friEND(COMPLETED)

By Kattamkaung

383K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-8

7.7K 912 53
By Kattamkaung

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၈

"နေချိုမောင် ဟေ့ကောင် ထအုန်းလို့"

စိတ်မရှည်မှုတချို့ ရောယှက်နေသည့် တိုညှင်းသောအသံတစ်ခုက ညဉ့်နက်ကြားသို့ ခပ်ပါးပါးတိုးဝင်လာသည်။ လက်ဖဝါးတစ်ခုလုံး ပြည့်နေအောင်ဆုပ်ကိုင်မိထားသည့် ပေါင်တစ်ဖက်ကို လှုပ်ကာလှုပ်ကာနှင့် အားအင်စိုက်က နှိုးနေပေမဲ့ အိပ်ပျော်နေသူကတော့ အင်းအဲ အသံတစ်ချက်ပင် ထွက်လို့မလာပေ။

ကိုင်ထားသည့် လက်ကိုအားထည့်ကာညှစ်ပစ်တော့ အင့်ခနဲ အသံကြားရသည်။ လက်မလျှော့ပဲ ဆက်တိုက်လှုပ်နှိုးပြီးသည့်နောက်မှာဝောာ့ ကျေးဇူးရှင်က အမှောင်ထုထဲတွင် ငုတ်တုပ်ထထိုင်လာ၏။

"ငါနဲ့ ခဏလိုက်ခဲ့အုန်း"

ဘေးဘီမှာ အိပ်နေသူတွေရှိတာကြောင့် နှစ်ကိုယ်ကြား ကြားသည်ဆိုရုံမျှ ပြောလိုက်သည့်စကားပင်။သိပ်မကြာပါ အနုမြူစိမ်းရောင် အလင်းတစ်ခု လက်ပတ်နာရီမှ တိုးထွက်လာကာ အနီးနားရှိမျက်နှာတစ်ခုကို သေချာမြင်လိုက်ရ၏။ မှေးတေးတေးဖြစ်နေသော မျက်ဝန်းတို့နှင့် မို့အစ်ချင်နေသော ပါးပြင်နှစ်ဖက်.... "ရှူးပေါက်လား" ။

"အေး လိုက်ခဲ့အုန်း ငါနဲ့"

သူ့ဆီမှ စကားပြန်မလာပါ။ သို့သော် ချက်ချင်းပဲ ဟိုဟိုဒီဒီစမ်းကာ တစ်ခုခုကို ရှာနေခဲ့သည်။ ပြီးတာနှင့် ခွန်းနစ်ပုခုံးကို တစ်ချက်ပုတ်ကာ "သွားစို့" ဟု ဆိုလာ၏။

မှောင်မိုက်နေသော ပတ်ဝန်းကျင်တစ်ဝိုက်ဝယ် ပရစ်သံ တစီစီတို့က ဖုံးလွှမ်းနေပြီး နှင်းရည်ဝနေသော မြေသားတို့က ညဉ့်နက်နက်မှာ စိုထိုင်းလို့နေပြီဖြစ်သည်။ ဆောင်းမဝင်သေးသော်လည်း အမြင့်ပေမနည်းလှသည့် တောင်ထွဋ်ကြီးထက်မှ အပူချိန်က တော်ရုံအေးလှသည်မျိုး မဟုတ်ပါ။ ခွန်းနစ်တစ်ယောက် ဝတ်ထားသည့် တထရွန်ကွက်အပါးကိုဆွဲစိကာ လက်နှစ်ဖက်ကို တင်းနေအောင်ပိုက်လျက် နေချိုမောင့်အနားကို ပြေးကပ်လိုက်သည်။

"အကောင်တွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ"

နေ့လည်က တောင်ထိပ်ရောက်ရာက်ချင်း ကြားခဲ့ရသည့် "ဒီတောင်မှာ ညဘက်ဆို တော‌ဝက်တွေ ထွက်တတ်တယ်" ဆိုသည့် စကားကို ဦးတည်မေးလိုက်ခြင်းပင်။ တောင်မြင့်သည့်အပြင် တောလည်းနက်တာကြောင့် ဘုရားပွဲရာသီမဟုတ်လျှင် မျောက်ဝံ၊ဒရယ်၊ တောဝက် စသည့် တောကောင်တွေထွက်တတ်သည့်အတွက် မီးရှူးမီးပန်းများ ဆောင်ကာ သွားရကြောင်း မလာခင်ကပင် ကြိုသိနှင့်ခဲ့၏။ခွန်းနစ်တို့ တက်ချိန်က ဘုရားပွဲရာသီမို့ ထိုအခက်အခဲကို မကြုံရသော်လည်း ညဘက်ကြီး နှစ်ယောက်ထဲ သွားနေရခြင်းကို ခြောက်ခြားနေတာကြောင့် ဟိုရောက်သည်ရောက် လျှောက်မေးလိုက်ခြင်းသာ ဖြစ်၏။

"ဟင်...ဘယ်လို လုပ်မှာလဲလို့"
ပခုံးနှင့်တို့လိုက်တော့ ဓာတ်မီးရောင်က ဟိုဟိုဒီဒီရမ်းခါသွားသည်။ ရေခဲတုံးက မေးတာကို ‌အာရုံစိုက်ပုံမပေါ်။ ခွန်းနစ် အင်္ကျီစကို ဂုတ်ကနေဆွဲထားကာ " ကောင်းကောင်းလျှောက်" ဟု သတိပေး၏။

တောင်ထိပ်မှ ဘုန်းကြီးကျောင်းမို့ လျှပ်စစ်မီးမရတာကြောင့် ညဘက် အပေါ့သွားရတာ တော်တော် ကသီလင်တနိုင်သည်။ ရှူးလေးပေါက်ဖို့အရေး မိနစ်အနည်းငယ်ကြာအောင် သွားလိုက်ရကာ ပေါက်တော့လည်း ချမ်းစီးစီးနှင့်မို့ ဘာမှန်းပင် မသိလိုက်ချေ။ ပေါ့ပါးပြီး နေလို့ကောင်းသွားသည်ကိုတော့ ဝန်ခံရပါလိမ့်မည်။

"အဆောင်ထဲမသွားပဲ ဇရပ်ထဲ ခဏဝင်ထိုင်မလား။ ဟိုမှာ ကြယ်တွေကို အများကြီး မြင်နေရတာ"

အပြောထက် ခြေထောက်က မြန်သည်။ တရှိန်ထိုး လျှောက်လာခဲ့သည့် ခြေလှမ်းတွေ ဇရပ်ပေါ်ကို ရောက်ခဲ့ပြီးမှ အားပါးတရ ဆုပ်ကိုင်လာမိသော လက်ကြီးတစ်ဖက်ကို သတိထားမိ၏။ အေးစက်ကာ ပိန်လှီနေသော လက်တစ်ဖက်ပင်။ ဟုတ်သား... နေချိုမောင်က လက်ရှည်ပါမလာဘူးပဲ။ မှုန်ကပ်ကပ်ဖြစ်နေမည့် မျက်နှာပေးကို သေချာမမြင်ရပေမဲ့ ကိုယ်ခေါ်သည့်နောက် ဖြစ်သလိုလိုက်လာသည်ကို တွေးမိသောအခါ ခွန်းနစ် စိတ်မကောင်းဖြစ်မိသွားသည်။

"နေပါတော့ မင်းက အေးစက်နေပြီ"

ပြန်ဆင်းမည်ပြုတော့ ဂုတ်ကနေ လှမ်းဆွဲခံရသည်။ ခွန်းနစ်မှာ ထိုလက်ပိန်ပိန်လေးတွေကြားမှ မရုန်းထွက်နိုင်။မျက်နှာတည့်တည့်ထိုးလာသည့် ဓာတ်မီးရောင်အောက်မှာ ရှုံ့တွလျက် "ဘာလဲကွာ" ဟု မေးလိုက်၏။

"မသွားဘူး။ မင်းကြည့်"

"ဘာကိုလဲ"

တရှဲရှဲအသံတွေကြားရသည်။ညဉ့်လေညှင်းဟာ အပင်တွေကြားကို ဖြတ်လို့ တသိမ့်သိမ့်တိုက်ခတ်လာခဲ့ပုံပေါ်၏။ သစ်နံ့ဝါးနံ့နှင့် ဝါးရုံပင်ချင်း ရိုက်ခတ်နေကြသည့် တဖြောင်းဖြောင်းအသံက သဘာဝ၏ ဂီတသံအလားပင်။

"ကြယ်တွေကို "

"‌ဒါပေမဲ့ မင်းက အေး..."

‌စိတ်လက်တစ်ဆစ်နှင့် ဒီကောင့်ကို ခွန်းနစ်ဘယ်လိုမှမနိုင်ပါ။ အဆုံးမှာတော့ ပေပေါင်းထောင်ချီမြင့်သည့် တောင်ထိပ်ရှိဇရပ်ငယ်ထဲတွင် ထိုင်လိုက်ရတော့၏။ ထူးထူးခြားခြား နေချိုမောင်က ခွန်းနစ်အနားသို့ တိုးကပ်လာသည်။ လက်တိုအပါးလေးနှင့်မို့ ဒီကောင်ချမ်းနေတာပဲ ဖြစ်လိမ့်မည်။ ခွန်းနစ်က စာနာတတ်တာကြောင့် တွန်းထိုးမနေတော့ပဲ မသိချင်ယောင်ဆောင်က သူ့ဘက်သို့ကိုယ်ကို ယိမ်းပေးထားလိုက်၏။အားလုံး အိပ်မောကျနေကြပေမဲ့ ခွန်းနစ်ကြောက်မနေမိပါ။ မှောင်မှဲနေပေမဲ့ လုံခြုံနေသလို ခံစားချက်မျိုးပင် ဖြစ်ပါသည်။

နက်ပြာရောင် ကောင်းကင်ထက်တွင် မရေမတွက်နိုင်အောင်များသည့် ကြယ်အစုအဝေးတို့က ဟိုတစ်စုတစ်သည်စုနှင့်။ အလင်းကဲသည့် ကြယ်ပွင့်တို့မှာ စိန်ပွင့်သဖွယ် ထီးထီးကြီး ထင်းနေတတ်ကြသည်။ အတားအဆီး မရှိတော့သည်ကြောင့်ပဲလား ဒီညမှ ကောင်းကင်ပြင်ကပိုကျယ်ကာ ခွန်းနစ်နှင့် နီးကပ်နေသလိုပင်။ တောင်အောက်ကို ကြည့်လျှင်တော့ မည်းမှောင်နေသော တောရိပ်တောဝန်းတို့ကိုသာ လှမ်းမြင်နေရသည်။

မြန်မာနိုင်ငံရဲ့ အလယ်ဗဟို ချက်မတည့်တည့်...

ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ။ လတ္တီကျုတွေ လောင်တီကျုတွေ တွက်ချက်မှုအရ မြန်မာနိုင်ငံမြေပုံရဲ့ အလျားမျဉ်းနဲ့ အနံ့မျဉ်းတို့၏ စုံမှတ်ထက်မှာ ခွန်းနစ်တို့ရောက်ရှိနေတာဖြစ်သည်။ စိတ်လှုပ်ရှားလွန်းတာကြောင့် ရောက်ရောက်ချင်း ထခုန်မိတော့ ကိုကိုကြီးတို့ သူငယ်ချင်းအုပ်စုကပင် ဝိုင်းရယ်ကြသေး၏။

"နေချိုမောင်"

"အင်း"

"မင်းသိလား ဒီနေရာက မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်ဖြစ်ရုံတင်မကဘူး ဒီမှာရှိတဲ့ဘုရားမှာ ဆုတောင်းရင် အကုန်ပြည့်တယ်တဲ့"

"အင်း"

"မင်း ဘာဆုတောင်းတုန်း'

သူငြိမ်နေသည်။ တွေးနေသလား အိပ်ပဲငိုက်နေသလား။ ဓာတ်မီးပိတ်လိုက်တာကြောင့် မှောင်မဲကာ ကြယ်တွေကိုသာ ရှင်းရှင်းမြင်နေရသည်။ အနားကပ်နေသော သူ့အထိတွေ့ကိုတော့ ကောင်းကောင်းကြီး ခံစားလို့ရ‌၏။ သူ့လက်မောင်းအေးစက်စက်က ခွန်းနစ်ရဲ့ လက်ရှည်အပါးကိုပါထိုးထွင်းဝင်ရောက်လာတာဖြစ်ရမည်။

"ဟင် ဘာဆုတောင်းလဲလို့ "

"မတောင်းဘူး"

"ဟာ..."

