မညá€ēးနကá€ēရကá€ēစကá€ēသေá€Ŧဒုတိယဇá€Ŧတá€ēလိုက...

By ma_roses_are_blue

92.1K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김ëŊ€ė‚ Artist(s) Sol (solminator0) Yea... More

Description
á€Ąá€•á€­á€¯á€„á€ēး(၀၀)
á€Ąá€•á€­á€¯á€„á€ēး(၁)
á€Ąá€•á€­á€¯á€„á€ēး(၂)
á€Ąá€•á€­á€¯á€„á€ēး(၃)
á€Ąá€•á€­á€¯á€„á€ēး(၄)
á€Ąá€•á€­á€¯á€„á€ēး(၅)
á€Ąá€•á€­á€¯á€„á€ēး(၆)
á€Ąá€•á€­á€¯á€„á€ēး(၇)
á€Ąá€•á€­á€¯á€„á€ēး(၈)
á€Ąá€•á€­á€¯á€„á€ēး(၉)
á€Ąá€•á€­á€¯á€„á€ēး(၁၀)
á€Ąá€•á€­á€¯á€„á€ēး(၁၁)
á€Ąá€•á€­á€¯á€„á€ēး(၁၂)
á€Ąá€•á€­á€¯á€„á€ēး(၁၃)
á€Ąá€•á€­á€¯á€„á€ēး(၁၄)
á€Ąá€•á€­á€¯á€„á€ēး(၁၅)
á€Ąá€•á€­á€¯á€„á€ēး(၁၆)
á€Ąá€•á€­á€¯á€„á€ēး(၁၇)
á€Ąá€•á€­á€¯á€„á€ēး(၁၈)
á€Ąá€•á€­á€¯á€„á€ēး(၁၉)
á€Ąá€•á€­á€¯á€„á€ēး(၂၀)
á€Ąá€•á€­á€¯á€„á€ēး(၂၁)
á€Ąá€•á€­á€¯á€„á€ēး(၂၂)
á€Ąá€•á€­á€¯á€„á€ēး(၂၃)
á€Ąá€•á€­á€¯á€„á€ēး(၂၄)
á€Ąá€•á€­á€¯á€„á€ēး(၂၅)
á€Ąá€•á€­á€¯á€„á€ēး(၂၆)
á€Ąá€•á€­á€¯á€„á€ēး(၂၇)
á€Ąá€•á€­á€¯á€„á€ēး(၂၈)
á€Ąá€•á€­á€¯á€„á€ēး(၂၉)
á€Ąá€•á€­á€¯á€„á€ēး(၃၀)
á€Ąá€•á€­á€¯á€„á€ēး(၃၁)
Notice
á€Ąá€•á€­á€¯á€„á€ēး(၃၂)
á€Ąá€•á€­á€¯á€„á€ēး(၃၃)
á€Ąá€•á€­á€¯á€„á€ēး(၃၄)
á€Ąá€•á€­á€¯á€„á€ēး(၃၅)
á€Ąá€•á€­á€¯á€„á€ēး(၃၆)
á€Ąá€•á€­á€¯á€„á€ēး(၃၇)
á€Ąá€•á€­á€¯á€„á€ēး(၃၈)
á€Ąá€•á€­á€¯á€„á€ēး(၃၉)
á€Ąá€•á€­á€¯á€„á€ēး(၄၀)
á€Ąá€•á€­á€¯á€„á€ēး(၄၁)
á€Ąá€•á€­á€¯á€„á€ēး(၄၂)
á€Ąá€•á€­á€¯á€„á€ēး(၄၃)
á€Ąá€•á€­á€¯á€„á€ēး(၄၄)
á€Ąá€•á€­á€¯á€„á€ēး(၄၅)
á€Ąá€•á€­á€¯á€„á€ēး(၄၆)
á€Ąá€•á€­á€¯á€„á€ēး(၄၇)
á€Ąá€•á€­á€¯á€„á€ēး(၄၈)
á€Ąá€•á€­á€¯á€„á€ēး(၄၉)
á€Ąá€•á€­á€¯á€„á€ēး(၅၀)
á€Ąá€•á€­á€¯á€„á€ēး(၅၁)
á€Ąá€•á€­á€¯á€„á€ēး(၅၂)
á€Ąá€•á€­á€¯á€„á€ēး(၅၃)
á€Ąá€•á€­á€¯á€„á€ēး(၅၄)
á€Ąá€•á€­á€¯á€„á€ēး(၅၅)
á€Ąá€•á€­á€¯á€„á€ēး(၅၆)
á€Ąá€•á€­á€¯á€„á€ēး(၅၇)
á€Ąá€•á€­á€¯á€„á€ēး(၅၈)
á€Ąá€•á€­á€¯á€„á€ēး(၅၉)
á€Ąá€•á€­á€¯á€„á€ēး(၆၀)
á€Ąá€•á€­á€¯á€„á€ēး(၆၂)
á€Ąá€•á€­á€¯á€„á€ēး(၆၃)
á€Ąá€•á€­á€¯á€„á€ēး(၆၄)
á€Ąá€•á€­á€¯á€„á€ēး(၆၅)
á€Ąá€•á€­á€¯á€„á€ēး(၆၆)
á€Ąá€•á€­á€¯á€„á€ēး(၆၇)
á€Ąá€•á€­á€¯á€„á€ēး(၆၈)
á€Ąá€•á€­á€¯á€„á€ēး(၆၉)
á€Ąá€•á€­á€¯á€„á€ēး(၇၀)
á€Ąá€•á€­á€¯á€„á€ēး(၇၁)
á€Ąá€•á€­á€¯á€„á€ēး(၇၂)
á€Ąá€•á€­á€¯á€„á€ēး(၇၃)
á€Ąá€•á€­á€¯á€„á€ēး(၇၄)
á€Ąá€•á€­á€¯á€„á€ēး(၇၅)
á€Ąá€•á€­á€¯á€„á€ēး(၇၆)
á€Ąá€•á€­á€¯á€„á€ēး(၇၇)
á€Ąá€•á€­á€¯á€„á€ēး(၇၈)
á€Ąá€•á€­á€¯á€„á€ēး(၇၉)
á€Ąá€•á€­á€¯á€„á€ēး(၈၀)
á€Ąá€•á€­á€¯á€„á€ēး(၈၁)
á€Ąá€•á€­á€¯á€„á€ēး(၈၂)
á€Ąá€•á€­á€¯á€„á€ēး(၈၃)
đŸĢļ

