Unicode
အချစ်ပြိုင်ဘက်
ဟန်တျာသည်တစ်နေကုန်ပထမမင်းသားလေးကိုထိန်းလိုက်၊အနောက်ဆောင်ကိစ္စများကိုစီမံလိုက်နှင့်အလုပ်ရှုပ်နေခဲ့သည်။
နေ့လည်စာစားရာတွင်လည်းယခင်ကထက်အချိန်ပိုယူကာ မင်းသားလေးအားကျွေးလိုက်၊မိမိစားလိုက်ဖြင့် ပျော်ရွှင်စွာစနောက်ရင်းအချိန်ကုန်သွားတော့သည်။
ဤသို့ဖြင့်ညနေစောင်းသောအခါ "ဧကရာဇ်ကြွလာပါပြီဘုရား။"ဟူသောအသံကနန်းဆောင်၏ အ၀င်၀မှထွက်ပေါ်လာရာ ဟန်တျာသည် ထိုင်ရာမှထ၍ ဧကရာဇ်ကိုစောင့်မျှော်လိုက်သည်။ဧကရာဇ်သည် ဟန်တျာ့ကိုမြင်သောအခါ ပြုံးလိုက်ပြီး စကားပြောမည်အပြုတွင် ဧကရီ၏အနောက်မှ အရာလေးအားသတိထားမိသွားသည်။
"ဇနီး လေး မင်းက ကိုယ်တော်ခွင့်ပြုတာကိုတောင်မစောင့်နိုင်တော့ဘူးပေါ့လေ ဟမ်။"
ဧကရာဇ်ကမျက်နှာကိုအနည်းငယ်တည်ကာ မင်းသားလေးကိုမေးငေါ့ပြလိုက်သည်။ ထိုအခါဟန်တျာက ပြုံးလိုက်ပြီး
"အကြောင်းစုံကိုသိရဲ့သားနဲ့ ကျွန်တော်မျိုးကိုစနောက်မနေပါနဲ့ဘုရား၊ဒီကလေးလေးက အရှင့်ရဲ့သွေးသားရင်းပါနော်၊ကျွန်တော်မျိုးက အရှင့်ကိုမေတ္တာတွေမပေးခင် အရှင့်ရဲ့သွေးသားကိုမေတ္တာတွေနဲ့ပြုစုချင်သေးလို့ပါနော်။"ဟုပြောလိုက်သည်။
"ဟာ..ဒီလိုဆိုဘယ်ဖြစ်မလဲ၊ကိုယ်တော့်အတွက်အချစ်တွေမကျန်တော့ရင်တော့သွားပါပြီကွာ။"
"ချစ်ခြင်းမေတ္တာကကုန်ခမ်းနိုင်တာဘယ်ဖြစ်နိုင်မလဲ အရှင်ရဲ့။"
"ဒါဆိုကိုယ်တော့်ကို မကုန်ခမ်းနိုင်တဲ့မေတ္တာတွေနဲ့လွှမ်းခြုံပေးမလား။"
"ဒါကတော့ အရှင့်အပေါ်မူတည်မှာပေါ့။"
ဟန်တျာကနှုတ်ခမ်းတစ်စုံကိုအပေါ်သို့ကော့ညွတ်ရုံသာပြုံးပြီး မိမိ၏နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျိုးလုပ်နေသော မင်းသားလေးအားကောက်ကာ ပွေ့ချီလိုက်သည်။
"ကဲ သဲလေး၊ဒါကမင်းလေးရဲ့ ခမည်းတော်လေကွာ၊ကြောက်စရာမဟုတ်ဘူလေနော်၊ ခမည်းတော်ကဟိုးအရင်နှစ်တွေမှာအရမ်းအလုပ်ရှုပ်လွန်းလို့ သားတော်ကိုလာမကြည့်နိုင်တာနော်၊တစ်ကယ်က သားတော်ကိုအရမ်းချစ်တာနော်။"
