Light Of The 'YuLong' [Comple...

By AlinkarchoTayy

66.9K 5.8K 205

//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ... More

Tayy's Note
-1-
-2-
-3-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-FanArt For Yulong-
-15-
-16-
-17-
-18-
-19-
Final
Good Bye💛
-Hey!!!-

-4-

2.8K 315 16
By AlinkarchoTayy

Uni
/

"မနှင်းဆီ မနှင်းဆီ
ပြုံးပြုံးကလေးနေတတ်သည်
မနှင်းဆီဘာတွေရေး
ကကြီး၊ခကွေးရေး
လက်ရေးလေးကဝိုင်းလို့ညီ
ပန်းကလေးလိုသီ
မနှင်းဆီပါးအို့လေး
ပန်းကလေးလိုမွှေး"

ကျောက်သင်ပုန်းမှာရေးထားတဲ့ကဗျာကိုကလေးတွေကသံပြိုင်လိုက်ဆိုကြတယ်။ သင်ရိုးညွှန်းတမ်းအရကဗျာတစ်ပုဒ်စ၊နှစ်ပုဒ်စပါတာမို့ ရှောင်းကျန့်ကဗျာသင်နေရတယ်။

"ဆရာလေး မနှင်းဆီဆိုတော့ပန်းကလေးပေါ့နော်"

ရှေ့မှာရေးပြထားတဲ့ကဗျာကိုဖတ်ပြပြီးကူးခိုင်းထားတုန်း ဟွားဟွားကထမေးလာတာမို့ ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။

"ဟုတ်တယ်လေ ဟွားဟွားရဲ့"

ရှောင်းကျန့်ကပြောတော့ ဟွားဟွားကသဘောပေါက်သလိုတဟီးဟီးရယ်တယ်။

"ဒါဆိုသမီးနဲ့တူတာပေါ့နော် ဆရာလေး"

ဟွားဟွား(ပန်းပန်း)ဆိုတဲ့နာမည်အရ မနှင်းဆီကသူနဲ့တူတယ်ဆိုတယ်ဆိုပြီး ဟွားဟွားကသဘောတကျပြောနေတာမို့ရှောင်းကျန့်ပြုံးလိုက်တယ်။

"အင်း ဟုတ်တယ် ဒီကဗျာကဟွားဟွားအတွက်"

ရှောင်းကျန့်အပြောကြောင့် ဟွားဟွားကကျေနပ်သလိုပြုံးပြီးစာငုံ့ရေးနေတော့တယ်။ ကလေးတွေကငြိမ်ငြိမ်သက်သက်စာရေးနေကြတာမို့ ရှောင်းကျန့်လည်း ဆရာကိုင်ကျောင်းသုံးစာအုပ်ကိုထိုင်ဖတ်နေလိုက်တယ်။

"ဆရာလေးရှောင်းကျန့် နေ့လည်စာ"

အသံလာရာဆီကြည့်မိတော့ စာသင်ခန်းဝမှာတိုင်းရင်းသားငဂျစ်ဝမ်ရိပေါ်။ လက်ထဲကစာအုပ်ကိုချပြီးအနားသွားတော့ ထမင်းချိုင့်ကိုလက်ထဲထည့်ပေးလာတယ်။

"ရိပေါ်ရောစားပြီးပြီလား"

ထမင်းချိုင့်လေးကိုနီးရာစာရေးခုံပေါ်တင်ထားခဲ့ပြီး စာသင်ခန်းအပြင်ကိုလျှောက်လာရင်းရှောင်းကျန့်မေးတဲ့အခါရိပေါ်ကချက်ချင်းခေါင်းယမ်းတယ်။

"ကျွန်တော်မစားရသေးဘူး ဆရာလေးဗိုက်ဆာနေမှာစိုးလို့အရင်လာတာ"

ဂျစ်တစ်တစ်ရုပ်ကလေးနဲ့ဖြေလာတဲ့အဖြေကြောင့် ရှောင်းကျန့်ရင်ထဲနွေးခနဲ။ ရှောင်းကျန့်မသိလိုက်ခင်မှာပဲအသာဖွဖွပြုံးမိသွားတယ်။

"ဆရာရှောင်းကျန့် လက်ပေး"

လူကိုဆရာရှောင်းကျန့်လို့ခေါ်ရင်း လက်လာတောင်းနေတဲ့ကောင်လေးကြောင့် ရှောင်းကျန့်ကြောင်သွားတယ်။ အသိဝင်ကာမှညာဖက်လက်ကိုထုတ်ပေးတော့ မှုန်ကုတ်ကုတ်နဲ့တစ်ချက်ကြည့်တယ်။

"မဟုတ်ဘူး ဘယ်ဘက်လက်"

ထုတ်ပေးထားတဲ့ညာဖက်လက်ကိုတစ်ချက်ကြည့်ပြီး ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့ဘယ်ဖက်လက်ကိုဆတ်ခနဲဆွဲယူသွားတာမို့ရှောင်းကျန့်မှာဘာမှမပြောသာလိုက်။

"ယင်းလိုင်ချောင်းကကျောက်အရောင်သုံးမျိုးကိုဘယ်ဖက်လက်မှာပုတီးအဖြစ်ဆောင်ထားရင် အန္တရာယ်ကင်းတယ်လို့ဝမ်ယွဲ့လုံမျိုးနွယ်စုကယုံကြည်ကြတယ်"

မျိုးနွယ်စုရဲ့ယုံကြည်မှုကိုပြောရင်း လက်ပေါ်ခပ်ဖွဖွရစ်ပတ်လာတဲ့အဖြူ၊အပြာနုနဲ့အဝါရောင်ကျောက်ပုတီးလေး။

"ဒါဆိုရိပေါ်ကကျွန်တော့်ကိုအန္တရာယ်ကင်းစေချင်လို့လား"

ရှက်အမ်းအမ်းဖြစ်သွားရတဲ့အခြေအနေကိုပပျောက်သွားအောင် ရယ်ရင်းရှောင်းကျန့်ပြောတော့ဝမ်ရိပေါ်ကတစ်ချက်ခပ်စူးစူးကြည့်လာတာမို့ရှောင်းကျန့်အရယ်ရပ်သွားတယ်။

"အထိအခိုက်ကင်းမှဖြစ်မယ်
ဆရာရှောင်းကျန့်
ဝမ်ယွဲ့လုံအတွက်၊ချင်းလုံအတွက်၊ပြီးတော့...ကျွန်တော့်အတွက်"

ပုတီးလေးပတ်လို့အပြီးမှာဝမ်ရိပေါ်ရဲ့တိုးဖွဖွစကားသံဆုံးသွားတယ်။ ရှောင်းကျန့်ကတော့ကြောင်အအနဲ့ဝမ်ရိပေါ်ကိုပဲငေးနေမိတော့တယ်။ ဒီတိုင်းရင်းသားကအခုဘာတွေပြောနေတာလဲ သူ့ကို!။

"ဆရာရှောင်းကျန့်"

"ဟုတ်ကဲ့"

ကြောင်တောင်တောင်နဲ့ပြန်ထူးတော့ ဝမ်ရိပေါ်ကမှုန်ကုတ်ကုတ်ကြည့်ရာကနေအသာပြုံးတယ်။

"ခုနကကဗျာသင်နေတာလား"

စာအကြောင်းမေးလာတော့ရှောင်းကျန့်စိတ်ကနည်းနည်းပြန်ပေါ့သွားတယ်။

"ဟုတ်တယ် ရိပေါ်ကကြားလိုက်တာလား"

"ကြားတယ် မနှင်းဆီဆိုလား"

ရိပေါ်အပြောကိုရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။ ဒါဆိုကဗျာဆိုပြနေတည်းကရိပေါ်ကရောက်နေခဲ့တာပေါ့။

"ကျွန်တော့်နာမည်နဲ့ရောကဗျာရေးပေးမလား
ကျွန်တော်လည်းပြုံးပြုံးလေးနေတတ်ပါတယ်"

မျက်နှာတည်နဲ့ပြောလာတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ရယ်ချင်သွားတယ်။ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုကဗျာဆရာထင်နေပုံပဲ။

