အရေးအပိုင်မင်းအား အပိုင်ကြံခြ...

By KhaingMyelMyan

201K 12.2K 956

အရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြော... More

Author's NOTE
[၁]၊Unicode
[၁]၊Zawgyi
[၂]၊Unicode
[၂]၊Zawgyi
[၃]၊Unicode
[၄]၊Unicode
[၄]၊Zawgyi
[၅]၊Unicode
[၅]၊Zawgyi
[၆]၊Unicode
[၆]၊Zawgyi
[၇]၊Unicode
[၇]၊Zawgyi
[၈]|Unicode
[၈]|Zawgyi
[၉]|Unicode
[၉]|Zawgyi
[၁၀]|Unicode
[၁၀]|Zawgyi
[၁၁]|Unicode
[၁၁]|Zawgyi
[၁၂]|Unicode
[၁၂]|Zawgyi
[၁၃]|Unicode
[၁၃]|Zawgyi
[၁၄]|Unicode
[၁၄]|Zawgyi
[၁၅]|Unicode
[၁၅]|Zawgyi
[၁၆]|Unicode
[၁၆]|Zawgyi
[၁၇]|Unicode
[၁၇]|Zawgyi
[၁၈]|Unicode
[၁၈]|Zawgyi
[၁၉]|Unicode
[၁၉]|Zawgyi
[၂၀]|Unicode
[၂၀]|Zawgyi
[၂၁]|Unicode
[၂၁]|Zawgyi
[၂၂]|Unicode
[၂၂]|Zawgyi
Hello ❕

[၃]၊Zawgyi

2.5K 91 2
By KhaingMyelMyan

နေအခရာဟာ မိမိကိုပဲ ကြည့်နေတာပါဟု ပြောလာသော ကောင်လေးကြောင့်
ခတ္တမျှ ပြောစရာစကားမရှိအောင် ပျောက်ရှသွားရတော့သည် ။
ဒီကောင်လေးက ဘယ်တုန်းက ဒီလောက် ရဲတင်းသွားရတာလဲ။

ဇင်းမြစ်ကို သိပြီးသားဖြစ်ပေမဲ့ သူနဲ့စတွေ့ကတည်းက လက်ထပ်ပြီးတဲ့အထိ
မခုတ်တတ်တဲ့ကြောင်လေးလို ငြိမ်ကုပ်နေခဲ့တဲ့ ဒီနေ့တော့ တမူထူးဆန်းနေသလို သူခံစားရသည်။

သူ့အား အမြဲတမ်းနှုတ်ကျိုးနေအောင် ခေါ်ခဲ့သည့် " ကိုကိုကြီး " ဆိုသော နာမ်စားအစား ခုနက ခေါ်လိုက်တာ ဘာပါလိမ့် ။
ဉီးလေး ဆိုပဲ ။ တစ်ခုခုတော့ မှားယွင်းနေပေမဲ့ ။ ဘာလဲဆိုတာ သူစိတ်မ၀င်စားသလို အဖြေရှာဖို့ အချိန်လည်းမပေးနိုင်။
ဒီကောင်လေးဟာ သူ့အတွက် ကလေးမွေးပေးဖို့ကလွဲရင် ဘာမှ အသုံးမ၀င် ။ ဒီအတွက်သာ မဟုတ်ရင် သူလည်း ဒီကောင်လေးကို လူမသိ သူမသိခက်ထပ်ပြီး အိမ်ပေါ်ခေါ်တင်ထားမှာ မဟုတ်ဘူး ။

သူ့မှာက ဘာပြသနာဖြစ်နေလဲ မသိ။
သူက မိန်းမတွေကို မနှစ်မြို့ ။ မိန်းမတွေနှင့်
လိင်မှုရေးရာလုပ်ဖို့ကြိုးစားကြည့်တိုင်း
သူဟန်မဆောင်နိုင်အောင် ထိုးအန်တော့၏။
ဒါဟာ ရွံလို့၊ မသတီလို့ မဟုတ်ပါဘဲ သည်အတိုင်း ကြောက်စိတ်တစ်ခုလိုမျိုးဖြစ်နေတာလားလဲ သူအသေအချာ အဖြေရှာမရသေး။ သေချာသည်က သူ၏ ရွှေချောင်းတော်ဟာ မိန်းမတွေရဲ့ အချင်းအရာထဲ လုံးဝ ထည့်လို့ မရတာပဲ ။ သူ့မှာ Phobia ကြီးတစ်ခုလိုကို ဖြစ်နေခဲ့တာပင် ။

