Unicode
အပိုင်း (၅၁) နှေးကွေးသောပြောင်းလဲမှု(၁)
ယဲ့ကျန်းကမူ သူမ တောအုပ်ထဲတွင် လုပ်ခဲ့သောကိစ္စကြောင့် ဘာတွေ ဆက်ဖြစ်သွားမှန်း နားမလည်ထားပေ။ သူမ၏ခံစားချက်များကို မောင်းထုတ်ပြီးနောက် ထိုနောက်ဆုံးကျန်သော ဘရိုကိတ်အပိုင်းအစကို ဖျက်ဆီးလိုက်နိုင်ကတည်းက သူမ၏နှလုံးသားထဲရှိ ချစ်ခြင်းတရားများအားလုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ ဘာကိုမှ နောက်လှည့်ကြည့်ရန် မလိုအပ်တော့ပေ။
သို့သော် ဒါကပင် လုဝူရှန်းကို မော့ရုန်ကျန်း သံသယဝင်စေခြင်းဖြစ်သည်။
သူမ လေလွင့်ဝိညာဉ်ဖြစ်ခဲ့ချိန်က ယဲ့ကျန်းအနေဖြင့် မော့ရုန်ကျန်းသည် ထိုအချိန်က သူ့ကို ကယ်ခဲ့သောသူက လုဝူရှန်း မဖြစ်နိုင်ကြောင်းကို သံသယ တစ်ခါမှ မဝင်ခဲ့ဖူးခဲ့ပေ။ အများဆုံးအနေဖြင့် သည်လိုမမျှော်လင့်ထားသော အံ့ဩဖွယ်ဖြစ်ရပ်မျိုး ဖြစ်လာမည်ဟုလည်း ယဲ့ကျန်းကိုယ်တိုင် မမျှော်လင့်ထားခဲ့ပေ။
ရှင်းလင်းဖော်ပြ၍မရနိုင်သော ရုတ်တရက်ပြန်လည်မွေးဖွားလာခြင်းကို ဖယ်ထားလိုက်မည်ဆိုလျှင် ဒါက သူမအတွက် ကောင်းကင်ဘုံမှ ပေးအပ်သော လက်ဆောင်တော်ဖြစ်သည်။ ထိုလက်ဆောင်တော်က သူမ၏ညာဖက်လက်ဖဝါးတွင် ရှိနေခဲ့၏။
လင်းချွမ် ဒီလင်းချွမ်နဲ့ဆိုရင် ငါ ပိုပြီး ချောမောကြည့်ကောင်း ဖြူဖျော့လာလိမ့်မယ်။
အထက်တန်းလွှာမိသားစုများမှ သခင်မလေးများကဲ့သို့ ဖြူဖျော့လာခြင်းမရှိလျှင်ပင် သူမ မြို့တော်သို့ စရောက်ခဲ့ချိန်ကကဲ့သို့ တောရိုင်းမပုံစံထက် အများကြီးသာပေလိမ့်မည်။
သူမ၏အသားအရေက ယခင်ကကဲ့သို့ မည်းမှောင်ကာ ခြောက်သွေ့မနေတော့ပေ။ သူမ၏ပါးပြင်က နေလောင်ခံထားရခြင်းကြောင့် မဲကာနီစပ်နေခြင်းမှလည်း ပျောက်ကွယ်လာခဲ့ချေပြီ။ သူမ၏မျက်ဝန်းကလည်း ယခင်ကထက်ပို၍ ကြည်လင်လာခဲ့ကာ နေမကောင်းဖျားနာမှုကြောင့် မျက်ကွင်းမည်းခြင်းကလည်း သက်သာလာခဲ့၏။ သူမ၏ မျက်နှာအပြင် ခန္ဓာကိုယ်ကလည်း သိသိသာသာ ဖွံ့ထွားလာခဲ့သည်။
ယဲ့ကျန်းအနေဖြင့် အချို့သောပြောင်းလဲမှုများက သူမကို ပို၍ မိန်းမဆန်လာစေကြောင်း နားလည်နေသည်။ အထူးသဖြင့် ယခင်ကထက် သူမ၏ရင်က ပိုပြည့်လာသည်။ ယခင်အဝတ်များက နှစ်လက်မခန့် ပို၍ တိုသွားသည်။ သူမက အချိန်တိုအတွင်း အရပ်ရှည်လာခြင်းဖြစ်သည်။ ကံကောင်းသည်မှာ သူမ အဝတ်အသစ်များရထား၏။ မဟုတ်လျှင် ဝတ်ရန်သင့်လျော်သော အဝတ်အစားများပင် ရှိတော့လိမ့်မည်မဟုတ်ပေ။ သူမ၏အဝတ်တိုများအောက်မှ အတွင်းဝတ်များ ဆိုလျှင်လည်း သူမ၏အသားအရေနှင့်ပင် ရောင်ပြန်ဟပ်မတတ်ဖြစ်နေ၏။