ဟန်တျာသည် မိမိနှင့် ဆော့ကစားခဲ့စဥ်ကကဲ့သို့ မဟုတ်ဘဲ အနည်းငယ် ကြောက်လန့်နေသောပုံဖြင့် မိမိ၏ ပုံခုံးပေါ်တွင် မေးတင်ကာ ဧကရာဇ်အားကျောပေးနေသော မင်းသားလေးအား နောက်ကျောကိုလက်ဖြင့် သပ်ပေးကာ နှစ်သိမ့်လိုက်သည်။
"သဲလေးတဲ့လား၊ကြည့်ရတာမင်းလေးရဲ့နှလုံးသားထဲမှာ ကိုယ်တော့်အတွက်နေရာရောကျန်သေးရဲ့လားကွာ။"
ဟန်တျာကမူ မနိုင်ဘူးဟူသော အကြည့်ဖြင့်ကြည့်ကာ
" ဒီကိုကြွပါဘုရား၊အရှင့်အနေနဲ့ ပထမမင်းသားလေးကို နှစ်သိမ့်ပေးသင့်တယ်ဘုရား၊ပြီးတော့အခုအချိန်ကစပြီး ကျွန်တော်မျိုးရဲ့ကလေးဖြစ်သွားပြီဆိုတော့ ကျွန်တော်မျိုးရဲ့ကလေးကို လျစ်လျူမရှုရဘူးနော်။"
"ကောင်းပါပြီကွာ၊ကဲလာပါဦး သားတော်က ခမည်းတော်ဆီကို။"
ဧကရာဇ်သည် ကလေးအားလက်ပြောင်းချီကာ မိမိ၏သွေးသားရင်းဖြစ်သော ကလေးအား ကြည့်လိုက်သည်။
မိမိငယ်စဉ်က နှင့် အဖြစ်တူစွာ ပိန်လှီပြီးဖြူဖျော့နေသောကလေးကိုမြင်သောအခါ ဧကရာဇ်သည် မျက်မှောင်ကြုပ်မိသွားသည်။ကြည့်ရတာ သူကိုယ်တိုင်ရဲ့အပြစ်ကများနေတဲ့ပုံဘဲ၊အကြီးအကဲဖြစ်တဲ့ ခမည်းတော်ကိုယ်တိုင်က လျစ်လျူရှုမိထားတော့ သူ့ရဲ့သားကို ဒီလိုဆက်ဆံရဲကြပြီပေါ့လေ။
"အရှင် စိတ်မပူပါနဲ့ ကျွန်တော်မျိူးစီရင်လိုက်ပါ့မယ်။"
ဟန်တျာက ဧကရာဇ်၏ မျက်နှာအခြေအနေကိုရိပ်စားမိသဖြင့် အလိုက်တသိပြောလိုက်၏။ဟန်တျာ့အနေဖြင့် ဤဧကရာဇ်၏ ခက်ခဲကြမ်းတမ်းသောငယ်ဘ၀နှင့် ခါးသီးမှုများကို သိနေသဖြင့် အလိုက်တသိပင် ပြောလိုက်ခြင်းဖြစ်သည်။
ဧကရာဇ်ကမူ အသာပြုံးပြီးခေါင်းငြိတ်ပြကာ မင်းသားလေးနှင့် ဆော့ကစားပေးလေသည်။တစ်ချိန်လုံး ဖခင်ကောင်းဆန်ခဲ့သမျှ ညအိပ်ယာ၀င်ချိန်တွင် မနေနိုင်မထိုင်နိုင်ဖြစ်နေသည်မှာ ဆက္ကနန္ဒမဟာအဏီရာပင်ဖြစ်သည်။
"ဇနီးလေး သားတော်ကို လွတ်လွတ်လပ်လပ်အိပ်ပါစေကွာ၊ မင်းစိတ်မချရင် နောင်များမှာနို့ထိန်းတွေလုံလုံလောက်လောက်ခန့်ထားလိုက်ပါ့မယ်ကွာ။"
