နတ်ဆေးသမားတော် ယဲ့ကျန်း

By Swae_Nyoe

276K 24.4K 337

ဘာသာပြန် -ဆုမြတ်လှိုင် More

Description
part 1
part 2
part 3
part 4
Notice!!
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
part 50
part 51
part 52
part 53
part 55
part 56
part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
part 68
part 69
part 70
part 71
part 72
part 73
part 74
part 75
part 76
part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Promotion
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Telegram ကို လာခဲ့နော်
Completed in Telegram

part 54

1.5K 154 1
By Swae_Nyoe

Unicode
အပိုင်း (၅၄) ချန်းညီအစ်မများ(၁)
ထိုသခင်မလေးနှစ်ယောက်က သခင်မကြီးလု၏မိခင်မျိုးဆက်မှ ဖြစ်သည်။ လုမိသားစုက ကျော်ကြားလာခြင်းမရှိခင်ကဆိုလျှင် ချန်းမိသားစုက သူတို့နှင့် ဆက်ဆံခြင်းပြုလေ့မရှိပေ။ သို့သော် လက်ရှိအချိန်တွင်မူ သူတို့၏ လုမိသားစုအပေါ် ထားသော သဘောထားများက ပြောင်းလဲသွားခဲ့ချေပြီ။
လုကျင်းက အကယ်ဒမီမှ အခြားသော ကျောင်းသူများအကြောင်း ထည့်သွင်းပြောလာကြောင်းကို မြင်လိုက်ကတည်းက ယဲ့ကျန်းက ပြုံးလိုက်သည်။
“ကောင်းလိုက်တာ၊ နောက်ဆုံးတော့ အကယ်ဒမီမှာ အတူပျော်ရဖို့ အစ်မနှစ်ယောက် ထပ်ရပြီပဲ”
ချန်းချုံပင်းက ယဲ့ကျန်းကို တစ်ချက်ကြည့်ပြီးနောက် ပြုံးသည်။
“တို့များ အကယ်ဒမီကိုဝင်ခွင့်ရတာနဲ့တင် ကံကောင်းလွန်းနေပါပြီ”
လူတိုင်း သိထားကြသည်မှာ အမျိုးသမီးအကယ်ဒမီကို ကံကောင်းမှုဖြင့် မဝင်နိုင်ပေ။ ချန်းညီအစ်မများအားလုံးက ငယ်စဉ်ကတည်းက ဘက်စုံတတ်မြောက် ကျွမ်းကျင်ရန် မိသားစုက ကောင်းစွာ ထိန်းကျောင်းပေးခဲ့ကြသည်။ သာမန်မိသားစုမှ လူများဖြစ်သည့်အလျောက် ချန်းညီအစ်မများအနေဖြင့် အထက်တန်းလွှာမိသားစုမှ အမျိုးကောင်းသားများနှင့် လက်ထပ်ရန် ခက်ခဲနိုင်၏။ ထို့ကြောင့် သူတို့ လုပ်ဆောင်မှုအားများဖြင့်သာ ကြိုးစားရယူရသည်။