ရယ်သံသဲ့သဲ့ထွက်လာသည်။ အရွယ်မတိုင်သေးဘူး ခြောက်ကပ်ကပ်ဖြစ်နေသည့် သူ့အသံက ခွန်းနစ်ကို အမြဲပဟေဋိဖြစ်စေ၏။ ဘယ်တုန်းကမှ မမေးခဲ့ဖူးပေမဲ့ သူတစ်ခုခုပြောချင်လာတဲ့အခါ နားထောင်ပေးဖို့ အသင့်ရှိကြောင်း သိစေချင်သည်။သို့သော် ပါးစပ်က တစ်ကြိမ်လေးတောင် ထုတ်မပြောပြနိုင်ပါ။ ခွန်းနစ်နဲ့သူ့ကြားမှာ နီးသ‌လိုလိုနှင့် ဝေးကွာနေပါသေးသည်။

"ဒီပေါ်ထိအပင်ပန်းခံ တက်လာပြီးမှ ဘာဆုမှမတောင်းဘူးဆိုတာ ရူးတာပဲ။ အားအင်ဖြုန်းတီးပစ်တယ်။ နှမြောစရာ"

"နားငြီးတယ်"

"အောင်မာ ငါက အကောင်းနဲ့မင်းကို ပြောနေတာကွ။ နေကွာ မင့်ဟာမင်း လုပ်ချင်တာလုပ်"

ကိုယ်ပြောတိုင်း ဘုကန့်လန့်ပြောဖို့က သူ့ပါရမီဖြစ်ရမည်။ မကျေမနပ်ဖြစ်လာတော့ ဆူပုတ်ကာ သူမှီထားသည့်လက်ကို ရုန်းထွက်ပစ်လိုက်သည်။ သူ့ဟာသူ တောင်းချင်တောင်း မတောင်းချင်နေ။ ခွန်းနစ်ကတော့ လိုချင်တာကို သေချာလေး ဆုတောင်းခဲ့ပြီးပြီ။"ဘုရားက တအားဆုတောင်းပြည့်တာ။ တရိုတသေ ဆုတောင်းခဲ့" ဟု မေမေမှာလိုက်သည့်အတိုင်း ညဉ့်ဦးပိုင်းတုန်းက ဆီမီးကပ်ရင်း ဆုတောင်းခဲ့တာဖြစ်သည်။

"မင်းလုပ်လိုက်"

"ဘာရယ်"

"ယူလိုက်လို့ ငါ့အဖို့ကို"

နားမလည်။အမှောင်ထဲမှာ သူ့အရိပ်က ဝါးရုံပြင်ပျိုကလေးနှယ် သေးသွယ်လွန်းနေခဲ့သည်။

"ငါအားထုတ်ထားရသမျှ မင်းကိုပေးမယ်။ ဘုရားဆီကနေ နှစ်ဆယူလိုက်"

"အဟား ဟား"

ခွန်းနစ်မနေနိုင်စွာ အော်ရယ်လိုက်မိသည်။ ပြန်လည်ထိကပ်လာတဲ့ ကိုယ်လုံးက စောစောကထက် ပိုနွေးနေ၏။ နေချိုမောင်က ဘယ်လိုကောင်ပါလိမ့်။ သူ့အတွက် ဆု‌တောင်းကို ခွန်းနစ်ထံပေးမည်လုပ်နေသည်။ ကုသိုလ်ကို ဒီလိုခွဲခြမ်းလို့ရကြောင်း ဘယ်သူကများ ဒီကောင့်ကိုသင်ပေးလိုက်ကြပါသလဲ။

"တကယ့် အရူးပဲ။ မင်းက ဘုရားကိုတောင် ဈေးဆစ်ချင်နေသေးတယ် ဟား ဟား"

ရယ်သံဟာ မှောင်မဲနေသည့် တောင်ရိုးတစ်လျှောက် ညဉ့်လေပြေနှင့်အတူ ပါသွားပုံရသည်။ ကြက်သီးထစဖွယ် လှိုဏ်သံအထံထံကို ပြန်လည်ကြားရ၏။ ဝါးရုံတောဆီမှ သဲ့သဲ့ထွက်လာသလို ကျောက်တောင်ကြီးကို ရိုက်ခတ်ကာ ပြန်ထွက်လာသံကိုလည်း ကြားရပြန်သည်။

နောက်ဘက်ကိုလှည့်ကြည့်တော့ လရောင်ပါးပါးအောက်မှာ မားမတ်နေသည့် စေတီကြီးကိုမြင်ရ၏။ ဆည်းလည်းသံလွင်လွင်က ကြည်နူးစဖွယ်ကောင်းသလို အနည်းငယ် ခြောက်ခြားချင်စရာ ကောင်းသည်ဟု ခွန်းနစ်ထင်သည်။

"ဝင်ရအောင်ကွာ။မနက်ကျ အစောထပြန်ရမှာ"

စကားအဆုံးမှာ ပိန်သွယ်သည့် ကိုယ်လုံးတစ်ခုက ခွန်းနစ်ကိုဆွဲထူသည်။ စကားအပိုမပြော။သူ့လက်ထဲက ဓာတ်မီးကိုဖွင့်ကာ ဆင်ခြေလျှောကင်းသည့် လမ်းကိုရွေးလျက် အိပ်ဆောင်သို့ ဦးတည်စေ၏။

ဆုတောင်းတွေကို တကယ်ပဲ ဝေမျှလို့ ရမလား။ပေါက်ပေါက်ရှာရှာ အတွေးက လမ်းတစ်လျှောက်လုံး ခွန်းနစ်အာရုံထဲမှာ နေရာယူထားခဲ့သည်။

"သတိထားလျှောက်"

နေချိုမောင်ရဲ့ သတိပေးသံက ချိုင့်ခွက်ထဲ ချော်ကျတော့မည့် ခြေလှမ်းကို လှမ်းသိမ်းလိုက်စေသည်။

"အေး"

ဒီသူငယ်ချင်း ခေါင်းထဲမှာ ဘာတွေရှိနေမလဲ။
ဝင်ကြည့်လို့ရလျှင် ခွန်းနစ် ဝင်ကြည့်ချင်မိပါသည်။

..........................................................

"နွယ်နီက နင့်ကို သေချာကိုတွေ့ချင်နေတာ။ ဒီနေ့တောင် သူ့အဒေါ်အိမ်က ဆွမ်းကပ်ကြောင့် လိုက်မလာတာသိလား"

"ဟုတ်တယ်။ အဲ့ဒါ ငါတို့တွေ မနက်ဖြန် ပန်းခြံမှာဆုံကြမလို့ နင်လိုက်ခဲ့နော် နေချိုမောင်"

တကျွတ်ကျွတ် ပွက်လောထနေသည့် မိန်းကလေးအုပ်စုနှင့် ခွန်းနစ်ကုဋေ။ အမှန်တော့ မယ်မင်းကြီးမတွေက ကိုယ့်ဧည့်သည်တွေ မဟုတ်ကြပါ။ ကျေးဇူးရှင် နေချိုမောင်ရဲ့ အဆက်ဟောင်းဆိုသူ ကလေးမလေး လာလည်တာကြောင့် အတူတွေ့ကြရန် လာခေါ်သည့် အုပ်စုသာဖြစ်ပါသည်။

ဒီဇင်ဘာပိတ်ရက်ဆိုပေမဲ့ နားရက်မပေးသည့် အချိန်ပိုကျူရှင်ချိန်အပြီး အိမ်မပြန်သေးပဲ ကျူရှင်ရှေ့က ဗံဒါ‌ပင်‌အောက်မှာ နှစ်ယောက်အတူ စာလုပ်နေကြတာဖြစ်သည်။ ဝေဖြိုးနိုင်က သူ့အမေဈေးကြိုဖို့ စောစောပြန်သွားကာ ‌ခွန်းနစ်ကတော့ မေမေနဲ့ ဖေဖေ မန္တလေး တက်သွားကြသည့်အတွက် အိမ်မပြန်ပဲ ကျူရှင်ကနေပဲ စောင့်ဖို့သာ ဆုံးဖြတ်ထား၏။ နေတုန်းကတော့ နားမလည်သည့် ရူပဗေဒ ဖော်မြူလာတွေကို ကြည့်ဖို့ဖြစ်ပေမဲ့ တွတ်ထိုးရောက်လာသည့် ကလေးမတစ်သိုက်ကြောင့် ဘာကဘာမှန်းပင် မသိလိုက်ရချေ။

"နော် နင်လိုက်မှာမို့လား။ နွယ်နီက သူစိမ်းလည်းမဟုတ်ပဲနဲ့ကို"

အင်းမလုပ် အဲမလုပ်နှင့် နေချိုမောင့်ပုံစံက ရယ်စရာတော့ ကောင်းပါသည်။ ခွန်းနစ်က သူများကိစ္စထဲ ဝင်ပါဖို့ အစီစဉ်မရှိသော်လည်း နေချိုမောင်တစ်ယောက် ဘာပြန်ပြောမလဲဆိုတာကိုတော့ သိချင်သေးတာကြောင့် စာအုပ်ကိုမျက်နှာအပ်ထားသည့်ကြားမှ သူတို့စကားဝိုင်းကို နားစွင့်ထားမိ၏။
ဒီလိုကျတော့ ရေခဲတုံးကောင်က စော်သိပ်ကြည်နေပါ့လား။ ဟုတ်တော့လည်း ဟုတ်ပါသည်။ နေချိုမောင်က ဖရိုဖရဲ နေတတ်ပေမဲ့ တချို့ကောင်တွေလို ရိုင်းစိုင်းဆဲဆိုနေတာမျိုးမရှိပေ။ သူ့ဟာသူ စကားနည်းသော်လည်း ဆရာဆရာမတွေ၊ လူကြီးသူမတွေအပေါ် ရိုင်းပြတာမျိုး ခွန်းနစ်တစ်ခါမှ မတွေ့ဖူးသေး။ ဒါ့အပြင် သင်္ချာလိုဘာသာမျိုးမှာ အမြဲဂုဏ်ထူးပါတာမို့ ရေပန်းစားတဲ့ကျောင်းသားတွေကြားမှ တစ်ယောက်ဟုပင် ဆိုနိုင်သေးသည်။

"လုပ်ပါဟယ်။ ခေါင်းငြိမ့် ခေါင်းခါလောက်တော့ ငါတို့ကိုလုပ်ပါအုန်း နင်ကလဲ"

ဟင်း...

ခွိခနဲ ထွက်သွားတော့မည့် ရယ်သံကို အတော်ထိန်းချုပ်လိုက်ရသည်။ လမ်းပျောက်နေသည့်ရုပ်နှင့် ငူငူကြီး သက်ပြင်းချလိုက်ပုံက မသိလျှင် မိန်းကလေးအုပ်စုကပဲ သူ့ကိုအနိုင်ဝိုင်းကျင့်တော့မည့်ပုံနှင့်။ ခဏကြာတော့ တိုတိတိ ကတုံးဆံထောင်ကေနှင့် ခေါင်းလုံးလုံးကို ဆတ်ခနဲငြိမ့်ပြလိုက်၏။

"ဟေးဟေး ခေါင်းငြိမ့်ပြီ ခေါင်းငြိမ့်ပြီ။ ဒါဆို ကတိနော်"

ဝမ်းပန်းတသာ ပြန်သွားကြသည့်အုပ်စုကတော့ ကျေနပ်သွားပုံပင်။

"အထာများလိုက်တာ မင်းကလဲ"

မျက်နှာသေနှင့် ခွန်းနစ်ထံကြည့်လာသည်။ စိတ်ဆိုးခြင်း တစ်စွန်းတစမတွေ့ရသလို ပျော်နေသည်ဟုလည်း မခံစားရပါ။ ခပ်ကုပ်ကုပ်ဖြစ်နေသည့် မျက်မှောင်အရ သူ စိတ်ရှုပ်နေဟန်တော့တူသည်။

"မင်းကလည်း သူ့ကို ကြိုက်နေတာ မို့လား"

"...."

"နွယ်နီဘယ်သူဆိုလား..."

"လျှောက်စနေကြတာ"

"ဒါနဲ့ တကယ်ကြိုက်သွားတယ်မို့လား"

သူ့မျက်ဝန်းတွေ ခွန်းနစ်ထံပြုံကျလာသည်။ အကြည့်က စူးနစ်ကာ အတွေးတွေများနေသည့် အကြည့်မျိုးဖြစ်၏။

"မင်းရော ဘယ်သူ့ကို ကြိုက်တာလဲ"

"ဘာ..."

