Unicode
အပိုင်း (၅၆) မိခင်သောက(၁)
ထန်းကျန့်၏ပစ္စည်းက ယဲ့ကျန်း၏လက်ထဲရှိနေခြင်းကို လုကျင်း မမြင်လိုပေ။ ထို့ကြောင့် သူမက အကောင်းဆုံးကြိုးစားကာ ဖျောင်းဖျသွေးဆောင်ပြီး ရယူလိုနေခဲ့ခြင်းဖြစ်၏။
ဒါပေမဲ့ သခင်မကြီးလုကို ဘယ်လိုပြောရတော့မှာလဲ။
“ကြည့်ရတာ စတုတ္ထညီမက ကြာပွတ်တွေကို ကြိုက်တဲ့ပုံပဲ၊ ဒါပေမဲ့ သူမ ခက်ခက်ခဲခဲ နိုင်ထားတာကိုတော့ တတိယညီမဆီ သွားတောင်းလို့ဘယ်ဖြစ်ပါ့မလဲ၊ ဒီတော့ အစ်ကိုကြီးကပဲ နောက်ထပ် ငွေရောင်ကြာပွတ်တစ်ခုကို ရှာပေးပါ့မယ်”
လုလင်ကျစ်က ပြောသည်။ သူ၏မျက်နှာတွင် နွေးထွေးကာ ကြည်သာသောအပြုံးက ရှိနေခဲ့ပြီး လုကျင်း ငွေရောင်ကြာပွတ်ကို လက်လျှော့ရန် မျှော်လင့်နေသည်။
လုကျင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ စိတ်ထဲတွင်လည်း စိတ်ပျက်သွားရ၏။
“အဆင်ပြေပါတယ်၊ ညီမ အဲဒီလောက်ကြီး လိုချင်နေတာမဟုတ်ပါဘူး”
ယဲ့ကျန်းက သူမကိုကြည့်ပြီး အနိုင်ရသလိုပြုံးပြလိုက်သည်။
ယဲ့ကျန်း၏မျက်နှာမှ အပြုံးကို မြင်သောအခါ လုကျင်း၏ရင်ထဲ မသက်မသာဖြစ်သွားခဲ့ရကာ ရွံရှာလာမိ၏။
“အကြီးဆုံးအစ်ကိုက မင်းကို ကြာပွတ်အသစ်တစ်ချောင်းပေးမှာ၊ မင်းက မလုံလောက်ဘူးလား”
သခင်မကြီးလုက မေးသည်။ သည်ကိစ္စက ကောင်းမွန်စွာ အဆုံးသတ်သွားလျှင် အကောင်းဆုံး ဖြစ်သည်။
လုကျင်းက လိမ္မာနာခံစွာပြုံးပြီးနောက် လုလင်ကျစ်၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်သည်။
သိပ်မကြာခင်မှာပင် လုရှီမင်နှင့်ဇနီးက ရောက်လာသည်။ ထို့နောက် ကြာပွတ်အကြောင်း အနည်းငယ် ပြောပြီးသည်နှင့် ဘွဲ့ရသည့်အကြောင်းကို ချီးကျူးကြသည်
ထိုစုံတွဲက နှုတ်ဆက်ပြီးနောက်တွင် လုဖန်းက ချန်းချုံပင်းကို လေရှူရန် ခေါ်သွားသည်။ သူတို့က ယဉ်ကျေးသောစကားများကို စိတ်မဝင်စားသော်လည်း ပြောလိုက်ကြရ၏။ ထို့နောက် အကယ်ဒမီအကြောင်းကို ဆက်ပြောကြပြန်သည်။
ထမင်းစားခန်းထဲမှ ထွက်လိုက်သည်နှင့် ယဲ့ကျန်းက ဖေးရှီ၏ အနားတွင်သာ ထိုင်နေတော့သည်။ သူမသမီး၏ ရုတ်တရက် ပြောင်းလဲသွားခြင်းကိုလည်း ဖေးရှီက သိ၏။ သူမ၏သမီးက လှပသထက်လှပလာပြီး မျက်နှာတွင်လည်း အမြဲလိုလို ညင်သာသိမ်မွေ့သောအပြုံးက ရှိနေခဲ့သည်။