အမျိုးသမီးအကယ်ဒမီ၏ နာမည်ကိုသာ သူတို့ ထည့်သွင်းနိုင်မည်ဆိုလျှင် အဆင့်အတန်းမြင့်မားပြီး ကျော်ကြားမှု ရရှိရန် အခွင့်ကောင်းဖြစ်နိုင်ကြောင်း သူတို့ကိုယ်သူတို့ သတိပေးထားရ၏။ အမှန်ပင် သူတို့ အောင်မြင်ခဲ့သည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ လုကျင်းက သူတို့ထက်သာနေခဲ့ခြင်းဖြစ်ကာ သူတို့၏ကျော်ကြားမှုအားလုံးကို သိမ်းယူသွားခဲ့၏။ သို့ရာတွင် ယခု တတိယသခင်မလေး ရှိလာခဲ့ပြီဖြစ်ကာ သူမက နယ်မြို့မှ ပြောင်းလာကာစဖြစ်သည်။ ထို့ကြောင့် ချန်းသခင်မလေးများက သူမကို ကိုင်တွယ်ချင်နေကြ၏။ ဒါက သူတို့ တောက်ပရမည့်အချိန်ဟုပင် ထင်နေကြသည်။
သူတို့၏စိတ်တွင် ယဲ့ကျန်းက စာမေးပွဲတွင် ကိုယ့်ကိုယ်ကို အရူးလုပ်ပြီး လူအများစုက သူမအကြောင်းဆွေးနွေးကာ ချန်းညီအစ်မများနှင့်နှိုင်းယှဉ်ရန် မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် သူတို့၏ ကျော်ကြားသောပါရမီအားက လူထု၏အသိအမှတ်ပြုခြင်းကို ရရှိပေမည်။
ထိုအကြောင်းအရာကို တွေးပြီးနောက် ချန်းချုံပင်းက တောက်ပသောအပြုံးကို ထုတ်ဖော်လိုက်ကာ ယဲ့ကျန်းကို ကြင်နာစွာ ကြည့်လိုက်သည်။
“တတိယညီမက တို့နဲ့အတူ သိပ်မကြာခင်မှာ အတူသင်ကြားနိုင်မယ်ဆိုရင် ပိုကောင်းမှာပါပဲ”
ယဲ့ကျန်းက ခပ်ဖျော့ဖျော့ မျက်မှောင်ကြုတ်ပြီးပြောသည်။
“ကံဆိုးတာက တို့က ဆေးဝါးအကယ်ဒမီကျောင်းတော်ကို ဝင်ခွင့်ဖြေမှာလေ၊ ဆိုတော့ အစ်မတို့ ရွေးချယ်ထားတဲ့နယ်ပယ်တွေနဲ့ ကွာခြားနေမှာပါပဲ”
ချန်းညီအစ်မများက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အကယ်ဒမီသို့ ဝင်နိုင်ခဲ့သော်လည်း သူတို့က ထိုအချိန်ကတည်းက ကောင်းမွန်စွာ လုပ်ဆောင်နိုင်နေခဲ့သည်။ ပြောရလျှင် တစ်နှစ်ခန့်သာလျှင် ကြာခဲ့သေး၏။
သို့သော် လုယောင်ယောင်ကသာ နယ်မြို့တွင် မနေခဲ့လျှင် သူမက သူတို့နှင့်အတူ ဘွဲ့ရလောက်သင့်ချေပြီ။ သူတို့က သက်တူရွယ်တူ ဖြစ်သော်လည်း လုကျင်းက သူတို့ထက် ငယ်သည့်အတွက် သူတို့နောက်မှသာ အကယ်ဒမီသို့ ဝင်ခဲ့ခြင်းလည်းဖြစ်၏။
ထိုအချက်ကြောင့် သခင်မကြီးလုက ကိစ္စအားလုံးကို ရှင်းလင်းထားရန် မျှော်လင့်လိုက်၏။
