အရေးအပိုင်မင်းအား အပိုင်ကြံခြ...

By KhaingMyelMyan

200K 12.2K 956

အရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြော... More

Author's NOTE
[၁]၊Unicode
[၁]၊Zawgyi
[၂]၊Unicode
[၃]၊Unicode
[၃]၊Zawgyi
[၄]၊Unicode
[၄]၊Zawgyi
[၅]၊Unicode
[၅]၊Zawgyi
[၆]၊Unicode
[၆]၊Zawgyi
[၇]၊Unicode
[၇]၊Zawgyi
[၈]|Unicode
[၈]|Zawgyi
[၉]|Unicode
[၉]|Zawgyi
[၁၀]|Unicode
[၁၀]|Zawgyi
[၁၁]|Unicode
[၁၁]|Zawgyi
[၁၂]|Unicode
[၁၂]|Zawgyi
[၁၃]|Unicode
[၁၃]|Zawgyi
[၁၄]|Unicode
[၁၄]|Zawgyi
[၁၅]|Unicode
[၁၅]|Zawgyi
[၁၆]|Unicode
[၁၆]|Zawgyi
[၁၇]|Unicode
[၁၇]|Zawgyi
[၁၈]|Unicode
[၁၈]|Zawgyi
[၁၉]|Unicode
[၁၉]|Zawgyi
[၂၀]|Unicode
[၂၀]|Zawgyi
[၂၁]|Unicode
[၂၁]|Zawgyi
[၂၂]|Unicode
[၂၂]|Zawgyi
Hello ❕

[၂]၊Zawgyi

3.6K 97 0
By KhaingMyelMyan


" အဟီးဟိ ယားလိုက်တာ .. ခြေထောက်ကို နှိပ်နေတာ ယားအောင်မနှိပ်နဲ့လေ ၊ သေချာ နှိပ်ပေးစမ်းပါ၊ Foot spa မှာ အလုပ်လာလုပ်ပြီး ဒါလေးတောင် ပြန်သင်ရဉီးမှာလား "

ညိုမြလွင်ဟာ မျက်လုံးကို မှိတ်လျက် ခြေထောက်အား အသေအချာထိတွေ့ပေးနေသော အထိအတွေ့လေးကြောင့် သက်တောင့်သက်သာ ဇိမ်ယူကာ တပြုံးပြုံးနှင့် စိတ်ကျေနပ်နေတော့သည် ။

" သခင်လေး .. ပုဆိုးကို အပေါ်နည်းနည်း ထပ်လှန်လို့ရမလား ပေါင်တံတွေကိုပါ နှိပ်နယ်ပေးရဉီးမလား "

မြလွန်းညိုဟာ မရင်းနှီးတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဩရှရှအသံကြောင့် မျက်လုံးကို ရုတ်တရတ် ဖွင့်လိုက်မိ၏ ။

" အာ့ .. ကျစ် !! "

မျက်လုံးဖွင့်ဖွင့်ချင်း ပတ်ဝန်းကျင်ကို မြင်ရဖို့နေနေသာသာ အဖြူရောင်အလင်းတန်းတွေက စူးရှစွာ မျက်လုံးအတွင်းဝင်လာ၍ ပြန်မှိတ်လိုက်ရ၏။ အခုမှ ညိုမြလွင် အမှတ်ရတော့သည်။ သူက Foot spa ရောက်နေတာမှ မဟုတ်ဘဲ ။ သူက ထရပ်ကားနဲ့အတိုက်ခံလိုက်ရတာလေ။ ဟို အောက်တန်းစားလေးပြောတဲ့အတိုင်း ထရပ်ကားနဲ့အတိုက်ခံရပြီး ဘ၀ကူးသွားတာ မဟုတ်ဘူးလား ။

ညိုမြလွင်ဟာ ထိုကလေကချေဖုန်းသရဲအကြောင်းတွေးမိတာနှင့် ဒေါသကြီးသူပီပီ ဒေါသစိတ်တွေ ငယ်ထိပ်ရောက်သွားရပြီး တောက်ခေါက်ကာ မချိတင်ကဲ ရေရွတ်လိုက်မိ၏။

" တောက် !! အောက်တန်းစားကောင် "