"အဲ့ဒီကဗျာကကျွန်တော်ရေးထားတာမဟုတ်ဘူး ရိပေါ်ရဲ့
သင်ရိုးညွှန်းတမ်းမှာပါတာ"

ရှောင်းကျန့်ပြောတော့ တိုင်းရင်းသားလေးကမျက်မှောင်တစ်ချက်တွန့်တယ်။

"ဘာဘဲဖြစ်ဖြစ်ကျွန်တော်ကတော့ပြုံးပြုံးလေးပဲနေပါ့မယ် ဆရာရှောင်းကျန့်သဘောကျတယ်မလား"

တည့်တိုးကြီးလာမေးနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စဥ်းစားရကျပ်သွားတယ်။ 'သဘောကျတယ်'လို့လည်းဖြေလို့မဖြစ်။ 'သဘောမကျဘူး'လို့ဖြေလို့လည်းအဆင်မပြေ။

"ဟုတ်ပါပြီ ဒါဆိုကျွန်တော်ကလည်းရိပေါ်နာမည်နဲ့ကဗျာရေးပေးထားမှာပေါ့"

ရှက်ရမ်းရမ်းပြီးပြောချလိုက်တဲ့ရှောင်းကျန့်ရဲ့အပြောကြောင့် ရိပေါ်ကကျေနပ်သွားသလိုပြုံးတယ်။

"ဟုတ်ပြီ ဒါဆိုညနေကျကျွန်တော်လာခဲ့မယ်"

ပြောပြီးထွက်သွားတဲ့ကျောပြင်နက်ပြာကိုရှောင်းကျန့်မှာနှုတ်တောင်မဆက်လိုက်ရ။ ည​နေလာခဲ့ဖို့လည်းရှောင်းကျန့်မခေါ်လိုက်မိပါ။ တောင်ဆင်းလမ်းကနေတရွေ့ရွေ့ဆင်းသွားတဲ့ကျောပြင်ကိုရပ်ကြည့်ရင်း ဘယ်ဖက်လက်ကကျောက်ပုတီးလေးကိုခပ်ဖွဖွပွတ်သပ်မိတယ်။ ချည်ကြိုးအနီလေးနဲ့အဆုံးမှာချည်ထားတဲ့ကျောက်ရောင်စုံပုတီးလေးကရှောင်းကျန့်ရဲ့လက်သွယ်သွယ်မှာလှလှလေးရှိနေတယ်။ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးကတော့ရှောင်းကျန့်ကိုပုတီးလေးနဲ့ချည်ရုံမက စကားတွေနဲ့လည်းချည်တာပါပဲ။ တကယ်တော့ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရစ်ပတ်တဲ့နက်ပြာရောင်ချည်ကြိုးလေးနဲ့တူပါတယ်။

"ဆရာလေး စာပြီးပြီ"

တောင်ဆင်းလမ်းကိုငေးနေတုန်း နောက်ကနေခပ်စူးစူးအသံလေးနဲ့ယွဲ့လွီကရောက်လာတာမို့ ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။

"ကလေးတွေစာလာပြလို့ရပြီ"

သစ်သားထိုင်ခုံလေးမှာထိုင်ပြီးဘောပင်ကိုကိုင်ထားရင်းရှောင်းကျန့်ပြောလိုက်တော့ ကလေးတွေကအလုအယက်စာလာပြကြတယ်။

"လီဟုန် နောက်တစ်ခါလက်ရေးလှလှရေးနော် ဆရာကလက်ရေးမလှရင်မချစ်ဘူး"

လီဟုန်ဆိုတဲ့ကလေးမလေးရဲ့စာအုပ်ကိုအမှတ်ခြစ်ပေးနေရင်းရှောင်းကျန့်ပြောလိုက်တယ်။ ကလေးတွေကငယ်ငယ်တည်းကသေချာလေ့ကျင့်ပေးမှလက်ရေးလေးတွေပါလှလာကြမှာ။

"ဒါဆိုလက်ရေးလှရင်ဆရာလေးကချစ်တယ်ပေါ့"

"အင်း ဟုတ်တယ်"

စာပြပြီးပြီဖြစ်တဲ့ယွဲ့လွီကရှောင်းကျန့်ကိုလှမ်းမေးတာမို့ရှောင်းကျန့်လှည့်မကြည့်ပဲခေါင်းညိမ့်ပြရင်းဖြေလိုက်တယ်။

"ဒါဆိုရင်ကိုကြီးဝမ်ရိပေါ်ကိုလည်းဆရာလေးကချစ်တယ်ပေါ့
ကိုကြီးဝမ်ရိပေါ်ကလက်ရေးတအားလှတာ" 

အားရပါးရအော်ချလိုက်တဲ့ယွဲ့လွီကြောင့်ရှောင်းကျန့်မျက်လုံးပြူးသွားတယ်။ ကျန်တဲ့ကလေးတွေကိုကြည့်တော့လည်း ယွဲ့လွီကိုထောက်ခံနေကြတဲ့အရိပ်အယောင်တွေနဲ့။

"ကဲ!! စကားမများပဲကဗျာကျက်နေကြ"

စစ်လက်စစာအုပ်ကိုခပ်တည်တည်နဲ့ဆက်အမှတ်ခြစ်ပေးနေရင်း ရှောင်းကျန့်လှမ်းအော်လိုက်တော့ကလေးတွေကငြိမ်ကုတ်သွားတယ်။ ဒီကလေးတွေကတော့တစ်ထစ်ရှိဒီဝမ်ရိပေါ်ဆီပဲအရောက်ပို့နေကြတယ်။ ဝမ်ရိပေါ်ဆိုမှကဗျာရေးပေးမယ်ဆိုပြီးရှက်ရမ်းရမ်းမိသွားတယ်။ ကလေးတွေကိုစာကျက်ခိုင်းထားပြီးဗလာစာအုပ်နဲ့ခဲတံကိုကောက်ကိုင်လိုက်တော့လည်း ကဗျာဆရာဦးနှောက်မဟုတ်တဲ့ရှောင်းကျန့်ဦးနှောက်ကဘာတစ်လုံးမှထွက်မလာဘူး။

နောက်ဆုံးတော့လည်းမနှင်းဆီကဗျာကိုမနှင်းဆီနေရာမှာဝမ်ရိပေါ်နာမည်ထည့်လိုက်တာနဲ့ဆုံးတာပါပဲ။ ကဗျာကိုလှလှပပအဆုံးသတ်ပြီးတဲ့အချိန်နဲ့ကလေးတွေကဗျာရတဲ့အချိန်ကကွက်တိ။တစ်ယောက်ပြီးတစ်ယောက်စာပြိုင်နေတာကိုကြည့်ပေးရင်းအချိန်ကဘာမှန်းမသိနေ့လည်စာစားချိန်ရောက်သွားတော့တာပါပဲ။

"နေ့လည်စာစားကြရအောင်"

သူ့ဟင်းကိုယ့်ပေး၊ကိုယ့်ဟင်းသူ့ကျွေးလုပ်ရင်းနဲ့ ပျော်စရာကောင်းတဲ့နေ့လည်စာစားချိန်လည်းပြီးသွားတယ်။ နားချိန်ပြီးပြန်တော့လည်းထုံးစံအတိုင်းစာသင်၊စာစစ်နဲ့ရှောင်ရှောင်းကျန့်တို့လုံးလည်ချာလည်လိုက်နေတော့တာပါပဲ။ တော်သေးတာက ကလေးတွေကတအားမဆော့လို့ပေါ့။ မဟုတ်ရင်ရှောင်းကျန့်တော့ချောင်မှာမဟုတ်။

"ဆရာလေး သားတို့ပြန်ပြီ"

"သမီးတို့ပြန်တော့မယ်နော် ဆရာလေး"

"အေး အေး ဂရုစိုက်ပြန်ကြ"

