ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

34

15.8K 2.5K 35
By Rozu_roro

Unicode

လော့လင်းရှန်းက သူ့မျက်လုံးများအား မှေးကြည့်လိုက်ပြီး မျက််မှန်အောက်မှာ ပုံးကွယ်ထားသည့် သူ့မျက်လုံးလေးတွေမှာ ကြည်နူးပီတိဖြာပြီး တစ်လက်လက်ဖြစ်နေသည်။

"......သဝန်တိုတယ်?"

ဒီရိုးရိုးရှင်းရှင်းစကားလေးတွေဟာ  သူ့ပါးစပ်ကနေ အဆုံးမရှိ၊ ယုယကြင်နာသည့် အငွေ့အသက်လေးများဖြင့် ထပ်ထွက်လာသည်။

ရှီယွင်နန် တစ်ယောက် ထိုအသံလေးကြောင့် သူ နားရွက်များပင် နီရဲသွားကာ သူတည့်တည့်ပြန်မတ် တော့မယ့်အချိန်မှာပဲ လော့လင်းရှန်းက သူ့လက် လေးကို ပြန်ဆွဲလာသည်။

"မလောနဲ့လေ၊ စကားကို ရှင်းရှင်းပြောမှပေါ့။"

ရှီယွင်နန် သတိမမူလိုက်မိတော့ သူ့ကိုယ်လေးက လော့လင်းရှန်း ရင်ခွင်ထဲ ဝင်သွားပြီး  ဘယ်ဘက်လက်လေးမှာ တစ်ဖက်လူရဲ့ ခြေထောက်ပေါ်သို့ ထောက်မိသွားတော့သည်။

သူက သူ့ကိုယ်လေးကို မနည်းရုံးကန်ပြီး ထကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "လော့လင်းရှန်း ခင်ဗျားခြေထောက်တွေကို ဂရုစိုက်!"

"ရပါတယ်။" လော့လင်းရှန်းရဲ့ လက်ကောင်ဝတ်တွင်ထည့်ထားသည်းအားမှာ သန်မာလှသည်။

သူက ရှီယွင်နန်အား လက်နှစ်ဖက်နဲ့ မသိမသာလေး ထိန်းကိုင်ထားလိုက်၏။ မနှစ်မြို့ဖွယ်ကောင်းသည့် လိမ္မော်ရနံ့က သူ့နှာခေါင်းထဲမှာ စွဲကပ်မနေတော့ပေ။ အဲ့အစား သန့်ရှင်းအေးမြသည့် ဆပ်ပြာရနံ့လေးကသာ လူကို နီးကပ်လာစေရန် ဆွဲဆောင်နေလေသည်။

နှစ်ယောက်ကြားတွင် မမြင်ရတဲ့ ဝိုးတိုးဝါးတား အငွေ့အသက်လေးတွေက ပျံ့နှံ့သွားတော့သည်။

လော့လင်းရှန်းတစ်ယောက် သူ့ရှေ့က ရွှန်းလဲ့ကြည်လင်သည့် မျက်နှာလေးကိုကြည့်လိုက်တော့ ဒေါသထွက်တာလေးကနေ တဖြည်းဖြည်းရှက်သွေးဖြာသွားသည့်ပုံစံလေးမှာ အရမ်းချစ်စရာကောင်းလှသည်။

"တကယ်သဝန်တိုတာလား?"

"မရဘူးလား?"  ရှီယွင်နန် ပြန်မေးလိုက်သည်။

"အရင်တစ်ခေါက် ကျွန်တော် နိုက်ကလပ်မှာရန်ဖြစ်တုန်းကတော့ မစ္စတာလော့က ကျွန်တော့်ကို ထဲထဲဝင်ဝင် ဆုံးမခဲ့တာလေ။ ဒါပေမယ့် ဒီနေ့ကြ ခင်ဗျား မဆင်မခြင်လုပ်တဲ့ အလှည့်ပေါ့?"

ရှီယွင်နန်က လော့လင်းရှန်းကို စူးစိုက်စိုက်ကြည့်လိုက်ရင်း ခေါင်းမာသည့်အသံလေးနဲ့ ထုတ်ပြောလာသည်။  "ဝမ်ဝမ်ယိုက ကျွန်တော့ ဝမ်းကွဲနော်။ တကယ် လို့ခင်ဗျားနဲ့ သူ ဟိုဟိုဒီဒီဆက်ဆံရေးတွေရှိလာပြီး သတင်းတွေ ထွက်လာရင် ကျွန်တော် အရှက်ကွဲ လိမ့်မယ်။ "

လော့လင်းရှန်း ရယ်လိုက်မိသည်။

ရှီယွင်နန်လက်ကောက်ဝတ်ပေါ်ရှိ သူ့လက်ချောင်းလေးတွေဟာ  အသံတိတ် နှစ်သိမ့်ပေးနေသလိုမျိုး အထပ်ထပ်အခါခါ ပွတ်သပ်ပေးနေ၏။ "ကိုယ်သိပြီ။ ဒါဆို သဝန်တိုနေတာက ဒီတိုင်းနောက်ပြီး အရှက်ကွဲမှာ ကြောက်တာကသာ တကယ့် အမှန်ပေါ့?"

ဒါလေးက မေးခွန်းတစ်ခုဖြစ်ပေမယ့်လည်း  ဒီမေးခွန်းလေးထဲမှာ သိသာတဲ့ စနောက်သံလေးပါနေလေသည်။

ရှီယွင်နန် လေငွေ့ဖျော့ဖျော့လေးရှူထုတ်လိုက်၏။  "လော့လင်းရှန်း၊ ခင်ဗျား..."

"ယွင်နန်။"

ရုတ်တရက် ဒီလိုခေါ်ချလိုက်တော့ ဘာကြောင့်မှန်းမသိ ရှီယွင်နန် မှင်တက်သွားတော့သည်။ ဒါက လော့လင်းရှန်းက ဒုတိယသခင်လေးဆိုပြီး ခေါ်တာလည်း မဟုတ်ဘဲ သူ့နာမည်ကိုပထမဆုံးအကြိမ်ခေါ်တာဖြစ်၏။

"ဘာလဲ?"

ရုတ်တရက် ရှီယွင်နန်စိတ်ထဲက ရှာလကာရည်အနံ့လေးမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။

"မင်း အခု မဝင်လာရင်တောင် ကိုယ်အတင်းရုန်းပြီး သူ့ကို လုံးဝထိခွင့်ပေးမှာမဟုတ်ဘူး။"

လော့လင်းရှန်းက ခဏတန့်လိုက်ပြီး ခုနကစကားထက် ထက် ပို့အလျော့ပေးတဲ့စကားလေးပြောလာသည်။

"အဲ့ဒါကြောင့် စိတ်မဆိုးပါနဲ့။"

ရှီယွင်နန်ရဲ့ နှုတ်ခမ်းထောင့်လေးမှာ အပြုံးလေးတစ်ခုနဲ့ ကွေးတက်သွားတော့သည်။ အခြားလူတွေမသိတဲ့ လော့လင်းရှန်းရဲ့ တခြားစိတ်တစ်ဖက်ကို သူ အမြဲဖွင့်နိုင်တယ်လို့ ခံစားနေမိ၏။

ဘယ်သူ့မှတောင် တွေးကြည့်လို့မရတဲ့ တခြားကမ္ဘာတစ်ခြမ်းပေါ့။

လော့မိသားစုရဲ့ ရက်စက်ပြီး နှလုံးသားမရှိတဲ့ခေါင်ဆောင်မဟုတ်ဘဲ နူးညံ့ကြင်နာတဲ့ လော့လင်းရှန်းပင်။

ရှီယွင်နန်တစ်ယောက် ဒီစက္ကူပြတင်းပေါက်ကြီးကို အလောတကြီး ဖောက်စရာမလိုလောက်ဘူးလို့ ရုတ်တရက်ခံစားမိလိုက်သည်။

ရှီယွင်နန် သူ့လည်ချောင်းကို တမင်ရှင်းလိုက်ပြီး တောင်းဆိုလိုက်သည်။ "ဒါဆို နောက်တစ်ခါကြရင် သဘောတူညီချက်ကို လိုက်နာရမယ်။ ယောက်ျားနဲ့ပဲဖြစ်ဖြစ် မိန်းမနဲ့ပဲဖြစ်ဖြစ် ခပ်ခွာခွာနေရမယ်။"

"ကောင်းပါပြီ အဲ့လိုလုပ်ပါ့မယ်။"

ရှီယွင်နန် ကျေနပ်သွားပြီး နှစ်ကြိမ်တိုင်တိုင် အသံလေးပြုကာ တုံ့ပြန်လိုက်၏။

လော့လင်းရှန်း သူ့ရှေ့ကလူရဲ့ အပြုံးမျက်နှာလေးကိုကြည့်ပြီး ဒီကောင်လေးက ချော့ဖို့ အရမ်းလွယ်တာပဲလို့ တွေးလိုက်မိသည်။

ရှီယွင်နန် လော့လင်းရှန်းရဲ့ လည်ပင်းတစ်ဖက် လေးကို  အသာအယာပုတ်လိုက်ပြီးပြောလိုက်သည်။  "ကျွန်တော့ကို လွှတ်တော့ ခင်ဗျားခြေထောက်တွေကို အကြာကြီး ဖိထားမိရင် မကောင်းဘူး။"

လော့လင်းရှန်းက ရှီယွင်နန်ရဲ့လက်ကို နာနာခံခံနဲ့ပဲ  လွှတ်ပေးလိုက်သည်၊ တစ်ဖက်လူ ထပြီးမှ အစက ပြုံးနေသည့် သူမျက်လုံးတွေမှာ သူ့ခြေထောက်များဆီ အကြည့်ရောက်သွားပြီး လေးနက်သည့် အဓိပ္ပါယ်ဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

နောက်တစက္ကန့်မှာပဲ တံခါးအပြင်ဘက်တွင် ချင်ကျန်းရဲ့ သတိပေးသံထွက်လာလေသည်။ "ခေါင်းဆောင် အပြင်မှာ ပွဲစနေပါပြီ။"

ယွမ်မုန်က ဒီကိုမလာခင်ကတည်းက လော့လင်းရှန်းပေးခဲ့သည့် အမိန့်ကို လိုက်နာကာ ခန်းမရဲ့ ထောင့်တွင် ရပ်နေခဲ့သည်။

ပထမတစ်ချက်က လော့လင်းရှန်းသည် လူအုပ်ကြီးထဲမှာ သိပ်ထင်ပေါ်မနေချင်ပေ။ ဒုတိယအချက်ကတော့ လူအိုကြီးမွေးနေ့ဖြစ်တာကြောင့်၊ ဟိုတယ်၏ လုံခြုံရေးကို ကောင်းကောင်းစီမံထားဖို့အတွက်ပင်။

လော့လင်းရှန်းက ဒီကိုခဏလာတာဖြစ်တော့ အန္တရာယ်ရှိတဲ့လူတွေမ သိလောက်ကာ အနီးကပ် အကာအကွယ်ပေးရန် မလိုပေ။

လော့လင်းရှန်း သူ့ခံစားချက်တွေကို ပြန်မျိုသိပ်လိုက်၏။ "ကောင်းပြီ၊ အခုပဲ လာခဲ့မယ်။"

သူက သူ့ရဲ့နက်ခ်တိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ မေးလာသည်။ "ဒုတိယသခင်လေးရှီ၊ ကိုယ့်နက်ခ်တိုင်အတွက် ဘယ်လိုပြန်လျော်ပေးချင်လဲ?"

