Unicode
သူက တစ်ဖက်သားအား တင်းမာသည့် သဘောထားဖြင့် တွန်းထုတ်လိုခြင်းမရှိပေ။ ထို့ကြောင့် သူအေးအေးဆေးဆေး သာ မေးလိုက်သည်။
"မင်း သူနဲ့ အလုပ်တွဲလုပ်နေတာလား? ဘယ်တုန်းကလဲ? "
"ကျောက်စိမ်းဒီဇိုင်းအတွက် လုကျောက်အန်းနဲ့ ပူးပေါင်းဖို့ သဘောတူထားတာ။"
ရှီယွင်နန်မှာ လော့လင်းရှန်း မျက်မှောင်ကြုတ်နေသည်ကို တစေ့တစောင်း မြင်လိုက်ရတာကြောင့် သူရက်အတော်ကြာအောင် ထိန်းထားခဲ့သည့် ရွှန့်နောက်နောက် အပြုအမူလေး ပြန်ပေါ်လာတော့သည်။ "အခုကစပြီး နေ့တိုင်း အတူတူ တွဲလုပ်ရမှာမို့ ကျေးဇူးပြုပြီး ဘောင်ကျော်ပြီး နောက်ထပ်မေးခွန်းတွေ ထပ်မမေးပါနဲ့ မစ္စတာလော့။ ကျွန်တော်ရဲ့ အပေါင်းအသင်းနဲ့ အလုပ်ကြားမှာ ဝင်မစွက်ဖက်ပါနဲ့။ "
"..."
ဘောင်ကျော်တယ်၊ ဝင်စွက်ဖက်တယ်?
ထိုစကားတွေဟာ လော့လင်းရှန်းကို တကယ်ပဲ အံ့အားသင့်သွားစေတော့သည်။ အာဏာရဖို့ ကြိုးပမ်းတုန်းက ဘယ်လိုကောက်ကျစ်တဲ့ အစီအစဉ်တွေနဲ့ ကြုံခဲ့ရ ကြုံခဲ့ရ၊ သူ့ရှေ့က လူရဲ့စကားတွေနဲ့တော့ ယှဉ်လို့မရနိုင်။
'ကိုယ် စိုက်တဲ့အသီး ကိုယ်ပြန်ရိတ်သိမ်းရတယ်'
လော့လင်းရှန်းတစ်ယောက် အခုမှပဲ ဒီစာကြောင်းရဲ့ တကယ့် အဓိပ္ပါယ်အမှန်ကို နားလည်သွားတော့သည်။
ရှီယွင်နန် လှည့်ပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ လော့လင်းရှန်းရဲ့ သတိပေးတဲ့ စကားကို ကြားလိုက်ရသည်။ "နေအုံး၊ မင်းအပြင်သွားရင် မင်းကုတ်အင်္ကျီ ဝတ်သွားဖို့ မမေ့နဲ့လေ။"
အင်ပါယာမြို့တော့မှာ အုံ့ဆိုင်းပြီး မိုးရွာသည့်နေ့ဆို ရာသီဥတုက နည်းနည်းအေးလာတတ်သည်။
လော့လင်းရှန်းက ရှီယွင်နန်ရဲ့ ပစ္စည်းများကို ကမ်းပေးနေရင်း တုံ့တုံဆိုင်းဆိုင်းနဲ့ မေးလိုက်သည်။
"အလုပ်က ဘယ်မှာလဲ? ပြန်လာရင် လာကြိုဖို့ တစ်ယောက်ယောက် လွှတ်ပေးရမလား?"
"မလိုပါဘူး မစ္စတာလော့။"
အထူးသဖြင့် ရှီယွင်နန်က မစ္စတာလော့ဆိုတဲ့ အခေါ်အဝေါ် ကို ပိုဖိပြောလိုက်သည်။
"..."
လော့လင်းရှန်း ဘာပြောရမှန်းမသိတော့။
သူက အမြဲတမ်း ရင့်ကျက်ပြီး တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် ပထမဆုံး အကြိမ်အနေနဲ့ အဲ့နေ့က လေ့ကျင့်ရေးခန်းထဲကို သူပြန်ရောက်ချင်မိလေသည်။ ရှီယွင်နန်ကို နာကျင်စေခဲ့တဲ့ စကားလုံးတွေကို ပြန်သိမ်းနိုင်ဖို့ သူမျှော်လင့်နေမိသည်။
ရှီယွင်နန်ကတော့ လော့လင်းရှန်းရဲ့ ဝမ်းနည်းပက်လက် မျက်နှာကြီးကို မြင်သောအခါ သူ့နှုတ်ခမ်းထောင့်လေးတွေ အမြန် ကွေးတက်သွားတော့သည်။
သူရဲ့ ခုနက အောက်ထပ်ကို ဆင်းလာတုန်းက ထုံမှိုင်းနေသည့် ပုံစံနဲ့မတူဘဲ ပိုသွက်လက်ပြီး တက်ကြွသည့် ခြေလှမ်းတွေနဲ့ လော့အိမ်တော်ကနေ ထွက်သွားလိုက်သည်။
လော့လင်းရှန်းကတော့ တံခါးကနေဖြတ်သွားသည့် ရှီယွင်နန်ရဲဲ့ နောက်ကျောလေးကို မတတ်သာစွာ ကြည့်နေမိရင်း၊ သူ့စိတ်ထဲမှာတော့ တစ်ဖက်လူရဲ့ ဒီရက်ပိုင်း သူ့ကိုဆက်ဆံပုံတွေနဲ့သာ ပြည့်နှက်နေပြီး သူ့နှလုံးသားထဲတွင် မကောင်းတဲ့ ခံစားချက်တွေနဲ့သာ ပြည့်နှက်နေတော့သည်။
နှစ်ယောက်သား သဘောတူထားရှိသည့်နေကစပြီး၊ ရှီယွင်နန်က အရင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို အမြဲနီးအောင် စခဲ့သည်။
ဒါမယ့် အခုတော့၊ တစ်ဖက်သားက နည်းနည်းလေးတောင် လှည့်မကြည့်ဘဲထွက်သွားခဲ့သည်။ သူ့ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိနဲ့ ရင်ဆိုင်လာရတဲ့အခါ၊ သူ့စိတ်ထဲက ရင့်ကျက်နေတဲ့ ရည်ရွယ်ချက်တွေဟာ သဲလုံးတစ်လုံးမျှသာ ဆိုတာ သူနားလည်လိုက်သည်။
သူ သူ့ရှေ့က လူကို ဖမ်းဆွဲထားချင်တယ်။
အစကနေ အဆုံးထိ ဒီအတွေးတွေဟာ သူနဲ့အတူရှိနေခဲ့တယ်။
" ချင်ကျန်း။" လော့လင်းရှန်း မျက်မှန်ကို ချွတ်လိုက်ပြီး ကိုက်ခဲနေသော မျက်လုံးများကို ပွတ်သပ်ကာ အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်သည်။
ချင်ကျန်း အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။
"ယွင်နန်နဲ့ လုကျောက်အန်း အလုပ်လုပ်တဲ့နေရာကို ရှာလိုက်။ အသေးစိတ် စုံစမ်းထားလိုက်။ ညနေ ငါ သူ့ကို သွားကြိုမယ်။"
"နားလည်ပါပြီ၊ ခေါင်းဆောင်။" ချင်ကျန်း အများကြီး စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
...
လုကျောက်အန်းမှာ တည်တည်တံ့တံ့နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူဖြစ်သည်။
အခုတွင်၊ သူက ရှီယွင်နန်အပါအဝင် အခြားနာမည်ကြီး ဒီဇိုင်နာများနဲ့ ပူးပေါင်းရန် ဆုံးဖြတ်ထားတာကြောင့်၊ ဒီဇိုင်နာများ နေ့စဉ်အလုပ်လုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် လင်းလုံစျေးအနီးတွင် သေသပ်စွာ ပြင်ဆင်ထားသည့် ရုံးခန်းကို ငှါးပေးထားသည်။
သေချာပေါက် ဒီရုံးခန်းမှာ မဖြစ်မနေလိုအပ်တာမဟုတ်သော်ငြား
ကျောက်စိမ်းဈေးနဲ့ နီးတာကြောင့် ဒီဇိုင်နာများ နမူနာရန် အဆင်ပြေလှသည်။
ရှီယွင်နန်သည် ရုံးခန်းကို အကျဉ်းချုံးလေ့လာကြည့်လိုက်သည်။
"ဝင်ပေါက်မှာ မင်းရဲ့လက်ဗွေရာကို စကားဝှက်ထားထားပါတယ်။ နောက် လိုအပ်ရင် အချိန်မရွေးလာလို့ရတယ်။ "
"ကောင်းပါပြီ။"
"ယွမ်မိသားစုစက်ရုံနဲ့ ကျောက်စိမ်းဂိုဒေါင်ကို ခေါ်သွားပေးရတော့မလား? ဒီ လင်းလုံစျေးနောက်မှာပါပဲ။"
စျေးကို စတင်တည်ထောင်ချိန်တွင် ယွမ်မိသားစုက "မြေပိုင်ရှင်" ဖြစ်နေတာကြောင့် သူတို့ကိုယ်ပိုင်စက်ရုံများကို တမူထူးတဲ့ မြေနေရာတွေမှာ နေရာချထားသည်။
နှစ်ယောက်သား ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ယွမ်ကျောက်စိမ်းစက်ရုံသို့ ရောက်လာကြသည်။
"အင်ပါယာမြို့တော်မှာ ယွမ်မိသားစုစက်ရုံနှစ်ရုံရှိပါတယ်။ အကြီးတစ်ခု၊ အသေးတစ်ခုပေါ့။ အကြီးကိုကြ ပြန်မွန်းမံတာတို့၊ ဖြတ်တောက်ဖို့ အတွက်သုံးတယ်။ အသေးကိုတော့ အရည်အသွေးမြင့်မြင့် ထွင်းထုနိုင်ဖို့ အတွက်သုံးတာပါ။ ပြီးတော့ တခြားမြို့နယ်အသီးသီးက ကျောက်စိမ်းဈေးတွေမှာလဲ ကျောင်းစိမ်း ပန်းပု စတူဒီယိုအခွဲတွေ ဖွင့်ထားပါတယ်။ "
ခြွင်းချက်မရှိ၊ "ယွမ်" ဆိုင်းဘုတ်ပါသည့် ဆိုင်များမှ ရောင်းချသော ကျောက်စိမ်းအဆင်တန်ဆာများသည် အခြေခံအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ထုတ်ကုန်များဖြစ်ကြသည်။ တကယ့်လို့ သူတို့ရဲ့ ကိုယ်ပိုင်ကျောက်စိမ်းရိုင်းများသာ ပစ္စည်းကောင်းများကိုထုတ်လုပ်နိုင်လျှင်၊ ပထမဆုံး ဦးစားပေးမှာ သူတို့ ရဲ့ ကျောင်းစိမ်းပန်းပုဆရာများအတွက်သာဖြစ်သည်။
ရှီယွင်နန်က ကျောက်စိမ်းပုတီးစေ့များကို ပွတ်တိုက်နေသည့် အလုပ်သမားဆရာများကို ကြည့်ရင်း မေးလိုက်သည်။
"ဒါက လုံမိသားစုအတွက် ပုတီးစေ့တွေလား?"