ကလေးတွေကအလုအယက်နှုတ်ဆက်ပြီးတော့လွယ်အိတ်ကိုယ်စီပိုက်ပြီးပြန်သွားကြတယ်။ ရှောင်းကျန့်ကတော့ထုံးစံအတိုင်းရေချိုးဖို့ပြင်ရတော့တာပဲ။ ညနေကျဟိုမှုန်ကုတ်ကုတ်တိုင်းရင်းသားလေးကကျိန်းသေပေါက်ရောက်လာမယ့်ပုံမို့ရှောင်းကျန့်ရေမြန်မြန်ချိုးလိုက်တယ်။ တီရှပ်အဖြူရောင်လေးကိုဝတ်ပြီးနေ့လည်ကရေးထားတဲ့ကဗျာစာရွက်ကိုထိုင်ဖတ်ကြည့်နေလိုက်တယ်။ မဆိုးပါဘူး ဖတ်လို့ကောင်းသားပဲ။

"ဆရာရှောင်းကျန့် ကျွန်တော်လာတယ်"

ကဗျာထိုင်ဖတ်နေတုန်းအသံကြားတာမို့ စာရွက်ကလေးကိုခပ်ဖွဖွဆုတ်ထားရင်း အပြင်ကိုပြေးထွက်လာလိုက်တော့လက်ကိုပိုက်ရင်းနောက်ကျောပေးပြီးရပ်နေတဲ့ဝမ်ရိပေါ်က မပြောင်းမလဲရိုးရာဝတ်စုံနက်ပြာရောင်လေးနဲ့။

"ရိပေါ် ကျွန်တော်ရောက်ပြီ"

ရှောင်းကျန့်ကခေါ်တော့ရိပေါ်ကလှည့်ကြည့်လာတယ်။ ရှောင်းကျန့်ကိုမြင်တော့နဂိုဂျစ်တူးတူးရုပ်ကနေအသာပြုံးတယ်။

"နွေးနွေးထွေးထွေးလေးဝတ်စမ်းပါလား ဆရာရှောင်းကျန့်ရဲ့
ခင်ဗျားမဆိုးပါနဲ့"

ရေချိုးပြီးကာစမှာဝေ့လာတဲ့တောင်ပေါ်လေတစ်ချက်ကြောင့်ခန္ဓာကိုယ်ကစိမ့်ခနဲဖြစ်သွားတာမို့လက်မောင်းကိုကျုံ့လိုက်တဲ့အခါ မှုန်တေတေမျက်နှာနဲ့ရိပေါ်ကဆူသလိုပြောတယ်။ 18နှစ်ကျော်ကျော်ကောင်လေးဆီကနေအဆူခံနေရတာနည်းနည်းတော့အောင့်သက်သက်ဖြစ်ပေမယ့် ရှောင်းကျန့်ငြင်းမနေတော့ဘူး။

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်အနွေးထည်ထပ်ဝတ်လိုက်ဦးမယ်"

အဆောင်ထဲပြေးဝင်ပြီးဆွယ်တာတစ်ထည်ထပ်ဝတ်လာပြီးမှပြန်ထွက်လာလိုက်တယ်။

"ကျွန်တော့်အတွက်ကဗျာပြီးသွားပြီလား"

ရှောင်းကျန့်ပြန်ရောက်လာတာနဲ့ရိပေါ်ကတန်းမေးလာတာမို့ လက်ထဲကစာရွက်ကလေးကိုရှောင်းကျန့်လှမ်းပေးလိုက်တယ်။

"ကျွန်တော်တကယ်ကဗျာမရေးတတ်ဘူး
ရိပေါ် အဲ့တာကြောင့်ဖတ်လို့မကောင်းရင်လည်းကျွန်တော်ဘာမှမတတ်နိုင်ဘူး"

ရှောင်းကျန့်ကပြောတော့ ရိပေါ်ကခေါင်းတစ်ချက်ပဲညိမ့်ပြပြီးကဗျာကိုစဖတ်တယ်။ ရှောင်းကျန့်ကတော့ 'ကျောင်းဆရာဖြစ်ပြီးကဗျာတောင်မစပ်တတ်ဘူးလား ဆရာရှောင်းကျန့်ရဲ့'လို့ပြောမယ့်18နှစ်ကျော်ကျော်ကောင်လေးဝမ်ရိပေါ်ရဲ့ခပ်ဆူဆူအပြောကိုပဲအာရုံရနေတော့တယ်။ ဒါပေမယ့်ဝမ်ရိပေါ်ရဲ့တုံ့ပြန်မှုကရှောင်းကျန့်ထင်ထားတာနဲ့ကွာနေတယ်။ တဖြည်းဖြည်းချင်းပြုံးနေရာကနေဝမ်ရိပေါ်ကပီပီသသပြုံးတာမို့ ရှောင်းကျန့်နည်းနည်းစိတ်အေးသွားတယ်။

"ဆရာရှောင်းကျန့်"

"ဗျာ"

ပြုံးစစမျက်နှာနဲ့ခေါ်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ပြန်ထူးလိုက်တယ်။

"ကျွန်တော့်ပါးအို့ကတကယ်မွှေးတာလား"

"ဟုတ်တယ်လေ အာ မဟုတ်ဘူးလေ"

အကြောင်ရိုက်ပြီးမေးတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မျက်နှာနီနီနဲ့အယောင်ယောင်အမှားမှားဖြေတဲ့အခါ ဝမ်ရိပေါ်ကရယ်တယ်။ ရှောင်းကျန့်ကတော့ရယ်ခဲ၊ပြုံးခဲတဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးရဲ့သွားတန်းဖွေးဖွေးတွေပေါ်အောင်ရယ်မောနေခြင်းကိုတခုတ်တရငေးမိသွားသေးရဲ့။

"ကျွန်တော်ဖြင့်စတွေ့တုန်းကရိပေါ်ကိုရယ်တတ်မယ်တောင်မထင်ဘူး"

ရှောင်းကျန့်ကပြောတော့ ရိပေါ်ကသဘောပေါက်သလိုပြုံးတယ်။

"စတွေ့တုန်းကဆရာရှောင်းကျန့်ကကျွန်တော့်ကိုဝမ်ကျယ်လို့ခေါ်တာကိုးဗျ"

ဒီတစ်ခါပြုံးရသူကရှောင်းကျန့်ပါပဲ။ အဲ့တုန်းကရှောင်းကျန့်မှရိပေါ်ရဲ့နာမည်အရင်းကိုမှမသိတာ။

"တကယ်ဆိုရိပေါ်ကကျွန်တော့်ထက်ငယ်တာပဲဟာကို ကျွန်တော်ခေါ်လို့ရသားပဲ"

အထွန့်တက်သလိုပြောပြီးကာမှ ကိုယ့်ကိုယ်ကိုကျောင်းဆရာဆိုတာအမှတ်ရသွားလို့မော့ကြည့်တော့ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးကရှောင်းကျန့်ကိုကြည့်နေတာနဲ့သွားဆုံတယ်။ ညနေခင်းရဲ့တောင်ပေါ်လေအေးအေးမှာ ရှောင်းကျန့်မျက်နှာကခပ်ရဲရဲ။

"ဘယ်လိုလုပ်ရမလဲမသိဘူး
ကျွန်တော်ကခြောက်နှစ်ငယ်တာတောင် ကျွန်တော်ကပဲကာကွယ်ပေးချင်နေတာ"

ခပ်ဖွဖွပြောလိုက်တဲ့ဝမ်ရိပေါ်ကြောင့် ဒီအခြေအနေဟာသာမန်မဟုတ်ဘူးဆိုတာရှောင်းကျန့်သိပါတယ်။ နေပါဦး ဒီကောင်လေးကရှောင်းကျန့်ကိုဘာဖြစ်စေချင်နေတာလဲ။

"အဲ့တော့ဝမ်ကျယ်လို့ခေါ်ရင် ကျွန်တော်က ကလေးကြီးဖြစ်သွားသလိုခံစားရတယ်
ကျွန်တော်ကလေးမဖြစ်ချင်ပါဘူး"

လူကြီးဆန်ချင်နေတာနေမှာပါဆိုပြီးပဲရှောင်းကျန့်အတွေးတွေကိုလျှောချလိုက်ရတယ်။ တကယ်ပဲ ဒီတိုင်းရင်းသားကတော့။ လူကိုဗျာများအောင်ပြောတတ်လွန်းတယ်။

