Unicode
ရှုရှုလည်း ရှောင်ရှုရှူကို အရမ်းသဘောကျတယ်တဲ့။
ဒီစကားကိုကြားတော့ ရှီယွင်နန်ရဲ့ နှုတ်ခမ်းပေါ်က အပြုံးလေးမှာ ချက်ချင်းအေးခဲသွားတော့သည်။ သူကရွှေငါးလေးကို သယ်ကာ သူ့စားပွဲပေါ်တင်လိုက်ပြီး အခိုင်အမာ ငြင်းတော့သည်။ "မင်းက ကောင်ဆိုးလေးပဲ၊ လော့လင်းရှန်း ငါ့ကို သဘောကျမှန်း ဘယ်လို သိတုန်း? "
"သူ ရှောင်ရှုရှူကို တကယ်သဘောကျတာ အာ၊
ရှောင်ရှုရှုက အရမ်းကောင်းတဲ့ဟာကို အားလုံးက သဘောကျတာပေါ့။"
ရွှေငါးလေးက ခေါင်းလေးကိုခါယမ်းကာ ပြန်တုံ့ပြန်လာသည်။ သူက ခဏရပ်ပြီး သူ့ကိုယ်ပိုင်အမြင်လေးနဲ့ သူပြောခဲ့တဲ့ အဖြေကို သက်သေထပ်ပြလာလေသည်။
"ရှုရှုက တခြား သူတွေအပေါ်ဆို အရမ်းရက်စက်တာ၊ ဒါမယ့် ရှောင်ရှုရှုကိုဆို အရမ်းကြင်နာတယ်။ သားတို့စတွေကတည်းက သူကပြောတယ် ရှောင်ရှုရှုက သားတို့ မိသားစုတဲ့။"
"သားတို့က သားတို့ သဘောကျတဲ့သူအပေါ်ဆို ကြင်နာ တတ်ကြတယ်မလား?"
"..."
ရှီယွင်နန်မှာ ရွှေငါးလေးရဲ့ တောက်ပနေသည့် မျက်လုံးများကို စိုက်ကြည့်ရင်း သူ့မှာ မငြင်းဆန်နိုင်ပေ။
ပိုနီးနီးနေရတဲ့လူတွေက တချို့ ဘေးကလူတွေလို မမြင်တတ်ကြဘူးတဲ့။
တခါတလေ လူကြီးတွေက ကလေးတွေလို သဘောပေါက်မလွယ်ကြ။ သူတို့ရဲ့ ဖြူစင်တဲ့ အတွေးလေးတွေဟာ သေချာတိကျဆုံးပင်။
ဟုတ်တယ်။
အပြင်လူတွေ အတွက်တော့ လော့လင်းရှန်းဆိုတာ ကြားရရင်တောင် ထိတ်လန့်နေရတဲ့ နာမည်လေ။ ရှီးခဲယွဲ့နဲ့ ဝမ်ဝမ်ယိုတို့ အပေါ်ကိုတောင် မညှာမတာ အလျှော့မပေးခဲ့တဲ့သူ။ ဒီလို လူမျိုးက စာချုပ်တစ်ခုကြောင့် သူ့ကို စနောက်ခွင့်ပေးပါ့မလား?
ရှီယွင်နန် သူ့ကိုယ်သူ လုံလုံလောက်လောက် တော်နေပါပြီလို့ ထင်မိပေမယ့် ဒီတစ်မိုးအောက်မှာ ပြိုင်ဘက်ကင်း ဖြစ်နေတာကိုတော့ သူအရမ်းဂုဏ်ယူနေလို့မရ။
အဲ့ဒါထက် တကယ်လို့ လော့လင်းရှန်းသာ စာချုပ်နဲ့ လက်ထပ်ချင်တယ်ဆို၊ စာရင်းသွင်းမယ့်သူတွေ အပြေးအလွှားရောက်လာမှာပဲလေ၊ ဒါဆို တစ်ကြိမ်ပဲတွေ့ဖူးသေးတဲ့သူကို ဘာလို့ ရွေးချယ်ခဲ့တာလဲ?
"ရှောင်ရှုရှု ဝမ်းနည်းနေတုန်းလား?"
ရှီယွင်နန် စကားမပြောတော့တာကိုမြင်တော့ ရွှေငါးလေးက သူ့ရဲ့ နုနုအိအိမျက်နှာလေးကို သူ့ရှေ့မှာ မော့ပြလာကာ "ဒါဆို သားပါးလေးကိုဆွဲလေ။ အဲ့လိုဆွဲတာ ပျော်စရာကောင်းတယ်။"
ရှီယွင်နန်တစ်ယောက် ရွှေငါးလေးကြောင့် ရယ်မိသွားပြီး သူ့ဆန္ဒအတိုင်း သူ့ပါးလေးကို ဆွဲပေးလိုက်သည်။
"ရှောင်ရှုရှု၊ မစိုးရိမ်နဲ့နော်။ ရှုရှုက ရှောင်ရှုရှုကို ဒေါသထွက်အောင် လုပ်ရင် သားကြီးလာတာနဲ့ သူ့ကို ပညာပေးပစ်မယ်။"
သူ့ရှုရှု အိမ်မှာမရှိတာကြောင့် ရွှေငါးလေးက ရှီယွင်နန်ကို မျက်နှာသာပေးဖို့ တွန့်ဆုတ်မနေပေ။
ရှီယွင်နန် အံ့ဩချင်ယောင်ဆောင်လိုက်ပြီး "ရို့၊ မင်းက လော့လင်းရှန်းကို ဘယ်လိုပညာပေးရမလဲ သိတယ်ပေါ့?"
ရွှေငါးလေးတစ်ယောက် လော့လင်းရှန်းရဲ့ မျက်နှာတည်တည်ကြီးကို တွေးမိသွားပြီး ချက်ချင်းပင် လန့်သွားတော့သည်။ "...... ဒါဆို သားတို့ တူတူပညာပေးကြမလား? ရှုရှုက ရှောင်ရှုရှုပေါ်ဆို ဒေါသမထွက်ရဲလောက်ပါဘူး။"
"ဘယ်သူပြောလဲ? သူ ဒီနေ့ ရှောင်ရှုရှုအပေါ် ဒေါသထွက်တယ်။"
"အာ? ဒါဆိုရင်တော့ ရှုရှုက အရမ်းဆိုးတာပဲ။"
အကြီးလေးနဲ့ အသေးလေးမှာ ကြုံရာကျပန်း ချစ်ဖို့ကောင်းတဲ့ ကလေးဆန်ဆန် စကားလေးတွေကို ပြောနေကြလေသည်။
သူ့ပုံမှန်အိပ်ရာဝင်ချိန်ရောက်သောအခါ၊ ရွှေငါးလေးက သမ်းလိုက်ပြီး မျက်ရည်များဝဲနေသည့် မျက်လုံးလေးကို ပွတ်သပ်လိုက်ရင်း
"....ရှောင်ရှုရှု"
"အိပ်ချင်နေပြီမလား? ရှောင်ရှုရှုက မင်းအိပ်ယာထဲ ချီသွားပေးမယ်။"
"ရှောင်ရှုရှုနဲ့ တူတူအိပ်လို့ရမလား?" ရွှေငါးလေးက သူ့ခန္ဓာကိုယ်ပေါ်ရှိ ညဝတ်ကြောင်ဝတ်စုံလေးကို ငုံ့ကြည့်ပြီး အနံ့ခံလိုက်သေးသည်။ "သား ရေချိုးထားတယ်၊ မနံပါဘူး။"
ရှီယွင်နန် မရယ်ဘဲမနေနိုင်တော့၊ သူက ရွှေငါးလေးအား ချီကာ သူ့ကုတင်ပေါ်တင်ပေးလိုက်သည်။
"ဟုတ်ပါပြီ၊ ဒါဆိုလဲ ရှောင်ရှုရှုနဲ့ အိပ်။"
ခုနက စကားဝိုင်းကြောင့် ရှီယွင်နန်မှာ သူ့ရင်ထဲက အထီးကျန်စိတ်လေးကို ခဏမောင်းထုတ်နိုင်ခဲ့သည်။ သူက ကုတင်ပေါ်တွင် မျက်စိမှိတ်ပြီး လိမ်လိမ်မာမာ အိပ်နေသည့် ရွှေငါးလေးကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်လေသည်။
သူနဲ့ လော့လင်းရှန်းကြားက ဆက်ဆံရေးက စာချုပ်အတိုင်းဆက်ရှိနေမယ်ဆိုလဲ၊ သူ့ကို အဖော်လုပ်ပေးနေတဲ့ အလိုက်သိပြီး ချွဲတတ်တဲ့ ရွှေငါးလေးရှိနေတာကလည်း မဆိုးပါဘူးလေ။
...