" မင်းပုံ မှားပါတယ် ၊ သခင်လေးရဲ့ ပေါင်တံကို ကိုင်တွယ်ခွင့်တောင်းမိတဲ့အတွက်
သေသင့်ပါတယ် ၊သခင်လေး ခွင့်မလွှတ်ပါနဲ့"

ညိုမြလွင်ဟာ မျက်လုံးကို ဖွင့်မရသေးသော်ငြား ဒုတ်ကနဲမြည်သွားတဲ့ ကြမ်းပြင်နှင့် အခြားအရာတစ်ထု ခပ်ပြင်းပြင်း ဆောင့်သံကြောင့် ထိုအမျိုးသားဟာ ဒူးထောက်လိုက်ကြောင်း မှန်းစမိ၏။

မျက်လုံးကို ခပ်ဖြည်းဖြည်းသာ ဖွင့်ကြည့်လိုက်တော့ မြင်ကွင်းမှာ အဆင်ပြေသွားသည်။ ပထမဉီးစွာ သူ့အနေနဲ့ ဒူးထောက်နေတဲ့ အမျိုးသားကို အကဲခတ်ကြည့်မိသည်။ ထိုအမျိုးသား၏ ပခုံးထက်တွင် ဆေးမင်ကြောင်ကဲ့သို့ အင်းကွက်များ အများအပြားရေးဆွဲထားပြီး အပေါ်ပိုင်းဗလာဖြင့် အောက်ပိုင်းတွင် နက်ပြာရောင် တိုင်းရင်းသားဘောင်းဘီ
ခပ်ပွပွကို ၀တ်ဆင်ထား၏။

ထိုသို့ဆိုလျှင် အခုနက သူ့ခြေထောက်ကို ပယ်ပယ်နယ်နယ် နှိပ်နယ်ပေးနေတာ ဒီအမျိုးသားပေါ့လေ ။ မျက်နှာအသွင်အပြင်သည် အတော်ချောသည့်အထဲပါပြီး အသားအရည်က ညိုလဲ့နေကာ ဗလတို့ကလည်း ခပ်တောင့်တောင့်ပင်။ ညိုမြလွင်က အကဲခတ်သလို ခန္ဓာကိုယ်အား အသေအချာ စေ့စေ့စပ်စပ်ကြည့်လိုက်မိပြီး သတိပြုကာမှ
ထိုအမျိုးသား၏ မျက်နှာအား တဖန်ပြန်
ကြည့်လေတော့ ညိုသောအသားအရည်သည်ပင် နီရဲလျက် ထိုအမျိုးသားသည်
ညိုမြလွင်ကို ရှက်ရွံ့နေသည့်ပုံပေါ်သည်။

ယောက်ျားအချင်းချင်းကိုများ ဘာရှက်စရာများရှိလို့ပါလိမ့် ။ သူ့မှာပါတဲ့အရာ ကိုယ့်မှာပါတာပဲဟာ ။ ၀မ်းဗိုက်ကြွက်သားတွေ ခြောက်ကွက်လောက်နဲ့ ၆ပေအရပ် ကျော်ကျော် ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေနှင့်ယောက်ျားတစ်ယောက်က အပျိုဖြန်းလေးလို ဘာတွေကို ထူးပြီး ရှက်ပြနေတာလဲ ညိုမြလွင် မသိပေ ။

ထိုအမျိုးသားကို အကဲခတ်ပြီးသည်နှင့်
ထိုအမျိုးသား နှိပ်နယ်ထားသော သူ၏ ခြေသလုံးထက်သို့ အကြည့်ရောက်သွားလေတော့ မနည်းဖွင့်ယူထားသော မျက်လုံးတွေဟာ ညဇီးကွက်တွေကို ပြူးကနဲဖြစ်သွားရ၏။

" ငါ့ရဲ့ အဖိုးတန်ခြေသလုံးမွှေးတွေ ဘယ်ရောက်သွားပြီလဲ !!!"