ရှီယွင်နန် အောက်ကိုငုံ့ကြည့်လိုက်တော့ သူလုပ်လို့ တွန့်ကြေသွားတဲ့နက်ခ်တိုင်ကိုမြင်လိုက်ရသည်။ အမှတ်တမဲ့ တရားခံနာမည်တပ်ခံလိုက်ရတော့ သူအကျယ်ကြီး ထရယ်မိလိုက်လေသည်။

သူနက်ခ်တိုင်ကို စိုက်ကြည့်လိုက်လိုက်ရင်း တစိမ့်စိမ့်တွေးနေမိ၏-

ဝမ်ဝမ်ယိုကရော ဒါကို ထိလိုက်မိလားသူ သိချင်မိတယ်။ လွှင့်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်။

"ဒါကို မဝတ်နဲ့တော့။"

ရှီယွင်နန် မြန်မြန်ဆန်ဆန်နဲ့ပဲ  လော့လင်းရှန်းရဲ့ နက်ခ်တိုင်ကို ဆုတ်ဖြဲကာ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

လော့လင်းရှန်းမှာ အမှိုက်ပုံးထဲက နက်ခ်တိုင်ကို ကြည့်ပြီး အနည်းငယ် နှမြောမိသွားသည်။

စျေးကြီးလွန်းလို့တော့ မဟုတ်၊ ဒါပေမယ့် ဒီနက်ခ်တိုင်ကို ဒီမနက်မြင်လိုက်ရတဲ့ ရှီယွင်နန်ရဲ့ ဝတ်စုံနဲ့လိုက်အောင် တမင်ရွေးထားခဲ့တာ။

"ကျွန်တော် အသစ်ဝယ်ပေးမယ်။"

ရှီယွင်နန်ကတော့ လော့လင်းရှန်းရဲ့ အတွေးတွေကို မသိကာ သူက ပါးစပ်နဲ့သာ ကတိပေးလိုက်ပြီး အပေါ်ကြယ်သီးလေးကို ဖြုတ်လိုက်သည်။ "ဒါမယ့် မစ္စတာလော့က တစ်ဝက်ဟထားတဲ့ ကော်လာနဲ့ဆို ပိုဆက်စီကျတယ်လို့ ကျွန်တော်ထင်တယ်။"

ဟုတ်တာပေါ့ တစ်နေ့ သူဘာမှမဝတ်ထားရင် ပိုတောင် ဆက်စီကျအုံးမှာ။

လော့လင်းရှန်းကတော့ ရှီယွင်နန်ရဲ့ စနောက်သည့်  စကားလေးတွေကို ကျင့်သားရနေပြီဖြစ်ကာ သူက မေးစေ့လေးကို အနည်းငယ် မော့ထားပြီး သူ့အား ဆော့ခွင့်ပေးထားလိုက်သည်။

နှစ်ယောက်သား ကျကျနနပြင်ဆင်ပြီးနောက် ခန်းမသို့ အတူတူ ထွက်လာလိုက်ကြသည်။

အဘိုးကြီးဝမ်မှာ ဂီတအစည်းအရုံးရဲ့ ဥက္ကဌလည်းဖြစ်သူ ဝမ်းယန်ဖုန်းနဲ့ အတူ နိုင်ငံ၏ ထိပ်တန်း တေးရေးဆရာဖြစ်ပြီး ယခုကျင်းပသည့် ပွဲသို့ လာရောက်ကြသည့် ဧည့်သည်အများစုမှာ အနုပညာရှင်များသာ ဖြစ်ကြလေသည်။

အသက် 80 ပြည့်တဲ့ မွေးနေ့လို့သာဆိုတာ ထူးခြားတဲ့ ဂီတအဖွဲ့အစည်းပွဲနဲ့ပိုတူနေသည်။

ဒီအချိန်တိုလေးအတွင်းမှာပဲ တစ်ယောက်ယောက် က မွေးနေ့ပွဲကို ဂုဏ်ပြုပေးဖို့  စင်ပေါ်တက်ပြီးတောင် သီချင်းဆိုပေးနေလေပြီ။

လူအိုကြီးဝမ်မှာ သူ့ကို ဂုဏ်ပြုပေးနေသော လူအုပ်ကြီးနဲ့ ဝန်းရံထားခံရပြီး စိတ်ကောင်းဝင်နေသည့်ပုံပင်။

ရှီယွင်နန်နဲ့ လော့လင်းရှန်းကတော့ သွားဖို့ လောမနေကာ ထောင့်နားမှာ တိတ်တိတ်လေးရပ်ပြီး ကြည့်နေလိုက်ကြသည်။

လော့လင်းရှန်းက ခဏလောက် စူးစမ်းနေပြီးနောက် ပြောလာသည်။ "နက်ပြာရောင်ဂါဝန်နဲ့ အမျိုးသမီးက မင်းအဒေါ်လား?"

ရှီယွင်နန်:  "ဟုတ်တယ်၊ သူ့နာမည်က စုန့်ကျစ်ချိုးလေ။ သူက  ဟွားချန်းဂီတတူရိယာ ကုမ္ပဏီရဲ့ ဥက္ကဌ။"

ဟွားချန်းဂီတတူရိယာ ကုမ္ပဏီ

နည်းနည်း ရင်းနှီးနေသလိုပဲ။

သူတွေးနေချိန်မှာပဲ သူ့ဘေးက ရှီယွင်နန်က ရှင်းပြလာပေးသည်။ "အခုဆို နိုင်ငံအတွင်း ထိပ်တန်း ဂီတတူရိယာထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုလို့ပြောလို့ရနေပြီလေ၊ ဟုတ်တယ်မလား?"

နောင်တွင်  ဝမ်ချန်းလန် နှင့် ရှီးခဲယွဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာပြီး  နိုင်ငံရပ်ခြားတွင် ဂီတတူရိယာများ ရောင်းချရန် မိခင်ဖြစ်သူကို ဆွဲဆောင်နိုင်ခဲ့သည်။

သူတို့တကယ်ပဲ ငွေအများကြီးရှာနိုင်ခဲ့ကြတယ်။

"ဟွားချန်းက နိုင်ငံတစ်ဝှမ်းမှာ  ဂီတအထူးပြုတူရိယာသင်တန်းကျောင်းခွဲတွေလည်း အများကြီးရှိတယ်။"

သူတို့နောက်မှာ အသံတိတ်ပြီးနေနေတဲ့ ချင်ကျန်းကအသံလေး ထွက်လာသည်။ "မစ္စစ်စုန့်က တစ်ချိန်တုန်းက အချမ်းသာဆုံးလူစာရင်းမှာ အရွေးခံခဲ့ရတာကို  ကျွန်တော်မှတ်မိတယ်။"

တကယ့်ကို ထူးချွန်တဲ့ အမျိုးသမီးစီးပွါးရှင်ပင်။

ရှီယွင်နန် ပြန်မငြင်းလိုက်ပေ။ စုန့်ကျစ်ချိုးရဲ့ စီးပွားရေး အရည်အချင်းက မရေမတွက်နိုင်တဲ့ လူတွေကိုညံ့တယ်လို့ ခံစားနိုင်စေလေသည်။

လော့လင်းရှန်းက မောင်နှမဖြစ်သည့် ဝမ်ချန်းလန်နှင့် ဝမ်ဝမ်ယိုတို့ အကြောင်း စဉ်းစားမိပြီး တိုးတိုးလေးမေးလိုက်သည်။ "မစ္စတာဝမ်နဲ့  မစ္စစ်စုန့် တစ်ယောက်နဲ့တစ်ယောက်  ဘယ်လိုစသိကြတာလဲ?"

သူ့ရဲ့ ဝမ်ယန်ဖုန်းအပေါ်မြင်တဲ့ သဘောထားအရဆို တစ်ဖက်လူသည် စည်းကမ်းကြီးပြီး ကျိုးကြောင်းဆင်ခြင်တွေးတောတတ်သူဖြစ်တဲ့ပုံပဲ။ ဒါမယ့်  သူ့ သားနဲ့သမီးကတော့ တကယ့်ကို သိက္ခာမဲ့လွန်းတယ်။

ရှီယွင်နန်က သူဘာပြောချင်မှန်း နားလည်သွားကာ ခေါင်းလေးကို အနည်းငယ်ခါပြလိုက်သည်။ "အဘိုးနဲ့ မစ္စတာစုန့်က နှစ်တွေအကြာကြီး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာလေ။ လူကြီးတွေစီစဉ်ပေးခဲ့တာ။"

တစ်ဖက်မှာ ဂီတမိသားစုမှဖြစ်ပြီး ကျန်တစ်ဖက်မှာ 'ဂီတတူရိယာ'ကို ထုတ်လုပ်သည့်မိသားစုဖြစ်သည်။  လုပ်ငန်းတူမိသားစုထဲကဖြစ်တာကြောင့် ဝမ်ယန်ဖုန်း နှင့် စုန့်ကျစ်ချိုးသည် သိကျွမ်းဖို့ နှစ်ဝက်လောက် တောင်မကြာသေးခင် လက်ထပ်ခဲ့ကြသည်။

ဒီဇနီးမောင်နှံနှစ်ယောက်ရဲ့ ဘဝကတကယ့်ကို ကျေနပ်စရာပင်။

ရှီယွင်နန် ခဏတန့်သွားပြီး အဓိကအချက်ကို အကျဉ်းချုံးပြောပြလိုက်သည်။ "ဒါပေမယ့် အဒေါ်က ကလေးတစ်ယောက် ဆုံးရှုံးသွားဖူးတယ်လို့တော့ကြားတယ်။"

ထိုကလေးမှာ ရှီယွင်နန်ရဲ့ 'ဝမ်းကွဲ' ဖြစ်ပြီး ၃ နှစ်သားအရွယ်တွင် မထင်မှတ်ထားသည့် မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့သည်။

ဒီအဖြစ်အပျက်ဟာ စုန့်ကျစ်ချိုးအတွက် ဒါဏ်ရာတစ်ခုလိုဖြစ်နေပြီး ဖခင်ဖြစ်သူ ဝမ်ယန်ဖုန်းလည်း တစ်နေ့တစ်နေ့ ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့သည်။

"ဦးလေးပြောတာတော့ အဲ့တုန်းက ဝမ်ချန်းလန်မွေးတော့မယ့်အချိန်တဲ့။"

ထို့ကြောင့် စုန့်ကျစ်ချိုးက နောက်ပိုင်းမွေးလာသည့် ဝမ်ချန်းလန်နဲ့ သားသမီးတွေကို ပုပ်ပွတဲ့အထိ အလိုလိုက်လာပြီး  အမှန်အမှားများကို လျစ်လျူရှုထားပေးခဲ့သည်။

ဝမ်ယန်ဖုန်းမှာ လမ်းလွဲနေသည့် သားသမီးများကို ဆုံးမကာ ပြန်တည့်မတ်ပေးချင်သော်လည်း  ဇနီးဖြစ်သူက ကာစီးကာစီးလုပ်နေခဲ့သည်။ ရှီယွင်နန် ဝမ်အိမ်တော်မှာ လာနေသည့်အခါတိုင်း ၊ သားသမီးများ၏ ပညာရေးကြောင့် ဇနီးမောင်နှံခဏခဏရန်ဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။

အမျိုးများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပတ်သက်သောကြောင့် ရှီယွင်နန်က သိပ်ထုတ်မပြောလာသော်လည်း လော့လင်းရှန်းက ကိုယ်တိုင် အဖြေရှာထုတ်နိုင်ခဲ့သည်-

