'လုရှန်ရဲ့အာဏာကြောင့် မထိခိုက်မဲ့လူတစ်ယောက်ကိုရှာရမယ် ပြီးတော့ မြို့တော်ကိုသွားဖို့ ရထားလုံးကို ငှားပေးနိုင်ရမယ်'
ဒါပေမဲ့ ဒီနေရာက တယောက်ယောက်ကိုမှ သူမမသိပေ ဒီလိုခက်ခဲတဲ့တောင်းဆိုမှုမျိုးလုပ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ရှိရင်
'မဟုတ်ဘူး တစ်ယောက်တော့ရှိတယ်'
* * *
စံအိမ်ဘေးပတ်ပတ်လည် နံရံပေါ်၌ အပေါက်သေးသေးလေးကနေ သူမမျက်နှာကို ထုတ်လိုက်သည်
'နောက်ဆုံးတော့ လွတ်ပြီပဲ'
အရင်ကနဲ့မတူပဲ မှူးမတ်အယ်လိစီယာက သူမကို အပြင် တယောက်ထဲအပြင်ထွက်မှာကို တားမြစ်တယ်လို့ပြောလာတာကြောင့် အပြင်ထွက်ဖို့မလွယ်ကူပေ
မှုးမတ် အယ်လိစီယာရဲ့သမီးနှစ်ယောက်ကျေးဇူးကြောင့် စံအိမ်ကနေ ခိုးထွက်နိုင်ခဲ့သည်
[ရှင် အရင်ကလဲ အပြင်ထွက်ဖူးတာပဲ ဒါပေမဲ့ အမေက ဘာကြောင့်ဒီလိုပြောရတာလဲ]
[ဟုတ်တယ် သူမက အရမ်းကာကွယ်လွန်းနေတာ]
သမီးနှစ်ယောက်က သူတို့အပြင်ခိုးထွက်နေချင်ရင် သုံးနေကြ လျို့ဝှက်လမ်းကြောင်းကို သူမအားပြောပြလေသည် ထိုအရာကြောင့် သူမစံအိမ်ကနေထွက်နိုင်ခဲ့သည်
သူမဂါ၀န်မှာပေနေတဲ့ အညစ်အကြေးတွေကို ခါချလိုက်ပြီး သူမလမ်းလျှောက်လိုက်သည် သစ်ပင်ကြီးတစ်ခုကိုရောက်တဲ့အခါ မြင်ဖူးနေကြမျက်နှာတစ်ခုကိုတွေ့လိုက်သည်
ခွန်းက သူမကို လက်ဝှေ့ယမ်းပြနေသည်
“မေတွ့ရတာအေတာ်ကြာပြီပဲ"
“ဟုတ်တယ် ရှင်နေရောကောင်းရဲ့လား”
“သက်သာလာပါပြီ”
ခွန်းက အဖျားမကျခင် စံအိမ်ကထွက်သွားခဲ့သည် ပြည့်ပြည့်၀၀နေမကောင်းသေးပဲနဲ့ သူဘာကြောင့်ထွက်သွားတာလဲဆိုပြီး သူမမေးတော့ မှူးမတ်ကတော်အယ်လိစီယာက မျက်နှာပေါ်မှာ အပြုံးလေးနှင့်ဖြေလေသည်
[အရှင်ခွန်းက ဒဏ်ရာနဲ့စစ်သည်တွေ သူကိုစောင့်နေမှာဆိုးပြီး စိတ်ပူတာကြောင့်ပါ အရှင်ခွန်းက ဒီမှာအကောင်းဆုံးဆရာ၀န်လေ]
“သူမကအဲ့လိုပြောခဲ့တာ"
ခွန်းက စိတ်မနှစ်မြို့သွားပုံရသည်
"Nah ငါထွက်ပြေးသွား ကာဒီယမ်လက်ထဲမှာ သေရမှာကြောက်လို့လေ"
ခွန်းက အလွန်အရုပ်ဆိုးသောမျက်နှာနှင့် ရေရွတ်လေသည်
"မင်းလဲ အဲ့နေ့က သူ့အမူအရာကိုမြင်တာပဲ ငါအဲ့မှာဆက်နေရင် သူက အိပ်ရာကိုကျိုးအောင်လုပ်ပြီး ငါ့ဗိုက်ကို ဓားနဲ့ဆိုက်တော့မှာလေ ဒါကြောင့် ငါမြန်မြန်ထွက်ပေးခဲ့ရတာ"
“…..ရှင်ကောင်းကောင်းလုပ်ခဲ့ပါတယ်"
ကပ်ဆိုက်ကာလကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တဲ့ သူရဲ့စွမ်းရည်ကို တန်ဖိုးကောင်းကောင်းဖြတ်ပေးလိုက်သည်
လုရှန် ခွန်းကို တကယ်သတ်မလား သူမသိချင်မိသည် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ အဲ့နေ့က လုရှန်အမူအရာက ပုံမှန်မဟုတ်ပေ
ခွန်းက ပခုံးကိုတွန့်ပြကာ မေးေလသည်
"ငါထင်တာ မင်း စံအိမ်ထဲမှာ ပိတ်လှောင်ခံလိုက်ရပြီလို့ပေါ့ ဒါပေမဲ့ ငါထင်တာမဟုတ်ဘူးပဲ"
“ဒါပေါ့ ဘယ်ဟုတ်မလဲ.”