“ယောင်ယောင်က နယ်မြို့မှာနေခဲ့တော့ အမျိုးသမီးအကယ်ဒမီမှာ လေ့လာဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဆေးဝါးအကယ်ဒမီကျောင်းတော်က အသက်ကို ကန့်သတ်မထားတာပဲ၊ သူမမှာ အမျိုးသမီးအကယ်ဒမီအတွက် လုံလောက်တဲ့ အခြေခံစွမ်းရည်တွေ ရှိရုံနဲ့တင် သင့်လျော်ပါပြီ”
“ဆေးဝါးအကယ်ဒမီကျောင်းတော်က ဘာများကောင်းနေလို့လဲ၊ ဘွဲ့ရပြီးတော့ ဆေးဝါးပညာရှင် ဖြစ်ချင်တာလား”
ချန်းလီပင်းက မျက်ဝန်းထဲရှိ အထင်သေးမှုအချို့ဖြင့် ပြောလိုက်သည်။ ဆေးဝါးပညာနယ်ပယ်က အလွန်ကျော်ကြားသော်လည်း ထိုနယ်ပယ်တွင် ထင်ရှားသောအမျိုးသမီးက ရှားသည်။ သူမ၏လေသံထဲမှ မနှစ်မြို့မှုက သခင်မကြီး၏ သတိထားမှုမှ လွတ်မြောက်သွားခဲ့ခြင်းမရှိပေ။ သူမက မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုမဲ့သည်။
“ဆေးဝါးပညာရှင်က ဘာများမှားနေလို့လဲ၊ ဧကရီသွမ့်ဟွမ်တောင် တစ်ချိန်က သမိုင်းမှာ ဆေးဝါးပညာရှင် ဖြစ်ခဲ့တာမဟုတ်လား”
ဒါက လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်ကဖြစ်သည်။ သမိုင်းမှတ်တမ်းများ၏ စကားများက မှန်ကန်ခြင်းရှိမရှိ မည်သူမျှ မသိနိုင်ပေ။
ချန်းလီပင်းက နှုတ်ခမ်းကိုမဲ့ကာ ခါးသီးစွာ တွေးလိုက်၏။
အမျိုးသမီးအကယ်ဒမီကို ဧကရီကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်သော်လည်း ရန်ဟယ်ထန်း၏ ကျော်ကြားမှုက ပို၍ထင်ရှားကာ ကျင်းမင်းဆက်သည်လည်း မဟုတ်တော့သည့်အတွက် တော်ဝင်မိသားစု၏ မျိုးရိုးနာမည်ကပင် ဟွမ်ဖူ ဖြစ်နေခဲ့ချေပြီ။ အရာအားလုံးက ယခုအခါတွင် ပြောင်းလဲနေပြီဖြစ်၏။
ချန်းလီပင်း၏အထင်သေးမှုကို မြင်ပြီးနောက် ယဲ့ကျန်းကိုယ်တိုင်ကလည်း မနှစ်မြို့လာတော့ပေ။ အတိတ်တွင် သူမက ဆေးဝါးအကယ်ဒမီကျောင်းတော်သို့ သွားရောက်လည်ပတ်ခဲသည့်အတွက် ထူးထူးခြားခြား အာရုံစိုက်မှုမရှိသည့်တိုင်အောင် ဒါက အရေးကြီးဆုံးနယ်ပယ်ဖြစ်ကြောင်း နားလည်နေ၏။ ထို့အပြင် သူမက တစ်ချိန်က လေးစားဖွယ်ကောင်းစွာ လုပ်နိုင်ခဲ့သော ထိုအမျိုးသမီးကိုလည်း အလွန်လေးစားသည်။ သူမက အင်ပါယာနန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကလဲ့စားချေရန်လည်း ဆုံးဖြတ်ထားပြီး ဒါက အလွယ်ကူဆုံးနည်းလမ်း ဖြစ်ကြောင်းကိုလည်း သိနေခဲ့၏။
