"ဒါဘာတွေလဲ ငယ်...."
နောက်ကျောဆီက အထိအတွေ့နှင့်တကွ မေးသံပေးလာသောမမနေခြည်ကြောင့် ငယ်သည် နှုတ်ခမ်းနီကိုရွေးချယ်နေရင်း တောက်တောက်ပပလေးပြုံးမိသည်။ပြီးနောက်တွင် အညိုရင့်ရောင်လေးကိုမှ အတောက်ဘက်သို့ သွားသောနှုတ်ခမ်းနီကို stylistအမဆီ အရင်ကမ်းပေးဖြစ်သည်။
ပြီးမှမမနေခြည်ဘက်သို့လှည့်ကာ ချိုအီနေသောမျက်နှာဖြင့်...
"Tatto ထိုးထားတာ..." ဟု ဖြေပေးဖြစ်သည်။
ချက်ချင်းပဲ ငယ့်ကိုယ်ကိုဆွဲလှည့်ပြီး ကိုယ်ပေါ်မှာ ခြုံလွှမ်းထားသည့်တဘက်ကို ဆွဲဖယ်ရင်း အသေအချာထိတွေ့ပြီးကြည့်နေသည့် မမနေခြည်ကြောင့် ငယ်တော့တသိမ့်သိမ့်နဲ့ရယ်နေမိသည်။
"ဟုတ်ရော ဟုတ်လို့လား ငယ်ရယ်။ ဘယ်တုန်းက ထိုးလိုက်တာလဲ...တို့လည်း မသိလိုက်ဘူး"
"နည်းနည်းတော့ကြာသွားပြီရယ်...."
"ဒါဘာစာလုံးလေးတွေလဲ။"
ထိုအမေးကြောင့် ငယ်သည်အနောက်သို့ခေါင်းလေးယိမ်းပြီး မမနေခြည်ထံသို့ကြည့်မိသည်။ ငယ်ကြည့်နေသည်ကို သတိထားမိပုံမရပဲ မမနေခြည်က ငယ့်ကျောပြင်ကိုသာစိတ်ဝင်တစားနဲ့ဖြစ်နေသည်မို့ ငယ်ပိုပြီးပျော်ရသည်။
အပျော်တွေများပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ပဲ...
"ထည်ဝါ့ နာမည်လေ" လို့ ထုတ်ပြောလိုက်တော့
"ဘာ ဘာသာစကားနဲ့လဲ။ မှန်းစမ်း..."
နောက်ထပ်တစ်ကြိမ် ဂရုတစိုက်ကြည့်နေပြန်တဲ့ မမနေခြည်ကြောင့်နဲ့ ငယ်သည် ခန္ဓာကိုယ်ပြန်လှည့်လိုက်ပြီး မမနေခြည်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာနဲ့ပင်...
"ခွီးးး..ကိုဘုန်း၊ ကိုဘုန်းလို့ ထိုးထားတာ"
"ဟင်...."
"ဟီး ဟီး...."
မမနေခြည်ဆီကနေ နားမလည်နိုင်ခြင်းများစွာပါဝင်နေသော အကြည့်များကို လက်ခံပြီး ကမ္ဘာတစ်ခုလုံးပိုင်ဆိုင်ထားသကဲ့သို့ ပျော်ရွှင်နေရင်းကနေ stylistအမ၏ လှမ်းခေါ်မှုကြောင့် ငယ်သည် အဝတ်လဲခန်းဆီသို့လျှောက်သွားရတော့သည်။
Rehearsalနေ့တုန်းကလိုမဟုတ်ပဲ အပေါ်မှ ဘွဲ့ဝတ်စုံကို ထပ်ဝတ်ထားရတဲ့ခံစားချက်က တကယ်ထူးခြားနေသည်။
"ငယ့်ကိုကြည့်လိုက် မမနေခြည်..."
အဝတ်လဲခန်းတံခါးဖွင့်ပြီးသည်နှင့် ငယ်သည် မမနေခြည်ကိုပြောမိသည်။ ထိုအခါ မမနေခြည်က ငယ့်ကိုကြည့်လာပြီးတစ်ခဏမှာပဲ လက်မထောင်ပြပြီး...
"ဒါပဲ...ဒါက ဂုဏ်ယူရတဲ့ဝတ်စုံပဲ" ဟု ပြောလာတော့ ငယ်ငိုချင်လာသည်။
"နှုတ်ခမ်းနီလေး ဆိုးပြီးရင် ပြီးပါပြီ"
ဆိုသော Stylistအမ၏ စကားကြောင့် ငယ်သည်ထိုအမဆီသို့သွားကာ နှုတ်ခမ်းနီးဆိုးဖြစ်သည်။
ပြီးနောက်တွင်တော့ မမနေခြည်၏လက်ကိုချိတ်ပြီး ထိုနေရာကနေထွက်လာခဲ့သည်။
"ကိုဘုန်း လို့ ခေါ်တာလား။"
ဆိုင်ထဲကနေ ခြေလှမ်းပြီးသည်နှင့် မေးလာသော မမနေခြည်၏အမေးကို ငယ်ကခေါင်းသာညိမ့်ပြတော့...
"တို့လည်း ကိုကိုလို့ခေါ်တာ" ဟု မမနေခြည်ကပဲထပ်ပြောလာသည်။
ဒီအပြောကို ရုတ်တရပ်တော့ ငယ်နားမလည်နိုင်ဖြစ်သွားပြီး ခဏလောက်နေမှ...
"အသက် အသက်ကိုလား။" ဟု မေးမိသွားသည်။
ထိုသို့မေးမိပြီးမှ ကိုယ်နဲ့နှိုင်းပြီး ထင်မိတာလားဟုတွေးပြီး အားတုန့်အားနာဖြစ်သွားရပေမယ့်....
"Yes..."
ဆိုသော ဖြေသံနှင့်အတူ အစောက ငယ့်လိုပင် ဖြစ်တည်သွားတဲ့ မမနေခြည်၏အပြုံးမျက်နှာမှာ ငယ်ကိုယ်တိုင်ပင်လျှင် ငေးမောသွားရတာဖြစ်ပြီး ကားနားရောက်သည်မှပဲ လက်ကိုဖြုတ်ပေးမိတော့တာဖြစ်သည်။
"ဖိနပ်အမြင့်လေးနဲ့ ပိုလှမှာကိုကွာ...."
ကားမောင်းသူနေရာမှာ ထိုင်ပြီးသည်နှင့် အလိုမကျသလို ပြောလာသော မမနေခြည်ကြောင့်နဲ့ အတွေးတို့ကိုလက်စသတ်လိုက်ပြီး...
"လနုတည်းက ဂရုစိုက်ထားချင်လို့ပါ မမနေခြည်ရယ်။ ခွဲမွေးရတာကို တော်တော်လေးလန့်နေတုန်းပဲ။ ဒီတစ်ခေါက်က ပထမအကြိမ်လိုပဲ ဂရုစိုက်ရမယ်လေ နော်...."
ဖြေရှင်းချက်ပေးလိုက်တော့ မမနေခြည်က မျက်ခုံးတန်းလေးကိုသာပင့်ပြလေသည်။ ထို့ကြောင့် ငယ်ကပဲစကားကိုပြန်ဆက်ရသည်။
"ထည်ဝါတို့ ရောက်လောက်ပြီနော် မမနေခြည်။"
"မထင်နဲ့...နင့်သမီးတွေ ပြင်လို့မပြီးလောက်သေးဘူး။ သူတို့ကနင့်ထက် ပိုပြင်ချင်နေကြတာ...."
"ဒါတော့ ဟုတ်တယ်။"
ထိုမှာတင် စကားကဘာဆက်ပြောရမှန်းမသိတော့သည်မို့ ငယ်ဘာမှထပ်မပြောပဲနေလိုက်တော့သည်။ ငယ်နဲ့မမနေခြည်တို့ကြားမှာ ခဏလောက်တော့ ငြိမ်သက်သွားပြီးမှ....
"ငယ်....ဘွဲ့ယူပြီးရင် ကုမ္ပဏီပြန်သွားမယ်ဆို"
"ဟုတ်တယ်လေ မမ"
"တို့ကြောင့်လား..."
"အယ် မဟုတ်ပါဘူး အဲ့လို။ "
"ဆောရီး။ အဲ့ဒီတုန်းက တို့ကဒီတိုင်းပဲ ရောင်ဝါ့အတွက်ပြောမိသွားတာ။ ငယ်တို့ကို ပြောချင်လို့ပြောခဲ့တာတော့ မဟုတ်ပေမယ့်လည်း...နည်းနည်းတော့လွန်သွားတယ်မဟုတ်လား။"
"မဟုတ်တာ မမရယ်။ အဲ့ဒီကိစ္စဖြစ်တာပဲ ၈လလောက်ကြာပြီကို အခုထိအားနာနေတုန်းပဲလား။"
"အင်း..."
ကားမောင်းနေရင်းကနေ ငယ့်ဘက်ကို လှည့်လာပြီး ခေါင်းငြိမ့်ပြသည့် မမနေခြည်၏ပုံစံက တကယ်ကိုအလေးအနက်ထားနေသည့်ပုံပေါ်သည်မို့...
"အမှန်တိုင်းပြောရရင် ငယ်လည်း အဲ့လိုခံစားနေရတုန်းပဲ။ အကိုလေးကို တစ်ယောက်တည်းမြင်တိုင်း အားနာရတုန်းပဲ။ ဒါမယ့် အဲ့တာကြောင့်နဲ့တော့ ကုမ္ပဏီကိုပြန်သွားတာမဟုတ်ပေမယ့် အဲ့လိုစိတ်လေးတော့ နည်းနည်းပါတာပေါ့လေ။
ပြီးတော့ Nge Groupက ဒရယ်ဂွန်ကျွမ်းကျင်တဲ့အပိုင်းမဟုတ်တော့လေ အခုနှစ်ပိုင်းမှာ ကုမ္ပဏီကငယ့်ကိုလိုအပ်နေသလိုမျိုး ငယ်ခံစားတယ်။ သိတယ်မလား ငယ်ကျတော့ ငယ်ငယ်ကတည်း ဒီလုပ်ငန်းနဲ့ ရင်းနှီးခဲ့တာဆိုတော့လေ။"
"အင်း...ဒရယ်ဂွန်လည်း ကြိုးစားရှာပါတယ်"
"အဲ့တာကြောင့်ပဲ ပိုအားနာနေရတာ။"
"ဒါမယ့် ငယ်ကကိုယ်ဝန်လနုသေးတယ်ဆိုတော့ stressတွေမများတာ ကောင်းမယ်ထင်တယ်၊ ကုမ္ပဏီမှာက ထည်ဝါ့ကို လုပ်ခိုင်းရင် ဖြစ်တာပဲ"
"ငယ့်အထင်တော့ ငယ်အိမ်မှာနေရတာက ပိုပြီးStressများမယ်ထင်တယ်"
အခုဆို အိမ်မှာ ငယ်ရဲ့ထည်ဝါသည်းသည်းလေးတွေအပြင် အရမ်းဆော့တဲ့ထည်ဝါ၆ယောက်နဲ့မို့ အိမ်မှာသာဆို ငယ်တကယ်ပဲ stressဖြစ်ပြီး စကားတတ်လွန်းတဲ့ ဒီထည်ဝါလေးတွေကြားမှာ ရူးသွားလိမ့်မည်။
ဒါကြောင့် ငယ်ကုမ္ပဏီကိုသွားလိုက်တာက ပိုပြီးကောင်းမည်ဆိုတာကို မမနေခြည်ကလည်းစဥ်းစားမိသွားပုံရသည်။ ခေါင်းတငြိမ့်ငြိမ့်နဲ့ ရယ်မောနေရင်းမှ.....
"ငါတို့ရွှေပင်လယ်မောင်လည်း တွေးကြည့်မှတော်တော်လေး ပင်ပန်းမှာပဲနော်"
ထိုသို့ပြောပြီးစယာရင်ကို ခပ်ပြင်းပြင်းရိုက်ပုတ်နေသည့် မမနေခြည်ကိုကြည့်ပြီးငယ့်မှာ ခေါင်းကိုသာ တသွင်သွင်ငြိမ့်ရင်းထောက်ခံပေးဖြစ်သည်။
ထည်ဝါလေးတွေကြောင့်နဲ့ ငယ့်ရဲ့ထည်ဝါလည်း တော်တော်လေးကို ပင်ပန်းနေမည်။
"ကဲ ရောက်ပြီ ရောက်ပြီ"
ငယ်တို့နှစ်ယောက်စီးလာသောကားသည် နောက်ဆုံးတော့ ဒီမြေကို၊ဒီလိုဘွဲ့ဝတ်စုံဝတ်ဆင်ထားလျက်နဲ့ ခြေချဖို့ဖြစ်လာတော့သည်။
ငယ်တို့ကားရပ်လိုက်သည်နှင့် တံခါးလာဖွင့်သော ကိုမှိုင်းက ကားထဲမှာထိုင်နေဆဲဖြစ်သော ငယ့်ထံကို ညာဘက်လက်ဖဝါးကမ်းလင့်ပေးလာသည်။ ဒီနေရာကို အခုမှရောက်ဖူးတာလည်းမဟုတ်ပါပဲ တုန်ယီချင်နေသော ငယ်သည် ကိုမှိုင်းလက်ထဲကို လက်ထည့်ပေးပြီး ကားထဲကနေထွက်လာခဲ့လိုက်သည်။
"စိတ်လှုပ်ရှားနေလား ငယ်...."