"တော်သေးတာပေါ့ လုရှန်စိတ်အခြေအနေက အဲ့နေ့ကတည်းက မကောင်းတာ သူမျက်လုံးတွေက အရမ်းကြောက်စရာကောင်းနေတာ သူ့အရှေ့မှာ အမြီးနှံ့ပြနေကြ သူ့လက်အောက်ငယ်သားတွေတောင်မှ သူကို စကားမပြောရဲဘူး"
"သူက စစ်ပွဲကို ထပ်သွားရအုမ်းမှာကြောင့် ဖြစ်မှာပေါ့ သူက စစ်ပွဲကာလမှာ အရမ်းဆက်ဆက်ထိမခံဖြစ်နေတာနေမှာပေါ့"
သူမနဲ့လုရှန်ကြားမှာ ဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြချင်တာကြောင့် အကြောင်းအရာကို မပီမပြင်ပြောင်းလိုက်သည်
"အဲ့ဒါထက် ဒါကိုယူလိုက်"
သူမ လေးလံတဲ့ အိတ်ငယ်လေးကိုထုတ်လိုက်ပြီး ခွန်းဆီပေးလိုက်သည်
“အဲ့တာဘာလဲ”
"အဲ့ဒါက တန်ဖိုးအမြင့်ဆုံး ရတနာတစ်ခုပဲ ရောင်းလိုက်ရင် စံအိမ်အနည်းငယ်လောက်တောင်၀ယ်လို့ရတယ်"
"ဝိုး မင်း ငါ့ကိုတွေ့ဖို့ခေါ်တာ ဒါအတွက်လား မင်း ငါ့ကို ရတနာနဲ့ ဆွဲဆောင်ဖို့ကြိုးစားတာဆိုရင် မင်းအောင်မြင်သွားပြီ"
"မဟုတ်တာတွေလျှောက်ပြောမနေနဲ့ ဒီရတနာနဲ့ မြို့တော်ကိုသွားမဲ့ ရထားလုံးတစ်လုံးလောက်ငှားပေးပါ ဖြစ်နိုင်ရင်မြန်မြန်လေး ကျန်တာကို ကူညီခအနေနဲ့ယူလိုက်ပါ"
ခွန်းက သူမစကားကိုကြားပြီး မျက်မှောင်ကြုတ်ကာ
"မင်း ငါ့ကို ခိုင်းနေတာလား"
"အိုးမိုင် မဟုတ်ပါဘူး ခိုင်းတာမဟုတ်ပါဘူး အကူအညီတောင်းတာပါ အလွန်အလေးအနက်ထားပြီး အကူအညီတောင်းတာပါ"
ခွန်းကို လေးနက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည် အကူအညီ ဆိုတဲ့ စကားကို ဖိပြောရင်း
ခွန်းကလွဲပြီး ဘယ်သူကမှ ဒီအကူအညီကို လက်ခံနိုင်မှာမဟုတ်ဘူး
တခဏလောက်တိတ်ဆိတ်ပြီးနောက် ခွန်းက သက်ပြင်းသေးသေးလေးချပြီး သူမလက်ထဲက အိတ်ကိုယူလိုက်သည်
"အိုခေ ငါမင်းကို ကူညီပေးမယ် ကြည့်ရတာ ကာဒီယမ် တစ်စုံတစ်ခုလွဲမှားနေပေမဲ့ ခဏလောက် ဝေးဝေးနေလိုက်တာ အကောင်းဆုံးပဲ သူက စိတ်လွတ်နေတာ"
သူဘယ်လောက်စိတ်မကောင်းဖြစ်နေပါစေ သူဒီစကားတွေပြောလာတဲ့အခါမှာ သူမလဲ မထိန်းနိုင်ပဲ ဒေါကန်မိသည်
"ကျွန်မရှင့်ကို ပြောတယ်နော် လုရှန်အကြောင်းကို အဲ့လိုတွေမပြောပါနဲ့လို့"
"အခုထိ ကာဒီယမ်ဘက်မှာ ရှိနေသေးတုန်းလား"
"ရှင်ဘာကြောင့် ဒီလိုတွေ ပြောနေရတာလဲ"
"သူက မင်းကို စစ်မြေပြင်နေရာအထိ ဆွဲခေါ်လာတယ် ပြီးတော့ အခု သူက မင်းကိုအိမ်ပြန်မလွှတ်တော့ဘူး အဲ့ဒါက ပုံမှန်တယ်လို့ မင်းထင်နေတာလား"
“…….!”
