ပဟေဠိဆန်သော မင်းမျက်ဝန်း

By TulipWarwar

39 15 0

Zawgyi & Uni More

စာရေးသူ အမှာစာ
စာေရးသူ အမွာစာ
အပိုင်း(၁)
အပိုင်း (၂)
အပိုင္း(၂)
အပိုင်း(၃)
အပိုင္း(၃)
အပိုင်း(၄)
အပိုင္း(၄)
အပိုင်း(၅)
အပိုင္း(၅)

အပိုင်း (၁)

6 1 0
By TulipWarwar

ပဟေဠိဆန်သော မင်းမျက်ဝန်း

ကျလာတဲ့ မျက်ရည်စက်များသည် နောင်တလို့ခေါ်ရမလား၊ကိုယ့်ကိုယ်ကိုစက်ဆုပ်ရွံရှာခြင်းလို့ခေါ်ရမလား အမည်တပ်ဖို့ခက်လှသည်။ကျွန်တော်သည် ခုချိန်မှာ ကျွန်တော်ကိုယ်ခန္ဓာ၌ ထိုလူယုတ်မာ၏ ရနံ့တို့အထိအတွေ့တို့ဟာ အက်ဆစ်ရေနှင့်ဆေးချရင်တောင် ပြောင်မည်မဟုတ်။ဒီစည်းဘောင်၊ဒီအခန်းရဲ့အပြင်ဘက်မှာ နေ့လားညလားတောင် မသိအောင် ပိတ်နှောင်ခံရတဲ့ ကျွန်တော့်မှာ ဆန္ဒတစ်ခုသာလျှင်ရှိပါသည်။ထိုလူကို အခွင့်အရေးရလျှင်သတ်မည် သို့မှမဟုတ် အခွင့်အရေးရလျှင် ကိုယ့်ကိုယ်ကိုသတ်သေမည်ပင်။

မီးခိုးရောင် မှိန်းမှောင်နေသည့် အခန်းကျယ်တစ်ခု၌ လူတစ်ယောက်သည် ခြေတွေလက်တွေ၌ သံကွင်းကြိုးများဖြင့် ဖမ်းချုပ်ခြင်းခံထားရသည်။ထိုသို့လက်ထိပ်ခတ်ထားသည့်အပြင် သံတိုင်တွေဖြင့် ကာရံထားသည့် လှောင်အိမ်ထဲမှာလည်း သူ့အားထည့်ထားသေးသည်။သူသည် လှဲနေသည်။ထို့နောက် ဤလူငယ်အားလှောင်ပိတ်ထားသည့် အခန်းထဲသို့ လူတစ်ဦးဝင်လာသည်။ထိုလူသည် များလှစွာသော သော့ချောင်းများကိုတချွင်ချွင်မြည်အောင် လှုပ်ခတ်လာသည်။

''ထတော့ နေဝင်နေပြီ''

လူငယ်သည် မဲ့ပြုံးတစ်စုံဖြင့်ပထမဦးစွာ ထိုလူအားစိုက်ကြည့်လိုက်သည်။ထိုလူခိုင်းသည့်အတိုင်း မတ်တပ်ရပ်ကာ ဒုတိယအကြိမ် တံတွေးဖြင့် မျက်နှာကိုထွေးပစ်လေသည်။

''ဆိုက်ကိုကောင် ငါ့ကိုဖမ်းထားမယ့်အစား သတ်ပစ်လိုက်။''

ထိုလူသည် အင်္ကျီအိတ်ကပ်ထဲမှ စီးကရက်နှင့် မီးခြစ်ကိုထုတ်ကာ မီးညှိလိုက်သည်။လူငယ်ထွေးထားတဲ့ မျက်နှာပေါ်က တံထွေးကိုမသုတ်ဘဲ ဆေးလိပ်ငွေ့ကိုရှူရှိုက်လိုက်သည်။

''အရိုင်းကောင်လေးကို စိုးမိုးချင်လို့ဖမ်းထားပါတယ်ဆိုမှ ကိုယ်ကသတ်ပစ်ရက်ပါ့မလားကွာ စဥ်းစဥ်းစားစားတွေးပါဦး။ မင်းကဉာဏ်ကောင်းပါတယ် သေချာလေးတွေးတော။ကိုယ်မင်းကို လွှတ်ပေးနိုင်မယ့် နေ့ရက်ရှိလာမလားဆိုတာကို''