“ဆရာမ ဝင်ခွင့်စာမေးပွဲမှာဖြေဆိုရမဲ့ အနုပညာခြောက်မျိုးမှာ တူရိယာတီးခတ်ခြင်းကလည်း ပါဝင်တယ်မဟုတ်လား၊ ပုံမှန်အားဖြင့် စစ်ဆေးတဲ့သူက ကုချင်းကို အသုံးပြုခိုင်းကြတယ်၊ ကျွန်မ အခြားတူရိယာကို သုံးလို့အဆင်ပြေနိုင်မလား”
ယဲ့ကျန်းအနေဖြင့် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရာတွင် သူမ၏ကုချင်းစွမ်းရည်ကို မပြသလိုပေ။ အကြောင်းမူကား ကုချင်း၏လက်ရာကိုကြည့်ရုံမျှဖြင့် ထိုလူအကြောင်း ပြောပြနိုင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ကုချင်းကိုတစ်ခါမှ ထိတွေ့ခဲ့ဖူးခြင်းမရှိသော နယ်မြို့လေးမှ တက်လာသည့် မိန်းကလေးတစ်ယောက်က ချက်ချင်း ထူးချွန်စွာတီးခတ်နိုင်သွားလျှင် ဒါက အလွန်သံသယဝင်ရန် ကောင်းနေပေလိမ့်မည်။
ယခင်ဝမ်ဖေးယဲ့ကျန်းက ကုချင်းတွင် အတော်ဆုံးတစ်ယောက်ဖြစ်ကြောင်း အင်ပါယာတစ်မြို့တော်လုံး သိကြသည်။ ထပ်ပြောရန် မလိုလောက်အောင် အမျိုးသမီးအကယ်ဒမီမှ ဆရာတိုင်းနီးပါး သိထားကြ၏။ ထိုထဲတွင် ဆရာမရှန်းကလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူမသည်လည်း တူရိယာတွင် အလွန်ကျွမ်းကျင်သော ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ယဲ့ကျန်း၏လက်ရာကို ကြည့်ရုံမျှဖြင့် သာမန်စတင်သင်ကြားခြင်း အဆင့်မဟုတ်မှန်း သိသွားပေလိမ့်မည်။
“ဒါဆိုရင် မင်းက ဘာကိုတီးခတ်ချင်တာလဲ”
ဆရာမရှန်းက မျက်မှောင်ကြုတ်သည်။ သူမ၏နဖူးကြောက တွန့်သွား၏။
လုယောင်ယောင်၏ပါရမီ၊ သူမ၏ လစ်လပ်ခြင်းများအတွက် သူမ စိုးရိမ်နေခြင်း မဟုတ်ပေ။ ထို့အစား သူမ၏ကျောင်းသူက အရာအားလုံးကိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေချင်ရုံမျှသာဖြစ်သည်။
ထိုအရာများအပြင် အကယ်ဒမီစာမေးပွဲက ချဉ်းကပ်ဝင်ရောက်လာနေခဲ့ချေပြီ။ ကုချင်းကို အသုံးပြုခြင်းကပို၍ အဆင်ပြေပြီး ကျွမ်းကျင်အဆင့် တက်မြောက်ရန် အချိန်လိုအပ်နိုင်သေး၏။
ဖြစ်နိုင်တာက တတိယသခင်မလေးက သူမနဲ့ပိုပြီးသင့်တော်တဲ့ တူရိယာကို ရှာတွေ့ထားလို့လား။
ဆရာမရှန်းက ထိုသို့တွေးလိုက်သည်။
