Hate Poem Written With Love࿐

By --KO--

41.7K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[45]

307 15 1
By --KO--

[Unicode]

" ကိုကို ကိုးလ်ကို သဘောကျနေတာလား "

ထိုမေးခွန်းအား ပြန်ဖြေရန် ရှင်း အတော်လေး အချိန်ယူလိုက်ရချေသည်။ လေပြေက ဘာသဘောနဲ့မေးတာလဲဆိုတာကို သူအတော်လေး စဉ်းစားနေရသောကြောင့်ပါပင်။ " သဘောကျတယ် " ဆိုတဲ့ စကားက အဓိပ္ပါယ်တွေအများကြီး သက်ရောက်ပျော်ဝင်နေသော်လည်း ရှင်းအနေဖြင့် ကိုးလ် ဆီမှကူးစက်လာဟန်တူသော ဖြူဖြူစင်စင်အတွေးလေးဖြင့်သာ တွေးတောလိုက်ပါသည်။

သူငယ်ချင်းအချင်းချင်း ဂရုစိုက်တာကိုလည်း သဘောကျတယ်လို့ ပြောတာပဲလားဟု ကောက်ချက်ချလိုက်ကာ တည်ကြည်သော မျက်နှာတော်သည် ရွှန်းဆိုနေသော နှုတ်ခမ်းတစ်စုံကို အသုံးပြုလျက် စွဲမက်ဖွယ်သဏ္ဌာန်ဖြင့် ဖွင့်ဟကြေညာလာသော စာကြောင်းတစ်ကြောင်းမှာကား_

" သဘောကျတယ်.... "

ထို့နောက်တွင်မူ ထပ်လောင်းဖြည့်စွက်စွာဖြင့် သတိမမူပဲ ဆိုလာသည်မှာ ပုံသေထုဆစ်ထားသည့် ရတနာတစ်ပါအလား ထာဝစဉ် မပျက်ဆီးပါသည့် ရှင်း ပြောနေကြစကားတစ်ခွန်းပင်။

" သူငယ်ချင်းတွေ မို့လို့လေ "

" သူငယ်ချင်း ကိုကိုတို့က သူငယ်ချင်းတွေပဲလား "

" အင်း အဲ့ထက်မပိုဘူး.... ဒါကြောင့် မဟုတ်တာတွေ လုပ်မနေတော့ဘဲ စောစောအိပ်တော့ "

လေပြေညှင်းခေါင်းက ဆံပင်တို့ကြား လက်လျှိုသွင်းရင်း ကြင်နာစွာ ရှင်း ချော့မော့လိုက်ပါသည့် စကားဖြစ်လေသည်။

မောင်နှမနှစ်ယောက် စကားအပြန်အလှယ် ပြောအပြီးတွင် လူစုခွဲ၍ ကိုယ့်အခန်းထဲသို့ အသီးသီးဝင်သွားကြလေသည်။ သူတို့မသိလိုက်သည်မှာ သေချာစွာ စေ့ပိတ်ထားခြင်းမရှိသော တံခါးနောက်ကွယ်တွင် ကိုးလ်ဟာတစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့ပြီး ရည်ရွယ်ထားခြင်း အလျင်းမရှိပါဘဲနှင့် ရှင်း ပြောသမျှ စကားအကုန်လုံးကို နားနှင့် ဆက်ဆက်ကြားခဲ့ပါကြောင်း ဆိုတာကိုပင်။

နောက်နေ့မနက်အစောပိုင်းတွင် ကိုးလ်ဟာ မီးဖိုချောင်ထဲတွင် ရေဆင်းသောက်ရင်း ခေါက်ဆွဲပြုတ်ထိုင်စားနေသည့် လေပြေနှင့် ဆိုက်ဆိုက်မြိုက်မြိုက်ပင် တိုးခဲ့လေသည်။ လေပြေညှင်းသည်ကား အိပ်မှုန်စုတ်ဖွားနှင့် ဆံပင်များကလည်း သေချာဖြီးသပ်ထားခြင်းမရှိကာ အင်္ကျီကလည်း အနည်းငယ် ဖရိုဖရဲနိုင်လှ၏။

" Hi....အစောကြီးနိုးနေပါလား "

" အင်း...လေပြေကောပဲနော် "

အသံသည်ကား တိုးဖွညင်သာလှကာ ကျက်သရေအပေါင်း ခညောင်းမှုများ လွှမ်းခြုံနေပြီး သွက်သွက်လက်လက်နှင့် တဇွတ်ထိုးပြောတတ်သည့် လေပြေနှင့်တော့ ဆီနဲ့ရေလို့ ဆန့်ကျင်ဘက်ပင်။ နည်းနည်းလေးမှ ပေါင်းစပ်ကြည့်လို့မရသည့် ဒြပ်ဝတ္ထုနှစ်ခု။

" ဘယ်ကသာ....တစ်ညလုံးမအိပ်ရသေးတာ "

" ဗျာ ! "

" ကိုးလ်....ကိုကိုနဲ့ ဘယ်လိုစသိတာလဲ။ ခင်တာကြာပြီလား "

" အမ်.... အဲ့တာက "

" ပြောပါ လေပြေသိချင်လို့ နော်နော် "

" ခင်တာက ပျှမ်းမျှ 5 နှစ်နီးပါးလောက်ရှိပြီထင်တယ် "

" ဟမ်.... ဒါဆို လေပြေ အိမ်ကခိုးထွက်ပြီး နိုင်ငံခြားကိုသွားတဲ့အချိန်ကပေါ့ "

" အင်း......ဖြစ်နိုင်ပါတယ် "

" ကိုကိုနဲ့ အကြာကြီးပေါင်းနိုင်တဲ့လူကို ကိုဆင့်ကလွှဲပြီး မမြင်ဖူးသေးဘူး "

" ရှင်းက လူကောင်းတစ်ယောက်ပါ.....ကျွန်တော့်ကို အများကြီး ကူညီဖူးတယ် "

" ကိုကိုက လူကောင်းလား "

လေပြေက မေးထောက်လိုက်လျက် စဉ်းစားဟန်ဆောင်လိုက်ကာ ဆက်ပြောလာလေသည်။

" အဲ့လိုပြောတာ ကိုးလ်က ကိုကိုအကြောင်း အကုန်မသိသေးလို့နေမယ် "

" တ... တကယ်ပြောတာပါ... ရှင်းက တစ်ကယ် လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိတယ် "

" ကိုးလ်.... "

နာမည်ခေါ်လိုက်ပြီးနောက်တွင် လေပြေဟာ အလွန်ရှည်ကြာစွာ ကိုးလ်ကို စိုက်ကြည့်နေပြီး ဘာစကားမှဆိုမလာခဲ့ပေ။ သူ့ရှေ့ရှိ ထိုကောင်လေးသည် နုနုဖတ်ဖတ်လေးနှင့် အားနည်းလှသည့်အပြင် လောကကြီးအကြောင်းလည်း အကောင်းဘက်က အမြဲတွေးတတ်လေသည်။ ထို့ပြင် ဖြူစွတ်သည့် ဝါဂွမ်းထက်လည်း နူးညံ့သိမ်မွေ့လှကာ သိပ်ကိုလည်း ဖြူစင်ရိုးသားလှပါချေ၏။

" ကိုးလ် အကြံတစ်ခုပေးလိုက်မယ်နော်.... လူတိုင်းကို သိပ်မယုံကြည်ပါနဲ့။ ပြောမရဘူး.....ကိုကိုလည်း ကိုးလ်ကို ဖုံးကွယ်ထားတာတွေ ရှိနိုင်တာပဲလေ။  "

" လူတိုင်းလျှို့ဝှက်ချက်နဲ့ မကင်းနိုင်ဘူးလေ ကျွန်တော် ရှင်းကို ယုံကြည်ပါတယ်။ ရှင်း မှမဟုတ်ရင် ကျွန်တော့်ဘဝမှာ ယုံကြည်ရမယ့်လူ မရှိတော့ဘူး။ သူဘာတွေပဲ ဖုံးကွယ်ထားထား ကိစ္စမရှိဘူး....ကျွန်တော်... ခွင့်လွှတ်နိုင်ပါတယ်။ "

လေပြေ ထိုမျက်နှာလေးအား ငေးကြည့်နေမိပါ၏။ ပြုံးရုံလေးပြုံးပြီး ပြောနေသော စကားဖြစ်သော်လည်း သူမရင်ထဲတွင် နွေးထွေးမှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်လေသည်။ ‌ထို့ပြင် အ ,တာကလည်း တော်ရုံမဟုတ်ဘူးဟု ထပ်လောင်းတွေးလိုက်ကာ သူ့အစ်ကိုက သူငယ်ချင်းအရွေးတော်သားပဲဟု စိတ်ထဲမှ ချီးမွန်းလိုက်ပါသေးသည်။

" တစ်နေ့မှာကိုကိုက ကိုးလ် ထင်ထားတဲ့ပုံစံတွေနဲ့ ဆန့်ကျင်ဘက် ပြောင်းလဲသွားမယ် ဆိုရင်တောင်မှလား "

" အင်း... ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော့်သဘောထားကတော့ မပြောင်းလဲဘူး "

" ဘာလို့အဲ့လောက်တောင် သေချာရတာလဲ "

" သူငယ်ချင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရမယ်လေ "

" အား "

လေပြေသည်ကား သူငယ်ချင်းဆိုသည့် စကားကြောင့် နင်သွားရလေသည်။

" အဆင်ပြေရဲ့လား "

" ပူလိုက်တာ သတိမထားမိလိုက်ဘဲ ပါးစပ်ထဲထည့်မိသွားတယ် "

" ရေ....ရေသောက်လိုက်နော် "

" အင်းအင်း "

" နှစ်ယောက်လုံး အစောကြီးနိုးနေကြတာလား "

လေပြေနဲ့ ကိုးလ်ရဲ့ အကြားအာရုံထဲသို့ တိုးခွေ့ဝင်ရောက်လာပါသည့် သာယာနာပျော်ဖွယ် အသံလှိုင်းတစ်ခုသည် သူတို့နှစ်ဦးထံ မရောက်ခင်စပ်ကြား လေထုထဲ၌ပျော်ဝင်လျက် ခြံထဲရှိ ပန်းရနံ့တို့နှင့်ပါ ပေါင်းစည်းသွားလေသည်။

" ကိုဆင့် "

" ........ "

" လေပြေ မျက်ကွင်းတွေ ဒီလောက်ညိုနေတာ ကောင်းကောင်း အိပ်မပျော်ဘူးလား "

တိမ်ယံဆင့်မှာကား လေပြေညှင်းကြောင့် ပြာပြာသလဲပါပင်။ ရုတ်တရက်မြင်လိုက်ရချိန်တွင် အနည်းငယ်အလှမ်းဝေးနေသော အကွာအဝေးမှ သူမရှိရာနေရာသို့ အလင်းအရှိန်နှုန်းဖြင့် ချက်ခြင်းရောက်ရှိလာထဲ့လေသည်။

" အာ....အဲ့တာကလေ...ပြောရမယ်ဆိုရင်  ဟီးဟီး "

" သွယ်ဝိုက်မနေနဲ့ တစ်ညလုံးမအိပ်ထားတာမလား "

သူတို့သုံးယောက်ထဲက မဟုတ်ပါဘဲ စတုတ္ထမြောက်လူဆီမှ ထွက်လာသော အသံဖြစ်ပါလေသည်။ အသံသည်ကား သံမဏီကဲ့သို့လည်း မာကျောမနေခဲ့သလို ဝါဂွမ်းကဲ့သို့လည်း နူးညံမနေခဲ့။ ထို့ပြင် အသံပိုင်ရှင်မှာ ထူးခြားဆန်းကြယ်လွန်းစွာဖြင့် မြင်တောင့်မြင်ခဲ သဏ္ဌာန်တို့ ထွေပြားရောယှက်နေသောကြောင့် တစိမ့်စိမ့်ထိုင်ကြည့်လျှင်တောင်မှ ရိုးအီးမသွားနိုင်ကာ အလွန်ပင် မျက်စိပဒါသဖြစ်လွန်းလှ၏။

ပုံမှန်ဆင်ယင်လေ့ရှိပါသော အဖြူရောင်အစား သန်းခေါင်ယံနှင့်အလားသဏ္ဌာန်တူသည့် အနက်ရောင်အင်္ကျီလက်ရှည်မှာ လေပြေရှင်း ခန္ဓာကိုယ်ပေါ်တွင် သေသပ်မူအ‌ပေါင်းခညောင်းလျက် မြင်သူတကာ ဆယ်ကာပြန်ငေးရလောက်အောင် ရှုမျှော်ဖွယ်ကောင်းလျက် တည်ရှိနေ၏။ စင်ကြယ်သည့် အသားအရေသည် အဖြူရောင်နှင့်လည်း လိုလျောညီထွေ ရှိနေခဲ့သလို အနက်ရောင်နှင့်လည်း ပနှံသင့်လျက်ရှိလေသည်။ လက်ချောင်းများက မျက်နှာဆီကူးလူးသွားလာပြီး မျက်ဝန်းတစ်စုံကို အတိဖုံးကွယ်ထားပါသည့် နေကာမျက်မှန်အား ချွတ်လိုက်ချိန်တွင် လိုလိုလျားလျား ဒူးထောက်ခစားချင်အောင် စွဲဆောင်အားကောင်းလှသည့် မျက်ဝန်းတစ်စုံက ပေါ်ထွက်လာလေသည်။

ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး သူ့အားငေးကြည့်နေသည့် လူသုံးယောက်ထံ‌သွားလိုက်ချိန်တွင် အပေါ်ထပ်၌ဆင်မြန်းထားသည့် long-coat အနီရောင်သည်ကား လှိုင်းများထ၍ လူးလွန့်လာသည်မှာ ချင်းချင်းနီသည့်သွေးများ ပင်လယ်အတွင်း ကူးခတ်နေပါသည့်အလား။ တစ်နည်းတစ်ဖုံလည်း ရက်စက်သည့်အသွင်ပေါ်သလို ဆန့်ကျင်ဘက်အားဖြစ်လည်း နူးညံ့မှုတို့ ပျောက်ဆုံးနေ၏။

" သေစမ်း ....ရှင်းရဲ့အမဲလိုက်တဲ့ အသွင်ပဲ "

" ကိုကိုက ဘာလို့ဒီလိုဝတ်လာရတာလဲ ..... ငါ့အစ်ကိုအရင်းသာမဟုတ်ရင် လက်ထက်ခွင့် သွားတောင်းပြီးနေလောက်ပြီ "

လေပြေညှင်း၏ ဝမ်းနည်းကြေကွဲဖွယ်ရာ ကြွေးကြော်သံပင် ဖြစ်လေတော့သည်။

" မေ့တော့မလို့ ဒါကိုကို့ရဲ့ အမဲလိုက်ဝတ်စုံဘဲ.... ဘယ်လိုလူက ဒီလောက်တောင် ကံဆိုးရတာလဲ "

တိမ်ယံဆင့်နှင့် လေပြေညှင်းမှာ စိတ်ထဲ၌စကားလုံးပေါင်း မြောက်များစွာကို ရေရွတ်လိုက်မိပြီး လေပြေရှင်း၏ သွေးစာနေတဲ့ ဝံပုလွေအသွင်ပြောင်းလဲသွားခြင်းအပေါ်ကိုလဲ ခံစားသိရှိနေကြလေသည်။

ရှင်း သည်ကား ပုံမှန်ဆိုင်လျှင် အဖြူရောင်ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်တတ်ပြီး အရာတစ်ခုအပေါ် သဘောကျနှစ်သက်ပြီဆိုလျှင် ဘယ်တော့မှမပြောင်းလဲသည့် လူစားမျိုးပါပင်။ သာမာန်လူတွေကဲ့သို့ ရှင်းတွင်လည်း သဘောကျသည့်အရာများအပေါ် အစွဲအလမ်းကြီးတတ်သည့် အသိစိတ်ကလေးရှိနေတတ်ပါသေးသည်။ အဆိုးဆုံးမှာကား အဖြူရောင်အပေါ် သွေးပေတာကို သူအလွန်မုန်း၏။ သူနှစ်သက်သော အဖြူရောင်အပေါ် ညစ်ညမ်းတဲ့လူရဲ့ အရာတွေစွန်းထင်းသွားတာ နည်းနည်းလေးမှ မနှစ်သက်ပေ။

တစ်ခါက daddy  ကပြောဖူးပါသည်။

" သတ်လိုက် "

ရှင်း၏ အရှေ့သို့ ပစ်ချလိုက်သော ဓားမြောင်တစ်ချောင်းသည် တချွင်ချွင်အသံမြည်လျက် ကြမ်းပြင်ပေါ် ငြိမ်သက်သွားလေသည်။ သစ္စာဖောက်တစ်ယောက်အား သူ့လက်နဲ့ကိုယ်တိုင်သတ်ပစ်ရန် စေခိုင်းခံရပြီး ထိုဖြစ်ရပ်အပြီးတွင် ရှင်း၏ အဖြူရောင်အင်္ကျီမှာ အနီရောင်အဖြစ်ကူးပြောင်းသွားသည်အထိပင်။ အလွန်လည်း အရိုင်းဆန်လှသလို... သိပ်ကိုလည်း ကြောက်မက်ဖွယ်ရာအတိဖြင့် လေပြေရှင်းဟာ အသက် 12နှစ်မှစ၍ လူစသတ်ဖူးလေသည်။ ဦးမင်းအာကာက ပိတိအပေါင်းခညောင်းလျက် ပြောလာခဲ့သည်မှာ _

" သိပ်ကိုကြည့်ကောင်းတယ် "

ထိုအချိန်တုန်းက ရှင်းဟာ အသက်12 ပြည့်ကာစပဲရှိပါလိမ့်ဦးမည်။ လက်ထဲတွင်ဓားမြောင်တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထွေးထားပြီး သွေးများက ထိုဓားမြောင်မှတစ်ဆင့် သူ့ဖိနပ်နားသို့ တစ်စက်ချင်းကျဆင်းနေကာ မျက်လုံးများက အနီရောင်အဖြစ်ကူးပြောင်းနေခဲ့သည်အထိပါပင်။

သူနဲ့မျက်နှာချင်းဆိုင်တွင် အဖေဖြစ်သူထိုင်နေခဲ့ပြီး သူတို့နှစ်ယောက်၏အလယ်တွင်တော့ သွေးအိုင်ထဲလဲနေပါသည့် သစ္စာဖောက်တစ်ယောက်။ မြင်သူတကာနှလုံးအော့ချင်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုဖြစ်ပါလင့်ကစား ဦးမင်းအာကာ၏ မျက်ဝန်းထဲတွင်တော့ သိပ်ကိုလှပသည့် ပန်းချီကားတစ်ချပ်အပြင် မပိုခဲ့ပေ။

ပြီးလျှင် ဦးမင်းအာကာက အနက်ရောင်သေနတ်တစ်လက်ကို ကြမ်းပြင်ပေါ်ထပ်ပစ်ပေးချရင်း သူ့ဘဝတစ်လျှောက်လုံး ဆောင်ထားရမည်ဟု အမိန့်ပေးလာခဲ့လေသည်။ သေနတ်တစ်လက်နဲ့ လောကကြီးကို ပြောင်းပြန်လှန်ဖို့ အဖေဖြစ်သူကိုယ်တိုင် လမ်းပြပေးခဲ့ပါသည့် အချိန်များဖြစ်လေသည်။ ဦးမင်းအာကာအတွက် လေပြေရှင်းဟာ အားထားရသည့် ဓားတစ်လက်အဖြစ် ယနေ့တိုင်တည်ရှိနေခဲ့ပါတော့သည်။

ဦးမင်းအာကာက ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ ဓားကိုင်ခဲ့သလို ရှင်းကတော့ တန်ဖိုးထားမြတ်နိုးရသည့် အရာတွေကို ကာကွယ်ဖို့ သေနတ်ကိုင်ခဲ့‌လေသည်။

" ကိုကို အပြင်သွားမလို့လား "

" အင်း အလုပ်ကိစ္စရှိတယ် "

" ဒါဆိုလေပြေလဲ.... "

" အိမ်ထဲမှာပဲနေ "

ရှင်းက ဖြတ်ပြောလိုက်ကာ လေပြေညှင်း၏ စကားကိုအဆုံးသတ်ပေးလိုက်သည်။

" ငါက ဆေးရုံသွားစရာရှိတယ် မင်းငါ့ကိုတော့ အိမ်ထဲမှာပဲလှောင်ပိတ်ထားလို့မရဘူး "

သေ‌ချာပေါက် တိမ်ယံဆင့်ကိုတော့ ရှင်း မနိုင်ပါပေ။ တိမ်ယံဆင့်ဆိုတာ စည်းကမ်းဆိုတာ ချိုးဖောက်ဖို့ဆိုသည့် စကားကိုလက်ကိုင်ထားသည့် အမျိုးကောင်းသားလေးဖြစ်ပါသောကြောင့်ပင်။လေပြေရှင်းတစ်ယောက် ညင်သာစွာခေါင်းခါလိုက်သည့်အခါ ဆံနွယ်များက လေထဲတွင်လူးလွန်းကုန်ကြ၏။ ‌

" ဒါဆိုမြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ "

ဆင့်ကတော့ ဂရုစိုက်မနေပါပေ။

" ကိုးလ် "

အသံဟာ လူစားထိုးခံလိုက်ရသလို ခပ်တန်းတန်းအသံမှ တယောသံလို ညင်သာသွားခဲ့ပြန်သည်။ လေပြေနှင့် ဆင့်တို့နှစ်ယောက်မှာ ဘက်လိုက်လွန်းသည်ဟူသည့် အကြည့်များကို ချိတ်ဆွဲထားရင်း လေပြေရှင်း ဘာဆက်ပြောမလဲဆိုတာကို နားစွင့်နေခဲ့သည်။

" အိမ်မှာပဲနေပြီး အပြင်မထွက်နဲ့နော် ကိုယ်အလုပ်ကိစ္စပြီးရင် ပြန်လာပြီး ကိုးလ်ကိုအဖော်ပြုပေးမယ်။ လိုအပ်တာရှိရင် အိမ်ဖော်တွေကို ခိုင်းလို့ရတယ် ကိုယ်တိုင်ထမလုပ်နဲ့ ဟုတ်ပြီလား။ နောက်ပြီး.... "

" အဟွတ်....ဟွတ် "

ကျန်သုံးယောက်လုံးသည် ချောင်းအတုဆိုးနေသော တိမ်ယံဆင့်ဆီသို့ လှည့်ကြည့်လာကြလေသည်။

" လေပြေ ရုတ်တရက်ကြီး လေထုဖိအားများလာသလိုပဲ။ ပြီးတော့ မမြင်ရတဲ့ဓာတုပစ္စည်တွေလည်း ပျော်ဝင်နေတယ်...ဆက်နေ,နေရင် ကိုကို allergic ဖြစ်တော့မှာ ဒါကြောင့် သွားတော့မယ် "

" ကိုဆင့် လေပြေလည်းလိုက်မယ်..... ဒီခေါက်ဆွဲပြုတ်က ချက်ချင်းကြီး စားမကောင်းတော့သလိုဘဲ "

နှစ်ယောက်လုံး တစ်ယောက်တစ်ခွန်းစီပြောပြီး စိတ်လေတယ်ဆိုတဲ့ မျက်နှာပေးဖြင့် ရှင်း တို့ဘက် လှည့်တောင်မကြည့်ဘဲ ထွက်သွားကြလေသည်။ မီးဖိုချောင်ထဲတွင် ရှင်းတို့နှစ်ယောက်သာ ကျန်ခဲ့ပြီး 3မိနစ်ကြာသည်အထိ မည်သူမှစကားစမပြောခဲ့ပေ။ ပတ်ဝန်းကျင်ရှိ လေထုကပင်နွေးထွေးနေပြီး နှလုံးသားရပ်ဝန်းကို ရာသီဥတုသာယာစေလေသည်။

" ဟို....ကျွန်တော်... ရှင်းစကားနားထောင်မှာပါ ဘယ်မှမသွားပါဘူး "

ထိုစကားလေးကြောင့် ရှင်းဟာ နှစ်လိုစွဲမက်ဖွယ်ကောင်းအောင် ပြုံးလိုက်ပြီး လက်ကိုမြောက်လျက် ကိုးလ်ရဲ့ ဆံပင်များကို ပွတ်သပ်လိုက်ပါသည်။

" လိမ္မာတယ် "

ကြင်နာမှုတို့ ရောယှက်သွေဖယ်နေကာ ခြံထဲရှိ ပန်းနံ့သင်းသင်းကြောင့် လေထုဟာလည်း အလွန်ချိုမြိန်လှ၏။ သေချာပေါက်တစ်ယောက်ကို တစ်ယောက်အရိပ်တကြည့်ကြည့်နှင့် အမြဲဂရုစိုက်မိနေတာတောင်မှ အချစ်တို့ဖြင့် အတိပြီးသော စိတ်ခံစားချက်လေးသည် ရင်ခုန်သံကိုဆန့်ကျင်သော ဦးနှောက်အသိစိတ်များကြောင့် ယနေ့ထိတိုင် ပိတ်မိနေပါတော့သည်။

ကိုးလ်နှင့် နှုတ်ဆက်အပြီးတွင် ရှင်း ကအလုပ်ကိစ္စကြောင့် အပြင်ထွက်သွားပြီး တိမ်ယံဆင့်ကတော့ ဆေးရုံသွားဖို့ လုပ်နေကာ လေပြေကတော့ အိမ်ကခိုးထွက်ရန် ပြင်ဆင်လျက်ရှိသည်။ ကိုးလ်ကတော့ဖြင့်_

" ဟို... ကျွန်တော့်ကို အအေးမိပျောက်ဆေးလေး ပေးလို့ရမလား "

အိမ်ဖော်တစ်ဦးထံသို့ပြောနေသော စကားဖြစ်သော်လည်း အလွန်ပင်ယဉ်ကျေးသိမ်မွေ့လှ၏။

" ကျွန်တော် နှာဆေးနေလို့ပါ "

အဒေါ်ယူပေးမယ် ထိုင်ခုံမှာစောင့်နေလိုက်

" ဟုတ်....ဟုတ်ကဲ့ "