လူငယ်သည် ဘာမျှပြန်မပြောနိုင်အောင် အားလျော့လာသည်။ထိုလူသည် လူငယ်မှသူ့ကိုဘာမှမတုံ့ပြန်သဖြင့် ဆေးလိပ်ငွေ့ဖြင့် မျက်နှာကိုမှုတ်ထုတ်ကာ လူငယ်၏ဒေါသကိုဆွသည်။ လူငယ်ဒေါသထွက်တာကို သူကြိုက်သည်။လူငယ်ဒေါသထွက်တိုင်း မျက်ရည်ဝဲလဲ့လဲ့ဖြစ်သည်ကို သူချစ်သည်။လူငယ်ကို သူမြတ်နိုးသည်။ထို့ကြောင့် လူငယ်ကိုသူ​သော့ခတ်ထားလေသည်။

''ကိုယ့်ကို စကားပြန်မပြောတော့ဘူးလား
စက္ကလူငယ်''

ထိုလူငယ်နာမည်သည် စက္ကလူငယ်ဖြစ်လေသည်။စက္ကလူငယ်သည် ရုပ်ရည်ချောမောလှပသော သူတစ်ယောက်မဟုတ်။သာမန်ရုပ်ရည်လေး ပိုင်ဆိုင်ထားပြီး သာမန်ဘဝလေးဖြင့်နေထိုင်သူဖြစ်ပါသည်။သို့သော် သာမန်မဟုတ်သည်မှာ သူ၏ ရီဝေထူးဆန်းသောမျက်ဝန်းများ၊အဓိပ္ပါယ်ကောက်ယူ၍ မရနိုင်အောင်ပဟေဠိလို မျက်လုံးတစ်စုံကြောင့် ဖြစ်ပါသည်။စက္ကရဲ့ မျက်ဝန်းများသည် ဝမ်းနည်းချိန်၌ ထင်ရှား၍ဆွဲငင်နိုင်သော
လမင်းလို စွမ်းအင်များရှိသည်။ထိုအကြည့်ကို ရစ်မူးခဲ့သောလူများစွာအနက် ထီလာသျှမ်းသည် ရမ္မက်ပါနေခဲ့သည်။

ထီလာသျှမ်းသည် စက္က၏မေးစေ့ကိုကိုင်ကာ စက္ကကိုစိုက်ကြည့်သည်။အရည်လဲ့နေသော မျက်ရည်များသည် စက္က၏မျက်ဝန်းများကို အသက်ဝင်စေဖို့ မီးမောင်းထိုးပြနေသလိုဖြစ်နေသည်။ပတ္တမြား၊နီလာ၊ရွှေရောင်တို့ငွေရောင်တို့ လင်းလက်တောက်ပသည်ထက် ပိုဆွဲဆောင်မှု​ရှိလှသည်။စက္ကန့်အတန်ကြာ ထီလာသည်ပန်းချီကားငေးသလို ငေးမောပြီးနောက် စက္က၏နှုတ်ခမ်းသားလေးကို နမ်းလိုက်သည်။

''Toilet သွားမလား''