"အင်း ဟုတ်ပါပြီ
ရိပေါ်ကလူကြီးပါ"

ရယ်သံစွက်နေရင်းရှောင်းကျန့်ကပြောတော့ ရိပေါ်ကမှုန်ကုတ်ကုတ်ရုပ်ကလေးနဲ့ကြည့်ပေမယ့်ဘာမှတော့ပြန်မပြောဘူး။ တောင်ပြာတန်းတွေကိုနှစ်ယောက်အတူငေးရင်း၊ လေပြေသွေးကိုနှစ်ယောက်အတူခံစားရင်း ဘာမှမပြောဖြစ်ပဲငြိမ်သက်နေကြတယ်။ တစ်စတစ်စနေဝင်ခါနီးလာပြီဖြစ်ပေမယ့် ဝမ်ရိပေါ်ကမပြန်သေးဘူး။

"ဟော ဝမ်ကျယ်ရောရောက်နေတာလား"

အသက်ခပ်ကြီးကြီးအမျိုးသမီးကြီးတစ်ဦးကထမင်းချိုင့်ကိုလက်ကဆွဲရင်းရောက်လာပြီး ဝမ်ရိပေါ်ကိုလှမ်းနှုတ်ဆက်တယ်။ ဝမ်ကျယ်လို့ခေါ်ခံလိုက်ရတဲ့ဝမ်ရိပေါ်ကတော့မှုန်ကုတ်ကုတ်ဖြစ်သွားလေရဲ့။

"ဆရာလေး ညစာအတွက်လာပို့တာနော့်
ဘယ်နားထားခဲ့ရမလဲ"

"ရတယ်ဗျ ကျွန်တော်တစ်ခါတည်းလှယ်ပေးလိုက်မယ်"

ထမင်းချိုင့်ကလေးကိုလက်လွှဲယူလိုက်ရင်း ရှောင်းကျန့်အဆောင်ထဲကိုဝင်လာလိုက်တယ်။ ထမင်းချိုင့်ကိုခပ်မြန်မြန်လှယ်ပေးပြီးအပြင်ထွက်လာတော့ဝမ်ရိပေါ်ကမပြန်သေးဘူး။

"ရပါပြီ အားရီ"

ထမင်းချိုင့်အလွတ်ကိုလှမ်းပေးရင်း ရှောင်းကျန့်ပြောတော့အမျိုးသမီးကြီးကပြုံးရင်းခေါင်းညိမ့်တယ်။

"ပြန်တော့မယ် ဆရာလေးရေ့
နေလည်းစောင်းပြီ
ဝမ်ကျယ် တစ်ခါတည်းလိုက်ခဲ့မလား"

အမျိုးသမီးကြီးကရှောင်းကျန့်ကိုနှုတ်ဆက်ရင်း ဝမ်ရိပေါ်ကိုပါတစ်ခါတည်းခေါ်တယ်။ ရိပေါ်ကတော့ဂျစ်တစ်တစ်ရုပ်ကလေးနဲ့။

"မလိုက်တော့ဘူး ကျွန်တော်နေဦးမှာ"

ဘောက်ဆတ်ဆတ်အသံနဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ခိုးပြုံးမိတယ်။ ဝမ်ကျယ်လို့ခေါ်မှာကိုသေမလိုကြောက်တာပဲ။

"တကယ်မပြန်သေးဘူးလား
နေဝင်တော့မယ် ဝမ်ကျယ်ရဲ့"

တောင်ဆင်းလမ်းကအမျိုးသမီးကြီးရဲ့ကျောပြင်ကိုတစ်ချက်လှမ်းကြည့်ရင်း စသလိုနောက်သလို​ပြုံးစစနဲ့ရှောင်းကျန့်ပြောတော့ဝမ်ရိပေါ်ကဂျစ်တစ်တစ်ရုပ်နဲ့ကြည့်တယ်။

"နောက်တစ်ခါဝမ်ကျယ်လို့ခေါ်ရင် ကဗျာထဲကအတိုင်းကျွန်တော့်ပါးအို့မွှေး၊မမွှေး
ဆရာရှောင်းကျန့်ကိုအတည်ပြုခိုင်းမယ်
ခုတော့ပြန်ပြီ"

ပြောရင်းဆိုရင်းလှည့်ထွက်သွားတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ကတော့နေရာမှာတောင့်တောင့်လေးကျန်ခဲ့တယ်။ ဒီတိုင်းရင်းသားကတော့လေ!။ တကယ်တော့ပြောလည်းပြောချင်စရာ။ စဥ်းစားရကျပ်လွန်းလို့မနှင်းဆီကဗျာကိုနာမည်အစားထိုးတော့အဲ့လိုပဲရလာတာကိုး။

"ဝမ်ရိပေါ် ဝမ်ရိပေါ်
ပြုံးပြုံးကလေးနေတတ်သနော်
ဝမ်ရိပေါ်ဘာတွေရေး
ကကြီး၊ခကွေးရေး
လက်ရေးလေးကဝိုင်းလို့ညီ
ပန်းကလေးလိုသီ
ဝမ်ရိပေါ်ပါးအို့လေး
ပန်းကလေးလိုမွှေး"

ကဗျာကိုကိုယ့်ဘာသာကိုယ်ရွတ်ကြည့်ရင်း ရှောင်းကျန့်ပြုံးမိပါတယ်။ ဝမ်ရိပေါ်ပါးအို့နွေးမနွေးမသိပေမယ့် ရှောင်းကျန့်စိတ်အစုံကတော့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးနဲ့ရှိနေရရင်နွေးနေတတ်တာဘယ်လိုသဘာဝစွမ်းအားကြောင့်များပါလဲ။

#TayyYizhan
8.10.2022(Sat)
A/N ကဗျာကKgကလေးကဗျာများappကနေတေးယူလာတာမို့ creditအပြည့်အဝပေးပါတယ်ရှင် ဝမ်ရိပေါ်နာမည်ကဗျာကတော့တေးထည့်ရေးကြည့်လိုက်တာပါ။
ပျော်ရွှင်စရာသီတင်းကျွတ်ကလေးဖြစ်ကြပါစေရှင်
Updateမြန်စေချင်ရင်သီတင်းကျွတ်မုန့်ဖိုးလာပေးကြပါ🤣

Zawgyi
/

"မႏွင္းဆီ မႏွင္းဆီ
ၿပဳံးၿပဳံးကေလးေနတတ္သည္
မႏွင္းဆီဘာေတြေရး
ကႀကီး၊ခေကြးေရး
လက္ေရးေလးကဝိုင္းလို႔ညီ
ပန္းကေလးလိုသီ
မႏွင္းဆီပါးအို႔ေလး
ပန္းကေလးလိုေမႊး"

ေက်ာက္သင္ပုန္းမွာေရးထားတဲ့ကဗ်ာကိုကေလးေတြကသံၿပိဳင္လိုက္ဆိုၾကတယ္။ သင္ရိုးၫႊန္းတမ္းအရကဗ်ာတစ္ပုဒ္စ၊ႏွစ္ပုဒ္စပါတာမို႔ ေရွာင္းက်န့္ကဗ်ာသင္ေနရတယ္။

"ဆရာေလး မႏွင္းဆီဆိုေတာ့ပန္းကေလးေပါ့ေနာ္"

ေရွ႕မွာေရးျပထားတဲ့ကဗ်ာကိုဖတ္ျပၿပီးကူးခိုင္းထားတုန္း ဟြားဟြားကထေမးလာတာမို႔ ေရွာင္းက်န့္ေခါင္းညိမ့္ျပလိုက္တယ္။

"ဟုတ္တယ္ေလ ဟြားဟြားရဲ႕"

ေရွာင္းက်န့္ကေျပာေတာ့ ဟြားဟြားကသေဘာေပါက္သလိုတဟီးဟီးရယ္တယ္။

"ဒါဆိုသမီးနဲ႕တူတာေပါ့ေနာ္ ဆရာေလး"