ကိုမှိုင်းက လွှဲပြောင်းပေးသော ငယ့်လက်ကို သူ့မာမီကနွေးထွေးစွာဆုပ်ကိုင်ပေးရင်း ထိုသို့မေးလာတော့ ငယ်ခေါင်းငြိမ့်ပြမိသည်။ တကယ်ကို ငယ်စိတ်ထဲ ပျော်တာလိုလို၊ ဝမ်းနည်းတာလိုလိုနဲ့ ရယ်ချင်၊ငိုချင် ခံစားချက်တွေရောပြွန်းနေပြီး နှလုံးသားကလည်း တလှပ်လှပ်နဲ့အေးနေသလိုမျိုး ခံစားရသည်။
"စိတ်လှုပ်ရှားတယ်ဆိုတာက မကြာခင်မှာ ကောင်းတာတွေဖြစ်လာတော့မှာမိုလို့လေ။ ကောင်းတဲ့အရာတစ်ခုခုမဖြစ်ခင်မှာ ခံစားရတဲ့အခုလိုခံစားချက်ကို စိတ်လှုပ်ရှားတယ်လို့ခေါ်တာ ငယ်ရဲ့၊ဒါက ပျော်ဖို့ကောင်းတယ် ...... အယ် မငိုနဲ့လေ ငယ်"
အန်တီ့စကားတောင်မဆုံးသေးခင်မှာ ကျဆင်းလာတဲ့ ငယ့်မျက်ရည်တွေက ခဏလောက်နေတော့ အနားရောက်လာသည့် သူ့လက်ညှိုးဆီမှာပျောက်ကွယ်ပေးရတော့သည်။
"မငိုနဲ့...."
ငယ့်ခါးတွေကို တိုးလို့ဖက်လာပေးပြီး ငယ့်နားနားကပ်ပြောတဲ့ ဒီစကားလေးကြောင့်လည်း ငယ်ခေါင်းငြိမ့်ပြပြီး သူ့ထံပြုံးပြဖို့ကြိုးစားမိသည်။
"ကောင်း...."
"ဗျာ..."
"ဟွန်း...ကောင်းဘွဲ့ယူတုန်းကလည်း အဲ့လိုပဲနော်။ ငါက ဘေးကနေရှိပေးရတာ...."
"ပျော်ဖို့ကောင်းတယ်နော် အကွေး"
"အင်း...ဘွဲ့နှင်းသဘင်ကို လိုက်လာရတဲ့ခံစားချက်က ပျော်ဖို့ကောင်းတယ်။ ငါ့အလှည့်တုန်းကလည်း အရမ်းပျော်ခဲ့တာမှန်ပေမယ့် ဒီလိုမျိုး ဘေးကနေ ကြည့်ရတာက ပိုပြီးပျော်ဖို့ကောင်းတယ်"
"ဘွဲ့ယူတဲ့သူတွေကိုကြည့်ပြီး ကြည်နူးဂုဏ်ယူရတာမို့ အကွေးပျော်တာဖြစ်မယ်"
"အင်း အဲ့လိုမျိုး...."
ငယ့်ဘေးမှာ ပြောနေကြသည့် သူ့ဒယ်ဒီနဲ့မာမီကိုကြည့်ပြီး ငယ့်ဖေဖေနဲ့မေမေကို သတိရမိသည်။ ဒီလိုနေ့မျိုးမှာ ဖေဖေသာရှိနေရင် ဖေဖေတော့သိပ်ပျော်နေလောက်မည်။
"အန်ကယ်တို့လည်း အခုလိုမျိုး နင့်ပုံစံကိုအရမ်းဂုဏ်ယူနေမှာပါ။ ငါလည်း ဂုဏ်ယူတယ် ငယ်..တကယ်congrateနော်။"
ငယ့်အတွေးကိုသိနေသည့်အလား ငယ့်ခါးတွေကို ဖျစ်ညှစ်ပြီးမှ ထွက်ပေါ်လာသည့် သူ့နှုတ်ဖျားက စကားသံကြောင့် ငယ့်တော့မျက်ရည်တွေသွန်းချမိသည်။
"ပြောပါတယ် မငိုပါနဲ့လို့...."
ဒီနေရာအထိ Stylistအမက လိုက်မပေးနိုင်တာကြောင့် မမနေခြည်ကပဲ မိတ်ကပ်အနည်းငယ်ပျက်သွားသည့် မျက်ခမ်းအောက်နားကို ပြင်ဆင်းပေးရင်း ပြောနေတာဖြစ်သည်။
"ဟေး လာကြတော့....."
ဘွဲ့ယူပြီးသည်နှင့် Studioဆီလာခဲ့သည်က အခုဓာတ်ပုံရိုက်သည့်နေရာမှာ မိသားစုဝင်တွေအားလုံးက ရောက်လို့နေပြီဖြစ်သည်။
"ပြီိးပြီ ပြီးပြီ...ကဲ သွားမယ်"
မမနေခြည်က ငယ့်လက်ကိုဆွဲပြီး အားလုံးရဲ့အလယ်မှာ ရပ်နေစေပြီး သူမကိုယ်တိုင်ကတော့ဖြင့် အစွန်းဘက်နားမှာရပ်နေသည့် အသက်၏နံဘေးသို့ သွားတော့သည်။
"မမလေးသမီးငယ်က ထိုင်လိုက်ပါ"
"ဒီဘက်ကို တစ်ချက်ကြည့်ပေးပါ။ အကိုလေးကောင်း cameraကိုတစ်ချက်လောက်ကြည့်ပေးပါ"
"မမလေးနေခြည် ဘေးကမမလေးကနည်းနည်းလောက်လေးပခုံးလေးနှိမ့်ပေးပါ။"
အရပ်ရှည်သည့် အသက်က နေခြည့်ရှေ့မှာမို့ နေခြည့်ကို ကွယ်မှာစိုး၍ ဓာတ်ပုံဆရာက ပြောလာခြင်းဖြစ်သည်။
"ကလေးတွေကို မမလေးသမီးငယ်ရှေ့မှာ တန်းစီလိုက်ပါ။ ကဲ..ဒီကိုကြည့်ပါမယ်"
ပုံစံအမျိုးမျိုးနဲ့ မိသားစုဓာတ်ပုံတွေရိုက်ပြီးသည်အထိ အကိုလေးရောင်ဝါက မကျေနပ်နိုင်နေသေးပေ။
"လုပ်ပါ...နောက်ထပ် တစ်ပုံလောက်ရိုက်ရအောင်"
"နောက်ထပ်တွေများနေပြီနော် ရောင်ဝါ။ ငါတို့မနက်သုံးနာရီတည်းက အိပ်ရာထ,ထားရတာနော်...နင်မပင်ပန်းသေးဘူးလား။"
"တစ်ပုံတည်း တစ်ပုံတည်းပါ"
ငယ်တို့အားလုံးက ပင်ပန်းနေလို့ ဘယ်လောက်ပဲ အိမ်ကိုပြန်တော့မည်ပြောနေနေ ဇွတ်ဆွဲထားသည့် အကိုလေးထည်ဝါကြောင့်နဲ့ နောက်ထပ်နောက်ထပ်တွေများလာခဲ့တာ ညနေ၂နာရီပင်ရောက်လုတော့မည်ဖြစ်သည်။
"ဟူးး..."
အသက်ရှူသံပြင်းပြင်းနဲ့အတူ ခြေချသံတစ်ချက်ကြောင့် ဓာတ်ပုံရိုက်နေရင်းကနေ ငယ်တို့လှမ်းကြည့်လိုက်တော့ ချွေးထွက်သည်အထိ ပူအိုက်နေပုံရသော ဒရယ်ဂွန့်ကိုမြင်လိုက်ရသည်။
"ဒီကိုလာ ဒရယ်ဂွန်..."
အမောဖြေနေရင်းကနေ ခေါ်သံကြောင့် အကိုလေး၏ဘေးသို့ ဒရယ်ဂွန်ရောက်သွားသည့်အခါမှာ
"ကဲ ဒီကိုကြည့်ပါမယ်။"
ချလပ်!!! ဆိုသော ဒီအသံလေးဆုံးသွားသည်မှာတော့ ငယ်တို့အားလုံး အိမ်ကိုပြန်ခွင့်ရခဲ့သည်။
မှတ်မှတ်ရရ အပြန်လမ်းမှာ ပင်ပန်းလွန်းတာကြောင့် ကလေးတွေရော ငယ်ပါ အိပ်ပျော်ခဲ့ရပေမယ့်လည်း နောက်တစ်ပတ်အကြာမှာရောက်လာသည့် ဓာတ်ပုံများကို ကြည့်ရင်း အကိုလေးကိုကျေးဇူးတင်စကား ပြောရသည်။
"တကယ် ကျေးဇူးနော် အကိုလေး။
မဟုတ်ရင် မိသားစုဝင်တွေမစုံပဲဖြစ်နေမှာ..."
ဧည့်ခန်း၏နံရံမှာ ကိုလိမ္မော်တို့ချိတ်ဆွဲနေကြသော ငယ်တို့နောက်ဆုံးရိုက်ခဲ့သည့်မိသားစုဓာတ်ပုံကိုကြည့်ပြီး အကိုလေးကိုပြောတော့ အကိုလေးက....
"This is my pleasure."ဟု ပြောလာသည်။
"ဒီနှစ် သီတင်းကျွတ်ကိုရွာပြန်မှာ။ နင်တို့လိုက်မှာလား.....ကြယ်ရောင်ကတော့ ငါနဲ့လိုက်မယ်ပြောတယ်"
"လိုပါသေးတယ်...."
"အင်းလေ...ကြိုပြောထားတာ။ အလုပ်တွေ ကြိုဖြတ်လို့ရအောင်လို့"
"လိုက်နိုင်ဖို့ ငယ် ကြိုးစားမယ်" လို့ပြောခဲ့ပေမယ့်လည်း တကယ်တမ်းကျတော့ ငယ်မလိုက်နိုင်ခဲ့ပါ။
"လိမ်လိမ်မာမာနေရမယ်နော်ထည်ဝါ။ အသက်ကိုမဆိုးရဘူးနော်"
"အိုခေ မာမားး..."
အကြီးသုံးယောက်က သူ့မာမီ၏ရွာသို့လိုက်သွားပြီး မိုးတိမ်၊မိုးသားနဲ့ တိမ်လွှာတို့သုံးယောက်ကတော့ ငယ်သေးတာကြောင့် သူကစိတ်မချသည်မို့ ငယ်တို့နဲ့အတူ ဒီအိမ်မှာပဲကျန်ခဲ့ရသည်။
"နွားနို့သောက်လိုက်ဦး သမီးငယ်"
စာရင်းတွေကြည့်နေရင်းမှ အနားရောက်လာသူထံမော့ကြည့်ပြီး ငယ်သည် ခုံကနေထကာသူ့ကိုဝင်ထိုင်စေလိုက်သည်။ လုပ်နေကြအမူအကျင့်တစ်ခုလိုပဲ သူထိုင်ပြီးမှ ငယ်ကသူ့ပေါင်ပေါ်ကိုဝင်ထိုင်ဖြစ်သည်။
စားပွဲပေါ်မှာ သူချပေးထားတဲ့ နွားနို့ခွက်ကို မကိုင်ဖြစ်သေးပဲ သူ့လည်ပင်းဆီကို လက်နှစ်ဖက်လုံးဖြင့် တွယ်ချိတ်ထားပြီး သူ့ရင်ဘက်ဆီမှာပါးအပ်ကာ...
"ထည်ဝါလေးတွေ အိပ်သွားပြီလား" ဟု မေးလိုက်သည်။
ထိုအခါမှာ သူက...
"အိပ်သွားပြီ" ဆိုသော စကားနှင့်အတူ နွားနို့ခွက်ကိုပါ ငယ့်ပါးစပ်ရှေ့အရောက်ပို့ပေးသည်။
ဆက်ပြီး အတွန့်တက်မနေတော့ပဲ ပါးစပ်ဟပေးဖြစ်တော့ သူကပဲငယ့်ပါးစပ်ထဲကို ဖြည်းဖြည်းချင်းနဲ့နွားနို့လောင်းချပေးသည်။
"စာရင်းတွေ အဲ့လောက်မကြည့်နဲ့ သမီးငယ်။ ပင်ပန်းမယ်...."
"မပင်ပန်းပါဘူး....တကယ်တော့ ဒီအလုပ်နဲ့ငါနဲ့က တော်တော်လေးအကျိုးပေးတယ်"
ဆိုပြီး သူမရဲ့လစဥ်အလိုက်ဂရပ်ဖ်ကို ပြလာသည့် ဒီသမီးငယ်ဟာ အရမ်းကိုမှကြိုးစားချင်သည့် ကိုယ်ဝန်သည်လေးဖြစ်နေတော့သည်။
"ဒါတွေကို ဖယ်ထား။ အရေးကြီးဆုံးက နင့်ကျန်းမာရေးပဲ။"
"အင်း..ဒါမယ့်လည်း ငွေရှာရမယ်။ ငါ့ထည်ဝါတွေအကုန်လုံး အေးအေးချမ်းချမ်းနေနိုင်ဖို့ ငါငွေရှာရမယ်"
"အဟွန်းးး...."
"တကယ်ပြောတာ။ ဖြစ်နိုင်ရင် ဒရယ်ဂွန့်ဆီကလုပ်ငန်းတွေကို ဒီတိုင်းတစ်နေနေရာကိုပဲ လှူပစ်လိုက်ရမလားလို့ စဥ်းစားနေတာ။ အဲ့တာမှ ဒရယ်ဂွန်လည်း အိမ်ပြန်လာလို့ရမှာလေ"
"နင့်သဘောပဲ..."
"ဒါမယ့် လှူပစ်လို့မရသေးဘူး။ ငါ့မှာပိုက်ဆံတွေအများကြီးမရှိသေးခင်အထိတော့ ဒီတိုင်း ဒရယ်ဂွန်လုပ်နေတာပဲကောင်းတယ်"
တော်တော်လည်း တော်တဲ့သမီးငယ်ပါ။ လုပ်ချင်ရာတွေ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကြောင့်နဲ့ အခုထက်ထိ ဒရယ်ဂွန့်ဆီကနေအကူအညီ ယူနေရသေးတဲ့ အခြေအနေကိုတော့ နားလည်သေးသည်။
"ထည်ဝါ..."
"အင်း...."
သမီးငယ်၏ ဆံနွယ်အရှည်တွေကို ဖိကပ်နမ်းရှိုက်နေရမှ လူမိသွားသလိုနှင့် ပြန်ထူးရတော့ ဘယ်သူမှလဲမရှိ၊ ကိုယ့်မိန်းမကိုယ် ခိုးနမ်းနေသည့်ဖြစ်အင်ကို သူနည်းနည်းတော့ရှက်မိသည်။
"ဒီထည်ဝါ မွေးလာရင် နာမည််ဘယ်လိုပေးမလဲ..."