á€Ąá€•á€­á€¯á€„á€ēး(၆၁)

609 86 1
By ma_roses_are_blue

“…..!”

လုရှန်ရဲ့ နီရဲရဲမျက်လုံးတွေ တုန်လှုပ်သွားတော့သည် ခွန်းက ပါးစပ်အစွန်းကို မြှင့်ကာ
"ဧကရာဇ်က သူမကိုခြိမ်းခြောက်ခဲ့တယ် ကာဒီယမ်က စစ်ပွဲကို မသွားရင် မင်းနဲ့ သူနဲ့ ကွဲရလိမ့်မယ် ဒါဆို ဒီဟာကြားပြီးတာတောင် သူ ဒီကို မလာပဲ နေလိမ့်မလား"

စိတ်ထိခိုက်သွားသလိုမျက်လုံးတွေနှင့် လုရှန်ကို ကြည့်ပြီး ခွန်းက ဆက်ပြောလေသည်
"မင်း ဘာလို့ ဒီလိုမျက်နှာမျိုးလုပ်ပြနေတာလဲ မင်းမသိတာမျိုးတော့ မဟုတ်ဘူးထင်တယ် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား"

“…..”

ခွန်းက လျှာကိုထုတ်ပြလိုက်ကာ
"ကောင်းပြီ... အရွယ်ရောက်ပါတော့ ကာဒီယမ်"

လုရှန်က ခွန်းပြောတာကို ထပ်ပြီးနားထောင်ချင်စိတ်မရှိတော့ပေ ခွန်းကို အေးစက်စက်မျက်နှာနှင့် ဖြတ်ကျော်သွားလေသည်
[ဒီမှာရှိတဲ့လူတိုင်းက သူမအတွက် သူစိမ်းပဲ ပြီးတော့ သူမမှာ မင်းကလွဲပြီး တခြားသူမရှိဘူး စိတ်၀င်စားစရာမကောင်းဘူးလား]
ခွန်းစကားတွေက သူစိတ်ထဲ ၀င်ရောက်လာလေသည်

လုရှန်က ခေါင်းခါပြီး
‘မဟုတ်ဘူး’

လုရှန်က ပါနေးရားကိုချစ်တယ်
သူသိတဲ့အချစ်က တခြားသူကို ဂရုစိုက်ပေးဖို့ တန်ဖိုးထားပေးဖို့ဖြစ်သည်

ဒါကြောင့် သူနှလုံးသားနှင့်ရင်းပြီး မျှော်လင့်ခဲ့သည်

ပါနေးရားက သူမကို ဂရုစိုက်ပေးတဲ့လူတွေနဲ့ ပဲ ဝိုင်းရံနေတာဖြစ်ပြီး သူမ လုပ်ချင်တာမှန်သမျှလုပ်နိုင်, ပြုံးနိုင်ပြီး, ပျော်ရွှင်နိုင်လေသည်
‘ဒါပေမဲ့ ဘာကြောင့်လဲ…’