"..."

"ငါက ဘာလို့ကြိုက်ရမှာလဲကွ။ ငါ့ဟာငါ စာကြိုးစားဖို့ပဲ ခေါင်းထဲရှိတယ်။ အဲ့ အပိုတွေမလုပ်နိုင်ဘူး"

ဒါပဲလေ အဲ့လိုသမီးရည်းစားကိစ္စတွေကို အာရုံစိုက်တာနဲ့ ခွန်းနစ်ဘဝက အတိမ်းစောင်းဖြစ်သွားလိမ့်မည်ဟု မေမေအမြဲပြောထားသည်။ ကိုကိုကြီးလို ကြိုးစားရင်း ကိုကိုကြီးလိုဖြစ်အောင်လုပ်ဖို့က မေမေ့ရည်မှန်းချက်ဖြစ်ပြီး ကိုကိုကြီးထက် ပိုတော်ချင်တာကတော့ ခွန်းနစ် ရည်မှန်းချက်ဖြစ်ပါသည်။ သို့သော် ခွန်းနစ် ရှိသမျှအားတွေ အကုန်ကုန်အောင် ကြိုးစားလျှင်တောင် ကိုကိုကြီးရဲ့ လောင်းရိပ်အောက်မှာ မှန်းသလောက်ဖြစ်မလာနိုင်သေးချေ။

"အင်း"

"ငါက ... ငါက ဂုဏ်ထူးတွေအများကြီး ပါအောင်လုပ်ရမှာ"

"...."

"မင်းကရော မင်းလည်း ဂုဏ်ထူးတွေထွက်အောင်လုပ်ရမှာပဲမို့လား"

"မသိဘူး"

"ဘာမသိတာလဲ။ မင်းအိမ်က သေချာပေါက် ကြိုးစားခိုင်းမှာပဲလေ"

"ငါ့အိမ်က....ငါဘာလုပ်လုပ် စိတ်မဝင်စားဘူး"

နေရခက်သွားသည်။ ဘယ်လို ပြန်ပြောရမှန်း သေချာမသိတော့။ ကော့တက်လာသည့် နေချို့နှုတ်ခမ်းမှာ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ပုံမှန် ပြုံးလေ့မရှိသူက ပျော်စရာတစ်စက်မှာမရှိသည့် စကားနောက်မှာ ပြုံးသွားသတဲ့လား။

"စာကြည့်ဝောာ့"

နေချိုမောင်က ဒီလိုပဲ ဝေခွဲရခက်သည့် အခြေနေတိုင်းကို အမိန့်တစ်ခုပေးပြီး အဆုံးသတ်လေ့ရှိသည်။ ထူးထူးခြားခြား ခွန်းနစ်ဟာလည်း ထိုအမိန့်မျိုးကို ဘယ်တုန်းကမှမှ လွန်ဆန်နိုင်ခြင်းမရှိပါချေ။

.................................................................

"ဘာလို့လိုက်လာတာလဲ သွားပါဆို"

ခြေလှမ်းကို အရှိန်တင်လိုက်တော့ နောက်က ခြေသံက ပိုပြင်းလာသည်။ ဆောင်းငွေ့ပျောက်အောင် ပူနေသည့်နေရောင်အောက်မှာ ဝတ်ထားသည့် အင်္ကျီက ချွေးတွေစို့လျက်။ တရှုံ့ရှုံ့ဖြစ်နေသည့် နှာခေါင်းကတော့ အစောကငိုထားသည့် အရှိန်ရဲ့ နောက်ဆက်တွဲပင် ဖြစ်ပါလိမ့်မည်။

"ဘာလဲ သွားတော့လို့ ငါပြောနေတယ်နော် နေချိုမောင်"

ဆတ်ခနဲ လှည့်ကာအော်လိုက်ပေမဲ့ ဆန့်ဆန့်ကြီး ရပ်ကြည့်နေသူ၏ မျက်နှာသေကိုမြင်တော့ ပိုဝမ်းနည်းလာသည်။ မွှန်တက်လာသည့် နှာဖျားကိုထိန်းသည့်တိုင် မျက်ဝန်းထဲဝေ့ထက်လာသည့် မျက်ရည်တွေကို မတားဆီးနိုင်လိုက်ချေ။

"လျှောက်သွားမနေနဲ့"

စူးစူးရဲရဲ စိုက်ကြည့်ပေးလိုက်သည်။ သူနဲ့ ဘာဆိုင်လို့ ဟိုမသွားနဲ့ ဒီမသွားနဲ့ လိုက်ပြောနေရပါသနည်း။ ကိုယ့်ဝေဒနာနှင့်ကိုယ် ဖြစ်နေရသည့်ကြားမှာ ဒီကောင်က တရားခံအဖြစ် အဆုံးသတ်ချင်နေပုံရသည်။

"မင်း မောနေတော့မှာ"

"ငါ့ဟာငါမောတာ မင်းစောက်ပူလား"

မရတော့ ခွန်းနစ် ထိုးအော်ပစ်လိုက်သည်။ ရပ်ကွက်လမ်းမဟုတ်၍ ဘေးလူတွေ မရှိတာပဲ ကံကောင်းသည်ဆိုရမလား။ ဆယ်ဘီးကားကြီးတစ်စီး ဝူးခနဲမောင်းသွားသံကလွဲလျှင် လမ်းမကြီးက တိတ်ဆိတ်နေသည်။ သူတို့ရောက်နေတာ ကျောင်းကြီးအကျော် မြို့ပြင်လမ်းမကြီးပေါ်တွင်ဖြစ်၏။

"အမေနဲ့ အဖေကလဲ သူတို့သားကလွဲရင် ကျန်တာအကောင်းမထင်ဘူး။ ငါလိုချင်တယ်ပြောထားတဲ့ အိတ်ကို ကိုကိုကြီးဆီပေးပစ်တယ်။ ငါ့ကိုကျ အဲ့ကောင်အကျမှ ကိုင်ခိုင်းတော့မှာ။ ဘာလို့လဲ ငါကျတော့ ဘာလို့ အရင်မရတာလဲ။ ပိုက်ဆံကုန်တယ်ဆိုရင် သူ့ကိုလဲ မပေးလို့မရဘူးလား အီး ဟီး...."

မြေပြင်ပေါ် ငုတ်တုပ်ထိုင်ချကာ ဒူးနှစ်ဖက်ထက် မျက်နှာအပ်ချမိလိုက်သည်။ စိတ်တိုသလို ဝမ်းလည်းနည်းနေတာမို့ ရှက်ရကောင်းမှန်းပင် မသိတော့ချေ။ အခုချိန်မှာ ခွန်းနစ် ပြောချင်တာတွေ ပြောချပြီး စိတ်ရှိတိုင်း ငိုပစ်လိုက်ချင်တာသာ သိတော့သည်။

"ငါ့ကျတော့ လိုချင်တာပြောရင်တောင် မိဘပိုက်ဆံမဖြုန်းနဲ့ပြောပြီး သူ့သားကိုကျတော့ အမြဲတမ်း ပစ္စည်းအကောင်းတွေချည်း သွားသွားပို့တယ်။ ငါ့ကို အရင်မွေးပေးပါလား။ ဖွားဖွားပေးတဲ့ မုန့်ဖိုးတွေအကုန်ကိုလည်း ကိုကိုကြီးဆီပေးပစ်တာ။ မန္တလေးမှာမို့ ပိုအသုံးလိုမယ်ဆိုပြီး"

‌အခြားသူတွေ လေးငါးဆယ်ယောက် ဘယ်လိုအဆင်ပြေအောင် နေကြသည်မသိ။ ခွန်းနစ်တို့အိမ်မှာတော့ ရှိသည့်သားလေးနှစ်ယောက်ကို သားအရင်းနှင့် မွေးစားသားခွဲထားလေသလားလို့ တွေးမိလောက်အောင် မေမေ့စည်းကမ်းက ကွာသည်။ မလိုအပ်ဖူးလို့ တကယ်ထင်နေသလား ၊ ခွန်းနစ်အပေါ်ကိုပဲ စေတနာမရှိလေသလား။ မေမေဟာ ကိုကိုကြီးကိုသာ ပစားပေးသည်၊ ကိုကိုကြီးကိုသာ ပိုချိုသာသည်၊ ကိုကိုကြီးကသာ သူမျရဲ့အရာရာဖြစ်ပုံရသည်။

ဒီမနက် ခွန်းနစ်အဝတ်ဘီရိုကိုရှင်းရင်း သိမ်းထားသည့် ကျောပိုးအိတ်ပျောက်၍ မေးမိရာမှ ကိုကိုကြီးပြန်လာစဉ် သဘောကျ၍ ယူသွားမှန်းသိရသည်။ "သားကိုကိုက‌ တစ်တန်းတက်မှာမို့ သုံးပါစေ။ နောက်နှစ်ကျ သားယူလွယ်ပါ့" ဆိုသည့် စကားနောက်မှာ ခွန်းနစ်စိတ်ဆိုးလွန်း၍ ကိုင်ထားမိသည့် အဝတ်တွေကိုပါပစ်ချမိခဲ့သည်။အကျိုးဆက်က ကျောအောင့်အောင် အရိုက်ခံရသည့်အဖြစ်။

ထိုထက်ပိုနာတာက "မိဘက မိဘက..."ဆိုသည့် နာမ်စားနောက်မှာ ခွန်းနစ်ကပဲ အဆိုးဆုံးဖြစ်နေသလို အပြောခံရသည့် စကားများပင်။ အရိုက်ခံရသည့် ဝေဒနာက မကြာခင်ပျောက်ကင်းသွားနိုင်ပေမဲ့ စကားလုံးတွေနဲ့ အတိမ်အနက်ကတော့ တွေးလေတွေးနေ တာရှည်စွာနဲ့ နာကျင်နေရပါလိမ့်အုန်းမည်။

"တကယ်ဆိုရင် ငါ အဲ့ဒီအိတ်ဝယ်တော့ ဈေးကြီးတာဝယ်တယ်ဆိုလို့ သိမ်းထားလိုက်တာ။ ဒါပေမဲ့ ငါ့ဟာကို ငါ့ဆီကနေ ခွင့်မတောင်းပဲ ပေးလိုက်တာကျ လွယ်လွယ်လေး။ မင်းပြော ငါ စိတ်တိုတာ လွန်သလားကွာ"

ဘယ်အချိန်က ထိုင်လိုက်သည်မသိ။ နေချိုမောင်က ခွန်းနစ်ရှေ့တည့်တည့်မှာထိုင်နေသည်။ သူဝတ်နေကျ လက်ရှည်ပါးပါးတစ်ထပ်နှင့် ညိုသောမျက်နှာဟာလည်း ပကတိငြိမ်သက်နေဆဲဖြစ်သည်။ သူ့ခေါင်းသူ အသာကုတ်ရင်း "အေးပါ" ဟု နှစ်သိမ့်လာပုံက အတော်လေး ရယ်ချင်စရာကောင်း၏။စိတ်ညစ်လွန်းလို့ မရယ်နိုင်လိုက်ပေမဲ့ ထိုပုံစံကို ပြန်တွေးတိုင်း ရယ်ချင်နေမှာ သေချာသည်။

"အိမ်မပြန်ချင်ဘူး"

"ထ" ပြောရင်းဆိုရင်း သူကထသည်။ သူ့လက်တစ်ဖက်က ခွန်းနစ်ရှေ့ ကမ်းပေးလာ၏။

"အိမ် မပြန်ချင်ပါဘူးဆို"

"အဲ့ဒါကြောင့် သွားကြစို့"

"ဘယ်ကိုလဲ" နှာခေါင်းရှုံ့သံကြီးနှင့် အမေးနောက်မှာ ဂျိုင်းကနေဆွဲမခံလိုက်ရသည့် ခွန်းနစ်။

"ကားဂိတ်ကို"

လက်မောင်းတစ်ဖက်ဟာ တင်းကြပ်သွာ ဆုပ်ကိုင်ခံထားရသည်။ ခြေလှမ်းတို့က သူခေါ်ရာနောက်သို့ တပ်ကြပ်မကွာပါသွား၏။ သူ့ခြေထောက်က ရှည်ပေမဲ့ ခြေလှမ်းတွေကဝောာ့စိပ်သည်။ ဒီကောင်က အမြဲ ခြေလှမ်းကို ဖြေးဖြေးလျှောက်တတ်တာမို့ အမောမခံနိုင်သည့် ခွန်းနစ်အတွက် မဆိုးလှပေ။