ထီလာသျှမ်း၏ မေးသံကြောင့် စက္က အားတွေကိုပြန်စုရုံးသည်။ဒါသည် အခွင့်အရေးကောင်းမဟုတ်လား...။စက္ကသည် ခေါင်းညိတ်ပြသည်။ထီလာသည် စက္ကကိုချည်နှောင်ထားတဲ့ သံကြိုးတွေကိုသော့ဖြင့် ဖြည်ကာ စက္ကကို toiletသို့ လိုက်ပို့သည်။
ဒီတစ်ခါတော့ ထီလာလည်းပါးနပ်လာသည်။Toiletလိုက်ပို့တိုင်း ထွက်ပြေးဖို့ကြံတဲ့ စက္ကကိုဒီတစ်ခါ ခြေတွေလက်တွေ၌ သံကြိုးတန်းလန်းဖြင့်သွားစေသည်။ထို့နောက်စက္ကသည် ရုတ်တရတ်လဲကျသွားသည်။စက္ကလဲသည်နှင့် ထီလာသည် စက္ကကိုပြေးထူသည်။
စက္ကသည် ဘေးနားကိုထီလာရောက်လာသည်နှင့်ထီလာ၏ လည်ပင်းများကိုသံကြိုးများဖြင့် ပတ်ကာညစ်လေ၏။
သို့သော် စက္က၏ ချည်နှောင်မှုများကို ထီလာအသာလေး ရုံးထွက်နိုင်သည်။ပြေးဖို့ဉာဏ်ကြိုဆင်ထားသော
စက္ကသည် ထီလာကိုတွန်းကာ သော့ဖွင့်ထားသည့် တံခါးသို့အမြန်ပြေးလေ၏။သံကြိုးတန်းလန်းဖြင့် ပြေးနေသော စက္ကသည်တွေ့ရာလမ်းပြေးနေသဖြင့် အိမ်ကြီး၏ အပေါ်ဆုံးအထပ်သို့ရောက်သွားလေသည်။ကမ်းပါးနံဘေးနဲ့ တည်ဆောက်ထားသော ဤတိုက်ကြီးသည် အတော်မြင့်လှသည်။စက္ကသည် တုံ့ဆိုင်းမှုမရှိဘဲ ဝရံတာကိုပြေးထွက်ကာ လက်ကိုင်တန်းတွေပေါ်တက်ကာရပ်လိုက်သည်။ထီလာရောက်လာသည်နှင့် စက္ကသည် တိုက်ပေါ်မှ ခုန်ချလေ၏။
သို့သော် ကံတရားသည် စက္ကထံ၌မရှိ။စက္ကလက်မှသံကြိုးများသည် ဝရံတာနှင့်ငြိကာ စက္ကသည်တိုက်ပေါ်၌ တန်းလန်းကြီးဖြစ်နေလေသည်။လေထဲ၌ အောက်မကျ အပေါ်မရောက်နှင့် တွဲလောင်းဖြစ်နေသောစက္ကသည် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်။
လှပ လှသော နေဝင်ချိန်ကို စက္ကငေးမောရင်းအတိတ်သို့ဦးတည်နေမိတော့သည်။

🔥🔥🔥🔥🔥🔥🔥🔥🔥

အဖေဆုံးပြီး၁လအကြာမှာ အမေဆုံးခဲ့တဲ့ ကျွန်တော် အချိန်လချီကြာအောင် ပြိုလဲခဲ့သည်။ဆယ်တန်းလည်း အမှတ်နည်းနည်းနှင့်အောင်ခဲ့သည်မို့ လိုချင်သည့်မေဂျာ၊လျှောက်ချင်သည့်အနာဂတ်ကို လှမ်းဖို့ဝေးဝါးလှသည်။တစ်ဦးတည်း တည်းသော သားမို့ ညီအစ်ကိုမောင်နှမ မရှိတဲ့ ကျွန်တော် ဆွေမျိုးဆိုသူတွေကိုလည်းမသိ။အမေနဲ့အဖေရှိစဥ်အခါကလည်း ဆွေမျိုး၊အဖိုးအဖွားအကြောင်း တစ်ခါမှပြောခဲ့ဖူးသည် မရှိဟုကျွန်တော်ထင်သည်။ကျွန်တော်ဘဲ မမှတ်မိတာလားတော့ မသိ။
တစ်ကောင်ကြွက်ကျွန်တော် ကံကောင်းချင်တော့ အသိအစ်ကိုမှ ဆိုင်တစ်ဆိုင်မှာအလုပ်သွင်းပေးခဲ့သည်။
''​မြို့ဘုံဘေ''ဆိုတဲ့ အထည်ဆိုင်လေးမှာ အရောင်းစရေးလေးလုပ်ရင်း ကျွန်တော်အဆင်ပြေလာခဲ့ပါသည်။

''ဟဲလို အစ်ကို''

''အေး ညီပြော။ဘာအခက်အခဲရှိလို့လဲ''

အစ်ကိုအသံသည် တည်ကြည်လေးနက်သည်။အစ်ကိုသည် ဖြောင့်မတ်သည်။တစ်ပါးသူအပေါ် ကူညီရိုင်းပင်းတတ်သည့်အစ်ကိုသည် ကျွန်တော်လိုအပ်နေချိန်၌ အောက်ခြေသိမ်းကအစ ရက်ရက်ရောရောကူညီပေးခဲ့သူဖြစ်ပါသည်။ဆိုင်၌ အလုပ်ရတော့ အစ်ကိုနှင့်အဆက်အသွယ်ပြတ်တောင်း ပြတ်တောင်းဖြစ်ခဲ့သည်။အစ်ကို့ကို သေသေချာချာကျေးဇူးတင်စကားပြောချင်သည်။ထမင်းဝယ်ကျွေးရင်း အစ်ကိုချေးပေးထားသည့်ပိုက်ဆံ အကုန်မဆပ်နိုင်သေးကြောင်းနှင့် လစဥ်စီပုံမှန်ဆပ်ပေးမည်ဖြစ်ကြောင်း အစ်ကို့ကိုပြောမည်ဟုကျွန်တော်စဥ်းစားထားသည်။

