္ခဲ့သြား၏။
"..."
ယြမ္ေ႐ြ႕ အခန္းထဲကေန တိတ္တဆိတ္ထြက္လာလိုက္သည္။
သူ တံခါးကိုတြန္းဖြင့္လာခ်ိန္မွာပဲ ထြက္သြားဖို႔ အခ်ိန္မရလိုက္တဲ့ ရွီယြင္နန္တို႔နဲ႔ တိုးေတာ့သည္။ သူက သူ႔သိကၡာကို ထိန္းသိမ္းဖို႔ ႀကိဳးစားကာ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး အျမန္ထြက္သြားလိုက္သည္။
အခန္းထဲက ယြမ္ဖုကြမ္ရဲ႕အသံက ထြက္လာသည္။ "ေက်ာက္အန္း! မစၥတာရွီး !မင္းတို႔ သူ႔ေနာက္ကို လိုက္သြားစရာ မလိုဘူး! ယြမ္မိသားစုက ထြက္သြားမယ္ဆို သူ႔မွာ အရင္းအႏွီး ဘယ္ေလာက္ရွိလဲ ၾကည့္တာေပါ့။"
"အထူးသျဖင့္ မင္းပဲေက်ာက္အန္း! သူ အဓိပၸါယ္မရွိတာေတြေျပာသြားၾကားလိုက္လား? တကယ္လို႔မင္းဒီည သူ႔ဆီကိုသြားရင္ မိသားစုစည္းကမ္းနဲ႔အညီ မင္းကို အျပစ္ေပးမယ္!"
ရွီယြင္နန္တစ္ေယာက္ ထိုစကားလုံးေတြကို ၾကားလိုက္တဲ့အခါ သူ ေဘးနားကိုျဖည္းျဖည္းခ်င္းၾကည့္လိုက္သည္။ ေသခ်ာတာေပါ့၊သူ ရွီးခဲယြဲ႕ကိုျမင္လိုက္ရေလသည္။
ရွီယြင္နန္ရဲ႕မ်က္လုံးမ်ားလက္ခနဲျဖစ္သြားၿပီး သူ႔ဘာသာသူ ေတြးလိုက္မိသည္-
ဒီလူ ဘယ္တုန္းက ေရာက္လာတာလဲ? သူသူငယ္ခ်င္းေကာင္း ယြမ္ေ႐ြ႕က အေဖ့ဆီက ပါး႐ိုက္ခံရတယ္။ ယြမ္ေ႐ြ႕အေဖကလိုက္မသြားနဲ႔ဆိုတာနဲ႔ပဲ သူက လိုက္မသြားပါလား။
႐ုတ္တရက္ ဘာေၾကာင့္မွန္းမသိ ရွီယြင္နန္မွာ "အမွတ္မထင္" သူငယ္ခ်င္းဖြဲ႕ခဲ့သည့္ ယြမ္ေ႐ြ႕အတြက္ ဝမ္းနည္းသလ္ု ခံစားလိုက္ရသည္။
သူတို႔ဒီမွာဆက္ေနလို႔ မေကာင္းမွန္းသိတာနဲ႔ ေလာ့လင္းရွန္က ဝီးခ်ဲလ္ကို ထိန္းလာကာ ေျပာလာသည္။ "သြားၾကရေအာင္။"
ဦးေလးခ်င္ႏွင့္ အျခားသူေတြမွာ ကန႔္ကြက္ျခင္းမရွိဘဲ ေလာ့လင္းရွန္နဲ႔ လိုက္သြားၾကသည္။
ရွီယြင္နန္ သူ႔အေတြးေတြကို ဖယ္လိုက္ၿပီး အားလုံးနဲ႔ အတူေအာက္ထပ္ကို ဆင္းသြားေပမယ့္ ဟိုတယ္ဧည့္ခန္းကိုပဲစိတ္ေရာက္ေနေတာ့သည္။သူ႔စိတ္ထဲမွာ မထင္မွတ္ထားတဲ့ စိုးရိမ္ပူပန္မႈေတြကို မဖယ္ရွားႏိုင္ဘဲ သူ႔အရွိန္နဲ႔သူ ရပ္တန႔္မိလိုက္သည္။
"ခဏ, ခင္ဗ်ားတို႔အရင္ျပန္သြားႏွင့္။"
ရွီယြင္နန္မွာ သူစိတ္မပူသင့္ဘူးလို႔ ခံစားမိကာ သက္ျပင္းခ်လိုက္မိသည္။ "... ကြၽန္ေတာ္ ခံစားခ်က္သိပ္ မေကာင္းဘူး။ ယြမ္ေ႐ြ႕ကို သြားရွာလိုက္အုံးမယ္။"
