Unicode
အပိုင်း (၆၂) အရူးလိုချစ်သူ (၁)
ဖေးရှီက အဓိကအိမ်တော်နှင့်အနီးဆုံး အနည်းငယ်နိမ့်ကျသော ခြံဝန်းထဲတွင် နေသည်။ ယဲ့ကျန်း ရောက်သွားသောအခါ ဖေးရှီက အတွင်းခန်းအဆောင်ထဲသို့ ဝင်ရောက်သွားသဖြင့် သခင်မလေးက စောင့်ဆိုင်းနေရသည်။ တစ်ခဏခန့်ကြာပြီးနောက် တတိယသခင်မက ပြန်မလာသေးပေ။ ယဲ့ကျန်း၏နှုတ်ခမ်းများက အနည်းငယ် မဲ့ကျသွား၏။ သူမ ပြန်သင့်မပြန်သင့် စဉ်းစားနေရလေပြီ။
သူမ ဆုံးဖြတ်ချက်ချနေချိန်တွင် အလွန်လှပသောဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က အရှေ့ဘက်အခန်းထဲမှ ထွက်လာပြီး သူမ၏အာရုံကို ဆွဲဆောင်သွားကာ သူမ၏ အတွေးများမှ ရုန်းထွက်သွားစေ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုအမျိုးသမီး၏ ဆံပင်နှင်ဝတ်စုံအရ ထိုအမျိုးသမီးက အစေခံမဟုတ်မှန်း သိလိုက်သည်။ ထို့အပြင် ထိုအမျိုးသမီးက သူမ ယဲ့စံအိမ်တွင် မြင်ခဲ့ဖူးနေကြ အချို့သော သခင်မများကိုပင် သတိရသွားစေခဲ့မိသည်။
သူမကိုမြင်သောအခါ ထိုအမျိုးသမီး၏နှုတ်ခမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးက ဖြစ်တည်လာသည်။ သူမဘက်သို့လှည့်ကာ လျှောက်လာပြီး အနည်းငယ် ရိုကျိုးဟန်ဖြင့် တစ်ချက် ဦးညွတ်ပြ၏။
“တတိယသခင်မလေး မဟုတ်လား”
သူမက လေသံကို အနည်းငယ်မြှင့်ထားသည်။ အပြုံးကလည်း တောက်ပသွားကာ သူမကို စူးစိုက်ကြည့်ပြီးမှသာပြန်လှည့်၏။
“တတိယသခင်မ အပြင်သွားတယ်၊ တတိယသခင်မလေး သခင်မရဲ့စံအိမ်ထဲမှာ စောင့်ဆိုင်းနေတာ ကောင်းမယ်ထင်တယ်၊ မင်းရဲ့အမေက သိပ်မကြာခင်မှာ ပြန်လာမှာပါ”
သူမက ပြောသည်။
ယဲ့ကျန်းက မျက်မှောင်ကိုကြုတ်လိုက်ကာ သူမညီမ၏မှတ်ဉာဏ်ထဲတွင် ထိုအမျိုးသမီး မရှိကြောင်း သတိရမိသည်။ သူမက မြို့တော်မှဖြစ်လောက်၏။ သူမက အစေခံ မဟုတ်ပေ။
ဒါဆို ဘယ်သူလဲ၊ ဖေးရှီနဲ့ ဘယ်လိုပတ်သက်လဲ။
အခြားသူတိုင်း၏ကိစ္စတွင် ဝင်မပါသင့်ကြောင်း သူမကိုယ်သူမ ပြောနေပြီးနောက်တွင် ယဲ့ကျန်းက မသိလိုက်မသိဘာသာ ခေါင်းညိတ်ပြီးနောက် ထွက်သွားရန် ပြင်ဆင်လိုက်သည်။
“ကောင်းပြီ၊ ကျေးဇူးပါပဲ”