"ခုလိုလုပ်တာ အမေပိုစိတ်ဆိုးသွားမယ် ထင်တယ်"

"မင်းက အရင် စိတ်ဆိုးနေတာမို့လား"

တဝေါဝေါတိုက်နေသည့် လေထုကြားမှာ သူပြန်ဖြေသည်။ လေပူတွေကြား မျက်စိကို ပြူးနေအောင်မဖွင့်နိုင်။ အရှိန်ပြင်းလွန်းသည့် လိုင်းကား၏ မောင်းနှင်မှုကြား တစ်ယောက်အသံ တစ်ယောက်ကြားအောင်ပင် တော်တော်လေး နားစိုက်ထောင်နေရသည်။
ရောက်တတ်ရာရာဆွဲခေါ်မှုနောက်မှာ နှစ်ယောက်သား ပါလာတာ မန္တလေး-မြင်းခြံ ဆွဲသည့်လိုင်းကားဖြစ်ကာ ကားခေါင်းမှာကပ်ထားသည့် ဂတ်စ်အိုးကြီးတွေကို ကြောက်တာကြောင့် ခွန်းနစ်က နောက်အဖျားမှာထိုင်ဖို့ရွေးလိုက်၏။ ဒီလိုကားမျိုး မစီးဖူးသည့်အပြင် မေမေတို့မသိအောင် လုပ်နေသည်မို့ ရင်ခုန်သံက မြန်နေသည်။

ကိုယ့်အဖြစ်က မေမေ့ကို ဝမ်းလည်း ဝမ်းနည်းစေချင်သလို ဝမ်းလည်းဝမ်းမနေစေချင်သည့် အစွန်းနှစ်ဖက်မှာ လွန်ဆွဲနေ၏။ လုပ်ချင်ရာလုပ်လိုက်ပြီး မေမေ သူ့ကိုယ်သူမှားတယ်လို့ ခံစားရစေချင်သည်။တစ်ဖက်မှာလည်း ထိုစိတ်က သိပ်ကိုဆိုးရွားကြောင်း ကိုယ်တိုင်လက်ခံထားမိ၏။ မေမေ ခွန်းနစ်ကိုချစ်မှန်းသိသည့်အခါ ထိုနာကျင်စေချင်သောစိတ်က ခွန်းနစ်ကို တစ်ခါပြန်ပြီး စိတ်ထိခိုက်စေတာပင်ဖြစ်လိမ့်မည်။

သားသမီးနှင့် မိဘကြားဆက်ဆံရေးမှာ ဒီလောက်ထိ အရင်းနှီးဆုံးဖြစ်နေပါလျက် ပွင့်လင်းလို့မရသည့် အနေအထားတွေရှိနေပုံပေါ်၏။ မိသားစုကြား ဆက်ဆံရေးက အခိုင်မြဲဆုံးဟု ပြောတတ်ကြပေမဲ့ ခွန်းနစ်ကတော့ အကဲအဆတ်ဆုံး ဟုသာမြင်သည်။

မေမေနှင့်ခွန်းနစ်ဟာ အရင်းနှီးဆုံးဖြစ်သည့်တိုင် အဝေးကြီးမှာ ဝေးနေတတ်သည်။ ခွန်းနစ်က မေမေချစ်တာကို သေလောက်အောင် သဘောကျသလို တစ်ဆက်ထဲမှာပဲ သေလောက်အောင် ကြောက်ချင်ကြောက်နေတတ်သည်။ မေမေ့မေတ္တာက သံသယဝင်ချင်စရာကောင်း၏။ သူ့အတွက်လား ခွန်းနစ်အတွက်လား။ မေမေသာ တကယ်တမ်းမျှတလျှင် ကိုကိုကြီးအပေါ် တစ်ဖက်သတ်မကျေမနပ်ဖြစ်ခြင်းမျိုးတွေ ရှိလာမည်မထင်ပါ။ ဒါမျိုးတွေးဝောာ့လည်း ခွန်းနစ်ကပဲ တွက်ကပ် တစ်ကိုယ်ကောင်းဆန်ကာ အစ်ကိုအရင်းဖြစ်သူအပေါ်မှာတောင် စေတနာနည်းလှသည့် အယုတ်တမာလေးဟု ခံစားရပြန်သည်။

"ဆင်းတော့"

"ဘာလဲ ဒီမှာဆင်းမှာလား"

"မန္တလေးထိဆို အပြန်နောက်ကျလိမ့်မယ်"

"အိမ်မပြန်ချင်ဘူးလို့ ပြောနေတယ်လေ"

ဟင့်အင်း ခွန်းနစ်အိမ်ပြန်ချင်သည်။ ညနေလေးနာရီမတိုင်ခင် ပြန်ရောက်ရင်ပိုကောင်းမည်။ ထိုအချိန်ဆို ဖေဖေ စက်ရုံကပြန်လာပြီး မေမေ့ကို မေးလိမ့်မည်။ လွယ်အိတ်ကိစ္စပြဿနာတက်မှန်း သိတာနှင့် လင်မယားနှစ်ယောက် စကားများကြလိမ့်မည်။ ပြီးလျှင် မေမေရော ဖေဖေပါ စိတ်ညစ်ကြရလိမ့်မည်။

"ဝင်စို့၊ သုံးနာရီကားနဲ့ ပြန်မယ်"

နေချိုမောင်က အတွေးကို သိနေသည့်အလား ပြောကာ ဘုရားမုခ်ဝဆီသို့ လျှောက်သွား၏။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရား

လမ်းတစ်လျှောက်တွေ့ရသည့် ဂဏန်းကြော်သည်တွေ ၊ထီသည်တွေနှင့် အဓိဌာန်အောင် ကန်တော့ပွဲရောင်းသည့်ဆိုင်တွေက နည်းလှသည့်မဟုတ်။ တောင်ကတုံး တစ်လျှောက် တန်းစီတည်ဆောက်ထားသည့် နေပူခံ ရဟန္တာငါးရာကိုလည်း လှမ်းမြင်နေရသည်။

ဘုရားထဲရောက်လာပေမဲ့ ဘုရားကန်တော့ချိန်က ဆယ်မိနစ်ပင်မရှိလိုက်ပေ။ ခွန်းနစ်က လေအေးပေးစက်ဖွင့်ထားသည့် နေရာမှာထိုင်ကာ အဓိဌာန်တိုင်တည်နေကြသူတွေ၏ အသံကို တော်တော်ကြာအောင် ထိုင်နားထောင်နေခဲ့သည်။ နေချိုမောင်လဲ အတူတူပင်။ သူက ခွန်းနစ်အနားမှာထိုင်ကာ ကန်တော့ပွဲက စာတွေကို ဖတ်နေခဲ့တာဖြစ်သည်။

"နေပါအုန်း ဒီနေ့ မင်း ဟိုကလေးမလေးတွေနဲ့ ချိန်းထားတာမို့လား"

သစ်သစ်လွင်လွင် ဖြစ်နေသည့်အဝတ်အစားနှင့် နေချိုမောင်။ သေစမ်း... ခွန်းနစ် အခုမှ သတိရသည်။ သူတို့တွေ ပန်းခြံထဲမှာတွေ့ဖို့ ချိန်းထားကြသည်မို့လား။ ဒင်းကရော ဘာကိစ္စနဲ့ ကိုယ့်လမ်းကိုမသွားပဲ ခွန်းနစ်နှင့်ပါလာရသနည်း။ ကိုယ်က အိမ်ကနေ စိတ်ဆိုးပြီး လျှောက်ထွက်လာတာသာ မှတ်မိသည်။ လမ်းမှာ နေချိုမောင်နဲ့ဆုံရာကနေ အမှတ်မထင်ပဲ ကျောက်ဆည်ထိ ခရီးပေါက်လာမိကြပြီ။

"ဟမ် မင်းမသွားဘူးလားလို့"

"လာခေါ်တာ"

"..."

"တစ်ယောက်ထဲ မသွားချင်လို့ လာခေါ်ရင်း ဒီလိုဖြစ်သွားတယ်"

"သူတို့ မင်းကို စိတ်ဆိုးမှာပေါ့"

"အင်း"

"မင်းကို မခေါ်ကြတော့ရင် ဘယ်လိုလုပ်မလဲ"

သူက အသာရယ်ရင်း ဆံပင်တိုစိတ်စိတ်တွေကို ထိုးဆွသည်။ သူ့ရယ်သံက တဟားဟား မဟုတ်။ ပါးစပ်မပွင့်ပဲ အတွင်းရယ်ရယ်သည့် တဟင်းဟင်း အသံမျိုးသာ။

"ဘယ်သူမှ မခေါ်ကြတော့ရင်တောင် မင်းကတော့ ဆက်ခေါ်"

"အံ့ဩစရာကြီး။ မင်းက ဘာတွေကို ယုံကြည်ချက် ရှိနေတာလဲ ပြောစမ်းပါကွ"

ခွန်းနစ်အော်သံအဆုံးမှာ သူကရယ်သည်။ ဒီတစ်ကြိမ်တော့ အသံမထွက်။ သူ့မျက်လုံးထောင့်များ ကော့တက်သွားပြီး ‌သွား‌များပေါ်လာခဲ့ခြင်းသာ ဖြစ်ပါသည်။

.................................................................

စာရေးသူ၏ အမှာစာ:

ဟီးဟီး မတွေ့တာကြာပါပြီဗျား
သတိရနေတဲ့သူတွေကို အားနာပါတယ်နော်

ယူတို့ Kattam အသည်းထပ်ကွဲနေလို့
စာရေးတာကို ခဏရပ်ထားဖြစ်တာပါ

Zawgyi

ကြဲထြက္ေနေသာ တိမ္တိုက္ညိုကေလး ၈

"ေနခ်ိဳေမာင္ ေဟ့ေကာင္ ထအုန္းလို႔"

စိတ္မရွည္မႈတခ်ိဳ႕ ေရာယွက္ေနသည့္ တိုညွင္းေသာအသံတစ္ခုက ညဉ့္နက္ၾကားသို႔ ခပ္ပါးပါးတိုးဝင္လာသည္။ လက္ဖဝါးတစ္ခုလုံး ျပည့္ေနေအာင္ဆုပ္ကိုင္မိထားသည့္ ေပါင္တစ္ဖက္ကို လႈပ္ကာလႈပ္ကာႏွင့္ အားအင္စိုက္က ႏွိုးေနေပမဲ့ အိပ္ေပ်ာ္ေနသူကေတာ့ အင္းအဲ အသံတစ္ခ်က္ပင္ ထြက္လို႔မလာေပ။

ကိုင္ထားသည့္ လက္ကိုအားထည့္ကာညွစ္ပစ္ေတာ့ အင့္ခနဲ အသံၾကားရသည္။ လက္မေလွ်ာ့ပဲ ဆက္တိုက္လႈပ္ႏွိုးၿပီးသည့္ေနာက္မွာေဝာာ့ ေက်းဇူးရွင္က အေမွာင္ထုထဲတြင္ ငုတ္တုပ္ထထိုင္လာ၏။

"ငါနဲ႕ ခဏလိုက္ခဲ့အုန္း"

ေဘးဘီမွာ အိပ္ေနသူေတြရွိတာေၾကာင့္ ႏွစ္ကိုယ္ၾကား ၾကားသည္ဆို႐ုံမွ် ေျပာလိုက္သည့္စကားပင္။သိပ္မၾကာပါ အႏုျမဴစိမ္းေရာင္ အလင္းတစ္ခု လက္ပတ္နာရီမွ တိုးထြက္လာကာ အနီးနားရွိမ်က္ႏွာတစ္ခုကို ေသခ်ာျမင္လိုက္ရ၏။ ေမွးေတးေတးျဖစ္ေနေသာ မ်က္ဝန္းတို႔ႏွင့္ မို႔အစ္ခ်င္ေနေသာ ပါးျပင္ႏွစ္ဖက္.... "ရႉးေပါက္လား" ။

"ေအး လိုက္ခဲ့အုန္း ငါနဲ႕"

သူ႕ဆီမွ စကားျပန္မလာပါ။ သို႔ေသာ္ ခ်က္ခ်င္းပဲ ဟိုဟိုဒီဒီစမ္းကာ တစ္ခုခုကို ရွာေနခဲ့သည္။ ၿပီးတာႏွင့္ ခြန္းနစ္ပုခုံးကို တစ္ခ်က္ပုတ္ကာ "သြားစို႔" ဟု ဆိုလာ၏။