ဒါပေမဲ့ သူတို့ မျိုးဆက်ဟာ မင်းမျိုးတွေကနေ ဆင်းသက်လာတဲ့ အမျိုးအနွယ်တြွေဖစ်တာမလို့ မျိုးဆက် ပျက်လို့လည်းမဖြစ်။
သူ့ဖခင်ဟာ တစ်ဉီးတည်းသော သားဖြစ်သလို သူကလည်း တစ်ဉီးတည်းသောသားဖြစ်သည်မလို့ မျိုးဆက်ထိန်းသိမ်းဖို့က
သူ့တာဝန်သာ ။

ဘုရားသခင်ကပဲ မကြည့်သာလို့ ဖန်ဆင်းပေးသည်လား ။ မျိုးရိုးမပျက်တောက်အောင် ဘိုးဘေးတွေက စွမ်းဆောင်ပေးသည်လား ။ ဆောင်ကြာမြိုင်တစ်ခုမှာ သူ
ကျေးညိုကို တွေ့ခဲ့ရသည်။ ကျေးညိုဆိုသည်က ကြေးကြီးပေးရသည် ပုံပြောသူ။ ပုံပြောသူဟု ဆိုသည်ငြား တွေးတောကြည့်လျှင် ဆောင်ကြာမြိုင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကို သိနိုင်သည်မဟုတ်ပါလား ။

အသွင်အပြင်ကိုကြည့်လျှင်ပင် ကြွေရုပ်လေးတစ်ရုပ်လို မထိရပ်မကိုင်ရက်စရာနှင့် အလှအပလေးက ကြေးကြီးပေး၍ ငှားရမ်းရသည့် ပုံပြောသူလေးပင်။ အလှအပကို ငေးဖို့ပင် ကျေးညိုဆိုသည့် အလှလေးလား လာရောက်၍ တကူးတက ကြည့်သူများကလည်း နေ့စဉ်မပြတ်ရှိသေး၏ ။

ကျေးညို၏ အလှအပတွင် သက်ဆင်းရသူတွေထဲ အခရာရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အပါအ၀င် ။ အလှအပလေးနှင့် တစ်ညအိပ်ရဖို့ ကြိုက်ကြေးမပယ်မည့် သူများချည်း ။ သို့သော်ငြား ဆောင်ကြာမြိုင်ပိုင်ရှင်၏ ပြောစကားကြောင့် ထိုလူများပင် မက အခရာပါ ပါးစပ်အဟောင်းသားဖြစ်ရ၏ ။

ကျေးညိုဆိုသည့် ကောင်လေးသည်က
မွေးကတည်းက သားအိမ်ပါလာခဲ့သည်မို့ လိင်ဆက်ဆံရင် ဗိုက်ကြီးနိုင်သည်တဲ့ ။ သူတို့လည်း ပိုက်ဆံကိုကြိုက်ပေမဲ့ ကလေးတွေ
ရလာရင် ရှုပ်ရှုပ်ရှက်ရှက်တြွေဖစ်ရပြီး သူတို့ဆောင်ကြားမြိုင်ရဲ့ လာဘ်ခေါ်ရုပ်လေး အလှပျက်သွားမည်စိုး၍ ထိုအရာများလက်မခံသေးပါတဲ့လေ ။

ပုံပြောဖို့ ငှားမယ်ဆိုရင်တော့ ရပါသည်တဲ့။ လိင်ဆက်ဆက်ဆံတာကလွဲရင် ကျန်တာအကုန်လုပ်ရတယ်ဆိုပဲ ။ ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ဖြစ်ရက်လဲဆိုတာ အခရာ့မှာ တစ်ညလုံး အဲ့ကောင်လေးအကြောင်း ခေါင်းထဲက မထုတ်နိုင်ခဲ့။