အခုတော့ လူအိုကြီးဝမ်မှ  အနားယူသွားပြီး ဂီတအစည်းအရုံးရဲ့ ဥက္ကဋ္ဌဖြစ်သူ ဝမ်ယန်ဖုန်းမှာလည်း စုန်ကျစ်ချိုးရဲ့ ရှာငွေထက် နည်းပါးလာခဲ့သည်။  စုန့်ကျစ်ချိုးကသာ လက်ရှိအိမ်တော်တွင် ဝင်ငွေအများဆုံးလို့ ဆိုနိုင်သည်။

ဝမ်ချန်းလန်နှင့် ဝမ်ဝမ်ယု အခုလိုဖြစ်လာရခြင်းမှာ သူတို့အမေရဲ့ အလိုလိုက်မှုတွေကြောင့်ပင် ဖြစ်၏။

စုန့်ကျစ်ချိုးသည် သူ့သားကြီးစောစောသေဆုံးသွားတာကြောင့် နောင်တရနေကာ သားနှင့်သမီးကို ပိုချစ်ပိုအလိုလိုက်ခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ၊ ဝမ်ချန်လန်နှင့် ဝမ်ဝမ်ယိုသည် လမ်းလွဲသွားပြီး ကလိမ်ကကျစ်တွေ ဖြစ်လာကြသည်။

နှစ်ယောက်သား တိုးတိုးတိတ်တိတ် စကားပြောနေ ချိန်မှာပဲ သူတို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဝမ်ယမ်ဖုန်းက အော်ခေါ်လာသည်။ "ယွင်နန်၊ ဒီကိုလာလေ ဝေးဝေးကြီးမှာ ရပ်မနေပါနဲ့ကွ။"

ရှီယွင်နန်သည် ဝမ်ယန်ဖုန်းရဲ့ ဖော်ရွေတဲ့အကြည့်ကိုတွေ့တော့ အနည်းငယ်ခေါင်းညိတ်ပြလိုက်ကာ လော့လင်းရှန်းနဲ့ အတူတူ အနားသို့ တိုးသွားလိုက်သည်။

လူအိုကြီးဝမ်က အကြာကြီး မရပ်နိုင်ပေ။ သူကထိုင်လိုက်ပြီး ဖြည်းဖြည်းချင်းလျှောက်လာနေတဲ့ သူ့မြေးလေးကို ကြည့်ကာ သူ့မျက်နှာလေးမှာ ရွှင်မြူးသွားတော့သည်။ "ယွင်နန်၊ အဘိုးနား လာခဲ့။"

လူအိုကြီးဝမ်သည် တွန်းချခံရပြီး ဒဏ်ရာရသွားတာ ပြန်လည်ကောင်းမွန်လာဖို့ အချိန်အတော်ယူခဲ့ရသည်။ သူနိုးလာသည်နှင့် ရှီယွင်နန် စွပ်စွဲခံရတာကို ရှင်းပြရန် မိသားစုအားလုံးကို ချက်ချင်းခေါ်ခဲ့သည်။

တစ်ဖက်ကလည်း သူ့မြေး၊ တစ်ခြားတစ်ဖက်ကလည်း သူမြေးပင်။ သူ့လို အဘိုးကြီးတစ်ယောက်အတွက်တော့ သူ့ရဲ့လက်ခုံရော လက်ဖမိုးရောက အသွေးအသားတွေချည်းပဲလေ။

သူဟာ လိမ်ညာသည့်မြေး ဝမ်ချန်းလန်အား စိတ်ပျက်မိသလို၊ သူ့မြေးရှီယွင်နန်အပေါ်ကိုလည်း အရမ်းအားနာနေခဲ့မိသည်။

ရှီယွင်နန်က ဒီအိမ်တော်မှာ ဆက်မနေချင်တော့တာကတော့ ဝမ်းနည်းစရာပင်။ ဒီနှစ်တွေအတွင်း ဝမ်မိသားစုက သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ရင်တောင် သူက ငြင်းပယ်ခဲ့သည်။

ဒီနေ့ရှီယွင်နန်က လာဖို့ ဆန္ဒရှိနေတော့ လူအိုကြီးဝမ် အရမ်းပျော်နေလေသည်။

"မင်းအစ်ကိုက စင်နောက်မှာ အဆက်သင့်ဖြစ်နေပြီ။ သူ ဖျော်ဖြေပေးမယ်တဲ့။"

"ဟုတ်ကဲ့ပါ အဘိုး။"

ရှီယွင်နန် ပြန်တုံ့ပြန်လိုက်ပြီး တစ်ဆက်တည်းမှာပင်လော့လင်းရှန်းကို မိတ်ဆက်ပေးဖို့လည်း မမေ့ပေ။

"အဘိုး၊ ဒါက လော့လင်းရှန်းတဲ့။"

လူအိုကြီးဝမ်က လော့လင်းရှန်းကိုကြည့်လိုက်ပြီး နောက်တစ်က္ကန့်မှာပဲ သူရဲ့အကြည့်များသည် ခြေထောက်များပေါ်၌ စက္ကန့်ဝက်ရစ်ဝဲသွားသည်။

အပြင်လူတွေရှေ့မှာတော့ သူ့ရဲ့ လူကြီးပုံစံကို ဆက်လက်ထိန်းထားပြီး အပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။  "ဒါက ယွင်နန်ငါ့ဆီ သူငယ်ချင်းခေါ်လာတာ ပထမဆုံးပဲ။ ကြိုဆိုပါတယ်ကွယ်။"

လော့လင်းရှန်း တစ်ခုခုကို ပြင်းပြင်းထန်ထန် သတိပြုမိလိုက်သော်လည်း သူ့မျက်နှာပေါ်မှာတော့ သိသိသာသာမပြလိုက်ပေ။ " မစ္စတာဝမ် အခုလို ကျန်းကျန်းမာမာမြင်ရတာ ဝမ်းသာပါတယ်။"

"ကျေးဇူးကွယ်။"

ဧည့်သည့်တော်တော်များကတော့ လော့လင်းရှန်းဘယ်သူဆိုတာကို သိနေကာ ဒရာမာကို တိတ်တိတ်လေးစောင့်ကြည့်နေကြသည်။

ညာဘက်ခြမ်းတွင်ရပ်နေသော စုန့်ကျစ်ချိုးသည် ရှီယွင်နန်ကို တွေ့သောအခါ သူမမျက်လုံးများသည် အနည်းငယ် သဘောမကျပုံပေါ်သော်လည်း လော့လင်းရှန်းကို ကြည့်သည့် အခါမှာတော့ ထို ရွံစရာကောင်းသည့် ခံစားချက်များမှာ ချက်ချင့်လွင့်ပြယ်သွားတော့သည်။

စုန့်ကျစ်ချိုးက အပေါ်ယန်ဟန်ဆောင်ပန်ဆောင် အပြုံးနဲ့ပဲ  လော့လင်းရှန်းကို ခေါင်းညိတ်ပြလိုက်သည်။

လော့မိသားစုလက်အောက်မှာ ဂီတတူရိယာတွေနှင့်ပတ်သက်တဲ့ လုပ်ငန်းကွင်းဆက်မရှိပေမယ့်လည်း စုန့်ကျစ်ချိုးသည့်  တစ်ဖက်လူရဲ့ မြို့တော်စီးပွါးရေးလောကအတွင်း နာမည်ရှိမှုကြောင့် နောက်ဆုတ်ခဲ့ရသည်။

ရှီယွင်နန်က လော့လင်းရှန်းရဲ့ ပေါင်လုံးကို ဖက်နိုင်ခဲ့တာပဲ။ သူမအမြင်အရဆို ဒါက  ကြောင်ကန်းတစ်ကောင် ကြွက်သေတစ်ကောင်ကို ကောက်ရလိုက်ရသလိုပဲလေ။

စုန့်ကျစ်ချိုး နှုတ်ဆိတ်လိုက်ပြီး စားပွဲထိုးကို လှမ်းခေါ်ပြီး အသံတိုတိုးနဲ့မေးလိုက်သည်။  "မြန်မြန်လုပ် သခင်လေးနဲ့ သခင်မလေးကို လာဖို့ပြောလိုက်ကြ။!"

ဒီလိုအရေးကြီးတဲ့ အချိန်ကြီးမှာ ဒီမောင်နှမ နှစ်ယောက်က ဘယ်သွားနေကြတာလဲ?

ဝမ်ရိပေက စင်ပေါ်တွင် ဖျော်ဖြေတော့မှာ ဖြစ်ပြီး ရှီယွင်နန်က စင်အောက်တွင် လူအိုကြီးကိုအဖော်လုပ်ပေးနေတယ်။ အပြင်လူတွေအမြင်မှဆို ညီအစ်ကိုနှစ်ယောက်က အရမ်းနေရာယူထားသလိုဖြစ်မနေဘူးလား?

လူအိုကြီးက အရင်ကရခဲ့တဲ့ စုငွေအမွေများကို သူ့လက်ထဲသာ ဆုပ်ကိုင်ထားတာ။ ဒီလူနှစ်ယောက်အများဆုံးရှယ်ယာတွေ ယူသွားမှာကို ခွင့်မပြုနိုင်ဘူး။

စားပွဲထိုးမှာ အမိန့်ကို ကြားတာနဲ့  ချက်ချင်းလိုက်ရှာလိုက်ရသည်။

မကြာခင်မှာပဲ ဝမ်ရိပေသည် ရွှေရောင်နှင့် အမည်းကွပ်ထားသည့် အဖြူရောင်ဝတ်စုံပြည့်ကိုဝတ်ကာ စင်မြင့်ပေါ်သို့ အေးအေးလူလူ လျှောက်လာခဲ့သည်။ ဦးညွှတ်လိုက်တာနဲ့တောင် ပရိသတ်တွေရဲ့ အားပေးလက်ခုပ်သံတွေကို ကြားလိုက်ရလေသည်။

"ဝမ်မိသားစုရဲ့ အသက်အကြီးဆုံး သခင်လေးက
တော့ တကယ့်ကို ထူးချွန်ပြောင်မြောက်လှပါတယ်။"

"အမှန်ပဲ။ အသက်ဆယ့်ခြောက်နှစ်မှာတောင်  Curtis Institute of Music မှာ ဝင်ခွင့်ရနေပြီ။ အသက်ဆယ့်ရှစ်နှစ်မှာ band ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ သူ့အသက် နှစ်ဆယ့်နှစ်နှစ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလုပ်နေပုံပဲ။ ဒီအောင်မြင်မှုက လုံးဝကို ဟာသမဟုတ်တာ။"

"ပြောရမယ်ဆိုရင် ဝမ်မိသားစုရဲ့ သားသမီးတွေထဲမှာ အကြီးဆုံးသခင်လေးဝမ် က အတော်ဆုံးပဲ"

"အသံတိုးပါဟ၊ ဒုတိယသခင်လေးက ဒီအနားမှာ ရှိနေတာ။"

ရှီယွင်နန်  ဘာမှပြောသလို သူလည်း စိတ်မဆိုးပါ။

သူ့အမြင်အရဆိုလည်း ဝမ်ရိပေရဲ့ အရည်အချင်းက ပြိုင်စံရှားပင်။

သူ့မျက်လုံးများက စင်ပေါ်ကတစ်ဆင့် လော့လင်းရှန်းဆီရောက်သွားကာ သူ့ကိုယ်လေးကိုကွေးပြီးပြောလိုက်သည်။ "လော့လင်းရှန်း ခင်ဗျား ဖျော်ဖြေပွဲတွေသွားရတာ ကြိုက်လား ? ကျွန်တော့်ရဲ့ ဆိုးဆိုးဝါးဝါးတယောသံထက်စာရင် အစ်ကို့ရဲ့ cello က ပို မိုက်တယ်။"

"တကယ်လား?"