"မွေးပြီးရင် သိလိမ့်မယ်"
သူ့အဖြေကိုကြားပြီး သမီးငယ်တော့ နှာခေါင်းလေးရှုံ့ပြီးချစ်စရာကောင်းအောင်လုပ်နေလိမ့်မည်ဆိုတာကို သိပေမယ့်လည်း ငုံ့မကြည့်ဖြစ်ပဲ သူမကိုယ်လေးကိုပဲ တင်းတင်းကျပ်ကျပ်လေးပွေ့ဖက်ထားလိုက်သည်။
သူ့ဘက်ကပွေ့ဖက်နေရင်းကနေ
"နာမည်လှလှလေးပေးပေးနော်" ဆိုသည့် သမီးငယ်၏စကားကို သူ့စိတ်ထဲမှတ်ထားလိုက်ပြီး နောက်ထပ် မွေးလာသော သမီးလေးကို
"ရွှေရောင်ထည်ဝါသော" ဆိုပြီး ကင်ပွန်းတပ်ပေးခဲ့သည်။
"ဒီတစ်ခေါက် အမွှာမဟုတ်ပဲ တစ်ယောက်တည်းဆိုတော့ အင်အားနည်းတယ်" ဆိုသော အကိုလေးရဲ့စကားမှာ မွေးဖွားပြီးခါစ သမီးငယ်ကပါ လိုက်ရယ်နေသည်ကြောင့် သူကပဲ...
"ဖြည်းဖြည်း" ဆိုကာ သတိပေးရသည်အထိဖြစ်ခဲ့ရသည်။
"ကလေး ဘယ်နှစ်ယောက်ယူမှာလဲ ညီ။"
၈လအရွယ် ရွှေရောင်လေးကို သမီးငယ်ပြန်မလာသေးခင် ချော့မြူနေရင်းကနေ အနားလာထိုင်သောအကိုလေးရဲ့ စကားက တကယ်သိချင်လို့မေးနေသည်ပုံမို့...
"ကျွန်တော်လည်း မသိဘူး" ဟု အမှန်အတိုင်းပဲဖြေဖြစ်သည်။
"အခုရက်ပိုင်း မင်းလာမတောင်းတော့တာကြာပြီ။ အဲ့တာကြောင့် မေးလိုက်တာ"
"ကလေးရှေ့မှာ အကိုလေးရာ။"
"ကလေးက ငယ်ပါသေးတယ်ညီရာ။ ကိုယ်က Condomလာမတောင်းတော့ဘူးလို့ ပြောရင်တောင်မှ နားမလည်လောက်သေးပါဘူး။"
"ကျစ်.."
သူ့ဆီက ကျစ်စုပ်သံကြောင့် ဘာမှထပ်မပြောတော့လည်း နောက်ထပ်နှစ်လ အကြာမှာတော့ အကိုလေးဆီကနေ...
"ငါ ပြောသားပဲ" ဆိုသည့် စကားကို ကြားလိုက်ရတော့သည်။
"ဘယ်လိုလုပ်မလဲ ငယ်။ အခုမှ တပို့တွဲလဆိုတော့ နောက်နှစ် သီတင်းကျွတ်ရင်လည်း ငယ်လိုက်လို့မရပြန်ဘူး။"
"အဲ့ဒီအချိန်လောက် မွေးမယ်ထင်တယ်"
"အင်း တို့ပြောချင်တာအဲ့တာ။"
ငယ့်ဗိုက်ထဲက ငယ့်ရဲ့နောက်ထပ်ထည်ဝါလေးကို ပွတ်သပ်လိုက်ရင်း ရှေ့မှာ ရှိနေသည့် မမနေခြည်နှင့်အသက်ကို မတတ်နိုင်ဘူးဆိုသည့် သဘောမျိုးနှင့်ပြုံးပြလိုက်ရသည်။
ကိုယ်ဝန်လနုသေးလို့၊ မွေးခါနီးဖွားခါနီးမို့၊ ကလေးငယ်သေးလို့နဲ့ အကြောင်းပြချက်တွေစုံပြီး ငယ့်မှာ သီတင်းကျွတ်တိုင်း အန်တီတို့ရွာဆီလိုက်လည်ဖို့အတွက် အခွင့်အရေးမရခဲ့ပေ။
"မာမား...."
Meetingပြီးလို့ အစည်းအဝေးခန်းကနေ ငယ့်ရုံးခန်းကိုပြန်လာသည့်လမ်းတွင် တွေ့လိုက်ရသော ငယ့်ရဲ့ထည်ဝါတွေကြောင့် ပင်ပန်းခဲ့သမျှက အမောပြေရလေသည်။
"သွန်းသွန်း....မပြေးနဲ့လေ။"
"ပါပါး ဖယ်...."
သုံးနှစ်အရွယ်သာရှိသေးသော အငယ်လေးသွန်းဖြိုးက ရှေ့ကနေပြေးလာပြီး သူကနောက်ကနေ လမ်းလျှောက်နေသည်မို့ ထိုမြင်ကွင်းကိုကြည့်ရင်း ငယ့်စိတ်အလုံးစုံက ကြည်နူးချမ်းမြေ့သွားရတော့သည်။
"အထဲဝင်မယ်လေ..."
ကလေးတွေအကုန်ဝင်သွားသည်အထိ သူ့ကိုကြည့်ပြီး ရပ်နေသည့်သမီးငယ်ကို ပခုံးကနေ ဖက်လိုက်ရင်း သူမ၏ရုံခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
သူတို့နှစ်ယောက် ရုံးခန်းပြင်မှာရပ်နေသည့်အချိန်ထဲက ကိုယ်စီထမင်းဗူးလေးတွေဖွင့်ထားပြီးပြီဖြစ်တဲ့ ကလေးတွေကိုကြည့်ပြီး သမီးငယ်ရော သူပါ တစ်ဦးကိုတစ်ဦးကြည့်မိကာ ပြုံးမိသွားသည်။
"ညနေ အိမ်ပြန်နောက်ကျမှာလား....."
ထမင်းခပ်ထားသော ဇွန်းပေါ်ကို ကြက်သားမျှင်လေးမသေးမကြီးကို လာတင်ပေးရင်းမေးလာသော သူ့အမေးကို ပြန်မဖြေသေးခင် ကလေးတွေဆီအရင်ကြည့်မိသည်။ ထိုအခါမှာ ငယ့်တို့ဆီကိုကြည့်ပြီး ပြုံးစိစိလုပ်နေသည့် ထည်ဝါအကြီးလေးကြောင့် ရှက်ကို့ရှက်ကန်းနဲ့ပဲ ဆံပင်တွေကို နားရွက်နောက်မှာသိမ်းလိုက်ရင်း ချောင်းဟန့်မိသည်။
"အဟွတ် ဟွတ်..."
ငယ့်ဆီက ချောင်းဟန့်သံကြောင့် သူလည်းဘေးဘီကိုကြည့်ပြီး အကြီးလေးကိုမြင်သွားပုံရသည်။ ချက်ချင်းပဲ ငယ့်ဘက်သို့ရောက်နေသော သူ့ဇွန်းကို အနောက်သို့ပြန်ဆုတ်ပြီး သူ့ပန်းကန်ထဲမှာ ပြန်ချထားလေသည်။
"နေမကောင်းဘူးလား....ထမင်းမဟုတ်ပဲ တခြားစားချင်လား..."
သိနေလျက်နဲ့ တမင်အမေးခံလိုက်ရတော့ မေးတဲ့သူတင်မဟုတ်ပဲ အမေးခံရတဲ့ငယ်ကပါ အိုးတို့အန်းတန်းနဲ့ဖြစ်နေရသည်။
"ခေါက်ဆွဲ စားမလား ပါပါး..."
"ခေါက်ဆွဲလား..."
"အေးလေ။"
"တိမ်လွှာလည်း စားချင်တယ်ပါပါး"
"မိုးသားရောပဲနော်...."
ကြယ်ရောင်တို့နှစ်ယောက်နဲ့ အမွှာလေးသုံးယောက်က သဘောတူလို့ ညီတူတောင်းဆိုနေစဥ်မှာပဲ...
"အငယ်လေးသွန်းဖြိုး Done"
စားပွဲပေါ်သို့ဇွန်းပြချသံနှင့်အတူ လက်၅ချောင်းထောင်ပြီးပြောလာတဲ့ သွန်းဖြိုးကြောင့်နဲ့ အကြီးတွေက ပြာသွားသလဲနဲ့...
"ဟေ့ ဟေ့...ထမင်းပြီးအောင်အရင်စား" ဆိုသည့် ကြယ်ရောင့်အသံမှာ ကောင်းကင်အပါအဝင် အားလုံးက ထမင်းပန်းကန်ဆီမှာ အာရုံပြန်စိုက်သွားကြတော့သည်။
ထိုအခါမှပဲ ငယ်ရော၊သူပါ မသိမသာနဲ့ သက်ပြင်းချလိုက်ရသည်။ ကိုယ့်ထမင်းကိုယ်စားနေရင်းကနေ ကလေးတွေမသိအောင် သူ့မျက်နှာလေးကိုခိုးခိုးပြီးကြည့်ရတာ ရင်ခုန်ဖို့ကောင်းသည်။
"Done.."
"Done..."
"Done..."
ဇွန်းကိုစားပွဲပေါ်ချပြီး လက်မြှောက်ကာပြောလာတဲ့ ဒီစကားလေးကို ငယ်ကိုတိုင်လည်း စားလို့ပြီးသွားသည့်အခါမှာ...
"မာမားလည်း Done" ဟု လိုက်ပြောဖြစ်သည်။
ငယ့်ထက်အရင်စားလို့ပြီးတဲ့ သူက ငယ့်လုပ်ပုံကိုကြည့်ပြီး မသိမသာလေးပြုံးသွားသည်။ ဒါကို ငယ်ကမြင်ဖြစ်အောင်မြင်လိုက်ပြီး အသည်းတွေယားသည်အထိ သူ့ဆီမှာပျော်ဝင်ရပြန်သည်။
"ငါတို့ပြန်တော့မယ်...."
"အင်း...ညနေ နည်းနည်းတော့နောက်ကျမယ်။
ဒေလီယာနဲ့ ချိန်းထားလို့.....ပြီးတာနဲ့တန်းပြန်ခဲ့မယ်နော်။"
ပြောပြီးချက်ချင်းမှာ ထည်ဝါလေးတွေကြည့်နေတာကို သိပေမယ့်လည်း မသိချင်ယောင်ဆောင်ပြီး သူ့ပါးကိုနှုတ်ဆက်အနမ်းလေး ပေးဖြစ်သည်။
နမ်းနေတုန်းက ဘာမှမဖြစ်ပေမယ့်လည်း နမ်းပြီးမှ ဘယ်လိုနေရမှန်းမသိ ဖြစ်လာရသည်။ သို့သော်လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး...
"သွား သွားတော့လေ။ ညနေမှတွေ့မယ်..."
ကျန်တဲ့ထည်ဝါလေးတွေကိုတော့ ဖလိုင်းကစ်တွေတသီကြီးပေးလိုက်ပြီး သူတို့လေးတွေ ရုံးခန်းအပြင်ကို ရောက်သည်နှင့် အခန်းတံခါးကိုမြန်မြန်ပိတ်ချလိုက်သည်။ ဒါတောင် တံခါးမပိတ်ခင်မှာ...
"မာမားက ပါပါးကိုနမ်းလိုက်တာမလား။"
"အေးလေ...ငါတို့ကိုကျ ဖလိုင်းကစ်နဲ့တင်ပြီးသွားရော"
ဆိုသည့် အပြောကို ကြားလိုက်ရသေးသည်။
သို့သော်လည်း ရုံးခန်းထဲမှာ တစ်ယောက်ထဲရှိသွားသည်နှင့် လက်သီးဆုပ်ပြီး...
"ငါဟ...." ဆိုပြီး ကလေးတွေရှေ့မှာ သူ့ကိုနမ်းလိုက်ရသည့်ဖြစ်အင်ကိုပဲ ပြန်မြင်ယောင်ရင်း ပီတိဖြာဝေနေရသေးသည်။
ကလေးတွေကြီးလာသည်နှင့် ငယ်တို့နှစ်ယောက်မှာ ကလေးတွေရှေ့ဆင်ဆင်ခြင်ခြင်နေပြရသည်က တစ်ခါတစ်ခါအချစ်တွေလျှံကျလာရင် သူတို့ လေးတွေရှေ့မှာပဲ အခုလို မသိသလို၊မတတ်သလိုလေး ချစ်လိုက်တာဖြစ်သည်။ ဒီလိုမဟုတ်လျှင်လည်း ညဘက် ကလေးတွေအိပ်ပျော်ပြီးမှ တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာပွေ့ဖက်ထားရင်း ဒီလိုအထိအတွေ့ကိုဘယ်လောက်ထိလွမ်းနေရကြောင်းတွေထုတ်ပြောနေရဖြစ်တာဖြစ်သည်။
ညနေဘက်မှာ ဒေလီယာနဲ့ခဏလောက်ပဲ စကားပြောဖြစ်မယ်လို့ ထင်ထားသော်လည်း အိမ်ကိုငယ်ပြန်ရောက်တော့ ည၉နာရီပင်ကျော်နေပြီဖြစ်သည်။ ဒါတောင် သူက ကိုမှိုင်းကိုလိုက်ကြိုခိုင်း၍သာ ပြန်ရောက်လာတာဖြစ်သည်။
"ဘယ်လိုဖြစ်ပြီး နောက်ကျနေတာလဲ သမီးငယ်။"
"ရှူးး...."
ညအိပ်ဝတ်သည့်အင်္ကျီကို ကြယ်သီးတွယ်နေရင်းကနေ သူ့နှုတ်ခမ်းပေါ်မှာလက်ညှိုးလေးတစ်ချောင်း တင်းဖြစ်ရင်း ကျန်လက်တစ်ဖက်ဖြင့်
သူ့အားအခန်းပြင်သို့ဆွဲခဲ့လိုက်သည်။
လသာဆောင်အထိပါ တစ်ဆက်တည်းသွားဖြစ်လိုက်တော့...
