Unicode
အပိုင်း (၅၇) မိခင်သောက (၂)
"ညီငယ်တွေက ဘယ်လိုများ အစ်ကိုကြီးထက် ကျော်သွားရမှာလဲ၊ ကျွန်တော်တို့ အကြီးဆုံး အစ်ကို ကောင်မလေး တစ်ယောက်နဲ့ နမ်းတာကို မတွေ့ရခင်အထိ စောင့်ဆိုင်းနိုင်ပါတယ်"
လုထင်ကျစ်က ချက်ချင်းလိုလို ဝင်နောက်သည်။
ခန်းမ အတွင်းတွင် ရယ်သံများက ပြည့်နှက် သွားတော့၏။
ယဲ့ကျန်းက လုလင်ကျစ်၏ ညင်သာပြီး ခံ့ညား ချောမောသော မျက်နှာကို ကြည့်လိုက်၏။ နန်းတော်ထဲတွင် ဝိညာဉ်အဖြစ် ရှိနေခဲ့သော သူမ၏ မှတ်ဉာဏ်များအရ လုလင်ကျစ် လက်ထပ်ခဲ့သည် ဆိုသော သတင်းကို သူမ မကြားခဲ့ရပေ။
ဖြစ်နိုင်တာက...
သူမ နှာခေါင်း ပွတ်လိုက်ကာ အကောင်းဆုံး မှတ်မိရန် ကြိုးစားသော်လည်း စိတ်ထဲတွင် မည်သူမှ ပေါ်ထွက် မလာခဲ့ပေ။ သူမ နန်းတော်ထဲတွင် ၂နှစ်တိုင်တိုင် သွားလာနေခဲ့သော်လည်း လုလင်ကျစ် ကဲ့သို့ လုမိသားစုမှ အကြီးဆုံး သားကြီးက လက်ထပ်ခဲ့ခြင်း မရှိခဲ့ပေ။
လုလင်ကျစ်ကလည်း ယဲ့ကျန်း၏ အကြည့်ကို အာရုံ စိုက်မိဟန် ရသည်။ သူက ချက်ချင်း ဖျော့တော့စွာ ပြုံးပြီး လှည့်ကြည့်လိုက်၏။ မသိစိတ်အရ ယဲ့ကျန်းက ချက်ချင်း အဝေးသို့ ကြည့်သည်။
စကား ပြောနေချိန်တွင် ရယ်သံများက ပြည့်နှက် နေခဲ့ကာ နောက်ဆုံးတွင် အချိုပွဲက ရောက်လာသည်။
သူမ စိတ်ထင်သည်လား မသိ၊ လုကျင်းက ချန်းညီအစ်မများနှင့် ယခင်ကထက် နီးကပ်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့အားလုံးက စကား ဆက်ပြောနေခဲ့ကြကာ သူမကို ဖယ်ခွာ ထားကြ၏။ သိသိသာသာပင် လစ်လျူ ရှုထားလိုက်သည်။
ယဲ့ကျန်းက ဒီလို အဖယ်ခံထားရသည်က ဆိုးရွားသည်ဟု မထင်ပေ။ မည်သို့ပင်ဆိုစေ သူမကလည်း ထိုလူများနှင် စကား ပြောချင်စိတ် မရှိပါပေ။
"တတိယညီမက လဝက်နေရင် စာမေးပွဲ ဝင်ဖြေမှာ မဟုတ်လား၊ သေချာရဲ့လား"
ချန်းလီပင်းက သူမ၏ ညာဘက် မျက်ခုံးကို ပင့်ကာ မေးလာသည်။
အဆုံးတွင် သူမ ပတ်ဝန်းကျင်ရှိ လူများက မယုံကြည်နိုင်ကြသေးပေ။ ယဲ့ကျန်းက စိတ်ထဲတွင် တည်ငြိမ်စွာ ဆုံးဖြတ်ချက် ချထားပြီးလေပြီ။ သူမ သေချာပေါက် ဝင်ခွင့် စာမေးပွဲတွင် အမှားအယွင်း အရှိခံ၍ မရပေ။ ဒါဖြင့် သူမ သူတို့ကို သက်သေပြရမည်ပေ။