ထိုကောင်လေး၏ အလှအပကြောင့်တော့မဟုတ် ။ ယောက်ျားတစ်ယောက်က ကလေးမွေးနိုင်သည်တဲ့လား ။ ဘိလပ်မှာ ပညာသွားသင်ခဲ့တာတောင် အဲ့သည်လိုကိစ္စမျိုး မကြားဖူးခဲ့ ။ အခုက ယောက်ျားတစ်ယောက်က သူ့ရဲ့မျိုးဆက်ကို ထိန်းသိမ်းဖို့ ကလေးမွေးပေးမည်ဆိုလျှင် သူက လိုလိုလားလားပင် လက်ခံလိုက်မည်သာ ။ အောက်တန်းလွှာက အမျိုးသားတစ်ယောက်ရဲ့သွေးနဲ့ စပ်ယှက်ရမှာ ချင့်ချိန်စရာဖြစ်နေပေမဲ့ မျိုးဆက်မပျက်ဖို့ကသာ အရေးကြီးသည်ပဲလေ ။

အခရာဟာ ကျေးညိုကို အဘိုးများများပေးပြီး အပိုင်ဝယ်ခဲ့သည် ။ အိမ်ကို ခေါ်လာတဲ့ နေ့မှာ ကောင်လေးဟာ အနွယ်တော့်ကို ကျေးဇူးတင်စကားတွေ တဖွဖွဆိုနေခဲ့၏။ ပြီးတော့ အခရာ့ကိုလည်း ကျေးဇူးရှင်တစ်ယောက်လို သခင်တစ်ယောက်လို ကျိုးနွံလာခဲ့သည်။ ဘယ်သူမှ မသိအောင် အကျဉ်းချုပ်လုပ်လိုက်တဲ့ လက်ထပ်ပွဲလေးကိုလည်း ကောင်လေးက မငြိုငြင်ခဲ့ ။ ငြိုငြင်ခွင့်မရှိသည်ကို သတိပေးစရာမလိုဘဲ အလိုက်သိနေသောကြောင့်လည်း အခရာ သဘောတွေ့မိ၏။

သူ့အနေနဲ့ ကျေးညိုကို လက်ထပ်ဖို့ရာအထိ မလိုသော်ငြား နေအခရာဟာ တော်ဝင်မျိုးနွယ်ကနေ ဆင်းသက်လာပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်။
ကိုယ့်သွေးသားကို မွေးဖွားပေးမဲ့ သူကို လက်ထပ်ပေါင်းသင်းရမယ်မဟုတ်လား။

ဖခင်တစ်ယောက်မဖြစ်ခင် အခရာဟာ ခင်ပွန်းတစ်ယောက် ဖြစ်ဖို့လိုတယ်။
ဒါက ဖြစ်သင့်တာမလို့ သူလုပ်ခဲ့တာပဲ ။

ဒါပေမဲ့ လက်ထပ်ပေါင်းသင်းနေသော်ငြား သူကလည်း အိမ်မှာ သိပ်မရှိလှ။ ရုံးတော်မှာသာ အရှိများသည် ။ အိမ်ပြန်လာလျှင်လည်း ကျေးညိုနဲ့ သူက ရင်းနှီးသေးတာတောင် မဟုတ်။ စကားတောင် တစ်လုံးစ နှစ်လုံးစ ပြောဖြစ်ကြတာမျိုး ။ ကျေးညိုကလည်း အရင်တုန်းကတည်းက စကားနည်းသည်လားမသိပေ။

' ဟုတ် ' 'ဟုတ်ကဲ့ ' ' ဟုတ်ကဲ့ ကိုကိုကြီး ' ဆိုတာတွေကလွဲပြီး ကျန်တာ ပြောခဲလှသည်။ အရာရာမှာ လေးလံထိုင်းမှိုင်းပြီး ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ကျေးညိုက ဒီနေ့မှာတော့ တမူထူးခြားနေသည်သာ ။