ခဏအကြာတွင် ဆေးတစ်ကဒ်နဲ့အတူ အိမ်ဖော်အဒေါ်ပြန်လာလေသည်။

" နေမကောင်းဖြစ်နေရင် အဒေါ်ဆန်ပြုတ်လုပ်ပေးရမလား "

" ရပါတယ်...ကျွန်တော် ဆေးသောက်ပြီးအိပ်လိုက်ရင် ပျောက်သွားမှာပါ "

" လိုအပ်တာရှိရင် အဒေါ့်ကိုလာပြောလေ ဟုတ်ပြီလား။‌ ရှင်းက သေချာဂရုစိုက်ပေးဖို့ မှာသွားတာ။ အဲ့ကလေးက အိမ်ကိုဧည့်သည်ခေါ်လာတာ တစ်ခါမှမမြင်ဖူးဘူး "

" အာ....ဟုတ်လား ဒါဆို ကျွန်တော်က ပထမဆုံးလူပေါ့နော် "

" ဆေးသောက်ပြီး မြန်မြန်သွားအနားယူတော့ နေ့လည်ကျရင် ထမင်းစားဖို့ အဒေါ်လာနှိုးမယ် "

" ဟုတ် "

ဤသို့ဖြင့် လေးယောက်လုံး၏ တစ်နေ့တာသည် သူ့အစီအစဉ်နဲ့သူ မအားလပ်နိုင်ကြတော့ပေ။ ထိုအထဲတွင်မှ ကိုးလ်တစ်ယောက်သာ အိမ်မှာလိမ်လိမ်မာမာနှင့် ကျန်ရစ်ခဲ့ရသည်။

အမှောင်ဖုံးနေသည့်အခန်းထဲတွင် ရှင်းရဲ့ လက်ထဲမှာ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားရင်း ထိုင်ခုံပေါ်မှာ လူတကာဖူးမြော်ချင်ကောင်းအောင် ခက်ထန်သည့်မျက်လုံး ရက်စက်သည့်အပြုံးများနှင့် ထိုင်နေခဲ့သည်။ ထိုဓားသည် ရှင်း လက်ထဲ၌ ဝေ့ယမ်းဆော့ကစားခြင်းခံနေရကာ ရံဖန်ရံကာမက ဓားသွားက ရှေ့မှနောက်ပြန်ကြိုးတုပ်ကာ ထိုင်နေသောလူဆီသို့ ဦးတည်လျက်သား။

" မြန်မြန်ပြော...အချိန်မရှိဘူး "

ပြင်းထန်သည့် အသံလှိုင်းသည် ရှင်း နှုတ်ခမ်းမှနေ၍ အခန်းတွင်း လှည့်ပတ်ချယ်လှယ်နေကာ နောက်ဆုံး၌ ကြိုးတုပ်ခံထားရသည့် လူဆီသာ အဆုံးသတ်သွားသည်။

" ဆုတောင်းနေ "

" ဦးစစ်ဟန်တို့က သစ္စာရှိတဲ့လူကို ရထားတာပဲ "

ရှင်းက ထိုသူနဲ့ မျက်နှာချင်းဆိုက်ကို ထိုင်ချလိုက်လေသည်။

" ထွီ "

ထိုလူဟာ ရှင်း၏ လူသတ်အငွေ့အသက်များကို မရိပ်မိဘဲ ထင်ရာစိုင်းချင်တိုင်း ရိုင်းစိုင်းနေပါတော့သည်။

" အဲ့တော့... "

အံကြိတ်ကာ ရှင်းက ဆက်ပြောလာခဲ့ပါသည်။ သာမာန်လူဆိုလျှင် ရှင်း၏ အကြည့်များကြောင့်ပင် နေရာမှာတင် သေဆုံးသွားနိုင်သည့် အရှိန်အဝါများဟာ ထိုလူသားကို လွှမ်းမိုးနေလျက်သားဖြင့်ပင်။

" မပြောချင်ဘူးပေါ့လေ "

" အား ! "

ရှင်း လက်ထဲမှဓားသည် ရန်သူ၏ ခြေချင်းဝတ်ကို လှီးဖြတ်လျက် သွေးကြောများကို ပြတ်တောက်စေလေသည်။

" ဘယ်ချိန်ထိ တောင့်ခံနိုင်လဲဆိုတာကို စောင့်ကြည့်နေမယ် "

ဤအသွင်အပြင်နှင့် လေပြေရှင်းသည်ကား သွေးနဲ့ကစားရတာကို အလွန်နှစ်သက်၍ နတ်ဆိုးတစ်ကောင်နှင့်ပင်တူညီကာ ကြောက်မက်ဖွယ်ရာအတိပြီးလေသည်။ အကယ်၍ ကိုးလ်သာ မြင်ခဲ့လျှင် သေချာပေါက် အံ့အားသင့်လျက် ‌ဖြေမဆယ်နိုင်အောင် ဖြစ်သွားမည်သာ။ 5 နှစ်လောက် ခင်မင်လာသော သူငယ်ချင်းက လူသတ်တဲ့နေရာမှာ မျက်တောင်တစ်ချက်တောင်မခတ်ဘဲ သွေးဆာတဲ့ ဝံပုလွေတစ်ကောင်နှင့် အလားသဏ္ဌာန်တူညီနေခဲ့လေသည်။ ဘယ်လောက်တောင် ဆန်းကျယ်တဲ့ ဖြစ်ရပ်များလဲ။

" ဟာ့ "

ပင့်သက်ရှိုက်သံ၏ အဆုံးတွင် လေပြေရှင်းဟာ ဆန့်ကျင်ဘက် ခြေကျင်းဝတ်ကို ဆက်လက်လှီးဖြတ်လိုက်ပြန်သည်။ နည်းနည်းလေးမှ လူသားဆန်မနေခဲ့ပေ။ ထို့အစား ပိုလို့သာ မကောင်းဆိုးဝါး ဆန်လာခဲ့၏။

" တစ်ကယ်တော့ ငါလည်း အဲ့လောက်ထိမမျှော်လင့်ထားပါဘူး မင်းတို့ဘော့စ်ကို သတိပေးချင်ရုံလေးပဲ။ မင်းကတော့ နမူနာဖြစ်သွားတာပေါ့ "

သွားစွယ်များပေါ်လာအောင် ရှင်းပြုံးလိုက်ပြီး သွေးတွေပေကျံနေသော ဓားဖြင့် ထိုသူ့၏မျက်နှာကို နှစ်ချက်လောက် ရိုက်လိုက်လေသည်။ လက်အိတ်အနက်ရောင်သည်ကား အရောင်လက်နေသော ဓားဖြင့်လိုက်ဖက်နေပြီး မဟူရာထက်နက်သည့် ဖိနပ်အနက်ရောင်သည် ချင်းချင်းနီသည့်သွေးတို့ဖြင့် ပနှံသင့်နေသည်။

လက်ကောက်ဝတ်နှစ်ဖက်က သွေးကြောကို လှီးဖြတ်လိုက်ချိန်တွင် ထိုသူဟာ အသံပင်မထွက်နိုင်တော့ချေ။ လေပြေရှင်းဟာ ‌ထိုလူကို သွေးထွက်လွန်ပြီး တဖြည်းဖြည်းချင်း သေသွားအောင် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ပြတ်ရှသည့်ဓားသွားရာသည် လည်ပင်း၌ နေရာယူလာချိန်၌ ထိုသူဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေပြီ။ အသက်မသေသေးသော်ငြား ဝေဒနာဟာ သေတာထက်ဆိုး၏။

လေပြေရှင်းကို ခြိမ်းခြောက်တာဟာ သူတို့အမှားပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ရှင်းဟာ သူတို့ထက် ဆယ်ဆမက ခြိမ်းခြောက်သည့်နေရာ၌ ပိုပြီးပြင်းထန်ကာ ခံစားချက်မဲ့‌လေသောကြောင့်ပင်။ မထိသင့်သည့် မီးကိုလာထိလျှင် ကိုယ်တိုင်လဲ မလောင်ကျွမ်းမိစေရန် သတိထားသင့်သည်ပေ။

သွေးပေနေတဲ့ လက်အိတ်ကိုချွတ်လိုက်ကာ ဓားကိုလဲ ပစ်ချလိုက်၏။ တချွတ်ချွတ်အသံသည် သွေးအိုင်ထဲတွင်တော့ အနည်းငယ်မျှ တိုးညှင်းသွား သလိုပါပင်။ ထိုင်‌ခုံပေါ်ပြန်ထိုင်လိုက်ကာ စားပွဲပေါ်က ဝိုင်ခွက်ကို အနည်းငယ်မျှ လှုပ်ယမ်းလိုက်ချိန်တွင် ဝိုင်တွေဟာ ဖန်ခွက်၏ ဘေးနှုတ်ခမ်းသားမှ ပြန်စီးကျလာခဲ့တော့သည်။ တစ်ငုံလောက် အရသာခံသောက်လိုက်ချိန်တွင် အရသာဟာ အရင်နေ့တွေကထက် ပိုချိုနေသလိုပါပင်။

" Video  ကို ဦးစစ်ဟန်ဆီ ပို့လိုက် "

" ဟုတ် "

" စိတ်ဝင်စားဖို့ကောင်းတာကို အတူတူမျှဝေခံစားသင့်တာပေါ့ "

" ပို့ပြီးပါပြီ "

" ဒီနေ့ဝင်လာတဲ့ လက်နက်စာရင်း ယူလာခဲ့ "

" ဟုတ် "

" စီစဉ်ခိုင်းထားတဲ့ အင်္ကျီကကော  "

" ကားပေါ်မှာပါ အကုန်အဆင်သင့်ပါပဲ "

" ပုံမှန်ဆို ဒီတိုင်းပဲ ပြန်နေကျပါ ။ ဒီနေ့မှ ဘာလို့ အင်္ကျီအသစ်ယူလာခိုင်းရတာလဲ  မဟုတ်မှ ကောင်မလေးတွေ့နေတာလား "

" ဦးလေး ဒီရောက်နေတာလား။ ‌daddy ဆီက တစ်ဖဝါးမှ မခွာတဲ့လူက အခုတော့ ကျွန်တော့်ဆီ အလည်လာပြီပေါ့လေ "

" စကားလမ်းကြောင်းမလွှဲနဲ့ မေးတာကိုဖြေ "

" ဒါက.... အိမ်မှာစောင့်နေတဲ့ တစ်ယောက်က သွေးညှီနံ့ရရင် လန့်သွားမှာစိုးလို့ပါ "

" ရည်းစားလား "

" ဘယ်ကသာ .... သူငယ်ချင်းပါ "

ရှင်းဟာ တိမ်ယံဆင့်မဟုတ်ဘဲ အခြားတစ်ယောက်ဆိုတာကို ထပ်ပြောလိုက်ပါသေးသည်။

" ဆင့် မဟုတ်ဘူး "

" ဪ... "

" ဒါနဲ့ ဦးလေး လာတဲ့ကိစ္စက... "

" မင်းအဖေက လက်နက်စာရင်းတွေ ကူလုပ်ဖို့လွှတ်လိုက်တာလေ။ သူ့ရဲ့ချစ်လှစွာသောသားက အချောင်ခိုနေမှာ ကြောက်လို့တဲ့ "

လေပြေရှင်း၏ ရယ်သံသည် လေဟာနယ်တစ်ခုလုံးကို လွှမ်းမိုးသွားပါတော့သည်။ သို့ပါသော်ငြား ရှင်းနှင့် ဆန့်ကျင်စွာ စိတ်သောက ရောက်နေသည့် လူတစ်စုကလည်း ရှိနေပါသေးသည်။

" တောက်.... သက်သက်မဲ့လွှတ်ပေးလိုက်မိတာမှားတာပဲ။ ဒီကောင်က ကန်းတက်နေတာ ၊အဲ့နေ့ထဲကသာ သတ်ပစ်လိုက်ရင် ဒီနေ့လို့ မာနထောင်လွှားနေတာမျိုးတွေ ရှိလာမှာမဟုတ်ဘူး "

" ...... "

ရှင်းပို့လာသော video ကိုကြည့်ပြီး မီးတောက်နေသော ဒေါသများနှင့် လူတစ်ယောက်နှင့် ခံစားချက်များ ခန့်မှန်းမရစွာ တည်ငြိမ်နေသော လူတစ်ယောက်အကြား တည်ငြိမ်နေနိုင်သူမှာ အလွန်ခန့်မှန်းရခက်လှ၏။ မျက်နှာသည်ကား laptop နှင့်ကွယ်နေခဲ့ကာ သောက်လက်စ ကော်ဖီကိုမှုတ်လျက် ဆက်သောက်နေခဲ့သည်။ ထိုကောဖီခွက်ဘေးတွင်တော့ သေနတ်တစ်လက်နှင့် ဓားတစ်ချောင်းက နေရာယူနေခဲ့ကာ ဓားအိမ်သည်ကား အလွန်ဟောင်းနွမ်းနေသော်ငြား လူသတ်ဖို့ရာ လုံလောက်လေသည်။

" မင်းဒီလိုပဲ ငြိမ်နေမှာလား... မင်းအဖေက လုပ်ပိုင်ခွင့်တွေအကုန်ပေးထားတာနဲ့ ဘာကိုမှဂရုမစိုက်တော့ဘူးလား "