ဖေးရှီက သေချာနားမလည်သော်လည်း ရုတ်တရက် စိုးရိမ်သွားမိသည်။ အခြားစားပွဲတစ်ဖက်တွင် လုရှီမင်က သူ၏မိခင်နှင့် စကားလက်ဆုံကျနေကာ ရုံးတော်သို့ ဝင်ရောက်ရန် ဆွေးနွေးနေကြ၏။
“နှစ်ပေါင်းများစွာ လျစ်လျူရှုခံရပြီးတဲ့နောက်မှာ ကျွန်တော် ပညာသင်သားခြံဝန်းမှာ နေရာတစ်နေရာ ရှာနိုင်ပါ့မလား မသေချာပါဘူး၊ နောက်ဆုံးတော့ တရားရုံးနယ်ပယ်ကိုပဲ ဝင်ဖြစ်တော့မယ်ထင်တယ်”
သခင်မကြီးလု ပျော်ရွှင်သွားသည်။
ကောင်းကင်ကသာ သူမ၏သားက ငယ်ရွယ်ချိန်က မည်မျှ နာကျင်ခက်ခဲခဲ့ရကြောင်း သိပေလိမ့်မည်။ သူမ၏အငယ်ဆုံးသားက အင်ပါယာစာမေးပွဲကို သုံးကြိမ်တိုင်တိုင် အနိုင်ရခဲ့သော်လည်း အမြဲလိုလို လှည့်စားခံခဲ့ရ၏။ သူ၏နာမည်ကို မြို့အရှင်သား၏ နာမည်နှင့်အစားထိုးခံခဲ့ရသည်။ ဒါကိုလည်း အစ်ကိုအကြီးဆုံးက ခွင့်ပြုခဲ့သေး၏။
ထိုအရာများအပြင် လုရှီမင်နှင့်အကြီးဆုံးအစ်ကို၏ ဆက်ဆံရေးက ဆိုးရွားသွားခဲ့သည်။ လုရှီမင်က ခွင့်လွှတ်သည်ဟု မည်မျှပင် ပြောဆိုစေကာမူ သခင်မကြီးလုကမူ နာကျင်နေရသေးလေသည်။
သနားစရာကောင်းသော သခင်မကြီးလုက သူမ၏သားက ဝမ်းနည်းနာကျင်နေကြောင်း မြင်ရသည့်တိုင်အောင် မိသားစုအတွက်ကြောင့် လျစ်လျူရှုခဲ့ရသည်။ သူမ ရင်အနာဆုံးက လုရှီမင်က အကြီးဆုံးသား သေဆုံးသွားသည့်နောက်တွင် မြို့တော်မှ ထွက်ခွာသွားခြင်းကို ဖြစ်သည်။
“ကောင်းတယ်၊ မင်းအစ်ကိုလည်း ပျော်နေမှာပါ၊ မင်း အကောင်းဆုံးကြိုးစားမယ်လို့ မျှော်လင့်ပါတယ်”
သူမ၏ဘဝတွင် နောင်တအရဆုံးကိစ္စက သူမ၏သားအငယ်ဆုံး၊ အစ်ကိုအကြီးဆုံးနှင့် မုန်းတီးမှု၊ နောင်တတရားများ ပြည့်နှက်နေသော ကိစ္စကိုသာလျှင်ဖြစ်သည်။ လက်ရှိအချိန်တွင် လုရှီမင်၏အကြီးဆုံးအစ်ကိုက မရှိတော့ပေ။ သခင်မကြီးလုအနေဖြင့် လုရှီမင်က သူ၏အိပ်မက်နောက်လိုက်ကာ အစ်ကိုအကြီးဆုံး၏ မတရားမှုများကို ခွင့်လွှတ်ပေးနိုင်ရန်သာ မျှော်လင့်မိတော့၏။
“အမေ စိတ်အေးအေးထားပါ၊ ကျွန်တော် ကြိုးစားမှာပါ”
လုရှီမင်က ရယ်ပြီး သူ၏ဇနီးကို တစ်ချက်ကြည့်လိုက်သည်။
ဖေးရှီက လုရှီမင်ကို ကြည့်ကာ ကြင်နာစွာ ပြုံးသည်။ သို့သော် သူမ၏နှလုံးသားထဲတွင် အချို့အကြောင်းပြချက်များကြောင့် ခါးသီးစွာရှိနေခဲ့၏။
သူမက အခြားတစ်ဖက်သို့ ကြည့်လိုက်သောအခါ ယဲ့ကျန်းက သူမ၏မျက်ဝန်းထဲမှ ဝမ်းနည်းမှုကို မြင်လိုက်ရသည်။ အခုနောက်ပိုင်း မည်သို့သောအကြောင်းအရာများက ဖေးရှီကို ဝမ်းနည်းစေကြောင်း သူမ နားမလည်တော့ပေ။ သူမ သည်ကိုယ်တွင် မွေးဖွားလာကတည်းက ကလဲ့စားချေမှုကိုသာ တွေးနေခဲ့ကာ အခြားသူများ၏ကိစ္စကို အာရုံမစိုက်ခဲ့ပေ။
သူမ၏စိတ် အနက်ရှိုင်းဆုံးအပိုင်း၌ နားလည်နေသည်မှာ ဖေးရှီ၏မိသားစုက သူမကိုချစ်သည်။ သူမကိုလည်း အလွန်ဂရုစိုက်၏။ သူမက လုမိသားစုကို အလွန်မုန်းတီးနေမည်ဆိုလျှင်ပင် လုရှီမင်တို့ကို မုန်းတီးလိမ့်မည်မဟုတ်ပေ။ သူမအမြွှာညီအစ်မ၏ ဘဝကောင်းအတွက် သူတို့အပေါ် အကြွေးများစွာ တင်ထားလေသည်။ ထို့ကြောင့် ယဲ့ကျန်းက လုယောင်ယောင်၏ သည်မွေးစားမိဘများကို အလွန်ဂရုစိုက်ရန် ဆုံးဖြတ်ထားသည်။
စိတ်လှုပ်ရှားသွားသော သခင်မကြီးလုက လုလင်ကျစ်ကိုပြောသည်။
“မင်း မင်းရဲ့ဦးလေးနဲ့ သင့်တော်တဲ့အလုပ်ကို ချက်ချင်းရှာပေးလိုက်ပါ”
လုလင်ကျစ်ကလည်း စဉ်းစားပြီးနောက်တွင် သည်ကိစ္စကိုပြောရန် ဆုံးဖြတ်ထားသည့်အတွက် ခေါင်းညိတ်လိုက်သည်။
“စကားမစပ် မင်းရဲ့ဝမ်းကွဲတွေထဲက တစ်ယောက်က ဝန်ကြီးချုပ်ရွှီရဲ့ အာရုံစိုက်တာကို ခံထားရတယ်၊ မင်း ဘယ်လိုထင်လဲ”
“အဘွား ကျွန်တော့်ဝမ်းကွဲတွေရဲ့ လက်ထပ်ပွဲကိစ္စအတွက် ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို စိုးရိမ်စရာမလိုပါဘူး”
လုလင်ကျစ်က ပြုံးသည်။
“ဒါဆိုရင် မင်းကရော ဘယ်တော့များ လက်ထပ်မှာလဲ”
သခင်မကြီးလုက သူ့ကို စိုက်ကြည့်သည်။
“မင်းရဲ့ညီငယ်တွေအားလုံးအကြောင်းကို ပြောနေပြီး မင်းကျတော့ ဘာလို့ နောက်ကနေ ကျန်ရစ်ခဲ့မှာလဲ၊ အားလုံး မင်းကို ကျော်တက်သွားကြပြီ”
လုလင်ကျစ်က သူ၏ညီငယ်များကို လက်ညှိုးထိုးကာ ပြော၏။
“အဘွား သူတို့ဘာသာပဲ သင့်တော်တဲ့ဇနီးတွေ အရင်ရှာပါစေ၊ ကျွန်တော်ကတော့ သူတို့နောက်မှ လက်ထပ်ရလည်း စိတ်ထဲမထားပါဘူး”
...