''အစ်ကို ကျွန်တော်လေ အစ်ကိုကို ထမင်းလိုက်ဝယ်ကျွေးရင်း အကြွေးလေးပြန်ဆပ်ချင်လို့ပါ။အဲ့တာ အစ်ကို ဘယ်အချိန်အားလဲဆိုတာ ကျွန်တော်သိချင်လို့...''

''ထမင်းမဝယ်ကျွေးနဲ့ညီ။အအေးလိုက်တိုက်အစ်ကို့ကို။အင်း...အချိန်ကညနေ ညီဆိုင်ပိတ်တဲ့အချိန် ကိုယ်ဝင်ခေါ်မယ်လေ''

''ဟုတ်..ဟုတ်ကဲ့အစ်ကို''

''ဒါနဲ့ ညီရောအဲ့ဆိုင်မှာ အဆင်ပြေရဲ့လား
လုပ်ရကိုင်ရတာ''

''ဟုတ်ကဲ့ ပြေပါတယ်''

''အလုပ် လုပ်ရင်းကျောင်းလည်းတက်ဖို့ပြင် ဟုတ်ပီလား။အစ်ကိုမအားတော့လို့ ညနေမှတွေ့ကြမယ် ညီစက္က''

''ဟုတ်ကဲ့အစ်ကို''

ဖုန်းထဲ၌ မှတ်ထားသော အစ်ကိုနာမည် လေးကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်နားချိန်ပြည့်ခဲ့သည်။အစ်ကိုနာမည်
''ရိပ်မြတ်မောင်''

ညနေစောင်း အလုပ်ဆင်းတော့ ကျွန်တော်တို့ အအေးဆိုင်မဟုတ်ဘဲ အစ်ကိုခေါ်သည့် နီးစပ်ရာကဖေးဆိုင်လေးသာဝင်ခဲ့သည်။

''ဒီနေ့တော့ ကျွန်တော်ဘဲရှင်းပါရစေ အစ်ကို။အစ်ကိုသာ ထပ်ရှင်းနေရင် ကျွန်တော်အကြွေးတွေ ဆပ်ကုန်မှာမဟုတ်တော့ဘူး''

''ဟုတ်ပါပြီ ညီ့သဘောပါ။
ညီဘဲမှာ အစ်ကိုထိုင်စားပေးမယ်''

အစ်ကိုရဲ့အဖြေနှင့်အတူ အစ်ကိုရဲ့အပြုံးလေးက ကျွန်တော်ရင်ကိုနွေးစေသည်။ကိုယ့်အစ်ကိုအရင်းတစ်ယောက်လို အစ်ကိုရှိနေရင်လုံခြုံနေတဲ့ စိတ်ချမ်းသာမှုက အစ်ကိုရပ်ဝန်းလေးနားရောက်ရင် နာကျင်မှုတွေ မေ့စေပါသည်။စကားတွေ ပြောရင်းအစ်ကိုကို အကြွေး၂သောင်းလောလောဆယ်အရင်ဆပ်ထားသည်။
အစ်ကိုနှင့်ကျွန်တော် စကားတွေပြောကြရင်း ရုတ်တရတ် ကျွန်တော့်အမေနှင့်ပုံတူတက်တိုးထိုးထားသည့်လူတစ်ဦးကို ကျွန်တော်လှမ်းမြင်မိလိုက်သည်။

ကျွန်တော်သာထိုအချိန်၌ ထမသွားခဲ့ရင်၊ကျွန်တော်သာ စူးမစမ်းမိခဲ့ရင် ကျွန်တော်အစ်ကိုနှင့်နေ့ရက်တိုင်းပျော်စွာနေရမည်ဟု ထင်သည်။
အမေလို တက်တူးပုံတူ ထိုးထားသူများလည်းရှိသည်ဟု အမေပြောခဲ့ဖူးတာ ကျွန်တော်ကောင်းကောင်းကြီး မှတ်မိသည်။စိတ်ထဲ၌ ဆွေးမျိုးတောင်းတနေသည့် ကျွန်တော် စိတ်မထိန်းနိုင်ကာ ထိုလူနောက်အမြန်ထလိုက်သွားမိသည်။
အမေသည် ထိုတက်တူးနှင့် ပတ်သတ်၍ ကျွန်တော့်ကို ပုံပြင်လိုလို၊ဖြစ်ရပ်မှန်လိုလို ဘဝပေါင်းများစွာရဲ့အကြောင်းကို ပြောပြခဲ့ဖူးသည်။သို့သော် အမေပြောလိုက်တိုင်း တစ်ဝက်တစ်ပျက်ကြီးတွေကြီးပင်။ကျွန်တော်သိချင်သည် ထိုတက်တူးပုံရှိသူများသည် အဘယ်သူတွေနည်း။

အမေ့ကိုသတိရစိတ်ဖြင့်ကိုယ်တိုင်သတိမထားမိတဲ့ မျက်ရည်ကလည်းလွယ်နေပြီ။တက်တူးပုံရှိသည့်လူသည် Toilet ရှေ့၌ မျက်ခြေပြတ်သွားခဲ့သည်။ကျွန်တော် မျက်ရည်တောင်မသုတ်နိုင်ခဲ့။ထိုနောက် ကျွန်တော့်ရဲ့ လက်မောင်းနှစ်ဖက်ကို ရုတ်တရတ်ဆွဲဖမ်းလိုက်သည့် ထိုသူသည် ကျွန်တော်အမုန်းဆုံးသူဖြစ်လာမည်ဆိုတာ ကျွန်တော်မသိခဲ့။

''လှလိုက်တဲ့ မျက်ဝန်း''

ဆိုက်ကိုဆန်လှတဲ့ သူ့အပြုအမူကိုကျွန်တော် အတင်းဖယ်ကာထုတ်သည်။သူသည် ကျွန်တော့်ထက်အရပ်ရှည်သည်။အစ်ကိုနှင့်အရပ်တူလောက်သည်။ဝတ်ပုံစားပုံသည် အထက်တန်းစားအလွှာကဖြစ်လောက်သည်။အင်္ကျီသည် အကန့်အသတ်ဖြင့်ထုတ်ထားသော နာမည်ကြီးbrandတွေထဲက ဖြစ်သည်။

''ချစ်သူရှိလား...''

ရင်းနှီးမှုမရှိဘဲ ဒီလူသည်အတင့်ရဲသည်။ကျွန်တော် ဒီလိုလူမျိုးများကို ဝေးဝေးရှောင်ချင်သည်။ကျွန်တော်သူမေးသည်ကို ဘာမျှမဖြေဘဲ Toilet ထဲမှ ပြန်ထွက်ခဲ့သည်။သို့သော် ထိုလူသည်လက်မလျှော့။ကျွန်တော်လက်ကို အတင်းပြန်ဆွဲထားသည်။

🍃🍃🍃

ကျွန်တော်၏အတိတ်ပုံရိပ်များကဲ့သို့ လက်ရှိမှာ ထိုလူသည်ကျွန်တော်ကို ဆွဲတင်နေပြန်၏။တိုက်ပေါ်၌ တန်းလန်းဖြစ်နေသော ကျွန်တော်သည်သူ၏ပြန်ကယ်တင်မှုကြောင့် စိတ်ဆင်းရဲစွာ ပြန်ရှင်သန်ရဦးမည်။လက်သည်လည်း အရှိန်ပြင်းပြင်းဖြင့် ဆွဲဆောင့်သလိုဖြစ်ခဲ့သည်မို့ အရိုးထဲစိမ့်အောင် နာကျင်ကိုက်ခဲနေသည်။ သိပ်မကြာခင်မှာဘဲ ကျွန်တော်သတိလစ်မေ့မျောသွားခဲ့ပါသည်။

🍃🍃🍃

''ကိုယ်က မင်းကိုရီးစားရှိလားလို့မေးနေတယ်လေကွာ''

''ခင်များလွှတ်နော် ကျွန်တော်ရဲနဲ့မတိုင်ခင်ခင်များလက်ကို ပြန်ရုတ်သိမ်းပေးပါ''

ကျွန်တော်၏ စူးလှသောအသံသည် ကဖေးဆိုင်လေးအတွင်း သိမ့်ခနဲလှုပ်ခါသွားသည်။အစ်ကိုသည်လည်း ကျွန်တော့်အသံကြောင့် ချက်ချင်းထလာခဲ့သည်။အစ်ကိုသည် လုံခြုံရေးများကိုခေါ်ကာ ထိုလူကိုထိန်းခိုင်းခဲ့သည်။အစ်ကိုလာတော့ ကျွန်တော်စိတ်အေးရတာ အမှန်ပင်။ကျွန်တော်တို့လည်း ထိုကဖေးဆိုင်လေးမှ ထွက်ခွာလာခဲ့သည်။ထိုမျက်ဝန်း.....၊အေးစက်ပြီး အကြင်နာတရားခေါင်းပါးလှသည့် မျက်ဝန်းမျိုး...။ကဖေးဆိုင်မှမထွက်ခင် ထိုလူသည် ကျွန်တော်အား မဟုတ်လျှင် အစ်ကို့အား မျက်ထောင့်နီဖြင့်ကြည့်နေသည်ကို ကျွန်တော်သတိထားမိလိုက်သည်။ဘဝမှာ ဒီလိုဆိုက်ကိုမျိုးတွေလည်းရှိလေလားဟု ကျွန်တော်အချိန်ကုန်တွေးမိနေလေ၏။အစ်ကိုကတော့ ကျွန်တော့်အားစိတ်ထဲမထားရန် ဖေးမနှစ်သိမ့်ပေးရှာပါသည်။
ထိုကိစ္စဖြစ်ပြီး တစ်ပတ်ကြာသော်......
ကျွန်တော် ညလည်းအိပ်ကောင်းခြင်းမအိပ်ရ၊နေ့လည်းစားကောင်းခြင်းမစားရ၊အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်။အချိန်ပြည့် မက်ဆေ့ပို့နေသည့်ဖုန်းနံပါတ်များ။တစ်ခုblockရင် နောက်ထပ်နံပါတ်အသစ်နှင့် ထပ်ပို့နေသည်။တစ်ပတ်လည်းမဟုတ်၊နှစ်ပတ်လည်းမဟုတ်တော့ ကျွန်တော်အစ်ကိုအား ပြောပြမှဖြစ်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။ထိုည အစ်ကို့ကို ထိုအကြောင်းတွေ ရှင်းပြနေစဥ် မက်ဆေ့ဝင်လာသည်။

''ကိုယ် မင်းလေးကို တအားလိုချင်နေပြီ။
ကိုယ်ပိုင်ဆိုင်ခွင့်မရရင်တောင် ကိုယ့်ကိုရီးစားအဖြစ် လက်ခံပေးပါလား။အေး...မင်းလေးက နှစ်ခုတည်းကတစ်ခုမှမရွေးဘူးဆိုရင် ကိုယ်မင်းကိုအတင်းအဓမ္မသိမ်းယူရလိမ့်မယ် စက္ကလူငယ်။
မင်းရဲ့ မျက်ဝန်းလေးမှာ ပိတ်မိနေသော
ထီလာသျှမ်း''

ထိုမက်ဆေ့ကိုဖတ်ပြီး စက္ကန့်ပိုင်းအတွင်း
ညလယ်သန်းခေါက်ကြီးကို ကျွန်တော့်အိမ်ရှေ့၌ ဆူးဆူးဝါးဝါးတံခါးလာခေါက်လေတော့သည်။အဘယ်သူနည်း......။

''ကျွီ.................''

ဘုရား......။ကျွန်တော်တံခါးပိတ်ဖို့ မေ့နေခဲ့သည်။

''အစ်......အစ်ကို။အိမ်ထဲကို လူတစ်ယောက်ဝင်လာပြီ''

''ညီ တံခါးမပိတ်ထားဘူးလား''

''ဟုတ်ကဲ့ ကျွန်တော်မပိတ်မိဘူး။အစ်..ကို''

''အစ်ကို ခုချက်ချင်းလာခဲ့မယ်။ရပ်ကွက်လူကြီးတွေ ဖုန်းနံပါတ်ရှိရင် အမြန်ခေါ်ပြီး အကူညီတောင်း။အကိုလာပြီ''

မီးကလည်း ဒီနေ့မှပျက်နေ၏။
ကျွန်တော်ဖုန်းချပြီး ရပ်ကွက်ဥက္ကဋ္ဌဖုန်းဆက်ဖို့ ဖုန်းနံပါတ်ရှာနေတုန်း ထိုလူစိမ်းသည်ကျွန်တော်နောက်ကို ရောက်နေလေသည်။

  

Continue Reading