လုစံအိမ်သို့ မလာခင်က သူတို့က သည်ပိန်ပါး မည်းကြုတ် ရုပ်ဆိုးသော တတိယ သခင်မလေး အကြောင်းကို ကြားထားပြီးသား ဖြစ်သည်။ ရလဒ် အနေဖြင့် ကောလာဟလတွေကို သူတို့ သေချာ မသိသော်လည်း ယဲ့ကျန်းနှင့် ကိုယ်တိုင် မြင်ရချိန်တွင် တတိယ ညီမက သူတို့ထက်ပင် သာလုနီးပါး လှပနေကြောင်း မြင်လိုက်ရ၏။
ယဲ့ကျန်းက ခေါင်းကို အသာပွတ်ဟန် ပြုပြီး တွေးတောဟန်ဖြင့် ပြောလိုက်၏။
"တို့ မသေချာရင် ဝင်ဖြေဖို့ ကြံစည်ပါ့မလား"
လုကျင်းက ပါးစပ်ကို အုပ်ကာ ရယ်သည်။
"ငါ့အစ်မက ဝင်ခွင့် စစ်ဆေးပွဲမှာ ဘာတွေ ရွေးရမလဲဆိုတာ သိထားသင့်ပြီ ထင်တယ်၊ နင့်ရဲ့ မြင်းစီးတာနဲ့ မြားပစ်တာက တော်နေပြီဆိုရင်တောင်မှ အခြား နယ်ပယ်တွေကရော၊ ဥပမာအားဖြင့် တူရိယာ တီးခတ်တာ ဆိုရင်ရော"
"ဒါက တို့... တို့ မသေချာသေးဘူး၊ ဆရာမရှန်းကတော့ တို့ အခြား နယ်ပယ်တွေမှာ အောင်မြင်မယ် ဆိုရင် အဆင်ပြေမယ်လို့ ပြောတာပါပဲ"
ယဲ့ကျန်းက ယုံကြည်မှု မရှိဟန်ဖြင့် ဖြေလိုက်သည်။
"ဒါဆိုရင် အခြား စာမေးပွဲတွေ အောင်အောင် ဗုဒ္ဓဆီမှာ သွားပြီး ဆုတောင်းသင့်ပြီ"
လုကျင်းက လှောင်သည်။
ယဲ့ကျန်းကမူ သူမ၏ တည်ငြိမ်မှုကို ထိန်းထားသေးကာ အလေးအနက်ထား ခေါင်းညိတ်၏။
"တို့လည်း ဟူကုံး ဘုရားကျောင်းက အရမ်း ကျော်ကြားတယ်လို့ ကြားထားပါတယ်၊ မင်း ပြောတာ မှန်တယ်၊ စတုတ္ထညီမ တို့လည်း အချိန်ရရင် စာမေးပွဲ မဖြေခင်ကတည်းက ဝိညာဉ် စွမ်းအင် လက္ခဏာ ကောင်းမွန်အောင် သွားမေးကြည့်လိုက်မယ်"
"ဒီလိုဆိုရင် ငါလည်း တတိယ ညီမနဲ့ လိုက်ခဲ့မယ်"
ချန်းချုံပင်းက ရုတ်တရက် ပြောလာသည်။
"ကောင်းတာပေါ့"
ယဲ့ကျန်းက ကျေးဇူးတင်ဟန် ပြုံးပြလိုက်သည်။
အားလုံး၏ တွေ့ဆုံပွဲ အဆုံးတွင် လုကျင်းက ချန်းညီမများကို ခေါ်ကာ ထွက်သွားသည်။
အမျိုးသားများကမူ သီးသန့် တစ်ဖွဲ့နေကြ၏။ ယဲ့ကျန်းက သည်အခွင့်အရေးကို သုံးပြီး ဖေးရှီကို တစ်ယောက်တည်း စကားပြောသည်။ သူမက ဖေးရှီ၏ လက်ကို ကိုင်ပြီးနောက် အပြင်သို့ ခေါ်ထုတ်သွားလိုက်၏။ ဒါက လေ့ကျင့်သည့် အနေဖြင့် လမ်းလျှောက်သည်ဟု ဆိုလိုက်သည်။ ဒီနည်းအားဖြင့် အစာချေနိုင်ရန်လည်း မျှော်လင့်၏။
"အမေ အမေ အဖေ့ကို ဘာလို့ အရာရှိ မဖြစ်စေချင်တာလဲ"
ယဲ့ကျန်းက လုရှီမင်၏ ဆန္ဒကို နားလည်သည်။ သို့သော် ဖေးရှီက ရုတ်တရက် မျက်နှာ မသာမယာ ဖြစ်ခြင်းကိုလည်း သူမ နားလည်၏။