လော့လင်းရှန်းက ဒီတစ်ခေါက် တစ်ကိုယ်လုံး စစ်ဆေးဖို့ နိုင်ငံခြား သွားခဲ့ပေမယ့်၊ လေးရက်လောက်သာ နေခဲ့သည်။
သူနဲ့ ချင်ကျန်းတို့ လော့အိမ်တော့သို့ ပြန်ရောက် သောအခါ ညကိုးနာရီတောင်မထိုးသေးပေ။
ဒီဇိုင်းမူကြမ်းဆွဲသည့် အခန်းထဲတွင်ရှိနေသည့် ရှီယူနန်မှာ အောက်ထပ်တွင် လှုပ်လှုပ်ရှားရှားအသံများကို ယောင်ဝါးဝါးကြားလိုက်ရသည်။ သူပုံမှန်အကျင့်အတိုင်း ထပြီး ဖန်ခွက်ကိုင်ကာ ရေယူဖို့ အောက်သို့ဆင်းရန် ပြင်လိုက်ချိန်
မထင်မှတ်ပဲ သူတံခါးဖွင့်လိုက်သည်နှင့် လော့လင်းရှန်းနဲ့ ဆုံတော့သည်။
"..."
နှစ်ယောက်သား တစ်ချိန်တည်းမှာပင် ရပ်လိုက်မိကြ၏။
အဲ့နေ့၊ လေ့ကျင့်ရေးခန်းမှာ စိတ်မချမ်းသာစရာ လမ်းခွဲပြီးကတည်းက နှစ်ယောက်သားတွေ့ဖြစ်တာ ပထမဆုံးအကြိမ်ပင်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း နိုင်ငံခြားမှာရှိနေစဉ် လော့လင်းရှန်းက အရင်စပြီးWeChatမက်ဆေ့ချ်တွေ ပို့ခဲ့ပေမယ့်လည်း ရှီယွင်နန်က သူ့ကိုယ့်သူ မျက်ကန်းတစ်ယောက်လို ပြုမူပြီး မမြင်ချင်ယောင်ဆောင်ကာ စာမပြန်ခဲ့။
လော့လင်းရှန်းက စာကြည့်ခန်းသွားဖို့ ဒီနေရာက ဖြတ်သွားလောက်တာဖြစ်မယ်လို့ ရှီယွင်နန် တွေးမိလိုက်သည်။ သို့သော် သူသုံးလေးစက္ကန့်လောက် ငြိမ်ငြိမ်လေးစောင့်နေတာတောင် တဖက်လူက ဝီးချဲလ်ကို ဖယ်ပေးဖို့ အစီအစဉ်ရှိမနေပေ။
"ပြန်ရောက်ပြီလား? စာကြည့်ခန်းထဲ မသွားဘူးလား? "
ရှီယွင်နန်က သူ့ရဲ့ ပုံမှန် ကျီစယ်တတ်သည့် အပြုအမူလေး လုံးဝရှိမနေဘဲ သူ့အား အသက်မပါစွာ မေးလာတော့
လော့လင်းရှန်း သူ့သဘောထားကို နားလည်သွားကာ ဝီးချဲလ်အား ရှေ့သို့ပိုတိုးလာလိုက်သည်။ "မင်း အားလား? ကိုယ်မင်းကို တွေ့ဖို့လာတာ။ မင်းကို ပြောစရာရှိလို့။"
ဒီငါးရက်အတွင်း၊ အသွားအပြန်တော်တော်ကြာသည့် အချိန်မှလွဲ၊ လော့လင်းရှန်းက သာမန်စစ်ဆေးမှုများနှင့် ကုသမှုများအပြင် ပြန်လည်ထူထောင်ရေးလေ့ကျင့်မှုပြုလုပ်ရန် lလှုပ်ရှားမှုအမျိုးမျိုးရဲ့ အချက်အလက်များကို မှတ်တမ်းတင်ရန် ဆေးအဖွဲ့နှင့်ပူပေါင်းပေးခဲ့သည်။
ထို့ပြင်၊ စမ်းသပ်ပြီး ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း ကုမ္ပဏီရဲ့ကိစ္စအဝဝကို ဆက်ကိုင်တွယ်ရသေးသည်။ သူ့စိတ်ဝိညာဉ်မှာ အမြဲတမ်းတင်ကျပ်နေတာပင်။
သို့သော်လည်း လော့လင်းရှန်းက အိမ်ပြန်ရောက်သည်နှင့် ရှီယွင်နန်ဆီ တန်းလာရင် ရွေးချယ်ခဲ့သေးသည်။။
"အဲ့နေ့က လေ့ကျင့်ရေးခန်းထဲမှာ ကိုယ် ဒေါသထွက်နေတဲ့အချိန်မို့ ပြောမိသွားတာပါ။ ဒီလို ရှက်စရာကောင်းတဲ့ ပုံမျိုး မင်းတွေ့တာကို ကိုယ်....ကျင့်သားမရသေးလို့။"
လော့လင်းရှန်းက သူ့အသံထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် နှလုံးသားထဲရှိ တင်းမာမှုကို ဘယ်သူမှ ရှာမတွေ့နိုင်အောင် အစွမ်းကုန် ကြိုးစားဖိနှိပ်ထားသည်။
သူ့ WeChatကစာတွေကို ရှီယွင်နန်မပြန်တာက သူ့ကို ကမောက်ကမဖြစ်အောင်လုပ်ဖို့ လုံလောက်နေလေပြီ။
အမှန်တော့၊ ထိုနေ့ သူပြောပြီးနောက် နောင်တရမိပေမယ့်လည်း လူကိုယ်တိုင်ပြောဖို့ အခွင့်အရေးမရခဲ့။
"မစ္စတာလော့ တောင်းပန်စရာမလိုပါဘူး။"
ရှီယွင်နန် သူ့မျက်လုံးများကို အောက်သို့အနည်းငယ်စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။
"အဲနေ့က လေ့ကျင့်ရေးခန်းထဲကို ခွင့်မတောင်းဘဲ ဝင်မိတာ ကျွန်တော်ပါ။ ခင်ဗျားမှန်တယ်၊ ကျွန်တော် ဘောင်ကျော်ခဲ့တယ်။"
"မစ္စတာလော့သာ သတိမပေးခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော်က 'စာချုပ်' ဆက်ဆံရေးဆိုတာ မေ့နေတော့မှာ။ ဒါမယ့် ဒါကို ပြန်မှတ်ထားဖို့ နောက်မကျသေးပါဘူး။"
"အခုကစပြီး အပြင်လူတွေရှေ့မှာ သရုပ်ဆောင်တာကလွဲရင် ကျန်တဲ့အချိန်တွေ မစ္စတာလော့နဲ့ ခပ်ခွါခွါနေပါ့မယ်။"
ရှီယွင်နန်သည် အကြိမ်ပေါင်းများစွာ အစမ်းလေ့ကျင့်ခဲ့သည့် မုသားစကားများကို အမြန် ထုတ်ပြောလိုက်သည်။ ရေခွက်ကို ကိုင်ထားသည့် သူ့လက်ဖဝါးလေးတွေမှာ အနည်းငယ် ချွေးထွက်နေလေသည်။
အဲ့လိုဆိုရင်တောင် သူ လော့လင်းရှန်းရှေ့မှာ နည်းနည်းလေးမှ အရှုံးမပေးချင်—
ဒါက ငယ်ငယ်လေးကတည်းက သူကျင့်ကြံခဲ့တဲ့ စိတ်ဓာတ်ပဲ။ အဲ့လိုမှ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ ကြိုတင်သတိပေးချက်ကို ခံစားရသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်မည်ဖြစ်သည်။
တကယ်တော့၊ လေ့ကျင့်ရေးခန်းမှာတုန်းက လော့လင်းရှန်းရဲ့စကားက သိပ်အရေးမကြီးပေ။
ရှီယွင်နန်ကို အာရုံစိုက်စေခဲ့သည့်အချက်မှာ သူ့နှလုံးသားထဲမှာ လရောင်ဖြူလေးရှိနေတာကြောင့် တစ်ဖက်လူက သူ့ကို အမြဲ ငြင်းဆန်နေမည်ဟူသည့် အချက်ဖြစ်သည်။
ဒီအခြေအနေမှာ သူနဲ့ ခပ်ဝေးဝေးနေဖို့ အစပြုလိုက်တာက သူ့ကိုယ်သူ အကောင်းဆုံး ကာကွယ်လိုက်တာဖြစ်သည်။
ရှီယွင်နန် သူ့ရဲ့ တလိပ်လိပ်တက်လာသည့် ခံစားချက်တွေကို မျိုသိပ်ပြီး ပြောလိုက်သည်။
"မစ္စတာလော့ တခြား ဘာကိစ္စမှ မရှိတော့ရင် ဘေးဖယ်ပေးပါ။"
သူ ဘယ်လောက်ပဲ စိတ်ကို ကြိုတင်ပြင်ဆင်ထားပါစေ၊ လော့လင်းရှန်း ရှေ့မှာတော့ သူ့နှလုံးခုန်သံကို ထိန်းလို့ မရနိုင်သေးပါ။
လော့လင်းရှန်း အကြည့်များမှာ နက်နဲသွားတော့သည်။ တစ်ဖက်လူရဲ့ မစ္စတာလော့ဆိုတဲ့ အခေါ်အဝေါ်ဟာ သူတို့ဆက်ဆံရေးကို အစကနေ ပြန်ရောက်သွားစေသလိုပင်။
သူ တစ်ခုခုပြန်ပြောမယ့် အချိန်မှာပဲ အနီးအနားကနေ အသံလေးတစ်သံ ထွက်လာတော့သည်။
"ရှောင်ရှုရှုရေ သားရေချိုးပြီးပြီ။"
ရွှေငါးလေးက သူ့စောင်လေးကို ပိုက်လာပြီး ရှီယွင်နန်ဆီ ဝမ်းသာအားရ ပြေးလာသည်။ သူ့ဦးလေးကို မြင်ချိန်မှာတော့ သူ့အပြေးလေးက နှေးသွားတော့သည်။ "ရှုရှု ပြန်လာပြီလား?"