“တို့အဘွားရဲ့အမြင်က အမြဲတမ်းသင့်လျော်တယ်၊ ဒါပေမဲ့ တို့ကတော့ ဧကရီဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊ နှိုင်းလည်းမနှိုင်းယှဉ်ရဲပါဘူး၊ တို့များရဲ့ဝမ်ဖေးကတင် ဒီလောက်ကံကောင်းနေပြီလေ၊ အင်ပါယာနန်းတော်ထဲက ပထမအဆင့် ဆေးဝါးပညာရှင်ဖြစ်ရုံနဲ့တင် တို့က ကျေနပ်နေပါပြီ”
ယဲ့ကျန်းက သူမ၏လက်မောင်းကို အနည်းငယ်ပွတ်သပ်လိုက်သည်။ ရှက်ရွံ့သွားဟန်ကိုလည်း ပြသေးကာ ချိုမြိန်စွာ ရယ်လိုက်သေး၏။
“အချစ်လေး အချစ်လေးက မင်းအသက်အရွယ်က မိန်းကလေးအများစုထက် ပိုပြီးတော့တောင် ရင့်ကျက်နေသေးတာပဲ”
သခင်မကြီးလုက သူမ၏မျက်နှာလေးကို ထိတွေ့ကာ သည်မြေးမအပေါ် ချစ်မြတ်နိုးမှုကို ပြသည်။
လုကျင်းက ယဲ့ကျန်းကို ကြည့်ပြီးနောက် သည်တတိယအစ်မက ထက်ရှသောလျှာဖြင့် သခင်မကြီး၏ကျေနပ်မှုကို ရသွားသည့်အတွက် မုန်းတီးမိသည်။
“အဘွား သမီးနောက်နေ့ကျရင် နောက်ဆုံးစာမေးပွဲကို ဖြေဆိုရတော့မှာ၊ သမီးစာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ရင် ဆုရမယ်မဟုတ်လား”
“သေချာတာပေါ့၊ သမီးက ဘာဆုကိုလိုချင်လို့လဲ”
သခင်မကြီးလု၏ပျော်ရွှင်မှုက ပို၍သာသွားသေးသည်။ သူမ၏မြေးမများက အလွန်တော်ကြ၏။ ဒါက မိသားစု၏ကောင်းခြင်းဖြစ်သည်။
သူတို့ရဲ့လုမိသားစုကို အထင်သေးတဲ့လူတွေ၊ ကုန်သည်မိသားစုဆိုပြီး နှိမ်ခဲ့တဲ့ သူတွေအားလုံး သည်လိုအခြေအနေကို ကြည့်စမ်းပါဦး၊ သူတို့က အခုအချိန်မှာ အထက်တန်းလွှာအဆင့်အတန်းကို မရောက်နိုင်ကြပေမဲ့ သူတို့ကတော့ အခုလောက်အထိ မြင့်မားနေပြီလေ။
သခင်မကြီးလုက လုကျင်းတောင်းဆိုတာကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။
လုဝူရှန်းက မြို့တော်မှာ တစ်ဦးတည်းသော အချစ်မြတ်နိုးဆုံးခံရသော ဝမ်ဖေးဖြစ်သည်။ ဒါက သူတို့အပေါ် မကောင်းပြုခဲ့သူတိုင်းကို မျက်နှာဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်စေခဲ့၏။ ယဲ့ကျန်းကဲ့သို့ မြင့်မြတ်သောမိသားစုမှသူကပင် သူမ၏မြေးကို မယှဉ်နိုင်ခဲ့ပေ။