ပါး႐ိုက္ခံရၿပီးေနာက္ ယြမ္ေ႐ြ႕ရဲ႕အၾကည့္မွာ ဝမ္းနည္းဖို႔ေကာင္းလြန္းလွသည္။ တဖက္လူမွာ ခြက်တဲ့လူတစ္ေယာက္ျဖစ္၏။ ရွီယြင္နန္သည္ ထိုအျငင္းပြားမႈတြင္ ဖုံးကြယ္ထားသည့္ အရာတစ္ခုရွိမယ္လို႔ ထင္လိုက္မိသည္။
ဒါ့အျပင္၊ ယြမ္ေ႐ြ႕မွာ အရင္တေခါက္ ေက်ာက္စိမ္းဆိုင္မွာ သူ႔ကို ကူညီေပးခဲ့တာေၾကာင့္ ရွီယြင္နန္မွာ ထိုသူကို လ်စ္လ်ဴမရႈႏိုင္ေပ။
ေလာ့လင္းရွန္က ရွီယြင္နန္ကို ေမာ့ၾကည့္လာၿပီး ေနာက္ဆုံးတြင္ သူ႔ခ်စ္သူအတြက္ သီးသန္႔အခ်ိန္ေလးေပးလိုက္သည္။ "မင္းကို လွ်ိဳ႕ဝွက္ကာကြယ္ဖို႔ တစ္ေယာက္ေယာက္ကို ကိုယ္လႊတ္လိုက္မယ္။ အိမ္ကို ေစာေစာျပန္လာဖို႔လည္း ႀကိဳးစားဦးေနာ္"
ရွီယြင္နန္က ေလာ့လင္းရွန္ကို ေလးေလးနက္နက္အၾကည့္ေလးနဲ႔ၾကည့္လိုက္ၿပီး၊ ႐ုတ္တရက္ သူ႔ႏွလုံးသားေလး လႈပ္ခါသြားသည္။
သူက ေ႐ႊငါးေလးရဲ႕ မ်က္လုံးေတြကို ကာလိုက္ၿပီး၊ လူတိုင္းရဲ႕အေရွ႕မွာပဲ ကိုယ္ကို ကိုင္းကာ ရွက္႐ြံ႕ျခင္းမရွိဘဲ ေလာ့လင္းရွန္ကို နမ္းလိုက္သည္။ "ေကာင္းပါၿပီဗ်ာ့၊ကြၽန္ေတာ္အိမ္ျပန္လာမွာကိုေစာင့္ေနေနာ္"
႐ုတ္တရတ္ ေခြးစာေၾကာင့္ လူတိုင္းမွာ မွင္တက္သြားၿပီး ျဖတ္သြားေသာ စားပြဲထိုးသည္ပင္ စကၠန႔္ပိုင္းမွ် မၾကည့္ဘဲ မေနႏိုင္ေတာ့ေခ်။
ခ်င္က်န္းနဲ႔ ယြမ္မုန္႔တို႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္မိၾကသည္။
အျခားသူေတြနဲ႔ ယွဥ္ရင္ မစၥတာရွီက ေခါင္းေဆာင္ေရွ႕မွာ၊ အၿမဲထိန္းထိန္းသိမ္းသိမ္းမေနတတ္မွန္း၊ သူတို႔သိထားေပမယ့္ အခုကေတာ့ တစ္ဖက္လူက သူတို႔ေရွ႕မွာ ပထမဆုံးအႀကိမ္ နမ္းတာေလ။
သူတို႔ တကယ္ပဲ ဒီမွာ နမ္းၾကတာဟ!!
ပတ္ဝန္းက်င္ရွိလူတိုင္း အံ့ဩမွင္တက္ၿပီး စကားမေျပာႏိုင္တဲ့အခ်ိန္တြင္၊ ေလာ့လင္းရွန္တစ္ေယာက္တည္းကသာ စိတ္ခံစားခ်က္ေကာင္းေကာင္းေလးျဖင့္ တည္တည္ၿငိမ္ၿငိမ္ ၿပဳံးလိုက္သည္။
"ေကာင္းၿပီ"
ရွီယြင္နန္က ၿပဳံးၿပီး ေ႐ႊငါးေလးကို လႊတ္ကာ ထလိုက္သည္။ သူ ေနာက္ျပန္လွည့္ကာ ဟိုတယ္ေကာင္တာ ေရွ႕ကို သြားလိုက္၏။
သူက ေကာင္တာေရွ႕ကိုသြားၿပီး ယြမ္ေ႐ြ႕ ေအာက္ထပ္ကို ဆင္းလာတာေတြ႕လားလို႔ ေမးၾကည့္ခ်င္တာေၾကာင့္ပင္။
ေ႐ႊငါးေလးက ရွီယြင္နန္ရဲ႕ ေက်ာျပင္ကို ခဏၾကာေအာင္ စိုက္ၾကည့္ေနၿပီး လွ်ိဳ႕ဝွက္ခ်က္ေလးတစ္ခုကို ရွာေဖြေတြ႕ရွိသြားသလိုမ်ိဳး ဝီးခ်ဲလ္ေပၚက ေလာ့လင္းရွန္အား ၿပဳံးျပလိုက္သည္။
"ရွဴရွဴ! ရွဴရွဴတို႔အခုေလးတင္ ဘာလုပ္သြားလဲဆိုတာ သားသိတယ္!"