"ကြယ်သီးကို အရင်ပြီးအောင်မတွယ်ပဲနဲ့..." ဆိုသည့် အပြစ်တင်သံနှင့်အတူ ငယ့်အင်္ကျီ၏ကြယ်သီးများကို သူကပဲ ပြီးဆုံးအောင် တွယ်ချိတ်ပေးတော့တာဖြစ်သည်။
"ပြီးပြီ...."
ကလေးတွေကို လုပ်ပေးနေကြလိုပဲ ငယ့်ကိုလည်းယုယပေးပြီး ထိုသို့ပြောလာတဲ့သူ့ကိုနေ့လယ်က အချစ်လက်ကျန်လေးတွေနဲ့ပါပေါင်းပြီး ငယ့်မှာ နောက်ထပ်တစ်ကြိမ်အချစ်စိတ်တွေယိုဖိတ်လာပြီး တင်းကြပ်စွာနှင့်ဖက်တွယ်လိုက်မိသည်။
"လွမ်းနေတာ....ဒီလိုမျိုးဖက်ထားချင်တာ။"
ငယ့်ပြောတော့ သူကခပ်သဲ့သဲ့လေးရယ်သွေးရင်း ငယ့်ခါးဆီကိုပြန်လည်လို့ထွေးပွေ့လာပြီး တင်းတင်းလေးဖက်ထားပေးသည်။ ဒီလောက်နဲ့တင် မနက်ဖြန်အတွက် ငယ့်မှာစွမ်းအင်တွေပြည့်ဝသွားပြီဖြစ်သည်။
"မနက်Meetingရှိတယ်ဆို၊ လာခဲ့...စောစောအိပ်ရမယ်။"
ပြောပြီး ငယ့်ကိုချီပွေ့လိုက်တဲ့သူကြောင့် သူ့ထက်ခေါင်းတစ်လုံးစာလောက်ပိုမြင့်သွားတဲ့ငယ်က သူ့နဖူးပြင်ကိုဖိကပ်နမ်းရှိုက်လိုက်သည်။
"ဒေလီယာ့မောင်လေးက ကလေးမယူချင်သေးဘူးတဲ့၊ အိမ်ထောင်ကျပြီးမှ သိရတာက အဲ့ဒီကောင်လေးက အရမ်းဂျီတယ်ဆိုတာပဲ။
မနက်ဆိုလည်း ဒေလီယာက မနက်စာအဆင်သင့်ပြင်ပေးထားမှ၊ နေ့လည်ဆိုလည်း နေ့လည်စာ၊ ခူးပြီးခပ်ပြီး စောင့်နေမှကျေနပ်တာတဲ့လေ။ အဝတ်ဆိုရင်လည်း ဒေလီယာ့လက်နဲ့လျှော်မှစိတ်တိုင်းကျတယ်ပြောတော့ ဒေလီယာ့မှာ သူ့ကိုယ်သူအတွက်အချိန်မရှိလောက်အောင်ကိုပဲ။"
အရင်နေ့တွေကလိုပဲ တစ်နေ့တာတွေ့ကြုံခဲ့သမျှကို သူ့ကိုပြန်ပြောပြရင်းနဲ့ ကြာလာတော့အသံပြန်မပေးတဲ့ သူ့ကြောင့်ပဲ ငယ်မှာအိပ်ပျော်သွားရတော့သည်။ ညက သူ့ကိုယ်ပေါ်မှာ ပွေ့ချီထားလျက်ကနေ အိပ်ပျော်သွားတာဖြစ်ပေမယ့်လည်း မနက်နိုးလာတော့ မွေ့ရာအထက်မှာရှိနေသည်က ဖြစ်မြဲအမ္မတာတစ်ခုလိုပင်။
"ထည်ဝါ....."
"ဗျာ..."
"ရှင်...ရှင်...ရှင်..."
"ဝုတ် ဝုတ်..."
မျက်လုံးမဖွင့်သေးခင်အရင်မှာ တမ်းတမိတဲ့ ထိုနာမက အာရုံဦးရဲ့ခေါင်းလောင်းလေးတွေလိုပင်။ သံချက်မညီမညာနဲ့ နားထောင်ရတာ ငယ်အဖို့တော့ အလွန်ကြည်နူးဖွယ်ရာကောင်းသည်။
"ရွှေရောင့်ကို မျက်နှာသစ်ပေး မာမား"
ထိုတောင်းဆိုမှုကြောင့် ၅နှစ်ထဲကို ဝင်လာပြီဖြစ်တဲ့ ရွှေရောင်ထည်ဝါလေးကို ချီမြှောက်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။
ရေပါတစ်ခါတည်း ချိုးဖြစ်ခဲ့ပြီး ရွှေရောင်လေးကို အင်္ကျီဝတ်လဲပေးကာ ငယ်ကိုယ်တိုင်လည်း ရုံးသွားဖို့ပြင်ဆင်ခဲ့ပြီးမှ အောက်ထပ်သို့ဆင်းခဲ့သည်။
"မနက်စာစားမယ် ကလေးတို့...."
သူ့ဟာနဲ့သူ အလုပ်ရှုပ်နေကြသည့် ငယ့်ရဲ့ထည်ဝါလေးတွေဟာ အကိုလေးရဲ့ခေါ်သံကြောင့် လုပ်လက်စများကို ချခဲ့ပြီး ထမင်းစားခန်းဆီသို့ဝင်သွားကြသည်။
ထိုမှနေ၍ အိမ်အပြင်ဘက်သို့ကြည့်မိတော့လည်း အစာစားနေကြပြီဖြစ်တဲ့ ငယ်ရဲ့ထည်ဝါလေးတွေက ကိုမှိုင်းနဲ့တော်တော်လေးကို ရင်းနှီးနေကြပြီဖြစ်သည်။
ထမင်းစားခန်းထဲသို့ဝင်လိုက်သည်နှင့် ရှည်လျားလှသော ကျွန်းစားပွဲကြီးတွင် မိသားစုဝင်များက သူ့နေရာနှင့်သူ နေရာယူပြီးကြပြီဖြစ်သည်။ ဒီလိုမိသားစု စုံစုံလင်လင်နဲ့ စတင်ခဲ့သည့် မနက်ခင်းများက ဒီနေ့မတိုင်ခင်နေ့ရက်တွေမှာရော၊ ဒီနေ့ပြီးနောက်ထပ်နေ့ရက်တွေမှာရော ရှိနေဦးမည်ဖြစ်သည်။
"မနက်စာစားမယ် သမီးငယ်..." ဆိုသော သူ့ခေါ်သံကြောင့် တံခါးဝမှာရပ်နေရင်း မျက်ရည်ကျချင်နေသော ငယ်သည် ခပ်မြန်မြန်ပဲ...
"အင်း လာပြီ" ဟု ပြောကာ သူထံသို့ အတောက်ပဆုံးဖြစ်အောင် ပြုံးပြဖြစ်သည်။
သူဟာ ငယ့်မျက်ရည်တွေကို မုန်းသည်။
ပျော်လို့ မျက်ရည်ကျတာပဲဖြစ်ဖြစ်၊ ဝမ်းနည်းလို့မျက်ရည်ကျတာပဲဖြစ်ဖြစ် ငယ်မျက်ရည်ကျတာကို သူလုံးဝမကြိုက်ပေ။
"ဘယ်တော့မှမငိုတော့ပါဘူးလို့ ကတိမပေးနိုင်ပေမယ့်လည်း ဝမ်းနည်းနေတဲ့အခါတိုင်းတော့ ငါ့မှာနင်ရှိတယ်လို့ တွေးမိရုံနဲ့တင် ပျော်ရတယ်ဆိုတာ မှတ်ထားပေးနော်"
"မငိုနဲ့...."
"အင်း...မငိုတော့ဘူး"
,မငိုဘူးလို့ ပြောနေရင်းကပဲ ငယ်ငိုမိတော့သည်။
သူ့ကိုကြည့်နေရင်း၊ ဒီလိုသူ့ကိုမြင်နေရင်းနဲ့ပဲ သူပေးခဲ့တဲ့ချစ်ခြင်းမေတ္တာတွေကို တရိပ်ရိပ်နဲ့ခံစားမိတော့ ဒီလိုမေတ္တာတွေအတွက် ပြန်ပေးစရာဆိုလို့ပြသနာတွေပဲရှိခဲ့သည့် ငယ့်ကိုငယ် အားငယ်ပြီးဝမ်းနည်းမိတာဖြစ်သည်။
"ကောင်းကင်ကြီးကို ကြည့်လိုက် သမီးငယ်။"
"ဒီနေ့ နေသာတာပဲ၊ ရာသီဥတုက ကောင်းလိုက်တာ...."
သူ့ခါးတွေကို လက်နှစ်ဖက်လုံးဖြင့် တွယ်ချိတ်ထားရင်းကနေပဲ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီး သာယာတဲ့ရာသီဥတုအကြောင်းကို အလိုလိုဖွင့်ဟမိသွားသည်။
"ဘယ်အချိန်၊ဘယ်နေရာကိုပဲ ရောက်ရောက် ငိုချင်လာတိုင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်..."
"ကြည့်လိုက်ရင်..."
"ပြောပြလိမ့်မယ် ငါနင့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတဲ့အကြောင်းကို...."
လိုက်ဖက်မညီစွာနဲ့ စိတ်ကူးယဥ်ဆန်ဆန်ပြောလာသော သူ့စကားမှာ ငယ်တော့ခပ်လွင်လွင်လေးရယ်သွေးလိုက် စကားတွေတတ်နေတဲ့သူ့ကို ခြေဖျားလေးထောက်ပြီး မေးဖျားလေးကိုအနမ်းခြွေရင်း ဂုဏ်ပြုမိသည်။
"တကယ်ပြောတာက ငါနင့်ကိုဘယ်လောက်ထိချစ်လဲဆိုတာ ကောင်းကင်ကြီးပဲသိတာ။"
"ကောင်းကင်ရော၊ ကြယ်ရောင်ရော၊ လရောင်ရော၊ မိုးတိမ်ရော၊ မိုးသားရော၊ တိမ်လွှာရော၊ ရွှေရောင်ရော...နောက်ဆုံး အားလုံးစုပေါင်းသွန်းဖြိုးပြီး နင့်အချစ်တွေကို သက်သေတည်ပေးတယ်ပေါ့။"
"အင်း....သူတို့အားလုံးက ငါ့ရဲ့အချစ်သက်သေတွေပဲ။"
ထိုသို့ပြောပြီး ငယ့်နှုတ်ခမ်းလေးကို ဖျက်ခနဲနမ်းလာသည့် သူက နမ်းပြီးပြီးချင်းမှာပဲ ကောင်းကင်ကြီးဆီကို မော့ကြည့်နေသည်။
"နမ်းရအောင် ထည်ဝါ...."
မျက်နှာမော့ထားသည့်သူ့ကို ခြေဖျားထောက်လျှင်တောင်မှ ငယ်ကမေးအဖျားလောက်ပဲ မှီမည်မို့ ပွင့်ပွင့်လင်းလင်းပဲတောင်းဆိုဖြစ်သွားသည်။ ထိုအခါမှာ သူက သဘောတူညီစွာနှင့်ပင် ငယ့်ခါးတွေဆီမှာဖက်တွယ်ထားရင်းကနေ အစောကလိုမဟုတ်တော့ပဲ ဖြည်းဖြည်းချင်းနဲ့ အနမ်းတွေကို ကြာရှည်စေတော့သည်။
____________________
Zawgyi....
"ဒါဘာေတြလဲ ငယ္...."
ေနာက္ေက်ာဆီက အထိအေတြ႕ႏွင့္တကြ ေမးသံေပးလာေသာမမေနျခည္ေၾကာင့္ ငယ္သည္ ႏႈတ္ခမ္းနီကိုေ႐ြးခ်ယ္ေနရင္း ေတာက္ေတာက္ပပေလးၿပဳံးမိသည္။ၿပီးေနာက္တြင္ အညိဳရင့္ေရာင္ေလးကိုမွ အေတာက္ဘက္သို႔ သြားေသာႏႈတ္ခမ္းနီကို stylistအမဆီ အရင္ကမ္းေပးျဖစ္သည္။
ၿပီးမွမမေနျခည္ဘက္သို႔လွည့္ကာ ခ်ိဳအီေနေသာမ်က္ႏွာျဖင့္...
"Tatto ထိုးထားတာ..." ဟု ေျဖေပးျဖစ္သည္။
ခ်က္ခ်င္းပဲ ငယ့္ကိုယ္ကိုဆြဲလွည့္ၿပီး ကိုယ္ေပၚမွာ ၿခဳံလႊမ္းထားသည့္တဘက္ကို ဆြဲဖယ္ရင္း အေသအခ်ာထိေတြ႕ၿပီးၾကည့္ေနသည့္ မမေနျခည္ေၾကာင့္ ငယ္ေတာ့တသိမ့္သိမ့္နဲ႔ရယ္ေနမိသည္။
"ဟုတ္ေရာ ဟုတ္လို႔လား ငယ္ရယ္။ ဘယ္တုန္းက ထိုးလိုက္တာလဲ...တို႔လည္း မသိလိုက္ဘူး"
"နည္းနည္းေတာ့ၾကာသြားၿပီရယ္...."
"ဒါဘာစာလုံးေလးေတြလဲ။"
ထိုအေမးေၾကာင့္ ငယ္သည္အေနာက္သို႔ေခါင္းေလးယိမ္းၿပီး မမေနျခည္ထံသို႔ၾကည့္မိသည္။ ငယ္ၾကည့္ေနသည္ကို သတိထားမိပုံမရပဲ မမေနျခည္က ငယ့္ေက်ာျပင္ကိုသာစိတ္ဝင္တစားနဲ႔ျဖစ္ေနသည္မို႔ ငယ္ပိုၿပီးေပ်ာ္ရသည္။
အေပ်ာ္ေတြမ်ားၿပီး ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ပဲ...
"ထည္ဝါ့ နာမည္ေလ" လို႔ ထုတ္ေျပာလိုက္ေတာ့
"ဘာ ဘာသာစကားနဲ႔လဲ။ မွန္းစမ္း..."