“အဘွား တတိယအစ်မ အရင်ရက်က ကြာပွတ်ကောင်းတစ်လက် ရထားတယ်၊  သမီး အရမ်းကြိုက်တာပဲ၊ သမီးကို အဲ့ဒါရအောင် တောင်းဆိုပေးပါလား”
လုကျင်းက အပြစ်ကင်းစင်ဟန်ဖြင့် သခင်မကြီးလုကို ကြည့်ကာ ပြောလိုက်သည်။

Zawgyi

အပိုင္း (၅၄) ခ်န္းညီအစ္မမ်ား(၁)
ထိုသခင္မေလးႏွစ္ေယာက္က သခင္မႀကီးလု၏မိခင္မ်ိဳးဆက္မွ ျဖစ္သည္။ လုမိသားစုက ေက်ာ္ၾကားလာျခင္းမ႐ွိခင္ကဆိုလွ်င္ ခ်န္းမိသားစုက သူတို႔ႏွင့္ ဆက္ဆံျခင္းျပဳေလ့မ႐ွိေပ။ သို႔ေသာ္ လက္႐ွိအခ်ိန္တြင္မူ သူတို႔၏ လုမိသားစုအေပၚ ထားေသာ သေဘာထားမ်ားက ေျပာင္းလဲသြားခဲ့ေခ်ၿပီ။
လုက်င္းက အကယ္ဒမီမွ အျခားေသာ ေက်ာင္းသူမ်ားအေၾကာင္း ထည့္သြင္းေျပာလာေၾကာင္းကို ျမင္လိုက္ကတည္းက ယဲ့က်န္းက ျပဳံးလိုက္သည္။
“ေကာင္းလိုက္တာ၊ ေနာက္ဆုံးေတာ့ အကယ္ဒမီမွာ အတူေပ်ာ္ရဖို႔ အစ္မႏွစ္ေယာက္ ထပ္ရၿပီပဲ”
ခ်န္းခ်ံဳပင္းက ယဲ့က်န္းကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ျပဳံးသည္။
“တို႔မ်ား အကယ္ဒမီကိုဝင္ခြင့္ရတာနဲ႔တင္ ကံေကာင္းလြန္းေနပါၿပီ”
လူတိုင္း သိထားၾကသည္မွာ အမ်ိဳးသမီးအကယ္ဒမီကို ကံေကာင္းမႈျဖင့္ မဝင္ႏိုင္ေပ။ ခ်န္းညီအစ္မမ်ားအားလုံးက ငယ္စဥ္ကတည္းက ဘက္စုံတတ္ေျမာက္ ကြၽမ္းက်င္ရန္ မိသားစုက ေကာင္းစြာ ထိန္းေက်ာင္းေပးခဲ့ၾကသည္။ သာမန္မိသားစုမွ လူမ်ားျဖစ္သည့္အေလ်ာက္ ခ်န္းညီအစ္မမ်ားအေနျဖင့္ အထက္တန္းလႊာမိသားစုမွ အမ်ိဳးေကာင္းသားမ်ားႏွင့္ လက္ထပ္ရန္ ခက္ခဲႏိုင္၏။ ထို႔ေၾကာင့္ သူတို႔ လုပ္ေဆာင္မႈအားမ်ားျဖင့္သာ ႀကိဳးစားရယူရသည္။
အမ်ိဳးသမီးအကယ္ဒမီ၏ နာမည္ကိုသာ သူတို႔ ထည့္သြင္းႏိုင္မည္ဆိုလွ်င္ အဆင့္အတန္းျမင့္မားၿပီး ေက်ာ္ၾကားမႈ ရ႐ွိရန္ အခြင့္ေကာင္းျဖစ္ႏိုင္ေၾကာင္း သူတို႔ကိုယ္သူတို႔ သတိေပးထားရ၏။ အမွန္ပင္ သူတို႔ ေအာင္ျမင္ခဲ့သည္။
သို႔ေသာ္ သူတို႔ မေမွ်ာ္လင့္ထားသည္မွာ လုက်င္းက သူတို႔ထက္သာေနခဲ့ျခင္းျဖစ္ကာ သူတို႔၏ေက်ာ္ၾကားမႈအားလုံးကို သိမ္းယူသြားခဲ့၏။ သို႔ရာတြင္ ယခု တတိယသခင္မေလး ႐ွိလာခဲ့ၿပီျဖစ္ကာ သူမက နယ္ၿမိဳ႕မွ ေျပာင္းလာကာစျဖစ္သည္။ ထို႔ေၾကာင့္ ခ်န္းသခင္မေလးမ်ားက သူမကို ကိုင္တြယ္ခ်င္ေနၾက၏။ ဒါက သူတို႔ ေတာက္ပရမည့္အခ်ိန္ဟုပင္ ထင္ေနၾကသည္။