"ဟုတ်ပါတယ်။"
ပြောပြီးသည်နှင့် တဖက်မှ အသံကျယ်ကျယ်ထွက်လာတော့သည်။
"ရှီယွင်နန်၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲ?"
ရှီယွင်နန် အသံပိုင်ရှင်ကို ချက်ချင်းမှတ်မိကာ ဘေးသို့ လှမ်းကြည့်လိုက်သည်။
ဟုတ်ပါတယ်၊ ဒါက ယွမ်ရွေ့ပါ။
တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာတော့ ယွမ်ရွေ့မျက်နှာပေါ်ရှိ ဒဏ်ရာတွေမှာ ပျောက်သွားလေပြီ။ အခုတော့ သူ့အမြင်တွင် ထိုသူပုံစံမှာ တောက်ပပြီး တက်ကြွနေသည်။
"ရှောင်ရွေ့၊ ရှီယွင်နန်က ငါတို့ ကျောက်စိမ်းစတူဒီယိုရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ။" လုကျောက်အန်းက ရှင်းပြလာသည်။ "အလုပ်နဲ့ ပတ်သတ်တာတွေပြမလို့ ဂိုဒေါင်ကို ခေါ်လာတာ။"
ယွမ်ရွေ့ကတော့ လုကျောက်အန်းအပေါ် အမြင်မကြည်သည့် သဘောထား ရှိနေသေးသည်။ သူက မယုံကြည့်သည့် မျက်လုံးများနှင့် ရှီယွင်နန်ပြန်လှည့်လာကာ
"မင်းလည်း ကျောက်စိမ်းဒီဇိုင်း အကြောင်းသိတယ်ပေါ့။"
ဒါမယ့် ရှီယွင်နန်ဆိုတာ နိုင်ငံခြားမှာ အပျော်ရှာ၊ သောက်စားပျော်ပါးပြီး ၊ အသုံးဝင်တဲ့ အရည်အချင်း မရှိတဲ့သူ မဟုတ်ဘူးလား?
ရှီယွင်နန် မျက်ခုံးပင့်ကာ "ငါ့မှာ ဗဟုသုတအသင့်အတင့်တော့ ရှိပါတယ်။ ယွမ်သခင်လေးက ငါ့ကို သံသယဝင်တာလား?"
"အဲ့လို ပြောတာမဟုတ်ပါဘူး။" ယွမ်ရွေ့ ချက်ချင်း ငြင်းလိုက်သည်။
ရှီယွင်နန်ဆီက လုံလုံလောက်လောက် ခံခဲ့ပြီးပြီမို့ သူ့ပါးစပ်ကို ပိတ်ထားရမယ်လေ။ သူဒီတွင်းထဲကိုပဲ သုံးကြိမ်တိုင်တိုင် ကျလို့မဖြစ်ဘူး။
လုကျောက်အန်းဖုန်း ရုတ်တရက် ထမြည်လာပြီး နောက် မကြာခင်တွင် သူ့မျက်နှာမှာ လေးနက်သွားတော့သည်။
ခိုးကြည့်နေတဲ့ ယွမ်ရွေ့လည်း သူ့မျက်နှာချက်ချင်း ပြောင်းသွားကာ လုကျောက်အန်း ဖုန်းချသည်နှင့် သူကမေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
"လင်းခရိုင်က ကျောက်စိမ်းစတူဒီယိုမှာ တစ်ခုခုဖြစ်နေလို့၊ အမြန် သွားဖြေရှင်းရမယ်။" လုကျောက်အန်း ရှီယွင်နန်ကို တောင်းပန်လိုက်သည်။ " မစ္စတာရှီ နောက်နေ့မှပဲ..."
"နောက်နေ့ ဘယ်နေ့လဲ? ရှီယွင်နန်က ရောက်နေပြီကို။ မင်းမှာ အချိန်မရှိရင် လိုက်ပြပေးဖို့ ဘာလို့ တခြားလူကို မပြောလဲ?" ယွမ်ရွေ့ သူ့စကားကို သူဖြတ်ပြောလိုက်သည်။
ရှီယွင်နန် ထိုစကားကိုကြားတော့ အပြုံးလေးနဲ့ မေးလိုက်လေသည်။ "ယွမ်သခင်လေးက ကျွန်တော့ကို လိုက်ပြပေးဖို့များ ရည်ရွယ်ထားတာများလား?"
ထိုစကားကိုကြားသောအခါ လုကျောက်အန်းက ယွမ်ရွေ့ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
ယွမ်ရွေ့ နှစ်ခါလောက် လုပ်ချောင်းလေးဆိုးလိုက်ပြီး ပြန်ပြောလိုက်သည်။ "ငါလိုက်ပြပေးမယ်။ ငါ့အဖေ ငါ့ကို ဒီမှာ ပိတ်ထားလို့ ဘယ်မှ သွားလို့မှမရတာ။"
ယွမ်ရွေ့မှာ ယွမ်ဖုကွမ် ဒဏ်ခပ်တာခံနေရသည်။ ယွမ်ကျောက်စိမ်းစက်ရုံမှာ တစ်ရက် ခြောက်နာရီကြာ အလုပ်လုပ်ပြီး မုန့်ဖိုးနည်းနည်းလေးနဲ့ လဲလှယ်နေရသည်။
တနေ့တခြား သူ့လက်ထဲကနေ ကျောက်စိမ်းပန်းပုကို မချနိုင်တာကြောင့် စိတ်ပျက်နေမိလေသည်။
အဲ့တော့ တခြားလုပ်စရာရှာတာ ပိုကောင်းပါတယ်လေ။
လုကျောင်အန်းက ကြုံတောင့်ကြုံခဲ ပြုံးပြလာကာ "မစ္စတာရှီ၊ ယွမ်ရွေ့ကို လိုက်ပြခွင့်ပေးလိုက်ပါ။ သူက ကျောက်စိမ်းအကြောင်း အကုန်သိသလို၊ အရမ်းလဲ ကျွမ်းကျင်တယ်။ "
ဒီချီးကျူးစကားလေးကြားတော့ ယွမ်ရွေ့ပြုံးသွားမပေမယ့်လဲ သူ့ရဲ့ အရင်မျက်နှာထား မပျော်မရွှင်ဘော့စ်ပုံစံ ပြန်ပြောင်းလိုက်သည်။
ရှီယွင်နန်ကတော့ ဘယ်လိုမှမနေပါ။ ယွမ်ရွေ့မရှိရင်တောင် သူကကျောက်စိမ်းကို လေ့လာဖို့ရောက်လာတာပဲလေ။
လုကျောက်အန်း ထွက်သွားပြီးနောက် ယွမ်ရွေ့ကတည့်တည့်မတ်မတ် ရပ်လိုက်ကာ "ဒီကိစ္စကို... .ငါနဲ့သာ လိုက်ခဲ့တော့။ ဒီသခင်လေးက မင်းရဲ့ ဗဟုသုတကို ပိုကြွယ်ဝအောင် ကူညီပေးမယ်။"
လမ်းအနည်းငယ်ကိုဖြတ်ကျော်လာပြီးနောက် ရှီယွင်နန်တစ်ယောက် ယွမ်ရွေ့ရဲ့ စရိုက်ကို ပိုပိုနားလည်လာသည်။
သူကိုယ်တိုင် ယွမ်ကျောက်စိမ်းဂိုဒေါင်ကို လိုက်ပြမယ်လို့ ပြောခဲ့တယ်။ တကယ့်ကို လေးလေးနက်နက် စိတ်ရင်းစေတနာနဲ့ပင်။
စက်ရုံကို နောက်ဘက်သို့ ထပ်မံတိုးချဲ့ထားပြီး၊ ကျောက်စိမ်းများအား သိုလှောင်ရန် ဂိုဒေါင်ငါးလုံး ဆောင်ထားသည်။ အခန်းများမှာ ကျယ်လှပြီး တစ်ခုနဲ့ တစ်ခုမှာ ချိတ်ဆက်ထားသည်။
ကျောက်စိမ်းလုပ်ငန်းရဲ့ ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအနေဖြင့် ယွမ်မိသားစုပိုင်ဆိုင်သည့် ထိပ်တန်းကျောက်စိမ်းအရေအတွက်မှာလည်း ခြွင်းချက်မရှိ အံ့ဩစရာပင်။
ယွမ်ရွေ့က ကျောက်စိမ်းမိသားစုမှလာတာဖြစ်မှတော့၊ သူက ယွမ်ရွေ့အား ဒီကိစ္စပေါ်မှာ ယုံကြည်ထားသည်။