ေမွာင္မိုက္ေနေသာ ပတ္ဝန္းက်င္တစ္ဝိုက္ဝယ္ ပရစ္သံ တစီစီတို႔က ဖုံးလႊမ္းေနၿပီး ႏွင္းရည္ဝေနေသာ ေျမသားတို႔က ညဉ့္နက္နက္မွာ စိုထိုင္းလို႔ေနၿပီျဖစ္သည္။ ေဆာင္းမဝင္ေသးေသာ္လည္း အျမင့္ေပမနည္းလွသည့္ ေတာင္ထြဋ္ႀကီးထက္မွ အပူခ်ိန္က ေတာ္႐ုံေအးလွသည္မ်ိဳး မဟုတ္ပါ။ ခြန္းနစ္တစ္ေယာက္ ဝတ္ထားသည့္ တထ႐ြန္ကြက္အပါးကိုဆြဲစိကာ လက္ႏွစ္ဖက္ကို တင္းေနေအာင္ပိုက္လ်က္ ေနခ်ိဳေမာင့္အနားကို ေျပးကပ္လိုက္သည္။

"အေကာင္ေတြ ထြက္လာရင္ ဘယ္လိုလုပ္မလဲ"

ေန႕လည္က ေတာင္ထိပ္ေရာက္ရာက္ခ်င္း ၾကားခဲ့ရသည့္ "ဒီေတာင္မွာ ညဘက္ဆို ေတာ‌ဝက္ေတြ ထြက္တတ္တယ္" ဆိုသည့္ စကားကို ဦးတည္ေမးလိုက္ျခင္းပင္။ ေတာင္ျမင့္သည့္အျပင္ ေတာလည္းနက္တာေၾကာင့္ ဘုရားပြဲရာသီမဟုတ္လွ်င္ ေမ်ာက္ဝံ၊ဒရယ္၊ ေတာဝက္ စသည့္ ေတာေကာင္ေတြထြက္တတ္သည့္အတြက္ မီးရႉးမီးပန္းမ်ား ေဆာင္ကာ သြားရေၾကာင္း မလာခင္ကပင္ ႀကိဳသိႏွင့္ခဲ့၏။ခြန္းနစ္တို႔ တက္ခ်ိန္က ဘုရားပြဲရာသီမို႔ ထိုအခက္အခဲကို မႀကဳံရေသာ္လည္း ညဘက္ႀကီး ႏွစ္ေယာက္ထဲ သြားေနရျခင္းကို ေျခာက္ျခားေနတာေၾကာင့္ ဟိုေရာက္သည္ေရာက္ ေလွ်ာက္ေမးလိုက္ျခင္းသာ ျဖစ္၏။

"ဟင္...ဘယ္လို လုပ္မွာလဲလို႔"
ပခုံးႏွင့္တို႔လိုက္ေတာ့ ဓာတ္မီးေရာင္က ဟိုဟိုဒီဒီရမ္းခါသြားသည္။ ေရခဲတုံးက ေမးတာကို ‌အာ႐ုံစိုက္ပုံမေပၚ။ ခြန္းနစ္ အကၤ်ီစကို ဂုတ္ကေနဆြဲထားကာ " ေကာင္းေကာင္းေလွ်ာက္" ဟု သတိေပး၏။

ေတာင္ထိပ္မွ ဘုန္းႀကီးေက်ာင္းမို႔ လွ်ပ္စစ္မီးမရတာေၾကာင့္ ညဘက္ အေပါ့သြားရတာ ေတာ္ေတာ္ ကသီလင္တနိုင္သည္။ ရႉးေလးေပါက္ဖို႔အေရး မိနစ္အနည္းငယ္ၾကာေအာင္ သြားလိုက္ရကာ ေပါက္ေတာ့လည္း ခ်မ္းစီးစီးႏွင့္မို႔ ဘာမွန္းပင္ မသိလိုက္ေခ်။ ေပါ့ပါးၿပီး ေနလို႔ေကာင္းသြားသည္ကိုေတာ့ ဝန္ခံရပါလိမ့္မည္။

"အေဆာင္ထဲမသြားပဲ ဇရပ္ထဲ ခဏဝင္ထိုင္မလား။ ဟိုမွာ ၾကယ္ေတြကို အမ်ားႀကီး ျမင္ေနရတာ"

အေျပာထက္ ေျခေထာက္က ျမန္သည္။ တရွိန္ထိုး ေလွ်ာက္လာခဲ့သည့္ ေျခလွမ္းေတြ ဇရပ္ေပၚကို ေရာက္ခဲ့ၿပီးမွ အားပါးတရ ဆုပ္ကိုင္လာမိေသာ လက္ႀကီးတစ္ဖက္ကို သတိထားမိ၏။ ေအးစက္ကာ ပိန္လွီေနေသာ လက္တစ္ဖက္ပင္။ ဟုတ္သား... ေနခ်ိဳေမာင္က လက္ရွည္ပါမလာဘူးပဲ။ မႈန္ကပ္ကပ္ျဖစ္ေနမည့္ မ်က္ႏွာေပးကို ေသခ်ာမျမင္ရေပမဲ့ ကိုယ္ေခၚသည့္ေနာက္ ျဖစ္သလိုလိုက္လာသည္ကို ေတြးမိေသာအခါ ခြန္းနစ္ စိတ္မေကာင္းျဖစ္မိသြားသည္။

"ေနပါေတာ့ မင္းက ေအးစက္ေနၿပီ"

ျပန္ဆင္းမည္ျပဳေတာ့ ဂုတ္ကေန လွမ္းဆြဲခံရသည္။ ခြန္းနစ္မွာ ထိုလက္ပိန္ပိန္ေလးေတြၾကားမွ မ႐ုန္းထြက္နိုင္။မ်က္ႏွာတည့္တည့္ထိုးလာသည့္ ဓာတ္မီးေရာင္ေအာက္မွာ ရႈံ႕တြလ်က္ "ဘာလဲကြာ" ဟု ေမးလိုက္၏။

"မသြားဘူး။ မင္းၾကည့္"

"ဘာကိုလဲ"

တရွဲရွဲအသံေတြၾကားရသည္။ညဉ့္ေလညွင္းဟာ အပင္ေတြၾကားကို ျဖတ္လို႔ တသိမ့္သိမ့္တိုက္ခတ္လာခဲ့ပုံေပၚ၏။ သစ္နံ႕ဝါးနံ႕ႏွင့္ ဝါး႐ုံပင္ခ်င္း ရိုက္ခတ္ေနၾကသည့္ တေျဖာင္းေျဖာင္းအသံက သဘာဝ၏ ဂီတသံအလားပင္။

"ၾကယ္ေတြကို "

"‌ဒါေပမဲ့ မင္းက ေအး..."

‌စိတ္လက္တစ္ဆစ္ႏွင့္ ဒီေကာင့္ကို ခြန္းနစ္ဘယ္လိုမွမနိုင္ပါ။ အဆုံးမွာေတာ့ ေပေပါင္းေထာင္ခ်ီျမင့္သည့္ ေတာင္ထိပ္ရွိဇရပ္ငယ္ထဲတြင္ ထိုင္လိုက္ရေတာ့၏။ ထူးထူးျခားျခား ေနခ်ိဳေမာင္က ခြန္းနစ္အနားသို႔ တိုးကပ္လာသည္။ လက္တိုအပါးေလးႏွင့္မို႔ ဒီေကာင္ခ်မ္းေနတာပဲ ျဖစ္လိမ့္မည္။ ခြန္းနစ္က စာနာတတ္တာေၾကာင့္ တြန္းထိုးမေနေတာ့ပဲ မသိခ်င္ေယာင္ေဆာင္က သူ႕ဘက္သို႔ကိုယ္ကို ယိမ္းေပးထားလိုက္၏။အားလုံး အိပ္ေမာက်ေနၾကေပမဲ့ ခြန္းနစ္ေၾကာက္မေနမိပါ။ ေမွာင္မွဲေနေပမဲ့ လုံၿခဳံေနသလို ခံစားခ်က္မ်ိဳးပင္ ျဖစ္ပါသည္။

နက္ျပာေရာင္ ေကာင္းကင္ထက္တြင္ မေရမတြက္နိုင္ေအာင္မ်ားသည့္ ၾကယ္အစုအေဝးတို႔က ဟိုတစ္စုတစ္သည္စုႏွင့္။ အလင္းကဲသည့္ ၾကယ္ပြင့္တို႔မွာ စိန္ပြင့္သဖြယ္ ထီးထီးႀကီး ထင္းေနတတ္ၾကသည္။ အတားအဆီး မရွိေတာ့သည္ေၾကာင့္ပဲလား ဒီညမွ ေကာင္းကင္ျပင္ကပိုက်ယ္ကာ ခြန္းနစ္ႏွင့္ နီးကပ္ေနသလိုပင္။ ေတာင္ေအာက္ကို ၾကည့္လွ်င္ေတာ့ မည္းေမွာင္ေနေသာ ေတာရိပ္ေတာဝန္းတို႔ကိုသာ လွမ္းျမင္ေနရသည္။

ျမန္မာနိုင္ငံရဲ႕ အလယ္ဗဟို ခ်က္မတည့္တည့္...

ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ေကာင္းလိုက္သလဲ။ လတၱီက်ဳေတြ ေလာင္တီက်ဳေတြ တြက္ခ်က္မႈအရ ျမန္မာနိုင္ငံေျမပုံရဲ႕ အလ်ားမ်ဥ္းနဲ႕ အနံ႕မ်ဥ္းတို႔၏ စုံမွတ္ထက္မွာ ခြန္းနစ္တို႔ေရာက္ရွိေနတာျဖစ္သည္။ စိတ္လႈပ္ရွားလြန္းတာေၾကာင့္ ေရာက္ေရာက္ခ်င္း ထခုန္မိေတာ့ ကိုကိုႀကီးတို႔ သူငယ္ခ်င္းအုပ္စုကပင္ ဝိုင္းရယ္ၾကေသး၏။

"ေနခ်ိဳေမာင္"

"အင္း"

"မင္းသိလား ဒီေနရာက ျမန္မာနိုင္ငံရဲ႕ အလယ္တည့္တည့္ျဖစ္႐ုံတင္မကဘူး ဒီမွာရွိတဲ့ဘုရားမွာ ဆုေတာင္းရင္ အကုန္ျပည့္တယ္တဲ့"

"အင္း"

"မင္း ဘာဆုေတာင္းတုန္း'

သူၿငိမ္ေနသည္။ ေတြးေနသလား အိပ္ပဲငိုက္ေနသလား။ ဓာတ္မီးပိတ္လိုက္တာေၾကာင့္ ေမွာင္မဲကာ ၾကယ္ေတြကိုသာ ရွင္းရွင္းျမင္ေနရသည္။ အနားကပ္ေနေသာ သူ႕အထိေတြ႕ကိုေတာ့ ေကာင္းေကာင္းႀကီး ခံစားလို႔ရ‌၏။ သူ႕လက္ေမာင္းေအးစက္စက္က ခြန္းနစ္ရဲ႕ လက္ရွည္အပါးကိုပါထိုးထြင္းဝင္ေရာက္လာတာျဖစ္ရမည္။

"ဟင္ ဘာဆုေတာင္းလဲလို႔ "

"မေတာင္းဘူး"

"ဟာ..."