နေအခရာက ကားထဲမှ ထိုင်ကာ ကျေးညိုအား စေ့စေ့ပေါက်ပေါက်ကြည့်နေသော ရစ်ချက်အား အလိုမကျသလို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်လေတော့ ရစ်ချက်က သဘောပေါက်စွာ ကျေးညိုထံမှ အကြည့်တွေ လွှဲသွားတော့၏ ။

" နောက်မှ တွေ့မယ်
ထွက်ခွာပြီ "

မြန်မာစကားကို မပီတပီပြောလျက် ကားစက်နှိုးလိုက်သော ရစ်ချက်အား နေအခရာက ဘာစကားမှရမပြန်ဘဲ အိမ်တော်ထဲသို့သာ ခြေလှမ်းကျဲကြီးတွေနှင့် ၀င်သွား၏။

တကယ်ပဲ ကျေးညိုဆိုတဲ့ ကောင်လေးဟာ သိပ်လှတာ သူလည်း သိပါသည်။ သို့ပေမဲ့ မြင်သမျှ၊တွေ့သမျှ ပုရိသတွေက ထိုကောင်လေးအား စိတ်ဝင်တစားရှိကြပြီး ထိုကောင်လေးဆီမှာ ကျရှုံးသွားကြတာတွေဟာ သူ့ကို စိတ်ရှုပ်စေ၏ ။

နောက်ပြီး ဒီကောင်လေးဟာလည်း ဆောင်ကြာမြိုင်ကနေ လာခဲ့တဲ့သူဖြစ်၍ ထင်သည်။ စကားပြောချိုပြီး ပုရိသတွေကို ဘယ်လိုဘယ်ပုံ မြူစွယ်ရမလဲ ကောင်းကောင်းသိ၏။

သို့သော် သူ့အပေါ်မှာတော့ တစ်ခါမှ ထိုသို့ ဆက်ဆံမလာ ။
အိမ်တော်ထဲရှိ အခြားယောက်ျားတွေနဲ့ရော သူ့မိတ်ဆွေတွေနဲ့ပါ ပရောပရီဆက်ဆံပြီး
သူ့ကိုကျမှ ကြောက်သလို ရှိန်သလို ဆက်ဆံပြနေခြင်း ။

အိမ်တော်ကို ကျေးညိုရောက်လာတာဟာ ၂လ၀န်းကျင်လောက် ရှိပြီဖြစ်ပေမဲ့ အခရာနဲ့ ကျေးညိုဟာ တစ်ခန်းထဲတောင် အတူနေကြသေးတာ မဟုတ် ။

ဘယ်လိုပဲ မျိုးဆက်မပြတ်ရေးအတွက်
ဒီကောင်လေးနဲ့ အိပ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် စည်းရုံးခဲ့ပေမဲ့ တစ်ကယ်တန်းကျ
သူ့အနေနဲ့ ယောက်ျားတစ်ယောက်ကို သွေးသားစပ်ယှက်ပေးရမှာကို သူကိုယ်တိုင်တောင် လက်မခံနိုင်။

အထူးသဖြင့် ဆောင်ကြာမြိုင်က ယောက်ျားတစ်ယောက်နဲ့ !

ဆောင်ကြာမြိုင်ခေါင်းဆောင်ပြောတာကတော့ ကျေးညိုဟာ လိင်မှုရေးရာကို ဘာမျှ မသိသေးတဲ့ ကောင်လေးတစ်ယောက်ပါတဲ့။ သားအိမ်ပါတဲ့အတွက် လိင်ဆက်ဆံလို့ မဖြစ်တာမလို့ သူမတို့က အဲ့ကိစ္စတွေ
ကျေးညိုအပေါ် အဖြစ်မခံခဲ့ဘူးတဲ့။

ဒါပေမဲ့ သူတို့ပြောတဲ့ လိင်ကိစ္စဆိုရာမှာ
မလွန်မကျူးရုံပဲလေ။ အခြားကိစ္စတွေ သဘောရှိသလို ထိတွေ့လို့ရပါတယ်လို့
ထိုမိန်းမရဲ့ ပါးစပ်က ထွက်ခဲ့ဖူးသည်ပဲ ။

မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရမှာ
နေအခရာ စိတ်မလုံ ။ အထူးသဖြင့် လူမှန်းသိတတ်စကတည်းက မ ဆိုရင် ယင်မတောင်
အသန်မခံတတ်တဲ့ နေအခရာလို လူကြီးလူကောင်းတစ်ယောက် အဲ့သည်လို အောက်တန်းလွှာက ကောင်လေးတစ်ယောက်နဲ့ သွေးသားစပ်ယှက်ဖို့ရာ စိတ်မရှိသေး ။

အတွေးနယ်ချဲ့နေရင်း အိမ်တော် အပေါ်ထပ်သို့ တက်ရန် လှေကားထိပ်ရောက်ခါမှ ခြေလှမ်းတို့အား တုန့်ခနဲရပ်လိုက်ကာ အသံခပ်မာမာနှင့် အိမ်ရှေ့မှ ကောင်လေးအား အော်ပြောလိုက်မိ၏။

" ဟိုကောင်လေး !
ငါ့အိပ်ခန်းထဲကို ခပ်ခွာခွာကနေ လိုက်ခဲ့ "

အိမ်ရှေ့ရှိ အစေခံများဟာ ၄တို့ သခင်ကြီးက သခင်လေးအား အခေါ်ရှိလိုက်ခြင်း
ကြောင့် တအံ့တဩဖြင့် တစ်ယောက်နဲ့
တစ်ယောက် မျက်စပစ်မိလိုက်ကြရင်း
နားမလည်နိုင်အောင်ဖြစ်သွားကြရသည် ။

အိမ်တော်ကို သခင်လေး စတင်ရောက်လာတဲ့ နေ့ကတည်းက အခု ၂လတာ ကြာမြင့်တဲ့အထိ သခင်ကြီးက အိပ်ခန်းထဲ လုံးဝ ပေးမ၀င်သလို အရေးတယူ စကားပြောဆိုခြင်းလည်း မရှိ ။

သခင်လေးကသာ ထမင်းစားချိန်နှင့် သခင်ပြီးအိမ်ပြန်လာချိန်တို့၌ စကားအလျင်အမြန် ပြောမှသာ စကားပြောခွင့်ရခြင်း ။

သခင်ကြီးက ဘာကြောင့် သခင်လေးကျေးညိုအား လက်ထပ်ထားမှန်း သူတို့ မသိ။
သူတို့မှာ မေးခွန်းထုတ်ခွင့်လည်း မရှိပါ။ လက်ထပ်သည်ဆိုတာကလည်း အိမ်၌
အကျဉ်းချုပ် လက်မှတ်ရေးထိုးခဲ့ကြခြင်း။

ကောလဟာလ များတွင်တော့ သခင်ကြီးဟာ မိန်းမတွေအပေါ် မှာ မသာယာဘဲ လိင်မှုရေးရာတွင် ယောက်ျားတွေအပေါ် သာယာတဲ့သူတဲ့ ။ ဒါပေမဲ့ ဒီကောလဟာလဟာ မှားယွင်းနေမှန်း သူတို့ သိခဲ့ရ၏ ။ သခင်ကြီးဟာ သခင်လေးကျေးညိုနဲ့ လိင်မှုကိစ္စရှိဖို့
နေနေသာသာ သခင်လေးကျေးညိုအား အိပ်ခန်းထဲဝင် အ၀င်မခံ ။

သခင်လေးကျေးညိုကသာ သခင်ကြီးအပေါ် တစ်ဖက်သတ် မေတ္တာရှိနေကြောင်း သူတို့
သိခဲ့ရသည် ။ သခင်လေးဟာ သူ့ရဲ့ခံစားချက်တွေကို အမြဲ ရင်ဖွင့်တတ်ပြီး သူတို့နှင့်လည်း လိုက်လျောညီထွေ နေတတ်သေး၏။

သခင်လေးကျေးညိုဟာ ဘယ်အိမ်တော်က သခင်လေးလည်း သူတို့ မသိပေမဲ့ တကယ်ကို နူးညံ့သိမ့်မွေ့တဲ့ လူသားလေးပင် ။
ရုပ်လေးလှသလို စိတ်ထားလေးကလည်း ဖြူစင်ပြီး တုံးတုံးအအလေးမလို့
သူတို့အစေခံတွေက အချစ်ပိုရ၏ ။