သူမရဲ့နှလုံးသားထဲမှာ ထဲထဲ၀င်၀င်သိလေသည် ဒါတွေအားလုံးက ပုံမှန်မဟုတ်ပေ သူဘယ်လောက်ပဲ ဒေါသထွက်နေပါသေ သူမကိုရပ်တန့်ဖို့ သူ့(လုရှန်)မှာ အခွင့်အရေးမရှိပေ ဒါဆို သူမလဲ ခိုးပြိး လုပ်စရာ မလိုတော့ပေ
‘ဒါပေမဲ့…’
သူမ ခွန်းဆီကနေ ခပ်လှမ်းလှမ်းကိုလှည့်လိုက်သည် ဒီအကြောင်းကို သူမထပ်မပြောချင်တော့ပေ
"ကျေးဇူးပြုပြီး ကျွန်မ ရှင့်ကိုတောင်းပန်နေတာပါ ကျွန်မတို့ကိစ္စတွေကို ရှင်လိုက်စိတ်ပူမနေပါနဲ့ ရှင်ဘာပဲပြောပြောပါ ကျွန်မတို့ အဆင်ပြေအောင်ဖြေရှင်းသွားမှာပါ"
"သေစမ်း"
“ကျေးဇူးပြုပြီး! ကျွန်မသွားတော့မယ်"
ကံအားလျော်စွာ ခွန်းက သူမကို ထပ်မတားတော့ပဲ ဘာမှလဲမပြောတော့ပေ
“ငါမင်းကိုအိမ်လိုက်ပို့မယ်"
"မေ့လိုက်ပါတော့ ကျွန်မတို့တူတူရှိနေတယ်ဆိုပြီး လူတွေက လိုက်ဖြန့်ရင်ဘယ်လိုလုပ်မလဲ"
“အဲ့တာဆို ငါ့အတွက်ကောင်းတာပေါ့"
"လုရှန်ကြားသွားရင်တောင်မှလား"
"အန္တရာယ်ကင်းတဲ့ခရီးဖြစ်ပါစေ"
သူက သူမကို ကယ်တင်ခဲ့တဲ့သူ ဆရာ၀န်တစ်ယောက်ဖြစ်သည်
သူ့ကို အားမပါတပါနှင့် လက်ကိုဝေ့ယမ်းပြပြီး စံအိမ်စီဦးတည်လိုက်သည်
လမ်းလျှောက်နေရင်း လက်ရှိအခြေအနေကိုတွေးမိသည်
'ငါတို့က ပုံမှန်လို အချစ်ကြောင့်ရန်ဖြစ်နေတာပါ သူရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ငါက နည်းနည်းစိတ်ဆိုးနေတာပါ ပြီးတော့ ဒါက အချိန်တစ်ချို့ပေးပြီး ဖြေရှင်းနိုင်မဲ့ကိစ္စပါ'
'ဒါကြောင့် အဆင်ပြေမှာပါ'
သူမကိုယ်သူမ နှစ်သိမ့်ပေးမိသည်
ဒါက အဲ့အချိန်တုန်းက အတွေးဖြစ်သည်
ဒါပေမဲ့ ရုတ်တရက် သူမအမြင်တွေဝေဝါးလာသည်
‘ဘာ ဘာတွေဖြစ်ကုန် …’
အမြင်အာရုံက နည်းနည်းလောက် ဖရိုဖရဲဖြစ်နေတာလို့ ထင်ခဲ့ပေမဲ့ သူမခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သလိုသူမ ကြမ်းပြင်ပေါ် မေ့လဲသွားသည်
မေ့လဲသွားတဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြောက်စရာအသံတစ်ခုကို ကြားလိုက်ရသည်
"ဒါက ကာဒီယမ်ရဲ့အမျိုးသမီး အဲ့ကောင်မလား" (ဒီနေရာမှာ chickလို့သုံးသွားတာ ကိုယ်က စာချောအောင် ပြန်ရေးလိုက်တာပါ)