ညိုမြလွင်ရဲ့ ယောက်ျားပီးသသည့် ဂုဏ်ယူစရာ ခြေသလုံးမွှေး ခပ်ထူထူတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြီး
သူ့မြင်ကွင်းတွင် နေရာယူထားသည်က
ဖွေးဖွေးဥဥ ခြေသလုံးသွယ်သွယ်ကလေးပင်။ အခုမှ သူဝတ်ဆင်ထားသည့် အ၀တ်တို့အား စူးစမ်းမိတော့၏။ ပိုးချည်ပုဆိုးကို ဒူးလောက်အထိ မ,ထားပြီး ချည်နုနုလေးနှင့် တိုင်းရင်းသားအင်္ကျီ ပိန်းခရမ်းဥရောင်အား သူက ၀တ်ဆင်ထား၏။ ခေါင်းထက်သို့ စမ်းကြည့်လေတော့ သူ၏ ဆံပင် ဆေးဆိုးများ၍ ကြမ်းတမ်းနေသော ဆံပင်တို့အစား ခပ်နုနု ဆံသားပျော့ပျော့များအား စိတ်ကျေနပ်စရာကောင်းအောင် ထိတွေ့မိသည်။

သူ၏ လက်တို့အား အသေအချာကို ကြည့်မိလေတော့ သူ့အသားအရေက ယခင်ကထက်ပင် ချောမွတ်နေပြီး ဖြူကာဥနေကြောင်း သတိပြုမိသည်။ ဒီအရာတွေဟာ သူ့ပုံစံမဟုတ်။ သူက အမြဲတမ်း ယောက်ျားပီပီ
သသ ကြမ်းကြမ်းတမ်းတမ်းနေတတ်သူမလို့ ဖြူတဲ့ သူ့ အသားရေက ယခုလို နုဖက်၍တော့ မနေ။ ယခုက ဖြူဥရုံသာမက အသားအအရေမှာ နုနုဖက်ဖက်ကလေးဖြစ်ကာ ကြည်လင်၍ပင်နေတော့သည်။

ဒါဟာ လုံးဝကို သူမဟုတ်နိုင် ။

" မှန် .. မှန် ဘယ်မှာလဲ ငါ့ကို ယူပေး ၊
မဟုတ်ဘူး ရေ .. ရေကန် "

ဒူးထောက်နေသော အမျိုးသားအား မှန်ကို ယူလာပေးဖို့တောင်းလိုက်ပေမဲ့ သိချင်ဇောက ကပ်နေကာ စိတ်တွေလည်း မြန်နေ၍
မစောင့်နိုင်တော့ဘဲ အိမ်အပြင်သို့သာ ပြေးထွက်လိုက်ပြီး အိမ်ရှေ့ရှိ ဥယျာဉ်သဏ္ဍာန်မြေကွက်ထဲမှ ရေကန်အနားပြေးမိတော့၏။

အိမ်ကြီးသည် ရှေးအခါက လူချမ်းသာတို့ဆောက်လုပ်တတ်ကြသည့် အုတ်မြစ်ခံ ကျွန်းအိမ်ကြီးဖြစ်ပြီး ခြံဝန်းကြီးကလည်း အင်မတန်ကျယ်၏။ အိမ်ကြီးရှိ အချို့ အစိတ်အပိုင်းများကိုလည်း ရွှေရောင်ဆေးရည်များ သုတ်ထား၍ ​ခြုံငုံကြည့်လျှင် ဇာတ်ကားထဲတွင် မြင်နေတွေ့နေကျ နန်းတော်ကြီးများနှင့်ပင် တူသေး၏။

ရေကန်နားသို့ရောက်အောင် ​ပြေးနေရင်းမှ လမ်း၌ ရပ်လိုက်ပြီး ခြံကြီးအား အကဲခတ်လိုက်မိသည်။

မိမိအနောက်သို့ပြေးလိုက်လာသည့် ဒူးထောက်ခဲ့သော အမျိုးသားနှင့် အမျိုးသမီးအချို့ကြောင့် ညိုမြလွင်ဟာ ရေကန်ဆီသို့ အားသွန်ခွန်စိုက် ပြေးပြန်၏။ အိမ်နဲ့ ရေကန်ဟာ အတော်ကို ဝေးသည်ပဲ ။ ကျယ်လွန်းလိုက်တဲ့ ခြံကြီး ။

ရေကန်အနားရောက်သည်နှင့် အမောပင်မဖြေနိုင်။ သိချင်စိတ်ပြင်းပြကာ ရေကန်အတွင်းသို့ အလျင်အမြန် ငုံ့ကြည့်လိုက်မိ၏။

"What the fuck !!! စောက်ရမ်းလှတယ် "

ရေကန်ထဲမှ ပုံရိပ်သည် အမျိုးသားတစ်ယောက်၏ ပုံရိပ်ပင် ။ အသေအချာပြောရလျှင် သိပ်လှသည့် အမျိုးသားတစ်ယောက်။ သမင်မျက်လုံးလေးတွေဟု လူတွေတင်စားကြသည့် မျက်လုံးလေးတွေဟာ
ဒီအမျိုးသားရဲ့ မျက်လုံးတွေကို ရည်ညွှန်းလေသလား မသိ ။ နှာတံသည် ခပ်သွယ်သွယ်လေး စင်းနေလျက် ထိပ်တွင် လုံးလုံးလေးဖြစ်နေကာ အတော်ကြည့်ကောင်း၏။

ညိုမြလွင်ဟာ ထိုပုံရိပ်ထဲမှ အမျိုးသား ပြုံးလျှင် အတော်လှမည်မှန်း မှန်းစမိ၏။
ထို့ကြောင့် သွားတန်းလေးတွေပေါ်အောင်
ပြုံးကြည့်လိုက်မိသည်။

" Shittt!!! လှတယ်ဟ "

ပုလုံးလုံးတွေတွေ စီတန်းထားသလို ညီညာကာ ဖွေးဖြူနေသော သွားလေးတွေက အမြဲတစေ ထိုင်ငေးချင်စရာ ကောင်းလှသည်။ နှုတ်ခမ်းဖူးဖူးလေးဆွေဟာလည်းခပ်တွေတွေနှင့် အပိုင်သိမ်းထားချင်စရာပင်။

အံ့ဩသွားသည့် အတွက် အနည်းငယ် ပို၍
ဝိုင်းစက်သွားသော ရွဲလုံး ပုလဲလုံးလေးတွေစီခြယ်ထားသလို သမင်မျက်လုံးလေးများက တမူထူးကာ ကြည့်မ၀ချင်စရာ ။

ညိုမြလွင်လို ယောက်ျားလေးတွေကို စိတ်ဝင်စားမည့်အစား အသေသာခံလိုက်မည့်သူပင် ထိုသို့ ထိုပုံ မှတ်ချက်ချရလောက်သည်အထိ ခန္ဓာပိုင်ရှင်လေးက အလှကြီးလှ၍ နေလေသည်။

" သခင်လေး ဖိနပ်ပင်မစီးဘဲ ဘောက်မဲ့ကြောင့် ထပြေးသွားရတာပါလဲ ၊ မင်းကြီးလာရင်တော့ ကျွန်တို့အကုန် အဆုံးသတ်ခံရတော့မှပါ့ "

" ဘာ ! မင်းကြီး ?
အဟမ်း မင်းတို့ထဲက တစ်ယောက်ယောက်က လက်ရှိကာလ နိုင်ငံရေးအခြေအနေကို
တစ်ချက် ရှင်းပြပေး "

မင်းကြီးဆိုသည့် အသုံးအနှုန်းကြောင့်
ညိုမြလွင်ဟာ ခေါင်းကို ဆင်းနင်းခံရသလို ထူပူသွားရတော့သည်။ အခု အိမ်တွင်းအပြင်အဆင်တွေအရ ဒီနေရာဟာ ကြီးကျယ်ခမ်းနားတာဟုတ်ပေမဲ့ ရှင်ဘုရင်တွေ လာရောက်လောက်တဲ့ အနေအထားမျိုးတော့မဟုတ်။ ချမ်းသာ ကြွယ်ဝတဲ့ သူကြွယ်ဆိုတာလောက်ပဲ မဟုတ်လား ။ ဘာကို မင်းကြီးပါလိမ့်လေ။

သူကအမေးရှိလိုက်လေတော့ ကျုံ့ကျုံ့လေးရပ်နေကြသည့် အစေခံဟုထင်ရသော သူများထဲမှ သူစတွေ့ခဲ့သော အမျိုးသားက မသင်္ကာသလို သူ့အား အကဲခတ်လိုက်ပြီး အဖြေစကားဆိုတော့၏ ။

" အခုကက ဗမာပြည် လွတ်လပ်ရေးရပြီး အချိန်ကာလကြာမြင့်ပါပြီ ၊ သို့ပေမဲ့ ခေတ်သစ်အစိုးရက ပြန်လည်တည်ထောင်စဲကာလမှာ နယ်မြေတွေ ငြိမ်ဝပ်ပိပြားရေးအတွက် အကျင့်သမာဓိကောင်းမွန်တဲ့အရာရှိတွေကို မြို့ပိုင်၊နယ်ပိုင်၊အရေးပိုင် ဆိုပြီး ဆက်လက်နေရာချထားပေးပါတယ်၊
ဒါတွေက သခင်လေးလည်း သိပြီး မဟုတ်ပါလားလေ "

ညိုမြလွင်ဟာ ' အမလေး 'ပင် မတနိုင်တော့။ Time travel နဲ့ ၁၉ရာစုကိုရောက်လာပြီး အခြားသူခန္ဓာကိုယ်ထဲ ဝိညာဉ်ကူးပြောင်းလာရတာဟာ ယုတ္တိမရှိသည့် ဖြစ်ရပ်ဆိုပေမဲ့ လက်တွေ့ဖြစ်ပျက်နေပြီမို့ လက်မခံချင်၍လည်း မရ ။

တော်သေး၏ ။ ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ကူးပြောင်းလာတာဟာ အစေခံတစ်ယောက်ခန္ဓာကိုယ်ထဲ မဟုတ်ဘဲ အိမ်ကြီးရှင်တစ်ယောက်ဖြစ်နေလို့သာပေါ့။ မဟုတ်လျှင် သူ့လို လက်ကြောမတင်းပြီး တစ်သက်လုံးဟမိဘလုပ်စာ ထိုင်စားလာတဲ့ ဆန်ကုန်မြေလေး,လေးက သူများခန္ဓာကိုယ်ထဲမှာ ဘယ်လို ရှင်သန်ရမလဲ အခက်တွေ့နေဉီးမှာ။ အခုတော့ နဂိုနေနေကျအတိုင်း ဘော်ကြော့လေး ဆက်နေနေရုံပဲ ။

' အဟဲ .. မဆိုးပါဘူး ဘယ်ရောက်လာလာသခင်လေးဆက်ဖြစ်နေလို့ အနေ​ချောင်ဉီးမယ် '

" အဟမ်း "

ဟန်ပါပါဖြင့် ချောင်းလေးတစ်ချက် ဟန့်ကာ အစေခံများရှိရာ အကြည့်ပို့လိုက်တော့ အားလုံးက သတိအနေအထားဖြင့် သူ့အား မယုံသင်္ကာအကြည့်တို့ဖြင့် အထူးအဆန်း
ကြည့်နေကြသည်။ ဘာလို့ပါလိမ့် ။

' ငါ့သောက်ခွက်လေးက သောက်ရမ်းချောတာ သိပေမဲ့ အဲ့လောက်ထိတော့ ကြည့်မနေကြနဲ့လေကွာ ၊ချက်ကြောနဲ့ မှားဖြတ်ထားတဲ့ ရှက်ကြောတောင် ပြန်ပေါ်လာသလိုပဲ နေရခက်လိုက်တာ '

" သခင်လေး ကိစ္စအထွေအထူးမရှိရင်ဖြင့်
စံအိမ်တော်ပေါ် တက်ကြရအောင်းလားဟင်
မင်းကြီးပြန်လာမြှဖင့် အားလုံး အခက်တွေ့ကုန်ကြပါ့လိမ့်မယ် ၊ သခင်လေးလည်း
ဒီနေ့ပါ အစာလွတ်ရရင် ပြန်သတိမေ့သွားပါဉီးမယ်"

" ဘာ !! "

အစေခံများထဲမှ အမျိုးသမီးတစ်ဉီး ပြောလာသော စကားကြောင့် ညိုမြလွင်မှာ မယုံနိုင်ဖြစ်ရ၏။ ဘယ်မိဘက ကိုယ့်သားသမီးကို ဆုံးမရာမှာ အစာ အငတ်ထားသလဲလေ ။ အတော်အကြင်နာတရားမရှိတဲ့ လူပဲ ။

ဒီလောက်လှတဲ့ သားလေးရထားတာ တန်ဖိုးထားရကောင်းမှန်းမသိဘူး ။ တော်တော် ပစ္စည်းကောင်း မသိသူတွေ ။ ဒီချစ်စရာ ပါးဖောင်းဖောင်းလေးတွေ ချောင်ကျသွားရင် ဘယ်လောက်တောင် ရင်ကွဲစရာအဖြစ်လဲဆိုတာ မသိဘူးလား။

" ငါ့အဖေက အဲ့လောက်တောင် ရက်စက်သလား "

" ရှင် "
"ဗျာ "

မိမိမေးလိုက်သော စကားမှာ ဘာတွေများ အံ့သြစရာတွေ ပါနေလို့လဲ မသိ။ အလုံးစုံသော အစေခံ ယောက်ျားမိန်းမတို့ နှုတ်ဖျားမှ အာမေဍိတ်တို့က အလိုအလျောက် ထွက်ကျလာ၏။

သူမေးလိုက်တဲ့ မေးခွန်းဟာ ရိုးရိုးရှင်းရှင်းလေးပဲ မဟုတ်လား ။ အတော်ကို အကဲပိုတဲ့ လူတွေပဲ ။ သူ့ကို အထူးအဆန်းကြီးလို ကြည့်ပြီး သူတစ်ခုခုပြောလိုက်တိုင်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ တအံ့တဩဖြစ်နေကြ၏။

ဘာကြောင့်များပါလိမ့်လေ။ ယခင် ဒီခန္ဓာကိုယ်ပိုင်ရှင်က စကားမပြောတတ်တဲ့ အ,အလေးများ ဖြစ်နေခဲ့လို့လား။
ရိုးရိုးရှင်းရှင်းစကားလေး ပြောလိုက်တာကို အံ့ဩပြနေလိုက်ကြတာ ။ သောက်ပိုတွေ ။

စိတ်မသက်မသာ ဖြစ်စေသော အတွေးတို့ကြောင့် သူ့မျက်နှာလှလှလေးဟာလည်း
အသဲယားဖို့ကောင်းအောင် စူပုတ်ပုတ်လေးဖြစ်နေမည်မှာ အသေအချာပင် ။

နားထဲသို့ ဝင်လာသည့် ကားစက်သံ တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက်ကြောင့်
အကြည့်တို့က ခြံဝန်းကြယ်ကြီး၏ အ၀င်အ၀သို့ ပို့လိုက်မိ၏။

သူတင်မဟုတ် အစေခံများကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အပြာပြာအယာယာဖြစ်ကုန်တော့သည်။

" သခင်လေး အခုမှ စံအိမ်တော်ထဲ ပြေးမ၀င်ရင် မမှီနိုင်တော့ပါဘူး ၊ နောင်တမရချင်ပါနဲ့ သခင်လေးရယ် အချိန်ရတုန်းပြေးရအောင်ပါ ၊ ညစာ မလွတ်ချင်ဘူးမလားဟင် "

ထိုသို့​ပြောပြီးသည့်နှင့် သူ့ထက်ငါ အလျင်အမြန် ထိုနေရာမှ ပြေးသွားကြသော အစေခံတို့ကြောင့် သူကလည်း ဘာမှမသိပါဘဲ ဘုမသိ၊ဘမသိနှင့်သာ စံအိမ်တော်ရှိရာသို့ အစေခံများနှင့် လိုက်၍ ပြေးလိုက်မိသည်။

" အား ... သောက်လခွမ်းပဲ
ငါ့ခြေဖုဝါးနုနုဥဥလေးတွေတော့ သွားပါပြီ
ဘယ်လိုအဖေက ကိုယ့်သားသမီးကို
ဒီလောက် ရက်စက်ရတာလဲ !!!"

သူက ဒီခေတ်ကာလ အခြေအနေအရော အိမ်တော်ကြီး၏ အကြောင်းကို ဘာမှမသိ။ အစွန်းဆုံးအထိပြောရရင် သူ့ကိုယ်သူအကြောင်းတောင် ဘာမှ မသိ။ ဒါကြောင့် သူများပြေးလျှင် လိုက်ပြေးရမည်။ သူများရပ်လျှင် သူလည်း ငြိမ်ငြိမ်ကုပ်ကုပ်လေး လိုက်ရပ်ရမည်သာ ။

သို့ပေသိ သားသမီးကို အငတ်ထားတဲ့ အဖေဆိုတာကတော့ ဘယ်ခေတ်ကာလမှာဖြစ်ဖြစ် ရှုံ့ချသင့်သည်မလား ။

" ငါ-ိုးမ အဘိုးကြီး ဒီလောက် ချမ်းသာနေတာတောင် ကိုယ့်သားကို အစာအငတ်ထားရတယ်လို့ "

သူက ဒီအလှလေးမှမဟုတ်ဘဲ ။ အဲ့တော့
ထိုအဖေဆိုတာကလည်း သူ့အဖေမဟုတ်။
အဲ့တာကြောင့် သူ့ဗီဇအရ ဆဲချင်သလိုသာ ဆဲပစ်လိုက်သည်။

ခြံကြီးက အင်မတန်ကျယ်၍ ကားပုလေး အိမ်တော်ရှေ့မရောက်ခင် သူက အိမ်တော်ထဲသို့ ရောက်နှင့်၏။ စံအိမ်တော်ကြီးထဲ ကြိုရောက်နှင့်သော အစေခံအချို့က သူ့အား လက်ခုတ်လေး ခပ်ဖွဖွတီးပြကာ တော်ကြောင်း အသံတိတ် ချီးကျူးလေသည်။
သူကလည်း မျက်နှာချိုလေးသွေးဖို့ ပြုံးပြလျက် လက်မလေးပြန်ထောင်ပြလေတော့ အထူးအဆန်းကြည့်လာကြပြန်၏။

ထို့နောက် အစေခံအားလုံးက သူလုပ်ပြသလို လက်မလေးများ ထောင်ပြလာကြတော့သည်။ သို့သော်ငြား သူတို့အတွက်တော့ အထူးအဆန်းဖြစ်နေသလိုပင်။ လက်မထောင်ခြင်း၏ အဓိပ္ပာယ်ကိုလည်း သိပုံလည်း မပေါ် ။

ကားပုလေးက စံအိမ်ကြီးရှေ့သို့ ရောက်လာပြီး ကားပေါ်မှ လူတစ်ယောက်ဆင်းလာ၏။ ထိုလူသည် ကြည့်လိုက်ရုံနှင့် အထက်တန်းလွှာအဆင့်အတန်းအသွင်အသွင် ရနေပြီး ရုပ်ရည်ကလည်း သာမာန်ကာလျှံကာထက် သာလွန်ကာ ချောမောသည့်တန်းကို ဂုဏ်ထူးမှတ်နှင့်ပင် ၀င်နိုင်သေးသည်။

အရပ်မှာ အနီးနားရှိယောက်ျားများထက်ပင် သိသိသာသာရှည်နေပြီး ညိုမြလွင် ခန့်မှန်းရလျှင် ၆ပေကို သိသိသာသာပင် ကျော်၏။

အရပ်သာရှည်ပြီး ပိန်ပိန်သွယ်သွယ်
ယောက်ျားတစ်ယောက်ဟုထင်လျှင် အမှားကြီးမှားဉီးမည်။ ပထမဆုံး သူသတိထားမိသည်က ရှည်လျားသောအရပ်ဖြစ်ပြီးနောက် တစ်ပြိုင်နက် သတိမပြုမိဘဲ မနေနိုင်သော အချင်းအရာမှာ ခပ်ပြန့်ပြန့် ပုခုံးများ
နှင့် ရင်အုပ်ကျယ်ကျယ်ကြီးပင် ဖြစ်သည်။

အသားအရေသည် ဖြူလည်းမဖြူလွန်းသလို ညိုနေသည်လည်းမဟုတ်။ ၀င်းဝင်းဝါဝါလေးဖြစ်နေပြီး သဘောကျချင်စရာပင်။

' သောက်ကျိုးနည်း သဘောကျချင်စရာလို့ တွေးလိုက်မိတာလား ညိုမြလွင်
မင်းအဖေက ယောက်ျားကြီးဟ !! '

နောက်ပြီး အသက်အရွယ်အရဆိုလျှင် ထိုအမျိုးသားက သုံးဆယ်ကို အစွန်းထွက်ဖြင့် ကျော်နိုင်သည့် အရွယ်မျိုး ။ လက်ရှိ
သူ့ခန္ဓာကိုယ်ပိုင်ရှင်လေးရဲ့ အသက်ကတော့ အလွန်းဆုံးရှိလှ ၂၀လောက်တော့ ပြည့်ကောင်းပါရဲ့ ။ ဆိုတော့ ဒီလူက အလှလေးရဲ့ အဖေမဖြစ်နိုင်ဘူး ။ ဒါဆိုဘာလဲ ဉီးလေးများလား ။