ဟြားဟြား(ပန္းပန္း)ဆိုတဲ့နာမည္အရ မႏွင္းဆီကသူနဲ႕တူတယ္ဆိုတယ္ဆိုၿပီး ဟြားဟြားကသေဘာတက်ေျပာေနတာမို႔ေရွာင္းက်န့္ၿပဳံးလိုက္တယ္။

"အင္း ဟုတ္တယ္ ဒီကဗ်ာကဟြားဟြားအတြက္"

ေရွာင္းက်န့္အေျပာေၾကာင့္ ဟြားဟြားကေက်နပ္သလိုၿပဳံးၿပီးစာငုံ႕ေရးေနေတာ့တယ္။ ကေလးေတြကၿငိမ္ၿငိမ္သက္သက္စာေရးေနၾကတာမို႔ ေရွာင္းက်န့္လည္း ဆရာကိုင္ေက်ာင္းသုံးစာအုပ္ကိုထိုင္ဖတ္ေနလိုက္တယ္။

"ဆရာေလးေရွာင္းက်န့္ ေန႕လည္စာ"

အသံလာရာဆီၾကည့္မိေတာ့ စာသင္ခန္းဝမွာတိုင္းရင္းသားငဂ်စ္ဝမ္ရိေပၚ။ လက္ထဲကစာအုပ္ကိုခ်ၿပီးအနားသြားေတာ့ ထမင္းခ်ိဳင့္ကိုလက္ထဲထည့္ေပးလာတယ္။

"ရိေပၚေရာစားၿပီးၿပီလား"

ထမင္းခ်ိဳင့္ေလးကိုနီးရာစာေရးခုံေပၚတင္ထားခဲ့ၿပီး စာသင္ခန္းအျပင္ကိုေလွ်ာက္လာရင္းေရွာင္းက်န့္ေမးတဲ့အခါရိေပၚကခ်က္ခ်င္းေခါင္းယမ္းတယ္။

"ကြၽန္ေတာ္မစားရေသးဘူး ဆရာေလးဗိုက္ဆာေနမွာစိုးလို႔အရင္လာတာ"

ဂ်စ္တစ္တစ္႐ုပ္ကေလးနဲ႕ေျဖလာတဲ့အေျဖေၾကာင့္ ေရွာင္းက်န့္ရင္ထဲေႏြးခနဲ။ ေရွာင္းက်န့္မသိလိုက္ခင္မွာပဲအသာဖြဖြၿပဳံးမိသြားတယ္။

"ဆရာေရွာင္းက်န့္ လက္ေပး"

လူကိုဆရာေရွာင္းက်န့္လို႔ေခၚရင္း လက္လာေတာင္းေနတဲ့ေကာင္ေလးေၾကာင့္ ေရွာင္းက်န့္ေၾကာင္သြားတယ္။ အသိဝင္ကာမွညာဖက္လက္ကိုထုတ္ေပးေတာ့ မႈန္ကုတ္ကုတ္နဲ႕တစ္ခ်က္ၾကည့္တယ္။

"မဟုတ္ဘူး ဘယ္ဘက္လက္"

ထုတ္ေပးထားတဲ့ညာဖက္လက္ကိုတစ္ခ်က္ၾကည့္ၿပီး ဝမ္ရိေပၚကေရွာင္းက်န့္ရဲ႕ဘယ္ဖက္လက္ကိုဆတ္ခနဲဆြဲယူသြားတာမို႔ေရွာင္းက်န့္မွာဘာမွမေျပာသာလိုက္။

"ယင္းလိုင္ေခ်ာင္းကေက်ာက္အေရာင္သုံးမ်ိဳးကိုဘယ္ဖက္လက္မွာပုတီးအျဖစ္ေဆာင္ထားရင္ အႏၲရာယ္ကင္းတယ္လို႔ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုကယုံၾကည္ၾကတယ္"

မ်ိဳးႏြယ္စုရဲ႕ယုံၾကည္မႈကိုေျပာရင္း လက္ေပၚခပ္ဖြဖြရစ္ပတ္လာတဲ့အျဖဴ၊အျပာႏုနဲ႕အဝါေရာင္ေက်ာက္ပုတီးေလး။

"ဒါဆိုရိေပၚကကြၽန္ေတာ့္ကိုအႏၲရာယ္ကင္းေစခ်င္လို႔လား"

ရွက္အမ္းအမ္းျဖစ္သြားရတဲ့အေျခအေနကိုပေပ်ာက္သြားေအာင္ ရယ္ရင္းေရွာင္းက်န့္ေျပာေတာ့ဝမ္ရိေပၚကတစ္ခ်က္ခပ္စူးစူးၾကည့္လာတာမို႔ေရွာင္းက်န့္အရယ္ရပ္သြားတယ္။

"အထိအခိုက္ကင္းမွျဖစ္မယ္
ဆရာေရွာင္းက်န့္
ဝမ္ယြဲ႕လုံအတြက္၊ခ်င္းလုံအတြက္၊ၿပီးေတာ့...ကြၽန္ေတာ့္အတြက္"

ပုတီးေလးပတ္လို႔အၿပီးမွာဝမ္ရိေပၚရဲ႕တိုးဖြဖြစကားသံဆုံးသြားတယ္။ ေရွာင္းက်န့္ကေတာ့ေၾကာင္အအနဲ႕ဝမ္ရိေပၚကိုပဲေငးေနမိေတာ့တယ္။ ဒီတိုင္းရင္းသားကအခုဘာေတြေျပာေနတာလဲ သူ႕ကို!။

"ဆရာေရွာင္းက်န့္"

"ဟုတ္ကဲ့"

ေၾကာင္ေတာင္ေတာင္နဲ႕ျပန္ထူးေတာ့ ဝမ္ရိေပၚကမႈန္ကုတ္ကုတ္ၾကည့္ရာကေနအသာၿပဳံးတယ္။

"ခုနကကဗ်ာသင္ေနတာလား"

စာအေၾကာင္းေမးလာေတာ့ေရွာင္းက်န့္စိတ္ကနည္းနည္းျပန္ေပါ့သြားတယ္။

"ဟုတ္တယ္ ရိေပၚကၾကားလိုက္တာလား"

"ၾကားတယ္ မႏွင္းဆီဆိုလား"

ရိေပၚအေျပာကိုေရွာင္းက်န့္ေခါင္းညိမ့္ျပလိုက္တယ္။ ဒါဆိုကဗ်ာဆိုျပေနတည္းကရိေပၚကေရာက္ေနခဲ့တာေပါ့။

"ကြၽန္ေတာ့္နာမည္နဲ႕ေရာကဗ်ာေရးေပးမလား
ကြၽန္ေတာ္လည္းၿပဳံးၿပဳံးေလးေနတတ္ပါတယ္"

မ်က္ႏွာတည္နဲ႕ေျပာလာတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္ရယ္ခ်င္သြားတယ္။ ဝမ္ရိေပၚကေရွာင္းက်န့္ကိုကဗ်ာဆရာထင္ေနပုံပဲ။

"အဲ့ဒီကဗ်ာကကြၽန္ေတာ္ေရးထားတာမဟုတ္ဘူး ရိေပၚရဲ႕
သင္ရိုးၫႊန္းတမ္းမွာပါတာ"

ေရွာင္းက်န့္ေျပာေတာ့ တိုင္းရင္းသားေလးကမ်က္ေမွာင္တစ္ခ်က္တြန့္တယ္။

"ဘာဘဲျဖစ္ျဖစ္ကြၽန္ေတာ္ကေတာ့ၿပဳံးၿပဳံးေလးပဲေနပါ့မယ္ ဆရာေရွာင္းက်န့္သေဘာက်တယ္မလား"

တည့္တိုးႀကီးလာေမးေနတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္စဥ္းစားရက်ပ္သြားတယ္။ 'သေဘာက်တယ္'လို႔လည္းေျဖလို႔မျဖစ္။ 'သေဘာမက်ဘဴး'လို႔ေျဖလို႔လည္းအဆင္မေျပ။

"ဟုတ္ပါၿပီ ဒါဆိုကြၽန္ေတာ္ကလည္းရိေပၚနာမည္နဲ႕ကဗ်ာေရးေပးထားမွာေပါ့"