လုရှန်သည် အဝေးက ပါနေးရားကို ခက်ထန်သောမျက်နှာနှင့် ကြည့်လိုက်သည် ပါနေးရားက အထီးကျန်ပြီး သူ့ကိုစောင့်နေမယ်လို့ လုရှန်ထင်ထားတာဖြစ်လေသည် ဒါပေမဲ့ ပါနေးရားဘေးမှာ လူတွေဝိုင်းနေလေသည် ထိုလူတွေက ဗိုက်ကိုင်ပြီး ရယ်နေကာ ပါနေးရားက ပျော်ရွှင်နေသောမျက်နှာနှင့် စကားပြောနေလေသည် သူမကို ကြည့်ရတာ တတ်ကြွနေပြီး ထူးဆန်းတဲ့နေရာမှာ ရောက်နေလို့ အထီးကျန်ရတဲ့အရိပ်အယောင်မရှိပေ ထိုအရာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ သူလုံး၀ကို အေးခဲသွားသည်

လုရှန်က ထိုခံစားချက်တွေကို မြန်မြန်ဖိနှိပ်လိုက်သည် လုရှန်က သူ့ကိုယ်သူ အိပ်မွေ့ချနေသလို ထင်မိသည်

‘သူမပျော်ရင် သူလဲပျော်ပါတယ်'
သူလဲပျော်သင့်ပါတယ်

သူ ပျော်ရမယ်

လုရှန် သူ့ကိုယ်သူ ဆွဲတင်လိုက်ပြီး
“နေးရား”

သူအသံကို ကြားပြီးလိုက်ခြင်းခြင်းမှာပဲ အမျိုးသမီးတွေနဲ့ ပါနေးရားရဲ့ မျက်လုံးတွေအားလုံး လုရှန်ဆီရောက်လာလေသည်

ပါနေးရား ပျော်ရွှင်သောမျက်နှာနှင့် လုရှန်ကို နှုတ်ဆက်လေသည်
“လုရှန်!”

“မင်းကို ကြည့်ရတာ ဒီနေ့ အရင်ကထဲပိုပြီး အလုပ်ရှုပ်သလိုပဲ”

လုရှန်စကားတွေကြားပြီး ပါနေးရားကရယ်လေသည်
"ဟုတ်တယ် ကျွန်မ မှူးမတ်ကတော် အယ်လိစီယာကို မိတ်ကပ်လိမ်းပေးနေတာ"

“မိတ်ကပ်?”

ထိုအချိန်မှသာ ပုံမှန်ဆိုရင် မိတ်ကပ်နည်းနည်းသာလိမ်းတတ်တဲ့ မှူးမတ်အယ်လိစီယာနှင့် သူ့သမီးနှစ်ယောက်က မိတ်ကပ်တွေအများကြီးလိမ်းထားတာကို သူသတိထားမိလေသည်

မျက်လုံးမှာ အရောင်တွေအစုံအလင်လိမ်းထားတဲ့ မှုးမတ်အယ်လိစီယာက လုရှန်ကိုကြည့်ပြီး ရှက်သွေးဖြာသွားလေသည်
"ကျွန်မက အသက်လဲကြီးနေပြီ‌ဆိုတော့ ဒီမိတ်ကပ်က ကျွန်မကို အရမ်းရှက်ကိုးရှက်ကန်းဖြစ်စေတယ်"

"အဲ့လိုမပြောပါနဲ့အမေရယ် အမေဘယ်လောက်လှနေလိုက်သလဲ ကြည့်ပါအုမ်း"

"သူပြောတာဟုတ်တယ် အမေပုံစံက အင်ပါယာက ခက်ထန်မောက်မာတဲ့ မှူးမတ်ကတော်တယောက်ပုံစံနဲ့တူတယ်"

မှူးမတ်ကတော် အယ်လိစီယာက သူသမီးနှစ်ယောက်ရဲ့စကားတွေကြားပြီး ရယ်လေသည်

"ကောင်မလေးတွေ သမီးတို့အဲ့လိုပြောတာဆိုမှတော့ အမေပျော်တာပေါ့ ဒါပေမဲ့ နင်တို့အဖေပြန်မလာခင် မိတ်ကပ်ကိုဖျက်အုမ်းမှ သူက အရမ်းရှေးရိုးဆန်တဲ့သူဆိုတော့ သူဘယ်လိုတွေ တုံ့ပြန်မယ်ဆိုတာ မပြောနိုင်ဘူး"

ထို့နောက် သူမက လုရှန်ကို
"အရှင်ကာဒီယမ်က လေဒီပါနေးရားကို ဘာလို့ အရမ်းစွဲလန်းနေရတယ်ဆိုတာ ကျွန်မနားလည်သွားပြီထင်တယ်"

“……”