" ‌ပါးစပ်ပိတ်ထား "

အသံမှာကား မာကျောကာ ပြတ်သားလှသည့်အပြင် တစ်နည်းတစ်ဖုံလည်း အေးစက်ကာ ခံစားချက်မဲ့လှလေသည်။

" ဒီမှာငါကခေါင်းဆောင်ဘဲ....ငါ့အမိန့်တစ်ချက်ထဲနဲ့ မင်းအသက်ကိုဖျောက်နိုင်တယ် "

" တောက် ..... အသုံးမကျတဲ့ ခေါင်းဆောင် "

ကမူးရှုးထိုးဖြင့် တံခါးကိုအကြမ်းပတမ်းပိတ်ကာ ထိုယောက်ျားက ထွက်သွားခဲ့လေသည်။တစ်ချိန်တည်းမှာပင် ထိုင်ခုံပေါ်ထိုင်နေသော အမျိုးသားထံသို့  video call တစ်ခုဝင်လာခဲ့တာကြောင့် ချက်ချင်းလက်ခံသည့် အစိမ်းရောင်လေးပေါ် နှိပ်လိုက်လေသည်။

" စစ်ဟန် "

" ဖေဖေ "

" ကလေးလေး တော်တော်ပိန်သွားတာဘဲ။ ဖေဖေ့ဆီပြန်မလာတာ ဘယ်လောက်ကြာနေပြီလဲ "

" ကျွန်တော်ပြန်လာမှာပါ.... အရာအားလုံး အဆုံးသတ်သွားရင်ပေါ့ "

" ဖေဖေမင်းကို လွမ်းလှပြီ "

" ကျွန်တော်လည်း ဖေဖေ့ကို လွမ်းပါတယ်။ စစ်ဟန် ဖေဖေ့လုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် ဦးစီးပေးမယ် ဖေဖေမစိုးရိမ်ပါနဲ့ "

" အမှန်တိုင်းပြောရရင် ဖေဖေဒီလုပ်ငန်းတွေကို ရပ်ပစ်ချင်တာကြာပြီ.... သားကိုအန္တာရယ်ကင်းကင်းနဲ့ ဖေဖေ့ဆီ ပြန်လာစေချင်တာပဲရှိတယ် "

" လေပြေရှင်းတို့ သားအဖကိုမနိုင်သရွေ့ ကျွန်တော်ပြန်မလာဘူး  "

" ခေါင်းမာတဲ့ကလေး အဖေ့စကားကို နားထောင်ပါဦး "

" အဖေ သိပ်မကြာတော့ပါဘူး ကျွန်တော်
ဖေဖေနဲ့ပြန်လာနေမှာပါ "

‌စကားလက်စသတ်လိုက်ပြီးလိုင်းပိတ်လိုက်ကာ ထိုင်ခုံပေါ် တစ်ကိုယ်လုံး မှီချလိုက်လေသည်။ လေပြေရှင်းရဲ့ အားနည်းချက်က သူ့မိသားစုနဲ့ သူ့,သူငယ်ချင်းတွေ ဖြစ်လေသည်။ အညှာကိုဆုပ်ကိုင်လိုက်ရင် ဒူးထောက်ခစားလာမှာ နှစ်ခါတွေးစရာလိုတော့မည် မဟုတ်ပေ။

" လေပြေရှင်း မင်းဆီမှာလည်း အားနည်းချက်ဆိုတာ ရှိသေးတာပဲ "

ထိုနေ့က သူလေပြေရှင်းကို ဘာလို့မသတ်လိုက်တာလဲ ဆိုတော့ အချိန်မကျသေးလို့ပါပင်။ လူတွေမှာ ထူးဆန်းတဲ့ အကျင့်စရိုက်တစ်ခုစီတော့ ရှိတတ်ကြသည်။ ပန်းကန်တစ်ချပ်ထဲတွင် အသားဟင်းနဲ့ အသီးအရွက်တွေ ရှိနေရင်တောင်မှ လူတွေဟာ အသီးအရွက်ကိုပဲ အရင်ကုန်အောင်စားပေလိမ့်မည်။ နောက်ဆုံးအသားဟင်းတစ်ခုပဲ ကျန်ခဲ့တော့မှ အရသာခံကာ ဖြည်းဖြည်းခြင်း စားသုံးလိမ့်မည်ဖြစ်သည်။ အကြိုက်ဆုံးအရာကို နောက်ဆုံးမှစားတတ်တာ လူတွေရဲ့စရိုက်သဘာဝဖြစ်သည်။ လေပြေရှင်းဟာလည်း သူ့အတွက်တော့ အသားဟင်းနဲ့ မခြားမနားပင်ဖြစ်လေသည်။

လေပြေရှင်းတစ်ယောက် အိမ်ကထွက်လာသည်မှာ နေ့တစ်ဝက်ပင်ကျိုးတော့မည် ဖြစ်သည့်အတွက် အိမ်ကို ဖုန်းလှမ်းဆက်၍ သတင်းထူးကို စုံစမ်းရပါသေးသည်။

" ဆင့် အိမ်ပြန်ရောက်ပြီလား အန်တီ "

" မရောက်သေးဘူးသားရဲ့ သူနည်းနည်းနောက်ကျမယ်ထင်တယ် "

" လေပြေကော ? "

" ကလေးမက ရှင်းနဲ့ ရှေ့ဆင့်နောက်ဆင့် အိမ်ကထွက်သွားတာပဲ။ လူငယ်တွေကို အန်တီလဲမနိုင်ပါဘူးသားရယ် "

" သူ့ bodyguard  နှစ်ရောက်ကော ပါသွားလား "

" လေပြေကတော့ ခေါ်မသွားဘူး။ ဒါပေမယ့် သူတို့ဘာသာ နောက်ကနေခိုးလိုက်သွားကြတယ် "

" ဟုတ်ပြီ..... ဒါနဲ့ကိုးလ်ကကော သူအိမ်မှာ အဆင်ပြေရဲ့လား "

" ဖျားချင်သလိုဖြစ်နေလို့ အခန်းထဲမှာ ဆေးသောက်ပြီး အိပ်နေတယ် "

ရရှိလာသည်မှာကား ရင်ဝကိုစောင့်ကန်လိုက်သည့် သတင်းပင်ဖြစ်လေတော့သည်။

" ကိုးလ် ဖျားနေတာလား ? "

" ဟုတ်တယ်.....‌အဒေါ်ထမင်းစားဖို့ သွားနှိုးတော့ အိပ်နေသေးလို့ထင်တယ် ထွက်မလာဘူး။ ဒါနဲ့အဒေါ်လည်း အိပ်ရေးဝဝအိပ်ခိုင်းထားတယ် "

" အခုချက်ချင်း ဆရာဝန်ကို ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ပါ.... ကျွန်‌တော် ပြန်လာခဲ့မယ် "

" အေးအေး.... သား "

ဖုန်းချလိုက်ချိန်၌ ရှင်း၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ အပြည့်ဖြစ်နေပါတော့သည်။ Laptop  ကိုချက်ချင်းပိတ်လိုက်ပြီး အရေးကြီးသည့် အလုပ်တာဝန်ဟူသမျှကို နေမကောင်းသော လူတစ်ယောက်ကြောင့် ချက်ချင်းရပ်တန့်လိုက်လေသည်။

" ဦးလေး ကျွန်တော်ပြန်တော့မယ်။ ကျန်တဲ့အလုပ်ကိစ္စကို mail နဲ့ ကျွန်တော့်ဆီ ပို့ထားလိုက်ပါ "

" နေပါဦး လေပြေရှင်း .... အလုပ်ထက်တောင် အရေးကြီးတဲ့ကိစ္စလား "

" ကျွန်တော့်အတွက်တော့ သူနဲ့ယှဉ်လိုက်ရင် အလုပ်က ပမွှားလေးဘဲ "

မျက်ဝန်းများသည်ကား ထက်ရှသည့် ရောင်ခြည်တန်းကို ထုတ်လွှင့်နေကာ ရှင်း အနေဖြင့် ထိုစကားကို နောက်ပြောင်၍ ပြောခြင်းမဟုတ်ကြောင်း သတိပေးနေဟန်ပေါ်လေသည်။

အလုပ်‌,လုပ်နေရာမှ မပြေးရုံတမယ် လမ်းလျှောက်ကာ  ကားဆီကို အလင်းလိုအရှိန်နှုန်းဖြင့် သွားလိုက်လေသည်။ ကားထဲတွင် အသင့်ပြင်ထားသော ဝတ်နေကျ အဖြူရောင်လက်ရှည်အင်္ကျီနှင့် ခြေမျက်စိပေါ်ရုံလေးရှည်သော ဘောင်းဘီအဖြူရောင်တို့ကို ပြောင်းလဲဝတ်ဆင်လိုက်ကာ တရှိန်ထိုးမောင်းထွက်သွားလေသည်။ ကားသည်လည်းပဲ စွတ်စွတ်ဖြူသည့် အဖြူရောင်ပင်ဖြစ်လေပြီး မိုင်ကုန်တင်၍ မောင်းနှင်လိုက်လျှင် သင်ဟာ ကားအရိပ်ကိုတောင် မြင်လိုက်ရမည်မဟုတ်ချေ။ သို့သော် လေပြေရှင်းမှာ ကိုးလ်အတွက် မီးနီကိုတောင်မစောင့်ဘဲ အသားကုန်မောင်းနှင်လာခဲ့ပါတော့သည်။ စိုးရိမ်စိတ်များလွန်ကဲစွာဖြင့် ၊ထိုသူတစ်ခုခုဖြစ်သွားမှာကို လက်မခံနိုင်စွာဖြင့် ၊အနားတွင် ထိုင်ကာ ပြုစုပေးချင်စိတ်တို့ဖြင့် တိမ်ယံဆင့်အပေါ်ထားသည့် ခံစားချက်နှင့်မတူညီဘဲ ၅ နှစ်တာ ခင်မင်လာသော သူငယ်ချင်း တစ်ယောက်အတွက်ပင် ထိုအမည်ဖော်မရသည့် ခံစားချက်များဟာ ပေါက်ဖွားလာခဲ့ပါတော့သည်။

______________________________

[Zawgyi]

" ကိုကို ကိုးလ္ကို သေဘာက်ေနတာလား "

ထိုေမးခြန္းအား ျပန္ေျဖရန္ ရွင္း အေတာ္ေလး အခ်ိန္ယူလိုက္ရေခ်သည္။ ေလေျပက ဘာသေဘာနဲ႔ေမးတာလဲဆိုတာကို သူအေတာ္ေလး စဥ္းစားေနရေသာေၾကာင့္ပါပင္။ " သေဘာက်တယ္ " ဆိုတဲ့ စကားက အဓိပၸါယ္ေတြအမ်ားႀကီး သက္ေရာက္ေပ်ာ္ဝင္ေနေသာ္လည္း ရွင္းအေနျဖင့္ ကိုးလ္ ဆီမွကူးစက္လာဟန္တူေသာ ျဖဴျဖဴစင္စင္အေတြးေလးျဖင့္သာ ေတြးေတာလိုက္ပါသည္။

သူငယ္ခ်င္းအခ်င္းခ်င္း ဂ႐ုစိုက္တာကိုလည္း သေဘာက်တယ္လို႔ ေျပာတာပဲလားဟု ေကာက္ခ်က္ခ်လိုက္ကာ တည္ၾကည္ေသာ မ်က္ႏွာေတာ္သည္ ႐ႊန္းဆိုေနေသာ ႏႈတ္ခမ္းတစ္စုံကို အသုံးျပဳလ်က္ စြဲမက္ဖြယ္သဏၭာန္ျဖင့္ ဖြင့္ဟေၾကညာလာေသာ စာေၾကာင္းတစ္ေၾကာင္းမွာကား_

" သေဘာက်တယ္.... "

ထို႔ေနာက္တြင္မူ ထပ္ေလာင္းျဖည့္စြက္စြာျဖင့္ သတိမမူပဲ ဆိုလာသည္မွာ ပုံေသထုဆစ္ထားသည့္ ရတနာတစ္ပါအလား ထာဝစဥ္ မပ်က္ဆီးပါသည့္ ရွင္း ေျပာေနၾကစကားတစ္ခြန္းပင္။

" သူငယ္ခ်င္းေတြ မို႔လို႔ေလ "

" သူငယ္ခ်င္း ကိုကိုတို႔က သူငယ္ခ်င္းေတြပဲလား "

" အင္း အဲ့ထက္မပိုဘူး.... ဒါေၾကာင့္ မဟုတ္တာေတြ လုပ္မေနေတာ့ဘဲ ေစာေစာအိပ္ေတာ့ "

ေလေျပညႇင္းေခါင္းက ဆံပင္တို႔ၾကား လက္လွ်ိဳသြင္းရင္း ၾကင္နာစြာ ရွင္း ေခ်ာ့ေမာ့လိုက္ပါသည့္ စကားျဖစ္ေလသည္။