“ဗုံပါ”
ယဲ့ကျန်းက သူမ ယခင်က သည်လိုပါရမီမျိုး မပြခဲ့ဖူးကြောင်း မှတ်မိသွားသည်။ မည်သူကမျှ သူမ ဗုံတီးနိုင်ကြောင်း မသိကြပေ။ သူမ၏အစေခံနှင့် သူမ၏ဖခင်ကသာလျှင် သိကြ၏။ သို့သော် သူတို့နှစ်ယောက်လုံး သေသွားခဲ့ကြချေပြီ။
ဆရာမရှန်းက သူမ၏လက်ပေါ် မေးစေ့ကိုတင်ထားလျက် ဒါက အကြံဆိုးမဟုတ်ဟု တွေးလိုက်သည်။
“ဗုံအမျိုးအစားတွေ အများကြီးရှိတာပဲ၊ မင်း ဘယ်တစ်ခုကို ရည်ရွယ်တာလဲ”
“ကခုန်ပြီး တီးခတ်ရတာပါ ဆရာမရှန်း”
သူမ၏ကုချင်းစွမ်းရည်ကို ထုတ်မပြဘဲ ကခုန်ရင်းမှ တီးခတ်ပြလိုက်ခြင်းကလည်း လိုအပ်ချက်နှင့် ကိုက်ညီသည်ဟု သူမထင်သည်။
ရှေးခေတ်အချိန်ကဆိုလျှင် ဗုံတီးခတ်ခြင်းက ကောင်းကင်လက်နက်ဟုပင် တင်စားကြသေး၏။ ဗုံက စစ်သည်တော်တွေကို အားအင်တက်ကြွစေရန် အားပေးနိုင်စွမ်းရှိသည်။ စတေးခြင်းအခမ်းအနားများ၊ အောင်ပွဲခံခြင်းအခမ်းအနားများ စသည်ဖြင့် အခမ်းအနားများတွင်လည်း တစ်စိတ်တစ်ပိုင်းပါဝင်၏။ ဗုံက လူတိုင်းကို စိတ်အားတက်ကြွအောင် လုပ်နိုင်စွမ်းအားရှိသည်။ သို့ရာတွင် အမျိုးသမီးများတွင် လုံလောက်သော ခွန်အားမရှိသည့်အတွက် တီးခတ်နိုင်ခြင်းက မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် သာမန်အားဖြင့် ရွေးခဲကြ၏။
ယဲ့ကျန်းကသာ ထူးခြားစွာ ဖျော်ဖြေလိုက်မည်ဆိုလျှင် သူမက အာရုံအများစုကို ဆွဲဆောင်နိုင်ပေလိမ့်မည်
ဆရာမရှန်းကလည်း တတိယသခင်မလေးသည် သူမ ထင်ထားသည်ထက် ဉာဏ်ကောင်းနေကြောင်း နားလည်လိုက်သည်။ ထို့အတွက် ကျေနပ်သွား၏။ ထိုကဲ့သို့ ဉာဏ်ကောင်းခြင်းက သူမ၏ယခင် တပည့်များထက်ပင် သာလွန်နေသေးလေသည်
“အရင်က တခြားသူတွေ ဗုံတီးတာကို ငါမမြင်ခဲ့ဖူးသေးဘူး၊ ဆိုတော့ ဗုံအကြီးတွေက ရှာဖို့ခက်လိမ့်မယ်”
ဆရာမရှန်းက ပြောသည်။
“ဗုံအကြီးတွေ လုပ်လို့ရတဲ့နေရာတစ်ခုကို ကျွန်မ သိထားတယ်၊ ဆယ်ရက်လောက် လိုနေသေးတာဆိုတော့ လေ့ကျင့်အဖို့အတွက်လည်း အဆင်ပြေမယ်လို့ ကျွန်မ ထင်တယ်”
ယဲ့ကျန်းက စိတ်လှုပ်ရှားစွာပြောသည်။
လက်ခုပ်တီးပြီးနောက် ဆရာမရှန်းက ဆုံးဖြတ်ချက်ပြတ်သားနေသော သူမကိုကြည့်သည်။
“မင်း အခုဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ပြဿနာမရှိတော့ဘူး၊ ကျန်တဲ့အနုပညာသုံးမျိုးကိုသာ အောင်နိုင်မယ်ဆိုရင် အဆင်ပြေသွားပြီ”
...