လုရှန်က မှုးမတ်ကတော်ကိုကြည့်ပြီး သိမ်မွေ့စွာပြုံးလိုက်သည်
(လုရှန်ကို possessive type ဖြစ်တဲ့အတွက် ပါနေးရားဘေးမှာ သူတစ်ယောက်ထဲပဲရှိနေချင်တဲ့အတွေးရှိနေတာပါ ဒါပေမဲ့ ဒိုးတတွေရဲ့ လုလုက ကိုယ်ကိုကိုယ်ပြန်ဖိနှိပ်နိုင်သွားတယ် ဘယ်အချိန်သာ ထပေါက်ကွဲမယ်သာမသိတာ🥲)
* * *

မှုးမတ်အယ်လိစီယာရဲ့စံအိမ်ထဲက ပါနေးရားအခန်းထဲ၌

လုရှန်စံအိမ်ကိုလာတဲ့အချိန်ဆိုရင် သူက ပါနေးရားနဲ့နေပြီး စစ်သည်တွေဆီ ထပ်ပြီးသွားလေသည်

တခါတရံဆိုရင်သူက ပါနေးရား အိပ်ပျော်သွားတာကို ထိုင်ကြည့်နေတတ်ပြီး တခါတရံကျရင် လက်ဖက်ရည်တစ်ခွက်သာသောက်ပြီး ပြန်သွားတတ်သည်
"ရှင် ချပ်၀တ်ကိုချွတ်ထားတာတွေ့ရတော့ ဒီနေ့ အချိန်နည်းနည်းရှိတယ်ထင်တယ်"

လုရှန်က ပါနေးရားစကားတွေကြားပြီး ခေါင်းညိမ့်ကာ
"ဟုတ်တယ် ဒီနေ့ အရေးပေါ်အခြေအနေရှိမယ်မထက်ဘူး ဒါကြောင့် ကိုယ်တို့ နောက်ဆုံးတော့ ညစာတူတူစားကြမယ်"

သို့ပေမဲ့ ပါနေးရားက တုံပြန်မှုသိပ်မပေးပေ မနေ့ကအထိ လုရှန်က ညစာတူတူစားမယ်ပြောကြတဲ့အခါကျရင် သူမက "‌ရေးး"ဆိုပြီး အော်လိမ့်မည် ဒါပေမဲ့ ဒီနေ့တော့မဟုတ်ပေ

ပါနေးရားက မျက်လွှာချထားရင်း ကို့ရိုးကားယားမျက်နှာနှင့်
"တကယ်က ဒီနေ့ အယ်လိစီယာညီအမတွေနဲ့ ညစာစားဖို့ဆုံးဖြတ်ထားတာ လုရှန် ညစာစားဖို့ လာတယ်ဆိုတာ ရှားမှတော့"
“အို…”

"ကျွန်မက သူတို့ကိုအရင် ကတိပေးထားတာ‌ဆိုတော့ အစီအစဉ်ကို ဖျက်ရတာ ခက်တယ်ဆိုပေမဲ့ လုရှန်ကို ကျွန်မတို့နဲ့ တူတူလာစားရင် အဆင်ပြေလားလို့ အယ်လိစီယာညီအမကို မေးကြည့်အုမ်းမယ် အဲ့လိုဆိုရင် ရှင်ရောအဆင်ပြေမလား"
(ပြောလို့ပြောတာမဟုတ်ဘူး တခါတလေကျရင် နေးရားက အူတူတူ ကိုယ်ကတော့ ဒီအပိုင်းကို သိပ်ပြီးမကြိုက် ကိုယ်ကောင်လေးကို ဦးစားပေးရမှာကိုရော်)🥲

လုရှန်က ပါနေးရားကိုတခဏလောက်ကြည့်ပြီး
“ကိုယ်အဆင်မပြေဘူး”

“ဘယ်လို?”

မထင်‌မှတ်ထားတဲ့အဖြေကြောင့် ပါနေးရားမျက်လုံးတွေပြူးကျယ်သွားတော့သည်

တခဏကြာပြီးနောက် လုရှန်က အံဩတဲ့မျက်နှာနှင့် ပါးစပ်ကိုအုပ်လိုက်ပြီး
"အိုး မဟုတ်ပါဘူး ကိုယ်အဲ့လို ပြောတာမဟုတ်ပါဘူး သေချာပေါက် အဆင်ပြေတာပေါ့"

လုရှန်စကားတွေကြားပြီး စိတ်သက်သာရာရသွားသလို ပါနေးရားကရီလေသည်
"အယ်လိစီယာကညီအမကတော့ ပျော်နေတော့မှာပဲ သူတို့က လုရှန်ရဲ့ ဖန်အကြီးစားတွေ"

"ကြည့်ရတာ တနေ့အတွင်း သူတို့နဲ့ အတော်လေး ရင်းနှီးသွားသလိုပဲ မနေ့ကအထိ မင်းအခန်းထဲမှာ တစ်ယောက်ထဲလေ"