ေမာင္ႏွမႏွစ္ေယာက္ စကားအျပန္အလွယ္ ေျပာအၿပီးတြင္ လူစုခြဲ၍ ကိုယ့္အခန္းထဲသို႔ အသီးသီးဝင္သြားၾကေလသည္။ သူတို႔မသိလိုက္သည္မွာ ေသခ်ာစြာ ေစ့ပိတ္ထားျခင္းမရွိေသာ တံခါးေနာက္ကြယ္တြင္ ကိုးလ္ဟာတစ္ခ်ိန္လုံး မတ္တပ္ရပ္ေနခဲ့ၿပီး ရည္႐ြယ္ထားျခင္း အလ်င္းမရွိပါဘဲႏွင့္ ရွင္း ေျပာသမွ် စကားအကုန္လုံးကို နားႏွင့္ ဆက္ဆက္ၾကားခဲ့ပါေၾကာင္း ဆိုတာကိုပင္။

ေနာက္ေန႔မနက္အေစာပိုင္းတြင္ ကိုးလ္ဟာ မီးဖိုေခ်ာင္ထဲတြင္ ေရဆင္းေသာက္ရင္း ေခါက္ဆြဲျပဳတ္ထိုင္စားေနသည့္ ေလေျပႏွင့္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပင္ တိုးခဲ့ေလသည္။ ေလေျပညႇင္းသည္ကား အိပ္မႈန္စုတ္ဖြားႏွင့္ ဆံပင္မ်ားကလည္း ေသခ်ာၿဖီးသပ္ထားျခင္းမရွိကာ အက်ႌကလည္း အနည္းငယ္ ဖ႐ိုဖရဲႏိုင္လွ၏။

" Hi....အေစာႀကီးႏိုးေနပါလား "

" အင္း...ေလေျပေကာပဲေနာ္ "

အသံသည္ကား တိုးဖြညင္သာလွကာ က်က္သေရအေပါင္း ခေညာင္းမႈမ်ား လႊမ္းၿခဳံေနၿပီး သြက္သြက္လက္လက္ႏွင့္ တဇြတ္ထိုးေျပာတတ္သည့္ ေလေျပႏွင့္ေတာ့ ဆီနဲ႔ေရလို႔ ဆန႔္က်င္ဘက္ပင္။ နည္းနည္းေလးမွ ေပါင္းစပ္ၾကည့္လို႔မရသည့္ ျဒပ္ဝတၳဳႏွစ္ခု။

" ဘယ္ကသာ....တစ္ညလုံးမအိပ္ရေသးတာ "

" ဗ်ာ ! "

" ကိုးလ္....ကိုကိုနဲ႔ ဘယ္လိုစသိတာလဲ။ ခင္တာၾကာၿပီလား "

" အမ္.... အဲ့တာက "

" ေျပာပါ ေလေျပသိခ်င္လို႔ ေနာ္ေနာ္ "

" ခင္တာက ပွ်မ္းမွ် 5 ႏွစ္နီးပါးေလာက္ရွိၿပီထင္တယ္ "

" ဟမ္.... ဒါဆို ေလေျပ အိမ္ကခိုးထြက္ၿပီး ႏိုင္ငံျခားကိုသြားတဲ့အခ်ိန္ကေပါ့ "

" အင္း......ျဖစ္ႏိုင္ပါတယ္ "

" ကိုကိုနဲ႔ အၾကာႀကီးေပါင္းႏိုင္တဲ့လူကို ကိုဆင့္ကလႊဲၿပီး မျမင္ဖူးေသးဘူး "

" ရွင္းက လူေကာင္းတစ္ေယာက္ပါ.....ကြၽန္ေတာ့္ကို အမ်ားႀကီး ကူညီဖူးတယ္ "

" ကိုကိုက လူေကာင္းလား "

ေလေျပက ေမးေထာက္လိုက္လ်က္ စဥ္းစားဟန္ေဆာင္လိုက္ကာ ဆက္ေျပာလာေလသည္။

" အဲ့လိုေျပာတာ ကိုးလ္က ကိုကိုအေၾကာင္း အကုန္မသိေသးလို႔ေနမယ္ "

" တ... တကယ္ေျပာတာပါ... ရွင္းက တစ္ကယ္ လူေကာင္းတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သိတယ္ "

" ကိုးလ္.... "

နာမည္ေခၚလိုက္ၿပီးေနာက္တြင္ ေလေျပဟာ အလြန္ရွည္ၾကာစြာ ကိုးလ္ကို စိုက္ၾကည့္ေနၿပီး ဘာစကားမွဆိုမလာခဲ့ေပ။ သူ႔ေရွ႕ရွိ ထိုေကာင္ေလးသည္ ႏုႏုဖတ္ဖတ္ေလးႏွင့္ အားနည္းလွသည့္အျပင္ ေလာကႀကီးအေၾကာင္းလည္း အေကာင္းဘက္က အၿမဲေတြးတတ္ေလသည္။ ထို႔ျပင္ ျဖဴစြတ္သည့္ ဝါဂြမ္းထက္လည္း ႏူးညံ့သိမ္ေမြ႕လွကာ သိပ္ကိုလည္း ျဖဴစင္႐ိုးသားလွပါေခ်၏။

" ကိုးလ္ အႀကံတစ္ခုေပးလိုက္မယ္ေနာ္.... လူတိုင္းကို သိပ္မယုံၾကည္ပါနဲ႔။ ေျပာမရဘူး.....ကိုကိုလည္း ကိုးလ္ကို ဖုံးကြယ္ထားတာေတြ ရွိႏိုင္တာပဲေလ။  "

" လူတိုင္းလွ်ိဳ႕ဝွက္ခ်က္နဲ႔ မကင္းႏိုင္ဘူးေလ ကြၽန္ေတာ္ ရွင္းကို ယုံၾကည္ပါတယ္။ ရွင္း မွမဟုတ္ရင္ ကြၽန္ေတာ့္ဘဝမွာ ယုံၾကည္ရမယ့္လူ မရွိေတာ့ဘူး။ သူဘာေတြပဲ ဖုံးကြယ္ထားထား ကိစၥမရွိဘူး....ကြၽန္ေတာ္... ခြင့္လႊတ္ႏိုင္ပါတယ္။ "

ေလေျပ ထိုမ်က္ႏွာေလးအား ေငးၾကည့္ေနမိပါ၏။ ၿပဳံး႐ုံေလးၿပဳံးၿပီး ေျပာေနေသာ စကားျဖစ္ေသာ္လည္း သူမရင္ထဲတြင္ ေႏြးေထြးမႈကို ေပးစြမ္းႏိုင္ေသာေၾကာင့္ ျဖစ္ေလသည္။ ‌ထို႔ျပင္ အ ,တာကလည္း ေတာ္႐ုံမဟုတ္ဘူးဟု ထပ္ေလာင္းေတြးလိုက္ကာ သူ႔အစ္ကိုက သူငယ္ခ်င္းအေ႐ြးေတာ္သားပဲဟု စိတ္ထဲမွ ခ်ီးမြန္းလိုက္ပါေသးသည္။

" တစ္ေန႔မွာကိုကိုက ကိုးလ္ ထင္ထားတဲ့ပုံစံေတြနဲ႔ ဆန႔္က်င္ဘက္ ေျပာင္းလဲသြားမယ္ ဆိုရင္ေတာင္မွလား "

" အင္း... ဘယ္လိုပဲ ျဖစ္ေနပါေစ ကြၽန္ေတာ့္သေဘာထားကေတာ့ မေျပာင္းလဲဘူး "

" ဘာလို႔အဲ့ေလာက္ေတာင္ ေသခ်ာရတာလဲ "

" သူငယ္ခ်င္းေတြဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္ရမယ္ေလ "

" အား "

ေလေျပသည္ကား သူငယ္ခ်င္းဆိုသည့္ စကားေၾကာင့္ နင္သြားရေလသည္။

" အဆင္ေျပရဲ႕လား "

" ပူလိုက္တာ သတိမထားမိလိုက္ဘဲ ပါးစပ္ထဲထည့္မိသြားတယ္ "

" ေရ....ေရေသာက္လိုက္ေနာ္ "

" အင္းအင္း "

" ႏွစ္ေယာက္လုံး အေစာႀကီးႏိုးေနၾကတာလား "

ေလေျပနဲ႔ ကိုးလ္ရဲ႕ အၾကားအာ႐ုံထဲသို႔ တိုးေခြ႕ဝင္ေရာက္လာပါသည့္ သာယာနာေပ်ာ္ဖြယ္ အသံလႈိင္းတစ္ခုသည္ သူတို႔ႏွစ္ဦးထံ မေရာက္ခင္စပ္ၾကား ေလထုထဲ၌ေပ်ာ္ဝင္လ်က္ ၿခံထဲရွိ ပန္းရနံ႔တို႔ႏွင့္ပါ ေပါင္းစည္းသြားေလသည္။

" ကိုဆင့္ "

" ........ "

" ေလေျပ မ်က္ကြင္းေတြ ဒီေလာက္ညိဳေနတာ ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးလား "

တိမ္ယံဆင့္မွာကား ေလေျပညႇင္းေၾကာင့္ ျပာျပာသလဲပါပင္။ ႐ုတ္တရက္ျမင္လိုက္ရခ်ိန္တြင္ အနည္းငယ္အလွမ္းေဝးေနေသာ အကြာအေဝးမွ သူမရွိရာေနရာသို႔ အလင္းအရွိန္ႏႈန္းျဖင့္ ခ်က္ျခင္းေရာက္ရွိလာထဲ့ေလသည္။

" အာ....အဲ့တာကေလ...ေျပာရမယ္ဆိုရင္  ဟီးဟီး "

" သြယ္ဝိုက္မေနနဲ႔ တစ္ညလုံးမအိပ္ထားတာမလား "

သူတို႔သုံးေယာက္ထဲက မဟုတ္ပါဘဲ စတုတၳေျမာက္လူဆီမွ ထြက္လာေသာ အသံျဖစ္ပါေလသည္။ အသံသည္ကား သံမဏီကဲ့သို႔လည္း မာေက်ာမေနခဲ့သလို ဝါဂြမ္းကဲ့သို႔လည္း ႏူးညံမေနခဲ့။ ထို႔ျပင္ အသံပိုင္ရွင္မွာ ထူးျခားဆန္းၾကယ္လြန္းစြာျဖင့္ ျမင္ေတာင့္ျမင္ခဲ သဏၭာန္တို႔ ေထြျပားေရာယွက္ေနေသာေၾကာင့္ တစိမ့္စိမ့္ထိုင္ၾကည့္လွ်င္ေတာင္မွ ႐ိုးအီးမသြားႏိုင္ကာ အလြန္ပင္ မ်က္စိပဒါသျဖစ္လြန္းလွ၏။

ပုံမွန္ဆင္ယင္ေလ့ရွိပါေသာ အျဖဴေရာင္အစား သန္းေခါင္ယံႏွင့္အလားသဏၭာန္တူသည့္ အနက္ေရာင္အက်ႌလက္ရွည္မွာ ေလေျပရွင္း ခႏၶာကိုယ္ေပၚတြင္ ေသသပ္မူအ‌ေပါင္းခေညာင္းလ်က္ ျမင္သူတကာ ဆယ္ကာျပန္ေငးရေလာက္ေအာင္ ရႈေမွ်ာ္ဖြယ္ေကာင္းလ်က္ တည္ရွိေန၏။ စင္ၾကယ္သည့္ အသားအေရသည္ အျဖဴေရာင္ႏွင့္လည္း လိုေလ်ာညီေထြ ရွိေနခဲ့သလို အနက္ေရာင္ႏွင့္လည္း ပႏွံသင့္လ်က္ရွိေလသည္။ လက္ေခ်ာင္းမ်ားက မ်က္ႏွာဆီကူးလူးသြားလာၿပီး မ်က္ဝန္းတစ္စုံကို အတိဖုံးကြယ္ထားပါသည့္ ေနကာမ်က္မွန္အား ခြၽတ္လိုက္ခ်ိန္တြင္ လိုလိုလ်ားလ်ား ဒူးေထာက္ခစားခ်င္ေအာင္ စြဲေဆာင္အားေကာင္းလွသည့္ မ်က္ဝန္းတစ္စုံက ေပၚထြက္လာေလသည္။

ေျခလွမ္းအနည္းငယ္ ေလွ်ာက္လိုက္ၿပီး သူ႔အားေငးၾကည့္ေနသည့္ လူသုံးေယာက္ထံ‌သြားလိုက္ခ်ိန္တြင္ အေပၚထပ္၌ဆင္ျမန္းထားသည့္ long-coat အနီေရာင္သည္ကား လႈိင္းမ်ားထ၍ လူးလြန႔္လာသည္မွာ ခ်င္းခ်င္းနီသည့္ေသြးမ်ား ပင္လယ္အတြင္း ကူးခတ္ေနပါသည့္အလား။ တစ္နည္းတစ္ဖုံလည္း ရက္စက္သည့္အသြင္ေပၚသလို ဆန႔္က်င္ဘက္အားျဖစ္လည္း ႏူးညံ့မႈတို႔ ေပ်ာက္ဆုံးေန၏။

" ေသစမ္း ....ရွင္းရဲ႕အမဲလိုက္တဲ့ အသြင္ပဲ "

" ကိုကိုက ဘာလို႔ဒီလိုဝတ္လာရတာလဲ ..... ငါ့အစ္ကိုအရင္းသာမဟုတ္ရင္ လက္ထက္ခြင့္ သြားေတာင္းၿပီးေနေလာက္ၿပီ "