ဖေးရှီက ယဲ့ကျန်းကို အံ့ဩသလို ကြည့်သည်။
"အမေက မကြိုက်တာ မဟုတ်ပါဘူး၊ သမီးက ဘာလို့ ဒီလို ထင်ရတာလဲ"
"အမေ အခု နောက်ပိုင်း မျက်နှာ မကောင်းတာကို သတိထားမိတယ်"
သူမက ပြောသည်။
"ယောင်ယောင် အမေ အဆင်ပြေပါတယ်"
ဖေးရှီက ယဲ့ကျန်း၏ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပုတ်သည်။
"ဒီအတိုင်း အချို့သူတွေက ဒီမှာ နေသား မကျလို့ပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ အမေ အဆင်ပြေ သွားမှာပါ။ အဲဒါ အပြင် မြို့တော်က သမီးနဲ့ သင့်လျော်တယ် လို့လည်း အမေ ထင်တယ်"
သို့ရာတွင် ယဲ့ကျန်းအနေဖြင့် ကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း နားလည်နေသည်။ သူမ၏ စိတ်ထဲတွင် သိမ်းမှတ်ထားကာ စဉ်းစားရန် ဆုံးဖြတ်လိုက်၏။ လက်ရှိ အချိန်တွင်မူ နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
"ကောင်းပြီ ဒါဆိုရင် ပြန်ပြီး စောစော အနားယူ ရအောင်၊ ဆရာမရှန်းက မနက်ဖြန်ကျရင် သမီးကို သင်ကြားပေးလိမ့်ဦးမယ်"
"အမေ ဒီလိုဆိုရင် သမီး အရင် ပြန်ပါတော့မယ်"
ယဲ့ကျန်းက ဖေးရှီကို နွေးထွေးစွာဖြင့် ပွေ့ဖက်ပြီး နောက်တွင် ပါးလေးကို တစ်ချက် နမ်းသည်။ လုရှန်းကျစ်ကိုသာ မနက်ဖြန်မှ မေးရန် ဆုံးဖြတ် လိုက်ပြီးနောက် အဆောင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်၏။
သူမက အပြန်လမ်းတွင် ဆရာမရှန်းက ခြံဝန်းထဲတွင် ရပ်နေပြီး ဥယျာဉ်ထဲမှ ပန်းနှင့် မြက်ခင်းများကို ကြည့်ပြီး အတွေး နက်နေကြောင်း မြင်လိုက်ရသည်။
...
Zawgyi
အပိုင္း (၅၇) မိခင္ေသာက (၂)
"ညီငယ္ေတြက ဘယ္လိုမ်ား အစ္ကိုႀကီးထက္ ေက်ာ္သြားရမွာလဲ၊ ကြၽန္ေတာ္တို႔ အႀကီးဆုံး အစ္ကို ေကာင္မေလး တစ္ေယာက္နဲ႔ နမ္းတာကို မေတြ႕ရခင္အထိ ေစာင့္ဆိုင္းႏိုင္ပါတယ္"
လုထင္က်စ္က ခ်က္ခ်င္းလိုလို ဝင္ေနာက္သည္။
ခန္းမ အတြင္းတြင္ ရယ္သံမ်ားက ျပည့္ႏွက္ သြားေတာ့၏။
ယဲ့က်န္းက လုလင္က်စ္၏ ညင္သာၿပီး ခံ့ညား ေခ်ာေမာေသာ မ်က္ႏွာကို ၾကည့္လိုက္၏။ နန္းေတာ္ထဲတြင္ ဝိညာဥ္အျဖစ္ ႐ွိေနခဲ့ေသာ သူမ၏ မွတ္ဉာဏ္မ်ားအရ လုလင္က်စ္ လက္ထပ္ခဲ့သည္ ဆိုေသာ သတင္းကို သူမ မၾကားခဲ့ရေပ။
ျဖစ္ႏိုင္တာက...