"သေချာတယ် ခရမ်းရောင်ဆံပင် အစိမ်းရောင်မျက်လုံး သူမက ဖော်ပြချက်နဲ့ကိုက်ညီတယ်"
"ဟ ရယ်စရာပဲ မကောင်းဆိုးဝါးတစ်ကောင်က မိန်းကလေးတစ်ယောက်ကို သဘောကျသွားတာ ငါဖြင့်မယုံနိုင်ဘူး"
"မင်းကျေးဇူးကြောင့် ငါတို့ အခု အခွင့်အရေးကောင်းရလိုက်တာပဲ ကာဒီယမ်လည်ကိုဖြတ်ဖို့အခွင့်အရေးတစ်ခုလေ"
"ဒီအမျိုးသမီးကိုဖမ်းဖို့ ပုန်းခဲ့ရတဲ့နေ့တွေက တန်သွားပြီ"
ဒါက သူမကြားလိုက်တာအကုန်ပင်
တခဏကြာတော့ အမြင်အာရုံက မည်းသွားပြီး သတိလဲလွတ်သွားလေသည်
* * *
ကျယ်လောင်တဲ့အသံတွေကြောင့် သူမ မျက်လုံးတွေဖွင့်လိုက်သည် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့အရာက မမြင်ဖူးတဲ့စစ်သည်တစ်ယောက်ဖြစ်သည် မျက်လုံးသေးသေး အသားမဲမဲ သူပုံစံကို တချက်ကြည့်ရုံနဲ့တင်သိသာသည် ၀တ်ပုံစားပုံက တော်၀င်စစ်သည်တွေနှင့် လုံး၀ကိုကွာခြားလေသည်
'သူက သူပုန်တစ်ယောက်ပဲဖြစ်ရမယ်'
သူမ သဘောပေါက်သွားတဲ့အချိန်မှာ ရင်တွေတုန်လာတော့သည် သူမ ချက်ချင်း ထွက်ပြေးချင်ပေမဲ့ လက်ကောက်၀တ်နှင့် ခြေချင်း၀တ်တွေက အချည်ခံထားရတာကြောင့် လှုပ်ရှားလို့မရပေ ဒီပြဿာနာကြောင် သူမနှုတ်ခမ်းကိုကိုက်လိုက်ချိန်မှာ စစ်သည်တစ်ယောက်က သူမကိုကြည့်ပြီးလျစ်လျူရှုသွားလေသည်
"ခေါင်းဆောင် ဟိုအမျိုးသမီးနိုးလာပြီ"
အချိန်ခဏကြာပြီးနောက် ယောကျာ်းတစ်ယောက် ရောက်လာလေသည် တောက်ပစွာ အလှဆင်ထားတဲ့ သံချပ်၀တ်နှင့် ဓားကို ကြည့်ချင်းဖြင့် သူက သူပုန်ခေါင်းဆောင်ဖြစ်ပုံရသည်
ခြိမ်းခြောက်နိုင်တဲ့မျက်နှာနှင့် ကို့ရိုးကားယား တတ်တူးနှင့် သူက
"မင်း မင်းက မျက်လုံးဖွင့်ထားရင် ပိုလှတာပဲ မင်းက သေချာပေါက် ကာဒီယမ်ရဲ့ဇနီးလောင်းပဲ"
ရွံစရာစကားလုံးတွေက သူမတကိုယ်လုံးအနှံ့ကြက်သီးထစေသည်
သူမကိုကြည့်နေတဲ့ ထိုအမျိုးသားက စကားတစ်ခွန်းမှမပြောပဲ လှုပ်ခါက စစ်သည်တစ်ယောက်ကို အချက်ပြလိုက်သည် စစ်သည်က ခဏကြာတော့ လက်ထဲမှာ တောက်ပတဲ့ဓားတစ်ချောင်းနဲ့ပေါ်လာလေသည် စစ်သည်က ဓားကိုင်ပြီး သူမဆီချဉ်းကပ်လာတာ မြင်တော့ သူမအော်မိသည်
"ရှင် ရှင် ကျွန်မကိုသတ်ဖို့ကြိုးစားနေတာလား ကျွန်မက ဓားစာခံတစ်ယောက် ပြီးတော့ ကျွန်မက နည်းနည်းအသုံး၀င်မှာပါ"