သူက မရပ်မနား၊ ဂိုဒေါင်ငါးခုကို မိတ်ဆက်ပေးခဲ့သည်။ ကျောက်စိမ်းအပိုင်းအစတစ်ခုစီကို သေသေချာချာ ရှင်းပြပေးလာတာကြောင့် ရှီယွင်နန်တစ်ယောက် ဗဟုသုတများစွာရရှိခဲ့သည်။
သူ့ကို မချီးကျူးဘဲ မနေနိုင်တော့။
" သခင်လေးယွမ်က ကျောက်စိမ်းအကြောင်း တော်တော်သိတာပဲနော်။ အရမ်းတော်တာပဲ " ရှီယွင်နန်က သူ့ကို စိတ်ရင်းနဲ့ ချီးကျူးလိုက်သည်။
ဒီချီးကျူးသံလေးကိုကြားတော့ ယွမ်ရွေ့က ဂရုမစိုင်ဟန် ဟန်ဆောင်ပေမယ့်လဲ သူ့မျက်နှာလေးမှာ ဂုဏ်ယူနေတော့သည်။ "ပိုသိတော့ကော ဘာထူးမှာလဲ? ငါအဖေမျက်လုံးထဲမှာတော့ ဒါက ဘာမှ မဟုတ်သေးဘူး။ သူ့မျက်လုံးထဲမှာ လုကျောင်အန်းလို ကျောက်စိမ်းပန်းပုပညာရှင်တစ်ယောက်ပဲမြင်တာ။"
တခါတလေ ယွမ်ရွေ့မှာ မိဘမဲ့ဂေဟာမှ မွေးစားခံရတဲ့သူမှာ လုကျောက်အန်းမဟုတ်ဘဲ သူများလားလို့တောင် ထင်မိသည်။
နှစ်လပေါင်းများစွာ အနှိမ်ခံလာရပြီးနောက် အပြင်လူမပြောနဲ့၊ ယွမ်ရွေ့ကိုယ်တိုင်တောင်မှ လုကျောင်အန်းလောက်ဦးစားမပေးခံဘူးလို့ ယုံကြည်ထားသည်။
ရှီယွင်နန်မှာ ယွမ်ရွေ့မျက်နှာပေါ်က အထီးကျန်အရိပ်အယောင်လေးကို မြင်တော့ သူအိပ်မက်မက်ခဲ့သည့် မူရင်းစာအုပ်ရဲ့ အဆုံးသတ်ကို ရုတ်တရက်သတိရလိုက်မိသည် ။
ရှီးခဲယွဲ့ရဲ့ ဦးဆောင်မှုအောက်တွင်၊ ယွမ်ရွေ့က ယွမ်ကျောက်စိမ်း လုပ်ငန်းကို ရှေ့တန်းကနေ တိုးတက်အောင်လုပ်ခဲ့ပြီး၊ မိသားစုစီးပွါးရေးကိုချောချောမွေ့မွေ့ အမွေဆက်ခံခဲ့သည်။
"မင်း ဒီရက်ပိုင်း ရှီးခဲယွဲ့နဲ့ ဆက်သွယ်ဖြစ်သေးလား?"
"ဘာလို့မေးတာလဲ? မင်းနဲ့ သူက မိသားစုလေ။ သူ့အကြောင်းကို ဘာလို့ငါ့ဆီကနေ သိချင်တာလဲ? "
ယွမ်ရွေ့က သူ့သူငယ်ချင်းနာမည်ကိုကြားသောအခါ ချက်ချင်း သတိအနေထားဖြစ်လာသည်။
ရှီယွင်နန် ဘာပြောရမှန်းမသိတော့။ "ဘာတွေ ကြောက်နေတာလဲ? ငါက မင်းကို စားမှာ ကြောက်နေတာလား? ဒါမှမဟုတ် သူ့ကို စားမှာ ကြောက်နေတာလား?"
"ဘယ်သူက ကြောက်တယ် ပြောလို့လဲ?" ယွမ်ရွေ့မှာ စကားတွေတောင် ထစ်လာတော့သည်။ "ဒါမယ့် ဒီကြားထဲ မကောင်းတဲ့ ကိစ္စတွေ ဖြစ်သွားတယ်။"
အလှကုန်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားသည့် ငွေတွေဟာ အချည်းနှီးဖြစ်သွားပြီး၊ ဆက်တိုက် အရှုံးပေါ်ကာ သက်ဆိုင်ရာများက သူ့ကို စုံစမ်းစစ်ဆေးရန် ခေါ်သွားသည်ကိုပင် ခံခဲ့ရသည်။
ဒီကိစ္စဟာ လူအိုကြီးရှီကို ထိတ်လန့်သွားစေပြီး တစ်ဖက်လူက သူ့အားအိမ်ပြန်ခေါ်လာနိုင်ရန်၊ အဆင်အသွယ်တွေ သုံးခဲ့ရသည်။ ထို့နောက် တံခါးပိတ်ပြီး အကြီးအကျယ် ပြစ်တင်ဝေဖန်တော့သည်။
ယွမ်ရွေ့ကတော့ ရှီးခဲယွဲ့ရဲ့ အခြေအနေကို သိရှိခဲ့ပြီး ရှီယွင်နန်အပေါ်မှာရှိတဲ့ သူ့သဘောထားကိုလည်း ပြောင်းလဲခဲ့သည်။ သို့သော် ဒီနှစ်ခုက မတူပါ။ သူက သူ့သူငယ်ချင်းရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကို ရှီယွင်နန်နဲ့ မမျှဝေနိုင်သေးပေ။
ရုတ်တရက် ခြေသံကြားလိုက်ရတာကြောင့်
နှစ်ယောက်စလုံးသည် ဘေးကိုလှမ်းကြည့်ရာ ပြောနေတဲ့သူရောက်ချလာလို့ မအံ့ဩဘဲမနေနိုင်တော့။
ကျောက်စိမ်းထွင်းသူ တစ်ယောက်ကခေါ်လာတာကြောင့်၊ မမြင်တာကြာသည့် ရှီးခဲယွဲ့က တံခါးဝမှာ ရုတ်တရက် ပေါ်လာသည်။
သုံးယောက်သား ဆုံလိုက်သည့်အခါ လေထုမှာ ချက်ချင်း အေးခဲသွားသည့်ပုံပင်။
"ခဲယွဲ့ မင်းဘာလို့ဒီရောက်နေတာလဲ?"
ယွမ်ရွေ့က သူ့သူငယ်ချင်းနား လျှောက်သွားလိုက်ပေမယ့်လည်း သူ့မျက်လုံးများကတော့ ရှီယွင်နန်ကို မကြည့်ဘဲ မနေနိုင်ပေ။ သစ္စာဖောက်ထားသလိုမျိုး အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။
သူဟာ သူ့သူငယ်ချင်း ရှီးခဲယွဲ့ကို သစ္စာဖောက်ပြီး ရှီယွင်နန်နှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ထားသည့် အလားပင်။
"မင်းအခုချိန်၊ ကျောက်စိမ်းစက်ရုံမှာ မင်းအဖေပိတ်ထားတာခံရလို့ ပျင်းနေပြီလို့ မင်းပြောထားတယ်မလား? အလုပ်ဆင်းတာနဲ့ မင်းကိုလာတွေ့တာ။ ငါပြောချင်တာလေးလဲ ရှိလို့။"
ရှီးခဲယွဲ့က ပြောပြီးသည်နှင့် ရှီယွင်နန်ဆီ စိုက်ကြည့်လာကာ "ဒါမယ့်၊ ယွင်နန်လည်း ဒီရောက်နေမယ်လို့ မထင်ထားဘူး။"
ရှီယွင်နန် ဘာမှ ပြန်မပြောဘဲ ပြုံးသာပြုံးလိုက်သည်။
သူတို့နှစ်ဦးမှာ ခြွင်းချက်မရှိ ရန်သူများဖြစ်ကြပြီး အခုချိန်တွင် သဘောကောင်းချင်ယောင်ဆောင်ရန် မလိုအပ်ပေ။
ယွမ်ရွေ့မှာ သူတို့နှစ်ယောက် မပြေလည်မှန်း သိသော်လည်း နိုက်ကလပ်မှာ ပထမဆုံးဆုံတုန်းကလို ရှီးခဲယွဲ့ကိုပဲ အသားကုန် မျက်နှာသာ ပေးမည်မဟုတ်။
"ငါ အလုပ်တွေအရမ်းရှုပ်နေလို့ အချိန်တောင် မကြည့်မိလိုက်ဘူး။"
ယွမ်ရွေ့က ရှီးခဲယွဲ့ပခုံးပေါ် လက်တင်လိုက်ပြီးစကားလမ်းကြောင်းလွှဲလိုက်သည်။ "သွားစို့၊ ခဲယွဲ့။ ငါမင်းကို အစားကောင်းလေးလိုက်ကျွေးမယ်။ မင်းမှာ ပြောစရာရှိတယ်ဆို?"
သူစကားပြောပြီးနောက်၊ ရှီးခဲယွဲ့ ဝင်ပြောဖို့ အချိန်မပေးဘဲ၊ ရှီယွင်နန်ကို ကြည့်လိုက်သည်။
"မင်းသွားတော့မှာလား? လင်းလုံဈေးအတိုင်းငါတို့ ကျောက်စိမ်းစက်ရုံလည်း ခြောက်နာရီဆို ပိတ်တယ်။"
"မင်းတို့ သွားကြပါ။၊ ငါဘာသာ ဆက်လေ့လာချင်သေးတယ်။"
ဂိုဒေါင်တစ်ခုစီကို စောင့်ကြပ်ထားပြီး အပြင်ဘက်တွင်အချိန်တန်တာနဲ့ တံခါးသော့ခတ်ရန် တာဝန်ရှိသည့် အလုပ်သမားများလည်း ရှိနေသည်။ ထို့အပြင် ရှီယွင်နန် စရိုက်အရ ခွေးတစ်ကောင်လို ခိုးကြောင်ခိုးဝှက်လျှောက်ကြည့်နေမှာမဟုတ်။
"ကောင်းပြီလေ။"
ယွမ်ရွေ့က တခြားပြဿနာများကိုရှောင်ရန် သူတို့နှစ်ဦးကို ခွဲထုတ်လိုသောကြောင့် အလွယ်တကူပဲသဘောတူလိုက်သည်။
ရှီးခဲယွဲ့က သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တိတ်တဆိတ် သတိပြုမိသွားပြီး ရှီယွင်နန်အပေါ် မှောင်မိုက်စွာ ကြည့်လာသည်။
သူဒီအတောအတွင်း ကြီးကြီးမားမား အရှုံးပေါ်ထားတာကြောင့်၊ အလားတူအမှားမျိုး ထပ်လုပ်ရန် ရှီယွင်နန်ကို ရန်စချင်။ သူဘာမှ ပြန်မပြောဘဲ ယွမ်ရွေ့နဲ့သာ လိုက်သွားလိုက်သည်။
"ရှီ...ရှီယွင်နန်၊ အချိန်ကို ဂရုစိုက်အုံး။" ယွမ်မုန်က သူ့ကို သတိပေးလာသည်။
"သိပြီ။"
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရှီယွင်နန် သူ့ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်လိုက်တော့
ညနေ ၅း၅၀ ပင်
မပိတ်ခင် ဆယ်မိနစ်ပဲ ကျန်တော့တယ်။
ရုတ်တရက်၊ လော့လင်းရှန်းရဲ့ WeChat ပေါ်လာသည်၊ ဒါဟာ အရင်လို စာတွေနဲ့မတူဘဲ ဆယ်စက္ကန့်ကြာသည့် အသံမက်ဆေ့ချ်ပင်။
ရှီယွင်နန် လျစ်လျူရှုသင့်ပေမယ့်၊ အသံမက်ဆေ့ချ်ကို မနှိပ်ဘဲလည်း မနေနိုင်။
"ပြီးပြီလား?ကိုယ်မင်းကို လာကြိုမယ်နော်။"
တခါမှ မကြားဘူးတဲ့ ချိုချိုသာသာ အသံလေး ထွက်လာသည်။ ချော့ဖို့ ကြိုးစားနေသည့် ပုံစံမှာ အရမ်း သိသာလွန်းတာကြောင့် သူ့မှာ စပ်ဖျဉ်းဖျဉ်းနဲ့ ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။
ဘေးပတ်ပတ်လည်တွင် ဘယ်သူမှမရှိ။
ရှီယွင်နန်မှာ အလိုလို ပြုံးမိသွားကာ၊ သူ့ကိုယ်သူ မုန်းမိသလို၊ ဒီလိုပြောတဲ့ လော့လင်းရှန်းကိုလဲ မုန်းမိသည်။
ဘာတုန်းကွာ?
သူက အခုပဲ ဘောင်ကျော်တယ်လို့ပြောပြီး၊ နောက်ကြ သူ့လရောင်ဖြူလေးကို ဖုံးကွယ်ထားတယ်။ အခု ဒီဩဇာအာဏာကြီးတဲ့ လော့ခေါင်းဆောင်က သူ့ကို ထပ်ခါထပ်ခါ အမဲလိုက်နေတာလား?
ရှီယွင်နန်က သူ့ရဲ့ကလေးဆန်ဆန် ဒေါသလေးကြောင့် ပြန်မဖြေလိုက်။ ဖုန်းဘက်ထရီကလည်း နည်းနည်းမျှသာ ကျန်ရှိတော့သည်။ သူက ကျောက်စိမ်းလည်ဆွဲဒီဇိုင်းဆွဲရန် ပထမဆုံးကြိုးစားကြည့်ဖို့ ပစ္စည်းတစ်ခုကို အမြန်ရွေးလိုက်လေသည်။
"ဂိုဒေါင်နံပါတ်၅ အထဲမှာ ပစ္စည်းကောင်းလေးတွေ ပိုရှိပုံရတယ်..."
ရှီယွင်နန် သူ့ဘာသာ ရေရွတ်လိုက်ပြီး သူ့မှတ်ဥာဏ်အတိုင်း အတွင်းဆုံးအခန်းလေးထဲကို လျှောက်သွားလိုက်သည်။ သူလိုချင်တဲ့ အင်ပါယာအစိမ်းရောင်အချပ်ကိုတွေတော့ နံပါတ်ကို အလွတ်ကျက်လိုက်သည်။
သူ လှည့်ပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ ရုတ်တရက် ကလစ်ဆိုတဲ့ အသံကို ကြားလိုက်ရကာ-
အပေါ်မှ မီးလုံးများ ရုတ်တရက် ပိတ်သွားပြီးဂိုဒေါင်တစ်ခုလုံးမှာ အမှောင်ထဲတွင် ကျရောက်သွားတော့သည်။
Zawgyi
သူက တစ္ဖက္သားအား တင္းမာသည့္ သေဘာထားျဖင့္ တြန္းထုတ္လိုျခင္းမရွိေပ။ ထို႔ေၾကာင့္ သူေအးေအးေဆးေဆး သာ ေမးလိုက္သည္။
"မင္း သူနဲ႔ အလုပ္တြဲလုပ္ေနတာလား? ဘယ္တုန္းကလဲ? "
"ေက်ာက္စိမ္းဒီဇိုင္းအတြက္ လုေက်ာက္အန္းနဲ႔ ပူးေပါင္းဖို႔ သေဘာတူထားတာ။"
ရွီယြင္နန္မွာ ေလာ့လင္းရွန္း မ်က္ေမွာင္ၾကဳတ္ေနသည္ကို တေစ့တေစာင္း ျမင္လိုက္ရတာေၾကာင့္ သူရက္အေတာ္ၾကာေအာင္ ထိန္းထားခဲ့သည့္ ႐ႊန္႔ေနာက္ေနာက္ အျပဳအမူေလး ျပန္ေပၚလာေတာ့သည္။ "အခုကစၿပီး ေန႔တိုင္း အတူတူ တြဲလုပ္ရမွာမို႔ ေက်းဇူးျပဳၿပီး ေဘာင္ေက်ာ္ၿပီး ေနာက္ထပ္ေမးခြန္းေတြ ထပ္မေမးပါနဲ႔ မစၥတာေလာ့။ ကြၽန္ေတာ္ရဲ႕ အေပါင္းအသင္းနဲ႔ အလုပ္ၾကားမွာ ဝင္မစြက္ဖက္ပါနဲ႔။ "
"..."
ေဘာင္ေက်ာ္တယ္၊ ဝင္စြက္ဖက္တယ္?
ထိုစကားေတြဟာ ေလာ့လင္းရွန္းကို တကယ္ပဲ အံ့အားသင့္သြားေစေတာ့သည္။ အာဏာရဖို႔ ႀကိဳးပမ္းတုန္းက ဘယ္လိုေကာက္က်စ္တဲ့ အစီအစဥ္ေတြနဲ႔ ႀကဳံခဲ့ရ ႀကဳံခဲ့ရ၊ သူ႔ေရွ႕က လူရဲ႕စကားေတြနဲ႔ေတာ့ ယွဥ္လို႔မရႏိုင္။
'ကိုယ္ စိုက္တဲ့အသီး ကိုယ္ျပန္ရိတ္သိမ္းရတယ္'
ေလာ့လင္းရွန္းတစ္ေယာက္ အခုမွပဲ ဒီစာေၾကာင္းရဲ႕ တကယ့္ အဓိပၸါယ္အမွန္ကို နားလည္သြားေတာ့သည္။
ရွီယြင္နန္ လွည့္ၿပီး ထြက္သြားေတာ့မယ့္ အခ်ိန္မွာပဲ ေလာ့လင္းရွန္းရဲ႕ သတိေပးတဲ့ စကားကို ၾကားလိုက္ရသည္။ "ေနအုံး၊ မင္းအျပင္သြားရင္ မင္းကုတ္အက်ႌ ဝတ္သြားဖို႔ မေမ့နဲ႔ေလ။"
အင္ပါယာၿမိဳ႕ေတာ့မွာ အုံ႔ဆိုင္းၿပီး မိုး႐ြာသည့္ေန႔ဆို ရာသီဥတုက နည္းနည္းေအးလာတတ္သည္။
ေလာ့လင္းရွန္းက ရွီယြင္နန္ရဲ႕ ပစၥည္းမ်ားကို ကမ္းေပးေနရင္း တုံ႔တုံဆိုင္းဆိုင္းနဲ႔ ေမးလိုက္သည္။
"အလုပ္က ဘယ္မွာလဲ? ျပန္လာရင္ လာႀကိဳဖို႔ တစ္ေယာက္ေယာက္ လႊတ္ေပးရမလား?"
"မလိုပါဘူး မစၥတာေလာ့။"
အထူးသျဖင့္ ရွီယြင္နန္က မစၥတာေလာ့ဆိုတဲ့ အေခၚအေဝၚ ကို ပိုဖိေျပာလိုက္သည္။
"..."
ေလာ့လင္းရွန္း ဘာေျပာရမွန္းမသိေတာ့။
သူက အၿမဲတမ္း ရင့္က်က္ၿပီး တည္ၿငိမ္ေနခဲ့တယ္။ ဒါေပမယ့္ ပထမဆုံး အႀကိမ္အေနနဲ႔ အဲ့ေန႔က ေလ့က်င့္ေရးခန္းထဲကို သူျပန္ေရာက္ခ်င္မိေလသည္။ ရွီယြင္နန္ကို နာက်င္ေစခဲ့တဲ့ စကားလုံးေတြကို ျပန္သိမ္းႏိုင္ဖို႔ သူေမွ်ာ္လင့္ေနမိသည္။
ရွီယြင္နန္ကေတာ့ ေလာ့လင္းရွန္းရဲ႕ ဝမ္းနည္းပက္လက္ မ်က္ႏွာႀကီးကို ျမင္ေသာအခါ သူ႔ႏႈတ္ခမ္းေထာင့္ေလးေတြ အျမန္ ေကြးတက္သြားေတာ့သည္။
သူရဲ႕ ခုနက ေအာက္ထပ္ကို ဆင္းလာတုန္းက ထုံမႈိင္းေနသည့္ ပုံစံနဲ႔မတူဘဲ ပိုသြက္လက္ၿပီး တက္ႂကြသည့္ ေျခလွမ္းေတြနဲ႔ ေလာ့အိမ္ေတာ္ကေန ထြက္သြားလိုက္သည္။
ေလာ့လင္းရွန္းကေတာ့ တံခါးကေနျဖတ္သြားသည့္ ရွီယြင္နန္ရဲဲ့ ေနာက္ေက်ာေလးကို မတတ္သာစြာ ၾကည့္ေနမိရင္း၊ သူ႔စိတ္ထဲမွာေတာ့ တစ္ဖက္လူရဲ႕ ဒီရက္ပိုင္း သူ႔ကိုဆက္ဆံပုံေတြနဲ႔သာ ျပည့္ႏွက္ေနၿပီး သူ႔ႏွလုံးသားထဲတြင္ မေကာင္းတဲ့ ခံစားခ်က္ေတြနဲ႔သာ ျပည့္ႏွက္ေနေတာ့သည္။
ႏွစ္ေယာက္သား သေဘာတူထားရွိသည့္ေနကစၿပီး၊ ရွီယြင္နန္က အရင္ သူတို႔ႏွစ္ဦးၾကားရွိ အကြာအေဝးကို အၿမဲနီးေအာင္ စခဲ့သည္။
ဒါမယ့္ အခုေတာ့၊ တစ္ဖက္သားက နည္းနည္းေလးေတာင္ လွည့္မၾကည့္ဘဲထြက္သြားခဲ့သည္။ သူ႔ကို ဆုံးရႈံးရေတာ့မယ္ဆိုတဲ့ အသိနဲ႔ ရင္ဆိုင္လာရတဲ့အခါ၊ သူ႔စိတ္ထဲက ရင့္က်က္ေနတဲ့ ရည္႐ြယ္ခ်က္ေတြဟာ သဲလုံးတစ္လုံးမွ်သာ ဆိုတာ သူနားလည္လိုက္သည္။
သူ သူ႔ေရွ႕က လူကို ဖမ္းဆြဲထားခ်င္တယ္။
အစကေန အဆုံးထိ ဒီအေတြးေတြဟာ သူနဲ႔အတူရွိေနခဲ့တယ္။
" ခ်င္က်န္း။" ေလာ့လင္းရွန္း မ်က္မွန္ကို ခြၽတ္လိုက္ၿပီး ကိုက္ခဲေနေသာ မ်က္လုံးမ်ားကို ပြတ္သပ္ကာ အသံက်ယ္က်ယ္နဲ႔ ေအာ္ေခၚလိုက္သည္။
ခ်င္က်န္း အခန္းထဲမွ အျမန္ထြက္လာလိုက္သည္။
"ယြင္နန္နဲ႔ လုေက်ာက္အန္း အလုပ္လုပ္တဲ့ေနရာကို ရွာလိုက္။ အေသးစိတ္ စုံစမ္းထားလိုက္။ ညေန ငါ သူ႔ကို သြားႀကိဳမယ္။"
"နားလည္ပါၿပီ၊ ေခါင္းေဆာင္။" ခ်င္က်န္း အမ်ားႀကီး စဥ္းစားမေနဘဲ ျပန္ေျဖလိုက္သည္။
...
လုေက်ာက္အန္းမွာ တည္တည္တံ့တံ့နဲ႔ ျပတ္ျပတ္သားသား လုပ္ေဆာင္တတ္သူျဖစ္သည္။
အခုတြင္၊ သူက ရွီယြင္နန္အပါအဝင္ အျခားနာမည္ႀကီး ဒီဇိုင္နာမ်ားနဲ႔ ပူးေပါင္းရန္ ဆုံးျဖတ္ထားတာေၾကာင့္၊ ဒီဇိုင္နာမ်ား ေန႔စဥ္အလုပ္လုပ္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစရန္ လင္းလုံေစ်းအနီးတြင္ ေသသပ္စြာ ျပင္ဆင္ထားသည့္ ႐ုံးခန္းကို ငွါးေပးထားသည္။
ေသခ်ာေပါက္ ဒီ႐ုံးခန္းမွာ မျဖစ္မေနလိုအပ္တာမဟုတ္ေသာ္ျငား
ေက်ာက္စိမ္းေဈးနဲ႔ နီးတာေၾကာင့္ ဒီဇိုင္နာမ်ား နမူနာရန္ အဆင္ေျပလွသည္။
ရွီယြင္နန္သည္ ႐ုံးခန္းကို အက်ဥ္းခ်ဳံးေလ့လာၾကည့္လိုက္သည္။
"ဝင္ေပါက္မွာ မင္းရဲ႕လက္ေဗြရာကို စကားဝွက္ထားထားပါတယ္။ ေနာက္ လိုအပ္ရင္ အခ်ိန္မေ႐ြးလာလို႔ရတယ္။ "
"ေကာင္းပါၿပီ။"
"ယြမ္မိသားစုစက္႐ုံနဲ႔ ေက်ာက္စိမ္းဂိုေဒါင္ကို ေခၚသြားေပးရေတာ့မလား? ဒီ လင္းလုံေစ်းေနာက္မွာပါပဲ။"
ေစ်းကို စတင္တည္ေထာင္ခ်ိန္တြင္ ယြမ္မိသားစုက "ေျမပိုင္ရွင္" ျဖစ္ေနတာေၾကာင့္ သူတို႔ကိုယ္ပိုင္စက္႐ုံမ်ားကို တမူထူးတဲ့ ေျမေနရာေတြမွာ ေနရာခ်ထားသည္။
ႏွစ္ေယာက္သား ေျခလွမ္းအနည္းငယ္လွမ္း႐ုံျဖင့္ ယြမ္ေက်ာက္စိမ္းစက္႐ုံသို႔ ေရာက္လာၾကသည္။
"အင္ပါယာၿမိဳ႕ေတာ္မွာ ယြမ္မိသားစုစက္႐ုံႏွစ္႐ုံရွိပါတယ္။ အႀကီးတစ္ခု၊ အေသးတစ္ခုေပါ့။ အႀကီးကိုၾက ျပန္မြန္းမံတာတို႔၊ ျဖတ္ေတာက္ဖို႔ အတြက္သုံးတယ္။ အေသးကိုေတာ့ အရည္အေသြးျမင့္ျမင့္ ထြင္းထုႏိုင္ဖို႔ အတြက္သုံးတာပါ။ ၿပီးေတာ့ တျခားၿမိဳ႕နယ္အသီးသီးက ေက်ာက္စိမ္းေဈးေတြမွာလဲ ေက်ာင္းစိမ္း ပန္းပု စတူဒီယိုအခြဲေတြ ဖြင့္ထားပါတယ္။ "
ႁခြင္းခ်က္မရွိ၊ "ယြမ္" ဆိုင္းဘုတ္ပါသည့္ ဆိုင္မ်ားမွ ေရာင္းခ်ေသာ ေက်ာက္စိမ္းအဆင္တန္ဆာမ်ားသည္ အေျခခံအားျဖင့္ သူတို႔ရဲ႕ ကိုယ္ပိုင္ထုတ္ကုန္မ်ားျဖစ္ၾကသည္။ တကယ့္လို႔ သူတို႔ရဲ႕ ကိုယ္ပိုင္ေက်ာက္စိမ္း႐ိုင္းမ်ားသာ ပစၥည္းေကာင္းမ်ားကိုထုတ္လုပ္ႏိုင္လွ်င္၊ ပထမဆုံး ဦးစားေပးမွာ သူတို႔ ရဲ႕ ေက်ာင္းစိမ္းပန္းပုဆရာမ်ားအတြက္သာျဖစ္သည္။
ရွီယြင္နန္က ေက်ာက္စိမ္းပုတီးေစ့မ်ားကို ပြတ္တိုက္ေနသည့္ အလုပ္သမားဆရာမ်ားကို ၾကည့္ရင္း ေမးလိုက္သည္။
"ဒါက လုံမိသားစုအတြက္ ပုတီးေစ့ေတြလား?"
"ဟုတ္ပါတယ္။"
ေျပာၿပီးသည္ႏွင့္ တဖက္မွ အသံက်ယ္က်ယ္ထြက္လာေတာ့သည္။
"ရွီယြင္နန္၊ မင္းက ဒီမွာ ဘာလုပ္ေနတာလဲ?"
ရွီယြင္နန္ အသံပိုင္ရွင္ကို ခ်က္ခ်င္းမွတ္မိကာ ေဘးသို႔ လွမ္းၾကည့္လိုက္သည္။
ဟုတ္ပါတယ္၊ ဒါက ယြမ္ေ႐ြ႕ပါ။
တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕တာၾကာေတာ့ ယြမ္ေ႐ြ႕မ်က္ႏွာေပၚရွိ ဒဏ္ရာေတြမွာ ေပ်ာက္သြားေလၿပီ။ အခုေတာ့ သူ႔အျမင္တြင္ ထိုသူပုံစံမွာ ေတာက္ပၿပီး တက္ႂကြေနသည္။
"ေရွာင္ေ႐ြ႕၊ ရွီယြင္နန္က ငါတို႔ ေက်ာက္စိမ္းစတူဒီယိုရဲ႕ လုပ္ေဖာ္ကိုင္ဖက္ပဲ။" လုေက်ာက္အန္းက ရွင္းျပလာသည္။ "အလုပ္နဲ႔ ပတ္သတ္တာေတြျပမလို႔ ဂိုေဒါင္ကို ေခၚလာတာ။"
ယြမ္ေ႐ြ႕ကေတာ့ လုေက်ာက္အန္းအေပၚ အျမင္မၾကည္သည့္ သေဘာထား ရွိေနေသးသည္။ သူက မယုံၾကည့္သည့္ မ်က္လုံးမ်ားႏွင့္ ရွီယြင္နန္ျပန္လွည့္လာကာ
"မင္းလည္း ေက်ာက္စိမ္းဒီဇိုင္း အေၾကာင္းသိတယ္ေပါ့။"
ဒါမယ့္ ရွီယြင္နန္ဆိုတာ ႏိုင္ငံျခားမွာ အေပ်ာ္ရွာ၊ ေသာက္စားေပ်ာ္ပါးၿပီး ၊ အသုံးဝင္တဲ့ အရည္အခ်င္း မရွိတဲ့သူ မဟုတ္ဘူးလား?
ရွီယြင္နန္ မ်က္ခုံးပင့္ကာ "ငါ့မွာ ဗဟုသုတအသင့္အတင့္ေတာ့ ရွိပါတယ္။ ယြမ္သခင္ေလးက ငါ့ကို သံသယဝင္တာလား?"
"အဲ့လို ေျပာတာမဟုတ္ပါဘူး။" ယြမ္ေ႐ြ႕ ခ်က္ခ်င္း ျငင္းလိုက္သည္။
ရွီယြင္နန္ဆီက လုံလုံေလာက္ေလာက္ ခံခဲ့ၿပီးၿပီမို႔ သူ႔ပါးစပ္ကို ပိတ္ထားရမယ္ေလ။ သူဒီတြင္းထဲကိုပဲ သုံးႀကိမ္တိုင္တိုင္ က်လို႔မျဖစ္ဘူး။
လုေက်ာက္အန္းဖုန္း ႐ုတ္တရက္ ထျမည္လာၿပီး ေနာက္ မၾကာခင္တြင္ သူ႔မ်က္ႏွာမွာ ေလးနက္သြားေတာ့သည္။
ခိုးၾကည့္ေနတဲ့ ယြမ္ေ႐ြ႕လည္း သူ႔မ်က္ႏွာခ်က္ခ်င္း ေျပာင္းသြားကာ လုေက်ာက္အန္း ဖုန္းခ်သည္ႏွင့္ သူကေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ?"
"လင္းခ႐ိုင္က ေက်ာက္စိမ္းစတူဒီယိုမွာ တစ္ခုခုျဖစ္ေနလို႔၊ အျမန္ သြားေျဖရွင္းရမယ္။" လုေက်ာက္အန္း ရွီယြင္နန္ကို ေတာင္းပန္လိုက္သည္။ " မစၥတာရွီ ေနာက္ေန႔မွပဲ..."
"ေနာက္ေန႔ ဘယ္ေန႔လဲ? ရွီယြင္နန္က ေရာက္ေနၿပီကို။ မင္းမွာ အခ်ိန္မရွိရင္ လိုက္ျပေပးဖို႔ ဘာလို႔ တျခားလူကို မေျပာလဲ?" ယြမ္ေ႐ြ႕ သူ႔စကားကို သူျဖတ္ေျပာလိုက္သည္။
ရွီယြင္နန္ ထိုစကားကိုၾကားေတာ့ အၿပဳံးေလးနဲ႔ ေမးလိုက္ေလသည္။ "ယြမ္သခင္ေလးက ကြၽန္ေတာ့ကို လိုက္ျပေပးဖို႔မ်ား ရည္႐ြယ္ထားတာမ်ားလား?"
ထိုစကားကိုၾကားေသာအခါ လုေက်ာက္အန္းက ယြမ္ေ႐ြ႕ကို ခ်က္ခ်င္းလွည့္ၾကည့္လိုက္သည္။
ယြမ္ေ႐ြ႕ ႏွစ္ခါေလာက္ လုပ္ေခ်ာင္းေလးဆိုးလိုက္ၿပီး ျပန္ေျပာလိုက္သည္။ "ငါလိုက္ျပေပးမယ္။ ငါ့အေဖ ငါ့ကို ဒီမွာ ပိတ္ထားလို႔ ဘယ္မွ သြားလို႔မွမရတာ။"
ယြမ္ေ႐ြ႕မွာ ယြမ္ဖုကြမ္ ဒဏ္ခပ္တာခံေနရသည္။ ယြမ္ေက်ာက္စိမ္းစက္႐ုံမွာ တစ္ရက္ ေျခာက္နာရီၾကာ အလုပ္လုပ္ၿပီး မုန္႔ဖိုးနည္းနည္းေလးနဲ႔ လဲလွယ္ေနရသည္။
တေန႔တျခား သူ႔လက္ထဲကေန ေက်ာက္စိမ္းပန္းပုကို မခ်ႏိုင္တာေၾကာင့္ စိတ္ပ်က္ေနမိေလသည္။
အဲ့ေတာ့ တျခားလုပ္စရာရွာတာ ပိုေကာင္းပါတယ္ေလ။
လုေက်ာင္အန္းက ႀကဳံေတာင့္ႀကဳံခဲ ၿပဳံးျပလာကာ "မစၥတာရွီ၊ ယြမ္ေ႐ြ႕ကို လိုက္ျပခြင့္ေပးလိုက္ပါ။ သူက ေက်ာက္စိမ္းအေၾကာင္း အကုန္သိသလို၊ အရမ္းလဲ ကြၽမ္းက်င္တယ္။ "
ဒီခ်ီးက်ဴးစကားေလးၾကားေတာ့ ယြမ္ေ႐ြ႕ၿပဳံးသြားမေပမယ့္လဲ သူ႔ရဲ႕ အရင္မ်က္ႏွာထား မေပ်ာ္မ႐ႊင္ေဘာ့စ္ပုံစံ ျပန္ေျပာင္းလိုက္သည္။
ရွီယြင္နန္ကေတာ့ ဘယ္လိုမွမေနပါ။ ယြမ္ေ႐ြ႕မရွိရင္ေတာင္ သူကေက်ာက္စိမ္းကို ေလ့လာဖို႔ေရာက္လာတာပဲေလ။
လုေက်ာက္အန္း ထြက္သြားၿပီးေနာက္ ယြမ္ေ႐ြ႕ကတည့္တည့္မတ္မတ္ ရပ္လိုက္ကာ "ဒီကိစၥကို... .ငါနဲ႔သာ လိုက္ခဲ့ေတာ့။ ဒီသခင္ေလးက မင္းရဲ႕ ဗဟုသုတကို ပိုႂကြယ္ဝေအာင္ ကူညီေပးမယ္။"
လမ္းအနည္းငယ္ကိုျဖတ္ေက်ာ္လာၿပီးေနာက္ ရွီယြင္နန္တစ္ေယာက္ ယြမ္ေ႐ြ႕ရဲ႕ စ႐ိုက္ကို ပိုပိုနားလည္လာသည္။