သူမ ႏွာေခါင္း ပြတ္လိုက္ကာ အေကာင္းဆုံး မွတ္မိရန္ ႀကိဳးစားေသာ္လည္း စိတ္ထဲတြင္ မည္သူမွ ေပၚထြက္ မလာခဲ့ေပ။ သူမ နန္းေတာ္ထဲတြင္ ၂ႏွစ္တိုင္တိုင္ သြားလာေနခဲ့ေသာ္လည္း လုလင္က်စ္ ကဲ့သို႔ လုမိသားစုမွ အႀကီးဆုံး သားႀကီးက လက္ထပ္ခဲ့ျခင္း မ႐ွိခဲ့ေပ။
လုလင္က်စ္ကလည္း ယဲ့က်န္း၏ အၾကည့္ကို အာ႐ုံ စိုက္မိဟန္ ရသည္။ သူက ခ်က္ခ်င္း ေဖ်ာ့ေတာ့စြာ ျပဳံးၿပီး လွည့္ၾကည့္လိုက္၏။ မသိစိတ္အရ ယဲ့က်န္းက ခ်က္ခ်င္း အေဝးသို႔ ၾကည့္သည္။
စကား ေျပာေနခ်ိန္တြင္ ရယ္သံမ်ားက ျပည့္ႏွက္ ေနခဲ့ကာ ေနာက္ဆုံးတြင္ အခ်ိဳပြဲက ေရာက္လာသည္။
သူမ စိတ္ထင္သည္လား မသိ၊ လုက်င္းက ခ်န္းညီအစ္မမ်ားႏွင့္ ယခင္ကထက္ နီးကပ္သြားသည္ဟု ခံစားလိုက္ရသည္။ သူတို႔အားလုံးက စကား ဆက္ေျပာေနခဲ့ၾကကာ သူမကို ဖယ္ခြာ ထားၾက၏။ သိသိသာသာပင္ လစ္လ်ဴ ႐ႈထားလိုက္သည္။
ယဲ့က်န္းက ဒီလို အဖယ္ခံထားရသည္က ဆိုး႐ြားသည္ဟု မထင္ေပ။ မည္သို႔ပင္ဆိုေစ သူမကလည္း ထိုလူမ်ားႏွင္ စကား ေျပာခ်င္စိတ္ မ႐ွိပါေပ။
"တတိယညီမက လဝက္ေနရင္ စာေမးပြဲ ဝင္ေျဖမွာ မဟုတ္လား၊ ေသခ်ာရဲ႕လား"
ခ်န္းလီပင္းက သူမ၏ ညာဘက္ မ်က္ခုံးကို ပင့္ကာ ေမးလာသည္။
အဆုံးတြင္ သူမ ပတ္ဝန္းက်င္႐ွိ လူမ်ားက မယုံၾကည္ႏိုင္ၾကေသးေပ။ ယဲ့က်န္းက စိတ္ထဲတြင္ တည္ၿငိမ္စြာ ဆုံးျဖတ္ခ်က္ ခ်ထားၿပီးေလၿပီ။ သူမ ေသခ်ာေပါက္ ဝင္ခြင့္ စာေမးပြဲတြင္ အမွားအယြင္း အ႐ွိခံ၍ မရေပ။ ဒါျဖင့္ သူမ သူတို႔ကို သက္ေသျပရမည္ေပ။
လုစံအိမ္သို႔ မလာခင္က သူတို႔က သည္ပိန္ပါး မည္းၾကဳတ္ ႐ုပ္ဆိုးေသာ တတိယ သခင္မေလး အေၾကာင္းကို ၾကားထားၿပီးသား ျဖစ္သည္။ ရလဒ္ အေနျဖင့္ ေကာလာဟလေတြကို သူတို႔ ေသခ်ာ မသိေသာ္လည္း ယဲ့က်န္းႏွင့္ ကိုယ္တိုင္ ျမင္ရခ်ိန္တြင္ တတိယ ညီမက သူတို႔ထက္ပင္ သာလုနီးပါး လွပေနေၾကာင္း ျမင္လိုက္ရ၏။