Zawgyi
အပိုင္း (၅၁) ေႏွးေကြးေသာေျပာင္းလဲမႈ(၁)
ယဲ့က်န္းကမူ သူမ ေတာအုပ္ထဲတြင္ လုပ္ခဲ့ေသာကိစၥေၾကာင့္ ဘာေတြ ဆက္ျဖစ္သြားမွန္း နားမလည္ထားေပ။ သူမ၏ခံစားခ်က္မ်ားကို ေမာင္းထုတ္ၿပီးေနာက္ ထိုေနာက္ဆုံးက်န္ေသာ ဘ႐ိုကိတ္အပိုင္းအစကို ဖ်က္ဆီးလိုက္ႏိုင္ကတည္းက သူမ၏ႏွလုံးသားထဲ႐ွိ ခ်စ္ျခင္းတရားမ်ားအားလုံးက ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ သူမ ဘာကိုမွ ေနာက္လွည့္ၾကည့္ရန္ မလိုအပ္ေတာ့ေပ။
သို႔ေသာ္ ဒါကပင္ လုဝူ႐ွန္းကို ေမာ့႐ုန္က်န္း သံသယဝင္ေစျခင္းျဖစ္သည္။
သူမ ေလလြင့္ဝိညာဥ္ျဖစ္ခဲ့ခ်ိန္က ယဲ့က်န္းအေနျဖင့္ ေမာ့႐ုန္က်န္းသည္ ထိုအခ်ိန္က သူ႕ကို ကယ္ခဲ့ေသာသူက လုဝူ႐ွန္း မျဖစ္ႏိုင္ေၾကာင္းကို သံသယ တစ္ခါမွ မဝင္ခဲ့ဖူးခဲ့ေပ။ အမ်ားဆုံးအေနျဖင့္ သည္လိုမေမွ်ာ္လင့္ထားေသာ အံ့ဩဖြယ္ျဖစ္ရပ္မ်ိဳး ျဖစ္လာမည္ဟုလည္း ယဲ့က်န္းကိုယ္တိုင္ မေမွ်ာ္လင့္ထားခဲ့ေပ။
႐ွင္းလင္းေဖာ္ျပ၍မရႏိုင္ေသာ ႐ုတ္တရက္ျပန္လည္ေမြးဖြားလာျခင္းကို ဖယ္ထားလိုက္မည္ဆိုလွ်င္ ဒါက သူမအတြက္ ေကာင္းကင္ဘုံမွ ေပးအပ္ေသာ လက္ေဆာင္ေတာ္ျဖစ္သည္။ ထိုလက္ေဆာင္ေတာ္က သူမ၏ညာဖက္လက္ဖဝါးတြင္ ႐ွိေနခဲ့၏။
လင္းခြၽမ္ ဒီလင္းခြၽမ္နဲ႔ဆိုရင္ ငါ ပိုၿပီး ေခ်ာေမာၾကည့္ေကာင္း ျဖဴေဖ်ာ့လာလိမ့္မယ္။
အထက္တန္းလႊာမိသားစုမ်ားမွ သခင္မေလးမ်ားကဲ့သို႔ ျဖဴေဖ်ာ့လာျခင္းမ႐ွိလွ်င္ပင္ သူမ ၿမိဳ႕ေတာ္သို႔ စေရာက္ခဲ့ခ်ိန္ကကဲ့သို႔ ေတာ႐ိုင္းမပုံစံထက္ အမ်ားႀကီးသာေပလိမ့္မည္။