ေလေျပညႇင္း၏ ဝမ္းနည္းေၾကကြဲဖြယ္ရာ ေႂကြးေၾကာ္သံပင္ ျဖစ္ေလေတာ့သည္။

" ေမ့ေတာ့မလို႔ ဒါကိုကို႔ရဲ႕ အမဲလိုက္ဝတ္စုံဘဲ.... ဘယ္လိုလူက ဒီေလာက္ေတာင္ ကံဆိုးရတာလဲ "

တိမ္ယံဆင့္ႏွင့္ ေလေျပညႇင္းမွာ စိတ္ထဲ၌စကားလုံးေပါင္း ေျမာက္မ်ားစြာကို ေရ႐ြတ္လိုက္မိၿပီး ေလေျပရွင္း၏ ေသြးစာေနတဲ့ ဝံပုေလြအသြင္ေျပာင္းလဲသြားျခင္းအေပၚကိုလဲ ခံစားသိရွိေနၾကေလသည္။

ရွင္း သည္ကား ပုံမွန္ဆိုင္လွ်င္ အျဖဴေရာင္ကိုသာ စြဲစြဲၿမဲၿမဲဝတ္ဆင္တတ္ၿပီး အရာတစ္ခုအေပၚ သေဘာက်ႏွစ္သက္ၿပီဆိုလွ်င္ ဘယ္ေတာ့မွမေျပာင္းလဲသည့္ လူစားမ်ိဳးပါပင္။ သာမာန္လူေတြကဲ့သို႔ ရွင္းတြင္လည္း သေဘာက်သည့္အရာမ်ားအေပၚ အစြဲအလမ္းႀကီးတတ္သည့္ အသိစိတ္ကေလးရွိေနတတ္ပါေသးသည္။ အဆိုးဆုံးမွာကား အျဖဴေရာင္အေပၚ ေသြးေပတာကို သူအလြန္မုန္း၏။ သူႏွစ္သက္ေသာ အျဖဴေရာင္အေပၚ ညစ္ညမ္းတဲ့လူရဲ႕ အရာေတြစြန္းထင္းသြားတာ နည္းနည္းေလးမွ မႏွစ္သက္ေပ။

တစ္ခါက daddy  ကေျပာဖူးပါသည္။

" သတ္လိုက္ "

ရွင္း၏ အေရွ႕သို႔ ပစ္ခ်လိုက္ေသာ ဓားေျမာင္တစ္ေခ်ာင္းသည္ တခြၽင္ခြၽင္အသံျမည္လ်က္ ၾကမ္းျပင္ေပၚ ၿငိမ္သက္သြားေလသည္။ သစၥာေဖာက္တစ္ေယာက္အား သူ႔လက္နဲ႔ကိုယ္တိုင္သတ္ပစ္ရန္ ေစခိုင္းခံရၿပီး ထိုျဖစ္ရပ္အၿပီးတြင္ ရွင္း၏ အျဖဴေရာင္အက်ႌမွာ အနီေရာင္အျဖစ္ကူးေျပာင္းသြားသည္အထိပင္။ အလြန္လည္း အ႐ိုင္းဆန္လွသလို... သိပ္ကိုလည္း ေၾကာက္မက္ဖြယ္ရာအတိျဖင့္ ေလေျပရွင္းဟာ အသက္ 12ႏွစ္မွစ၍ လူစသတ္ဖူးေလသည္။ ဦးမင္းအာကာက ပိတိအေပါင္းခေညာင္းလ်က္ ေျပာလာခဲ့သည္မွာ _

" သိပ္ကိုၾကည့္ေကာင္းတယ္ "

ထိုအခ်ိန္တုန္းက ရွင္းဟာ အသက္12 ျပည့္ကာစပဲရွိပါလိမ့္ဦးမည္။ လက္ထဲတြင္ဓားေျမာင္တစ္ေခ်ာင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ေထြးထားၿပီး ေသြးမ်ားက ထိုဓားေျမာင္မွတစ္ဆင့္ သူ႔ဖိနပ္နားသို႔ တစ္စက္ခ်င္းက်ဆင္းေနကာ မ်က္လုံးမ်ားက အနီေရာင္အျဖစ္ကူးေျပာင္းေနခဲ့သည္အထိပါပင္။

သူနဲ႔မ်က္ႏွာခ်င္းဆိုင္တြင္ အေဖျဖစ္သူထိုင္ေနခဲ့ၿပီး သူတို႔ႏွစ္ေယာက္၏အလယ္တြင္ေတာ့ ေသြးအိုင္ထဲလဲေနပါသည့္ သစၥာေဖာက္တစ္ေယာက္။ ျမင္သူတကာႏွလုံးေအာ့ခ်င္စရာေကာင္းလွသည့္ ျမင္ကြင္းတစ္ခုျဖစ္ပါလင့္ကစား ဦးမင္းအာကာ၏ မ်က္ဝန္းထဲတြင္ေတာ့ သိပ္ကိုလွပသည့္ ပန္းခ်ီကားတစ္ခ်ပ္အျပင္ မပိုခဲ့ေပ။

ၿပီးလွ်င္ ဦးမင္းအာကာက အနက္ေရာင္ေသနတ္တစ္လက္ကို ၾကမ္းျပင္ေပၚထပ္ပစ္ေပးခ်ရင္း သူ႔ဘဝတစ္ေလွ်ာက္လုံး ေဆာင္ထားရမည္ဟု အမိန႔္ေပးလာခဲ့ေလသည္။ ေသနတ္တစ္လက္နဲ႔ ေလာကႀကီးကို ေျပာင္းျပန္လွန္ဖို႔ အေဖျဖစ္သူကိုယ္တိုင္ လမ္းျပေပးခဲ့ပါသည့္ အခ်ိန္မ်ားျဖစ္ေလသည္။ ဦးမင္းအာကာအတြက္ ေလေျပရွင္းဟာ အားထားရသည့္ ဓားတစ္လက္အျဖစ္ ယေန႔တိုင္တည္ရွိေနခဲ့ပါေတာ့သည္။

ဦးမင္းအာကာက ပိုင္ဆိုင္မႈေတြကို ထိန္းသိမ္းဖို႔ ဓားကိုင္ခဲ့သလို ရွင္းကေတာ့ တန္ဖိုးထားျမတ္ႏိုးရသည့္ အရာေတြကို ကာကြယ္ဖို႔ ေသနတ္ကိုင္ခဲ့‌ေလသည္။

" ကိုကို အျပင္သြားမလို႔လား "

" အင္း အလုပ္ကိစၥရွိတယ္ "

" ဒါဆိုေလေျပလဲ.... "

" အိမ္ထဲမွာပဲေန "

ရွင္းက ျဖတ္ေျပာလိုက္ကာ ေလေျပညႇင္း၏ စကားကိုအဆုံးသတ္ေပးလိုက္သည္။

" ငါက ေဆး႐ုံသြားစရာရွိတယ္ မင္းငါ့ကိုေတာ့ အိမ္ထဲမွာပဲေလွာင္ပိတ္ထားလို႔မရဘူး "

ေသ‌ခ်ာေပါက္ တိမ္ယံဆင့္ကိုေတာ့ ရွင္း မႏိုင္ပါေပ။ တိမ္ယံဆင့္ဆိုတာ စည္းကမ္းဆိုတာ ခ်ိဳးေဖာက္ဖို႔ဆိုသည့္ စကားကိုလက္ကိုင္ထားသည့္ အမ်ိဳးေကာင္းသားေလးျဖစ္ပါေသာေၾကာင့္ပင္။ေလေျပရွင္းတစ္ေယာက္ ညင္သာစြာေခါင္းခါလိုက္သည့္အခါ ဆံႏြယ္မ်ားက ေလထဲတြင္လူးလြန္းကုန္ၾက၏။ ‌

" ဒါဆိုျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့ "

ဆင့္ကေတာ့ ဂ႐ုစိုက္မေနပါေပ။

" ကိုးလ္ "

အသံဟာ လူစားထိုးခံလိုက္ရသလို ခပ္တန္းတန္းအသံမွ တေယာသံလို ညင္သာသြားခဲ့ျပန္သည္။ ေလေျပႏွင့္ ဆင့္တို႔ႏွစ္ေယာက္မွာ ဘက္လိုက္လြန္းသည္ဟူသည့္ အၾကည့္မ်ားကို ခ်ိတ္ဆြဲထားရင္း ေလေျပရွင္း ဘာဆက္ေျပာမလဲဆိုတာကို နားစြင့္ေနခဲ့သည္။

" အိမ္မွာပဲေနၿပီး အျပင္မထြက္နဲ႔ေနာ္ ကိုယ္အလုပ္ကိစၥၿပီးရင္ ျပန္လာၿပီး ကိုးလ္ကိုအေဖာ္ျပဳေပးမယ္။ လိုအပ္တာရွိရင္ အိမ္ေဖာ္ေတြကို ခိုင္းလို႔ရတယ္ ကိုယ္တိုင္ထမလုပ္နဲ႔ ဟုတ္ၿပီလား။ ေနာက္ၿပီး.... "

" အဟြတ္....ဟြတ္ "

က်န္သုံးေယာက္လုံးသည္ ေခ်ာင္းအတုဆိုးေနေသာ တိမ္ယံဆင့္ဆီသို႔ လွည့္ၾကည့္လာၾကေလသည္။

" ေလေျပ ႐ုတ္တရက္ႀကီး ေလထုဖိအားမ်ားလာသလိုပဲ။ ၿပီးေတာ့ မျမင္ရတဲ့ဓာတုပစၥည္ေတြလည္း ေပ်ာ္ဝင္ေနတယ္...ဆက္ေန,ေနရင္ ကိုကို allergic ျဖစ္ေတာ့မွာ ဒါေၾကာင့္ သြားေတာ့မယ္ "

" ကိုဆင့္ ေလေျပလည္းလိုက္မယ္..... ဒီေခါက္ဆြဲျပဳတ္က ခ်က္ခ်င္းႀကီး စားမေကာင္းေတာ့သလိုဘဲ "

ႏွစ္ေယာက္လုံး တစ္ေယာက္တစ္ခြန္းစီေျပာၿပီး စိတ္ေလတယ္ဆိုတဲ့ မ်က္ႏွာေပးျဖင့္ ရွင္း တို႔ဘက္ လွည့္ေတာင္မၾကည့္ဘဲ ထြက္သြားၾကေလသည္။ မီးဖိုေခ်ာင္ထဲတြင္ ရွင္းတို႔ႏွစ္ေယာက္သာ က်န္ခဲ့ၿပီး 3မိနစ္ၾကာသည္အထိ မည္သူမွစကားစမေျပာခဲ့ေပ။ ပတ္ဝန္းက်င္ရွိ ေလထုကပင္ေႏြးေထြးေနၿပီး ႏွလုံးသားရပ္ဝန္းကို ရာသီဥတုသာယာေစေလသည္။

" ဟို....ကြၽန္ေတာ္... ရွင္းစကားနားေထာင္မွာပါ ဘယ္မွမသြားပါဘူး "

ထိုစကားေလးေၾကာင့္ ရွင္းဟာ ႏွစ္လိုစြဲမက္ဖြယ္ေကာင္းေအာင္ ၿပဳံးလိုက္ၿပီး လက္ကိုေျမာက္လ်က္ ကိုးလ္ရဲ႕ ဆံပင္မ်ားကို ပြတ္သပ္လိုက္ပါသည္။

" လိမၼာတယ္ "

ၾကင္နာမႈတို႔ ေရာယွက္ေသြဖယ္ေနကာ ၿခံထဲရွိ ပန္းနံ႔သင္းသင္းေၾကာင့္ ေလထုဟာလည္း အလြန္ခ်ိဳၿမိန္လွ၏။ ေသခ်ာေပါက္တစ္ေယာက္ကို တစ္ေယာက္အရိပ္တၾကည့္ၾကည့္ႏွင့္ အၿမဲဂ႐ုစိုက္မိေနတာေတာင္မွ အခ်စ္တို႔ျဖင့္ အတိၿပီးေသာ စိတ္ခံစားခ်က္ေလးသည္ ရင္ခုန္သံကိုဆန္႔က်င္ေသာ ဦးေႏွာက္အသိစိတ္မ်ားေၾကာင့္ ယေန႔ထိတိုင္ ပိတ္မိေနပါေတာ့သည္။

ကိုးလ္ႏွင့္ ႏႈတ္ဆက္အၿပီးတြင္ ရွင္း ကအလုပ္ကိစၥေၾကာင့္ အျပင္ထြက္သြားၿပီး တိမ္ယံဆင့္ကေတာ့ ေဆး႐ုံသြားဖို႔ လုပ္ေနကာ ေလေျပကေတာ့ အိမ္ကခိုးထြက္ရန္ ျပင္ဆင္လ်က္ရွိသည္။ ကိုးလ္ကေတာ့ျဖင့္_

" ဟို... ကြၽန္ေတာ့္ကို အေအးမိေပ်ာက္ေဆးေလး ေပးလို႔ရမလား "

အိမ္ေဖာ္တစ္ဦးထံသို႔ေျပာေနေသာ စကားျဖစ္ေသာ္လည္း အလြန္ပင္ယဥ္ေက်းသိမ္ေမြ႕လွ၏။

" ကြၽန္ေတာ္ ႏွာေဆးေနလို႔ပါ "