ရွက္ရမ္းရမ္းၿပီးေျပာခ်လိဳက္တဲ့ေရွာင္းက်န့္ရဲ႕အေျပာေၾကာင့္ ရိေပၚကေက်နပ္သြားသလိုၿပဳံးတယ္။

"ဟုတ္ၿပီ ဒါဆိုညေနက်ကြၽန္ေတာ္လာခဲ့မယ္"

ေျပာၿပီးထြက္သြားတဲ့ေက်ာျပင္နက္ျပာကိုေရွာင္းက်န့္မွာႏႈတ္ေတာင္မဆက္လိုက္ရ။ ည​ေနလာခဲ့ဖို႔လည္းေရွာင္းက်န့္မေခၚလိုက္မိပါ။ ေတာင္ဆင္းလမ္းကေနတေ႐ြ႕ေ႐ြ႕ဆင္းသြားတဲ့ေက်ာျပင္ကိုရပ္ၾကည့္ရင္း ဘယ္ဖက္လက္ကေက်ာက္ပုတီးေလးကိုခပ္ဖြဖြပြတ္သပ္မိတယ္။ ခ်ည္ႀကိဳးအနီေလးနဲ႕အဆုံးမွာခ်ည္ထားတဲ့ေက်ာက္ေရာင္စုံပုတီးေလးကေရွာင္းက်န့္ရဲ႕လက္သြယ္သြယ္မွာလွလွေလးရွိေနတယ္။ ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးကေတာ့ေရွာင္းက်န့္ကိုပုတီးေလးနဲ႕ခ်ည္႐ုံမက စကားေတြနဲ႕လည္းခ်ည္တာပါပဲ။ တကယ္ေတာ့ဝမ္ရိေပၚကေရွာင္းက်န့္ကိုရစ္ပတ္တဲ့နက္ျပာေရာင္ခ်ည္ႀကိဳးေလးနဲ႕တူပါတယ္။

"ဆရာေလး စာၿပီးၿပီ"

ေတာင္ဆင္းလမ္းကိုေငးေနတုန္း ေနာက္ကေနခပ္စူးစူးအသံေလးနဲ႕ယြဲ႕လြီကေရာက္လာတာမို႔ ေရွာင္းက်န့္ေခါင္းညိမ့္ျပလိုက္တယ္။

"ကေလးေတြစာလာျပလို႔ရၿပီ"

သစ္သားထိုင္ခုံေလးမွာထိုင္ၿပီးေဘာပင္ကိုကိုင္ထားရင္းေရွာင္းက်န့္ေျပာလိုက္ေတာ့ ကေလးေတြကအလုအယက္စာလာျပၾကတယ္။

"လီဟုန္ ေနာက္တစ္ခါလက္ေရးလွလွေရးေနာ္ ဆရာကလက္ေရးမလွရင္မခ်စ္ဘူး"

လီဟုန္ဆိုတဲ့ကေလးမေလးရဲ႕စာအုပ္ကိုအမွတ္ျခစ္ေပးေနရင္းေရွာင္းက်န့္ေျပာလိုက္တယ္။ ကေလးေတြကငယ္ငယ္တည္းကေသခ်ာေလ့က်င့္ေပးမွလက္ေရးေလးေတြပါလွလာၾကမွာ။

"ဒါဆိုလက္ေရးလွရင္ဆရာေလးကခ်စ္တယ္ေပါ့"

"အင္း ဟုတ္တယ္"

စာျပၿပီးၿပီျဖစ္တဲ့ယြဲ႕လြီကေရွာင္းက်န့္ကိုလွမ္းေမးတာမို႔ေရွာင္းက်န့္လွည့္မၾကည့္ပဲေခါင္းညိမ့္ျပရင္းေျဖလိုက္တယ္။

"ဒါဆိုရင္ကိုႀကီးဝမ္ရိေပၚကိုလည္းဆရာေလးကခ်စ္တယ္ေပါ့
ကိုႀကီးဝမ္ရိေပၚကလက္ေရးတအားလွတာ" 

အားရပါးရေအာ္ခ်လိဳက္တဲ့ယြဲ႕လြီေၾကာင့္ေရွာင္းက်န့္မ်က္လုံးျပဴးသြားတယ္။ က်န္တဲ့ကေလးေတြကိုၾကည့္ေတာ့လည္း ယြဲ႕လြီကိုေထာက္ခံေနၾကတဲ့အရိပ္အေယာင္ေတြနဲ႕။

"ကဲ!! စကားမမ်ားပဲကဗ်ာက်က္ေနၾက"

စစ္လက္စစာအုပ္ကိုခပ္တည္တည္နဲ႕ဆက္အမွတ္ျခစ္ေပးေနရင္း ေရွာင္းက်န့္လွမ္းေအာ္လိုက္ေတာ့ကေလးေတြကၿငိမ္ကုတ္သြားတယ္။ ဒီကေလးေတြကေတာ့တစ္ထစ္ရွိဒီဝမ္ရိေပၚဆီပဲအေရာက္ပို႔ေနၾကတယ္။ ဝမ္ရိေပၚဆိုမွကဗ်ာေရးေပးမယ္ဆိုၿပီးရွက္ရမ္းရမ္းမိသြားတယ္။ ကေလးေတြကိုစာက်က္ခိုင္းထားၿပီးဗလာစာအုပ္နဲ႕ခဲတံကိုေကာက္ကိုင္လိုက္ေတာ့လည္း ကဗ်ာဆရာဦးေႏွာက္မဟုတ္တဲ့ေရွာင္းက်န့္ဦးေႏွာက္ကဘာတစ္လုံးမွထြက္မလာဘူး။

ေနာက္ဆုံးေတာ့လည္းမႏွင္းဆီကဗ်ာကိုမႏွင္းဆီေနရာမွာဝမ္ရိေပၚနာမည္ထည့္လိုက္တာနဲ႕ဆုံးတာပါပဲ။ ကဗ်ာကိုလွလွပပအဆုံးသတ္ၿပီးတဲ့အခ်ိန္နဲ႕ကေလးေတြကဗ်ာရတဲ့အခ်ိန္ကကြက္တိ။တစ္ေယာက္ၿပီးတစ္ေယာက္စာၿပိဳင္ေနတာကိုၾကည့္ေပးရင္းအခ်ိန္ကဘာမွန္းမသိေန႕လည္စာစားခ်ိန္ေရာက္သြားေတာ့တာပါပဲ။

"ေန႕လည္စာစားၾကရေအာင္"

သူ႕ဟင္းကိုယ့္ေပး၊ကိုယ့္ဟင္းသူ႕ေကြၽးလုပ္ရင္းနဲ႕ ေပ်ာ္စရာေကာင္းတဲ့ေန႕လည္စာစားခ်ိန္လည္းၿပီးသြားတယ္။ နားခ်ိန္ၿပီးျပန္ေတာ့လည္းထုံးစံအတိုင္းစာသင္၊စာစစ္နဲ႕ေရွာင္ေရွာင္းက်န့္တို႔လုံးလည္ခ်ာလည္လိုက္ေနေတာ့တာပါပဲ။ ေတာ္ေသးတာက ကေလးေတြကတအားမေဆာ့လို႔ေပါ့။ မဟုတ္ရင္ေရွာင္းက်န့္ေတာ့ေခ်ာင္မွာမဟုတ္။

"ဆရာေလး သားတို႔ျပန္ၿပီ"

"သမီးတို႔ျပန္ေတာ့မယ္ေနာ္ ဆရာေလး"

"ေအး ေအး ဂ႐ုစိုက္ျပန္ၾက"