သူမ၏အသားအေရက ယခင္ကကဲ့သို႔ မည္းေမွာင္ကာ ေျခာက္ေသြ႕မေနေတာ့ေပ။ သူမ၏ပါးျပင္က ေနေလာင္ခံထားရျခင္းေၾကာင့္ မဲကာနီစပ္ေနျခင္းမွလည္း ေပ်ာက္ကြယ္လာခဲ့ေခ်ၿပီ။ သူမ၏မ်က္ဝန္းကလည္း ယခင္ကထက္ပို၍ ၾကည္လင္လာခဲ့ကာ ေနမေကာင္းဖ်ားနာမႈေၾကာင့္ မ်က္ကြင္းမည္းျခင္းကလည္း သက္သာလာခဲ့၏။ သူမ၏ မ်က္ႏွာအျပင္ ခႏၶာကိုယ္ကလည္း သိသိသာသာ ဖြံ႕ထြားလာခဲ့သည္။
ယဲ့က်န္းအေနျဖင့္ အခ်ိဳ႕ေသာေျပာင္းလဲမႈမ်ားက သူမကို ပို၍ မိန္းမဆန္လာေစေၾကာင္း နားလည္ေနသည္။ အထူးသျဖင့္ ယခင္ကထက္ သူမ၏ရင္က ပိုျပည့္လာသည္။ ယခင္အဝတ္မ်ားက ႏွစ္လက္မခန္႔ ပို၍ တိုသြားသည္။ သူမက အခ်ိန္တိုအတြင္း အရပ္႐ွည္လာျခင္းျဖစ္သည္။ ကံေကာင္းသည္မွာ သူမ အဝတ္အသစ္မ်ားရထား၏။ မဟုတ္လွ်င္ ဝတ္ရန္သင့္ေလ်ာ္ေသာ အဝတ္အစားမ်ားပင္ ႐ွိေတာ့လိမ့္မည္မဟုတ္ေပ။ သူမ၏အဝတ္တိုမ်ားေအာက္မွ အတြင္းဝတ္မ်ား ဆိုလွ်င္လည္း သူမ၏အသားအေရႏွင့္ပင္ ေရာင္ျပန္ဟပ္မတတ္ျဖစ္ေန၏။
“ဆရာမ ဝင္ခြင့္စာေမးပြဲမွာေျဖဆိုရမဲ့ အႏုပညာေျခာက္မ်ိဳးမွာ တူရိယာတီးခတ္ျခင္းကလည္း ပါဝင္တယ္မဟုတ္လား၊ ပုံမွန္အားျဖင့္ စစ္ေဆးတဲ့သူက ကုခ်င္းကို အသုံးျပဳခိုင္းၾကတယ္၊ ကြၽန္မ အျခားတူရိယာကို သုံးလို႔အဆင္ေျပႏိုင္မလား”
ယဲ့က်န္းအေနျဖင့္ ဝင္ခြင့္စာေမးပြဲကိုေျဖဆိုရာတြင္ သူမ၏ကုခ်င္းစြမ္းရည္ကို မျပသလိုေပ။ အေၾကာင္းမူကား ကုခ်င္း၏လက္ရာကိုၾကည့္႐ုံမွ်ျဖင့္ ထိုလူအေၾကာင္း ေျပာျပႏိုင္ေနေသာေၾကာင့္ ျဖစ္သည္။ ထို႔အျပင္ ကုခ်င္းကိုတစ္ခါမွ ထိေတြ႕ခဲ့ဖူးျခင္းမ႐ွိေသာ နယ္ၿမိဳ႕ေလးမွ တက္လာသည့္ မိန္းကေလးတစ္ေယာက္က ခ်က္ခ်င္း ထူးခြၽန္စြာတီးခတ္ႏိုင္သြားလွ်င္ ဒါက အလြန္သံသယဝင္ရန္ ေကာင္းေနေပလိမ့္မည္။
ယခင္ဝမ္ေဖးယဲ့က်န္းက ကုခ်င္းတြင္ အေတာ္ဆုံးတစ္ေယာက္ျဖစ္ေၾကာင္း အင္ပါယာတစ္ၿမိဳ႕ေတာ္လုံး သိၾကသည္။ ထပ္ေျပာရန္ မလိုေလာက္ေအာင္ အမ်ိဳးသမီးအကယ္ဒမီမွ ဆရာတိုင္းနီးပါး သိထားၾက၏။ ထိုထဲတြင္ ဆရာမ႐ွန္းကလည္း တစ္ေယာက္အပါအဝင္ျဖစ္သည္။ သူမသည္လည္း တူရိယာတြင္ အလြန္ကြၽမ္းက်င္ေသာ ပညာ႐ွင္တစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ ယဲ့က်န္း၏လက္ရာကို ၾကည့္႐ုံမွ်ျဖင့္ သာမန္စတင္သင္ၾကားျခင္း အဆင့္မဟုတ္မွန္း သိသြားေပလိမ့္မည္။
“ဒါဆိုရင္ မင္းက ဘာကိုတီးခတ္ခ်င္တာလဲ”
ဆရာမ႐ွန္းက မ်က္ေမွာင္ၾကဳတ္သည္။ သူမ၏နဖူးေၾကာက တြန္႔သြား၏။
လုေယာင္ေယာင္၏ပါရမီ၊ သူမ၏ လစ္လပ္ျခင္းမ်ားအတြက္ သူမ စိုးရိမ္ေနျခင္း မဟုတ္ေပ။ ထို႔အစား သူမ၏ေက်ာင္းသူက အရာအားလုံးကိုလြယ္ကူစြာ လုပ္ေဆာင္ႏိုင္ေစခ်င္႐ုံမွ်သာျဖစ္သည္။
ထိုအရာမ်ားအျပင္ အကယ္ဒမီစာေမးပြဲက ခ်ဥ္းကပ္ဝင္ေရာက္လာေနခဲ့ေခ်ၿပီ။ ကုခ်င္းကို အသုံးျပဳျခင္းကပို၍ အဆင္ေျပၿပီး ကြၽမ္းက်င္အဆင့္ တက္ေျမာက္ရန္ အခ်ိန္လိုအပ္ႏိုင္ေသး၏။
ျဖစ္ႏိုင္တာက တတိယသခင္မေလးက သူမနဲ႔ပိုၿပီးသင့္ေတာ္တဲ့ တူရိယာကို ႐ွာေတြ႕ထားလို႔လား။
ဆရာမ႐ွန္းက ထိုသို႔ေတြးလိုက္သည္။
“ဗုံပါ”
ယဲ့က်န္းက သူမ ယခင္က သည္လိုပါရမီမ်ိဳး မျပခဲ့ဖူးေၾကာင္း မွတ္မိသြားသည္။ မည္သူကမွ် သူမ ဗုံတီးႏိုင္ေၾကာင္း မသိၾကေပ။ သူမ၏အေစခံႏွင့္ သူမ၏ဖခင္ကသာလွ်င္ သိၾက၏။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး ေသသြားခဲ့ၾကေခ်ၿပီ။
ဆရာမ႐ွန္းက သူမ၏လက္ေပၚ ေမးေစ့ကိုတင္ထားလ်က္ ဒါက အၾကံဆိုးမဟုတ္ဟု ေတြးလိုက္သည္။
“ဗုံအမ်ိဳးအစားေတြ အမ်ားႀကီး႐ွိတာပဲ၊ မင္း ဘယ္တစ္ခုကို ရည္႐ြယ္တာလဲ”
“ကခုန္ၿပီး တီးခတ္ရတာပါ ဆရာမ႐ွန္း”
သူမ၏ကုခ်င္းစြမ္းရည္ကို ထုတ္မျပဘဲ ကခုန္ရင္းမွ တီးခတ္ျပလိုက္ျခင္းကလည္း လိုအပ္ခ်က္ႏွင့္ ကိုက္ညီသည္ဟု သူမထင္သည္။
ေ႐ွးေခတ္အခ်ိန္ကဆိုလွ်င္ ဗုံတီးခတ္ျခင္းက ေကာင္းကင္လက္နက္ဟုပင္ တင္စားၾကေသး၏။ ဗုံက စစ္သည္ေတာ္ေတြကို အားအင္တက္ႂကြေစရန္ အားေပးႏိုင္စြမ္း႐ွိသည္။ စေတးျခင္းအခမ္းအနားမ်ား၊ ေအာင္ပြဲခံျခင္းအခမ္းအနားမ်ား စသည္ျဖင့္ အခမ္းအနားမ်ားတြင္လည္း တစ္စိတ္တစ္ပိုင္းပါဝင္၏။ ဗုံက လူတိုင္းကို စိတ္အားတက္ႂကြေအာင္ လုပ္ႏိုင္စြမ္းအား႐ွိသည္။ သို႔ရာတြင္ အမ်ိဳးသမီးမ်ားတြင္ လုံေလာက္ေသာ ခြန္အားမ႐ွိသည့္အတြက္ တီးခတ္ႏိုင္ျခင္းက မျဖစ္ႏိုင္ခဲ့ေပ။ ထို႔ေၾကာင့္ သာမန္အားျဖင့္ ေ႐ြးခဲၾက၏။
ယဲ့က်န္းကသာ ထူးျခားစြာ ေဖ်ာ္ေျဖလိုက္မည္ဆိုလွ်င္ သူမက အာ႐ုံအမ်ားစုကို ဆြဲေဆာင္ႏိုင္ေပလိမ့္မည္
ဆရာမ႐ွန္းကလည္း တတိယသခင္မေလးသည္ သူမ ထင္ထားသည္ထက္ ဉာဏ္ေကာင္းေနေၾကာင္း နားလည္လိုက္သည္။ ထို႔အတြက္ ေက်နပ္သြား၏။ ထိုကဲ့သို႔ ဉာဏ္ေကာင္းျခင္းက သူမ၏ယခင္ တပည့္မ်ားထက္ပင္ သာလြန္ေနေသးေလသည္
“အရင္က တျခားသူေတြ ဗုံတီးတာကို ငါမျမင္ခဲ့ဖူးေသးဘူး၊ ဆိုေတာ့ ဗုံအႀကီးေတြက ႐ွာဖို႔ခက္လိမ့္မယ္”
ဆရာမ႐ွန္းက ေျပာသည္။
“ဗုံအႀကီးေတြ လုပ္လို႔ရတဲ့ေနရာတစ္ခုကို ကြၽန္မ သိထားတယ္၊ ဆယ္ရက္ေလာက္ လိုေနေသးတာဆိုေတာ့ ေလ့က်င့္အဖို႔အတြက္လည္း အဆင္ေျပမယ္လို႔ ကြၽန္မ ထင္တယ္”
ယဲ့က်န္းက စိတ္လႈပ္႐ွားစြာေျပာသည္။
လက္ခုပ္တီးၿပီးေနာက္ ဆရာမ႐ွန္းက ဆုံးျဖတ္ခ်က္ျပတ္သားေနေသာ သူမကိုၾကည့္သည္။
“မင္း အခုဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုမွေတာ့ ျပႆနာမ႐ွိေတာ့ဘူး၊ က်န္တဲ့အႏုပညာသုံးမ်ိဳးကိုသာ ေအာင္ႏိုင္မယ္ဆိုရင္ အဆင္ေျပသြားၿပီ”
...