ေနာက္ထပ္တစ္ႀကိမ္ ဂ႐ုတစိုက္ၾကည့္ေနျပန္တဲ့ မမေနျခည္ေၾကာင့္နဲ႔ ငယ္သည္ ခႏၶာကိုယ္ျပန္လွည့္လိုက္ၿပီး မမေနျခည္ကိုၾကည့္ကာ စိတ္လႈပ္ရွားစြာနဲ႔ပင္...
"ခြီးးး..ကိုဘုန္း၊ ကိုဘုန္းလို႔ ထိုးထားတာ"
"ဟင္...."
"ဟီး ဟီး...."
မမေနျခည္ဆီကေန နားမလည္ႏိုင္ျခင္းမ်ားစြာပါဝင္ေနေသာ အၾကည့္မ်ားကို လက္ခံၿပီး ကမာၻတစ္ခုလုံးပိုင္ဆိုင္ထားသကဲ့သို႔ ေပ်ာ္႐ႊင္ေနရင္းကေန stylistအမ၏ လွမ္းေခၚမႈေၾကာင့္ ငယ္သည္ အဝတ္လဲခန္းဆီသို႔ေလွ်ာက္သြားရေတာ့သည္။
Rehearsalေန႔တုန္းကလိုမဟုတ္ပဲ အေပၚမွ ဘြဲ႕ဝတ္စုံကို ထပ္ဝတ္ထားရတဲ့ခံစားခ်က္က တကယ္ထူးျခားေနသည္။
"ငယ့္ကိုၾကည့္လိုက္ မမေနျခည္..."
အဝတ္လဲခန္းတံခါးဖြင့္ၿပီးသည္ႏွင့္ ငယ္သည္ မမေနျခည္ကိုေျပာမိသည္။ ထိုအခါ မမေနျခည္က ငယ့္ကိုၾကည့္လာၿပီးတစ္ခဏမွာပဲ လက္မေထာင္ျပၿပီး...
"ဒါပဲ...ဒါက ဂုဏ္ယူရတဲ့ဝတ္စုံပဲ" ဟု ေျပာလာေတာ့ ငယ္ငိုခ်င္လာသည္။
"ႏႈတ္ခမ္းနီေလး ဆိုးၿပီးရင္ ၿပီးပါၿပီ"
ဆိုေသာ Stylistအမ၏ စကားေၾကာင့္ ငယ္သည္ထိုအမဆီသို႔သြားကာ ႏႈတ္ခမ္းနီးဆိုးျဖစ္သည္။
ၿပီးေနာက္တြင္ေတာ့ မမေနျခည္၏လက္ကိုခ်ိတ္ၿပီး ထိုေနရာကေနထြက္လာခဲ့သည္။
"ကိုဘုန္း လို႔ ေခၚတာလား။"
ဆိုင္ထဲကေန ေျခလွမ္းၿပီးသည္ႏွင့္ ေမးလာေသာ မမေနျခည္၏အေမးကို ငယ္ကေခါင္းသာညိမ့္ျပေတာ့...
"တို႔လည္း ကိုကိုလို႔ေခၚတာ" ဟု မမေနျခည္ကပဲထပ္ေျပာလာသည္။
ဒီအေျပာကို ႐ုတ္တရပ္ေတာ့ ငယ္နားမလည္ႏိုင္ျဖစ္သြားၿပီး ခဏေလာက္ေနမွ...
"အသက္ အသက္ကိုလား။" ဟု ေမးမိသြားသည္။
ထိုသို႔ေမးမိၿပီးမွ ကိုယ္နဲ႔ႏႈိင္းၿပီး ထင္မိတာလားဟုေတြးၿပီး အားတုန္႔အားနာျဖစ္သြားရေပမယ့္....
"Yes..."
ဆိုေသာ ေျဖသံႏွင့္အတူ အေစာက ငယ့္လိုပင္ ျဖစ္တည္သြားတဲ့ မမေနျခည္၏အၿပဳံးမ်က္ႏွာမွာ ငယ္ကိုယ္တိုင္ပင္လွ်င္ ေငးေမာသြားရတာျဖစ္ၿပီး ကားနားေရာက္သည္မွပဲ လက္ကိုျဖဳတ္ေပးမိေတာ့တာျဖစ္သည္။
"ဖိနပ္အျမင့္ေလးနဲ႔ ပိုလွမွာကိုကြာ...."
ကားေမာင္းသူေနရာမွာ ထိုင္ၿပီးသည္ႏွင့္ အလိုမက်သလို ေျပာလာေသာ မမေနျခည္ေၾကာင့္နဲ႔ အေတြးတို႔ကိုလက္စသတ္လိုက္ၿပီး...
"လႏုတည္းက ဂ႐ုစိုက္ထားခ်င္လို႔ပါ မမေနျခည္ရယ္။ ခြဲေမြးရတာကို ေတာ္ေတာ္ေလးလန္႔ေနတုန္းပဲ။ ဒီတစ္ေခါက္က ပထမအႀကိမ္လိုပဲ ဂ႐ုစိုက္ရမယ္ေလ ေနာ္...."
ေျဖရွင္းခ်က္ေပးလိုက္ေတာ့ မမေနျခည္က မ်က္ခုံးတန္းေလးကိုသာပင့္ျပေလသည္။ ထို႔ေၾကာင့္ ငယ္ကပဲစကားကိုျပန္ဆက္ရသည္။
"ထည္ဝါတို႔ ေရာက္ေလာက္ၿပီေနာ္ မမေနျခည္။"
"မထင္နဲ႔...နင့္သမီးေတြ ျပင္လို႔မၿပီးေလာက္ေသးဘူး။ သူတို႔ကနင့္ထက္ ပိုျပင္ခ်င္ေနၾကတာ...."
"ဒါေတာ့ ဟုတ္တယ္။"
ထိုမွာတင္ စကားကဘာဆက္ေျပာရမွန္းမသိေတာ့သည္မို႔ ငယ္ဘာမွထပ္မေျပာပဲေနလိုက္ေတာ့သည္။ ငယ္နဲ႔မမေနျခည္တို႔ၾကားမွာ ခဏေလာက္ေတာ့ ၿငိမ္သက္သြားၿပီးမွ....
"ငယ္....ဘြဲ႕ယူၿပီးရင္ ကုမၸဏီျပန္သြားမယ္ဆို"
"ဟုတ္တယ္ေလ မမ"
"တို႔ေၾကာင့္လား..."
"အယ္ မဟုတ္ပါဘူး အဲ့လို။ "
"ေဆာရီး။ အဲ့ဒီတုန္းက တို႔ကဒီတိုင္းပဲ ေရာင္ဝါ့အတြက္ေျပာမိသြားတာ။ ငယ္တို႔ကို ေျပာခ်င္လို႔ေျပာခဲ့တာေတာ့ မဟုတ္ေပမယ့္လည္း...နည္းနည္းေတာ့လြန္သြားတယ္မဟုတ္လား။"
"မဟုတ္တာ မမရယ္။ အဲ့ဒီကိစၥျဖစ္တာပဲ ၈လေလာက္ၾကာၿပီကို အခုထိအားနာေနတုန္းပဲလား။"
"အင္း..."
ကားေမာင္းေနရင္းကေန ငယ့္ဘက္ကို လွည့္လာၿပီး ေခါင္းၿငိမ့္ျပသည့္ မမေနျခည္၏ပုံစံက တကယ္ကိုအေလးအနက္ထားေနသည့္ပုံေပၚသည္မို႔...
"အမွန္တိုင္းေျပာရရင္ ငယ္လည္း အဲ့လိုခံစားေနရတုန္းပဲ။ အကိုေလးကို တစ္ေယာက္တည္းျမင္တိုင္း အားနာရတုန္းပဲ။ ဒါမယ့္ အဲ့တာေၾကာင့္နဲ႔ေတာ့ ကုမၸဏီကိုျပန္သြားတာမဟုတ္ေပမယ့္ အဲ့လိုစိတ္ေလးေတာ့ နည္းနည္းပါတာေပါ့ေလ။
ၿပီးေတာ့ Nge Groupက ဒရယ္ဂြန္ကြၽမ္းက်င္တဲ့အပိုင္းမဟုတ္ေတာ့ေလ အခုႏွစ္ပိုင္းမွာ ကုမၸဏီကငယ့္ကိုလိုအပ္ေနသလိုမ်ိဳး ငယ္ခံစားတယ္။ သိတယ္မလား ငယ္က်ေတာ့ ငယ္ငယ္ကတည္း ဒီလုပ္ငန္းနဲ႔ ရင္းႏွီးခဲ့တာဆိုေတာ့ေလ။"
"အင္း...ဒရယ္ဂြန္လည္း ႀကိဳးစားရွာပါတယ္"
"အဲ့တာေၾကာင့္ပဲ ပိုအားနာေနရတာ။"
"ဒါမယ့္ ငယ္ကကိုယ္ဝန္လႏုေသးတယ္ဆိုေတာ့ stressေတြမမ်ားတာ ေကာင္းမယ္ထင္တယ္၊ ကုမၸဏီမွာက ထည္ဝါ့ကို လုပ္ခိုင္းရင္ ျဖစ္တာပဲ"
"ငယ့္အထင္ေတာ့ ငယ္အိမ္မွာေနရတာက ပိုၿပီးStressမ်ားမယ္ထင္တယ္"
အခုဆို အိမ္မွာ ငယ္ရဲ႕ထည္ဝါသည္းသည္းေလးေတြအျပင္ အရမ္းေဆာ့တဲ့ထည္ဝါ၆ေယာက္နဲ႔မို႔ အိမ္မွာသာဆို ငယ္တကယ္ပဲ stressျဖစ္ၿပီး စကားတတ္လြန္းတဲ့ ဒီထည္ဝါေလးေတြၾကားမွာ ႐ူးသြားလိမ့္မည္။
ဒါေၾကာင့္ ငယ္ကုမၸဏီကိုသြားလိုက္တာက ပိုၿပီးေကာင္းမည္ဆိုတာကို မမေနျခည္ကလည္းစဥ္းစားမိသြားပုံရသည္။ ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ရယ္ေမာေနရင္းမွ.....
"ငါတို႔ေ႐ႊပင္လယ္ေမာင္လည္း ေတြးၾကည့္မွေတာ္ေတာ္ေလး ပင္ပန္းမွာပဲေနာ္"
ထိုသို႔ေျပာၿပီးစယာရင္ကို ခပ္ျပင္းျပင္း႐ိုက္ပုတ္ေနသည့္ မမေနျခည္ကိုၾကည့္ၿပီးငယ့္မွာ ေခါင္းကိုသာ တသြင္သြင္ၿငိမ့္ရင္းေထာက္ခံေပးျဖစ္သည္။
ထည္ဝါေလးေတြေၾကာင့္နဲ႔ ငယ့္ရဲ႕ထည္ဝါလည္း ေတာ္ေတာ္ေလးကို ပင္ပန္းေနမည္။
"ကဲ ေရာက္ၿပီ ေရာက္ၿပီ"
ငယ္တို႔ႏွစ္ေယာက္စီးလာေသာကားသည္ ေနာက္ဆုံးေတာ့ ဒီေျမကို၊ဒီလိုဘြဲ႕ဝတ္စုံဝတ္ဆင္ထားလ်က္နဲ႔ ေျခခ်ဖို႔ျဖစ္လာေတာ့သည္။
ငယ္တို႔ကားရပ္လိုက္သည္ႏွင့္ တံခါးလာဖြင့္ေသာ ကိုမႈိင္းက ကားထဲမွာထိုင္ေနဆဲျဖစ္ေသာ ငယ့္ထံကို ညာဘက္လက္ဖဝါးကမ္းလင့္ေပးလာသည္။ ဒီေနရာကို အခုမွေရာက္ဖူးတာလည္းမဟုတ္ပါပဲ တုန္ယီခ်င္ေနေသာ ငယ္သည္ ကိုမႈိင္းလက္ထဲကို လက္ထည့္ေပးၿပီး ကားထဲကေနထြက္လာခဲ့လိုက္သည္။
"စိတ္လႈပ္ရွားေနလား ငယ္...."
ကိုမႈိင္းက လႊဲေျပာင္းေပးေသာ ငယ့္လက္ကို သူ႔မာမီကေႏြးေထြးစြာဆုပ္ကိုင္ေပးရင္း ထိုသို႔ေမးလာေတာ့ ငယ္ေခါင္းၿငိမ့္ျပမိသည္။ တကယ္ကို ငယ္စိတ္ထဲ ေပ်ာ္တာလိုလို၊ ဝမ္းနည္းတာလိုလိုနဲ႔ ရယ္ခ်င္၊ငိုခ်င္ ခံစားခ်က္ေတြေရာႁပြန္းေနၿပီး ႏွလုံးသားကလည္း တလွပ္လွပ္နဲ႔ေအးေနသလိုမ်ိဳး ခံစားရသည္။
"စိတ္လႈပ္ရွားတယ္ဆိုတာက မၾကာခင္မွာ ေကာင္းတာေတြျဖစ္လာေတာ့မွာမိုလို႔ေလ။ ေကာင္းတဲ့အရာတစ္ခုခုမျဖစ္ခင္မွာ ခံစားရတဲ့အခုလိုခံစားခ်က္ကို စိတ္လႈပ္ရွားတယ္လို႔ေခၚတာ ငယ္ရဲ႕၊ဒါက ေပ်ာ္ဖို႔ေကာင္းတယ္ ...... အယ္ မငိုနဲ႔ေလ ငယ္"
အန္တီ့စကားေတာင္မဆုံးေသးခင္မွာ က်ဆင္းလာတဲ့ ငယ့္မ်က္ရည္ေတြက ခဏေလာက္ေနေတာ့ အနားေရာက္လာသည့္ သူ႔လက္ညႇိဳးဆီမွာေပ်ာက္ကြယ္ေပးရေတာ့သည္။
"မငိုနဲ႔...."
ငယ့္ခါးေတြကို တိုးလို႔ဖက္လာေပးၿပီး ငယ့္နားနားကပ္ေျပာတဲ့ ဒီစကားေလးေၾကာင့္လည္း ငယ္ေခါင္းၿငိမ့္ျပၿပီး သူ႔ထံၿပဳံးျပဖို႔ႀကိဳးစားမိသည္။
"ေကာင္း...."
"ဗ်ာ..."