ေလာ့လင္းရွန္က စိတ္ခံစားခ်က္ေကာင္းေတြကိုထိန္းသိမ္းလိုက္ၿပီး၊ သူ႔တူေလးကို သူ႔ေပါင္ေပၚမွာ ထိန္းကိုင္ထားလိုက္သည္။ "မင္းက ဘာသိတာလဲ?"
"ရွဴရွဴနဲ႔ ေရွာင္ရႈရႈတို႔နမ္းေနတာ ျဖစ္ရမယ္!"
"....."
ဦးေလးခ်င္တို႔မွာ ဒါကိုၾကားတဲ့အခါ ကူကယ္ရာမဲ့စြာ ရယ္မိသြားၾကသည္။ သူတို႔ ဒီ"လိမၼာပါးနပ္တဲ့ ကေလး"နဲ႔ ပတ္သက္ၿပီး တကယ္ ဘာမွမတတ္ႏိုင္ေပ။
ေလာ့လင္းရွန္က ျငင္းဆိုျခင္းမရွိေသာ္လည္း သင္ၾကားေပးဖို႔မေမ့ေခ်။ "ဟုတ္တယ္၊ ဒါမယ့္ မင္းက ငယ္ေသးတယ္။ ဒီအရာေတြကို ႀကဳံရာက်ပန္း ေလ့လာလို႔ မရဘူး။ မင္းရဲ႕ေရွာင္ရႈရႈနဲ႔ ငါက..."
ေ႐ႊငါးေလးက ၾကားျဖတ္ေျပာလာသည္"သား သိတယ္! ေရွာင္ရႈရႈအရင္တုန္းက သားကို ပုံျပင္ေျပာျပဖူးတယ္!"
"သူ ဘာေျပာျပခဲ့တာလဲ?" ေလာ့လင္းရွန္က ျပန္ေမးလိုက္သည္။
"သား အသက္ႀကီးလာလို႔၊ တစ္ေယာက္ေယာက္ကို ႀကိဳက္တယ္ဆိုတာ ေသခ်ာသိလာတဲ့အခါက်ရင္ သားအလုပ္ႏိုင္ဆုံးအရာက နမ္းတာပဲ။ သား ဒါကို လူတိုင္းကို လုပ္လို႔မရဘူး၊ အဲ့လိုဆို သားက လူေကာင္း မဟုတ္ေတာ့ဘူး။"
ေလာ့လင္းရွန္းက သူေျပာတာမွန္တာကိုျမင္ၿပီး လက္ခံလိုက္သည္ "အင္း၊ မွန္တယ္။ ငါတို႔ရဲ႕က်င္းယြီေလး က အရမ္းအံ့ၾသစရာေကာင္းတာပဲ။"
ေ႐ႊငါးေလးမွာ ေလာ့လင္းရွန္ထံမွ ႀကဳံေတာင့္ႀကဳံခဲ ခ်ီးမြမ္းစကားေလးကို ရရွိၿပီးေနာက္ တက္ႂကြလာေတာ့သည္။ "ရႈရႈ၊ သားေနာက္ထပ္ တစ္ခုလည္း သိေသးတယ္!"
ေလာ့လင္းရွန္က သူ႔ေနာက္ကို ဆက္ၿပီး ေဖာလို လိုက္ကာ "ဘာရွိေသးတာလဲ?"
ေ႐ႊငါးေလးက ေခါင္းညိတ္ကာ"ေရွာင္ရႈရႈနဲ႔ရႈရႈတို႔နမ္းေနတယ္ဆိုတာက ရႈရႈ က ေရွာင္ရႈရႈရဲ႕ အႀကိဳက္ဆုံးျဖစ္သလို၊ ေရွာင္ရႈရႈကလည္း ရႈရႈရဲ႕ အႀကိဳက္ဆုံးေပါ့။"
"ရႈရႈ၊သားမွန္တယ္ မွတ္လား?"
ေလာ့လင္းရွန္းသည္ သူ႔တူေလးစကားကို သေဘာက်ကာ ခပ္တိုတို ရယ္ေမာလိုက္သည္။ သူက အဓိပၸါယ္မဲ့ စကားလုံးမ်ားမပါဘဲ "ဟုတ္တယ္၊ သားမွန္တယ္" လို႔သာ ျပန္ေျဖလိုက္ေလသည္။
မူရင္းစာေရးသူမွာေျပာစရာရွိပါတယ္!!
ေ႐ႊငါးေလး- သားက ဒီလို ထက္ျမတ္တဲ့ေကာင္ေလးပါ!
ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္!!!!
အားလုံးပဲ ဒါေလးကို ျမန္ျမန္ ၿပီးေစခ်င္လို႔ paid translator ညီမေလးကို ေခၚထားပါတယ္။ သူတစ္ပိုင္းျပန္ ကိုယ္တစ္ပိုင္းျပန္ဆိုေတာ့ ျမန္ျမန္ၿပီးတာေပါ့ေနာ္။ ၿပီးေတာ့ rozu မအားတဲ့ ေန႔ေတြဆို သူျပန္ေပးေတာ့ update မလြတ္ေတာ့ဘူးေပါ့။
Translator- aiur_de_yanyan
Editor- roro