"ဟုတ်တာပေါ့။ ခင်ဗျာရဲ့နားရော  ဒီနေ့  ဧည့်သည်တွေရော  အလကားကောင်းချီးပေးခံရမှာနော်။"

ရှီယွင်နန်ရဲ့ စနောက်နေသည့် အမူအရာလေးကို မြင်သောအခါ လော့လင်းရှန်းရဲ့ မျက်နှာအမူအရာပြောင်းသွားတော့သည်။

ညီအစ်ကိုနှစ်ဦးဟာ ရှစ်နှစ်ရွယ်မှာပင် မတူညီသောပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ကြသည်။ ဝမ်မိသားစု ဝမ်ရိပေကို ဂရုတစိုက် ပြုစု ပျိုးထောင်ခဲ့သည် နဲ့ ယှဉ်ရင် ရှီယွင်နန်ရဲ့ အခြေအနေမှာ လက်မခံနိုင်စရာဖြစ်ပြီး မကျေနပ်စရာပင်။

သို့သော် ရှီယွင်နန်သည် ဒီချို့တဲ့မှုများကို ဝမ်ရိပေခေါင်းပေါ် ဘယ်တုန်းကမှ လွှဲမချခဲ့ပေ။မဟုတ်ရင် အရာရာတိုင်းကို ညည်းညူတတ်ပြီး စိတ်အားငယ်တဲ့ စရိုက်မျိုး ဖြစ်လာခဲ့မှာပင်။

လော့လင်းရှန်းအမြင်မှာတော့  ရှီယွင်နန်သည် အသန့်ရှင်းဆုံး ခံစားချက်နှင့် အတွေးရှိသူဖြစ်သည်—

သူ့ကို တမင် ရန်စတဲ့ သူတွေကိုဆို၊ သူက နေရာမှာ တင် ပြန်လက်စားချေပစ်ပြီး သူ့ကို ဂရုစိုက်တဲ့ သူတွေကိုဆို  သူချစ်တာကို ပြဖို့ ဘယ်တော့မှ တွန့်တိုမနေခဲ့ပေ။

တယောထိုးတံလေးကို စဆွဲလိုက်တာနှင့်—

သာယာငြိမ့်ညောင်းသည့် တေးသွားလေးသည် စင်မြင့်ပေါ်ကနေ ဆင်းသက်လာပြီး လူတိုင်း၏နားကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

ဝမ်ရိပေက အင်အားကို သိသိသာသာ တေးသွားထဲမှာ မြုပ်နှံထားပြီး  ဒီတေးသွားထဲမှာ မျောနေသည့် စိတ်ခံစားချက်များကိုလည်း လျစ်လျူမရှုနိုင်ပေ။  သူနဲ့အတူ ဧည့်သည်အားလုံးအတွက် အံ့ဖွယ်ဖို့ကောင်းသည့် ကမ္ဘာကြီးတစ်ခု ဖန်တီးရန် သူက celloကို တီးခတ်နေသည်။

လော့လင်းရှန်း မျက်လွှာချလိုက်၏။ အသိအမှတ်ပြုပေမယ့် စိတ်တော့မဝင်စား။

ထိုနေ့က ရှီယွင်နန် စားသောက်ဆိုင်ထဲမှာ တီးခတ်ခဲ့သည့်  တေးသွားလေးကသာ သူ့စိတ်ထဲတွင် နေရာယူထားသည်။

ရှီယွင်နန်ကတော့ လော့လင်းရှန်းရဲ့ အပြုအမူများကို သတိမထားမိပေ။ ဒီအချိန်မှာသူက သူ့အစ်ကိုကိုသာ အာရုံစိုက်နေ၏။

ငယ်ငယ်လေးကတည်းက သူတို့ မိခင်ကို ကတိပေးခဲ့သည့်အတိုင်း ဝမ်ရိပေက တယောထိုးတံကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ယုံကြည်မှုရှိရှိ တီးခတ်နေခဲ့သည်။ သူဟာ cello နှင့် တေးသွားများကို စိတ်ရင်းမှန်ဖြင့် ရအောင်လေ့လာသင်ယူခဲ့သည်။

ရှီယွင်နန်ရဲ့ မျက်လုံးများထဲတွင် အားကျပြီး တမ်းတသည့်  အရိပ်အယောင်များ ပြည့်လျှံလာသော်လည်း  မနာလိုဖြစ်သည့် အရိပ်အယောင်မျိုးတော့မရှိပေ။

သီချင်းက ပြီးသွားလေပြီ။

ခန်းမထဲမှာ လက်ခုပ်သံများ ကျယ်ကျယ်လောင်လောင် ထွက်လာတော့၏။

ရှီယွင်နန် လက်ခုပ်တီးလိုက်ပြီး လော့လင်းရှန်းကို ချက်ချင်းအာရုံစိုက်လိုက်ကာ သူမမေးဘဲ မနေနိုင်တော့ပေ။  " ဘယ်လိုလဲ လော့လင်းရှန်း? ကျွန်တော်အစ်ကိုတီးပြသွားတာ အရမ်း မတော်လွန်းဘူးလား?"

လော့လင်းရှန်း သူ့ကို စူးရှစွာ ကြည့်လိုက်ပြီး  ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။

"ကိုယ်ကတော့ မင်းတယောတီးတာကို ပိုကြိုက်တယ်။"

ဝမ်ရိပေးအား လက်ခုပ်ဩဘာပေးကြသူအားလုံးထဲတွင် လော့လင်းရှန်းရဲ့စကားများကသာ ကြိုတင်သတိပေးခြင်းမရှိဘဲ ရှီယွင်နန်ကို ရည်ညွှန်းနေတာဖြစ်၏။

ရှီယွင်နန်ရဲ့ မျက်လုံးလေး ဘာကြောင့်မှန်းမသိ အောင့်လာတော့သည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝုန်းဒိုင်းကြဲနေသည့် သူ့စိတ်ကို ထိန်းချုပ်လိုက်ကာ  "လော့လင်းရှန်း"

"အမ်?"

"ကျေးဇူးတင်ပါတယ်"  ရှီယွင်နန်က လော့လင်းရှန်းနားလေးနား ကပ်ကာပြောလိုက်သည်။

လော့လင်းရှန်း ပြုံးလိုက်ပြီး တောင်းဆိုလိုက်သည်။  "ကိုယ် ရွှေငါးလေးအတွက် ဆရာကောင်းကောင်းရှာပေးထားတယ်။ တကယ်လို့ မင်းသင်ချင်ရင် နောက်သူနဲ့တူတူသင်လေ။"

ရှီယွင်နန်က အမြန်ပဲ သဘောတူလိုက်သည်။  "ကောင်းပြီ၊ နောက်ဆို အကြီးလေးနဲ့ အသေးလေးက ခင်ဗျားရဲ့ စာကြည့်ခန်းတံခါးကိုဖွင့်ပြီး ဆူဆူညံညံအသံတွေနဲ့  ခင်ဗျားနားတွေအူအောင် လာလုပ်မှာ။"

လော့လင်းရှန်းက  ရှီယွင်နန်ရဲ့ ဟာသစကားလေးကို စိတ်ကူးကြည့်မိလိုက်ပြီး သူ့မျက်လုံးများတွင် မနိုင်ဘူးဆိုတဲ့ အရိပ်အမြွက်လေးတွေပေါ်လာတော့သည်—

ဒါက နည်းနည်းတော့ ဆူကောင်းဆူနိုင်ပေမယ့် ကြည့်ရတာ ရှီယွင်နန် သူတူလေးနဲ့ တူတူလုပ်နိုင်တဲ့ အရာဖြစ်နိုင်လောက်တယ်။

လော့လင်းရှန်း ထုံးစံအတိုင်း သူ့လက်ချောင်းထိပ်လေးတွေကို ပွတ်သတ်လိုက်သည်။ ဘာကြောင်းမှန်းမသိ သူအဲ့ပုံစံလေးကို စောင့်မျှော်နေမိနေပြီလေ။

ပြောရမယ်ဆိုရင် ရှီယွင်နန် သူ့ဘေးမှာနေ့တိုင်း ရှိနေဖို့ကို သူစောင့်မျှော်နေမိပြီ။

(Rozu ပြန်တာကို သဘောကျရင် ဒီpage ထဲက တန်ပြန်ချဉ်းကပ်ခြင်းဆိုတဲ့ အပုဒ်လေးကို click ပေးဖို့ တောင်းဆိုပါရစေ click ပိုတိုးလာတာနဲ့အမျှ update တွေပိုမြန်လာမှာနော် ^-^)














Zawgyi


ေလာ့လင္းရွန္းက သူ႔မ်က္လုံးမ်ားအား ေမွးၾကည့္လိုက္ၿပီး မ်က္္မွန္ေအာက္မွာ ပုံးကြယ္ထားသည့္ သူ႔မ်က္လုံးေလးေတြမွာ ၾကည္ႏူးပီတိျဖာၿပီး တစ္လက္လက္ျဖစ္ေနသည္။

"......သဝန္တိုတယ္?"

ဒီ႐ိုး႐ိုးရွင္းရွင္းစကားေလးေတြဟာ  သူ႔ပါးစပ္ကေန အဆုံးမရွိ၊ ယုယၾကင္နာသည့္ အေငြ႕အသက္ေလးမ်ားျဖင့္ ထပ္ထြက္လာသည္။

ရွီယြင္နန္ တစ္ေယာက္ ထိုအသံေလးေၾကာင့္ သူ နား႐ြက္မ်ားပင္ နီရဲသြားကာ သူတည့္တည့္ျပန္မတ္ ေတာ့မယ့္အခ်ိန္မွာပဲ ေလာ့လင္းရွန္းက သူ႔လက္ ေလးကို ျပန္ဆြဲလာသည္။

"မေလာနဲ႔ေလ၊ စကားကို ရွင္းရွင္းေျပာမွေပါ့။"

ရွီယြင္နန္ သတိမမူလိုက္မိေတာ့ သူ႔ကိုယ္ေလးက ေလာ့လင္းရွန္း ရင္ခြင္ထဲ ဝင္သြားၿပီး  ဘယ္ဘက္လက္ေလးမွာ တစ္ဖက္လူရဲ႕ ေျခေထာက္ေပၚသို႔ ေထာက္မိသြားေတာ့သည္။

သူက သူ႔ကိုယ္ေလးကို မနည္း႐ုံးကန္ၿပီး ထကာ စိုးရိမ္တႀကီး ေျပာလိုက္သည္။ "ေလာ့လင္းရွန္း ခင္ဗ်ားေျခေထာက္ေတြကို ဂ႐ုစိုက္!"

"ရပါတယ္။" ေလာ့လင္းရွန္းရဲ႕ လက္ေကာင္ဝတ္တြင္ထည့္ထားသည္းအားမွာ သန္မာလွသည္။

သူက ရွီယြင္နန္အား လက္ႏွစ္ဖက္နဲ႔ မသိမသာေလး ထိန္းကိုင္ထားလိုက္၏။ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းသည့္ လိေမၼာ္ရနံ႔က သူ႔ႏွာေခါင္းထဲမွာ စြဲကပ္မေနေတာ့ေပ။ အဲ့အစား သန႔္ရွင္းေအးျမသည့္ ဆပ္ျပာရနံ႔ေလးကသာ လူကို နီးကပ္လာေစရန္ ဆြဲေဆာင္ေနေလသည္။

ႏွစ္ေယာက္ၾကားတြင္ မျမင္ရတဲ့ ဝိုးတိုးဝါးတား အေငြ႕အသက္ေလးေတြက ပ်ံ႕ႏွံ႔သြားေတာ့သည္။

ေလာ့လင္းရွန္းတစ္ေယာက္ သူ႔ေရွ႕က ႐ႊန္းလဲ့ၾကည္လင္သည့္ မ်က္ႏွာေလးကိုၾကည့္လိုက္ေတာ့ ေဒါသထြက္တာေလးကေန တျဖည္းျဖည္းရွက္ေသြးျဖာသြားသည့္ပုံစံေလးမွာ အရမ္းခ်စ္စရာေကာင္းလွသည္။

"တကယ္သဝန္တိုတာလား?"