သူမ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် ဖေးရှီ၏အစေခံဟိုင်ထန်းက အတွင်းခန်းထဲသို့ ဝင်လာခဲ့ပြီး သူမကို ထိုအမျိုးသမီးနှင့် မြင်လိုက်သည်နှင့် ရပ်တန့်သွားသည်။ တစ်ခဏခန့်သာ တန့်သွားခဲ့ခြင်းမျိုးဖြစ်ကာ ချက်ချင်းဆိုသလိုပင် အမူအရာက ပြန်ပြောင်းသွားပြီး ယဲ့ကျန်းကို ဦးညွတ်ဂါဝရပြုလာကာပြော၏။
“တတိယသခင်မလေးကို ဂါဝရပြုပါတယ်”
သူမ၏ ရုတ်တရက် ပြုံးလိုက်သောအနေအထားမျိုးကို မြင်သောအခါ ယဲ့ကျန်းကလည်း အခြေအနေကို မြန်မြန်ဆန်ဆန် မေးလိုက်သည်။ သူမ၏အသံက ချိုမြိန်ကာ အပြစ်ကင်းစင်၏။
“အစ်မဟိုင်ထန်း တို့ အမေ့ကို လာရှာတာ၊ ဘာလို့ ဒီမှာမရှိတာလဲ”
ဟိုင်ထန်းက ထိုမေးခွန်းကြောင့် တောင့်တင်းသွားပြီးနောက် ထူးဆန်းသော အမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်ပြီးမှသာလျှင် ယဲ့ကျန်းကိုပြန်ကြည့်သည်။
“သခင်မက အတွင်းဆောင်ကိုသွားပါတယ်၊ အချိန်တိုအတွင်းမှာ ပြန်လာမှာပါ”
ယဲ့ကျန်းက ထိုအနီးကပ်အစေခံ၏တုံ့ပြန်မှုကို အာရုံစိုက်နေခဲ့ခြင်းမရှိလျှင် အချို့သောအမူအရာ ပြောင်းလဲမှုများကို လက်လွှတ်လိုက်ရပေလိမ့်မည်။
ထိုအမျိုးသမီးက ဟိုင်ထန်းနှင့်သူမကို ကြည့်မနေပေ။ သူမက ယဲ့ကျန်း၏ လက်မောင်းများကိုဖက်ရန် ရှေ့တိုးလာခဲ့၏။
“တတိယသခင်မလေး တတိယသခင်မကို ခြံဝန်းထဲမှာ စောင့်ဆိုင်းလိုက်ပါလား၊ တို့လည်း သူနဲ့အတူ နေပေးလိုက်မယ်”
ထိုအမျိုးသမီးက ပြောသည်။ သူမ၏မျက်နှာရှိအပြုံးက ပို၍တောက်ပလာကာ ယဲ့ကျန်းကို ဖေးရှီအခန်းအတွင်းသို့ခေါ်သည်။
ဘယ်လောက် ထူးဆန်းလိုက်သလဲ။
ထိုအခိုက် ဟိုင်ထန်းက ရှေ့တက်လာပြီး ထိုအမျိုးသမီး၏ အထဲသို့ဝင်ရန် ပြင်ဆင်နေခြင်းကို တားလိုက်ကာ ယဲ့ကျန်းကို ကိုင်ထားသော လက်များကို ဆွဲဖယ်ပြီး အေးစက်သော မျက်ဝန်းများဖြင့် ကြည့်သည်။
“သခင်မက ဒီအခန်းထဲကို ကျွန်မနဲ့ တတိယသခင်မလေးကလွဲပြီး ဘယ်အစေခံကိုမှ ဝင်ခွင့်မပြုထားပါဘူး၊ အစ်မကြီးရွှယ်လျှို ကျေးဇူးပြုပြီး ဝင်ခွင့်မပြုတာကို စိတ်မရှိပါနဲ့၊ အထဲကို ဝင်ခွင့်မရှိပါဘူး၊ ဒါကြောင့် ကျွန်မကပဲ တတိယသခင်မလေးကို အဖော်ပြုပေးလိုက်ပါ့မယ်၊ ကျွန်မတို့ ရှင့်ကို ဆွဲထားမနေတော့ပါဘူး”
ရွှယ်လျှို၏မျက်နှာက ပျက်သွားသည်။
“နင်”
“တတိယသခင်မလေး ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”
ဟိုင်ထန်းက ပြောသည်။ သူမ၏အသံက တောင့်တင်းနေ၏။ သူမက ရွှယ်လျှိုကို ရင်ဆိုင်ရန် ပင်ပန်းနေခဲ့ချေပြီ။