"အင်း"
လော့လင်းရှန်းက သူ့တူလေးကိုကြည့်ကာ "ကျင်းယွီ ဘာလုပ်နေတာလဲ?"
"ရှောင်ရှုရှုနဲ့ တူတူအိပ်ဖို့လာတာပါ။" ရွှေငါးလေးက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
သူ့ဦးလေး မရှိတဲ့ ရက်အနည်းငယ်အတွင်း၊ သူက ညတိုင်း ရှီယွင်နန်နှင့် အိပ်ဖို့လာတတ်သည်။
ဒီလိုဆို ရှောင်ရှုရှုက ပုံပြင်ထဲက ယုန်ဖြူလေးလို မိသားစုတွေ အိပ်ပျော်နေတုန်း ညဘက် ခိုးထွက်ပြီး ထားသွားမှာမဟုတ်ဘူးလေ။
ဒီလိမ်မာတဲ့ ကလေးလေးက အချိန်ကိုက်ရောက်လာလို့ ရှီယွင်နန် စိတ်ထဲတွင် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိသည်။
သူက ရွှေငါးလေးကို လက်တစ်ဖက်တည်းဖြင့်မကာ အခန်းထဲသို့ ဆွဲသွင်းလိုက်ပြီး လော့လင်းရှန်းအား အေးတိအေးစက် ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ အိပ်တော့မယ်၊ ဒါဆို ခွင့်ပြုပါအုံး မစ္စတာလော့။"
ဘန်း-
တံခါးက ချက်ချင်း ပိတ်သွားတော့သည်။
"..."
လော့လင်းရှန်းမှာ သူပြောချင်တဲ့ စကားလုံးတွေ သူ့လည်ချောင်းထဲတွင် တစ်ဆို့နေပြီး၊ ဘာစကားမှ ပြောလို့မရသလို၊ မျိုချလို့လဲမရသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။
အခန်းထဲကလူနှစ်ယောက် 'ဂွတ်နိုက်' လို့ တိုးတိုးလေးမပြောခင်ထိ၊ သူတံခါးရှေ့မှာ ရပ်နေမိလေသည်။
...
ရှီယွင်နန်မှာ ဝီးချဲလ်ထွက်သွားတဲ့ အသံကြားမှ သူ့ကို အုံ့ဆိုင်းနေသည့် စိုးရိမ်ပူပန်မှုများ လျော့သွားတော့သည်။
သူ့ အချက်ပြမှုအောက်တွင်၊ ရွှေငါးလေးက သူ့ပါးစပ်ကို အုပ်ထားသည့် လက်လေးကို ဖယ်လိုက်ကာ "ရှောင်ရှုရှု ၊ ရှုရှူသွားပြီလား?"
"ဟုတ်တယ်၊ သွားစို့။"
ရှီယွင်နန် ရေမသောက်ချင်တော့တာကြောင့် ရွှေငါးလေးကို သူ့အိပ်ယာဆီ ခေါ်သွားပေးဖို့ ပြင်လိုက်သည်။
ရွှေငါးလေးက ခေါင်းကို မော့ကာတက်တက်ကြွကြွမေးလာလေသည်။ "ရှောင်ရှုရှု၊ ရှုရှုကို စိတ်ဆိုးနေသေးလား?"
"မဆိုးပါဘူး။"
ကလေးအရှေ့မှာ စကားအလွန်အကျွံပြောလို့မရပေ။ "အိပ်တော့၊ ကိုးနာရီထိုးတော့မယ်လေ။"
"အိုး။"
ရွှေငါးလေးက သူ့စောင်လေးနဲ့အတူ အိပ်ရာပေါ်တွင် လိမ်လိမ်မာမာ လှဲလိုက်သည်။ "ဂွတ်နိုက်ပါ ရှောင်ရှုရှု။"
"ဂွတ်နိုက်။"
ရွှေငါးလေးက အအိပ်မြန်သည့် ကလေးဖြစ်သည်။ ရှီယွင်နန်ကကုတင်ဘေးရှိ မီးအိမ်ကို အလင်းလျှော့လိုက်ပြီး ခဏအကြာတွင် ရွှေငါးလေး အိမ်မောကျသွားသည်ကို သူတွေ့လိုက်ရလေသည်။
ရှီယွင်နန် ဒီဇိုင်းဆွဲချင်စိတ် မရှိတော့တာကြောင့် ကုတင်ပေါ်၌သာ လှဲနေလိုက်သည်။
တကယ်တော့ လော့လင်းရှန်း သူ့ကို အရင်တောင်းပန်ဖို့ မလိုအပ်ဘူး။ 'ဘောင်ကျော်တယ်' ဆိုတဲ့ စကားက ရှက်ပြီး ဒေါသကြောင့်ပြောလိုက်မှန်း သူသိပြီးသား။ လရောင်ဖြူလေးက အခုအရေးကြီးတဲ့ လူမဟုတ်တော့မှန်းကိုလဲ သူနားလည်တယ်။
ရွှေငါးလေးရဲ့ ကလေးဆန်ဆန် အတွေးလေးတွေက ရှီယွင်နန်ကို သဘောပေါက်စေခဲ့တယ်။
လော့လင်းရှန်းလိုလူက သူရင်ထဲ လူတစ်ယောက်ဝင်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။
ပြီးတော့ သူက လော့လင်းရှန်းရဲ့ နှလုံးသားနဲ့ အကန့်သတ်မရှိ နီးစပ်တာလဲ ဖြစ်နိုင်တာပဲ။ အမြစ်မတွယ်ဘဲ နီးရုံသာနီးနေခဲ့တယ်။
အမှန်ပြောရရင် သူ့ရင်ထဲမှာ ကျော်ဖြတ်လို့မရတဲ့ အတန်းကြီး( ပြေးခုံပြေးရင် ကျော်တဲ့အတန်း)ရှိနေတာ။ အတိအကျပြောရရင်-
သူမနာလိုဘူး။
သူတစ်ခါမှ မမြင်ဖူးတဲ့ လော့လင်းရှန်းရဲ့ လရောင်ဖြူလေးကို မနာလိုဘူး။
ရှီယွင်နန် သူ့ခံစားချက်အားလုံးကို လက်လွှတ်ပြီး "စာချုပ်ပါတနာ"လို ပြန်နေဖို့ ကြိုးစားကြည့်ပေမယ့်လည်း ခက်ခဲလွန်းတယ်။တစ်ညတည်းနဲ့ အဲ့လိုပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အဲ့ဒါကြောင့် သူဂရုမစိုက်သလို ဟန်ဆောင်ပြီး ခုနကလိုပဲ တည်ငြိမ်ချင်ယောင် ဟန်ဆောင်နိုင်တယ်။
သူတွေးနေစဉ်၊ သူ့ရဲ့ WeChat က နိုတီတက်လာသည်။ လုကျောက်အန်းဆီမှ စာပင်။
-မစ္စတာရှီ၊ မနက်ဖြန် အားလား?
— မင်း ယွမ်မိသားစုရဲ့ ထုတ်လုပ်ရေးစက်ရုံအပြင် ကျောက်စိမ်းဂိုဒေါင်ကို သွားကြည့်ချင်တယ်လို့ ပြောဖူးတယ်လေ။ မနက်ဖြန် သွားကြည့်ဖို့ ကျွန်တော်စီစဉ်ပေးလို့ရတယ်။
ရှီယွင်နန်မှာ ထိုစိတ်ကူးရှိတယ်။
လုကျောက်အန်း နှင့် ပူးပေါင်းဆောင်ရွက်မယ့် တောင်းဆိုချက်ကို အလွန်ရိုးရှင်းတဲ့ အကြောင်းပြချက်ကြောင့် သူသဘောတူခဲ့သည်- စိန်ဒီဇိုင်းထက်စာရင် ကျောက်စိမ်းဒီဇိုင်းကသာ သူ အမှန်တကယ်ရေးဆွဲချင်သည့် ဒီဇိုင်းပင်။
ယွမ်မိသားစုနဲ့ လုကျောက်အန်းက ဒီနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အဆိုကို ကမ်းလှမ်းလာမှတော့ သူ့အနေနဲ့ ခြွင်းချက်မရှိ လက်ခံဖို့ ဆန္ဒရှိနေခဲ့တယ်။
နောက်ပိုင်း၊ သူနာမည်ရင်း"ရှီယွင်နန်" ဆိုတဲ့ နာမည်နဲ့ တရုတ်စက်ရုံလုပ်ငန်းတွေနဲ့အတူ စာချုပ်ချုပ်ဖြစ်ရင် ၊ သူကိုယ်ပိုင်ဒီဇိုင်းစတူဒီယိုကို ထပ်မံဖွင့်လှစ်နိုင်သည်။
အိပ်မက်ထဲက ကိစ္စတွေက ကမ္ဘာမြေကြီး တုန်ခါအောင် လှုပ်နိုင်ပေမယ့်၊ လက်တွေ့ဘဝမှာတော့ သူ့အတွက် လမ်းတစ်ခု စီစဉ်ထားရမှာပေါ့။
...