ယဲ့က်န္းက ေခါင္းကို အသာပြတ္ဟန္ ျပဳၿပီး ေတြးေတာဟန္ျဖင့္ ေျပာလိုက္၏။
"တို႔ မေသခ်ာရင္ ဝင္ေျဖဖို႔ ၾကံစည္ပါ့မလား"
လုက်င္းက ပါးစပ္ကို အုပ္ကာ ရယ္သည္။
"ငါ့အစ္မက ဝင္ခြင့္ စစ္ေဆးပြဲမွာ ဘာေတြ ေ႐ြးရမလဲဆိုတာ သိထားသင့္ၿပီ ထင္တယ္၊ နင့္ရဲ႕ ျမင္းစီးတာနဲ႔ ျမားပစ္တာက ေတာ္ေနၿပီဆိုရင္ေတာင္မွ အျခား နယ္ပယ္ေတြကေရာ၊ ဥပမာအားျဖင့္ တူရိယာ တီးခတ္တာ ဆိုရင္ေရာ"
"ဒါက တို႔... တို႔ မေသခ်ာေသးဘူး၊ ဆရာမ႐ွန္းကေတာ့ တို႔ အျခား နယ္ပယ္ေတြမွာ ေအာင္ျမင္မယ္ ဆိုရင္ အဆင္ေျပမယ္လို႔ ေျပာတာပါပဲ"
ယဲ့က်န္းက ယုံၾကည္မႈ မ႐ွိဟန္ျဖင့္ ေျဖလိုက္သည္။
"ဒါဆိုရင္ အျခား စာေမးပြဲေတြ ေအာင္ေအာင္ ဗုဒၶဆီမွာ သြားၿပီး ဆုေတာင္းသင့္ၿပီ"
လုက်င္းက ေလွာင္သည္။
ယဲ့က်န္းကမူ သူမ၏ တည္ၿငိမ္မႈကို ထိန္းထားေသးကာ အေလးအနက္ထား ေခါင္းညိတ္၏။
"တို႔လည္း ဟူကုံး ဘုရားေက်ာင္းက အရမ္း ေက်ာ္ၾကားတယ္လို႔ ၾကားထားပါတယ္၊ မင္း ေျပာတာ မွန္တယ္၊ စတုတၳညီမ တို႔လည္း အခ်ိန္ရရင္ စာေမးပြဲ မေျဖခင္ကတည္းက ဝိညာဥ္ စြမ္းအင္ လကၡဏာ ေကာင္းမြန္ေအာင္ သြားေမးၾကည့္လိုက္မယ္"
"ဒီလိုဆိုရင္ ငါလည္း တတိယ ညီမနဲ႔ လိုက္ခဲ့မယ္"
ခ်န္းခ်ံဳပင္းက ႐ုတ္တရက္ ေျပာလာသည္။
"ေကာင္းတာေပါ့"
ယဲ့က်န္းက ေက်းဇူးတင္ဟန္ ျပဳံးျပလိုက္သည္။
အားလုံး၏ ေတြ႕ဆုံပြဲ အဆုံးတြင္ လုက်င္းက ခ်န္းညီမမ်ားကို ေခၚကာ ထြက္သြားသည္။
အမ်ိဳးသားမ်ားကမူ သီးသန္႔ တစ္ဖြဲ႕ေနၾက၏။ ယဲ့က်န္းက သည္အခြင့္အေရးကို သုံးၿပီး ေဖး႐ွီကို တစ္ေယာက္တည္း စကားေျပာသည္။ သူမက ေဖး႐ွီ၏ လက္ကို ကိုင္ၿပီးေနာက္ အျပင္သို႔ ေခၚထုတ္သြားလိုက္၏။ ဒါက ေလ့က်င့္သည့္ အေနျဖင့္ လမ္းေလွ်ာက္သည္ဟု ဆိုလိုက္သည္။ ဒီနည္းအားျဖင့္ အစာေခ်ႏိုင္ရန္လည္း ေမွ်ာ္လင့္၏။