"မရဘူးလား?"  ရွီယြင္နန္ ျပန္ေမးလိုက္သည္။

"အရင္တစ္ေခါက္ ကြၽန္ေတာ္ ႏိုက္ကလပ္မွာရန္ျဖစ္တုန္းကေတာ့ မစၥတာေလာ့က ကြၽန္ေတာ့္ကို ထဲထဲဝင္ဝင္ ဆုံးမခဲ့တာေလ။ ဒါေပမယ့္ ဒီေန႔ၾက ခင္ဗ်ား မဆင္မျခင္လုပ္တဲ့ အလွည့္ေပါ့?"

ရွီယြင္နန္က ေလာ့လင္းရွန္းကို စူးစိုက္စိုက္ၾကည့္လိုက္ရင္း ေခါင္းမာသည့္အသံေလးနဲ႔ ထုတ္ေျပာလာသည္။  "ဝမ္ဝမ္ယိုက ကြၽန္ေတာ့ ဝမ္းကြဲေနာ္။ တကယ္ လို႔ခင္ဗ်ားနဲ႔ သူ ဟိုဟိုဒီဒီဆက္ဆံေရးေတြရွိလာၿပီး သတင္းေတြ ထြက္လာရင္ ကြၽန္ေတာ္ အရွက္ကြဲ လိမ့္မယ္။ "

ေလာ့လင္းရွန္း ရယ္လိုက္မိသည္။

ရွီယြင္နန္လက္ေကာက္ဝတ္ေပၚရွိ သူ႔လက္ေခ်ာင္းေလးေတြဟာ  အသံတိတ္ ႏွစ္သိမ့္ေပးေနသလိုမ်ိဳး အထပ္ထပ္အခါခါ ပြတ္သပ္ေပးေန၏။ "ကိုယ္သိၿပီ။ ဒါဆို သဝန္တိုေနတာက ဒီတိုင္းေနာက္ၿပီး အရွက္ကြဲမွာ ေၾကာက္တာကသာ တကယ့္ အမွန္ေပါ့?"

ဒါေလးက ေမးခြန္းတစ္ခုျဖစ္ေပမယ့္လည္း  ဒီေမးခြန္းေလးထဲမွာ သိသာတဲ့ စေနာက္သံေလးပါေနေလသည္။

ရွီယြင္နန္ ေလေငြ႕ေဖ်ာ့ေဖ်ာ့ေလးရွဴထုတ္လိုက္၏။  "ေလာ့လင္းရွန္း၊ ခင္ဗ်ား..."

"ယြင္နန္။"

႐ုတ္တရက္ ဒီလိုေခၚခ်လိုက္ေတာ့ ဘာေၾကာင့္မွန္းမသိ ရွီယြင္နန္ မွင္တက္သြားေတာ့သည္။ ဒါက ေလာ့လင္းရွန္းက ဒုတိယသခင္ေလးဆိုၿပီး ေခၚတာလည္း မဟုတ္ဘဲ သူ႔နာမည္ကိုပထမဆုံးအႀကိမ္ေခၚတာျဖစ္၏။

"ဘာလဲ?"

႐ုတ္တရက္ ရွီယြင္နန္စိတ္ထဲက ရွာလကာရည္အနံ႔ေလးမွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားေတာ့သည္။

"မင္း အခု မဝင္လာရင္ေတာင္ ကိုယ္အတင္း႐ုန္းၿပီး သူ႔ကို လုံးဝထိခြင့္ေပးမွာမဟုတ္ဘူး။"

ေလာ့လင္းရွန္းက ခဏတန္႔လိုက္ၿပီး ခုနကစကားထက္ ထက္ ပို႔အေလ်ာ့ေပးတဲ့စကားေလးေျပာလာသည္။

"အဲ့ဒါေၾကာင့္ စိတ္မဆိုးပါနဲ႔။"

ရွီယြင္နန္ရဲ႕ ႏႈတ္ခမ္းေထာင့္ေလးမွာ အၿပဳံးေလးတစ္ခုနဲ႔ ေကြးတက္သြားေတာ့သည္။ အျခားလူေတြမသိတဲ့ ေလာ့လင္းရွန္းရဲ႕ တျခားစိတ္တစ္ဖက္ကို သူ အၿမဲဖြင့္ႏိုင္တယ္လို႔ ခံစားေနမိ၏။

ဘယ္သူ႔မွေတာင္ ေတြးၾကည့္လို႔မရတဲ့ တျခားကမာၻတစ္ျခမ္းေပါ့။

ေလာ့မိသားစုရဲ႕ ရက္စက္ၿပီး ႏွလုံးသားမရွိတဲ့ေခါင္ေဆာင္မဟုတ္ဘဲ ႏူးညံ့ၾကင္နာတဲ့ ေလာ့လင္းရွန္းပင္။

ရွီယြင္နန္တစ္ေယာက္ ဒီစကၠဴျပတင္းေပါက္ႀကီးကို အေလာတႀကီး ေဖာက္စရာမလိုေလာက္ဘူးလို႔ ႐ုတ္တရက္ခံစားမိလိုက္သည္။

ရွီယြင္နန္ သူ႔လည္ေခ်ာင္းကို တမင္ရွင္းလိုက္ၿပီး ေတာင္းဆိုလိုက္သည္။ "ဒါဆို ေနာက္တစ္ခါၾကရင္ သေဘာတူညီခ်က္ကို လိုက္နာရမယ္။ ေယာက္်ားနဲ႔ပဲျဖစ္ျဖစ္ မိန္းမနဲ႔ပဲျဖစ္ျဖစ္ ခပ္ခြာခြာေနရမယ္။"

"ေကာင္းပါၿပီ အဲ့လိုလုပ္ပါ့မယ္။"

ရွီယြင္နန္ ေက်နပ္သြားၿပီး ႏွစ္ႀကိမ္တိုင္တိုင္ အသံေလးျပဳကာ တုံ႔ျပန္လိုက္၏။

ေလာ့လင္းရွန္း သူ႔ေရွ႕ကလူရဲ႕ အၿပဳံးမ်က္ႏွာေလးကိုၾကည့္ၿပီး ဒီေကာင္ေလးက ေခ်ာ့ဖို႔ အရမ္းလြယ္တာပဲလို႔ ေတြးလိုက္မိသည္။

ရွီယြင္နန္ ေလာ့လင္းရွန္းရဲ႕ လည္ပင္းတစ္ဖက္ ေလးကို  အသာအယာပုတ္လိုက္ၿပီးေျပာလိုက္သည္။  "ကြၽန္ေတာ့ကို လႊတ္ေတာ့ ခင္ဗ်ားေျခေထာက္ေတြကို အၾကာႀကီး ဖိထားမိရင္ မေကာင္းဘူး။"

ေလာ့လင္းရွန္းက ရွီယြင္နန္ရဲ႕လက္ကို နာနာခံခံနဲ႔ပဲ  လႊတ္ေပးလိုက္သည္၊ တစ္ဖက္လူ ထၿပီးမွ အစက ၿပဳံးေနသည့္ သူမ်က္လုံးေတြမွာ သူ႔ေျခေထာက္မ်ားဆီ အၾကည့္ေရာက္သြားၿပီး ေလးနက္သည့္ အဓိပၸါယ္ျဖင့္ စူးစူးစိုက္စိုက္ ၾကည့္လိုက္သည္။

ေနာက္တစကၠန႔္မွာပဲ တံခါးအျပင္ဘက္တြင္ ခ်င္က်န္းရဲ႕ သတိေပးသံထြက္လာေလသည္။ "ေခါင္းေဆာင္ အျပင္မွာ ပြဲစေနပါၿပီ။"

ယြမ္မုန္က ဒီကိုမလာခင္ကတည္းက ေလာ့လင္းရွန္းေပးခဲ့သည့္ အမိန္႔ကို လိုက္နာကာ ခန္းမရဲ႕ ေထာင့္တြင္ ရပ္ေနခဲ့သည္။

ပထမတစ္ခ်က္က ေလာ့လင္းရွန္းသည္ လူအုပ္ႀကီးထဲမွာ သိပ္ထင္ေပၚမေနခ်င္ေပ။ ဒုတိယအခ်က္ကေတာ့ လူအိုႀကီးေမြးေန႔ျဖစ္တာေၾကာင့္၊ ဟိုတယ္၏ လုံၿခဳံေရးကို ေကာင္းေကာင္းစီမံထားဖို႔အတြက္ပင္။

ေလာ့လင္းရွန္းက ဒီကိုခဏလာတာျဖစ္ေတာ့ အႏၲရာယ္ရွိတဲ့လူေတြမ သိေလာက္ကာ အနီးကပ္ အကာအကြယ္ေပးရန္ မလိုေပ။

ေလာ့လင္းရွန္း သူ႔ခံစားခ်က္ေတြကို ျပန္မ်ိဳသိပ္လိုက္၏။ "ေကာင္းၿပီ၊ အခုပဲ လာခဲ့မယ္။"

သူက သူ႔ရဲ႕နက္ခ္တိုင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ကူကယ္ရာမဲ့စြာ ေမးလာသည္။ "ဒုတိယသခင္ေလးရွီ၊ ကိုယ့္နက္ခ္တိုင္အတြက္ ဘယ္လိုျပန္ေလ်ာ္ေပးခ်င္လဲ?"

ရွီယြင္နန္ ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ သူလုပ္လို႔ တြန္႔ေၾကသြားတဲ့နက္ခ္တိုင္ကိုျမင္လိုက္ရသည္။ အမွတ္တမဲ့ တရားခံနာမည္တပ္ခံလိုက္ရေတာ့ သူအက်ယ္ႀကီး ထရယ္မိလိုက္ေလသည္။

သူနက္ခ္တိုင္ကို စိုက္ၾကည့္လိုက္လိုက္ရင္း တစိမ့္စိမ့္ေတြးေနမိ၏-

ဝမ္ဝမ္ယိုကေရာ ဒါကို ထိလိုက္မိလားသူ သိခ်င္မိတယ္။ လႊင့္ပစ္လိုက္တာကမွ ပိုေကာင္းအုံးမယ္။

"ဒါကို မဝတ္နဲ႔ေတာ့။"

ရွီယြင္နန္ ျမန္ျမန္ဆန္ဆန္နဲ႔ပဲ ေလာ့လင္းရွန္းရဲ႕ နက္ခ္တိုင္ကို ဆုတ္ၿဖဲကာ အမႈိက္ပုံးထဲသို႔ ပစ္ခ်လိုက္သည္။

ေလာ့လင္းရွန္းမွာ အမႈိက္ပုံးထဲက နက္ခ္တိုင္ကို ၾကည့္ၿပီး အနည္းငယ္ ႏွေျမာမိသြားသည္။

ေစ်းႀကီးလြန္းလို႔ေတာ့ မဟုတ္၊ ဒါေပမယ့္ ဒီနက္ခ္တိုင္ကို ဒီမနက္ျမင္လိုက္ရတဲ့ ရွီယြင္နန္ရဲ႕ ဝတ္စုံနဲ႔လိုက္ေအာင္ တမင္ေ႐ြးထားခဲ့တာ။

"ကြၽန္ေတာ္ အသစ္ဝယ္ေပးမယ္။"

ရွီယြင္နန္ကေတာ့ ေလာ့လင္းရွန္းရဲ႕ အေတြးေတြကို မသိကာ သူက ပါးစပ္နဲ႔သာ ကတိေပးလိုက္ၿပီး အေပၚၾကယ္သီးေလးကို ျဖဳတ္လိုက္သည္။ "ဒါမယ့္ မစၥတာေလာ့က တစ္ဝက္ဟထားတဲ့ ေကာ္လာနဲ႔ဆို ပိုဆက္စီက်တယ္လို႔ ကြၽန္ေတာ္ထင္တယ္။"

ဟုတ္တာေပါ့ တစ္ေန႔ သူဘာမွမဝတ္ထားရင္ ပိုေတာင္ ဆက္စီက်အုံးမွာ။

ေလာ့လင္းရွန္းကေတာ့ ရွီယြင္နန္ရဲ႕ စေနာက္သည့္  စကားေလးေတြကို က်င့္သားရေနၿပီျဖစ္ကာ သူက ေမးေစ့ေလးကို အနည္းငယ္ ေမာ့ထားၿပီး သူ႔အား ေဆာ့ခြင့္ေပးထားလိုက္သည္။

ႏွစ္ေယာက္သား က်က်နနျပင္ဆင္ၿပီးေနာက္ ခန္းမသို႔ အတူတူ ထြက္လာလိုက္ၾကသည္။

အဘိုးႀကီးဝမ္မွာ ဂီတအစည္းအ႐ုံးရဲ႕ ဥကၠဌလည္းျဖစ္သူ ဝမ္းယန္ဖုန္းနဲ႔ အတူ ႏိုင္ငံ၏ ထိပ္တန္း ေတးေရးဆရာျဖစ္ၿပီး ယခုက်င္းပသည့္ ပြဲသို႔ လာေရာက္ၾကသည့္ ဧည့္သည္အမ်ားစုမွာ အႏုပညာရွင္မ်ားသာ ျဖစ္ၾကေလသည္။

အသက္ 80 ျပည့္တဲ့ ေမြးေန႔လို႔သာဆိုတာ ထူးျခားတဲ့ ဂီတအဖြဲ႕အစည္းပြဲနဲ႔ပိုတူေနသည္။

ဒီအခ်ိန္တိုေလးအတြင္းမွာပဲ တစ္ေယာက္ေယာက္ က ေမြးေန႔ပြဲကို ဂုဏ္ျပဳေပးဖို႔  စင္ေပၚတက္ၿပီးေတာင္ သီခ်င္းဆိုေပးေနေလၿပီ။

လူအိုႀကီးဝမ္မွာ သူ႔ကို ဂုဏ္ျပဳေပးေနေသာ လူအုပ္ႀကီးနဲ႔ ဝန္းရံထားခံရၿပီး စိတ္ေကာင္းဝင္ေနသည့္ပုံပင္။

ရွီယြင္နန္နဲ႔ ေလာ့လင္းရွန္းကေတာ့ သြားဖို႔ ေလာမေနကာ ေထာင့္နားမွာ တိတ္တိတ္ေလးရပ္ၿပီး ၾကည့္ေနလိုက္ၾကသည္။

ေလာ့လင္းရွန္းက ခဏေလာက္ စူးစမ္းေနၿပီးေနာက္ ေျပာလာသည္။ "နက္ျပာေရာင္ဂါဝန္နဲ႔ အမ်ိဳးသမီးက မင္းအေဒၚလား?"

ရွီယြင္နန္:  "ဟုတ္တယ္၊ သူ႔နာမည္က စုန္႔က်စ္ခ်ိဳးေလ။ သူက  ဟြားခ်န္းဂီတတူရိယာ ကုမၸဏီရဲ႕ ဥကၠဌ။"

ဟြားခ်န္းဂီတတူရိယာ ကုမၸဏီ

နည္းနည္း ရင္းႏွီးေနသလိုပဲ။

သူေတြးေနခ်ိန္မွာပဲ သူ႔ေဘးက ရွီယြင္နန္က ရွင္းျပလာေပးသည္။ "အခုဆို ႏိုင္ငံအတြင္း ထိပ္တန္း ဂီတတူရိယာထုတ္လုပ္တဲ့ ကုမၸဏီေတြထဲက တစ္ခုလို႔ေျပာလို႔ရေနၿပီေလ၊ ဟုတ္တယ္မလား?"

ေနာင္တြင္  ဝမ္ခ်န္းလန္ ႏွင့္ ရွီးခဲယြဲ႕ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးလာၿပီး ႏိုင္ငံရပ္ျခားတြင္ ဂီတတူရိယာမ်ား ေရာင္းခ်ရန္ မိခင္ျဖစ္သူကို ဆြဲေဆာင္ႏိုင္ခဲ့သည္။

သူတို႔တကယ္ပဲ ေငြအမ်ားႀကီးရွာႏိုင္ခဲ့ၾကတယ္။

"ဟြားခ်န္းက ႏိုင္ငံတစ္ဝွမ္းမွာ  ဂီတအထူးျပဳတူရိယာသင္တန္းေက်ာင္းခြဲေတြလည္း အမ်ားႀကီးရွိတယ္။"

သူတို႔ေနာက္မွာ အသံတိတ္ၿပီးေနေနတဲ့ ခ်င္က်န္းကအသံေလး ထြက္လာသည္။ "မစၥစ္စုန္႔က တစ္ခ်ိန္တုန္းက အခ်မ္းသာဆုံးလူစာရင္းမွာ အေ႐ြးခံခဲ့ရတာကို  ကြၽန္ေတာ္မွတ္မိတယ္။"

တကယ့္ကို ထူးခြၽန္တဲ့ အမ်ိဳးသမီးစီးပြါးရွင္ပင္။

ရွီယြင္နန္ ျပန္မျငင္းလိုက္ေပ။ စုန္႔က်စ္ခ်ိဳးရဲ႕ စီးပြားေရး အရည္အခ်င္းက မေရမတြက္ႏိုင္တဲ့ လူေတြကိုညံ့တယ္လို႔ ခံစားႏိုင္ေစေလသည္။

ေလာ့လင္းရွန္းက ေမာင္ႏွမျဖစ္သည့္ ဝမ္ခ်န္းလန္ႏွင့္ ဝမ္ဝမ္ယိုတို႔ အေၾကာင္း စဥ္းစားမိၿပီး တိုးတိုးေလးေမးလိုက္သည္။ "မစၥတာဝမ္နဲ႔  မစၥစ္စုန္႔ တစ္ေယာက္နဲ႔တစ္ေယာက္  ဘယ္လိုစသိၾကတာလဲ?"

သူ႔ရဲ႕ ဝမ္ယန္ဖုန္းအေပၚျမင္တဲ့ သေဘာထားအရဆို တစ္ဖက္လူသည္ စည္းကမ္းႀကီးၿပီး က်ိဳးေၾကာင္းဆင္ျခင္ေတြးေတာတတ္သူျဖစ္တဲ့ပုံပဲ။ ဒါမယ့္  သူ႔ သားနဲ႔သမီးကေတာ့ တကယ့္ကို သိကၡာမဲ့လြန္းတယ္။

ရွီယြင္နန္က သူဘာေျပာခ်င္မွန္း နားလည္သြားကာ ေခါင္းေလးကို အနည္းငယ္ခါျပလိုက္သည္။ "အဘိုးနဲ႔ မစၥတာစုန္႔က ႏွစ္ေတြအၾကာႀကီး သူငယ္ခ်င္းေကာင္းေတြျဖစ္ခဲ့တာေလ။ လူႀကီးေတြစီစဥ္ေပးခဲ့တာ။"

တစ္ဖက္မွာ ဂီတမိသားစုမွျဖစ္ၿပီး က်န္တစ္ဖက္မွာ 'ဂီတတူရိယာ'ကို ထုတ္လုပ္သည့္မိသားစုျဖစ္သည္။  လုပ္ငန္းတူမိသားစုထဲကျဖစ္တာေၾကာင့္ ဝမ္ယန္ဖုန္း ႏွင့္ စုန္႔က်စ္ခ်ိဳးသည္ သိကြၽမ္းဖို႔ ႏွစ္ဝက္ေလာက္ ေတာင္မၾကာေသးခင္ လက္ထပ္ခဲ့ၾကသည္။

ဒီဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ ဘဝကတကယ့္ကို ေက်နပ္စရာပင္။

ရွီယြင္နန္ ခဏတန္႔သြားၿပီး အဓိကအခ်က္ကို အက်ဥ္းခ်ဳံးေျပာျပလိုက္သည္။ "ဒါေပမယ့္ အေဒၚက ကေလးတစ္ေယာက္ ဆုံးရႈံးသြားဖူးတယ္လို႔ေတာ့ၾကားတယ္။"

ထိုကေလးမွာ ရွီယြင္နန္ရဲ႕ 'ဝမ္းကြဲ' ျဖစ္ၿပီး ၃ ႏွစ္သားအ႐ြယ္တြင္ မထင္မွတ္ထားသည့္ မေတာ္တဆမႈတစ္ခုေၾကာင့္ ေသဆုံးသြားခဲ့သည္။

ဒီအျဖစ္အပ်က္ဟာ စုန္႔က်စ္ခ်ိဳးအတြက္ ဒါဏ္ရာတစ္ခုလိုျဖစ္ေနၿပီး ဖခင္ျဖစ္သူ ဝမ္ယန္ဖုန္းလည္း တစ္ေန႔တစ္ေန႔ ကိုယ့္ကိုကိုယ္ အျပစ္တင္ေနခဲ့သည္။

"ဦးေလးေျပာတာေတာ့ အဲ့တုန္းက ဝမ္ခ်န္းလန္ေမြးေတာ့မယ့္အခ်ိန္တဲ့။"

ထို႔ေၾကာင့္ စုန္႔က်စ္ခ်ိဳးက ေနာက္ပိုင္းေမြးလာသည့္ ဝမ္ခ်န္းလန္နဲ႔ သားသမီးေတြကို ပုပ္ပြတဲ့အထိ အလိုလိုက္လာၿပီး  အမွန္အမွားမ်ားကို လ်စ္လ်ဴရႈထားေပးခဲ့သည္။

ဝမ္ယန္ဖုန္းမွာ လမ္းလြဲေနသည့္ သားသမီးမ်ားကို ဆုံးမကာ ျပန္တည့္မတ္ေပးခ်င္ေသာ္လည္း  ဇနီးျဖစ္သူက ကာစီးကာစီးလုပ္ေနခဲ့သည္။ ရွီယြင္နန္ ဝမ္အိမ္ေတာ္မွာ လာေနသည့္အခါတိုင္း ၊ သားသမီးမ်ား၏ ပညာေရးေၾကာင့္ ဇနီးေမာင္ႏွံခဏခဏရန္ျဖစ္သည္ကို ျမင္ေတြ႕ခဲ့ရသည္။

အမ်ိဳးမ်ားရဲ႕ ကိုယ္ေရးကိုယ္တာကိစၥႏွင့္ပတ္သက္ေသာေၾကာင့္ ရွီယြင္နန္က သိပ္ထုတ္မေျပာလာေသာ္လည္း ေလာ့လင္းရွန္းက ကိုယ္တိုင္ အေျဖရွာထုတ္ႏိုင္ခဲ့သည္-

အခုေတာ့ လူအိုႀကီးဝမ္မွ  အနားယူသြားၿပီး ဂီတအစည္းအ႐ုံးရဲ႕ ဥကၠ႒ျဖစ္သူ ဝမ္ယန္ဖုန္းမွာလည္း စုန္က်စ္ခ်ိဳးရဲ႕ ရွာေငြထက္ နည္းပါးလာခဲ့သည္။  စုန္႔က်စ္ခ်ိဳးကသာ လက္ရွိအိမ္ေတာ္တြင္ ဝင္ေငြအမ်ားဆုံးလို႔ ဆိုႏိုင္သည္။

ဝမ္ခ်န္းလန္ႏွင့္ ဝမ္ဝမ္ယု အခုလိုျဖစ္လာရျခင္းမွာ သူတို႔အေမရဲ႕ အလိုလိုက္မႈေတြေၾကာင့္ပင္ ျဖစ္၏။

စုန္႔က်စ္ခ်ိဳးသည္ သူ႔သားႀကီးေစာေစာေသဆုံးသြားတာေၾကာင့္ ေနာင္တရေနကာ သားႏွင့္သမီးကို ပိုခ်စ္ပိုအလိုလိုက္ခဲ့ေသာ္လည္း ကံမေကာင္းစြာနဲ႔ပဲ၊ ဝမ္ခ်န္လန္ႏွင့္ ဝမ္ဝမ္ယိုသည္ လမ္းလြဲသြားၿပီး ကလိမ္ကက်စ္ေတြ ျဖစ္လာၾကသည္။

ႏွစ္ေယာက္သား တိုးတိုးတိတ္တိတ္ စကားေျပာေန ခ်ိန္မွာပဲ သူတို႔နဲ႔ မနီးမေဝးမွာ ရွိတဲ့ ဝမ္ယမ္ဖုန္းက ေအာ္ေခၚလာသည္။ "ယြင္နန္၊ ဒီကိုလာေလ ေဝးေဝးႀကီးမွာ ရပ္မေနပါနဲ႔ကြ။"

ရွီယြင္နန္သည္ ဝမ္ယန္ဖုန္းရဲ႕ ေဖာ္ေ႐ြတဲ့အၾကည့္ကိုေတြ႕ေတာ့ အနည္းငယ္ေခါင္းညိတ္ျပလိုက္ကာ ေလာ့လင္းရွန္းနဲ႔ အတူတူ အနားသို႔ တိုးသြားလိုက္သည္။

လူအိုႀကီးဝမ္က အၾကာႀကီး မရပ္ႏိုင္ေပ။ သူကထိုင္လိုက္ၿပီး ျဖည္းျဖည္းခ်င္းေလွ်ာက္လာေနတဲ့ သူ႔ေျမးေလးကို ၾကည့္ကာ သူ႔မ်က္ႏွာေလးမွာ ႐ႊင္ျမဴးသြားေတာ့သည္။ "ယြင္နန္၊ အဘိုးနား လာခဲ့။"

လူအိုႀကီးဝမ္သည္ တြန္းခ်ခံရၿပီး ဒဏ္ရာရသြားတာ ျပန္လည္ေကာင္းမြန္လာဖို႔ အခ်ိန္အေတာ္ယူခဲ့ရသည္။ သူႏိုးလာသည္ႏွင့္ ရွီယြင္နန္ စြပ္စြဲခံရတာကို ရွင္းျပရန္ မိသားစုအားလုံးကို ခ်က္ခ်င္းေခၚခဲ့သည္။

တစ္ဖက္ကလည္း သူ႔ေျမး၊ တစ္ျခားတစ္ဖက္ကလည္း သူေျမးပင္။ သူ႔လို အဘိုးႀကီးတစ္ေယာက္အတြက္ေတာ့ သူ႔ရဲ႕လက္ခုံေရာ လက္ဖမိုးေရာက အေသြးအသားေတြခ်ည္းပဲေလ။

သူဟာ လိမ္ညာသည့္ေျမး ဝမ္ခ်န္းလန္အား စိတ္ပ်က္မိသလို၊ သူ႔ေျမးရွီယြင္နန္အေပၚကိုလည္း အရမ္းအားနာေနခဲ့မိသည္။

ရွီယြင္နန္က ဒီအိမ္ေတာ္မွာ ဆက္မေနခ်င္ေတာ့တာကေတာ့ ဝမ္းနည္းစရာပင္။ ဒီႏွစ္ေတြအတြင္း ဝမ္မိသားစုက သူ႔ကို ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ရင္ေတာင္ သူက ျငင္းပယ္ခဲ့သည္။

ဒီေန႔ရွီယြင္နန္က လာဖို႔ ဆႏၵရွိေနေတာ့ လူအိုႀကီးဝမ္ အရမ္းေပ်ာ္ေနေလသည္။

"မင္းအစ္ကိုက စင္ေနာက္မွာ အဆက္သင့္ျဖစ္ေနၿပီ။ သူ ေဖ်ာ္ေျဖေပးမယ္တဲ့။"

"ဟုတ္ကဲ့ပါ အဘိုး။"

ရွီယြင္နန္ ျပန္တုံ႔ျပန္လိုက္ၿပီး တစ္ဆက္တည္းမွာပင္ေလာ့လင္းရွန္းကို မိတ္ဆက္ေပးဖို႔လည္း မေမ့ေပ။

"အဘိုး၊ ဒါက ေလာ့လင္းရွန္းတဲ့။"

လူအိုႀကီးဝမ္က ေလာ့လင္းရွန္းကိုၾကည့္လိုက္ၿပီး ေနာက္တစ္ကၠန္႔မွာပဲ သူရဲ႕အၾကည့္မ်ားသည္ ေျခေထာက္မ်ားေပၚ၌ စကၠန႔္ဝက္ရစ္ဝဲသြားသည္။

အျပင္လူေတြေရွ႕မွာေတာ့ သူ႔ရဲ႕ လူႀကီးပုံစံကို ဆက္လက္ထိန္းထားၿပီး အၿပဳံးေလးနဲ႔ ေခါင္းညိတ္ျပလိုက္သည္။  "ဒါက ယြင္နန္ငါ့ဆီ သူငယ္ခ်င္းေခၚလာတာ ပထမဆုံးပဲ။ ႀကိဳဆိုပါတယ္ကြယ္။"

ေလာ့လင္းရွန္း တစ္ခုခုကို ျပင္းျပင္းထန္ထန္ သတိျပဳမိလိုက္ေသာ္လည္း သူ႔မ်က္ႏွာေပၚမွာေတာ့ သိသိသာသာမျပလိုက္ေပ။ " မစၥတာဝမ္ အခုလို က်န္းက်န္းမာမာျမင္ရတာ ဝမ္းသာပါတယ္။"

"ေက်းဇူးကြယ္။"

ဧည့္သည့္ေတာ္ေတာ္မ်ားကေတာ့ ေလာ့လင္းရွန္းဘယ္သူဆိုတာကို သိေနကာ ဒရာမာကို တိတ္တိတ္ေလးေစာင့္ၾကည့္ေနၾကသည္။

ညာဘက္ျခမ္းတြင္ရပ္ေနေသာ စုန္႔က်စ္ခ်ိဳးသည္ ရွီယြင္နန္ကို ေတြ႕ေသာအခါ သူမမ်က္လုံးမ်ားသည္ အနည္းငယ္ သေဘာမက်ပုံေပၚေသာ္လည္း ေလာ့လင္းရွန္းကို ၾကည့္သည့္ အခါမွာေတာ့ ထို ႐ြံစရာေကာင္းသည့္ ခံစားခ်က္မ်ားမွာ ခ်က္ခ်င့္လြင့္ျပယ္သြားေတာ့သည္။

စုန္႔က်စ္ခ်ိဳးက အေပၚယန္ဟန္ေဆာင္ပန္ေဆာင္ အၿပဳံးနဲ႔ပဲ ေလာ့လင္းရွန္းကို ေခါင္းညိတ္ျပလိုက္သည္။

ေလာ့မိသားစုလက္ေအာက္မွာ ဂီတတူရိယာေတြႏွင့္ပတ္သက္တဲ့ လုပ္ငန္းကြင္းဆက္မရွိေပမယ့္လည္း စုန္႔က်စ္ခ်ိဳးသည့္  တစ္ဖက္လူရဲ႕ ၿမိဳ႕ေတာ္စီးပြါးေရးေလာကအတြင္း နာမည္ရွိမႈေၾကာင့္ ေနာက္ဆုတ္ခဲ့ရသည္။

ရွီယြင္နန္က ေလာ့လင္းရွန္းရဲ႕ ေပါင္လုံးကို ဖက္ႏိုင္ခဲ့တာပဲ။ သူမအျမင္အရဆို ဒါက ေၾကာင္ကန္းတစ္ေကာင္ ႂကြက္ေသတစ္ေကာင္ကို ေကာက္ရလိုက္ရသလိုပဲေလ။

စုန္႔က်စ္ခ်ိဳး ႏႈတ္ဆိတ္လိုက္ၿပီး စားပြဲထိုးကို လွမ္းေခၚၿပီး အသံတိုတိုးနဲ႔ေမးလိုက္သည္။  "ျမန္ျမန္လုပ္ သခင္ေလးနဲ႔ သခင္မေလးကို လာဖို႔ေျပာလိုက္ၾက။!"

ဒီလိုအေရးႀကီးတဲ့ အခ်ိန္ႀကီးမွာ ဒီေမာင္ႏွမ ႏွစ္ေယာက္က ဘယ္သြားေနၾကတာလဲ?

ဝမ္ရိေပက စင္ေပၚတြင္ ေဖ်ာ္ေျဖေတာ့မွာ ျဖစ္ၿပီး ရွီယြင္နန္က စင္ေအာက္တြင္ လူအိုႀကီးကိုအေဖာ္လုပ္ေပးေနတယ္။ အျပင္လူေတြအျမင္မွဆို ညီအစ္ကိုႏွစ္ေယာက္က အရမ္းေနရာယူထားသလိုျဖစ္မေနဘူးလား?

လူအိုႀကီးက အရင္ကရခဲ့တဲ့ စုေငြအေမြမ်ားကို သူ႔လက္ထဲသာ ဆုပ္ကိုင္ထားတာ။ ဒီလူႏွစ္ေယာက္အမ်ားဆုံးရွယ္ယာေတြ ယူသြားမွာကို ခြင့္မျပဳႏိုင္ဘူး။

စားပြဲထိုးမွာ အမိန႔္ကို ၾကားတာနဲ႔  ခ်က္ခ်င္းလိုက္ရွာလိုက္ရသည္။

မၾကာခင္မွာပဲ ဝမ္ရိေပသည္ ေ႐ႊေရာင္ႏွင့္ အမည္းကြပ္ထားသည့္ အျဖဴေရာင္ဝတ္စုံျပည့္ကိုဝတ္ကာ စင္ျမင့္ေပၚသို႔ ေအးေအးလူလူ ေလွ်ာက္လာခဲ့သည္။ ဦးၫႊတ္လိုက္တာနဲ႔ေတာင္ ပရိသတ္ေတြရဲ႕ အားေပးလက္ခုပ္သံေတြကို ၾကားလိုက္ရေလသည္။

"ဝမ္မိသားစုရဲ႕ အသက္အႀကီးဆုံး သခင္ေလးက
ေတာ့ တကယ့္ကို ထူးခြၽန္ေျပာင္ေျမာက္လွပါတယ္။"

"အမွန္ပဲ။ အသက္ဆယ့္ေျခာက္ႏွစ္မွာေတာင္  Curtis Institute of Music မွာ ဝင္ခြင့္ရေနၿပီ။ အသက္ဆယ့္ရွစ္ႏွစ္မွာ band ေခါင္းေဆာင္ ျဖစ္လာခဲ့တယ္။ သူ႔အသက္ ႏွစ္ဆယ့္ႏွစ္ႏွစ္မွာ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲေတြလုပ္ေနပုံပဲ။ ဒီေအာင္ျမင္မႈက လုံးဝကို ဟာသမဟုတ္တာ။"

"ေျပာရမယ္ဆိုရင္ ဝမ္မိသားစုရဲ႕ သားသမီးေတြထဲမွာ အႀကီးဆုံးသခင္ေလးဝမ္ က အေတာ္ဆုံးပဲ"

"အသံတိုးပါဟ၊ ဒုတိယသခင္ေလးက ဒီအနားမွာ ရွိေနတာ။"

ရွီယြင္နန္  ဘာမွေျပာသလို သူလည္း စိတ္မဆိုးပါ။

သူ႔အျမင္အရဆိုလည္း ဝမ္ရိေပရဲ႕ အရည္အခ်င္းက ၿပိဳင္စံရွားပင္။

သူ႔မ်က္လုံးမ်ားက စင္ေပၚကတစ္ဆင့္ ေလာ့လင္းရွန္းဆီေရာက္သြားကာ သူ႔ကိုယ္ေလးကိုေကြးၿပီးေျပာလိုက္သည္။ "ေလာ့လင္းရွန္း ခင္ဗ်ား ေဖ်ာ္ေျဖပြဲေတြသြားရတာ ႀကိဳက္လား ? ကြၽန္ေတာ့္ရဲ႕ ဆိုးဆိုးဝါးဝါးတေယာသံထက္စာရင္ အစ္ကို႔ရဲ႕ cello က ပို မိုက္တယ္။"

"တကယ္လား?"

"ဟုတ္တာေပါ့။ ခင္ဗ်ာရဲ႕နားေရာ  ဒီေန႔  ဧည့္သည္ေတြေရာ  အလကားေကာင္းခ်ီးေပးခံရမွာေနာ္။"

ရွီယြင္နန္ရဲ႕ စေနာက္ေနသည့္ အမူအရာေလးကို ျမင္ေသာအခါ ေလာ့လင္းရွန္းရဲ႕ မ်က္ႏွာအမူအရာေျပာင္းသြားေတာ့သည္။

ညီအစ္ကိုႏွစ္ဦးဟာ ရွစ္ႏွစ္႐ြယ္မွာပင္ မတူညီေသာပတ္ဝန္းက်င္တြင္ ႀကီးျပင္းလာခဲ့ၾကသည္။ ဝမ္မိသားစု ဝမ္ရိေပကို ဂ႐ုတစိုက္ ျပဳစု ပ်ိဳးေထာင္ခဲ့သည္ နဲ႔ ယွဥ္ရင္ ရွီယြင္နန္ရဲ႕ အေျခအေနမွာ လက္မခံႏိုင္စရာျဖစ္ၿပီး မေက်နပ္စရာပင္။

သို႔ေသာ္ ရွီယြင္နန္သည္ ဒီခ်ိဳ႕တဲ့မႈမ်ားကို ဝမ္ရိေပေခါင္းေပၚ ဘယ္တုန္းကမွ လႊဲမခ်ခဲ့ေပ။မဟုတ္ရင္ အရာရာတိုင္းကို ညည္းညဴတတ္ၿပီး စိတ္အားငယ္တဲ့ စ႐ိုက္မ်ိဳး ျဖစ္လာခဲ့မွာပင္။

ေလာ့လင္းရွန္းအျမင္မွာေတာ့  ရွီယြင္နန္သည္ အသန႔္ရွင္းဆုံး ခံစားခ်က္ႏွင့္ အေတြးရွိသူျဖစ္သည္—

သူ႔ကို တမင္ ရန္စတဲ့ သူေတြကိုဆို၊ သူက ေနရာမွာ တင္ ျပန္လက္စားေခ်ပစ္ၿပီး သူ႔ကို ဂ႐ုစိုက္တဲ့ သူေတြကိုဆို  သူခ်စ္တာကို ျပဖို႔ ဘယ္ေတာ့မွ တြန္႔တိုမေနခဲ့ေပ။

တေယာထိုးတံေလးကို စဆြဲလိုက္တာႏွင့္—

သာယာၿငိမ့္ေညာင္းသည့္ ေတးသြားေလးသည္ စင္ျမင့္ေပၚကေန ဆင္းသက္လာၿပီး လူတိုင္း၏နားကို ခ်က္ခ်င္းဖမ္းစားႏိုင္ခဲ့သည္။

ဝမ္ရိေပက အင္အားကို သိသိသာသာ ေတးသြားထဲမွာ ျမဳပ္ႏွံထားၿပီး  ဒီေတးသြားထဲမွာ ေမ်ာေနသည့္ စိတ္ခံစားခ်က္မ်ားကိုလည္း လ်စ္လ်ဴမရႈႏိုင္ေပ။  သူနဲ႔အတူ ဧည့္သည္အားလုံးအတြက္ အံ့ဖြယ္ဖို႔ေကာင္းသည့္ ကမာၻႀကီးတစ္ခု ဖန္တီးရန္ သူက celloကို တီးခတ္ေနသည္။

ေလာ့လင္းရွန္း မ်က္လႊာခ်လိုက္၏။ အသိအမွတ္ျပဳေပမယ့္ စိတ္ေတာ့မဝင္စား။

ထိုေန႔က ရွီယြင္နန္ စားေသာက္ဆိုင္ထဲမွာ တီးခတ္ခဲ့သည့္ ေတးသြားေလးကသာ သူ႔စိတ္ထဲတြင္ ေနရာယူထားသည္။

ရွီယြင္နန္ကေတာ့ ေလာ့လင္းရွန္းရဲ႕ အျပဳအမူမ်ားကို သတိမထားမိေပ။ ဒီအခ်ိန္မွာသူက သူ႔အစ္ကိုကိုသာ အာ႐ုံစိုက္ေန၏။

ငယ္ငယ္ေလးကတည္းက သူတို႔ မိခင္ကို ကတိေပးခဲ့သည့္အတိုင္း ဝမ္ရိေပက တေယာထိုးတံကို ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ ယုံၾကည္မႈရွိရွိ တီးခတ္ေနခဲ့သည္။ သူဟာ cello ႏွင့္ ေတးသြားမ်ားကို စိတ္ရင္းမွန္ျဖင့္ ရေအာင္ေလ့လာသင္ယူခဲ့သည္။

ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ားထဲတြင္ အားက်ၿပီး တမ္းတသည့္  အရိပ္အေယာင္မ်ား ျပည့္လွ်ံလာေသာ္လည္း  မနာလိုျဖစ္သည့္ အရိပ္အေယာင္မ်ိဳးေတာ့မရွိေပ။

သီခ်င္းက ၿပီးသြားေလၿပီ။

ခန္းမထဲမွာ လက္ခုပ္သံမ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာေတာ့၏။

ရွီယြင္နန္ လက္ခုပ္တီးလိုက္ၿပီး ေလာ့လင္းရွန္းကို ခ်က္ခ်င္းအာ႐ုံစိုက္လိုက္ကာ သူမေမးဘဲ မေနႏိုင္ေတာ့ေပ။  " ဘယ္လိုလဲ ေလာ့လင္းရွန္း? ကြၽန္ေတာ္အစ္ကိုတီးျပသြားတာ အရမ္း မေတာ္လြန္းဘူးလား?"

ေလာ့လင္းရွန္း သူ႔ကို စူးရွစြာ ၾကည့္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္တယ္။

"ကိုယ္ကေတာ့ မင္းတေယာတီးတာကို ပိုႀကိဳက္တယ္။"

ဝမ္ရိေပးအား လက္ခုပ္ဩဘာေပးၾကသူအားလုံးထဲတြင္ ေလာ့လင္းရွန္းရဲ႕စကားမ်ားကသာ ႀကိဳတင္သတိေပးျခင္းမရွိဘဲ ရွီယြင္နန္ကို ရည္ၫႊန္းေနတာျဖစ္၏။

ရွီယြင္နန္ရဲ႕ မ်က္လုံးေလး ဘာေၾကာင့္မွန္းမသိ ေအာင့္လာေတာ့သည္။ သူ အသက္ျပင္းျပင္းရွဴလိုက္ၿပီး ဝုန္းဒိုင္းႀကဲေနသည့္ သူ႔စိတ္ကို ထိန္းခ်ဳပ္လိုက္ကာ  "ေလာ့လင္းရွန္း"

"အမ္?"

"ေက်းဇူးတင္ပါတယ္"  ရွီယြင္နန္က ေလာ့လင္းရွန္းနားေလးနား ကပ္ကာေျပာလိုက္သည္။

ေလာ့လင္းရွန္း ၿပဳံးလိုက္ၿပီး ေတာင္းဆိုလိုက္သည္။  "ကိုယ္ ေ႐ႊငါးေလးအတြက္ ဆရာေကာင္းေကာင္းရွာေပးထားတယ္။ တကယ္လို႔ မင္းသင္ခ်င္ရင္ ေနာက္သူနဲ႔တူတူသင္ေလ။"

ရွီယြင္နန္က အျမန္ပဲ သေဘာတူလိုက္သည္။  "ေကာင္းၿပီ၊ ေနာက္ဆို အႀကီးေလးနဲ႔ အေသးေလးက ခင္ဗ်ားရဲ႕ စာၾကည့္ခန္းတံခါးကိုဖြင့္ၿပီး ဆူဆူညံညံအသံေတြနဲ႔  ခင္ဗ်ားနားေတြအူေအာင္ လာလုပ္မွာ။"

ေလာ့လင္းရွန္းက  ရွီယြင္နန္ရဲ႕ ဟာသစကားေလးကို စိတ္ကူးၾကည့္မိလိုက္ၿပီး သူ႔မ်က္လုံးမ်ားတြင္ မႏိုင္ဘူးဆိုတဲ့ အရိပ္အႁမြက္ေလးေတြေပၚလာေတာ့သည္—

ဒါက နည္းနည္းေတာ့ ဆူေကာင္းဆူႏိုင္ေပမယ့္ ၾကည့္ရတာ ရွီယြင္နန္ သူတူေလးနဲ႔ တူတူလုပ္ႏိုင္တဲ့ အရာျဖစ္ႏိုင္ေလာက္တယ္။

ေလာ့လင္းရွန္း ထုံးစံအတိုင္း သူ႔လက္ေခ်ာင္းထိပ္ေလးေတြကို ပြတ္သတ္လိုက္သည္။ ဘာေၾကာင္းမွန္းမသိ သူအဲ့ပုံစံေလးကို ေစာင့္ေမွ်ာ္ေနမိေနၿပီေလ။

ေျပာရမယ္ဆိုရင္ ရွီယြင္နန္ သူ႔ေဘးမွာေန႔တိုင္း ရွိေနဖို႔ကို သူေစာင့္ေမွ်ာ္ေနမိၿပီ။

(Rozu ျပန္တာကို သေဘာက်ရင္ ဒီpage ထဲက တန္ျပန္ခ်ဥ္းကပ္ျခင္းဆိုတဲ့ အပုဒ္ေလးကို click ေပးဖို႔ ေတာင္းဆိုပါရေစ click ပိုတိုးလာတာနဲ႔အမွ် update ေတြပိုျမန္လာမွာေနာ္ ^-^)

Continue Reading

You'll Also Like

67.5K 3.1K 16
'Чамд дурласандаа итгэж чадахгүй нь...' .... Анхаар!!! Тодорхой хэмжээний smut агуулагдсан болно. -Jaehwa
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
182K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...