နောက်တစ်နေ့တွင်။
ရှီယွင်နန်သည် လော့လင်းရှန်းကို ရှောင်ရန် အခန်းထဲတွင် တမင်ပုန်းနေပြီး မွန်းတည့်ချိန်အထိ အောက်ထပ်သို့ မဆင်းလာသော်လည်း မထင်မှတ်ပဲ လော့လင်းရှန်းနဲ့ ထပ်တိုးပြန်တော့သည်။
"..."
သူတို့ မျက်လုံးချင်းဆုံသွားပြီး ရှီယွင်နန်ရဲ့ ခြေလှမ်းများ အလိုလို ရပ်တန့်သွားလေသည်။
အခုချိန် သူသာ အပေါ်ကို ပြန်လှစ်ထွက်မယ်ဆို၊ အရမ်း သိသာသွားလောက်တယ်။
ရှီယွင်နန် သူ့ခံစားချက်တွေကို ထိန်းကာ အောက်သို့ဆင်းလာပြီး သူ့အင်္ကျီပါးပါးနှင့် အိတ်သေးသေးလေးကို ထိုင်ခုံပေါ်မှာ ဖြည်းဖြည်းချင်းချလိုက်သည်။
"... ခင်ဗျား ဘာလို့ ကုမ္ပဏီကို မသွားသေးတာလဲ?"
"မင်းဆင်းလာမှာကို စောင့်နေတာ။
ရှီယွင်နန်- "..."
ဦးလေးချင်က အစေခံတွေကို အစားအစာများ ယူဆောင်လာရန် အမိန့်ပေးလိုက်ပြီးနောက်၊ ထိုသူတွေကို ပြန်ခေါ်သွားပြီး နှစ်ယောက်အတွက် သီးသန့်အချိန်လေး ချန်ထားပေးလိုက်သည်။
လော့လင်းရှန်းက အရင် စိတ်ပူကြောင်းထုတ်ပြောလာသည်။ "မနက်စာနဲ့ နေ့လည်စာကို ပေါင်းမစားနဲ့လေ။ မနက်စာ မစားတာ အစာအိမ်အတွက် မကောင်းဘူး။"
ရှီယွင်နန် ပင်လယ်စာ ဆန်ပြုတ်ကို ဇွန်းအပြည့်ခပ်ကာ သောက်လိုက်ပြီး ပြန်ပြောလိုက်သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာလော့။ ဒါမယ့် ကျွန်တော် အကျင့်ဖြစ်နေပါပြီ။"
လော့လင်းရှန်း ရင်ဘတ်မှာ 'မစ္စတာလော့' ဆိုတဲ့ စကားလုံးနဲ့ အပိတ်ခံလိုက်ရသည်။ သူ့မျက်လုံးထောင့်ကနေ ရှီယွင်နန် ချလိုက်တဲ့ပစ္စည်းတွေကို တွေ့လိုက်ရကာ
"ဒီနေ့ နေ့ခင်း အပြင်သွားမလို့လား?"
"အင်း။"
ရှီယွင်နန်ရဲ့ အဖြေမှာ အလွန်တိုတောင်းလှသည်။ သူ့မျက်လုံးတွေကတော့ လော့လင်းရှန်းကို လုံးဝမကြည့်ဘဲ ပန်းကန်ဆီသာ ရောက်နေသည်။
သူက တစ်ဖက်သားကို ဂရုမစိုက်သလိုလုပ်နေပေမယ့်လဲ၊ လော့လင်းရှန်း မျက်လုံးတွေနဲ့ဆုံရင် သူ့ရဲ့ နက်နက်ရှိုင်းရှိုင်းခံစားချက်များကို ဖုံးကွယ်ထားရန် မလိုတော့မှာကို သူစိုးရိမ်နေမိသည်။
ရှီယွင်နန်က သူ့ကို ပိုပိုခုခံလာပြီး သူနဲ့ပို ဝေးကွာလာသည်ကို လော့လင်းရှန်းမြင်လိုက်ရသောအခါ၊ သူ့နှလုံးကို မမြင်နိုင်သည့်လက်များဖြင့် ဆုပ်ကိုင်ညှစ်ထားပုံရပြီး အသက်ရှူတောင်ကြပ်လာတော့သည်။
နောက်ဆုံးတော့လော့လင်းရှန်းမှာ သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့။ သူက ဝီးချဲလ်ကို ထိန်းကိုင်ကာ နှစ်ယောက်သားနီးကပ်သွားအောင် လုပ်လိုက်သည်။
"စိတ်ဆိုးနေသေးလား?"
ထိုအမေးစကားကို ကြားရသောအခါ ရှီယွင်နန်ရဲ့ ညာလက်လေးမှာ မသိမသာတုန်ယင်သွားသည်။
သူက လော့လင်းရှန်းကို ဘေးတိုက်ကြည့်ပြီး သူ့မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း။"
လော့လင်းရှန်းက သူ့ရဲ့ စူပုပ်ပုပ်မျက်နှာလေးကို သတိပြုမိသွားပြီး သူ့မျက်ခုံးများ စိတ်သက်သာရာ ရသွားကာ ပြုံးလိုက်သည်။ "အရင်တခေါက် လေ့ကျင့်ခန်းမှာတုန်းက ကိုယ်စကားပြောမှားသွား..."
"ကျွန်တော် ဗိုက်ဝပြီ။" ရှီယွင်နန်က လော့လင်းရှန်းစကားကို ဖြတ်ပြောလိုက်သည်။
သူ့နှလုံးခုန်မြန်နေတာကို မထိန်းနိုင်တာကြောင့် တည်ငြိမ်ဖို့အနည်းငယ် နောက်ကိုနည်းနည်းဆုတ်လိုက်ရသည်။
"နေ့လည် ချိန်းထားတာရှိလို့၊ ပြီးတော့ အလုပ်လည်း ရှိသေးတယ်။"
လော့လင်းရှန်းက ထထွက်သွားဖို့ ပြင်နေသည့် ရှီယွင်နန်ကို မော့ကြည့်လာပြီး စိုးရိမ်စွာ ပါးစပ်ကနေ လွှတ်ခနဲ ထွက်လာသည်။
"ဘယ်သူနဲ့လဲ?"
"လုကျောက်အန်းနဲ့"
ရှီယွင်နန် ပါးစပ်မှ ထိုနာမည်ကို ကြားလိုက်သည့် အချိန်တွင် လော့လင်းရှန်းရဲ့ နှလုံးသားအတွင်းမှာ ချဉ်သည့်ခံစားချက်လေးထွက်လာတော့သည်။
Zawgyi
ရႈရႈလည္း ေရွာင္ရႈရွဴကို အရမ္းသေဘာက်တယ္တဲ့။
ဒီစကားကိုၾကားေတာ့ ရွီယြင္နန္ရဲ႕ ႏႈတ္ခမ္းေပၚက အၿပဳံးေလးမွာ ခ်က္ခ်င္းေအးခဲသြားေတာ့သည္။ သူကေ႐ႊငါးေလးကို သယ္ကာ သူ႔စားပြဲေပၚတင္လိုက္ၿပီး အခိုင္အမာ ျငင္းေတာ့သည္။ "မင္းက ေကာင္ဆိုးေလးပဲ၊ ေလာ့လင္းရွန္း ငါ့ကို သေဘာက်မွန္း ဘယ္လို သိတုန္း? "
"သူ ေရွာင္ရႈရွဴကို တကယ္သေဘာက်တာ အာ၊
ေရွာင္ရႈရႈက အရမ္းေကာင္းတဲ့ဟာကို အားလုံးက သေဘာက်တာေပါ့။"
ေ႐ႊငါးေလးက ေခါင္းေလးကိုခါယမ္းကာ ျပန္တုံ႔ျပန္လာသည္။ သူက ခဏရပ္ၿပီး သူ႔ကိုယ္ပိုင္အျမင္ေလးနဲ႔ သူေျပာခဲ့တဲ့ အေျဖကို သက္ေသထပ္ျပလာေလသည္။
"ရႈရႈက တျခား သူေတြအေပၚဆို အရမ္းရက္စက္တာ၊ ဒါမယ့္ ေရွာင္ရႈရႈကိုဆို အရမ္းၾကင္နာတယ္။ သားတို႔စေတြကတည္းက သူကေျပာတယ္ ေရွာင္ရႈရႈက သားတို႔ မိသားစုတဲ့။"
"သားတို႔က သားတို႔ သေဘာက်တဲ့သူအေပၚဆို ၾကင္နာ တတ္ၾကတယ္မလား?"
"..."