Slash~(ဓားခုတ်သံ*)
ဓားက လေသံနှင့်အတူ ရွေ့လျားသွားသည် ကံကောင်းစွာနဲ့ သူမလည်ပင်းမဟုတ်ပဲ ဓားသွားထိသွားတဲ့နေရာက သူမဆံပင်ဖြစ်နေသည် စစ်သည်က ဖြတ်ထားတဲ့ဆံပင်ကို ခေါင်းဆောင်ဆိုတဲ့ လူထဲပေးလိုက်သည် ထိုလူက လက်ထဲမှ လှိုင်းပုံစံခရမ်းရောင် ဆံပင်ကို ကြည့်ပြီး အားရစွာပြုံးလေသည်
"မင်းက သူအရမ်းချစ်ရပါတယ်လို့ ပြောနေကြ အမျိုးသမီးဆိုရင် မင်းရဲ့ဆံပင်ကိုကြည့်ရုံနဲ့ သူသတိထားမိမှာပဲ ကြိုး ကြိုးစားပြီး ကာဒီယမ်ဆီပို့လိုက် ပြော ပြောလိုက် သူအမျိုးသမီးကို ကယ်ချင်ရင် ချက်ချင်း တပ်ပြန်ဆုတ်လို့"
“ဟုတ်ကဲ့”
စစ်သည်က ပျောက်ကွယ်သွားပြီး စစ်တန်းလျားထဲမှာ သူမနှင့် ထိုလူသာကျန်ခဲ့သည် ထိုလူက စားပွဲပေါ်မှ အသားတုံးကို ကြောက်စရာကောင်းအောင် ကိုက်ဆွဲနေသည်
သူမက ထိုလူနဲ့ အကြည့်ချင်းဆုံသွားပြီး
"ဗိုက်ဆာနေပြီလား မင်းစားချင်တာလား"
ဒီအချိန်မှာ အစားအစာအတွက်နဲ့ ကျရှုံးသွားစရာအကြောင်းမရှိပေ သူကို ရွံစရာကောင်းတယ်ဆိုသော အကြည့်မျိုးနဲ့ ကြည့်လိုက်ချိန် ထိုသူက သွားကိုဖြဲပြကာ ရီလေသည်
"မင်း ငြိမ်ငြိမ်နေသရွေ့ ငါမင်းကိုမသတ်ပါဘူး စိတ်မပူပါနဲ့"
သူမက ထိုသူပြောတာကို နားထောင်ပြီး အံဩစွာနှင့် ကြည့်ရင်း ထိုသူက အသားကို သွားနဲ့ ကိုက်ဖြဲကာ ဆက်ပြောလေသည်
"မင်းက ငယ်ရွယ်ပြီး လှပတယ် ဒါကြောင့် မင်းက ကာဒီယမ်သေပြီးရင်တောင်မှ အသုံး၀င်သေးတယ် အထက်တန်းလွှာလေဒီတစ်ယောက်ကို ရှာနေတဲ့ နေရာနည်းနည်းရှိတယ်လေ"
သူ့စကားတွေက ကြောက်စရာကောင်းပေမဲ့ အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲနေတဲ့ ဗီလိန် ပြောနေကြာ အရာမျိုးဖြစ်နေလေသည် ဒါပေမဲ့ ထိုလူက ထိုနေရာမှာတင်မရပ်ပဲ ထူးဆန်းစွာ စတင်ပြောလေသည်
"ဘာပဲဖြစ်ဖြစ်ပါ ငါမှာမေးခွန်းတစ်ခုရှိတယ် ကာဒီယမ်ရဲ့ sensitive ဖြစ်တဲ့ နေရာက ဘယ်နေရာလဲ"
“….ဘာ?”
ထိုလူက စိတ်လှုပ်ရှားစွာနှင့်
"ခန္ဓာကိုယ်မှာ sensitive ဖြစ်တဲ့နေရာတစ်ခုရှိတယ် သူရဲ့ ဘေးလား ဒါ ဒါမှမဟုတ် နားရွက်ရဲ့ အသီးလုံးလေးတွေလား ဘယ်နေရာဆိုတာ မင်းသိမယ်ဆိုတာ သေချာပါတယ်"
“…..”