သူတို႔၏စိတ္တြင္ ယဲ့က်န္းက စာေမးပြဲတြင္ ကိုယ့္ကိုယ္ကို အ႐ူးလုပ္ၿပီး လူအမ်ားစုက သူမအေၾကာင္းေဆြးေႏြးကာ ခ်န္းညီအစ္မမ်ားႏွင့္ႏိႈင္းယွဥ္ရန္ ေမွ်ာ္လင့္ေနၾကသည္။ ထိုသို႔ဆိုလွ်င္ သူတို႔၏ ေက်ာ္ၾကားေသာပါရမီအားက လူထု၏အသိအမွတ္ျပဳျခင္းကို ရ႐ွိေပမည္။
ထိုအေၾကာင္းအရာကို ေတြးၿပီးေနာက္ ခ်န္းခ်ံဳပင္းက ေတာက္ပေသာအျပဳံးကို ထုတ္ေဖာ္လိုက္ကာ ယဲ့က်န္းကို ၾကင္နာစြာ ၾကည့္လိုက္သည္။
“တတိယညီမက တို႔နဲ႔အတူ သိပ္မၾကာခင္မွာ အတူသင္ၾကားႏိုင္မယ္ဆိုရင္ ပိုေကာင္းမွာပါပဲ”
ယဲ့က်န္းက ခပ္ေဖ်ာ့ေဖ်ာ့ မ်က္ေမွာင္ၾကဳတ္ၿပီးေျပာသည္။
“ကံဆိုးတာက တို႔က ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္ကို ဝင္ခြင့္ေျဖမွာေလ၊ ဆိုေတာ့ အစ္မတို႔ ေ႐ြးခ်ယ္ထားတဲ့နယ္ပယ္ေတြနဲ႔ ကြာျခားေနမွာပါပဲ”
ခ်န္းညီအစ္မမ်ားက အသက္ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အကယ္ဒမီသို႔ ဝင္ႏိုင္ခဲ့ေသာ္လည္း သူတို႔က ထိုအခ်ိန္ကတည္းက ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ေနခဲ့သည္။ ေျပာရလွ်င္ တစ္ႏွစ္ခန္႔သာလွ်င္ ၾကာခဲ့ေသး၏။
သို႔ေသာ္ လုေယာင္ေယာင္ကသာ နယ္ၿမိဳ႕တြင္ မေနခဲ့လွ်င္ သူမက သူတို႔ႏွင့္အတူ ဘြဲ႕ရေလာက္သင့္ေခ်ၿပီ။ သူတို႔က သက္တူ႐ြယ္တူ ျဖစ္ေသာ္လည္း လုက်င္းက သူတို႔ထက္ ငယ္သည့္အတြက္ သူတို႔ေနာက္မွသာ အကယ္ဒမီသို႔ ဝင္ခဲ့ျခင္းလည္းျဖစ္၏။
ထိုအခ်က္ေၾကာင့္ သခင္မႀကီးလုက ကိစၥအားလုံးကို ႐ွင္းလင္းထားရန္ ေမွ်ာ္လင့္လိုက္၏။
“ေယာင္ေယာင္က နယ္ၿမိဳ႕မွာေနခဲ့ေတာ့ အမ်ိဳးသမီးအကယ္ဒမီမွာ ေလ့လာဖို႔ အခြင့္အေရးကို ဆုံး႐ႈံးခဲ့ရတယ္၊ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္က အသက္ကို ကန္႔သတ္မထားတာပဲ၊ သူမမွာ အမ်ိဳးသမီးအကယ္ဒမီအတြက္ လုံေလာက္တဲ့ အေျခခံစြမ္းရည္ေတြ ႐ွိ႐ုံနဲ႔တင္ သင့္ေလ်ာ္ပါၿပီ”
“ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္က ဘာမ်ားေကာင္းေနလို႔လဲ၊ ဘြဲ႕ရၿပီးေတာ့ ေဆးဝါးပညာ႐ွင္ ျဖစ္ခ်င္တာလား”