ရွီယြင္နန္မွာ ေ႐ႊငါးေလးရဲ႕ ေတာက္ပေနသည့္ မ်က္လုံးမ်ားကို စိုက္ၾကည့္ရင္း သူ႔မွာ မျငင္းဆန္ႏိုင္ေပ။
ပိုနီးနီးေနရတဲ့လူေတြက တခ်ိဳ႕ ေဘးကလူေတြလို မျမင္တတ္ၾကဘူးတဲ့။
တခါတေလ လူႀကီးေတြက ကေလးေတြလို သေဘာေပါက္မလြယ္ၾက။ သူတို႔ရဲ႕ ျဖဴစင္တဲ့ အေတြးေလးေတြဟာ ေသခ်ာတိက်ဆုံးပင္။
ဟုတ္တယ္။
အျပင္လူေတြ အတြက္ေတာ့ ေလာ့လင္းရွန္းဆိုတာ ၾကားရရင္ေတာင္ ထိတ္လန္႔ေနရတဲ့ နာမည္ေလ။ ရွီးခဲယြဲ႕နဲ႔ ဝမ္ဝမ္ယိုတို႔ အေပၚကိုေတာင္ မညႇာမတာ အေလွ်ာ့မေပးခဲ့တဲ့သူ။ ဒီလို လူမ်ိဳးက စာခ်ဳပ္တစ္ခုေၾကာင့္ သူ႔ကို စေနာက္ခြင့္ေပးပါ့မလား?
ရွီယြင္နန္ သူ႔ကိုယ္သူ လုံလုံေလာက္ေလာက္ ေတာ္ေနပါၿပီလို႔ ထင္မိေပမယ့္ ဒီတစ္မိုးေအာက္မွာ ၿပိဳင္ဘက္ကင္း ျဖစ္ေနတာကိုေတာ့ သူအရမ္းဂုဏ္ယူေနလို႔မရ။
အဲ့ဒါထက္ တကယ္လို႔ ေလာ့လင္းရွန္းသာ စာခ်ဳပ္နဲ႔ လက္ထပ္ခ်င္တယ္ဆို၊ စာရင္းသြင္းမယ့္သူေတြ အေျပးအလႊားေရာက္လာမွာပဲေလ၊ ဒါဆို တစ္ႀကိမ္ပဲေတြ႕ဖူးေသးတဲ့သူကို ဘာလို႔ ေ႐ြးခ်ယ္ခဲ့တာလဲ?
"ေရွာင္ရႈရႈ ဝမ္းနည္းေနတုန္းလား?"
ရွီယြင္နန္ စကားမေျပာေတာ့တာကိုျမင္ေတာ့ ေ႐ႊငါးေလးက သူ႔ရဲ႕ ႏုႏုအိအိမ်က္ႏွာေလးကို သူ႔ေရွ႕မွာ ေမာ့ျပလာကာ "ဒါဆို သားပါးေလးကိုဆြဲေလ။ အဲ့လိုဆြဲတာ ေပ်ာ္စရာေကာင္းတယ္။"
ရွီယြင္နန္တစ္ေယာက္ ေ႐ႊငါးေလးေၾကာင့္ ရယ္မိသြားၿပီး သူ႔ဆႏၵအတိုင္း သူ႔ပါးေလးကို ဆြဲေပးလိုက္သည္။
"ေရွာင္ရႈရႈ၊ မစိုးရိမ္နဲ႔ေနာ္။ ရႈရႈက ေရွာင္ရႈရႈကို ေဒါသထြက္ေအာင္ လုပ္ရင္ သားႀကီးလာတာနဲ႔ သူ႔ကို ပညာေပးပစ္မယ္။"
သူ႔ရႈရႈ အိမ္မွာမရွိတာေၾကာင့္ ေ႐ႊငါးေလးက ရွီယြင္နန္ကို မ်က္ႏွာသာေပးဖို႔ တြန႔္ဆုတ္မေနေပ။
ရွီယြင္နန္ အံ့ဩခ်င္ေယာင္ေဆာင္လိုက္ၿပီး "႐ို႕၊ မင္းက ေလာ့လင္းရွန္းကို ဘယ္လိုပညာေပးရမလဲ သိတယ္ေပါ့?"
ေ႐ႊငါးေလးတစ္ေယာက္ ေလာ့လင္းရွန္းရဲ႕ မ်က္ႏွာတည္တည္ႀကီးကို ေတြးမိသြားၿပီး ခ်က္ခ်င္းပင္ လန္႔သြားေတာ့သည္။ "...... ဒါဆို သားတို႔ တူတူပညာေပးၾကမလား? ရႈရႈက ေရွာင္ရႈရႈေပၚဆို ေဒါသမထြက္ရဲေလာက္ပါဘူး။"
"ဘယ္သူေျပာလဲ? သူ ဒီေန႔ ေရွာင္ရႈရႈအေပၚ ေဒါသထြက္တယ္။"
"အာ? ဒါဆိုရင္ေတာ့ ရႈရႈက အရမ္းဆိုးတာပဲ။"
အႀကီးေလးနဲ႔ အေသးေလးမွာ ႀကဳံရာက်ပန္း ခ်စ္ဖို႔ေကာင္းတဲ့ ကေလးဆန္ဆန္ စကားေလးေတြကို ေျပာေနၾကေလသည္။
သူ႔ပုံမွန္အိပ္ရာဝင္ခ်ိန္ေရာက္ေသာအခါ၊ ေ႐ႊငါးေလးက သမ္းလိုက္ၿပီး မ်က္ရည္မ်ားဝဲေနသည့္ မ်က္လုံးေလးကို ပြတ္သပ္လိုက္ရင္း
"....ေရွာင္ရႈရႈ"
"အိပ္ခ်င္ေနၿပီမလား? ေရွာင္ရႈရႈက မင္းအိပ္ယာထဲ ခ်ီသြားေပးမယ္။"
"ေရွာင္ရႈရႈနဲ႔ တူတူအိပ္လို႔ရမလား?" ေ႐ႊငါးေလးက သူ႔ခႏၶာကိုယ္ေပၚရွိ ညဝတ္ေၾကာင္ဝတ္စုံေလးကို ငုံ႔ၾကည့္ၿပီး အနံ႔ခံလိုက္ေသးသည္။ "သား ေရခ်ိဳးထားတယ္၊ မနံပါဘူး။"
ရွီယြင္နန္ မရယ္ဘဲမေနႏိုင္ေတာ့၊ သူက ေ႐ႊငါးေလးအား ခ်ီကာ သူ႔ကုတင္ေပၚတင္ေပးလိုက္သည္။
"ဟုတ္ပါၿပီ၊ ဒါဆိုလဲ ေရွာင္ရႈရႈနဲ႔ အိပ္။"
ခုနက စကားဝိုင္းေၾကာင့္ ရွီယြင္နန္မွာ သူ႔ရင္ထဲက အထီးက်န္စိတ္ေလးကို ခဏေမာင္းထုတ္ႏိုင္ခဲ့သည္။ သူက ကုတင္ေပၚတြင္ မ်က္စိမွိတ္ၿပီး လိမ္လိမ္မာမာ အိပ္ေနသည့္ ေ႐ႊငါးေလးကို စိုက္ၾကည့္ရင္း ဆုံးျဖတ္ခ်က္တစ္ခု အျမန္ခ်လိုက္ေလသည္။
သူနဲ႔ ေလာ့လင္းရွန္းၾကားက ဆက္ဆံေရးက စာခ်ဳပ္အတိုင္းဆက္ရွိေနမယ္ဆိုလဲ၊ သူ႔ကို အေဖာ္လုပ္ေပးေနတဲ့ အလိုက္သိၿပီး ခြၽဲတတ္တဲ့ ေ႐ႊငါးေလးရွိေနတာကလည္း မဆိုးပါဘူးေလ။
...
ေလာ့လင္းရွန္းက ဒီတစ္ေခါက္ တစ္ကိုယ္လုံး စစ္ေဆးဖို႔ ႏိုင္ငံျခား သြားခဲ့ေပမယ့္၊ ေလးရက္ေလာက္သာ ေနခဲ့သည္။
သူနဲ႔ ခ်င္က်န္းတို႔ ေလာ့အိမ္ေတာ့သို႔ ျပန္ေရာက္ ေသာအခါ ညကိုးနာရီေတာင္မထိုးေသးေပ။
ဒီဇိုင္းမူၾကမ္းဆြဲသည့္ အခန္းထဲတြင္ရွိေနသည့္ ရွီယူနန္မွာ ေအာက္ထပ္တြင္ လႈပ္လႈပ္ရွားရွားအသံမ်ားကို ေယာင္ဝါးဝါးၾကားလိုက္ရသည္။ သူပုံမွန္အက်င့္အတိုင္း ထၿပီး ဖန္ခြက္ကိုင္ကာ ေရယူဖို႔ ေအာက္သို႔ဆင္းရန္ ျပင္လိုက္ခ်ိန္
မထင္မွတ္ပဲ သူတံခါးဖြင့္လိုက္သည္ႏွင့္ ေလာ့လင္းရွန္းနဲ႔ ဆုံေတာ့သည္။
"..."
ႏွစ္ေယာက္သား တစ္ခ်ိန္တည္းမွာပင္ ရပ္လိုက္မိၾက၏။
အဲ့ေန႔၊ ေလ့က်င့္ေရးခန္းမွာ စိတ္မခ်မ္းသာစရာ လမ္းခြဲၿပီးကတည္းက ႏွစ္ေယာက္သားေတြ႕ျဖစ္တာ ပထမဆုံးအႀကိမ္ပင္။
လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္း ႏိုင္ငံျခားမွာရွိေနစဥ္ ေလာ့လင္းရွန္းက အရင္စၿပီးWeChatမက္ေဆ့ခ်္ေတြ ပို႔ခဲ့ေပမယ့္လည္း ရွီယြင္နန္က သူ႔ကိုယ့္သူ မ်က္ကန္းတစ္ေယာက္လို ျပဳမူၿပီး မျမင္ခ်င္ေယာင္ေဆာင္ကာ စာမျပန္ခဲ့။
ေလာ့လင္းရွန္းက စာၾကည့္ခန္းသြားဖို႔ ဒီေနရာက ျဖတ္သြားေလာက္တာျဖစ္မယ္လို႔ ရွီယြင္နန္ ေတြးမိလိုက္သည္။ သို႔ေသာ္ သူသုံးေလးစကၠန႔္ေလာက္ ၿငိမ္ၿငိမ္ေလးေစာင့္ေနတာေတာင္ တဖက္လူက ဝီးခ်ဲလ္ကို ဖယ္ေပးဖို႔ အစီအစဥ္ရွိမေနေပ။
"ျပန္ေရာက္ၿပီလား? စာၾကည့္ခန္းထဲ မသြားဘူးလား? "
ရွီယြင္နန္က သူ႔ရဲ႕ ပုံမွန္ က်ီစယ္တတ္သည့္ အျပဳအမူေလး လုံးဝရွိမေနဘဲ သူ႔အား အသက္မပါစြာ ေမးလာေတာ့
ေလာ့လင္းရွန္း သူ႔သေဘာထားကို နားလည္သြားကာ ဝီးခ်ဲလ္အား ေရွ႕သို႔ပိုတိုးလာလိုက္သည္။ "မင္း အားလား? ကိုယ္မင္းကို ေတြ႕ဖို႔လာတာ။ မင္းကို ေျပာစရာရွိလို႔။"
ဒီငါးရက္အတြင္း၊ အသြားအျပန္ေတာ္ေတာ္ၾကာသည့္ အခ်ိန္မွလြဲ၊ ေလာ့လင္းရွန္းက သာမန္စစ္ေဆးမႈမ်ားႏွင့္ ကုသမႈမ်ားအျပင္ ျပန္လည္ထူေထာင္ေရးေလ့က်င့္မႈျပဳလုပ္ရန္ lလႈပ္ရွားမႈအမ်ိဳးမ်ိဳးရဲ႕ အခ်က္အလက္မ်ားကို မွတ္တမ္းတင္ရန္ ေဆးအဖြဲ႕ႏွင့္ပူေပါင္းေပးခဲ့သည္။
ထို႔ျပင္၊ စမ္းသပ္ၿပီး ပင္ပန္းႏြမ္းနယ္ေနေပမယ့္လည္း ကုမၸဏီရဲ႕ကိစၥအဝဝကို ဆက္ကိုင္တြယ္ရေသးသည္။ သူ႔စိတ္ဝိညာဥ္မွာ အၿမဲတမ္းတင္က်ပ္ေနတာပင္။
သို႔ေသာ္လည္း ေလာ့လင္းရွန္းက အိမ္ျပန္ေရာက္သည္ႏွင့္ ရွီယြင္နန္ဆီ တန္းလာရင္ ေ႐ြးခ်ယ္ခဲ့ေသးသည္။။
"အဲ့ေန႔က ေလ့က်င့္ေရးခန္းထဲမွာ ကိုယ္ ေဒါသထြက္ေနတဲ့အခ်ိန္မို႔ ေျပာမိသြားတာပါ။ ဒီလို ရွက္စရာေကာင္းတဲ့ ပုံမ်ိဳး မင္းေတြ႕တာကို ကိုယ္....က်င့္သားမရေသးလို႔။"
ေလာ့လင္းရွန္းက သူ႔အသံထဲတြင္ ပင္ပန္းႏြမ္းနယ္မႈႏွင့္ ႏွလုံးသားထဲရွိ တင္းမာမႈကို ဘယ္သူမွ ရွာမေတြ႕ႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးစားဖိႏွိပ္ထားသည္။
သူ႔ WeChatကစာေတြကို ရွီယြင္နန္မျပန္တာက သူ႔ကို ကေမာက္ကမျဖစ္ေအာင္လုပ္ဖို႔ လုံေလာက္ေနေလၿပီ။
အမွန္ေတာ့၊ ထိုေန႔ သူေျပာၿပီးေနာက္ ေနာင္တရမိေပမယ့္လည္း လူကိုယ္တိုင္ေျပာဖို႔ အခြင့္အေရးမရခဲ့။
"မစၥတာေလာ့ ေတာင္းပန္စရာမလိုပါဘူး။"
ရွီယြင္နန္ သူ႔မ်က္လုံးမ်ားကို ေအာက္သို႔အနည္းငယ္စိုက္ၾကည့္ၿပီး တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ေျပာလိုက္သည္။
"အဲေန႔က ေလ့က်င့္ေရးခန္းထဲကို ခြင့္မေတာင္းဘဲ ဝင္မိတာ ကြၽန္ေတာ္ပါ။ ခင္ဗ်ားမွန္တယ္၊ ကြၽန္ေတာ္ ေဘာင္ေက်ာ္ခဲ့တယ္။"
"မစၥတာေလာ့သာ သတိမေပးခဲ့ရင္ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္က 'စာခ်ဳပ္' ဆက္ဆံေရးဆိုတာ ေမ့ေနေတာ့မွာ။ ဒါမယ့္ ဒါကို ျပန္မွတ္ထားဖို႔ ေနာက္မက်ေသးပါဘူး။"
"အခုကစၿပီး အျပင္လူေတြေရွ႕မွာ သ႐ုပ္ေဆာင္တာကလြဲရင္ က်န္တဲ့အခ်ိန္ေတြ မစၥတာေလာ့နဲ႔ ခပ္ခြါခြါေနပါ့မယ္။"
ရွီယြင္နန္သည္ အႀကိမ္ေပါင္းမ်ားစြာ အစမ္းေလ့က်င့္ခဲ့သည့္ မုသားစကားမ်ားကို အျမန္ ထုတ္ေျပာလိုက္သည္။ ေရခြက္ကို ကိုင္ထားသည့္ သူ႔လက္ဖဝါးေလးေတြမွာ အနည္းငယ္ ေခြၽးထြက္ေနေလသည္။
အဲ့လိုဆိုရင္ေတာင္ သူ ေလာ့လင္းရွန္းေရွ႕မွာ နည္းနည္းေလးမွ အရႈံးမေပးခ်င္—
ဒါက ငယ္ငယ္ေလးကတည္းက သူက်င့္ႀကံခဲ့တဲ့ စိတ္ဓာတ္ပဲ။ အဲ့လိုမွ ၿခိမ္းေျခာက္ခံရတယ္ဆိုတဲ့ ႀကိဳတင္သတိေပးခ်က္ကို ခံစားရသည္ႏွင့္ တစ္ၿပိဳင္နက္ သူ႔ကိုယ္သူ ခုခံကာကြယ္ႏိုင္မည္ျဖစ္သည္။
တကယ္ေတာ့၊ ေလ့က်င့္ေရးခန္းမွာတုန္းက ေလာ့လင္းရွန္းရဲ႕စကားက သိပ္အေရးမႀကီးေပ။
ရွီယြင္နန္ကို အာ႐ုံစိုက္ေစခဲ့သည့္အခ်က္မွာ သူ႔ႏွလုံးသားထဲမွာ လေရာင္ျဖဴေလးရွိေနတာေၾကာင့္ တစ္ဖက္လူက သူ႔ကို အၿမဲ ျငင္းဆန္ေနမည္ဟူသည့္ အခ်က္ျဖစ္သည္။
ဒီအေျခအေနမွာ သူနဲ႔ ခပ္ေဝးေဝးေနဖို႔ အစျပဳလိုက္တာက သူ႔ကိုယ္သူ အေကာင္းဆုံး ကာကြယ္လိုက္တာျဖစ္သည္။
ရွီယြင္နန္ သူ႔ရဲ႕ တလိပ္လိပ္တက္လာသည့္ ခံစားခ်က္ေတြကို မ်ိဳသိပ္ၿပီး ေျပာလိုက္သည္။
"မစၥတာေလာ့ တျခား ဘာကိစၥမွ မရွိေတာ့ရင္ ေဘးဖယ္ေပးပါ။"
သူ ဘယ္ေလာက္ပဲ စိတ္ကို ႀကိဳတင္ျပင္ဆင္ထားပါေစ၊ ေလာ့လင္းရွန္း ေရွ႕မွာေတာ့ သူ႔ႏွလုံးခုန္သံကို ထိန္းလို႔ မရႏိုင္ေသးပါ။
ေလာ့လင္းရွန္း အၾကည့္မ်ားမွာ နက္နဲသြားေတာ့သည္။ တစ္ဖက္လူရဲ႕ မစၥတာေလာ့ဆိုတဲ့ အေခၚအေဝၚဟာ သူတို႔ဆက္ဆံေရးကို အစကေန ျပန္ေရာက္သြားေစသလိုပင္။
သူ တစ္ခုခုျပန္ေျပာမယ့္ အခ်ိန္မွာပဲ အနီးအနားကေန အသံေလးတစ္သံ ထြက္လာေတာ့သည္။
"ေရွာင္ရႈရႈေရ သားေရခ်ိဳးၿပီးၿပီ။"
ေ႐ႊငါးေလးက သူ႔ေစာင္ေလးကို ပိုက္လာၿပီး ရွီယြင္နန္ဆီ ဝမ္းသာအားရ ေျပးလာသည္။ သူ႔ဦးေလးကို ျမင္ခ်ိန္မွာေတာ့ သူ႔အေျပးေလးက ေႏွးသြားေတာ့သည္။ "ရႈရႈ ျပန္လာၿပီလား?"
"အင္း"
ေလာ့လင္းရွန္းက သူ႔တူေလးကိုၾကည့္ကာ "က်င္းယြီ ဘာလုပ္ေနတာလဲ?"
"ေရွာင္ရႈရႈနဲ႔ တူတူအိပ္ဖို႔လာတာပါ။" ေ႐ႊငါးေလးက ဂုဏ္ယူဝင့္ႂကြားစြာ ျပန္ေျဖလိုက္သည္။
သူ႔ဦးေလး မရွိတဲ့ ရက္အနည္းငယ္အတြင္း၊ သူက ညတိုင္း ရွီယြင္နန္ႏွင့္ အိပ္ဖို႔လာတတ္သည္။
ဒီလိုဆို ေရွာင္ရႈရႈက ပုံျပင္ထဲက ယုန္ျဖဴေလးလို မိသားစုေတြ အိပ္ေပ်ာ္ေနတုန္း ညဘက္ ခိုးထြက္ၿပီး ထားသြားမွာမဟုတ္ဘူးေလ။
ဒီလိမ္မာတဲ့ ကေလးေလးက အခ်ိန္ကိုက္ေရာက္လာလို႔ ရွီယြင္နန္ စိတ္ထဲတြင္ စိတ္သက္သာရာ ရစြာ သက္ျပင္းခ်လိုက္မိသည္။
သူက ေ႐ႊငါးေလးကို လက္တစ္ဖက္တည္းျဖင့္မကာ အခန္းထဲသို႔ ဆြဲသြင္းလိုက္ၿပီး ေလာ့လင္းရွန္းအား ေအးတိေအးစက္ ျပန္ေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔ အိပ္ေတာ့မယ္၊ ဒါဆို ခြင့္ျပဳပါအုံး မစၥတာေလာ့။"
ဘန္း-
တံခါးက ခ်က္ခ်င္း ပိတ္သြားေတာ့သည္။
"..."
ေလာ့လင္းရွန္းမွာ သူေျပာခ်င္တဲ့ စကားလုံးေတြ သူ႔လည္ေခ်ာင္းထဲတြင္ တစ္ဆို႔ေနၿပီး၊ ဘာစကားမွ ေျပာလို႔မရသလို၊ မ်ိဳခ်လို႔လဲမရသည့္ ခံစားခ်က္မ်ိဳး ခံစားလိုက္ရသည္။
အခန္းထဲကလူႏွစ္ေယာက္ 'ဂြတ္ႏိုက္' လို႔ တိုးတိုးေလးမေျပာခင္ထိ၊ သူတံခါးေရွ႕မွာ ရပ္ေနမိေလသည္။
...
ရွီယြင္နန္မွာ ဝီးခ်ဲလ္ထြက္သြားတဲ့ အသံၾကားမွ သူ႔ကို အုံ႔ဆိုင္းေနသည့္ စိုးရိမ္ပူပန္မႈမ်ား ေလ်ာ့သြားေတာ့သည္။
သူ႔ အခ်က္ျပမႈေအာက္တြင္၊ ေ႐ႊငါးေလးက သူ႔ပါးစပ္ကို အုပ္ထားသည့္ လက္ေလးကို ဖယ္လိုက္ကာ "ေရွာင္ရႈရႈ ၊ ရႈရွဴသြားၿပီလား?"
"ဟုတ္တယ္၊ သြားစို႔။"
ရွီယြင္နန္ ေရမေသာက္ခ်င္ေတာ့တာေၾကာင့္ ေ႐ႊငါးေလးကို သူ႔အိပ္ယာဆီ ေခၚသြားေပးဖို႔ ျပင္လိုက္သည္။
ေ႐ႊငါးေလးက ေခါင္းကို ေမာ့ကာတက္တက္ႂကြႂကြေမးလာေလသည္။ "ေရွာင္ရႈရႈ၊ ရႈရႈကို စိတ္ဆိုးေနေသးလား?"
"မဆိုးပါဘူး။"
ကေလးအေရွ႕မွာ စကားအလြန္အကြၽံေျပာလို႔မရေပ။ "အိပ္ေတာ့၊ ကိုးနာရီထိုးေတာ့မယ္ေလ။"
"အိုး။"
ေ႐ႊငါးေလးက သူ႔ေစာင္ေလးနဲ႔အတူ အိပ္ရာေပၚတြင္ လိမ္လိမ္မာမာ လွဲလိုက္သည္။ "ဂြတ္ႏိုက္ပါ ေရွာင္ရႈရႈ။"
"ဂြတ္ႏိုက္။"
ေ႐ႊငါးေလးက အအိပ္ျမန္သည့္ ကေလးျဖစ္သည္။ ရွီယြင္နန္ကကုတင္ေဘးရွိ မီးအိမ္ကို အလင္းေလွ်ာ့လိုက္ၿပီး ခဏအၾကာတြင္ ေ႐ႊငါးေလး အိမ္ေမာက်သြားသည္ကို သူေတြ႕လိုက္ရေလသည္။
ရွီယြင္နန္ ဒီဇိုင္းဆြဲခ်င္စိတ္ မရွိေတာ့တာေၾကာင့္ ကုတင္ေပၚ၌သာ လွဲေနလိုက္သည္။
တကယ္ေတာ့ ေလာ့လင္းရွန္း သူ႔ကို အရင္ေတာင္းပန္ဖို႔ မလိုအပ္ဘူး။ 'ေဘာင္ေက်ာ္တယ္' ဆိုတဲ့ စကားက ရွက္ၿပီး ေဒါသေၾကာင့္ေျပာလိုက္မွန္း သူသိၿပီးသား။ လေရာင္ျဖဴေလးက အခုအေရးႀကီးတဲ့ လူမဟုတ္ေတာ့မွန္းကိုလဲ သူနားလည္တယ္။
ေ႐ႊငါးေလးရဲ႕ ကေလးဆန္ဆန္ အေတြးေလးေတြက ရွီယြင္နန္ကို သေဘာေပါက္ေစခဲ့တယ္။
ေလာ့လင္းရွန္းလိုလူက သူရင္ထဲ လူတစ္ေယာက္ဝင္လာမွာကို ခြင့္ျပဳမွာ မဟုတ္ဘူး။
ၿပီးေတာ့ သူက ေလာ့လင္းရွန္းရဲ႕ ႏွလုံးသားနဲ႔ အကန္႔သတ္မရွိ နီးစပ္တာလဲ ျဖစ္ႏိုင္တာပဲ။ အျမစ္မတြယ္ဘဲ နီး႐ုံသာနီးေနခဲ့တယ္။
အမွန္ေျပာရရင္ သူ႔ရင္ထဲမွာ ေက်ာ္ျဖတ္လို႔မရတဲ့ အတန္းႀကီး( ေျပးခုံေျပးရင္ ေက်ာ္တဲ့အတန္း)ရွိေနတာ။ အတိအက်ေျပာရရင္-
သူမနာလိုဘူး။
သူတစ္ခါမွ မျမင္ဖူးတဲ့ ေလာ့လင္းရွန္းရဲ႕ လေရာင္ျဖဴေလးကို မနာလိုဘူး။
ရွီယြင္နန္ သူ႔ခံစားခ်က္အားလုံးကို လက္လႊတ္ၿပီး "စာခ်ဳပ္ပါတနာ"လို ျပန္ေနဖို႔ ႀကိဳးစားၾကည့္ေပမယ့္လည္း ခက္ခဲလြန္းတယ္။တစ္ညတည္းနဲ႔ အဲ့လိုျပန္ျဖစ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။
အဲ့ဒါေၾကာင့္ သူဂ႐ုမစိုက္သလို ဟန္ေဆာင္ၿပီး ခုနကလိုပဲ တည္ၿငိမ္ခ်င္ေယာင္ ဟန္ေဆာင္ႏိုင္တယ္။
သူေတြးေနစဥ္၊ သူ႔ရဲ႕ WeChat က ႏိုတီတက္လာသည္။ လုေက်ာက္အန္းဆီမွ စာပင္။
-မစၥတာရွီ၊ မနက္ျဖန္ အားလား?