သူမကို ကြက်သီးတဖြန်းဖြန်းထသွားစေသညိ
'ရှင် ဒါကို ဘာလို့ လာမေးနေရတာလဲ'
"ရန်သူတပ်က ပြန်ဆုတ်သွားချိန်ကျရင် ဒီနေရာကို တစ်ယောက်ထဲလာဖို့ ပြောပြီး သူ့ကိုဖမ်းဖို့ စီစဉ်ထားတာ ဘာ ဘာလို့လဲဆိုတော့ သူကို လူအများကလိုချင်နေကြတာ သူ့ကို ဈေးမြင့်မြင့်နဲ့မရောင်းခင် သူကိုယ်သူ ကုသနိုင်တယ်ဆိုတဲ့ကောလဟာလက အမှန်လားဆိုတာကို ငါသိချင်သေးတယ်"
“…..”
ထိုစကားကြားပြီးနောက် သူမမျက်နှာရှုံ့တွသွားသည်
ထိုသူက ညီးလိုက်ပြီး စိတ်လှုပ်ရှားစွာနှင့်
"သူ့လက်သည်းတွေကို ခွာထုတ်လိုက်ရင် သူနာသွားမလား ဒါ ဒါမှမဟုတ် နားရွက်ကို? ဒါမှမဟုတ် နံရိုးတွေကိုချိုးပစ်ရမလား တ တကယ်က အဲ့အနီရောင်မျက်လုံးတွေကို ထုတ်ပစ်လိုက်တာက ပျော်စရာအကောင်းဆုံးပဲ ဒါ ဒါပေမဲ့ ပြန်ပြိး မကောင်းလာရင် ဈေးက ကျသွားမှာ"
“……”
အသက်က ပထမဆုံးလာတာမလို့ ပါးစပ်ကိုပိတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည် လုရှန် လာမကယ်ခင်အထိ ပြန်ပြေးဆွဲသူတွေကြောင့် စိတ်အနောင့်အယှက်အဖြစ်မခံပဲ ဖြစ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်နေရမည် ဒါပေမဲ ဒီလိုလုပ်ဖို့က သူမအတွက်မဖြစ်နိုင်ပေ
သူက လုရှန်အကြောင်းကို အခုလို ပေါက်ကရပြောရဲတယ်!!
“ဟေး ရှင် XXXXXXXXXXXX!”
ပွင့်ပွင့်လင်းလင်းဆဲတာကိုကြားပြီး သထိုသူ မျက်လုံးပြူးသွားတော့သည်
"ရှင် လုရှန်အပေါ်ကို လက်လေးတစ်ချောင်းတောင် ဘယ်တော့မှတင်လို့ရမှာမဟုတ်ဘူး အဲ့အစား အမှုန့်ခြေခံရမဲ့သူက ရှင်ပဲဖြစ်သွားမှာ ဘာကြောင့်လဲဆိုတာ ရှင်သိလား ရှင်မျက်နှာနဲ့တင် အစကထဲက လုရှန်ကိုရှုံးနေပြီးသား ပုတ်နေတဲ့ ရွှေဖရုံသီးလို ပုံစံနဲ့ ရှင်က ယှဉ်နိုင်မှာမဟုတ်ဘူး ဒါကြောင့် ဒီအကြောင်း စိတ်ကူးထဲတောင်မတွေးနဲ့ နှာဘူးကောင် ကျားကြီးရဲ့!!!"
သူ့အပေါ် လောင်းချလိုက်တဲ့ အဆိပ်ပမာဏက အလွန်များသောကြောင့် စားနေတဲ့အသားတုံးတောင် ကြမ်းပြင်ပေါ်ကျသွားတော့သည်
ထိုသူက ကဗျာကသီနှင့်
"ငါ ငါထင်ထားတာ မင်းက အထက်တန်းလွှာလေဒီဆိုတော့ နူးညံ့ညင်သာမယ်ပေါ့ ဒါပေမဲ့ မင်းပါးစပ်က ညစ်ပတ်တာပဲ"
"ကျွန်မကို ဒီထက်ပိုပြီး ညစ်ပတ်တာ ပြောစေချင်တာလား ရှင်ပျင်းနေရင် အပြစ်မဲ့တဲ့သူတွေကိူ အနိုင်ကျင့်ဖို့ မကြိုးစားနဲ့ ရှင် စကားထစ်နေတာကို အရင် ပြင်လိုက် နှာဘူးကောင်ရဲ့"