သူကိုယ္တိုင္ ယြမ္ေက်ာက္စိမ္းဂိုေဒါင္ကို လိုက္ျပမယ္လို႔ ေျပာခဲ့တယ္။ တကယ့္ကို ေလးေလးနက္နက္ စိတ္ရင္းေစတနာနဲ႔ပင္။
စက္႐ုံကို ေနာက္ဘက္သို႔ ထပ္မံတိုးခ်ဲ႕ထားၿပီး၊ ေက်ာက္စိမ္းမ်ားအား သိုေလွာင္ရန္ ဂိုေဒါင္ငါးလုံး ေဆာင္ထားသည္။ အခန္းမ်ားမွာ က်ယ္လွၿပီး တစ္ခုနဲ႔ တစ္ခုမွာ ခ်ိတ္ဆက္ထားသည္။
ေက်ာက္စိမ္းလုပ္ငန္းရဲ႕ ထိပ္တန္းအမွတ္တံဆိပ္တစ္ခုအေနျဖင့္ ယြမ္မိသားစုပိုင္ဆိုင္သည့္ ထိပ္တန္းေက်ာက္စိမ္းအေရအတြက္မွာလည္း ႁခြင္းခ်က္မရွိ အံ့ဩစရာပင္။
ယြမ္ေ႐ြ႕က ေက်ာက္စိမ္းမိသားစုမွလာတာျဖစ္မွေတာ့၊ သူက ယြမ္ေ႐ြ႕အား ဒီကိစၥေပၚမွာ ယုံၾကည္ထားသည္။
သူက မရပ္မနား၊ ဂိုေဒါင္ငါးခုကို မိတ္ဆက္ေပးခဲ့သည္။ ေက်ာက္စိမ္းအပိုင္းအစတစ္ခုစီကို ေသေသခ်ာခ်ာ ရွင္းျပေပးလာတာေၾကာင့္ ရွီယြင္နန္တစ္ေယာက္ ဗဟုသုတမ်ားစြာရရွိခဲ့သည္။
သူ႔ကို မခ်ီးက်ဴးဘဲ မေနႏိုင္ေတာ့။
" သခင္ေလးယြမ္က ေက်ာက္စိမ္းအေၾကာင္း ေတာ္ေတာ္သိတာပဲေနာ္။ အရမ္းေတာ္တာပဲ " ရွီယြင္နန္က သူ႔ကို စိတ္ရင္းနဲ႔ ခ်ီးက်ဴးလိုက္သည္။
ဒီခ်ီးက်ဴးသံေလးကိုၾကားေတာ့ ယြမ္ေ႐ြ႕က ဂ႐ုမစိုင္ဟန္ ဟန္ေဆာင္ေပမယ့္လဲ သူ႔မ်က္ႏွာေလးမွာ ဂုဏ္ယူေနေတာ့သည္။ "ပိုသိေတာ့ေကာ ဘာထူးမွာလဲ? ငါအေဖမ်က္လုံးထဲမွာေတာ့ ဒါက ဘာမွ မဟုတ္ေသးဘူး။ သူ႔မ်က္လုံးထဲမွာ လုေက်ာင္အန္းလို ေက်ာက္စိမ္းပန္းပုပညာရွင္တစ္ေယာက္ပဲျမင္တာ။"
တခါတေလ ယြမ္ေ႐ြ႕မွာ မိဘမဲ့ေဂဟာမွ ေမြးစားခံရတဲ့သူမွာ လုေက်ာက္အန္းမဟုတ္ဘဲ သူမ်ားလားလို႔ေတာင္ ထင္မိသည္။
ႏွစ္လေပါင္းမ်ားစြာ အႏွိမ္ခံလာရၿပီးေနာက္ အျပင္လူမေျပာနဲ႔၊ ယြမ္ေ႐ြ႕ကိုယ္တိုင္ေတာင္မွ လုေက်ာင္အန္းေလာက္ဦးစားမေပးခံဘူးလို႔ ယုံၾကည္ထားသည္။
ရွီယြင္နန္မွာ ယြမ္ေ႐ြ႕မ်က္ႏွာေပၚက အထီးက်န္အရိပ္အေယာင္ေလးကို ျမင္ေတာ့ သူအိပ္မက္မက္ခဲ့သည့္ မူရင္းစာအုပ္ရဲ႕ အဆုံးသတ္ကို ႐ုတ္တရက္သတိရလိုက္မိသည္ ။
ရွီးခဲယြဲ႕ရဲ႕ ဦးေဆာင္မႈေအာက္တြင္၊ ယြမ္ေ႐ြ႕က ယြမ္ေက်ာက္စိမ္း လုပ္ငန္းကို ေရွ႕တန္းကေန တိုးတက္ေအာင္လုပ္ခဲ့ၿပီး၊ မိသားစုစီးပြါးေရးကိုေခ်ာေခ်ာေမြ႕ေမြ႕ အေမြဆက္ခံခဲ့သည္။
"မင္း ဒီရက္ပိုင္း ရွီးခဲယြဲ႕နဲ႔ ဆက္သြယ္ျဖစ္ေသးလား?"
"ဘာလို႔ေမးတာလဲ? မင္းနဲ႔ သူက မိသားစုေလ။ သူ႔အေၾကာင္းကို ဘာလို႔ငါ့ဆီကေန သိခ်င္တာလဲ? "
ယြမ္ေ႐ြ႕က သူ႔သူငယ္ခ်င္းနာမည္ကိုၾကားေသာအခါ ခ်က္ခ်င္း သတိအေနထားျဖစ္လာသည္။
ရွီယြင္နန္ ဘာေျပာရမွန္းမသိေတာ့။ "ဘာေတြ ေၾကာက္ေနတာလဲ? ငါက မင္းကို စားမွာ ေၾကာက္ေနတာလား? ဒါမွမဟုတ္ သူ႔ကို စားမွာ ေၾကာက္ေနတာလား?"
"ဘယ္သူက ေၾကာက္တယ္ ေျပာလို႔လဲ?" ယြမ္ေ႐ြ႕မွာ စကားေတြေတာင္ ထစ္လာေတာ့သည္။ "ဒါမယ့္ ဒီၾကားထဲ မေကာင္းတဲ့ ကိစၥေတြ ျဖစ္သြားတယ္။"
အလွကုန္လုပ္ငန္းမွာ ရင္းႏွီးျမဳပ္ႏွံထားသည့္ ေငြေတြဟာ အခ်ည္းႏွီးျဖစ္သြားၿပီး၊ ဆက္တိုက္ အရႈံးေပၚကာ သက္ဆိုင္ရာမ်ားက သူ႔ကို စုံစမ္းစစ္ေဆးရန္ ေခၚသြားသည္ကိုပင္ ခံခဲ့ရသည္။
ဒီကိစၥဟာ လူအိုႀကီးရွီကို ထိတ္လန႔္သြားေစၿပီး တစ္ဖက္လူက သူ႔အားအိမ္ျပန္ေခၚလာႏိုင္ရန္၊ အဆင္အသြယ္ေတြ သုံးခဲ့ရသည္။ ထို႔ေနာက္ တံခါးပိတ္ၿပီး အႀကီးအက်ယ္ ျပစ္တင္ေဝဖန္ေတာ့သည္။
ယြမ္ေ႐ြ႕ကေတာ့ ရွီးခဲယြဲ႕ရဲ႕ အေျခအေနကို သိရွိခဲ့ၿပီး ရွီယြင္နန္အေပၚမွာရွိတဲ့ သူ႔သေဘာထားကိုလည္း ေျပာင္းလဲခဲ့သည္။ သို႔ေသာ္ ဒီႏွစ္ခုက မတူပါ။ သူက သူ႔သူငယ္ခ်င္းရဲ႕ ကိုယ္ေရးကိုယ္တာ လွ်ိဳ႕ဝွက္ခ်က္ကို ရွီယြင္နန္နဲ႔ မမွ်ေဝႏိုင္ေသးေပ။
႐ုတ္တရက္ ေျခသံၾကားလိုက္ရတာေၾကာင့္
ႏွစ္ေယာက္စလုံးသည္ ေဘးကိုလွမ္းၾကည့္ရာ ေျပာေနတဲ့သူေရာက္ခ်လာလို႔ မအံ့ဩဘဲမေနႏိုင္ေတာ့။
ေက်ာက္စိမ္းထြင္းသူ တစ္ေယာက္ကေခၚလာတာေၾကာင့္၊ မျမင္တာၾကာသည့္ ရွီးခဲယြဲ႕က တံခါးဝမွာ ႐ုတ္တရက္ ေပၚလာသည္။
သုံးေယာက္သား ဆုံလိုက္သည့္အခါ ေလထုမွာ ခ်က္ခ်င္း ေအးခဲသြားသည့္ပုံပင္။
"ခဲယြဲ႕ မင္းဘာလို႔ဒီေရာက္ေနတာလဲ?"