ကေလးေတြကအလုအယက္ႏႈတ္ဆက္ၿပီးေတာ့လြယ္အိတ္ကိုယ္စီပိုက္ၿပီးျပန္သြားၾကတယ္။ ေရွာင္းက်န့္ကေတာ့ထုံးစံအတိုင္းေရခ်ိဳးဖို႔ျပင္ရေတာ့တာပဲ။ ညေနက်ဟိဳမႈန္ကုတ္ကုတ္တိုင္းရင္းသားေလးကက်ိန္းေသေပါက္ေရာက္လာမယ့္ပုံမို႔ေရွာင္းက်န့္ေရျမန္ျမန္ခ်ိဳးလိုက္တယ္။ တီရွပ္အျဖဴေရာင္ေလးကိုဝတ္ၿပီးေန႕လည္ကေရးထားတဲ့ကဗ်ာစာ႐ြက္ကိုထိုင္ဖတ္ၾကည့္ေနလိုက္တယ္။ မဆိုးပါဘူး ဖတ္လို႔ေကာင္းသားပဲ။

"ဆရာေရွာင္းက်န့္ ကြၽန္ေတာ္လာတယ္"

ကဗ်ာထိုင္ဖတ္ေနတုန္းအသံၾကားတာမို႔ စာ႐ြက္ကေလးကိုခပ္ဖြဖြဆုတ္ထားရင္း အျပင္ကိုေျပးထြက္လာလိုက္ေတာ့လက္ကိုပိုက္ရင္းေနာက္ေက်ာေပးၿပီးရပ္ေနတဲ့ဝမ္ရိေပၚက မေျပာင္းမလဲရိုးရာဝတ္စုံနက္ျပာေရာင္ေလးနဲ႕။

"ရိေပၚ ကြၽန္ေတာ္ေရာက္ၿပီ"

ေရွာင္းက်န့္ကေခၚေတာ့ရိေပၚကလွည့္ၾကည့္လာတယ္။ ေရွာင္းက်န့္ကိုျမင္ေတာ့နဂိုဂ်စ္တူးတူး႐ုပ္ကေနအသာၿပဳံးတယ္။

"ေႏြးေႏြးေထြးေထြးေလးဝတ္စမ္းပါလား ဆရာေရွာင္းက်န့္ရဲ႕
ခင္ဗ်ားမဆိုးပါနဲ႕"

ေရခ်ိဳးၿပီးကာစမွာေဝ့လာတဲ့ေတာင္ေပၚေလတစ္ခ်က္ေၾကာင့္ခႏၶာကိုယ္ကစိမ့္ခနဲျဖစ္သြားတာမို႔လက္ေမာင္းကိုက်ဳံ႕လိုက္တဲ့အခါ မႈန္ေတေတမ်က္ႏွာနဲ႕ရိေပၚကဆူသလိုေျပာတယ္။ 18ႏွစ္ေက်ာ္ေက်ာ္ေကာင္ေလးဆီကေနအဆူခံေနရတာနည္းနည္းေတာ့ေအာင့္သက္သက္ျဖစ္ေပမယ့္ ေရွာင္းက်န့္ျငင္းမေနေတာ့ဘူး။

"ဟုတ္ၿပီ ဟုတ္ၿပီ ကြၽန္ေတာ္အေႏြးထည္ထပ္ဝတ္လိုက္ဦးမယ္"

အေဆာင္ထဲေျပးဝင္ၿပီးဆြယ္တာတစ္ထည္ထပ္ဝတ္လာၿပီးမွျပန္ထြက္လာလိုက္တယ္။

"ကြၽန္ေတာ့္အတြက္ကဗ်ာၿပီးသြားၿပီလား"

ေရွာင္းက်န့္ျပန္ေရာက္လာတာနဲ႕ရိေပၚကတန္းေမးလာတာမို႔ လက္ထဲကစာ႐ြက္ကေလးကိုေရွာင္းက်န့္လွမ္းေပးလိုက္တယ္။

"ကြၽန္ေတာ္တကယ္ကဗ်ာမေရးတတ္ဘူး
ရိေပၚ အဲ့တာေၾကာင့္ဖတ္လို႔မေကာင္းရင္လည္းကြၽန္ေတာ္ဘာမွမတတ္နိုင္ဘူး"

ေရွာင္းက်န့္ကေျပာေတာ့ ရိေပၚကေခါင္းတစ္ခ်က္ပဲညိမ့္ျပၿပီးကဗ်ာကိုစဖတ္တယ္။ ေရွာင္းက်န့္ကေတာ့ 'ေက်ာင္းဆရာျဖစ္ၿပီးကဗ်ာေတာင္မစပ္တတ္ဘူးလား ဆရာေရွာင္းက်န့္ရဲ႕'လို႔ေျပာမယ့္18ႏွစ္ေက်ာ္ေက်ာ္ေကာင္ေလးဝမ္ရိေပၚရဲ႕ခပ္ဆူဆူအေျပာကိုပဲအာ႐ုံရေနေတာ့တယ္။ ဒါေပမယ့္ဝမ္ရိေပၚရဲ႕တုံ႕ျပန္မႈကေရွာင္းက်န့္ထင္ထားတာနဲ႕ကြာေနတယ္။ တျဖည္းျဖည္းခ်င္းၿပဳံးေနရာကေနဝမ္ရိေပၚကပီပီသသၿပဳံးတာမို႔ ေရွာင္းက်န့္နည္းနည္းစိတ္ေအးသြားတယ္။

"ဆရာေရွာင္းက်န့္"

"ဗ်ာ"

ၿပဳံးစစမ်က္ႏွာနဲ႕ေခၚလာတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္ျပန္ထူးလိုက္တယ္။

"ကြၽန္ေတာ့္ပါးအို႔ကတကယ္ေမႊးတာလား"

"ဟုတ္တယ္ေလ အာ မဟုတ္ဘူးေလ"

အေၾကာင္ရိုက္ၿပီးေမးတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္မ်က္ႏွာနီနီနဲ႕အေယာင္ေယာင္အမွားမွားေျဖတဲ့အခါ ဝမ္ရိေပၚကရယ္တယ္။ ေရွာင္းက်န့္ကေတာ့ရယ္ခဲ၊ၿပဳံးခဲတဲ့ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးရဲ႕သြားတန္းေဖြးေဖြးေတြေပၚေအာင္ရယ္ေမာေနျခင္းကိုတခုတ္တရေငးမိသြားေသးရဲ႕။

"ကြၽန္ေတာ္ျဖင့္စေတြ႕တုန္းကရိေပၚကိုရယ္တတ္မယ္ေတာင္မထင္ဘူး"

ေရွာင္းက်န့္ကေျပာေတာ့ ရိေပၚကသေဘာေပါက္သလိုၿပဳံးတယ္။

"စေတြ႕တုန္းကဆရာေရွာင္းက်န့္ကကြၽန္ေတာ့္ကိုဝမ္က်ယ္လို႔ေခၚတာကိုးဗ်"

ဒီတစ္ခါၿပဳံးရသူကေရွာင္းက်န့္ပါပဲ။ အဲ့တုန္းကေရွာင္းက်န့္မွရိေပၚရဲ႕နာမည္အရင္းကိုမွမသိတာ။

"တကယ္ဆိုရိေပၚကကြၽန္ေတာ့္ထက္ငယ္တာပဲဟာကို ကြၽန္ေတာ္ေခၚလို႔ရသားပဲ"

အထြန့္တက္သလိုေျပာၿပီးကာမွ ကိုယ့္ကိုယ္ကိုေက်ာင္းဆရာဆိုတာအမွတ္ရသြားလို႔ေမာ့ၾကည့္ေတာ့ ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးကေရွာင္းက်န့္ကိုၾကည့္ေနတာနဲ႕သြားဆုံတယ္။ ညေနခင္းရဲ႕ေတာင္ေပၚေလေအးေအးမွာ ေရွာင္းက်န့္မ်က္ႏွာကခပ္ရဲရဲ။

"ဘယ္လိုလုပ္ရမလဲမသိဘူး
ကြၽန္ေတာ္ကေျခာက္ႏွစ္ငယ္တာေတာင္ ကြၽန္ေတာ္ကပဲကာကြယ္ေပးခ်င္ေနတာ"

ခပ္ဖြဖြေျပာလိုက္တဲ့ဝမ္ရိေပၚေၾကာင့္ ဒီအေျခအေနဟာသာမန္မဟုတ္ဘူးဆိုတာေရွာင္းက်န့္သိပါတယ္။ ေနပါဦး ဒီေကာင္ေလးကေရွာင္းက်န့္ကိုဘာျဖစ္ေစခ်င္ေနတာလဲ။