ဉီးလေးဆိုတာကမှ ဖြစ်နိုင်ခြေရှိသေးသည်။
ဒါမှ မဟုတ် အဖေပဲလား ။ တစ်ချို့ဘဲကြီးတွေက ရှယ်ပလန်နဲ့ နုကြတာမလား ။ အရင်ခန္ဓာကိုယ်နဲ့သာဆို ငါကြီးလာရင် ဒီလူကြီးလို ကြည့်ကောင်းလောက်မှာပဲ။

အခုမှ ညိုမြလွင် သတိထားမိ၏။ ကားပေါ်မှာလည်း နောက်ထပ် လူတစ်ယောက်ပါလာသည်ပဲ။ သို့ပေသိ ထိုလူကတော့ ဗမာမဟုတ်။ မျက်လုံးပြာပြာတွေနဲ့ နိုင်ငံခြားတစ်ယောက်ပင်။

အလှလေးရဲ့ဉီးလေးက ဒီလိုခေတ်ကာလမှာ နိုင်ငံခြားသားတွေနဲ့ ပေါင်းသင်းဆက်ဆံနေတာဆိုတော့ အထက်တန်းလွှာဖြစ်ရုံတင်ပဲမဟုတ် အာဏာလည်းရှိမည့်ပုံ ။

ဘာပဲဖြစ်ဖြစ် ရထားတဲ့ မျက်နှာလှလှလေးကို အသုံးချပြီး လူတိုင်းရဲ့ အချစ်တော်လေးဖြစ်အောင်နေရမည် ။

အနေအစားချောင်းပြီး လူတကာအပေါ် ဗိုလ်ကျနိုင်ဖို့က အဓိကပဲမဟုတ်လား ။ သူ့ဗီဇက ဘောက်တိဘောက်ဆက် တဇောက်တိတဇောက်ကမ်း လူရိုင်းစိုင်းလေးပေမဲ့ ကိုယ်မသိကိုယ်မတတ်တဲ့ အရပ်ဒေသမှာတော့ မျက်နှာချိုသွေးပြီး လူတကာကို ကပ်ဖားထားမှ တော်ကာကျမည်လေ ။

သူလို အရိုင်းအစိုင်းလေးကလည်း ရေလိုက်ငါးလိုက် နေတတ်တာပါပဲ ။
ညိုမြလွင် ညဏ်ကောင်းတယ်ဆိုတာ အလကားမှ မဟုတ်တာ ။

" ဘယ်လိုအညတရပဲ ဖြစ်စေဉီး ရွှေပင်ပေါ် နားတော့လည်း ရွှေကျေးဖြစ်လာတာပဲမလား၊ ဒါပေမဲ့ မင်းရဲ့ အောက်တန်းလွှာက စရိုက်တွေက အခုထိ ကွာမကျသေးပါလား ဟမ် ! သူစိမ်းယောက်ျားမြင်တာနဲ့ အကြည့်
မခွာနိုင်ဘူးပေါ့ ကျေးညို "

' ငါ-ိုးမ ဘဲကြီး -ီးလိုတွေလာပြောတာလား
မနောပျက်အောင် .. ငါ့လက်သီးစာကျွေးလိုက်ရ ! '

" ကျွန်တော် သူများကို မကြည့်ပါဘူး
ဉီးကိုပဲ ကြည့်နေတာလေ ၊ မမြင်တာလား
ဟွန့်"

အသဲယားဖို့ကောင်းအောင် အောက်နှုတ်ခမ်းလေးကို တမင်ထော်ကာပင် ဟွန့်ကနဲ မြည်အောင် ဆောင့်အောင့်ပြလိုက်ပေမဲ့ စိတ်ထဲတွင်တော့ ဒီလူကြီးရဲ့ ကော်လံစကို သူကိုင်ဆွဲကာ လက်သီးနှင့် မျက်နှာအား ဉီးစွာပထမ မိတ်ဆက်ပေးချင်နေမိတော့၏ ။

[A:N/ Sat.Oct22.2022]

Continue Reading

You'll Also Like

111K 12.6K 38
ဟိုဘက်အိမ်ကကောင်လေးများ Collection (1)
284K 10.4K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
166K 2.7K 21
"Chat don't look" ladybug said weakly. "M'lady your badly hurt!" "Turn around!" Ladybug said as her earrings were flashing. Chat turned around with h...
774K 4.4K 21
A Girl In a Boy group well that's not how it's supposed to be Right.........