ထို့အပြင် အမြဲလိုလို တစ်ဖက်သားအပေါ်သည်းခံနားလည်ပေးတတ်သူပေမို့ သခင်ကြီး၏ ဘိလပ်တွင်တွေ့ဆုံခဲ့သော သူငယ်ချင်းမ ဖြစ်သူ၏ အနိုင်ကျင့်ခြင်း
အဖြာဖြာကိုလည်း လူမသိ သူမသိကြိတ်၍ သည်းခံရရှာသေး၏ ။

" ဟို .. ခုနက ကျွန်တော့်ကို ခေါ်တာထင်တယ်
သွားလိုက်ဉီးမယ် "

ညိုမြလွင်ဟာ ဘေးအနားတွင် ရပ်နေကြသော အစေခံများအား အချိုသာဆုံး အပြုံးလေး ပြုံးပြလျက် ခေါင်းလေးငုံ့ကာ ထိုနေရာမှ ထွက်လာရန် ပြင်လိုက်သည်။

" သခင်လေး .. အထဲရောက်လည်း မ​လန့်ပါနဲ့နော် ၊ သခင်ကြီးက သခင်လေးအပေါ်
ဘယ်ပုံ ဘယ်နည်းနဲ့ ဆက်ဆံပါစေ ၊
ဆုံဆုံတို့ စပါးနှံတို့က သခင်လေးရဲ့အပါးမှာ အမြဲရှိနေကြမှာပါ "

" အားတင်းထားနော် သခင်လေး
သခင်ကြီးက သခင်လေးရဲ့မေတ္တာတရားတွေကို တစ်နေ့ မြင်တွေ့လာမှာပါ ၊
အဲ့အကျ သခင်ကြီး နောင်တ ရလိမ့်မယ် !"

လက်သီးလက်မောင်းတန်းကာ အားမလို အားမရ ကြုံးဝါးနေကြသော အစေခံနှစ်ယောက်အား နေရခက်စွာ ထပ်မံပြုံးပြလိုက်ရင်း ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်တော့၏။

ဒီဘက်ခေတ်က လူတွေက ထူးဆန်းလိုက်တာ ။ မဟုတ်သေး ... လူတွေက ထူးဆန်းတာမဟုတ်ဘဲ အခြေအနေတွေက ထူးဆန်းနေတာဆိုရင် ဘယ်လိုလုပ်မလဲ ။

သူ့အနေနဲ့ အဖြေရှာရလိမ့်မည် ။

ညိုမြလွင်ဟာ အိမ်ထဲကို ၀င်ခဲ့လိုက်ရင်းမှ တစ်ခုခုကို သတိရသွားကာ ခေါင်းထဲ၌ ဗလာ
ဖြစ်သွားရတော့သည် ။

' လခွမ်း ! ငါမှ အဲ့အဖိုးကြီးအခန်းက ဘယ်အခန်းလဲ မသိတာ .. သေရော !! '

သူ့အနေနဲ့ အစေခံတွေဆီပြန်ပြီး အဲဒီလူရဲ့အခန်းဟာ ဘယ်အခန်းလဲလို့ မေးလိုက်ရင် အတော်ကို သံသယ ၀င်စရာ ကောင်းနေတော့မည် ။ ပြီးတော့ အစေခံတွေကလည်း အိမ်အရှေ့မှာ အမြဲရပ်နေရတဲ့သူတွေမှာ မဟုတ်တာ ။ သူက ယောင်ချာချာနဲ့ အိမ်ထဲ
ပတ်ကြည့်နေမိတာ အတော် ကြာပြီပဲ ။
အခုအချိန်ဆို အစေခံတွေက အိမ်ရှေ့မှာ ဘယ်ရှိပါတော့မလဲ !!

' ကြံစမ်း ! ညိုမြလွင် .. မင်းက သောက်ရမ်းချောတဲ့ကောင်ပဲ မင်းဉီးနှောက်လေးကလည်း သောက်ရမ်းကောင်းတယ်မလား ၊ ဘာတစ်ခုမှ မူမမှန်မဖြစ်အောင် ကြံစမ်း '

ညိုမြလွင်ဟာ မျက်မှောင်လေး ကျုံ့ကာ ကျုံ့ကာနဲ့ တွေးတောရင်း ကူလီကူမာ အကြံတွေ ထုတ်နေမိတော့၏ ။

ခဏအကြာမှာတော့ သူ့ခေါင်းထဲ ပေါက်ကရအကြံကို တွေးလိုက်မိပြီး ရပ်နေရာမှ
ရပ်ချင်း ခွေကနဲ အသာအယာ ပစ်လှဲလိုက်ကာ ,

" ဉီးရေ ... လာပါဉီး ခြေထောက်ကနာလိုက်တာ ၊ ဉီးရေ လာခေါ်ပါဉီး မထနိုင်တော့ဘူး အီးဟီး.. "

အသံစွာစွာ ၊ စွာစွာနှင့် တစ်အိမ်လုံးကြားအောင် အသံကုန်ဟစ်ကာ အော်ငိုလိုက်တော့၏။

" တော်လိုက်တဲ့ငါ !
ငါမှ သူ့အိပ်ခန်းမသိတာ
ငါရှိတဲ့နေရာလာအောင် လုပ်ရမှာပေါ့ !"

ရွှေညဏ်တော် စူးရောက်တဲ့ သူ့ကိုယ်သူ ကျေနပ်စွာ ချီးကျူးနေလိုက်ရင်း ထပ်၍ပင် အသံပြဲကြီးနှင့် အော်နေလိုက်တော့သည်။

" ဟင့် .. ခြေထောက်က မထောက်နိုင်တော့ဘူး ၊ ချော်လဲသွားတာ .. လာခေါ်ပါဉီးလို့
ဉီးရေ အီး .. "

သူအော်ငိုနေတာ ၂မိနစ်ကျော်လောက်တောင် ရှိလျော့မည် ။ အခုအချိန်ထိ ထိုလူကြီးရဲ့ အရိပ်အယောင်က ပေါ်မလာသေး ။

အစေခံတွေဟာလည်း ဒီအချိန်က ထမင်းစားနားချိန်မလို့လားမသိ။ အိမ်တော်ကြီးထဲမှ တစ်ယောက်မှ မရှိ ။ သူတစ်ယောက်ထဲ ဟန်ဆောင်အော်ငိုနေမိတာကို ဘယ်သူကမှ အဖက်မလုပ်ကြတော့ ညိုမြလွင် ဒေါကန်လာမိသည် ။

ကြမ်းပြင်၌ ထိုင်ကာ အော်ငိုနေကခြင်းက ကြာလာသည်အထိ အကြောင်းမထူးလေတော့ စိတ်တိုတိုနှင့် ထမည်အပြု မြင်နေရသော လှေကားထိပ်ရှိ အခန်း၏ တံခါးမှာ
ပွင့်လာတော့သည် ။

' အဲ .. ဟိုလူကြီး ထွက်လာပြီဟ !!!
ပိုင်လိုက်တဲ့ ငါ !"

သိမ့်ကနဲ ကြည်နူးပြီး ကျေနပ်ကာ ပီတိတြွေဖာလာတဲ့ စိတ်ကို သူကိုယ်တိုင်တောင် နား
မလည် ။ သို့သော်ငြား ထိုလူကြီးကတော့သူ့ထံ ဆင်း၍ မလာ ။ အပေါ်ထပ် လျှောက်လမ်းမှ ရပ်လျက် သူ့အား ငုံ့ကြည့်လာ၏ ။

သူကလည်း နဂိုရှိသော ခန္ဓာကိုယ်ပိုင်ရှင်၏ မျက်နှာလှလှလေးအား အသုံးချကာ သနားစဖွယ် မျက်နှာပေးလေးအား လုပ်ကာ မထွက်တဲ့ မျက်ရည်ကို အတင်းညှစ်ဖုတ်ရင်း ,

" ဉီးရေ .. ဒီမှာ ထမရတော့ဘူး
ဉီးဆီ လာချင်ဇောနဲ့ ပြေးလာတာ အီး..
ဒီမှာ ချော်လဲသွားရောလေ မထနိုင်တော့ဘူး အီးဟီး ... ဉီး လာခေါ်နော် "