— မင္း ယြမ္မိသားစုရဲ႕ ထုတ္လုပ္ေရးစက္႐ုံအျပင္ ေက်ာက္စိမ္းဂိုေဒါင္ကို သြားၾကည့္ခ်င္တယ္လို႔ ေျပာဖူးတယ္ေလ။ မနက္ျဖန္ သြားၾကည့္ဖို႔ ကြၽန္ေတာ္စီစဥ္ေပးလို႔ရတယ္။
ရွီယြင္နန္မွာ ထိုစိတ္ကူးရွိတယ္။
လုေက်ာက္အန္း ႏွင့္ ပူးေပါင္းေဆာင္႐ြက္မယ့္ ေတာင္းဆိုခ်က္ကို အလြန္႐ိုးရွင္းတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ သူသေဘာတူခဲ့သည္- စိန္ဒီဇိုင္းထက္စာရင္ ေက်ာက္စိမ္းဒီဇိုင္းကသာ သူ အမွန္တကယ္ေရးဆြဲခ်င္သည့္ ဒီဇိုင္းပင္။
ယြမ္မိသားစုနဲ႔ လုေက်ာက္အန္းက ဒီႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမယ့္ အဆိုကို ကမ္းလွမ္းလာမွေတာ့ သူ႔အေနနဲ႔ ႁခြင္းခ်က္မရွိ လက္ခံဖို႔ ဆႏၵရွိေနခဲ့တယ္။
ေနာက္ပိုင္း၊ သူနာမည္ရင္း"ရွီယြင္နန္" ဆိုတဲ့ နာမည္နဲ႔ တ႐ုတ္စက္႐ုံလုပ္ငန္းေတြနဲ႔အတူ စာခ်ဳပ္ခ်ဳပ္ျဖစ္ရင္ ၊ သူကိုယ္ပိုင္ဒီဇိုင္းစတူဒီယိုကို ထပ္မံဖြင့္လွစ္ႏိုင္သည္။
အိပ္မက္ထဲက ကိစၥေတြက ကမာၻေျမႀကီး တုန္ခါေအာင္ လႈပ္ႏိုင္ေပမယ့္၊ လက္ေတြ႕ဘဝမွာေတာ့ သူ႔အတြက္ လမ္းတစ္ခု စီစဥ္ထားရမွာေပါ့။
...
ေနာက္တစ္ေန႔တြင္။
ရွီယြင္နန္သည္ ေလာ့လင္းရွန္းကို ေရွာင္ရန္ အခန္းထဲတြင္ တမင္ပုန္းေနၿပီး မြန္းတည့္ခ်ိန္အထိ ေအာက္ထပ္သို႔ မဆင္းလာေသာ္လည္း မထင္မွတ္ပဲ ေလာ့လင္းရွန္းနဲ႔ ထပ္တိုးျပန္ေတာ့သည္။
"..."
သူတို႔ မ်က္လုံးခ်င္းဆုံသြားၿပီး ရွီယြင္နန္ရဲ႕ ေျခလွမ္းမ်ား အလိုလို ရပ္တန္႔သြားေလသည္။
အခုခ်ိန္ သူသာ အေပၚကို ျပန္လွစ္ထြက္မယ္ဆို၊ အရမ္း သိသာသြားေလာက္တယ္။
ရွီယြင္နန္ သူ႔ခံစားခ်က္ေတြကို ထိန္းကာ ေအာက္သို႔ဆင္းလာၿပီး သူ႔အက်ႌပါးပါးႏွင့္ အိတ္ေသးေသးေလးကို ထိုင္ခုံေပၚမွာ ျဖည္းျဖည္းခ်င္းခ်လိုက္သည္။
"... ခင္ဗ်ား ဘာလို႔ ကုမၸဏီကို မသြားေသးတာလဲ?"
"မင္းဆင္းလာမွာကို ေစာင့္ေနတာ။
ရွီယြင္နန္- "..."
ဦးေလးခ်င္က အေစခံေတြကို အစားအစာမ်ား ယူေဆာင္လာရန္ အမိန႔္ေပးလိုက္ၿပီးေနာက္၊ ထိုသူေတြကို ျပန္ေခၚသြားၿပီး ႏွစ္ေယာက္အတြက္ သီးသန္႔အခ်ိန္ေလး ခ်န္ထားေပးလိုက္သည္။
ေလာ့လင္းရွန္းက အရင္ စိတ္ပူေၾကာင္းထုတ္ေျပာလာသည္။ "မနက္စာနဲ႔ ေန႔လည္စာကို ေပါင္းမစားနဲ႔ေလ။ မနက္စာ မစားတာ အစာအိမ္အတြက္ မေကာင္းဘူး။"
ရွီယြင္နန္ ပင္လယ္စာ ဆန္ျပဳတ္ကို ဇြန္းအျပည့္ခပ္ကာ ေသာက္လိုက္ၿပီး ျပန္ေျပာလိုက္သည္။
"စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ မစၥတာေလာ့။ ဒါမယ့္ ကြၽန္ေတာ္ အက်င့္ျဖစ္ေနပါၿပီ။"
ေလာ့လင္းရွန္း ရင္ဘတ္မွာ 'မစၥတာေလာ့' ဆိုတဲ့ စကားလုံးနဲ႔ အပိတ္ခံလိုက္ရသည္။ သူ႔မ်က္လုံးေထာင့္ကေန ရွီယြင္နန္ ခ်လိုက္တဲ့ပစၥည္းေတြကို ေတြ႕လိုက္ရကာ
"ဒီေန႔ ေန႔ခင္း အျပင္သြားမလို႔လား?"
"အင္း။"
ရွီယြင္နန္ရဲ႕ အေျဖမွာ အလြန္တိုေတာင္းလွသည္။ သူ႔မ်က္လုံးေတြကေတာ့ ေလာ့လင္းရွန္းကို လုံးဝမၾကည့္ဘဲ ပန္းကန္ဆီသာ ေရာက္ေနသည္။
သူက တစ္ဖက္သားကို ဂ႐ုမစိုက္သလိုလုပ္ေနေပမယ့္လဲ၊ ေလာ့လင္းရွန္း မ်က္လုံးေတြနဲ႔ဆုံရင္ သူ႔ရဲ႕ နက္နက္ရႈိင္းရႈိင္းခံစားခ်က္မ်ားကို ဖုံးကြယ္ထားရန္ မလိုေတာ့မွာကို သူစိုးရိမ္ေနမိသည္။
ရွီယြင္နန္က သူ႔ကို ပိုပိုခုခံလာၿပီး သူနဲ႔ပို ေဝးကြာလာသည္ကို ေလာ့လင္းရွန္းျမင္လိုက္ရေသာအခါ၊ သူ႔ႏွလုံးကို မျမင္ႏိုင္သည့္လက္မ်ားျဖင့္ ဆုပ္ကိုင္ညႇစ္ထားပုံရၿပီး အသက္ရွဴေတာင္ၾကပ္လာေတာ့သည္။
ေနာက္ဆုံးေတာ့ေလာ့လင္းရွန္းမွာ သူ႔ခံစားခ်က္မ်ားကို မထိန္းခ်ဳပ္ႏိုင္ေတာ့။ သူက ဝီးခ်ဲလ္ကို ထိန္းကိုင္ကာ ႏွစ္ေယာက္သားနီးကပ္သြားေအာင္ လုပ္လိုက္သည္။
"စိတ္ဆိုးေနေသးလား?"
ထိုအေမးစကားကို ၾကားရေသာအခါ ရွီယြင္နန္ရဲ႕ ညာလက္ေလးမွာ မသိမသာတုန္ယင္သြားသည္။
သူက ေလာ့လင္းရွန္းကို ေဘးတိုက္ၾကည့္ၿပီး သူ႔မ်က္လုံးမ်ားကို စူးစိုက္ၾကည့္ကာ ျပန္ေျဖလိုက္သည္။
"ဟင့္အင္း။"
ေလာ့လင္းရွန္းက သူ႔ရဲ႕ စူပုပ္ပုပ္မ်က္ႏွာေလးကို သတိျပဳမိသြားၿပီး သူ႔မ်က္ခုံးမ်ား စိတ္သက္သာရာ ရသြားကာ ၿပဳံးလိုက္သည္။ "အရင္တေခါက္ ေလ့က်င့္ခန္းမွာတုန္းက ကိုယ္စကားေျပာမွားသြား..."
"ကြၽန္ေတာ္ ဗိုက္ဝၿပီ။" ရွီယြင္နန္က ေလာ့လင္းရွန္းစကားကို ျဖတ္ေျပာလိုက္သည္။
သူ႔ႏွလုံးခုန္ျမန္ေနတာကို မထိန္းႏိုင္တာေၾကာင့္ တည္ၿငိမ္ဖို႔အနည္းငယ္ ေနာက္ကိုနည္းနည္းဆုတ္လိုက္ရသည္။
"ေန႔လည္ ခ်ိန္းထားတာရွိလို႔၊ ၿပီးေတာ့ အလုပ္လည္း ရွိေသးတယ္။"
ေလာ့လင္းရွန္းက ထထြက္သြားဖို႔ ျပင္ေနသည့္ ရွီယြင္နန္ကို ေမာ့ၾကည့္လာၿပီး စိုးရိမ္စြာ ပါးစပ္ကေန လႊတ္ခနဲ ထြက္လာသည္။
"ဘယ္သူနဲ႔လဲ?"
"လုေက်ာက္အန္းနဲ႔"
ရွီယြင္နန္ ပါးစပ္မွ ထိုနာမည္ကို ၾကားလိုက္သည့္ အခ်ိန္တြင္ ေလာ့လင္းရွန္းရဲ႕ ႏွလုံးသားအတြင္းမွာ ခ်ဥ္သည့္ခံစားခ်က္ေလးထြက္လာေတာ့သည္။