"ဟြန္း...ေကာင္းဘြဲ႕ယူတုန္းကလည္း အဲ့လိုပဲေနာ္။ ငါက ေဘးကေနရွိေပးရတာ...."
"ေပ်ာ္ဖို႔ေကာင္းတယ္ေနာ္ အေကြး"
"အင္း...ဘြဲ႕ႏွင္းသဘင္ကို လိုက္လာရတဲ့ခံစားခ်က္က ေပ်ာ္ဖို႔ေကာင္းတယ္။ ငါ့အလွည့္တုန္းကလည္း အရမ္းေပ်ာ္ခဲ့တာမွန္ေပမယ့္ ဒီလိုမ်ိဳး ေဘးကေန ၾကည့္ရတာက ပိုၿပီးေပ်ာ္ဖို႔ေကာင္းတယ္"
"ဘြဲ႕ယူတဲ့သူေတြကိုၾကည့္ၿပီး ၾကည္ႏူးဂုဏ္ယူရတာမို႔ အေကြးေပ်ာ္တာျဖစ္မယ္"
"အင္း အဲ့လိုမ်ိဳး...."
ငယ့္ေဘးမွာ ေျပာေနၾကသည့္ သူ႔ဒယ္ဒီနဲ႔မာမီကိုၾကည့္ၿပီး ငယ့္ေဖေဖနဲ႔ေမေမကို သတိရမိသည္။ ဒီလိုေန႔မ်ိဳးမွာ ေဖေဖသာရွိေနရင္ ေဖေဖေတာ့သိပ္ေပ်ာ္ေနေလာက္မည္။
"အန္ကယ္တို႔လည္း အခုလိုမ်ိဳး နင့္ပုံစံကိုအရမ္းဂုဏ္ယူေနမွာပါ။ ငါလည္း ဂုဏ္ယူတယ္ ငယ္..တကယ္congrateေနာ္။"
ငယ့္အေတြးကိုသိေနသည့္အလား ငယ့္ခါးေတြကို ဖ်စ္ညႇစ္ၿပီးမွ ထြက္ေပၚလာသည့္ သူ႔ႏႈတ္ဖ်ားက စကားသံေၾကာင့္ ငယ့္ေတာ့မ်က္ရည္ေတြသြန္းခ်မိသည္။
"ေျပာပါတယ္ မငိုပါနဲ႔လို႔...."
ဒီေနရာအထိ Stylistအမက လိုက္မေပးႏိုင္တာေၾကာင့္ မမေနျခည္ကပဲ မိတ္ကပ္အနည္းငယ္ပ်က္သြားသည့္ မ်က္ခမ္းေအာက္နားကို ျပင္ဆင္းေပးရင္း ေျပာေနတာျဖစ္သည္။
"ေဟး လာၾကေတာ့....."
ဘြဲ႕ယူၿပီးသည္ႏွင့္ Studioဆီလာခဲ့သည္က အခုဓာတ္ပုံ႐ိုက္သည့္ေနရာမွာ မိသားစုဝင္ေတြအားလုံးက ေရာက္လို႔ေနၿပီျဖစ္သည္။
"ၿပီိးၿပီ ၿပီးၿပီ...ကဲ သြားမယ္"
မမေနျခည္က ငယ့္လက္ကိုဆြဲၿပီး အားလုံးရဲ႕အလယ္မွာ ရပ္ေနေစၿပီး သူမကိုယ္တိုင္ကေတာ့ျဖင့္ အစြန္းဘက္နားမွာရပ္ေနသည့္ အသက္၏နံေဘးသို႔ သြားေတာ့သည္။
"မမေလးသမီးငယ္က ထိုင္လိုက္ပါ"
"ဒီဘက္ကို တစ္ခ်က္ၾကည့္ေပးပါ။ အကိုေလးေကာင္း cameraကိုတစ္ခ်က္ေလာက္ၾကည့္ေပးပါ"
"မမေလးေနျခည္ ေဘးကမမေလးကနည္းနည္းေလာက္ေလးပခုံးေလးႏွိမ့္ေပးပါ။"
အရပ္ရွည္သည့္ အသက္က ေနျခည့္ေရွ႕မွာမို႔ ေနျခည့္ကို ကြယ္မွာစိုး၍ ဓာတ္ပုံဆရာက ေျပာလာျခင္းျဖစ္သည္။
"ကေလးေတြကို မမေလးသမီးငယ္ေရွ႕မွာ တန္းစီလိုက္ပါ။ ကဲ..ဒီကိုၾကည့္ပါမယ္"
ပုံစံအမ်ိဳးမ်ိဳးနဲ႔ မိသားစုဓာတ္ပုံေတြ႐ိုက္ၿပီးသည္အထိ အကိုေလးေရာင္ဝါက မေက်နပ္ႏိုင္ေနေသးေပ။
"လုပ္ပါ...ေနာက္ထပ္ တစ္ပုံေလာက္႐ိုက္ရေအာင္"
"ေနာက္ထပ္ေတြမ်ားေနၿပီေနာ္ ေရာင္ဝါ။ ငါတို႔မနက္သုံးနာရီတည္းက အိပ္ရာထ,ထားရတာေနာ္...နင္မပင္ပန္းေသးဘူးလား။"
"တစ္ပုံတည္း တစ္ပုံတည္းပါ"
ငယ္တို႔အားလုံးက ပင္ပန္းေနလို႔ ဘယ္ေလာက္ပဲ အိမ္ကိုျပန္ေတာ့မည္ေျပာေနေန ဇြတ္ဆြဲထားသည့္ အကိုေလးထည္ဝါေၾကာင့္နဲ႔ ေနာက္ထပ္ေနာက္ထပ္ေတြမ်ားလာခဲ့တာ ညေန၂နာရီပင္ေရာက္လုေတာ့မည္ျဖစ္သည္။
"ဟူးး..."
အသက္ရႉသံျပင္းျပင္းနဲ႔အတူ ေျခခ်သံတစ္ခ်က္ေၾကာင့္ ဓာတ္ပုံ႐ိုက္ေနရင္းကေန ငယ္တို႔လွမ္းၾကည့္လိုက္ေတာ့ ေခြၽးထြက္သည္အထိ ပူအိုက္ေနပုံရေသာ ဒရယ္ဂြန္႔ကိုျမင္လိုက္ရသည္။
"ဒီကိုလာ ဒရယ္ဂြန္..."
အေမာေျဖေနရင္းကေန ေခၚသံေၾကာင့္ အကိုေလး၏ေဘးသို႔ ဒရယ္ဂြန္ေရာက္သြားသည့္အခါမွာ
"ကဲ ဒီကိုၾကည့္ပါမယ္။"
ခ်လပ္!!! ဆိုေသာ ဒီအသံေလးဆုံးသြားသည္မွာေတာ့ ငယ္တို႔အားလုံး အိမ္ကိုျပန္ခြင့္ရခဲ့သည္။
မွတ္မွတ္ရရ အျပန္လမ္းမွာ ပင္ပန္းလြန္းတာေၾကာင့္ ကေလးေတြေရာ ငယ္ပါ အိပ္ေပ်ာ္ခဲ့ရေပမယ့္လည္း ေနာက္တစ္ပတ္အၾကာမွာေရာက္လာသည့္ ဓာတ္ပုံမ်ားကို ၾကည့္ရင္း အကိုေလးကိုေက်းဇူးတင္စကား ေျပာရသည္။
"တကယ္ ေက်းဇူးေနာ္ အကိုေလး။
မဟုတ္ရင္ မိသားစုဝင္ေတြမစုံပဲျဖစ္ေနမွာ..."
ဧည့္ခန္း၏နံရံမွာ ကိုလိေမၼာ္တို႔ခ်ိတ္ဆြဲေနၾကေသာ ငယ္တို႔ေနာက္ဆုံး႐ိုက္ခဲ့သည့္မိသားစုဓာတ္ပုံကိုၾကည့္ၿပီး အကိုေလးကိုေျပာေတာ့ အကိုေလးက....
"This is my pleasure."ဟု ေျပာလာသည္။
"ဒီႏွစ္ သီတင္းကြၽတ္ကို႐ြာျပန္မွာ။ နင္တို႔လိုက္မွာလား.....ၾကယ္ေရာင္ကေတာ့ ငါနဲ႔လိုက္မယ္ေျပာတယ္"
"လိုပါေသးတယ္...."
"အင္းေလ...ႀကိဳေျပာထားတာ။ အလုပ္ေတြ ႀကိဳျဖတ္လို႔ရေအာင္လို႔"
"လိုက္ႏိုင္ဖို႔ ငယ္ ႀကိဳးစားမယ္" လို႔ေျပာခဲ့ေပမယ့္လည္း တကယ္တမ္းက်ေတာ့ ငယ္မလိုက္ႏိုင္ခဲ့ပါ။
"လိမ္လိမ္မာမာေနရမယ္ေနာ္ထည္ဝါ။ အသက္ကိုမဆိုးရဘူးေနာ္"
"အိုေခ မာမားး..."
အႀကီးသုံးေယာက္က သူ႔မာမီ၏႐ြာသို႔လိုက္သြားၿပီး မိုးတိမ္၊မိုးသားနဲ႔ တိမ္လႊာတို႔သုံးေယာက္ကေတာ့ ငယ္ေသးတာေၾကာင့္ သူကစိတ္မခ်သည္မို႔ ငယ္တို႔နဲ႔အတူ ဒီအိမ္မွာပဲက်န္ခဲ့ရသည္။
"ႏြားႏို႔ေသာက္လိုက္ဦး သမီးငယ္"
စာရင္းေတြၾကည့္ေနရင္းမွ အနားေရာက္လာသူထံေမာ့ၾကည့္ၿပီး ငယ္သည္ ခုံကေနထကာသူ႔ကိုဝင္ထိုင္ေစလိုက္သည္။ လုပ္ေနၾကအမူအက်င့္တစ္ခုလိုပဲ သူထိုင္ၿပီးမွ ငယ္ကသူ႔ေပါင္ေပၚကိုဝင္ထိုင္ျဖစ္သည္။
စားပြဲေပၚမွာ သူခ်ေပးထားတဲ့ ႏြားႏို႔ခြက္ကို မကိုင္ျဖစ္ေသးပဲ သူ႔လည္ပင္းဆီကို လက္ႏွစ္ဖက္လုံးျဖင့္ တြယ္ခ်ိတ္ထားၿပီး သူ႔ရင္ဘက္ဆီမွာပါးအပ္ကာ...
"ထည္ဝါေလးေတြ အိပ္သြားၿပီလား" ဟု ေမးလိုက္သည္။
ထိုအခါမွာ သူက...
"အိပ္သြားၿပီ" ဆိုေသာ စကားႏွင့္အတူ ႏြားႏို႔ခြက္ကိုပါ ငယ့္ပါးစပ္ေရွ႕အေရာက္ပို႔ေပးသည္။
ဆက္ၿပီး အတြန္႔တက္မေနေတာ့ပဲ ပါးစပ္ဟေပးျဖစ္ေတာ့ သူကပဲငယ့္ပါးစပ္ထဲကို ျဖည္းျဖည္းခ်င္းနဲ႔ႏြားႏို႔ေလာင္းခ်ေပးသည္။
"စာရင္းေတြ အဲ့ေလာက္မၾကည့္နဲ႔ သမီးငယ္။ ပင္ပန္းမယ္...."
"မပင္ပန္းပါဘူး....တကယ္ေတာ့ ဒီအလုပ္နဲ႔ငါနဲ႔က ေတာ္ေတာ္ေလးအက်ိဳးေပးတယ္"
ဆိုၿပီး သူမရဲ႕လစဥ္အလိုက္ဂရပ္ဖ္ကို ျပလာသည့္ ဒီသမီးငယ္ဟာ အရမ္းကိုမွႀကိဳးစားခ်င္သည့္ ကိုယ္ဝန္သည္ေလးျဖစ္ေနေတာ့သည္။
"ဒါေတြကို ဖယ္ထား။ အေရးႀကီးဆုံးက နင့္က်န္းမာေရးပဲ။"
"အင္း..ဒါမယ့္လည္း ေငြရွာရမယ္။ ငါ့ထည္ဝါေတြအကုန္လုံး ေအးေအးခ်မ္းခ်မ္းေနႏိုင္ဖို႔ ငါေငြရွာရမယ္"
"အဟြန္းးး...."
"တကယ္ေျပာတာ။ ျဖစ္ႏိုင္ရင္ ဒရယ္ဂြန္႔ဆီကလုပ္ငန္းေတြကို ဒီတိုင္းတစ္ေနေနရာကိုပဲ လႉပစ္လိုက္ရမလားလို႔ စဥ္းစားေနတာ။ အဲ့တာမွ ဒရယ္ဂြန္လည္း အိမ္ျပန္လာလို႔ရမွာေလ"
"နင့္သေဘာပဲ..."
"ဒါမယ့္ လႉပစ္လို႔မရေသးဘူး။ ငါ့မွာပိုက္ဆံေတြအမ်ားႀကီးမရွိေသးခင္အထိေတာ့ ဒီတိုင္း ဒရယ္ဂြန္လုပ္ေနတာပဲေကာင္းတယ္"
ေတာ္ေတာ္လည္း ေတာ္တဲ့သမီးငယ္ပါ။ လုပ္ခ်င္ရာေတြ တဇြတ္ထိုးလုပ္တတ္တဲ့အက်င့္ေၾကာင့္နဲ႔ အခုထက္ထိ ဒရယ္ဂြန္႔ဆီကေနအကူအညီ ယူေနရေသးတဲ့ အေျခအေနကိုေတာ့ နားလည္ေသးသည္။
"ထည္ဝါ..."
"အင္း...."
သမီးငယ္၏ ဆံႏြယ္အရွည္ေတြကို ဖိကပ္နမ္းရႈိက္ေနရမွ လူမိသြားသလိုႏွင့္ ျပန္ထူးရေတာ့ ဘယ္သူမွလဲမရွိ၊ ကိုယ့္မိန္းမကိုယ္ ခိုးနမ္းေနသည့္ျဖစ္အင္ကို သူနည္းနည္းေတာ့ရွက္မိသည္။
"ဒီထည္ဝါ ေမြးလာရင္ နာမည္္ဘယ္လိုေပးမလဲ..."