ရယ္သံသဲ့သဲ့ထြက္လာသည္။ အ႐ြယ္မတိုင္ေသးဘူး ေျခာက္ကပ္ကပ္ျဖစ္ေနသည့္ သူ႕အသံက ခြန္းနစ္ကို အၿမဲပေဟဋိျဖစ္ေစ၏။ ဘယ္တုန္းကမွ မေမးခဲ့ဖူးေပမဲ့ သူတစ္ခုခုေျပာခ်င္လာတဲ့အခါ နားေထာင္ေပးဖို႔ အသင့္ရွိေၾကာင္း သိေစခ်င္သည္။သို႔ေသာ္ ပါးစပ္က တစ္ႀကိမ္ေလးေတာင္ ထုတ္မေျပာျပနိုင္ပါ။ ခြန္းနစ္နဲ႕သူ႕ၾကားမွာ နီးသ‌လိုလိုႏွင့္ ေဝးကြာေနပါေသးသည္။

"ဒီေပၚထိအပင္ပန္းခံ တက္လာၿပီးမွ ဘာဆုမွမေတာင္းဘူးဆိုတာ ႐ူးတာပဲ။ အားအင္ျဖဳန္းတီးပစ္တယ္။ ႏွေျမာစရာ"

"နားၿငီးတယ္"

"ေအာင္မာ ငါက အေကာင္းနဲ႕မင္းကို ေျပာေနတာကြ။ ေနကြာ မင့္ဟာမင္း လုပ္ခ်င္တာလုပ္"

ကိုယ္ေျပာတိုင္း ဘုကန႔္လန႔္ေျပာဖို႔က သူ႕ပါရမီျဖစ္ရမည္။ မေက်မနပ္ျဖစ္လာေတာ့ ဆူပုတ္ကာ သူမွီထားသည့္လက္ကို ႐ုန္းထြက္ပစ္လိုက္သည္။ သူ႕ဟာသူ ေတာင္းခ်င္ေတာင္း မေတာင္းခ်င္ေန။ ခြန္းနစ္ကေတာ့ လိုခ်င္တာကို ေသခ်ာေလး ဆုေတာင္းခဲ့ၿပီးၿပီ။"ဘုရားက တအားဆုေတာင္းျပည့္တာ။ တရိုတေသ ဆုေတာင္းခဲ့" ဟု ေမေမမွာလိုက္သည့္အတိုင္း ညဉ့္ဦးပိုင္းတုန္းက ဆီမီးကပ္ရင္း ဆုေတာင္းခဲ့တာျဖစ္သည္။

"မင္းလုပ္လိုက္"

"ဘာရယ္"

"ယူလိုက္လို႔ ငါ့အဖို႔ကို"

နားမလည္။အေမွာင္ထဲမွာ သူ႕အရိပ္က ဝါး႐ုံျပင္ပ်ိဳကေလးႏွယ္ ေသးသြယ္လြန္းေနခဲ့သည္။

"ငါအားထုတ္ထားရသမွ် မင္းကိုေပးမယ္။ ဘုရားဆီကေန ႏွစ္ဆယူလိုက္"

"အဟား ဟား"

ခြန္းနစ္မေနနိုင္စြာ ေအာ္ရယ္လိုက္မိသည္။ ျပန္လည္ထိကပ္လာတဲ့ ကိုယ္လုံးက ေစာေစာကထက္ ပိုေႏြးေန၏။ ေနခ်ိဳေမာင္က ဘယ္လိုေကာင္ပါလိမ့္။ သူ႕အတြက္ ဆု‌ေတာင္းကို ခြန္းနစ္ထံေပးမည္လုပ္ေနသည္။ ကုသိုလ္ကို ဒီလိုခြဲျခမ္းလို႔ရေၾကာင္း ဘယ္သူကမ်ား ဒီေကာင့္ကိုသင္ေပးလိုက္ၾကပါသလဲ။

"တကယ့္ အ႐ူးပဲ။ မင္းက ဘုရားကိုေတာင္ ေဈးဆစ္ခ်င္ေနေသးတယ္ ဟား ဟား"

ရယ္သံဟာ ေမွာင္မဲေနသည့္ ေတာင္ရိုးတစ္ေလွ်ာက္ ညဉ့္ေလေျပႏွင့္အတူ ပါသြားပုံရသည္။ ၾကက္သီးထစဖြယ္ လွိုဏ္သံအထံထံကို ျပန္လည္ၾကားရ၏။ ဝါး႐ုံေတာဆီမွ သဲ့သဲ့ထြက္လာသလို ေက်ာက္ေတာင္ႀကီးကို ရိုက္ခတ္ကာ ျပန္ထြက္လာသံကိုလည္း ၾကားရျပန္သည္။

ေနာက္ဘက္ကိုလွည့္ၾကည့္ေတာ့ လေရာင္ပါးပါးေအာက္မွာ မားမတ္ေနသည့္ ေစတီႀကီးကိုျမင္ရ၏။ ဆည္းလည္းသံလြင္လြင္က ၾကည္ႏူးစဖြယ္ေကာင္းသလို အနည္းငယ္ ေျခာက္ျခားခ်င္စရာ ေကာင္းသည္ဟု ခြန္းနစ္ထင္သည္။

"ဝင္ရေအာင္ကြာ။မနက္က် အေစာထျပန္ရမွာ"

စကားအဆုံးမွာ ပိန္သြယ္သည့္ ကိုယ္လုံးတစ္ခုက ခြန္းနစ္ကိုဆြဲထူသည္။ စကားအပိုမေျပာ။သူ႕လက္ထဲက ဓာတ္မီးကိုဖြင့္ကာ ဆင္ေျခေလွ်ာကင္းသည့္ လမ္းကိုေ႐ြးလ်က္ အိပ္ေဆာင္သို႔ ဦးတည္ေစ၏။

ဆုေတာင္းေတြကို တကယ္ပဲ ေဝမွ်လို႔ ရမလား။ေပါက္ေပါက္ရွာရွာ အေတြးက လမ္းတစ္ေလွ်ာက္လုံး ခြန္းနစ္အာ႐ုံထဲမွာ ေနရာယူထားခဲ့သည္။

"သတိထားေလွ်ာက္"

ေနခ်ိဳေမာင္ရဲ႕ သတိေပးသံက ခ်ိဳင့္ခြက္ထဲ ေခ်ာ္က်ေတာ့မည့္ ေျခလွမ္းကို လွမ္းသိမ္းလိုက္ေစသည္။

"ေအး"

ဒီသူငယ္ခ်င္း ေခါင္းထဲမွာ ဘာေတြရွိေနမလဲ။
ဝင္ၾကည့္လို႔ရလွ်င္ ခြန္းနစ္ ဝင္ၾကည့္ခ်င္မိပါသည္။

..........................................................

"ႏြယ္နီက နင့္ကို ေသခ်ာကိုေတြ႕ခ်င္ေနတာ။ ဒီေန႕ေတာင္ သူ႕အေဒၚအိမ္က ဆြမ္းကပ္ေၾကာင့္ လိုက္မလာတာသိလား"

"ဟုတ္တယ္။ အဲ့ဒါ ငါတို႔ေတြ မနက္ျဖန္ ပန္းၿခံမွာဆုံၾကမလို႔ နင္လိုက္ခဲ့ေနာ္ ေနခ်ိဳေမာင္"

တကြၽတ္ကြၽတ္ ပြက္ေလာထေနသည့္ မိန္းကေလးအုပ္စုႏွင့္ ခြန္းနစ္ကုေဋ။ အမွန္ေတာ့ မယ္မင္းႀကီးမေတြက ကိုယ့္ဧည့္သည္ေတြ မဟုတ္ၾကပါ။ ေက်းဇူးရွင္ ေနခ်ိဳေမာင္ရဲ႕ အဆက္ေဟာင္းဆိုသူ ကေလးမေလး လာလည္တာေၾကာင့္ အတူေတြ႕ၾကရန္ လာေခၚသည့္ အုပ္စုသာျဖစ္ပါသည္။

ဒီဇင္ဘာပိတ္ရက္ဆိုေပမဲ့ နားရက္မေပးသည့္ အခ်ိန္ပိုက်ဴရွင္ခ်ိန္အၿပီး အိမ္မျပန္ေသးပဲ က်ဴရွင္ေရွ႕က ဗံဒါ‌ပင္‌ေအာက္မွာ ႏွစ္ေယာက္အတူ စာလုပ္ေနၾကတာျဖစ္သည္။ ေဝၿဖိဳးနိုင္က သူ႕အေမေဈးႀကိဳဖို႔ ေစာေစာျပန္သြားကာ ‌ခြန္းနစ္ကေတာ့ ေမေမနဲ႕ ေဖေဖ မႏၲေလး တက္သြားၾကသည့္အတြက္ အိမ္မျပန္ပဲ က်ဴရွင္ကေနပဲ ေစာင့္ဖို႔သာ ဆုံးျဖတ္ထား၏။ ေနတုန္းကေတာ့ နားမလည္သည့္ ႐ူပေဗဒ ေဖာ္ျမဴလာေတြကို ၾကည့္ဖို႔ျဖစ္ေပမဲ့ တြတ္ထိုးေရာက္လာသည့္ ကေလးမတစ္သိုက္ေၾကာင့္ ဘာကဘာမွန္းပင္ မသိလိုက္ရေခ်။

"ေနာ္ နင္လိုက္မွာမို႔လား။ ႏြယ္နီက သူစိမ္းလည္းမဟုတ္ပဲနဲ႕ကို"

အင္းမလုပ္ အဲမလုပ္ႏွင့္ ေနခ်ိဳေမာင့္ပုံစံက ရယ္စရာေတာ့ ေကာင္းပါသည္။ ခြန္းနစ္က သူမ်ားကိစၥထဲ ဝင္ပါဖို႔ အစီစဥ္မရွိေသာ္လည္း ေနခ်ိဳေမာင္တစ္ေယာက္ ဘာျပန္ေျပာမလဲဆိုတာကိုေတာ့ သိခ်င္ေသးတာေၾကာင့္ စာအုပ္ကိုမ်က္ႏွာအပ္ထားသည့္ၾကားမွ သူတို႔စကားဝိုင္းကို နားစြင့္ထားမိ၏။
ဒီလိုက်ေတာ့ ေရခဲတုံးေကာင္က ေစာ္သိပ္ၾကည္ေနပါ့လား။ ဟုတ္ေတာ့လည္း ဟုတ္ပါသည္။ ေနခ်ိဳေမာင္က ဖရိုဖရဲ ေနတတ္ေပမဲ့ တခ်ိဳ႕ေကာင္ေတြလို ရိုင္းစိုင္းဆဲဆိုေနတာမ်ိဳးမရွိေပ။ သူ႕ဟာသူ စကားနည္းေသာ္လည္း ဆရာဆရာမေတြ၊ လူႀကီးသူမေတြအေပၚ ရိုင္းျပတာမ်ိဳး ခြန္းနစ္တစ္ခါမွ မေတြ႕ဖူးေသး။ ဒါ့အျပင္ သခၤ်ာလိုဘာသာမ်ိဳးမွာ အၿမဲဂုဏ္ထူးပါတာမို႔ ေရပန္းစားတဲ့ေက်ာင္းသားေတြၾကားမွ တစ္ေယာက္ဟုပင္ ဆိုနိုင္ေသးသည္။

"လုပ္ပါဟယ္။ ေခါင္းၿငိမ့္ ေခါင္းခါေလာက္ေတာ့ ငါတို႔ကိုလုပ္ပါအုန္း နင္ကလဲ"

ဟင္း...

ခြိခနဲ ထြက္သြားေတာ့မည့္ ရယ္သံကို အေတာ္ထိန္းခ်ဳပ္လိုက္ရသည္။ လမ္းေပ်ာက္ေနသည့္႐ုပ္ႏွင့္ ငူငူႀကီး သက္ျပင္းခ်လိဳက္ပုံက မသိလွ်င္ မိန္းကေလးအုပ္စုကပဲ သူ႕ကိုအနိုင္ဝိုင္းက်င့္ေတာ့မည့္ပုံႏွင့္။ ခဏၾကာေတာ့ တိုတိတိ ကတုံးဆံေထာင္ေကႏွင့္ ေခါင္းလုံးလုံးကို ဆတ္ခနဲၿငိမ့္ျပလိုက္၏။

"ေဟးေဟး ေခါင္းၿငိမ့္ၿပီ ေခါင္းၿငိမ့္ၿပီ။ ဒါဆို ကတိေနာ္"

ဝမ္းပန္းတသာ ျပန္သြားၾကသည့္အုပ္စုကေတာ့ ေက်နပ္သြားပုံပင္။

"အထာမ်ားလိုက္တာ မင္းကလဲ"

မ်က္ႏွာေသႏွင့္ ခြန္းနစ္ထံၾကည့္လာသည္။ စိတ္ဆိုးျခင္း တစ္စြန္းတစမေတြ႕ရသလို ေပ်ာ္ေနသည္ဟုလည္း မခံစားရပါ။ ခပ္ကုပ္ကုပ္ျဖစ္ေနသည့္ မ်က္ေမွာင္အရ သူ စိတ္ရႈပ္ေနဟန္ေတာ့တူသည္။

"မင္းကလည္း သူ႕ကို ႀကိဳက္ေနတာ မို႔လား"

"...."

"ႏြယ္နီဘယ္သူဆိုလား..."

"ေလွ်ာက္စေနၾကတာ"

"ဒါနဲ႕ တကယ္ႀကိဳက္သြားတယ္မို႔လား"

သူ႕မ်က္ဝန္းေတြ ခြန္းနစ္ထံၿပဳံက်လာသည္။ အၾကည့္က စူးနစ္ကာ အေတြးေတြမ်ားေနသည့္ အၾကည့္မ်ိဳးျဖစ္၏။

"မင္းေရာ ဘယ္သူ႕ကို ႀကိဳက္တာလဲ"

"ဘာ..."