သည်လိုဖိတ်ကြားခံရသောအခါ ယဲ့ကျန်းက ခေါင်းညိတ်ပြီးနောက် သူမရှေ့ရှိ မြင်ကွင်းကို သတိမထားမိသကဲ့သို့ ပြောလိုက်သည်။
“ဒါဆိုလည်းသွားရအောင် အမေ့ကို စောင့်ကြတာပေါ့ အစ်မကြီးဟိုင်ထန်း”
သူမ၏နှုတ်ခမ်းများက တည်ငြိမ်သွားသည်။ ယဲ့ကျန်းက အသာအယာပင် ဟိုင်ထန်း၏အနောက်မှ လိုက်ကာ အခန်းတွင်းသို့ဝင်လာ၏။
သူမ၏စိတ်ကမူ သည်ပြောင်းလဲမှုအပေါ် ရှိနေခဲ့သည်။ ဟိုင်ထန်းက လိုက်ကာစကို လျင်မြန်စွာ ချလိုက်၏။ ထိုအမျိုးသမီးကို တစ်ချက်ပင် မကြည့်ချင်တော့ဟန်ဖြင့် အထဲသို့ ဆက်ဝင်သွားသောအခါ ရွှယ်လျှိုက ဒေါသတကြီး ကျနမရစ်တော့၏။
ဖေးရှီ၏ယုံကြည်ရသောအစေခံနှင့် ထိုအမျိုးသမီး၏ ဆက်ဆံပုံကို ကြည့်ပြီးနောက် ယဲ့ကျန်းက ရွှယ်လျှိုက သည်နေရာသို့ ကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
ထိုင်ပြီးနောက်တွင် တတိယသခင်မလေးက သည်အနီးကပ်အစေခံကို ကြည့်လိုက်သည်။ ထို့နောက် အကြည့်လွှဲကာနှုတ်ခမ်းများကို ကော့တက်သွားစေ၏။
“အစ်မကြီးဟိုင်ထန်း သူက ဘယ်သူလဲ၊ ဘာလို့ ကျွန်မ တစ်ခါမှ မမြင်ဖူးတာလဲ”
...
Zawgyi
အပိုင္း (၆၂) အ႐ူးလိုခ်စ္သူ (၁)
ေဖး႐ွီက အဓိကအိမ္ေတာ္ႏွင့္အနီးဆုံး အနည္းငယ္နိမ့္က်ေသာ ျခံဝန္းထဲတြင္ ေနသည္။ ယဲ့က်န္း ေရာက္သြားေသာအခါ ေဖး႐ွီက အတြင္းခန္းအေဆာင္ထဲသို႔ ဝင္ေရာက္သြားသျဖင့္ သခင္မေလးက ေစာင့္ဆိုင္းေနရသည္။ တစ္ခဏခန္႔ၾကာၿပီးေနာက္ တတိယသခင္မက ျပန္မလာေသးေပ။ ယဲ့က်န္း၏ႏႈတ္ခမ္းမ်ားက အနည္းငယ္ မဲ့က်သြား၏။ သူမ ျပန္သင့္မျပန္သင့္ စဥ္းစားေနရေလၿပီ။
သူမ ဆုံးျဖတ္ခ်က္ခ်ေနခ်ိန္တြင္ အလြန္လွပေသာဝတ္စုံကို ဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ေယာက္က အေ႐ွ႕ဘက္အခန္းထဲမွ ထြက္လာၿပီး သူမ၏အာ႐ုံကို ဆြဲေဆာင္သြားကာ သူမ၏ အေတြးမ်ားမွ ႐ုန္းထြက္သြားေစ၏။ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ထိုအမ်ိဳးသမီး၏ ဆံပင္ႏွင္ဝတ္စုံအရ ထိုအမ်ိဳးသမီးက အေစခံမဟုတ္မွန္း သိလိုက္သည္။ ထို႔အျပင္ ထိုအမ်ိဳးသမီးက သူမ ယဲ့စံအိမ္တြင္ ျမင္ခဲ့ဖူးေနၾက အခ်ိဳ႕ေသာ သခင္မမ်ားကိုပင္ သတိရသြားေစခဲ့မိသည္။