Zawgyi
အပိုင္း (၅၆) မိခင္ေသာက(၁)
ထန္းက်န္႔၏ပစၥည္းက ယဲ့က်န္း၏လက္ထဲ႐ွိေနျခင္းကို လုက်င္း မျမင္လိုေပ။ ထို႔ေၾကာင့္ သူမက အေကာင္းဆုံးႀကိဳးစားကာ ေဖ်ာင္းဖ်ေသြးေဆာင္ၿပီး ရယူလိုေနခဲ့ျခင္းျဖစ္၏။
ဒါေပမဲ့ သခင္မႀကီးလုကို ဘယ္လိုေျပာရေတာ့မွာလဲ။
“ၾကည့္ရတာ စတုတၳညီမက ၾကာပြတ္ေတြကို ႀကိဳက္တဲ့ပုံပဲ၊ ဒါေပမဲ့ သူမ ခက္ခက္ခဲခဲ ႏိုင္ထားတာကိုေတာ့ တတိယညီမဆီ သြားေတာင္းလို႔ဘယ္ျဖစ္ပါ့မလဲ၊ ဒီေတာ့ အစ္ကိုႀကီးကပဲ ေနာက္ထပ္ ေငြေရာင္ၾကာပြတ္တစ္ခုကို ႐ွာေပးပါ့မယ္”
လုလင္က်စ္က ေျပာသည္။ သူ၏မ်က္ႏွာတြင္ ေႏြးေထြးကာ ၾကည္သာေသာအျပဳံးက ႐ွိေနခဲ့ၿပီး လုက်င္း ေငြေရာင္ၾကာပြတ္ကို လက္ေလွ်ာ့ရန္ ေမွ်ာ္လင့္ေနသည္။
လုက်င္း၏မ်က္ႏွာက အနည္းငယ္ေျပာင္းလဲသြားသည္။ စိတ္ထဲတြင္လည္း စိတ္ပ်က္သြားရ၏။
“အဆင္ေျပပါတယ္၊ ညီမ အဲဒီေလာက္ႀကီး လိုခ်င္ေနတာမဟုတ္ပါဘူး”
ယဲ့က်န္းက သူမကိုၾကည့္ၿပီး အႏိုင္ရသလိုျပဳံးျပလိုက္သည္။
ယဲ့က်န္း၏မ်က္ႏွာမွ အျပဳံးကို ျမင္ေသာအခါ လုက်င္း၏ရင္ထဲ မသက္မသာျဖစ္သြားခဲ့ရကာ ႐ြံ႐ွာလာမိ၏။
“အႀကီးဆုံးအစ္ကိုက မင္းကို ၾကာပြတ္အသစ္တစ္ေခ်ာင္းေပးမွာ၊ မင္းက မလုံေလာက္ဘူးလား”
သခင္မႀကီးလုက ေမးသည္။ သည္ကိစၥက ေကာင္းမြန္စြာ အဆုံးသတ္သြားလွ်င္ အေကာင္းဆုံး ျဖစ္သည္။
လုက်င္းက လိမၼာနာခံစြာျပဳံးၿပီးေနာက္ လုလင္က်စ္၏ ဆုံးျဖတ္ခ်က္ကို လက္ခံလိုက္သည္။
သိပ္မၾကာခင္မွာပင္ လု႐ွီမင္ႏွင့္ဇနီးက ေရာက္လာသည္။ ထို႔ေနာက္ ၾကာပြတ္အေၾကာင္း အနည္းငယ္ ေျပာၿပီးသည္ႏွင့္ ဘြဲ႕ရသည့္အေၾကာင္းကို ခ်ီးက်ဴးၾကသည္
ထိုစုံတြဲက ႏႈတ္ဆက္ၿပီးေနာက္တြင္ လုဖန္းက ခ်န္းခ်ံဳပင္းကို ေလ႐ွဴရန္ ေခၚသြားသည္။ သူတို႔က ယဥ္ေက်းေသာစကားမ်ားကို စိတ္မဝင္စားေသာ္လည္း ေျပာလိုက္ၾကရ၏။ ထို႔ေနာက္ အကယ္ဒမီအေၾကာင္းကို ဆက္ေျပာၾကျပန္သည္။
ထမင္းစားခန္းထဲမွ ထြက္လိုက္သည္ႏွင့္ ယဲ့က်န္းက ေဖး႐ွီ၏ အနားတြင္သာ ထိုင္ေနေတာ့သည္။ သူမသမီး၏ ႐ုတ္တရက္ ေျပာင္းလဲသြားျခင္းကိုလည္း ေဖး႐ွီက သိ၏။ သူမ၏သမီးက လွပသထက္လွပလာၿပီး မ်က္ႏွာတြင္လည္း အၿမဲလိုလို ညင္သာသိမ္ေမြ႕ေသာအျပဳံးက ႐ွိေနခဲ့သည္။
ေဖး႐ွီက ေသခ်ာနားမလည္ေသာ္လည္း ႐ုတ္တရက္ စိုးရိမ္သြားမိသည္။ အျခားစားပြဲတစ္ဖက္တြင္ လု႐ွီမင္က သူ၏မိခင္ႏွင့္ စကားလက္ဆုံက်ေနကာ ႐ုံးေတာ္သို႔ ဝင္ေရာက္ရန္ ေဆြးေႏြးေနၾက၏။
“ႏွစ္ေပါင္းမ်ားစြာ လ်စ္လ်ဴ႐ႈခံရၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္ ပညာသင္သားျခံဝန္းမွာ ေနရာတစ္ေနရာ ႐ွာႏိုင္ပါ့မလား မေသခ်ာပါဘူး၊ ေနာက္ဆုံးေတာ့ တရား႐ုံးနယ္ပယ္ကိုပဲ ဝင္ျဖစ္ေတာ့မယ္ထင္တယ္”
သခင္မႀကီးလု ေပ်ာ္႐ႊင္သြားသည္။
ေကာင္းကင္ကသာ သူမ၏သားက ငယ္႐ြယ္ခ်ိန္က မည္မွ် နာက်င္ခက္ခဲခဲ့ရေၾကာင္း သိေပလိမ့္မည္။ သူမ၏အငယ္ဆုံးသားက အင္ပါယာစာေမးပြဲကို သုံးႀကိမ္တိုင္တိုင္ အႏိုင္ရခဲ့ေသာ္လည္း အၿမဲလိုလို လွည့္စားခံခဲ့ရ၏။ သူ၏နာမည္ကို ၿမိဳ႕အ႐ွင္သား၏ နာမည္ႏွင့္အစားထိုးခံခဲ့ရသည္။ ဒါကိုလည္း အစ္ကိုအႀကီးဆုံးက ခြင့္ျပဳခဲ့ေသး၏။
ထိုအရာမ်ားအျပင္ လု႐ွီမင္ႏွင့္အႀကီးဆုံးအစ္ကို၏ ဆက္ဆံေရးက ဆိုး႐ြားသြားခဲ့သည္။ လု႐ွီမင္က ခြင့္လႊတ္သည္ဟု မည္မွ်ပင္ ေျပာဆိုေစကာမူ သခင္မႀကီးလုကမူ နာက်င္ေနရေသးေလသည္။
သနားစရာေကာင္းေသာ သခင္မႀကီးလုက သူမ၏သားက ဝမ္းနည္းနာက်င္ေနေၾကာင္း ျမင္ရသည့္တိုင္ေအာင္ မိသားစုအတြက္ေၾကာင့္ လ်စ္လ်ဴ႐ႈခဲ့ရသည္။ သူမ ရင္အနာဆုံးက လု႐ွီမင္က အႀကီးဆုံးသား ေသဆုံးသြားသည့္ေနာက္တြင္ ၿမိဳ႕ေတာ္မွ ထြက္ခြာသြားျခင္းကို ျဖစ္သည္။
“ေကာင္းတယ္၊ မင္းအစ္ကိုလည္း ေပ်ာ္ေနမွာပါ၊ မင္း အေကာင္းဆုံးႀကိဳးစားမယ္လို႔ ေမွ်ာ္လင့္ပါတယ္”
သူမ၏ဘဝတြင္ ေနာင္တအရဆုံးကိစၥက သူမ၏သားအငယ္ဆုံး၊ အစ္ကိုအႀကီးဆုံးႏွင့္ မုန္းတီးမႈ၊ ေနာင္တတရားမ်ား ျပည့္ႏွက္ေနေသာ ကိစၥကိုသာလွ်င္ျဖစ္သည္။ လက္႐ွိအခ်ိန္တြင္ လု႐ွီမင္၏အႀကီးဆုံးအစ္ကိုက မ႐ွိေတာ့ေပ။ သခင္မႀကီးလုအေနျဖင့္ လု႐ွီမင္က သူ၏အိပ္မက္ေနာက္လိုက္ကာ အစ္ကိုအႀကီးဆုံး၏ မတရားမႈမ်ားကို ခြင့္လႊတ္ေပးႏိုင္ရန္သာ ေမွ်ာ္လင့္မိေတာ့၏။
“အေမ စိတ္ေအးေအးထားပါ၊ ကြၽန္ေတာ္ ႀကိဳးစားမွာပါ”
လု႐ွီမင္က ရယ္ၿပီး သူ၏ဇနီးကို တစ္ခ်က္ၾကည့္လိုက္သည္။
ေဖး႐ွီက လု႐ွီမင္ကို ၾကည့္ကာ ၾကင္နာစြာ ျပဳံးသည္။ သို႔ေသာ္ သူမ၏ႏွလုံးသားထဲတြင္ အခ်ိဳ႕အေၾကာင္းျပခ်က္မ်ားေၾကာင့္ ခါးသီးစြာ႐ွိေနခဲ့၏။
သူမက အျခားတစ္ဖက္သို႔ ၾကည့္လိုက္ေသာအခါ ယဲ့က်န္းက သူမ၏မ်က္ဝန္းထဲမွ ဝမ္းနည္းမႈကို ျမင္လိုက္ရသည္။ အခုေနာက္ပိုင္း မည္သို႔ေသာအေၾကာင္းအရာမ်ားက ေဖး႐ွီကို ဝမ္းနည္းေစေၾကာင္း သူမ နားမလည္ေတာ့ေပ။ သူမ သည္ကိုယ္တြင္ ေမြးဖြားလာကတည္းက ကလဲ့စားေခ်မႈကိုသာ ေတြးေနခဲ့ကာ အျခားသူမ်ား၏ကိစၥကို အာ႐ုံမစိုက္ခဲ့ေပ။
သူမ၏စိတ္ အနက္႐ိႈင္းဆုံးအပိုင္း၌ နားလည္ေနသည္မွာ ေဖး႐ွီ၏မိသားစုက သူမကိုခ်စ္သည္။ သူမကိုလည္း အလြန္ဂ႐ုစိုက္၏။ သူမက လုမိသားစုကို အလြန္မုန္းတီးေနမည္ဆိုလွ်င္ပင္ လု႐ွီမင္တို႔ကို မုန္းတီးလိမ့္မည္မဟုတ္ေပ။ သူမအႁမႊာညီအစ္မ၏ ဘဝေကာင္းအတြက္ သူတို႔အေပၚ အေႂကြးမ်ားစြာ တင္ထားေလသည္။ ထို႔ေၾကာင့္ ယဲ့က်န္းက လုေယာင္ေယာင္၏ သည္ေမြးစားမိဘမ်ားကို အလြန္ဂ႐ုစိုက္ရန္ ဆုံးျဖတ္ထားသည္။
စိတ္လႈပ္႐ွားသြားေသာ သခင္မႀကီးလုက လုလင္က်စ္ကိုေျပာသည္။
“မင္း မင္းရဲ႕ဦးေလးနဲ႔ သင့္ေတာ္တဲ့အလုပ္ကို ခ်က္ခ်င္း႐ွာေပးလိုက္ပါ”
လုလင္က်စ္ကလည္း စဥ္းစားၿပီးေနာက္တြင္ သည္ကိစၥကိုေျပာရန္ ဆုံးျဖတ္ထားသည့္အတြက္ ေခါင္းညိတ္လိုက္သည္။
“စကားမစပ္ မင္းရဲ႕ဝမ္းကြဲေတြထဲက တစ္ေယာက္က ဝန္ႀကီးခ်ဳပ္႐ႊီရဲ႕ အာ႐ုံစိုက္တာကို ခံထားရတယ္၊ မင္း ဘယ္လိုထင္လဲ”
“အဘြား ကြၽန္ေတာ့္ဝမ္းကြဲေတြရဲ႕ လက္ထပ္ပြဲကိစၥအတြက္ ကြၽန္ေတာ့္ရဲ႕ ထင္ျမင္ခ်က္ကို စိုးရိမ္စရာမလိုပါဘူး”
လုလင္က်စ္က ျပဳံးသည္။
“ဒါဆိုရင္ မင္းကေရာ ဘယ္ေတာ့မ်ား လက္ထပ္မွာလဲ”
သခင္မႀကီးလုက သူ႕ကို စိုက္ၾကည့္သည္။
“မင္းရဲ႕ညီငယ္ေတြအားလုံးအေၾကာင္းကို ေျပာေနၿပီး မင္းက်ေတာ့ ဘာလို႔ ေနာက္ကေန က်န္ရစ္ခဲ့မွာလဲ၊ အားလုံး မင္းကို ေက်ာ္တက္သြားၾကၿပီ”
လုလင္က်စ္က သူ၏ညီငယ္မ်ားကို လက္ညိႇဳးထိုးကာ ေျပာ၏။
“အဘြား သူတို႔ဘာသာပဲ သင့္ေတာ္တဲ့ဇနီးေတြ အရင္႐ွာပါေစ၊ ကြၽန္ေတာ္ကေတာ့ သူတို႔ေနာက္မွ လက္ထပ္ရလည္း စိတ္ထဲမထားပါဘူး”
...