"အေမ အေမ အေဖ့ကို ဘာလို႔ အရာ႐ွိ မျဖစ္ေစခ်င္တာလဲ"
ယဲ့က်န္းက လု႐ွီမင္၏ ဆႏၵကို နားလည္သည္။ သို႔ေသာ္ ေဖး႐ွီက ႐ုတ္တရက္ မ်က္ႏွာ မသာမယာ ျဖစ္ျခင္းကိုလည္း သူမ နားလည္၏။
ေဖး႐ွီက ယဲ့က်န္းကို အံ့ဩသလို ၾကည့္သည္။
"အေမက မႀကိဳက္တာ မဟုတ္ပါဘူး၊ သမီးက ဘာလို႔ ဒီလို ထင္ရတာလဲ"
"အေမ အခု ေနာက္ပိုင္း မ်က္ႏွာ မေကာင္းတာကို သတိထားမိတယ္"
သူမက ေျပာသည္။
"ေယာင္ေယာင္ အေမ အဆင္ေျပပါတယ္"
ေဖး႐ွီက ယဲ့က်န္း၏ ေခါင္းေလးကို ခ်စ္ျမတ္ႏိုးစြာ ပုတ္သည္။
"ဒီအတိုင္း အခ်ိဳ႕သူေတြက ဒီမွာ ေနသား မက်လို႔ပါ။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔၊ အေမ အဆင္ေျပ သြားမွာပါ။ အဲဒါ အျပင္ ၿမိဳ႕ေတာ္က သမီးနဲ႔ သင့္ေလ်ာ္တယ္ လို႔လည္း အေမ ထင္တယ္"
သို႔ရာတြင္ ယဲ့က်န္းအေနျဖင့္ ကိစၥက ထင္သေလာက္ မ႐ိုး႐ွင္းေၾကာင္း နားလည္ေနသည္။ သူမ၏ စိတ္ထဲတြင္ သိမ္းမွတ္ထားကာ စဥ္းစားရန္ ဆုံးျဖတ္လိုက္၏။ လက္႐ွိ အခ်ိန္တြင္မူ နာခံစြာ ေခါင္းညိတ္လိုက္သည္။
"ေကာင္းပါၿပီ"
"ေကာင္းၿပီ ဒါဆိုရင္ ျပန္ၿပီး ေစာေစာ အနားယူ ရေအာင္၊ ဆရာမ႐ွန္းက မနက္ျဖန္က်ရင္ သမီးကို သင္ၾကားေပးလိမ့္ဦးမယ္"
"အေမ ဒီလိုဆိုရင္ သမီး အရင္ ျပန္ပါေတာ့မယ္"
ယဲ့က်န္းက ေဖး႐ွီကို ေႏြးေထြးစြာျဖင့္ ေပြ႕ဖက္ၿပီး ေနာက္တြင္ ပါးေလးကို တစ္ခ်က္ နမ္းသည္။ လု႐ွန္းက်စ္ကိုသာ မနက္ျဖန္မွ ေမးရန္ ဆုံးျဖတ္ လိုက္ၿပီးေနာက္ အေဆာင္သို႔ ျပန္ရန္ ဆုံးျဖတ္လိုက္၏။
သူမက အျပန္လမ္းတြင္ ဆရာမ႐ွန္းက ျခံဝန္းထဲတြင္ ရပ္ေနၿပီး ဥယ်ာဥ္ထဲမွ ပန္းႏွင့္ ျမက္ခင္းမ်ားကို ၾကည့္ၿပီး အေတြး နက္ေနေၾကာင္း ျမင္လိုက္ရသည္။
...