"အဲ့ေတာ့ဝမ္က်ယ္လို႔ေခၚရင္ ကြၽန္ေတာ္က ကေလးႀကီးျဖစ္သြားသလိုခံစားရတယ္
ကြၽန္ေတာ္ကေလးမျဖစ္ခ်င္ပါဘူး"

လူႀကီးဆန္ခ်င္ေနတာေနမွာပါဆိုၿပီးပဲေရွာင္းက်န့္အေတြးေတြကိုေလွ်ာခ်လိဳက္ရတယ္။ တကယ္ပဲ ဒီတိုင္းရင္းသားကေတာ့။ လူကိုဗ်ာမ်ားေအာင္ေျပာတတ္လြန္းတယ္။

"အင္း ဟုတ္ပါၿပီ
ရိေပၚကလူႀကီးပါ"

ရယ္သံစြက္ေနရင္းေရွာင္းက်န့္ကေျပာေတာ့ ရိေပၚကမႈန္ကုတ္ကုတ္႐ုပ္ကေလးနဲ႕ၾကည့္ေပမယ့္ဘာမွေတာ့ျပန္မေျပာဘူး။ ေတာင္ျပာတန္းေတြကိုႏွစ္ေယာက္အတူေငးရင္း၊ ေလေျပေသြးကိုႏွစ္ေယာက္အတူခံစားရင္း ဘာမွမေျပာျဖစ္ပဲၿငိမ္သက္ေနၾကတယ္။ တစ္စတစ္စေနဝင္ခါနီးလာၿပီျဖစ္ေပမယ့္ ဝမ္ရိေပၚကမျပန္ေသးဘူး။

"ေဟာ ဝမ္က်ယ္ေရာေရာက္ေနတာလား"

အသက္ခပ္ႀကီးႀကီးအမ်ိဳးသမီးႀကီးတစ္ဦးကထမင္းခ်ိဳင့္ကိုလက္ကဆြဲရင္းေရာက္လာၿပီး ဝမ္ရိေပၚကိုလွမ္းႏႈတ္ဆက္တယ္။ ဝမ္က်ယ္လို႔ေခၚခံလိုက္ရတဲ့ဝမ္ရိေပၚကေတာ့မႈန္ကုတ္ကုတ္ျဖစ္သြားေလရဲ႕။

"ဆရာေလး ညစာအတြက္လာပို႔တာေနာ့္
ဘယ္နားထားခဲ့ရမလဲ"

"ရတယ္ဗ် ကြၽန္ေတာ္တစ္ခါတည္းလွယ္ေပးလိုက္မယ္"

ထမင္းခ်ိဳင့္ကေလးကိုလက္လႊဲယူလိုက္ရင္း ေရွာင္းက်န့္အေဆာင္ထဲကိုဝင္လာလိုက္တယ္။ ထမင္းခ်ိဳင့္ကိုခပ္ျမန္ျမန္လွယ္ေပးၿပီးအျပင္ထြက္လာေတာ့ဝမ္ရိေပၚကမျပန္ေသးဘူး။

"ရပါၿပီ အားရီ"

ထမင္းခ်ိဳင့္အလြတ္ကိုလွမ္းေပးရင္း ေရွာင္းက်န့္ေျပာေတာ့အမ်ိဳးသမီးႀကီးကၿပဳံးရင္းေခါင္းညိမ့္တယ္။

"ျပန္ေတာ့မယ္ ဆရာေလးေရ႕
ေနလည္းေစာင္းၿပီ
ဝမ္က်ယ္ တစ္ခါတည္းလိုက္ခဲ့မလား"

အမ်ိဳးသမီးႀကီးကေရွာင္းက်န့္ကိုႏႈတ္ဆက္ရင္း ဝမ္ရိေပၚကိုပါတစ္ခါတည္းေခၚတယ္။ ရိေပၚကေတာ့ဂ်စ္တစ္တစ္႐ုပ္ကေလးနဲ႕။

"မလိုက္ေတာ့ဘူး ကြၽန္ေတာ္ေနဦးမွာ"

ေဘာက္ဆတ္ဆတ္အသံနဲ႕ရိေပၚေၾကာင့္ ေရွာင္းက်န့္ခိုးၿပဳံးမိတယ္။ ဝမ္က်ယ္လို႔ေခၚမွာကိုေသမလိုေၾကာက္တာပဲ။

"တကယ္မျပန္ေသးဘူးလား
ေနဝင္ေတာ့မယ္ ဝမ္က်ယ္ရဲ႕"

ေတာင္ဆင္းလမ္းကအမ်ိဳးသမီးႀကီးရဲ႕ေက်ာျပင္ကိုတစ္ခ်က္လွမ္းၾကည့္ရင္း စသလိုေနာက္သလို​ၿပဳံးစစနဲ႕ေရွာင္းက်န့္ေျပာေတာ့ဝမ္ရိေပၚကဂ်စ္တစ္တစ္႐ုပ္နဲ႕ၾကည့္တယ္။

"ေနာက္တစ္ခါဝမ္က်ယ္လို႔ေခၚရင္ ကဗ်ာထဲကအတိုင္းကြၽန္ေတာ့္ပါးအို႔ေမႊး၊မေမႊး
ဆရာေရွာင္းက်န့္ကိုအတည္ျပဳခိုင္းမယ္
ခုေတာ့ျပန္ၿပီ"

ေျပာရင္းဆိုရင္းလွည့္ထြက္သြားတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္ကေတာ့ေနရာမွာေတာင့္ေတာင့္ေလးက်န္ခဲ့တယ္။ ဒီတိုင္းရင္းသားကေတာ့ေလ!။ တကယ္ေတာ့ေျပာလည္းေျပာခ်င္စရာ။ စဥ္းစားရက်ပ္လြန္းလို႔မႏွင္းဆီကဗ်ာကိုနာမည္အစားထိုးေတာ့အဲ့လိုပဲရလာတာကိုး။

"ဝမ္ရိေပၚ ဝမ္ရိေပၚ
ၿပဳံးၿပဳံးကေလးေနတတ္သေနာ္
ဝမ္ရိေပၚဘာေတြေရး
ကႀကီး၊ခေကြးေရး
လက္ေရးေလးကဝိုင္းလို႔ညီ
ပန္းကေလးလိုသီ
ဝမ္ရိေပၚပါးအို႔ေလး
ပန္းကေလးလိုေမႊး"

ကဗ်ာကိုကိုယ့္ဘာသာကိုယ္႐ြတ္ၾကည့္ရင္း ေရွာင္းက်န့္ၿပဳံးမိပါတယ္။ ဝမ္ရိေပၚပါးအို႔ေႏြးမေႏြးမသိေပမယ့္ ေရွာင္းက်န့္စိတ္အစုံကေတာ့ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးနဲ႕ရွိေနရရင္ေႏြးေနတတ္တာဘယ္လိုသဘာဝစြမ္းအားေၾကာင့္မ်ားပါလဲ။

#TayyYizhan
8.10.2022(Sat)
A/N ကဗ်ာကKgကေလးကဗ်ာမ်ားappကေနေတးယူလာတာမို႔ creditအျပည့္အဝေပးပါတယ္ရွင္ ဝမ္ရိေပၚနာမည္ကဗ်ာကေတာ့ေတးထည့္ေရးၾကည့္လိုက္တာပါ။
ေပ်ာ္႐ႊင္စရာသီတင္းကြၽတ္ကေလးျဖစ္ၾကပါေစရွင္
Updateျမန္ေစခ်င္ရင္သီတင္းကြၽတ္မုန့္ဖိုးလာေပးၾကပါ🤣

Continue Reading

You'll Also Like

7.1K 130 48
To be the strongest pirate was always my dream. My name is Dami D. Ralph
374K 35.6K 43
This story starts with end.
247K 3.7K 41
just a bunch of fluffy draco malfoy situations😘 uploaded: 29/10/2020 💚
618K 62.8K 21
တစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan