Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[43]

313 17 0
By --KO--

[Unicode]

စိတ်အခြေအနေ တည်ငြိမ်သွားသည့်အခါတွင် ပြဒါးရံအား သွားတွေ့ရန် ကိုယ့်ကိုကိုယ် မကြာခဏတွန်းအားပေးလျက် ချော့မော့နေသော်လည်း ထင်ထားသည့်အတိုင်း အဆင်ပြေမနေခဲ့သည်ပေ။ အရာအားလုံးက ခက်ခဲသည်ထက်ပိုနေသောကြောင့် ဖြစ်လေသည်။ တိမ်ယံဆင့်အတွက် ခက်ခဲသည်ဆိုသည်က မဖြစ်နိုင်သည့် ကိစ္စရပ်ဖြစ်သော်လည်း ပြဒါးရံနှင့်ပက်သက်လာလျှင် ဘာမဆိုဖြစ်နိုင်သည်မှာ ထိုသူနှင့်ပက်သက်သမျှသော အားနည်းချက်တွေထဲက တစ်ခုပင်ဖြစ်လေသည်။ ဆေးရုံပေါ်တွင် စိတ်ထောင်းကိုယ်ကျေဖြစ်နေသော ယွန်းဟေမီခမျာ ကုတင်ပါ်က ပြဒါးရံ၏ မျက်နှာကိုမြင်တိုင်း မျက်ရည်များက သူမမျက်ဝန်းအိမ်တွင် ခိုအောင်းနေတတ်ကာ ဝမ်းနည်းစိတ်က ဘေးတွင်ယှဉ်တွဲ၍ အဖော်ပြုနေတတ်ပါတော့သည်။ အကယ်၍များ ရံလေး နိုးလာတဲ့အခါကျရင် တိမ်ယံဆင့်ကို အကုန်ပြောပြခဲ့သည့်အတွက် ပြဒါးရံက သူမကို စိတ်နာသွားမလားမသိနိုင်ပေ။ ထိုကဲ့သို့ ဖြစ်သွားမည်ဆိုလည်း ကြည်ကြည်ဖြူဖြူ ယွန်းဟေမီလက်ခံနိုင်ပါသေးသည်။ လိုအပ်တာတစ်ခုထဲမှာ ပြဒါးရံ ပြန်နိုးလာဖို့ တစ်ခုထဲပင် ဖြစ်ပါလေတော့သည်။

" ရံလေး...... ဘယ်အချိန်ထိ ဆက်ပြီးအိပ်နေဦးမှာလဲ "

အသံတိုးတိုးလေးသည် အားနည်းလျော့ရွဲလှစွာဖြင့် ယွန်းဟေမီ၏ နှုတ်ခမ်းမှထွက်ကျလာလေသည်။ အကယ်၍ အသိစိတ်သာကပ်နေခဲ့လျှင် ယွန်းဟေမီမှာ မိမိ၏အသံဟု ယုံနိုင်ဖွယ်ရာ မရှိပေ။ အမြဲတတ်ကြွကာ ပြုံးရယ်တတ်သော သူမက အခုတော့ဖြင့် အားနည်းအထီးကျန်သည့် ပုံရိပ်အား ထုတ်ပြထားသလို ဖြစ်နေပါတော့သည်။ သက်ပြင်းချလိုက်ပြီး လက်ကောက်ဝတ်က နာရီကို ထုတ်ကြည့်လိုက်ချိန်တွင် သူမ၏အလုပ်ချိန်က အတော်လေးနီးနေပြီဖြစ်လေသည်။ ပိုက်ဆံအိတ်ကို လက်ကကိုင်လိုက်ပြီး စိတ်မကောင်းဖြစ်နေသော မျက်နှာထားနှင့် အခန်းထဲမှထွက်လာကာ အလုပ်ဆီသာ ဦးတည်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် အိပ်ခန်းထဲတွင် တစ်ကမ္ဘာတည်နေသော တိမ်ယံဆင့်ထံသို့ မမျှော်လင့်ထားသည့် ဧည့်သည်က ‌ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။

" တိမ်ယံဆင့်.... ငါသာမလာရင် မင်းဒီတိုင်းဆန့်ဆန့်ကြီးပဲ သေသွားတော့မှာလား "

" ရှင်း ငါ့ကိုနည်းနည်းလောက် ပိုအိပ်ခွင့်ပေးစမ်းပါဦး "

" ထပ်ပြီးဟန်ဆောင်မနေနဲ့တော့ ဘယ်ချိန်ထိထွက်ပြေးနေမှာလဲ "

" ငါထွက်ပြေးနေတာမဟုတ်ဘူး..... ခဏပုန်းနေတာ "

ခေါင်းခါလိုက်ကာ လေပြေရှင်းတစ်ယောက် အခန်းထဲမှထွက်လာရင်း မီးဖိုချောင်ဆီသွားလိုက်လေသည်။ ၎င်းက ပြန်ပြင်လို့မရသည့် မဟာအမှားကြီးမှန်းသာ သိခဲ့လျှင် သူသေချာပေါက်ဝင်သွားခဲ့မှာ မဟုတ်ပေ။ ရှုပ်ပွနေမှုမှာ သာမာန်သွေးရိုးသားရိုးမဟုတ်ဘဲ သူခိုးဝင်မွှေထားသလားဟုတောင် အမှတ်မှားမိစရာပင်ဖြစ်သည်။ ၃ နှစ်လောက်တစ်ယောက်ထဲနေလာလဲ အချိုးကပြောင်းမသွားဘူးဟု လေပြေရှင်းတွေးလိုက်ပြီး တိမ်ယံဆင့်၏ ၃နှစ်တာ နှိပ်စက်မှုကို ခံလာရသော jace ကိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတော့သည်။

သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် မနက်စာပါ တစ်ခါတည်းပြင်ဆင်လိုက်ကာ ချစ်လှစွာသော သူငယ်ချင်းကို စားတော်တည်ရန် ပင့်ရပါသေးသည်။ မကြည်လင်သော မျက်နှာနှင့် ထမင်းစားပွဲဝိုင်းထံ မပါချင်ပါချင် ပါလာသော်လည်း ငေးငေးငိုင်ငိုင် လုပ်နေဆဲပင်။

" စား.... အချိန်မှန်လည်း ထမင်းမစားဘူး ပိန်သွားရင် ဘယ်လိုလုပ်မလဲ "

" ရှင်း တစ်ကယ်လိုများ သူနိုးမလာတော့ရင် ဘယ်လိုလုပ်မလဲ "

ဤသည်မှာ တိမ်ယံဆင့် တစ်ချိန်လုံး စဉ်းစားနေသော မေးခွန်းဖြစ်လေသည်။ ပြဒါးရံသာ ပြန်နိုးမလာခဲ့ရင် သူဘာဆက်လုပ်ရမလဲ။ ထိုမေးခွန်းအား ရှင်းကို မေးလိုက်ချိန်တွင် ပတ်ဝန်းကျင်ဟာ တစ်ခဏတာ တိတ်ဆိတ်သွားလေသည်။ ရှင်း လက်ထဲ၌ကိုင်ထားသော ဇွန်းမှာ လေထုအလယ်တွင် ရပ်တန့်နေလျက်သား ၊ပါးစပ်ထဲရှိ ထမင်းတစ်လုပ်မှာလည်း ဆက်လက်ဝါးနေခြင်း မခံရတော့သလို ၊ မျက်ဝန်းများမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း စုံနေလျက်ပင် ဖြစ်ပါတော့သည်။

" မင်း တစ်ချိန်လုံးကို ဒါပဲစဉ်းစားနေတာလား "

" အင်း.... တစ်ကယ်လို့.... "

" တစ်ကယ်လို့ဆိုတာ မရှိဘူး ။သူသေချာပေါက်နိုးလာမှာ.... ငါကအဲ့လိုဖြစ်အောင် လုပ်ပေးမှာ ။ ဆင့် မင်းသာလိုချင်ရင် ငါငရဲပြည်ထိ သွားပြီးတော့ပဲဖြစ်ဖြစ် ပြဒါးရံကို သေချာပေါက် ပြန်ခေါ်လာပေးမယ် "

" ......... "

" အဲ့တာကြောင့် ကိုယ့်ကိုကိုယ် အပြစ်နေတာမျိုး ထပ်တွေးမနေနဲ့တော့ "

" ငါမလုပ်ပါဘူး "

" အရူးလေး..... ငါမင်းနဲ့ နှစ်တွေအကြာကြီး အတူနေလာတာ မင်းဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ငါအကုန်မြင်နေရတယ်။ ထပ်ပြီး ချုပ်တည်းမထားနဲ့တော့ ဒီနေ့တစ်ရက်တော့ ငါ့ပုခုံးကိုဌားပေးမယ် "

စကားဆုံးသည်နှင့် အဖြူရောင်အင်္ကျီကို ဆင်မြန်းထားသော လေပြေရှင်းမှာ ထိုင်ခုံမှထလာပြီး ဆင့်ကိုပွေ့ဖက်ထားလိုက်လေသည်။
ဒီနေ့တစ်ရက်တော့ စိတ်ကြိုက်ငိုလိုက် ..... ဒီနေ့ပြီးသွားရင် မင်းမှာ မျက်ရည်ကျခွင့်မရှိတော့ဘူး ဆင့်။

လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် ငိုချင်စိတ်ကို သည်းခံထားသော ဆင့်ခမျာ ရှင်း၏စကားများကြောင့်  ဟန်ချက်ပျက်လာခဲ့လေသည်။ သူသည်အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ဖူးပါသော်လည်း ပြဒါးရံဆိုသော လူတစ်ယောက်ကြောင့် မကြာခဏဆိုသလို အားနည်းခံများကို ဖော်ပြခံရလျက် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ငိုကြွေးခဲ့ရဖူးသည်ပေ။

" တစ်ကယ်ပဲ....ငါဘာကြောင့် မျက်ရည်လွယ်တဲ့လူတစ်ယောက် ဖြစ်သွားရတာလဲ "

စိတ်ထဲမှ ကျိန်ဆဲလိုက်ကာ ရှင်းရဲ့ ခါးကို ဖက်လိုက်ပြီး မျက်နှာအပ်ကာ ငိုနေလိုက်မိပါတော့သည်။ ကျောပြင်မှာ တသိမ့်သိမ့်တုန်ယင် နေခဲ့ကာ ရှင်းရဲ့ လက်တစ်ဖက်က ခေါင်းကိုပွတ်သပ်ပေးနေပြီး ကျန်လက်တစ်ဖက်ကတော့ ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးနေကာ နှစ်သိမ့်ပေးနေခဲ့သည်။

အကြောင်းပြချက်တွေ တသီကြီးပေးနေလည်း ရှင်းက အထပ်ထပ်ဖုံးကွယ်ထားသော အလွှာများကြားမှ အမှန်တရားကို မြင်နိုင်စွမ်းရှိလေသည်။ အချိန်တစ်ခုအကြာတွင် အသံကိုအတတ်နိုင်ဆုံးထိန်းလျက် ခေါင်းမော့ကာ ရှင်း ထံသို့မေးမြန်းလိုက်သည်။

" ဘယ်ချိန်ထဲက အကုန်သိနေခဲ့တာလဲ "

" မင်း အက်စီးဒင့် ဖြစ်တဲ့နေ့က "

အသံသည်ကား သိမ်မွေ့မှုများအပြည့်ဖြင့် ပြန်ဖြေလာခဲ့လေသည်။ ဆင့် အနေဖြင့် မလှုပ်မယှက် နားထောင်ရန် ကြံစည်လိုက်သော်လည်း လေပြေရှင်းက ထိုင်ချလာကာ ဆင့်၏ လက်ဖမိုးကို ဆုပ်ကိုင်လာခဲ့သည်။ ယခုအနေအထားမှာ ဆင့်က လေပြေရှင်းကို ငုံ့ကြည့်နေသော အနေအထားဖြစ်ပြီး ရှင်းက ပြန်၍ မော့ကြည့်နေခဲ့သည့် အသွင်ဖြစ်သည်။

" ရုတ်တရက်ကြီး ပြဒါးရံက ဆေးရုံပေါ်ရောက်လာပြီး ခွဲစိတ်ခန်းထဲ ဝင်နေတဲ့မင်းကို ဘေးကင်းရဲ့လားဆိုပြီး ငါ့ကိုမေးလာခဲ့တယ်။ အဲ့တုန်းက ငါ့ခေါင်းထဲမှာ တစ်ခုပဲရှိတယ် .... ဖြစ်ခဲ့သမျှအားလုံးက ပြဒါးရံကြောင့် ဆိုတာတွေပဲ။ ငါသူ့ကိုတွေ့တွေ့ချင်း သတ်ပစ်ချင်ခဲ့တာ။ ငါ့ဒေါသကိုမထိန်းနိုင်ဘဲ စုတ်ပြတ်သတ်လောက်အောင် သူ့မျက်နှာကို ထိုးကြိတ်ပစ်ပြီး သွေးတွေမတရားစီးကျလာတာတောင် ငါအသိစိတ်မကပ်နိုင်သေးဘူး။ နောက်ဆုံး သတ်ပစ်မိဖို့ အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှ ဆေးရုံက လုံခြုံရေးတွေ ဝင်ဆွဲတာကြောင့် ကံကောင်းသွားတာ။ "

ရှင်းတစ်ယောက် တိမ်ယံဆင့်၏ မျက်လုံးများကိုကြည့်ပြီး ဆက်ပြောလာခဲ့လေသည်။

" နံရိုးကျိုးသွားတာရယ် အပြင်ပိုင်းဒဏ်ရာ‌တွေကို ခွဲစိတ်မှု အနည်းငယ်လုပ်ပြီး ဆရာဝန်ပြောခဲ့တာက "

ရှင်းခမျာ အတော်ကြာသည်အထိ ဆက်ပြောမလာခဲ့ပေ။ ထို့ကြောင့် တိမ်ယံဆင့်က ရှင်းနှုတ်ဖျားက ထွက်မလာသော စကားတို့ကို ကူညီဖြည့်စွက်ပေးလိုက်သည်။

" ငါ့မျက်လုံးတွေ မမြင်နိုင်တော့ဘူးတဲ့လား "

" အင်း "

ပတ်ဝန်းကျင်ဟာ တအင်္ဂမျှတိတ်ဆိတ်သွားပြန်ပါသည်။ မကြာခင်တွင် ရှင်း နူးညံ့စွာဖြင့် ဆက်ပြောလာခဲ့ပြီး တိမ်ယံဆင့်၏ မျက်ဝန်းအိမ်ထဲမှ မျက်ရည်တစ်စက်မှာ အချင်းချင်းဆုပ်ကိုင်ထားပါသော ရှင်း လက်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ နွေးလည်းနွေးထွေးနေခဲ့သလို တစ်နည်းတစ်ဖုံလည်း ပူလောင်နေခဲ့ပါသည်။

" သေချာပေါက် ငါ့ရဲ့ဒေါသတွေက ပြဒါးရံဆီပဲ ပိုပြီးပုံကျခဲ့တာပေါ့။ မင်းအတွက် ကံကြမ္မာက ဘက်လိုက်လွန်းရာ ကျတယ်လို့ ငါထင်ခဲ့တာလေ ။ ဒါပေမယ့် ပြဒါးရံက ငါ့ကိုဒူးထောက်ပြီးပြောလာခဲ့တယ် "

" ဆင့်အတွက် မျက်ကြည်လွှာလှူပေးပါရစေ "

" ခင်ဗျားရဲ့ ညစ်ပတ်တဲ့ မျက်လုံးတွေကို ကျွန်တော့် သူငယ်ချင်းကိုပေးမလို့လား "

အင်္ကျီကော်လံစကို ဆွဲကိုင်လိုက်ပြီး ရှင်းရဲ့ လက်သီးတစ်ချက်က ပြဒါးရံမျက်နှာပေါ် ကျရောက်သွားခဲ့သည်။

" ခင်ဗျားနဲ့ မတန်ဘူး..... ဆင့်ရဲ့ နာမည်ကိုခေါ်ဖို့တောင် ခင်ဗျားနဲ့မတန်ဘူး "

" ကျေးဇူးပြုပြီး လှူခွင့်ပေးပါ ရှင်း ။ ဆင့်အတွက်ဆို ဘာပဲလုပ်ပေးရ လုပ်ပေးနိုင်တယ် "

" ကျွန်တော့် သူငယ်ချင်းကို ကျွန်တော့်ဘာသာကုနိုင်တယ် ခင်ဗျားအကူအညီမလိုဘူး။ ဘယ်တော့မှ ဆင့် ရှေ့မှာ ထပ်ပေါ်မလာစေနဲ့ အဲ့ခါကျရင် ခင်ဗျားကို တကယ်အတည် သတ်ပစ်မယ် "

" နောက်တော့ကော "

" အမ် ! "

တိမ်ယံဆင့်၏ အမေးကြောင့် ရှင်း ရုတ်တရက်ကြောင်အသွားပြီး စကားလုံးများက အတိတ်ကိုပြန်လည် လွမ်းဆွတ်တမ်းတကြကုန်သည်။
နောက်တော့ ဘာဆက်ဖြစ်ကြလဲ
ဆင့်က ထပ်မေးလာခဲ့သည်။

" နောက်တော့...... အခြေအနေအရမ်းဆိုးနေတဲ့ မင်းကြောင့် ငါနောက်တစ်လှမ်း ဆုတ်ပေးလိုက်တာ။ ပြဒါးရံက သူကိုယ်တိုင်ငါ့ကို ပြောလာတယ်...... တိမ်ယံဆင့်အတွက်ဆိုရင် သူသေပေးဖို့တောင် ဆန္ဒရှိတယ်တဲ့ မျက်ကြည်လွှာလှူတာလောက်က အသေးအဖွဲလေး တစ်ခုပါပဲတဲ့ "

ဤသည်ကား လေပြေရှင်း၏ တမင်ချဲ့ကားပြောဆိုခြင်း မဟုတ်ရပါချေ။ အမှန်တစ်ကယ်ပင် ပြဒါးရံဟာ ထိုကဲ့သို့ပြောရင်း ရှင်းဆီက ယုံကြည်မှုကိုရယူရန် ကြိုးပမ်းခဲ့ဖူးလေသည်။

ကျန်တာတွေအားလုံး မယုံလို့ရပေမယ့် တိမ်ယံဆင့်နဲ့ ပက်သက်လာရင် သူက ကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်တစ်ခုပင် ဖြစ်ပါလင့်ကစား ထိုကြိုးကို ထိန်းချုပ်မည့် သူဟာလည်း ဆင့်တစ်ယောက်ထဲသာ ဖြစ်ရပါလိမ့်မည်ဟု ပြဒါးရံဟာ နှလုံးသွင်းထားသည်မှာ မကြည့်ဘဲမြင်နေရသည့် အမှန်တရားတစ်ခုပင် ဖြစ်ချေ၏။

အတိတ်ကအမုန်း‌တွေ ပစ္စပ္ပုန်ကို လှိုင်းတံပိုးရိုက်ခပ်လေတိုင်း ပြဒါးရံအတွက် ချစ်ခဲ့ကြဖူးတယ်ဆိုတဲ့ အသိလေးနဲ့တင်  လက်နက်ချဒူးထောက်ဖို့ လုံလောက်နေခဲ့လေပြီ။

" သတင်းစာ ရှင်းလင်းပွဲကကိစ္စ မျက်ကြည်လွှာ အစားထိုး ကုသပေးမှုပြီးတဲ့နောက်မှာ ပြဒါးရံ ငါ့ကိုအမှန်တိုင်းပြောပြခဲ့တယ်။ သူထပ်ကာထပ်ကာ တောင်းဆိုခဲ့တာက ဒီအကြောင်းတွေ မင်းကိုဘယ်တော့မှ မပြောပြပါနဲ့တဲ့ "

" ရှင်း "

" ...... "

" မင်းပြောကြည့် ငါကပြန်ပြင်လို့မရတဲ့ အမှားတွေကို ကျူးလွန်မိခဲ့ပြီလား "

" မဟုတ်ပါဘူး.... မင်းကအမြဲတမ်း ခွင့်လွှတ်မှုနဲ့ ထိုက်တန်တဲ့လူပါ "

" မင်းအမြဲအဲ့လိုပြောခဲ့တာပဲလေ..... ငယ်ငယ်ထဲကနေ ခုချိန်ထိ တစ်ခါမှငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဖူးဘူး။ ငါဘာပဲလုပ်လုပ် မင်းစိတ်မဆိုးဘူး ..... ငါဘာတွေပဲမှားမှား မင်းအမြဲခွင့်လွှတ်တယ် "

" သေချာတာပေါ့ တိမ်ယံဆင့်ဆိုတဲ့လူက သူများနဲ့မတူဘူးလေ။ ငါ့အတွက်တော့ မင်းက အခွင့်ထူးခံပဲ "

ခပ်ဖွဖွတစ်ချက်ရယ်လိုက်ပြီး မျက်နှာကိုဘေးဘက်သို့ လွှဲကာပြုမူလိုက်သည်။ ရှင်းက ဒီလိုချိုအီတဲ့စကားတွေကို ပြောတတ်သေးတာပဲလားဟု ဆင့် တွေးလိုက်ရင်း ဟန်လုပ်၍ ချောင်းအတုဆိုးလိုက်ပါသေးသည်။ သေချာပေါက် ရှင်းကလည်း သူနဲ့ထပ်တူ ရယ်နေခဲ့ပါ‌သည်။

" အဲ့တော့ အခုအိမ်ကိုလာတာက ငါ့ကိုနှစ်သိမ့်ပေးဖို့ပဲလား "

" ပြဒါးရံဆီ သွားရအောင်..... သူ့ကိုသွားတွေ့ပြီး မင်းပြောချင်တာ‌တွေ .... မင်းအပြစ်တင်ချင်တာတွေကို ဖွင့်ထုတ်ပစ်လိုက်။ သူပြန်သတိမရသေးလဲ မင်းသူ့အနားမှာ ရှိနေလို့ရတာပဲ ထပ်ပြီးတော့ အခွင့်အရေးကို လက်လွှတ်မခံနဲ့တော့ ဟုတ်ပြီလား။ "

လေပြေရှင်း၏ ခေါ်ဆောင်ရာ နောက်ဆုံးပန်းတိုင်သည် ပြဒါးရံရှိရာ ဆေးရုံပင်ဖြစ်ချေ၏။ တစ်ချိန်လုံး ရှင်း သူ့လက်ကိုမဖြုတ်ဘဲ ဆွဲကိုင်ထားပုံမှာ နောက်တစ်ကြိမ်ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့်ပေလား သို့တည်းမဟုတ် စိတ်ထင်ရာလုပ်တတ်သည့် ‌သူ့ကြောင့်လားဆိုတာပင် မသိတော့ချေ။

ယခုချိန်တွင် ဆေးသွင်းပိုက်တွေအပြည့်နဲ့ ဖြစ်နေမည့် ကုတင်ပေါ်က ပြဒါးရံ၏ ပုံရိပ်ကို တိမ်ယံဆင့် မှန်းကြည့်စရာတောင် မလို‌အပ်တော့ပေ။ ထင်ထားသည့်အတိုင်း ရှင်းက တံခါးကိုဆွဲဖွင့်လိုက်သည့်အခါတွင် အရာဝတ္ထုတွေအားလုံးဟာ လေဟာနယ်ထဲ ပျံ့လွင့်နေပြီး အသိစိတ်တည်းတည်းကလေးကသာ ကျန်ရှိနေခဲ့လေသည်။ ပြဒါးရံသည်ကား အမှန်တစ်ကယ်ပင် ဆေးသွင်းပိုက်တန်းလန်းနှင့် ဆေးရုံကုတင်ပေါ်တွင် ရှိနေခဲ့လေသည်။

" ဝင်သွားလိုက် ငါအပြင်မှာစောင့်နေမယ် "

ရှင်း ဆီမှထွက်လာသော စကားများပင်ဖြစ်လေပြီး သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသော်ငြား ရှင်း ပြောသည့်စကားများကို မကြားမိနိုင်ခဲ့ပေ။ စိတ်အစဉ်မှာ ခြောက်ခြားလွန်းစွာဖြင့် ဆွဲငင်ညှို့ယူခြင်းခံရကာ မျက်ဝန်းအကြည့်များမှာလည်း ကုတင်ပေါ်က တစ်ဦးတည်းသော လူဆီသာ ဌာနေတည်လျက်သား။ တောင့်တင်းနေသော အနေအထားဖြင့် အခန်းထဲဝင်သွားလိုက်ချိန်တွင် လေပြေရှင်းမှာ တံခါးဆွဲပိတ်လိုက်လေသည်။

ကုတင်ဘေးတွင်ရှိနေသော ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ကာ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသလို တိမ်ယံဆင့်ကလည်း အသံမပြုခဲ့ပေ။ အချိန်အတိုင်းအတာတစ်ခုထိ အပ်ကျ‌သံပင်မကြားရအောင် တိတ်ဆိတ်မှုက ကြီးစိုးနေပါတော့သည်။ သို့သော် ဆင့်၏ ဦးနှောက်လှိုင်းထဲမှာတော့ အပြင်ဘက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ကာ ဗလောင်ဆူယောက်‌ယက်ခတ် နေခဲ့တော့သည်။

ပြဒါးရံအား ကြည့်ရသည်မှာ _ အားနည်းလှသည့် ခန္ဓာကိုယ်လေးမှာ ကုတင်ပေါ်မှာ ပျော့ခွေနေလျက်နဲ့ပင်ဖြစ်ကာ အသက်ရှုနှုန်းများမှာလည်း တိုးညှင်းဖျော့တော့လှချေ၏။ နှုတ်ခမ်းတစ်စုံနှင့် အသားအရေတို့မှာ သွေးရောင်ကင်းမဲ့နေသည့်အပြင် နှင်းပွင့်ဖတ်လေးပမာ ဖြူဆုတ်နေခဲ့သည် ဖြစ်လေသည်။ လှုပ်ရှားမှုကင်းမဲ့နေသည့် အသွင်အပြင်မှာ တစ်နည်းတစ်ဖုံ ကြေကွဲဖွယ်ကောင်းနေ‌ခဲ့သည့်အပြင် တိမ်ယံဆင့်၏ ရင်ဘတ်တစ်ခြမ်းအား အတိုင်းမသိမွန်းကြပ်စေလေသည် ။

" ကျွန်တော်.... ဒီကိုလာဖို့အတော်လေး စဉ်းစားခဲ့ရတာ ။ရုတ်တရက်ကြီး ကျွန်တော့် သတ္တိတွေ အစရှာမရအောင် ပျောက်ဆုံးကုန်တယ်လေ။ "

သူဟာအနည်းငယ် ရယ်သံစွက်လျက် ဆက်ပြောလာခဲ့ပြန်သည်။

" ကျွန်တော်အမှန်ထင်ပြီး ယုံကြည်ခဲ့တဲ့အရာတွေအားလုံး မှားယွင်းနေတာတဲ့လေ.... ခင်ဗျားပြောကြည့် သိပ်ရယ်စရာမကောင်းဘူးလား။ "

တစ်ချိန်တည်းမှာပင် မျက်ဝန်းထောင့်က ကျဆင်းလာသော မျက်ရည်တို့ကို အလျင်အမြန်သုတ်ပစ်လိုက်လေသည်။

" နောက်ခါကျရင် ....ခင်‌ဗျားစိတ်ထင်ရာလျှောက်မလုပ်ဘဲ ကျွန်တော်လိုချင်လား မလိုချင်လားကို အရင်မေးလို့မရဘူးလား။ ခင်ဗျားကကော လူသားတစ်ယောက်မဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက်တောင် ကိုယ့်ကိုကိုယ်မငဲ့ဘဲ ပေးဆပ်နိုင်ရတာလဲ "

သေ‌ချာပေါက် ပြဒါးရံကတော့ သူ့အမေးများကို ပြန်မဖြေခဲ့ပေ။ ဆင့်မှာ ပြဒါးရံက သူ့အားအလွန်အမင်း စိတ်ဆိုးသွားသလားဟုပင် ယုံမှာမိတော့မလိုဖြစ်လာချေ၏။ သူဘာတွေပြောပြော ထိုသူဟာ အဆုံးထိ လျစ်လျူရှုနေသောကြောင့် အနည်းငယ် ရှက်လာသလိုပင် ခံစားလာရလေသည် ။ သက်ပြင်းချလိုက်သောအခါ လေထုနွေး‌နွေးက တိမ်ယံဆင့်ဆီမှ စွန့်ခွာလျက် အခြားသော လေများနှင့် ရောနှောသွားလေသည်။

" တောင်းပန်ပါတယ်..... ခွင့်လွှတ်မှုနဲ့မထိုက်တန်မှန်းသိပေမယ့် ကျွန်တော့် စိတ်ရင်းမှန်ပါ။ ပြန်ပြင်လို့မရတော့မှန်းသိပေမယ့်.... ကျွန်တော်... ကျွန်တော်သာ အဲ့ဒီ့အချိန်တုန်းက သတိရှိခဲ့ရင် ရံ မျက်လုံးတွေကို ဘယ်တော့မှ ယူခဲ့မှာမဟုတ်ဘူး။ "

အလွန်းအမင်း ငိုချလိုက်ချင်ပါ၏။ သို့သော်ငြား တိမ်ယံဆင့်မှာ အောက်နှုတ်ခမ်းတစ်စုံကို ခပ်ပြင်းပြင်းကိုက်ချလိုက်ကာ အသံများအံကျမလာအောင် ထိန်းညှီလိုက်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် မျက်ရည်များ ကျဆင်းလာလေသည်။ တစ်စက်တစ်စက်နှင့် ကျလာခဲ့သည်မှာ ပြဒါးရံအပေါ်လွှမ်းထားပါသော စောင်အစွန်းစလေးအား ရွှဲနစ်အောင် ပြုလုပ်ခဲ့သလို ဖြစ်သွားပါတော့သည်။

" ဘယ်တော့မှ လက်စားချေဖို့ ရွေးချယ်ခဲ့မှာလည်း မဟုတ်ဘူး။ အမှန်တိုင်းပြောရရင် ကျွန်တော် အရမ်းနောင်တရတယ်..... ဒီကိုပြန်လာပြီး KK ကို ဖျက်ဆီးခဲ့တာရော ၊ ရံကို ဆေးရုံတက်ရအောင် လုပ်မိတာရော အရာအားလုံးနောင်တရတယ်။ "

" အစထဲကသာ မချစ်ခဲ့မိရင် ကျွန်တော်တို့နှစ်ယောက်လုံး ဒီလောက်နာကျင်ရမှာမဟုတ်ဘူး။ အချစ်ကသာ ဒီလောက်နာကျင်စေမှန်းသိခဲ့ရင် ကျွန်တော် ....မချစ်မိအောင် ကြိုစားနေခဲ့မိမှာ... အဲ့လိုသာဆိုရင် ဘယ်သူမှလည်း မဆုံးရှုံးရတော့သလို ဘယ်သူမှလည်း မသေဆုံးရတော့ဘူး။ အားလုံးအရင်အတိုင်း ဆက်ရှိနေပြီး ကျွန်တော်တို့နှစ်ယောက်ပဲ မသိခဲ့ဖူးတဲ့ လူတွေလိုဖြစ်သွားကြမယ်လေ မကောင်းဘူးလား။ "

သို့သော် အခုမှနောင်တရနေတော့လည်း ဘာထူးလာမှာမို့လို့လဲ။ အရာအားလုံးက ဖြစ်ပျက်ပြီးသွားခဲ့ပြီ ဖြစ်လေသည်။ ဘယ်လိုမှ ပြန်ပြင်လို့မရနိုင်တော့သည့်အတိတ်တွေကို ထွေးပွေ့ထားတော့လည်း မိမိကိုယ်ကိုနှိပ်စက်နေရုံမှအပ ပြန်ရလာစရာ ကောင်းကျိုးတစ်ခုမှမရှိပေ။ အရာအားလုံးကို လွှတ်ချလိုက်ခြင်းက တစ်ကပြန်စဖို့ မျှော်လင့်ချက်ပေးလိုက်ခြင်းနှင့် ညီမျှလေ၏။ သူလည်းအခု လက်လွှတ်ဖို့အချိန်တန်လေပြီ.... ဆိုးဝါးခဲ့တဲ့အတိတ်တွေကို လက်လွှတ်ချပြီး ပြဒါးရံ တစ်ယောက်ထဲကိုပဲ ဒုတိယအကြိမ် ထွေးပွေးနိုင်အောင် ကြိုးပမ်းတော့မည်ဖြစ်သည်။

ငိုဖို့ရာအတွက် အားမရှိတော့သောကြောင့် တစ်ချက်ပြုံးလိုက်ပြီးနောက် ဆင့် ထိုင်ခုံပေါ်မှ ရပ်လိုက်ကာ ထွက်သွားဖို့ ဟန်ပြင်လိုက်ချေ၏။ ဒီလောက်ဆိုလျှင် လုံလောက်ပြီဟု သူထင်သောကြောင့်ဖြစ်လေသည်။ ထပ်ပြီးပြောပြနေလည်း ပြဒါးရံမှ မကြားနိုင်တာ ဘယ်အရာမှ အသုံးမဝင်နေတော့ပေ။ ကုတင်ပေါ်က သတိမရှိတဲ့လူတစ်ယောက်ကို သူဘာတွေပြောမိမှန်းတောင် ဆင့်တစ်ယောက် သဲသဲကွဲကွဲ မမှတ်မိနိုင်တော့လျက် ရှိချေ၏။ အတော်လေးကို ယုတ္တိမတန်လိုက်တာဟုသာပင် ဆဲရေးနိုင်တော့လေသည်။

ယခုသူမြင်တွေ့ခဲ့ရသည့်အတိုင်းသာဆိုလျှင် ပြဒါးရံ၏ အခြေအနေမှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာသည့် အခြေအနေတစ်ရပ်မှာ ဖြစ်ချေ၏။ ကံကောင်းလျှင် အသက်ရှင်နိုင်မည်ဖြစ်ပြီး ကံဆိုးသွားလျှင်တော့ တစ်သက်လုံး ကိုမာဖြစ်သွားတော့မည် ဖြစ်လေသည်။

" ပြန်နိုးလာပါတော့ ပြဒါးရံ ......အဲ့ချိန်ကျရင် ခင်ဗျား လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ကျွန်တော် ခင်ဗျားကိုအစွမ်းကုန် ပြန်ကာကွယ်ပေးမယ်။ "

အခန်းတံခါးဖွင့်လိုက်ချိန်တွင် ရှင်းက ထိုင်နေရာမှထလာကာ သူ့ဆီအပြေးရောက်လာပြီး မျှော်လင့်တကြီးငေးကြည့်လာ၏။

" ပြန်မယ် "

" အမ်...အင်းအင်း....ပြန်ကြမယ် "

အိမ်ပြန်သည့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်သည်ထက်ပိုသော ဆိတ်ငြိမ်ခြင်းမျိုးဖြင့် ရှင်း ကြုံတွေ့နေရလေသည်။ သတ္တိအလုံးစုံကို စုစည်းလိုက်ကာ မှန်ဘောင်မှတစ်ဆင့် အပြင်ဘက်သို့ငေးကြည့်နေသော ဆင့်ကို သူမေးမြန်းလိုက်သည်။

" အဆင်ပြေရဲ့လား "

" ငါဘာမှမဖြစ်ဘူး.....မင်းစိတ်မပူလည်းရတယ် "

" ကောင်းပြီ ဘာမှမဖြစ်ဘူးဆိုလည်း ဘာလို့အဲ့လောက်တိတ်ဆိတ်နေတာလဲ "

" ငါစဉ်းစားနေလို့ "

" ဘာကိုလဲ "

":လေပြေရှင်း ရုတ်တရက်ကြီး မင်းဘာလို့အဲ့လောက် စပ်စုလာရတာလဲ "

" ငါမင်းမဟုတ်တာတွေ လိုက်လုပ်မှာစိုးလို့ စိတ်ပူလို့မေးနေတာ "

" ငါကလေးမဟုတ်ဘူး မင်းမစိုးရိမ်လည်းရတယ် "

" ကလေးမဟုတ်လို့ ငါအဲ့လောက်ဂရုစိုက်နေတာပေါ့ ကလေးသာဆိုရင် ငါနည်းနည်းလောက် ရုပ်တည်ပြလိုက်တာနဲ့ ကြောက်ပြီးငိုနေလောက်ပြီး မင်းမလို့ ဒီလောက်ထိန်းသိမ်းရခက်နေတာ "

" နေဦး.... ခုကဘယ်ကိုမောင်းနေတာလဲ။ ဒါငါ့အိမ်ကိုပြန်တဲ့လမ်းမဟုတ်ဘူး "

" ကြက်ဥတောင် ကောင်းကောင်းမပြုတ်တတ်ဘဲ တစ်ယောက်ထဲနေမလို့လား။ ငါ့အိမ်မှာပဲလာနေ အိမ်အကူတွေလည်းရှိတယ် "

ဆင့် ဘက်က ပြန်မပြောတော့တာကြောင့် တစ်ဖန်ပြန်၍ အသံများပျောက်ကွယ်သွားလေသည်။ မည်သူမှ စကားမဆိုကြတော့သည်မှာ တည်ငြိမ်နေသော ကန်ရေပြင်ထက်သို့ ရွက်ဖျားထိပ်မှာ ခိုတွဲနေသည့် ရေစက်လေးများ စုစည်းပြီး ထိုရေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ ထွက်ပေါ်လာသောအသံကို ကြားနိုင်လောက်သည်အထိ ငြိမ်သက်လွန်းလှချေသည်။ မတော်တစ်ဆ အသံပြုလိုက်ပါလျှင်မူ ရာဇဝတ်မှု ကျူးလွန်မိသလို ဖြစ်သွားလိမ့်မည်ဟုတောင် အထင်မှားနိုင်ဖွယ်ရာ ရှိလေသည်။ 

အိမ်ရောက်လာသည့်အခိုက်တွင်မူ ကားပေါ်မှ ဆင်းဆင်းခြင်း ရှင်း၏ ညည်းညည်းညူညူ အသံကို စိတ်မ‌ချမ်းမြေ့စွာ ကြားလိုက်ရသည်။

" သေစမ်း..... ငါ ကိုးလ်နဲ့ ချိန်းထားတာကို လုံးလုံးမေ့နေတာပဲ "

" မင်းဘယ်သူနဲ့ချိန်းထားတာ "

သေချာမကြားလိုက်သည့်အတွက် ဆင့်က ပြန်မေးလာလေသည်။

" ကိုးလ်..... တစ်နာရီခွဲတောင် နောက်ကျနေပြီ "

" ဒါဆိုဘာလုပ်နေတာလဲ မြန်မြန်သွားလေ "

" အင်း မင်းကိုယ့်ဘာသာပဲ အဆင်ပြေသလိုနေလိုက်တော့ ငါသွားပြီ "

နောက်လှည့်မကြည့်ဘဲ တစ်ချိုးတည်း ကားမောင်းကာ ရှင်း ထွက်သွားလေသည်။

" အရူးကောင် ငါ့ကိုကျတော့ အချစ်ဆုံးသူငယ်ချင်းလေး ဘာလေးဆိုပြီး ကိုးလ် ဆိုတဲ့အသံကြားတာနဲ့ ပြာယာခတ်နေတော့တာပဲ။ "

ခေါင်းတွင်တွင်ခါလိုက်ပြီး ထိုနှစ်ယောက်၏ ဂျင်းဇာတ်လမ်းကို တိမ်ယံဆင့် မျက်ကွယ်ပြုလိုက်ပါသည်။ မဟုတ်လျှင် သူတို့နှစ်ယောက်ကြောင့် ခေါင်းကိုက်စရာ တစ်ခုထပ်တိုးလာမှာ စိုးသောကြောင့် ဖြစ်လေသည်။

- " သေစမ်း ငါဘယ်လိုတောင် မေ့နိုင်ရတာလဲ ကိုးလ်နဲ့ချိန်းထားတဲ့ ကိစ္စကိုမှ "

- " အာ.... ရူးတော့မှာပဲ သူစိတ်များဆိုးနေမလားမသိဘူး "

- " မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး.... ကိုးလ်က စိတ်ဆိုးတတ်တဲ့လူမှ မဟုတ်တာ။ တစ်ခါတစ်လေဆို ကိုးလ်ရဲ့ သည်းခံနိုင်စိတ်က အတိုင်းအဆမဲ့လွန်းလို့ လူသားတစ်ယောက်တောင် ဟုတ်ရဲ့လားလို့ ငါပြန်မေးယူနေရတာ "

- " ဒါပေမယ့် သူအဲ့နေရာမှာပဲ တစ်လမတောင်မရွေ့ဘဲ ငါ့ကိုထိုင်စောင့်နေနိုင်လောက်တယ်.... လေပြေရှင်း မင်းကလေ တစ်ကယ်မကောင်းတဲ့ အကောင်ပဲ။ "

ကိုးလ်၏ ညှို့ချက်များကတော့ အံ့ဩဖွယ်ရာပင်။ လေပြေရှင်းလို မာဖီးယားဂိုဏ်း၏ အရေးပါအရာရောက်ဆုံး လူကိုတောင် နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့် အပြစ်တင်စိတ်မကင်းအောင် စွမ်းဆောင်နိုင်ပုံမှာ နည်းသည့်အရည်အချင်းတစ်ရပ်တော့ မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် ကားပေါ်ကဆင်းဆင်းခြင်း မြင်လိုက်ရသည်မှာ ရှင်း၏ ရင်အစုံကို မြေငလျှင်လှုပ်ခတ်သွားသလို တုန်ခါမှုလှိုင်းအား အလွန်ပြင်းထန်စေလေသည်။ အကြောင်းမှာကား  သူတို့နှစ်ယောက် ချိန်းဆိုထားသည့် ဆိုင်ရှေ့တွင် မအူမလည်နှင့် မတ်တပ်ရပ်နေပါသည့် ကိုးလ်ကြောင့် ဖြစ်လေသည်။ ထိုလူသားသည် မိုက်ရူးရဲဆန်ချက်ကတော့ ဆိုင်ထဲဝင်စောင့်၍ ရနေပါသည့်တိုင် ဆိုင်ရပ်၌ သူမလာမချင်း စောင့်ခဲ့ပါတော့သည်။

" ကိုးလ် "

အသံပြုလိုက်ချိန်တွင် တောက်ပနေသော မျက်ဝန်းတစ်စုံသည့် သူ့ထံသို့လှည့်ကြာလာခဲ့စေသည်။ ထိုပျော်ရွှင်မှုတို့ စွက်နေသော အကြည့်များကြောင့် ရှင်းမှာ ဆူရမည်ကိုတောင် မေ့တော့မလိုဖြစ်လာရသည်။

" ဘာလို့အထဲဝင်စောင့်မနေတာလဲ "

စိုးရိမ်စိတ်လွန်ကဲမှုတို့ကြောင့် ရှင်း၏ အသံမှာ အနည်းငယ်တင်းမာသွားလေသည်။

" ဒီဆိုင်က menu တွေက  ပြင်သစ်လိုတွေကြီးပဲ.... ကျွန်တော်မဖတ်တတ်ဘူး "

ခေါင်းအား မြေကြီးထဲစိုက်ဝင်လုမတတ် ငုံ့ထား၍ ကိုးလ်ခမျာ အဖြေပြန်ပေးလာခဲ့လေသည်မှာ ခက်ထန်နေသည့် ရှင်း၏ မျက်ဝန်းတစ်စုံနှင့် သွေဖယ်နေဖို့ရာလည်း မမေ့လျော့‌နေခဲ့ဟန်ပေါ်၏။

" ဒါပေမယ့် အပြင်မှာရပ်စောင့်နေတာက ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင် လုပ်နေတာပဲဆိုတာ သိရဲ့လား "

" ကျွန်....ကျွန်တော်က ရှင်းကို .... စောင့်နေခဲ့ရုံပဲလေ။ ချိန်းထားတဲ့နေရာကို အချိန်မီရောက်မလာတာက ရှင်းပဲကို.... ဘာ...ဘာလို့ ကျွန်တော့်ကို ....စိတ်ဆိုးသွားရတာလဲ။ "

" ကိုယ်... ကိုယ်က "

ကိုးလ်ပြောသည်မှာ မြေကြီးလက်ခပ်မလွဲသည့် အမှန်တရားများပင် ဖြစ်လေသည်။ တစ်ကယ်ဆိုလျှင် ချိန်းထားသည့် နေရာကို နောက်ကျ၍ရောက်လာသည့် ရှင်းအား ကိုးလ်က စိတ်ဆိုးရမှာဖြစ်ပြီး အခုတော့ဖြင့် ၎င်းတို့နှင့် ဆန့်ကျင်စွာ ကိုးလ်အပေါ် လေပြေရှင်းက နိုင်ထက်စီးနင်းဆန်စွာ ပြန်လည်စိတ်ဆိုး‌နေခဲ့ပါတော့သည်။ ကိုးလ်ဘက်က အသံတွေတုန်ရီကာ ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့် အမှန်တရားများဆိုလာချိန်တွင် ရှင်း တုန့်ပြန်ဖို့ရာ ဆင်ခြေရှာမရ ဖြစ်နေခဲ့ပါချေတော့သည်။

" ကိုယ်က ကိုးလ်ကိုစိတ်ပူလို့ ပြောမိတာပါ....တောင်းပန်ပါတယ်နော် ကိုယ်နောက်ခါဆို နောက်မကျစေရဘူးလို့ ကတိပေးပါတယ်.... ကိုယ့်ကို မကြောက်နဲ့တော့နော် ဟုတ်ပြီလား။ "

လေပြေရှင်း၏ အသံမှာချက်ခြင်းပင် နူးညံ့ပျော့ပြောင်းသွားပြန်လေသည်။ ကိုးလ်ကြောင့် ရှင်း၏ စရိုက်မှာ အရင်းကထက်စာလျှင် အလွန်အမင်း နူးညံ့သိမ်မွေ့လာတန်လေသည်။

" အခုဗိုက်ဆာနေပြီလား ကိုယ်တို့ဆိုင်ထဲ ဝင်ရအောင်လေနော် "

" ရှင်း.... တကယ်တော့ ကျွန်တော် အဲ့လိုအစားအစာတွေ မကြိုက်ဘူး "

ရှင်းဟာ တစ်ချက်ပြုံးရယ်လိုက်ပါသည်။

" ကိုယ်သိတယ်လေ KK ကပျက်ဆီးသွားပြီဆိုတော့ ကိုးလ်လည်း အလုပ်သစ်ရှာဖို့နဲ့ အာရုံများနေတာ မဟုတ်လား "

နားမလည်သည့် မျက်လုံးအဝိုင်းသားနှင့် ရှင်းကို မော့ကြည့်လာသော်လည်း လေပြေရှင်းက အတောက်ပဆုံးသာ ပြန်ပြုံးပြနေခဲ့လေသည်။ သာမာန်လူဆိုလျှင် ရှင်း၏ ညှို့ယူဆွဲမက်ဖွယ်အပြုံးများကြောင့် လိုလိုလျားလျား သေပေးဖို့ရာ ဆန္ဒရှိနေကြသည့် လူများမှာလည်း မနည်းမနောပင်။ တိမ်ယံဆင့်၏ manager  လုပ်ခဲ့တုန်းကဆိုလျှင် producer  အများစုက ရှင်းကို မင်းသားလုပ်ဖို့ စိတ်ဝင်စားလားဆိုပြီး မကြာခဏ လာမေးခြင်းကို ခံခဲ့ရလေသည်။ သို့သော် ရှင်းဆီက ပြန်ရလိုက်ကြသည့် အဖြေများမှာ " စိတ်မဝင်စားဖူး "ဟူသည့် ခပ်တန်းတန်း စကားတစ်ခွန်းပင်ဖြစ်ပြီး ထပ်ပြောလျှင် အားမနာတော့ဘူးဟူသည့် မျက်ဝန်းအကြည့်များကြောင့် ထိုသူများဟာ ရှင်းထံ ဘယ်တော့မှ ယခင်ကကဲ့သို့ ကမ်းလှမ်းခြင်းမျိုးလုပ်မလာတော့ပေ။

ရှင်းက အမှန်တစ်ကယ်ကို ထူးခြားသည့် ရုပ်ရည်ပိုင်ဆိုင်ထားသည့် သူဖြစ်လေသည်။ သို့သော် ရည်းစားတစ်ယောက်မှ မထားဖူးခြင်းက သမိုင်းတွေမည့် အမှန်တရားတွေထဲက တစ်ခုပင်ဖြစ်လေတော့သည်။

" အဲ့တော့ကိုယ်ဆိုလိုချင်တာက .... ကိုးလ်ရဲ့ ဒီဇိုင်းတွေကို သူဌေးတစ်ယောက်က သဘောကျလို့တဲ့။ သူကဒီဆိုင်ပိုင်ရှင်မလို့ ကိုယ်ဒီနေ့တွေ့ပေးဖို့ ချိန်းထားတာ.... လူချင်းတွေ့ပြီး ကိုးလ် တို့အလုပ်အကြောင်း ဆွေးနွေးလို့ရအောင်လို့လေ။ KK လောက်လစာမကောင်းပေမယ့် ကိုးလ် အိမ်မှာ တစ်‌ယောက်ထဲ ပျင်းမနေရတော့ဘူးပေါ့ "

" ကောင်း...ကောင်းပြီ ဝင်ကြတာပေါ့ "

____________________________

[Zawgyi]

စိတ္အေျခအေန တည္ၿငိမ္သြားသည့္အခါတြင္ ျပဒါးရံအား သြားေတြ႕ရန္ ကိုယ့္ကိုကိုယ္ မၾကာခဏတြန္းအားေပးလ်က္ ေခ်ာ့ေမာ့ေနေသာ္လည္း ထင္ထားသည့္အတိုင္း အဆင္ေျပမေနခဲ့သည္ေပ။ အရာအားလုံးက ခက္ခဲသည္ထက္ပိုေနေသာေၾကာင့္ ျဖစ္ေလသည္။ တိမ္ယံဆင့္အတြက္ ခက္ခဲသည္ဆိုသည္က မျဖစ္ႏိုင္သည့္ ကိစၥရပ္ျဖစ္ေသာ္လည္း ျပဒါးရံႏွင့္ပက္သက္လာလွ်င္ ဘာမဆိုျဖစ္ႏိုင္သည္မွာ ထိုသူႏွင့္ပက္သက္သမွ်ေသာ အားနည္းခ်က္ေတြထဲက တစ္ခုပင္ျဖစ္ေလသည္။ ေဆး႐ုံေပၚတြင္ စိတ္ေထာင္းကိုယ္ေက်ျဖစ္ေနေသာ ယြန္းေဟမီခမ်ာ ကုတင္ပၚက ျပဒါးရံ၏ မ်က္ႏွာကိုျမင္တိုင္း မ်က္ရည္မ်ားက သူမမ်က္ဝန္းအိမ္တြင္ ခိုေအာင္းေနတတ္ကာ ဝမ္းနည္းစိတ္က ေဘးတြင္ယွဥ္တြဲ၍ အေဖာ္ျပဳေနတတ္ပါေတာ့သည္။ အကယ္၍မ်ား ရံေလး ႏိုးလာတဲ့အခါက်ရင္ တိမ္ယံဆင့္ကို အကုန္ေျပာျပခဲ့သည့္အတြက္ ျပဒါးရံက သူမကို စိတ္နာသြားမလားမသိႏိုင္ေပ။ ထိုကဲ့သို႔ ျဖစ္သြားမည္ဆိုလည္း ၾကည္ၾကည္ျဖဴျဖဴ ယြန္းေဟမီလက္ခံႏိုင္ပါေသးသည္။ လိုအပ္တာတစ္ခုထဲမွာ ျပဒါးရံ ျပန္ႏိုးလာဖို႔ တစ္ခုထဲပင္ ျဖစ္ပါေလေတာ့သည္။

" ရံေလး...... ဘယ္အခ်ိန္ထိ ဆက္ၿပီးအိပ္ေနဦးမွာလဲ "

အသံတိုးတိုးေလးသည္ အားနည္းေလ်ာ့႐ြဲလွစြာျဖင့္ ယြန္းေဟမီ၏ ႏႈတ္ခမ္းမွထြက္က်လာေလသည္။ အကယ္၍ အသိစိတ္သာကပ္ေနခဲ့လွ်င္ ယြန္းေဟမီမွာ မိမိ၏အသံဟု ယုံႏိုင္ဖြယ္ရာ မရွိေပ။ အၿမဲတတ္ႂကြကာ ၿပဳံးရယ္တတ္ေသာ သူမက အခုေတာ့ျဖင့္ အားနည္းအထီးက်န္သည့္ ပုံရိပ္အား ထုတ္ျပထားသလို ျဖစ္ေနပါေတာ့သည္။ သက္ျပင္းခ်လိုက္ၿပီး လက္ေကာက္ဝတ္က နာရီကို ထုတ္ၾကည့္လိုက္ခ်ိန္တြင္ သူမ၏အလုပ္ခ်ိန္က အေတာ္ေလးနီးေနၿပီျဖစ္ေလသည္။ ပိုက္ဆံအိတ္ကို လက္ကကိုင္လိုက္ၿပီး စိတ္မေကာင္းျဖစ္ေနေသာ မ်က္ႏွာထားႏွင့္ အခန္းထဲမွထြက္လာကာ အလုပ္ဆီသာ ဦးတည္သြားလိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ အိပ္ခန္းထဲတြင္ တစ္ကမာၻတည္ေနေသာ တိမ္ယံဆင့္ထံသို႔ မေမွ်ာ္လင့္ထားသည့္ ဧည့္သည္က ‌ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ရွိလာပါေတာ့သည္။

" တိမ္ယံဆင့္.... ငါသာမလာရင္ မင္းဒီတိုင္းဆန႔္ဆန႔္ႀကီးပဲ ေသသြားေတာ့မွာလား "

" ရွင္း ငါ့ကိုနည္းနည္းေလာက္ ပိုအိပ္ခြင့္ေပးစမ္းပါဦး "

" ထပ္ၿပီးဟန္ေဆာင္မေနနဲ႔ေတာ့ ဘယ္ခ်ိန္ထိထြက္ေျပးေနမွာလဲ "

" ငါထြက္ေျပးေနတာမဟုတ္ဘူး..... ခဏပုန္းေနတာ "

ေခါင္းခါလိုက္ကာ ေလေျပရွင္းတစ္ေယာက္ အခန္းထဲမွထြက္လာရင္း မီးဖိုေခ်ာင္ဆီသြားလိုက္ေလသည္။ ၎က ျပန္ျပင္လို႔မရသည့္ မဟာအမွားႀကီးမွန္းသာ သိခဲ့လွ်င္ သူေသခ်ာေပါက္ဝင္သြားခဲ့မွာ မဟုတ္ေပ။ ရႈပ္ပြေနမႈမွာ သာမာန္ေသြး႐ိုးသား႐ိုးမဟုတ္ဘဲ သူခိုးဝင္ေမႊထားသလားဟုေတာင္ အမွတ္မွားမိစရာပင္ျဖစ္သည္။ ၃ ႏွစ္ေလာက္တစ္ေယာက္ထဲေနလာလဲ အခ်ိဳးကေျပာင္းမသြားဘူးဟု ေလေျပရွင္းေတြးလိုက္ၿပီး တိမ္ယံဆင့္၏ ၃ႏွစ္တာ ႏွိပ္စက္မႈကို ခံလာရေသာ jace ကိုေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေနခဲ့ပါေတာ့သည္။

သန႔္ရွင္းေရးလုပ္လိုက္ၿပီးေနာက္ မနက္စာပါ တစ္ခါတည္းျပင္ဆင္လိုက္ကာ ခ်စ္လွစြာေသာ သူငယ္ခ်င္းကို စားေတာ္တည္ရန္ ပင့္ရပါေသးသည္။ မၾကည္လင္ေသာ မ်က္ႏွာႏွင့္ ထမင္းစားပြဲဝိုင္းထံ မပါခ်င္ပါခ်င္ ပါလာေသာ္လည္း ေငးေငးငိုင္ငိုင္ လုပ္ေနဆဲပင္။

" စား.... အခ်ိန္မွန္လည္း ထမင္းမစားဘူး ပိန္သြားရင္ ဘယ္လိုလုပ္မလဲ "

" ရွင္း တစ္ကယ္လိုမ်ား သူႏိုးမလာေတာ့ရင္ ဘယ္လိုလုပ္မလဲ "

ဤသည္မွာ တိမ္ယံဆင့္ တစ္ခ်ိန္လုံး စဥ္းစားေနေသာ ေမးခြန္းျဖစ္ေလသည္။ ျပဒါးရံသာ ျပန္ႏိုးမလာခဲ့ရင္ သူဘာဆက္လုပ္ရမလဲ။ ထိုေမးခြန္းအား ရွင္းကို ေမးလိုက္ခ်ိန္တြင္ ပတ္ဝန္းက်င္ဟာ တစ္ခဏတာ တိတ္ဆိတ္သြားေလသည္။ ရွင္း လက္ထဲ၌ကိုင္ထားေသာ ဇြန္းမွာ ေလထုအလယ္တြင္ ရပ္တန႔္ေနလ်က္သား ၊ပါးစပ္ထဲရွိ ထမင္းတစ္လုပ္မွာလည္း ဆက္လက္ဝါးေနျခင္း မခံရေတာ့သလို ၊ မ်က္ဝန္းမ်ားမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္ခ်င္း စုံေနလ်က္ပင္ ျဖစ္ပါေတာ့သည္။

" မင္း တစ္ခ်ိန္လုံးကို ဒါပဲစဥ္းစားေနတာလား "

" အင္း.... တစ္ကယ္လို႔.... "

" တစ္ကယ္လို႔ဆိုတာ မရွိဘူး ။သူေသခ်ာေပါက္ႏိုးလာမွာ.... ငါကအဲ့လိုျဖစ္ေအာင္ လုပ္ေပးမွာ ။ ဆင့္ မင္းသာလိုခ်င္ရင္ ငါငရဲျပည္ထိ သြားၿပီးေတာ့ပဲျဖစ္ျဖစ္ ျပဒါးရံကို ေသခ်ာေပါက္ ျပန္ေခၚလာေပးမယ္ "

" ......... "

" အဲ့တာေၾကာင့္ ကိုယ့္ကိုကိုယ္ အျပစ္ေနတာမ်ိဳး ထပ္ေတြးမေနနဲ႔ေတာ့ "

" ငါမလုပ္ပါဘူး "

" အ႐ူးေလး..... ငါမင္းနဲ႔ ႏွစ္ေတြအၾကာႀကီး အတူေနလာတာ မင္းဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းေကာင္း ငါအကုန္ျမင္ေနရတယ္။ ထပ္ၿပီး ခ်ဳပ္တည္းမထားနဲ႔ေတာ့ ဒီေန႔တစ္ရက္ေတာ့ ငါ့ပုခုံးကိုဌားေပးမယ္ "

စကားဆုံးသည္ႏွင့္ အျဖဴေရာင္အက်ႌကို ဆင္ျမန္းထားေသာ ေလေျပရွင္းမွာ ထိုင္ခုံမွထလာၿပီး ဆင့္ကိုေပြ႕ဖက္ထားလိုက္ေလသည္။
ဒီေန႔တစ္ရက္ေတာ့ စိတ္ႀကိဳက္ငိုလိုက္ ..... ဒီေန႔ၿပီးသြားရင္ မင္းမွာ မ်က္ရည္က်ခြင့္မရွိေတာ့ဘူး ဆင့္။

လက္ကိုက်စ္က်စ္ပါေအာင္ဆုပ္လ်က္ ငိုခ်င္စိတ္ကို သည္းခံထားေသာ ဆင့္ခမ်ာ ရွင္း၏စကားမ်ားေၾကာင့္  ဟန္ခ်က္ပ်က္လာခဲ့ေလသည္။ သူသည္အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေလ့က်င့္ဖူးပါေသာ္လည္း ျပဒါးရံဆိုေသာ လူတစ္ေယာက္ေၾကာင့္ မၾကာခဏဆိုသလို အားနည္းခံမ်ားကို ေဖာ္ျပခံရလ်က္ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ငိုေႂကြးခဲ့ရဖူးသည္ေပ။

" တစ္ကယ္ပဲ....ငါဘာေၾကာင့္ မ်က္ရည္လြယ္တဲ့လူတစ္ေယာက္ ျဖစ္သြားရတာလဲ "

စိတ္ထဲမွ က်ိန္ဆဲလိုက္ကာ ရွင္းရဲ႕ ခါးကို ဖက္လိုက္ၿပီး မ်က္ႏွာအပ္ကာ ငိုေနလိုက္မိပါေတာ့သည္။ ေက်ာျပင္မွာ တသိမ့္သိမ့္တုန္ယင္ ေနခဲ့ကာ ရွင္းရဲ႕ လက္တစ္ဖက္က ေခါင္းကိုပြတ္သပ္ေပးေနၿပီး က်န္လက္တစ္ဖက္ကေတာ့ ေက်ာကုန္းကို ခပ္ဖြဖြပုတ္ေပးေနကာ ႏွစ္သိမ့္ေပးေနခဲ့သည္။

အေၾကာင္းျပခ်က္ေတြ တသီႀကီးေပးေနလည္း ရွင္းက အထပ္ထပ္ဖုံးကြယ္ထားေသာ အလႊာမ်ားၾကားမွ အမွန္တရားကို ျမင္ႏိုင္စြမ္းရွိေလသည္။ အခ်ိန္တစ္ခုအၾကာတြင္ အသံကိုအတတ္ႏိုင္ဆုံးထိန္းလ်က္ ေခါင္းေမာ့ကာ ရွင္း ထံသို႔ေမးျမန္းလိုက္သည္။

" ဘယ္ခ်ိန္ထဲက အကုန္သိေနခဲ့တာလဲ "

" မင္း အက္စီးဒင့္ ျဖစ္တဲ့ေန႔က "

အသံသည္ကား သိမ္ေမြ႕မႈမ်ားအျပည့္ျဖင့္ ျပန္ေျဖလာခဲ့ေလသည္။ ဆင့္ အေနျဖင့္ မလႈပ္မယွက္ နားေထာင္ရန္ ႀကံစည္လိုက္ေသာ္လည္း ေလေျပရွင္းက ထိုင္ခ်လာကာ ဆင့္၏ လက္ဖမိုးကို ဆုပ္ကိုင္လာခဲ့သည္။ ယခုအေနအထားမွာ ဆင့္က ေလေျပရွင္းကို ငုံ႔ၾကည့္ေနေသာ အေနအထားျဖစ္ၿပီး ရွင္းက ျပန္၍ ေမာ့ၾကည့္ေနခဲ့သည့္ အသြင္ျဖစ္သည္။

" ႐ုတ္တရက္ႀကီး ျပဒါးရံက ေဆး႐ုံေပၚေရာက္လာၿပီး ခြဲစိတ္ခန္းထဲ ဝင္ေနတဲ့မင္းကို ေဘးကင္းရဲ႕လားဆိုၿပီး ငါ့ကိုေမးလာခဲ့တယ္။ အဲ့တုန္းက ငါ့ေခါင္းထဲမွာ တစ္ခုပဲရွိတယ္ .... ျဖစ္ခဲ့သမွ်အားလုံးက ျပဒါးရံေၾကာင့္ ဆိုတာေတြပဲ။ ငါသူ႔ကိုေတြ႕ေတြ႕ခ်င္း သတ္ပစ္ခ်င္ခဲ့တာ။ ငါ့ေဒါသကိုမထိန္းႏိုင္ဘဲ စုတ္ျပတ္သတ္ေလာက္ေအာင္ သူ႔မ်က္ႏွာကို ထိုးႀကိတ္ပစ္ၿပီး ေသြးေတြမတရားစီးက်လာတာေတာင္ ငါအသိစိတ္မကပ္ႏိုင္ေသးဘူး။ ေနာက္ဆုံး သတ္ပစ္မိဖို႔ အနည္းငယ္ပဲ လိုေတာ့တဲ့အခ်ိန္မွ ေဆး႐ုံက လုံၿခဳံေရးေတြ ဝင္ဆြဲတာေၾကာင့္ ကံေကာင္းသြားတာ။ "

ရွင္းတစ္ေယာက္ တိမ္ယံဆင့္၏ မ်က္လုံးမ်ားကိုၾကည့္ၿပီး ဆက္ေျပာလာခဲ့ေလသည္။

" နံ႐ိုးက်ိဳးသြားတာရယ္ အျပင္ပိုင္းဒဏ္ရာ‌ေတြကို ခြဲစိတ္မႈ အနည္းငယ္လုပ္ၿပီး ဆရာဝန္ေျပာခဲ့တာက "

ရွင္းခမ်ာ အေတာ္ၾကာသည္အထိ ဆက္ေျပာမလာခဲ့ေပ။ ထို႔ေၾကာင့္ တိမ္ယံဆင့္က ရွင္းႏႈတ္ဖ်ားက ထြက္မလာေသာ စကားတို႔ကို ကူညီျဖည့္စြက္ေပးလိုက္သည္။

" ငါ့မ်က္လုံးေတြ မျမင္ႏိုင္ေတာ့ဘူးတဲ့လား "

" အင္း "

ပတ္ဝန္းက်င္ဟာ တအဂၤမွ်တိတ္ဆိတ္သြားျပန္ပါသည္။ မၾကာခင္တြင္ ရွင္း ႏူးညံ့စြာျဖင့္ ဆက္ေျပာလာခဲ့ၿပီး တိမ္ယံဆင့္၏ မ်က္ဝန္းအိမ္ထဲမွ မ်က္ရည္တစ္စက္မွာ အခ်င္းခ်င္းဆုပ္ကိုင္ထားပါေသာ ရွင္း လက္ေပၚသို႔ က်ဆင္းသြားခဲ့သည္။ ေႏြးလည္းေႏြးေထြးေနခဲ့သလို တစ္နည္းတစ္ဖုံလည္း ပူေလာင္ေနခဲ့ပါသည္။

" ေသခ်ာေပါက္ ငါ့ရဲ႕ေဒါသေတြက ျပဒါးရံဆီပဲ ပိုၿပီးပုံက်ခဲ့တာေပါ့။ မင္းအတြက္ ကံၾကမၼာက ဘက္လိုက္လြန္းရာ က်တယ္လို႔ ငါထင္ခဲ့တာေလ ။ ဒါေပမယ့္ ျပဒါးရံက ငါ့ကိုဒူးေထာက္ၿပီးေျပာလာခဲ့တယ္ "

" ဆင့္အတြက္ မ်က္ၾကည္လႊာလႉေပးပါရေစ "

" ခင္ဗ်ားရဲ႕ ညစ္ပတ္တဲ့ မ်က္လုံးေတြကို ကြၽန္ေတာ့္ သူငယ္ခ်င္းကိုေပးမလို႔လား "

အက်ႌေကာ္လံစကို ဆြဲကိုင္လိုက္ၿပီး ရွင္းရဲ႕ လက္သီးတစ္ခ်က္က ျပဒါးရံမ်က္ႏွာေပၚ က်ေရာက္သြားခဲ့သည္။

" ခင္ဗ်ားနဲ႔ မတန္ဘူး..... ဆင့္ရဲ႕ နာမည္ကိုေခၚဖို႔ေတာင္ ခင္ဗ်ားနဲ႔မတန္ဘူး "

" ေက်းဇူးျပဳၿပီး လႉခြင့္ေပးပါ ရွင္း ။ ဆင့္အတြက္ဆို ဘာပဲလုပ္ေပးရ လုပ္ေပးႏိုင္တယ္ "

" ကြၽန္ေတာ့္ သူငယ္ခ်င္းကို ကြၽန္ေတာ့္ဘာသာကုႏိုင္တယ္ ခင္ဗ်ားအကူအညီမလိုဘူး။ ဘယ္ေတာ့မွ ဆင့္ ေရွ႕မွာ ထပ္ေပၚမလာေစနဲ႔ အဲ့ခါက်ရင္ ခင္ဗ်ားကို တကယ္အတည္ သတ္ပစ္မယ္ "

" ေနာက္ေတာ့ေကာ "

" အမ္ ! "

တိမ္ယံဆင့္၏ အေမးေၾကာင့္ ရွင္း ႐ုတ္တရက္ေၾကာင္အသြားၿပီး စကားလုံးမ်ားက အတိတ္ကိုျပန္လည္ လြမ္းဆြတ္တမ္းတၾကကုန္သည္။
ေနာက္ေတာ့ ဘာဆက္ျဖစ္ၾကလဲ
ဆင့္က ထပ္ေမးလာခဲ့သည္။

" ေနာက္ေတာ့...... အေျခအေနအရမ္းဆိုးေနတဲ့ မင္းေၾကာင့္ ငါေနာက္တစ္လွမ္း ဆုတ္ေပးလိုက္တာ။ ျပဒါးရံက သူကိုယ္တိုင္ငါ့ကို ေျပာလာတယ္...... တိမ္ယံဆင့္အတြက္ဆိုရင္ သူေသေပးဖို႔ေတာင္ ဆႏၵရွိတယ္တဲ့ မ်က္ၾကည္လႊာလႉတာေလာက္က အေသးအဖြဲေလး တစ္ခုပါပဲတဲ့ "

ဤသည္ကား ေလေျပရွင္း၏ တမင္ခ်ဲ႕ကားေျပာဆိုျခင္း မဟုတ္ရပါေခ်။ အမွန္တစ္ကယ္ပင္ ျပဒါးရံဟာ ထိုကဲ့သို႔ေျပာရင္း ရွင္းဆီက ယုံၾကည္မႈကိုရယူရန္ ႀကိဳးပမ္းခဲ့ဖူးေလသည္။

က်န္တာေတြအားလုံး မယုံလို႔ရေပမယ့္ တိမ္ယံဆင့္နဲ႔ ပက္သက္လာရင္ သူက ႀကိဳးဆြဲရာကမယ့္ ႐ုပ္ေသး႐ုပ္တစ္ခုပင္ ျဖစ္ပါလင့္ကစား ထိုႀကိဳးကို ထိန္းခ်ဳပ္မည့္ သူဟာလည္း ဆင့္တစ္ေယာက္ထဲသာ ျဖစ္ရပါလိမ့္မည္ဟု ျပဒါးရံဟာ ႏွလုံးသြင္းထားသည္မွာ မၾကည့္ဘဲျမင္ေနရသည့္ အမွန္တရားတစ္ခုပင္ ျဖစ္ေခ်၏။

အတိတ္ကအမုန္း‌ေတြ ပစၥပၸဳန္ကို လႈိင္းတံပိုး႐ိုက္ခပ္ေလတိုင္း ျပဒါးရံအတြက္ ခ်စ္ခဲ့ၾကဖူးတယ္ဆိုတဲ့ အသိေလးနဲ႔တင္  လက္နက္ခ်ဒူးေထာက္ဖို႔ လုံေလာက္ေနခဲ့ေလၿပီ။

" သတင္းစာ ရွင္းလင္းပြဲကကိစၥ မ်က္ၾကည္လႊာ အစားထိုး ကုသေပးမႈၿပီးတဲ့ေနာက္မွာ ျပဒါးရံ ငါ့ကိုအမွန္တိုင္းေျပာျပခဲ့တယ္။ သူထပ္ကာထပ္ကာ ေတာင္းဆိုခဲ့တာက ဒီအေၾကာင္းေတြ မင္းကိုဘယ္ေတာ့မွ မေျပာျပပါနဲ႔တဲ့ "

" ရွင္း "

" ...... "

" မင္းေျပာၾကည့္ ငါကျပန္ျပင္လို႔မရတဲ့ အမွားေတြကို က်ဴးလြန္မိခဲ့ၿပီလား "

" မဟုတ္ပါဘူး.... မင္းကအၿမဲတမ္း ခြင့္လႊတ္မႈနဲ႔ ထိုက္တန္တဲ့လူပါ "

" မင္းအၿမဲအဲ့လိုေျပာခဲ့တာပဲေလ..... ငယ္ငယ္ထဲကေန ခုခ်ိန္ထိ တစ္ခါမွငါ့ကို စိတ္ဆင္းရဲေအာင္ မလုပ္ခဲ့ဖူးဘူး။ ငါဘာပဲလုပ္လုပ္ မင္းစိတ္မဆိုးဘူး ..... ငါဘာေတြပဲမွားမွား မင္းအၿမဲခြင့္လႊတ္တယ္ "

" ေသခ်ာတာေပါ့ တိမ္ယံဆင့္ဆိုတဲ့လူက သူမ်ားနဲ႔မတူဘူးေလ။ ငါ့အတြက္ေတာ့ မင္းက အခြင့္ထူးခံပဲ "

ခပ္ဖြဖြတစ္ခ်က္ရယ္လိုက္ၿပီး မ်က္ႏွာကိုေဘးဘက္သို႔ လႊဲကာျပဳမူလိုက္သည္။ ရွင္းက ဒီလိုခ်ိဳအီတဲ့စကားေတြကို ေျပာတတ္ေသးတာပဲလားဟု ဆင့္ ေတြးလိုက္ရင္း ဟန္လုပ္၍ ေခ်ာင္းအတုဆိုးလိုက္ပါေသးသည္။ ေသခ်ာေပါက္ ရွင္းကလည္း သူနဲ႔ထပ္တူ ရယ္ေနခဲ့ပါ‌သည္။

" အဲ့ေတာ့ အခုအိမ္ကိုလာတာက ငါ့ကိုႏွစ္သိမ့္ေပးဖို႔ပဲလား "

" ျပဒါးရံဆီ သြားရေအာင္..... သူ႔ကိုသြားေတြ႕ၿပီး မင္းေျပာခ်င္တာ‌ေတြ .... မင္းအျပစ္တင္ခ်င္တာေတြကို ဖြင့္ထုတ္ပစ္လိုက္။ သူျပန္သတိမရေသးလဲ မင္းသူ႔အနားမွာ ရွိေနလို႔ရတာပဲ ထပ္ၿပီးေတာ့ အခြင့္အေရးကို လက္လႊတ္မခံနဲ႔ေတာ့ ဟုတ္ၿပီလား။ "

ေလေျပရွင္း၏ ေခၚေဆာင္ရာ ေနာက္ဆုံးပန္းတိုင္သည္ ျပဒါးရံရွိရာ ေဆး႐ုံပင္ျဖစ္ေခ်၏။ တစ္ခ်ိန္လုံး ရွင္း သူ႔လက္ကိုမျဖဳတ္ဘဲ ဆြဲကိုင္ထားပုံမွာ ေနာက္တစ္ႀကိမ္ထြက္ေျပးသြားမည္ကို စိုးရိမ္ေသာေၾကာင့္ေပလား သို႔တည္းမဟုတ္ စိတ္ထင္ရာလုပ္တတ္သည့္ ‌သူ႔ေၾကာင့္လားဆိုတာပင္ မသိေတာ့ေခ်။

ယခုခ်ိန္တြင္ ေဆးသြင္းပိုက္ေတြအျပည့္နဲ႔ ျဖစ္ေနမည့္ ကုတင္ေပၚက ျပဒါးရံ၏ ပုံရိပ္ကို တိမ္ယံဆင့္ မွန္းၾကည့္စရာေတာင္ မလို‌အပ္ေတာ့ေပ။ ထင္ထားသည့္အတိုင္း ရွင္းက တံခါးကိုဆြဲဖြင့္လိုက္သည့္အခါတြင္ အရာဝတၳဳေတြအားလုံးဟာ ေလဟာနယ္ထဲ ပ်ံ႕လြင့္ေနၿပီး အသိစိတ္တည္းတည္းကေလးကသာ က်န္ရွိေနခဲ့ေလသည္။ ျပဒါးရံသည္ကား အမွန္တစ္ကယ္ပင္ ေဆးသြင္းပိုက္တန္းလန္းႏွင့္ ေဆး႐ုံကုတင္ေပၚတြင္ ရွိေနခဲ့ေလသည္။

" ဝင္သြားလိုက္ ငါအျပင္မွာေစာင့္ေနမယ္ "

ရွင္း ဆီမွထြက္လာေသာ စကားမ်ားပင္ျဖစ္ေလၿပီး သူတို႔ႏွစ္ဦးမွာ အလြန္နီးကပ္ေနေသာ္ျငား ရွင္း ေျပာသည့္စကားမ်ားကို မၾကားမိႏိုင္ခဲ့ေပ။ စိတ္အစဥ္မွာ ေျခာက္ျခားလြန္းစြာျဖင့္ ဆြဲငင္ညႇိဳ႕ယူျခင္းခံရကာ မ်က္ဝန္းအၾကည့္မ်ားမွာလည္း ကုတင္ေပၚက တစ္ဦးတည္းေသာ လူဆီသာ ဌာေနတည္လ်က္သား။ ေတာင့္တင္းေနေသာ အေနအထားျဖင့္ အခန္းထဲဝင္သြားလိုက္ခ်ိန္တြင္ ေလေျပရွင္းမွာ တံခါးဆြဲပိတ္လိုက္ေလသည္။

ကုတင္ေဘးတြင္ရွိေနေသာ ထိုင္ခုံေပၚဝင္ထိုင္လိုက္ကာ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ေနသလို တိမ္ယံဆင့္ကလည္း အသံမျပဳခဲ့ေပ။ အခ်ိန္အတိုင္းအတာတစ္ခုထိ အပ္က်‌သံပင္မၾကားရေအာင္ တိတ္ဆိတ္မႈက ႀကီးစိုးေနပါေတာ့သည္။ သို႔ေသာ္ ဆင့္၏ ဦးေႏွာက္လႈိင္းထဲမွာေတာ့ အျပင္ဘက္ႏွင့္ လုံးလုံးလ်ားလ်ား ဆန႔္က်င္ကာ ဗေလာင္ဆူေယာက္‌ယက္ခတ္ ေနခဲ့ေတာ့သည္။

ျပဒါးရံအား ၾကည့္ရသည္မွာ _ အားနည္းလွသည့္ ခႏၶာကိုယ္ေလးမွာ ကုတင္ေပၚမွာ ေပ်ာ့ေခြေနလ်က္နဲ႔ပင္ျဖစ္ကာ အသက္ရႈႏႈန္းမ်ားမွာလည္း တိုးညႇင္းေဖ်ာ့ေတာ့လွေခ်၏။ ႏႈတ္ခမ္းတစ္စုံႏွင့္ အသားအေရတို႔မွာ ေသြးေရာင္ကင္းမဲ့ေနသည့္အျပင္ ႏွင္းပြင့္ဖတ္ေလးပမာ ျဖဴဆုတ္ေနခဲ့သည္ ျဖစ္ေလသည္။ လႈပ္ရွားမႈကင္းမဲ့ေနသည့္ အသြင္အျပင္မွာ တစ္နည္းတစ္ဖုံ ေၾကကြဲဖြယ္ေကာင္းေန‌ခဲ့သည့္အျပင္ တိမ္ယံဆင့္၏ ရင္ဘတ္တစ္ျခမ္းအား အတိုင္းမသိမြန္းၾကပ္ေစေလသည္ ။

" ကြၽန္ေတာ္.... ဒီကိုလာဖို႔အေတာ္ေလး စဥ္းစားခဲ့ရတာ ။႐ုတ္တရက္ႀကီး ကြၽန္ေတာ့္ သတၱိေတြ အစရွာမရေအာင္ ေပ်ာက္ဆုံးကုန္တယ္ေလ။ "

သူဟာအနည္းငယ္ ရယ္သံစြက္လ်က္ ဆက္ေျပာလာခဲ့ျပန္သည္။

" ကြၽန္ေတာ္အမွန္ထင္ၿပီး ယုံၾကည္ခဲ့တဲ့အရာေတြအားလုံး မွားယြင္းေနတာတဲ့ေလ.... ခင္ဗ်ားေျပာၾကည့္ သိပ္ရယ္စရာမေကာင္းဘူးလား။ "

တစ္ခ်ိန္တည္းမွာပင္ မ်က္ဝန္းေထာင့္က က်ဆင္းလာေသာ မ်က္ရည္တို႔ကို အလ်င္အျမန္သုတ္ပစ္လိုက္ေလသည္။

" ေနာက္ခါက်ရင္ ....ခင္‌ဗ်ားစိတ္ထင္ရာေလွ်ာက္မလုပ္ဘဲ ကြၽန္ေတာ္လိုခ်င္လား မလိုခ်င္လားကို အရင္ေမးလို႔မရဘူးလား။ ခင္ဗ်ားကေကာ လူသားတစ္ေယာက္မဟုတ္ဘူးလား ဘယ္လိုလုပ္ ဒီေလာက္ေတာင္ ကိုယ့္ကိုကိုယ္မငဲ့ဘဲ ေပးဆပ္ႏိုင္ရတာလဲ "

ေသ‌ခ်ာေပါက္ ျပဒါးရံကေတာ့ သူ႔အေမးမ်ားကို ျပန္မေျဖခဲ့ေပ။ ဆင့္မွာ ျပဒါးရံက သူ႔အားအလြန္အမင္း စိတ္ဆိုးသြားသလားဟုပင္ ယုံမွာမိေတာ့မလိုျဖစ္လာေခ်၏။ သူဘာေတြေျပာေျပာ ထိုသူဟာ အဆုံးထိ လ်စ္လ်ဴရႈေနေသာေၾကာင့္ အနည္းငယ္ ရွက္လာသလိုပင္ ခံစားလာရေလသည္ ။ သက္ျပင္းခ်လိုက္ေသာအခါ ေလထုေႏြး‌ေႏြးက တိမ္ယံဆင့္ဆီမွ စြန႔္ခြာလ်က္ အျခားေသာ ေလမ်ားႏွင့္ ေရာေႏွာသြားေလသည္။

" ေတာင္းပန္ပါတယ္..... ခြင့္လႊတ္မႈနဲ႔မထိုက္တန္မွန္းသိေပမယ့္ ကြၽန္ေတာ့္ စိတ္ရင္းမွန္ပါ။ ျပန္ျပင္လို႔မရေတာ့မွန္းသိေပမယ့္.... ကြၽန္ေတာ္... ကြၽန္ေတာ္သာ အဲ့ဒီ့အခ်ိန္တုန္းက သတိရွိခဲ့ရင္ ရံ မ်က္လုံးေတြကို ဘယ္ေတာ့မွ ယူခဲ့မွာမဟုတ္ဘူး။ "

အလြန္းအမင္း ငိုခ်လိုက္ခ်င္ပါ၏။ သို႔ေသာ္ျငား တိမ္ယံဆင့္မွာ ေအာက္ႏႈတ္ခမ္းတစ္စုံကို ခပ္ျပင္းျပင္းကိုက္ခ်လိုက္ကာ အသံမ်ားအံက်မလာေအာင္ ထိန္းညႇီလိုက္ေသာ္လည္း ဆန႔္က်င္ဘက္အေနျဖင့္ မ်က္ရည္မ်ား က်ဆင္းလာေလသည္။ တစ္စက္တစ္စက္ႏွင့္ က်လာခဲ့သည္မွာ ျပဒါးရံအေပၚလႊမ္းထားပါေသာ ေစာင္အစြန္းစေလးအား ႐ႊဲနစ္ေအာင္ ျပဳလုပ္ခဲ့သလို ျဖစ္သြားပါေတာ့သည္။

" ဘယ္ေတာ့မွ လက္စားေခ်ဖို႔ ေ႐ြးခ်ယ္ခဲ့မွာလည္း မဟုတ္ဘူး။ အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္ အရမ္းေနာင္တရတယ္..... ဒီကိုျပန္လာၿပီး KK ကို ဖ်က္ဆီးခဲ့တာေရာ ၊ ရံကို ေဆး႐ုံတက္ရေအာင္ လုပ္မိတာေရာ အရာအားလုံးေနာင္တရတယ္။ "

" အစထဲကသာ မခ်စ္ခဲ့မိရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ဒီေလာက္နာက်င္ရမွာမဟုတ္ဘူး။ အခ်စ္ကသာ ဒီေလာက္နာက်င္ေစမွန္းသိခဲ့ရင္ ကြၽန္ေတာ္ ....မခ်စ္မိေအာင္ ႀကိဳစားေနခဲ့မိမွာ... အဲ့လိုသာဆိုရင္ ဘယ္သူမွလည္း မဆုံးရႈံးရေတာ့သလို ဘယ္သူမွလည္း မေသဆုံးရေတာ့ဘူး။ အားလုံးအရင္အတိုင္း ဆက္ရွိေနၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲ မသိခဲ့ဖူးတဲ့ လူေတြလိုျဖစ္သြားၾကမယ္ေလ မေကာင္းဘူးလား။ "

သို႔ေသာ္ အခုမွေနာင္တရေနေတာ့လည္း ဘာထူးလာမွာမို႔လို႔လဲ။ အရာအားလုံးက ျဖစ္ပ်က္ၿပီးသြားခဲ့ၿပီ ျဖစ္ေလသည္။ ဘယ္လိုမွ ျပန္ျပင္လို႔မရႏိုင္ေတာ့သည့္အတိတ္ေတြကို ေထြးေပြ႕ထားေတာ့လည္း မိမိကိုယ္ကိုႏွိပ္စက္ေန႐ုံမွအပ ျပန္ရလာစရာ ေကာင္းက်ိဳးတစ္ခုမွမရွိေပ။ အရာအားလုံးကို လႊတ္ခ်လိုက္ျခင္းက တစ္ကျပန္စဖို႔ ေမွ်ာ္လင့္ခ်က္ေပးလိုက္ျခင္းႏွင့္ ညီမွ်ေလ၏။ သူလည္းအခု လက္လႊတ္ဖို႔အခ်ိန္တန္ေလၿပီ.... ဆိုးဝါးခဲ့တဲ့အတိတ္ေတြကို လက္လႊတ္ခ်ၿပီး ျပဒါးရံ တစ္ေယာက္ထဲကိုပဲ ဒုတိယအႀကိမ္ ေထြးေပြးႏိုင္ေအာင္ ႀကိဳးပမ္းေတာ့မည္ျဖစ္သည္။

ငိုဖို႔ရာအတြက္ အားမရွိေတာ့ေသာေၾကာင့္ တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ ဆင့္ ထိုင္ခုံေပၚမွ ရပ္လိုက္ကာ ထြက္သြားဖို႔ ဟန္ျပင္လိုက္ေခ်၏။ ဒီေလာက္ဆိုလွ်င္ လုံေလာက္ၿပီဟု သူထင္ေသာေၾကာင့္ျဖစ္ေလသည္။ ထပ္ၿပီးေျပာျပေနလည္း ျပဒါးရံမွ မၾကားႏိုင္တာ ဘယ္အရာမွ အသုံးမဝင္ေနေတာ့ေပ။ ကုတင္ေပၚက သတိမရွိတဲ့လူတစ္ေယာက္ကို သူဘာေတြေျပာမိမွန္းေတာင္ ဆင့္တစ္ေယာက္ သဲသဲကြဲကြဲ မမွတ္မိႏိုင္ေတာ့လ်က္ ရွိေခ်၏။ အေတာ္ေလးကို ယုတၱိမတန္လိုက္တာဟုသာပင္ ဆဲေရးႏိုင္ေတာ့ေလသည္။

ယခုသူျမင္ေတြ႕ခဲ့ရသည့္အတိုင္းသာဆိုလွ်င္ ျပဒါးရံ၏ အေျခအေနမွာ ေရွ႕လည္းမတိုးသာ ေနာက္လည္းမဆုတ္သာသည့္ အေျခအေနတစ္ရပ္မွာ ျဖစ္ေခ်၏။ ကံေကာင္းလွ်င္ အသက္ရွင္ႏိုင္မည္ျဖစ္ၿပီး ကံဆိုးသြားလွ်င္ေတာ့ တစ္သက္လုံး ကိုမာျဖစ္သြားေတာ့မည္ ျဖစ္ေလသည္။

" ျပန္ႏိုးလာပါေတာ့ ျပဒါးရံ ......အဲ့ခ်ိန္က်ရင္ ခင္ဗ်ား လိုလားသည္ျဖစ္ေစ၊ မလိုလားသည္ျဖစ္ေစ ကြၽန္ေတာ္ ခင္ဗ်ားကိုအစြမ္းကုန္ ျပန္ကာကြယ္ေပးမယ္။ "

အခန္းတံခါးဖြင့္လိုက္ခ်ိန္တြင္ ရွင္းက ထိုင္ေနရာမွထလာကာ သူ႔ဆီအေျပးေရာက္လာၿပီး ေမွ်ာ္လင့္တႀကီးေငးၾကည့္လာ၏။

" ျပန္မယ္ "

" အမ္...အင္းအင္း....ျပန္ၾကမယ္ "

အိမ္ျပန္သည့္ လမ္းတစ္ေလွ်ာက္လုံး တိတ္ဆိတ္သည္ထက္ပိုေသာ ဆိတ္ၿငိမ္ျခင္းမ်ိဳးျဖင့္ ရွင္း ႀကဳံေတြ႕ေနရေလသည္။ သတၱိအလုံးစုံကို စုစည္းလိုက္ကာ မွန္ေဘာင္မွတစ္ဆင့္ အျပင္ဘက္သို႔ေငးၾကည့္ေနေသာ ဆင့္ကို သူေမးျမန္းလိုက္သည္။

" အဆင္ေျပရဲ႕လား "

" ငါဘာမွမျဖစ္ဘူး.....မင္းစိတ္မပူလည္းရတယ္ "

" ေကာင္းၿပီ ဘာမွမျဖစ္ဘူးဆိုလည္း ဘာလို႔အဲ့ေလာက္တိတ္ဆိတ္ေနတာလဲ "

" ငါစဥ္းစားေနလို႔ "

" ဘာကိုလဲ "

":ေလေျပရွင္း ႐ုတ္တရက္ႀကီး မင္းဘာလို႔အဲ့ေလာက္ စပ္စုလာရတာလဲ "

" ငါမင္းမဟုတ္တာေတြ လိုက္လုပ္မွာစိုးလို႔ စိတ္ပူလို႔ေမးေနတာ "

" ငါကေလးမဟုတ္ဘူး မင္းမစိုးရိမ္လည္းရတယ္ "

" ကေလးမဟုတ္လို႔ ငါအဲ့ေလာက္ဂ႐ုစိုက္ေနတာေပါ့ ကေလးသာဆိုရင္ ငါနည္းနည္းေလာက္ ႐ုပ္တည္ျပလိုက္တာနဲ႔ ေၾကာက္ၿပီးငိုေနေလာက္ၿပီး မင္းမလို႔ ဒီေလာက္ထိန္းသိမ္းရခက္ေနတာ "

" ေနဦး.... ခုကဘယ္ကိုေမာင္းေနတာလဲ။ ဒါငါ့အိမ္ကိုျပန္တဲ့လမ္းမဟုတ္ဘူး "

" ၾကက္ဥေတာင္ ေကာင္းေကာင္းမျပဳတ္တတ္ဘဲ တစ္ေယာက္ထဲေနမလို႔လား။ ငါ့အိမ္မွာပဲလာေန အိမ္အကူေတြလည္းရွိတယ္ "

ဆင့္ ဘက္က ျပန္မေျပာေတာ့တာေၾကာင့္ တစ္ဖန္ျပန္၍ အသံမ်ားေပ်ာက္ကြယ္သြားေလသည္။ မည္သူမွ စကားမဆိုၾကေတာ့သည္မွာ တည္ၿငိမ္ေနေသာ ကန္ေရျပင္ထက္သို႔ ႐ြက္ဖ်ားထိပ္မွာ ခိုတြဲေနသည့္ ေရစက္ေလးမ်ား စုစည္းၿပီး ထိုေရျပင္ေပၚသို႔ ျပဳတ္က်သြားသည့္အခါ ထြက္ေပၚလာေသာအသံကို ၾကားႏိုင္ေလာက္သည္အထိ ၿငိမ္သက္လြန္းလွေခ်သည္။ မေတာ္တစ္ဆ အသံျပဳလိုက္ပါလွ်င္မူ ရာဇဝတ္မႈ က်ဴးလြန္မိသလို ျဖစ္သြားလိမ့္မည္ဟုေတာင္ အထင္မွားႏိုင္ဖြယ္ရာ ရွိေလသည္။ 

အိမ္ေရာက္လာသည့္အခိုက္တြင္မူ ကားေပၚမွ ဆင္းဆင္းျခင္း ရွင္း၏ ညည္းညည္းညဴညဴ အသံကို စိတ္မ‌ခ်မ္းေျမ့စြာ ၾကားလိုက္ရသည္။