အေဒၚယူေပးမယ္ ထိုင္ခုံမွာေစာင့္ေနလိုက္

" ဟုတ္....ဟုတ္ကဲ့ "

ခဏအၾကာတြင္ ေဆးတစ္ကဒ္နဲ႔အတူ အိမ္ေဖာ္အေဒၚျပန္လာေလသည္။

" ေနမေကာင္းျဖစ္ေနရင္ အေဒၚဆန္ျပဳတ္လုပ္ေပးရမလား "

" ရပါတယ္...ကြၽန္ေတာ္ ေဆးေသာက္ၿပီးအိပ္လိုက္ရင္ ေပ်ာက္သြားမွာပါ "

" လိုအပ္တာရွိရင္ အေဒါ့္ကိုလာေျပာေလ ဟုတ္ၿပီလား။‌ ရွင္းက ေသခ်ာဂ႐ုစိုက္ေပးဖို႔ မွာသြားတာ။ အဲ့ကေလးက အိမ္ကိုဧည့္သည္ေခၚလာတာ တစ္ခါမွမျမင္ဖူးဘူး "

" အာ....ဟုတ္လား ဒါဆို ကြၽန္ေတာ္က ပထမဆုံးလူေပါ့ေနာ္ "

" ေဆးေသာက္ၿပီး ျမန္ျမန္သြားအနားယူေတာ့ ေန႔လည္က်ရင္ ထမင္းစားဖို႔ အေဒၚလာႏႈိးမယ္ "

" ဟုတ္ "

ဤသို႔ျဖင့္ ေလးေယာက္လုံး၏ တစ္ေန႔တာသည္ သူ႔အစီအစဥ္နဲ႔သူ မအားလပ္ႏိုင္ၾကေတာ့ေပ။ ထိုအထဲတြင္မွ ကိုးလ္တစ္ေယာက္သာ အိမ္မွာလိမ္လိမ္မာမာႏွင့္ က်န္ရစ္ခဲ့ရသည္။

အေမွာင္ဖုံးေနသည့္အခန္းထဲတြင္ ရွင္းရဲ႕ လက္ထဲမွာ ဓားတစ္ေခ်ာင္းကို ကိုင္ေဆာင္ထားရင္း ထိုင္ခုံေပၚမွာ လူတကာဖူးေျမာ္ခ်င္ေကာင္းေအာင္ ခက္ထန္သည့္မ်က္လုံး ရက္စက္သည့္အၿပဳံးမ်ားႏွင့္ ထိုင္ေနခဲ့သည္။ ထိုဓားသည္ ရွင္း လက္ထဲ၌ ေဝ့ယမ္းေဆာ့ကစားျခင္းခံေနရကာ ရံဖန္ရံကာမက ဓားသြားက ေရွ႕မွေနာက္ျပန္ႀကိဳးတုပ္ကာ ထိုင္ေနေသာလူဆီသို႔ ဦးတည္လ်က္သား။

" ျမန္ျမန္ေျပာ...အခ်ိန္မရွိဘူး "

ျပင္းထန္သည့္ အသံလႈိင္းသည္ ရွင္း ႏႈတ္ခမ္းမွေန၍ အခန္းတြင္း လွည့္ပတ္ခ်ယ္လွယ္ေနကာ ေနာက္ဆုံး၌ ႀကိဳးတုပ္ခံထားရသည့္ လူဆီသာ အဆုံးသတ္သြားသည္။

" ဆုေတာင္းေန "

" ဦးစစ္ဟန္တို႔က သစၥာရွိတဲ့လူကို ရထားတာပဲ "

ရွင္းက ထိုသူနဲ႔ မ်က္ႏွာခ်င္းဆိုက္ကို ထိုင္ခ်လိုက္ေလသည္။

" ထြီ "

ထိုလူဟာ ရွင္း၏ လူသတ္အေငြ႕အသက္မ်ားကို မရိပ္မိဘဲ ထင္ရာစိုင္းခ်င္တိုင္း ႐ိုင္းစိုင္းေနပါေတာ့သည္။

" အဲ့ေတာ့... "

အံႀကိတ္ကာ ရွင္းက ဆက္ေျပာလာခဲ့ပါသည္။ သာမာန္လူဆိုလွ်င္ ရွင္း၏ အၾကည့္မ်ားေၾကာင့္ပင္ ေနရာမွာတင္ ေသဆုံးသြားႏိုင္သည့္ အရွိန္အဝါမ်ားဟာ ထိုလူသားကို လႊမ္းမိုးေနလ်က္သားျဖင့္ပင္။

" မေျပာခ်င္ဘူးေပါ့ေလ "

" အား ! "

ရွင္း လက္ထဲမွဓားသည္ ရန္သူ၏ ေျခခ်င္းဝတ္ကို လွီးျဖတ္လ်က္ ေသြးေၾကာမ်ားကို ျပတ္ေတာက္ေစေလသည္။

" ဘယ္ခ်ိန္ထိ ေတာင့္ခံႏိုင္လဲဆိုတာကို ေစာင့္ၾကည့္ေနမယ္ "

ဤအသြင္အျပင္ႏွင့္ ေလေျပရွင္းသည္ကား ေသြးနဲ႔ကစားရတာကို အလြန္ႏွစ္သက္၍ နတ္ဆိုးတစ္ေကာင္ႏွင့္ပင္တူညီကာ ေၾကာက္မက္ဖြယ္ရာအတိၿပီးေလသည္။ အကယ္၍ ကိုးလ္သာ ျမင္ခဲ့လွ်င္ ေသခ်ာေပါက္ အံ့အားသင့္လ်က္ ‌ေျဖမဆယ္ႏိုင္ေအာင္ ျဖစ္သြားမည္သာ။ 5 ႏွစ္ေလာက္ ခင္မင္လာေသာ သူငယ္ခ်င္းက လူသတ္တဲ့ေနရာမွာ မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ဘဲ ေသြးဆာတဲ့ ဝံပုေလြတစ္ေကာင္ႏွင့္ အလားသဏၭာန္တူညီေနခဲ့ေလသည္။ ဘယ္ေလာက္ေတာင္ ဆန္းက်ယ္တဲ့ ျဖစ္ရပ္မ်ားလဲ။

" ဟာ့ "

ပင့္သက္ရႈိက္သံ၏ အဆုံးတြင္ ေလေျပရွင္းဟာ ဆန႔္က်င္ဘက္ ေျခက်င္းဝတ္ကို ဆက္လက္လွီးျဖတ္လိုက္ျပန္သည္။ နည္းနည္းေလးမွ လူသားဆန္မေနခဲ့ေပ။ ထို႔အစား ပိုလို႔သာ မေကာင္းဆိုးဝါး ဆန္လာခဲ့၏။

" တစ္ကယ္ေတာ့ ငါလည္း အဲ့ေလာက္ထိမေမွ်ာ္လင့္ထားပါဘူး မင္းတို႔ေဘာ့စ္ကို သတိေပးခ်င္႐ုံေလးပဲ။ မင္းကေတာ့ နမူနာျဖစ္သြားတာေပါ့ "

သြားစြယ္မ်ားေပၚလာေအာင္ ရွင္းၿပဳံးလိုက္ၿပီး ေသြးေတြေပက်ံေနေသာ ဓားျဖင့္ ထိုသူ႔၏မ်က္ႏွာကို ႏွစ္ခ်က္ေလာက္ ႐ိုက္လိုက္ေလသည္။ လက္အိတ္အနက္ေရာင္သည္ကား အေရာင္လက္ေနေသာ ဓားျဖင့္လိုက္ဖက္ေနၿပီး မဟူရာထက္နက္သည့္ ဖိနပ္အနက္ေရာင္သည္ ခ်င္းခ်င္းနီသည့္ေသြးတို႔ျဖင့္ ပႏွံသင့္ေနသည္။

လက္ေကာက္ဝတ္ႏွစ္ဖက္က ေသြးေၾကာကို လွီးျဖတ္လိုက္ခ်ိန္တြင္ ထိုသူဟာ အသံပင္မထြက္ႏိုင္ေတာ့ေခ်။ ေလေျပရွင္းဟာ ‌ထိုလူကို ေသြးထြက္လြန္ၿပီး တျဖည္းျဖည္းခ်င္း ေသသြားေအာင္ ရည္႐ြယ္ထားျခင္း ျဖစ္ပါသည္။

ေနာက္ဆုံးအေနျဖင့္ ျပတ္ရွသည့္ဓားသြားရာသည္ လည္ပင္း၌ ေနရာယူလာခ်ိန္၌ ထိုသူဟာ ၾကမ္းျပင္ေပၚသို႔ လဲက်သြားေလၿပီ။ အသက္မေသေသးေသာ္ျငား ေဝဒနာဟာ ေသတာထက္ဆိုး၏။

ေလေျပရွင္းကို ၿခိမ္းေျခာက္တာဟာ သူတို႔အမွားပင္ ျဖစ္ေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ရွင္းဟာ သူတို႔ထက္ ဆယ္ဆမက ၿခိမ္းေျခာက္သည့္ေနရာ၌ ပိုၿပီးျပင္းထန္ကာ ခံစားခ်က္မဲ့‌ေလေသာေၾကာင့္ပင္။ မထိသင့္သည့္ မီးကိုလာထိလွ်င္ ကိုယ္တိုင္လဲ မေလာင္ကြၽမ္းမိေစရန္ သတိထားသင့္သည္ေပ။

ေသြးေပေနတဲ့ လက္အိတ္ကိုခြၽတ္လိုက္ကာ ဓားကိုလဲ ပစ္ခ်လိုက္၏။ တခြၽတ္ခြၽတ္အသံသည္ ေသြးအိုင္ထဲတြင္ေတာ့ အနည္းငယ္မွ် တိုးညႇင္းသြား သလိုပါပင္။ ထိုင္‌ခုံေပၚျပန္ထိုင္လိုက္ကာ စားပြဲေပၚက ဝိုင္ခြက္ကို အနည္းငယ္မွ် လႈပ္ယမ္းလိုက္ခ်ိန္တြင္ ဝိုင္ေတြဟာ ဖန္ခြက္၏ ေဘးႏႈတ္ခမ္းသားမွ ျပန္စီးက်လာခဲ့ေတာ့သည္။ တစ္ငုံေလာက္ အရသာခံေသာက္လိုက္ခ်ိန္တြင္ အရသာဟာ အရင္ေန႔ေတြကထက္ ပိုခ်ိဳေနသလိုပါပင္။

" Video  ကို ဦးစစ္ဟန္ဆီ ပို႔လိုက္ "

" ဟုတ္ "

" စိတ္ဝင္စားဖို႔ေကာင္းတာကို အတူတူမွ်ေဝခံစားသင့္တာေပါ့ "

" ပို႔ၿပီးပါၿပီ "

" ဒီေန႔ဝင္လာတဲ့ လက္နက္စာရင္း ယူလာခဲ့ "

" ဟုတ္ "

" စီစဥ္ခိုင္းထားတဲ့ အက်ႌကေကာ  "

" ကားေပၚမွာပါ အကုန္အဆင္သင့္ပါပဲ "

" ပုံမွန္ဆို ဒီတိုင္းပဲ ျပန္ေနက်ပါ ။ ဒီေန႔မွ ဘာလို႔ အက်ႌအသစ္ယူလာခိုင္းရတာလဲ  မဟုတ္မွ ေကာင္မေလးေတြ႕ေနတာလား "

" ဦးေလး ဒီေရာက္ေနတာလား။ ‌daddy ဆီက တစ္ဖဝါးမွ မခြာတဲ့လူက အခုေတာ့ ကြၽန္ေတာ့္ဆီ အလည္လာၿပီေပါ့ေလ "

" စကားလမ္းေၾကာင္းမလႊဲနဲ႔ ေမးတာကိုေျဖ "

" ဒါက.... အိမ္မွာေစာင့္ေနတဲ့ တစ္ေယာက္က ေသြးညႇီနံ႔ရရင္ လန႔္သြားမွာစိုးလို႔ပါ "

" ရည္းစားလား "

" ဘယ္ကသာ .... သူငယ္ခ်င္းပါ "

ရွင္းဟာ တိမ္ယံဆင့္မဟုတ္ဘဲ အျခားတစ္ေယာက္ဆိုတာကို ထပ္ေျပာလိုက္ပါေသးသည္။

" ဆင့္ မဟုတ္ဘူး "

" ဪ... "

" ဒါနဲ႔ ဦးေလး လာတဲ့ကိစၥက... "

" မင္းအေဖက လက္နက္စာရင္းေတြ ကူလုပ္ဖို႔လႊတ္လိုက္တာေလ။ သူ႔ရဲ႕ခ်စ္လွစြာေသာသားက အေခ်ာင္ခိုေနမွာ ေၾကာက္လို႔တဲ့ "

ေလေျပရွင္း၏ ရယ္သံသည္ ေလဟာနယ္တစ္ခုလုံးကို လႊမ္းမိုးသြားပါေတာ့သည္။ သို႔ပါေသာ္ျငား ရွင္းႏွင့္ ဆန႔္က်င္စြာ စိတ္ေသာက ေရာက္ေနသည့္ လူတစ္စုကလည္း ရွိေနပါေသးသည္။

" ေတာက္.... သက္သက္မဲ့လႊတ္ေပးလိုက္မိတာမွားတာပဲ။ ဒီေကာင္က ကန္းတက္ေနတာ ၊အဲ့ေန႔ထဲကသာ သတ္ပစ္လိုက္ရင္ ဒီေန႔လို႔ မာနေထာင္လႊားေနတာမ်ိဳးေတြ ရွိလာမွာမဟုတ္ဘူး "

" ...... "

ရွင္းပို႔လာေသာ video ကိုၾကည့္ၿပီး မီးေတာက္ေနေသာ ေဒါသမ်ားႏွင့္ လူတစ္ေယာက္ႏွင့္ ခံစားခ်က္မ်ား ခန႔္မွန္းမရစြာ တည္ၿငိမ္ေနေသာ လူတစ္ေယာက္အၾကား တည္ၿငိမ္ေနႏိုင္သူမွာ အလြန္ခန႔္မွန္းရခက္လွ၏။ မ်က္ႏွာသည္ကား laptop ႏွင့္ကြယ္ေနခဲ့ကာ ေသာက္လက္စ ေကာ္ဖီကိုမႈတ္လ်က္ ဆက္ေသာက္ေနခဲ့သည္။ ထိုေကာဖီခြက္ေဘးတြင္ေတာ့ ေသနတ္တစ္လက္ႏွင့္ ဓားတစ္ေခ်ာင္းက ေနရာယူေနခဲ့ကာ ဓားအိမ္သည္ကား အလြန္ေဟာင္းႏြမ္းေနေသာ္ျငား လူသတ္ဖို႔ရာ လုံေလာက္ေလသည္။

" မင္းဒီလိုပဲ ၿငိမ္ေနမွာလား... မင္းအေဖက လုပ္ပိုင္ခြင့္ေတြအကုန္ေပးထားတာနဲ႔ ဘာကိုမွဂ႐ုမစိုက္ေတာ့ဘူးလား "

" ‌ပါးစပ္ပိတ္ထား "

အသံမွာကား မာေက်ာကာ ျပတ္သားလွသည့္အျပင္ တစ္နည္းတစ္ဖုံလည္း ေအးစက္ကာ ခံစားခ်က္မဲ့လွေလသည္။

" ဒီမွာငါကေခါင္းေဆာင္ဘဲ....ငါ့အမိန႔္တစ္ခ်က္ထဲနဲ႔ မင္းအသက္ကိုေဖ်ာက္ႏိုင္တယ္ "

" ေတာက္ ..... အသုံးမက်တဲ့ ေခါင္းေဆာင္ "

ကမူးရႈးထိုးျဖင့္ တံခါးကိုအၾကမ္းပတမ္းပိတ္ကာ ထိုေယာက္်ားက ထြက္သြားခဲ့ေလသည္။တစ္ခ်ိန္တည္းမွာပင္ ထိုင္ခုံေပၚထိုင္ေနေသာ အမ်ိဳးသားထံသို႔  video call တစ္ခုဝင္လာခဲ့တာေၾကာင့္ ခ်က္ခ်င္းလက္ခံသည့္ အစိမ္းေရာင္ေလးေပၚ ႏွိပ္လိုက္ေလသည္။

" စစ္ဟန္ "

" ေဖေဖ "

" ကေလးေလး ေတာ္ေတာ္ပိန္သြားတာဘဲ။ ေဖေဖ့ဆီျပန္မလာတာ ဘယ္ေလာက္ၾကာေနၿပီလဲ "

" ကြၽန္ေတာ္ျပန္လာမွာပါ.... အရာအားလုံး အဆုံးသတ္သြားရင္ေပါ့ "

" ေဖေဖမင္းကို လြမ္းလွၿပီ "

" ကြၽန္ေတာ္လည္း ေဖေဖ့ကို လြမ္းပါတယ္။ စစ္ဟန္ ေဖေဖ့လုပ္ငန္းေတြကို အေကာင္းဆုံးျဖစ္ေအာင္ ဦးစီးေပးမယ္ ေဖေဖမစိုးရိမ္ပါနဲ႔ "

" အမွန္တိုင္းေျပာရရင္ ေဖေဖဒီလုပ္ငန္းေတြကို ရပ္ပစ္ခ်င္တာၾကာၿပီ.... သားကိုအႏၲာရယ္ကင္းကင္းနဲ႔ ေဖေဖ့ဆီ ျပန္လာေစခ်င္တာပဲရွိတယ္ "

" ေလေျပရွင္းတို႔ သားအဖကိုမႏိုင္သေ႐ြ႕ ကြၽန္ေတာ္ျပန္မလာဘူး  "

" ေခါင္းမာတဲ့ကေလး အေဖ့စကားကို နားေထာင္ပါဦး "

" အေဖ သိပ္မၾကာေတာ့ပါဘူး ကြၽန္ေတာ္
ေဖေဖနဲ႔ျပန္လာေနမွာပါ "

‌စကားလက္စသတ္လိုက္ၿပီးလိုင္းပိတ္လိုက္ကာ ထိုင္ခုံေပၚ တစ္ကိုယ္လုံး မွီခ်လိုက္ေလသည္။ ေလေျပရွင္းရဲ႕ အားနည္းခ်က္က သူ႔မိသားစုနဲ႔ သူ႔,သူငယ္ခ်င္းေတြ ျဖစ္ေလသည္။ အညႇာကိုဆုပ္ကိုင္လိုက္ရင္ ဒူးေထာက္ခစားလာမွာ ႏွစ္ခါေတြးစရာလိုေတာ့မည္ မဟုတ္ေပ။

" ေလေျပရွင္း မင္းဆီမွာလည္း အားနည္းခ်က္ဆိုတာ ရွိေသးတာပဲ "

ထိုေန႔က သူေလေျပရွင္းကို ဘာလို႔မသတ္လိုက္တာလဲ ဆိုေတာ့ အခ်ိန္မက်ေသးလို႔ပါပင္။ လူေတြမွာ ထူးဆန္းတဲ့ အက်င့္စ႐ိုက္တစ္ခုစီေတာ့ ရွိတတ္ၾကသည္။ ပန္းကန္တစ္ခ်ပ္ထဲတြင္ အသားဟင္းနဲ႔ အသီးအ႐ြက္ေတြ ရွိေနရင္ေတာင္မွ လူေတြဟာ အသီးအ႐ြက္ကိုပဲ အရင္ကုန္ေအာင္စားေပလိမ့္မည္။ ေနာက္ဆုံးအသားဟင္းတစ္ခုပဲ က်န္ခဲ့ေတာ့မွ အရသာခံကာ ျဖည္းျဖည္းျခင္း စားသုံးလိမ့္မည္ျဖစ္သည္။ အႀကိဳက္ဆုံးအရာကို ေနာက္ဆုံးမွစားတတ္တာ လူေတြရဲ႕စ႐ိုက္သဘာဝျဖစ္သည္။ ေလေျပရွင္းဟာလည္း သူ႔အတြက္ေတာ့ အသားဟင္းနဲ႔ မျခားမနားပင္ျဖစ္ေလသည္။

ေလေျပရွင္းတစ္ေယာက္ အိမ္ကထြက္လာသည္မွာ ေန႔တစ္ဝက္ပင္က်ိဳးေတာ့မည္ ျဖစ္သည့္အတြက္ အိမ္ကို ဖုန္းလွမ္းဆက္၍ သတင္းထူးကို စုံစမ္းရပါေသးသည္။

" ဆင့္ အိမ္ျပန္ေရာက္ၿပီလား အန္တီ "

" မေရာက္ေသးဘူးသားရဲ႕ သူနည္းနည္းေနာက္က်မယ္ထင္တယ္ "

" ေလေျပေကာ ? "

" ကေလးမက ရွင္းနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ အိမ္ကထြက္သြားတာပဲ။ လူငယ္ေတြကို အန္တီလဲမႏိုင္ပါဘူးသားရယ္ "

" သူ႔ bodyguard  ႏွစ္ေရာက္ေကာ ပါသြားလား "

" ေလေျပကေတာ့ ေခၚမသြားဘူး။ ဒါေပမယ့္ သူတို႔ဘာသာ ေနာက္ကေနခိုးလိုက္သြားၾကတယ္ "

" ဟုတ္ၿပီ..... ဒါနဲ႔ကိုးလ္ကေကာ သူအိမ္မွာ အဆင္ေျပရဲ႕လား "

" ဖ်ားခ်င္သလိုျဖစ္ေနလို႔ အခန္းထဲမွာ ေဆးေသာက္ၿပီး အိပ္ေနတယ္ "

ရရွိလာသည္မွာကား ရင္ဝကိုေစာင့္ကန္လိုက္သည့္ သတင္းပင္ျဖစ္ေလေတာ့သည္။

" ကိုးလ္ ဖ်ားေနတာလား ? "

" ဟုတ္တယ္.....‌အေဒၚထမင္းစားဖို႔ သြားႏႈိးေတာ့ အိပ္ေနေသးလို႔ထင္တယ္ ထြက္မလာဘူး။ ဒါနဲ႔အေဒၚလည္း အိပ္ေရးဝဝအိပ္ခိုင္းထားတယ္ "

" အခုခ်က္ခ်င္း ဆရာဝန္ကို ဖုန္းဆက္ၿပီးလွမ္းေခၚလိုက္ပါ.... ကြၽန္‌ေတာ္ ျပန္လာခဲ့မယ္ "

" ေအးေအး.... သား "

ဖုန္းခ်လိုက္ခ်ိန္၌ ရွင္း၏ မ်က္ဝန္းထဲတြင္ စိုးရိမ္မႈမ်ား အျပည့္ျဖစ္ေနပါေတာ့သည္။ Laptop  ကိုခ်က္ခ်င္းပိတ္လိုက္ၿပီး အေရးႀကီးသည့္ အလုပ္တာဝန္ဟူသမွ်ကို ေနမေကာင္းေသာ လူတစ္ေယာက္ေၾကာင့္ ခ်က္ခ်င္းရပ္တန႔္လိုက္ေလသည္။

" ဦးေလး ကြၽန္ေတာ္ျပန္ေတာ့မယ္။ က်န္တဲ့အလုပ္ကိစၥကို mail နဲ႔ ကြၽန္ေတာ့္ဆီ ပို႔ထားလိုက္ပါ "

" ေနပါဦး ေလေျပရွင္း .... အလုပ္ထက္ေတာင္ အေရးႀကီးတဲ့ကိစၥလား "

" ကြၽန္ေတာ့္အတြက္ေတာ့ သူနဲ႔ယွဥ္လိုက္ရင္ အလုပ္က ပမႊားေလးဘဲ "

မ်က္ဝန္းမ်ားသည္ကား ထက္ရွသည့္ ေရာင္ျခည္တန္းကို ထုတ္လႊင့္ေနကာ ရွင္း အေနျဖင့္ ထိုစကားကို ေနာက္ေျပာင္၍ ေျပာျခင္းမဟုတ္ေၾကာင္း သတိေပးေနဟန္ေပၚေလသည္။

အလုပ္‌,လုပ္ေနရာမွ မေျပး႐ုံတမယ္ လမ္းေလွ်ာက္ကာ  ကားဆီကို အလင္းလိုအရွိန္ႏႈန္းျဖင့္ သြားလိုက္ေလသည္။ ကားထဲတြင္ အသင့္ျပင္ထားေသာ ဝတ္ေနက် အျဖဴေရာင္လက္ရွည္အက်ႌႏွင့္ ေျခမ်က္စိေပၚ႐ုံေလးရွည္ေသာ ေဘာင္းဘီအျဖဴေရာင္တို႔ကို ေျပာင္းလဲဝတ္ဆင္လိုက္ကာ တရွိန္ထိုးေမာင္းထြက္သြားေလသည္။ ကားသည္လည္းပဲ စြတ္စြတ္ျဖဴသည့္ အျဖဴေရာင္ပင္ျဖစ္ေလၿပီး မိုင္ကုန္တင္၍ ေမာင္းႏွင္လိုက္လွ်င္ သင္ဟာ ကားအရိပ္ကိုေတာင္ ျမင္လိုက္ရမည္မဟုတ္ေခ်။ သို႔ေသာ္ ေလေျပရွင္းမွာ ကိုးလ္အတြက္ မီးနီကိုေတာင္မေစာင့္ဘဲ အသားကုန္ေမာင္းႏွင္လာခဲ့ပါေတာ့သည္။ စိုးရိမ္စိတ္မ်ားလြန္ကဲစြာျဖင့္ ၊ထိုသူတစ္ခုခုျဖစ္သြားမွာကို လက္မခံႏိုင္စြာျဖင့္ ၊အနားတြင္ ထိုင္ကာ ျပဳစုေပးခ်င္စိတ္တို႔ျဖင့္ တိမ္ယံဆင့္အေပၚထားသည့္ ခံစားခ်က္ႏွင့္မတူညီဘဲ ၅ ႏွစ္တာ ခင္မင္လာေသာ သူငယ္ခ်င္း တစ္ေယာက္အတြက္ပင္ ထိုအမည္ေဖာ္မရသည့္ ခံစားခ်က္မ်ားဟာ ေပါက္ဖြားလာခဲ့ပါေတာ့သည္။

Continue Reading

You'll Also Like

1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
3M 187K 58
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.3M 150K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။