"ေမြးၿပီးရင္ သိလိမ့္မယ္"
သူ႔အေျဖကိုၾကားၿပီး သမီးငယ္ေတာ့ ႏွာေခါင္းေလးရႈံ႕ၿပီးခ်စ္စရာေကာင္းေအာင္လုပ္ေနလိမ့္မည္ဆိုတာကို သိေပမယ့္လည္း ငုံ႔မၾကည့္ျဖစ္ပဲ သူမကိုယ္ေလးကိုပဲ တင္းတင္းက်ပ္က်ပ္ေလးေပြ႕ဖက္ထားလိုက္သည္။
သူ႔ဘက္ကေပြ႕ဖက္ေနရင္းကေန
"နာမည္လွလွေလးေပးေပးေနာ္" ဆိုသည့္ သမီးငယ္၏စကားကို သူ႔စိတ္ထဲမွတ္ထားလိုက္ၿပီး ေနာက္ထပ္ ေမြးလာေသာ သမီးေလးကို
"ေ႐ႊေရာင္ထည္ဝါေသာ" ဆိုၿပီး ကင္ပြန္းတပ္ေပးခဲ့သည္။
"ဒီတစ္ေခါက္ အမႊာမဟုတ္ပဲ တစ္ေယာက္တည္းဆိုေတာ့ အင္အားနည္းတယ္" ဆိုေသာ အကိုေလးရဲ႕စကားမွာ ေမြးဖြားၿပီးခါစ သမီးငယ္ကပါ လိုက္ရယ္ေနသည္ေၾကာင့္ သူကပဲ...
"ျဖည္းျဖည္း" ဆိုကာ သတိေပးရသည္အထိျဖစ္ခဲ့ရသည္။
"ကေလး ဘယ္ႏွစ္ေယာက္ယူမွာလဲ ညီ။"
၈လအ႐ြယ္ ေ႐ႊေရာင္ေလးကို သမီးငယ္ျပန္မလာေသးခင္ ေခ်ာ့ျမဴေနရင္းကေန အနားလာထိုင္ေသာအကိုေလးရဲ႕ စကားက တကယ္သိခ်င္လို႔ေမးေနသည္ပုံမို႔...
"ကြၽန္ေတာ္လည္း မသိဘူး" ဟု အမွန္အတိုင္းပဲေျဖျဖစ္သည္။
"အခုရက္ပိုင္း မင္းလာမေတာင္းေတာ့တာၾကာၿပီ။ အဲ့တာေၾကာင့္ ေမးလိုက္တာ"
"ကေလးေရွ႕မွာ အကိုေလးရာ။"
"ကေလးက ငယ္ပါေသးတယ္ညီရာ။ ကိုယ္က Condomလာမေတာင္းေတာ့ဘူးလို႔ ေျပာရင္ေတာင္မွ နားမလည္ေလာက္ေသးပါဘူး။"
"က်စ္.."
သူ႔ဆီက က်စ္စုပ္သံေၾကာင့္ ဘာမွထပ္မေျပာေတာ့လည္း ေနာက္ထပ္ႏွစ္လ အၾကာမွာေတာ့ အကိုေလးဆီကေန...
"ငါ ေျပာသားပဲ" ဆိုသည့္ စကားကို ၾကားလိုက္ရေတာ့သည္။
"ဘယ္လိုလုပ္မလဲ ငယ္။ အခုမွ တပို႔တြဲလဆိုေတာ့ ေနာက္ႏွစ္ သီတင္းကြၽတ္ရင္လည္း ငယ္လိုက္လို႔မရျပန္ဘူး။"
"အဲ့ဒီအခ်ိန္ေလာက္ ေမြးမယ္ထင္တယ္"
"အင္း တို႔ေျပာခ်င္တာအဲ့တာ။"
ငယ့္ဗိုက္ထဲက ငယ့္ရဲ႕ေနာက္ထပ္ထည္ဝါေလးကို ပြတ္သပ္လိုက္ရင္း ေရွ႕မွာ ရွိေနသည့္ မမေနျခည္ႏွင့္အသက္ကို မတတ္ႏိုင္ဘူးဆိုသည့္ သေဘာမ်ိဳးႏွင့္ၿပဳံးျပလိုက္ရသည္။
ကိုယ္ဝန္လႏုေသးလို႔၊ ေမြးခါနီးဖြားခါနီးမို႔၊ ကေလးငယ္ေသးလို႔နဲ႔ အေၾကာင္းျပခ်က္ေတြစုံၿပီး ငယ့္မွာ သီတင္းကြၽတ္တိုင္း အန္တီတို႔႐ြာဆီလိုက္လည္ဖို႔အတြက္ အခြင့္အေရးမရခဲ့ေပ။
"မာမား...."
Meetingၿပီးလို႔ အစည္းအေဝးခန္းကေန ငယ့္႐ုံးခန္းကိုျပန္လာသည့္လမ္းတြင္ ေတြ႕လိုက္ရေသာ ငယ့္ရဲ႕ထည္ဝါေတြေၾကာင့္ ပင္ပန္းခဲ့သမွ်က အေမာေျပရေလသည္။
"သြန္းသြန္း....မေျပးနဲ႔ေလ။"
"ပါပါး ဖယ္...."
သုံးႏွစ္အ႐ြယ္သာရွိေသးေသာ အငယ္ေလးသြန္းၿဖိဳးက ေရွ႕ကေနေျပးလာၿပီး သူကေနာက္ကေန လမ္းေလွ်ာက္ေနသည္မို႔ ထိုျမင္ကြင္းကိုၾကည့္ရင္း ငယ့္စိတ္အလုံးစုံက ၾကည္ႏူးခ်မ္းေျမ့သြားရေတာ့သည္။
"အထဲဝင္မယ္ေလ..."
ကေလးေတြအကုန္ဝင္သြားသည္အထိ သူ႔ကိုၾကည့္ၿပီး ရပ္ေနသည့္သမီးငယ္ကို ပခုံးကေန ဖက္လိုက္ရင္း သူမ၏႐ုံခန္းထဲသို႔ ဝင္ခဲ့လိုက္သည္။
သူတို႔ႏွစ္ေယာက္ ႐ုံးခန္းျပင္မွာရပ္ေနသည့္အခ်ိန္ထဲက ကိုယ္စီထမင္းဗူးေလးေတြဖြင့္ထားၿပီးၿပီျဖစ္တဲ့ ကေလးေတြကိုၾကည့္ၿပီး သမီးငယ္ေရာ သူပါ တစ္ဦးကိုတစ္ဦးၾကည့္မိကာ ၿပဳံးမိသြားသည္။
"ညေန အိမ္ျပန္ေနာက္က်မွာလား....."
ထမင္းခပ္ထားေသာ ဇြန္းေပၚကို ၾကက္သားမွ်င္ေလးမေသးမႀကီးကို လာတင္ေပးရင္းေမးလာေသာ သူ႔အေမးကို ျပန္မေျဖေသးခင္ ကေလးေတြဆီအရင္ၾကည့္မိသည္။ ထိုအခါမွာ ငယ့္တို႔ဆီကိုၾကည့္ၿပီး ၿပဳံးစိစိလုပ္ေနသည့္ ထည္ဝါအႀကီးေလးေၾကာင့္ ရွက္ကို႔ရွက္ကန္းနဲ႔ပဲ ဆံပင္ေတြကို နား႐ြက္ေနာက္မွာသိမ္းလိုက္ရင္း ေခ်ာင္းဟန္႔မိသည္။
"အဟြတ္ ဟြတ္..."
ငယ့္ဆီက ေခ်ာင္းဟန္႔သံေၾကာင့္ သူလည္းေဘးဘီကိုၾကည့္ၿပီး အႀကီးေလးကိုျမင္သြားပုံရသည္။ ခ်က္ခ်င္းပဲ ငယ့္ဘက္သို႔ေရာက္ေနေသာ သူ႔ဇြန္းကို အေနာက္သို႔ျပန္ဆုတ္ၿပီး သူ႔ပန္းကန္ထဲမွာ ျပန္ခ်ထားေလသည္။
"ေနမေကာင္းဘူးလား....ထမင္းမဟုတ္ပဲ တျခားစားခ်င္လား..."
သိေနလ်က္နဲ႔ တမင္အေမးခံလိုက္ရေတာ့ ေမးတဲ့သူတင္မဟုတ္ပဲ အေမးခံရတဲ့ငယ္ကပါ အိုးတို႔အန္းတန္းနဲ႔ျဖစ္ေနရသည္။
"ေခါက္ဆြဲ စားမလား ပါပါး..."
"ေခါက္ဆြဲလား..."
"ေအးေလ။"
"တိမ္လႊာလည္း စားခ်င္တယ္ပါပါး"
"မိုးသားေရာပဲေနာ္...."
ၾကယ္ေရာင္တို႔ႏွစ္ေယာက္နဲ႔ အမႊာေလးသုံးေယာက္က သေဘာတူလို႔ ညီတူေတာင္းဆိုေနစဥ္မွာပဲ...
"အငယ္ေလးသြန္းၿဖိဳး Done"
စားပြဲေပၚသို႔ဇြန္းျပခ်သံႏွင့္အတူ လက္၅ေခ်ာင္းေထာင္ၿပီးေျပာလာတဲ့ သြန္းၿဖိဳးေၾကာင့္နဲ႔ အႀကီးေတြက ျပာသြားသလဲနဲ႔...
"ေဟ့ ေဟ့...ထမင္းၿပီးေအာင္အရင္စား" ဆိုသည့္ ၾကယ္ေရာင့္အသံမွာ ေကာင္းကင္အပါအဝင္ အားလုံးက ထမင္းပန္းကန္ဆီမွာ အာ႐ုံျပန္စိုက္သြားၾကေတာ့သည္။
ထိုအခါမွပဲ ငယ္ေရာ၊သူပါ မသိမသာနဲ႔ သက္ျပင္းခ်လိုက္ရသည္။ ကိုယ့္ထမင္းကိုယ္စားေနရင္းကေန ကေလးေတြမသိေအာင္ သူ႔မ်က္ႏွာေလးကိုခိုးခိုးၿပီးၾကည့္ရတာ ရင္ခုန္ဖို႔ေကာင္းသည္။
"Done.."
"Done..."
"Done..."
ဇြန္းကိုစားပြဲေပၚခ်ၿပီး လက္ေျမႇာက္ကာေျပာလာတဲ့ ဒီစကားေလးကို ငယ္ကိုတိုင္လည္း စားလို႔ၿပီးသြားသည့္အခါမွာ...
"မာမားလည္း Done" ဟု လိုက္ေျပာျဖစ္သည္။
ငယ့္ထက္အရင္စားလို႔ၿပီးတဲ့ သူက ငယ့္လုပ္ပုံကိုၾကည့္ၿပီး မသိမသာေလးၿပဳံးသြားသည္။ ဒါကို ငယ္ကျမင္ျဖစ္ေအာင္ျမင္လိုက္ၿပီး အသည္းေတြယားသည္အထိ သူ႔ဆီမွာေပ်ာ္ဝင္ရျပန္သည္။
"ငါတို႔ျပန္ေတာ့မယ္...."
"အင္း...ညေန နည္းနည္းေတာ့ေနာက္က်မယ္။
ေဒလီယာနဲ႔ ခ်ိန္းထားလို႔.....ၿပီးတာနဲ႔တန္းျပန္ခဲ့မယ္ေနာ္။"
ေျပာၿပီးခ်က္ခ်င္းမွာ ထည္ဝါေလးေတြၾကည့္ေနတာကို သိေပမယ့္လည္း မသိခ်င္ေယာင္ေဆာင္ၿပီး သူ႔ပါးကိုႏႈတ္ဆက္အနမ္းေလး ေပးျဖစ္သည္။
နမ္းေနတုန္းက ဘာမွမျဖစ္ေပမယ့္လည္း နမ္းၿပီးမွ ဘယ္လိုေနရမွန္းမသိ ျဖစ္လာရသည္။ သို႔ေသာ္လည္း ဘာမွမျဖစ္သလိုဟန္ေဆာင္ၿပီး...
"သြား သြားေတာ့ေလ။ ညေနမွေတြ႕မယ္..."
က်န္တဲ့ထည္ဝါေလးေတြကိုေတာ့ ဖလိုင္းကစ္ေတြတသီႀကီးေပးလိုက္ၿပီး သူတို႔ေလးေတြ ႐ုံးခန္းအျပင္ကို ေရာက္သည္ႏွင့္ အခန္းတံခါးကိုျမန္ျမန္ပိတ္ခ်လိုက္သည္။ ဒါေတာင္ တံခါးမပိတ္ခင္မွာ...
"မာမားက ပါပါးကိုနမ္းလိုက္တာမလား။"
"ေအးေလ...ငါတို႔ကိုက် ဖလိုင္းကစ္နဲ႔တင္ၿပီးသြားေရာ"
ဆိုသည့္ အေျပာကို ၾကားလိုက္ရေသးသည္။
သို႔ေသာ္လည္း ႐ုံးခန္းထဲမွာ တစ္ေယာက္ထဲရွိသြားသည္ႏွင့္ လက္သီးဆုပ္ၿပီး...
"ငါဟ...." ဆိုၿပီး ကေလးေတြေရွ႕မွာ သူ႔ကိုနမ္းလိုက္ရသည့္ျဖစ္အင္ကိုပဲ ျပန္ျမင္ေယာင္ရင္း ပီတိျဖာေဝေနရေသးသည္။
ကေလးေတြႀကီးလာသည္ႏွင့္ ငယ္တို႔ႏွစ္ေယာက္မွာ ကေလးေတြေရွ႕ဆင္ဆင္ျခင္ျခင္ေနျပရသည္က တစ္ခါတစ္ခါအခ်စ္ေတြလွ်ံက်လာရင္ သူတို႔ ေလးေတြေရွ႕မွာပဲ အခုလို မသိသလို၊မတတ္သလိုေလး ခ်စ္လိုက္တာျဖစ္သည္။ ဒီလိုမဟုတ္လွ်င္လည္း ညဘက္ ကေလးေတြအိပ္ေပ်ာ္ၿပီးမွ တစ္ေယာက္နဲ႔တစ္ေယာက္တင္းၾကပ္စြာေပြ႕ဖက္ထားရင္း ဒီလိုအထိအေတြ႕ကိုဘယ္ေလာက္ထိလြမ္းေနရေၾကာင္းေတြထုတ္ေျပာေနရျဖစ္တာျဖစ္သည္။
ညေနဘက္မွာ ေဒလီယာနဲ႔ခဏေလာက္ပဲ စကားေျပာျဖစ္မယ္လို႔ ထင္ထားေသာ္လည္း အိမ္ကိုငယ္ျပန္ေရာက္ေတာ့ ည၉နာရီပင္ေက်ာ္ေနၿပီျဖစ္သည္။ ဒါေတာင္ သူက ကိုမႈိင္းကိုလိုက္ႀကိဳခိုင္း၍သာ ျပန္ေရာက္လာတာျဖစ္သည္။
"ဘယ္လိုျဖစ္ၿပီး ေနာက္က်ေနတာလဲ သမီးငယ္။"
"ရႉးး...."