'ခဏလေး'

လုရှန် ထုတ်ပြောလိုက်တဲ့ စကားတွေကို သတိမထားမိပဲ ပါနေးရားက ရိုးသားတဲ့မျက်နှာနှင့်
"ပြောရရင် လူတွေက ကျွန်မကိုချဉ်းကပ်ရတာခက်ခဲတယ်ထင်နေကြတာ ကျွန်မ စိတ်ချမ်းသာအောင်လုပ်ရတာခက်ခဲတယ်လို့ သူတို့ထင်နေကြတာကြောင့်လေ ဒါပေမဲ့ အဲ့ကလေးတွေကြောင့် ကျွန်မတို့ မြန်မြန်ဆန်ဆန်သူငယ်ချင်းဖြစ်လာကြတာ"

ပါနေးရားကိုင်ထားပြီး လက်ထဲမှာ ခါနေတဲ့အရာက နူးညံနဲ့ပန်းရောင် မိတ်ကပ် brushဖြစ်လေသည်

ပါနေးရားက တောက်ပတဲ့မျက်လုံးတွေနှင့်

"ကျွန်မထင်ထားတာ လူတွေက ပိုပြီးရှေးရိုးဆန်ကြတယ်လို့လေ ဝေးကွာပြီးသီးသန့်ဆန်တဲ့ စီရင်စုက‌ဆိုတော့လေ ဒါပေမဲ့ သူတို့က အဲ့လိုမဟုတ်ဘူး အဲ့အစား မြို့တော်က နာမည်ကြီးနေတဲ့ မိတ်ကပ်နည်းပညာတွေအကြောင်း သိရတော့ သူတို့က အရမ်းစိတ်၀င်စားနေတာ ပါနေးရားရဲ့ အလှပြင်ဆိုင် နံပါတ် (၂)က ဖြစ်နိုင်ချေရှိတယ်"

"ဆိုင်တစ်ခု ထပ်ဖွင့်အုမ်းမလို့လား"

"ဘယ်အရာကမှ ကျွန်မကိုမတားနိုင်ဘူး ကျွန် ဒီလောက်အထိရောက်လာပြီး စီးပွားရေးကို ဆက်လုပ်နိုင်မဲ့လို့ မထင်ထားဘူး ဒါပေမဲ့ ဒါက အခွင့်အရေးအကြီးကြီးတစ်ခုပဲလေ"

“…..”

ပါနေးရားမျှော်လင့်ချက်တွေအပြည့်နဲ့ပုံစံက လှပလေသည် တကယ်ကိုလှ‌ပလေသည်

ဒါပေမဲ့ လုရှန်ကတော့ မွန်းကြပ်လာသလိုခံစားရသည် အကြံကောင်းတစ်ခုဖြစ်ကြောင်း ပြောပြီး သူမကို အားပေးကြောင့် သူသဘောတူကြောင်း သူမအားမပြောနိုင်ပေ

'မင်းလုပ်သင့်တယ်လို့ ငါတော့မထင်ဘူး အဲ့လိုအရာတွေကို စိတ်ပူမနေနဲ့ ငါ့ကိုသာစောင့်နေလိုက်'

သူရှန်က သူစိတ်ထဲမှာပြည့်နှက်လာတဲ့ ကောက်ကျစ်တဲ့အတွေးတွေကြောင့် အံကိုကြိတ်ထားလေသည်

လုရှန်က ခံစားချက်တွေကိုဖိနှပ်လိုက်ဖို့ကြိုးစားပြီး နှုတ်ခမ်းအစွန်းတွေမြှင့်ကာ ပြုံးပြလိုက်သည် ဒါက အကောင်းဆုံး သူလုပ်နိုင်တာပင်
* * *

မှူးမတ်အယ်လိစီယာ,စံအိမ်ပိုင်ရှင်က စံအိမ်ထဲကို ခပ်တည်တည်နဲ့၀င်လာလေသည် သို့သော်လည်း သူ၀င်လာလာချင်းမှာပဲ ဣန္ဒြေမဲ့စွာ အော်လိုက်မိသည်

“အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ် ဟန်နီ”

“ပြန်ရောက်ပြီပေါ့ အဖေ”

အမြဲလိုလို နူးညံ့စွာနှုတ်ဆက်လေ့ရှိတဲ့ သူ့ဇနီးနဲ့ သူ့သမီးနှစ်ယောက်ပုံစံ ရယ်စရာကောင်းနေတာကြောင့်ဖြစ်သည်

မျက်ခုံးတွေက မြှင့်နေပြီး မျက်လုံးတွေက ကြီးပြီး ထက်ရှနေကာ အနီရောင်နှုတ်ခမ်းတွေက သူတို့ကို နူးညံ့ညင်သာပုံ လုံး၀မပေါက်စေပါ

မှူးမတ်အယ်လိစီယာက မိသားစုကို ဦးဆောင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်သည် သူ စံအိမ်ကို၀င်၀င်လာချင်း  အမြဲလိုလို သူအရင်ဆုံးရှာတဲ့အရာက စားစရာဖြစ်လေသည်

သို့သော်လည်း သူ ထိုအမျိုးသမီးသုံးယောက်ကို မြင်လိုက်ချိန်မှာ သူဘာဆို ဘာမှမပြောနိုင်ပေ
‘ညစာအတွက်က ဘာလဲ’

သူတစ်ခုခုပြောလိုက်မယ်တွေးလိုက်တဲ့အချိန်၌ ထိုအမျိုးသမီးသုံးယောက်က 'ကျွန်မ ရှင့်အတွက် ချက်ပေးရမလား'လို့ ခြောက်ခြားဖွယ်ကောင်းစွာ ပြောလိမ့်မည် အဆုံးမှာတော့ မှူးမတ်အယ်လိစီယာက ဘာမှမပြောပဲ နောက်ဆုတ်ကာ ထွက်သွားတော့သည်

မှူးမတ်ကတော် အယ်လိစီယာနှင့် သူ့သမီးနှစ်ယောက်က ခေါင်းကိုစောင်းလိုက်သည်

"နင်အဖေ ဘာဖြစ်သွားတာလဲ"

"သမီးထင်တာ သမီးတို့က အဲ့လောက်အထိလှနေလို့နေမှာပေါ့"

“သမီးလဲအဲ့လိုထင်တယ်”

သူတို့ပြောနေတာကိုနားထောင်ပြီး သူမရယ်လိုက်မိသည် အမှန်အတိုင်းပြောရရင် မှူးမတ်အယ်လိစီယာဘာကြောင့် အဲ့လိုရုပ်ဖြစ်ပြီး ထွက်သွားတယ်ဆိုတာ သူမသိလေသည်

မှူးမတ်ကဝောာ် အယ်လိစီယာနှင့် သူ့သမီးနှစ်ယောက်သား လိမ်းထားတဲ့မိတ်ကပ်က သူမအတွက်ဆိုရင်လဲ အလွန်များလေသည် beginnerတစ်ယောက်ရဲ့ ကျရှုံးသွားတဲ့မိတ်ကပ်နဲ့တူလေသည်

သူမက သူတို့မျက်လုံးတွေက်ု အနက်ရောင် eyeshadow ချယ်ထားလေသည် စိတ်တိုနေတဲ့ ပန်ဒါ၀က်ဝံတစ်ကောင်လို ပုံစံဖြစ်အောင်လုပ်ထားသဖြင့် အလွန်ကို မဲ့ပြနေပုံနဲ့တူလေသည်

ဒီနေ့မှာတင် သူတို့ကိုလိမ်းပေးရင်း တိုးတတ်အောင်လုပ်ထားတဲ့ မိတ်ကပ်နည်းအသစ်ဖြစ်လေသည် လူတိုင်းရဲ့ပခုံးတွေတုန်သွားအောင်လုပ်နိုင်သည့် ခက်ထန်တဲ့မိတ်ကပ် lookပင်

'ဒါပေမဲ့ နည်းနည်းလေး ကျေညှပ်သွားရင် 'သန်မာတဲ့အမကြီး မိတ်ကပ် look'ရဲ့ နောက်ဆုံးအဆင့်က ပြည့်စုံသွားပြီး အရမ်းကောင်းတာပဲ'

သူက စိတ်ကျေနပ်စွာခေါင်းညိမ့်လေသည်

ငြိမ်းချမ်းတဲ့မြို့တော်နဲ့မတူပဲ ပဋိပက္ခဖြစ်တဲ့နေရာက စစ်ပွဲတွေအပြည့် သန်စွမ်းတဲ့ မကောင်းဆိုးဝါးနှင့် ဖြစ်တာကြောင်းများလား မသိပေ မှူးမတ်ကတော်နှင့်သူ့သမီးနှစ်ယောက်က သတ္တိရှိတဲ့ မိတ်ကပ်lookကို သူမထင်ထားတာထက် ပိုပြီးမျှော်လင့်ထားကြသည်

ထိုအရာကြောင့် အရင်ကထက်ပိုပြီး ခက်ထန်သည့်မိတ်ကပ်look ကို တိုးတတ်အောင် လုပ်နိုင်ခဲ့သည်

သူမ မိတ်ကပ်ကိုလေ့လာရင် သူမတိုးတတ်လိုက်တဲ့ နည်းလမ်းတွေကို စစ်စစ်ပေါက်ပေါက် မှတ်တမ်းတင်ထားရသည် လာတဲ့ဧည့်သည်ကိုမိတ်ကပ်လိမ်းပေးပြီး နေ့တစ်နေ့က အရမ်းလျင်မြန်စွာကုန်ဆုံးသွားလေသည်

ဒါပေမဲ့ ပြဿနာတစ်ခုကရှိလေသည်

သူမယူလာတဲ့မိတ်ကပ်အားလုံးကို အသုံးပြုပြီး‌ဖြစ်လေသည်

Brushလို ပစ္စည်းတွေက အဆင်ပြေပေမဲ့  ကုန်သွားတတ်တဲ့ eyeshadow လို နှုတ်ခမ်းနီလိုအရာမျိုးကတော့ အဆင်မပြေပေ

"ဒီနေရာမှာ မိတ်ကပ်ပစ္စည်းတွေရောင်းတဲ့နေရာရှိလား"

အနက်ရောင်မျက်လုံးနှစ်လုံးနှင့် မှူးမတ်ကတော် အယ်လိစီယာက ဖြေလေသည်
"ဒီ‌နေရာက ကျေးလတ်ဒေသလေ ဒါကြောင့် ဒီလိုနေရာများ မရှိဘူး"

"စိတ်မကောင်းပါဘူး"

“ဘာကိုလဲ?”

"အိုး မဟုတ်ပါဘူး ကျွန်မ မသိလိုက်ပဲ အဓိပ္ပာယ်မရှိတာပြောလိုက်မိတယ် စိတ်မပူပါနဲ့"

သူမသာ စကားဆက်ပြောရင် "ပန်ဒါဘော့စ်"ဆိုတဲ့ စကားထွက်လာတော့မည်

'နောက်တချိန်ကျရင် eyeshadow ကို ပိုဖျော့အောင်လုပ်ရမယ်'

ခုန်နေတဲ့ရင်ကို တည်ငြိမ်အောင်လုပ်ပြီး မိတ်ကပ်ကို လိမ်းရင် ဘယ်လို သတိထားရမလဲဆိုတာ ထပ်ပြီးတွေးနေမိသည်

'အန်နီကို မိတ်ကပ်၀ယ်ပြီး ပို့ပေးဖို့ ပြောရမလား'

သိုသော်လည်း ဒီနေရာက မြို့တော်နဲ့ အရမ်းအလှမ်းဝေးလေသည် ဒါအပြင် စစ်ပွဲကာလမှာ ဒီနေရာကို မိတ်ကပ်လာပို့ပေးမဲ့ ကုမ္ပဏီရှိမည်လား

ထို့နောက် မှူးမတ်ကတော် အယ်လိစီယာက
"ရှင် မိတ်ကပ်ကို ကိုယ်တိုင်လုပ်ရင်ရော"

အကြုံပြုချက်ကိုကြားပြီး သူမမျက်လုံးတွေ ပြူးကျယ်သွားတော့သည်
“ဘယ်လိုလဲ?”

"ကျေးလက်ဒေသမှာ လူတွေက မိတ်ကပ်မလိမ်းကြတာမျိုးမဟုတ်ကြဘူး မိတ်ကပ်လိုချင်တဲ့လူတွေက တောထဲက ပန်းတွေ ဆေးတွေကို စုပြီး လုပ်ကြတာ"

'အိုး ဒါကအကြံကောင်းတစ်ခုပဲ!'

သူမတခါမှ မလုပ်ကြည်ဖူးပေမဲ့ အကြံကောင်းတစ်ခုဖြစ်လေသည်

'လုပ်ပုံလုပ်နည်း အဆင့်တွေကို အကြမ်းဖျင်းလောက်ပဲ မှတ်မိတယ်ဆိုတော့ မခက်လောက်ပါဘူး ပြီးတော့ ကိုယ်တိုင်လုပ်နိုင်ရင် အရင်က မရှိဖူးတဲ အရောင်တွေ texture တွေ ဖန်တီးနိုင်မယ်'

တိုက်အသစ်ကြီးတစ်ခုကို ရှာတွေ့သူလို သူမမျက်လုံးတွေက တောက်ပလာသည် (အာရှတိုက် အမေရိကတိုက် အဲ့လိုမျိုးကိုပြောတာပါ)

"ပါ၀င်ပစ္စည်းတွေ စုဖို့ ‌လူတွေက ဘယ်တောအုပ်ကိုသွားကြတာလဲ"

"ဒီစံအိမ်ရဲ့အနောက်‌ဘက်ကို နည်းနည်းလမ်းလျှောက်သွားရင် ရှင်တွေ့လိမ့်မယ် ဒါပေမဲ့ တစ်ယောက်ထဲသွားရင် အန္တရာယ်များတယ်"

ပထမသမီးက ခေါင်းညိမ့်လေသည်
"အမေပြောတာမှန်တယ် မြေပြင်အနေအထားက ရှုပ်ထွေးတယ် ဒါကြောင့်လွယ်လွယ်နဲ့ လမ်းပျောက်သွားနိုင်တယ် အန္တရာယ်ရှိတဲ့အပင်တွေလဲ အများကြီးရှိတယ်"

ဒုတိယသမီးက ရဲရင့်စွာနှင့်
"ဒါဆို တူတူသွားရအောင်" (တားမယ်မှတ်နေတာ🤣)

မှူးမတ်‌ကတော် အယ်လိစီယာက မျက်မှောင်ကြုတ်ကာ
"တောအုပ်လမ်းကိုတောင်မသိတာ ဘာလို့သွားဖို့ ကြံနေတာလဲ ကျွန်မစဉ်းစားပါရစေအုမ်း"

မှူးမတ်ကတော် အယ်လိစီယာက လက်ပိုက်ကာ စတင်တွေးလေသည်
'ငါ ဘယ်သူကို အနစ်နာခံခိုင်းသင့်လဲ'

သူမမျက်နှာကို တွေးနေတဲ့ပုံစံလုပ်နေပေမဲ့ လက်တွေ့မှာတော့ သူမကို လမ်းညွှန်လုပ်ပေးမဲ့ သူတစ်ယောက်ယောက်ရှိသလားဆိုပြီး စူးစမ်းနေပုံပေါက်လေသည်

တခဏကြာပြီးနောက် မှူးမတ်အယ်လိစီယာက "အိုး"ဟု ပြောပြီး မျက်လုံးတွေ တဖိတ်ဖိတ်တောက်လာလေသည်

"တွေးကြည့်တော့မှ မနက်ဖြန် သူ တောအုပ်ထဲကို သွားမယ်လို့ပြောတယ် မင်း အဲ့လူနဲ့ သွားလို့ရတာပဲ"
(ဒိအပိုင်းတွေက ပျင်းစရာကောင်းတယ်ထင်ရပေမဲ့ တကယ့်အခန်းတွေက လာ‌တော့မှာပါ introတော့စ၀င်နေပါပြီ)

Continue Reading

You'll Also Like

29.4K 4.6K 75
āļŊāˇāļšāļēāˇāļœāˇ™āļąāˇŠ āˇƒāˇāļŸāˇ€āˇ“ āļœāˇ’āļē āļ¯āļšāˇŠāˇ‚āļēāļąāˇŠ āļģāļĸ āļšāļģāˇ€āļą āļ‰āļąāˇŠāļ¯āˇŠâ€āļģāļĸāˇāļŊāˇ’āļš āļģāļĸāļ¯āļąāļšāˇŠ. 🔮đŸĒ„ āļŊāˇāļšāļēāˇš āļ…āļ­āˇ’ āļ¯āļšāˇŠāˇ‚ āļ‰āļąāˇŠāļ¯āˇŠâ€āļģāļĸāˇāļŊāˇ’āļšāļēāļąāˇŠ āļļāˇ’āˇ„āˇ’ āļšāļģāļą āļ­āˇāļ­āˇāļąāˇŠāļąāļšāˇŠ. āˇ€āˇƒāļģ āļ¯āˇ„āˇƒāļšāļ§ āļ´āˇ™āļģ āˇ„āˇ’āˇƒ āļ‘āˇƒāˇ€āˇ– āļ…āļŗāˇ”āļģāˇ” āļ¸āˇāļēāˇāˇ€āļš...
1.3M 67.4K 35
( စိုငá€ēးစစá€ēဂုဏá€ēရှိနá€ē + တိမá€ēလá€Ŋှá€Ŧဘုနá€ēးမá€ŧငá€ē့ ) ဘဝမှá€Ŧကá€ļအကေá€Ŧငá€ēးဆုá€ļးအရá€Ŧကဘá€Ŧလဲသိလá€Ŧး။ အဲ့တá€Ŧကကိုယá€ēသဘေá€Ŧကá€ģá€›á€á€˛á€ˇá€œá€°á€€á€€á€­á€¯á€šá€ēá€ˇá€Ąá€•á€­á€¯á€„á€ēဖá€ŧစá€ēလá€Ŧတá€Ŧဘဲ။ အဲ့အရá€Ŧကတစá€ēလေá€Ŧကလုá€ļးကကá€ļကေ...
1.9M 117K 74
စစ်မá€Ŋန်သေá€Ŧ ခá€ēစ်á€ģခင်းတရá€Ŧးကိုသá€Ŧ လိုခá€ēင်မိပá€Ģ၏။
56.2K 4.7K 52
သေá€Ŧကá€ŧá€Ŧá€”á€ąá€ˇá€á€­á€¯á€„á€ēး Update ရှိပá€Ģသညá€ē။ ကá€ŧá€Ŧပနá€ēးဖá€ŧူလေးမá€ģá€Ŧးအဖá€Ŋဲ့