သူမကိုျမင္ေသာအခါ ထိုအမ်ိဳးသမီး၏ႏႈတ္ခမ္းတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ အျပဳံးက ျဖစ္တည္လာသည္။ သူမဘက္သို႔လွည့္ကာ ေလွ်ာက္လာၿပီး အနည္းငယ္ ႐ိုက်ိဳးဟန္ျဖင့္ တစ္ခ်က္ ဦးၫြတ္ျပ၏။
“တတိယသခင္မေလး မဟုတ္လား”
သူမက ေလသံကို အနည္းငယ္ျမႇင့္ထားသည္။ အျပဳံးကလည္း ေတာက္ပသြားကာ သူမကို စူးစိုက္ၾကည့္ၿပီးမွသာျပန္လွည့္၏။
“တတိယသခင္မ အျပင္သြားတယ္၊ တတိယသခင္မေလး သခင္မရဲ႕စံအိမ္ထဲမွာ ေစာင့္ဆိုင္းေနတာ ေကာင္းမယ္ထင္တယ္၊ မင္းရဲ႕အေမက သိပ္မၾကာခင္မွာ ျပန္လာမွာပါ”
သူမက ေျပာသည္။
ယဲ့က်န္းက မ်က္ေမွာင္ကိုၾကဳတ္လိုက္ကာ သူမညီမ၏မွတ္ဉာဏ္ထဲတြင္ ထိုအမ်ိဳးသမီး မ႐ွိေၾကာင္း သတိရမိသည္။ သူမက ၿမိဳ႕ေတာ္မွျဖစ္ေလာက္၏။ သူမက အေစခံ မဟုတ္ေပ။
ဒါဆို ဘယ္သူလဲ၊ ေဖး႐ွီနဲ႔ ဘယ္လိုပတ္သက္လဲ။
အျခားသူတိုင္း၏ကိစၥတြင္ ဝင္မပါသင့္ေၾကာင္း သူမကိုယ္သူမ ေျပာေနၿပီးေနာက္တြင္ ယဲ့က်န္းက မသိလိုက္မသိဘာသာ ေခါင္းညိတ္ၿပီးေနာက္ ထြက္သြားရန္ ျပင္ဆင္လိုက္သည္။
“ေကာင္းၿပီ၊ ေက်းဇူးပါပဲ”
သူမ ေျခတစ္လွမ္းလွမ္းၿပီးသည္ႏွင့္ ေဖး႐ွီ၏အေစခံဟိုင္ထန္းက အတြင္းခန္းထဲသို႔ ဝင္လာခဲ့ၿပီး သူမကို ထိုအမ်ိဳးသမီးႏွင့္ ျမင္လိုက္သည္ႏွင့္ ရပ္တန္႔သြားသည္။ တစ္ခဏခန္႔သာ တန္႔သြားခဲ့ျခင္းမ်ိဳးျဖစ္ကာ ခ်က္ခ်င္းဆိုသလိုပင္ အမူအရာက ျပန္ေျပာင္းသြားၿပီး ယဲ့က်န္းကို ဦးၫြတ္ဂါဝရျပဳလာကာေျပာ၏။
“တတိယသခင္မေလးကို ဂါဝရျပဳပါတယ္”
သူမ၏ ႐ုတ္တရက္ ျပဳံးလိုက္ေသာအေနအထားမ်ိဳးကို ျမင္ေသာအခါ ယဲ့က်န္းကလည္း အေျခအေနကို ျမန္ျမန္ဆန္ဆန္ ေမးလိုက္သည္။ သူမ၏အသံက ခ်ိဳၿမိန္ကာ အျပစ္ကင္းစင္၏။
“အစ္မဟိုင္ထန္း တို႔ အေမ့ကို လာ႐ွာတာ၊ ဘာလို႔ ဒီမွာမ႐ွိတာလဲ”
ဟိုင္ထန္းက ထိုေမးခြန္းေၾကာင့္ ေတာင့္တင္းသြားၿပီးေနာက္ ထူးဆန္းေသာ အမ်ိဳးသမီးကို ေအးစက္စြာ စိုက္ၾကည့္ၿပီးမွသာလွ်င္ ယဲ့က်န္းကိုျပန္ၾကည့္သည္။
“သခင္မက အတြင္းေဆာင္ကိုသြားပါတယ္၊ အခ်ိန္တိုအတြင္းမွာ ျပန္လာမွာပါ”
ယဲ့က်န္းက ထိုအနီးကပ္အေစခံ၏တုံ႔ျပန္မႈကို အာ႐ုံစိုက္ေနခဲ့ျခင္းမ႐ွိလွ်င္ အခ်ိဳ႕ေသာအမူအရာ ေျပာင္းလဲမႈမ်ားကို လက္လႊတ္လိုက္ရေပလိမ့္မည္။
ထိုအမ်ိဳးသမီးက ဟိုင္ထန္းႏွင့္သူမကို ၾကည့္မေနေပ။ သူမက ယဲ့က်န္း၏ လက္ေမာင္းမ်ားကိုဖက္ရန္ ေ႐ွ႕တိုးလာခဲ့၏။
“တတိယသခင္မေလး တတိယသခင္မကို ျခံဝန္းထဲမွာ ေစာင့္ဆိုင္းလိုက္ပါလား၊ တို႔လည္း သူနဲ႔အတူ ေနေပးလိုက္မယ္”
ထိုအမ်ိဳးသမီးက ေျပာသည္။ သူမ၏မ်က္ႏွာ႐ွိအျပဳံးက ပို၍ေတာက္ပလာကာ ယဲ့က်န္းကို ေဖး႐ွီအခန္းအတြင္းသို႔ေခၚသည္။
ဘယ္ေလာက္ ထူးဆန္းလိုက္သလဲ။
ထိုအခိုက္ ဟိုင္ထန္းက ေ႐ွ႕တက္လာၿပီး ထိုအမ်ိဳးသမီး၏ အထဲသို႔ဝင္ရန္ ျပင္ဆင္ေနျခင္းကို တားလိုက္ကာ ယဲ့က်န္းကို ကိုင္ထားေသာ လက္မ်ားကို ဆြဲဖယ္ၿပီး ေအးစက္ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္သည္။
“သခင္မက ဒီအခန္းထဲကို ကြၽန္မနဲ႔ တတိယသခင္မေလးကလြဲၿပီး ဘယ္အေစခံကိုမွ ဝင္ခြင့္မျပဳထားပါဘူး၊ အစ္မႀကီး႐ႊယ္လွ်ိဳ ေက်းဇူးျပဳၿပီး ဝင္ခြင့္မျပဳတာကို စိတ္မ႐ွိပါနဲ႔၊ အထဲကို ဝင္ခြင့္မ႐ွိပါဘူး၊ ဒါေၾကာင့္ ကြၽန္မကပဲ တတိယသခင္မေလးကို အေဖာ္ျပဳေပးလိုက္ပါ့မယ္၊ ကြၽန္မတို႔ ႐ွင့္ကို ဆြဲထားမေနေတာ့ပါဘူး”
႐ႊယ္လွ်ိဳ၏မ်က္ႏွာက ပ်က္သြားသည္။
“နင္”
“တတိယသခင္မေလး ေက်းဇူးျပဳၿပီး ဝင္လာခဲ့ပါ”
ဟိုင္ထန္းက ေျပာသည္။ သူမ၏အသံက ေတာင့္တင္းေန၏။ သူမက ႐ႊယ္လွ်ိဳကို ရင္ဆိုင္ရန္ ပင္ပန္းေနခဲ့ေခ်ၿပီ။
သည္လိုဖိတ္ၾကားခံရေသာအခါ ယဲ့က်န္းက ေခါင္းညိတ္ၿပီးေနာက္ သူမေ႐ွ႕႐ွိ ျမင္ကြင္းကို သတိမထားမိသကဲ့သို႔ ေျပာလိုက္သည္။
“ဒါဆိုလည္းသြားရေအာင္ အေမ့ကို ေစာင့္ၾကတာေပါ့ အစ္မႀကီးဟိုင္ထန္း”
သူမ၏ႏႈတ္ခမ္းမ်ားက တည္ၿငိမ္သြားသည္။ ယဲ့က်န္းက အသာအယာပင္ ဟိုင္ထန္း၏အေနာက္မွ လိုက္ကာ အခန္းတြင္းသို႔ဝင္လာ၏။
သူမ၏စိတ္ကမူ သည္ေျပာင္းလဲမႈအေပၚ ႐ွိေနခဲ့သည္။ ဟိုင္ထန္းက လိုက္ကာစကို လ်င္ျမန္စြာ ခ်လိုက္၏။ ထိုအမ်ိဳးသမီးကို တစ္ခ်က္ပင္ မၾကည့္ခ်င္ေတာ့ဟန္ျဖင့္ အထဲသို႔ ဆက္ဝင္သြားေသာအခါ ႐ႊယ္လွ်ိဳက ေဒါသတႀကီး က်နမရစ္ေတာ့၏။
ေဖး႐ွီ၏ယုံၾကည္ရေသာအေစခံႏွင့္ ထိုအမ်ိဳးသမီး၏ ဆက္ဆံပုံကို ၾကည့္ၿပီးေနာက္ ယဲ့က်န္းက ႐ႊယ္လွ်ိဳက သည္ေနရာသို႔ ေကာင္းေသာရည္႐ြယ္ခ်က္ျဖင့္ ေရာက္လာျခင္းမဟုတ္ေၾကာင္း သိလိုက္ရသည္။
ထိုင္ၿပီးေနာက္တြင္ တတိယသခင္မေလးက သည္အနီးကပ္အေစခံကို ၾကည့္လိုက္သည္။ ထို႔ေနာက္ အၾကည့္လႊဲကာႏႈတ္ခမ္းမ်ားကို ေကာ့တက္သြားေစ၏။
“အစ္မႀကီးဟိုင္ထန္း သူက ဘယ္သူလဲ၊ ဘာလို႔ ကြၽန္မ တစ္ခါမွ မျမင္ဖူးတာလဲ”
...