ညအိပ္ဝတ္သည့္အက်ႌကို ၾကယ္သီးတြယ္ေနရင္းကေန သူ႔ႏႈတ္ခမ္းေပၚမွာလက္ညႇိဳးေလးတစ္ေခ်ာင္း တင္းျဖစ္ရင္း က်န္လက္တစ္ဖက္ျဖင့္
သူ႔အားအခန္းျပင္သို႔ဆြဲခဲ့လိုက္သည္။
လသာေဆာင္အထိပါ တစ္ဆက္တည္းသြားျဖစ္လိုက္ေတာ့...
"ၾကယ္သီးကို အရင္ၿပီးေအာင္မတြယ္ပဲနဲ႔..." ဆိုသည့္ အျပစ္တင္သံႏွင့္အတူ ငယ့္အက်ႌ၏ၾကယ္သီးမ်ားကို သူကပဲ ၿပီးဆုံးေအာင္ တြယ္ခ်ိတ္ေပးေတာ့တာျဖစ္သည္။
"ၿပီးၿပီ...."
ကေလးေတြကို လုပ္ေပးေနၾကလိုပဲ ငယ့္ကိုလည္းယုယေပးၿပီး ထိုသို႔ေျပာလာတဲ့သူ႔ကိုေန႔လယ္က အခ်စ္လက္က်န္ေလးေတြနဲ႔ပါေပါင္းၿပီး ငယ့္မွာ ေနာက္ထပ္တစ္ႀကိမ္အခ်စ္စိတ္ေတြယိုဖိတ္လာၿပီး တင္းၾကပ္စြာႏွင့္ဖက္တြယ္လိုက္မိသည္။
"လြမ္းေနတာ....ဒီလိုမ်ိဳးဖက္ထားခ်င္တာ။"
ငယ့္ေျပာေတာ့ သူကခပ္သဲ့သဲ့ေလးရယ္ေသြးရင္း ငယ့္ခါးဆီကိုျပန္လည္လို႔ေထြးေပြ႕လာၿပီး တင္းတင္းေလးဖက္ထားေပးသည္။ ဒီေလာက္နဲ႔တင္ မနက္ျဖန္အတြက္ ငယ့္မွာစြမ္းအင္ေတြျပည့္ဝသြားၿပီျဖစ္သည္။
"မနက္Meetingရွိတယ္ဆို၊ လာခဲ့...ေစာေစာအိပ္ရမယ္။"
ေျပာၿပီး ငယ့္ကိုခ်ီေပြ႕လိုက္တဲ့သူေၾကာင့္ သူ႔ထက္ေခါင္းတစ္လုံးစာေလာက္ပိုျမင့္သြားတဲ့ငယ္က သူ႔နဖူးျပင္ကိုဖိကပ္နမ္းရႈိက္လိုက္သည္။
"ေဒလီယာ့ေမာင္ေလးက ကေလးမယူခ်င္ေသးဘူးတဲ့၊ အိမ္ေထာင္က်ၿပီးမွ သိရတာက အဲ့ဒီေကာင္ေလးက အရမ္းဂ်ီတယ္ဆိုတာပဲ။
မနက္ဆိုလည္း ေဒလီယာက မနက္စာအဆင္သင့္ျပင္ေပးထားမွ၊ ေန႔လည္ဆိုလည္း ေန႔လည္စာ၊ ခူးၿပီးခပ္ၿပီး ေစာင့္ေနမွေက်နပ္တာတဲ့ေလ။ အဝတ္ဆိုရင္လည္း ေဒလီယာ့လက္နဲ႔ေလွ်ာ္မွစိတ္တိုင္းက်တယ္ေျပာေတာ့ ေဒလီယာ့မွာ သူ႔ကိုယ္သူအတြက္အခ်ိန္မရွိေလာက္ေအာင္ကိုပဲ။"
အရင္ေန႔ေတြကလိုပဲ တစ္ေန႔တာေတြ႕ႀကဳံခဲ့သမွ်ကို သူ႔ကိုျပန္ေျပာျပရင္းနဲ႔ ၾကာလာေတာ့အသံျပန္မေပးတဲ့ သူ႔ေၾကာင့္ပဲ ငယ္မွာအိပ္ေပ်ာ္သြားရေတာ့သည္။ ညက သူ႔ကိုယ္ေပၚမွာ ေပြ႕ခ်ီထားလ်က္ကေန အိပ္ေပ်ာ္သြားတာျဖစ္ေပမယ့္လည္း မနက္ႏိုးလာေတာ့ ေမြ႕ရာအထက္မွာရွိေနသည္က ျဖစ္ၿမဲအမၼတာတစ္ခုလိုပင္။
"ထည္ဝါ....."
"ဗ်ာ..."
"ရွင္...ရွင္...ရွင္..."
"ဝုတ္ ဝုတ္..."
မ်က္လုံးမဖြင့္ေသးခင္အရင္မွာ တမ္းတမိတဲ့ ထိုနာမက အာ႐ုံဦးရဲ႕ေခါင္းေလာင္းေလးေတြလိုပင္။ သံခ်က္မညီမညာနဲ႔ နားေထာင္ရတာ ငယ္အဖို႔ေတာ့ အလြန္ၾကည္ႏူးဖြယ္ရာေကာင္းသည္။
"ေ႐ႊေရာင့္ကို မ်က္ႏွာသစ္ေပး မာမား"
ထိုေတာင္းဆိုမႈေၾကာင့္ ၅ႏွစ္ထဲကို ဝင္လာၿပီျဖစ္တဲ့ ေ႐ႊေရာင္ထည္ဝါေလးကို ခ်ီေျမႇာက္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္ခဲ့လိုက္သည္။
ေရပါတစ္ခါတည္း ခ်ိဳးျဖစ္ခဲ့ၿပီး ေ႐ႊေရာင္ေလးကို အက်ႌဝတ္လဲေပးကာ ငယ္ကိုယ္တိုင္လည္း ႐ုံးသြားဖို႔ျပင္ဆင္ခဲ့ၿပီးမွ ေအာက္ထပ္သို႔ဆင္းခဲ့သည္။
"မနက္စာစားမယ္ ကေလးတို႔...."
သူ႔ဟာနဲ႔သူ အလုပ္ရႈပ္ေနၾကသည့္ ငယ့္ရဲ႕ထည္ဝါေလးေတြဟာ အကိုေလးရဲ႕ေခၚသံေၾကာင့္ လုပ္လက္စမ်ားကို ခ်ခဲ့ၿပီး ထမင္းစားခန္းဆီသို႔ဝင္သြားၾကသည္။
ထိုမွေန၍ အိမ္အျပင္ဘက္သို႔ၾကည့္မိေတာ့လည္း အစာစားေနၾကၿပီျဖစ္တဲ့ ငယ္ရဲ႕ထည္ဝါေလးေတြက ကိုမႈိင္းနဲ႔ေတာ္ေတာ္ေလးကို ရင္းႏွီးေနၾကၿပီျဖစ္သည္။
ထမင္းစားခန္းထဲသို႔ဝင္လိုက္သည္ႏွင့္ ရွည္လ်ားလွေသာ ကြၽန္းစားပြဲႀကီးတြင္ မိသားစုဝင္မ်ားက သူ႔ေနရာႏွင့္သူ ေနရာယူၿပီးၾကၿပီျဖစ္သည္။ ဒီလိုမိသားစု စုံစုံလင္လင္နဲ႔ စတင္ခဲ့သည့္ မနက္ခင္းမ်ားက ဒီေန႔မတိုင္ခင္ေန႔ရက္ေတြမွာေရာ၊ ဒီေန႔ၿပီးေနာက္ထပ္ေန႔ရက္ေတြမွာေရာ ရွိေနဦးမည္ျဖစ္သည္။
"မနက္စာစားမယ္ သမီးငယ္..." ဆိုေသာ သူ႔ေခၚသံေၾကာင့္ တံခါးဝမွာရပ္ေနရင္း မ်က္ရည္က်ခ်င္ေနေသာ ငယ္သည္ ခပ္ျမန္ျမန္ပဲ...
"အင္း လာၿပီ" ဟု ေျပာကာ သူထံသို႔ အေတာက္ပဆုံးျဖစ္ေအာင္ ၿပဳံးျပျဖစ္သည္။
သူဟာ ငယ့္မ်က္ရည္ေတြကို မုန္းသည္။
ေပ်ာ္လို႔ မ်က္ရည္က်တာပဲျဖစ္ျဖစ္၊ ဝမ္းနည္းလို႔မ်က္ရည္က်တာပဲျဖစ္ျဖစ္ ငယ္မ်က္ရည္က်တာကို သူလုံးဝမႀကိဳက္ေပ။
"ဘယ္ေတာ့မွမငိုေတာ့ပါဘူးလို႔ ကတိမေပးႏိုင္ေပမယ့္လည္း ဝမ္းနည္းေနတဲ့အခါတိုင္းေတာ့ ငါ့မွာနင္ရွိတယ္လို႔ ေတြးမိ႐ုံနဲ႔တင္ ေပ်ာ္ရတယ္ဆိုတာ မွတ္ထားေပးေနာ္"
"မငိုနဲ႔...."
"အင္း...မငိုေတာ့ဘူး"
,မငိုဘူးလို႔ ေျပာေနရင္းကပဲ ငယ္ငိုမိေတာ့သည္။
သူ႔ကိုၾကည့္ေနရင္း၊ ဒီလိုသူ႔ကိုျမင္ေနရင္းနဲ႔ပဲ သူေပးခဲ့တဲ့ခ်စ္ျခင္းေမတၱာေတြကို တရိပ္ရိပ္နဲ႔ခံစားမိေတာ့ ဒီလိုေမတၱာေတြအတြက္ ျပန္ေပးစရာဆိုလို႔ျပသနာေတြပဲရွိခဲ့သည့္ ငယ့္ကိုငယ္ အားငယ္ၿပီးဝမ္းနည္းမိတာျဖစ္သည္။
"ေကာင္းကင္ႀကီးကို ၾကည့္လိုက္ သမီးငယ္။"
"ဒီေန႔ ေနသာတာပဲ၊ ရာသီဥတုက ေကာင္းလိုက္တာ...."
သူ႔ခါးေတြကို လက္ႏွစ္ဖက္လုံးျဖင့္ တြယ္ခ်ိတ္ထားရင္းကေနပဲ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ၿပီး သာယာတဲ့ရာသီဥတုအေၾကာင္းကို အလိုလိုဖြင့္ဟမိသြားသည္။
"ဘယ္အခ်ိန္၊ဘယ္ေနရာကိုပဲ ေရာက္ေရာက္ ငိုခ်င္လာတိုင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္..."
"ၾကည့္လိုက္ရင္..."
"ေျပာျပလိမ့္မယ္ ငါနင့္ကိုဘယ္ေလာက္ထိခ်စ္တယ္ဆိုတဲ့အေၾကာင္းကို...."
လိုက္ဖက္မညီစြာနဲ႔ စိတ္ကူးယဥ္ဆန္ဆန္ေျပာလာေသာ သူ႔စကားမွာ ငယ္ေတာ့ခပ္လြင္လြင္ေလးရယ္ေသြးလိုက္ စကားေတြတတ္ေနတဲ့သူ႔ကို ေျခဖ်ားေလးေထာက္ၿပီး ေမးဖ်ားေလးကိုအနမ္းေႁခြရင္း ဂုဏ္ျပဳမိသည္။
"တကယ္ေျပာတာက ငါနင့္ကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာ ေကာင္းကင္ႀကီးပဲသိတာ။"
"ေကာင္းကင္ေရာ၊ ၾကယ္ေရာင္ေရာ၊ လေရာင္ေရာ၊ မိုးတိမ္ေရာ၊ မိုးသားေရာ၊ တိမ္လႊာေရာ၊ ေ႐ႊေရာင္ေရာ...ေနာက္ဆုံး အားလုံးစုေပါင္းသြန္းၿဖိဳးၿပီး နင့္အခ်စ္ေတြကို သက္ေသတည္ေပးတယ္ေပါ့။"
"အင္း....သူတို႔အားလုံးက ငါ့ရဲ႕အခ်စ္သက္ေသေတြပဲ။"
ထိုသို႔ေျပာၿပီး ငယ့္ႏႈတ္ခမ္းေလးကို ဖ်က္ခနဲနမ္းလာသည့္ သူက နမ္းၿပီးၿပီးခ်င္းမွာပဲ ေကာင္းကင္ႀကီးဆီကို ေမာ့ၾကည့္ေနသည္။
"နမ္းရေအာင္ ထည္ဝါ...."
မ်က္ႏွာေမာ့ထားသည့္သူ႔ကို ေျခဖ်ားေထာက္လွ်င္ေတာင္မွ ငယ္ကေမးအဖ်ားေလာက္ပဲ မွီမည္မို႔ ပြင့္ပြင့္လင္းလင္းပဲေတာင္းဆိုျဖစ္သြားသည္။ ထိုအခါမွာ သူက သေဘာတူညီစြာႏွင့္ပင္ ငယ့္ခါးေတြဆီမွာဖက္တြယ္ထားရင္းကေန အေစာကလိုမဟုတ္ေတာ့ပဲ ျဖည္းျဖည္းခ်င္းနဲ႔ အနမ္းေတြကို ၾကာရွည္ေစေတာ့သည္။