' ငါ-ိုးမအဖိုးကြီး ဒီလောက်အော်နေတာ
အခုမှ ထွက်လာတယ် ၊ ဒီလောက် မထနိုင်ဘူးပြောနေတာကို လာမခေါ်ဘဲ ရပ်ကြည့်နေသေးတယ်ပေါ့ .. ဒီအဖိုးကြီးကတော့ နာချင်နေပြီထင်တယ်!!! '

ညိုမြလွင်ဟာ သူ့ရဲ့ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ရင်း လာခေါ်ရန် ငိုယိုပြလိုက်သော်လည်း ထိုလူကြီးကတော့ တုန့်တုန့်မျှ
မလှုပ် ။ မျက်နှာထားကြီး ခပ်တည်တည်နှင့် သူ့အား ကြည့်မြဲ ကြည့်နေရင်း ,

" မထနိုင်ရင် ထိုင်နေ၊
ခဏကြာတဲ့အခါ အစေခံတွေ လာတွဲပေး
လိမ့်မယ် ၊ငါ့အိပ်ခန်းထဲလည်း လာမနေနဲ့တော့ "

ဝမ်းချုပ်နေတဲ့ မျက်နှာနဲ့ ထိုစကားစုလေးကိုပဲ စက်သေနတ်ပစ်သလို ခပ်ပြန်မြန်ပြောပြီး အခန်ထဲ အေးအေးလူလူပင် ပြန်ဝင်သွားသော လူကြီးအား ညိုမြလွင် ပါးစပ်အဟောင်းသားလေးနှင့် ကြည့်ကာ
ဩချမိတော့သည် ။

ဆွေမျိုးတွေ မကောင်းဘူးဆိုတာ သိပ်မှန်တာပဲ ။

အလကား ! လူကြီးလူကောင်းမျက်နှာပေးနဲ့ အကြင်တရားမရှိတဲ့ လူကြီး ။

အဲ့တာကြောင့် အခုအချိန်ထိ မိန်းမရဘဲ လူပျိုကြီးဖြစ်နေတာ !!!

ဒီအပေါက်ဆိုးတဲ့ စက်ရုပ်ကြီးကိုသာ လင်တော်ရမဲ့ မိန်းမကတော့ ဒီခေတ်မှာပါမဟုတ်ဘူး ခေတ်အဆက်ဆက် ကံအဆိုးဆုံးဖြစ်မှာပဲ ။

" အဟွန်း .. နေပေါ့
လာမထူလည်း နေ ၊ ကိုယ့်ဘာသာ ထနိုင်တယ် ၊ အလကား အဖိုးကြီး ! ခင်ဗျား တဖြည်းဖြည်း အိုလာလို့ မှောက်လျက်လဲတဲ့အခါကျရင်လည်း ကျွန်တော် ထူပေးမယ် မမျှော်လင့်နဲ့ !! "

ညိုမြလွင်ဟာ ထိုနေရာမှ ကပြာကယာ
ထလျက် မိမိ စတင်နိုးထလာခဲ့သော
မနက်က အခန်းလေးဆီသို့သာ ခပ်သွက်သွက် လျှောက်လာခဲ့မိတော့သည် ။

နေအခရာဟာ ပလီပလာကောင်လေး
ထိုနေရာက ထ၍ ထွက်သွားသည်အထိ တံခါးဝနားရပ်ကာ စောင့်ကြည့်နေခဲ့ပြီးမှ
စေ့ရုံသာ စေ့ထားသော အခန်းတံခါးကို
ဒုန်းကနဲ ယတိပြတ် ပိတ်လိုက်၏ ။

" ကူလီကူမာ ဟာလေး
ငါ့ကို တမင် လီဆယ်နေတာပဲ ! "

Mon.Oct17.2022






















Continue Reading

You'll Also Like

81.5K 4.3K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
774K 4.4K 21
A Girl In a Boy group well that's not how it's supposed to be Right.........
256K 18.6K 22
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
234K 14.2K 45
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...