"..."

"ငါက ဘာလို႔ႀကိဳက္ရမွာလဲကြ။ ငါ့ဟာငါ စာႀကိဳးစားဖို႔ပဲ ေခါင္းထဲရွိတယ္။ အဲ့ အပိုေတြမလုပ္နိုင္ဘူး"

ဒါပဲေလ အဲ့လိုသမီးရည္းစားကိစၥေတြကို အာ႐ုံစိုက္တာနဲ႕ ခြန္းနစ္ဘဝက အတိမ္းေစာင္းျဖစ္သြားလိမ့္မည္ဟု ေမေမအၿမဲေျပာထားသည္။ ကိုကိုႀကီးလို ႀကိဳးစားရင္း ကိုကိုႀကီးလိုျဖစ္ေအာင္လုပ္ဖို႔က ေမေမ့ရည္မွန္းခ်က္ျဖစ္ၿပီး ကိုကိုႀကီးထက္ ပိုေတာ္ခ်င္တာကေတာ့ ခြန္းနစ္ ရည္မွန္းခ်က္ျဖစ္ပါသည္။ သို႔ေသာ္ ခြန္းနစ္ ရွိသမွ်အားေတြ အကုန္ကုန္ေအာင္ ႀကိဳးစားလွ်င္ေတာင္ ကိုကိုႀကီးရဲ႕ ေလာင္းရိပ္ေအာက္မွာ မွန္းသေလာက္ျဖစ္မလာနိုင္ေသးေခ်။

"အင္း"

"ငါက ... ငါက ဂုဏ္ထူးေတြအမ်ားႀကီး ပါေအာင္လုပ္ရမွာ"

"...."

"မင္းကေရာ မင္းလည္း ဂုဏ္ထူးေတြထြက္ေအာင္လုပ္ရမွာပဲမို႔လား"

"မသိဘူး"

"ဘာမသိတာလဲ။ မင္းအိမ္က ေသခ်ာေပါက္ ႀကိဳးစားခိုင္းမွာပဲေလ"

"ငါ့အိမ္က....ငါဘာလုပ္လုပ္ စိတ္မဝင္စားဘူး"

ေနရခက္သြားသည္။ ဘယ္လို ျပန္ေျပာရမွန္း ေသခ်ာမသိေတာ့။ ေကာ့တက္လာသည့္ ေနခ်ိဳ႕ႏႈတ္ခမ္းမွာ အၿပဳံးတစ္ခုျဖစ္ေပၚလာသည္။ ပုံမွန္ ၿပဳံးေလ့မရွိသူက ေပ်ာ္စရာတစ္စက္မွာမရွိသည့္ စကားေနာက္မွာ ၿပဳံးသြားသတဲ့လား။

"စာၾကည့္ေဝာာ့"

ေနခ်ိဳေမာင္က ဒီလိုပဲ ေဝခြဲရခက္သည့္ အေျခေနတိုင္းကို အမိန႔္တစ္ခုေပးၿပီး အဆုံးသတ္ေလ့ရွိသည္။ ထူးထူးျခားျခား ခြန္းနစ္ဟာလည္း ထိုအမိန႔္မ်ိဳးကို ဘယ္တုန္းကမွမွ လြန္ဆန္နိုင္ျခင္းမရွိပါေခ်။

.................................................................

"ဘာလို႔လိုက္လာတာလဲ သြားပါဆို"

ေျခလွမ္းကို အရွိန္တင္လိုက္ေတာ့ ေနာက္က ေျခသံက ပိုျပင္းလာသည္။ ေဆာင္းေငြ႕ေပ်ာက္ေအာင္ ပူေနသည့္ေနေရာင္ေအာက္မွာ ဝတ္ထားသည့္ အကၤ်ီက ေခြၽးေတြစို႔လ်က္။ တရႈံ႕ရႈံ႕ျဖစ္ေနသည့္ ႏွာေခါင္းကေတာ့ အေစာကငိုထားသည့္ အရွိန္ရဲ႕ ေနာက္ဆက္တြဲပင္ ျဖစ္ပါလိမ့္မည္။

"ဘာလဲ သြားေတာ့လို႔ ငါေျပာေနတယ္ေနာ္ ေနခ်ိဳေမာင္"

ဆတ္ခနဲ လွည့္ကာေအာ္လိုက္ေပမဲ့ ဆန႔္ဆန႔္ႀကီး ရပ္ၾကည့္ေနသူ၏ မ်က္ႏွာေသကိုျမင္ေတာ့ ပိုဝမ္းနည္းလာသည္။ မႊန္တက္လာသည့္ ႏွာဖ်ားကိုထိန္းသည့္တိုင္ မ်က္ဝန္းထဲေဝ့ထက္လာသည့္ မ်က္ရည္ေတြကို မတားဆီးနိုင္လိုက္ေခ်။

"ေလွ်ာက္သြားမေနနဲ႕"

စူးစူးရဲရဲ စိုက္ၾကည့္ေပးလိုက္သည္။ သူနဲ႕ ဘာဆိုင္လို႔ ဟိုမသြားနဲ႕ ဒီမသြားနဲ႕ လိုက္ေျပာေနရပါသနည္း။ ကိုယ့္ေဝဒနာႏွင့္ကိုယ္ ျဖစ္ေနရသည့္ၾကားမွာ ဒီေကာင္က တရားခံအျဖစ္ အဆုံးသတ္ခ်င္ေနပုံရသည္။

"မင္း ေမာေနေတာ့မွာ"

"ငါ့ဟာငါေမာတာ မင္းေစာက္ပူလား"

မရေတာ့ ခြန္းနစ္ ထိုးေအာ္ပစ္လိုက္သည္။ ရပ္ကြက္လမ္းမဟုတ္၍ ေဘးလူေတြ မရွိတာပဲ ကံေကာင္းသည္ဆိုရမလား။ ဆယ္ဘီးကားႀကီးတစ္စီး ဝူးခနဲေမာင္းသြားသံကလြဲလွ်င္ လမ္းမႀကီးက တိတ္ဆိတ္ေနသည္။ သူတို႔ေရာက္ေနတာ ေက်ာင္းႀကီးအေက်ာ္ ၿမိဳ႕ျပင္လမ္းမႀကီးေပၚတြင္ျဖစ္၏။

"အေမနဲ႕ အေဖကလဲ သူတို႔သားကလြဲရင္ က်န္တာအေကာင္းမထင္ဘူး။ ငါလိုခ်င္တယ္ေျပာထားတဲ့ အိတ္ကို ကိုကိုႀကီးဆီေပးပစ္တယ္။ ငါ့ကိုက် အဲ့ေကာင္အက်မွ ကိုင္ခိုင္းေတာ့မွာ။ ဘာလို႔လဲ ငါက်ေတာ့ ဘာလို႔ အရင္မရတာလဲ။ ပိုက္ဆံကုန္တယ္ဆိုရင္ သူ႕ကိုလဲ မေပးလို႔မရဘူးလား အီး ဟီး...."

ေျမျပင္ေပၚ ငုတ္တုပ္ထိုင္ခ်ကာ ဒူးႏွစ္ဖက္ထက္ မ်က္ႏွာအပ္ခ်မိလိုက္သည္။ စိတ္တိုသလို ဝမ္းလည္းနည္းေနတာမို႔ ရွက္ရေကာင္းမွန္းပင္ မသိေတာ့ေခ်။ အခုခ်ိန္မွာ ခြန္းနစ္ ေျပာခ်င္တာေတြ ေျပာခ်ၿပီး စိတ္ရွိတိုင္း ငိုပစ္လိုက္ခ်င္တာသာ သိေတာ့သည္။

"ငါ့က်ေတာ့ လိုခ်င္တာေျပာရင္ေတာင္ မိဘပိုက္ဆံမျဖဳန္းနဲ႕ေျပာၿပီး သူ႕သားကိုက်ေတာ့ အၿမဲတမ္း ပစၥည္းအေကာင္းေတြခ်ည္း သြားသြားပို႔တယ္။ ငါ့ကို အရင္ေမြးေပးပါလား။ ဖြားဖြားေပးတဲ့ မုန႔္ဖိုးေတြအကုန္ကိုလည္း ကိုကိုႀကီးဆီေပးပစ္တာ။ မႏၲေလးမွာမို႔ ပိုအသုံးလိုမယ္ဆိုၿပီး"

‌အျခားသူေတြ ေလးငါးဆယ္ေယာက္ ဘယ္လိုအဆင္ေျပေအာင္ ေနၾကသည္မသိ။ ခြန္းနစ္တို႔အိမ္မွာေတာ့ ရွိသည့္သားေလးႏွစ္ေယာက္ကို သားအရင္းႏွင့္ ေမြးစားသားခြဲထားေလသလားလို႔ ေတြးမိေလာက္ေအာင္ ေမေမ့စည္းကမ္းက ကြာသည္။ မလိုအပ္ဖူးလို႔ တကယ္ထင္ေနသလား ၊ ခြန္းနစ္အေပၚကိုပဲ ေစတနာမရွိေလသလား။ ေမေမဟာ ကိုကိုႀကီးကိုသာ ပစားေပးသည္၊ ကိုကိုႀကီးကိုသာ ပိုခ်ိဳသာသည္၊ ကိုကိုႀကီးကသာ သူမ်ရဲ႕အရာရာျဖစ္ပုံရသည္။

ဒီမနက္ ခြန္းနစ္အဝတ္ဘီရိုကိုရွင္းရင္း သိမ္းထားသည့္ ေက်ာပိုးအိတ္ေပ်ာက္၍ ေမးမိရာမွ ကိုကိုႀကီးျပန္လာစဥ္ သေဘာက်၍ ယူသြားမွန္းသိရသည္။ "သားကိုကိုက‌ တစ္တန္းတက္မွာမို႔ သုံးပါေစ။ ေနာက္ႏွစ္က် သားယူလြယ္ပါ့" ဆိုသည့္ စကားေနာက္မွာ ခြန္းနစ္စိတ္ဆိုးလြန္း၍ ကိုင္ထားမိသည့္ အဝတ္ေတြကိုပါပစ္ခ်မိခဲ့သည္။အက်ိဳးဆက္က ေက်ာေအာင့္ေအာင္ အရိုက္ခံရသည့္အျဖစ္။

ထိုထက္ပိုနာတာက "မိဘက မိဘက..."ဆိုသည့္ နာမ္စားေနာက္မွာ ခြန္းနစ္ကပဲ အဆိုးဆုံးျဖစ္ေနသလို အေျပာခံရသည့္ စကားမ်ားပင္။ အရိုက္ခံရသည့္ ေဝဒနာက မၾကာခင္ေပ်ာက္ကင္းသြားနိုင္ေပမဲ့ စကားလုံးေတြနဲ႕ အတိမ္အနက္ကေတာ့ ေတြးေလေတြးေန တာရွည္စြာနဲ႕ နာက်င္ေနရပါလိမ့္အုန္းမည္။

"တကယ္ဆိုရင္ ငါ အဲ့ဒီအိတ္ဝယ္ေတာ့ ေဈးႀကီးတာဝယ္တယ္ဆိုလို႔ သိမ္းထားလိုက္တာ။ ဒါေပမဲ့ ငါ့ဟာကို ငါ့ဆီကေန ခြင့္မေတာင္းပဲ ေပးလိုက္တာက် လြယ္လြယ္ေလး။ မင္းေျပာ ငါ စိတ္တိုတာ လြန္သလားကြာ"

ဘယ္အခ်ိန္က ထိုင္လိုက္သည္မသိ။ ေနခ်ိဳေမာင္က ခြန္းနစ္ေရွ႕တည့္တည့္မွာထိုင္ေနသည္။ သူဝတ္ေနက် လက္ရွည္ပါးပါးတစ္ထပ္ႏွင့္ ညိုေသာမ်က္ႏွာဟာလည္း ပကတိၿငိမ္သက္ေနဆဲျဖစ္သည္။ သူ႕ေခါင္းသူ အသာကုတ္ရင္း "ေအးပါ" ဟု ႏွစ္သိမ့္လာပုံက အေတာ္ေလး ရယ္ခ်င္စရာေကာင္း၏။စိတ္ညစ္လြန္းလို႔ မရယ္နိုင္လိုက္ေပမဲ့ ထိုပုံစံကို ျပန္ေတြးတိုင္း ရယ္ခ်င္ေနမွာ ေသခ်ာသည္။