" ေသစမ္း..... ငါ ကိုးလ္နဲ႔ ခ်ိန္းထားတာကို လုံးလုံးေမ့ေနတာပဲ "

" မင္းဘယ္သူနဲ႔ခ်ိန္းထားတာ "

ေသခ်ာမၾကားလိုက္သည့္အတြက္ ဆင့္က ျပန္ေမးလာေလသည္။

" ကိုးလ္..... တစ္နာရီခြဲေတာင္ ေနာက္က်ေနၿပီ "

" ဒါဆိုဘာလုပ္ေနတာလဲ ျမန္ျမန္သြားေလ "

" အင္း မင္းကိုယ့္ဘာသာပဲ အဆင္ေျပသလိုေနလိုက္ေတာ့ ငါသြားၿပီ "

ေနာက္လွည့္မၾကည့္ဘဲ တစ္ခ်ိဳးတည္း ကားေမာင္းကာ ရွင္း ထြက္သြားေလသည္။

" အ႐ူးေကာင္ ငါ့ကိုက်ေတာ့ အခ်စ္ဆုံးသူငယ္ခ်င္းေလး ဘာေလးဆိုၿပီး ကိုးလ္ ဆိုတဲ့အသံၾကားတာနဲ႔ ျပာယာခတ္ေနေတာ့တာပဲ။ "

ေခါင္းတြင္တြင္ခါလိုက္ၿပီး ထိုႏွစ္ေယာက္၏ ဂ်င္းဇာတ္လမ္းကို တိမ္ယံဆင့္ မ်က္ကြယ္ျပဳလိုက္ပါသည္။ မဟုတ္လွ်င္ သူတို႔ႏွစ္ေယာက္ေၾကာင့္ ေခါင္းကိုက္စရာ တစ္ခုထပ္တိုးလာမွာ စိုးေသာေၾကာင့္ ျဖစ္ေလသည္။

- " ေသစမ္း ငါဘယ္လိုေတာင္ ေမ့ႏိုင္ရတာလဲ ကိုးလ္နဲ႔ခ်ိန္းထားတဲ့ ကိစၥကိုမွ "

- " အာ.... ႐ူးေတာ့မွာပဲ သူစိတ္မ်ားဆိုးေနမလားမသိဘူး "

- " မျဖစ္ႏိုင္ဘူး မျဖစ္ႏိုင္ဘူး.... ကိုးလ္က စိတ္ဆိုးတတ္တဲ့လူမွ မဟုတ္တာ။ တစ္ခါတစ္ေလဆို ကိုးလ္ရဲ႕ သည္းခံႏိုင္စိတ္က အတိုင္းအဆမဲ့လြန္းလို႔ လူသားတစ္ေယာက္ေတာင္ ဟုတ္ရဲ႕လားလို႔ ငါျပန္ေမးယူေနရတာ "

- " ဒါေပမယ့္ သူအဲ့ေနရာမွာပဲ တစ္လမေတာင္မေ႐ြ႕ဘဲ ငါ့ကိုထိုင္ေစာင့္ေနႏိုင္ေလာက္တယ္.... ေလေျပရွင္း မင္းကေလ တစ္ကယ္မေကာင္းတဲ့ အေကာင္ပဲ။ "

ကိုးလ္၏ ညႇိဳ႕ခ်က္မ်ားကေတာ့ အံ့ဩဖြယ္ရာပင္။ ေလေျပရွင္းလို မာဖီးယားဂိုဏ္း၏ အေရးပါအရာေရာက္ဆုံး လူကိုေတာင္ ေနာင္တေတြ တစ္ေပြ႕တစ္ပိုက္ႀကီးႏွင့္ အျပစ္တင္စိတ္မကင္းေအာင္ စြမ္းေဆာင္ႏိုင္ပုံမွာ နည္းသည့္အရည္အခ်င္းတစ္ရပ္ေတာ့ မဟုတ္ေပ။

ထင္ထားသည့္အတိုင္းပင္ ကားေပၚကဆင္းဆင္းျခင္း ျမင္လိုက္ရသည္မွာ ရွင္း၏ ရင္အစုံကို ေျမငလွ်င္လႈပ္ခတ္သြားသလို တုန္ခါမႈလႈိင္းအား အလြန္ျပင္းထန္ေစေလသည္။ အေၾကာင္းမွာကား  သူတို႔ႏွစ္ေယာက္ ခ်ိန္းဆိုထားသည့္ ဆိုင္ေရွ႕တြင္ မအူမလည္ႏွင့္ မတ္တပ္ရပ္ေနပါသည့္ ကိုးလ္ေၾကာင့္ ျဖစ္ေလသည္။ ထိုလူသားသည္ မိုက္႐ူးရဲဆန္ခ်က္ကေတာ့ ဆိုင္ထဲဝင္ေစာင့္၍ ရေနပါသည့္တိုင္ ဆိုင္ရပ္၌ သူမလာမခ်င္း ေစာင့္ခဲ့ပါေတာ့သည္။

" ကိုးလ္ "

အသံျပဳလိုက္ခ်ိန္တြင္ ေတာက္ပေနေသာ မ်က္ဝန္းတစ္စုံသည့္ သူ႔ထံသို႔လွည့္ၾကာလာခဲ့ေစသည္။ ထိုေပ်ာ္႐ႊင္မႈတို႔ စြက္ေနေသာ အၾကည့္မ်ားေၾကာင့္ ရွင္းမွာ ဆူရမည္ကိုေတာင္ ေမ့ေတာ့မလိုျဖစ္လာရသည္။

" ဘာလို႔အထဲဝင္ေစာင့္မေနတာလဲ "

စိုးရိမ္စိတ္လြန္ကဲမႈတို႔ေၾကာင့္ ရွင္း၏ အသံမွာ အနည္းငယ္တင္းမာသြားေလသည္။

" ဒီဆိုင္က menu ေတြက  ျပင္သစ္လိုေတြႀကီးပဲ.... ကြၽန္ေတာ္မဖတ္တတ္ဘူး "

ေခါင္းအား ေျမႀကီးထဲစိုက္ဝင္လုမတတ္ ငုံ႔ထား၍ ကိုးလ္ခမ်ာ အေျဖျပန္ေပးလာခဲ့ေလသည္မွာ ခက္ထန္ေနသည့္ ရွင္း၏ မ်က္ဝန္းတစ္စုံႏွင့္ ေသြဖယ္ေနဖို႔ရာလည္း မေမ့ေလ်ာ့‌ေနခဲ့ဟန္ေပၚ၏။

" ဒါေပမယ့္ အျပင္မွာရပ္ေစာင့္ေနတာက ကိုယ့္ကိုကိုယ္ ဒုကၡေရာက္ေအာင္ လုပ္ေနတာပဲဆိုတာ သိရဲ႕လား "

" ကြၽန္....ကြၽန္ေတာ္က ရွင္းကို .... ေစာင့္ေနခဲ့႐ုံပဲေလ။ ခ်ိန္းထားတဲ့ေနရာကို အခ်ိန္မီေရာက္မလာတာက ရွင္းပဲကို.... ဘာ...ဘာလို႔ ကြၽန္ေတာ့္ကို ....စိတ္ဆိုးသြားရတာလဲ။ "

" ကိုယ္... ကိုယ္က "

ကိုးလ္ေျပာသည္မွာ ေျမႀကီးလက္ခပ္မလြဲသည့္ အမွန္တရားမ်ားပင္ ျဖစ္ေလသည္။ တစ္ကယ္ဆိုလွ်င္ ခ်ိန္းထားသည့္ ေနရာကို ေနာက္က်၍ေရာက္လာသည့္ ရွင္းအား ကိုးလ္က စိတ္ဆိုးရမွာျဖစ္ၿပီး အခုေတာ့ျဖင့္ ၎တို႔ႏွင့္ ဆန႔္က်င္စြာ ကိုးလ္အေပၚ ေလေျပရွင္းက ႏိုင္ထက္စီးနင္းဆန္စြာ ျပန္လည္စိတ္ဆိုး‌ေနခဲ့ပါေတာ့သည္။ ကိုးလ္ဘက္က အသံေတြတုန္ရီကာ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနသည့္ အမွန္တရားမ်ားဆိုလာခ်ိန္တြင္ ရွင္း တုန႔္ျပန္ဖို႔ရာ ဆင္ေျခရွာမရ ျဖစ္ေနခဲ့ပါေခ်ေတာ့သည္။

" ကိုယ္က ကိုးလ္ကိုစိတ္ပူလို႔ ေျပာမိတာပါ....ေတာင္းပန္ပါတယ္ေနာ္ ကိုယ္ေနာက္ခါဆို ေနာက္မက်ေစရဘူးလို႔ ကတိေပးပါတယ္.... ကိုယ့္ကို မေၾကာက္နဲ႔ေတာ့ေနာ္ ဟုတ္ၿပီလား။ "

ေလေျပရွင္း၏ အသံမွာခ်က္ျခင္းပင္ ႏူးညံ့ေပ်ာ့ေျပာင္းသြားျပန္ေလသည္။ ကိုးလ္ေၾကာင့္ ရွင္း၏ စ႐ိုက္မွာ အရင္းကထက္စာလွ်င္ အလြန္အမင္း ႏူးညံ့သိမ္ေမြ႕လာတန္ေလသည္။

" အခုဗိုက္ဆာေနၿပီလား ကိုယ္တို႔ဆိုင္ထဲ ဝင္ရေအာင္ေလေနာ္ "

" ရွင္း.... တကယ္ေတာ့ ကြၽန္ေတာ္ အဲ့လိုအစားအစာေတြ မႀကိဳက္ဘူး "

ရွင္းဟာ တစ္ခ်က္ၿပဳံးရယ္လိုက္ပါသည္။

" ကိုယ္သိတယ္ေလ KK ကပ်က္ဆီးသြားၿပီဆိုေတာ့ ကိုးလ္လည္း အလုပ္သစ္ရွာဖို႔နဲ႔ အာ႐ုံမ်ားေနတာ မဟုတ္လား "

နားမလည္သည့္ မ်က္လုံးအဝိုင္းသားႏွင့္ ရွင္းကို ေမာ့ၾကည့္လာေသာ္လည္း ေလေျပရွင္းက အေတာက္ပဆုံးသာ ျပန္ၿပဳံးျပေနခဲ့ေလသည္။ သာမာန္လူဆိုလွ်င္ ရွင္း၏ ညႇိဳ႕ယူဆြဲမက္ဖြယ္အၿပဳံးမ်ားေၾကာင့္ လိုလိုလ်ားလ်ား ေသေပးဖို႔ရာ ဆႏၵရွိေနၾကသည့္ လူမ်ားမွာလည္း မနည္းမေနာပင္။ တိမ္ယံဆင့္၏ manager  လုပ္ခဲ့တုန္းကဆိုလွ်င္ producer  အမ်ားစုက ရွင္းကို မင္းသားလုပ္ဖို႔ စိတ္ဝင္စားလားဆိုၿပီး မၾကာခဏ လာေမးျခင္းကို ခံခဲ့ရေလသည္။ သို႔ေသာ္ ရွင္းဆီက ျပန္ရလိုက္ၾကသည့္ အေျဖမ်ားမွာ " စိတ္မဝင္စားဖူး "ဟူသည့္ ခပ္တန္းတန္း စကားတစ္ခြန္းပင္ျဖစ္ၿပီး ထပ္ေျပာလွ်င္ အားမနာေတာ့ဘူးဟူသည့္ မ်က္ဝန္းအၾကည့္မ်ားေၾကာင့္ ထိုသူမ်ားဟာ ရွင္းထံ ဘယ္ေတာ့မွ ယခင္ကကဲ့သို႔ ကမ္းလွမ္းျခင္းမ်ိဳးလုပ္မလာေတာ့ေပ။

ရွင္းက အမွန္တစ္ကယ္ကို ထူးျခားသည့္ ႐ုပ္ရည္ပိုင္ဆိုင္ထားသည့္ သူျဖစ္ေလသည္။ သို႔ေသာ္ ရည္းစားတစ္ေယာက္မွ မထားဖူးျခင္းက သမိုင္းေတြမည့္ အမွန္တရားေတြထဲက တစ္ခုပင္ျဖစ္ေလေတာ့သည္။

" အဲ့ေတာ့ကိုယ္ဆိုလိုခ်င္တာက .... ကိုးလ္ရဲ႕ ဒီဇိုင္းေတြကို သူေဌးတစ္ေယာက္က သေဘာက်လို႔တဲ့။ သူကဒီဆိုင္ပိုင္ရွင္မလို႔ ကိုယ္ဒီေန႔ေတြ႕ေပးဖို႔ ခ်ိန္းထားတာ.... လူခ်င္းေတြ႕ၿပီး ကိုးလ္ တို႔အလုပ္အေၾကာင္း ေဆြးေႏြးလို႔ရေအာင္လို႔ေလ။ KK ေလာက္လစာမေကာင္းေပမယ့္ ကိုးလ္ အိမ္မွာ တစ္‌ေယာက္ထဲ ပ်င္းမေနရေတာ့ဘူးေပါ့ "

" ေကာင္း...ေကာင္းၿပီ ဝင္ၾကတာေပါ့ "

Continue Reading

You'll Also Like

327K 22.8K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
797K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
565K 35.8K 63
Unicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်က...
291K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024