ခ်န္းလီပင္းက မ်က္ဝန္းထဲ႐ွိ အထင္ေသးမႈအခ်ိဳ႕ျဖင့္ ေျပာလိုက္သည္။ ေဆးဝါးပညာနယ္ပယ္က အလြန္ေက်ာ္ၾကားေသာ္လည္း ထိုနယ္ပယ္တြင္ ထင္႐ွားေသာအမ်ိဳးသမီးက ႐ွားသည္။ သူမ၏ေလသံထဲမွ မႏွစ္ၿမိဳ႕မႈက သခင္မႀကီး၏ သတိထားမႈမွ လြတ္ေျမာက္သြားခဲ့ျခင္းမ႐ွိေပ။ သူမက မ်က္ေမွာင္ၾကဳတ္ၿပီး ႏႈတ္ခမ္းကိုမဲ့သည္။
“ေဆးဝါးပညာ႐ွင္က ဘာမ်ားမွားေနလို႔လဲ၊ ဧကရီသြမ့္ဟြမ္ေတာင္ တစ္ခ်ိန္က သမိုင္းမွာ ေဆးဝါးပညာ႐ွင္ ျဖစ္ခဲ့တာမဟုတ္လား”
ဒါက လြန္ခဲ့ေသာ ႏွစ္တစ္ရာေက်ာ္ခန္႔ကျဖစ္သည္။ သမိုင္းမွတ္တမ္းမ်ား၏ စကားမ်ားက မွန္ကန္ျခင္း႐ွိမ႐ွိ မည္သူမွ် မသိႏိုင္ေပ။
ခ်န္းလီပင္းက ႏႈတ္ခမ္းကိုမဲ့ကာ ခါးသီးစြာ ေတြးလိုက္၏။
အမ်ိဳးသမီးအကယ္ဒမီကို ဧကရီကိုယ္တိုင္ တည္ေထာင္ထားျခင္းျဖစ္ေသာ္လည္း ရန္ဟယ္ထန္း၏ ေက်ာ္ၾကားမႈက ပို၍ထင္႐ွားကာ က်င္းမင္းဆက္သည္လည္း မဟုတ္ေတာ့သည့္အတြက္ ေတာ္ဝင္မိသားစု၏ မ်ိဳး႐ိုးနာမည္ကပင္ ဟြမ္ဖူ ျဖစ္ေနခဲ့ေခ်ၿပီ။ အရာအားလုံးက ယခုအခါတြင္ ေျပာင္းလဲေနၿပီျဖစ္၏။
ခ်န္းလီပင္း၏အထင္ေသးမႈကို ျမင္ၿပီးေနာက္ ယဲ့က်န္းကိုယ္တိုင္ကလည္း မႏွစ္ၿမိဳ႕လာေတာ့ေပ။ အတိတ္တြင္ သူမက ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္သို႔ သြားေရာက္လည္ပတ္ခဲသည့္အတြက္ ထူးထူးျခားျခား အာ႐ုံစိုက္မႈမ႐ွိသည့္တိုင္ေအာင္ ဒါက အေရးႀကီးဆုံးနယ္ပယ္ျဖစ္ေၾကာင္း နားလည္ေန၏။ ထို႔အျပင္ သူမက တစ္ခ်ိန္က ေလးစားဖြယ္ေကာင္းစြာ လုပ္ႏိုင္ခဲ့ေသာ ထိုအမ်ိဳးသမီးကိုလည္း အလြန္ေလးစားသည္။ သူမက အင္ပါယာနန္းေတာ္အတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ ကလဲ့စားေခ်ရန္လည္း ဆုံးျဖတ္ထားၿပီး ဒါက အလြယ္ကူဆုံးနည္းလမ္း ျဖစ္ေၾကာင္းကိုလည္း သိေနခဲ့၏။
“တို႔အဘြားရဲ႕အျမင္က အၿမဲတမ္းသင့္ေလ်ာ္တယ္၊ ဒါေပမဲ့ တို႔ကေတာ့ ဧကရီျဖစ္ရမယ္လို႔ မဆိုလိုပါဘူး၊ ႏိႈင္းလည္းမႏိႈင္းယွဥ္ရဲပါဘူး၊ တို႔မ်ားရဲ႕ဝမ္ေဖးကတင္ ဒီေလာက္ကံေကာင္းေနၿပီေလ၊ အင္ပါယာနန္းေတာ္ထဲက ပထမအဆင့္ ေဆးဝါးပညာ႐ွင္ျဖစ္႐ုံနဲ႔တင္ တို႔က ေက်နပ္ေနပါၿပီ”