"အိမ္မျပန္ခ်င္ဘူး"

"ထ" ေျပာရင္းဆိုရင္း သူကထသည္။ သူ႕လက္တစ္ဖက္က ခြန္းနစ္ေရွ႕ ကမ္းေပးလာ၏။

"အိမ္ မျပန္ခ်င္ပါဘူးဆို"

"အဲ့ဒါေၾကာင့္ သြားၾကစို႔"

"ဘယ္ကိုလဲ" ႏွာေခါင္းရႈံ႕သံႀကီးႏွင့္ အေမးေနာက္မွာ ဂ်ိဳင္းကေနဆြဲမခံလိုက္ရသည့္ ခြန္းနစ္။

"ကားဂိတ္ကို"

လက္ေမာင္းတစ္ဖက္ဟာ တင္းၾကပ္သြာ ဆုပ္ကိုင္ခံထားရသည္။ ေျခလွမ္းတို႔က သူေခၚရာေနာက္သို႔ တပ္ၾကပ္မကြာပါသြား၏။ သူ႕ေျခေထာက္က ရွည္ေပမဲ့ ေျခလွမ္းေတြကေဝာာ့စိပ္သည္။ ဒီေကာင္က အၿမဲ ေျခလွမ္းကို ေျဖးေျဖးေလွ်ာက္တတ္တာမို႔ အေမာမခံနိုင္သည့္ ခြန္းနစ္အတြက္ မဆိုးလွေပ။

"ခုလိုလုပ္တာ အေမပိုစိတ္ဆိုးသြားမယ္ ထင္တယ္"

"မင္းက အရင္ စိတ္ဆိုးေနတာမို႔လား"

တေဝါေဝါတိုက္ေနသည့္ ေလထုၾကားမွာ သူျပန္ေျဖသည္။ ေလပူေတြၾကား မ်က္စိကို ျပဴးေနေအာင္မဖြင့္နိုင္။ အရွိန္ျပင္းလြန္းသည့္ လိုင္းကား၏ ေမာင္းႏွင္မႈၾကား တစ္ေယာက္အသံ တစ္ေယာက္ၾကားေအာင္ပင္ ေတာ္ေတာ္ေလး နားစိုက္ေထာင္ေနရသည္။
ေရာက္တတ္ရာရာဆြဲေခၚမႈေနာက္မွာ ႏွစ္ေယာက္သား ပါလာတာ မႏၲေလး-ျမင္းၿခံ ဆြဲသည့္လိုင္းကားျဖစ္ကာ ကားေခါင္းမွာကပ္ထားသည့္ ဂတ္စ္အိုးႀကီးေတြကို ေၾကာက္တာေၾကာင့္ ခြန္းနစ္က ေနာက္အဖ်ားမွာထိုင္ဖို႔ေ႐ြးလိုက္၏။ ဒီလိုကားမ်ိဳး မစီးဖူးသည့္အျပင္ ေမေမတို႔မသိေအာင္ လုပ္ေနသည္မို႔ ရင္ခုန္သံက ျမန္ေနသည္။

ကိုယ့္အျဖစ္က ေမေမ့ကို ဝမ္းလည္း ဝမ္းနည္းေစခ်င္သလို ဝမ္းလည္းဝမ္းမေနေစခ်င္သည့္ အစြန္းႏွစ္ဖက္မွာ လြန္ဆြဲေန၏။ လုပ္ခ်င္ရာလုပ္လိုက္ၿပီး ေမေမ သူ႕ကိုယ္သူမွားတယ္လို႔ ခံစားရေစခ်င္သည္။တစ္ဖက္မွာလည္း ထိုစိတ္က သိပ္ကိုဆိုး႐ြားေၾကာင္း ကိုယ္တိုင္လက္ခံထားမိ၏။ ေမေမ ခြန္းနစ္ကိုခ်စ္မွန္းသိသည့္အခါ ထိုနာက်င္ေစခ်င္ေသာစိတ္က ခြန္းနစ္ကို တစ္ခါျပန္ၿပီး စိတ္ထိခိုက္ေစတာပင္ျဖစ္လိမ့္မည္။

သားသမီးႏွင့္ မိဘၾကားဆက္ဆံေရးမွာ ဒီေလာက္ထိ အရင္းႏွီးဆုံးျဖစ္ေနပါလ်က္ ပြင့္လင္းလို႔မရသည့္ အေနအထားေတြရွိေနပုံေပၚ၏။ မိသားစုၾကား ဆက္ဆံေရးက အခိုင္ၿမဲဆုံးဟု ေျပာတတ္ၾကေပမဲ့ ခြန္းနစ္ကေတာ့ အကဲအဆတ္ဆုံး ဟုသာျမင္သည္။

ေမေမႏွင့္ခြန္းနစ္ဟာ အရင္းႏွီးဆုံးျဖစ္သည့္တိုင္ အေဝးႀကီးမွာ ေဝးေနတတ္သည္။ ခြန္းနစ္က ေမေမခ်စ္တာကို ေသေလာက္ေအာင္ သေဘာက်သလို တစ္ဆက္ထဲမွာပဲ ေသေလာက္ေအာင္ ေၾကာက္ခ်င္ေၾကာက္ေနတတ္သည္။ ေမေမ့ေမတၱာက သံသယဝင္ခ်င္စရာေကာင္း၏။ သူ႕အတြက္လား ခြန္းနစ္အတြက္လား။ ေမေမသာ တကယ္တမ္းမွ်တလွ်င္ ကိုကိုႀကီးအေပၚ တစ္ဖက္သတ္မေက်မနပ္ျဖစ္ျခင္းမ်ိဳးေတြ ရွိလာမည္မထင္ပါ။ ဒါမ်ိဳးေတြးေဝာာ့လည္း ခြန္းနစ္ကပဲ တြက္ကပ္ တစ္ကိုယ္ေကာင္းဆန္ကာ အစ္ကိုအရင္းျဖစ္သူအေပၚမွာေတာင္ ေစတနာနည္းလွသည့္ အယုတ္တမာေလးဟု ခံစားရျပန္သည္။

"ဆင္းေတာ့"

"ဘာလဲ ဒီမွာဆင္းမွာလား"

"မႏၲေလးထိဆို အျပန္ေနာက္က်လိမ့္မယ္"

"အိမ္မျပန္ခ်င္ဘူးလို႔ ေျပာေနတယ္ေလ"

ဟင့္အင္း ခြန္းနစ္အိမ္ျပန္ခ်င္သည္။ ညေနေလးနာရီမတိုင္ခင္ ျပန္ေရာက္ရင္ပိုေကာင္းမည္။ ထိုအခ်ိန္ဆို ေဖေဖ စက္႐ုံကျပန္လာၿပီး ေမေမ့ကို ေမးလိမ့္မည္။ လြယ္အိတ္ကိစၥျပႆနာတက္မွန္း သိတာႏွင့္ လင္မယားႏွစ္ေယာက္ စကားမ်ားၾကလိမ့္မည္။ ၿပီးလွ်င္ ေမေမေရာ ေဖေဖပါ စိတ္ညစ္ၾကရလိမ့္မည္။

"ဝင္စို႔၊ သုံးနာရီကားနဲ႕ ျပန္မယ္"

ေနခ်ိဳေမာင္က အေတြးကို သိေနသည့္အလား ေျပာကာ ဘုရားမုခ္ဝဆီသို႔ ေလွ်ာက္သြား၏။

ဆုေတာင္းျပည့္ မဟာေ႐ႊသိမ္ေတာ္ဘုရား

လမ္းတစ္ေလွ်ာက္ေတြ႕ရသည့္ ဂဏန္းေၾကာ္သည္ေတြ ၊ထီသည္ေတြႏွင့္ အဓိဌာန္ေအာင္ ကန္ေတာ့ပြဲေရာင္းသည့္ဆိုင္ေတြက နည္းလွသည့္မဟုတ္။ ေတာင္ကတုံး တစ္ေလွ်ာက္ တန္းစီတည္ေဆာက္ထားသည့္ ေနပူခံ ရဟႏၲာငါးရာကိုလည္း လွမ္းျမင္ေနရသည္။

ဘုရားထဲေရာက္လာေပမဲ့ ဘုရားကန္ေတာ့ခ်ိန္က ဆယ္မိနစ္ပင္မရွိလိုက္ေပ။ ခြန္းနစ္က ေလေအးေပးစက္ဖြင့္ထားသည့္ ေနရာမွာထိုင္ကာ အဓိဌာန္တိုင္တည္ေနၾကသူေတြ၏ အသံကို ေတာ္ေတာ္ၾကာေအာင္ ထိုင္နားေထာင္ေနခဲ့သည္။ ေနခ်ိဳေမာင္လဲ အတူတူပင္။ သူက ခြန္းနစ္အနားမွာထိုင္ကာ ကန္ေတာ့ပြဲက စာေတြကို ဖတ္ေနခဲ့တာျဖစ္သည္။

"ေနပါအုန္း ဒီေန႕ မင္း ဟိုကေလးမေလးေတြနဲ႕ ခ်ိန္းထားတာမို႔လား"

သစ္သစ္လြင္လြင္ ျဖစ္ေနသည့္အဝတ္အစားႏွင့္ ေနခ်ိဳေမာင္။ ေသစမ္း... ခြန္းနစ္ အခုမွ သတိရသည္။ သူတို႔ေတြ ပန္းၿခံထဲမွာေတြ႕ဖို႔ ခ်ိန္းထားၾကသည္မို႔လား။ ဒင္းကေရာ ဘာကိစၥနဲ႕ ကိုယ့္လမ္းကိုမသြားပဲ ခြန္းနစ္ႏွင့္ပါလာရသနည္း။ ကိုယ္က အိမ္ကေန စိတ္ဆိုးၿပီး ေလွ်ာက္ထြက္လာတာသာ မွတ္မိသည္။ လမ္းမွာ ေနခ်ိဳေမာင္နဲ႕ဆုံရာကေန အမွတ္မထင္ပဲ ေက်ာက္ဆည္ထိ ခရီးေပါက္လာမိၾကၿပီ။

"ဟမ္ မင္းမသြားဘူးလားလို႔"

"လာေခၚတာ"

"..."

"တစ္ေယာက္ထဲ မသြားခ်င္လို႔ လာေခၚရင္း ဒီလိုျဖစ္သြားတယ္"

"သူတို႔ မင္းကို စိတ္ဆိုးမွာေပါ့"

"အင္း"

"မင္းကို မေခၚၾကေတာ့ရင္ ဘယ္လိုလုပ္မလဲ"

သူက အသာရယ္ရင္း ဆံပင္တိုစိတ္စိတ္ေတြကို ထိုးဆြသည္။ သူ႕ရယ္သံက တဟားဟား မဟုတ္။ ပါးစပ္မပြင့္ပဲ အတြင္းရယ္ရယ္သည့္ တဟင္းဟင္း အသံမ်ိဳးသာ။

"ဘယ္သူမွ မေခၚၾကေတာ့ရင္ေတာင္ မင္းကေတာ့ ဆက္ေခၚ"

"အံ့ဩစရာႀကီး။ မင္းက ဘာေတြကို ယုံၾကည္ခ်က္ ရွိေနတာလဲ ေျပာစမ္းပါကြ"

ခြန္းနစ္ေအာ္သံအဆုံးမွာ သူကရယ္သည္။ ဒီတစ္ႀကိမ္ေတာ့ အသံမထြက္။ သူ႕မ်က္လုံးေထာင့္မ်ား ေကာ့တက္သြားၿပီး ‌သြား‌မ်ားေပၚလာခဲ့ျခင္းသာ ျဖစ္ပါသည္။

.................................................................

စာေရးသူ၏ အမွာစာ:

ဟီးဟီး မေတြ႕တာၾကာပါၿပီဗ်ား
သတိရေနတဲ့သူေတြကို အားနာပါတယ္ေနာ္

ယူတို႔ Kattam အသည္းထပ္ကြဲေနလို႔
စာေရးတာကို ခဏရပ္ထားျဖစ္တာပါ

Continue Reading

You'll Also Like

6.1K 407 53
ရှိုင်းထက်ကိုကိုမောင်💗ကိုကိုချစ် my lovely ko ko maung S1 (start date-24.4.2023 end date-31.5.2023) save your life S2(ongoing) ချိုမြိန်သောအဆိပ်တစ်ခ...
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...
41.8K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
80K 6.4K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...