ယြမ္ေ႐ြ႕က သူ႔သူငယ္ခ်င္းနား ေလွ်ာက္သြားလိုက္ေပမယ့္လည္း သူ႔မ်က္လုံးမ်ားကေတာ့ ရွီယြင္နန္ကို မၾကည့္ဘဲ မေနႏိုင္ေပ။ သစၥာေဖာက္ထားသလိုမ်ိဳး အျပစ္ရွိစိတ္ကို ခံစားလိုက္ရသည္။
သူဟာ သူ႔သူငယ္ခ်င္း ရွီးခဲယြဲ႕ကို သစၥာေဖာက္ၿပီး ရွီယြင္နန္ႏွင့္ ရင္းႏွီးသည့္ ဆက္ဆံေရး တည္ေဆာက္ထားသည့္ အလားပင္။
"မင္းအခုခ်ိန္၊ ေက်ာက္စိမ္းစက္႐ုံမွာ မင္းအေဖပိတ္ထားတာခံရလို႔ ပ်င္းေနၿပီလို႔ မင္းေျပာထားတယ္မလား? အလုပ္ဆင္းတာနဲ႔ မင္းကိုလာေတြ႕တာ။ ငါေျပာခ်င္တာေလးလဲ ရွိလို႔။"
ရွီးခဲယြဲ႕က ေျပာၿပီးသည္ႏွင့္ ရွီယြင္နန္ဆီ စိုက္ၾကည့္လာကာ "ဒါမယ့္၊ ယြင္နန္လည္း ဒီေရာက္ေနမယ္လို႔ မထင္ထားဘူး။"
ရွီယြင္နန္ ဘာမွ ျပန္မေျပာဘဲ ၿပဳံးသာၿပဳံးလိုက္သည္။
သူတို႔ႏွစ္ဦးမွာ ႁခြင္းခ်က္မရွိ ရန္သူမ်ားျဖစ္ၾကၿပီး အခုခ်ိန္တြင္ သေဘာေကာင္းခ်င္ေယာင္ေဆာင္ရန္ မလိုအပ္ေပ။
ယြမ္ေ႐ြ႕မွာ သူတို႔ႏွစ္ေယာက္ မေျပလည္မွန္း သိေသာ္လည္း ႏိုက္ကလပ္မွာ ပထမဆုံးဆုံတုန္းကလို ရွီးခဲယြဲ႕ကိုပဲ အသားကုန္ မ်က္ႏွာသာ ေပးမည္မဟုတ္။
"ငါ အလုပ္ေတြအရမ္းရႈပ္ေနလို႔ အခ်ိန္ေတာင္ မၾကည့္မိလိုက္ဘူး။"
ယြမ္ေ႐ြ႕က ရွီးခဲယြဲ႕ပခုံးေပၚ လက္တင္လိုက္ၿပီးစကားလမ္းေၾကာင္းလႊဲလိုက္သည္။ "သြားစို႔၊ ခဲယြဲ႕။ ငါမင္းကို အစားေကာင္းေလးလိုက္ေကြၽးမယ္။ မင္းမွာ ေျပာစရာရွိတယ္ဆို?"
သူစကားေျပာၿပီးေနာက္၊ ရွီးခဲယြဲ႕ ဝင္ေျပာဖို႔ အခ်ိန္မေပးဘဲ၊ ရွီယြင္နန္ကို ၾကည့္လိုက္သည္။
"မင္းသြားေတာ့မွာလား? လင္းလုံေဈးအတိုင္းငါတို႔ ေက်ာက္စိမ္းစက္႐ုံလည္း ေျခာက္နာရီဆို ပိတ္တယ္။"
"မင္းတို႔ သြားၾကပါ။၊ ငါဘာသာ ဆက္ေလ့လာခ်င္ေသးတယ္။"
ဂိုေဒါင္တစ္ခုစီကို ေစာင့္ၾကပ္ထားၿပီး အျပင္ဘက္တြင္အခ်ိန္တန္တာနဲ႔ တံခါးေသာ့ခတ္ရန္ တာဝန္ရွိသည့္ အလုပ္သမားမ်ားလည္း ရွိေနသည္။ ထို႔အျပင္ ရွီယြင္နန္ စ႐ိုက္အရ ေခြးတစ္ေကာင္လို ခိုးေၾကာင္ခိုးဝွက္ေလွ်ာက္ၾကည့္ေနမွာမဟုတ္။
"ေကာင္းၿပီေလ။"
ယြမ္ေ႐ြ႕က တျခားျပႆနာမ်ားကိုေရွာင္ရန္ သူတို႔ႏွစ္ဦးကို ခြဲထုတ္လိုေသာေၾကာင့္ အလြယ္တကူပဲသေဘာတူလိုက္သည္။
ရွီးခဲယြဲ႕က သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို တိတ္တဆိတ္ သတိျပဳမိသြားၿပီး ရွီယြင္နန္အေပၚ ေမွာင္မိုက္စြာ ၾကည့္လာသည္။
သူဒီအေတာအတြင္း ႀကီးႀကီးမားမား အရႈံးေပၚထားတာေၾကာင့္၊ အလားတူအမွားမ်ိဳး ထပ္လုပ္ရန္ ရွီယြင္နန္ကို ရန္စခ်င္။ သူဘာမွ ျပန္မေျပာဘဲ ယြမ္ေ႐ြ႕နဲ႔သာ လိုက္သြားလိုက္သည္။
"ရွီ...ရွီယြင္နန္၊ အခ်ိန္ကို ဂ႐ုစိုက္အုံး။" ယြမ္မုန္က သူ႔ကို သတိေပးလာသည္။
"သိၿပီ။"
သူတို႔ႏွစ္ေယာက္ ထြက္သြားၿပီးေနာက္ ရွီယြင္နန္ သူ႔ဖုန္းကို ထုတ္ကာ တစ္ခ်က္ၾကည့္လိုက္ေတာ့
ညေန ၅း၅၀ ပင္
မပိတ္ခင္ ဆယ္မိနစ္ပဲ က်န္ေတာ့တယ္။
႐ုတ္တရက္၊ ေလာ့လင္းရွန္းရဲ႕ WeChat ေပၚလာသည္၊ ဒါဟာ အရင္လို စာေတြနဲ႔မတူဘဲ ဆယ္စကၠန႔္ၾကာသည့္ အသံမက္ေဆ့ခ်္ပင္။
ရွီယြင္နန္ လ်စ္လ်ဴရႈသင့္ေပမယ့္၊ အသံမက္ေဆ့ခ်္ကို မႏွိပ္ဘဲလည္း မေနႏိုင္။
"ၿပီးၿပီလား?ကိုယ္မင္းကို လာႀကိဳမယ္ေနာ္။"
တခါမွ မၾကားဘူးတဲ့ ခ်ိဳခ်ိဳသာသာ အသံေလး ထြက္လာသည္။ ေခ်ာ့ဖို႔ ႀကိဳးစားေနသည့္ ပုံစံမွာ အရမ္း သိသာလြန္းတာေၾကာင့္ သူ႔မွာ စပ္ဖ်ဥ္းဖ်ဥ္းနဲ႔ ထုံထိုင္းသြားသလို ခံစားလိုက္ရသည္။
ေဘးပတ္ပတ္လည္တြင္ ဘယ္သူမွမရွိ။
ရွီယြင္နန္မွာ အလိုလို ၿပဳံးမိသြားကာ၊ သူ႔ကိုယ္သူ မုန္းမိသလို၊ ဒီလိုေျပာတဲ့ ေလာ့လင္းရွန္းကိုလဲ မုန္းမိသည္။
ဘာတုန္းကြာ?
သူက အခုပဲ ေဘာင္ေက်ာ္တယ္လို႔ေျပာၿပီး၊ ေနာက္ၾက သူ႔လေရာင္ျဖဴေလးကို ဖုံးကြယ္ထားတယ္။ အခု ဒီဩဇာအာဏာႀကီးတဲ့ ေလာ့ေခါင္းေဆာင္က သူ႔ကို ထပ္ခါထပ္ခါ အမဲလိုက္ေနတာလား?
ရွီယြင္နန္က သူ႔ရဲ႕ကေလးဆန္ဆန္ ေဒါသေလးေၾကာင့္ ျပန္မေျဖလိုက္။ ဖုန္းဘက္ထရီကလည္း နည္းနည္းမွ်သာ က်န္ရွိေတာ့သည္။ သူက ေက်ာက္စိမ္းလည္ဆြဲဒီဇိုင္းဆြဲရန္ ပထမဆုံးႀကိဳးစားၾကည့္ဖို႔ ပစၥည္းတစ္ခုကို အျမန္ေ႐ြးလိုက္ေလသည္။
"ဂိုေဒါင္နံပါတ္၅ အထဲမွာ ပစၥည္းေကာင္းေလးေတြ ပိုရွိပုံရတယ္..."
ရွီယြင္နန္ သူ႔ဘာသာ ေရ႐ြတ္လိုက္ၿပီး သူ႔မွတ္ဥာဏ္အတိုင္း အတြင္းဆုံးအခန္းေလးထဲကို ေလွ်ာက္သြားလိုက္သည္။ သူလိုခ်င္တဲ့ အင္ပါယာအစိမ္းေရာင္အခ်ပ္ကိုေတြေတာ့ နံပါတ္ကို အလြတ္က်က္လိုက္သည္။
သူ လွည့္ၿပီး ထြက္သြားေတာ့မယ့္ အခ်ိန္မွာပဲ ႐ုတ္တရက္ ကလစ္ဆိုတဲ့ အသံကို ၾကားလိုက္ရကာ-
အေပၚမွ မီးလုံးမ်ား ႐ုတ္တရက္ ပိတ္သြားၿပီးဂိုေဒါင္တစ္ခုလုံးမွာ အေမွာင္ထဲတြင္ က်ေရာက္သြားေတာ့သည္။