ယဲ့က်န္းက သူမ၏လက္ေမာင္းကို အနည္းငယ္ပြတ္သပ္လိုက္သည္။ ႐ွက္႐ြံ႕သြားဟန္ကိုလည္း ျပေသးကာ ခ်ိဳၿမိန္စြာ ရယ္လိုက္ေသး၏။
“အခ်စ္ေလး အခ်စ္ေလးက မင္းအသက္အ႐ြယ္က မိန္းကေလးအမ်ားစုထက္ ပိုၿပီးေတာ့ေတာင္ ရင့္က်က္ေနေသးတာပဲ”
သခင္မႀကီးလုက သူမ၏မ်က္ႏွာေလးကို ထိေတြ႕ကာ သည္ေျမးမအေပၚ ခ်စ္ျမတ္ႏိုးမႈကို ျပသည္။
လုက်င္းက ယဲ့က်န္းကို ၾကည့္ၿပီးေနာက္ သည္တတိယအစ္မက ထက္႐ွေသာလွ်ာျဖင့္ သခင္မႀကီး၏ေက်နပ္မႈကို ရသြားသည့္အတြက္ မုန္းတီးမိသည္။
“အဘြား သမီးေနာက္ေန႔က်ရင္ ေနာက္ဆုံးစာေမးပြဲကို ေျဖဆိုရေတာ့မွာ၊ သမီးစာေမးပြဲမွာ ေကာင္းေကာင္းလုပ္ႏိုင္ရင္ ဆုရမယ္မဟုတ္လား”
“ေသခ်ာတာေပါ့၊ သမီးက ဘာဆုကိုလိုခ်င္လို႔လဲ”
သခင္မႀကီးလု၏ေပ်ာ္႐ႊင္မႈက ပို၍သာသြားေသးသည္။ သူမ၏ေျမးမမ်ားက အလြန္ေတာ္ၾက၏။ ဒါက မိသားစု၏ေကာင္းျခင္းျဖစ္သည္။
သူတို႔ရဲ႕လုမိသားစုကို အထင္ေသးတဲ့လူေတြ၊ ကုန္သည္မိသားစုဆိုၿပီး ႏွိမ္ခဲ့တဲ့ သူေတြအားလုံး သည္လိုအေျခအေနကို ၾကည့္စမ္းပါဦး၊ သူတို႔က အခုအခ်ိန္မွာ အထက္တန္းလႊာအဆင့္အတန္းကို မေရာက္ႏိုင္ၾကေပမဲ့ သူတို႔ကေတာ့ အခုေလာက္အထိ ျမင့္မားေနၿပီေလ။
သခင္မႀကီးလုက လုက်င္းေတာင္းဆိုတာကို ျဖည့္ဆည္းေပးရန္ ဆုံးျဖတ္လိုက္သည္။
လုဝူ႐ွန္းက ၿမိဳ႕ေတာ္မွာ တစ္ဦးတည္းေသာ အခ်စ္ျမတ္ႏိုးဆုံးခံရေသာ ဝမ္ေဖးျဖစ္သည္။ ဒါက သူတို႔အေပၚ မေကာင္းျပဳခဲ့သူတိုင္းကို မ်က္ႏွာျဖတ္႐ိုက္လိုက္သကဲ့သို႔ ျဖစ္ေစခဲ့၏။ ယဲ့က်န္းကဲ့သို႔ ျမင့္ျမတ္ေသာမိသားစုမွသူကပင္ သူမ၏ေျမးကို မယွဥ္ႏိုင္ခဲ့ေပ။
“အဘြား တတိယအစ္မ အရင္ရက္က ၾကာပြတ္ေကာင္းတစ္လက္ ရထားတယ္၊  သမီး အရမ္းႀကိဳက္တာပဲ၊ သမီးကို အဲ့ဒါရေအာင္ ေတာင္းဆိုေပးပါလား”
လုက်င္းက အျပစ္ကင္းစင္ဟန္ျဖင့္ သခင္မႀကီးလုကို ၾကည့္ကာ ေျပာလိုက္သည္။

Continue Reading

You'll Also Like

58.9K 5.9K 52
ဘာသာပြန်သူ စွဲညို့အသင်း
1.2M 64.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
313K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
76.3K 6.3K 183
Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https:...