"ဒါကတော့ မဖြစ်ပါဘူးဘုရား၊ကလေးကဒီနေ့ဘဲနေရာအသစ်ပြောင်းတာ အလေ့အကျင့်မရှိဘဲ ဘယ်လို အိပ်ပျော်ပါ့မလဲ။"
"ဒါဆို ရင် မင်းလေးက ကလေးကို ဒီနန်းဆောင်မှာဘဲ သိပ်မလို့လား။"
"မှန်ပါ့၊ဒီအိပ်ယာထဲမှာပေါ့။"
ဟန်တျာကရယ်ချင်စိတ်ကိုတင်းခံကာပြောလိုက်သည်။
မင်းသားလေးသည်လည်းပျော်ရွှင်စွာရယ်မောလျက် ဟန်တျာ့ကိုတစ်လှည့်၊ဧကရာဇ်ကိုတစ်လှည့်ကြည့်ကာ ဟန်တျာ၏ရင်ခွင်ထဲသို့ပြေး၀င်တော့သည်။
" ဘယ်လို !ဒါဆို ကိုယ်တော်ကရော ကိုယ်တော့်တို့ သုံးယောက်အတူတူအိပ်ရမယ်လို့တော့မပြောနဲ့နော်။"
"အတူတူမအိပ်ဘဲ အရှင်က ဘယ်မိဖုရားနန်းဆောင်ကိုကြွမြန်းမလို့လဲဘုရား။"
ဟန်တျာက မင်းသားလေး၏ ပါးလေးကို အားမရစွာ ကိုင်ရင်းပြောလိုက်သည်။
ဧကရာဇ်သည်သွားများပေါ်သည်အထိ ရယ်လိုက်ပြီး"ဘယ်မှမသွားရပါဘူးကွာ၊ဒီနေ့တော့ ဒီမှာဘဲအိပ် ဆောင်၀င်မယ်ဟုတ်ပြီလား၊ကဲ..သားလေးရေ ခမည်းတော်တော့ မင်းမြန်မြန်ကြီးလာဖို့မျှော်လင့်နေပြီကွာ။"
ဟန်တျာသည် ဧကရာဇ်၏ ပြုံးယောင်သန်းနေသောမျက်နှာအားမြင်သောအခါ ထို ပါးနှစ်ဖက်အား ညှစ်ချစ်စိတ်များသည်တဖွားဖွားဖြစ်လာခဲ့ပြန်သည်။ဧကရာဇ်ဖြစ်ပြီးဘယ့်နှယ့် ဒီလောက်ချစ်စရာကောင်းအောင်ရယ်မောနေရတာလဲ။ဟန်တျာ...ဟန်တျာ... မင်းစိတ်ကိုထိန်းစမ်း။လုပ်သင့်တာကိုလုပ်ဆောင်ပြီးမှ ဒါတွေကိုအချိန်ပေးသင့်တယ်။
"ကဲကဲ မယ်အိနဲ့ မယ်ဖြူရေ၊အိပ်စက်ဖို့ရာပြင်ဆင်ကြတော့ကွယ်။"
မယ်အိနှင့်မယ်ဖြူသည်လည်း သူမတို့သခင်လေး၏စကားကို လိုက်နာပြီး ပျော်ရွှင်စွာ ဖြင့် အရှင်နှစ်ပါးကျိန်းစက်ဖို့ရာ ပြင်ဆင်ပေးကြသည်။မိမိတို့ သခင်လေးသည်အမှုကိစ္စများဖြင့် အလုပ်ရှုပ်ကာ ဤကဲ့သို့ဆက်ဆံရေးကိုရလိမ့်မည်ဟုထင်မှတ်မထားကြပေ။
မင်းသားလေးသည် လူကြီးနှစ်ယောက်၏အလယ်တွင်ဟိုလှိမ့်ဒီလှိမ့်ဖြင့် တစ်ခဏလှုပ်ရွနေပြီးသည့်နောက် ဟန်တျာ၏လက်တစ်ဖက်ကို ဖက်ကာ အိပ်ပျော်သွားတော့သည်။ဟန်တျာသည် မင်းသားလေးအားကြည့်ကာ သူ၏လက်ညှိုးဖြင့်မျက်နှာလေးအားတစ်ချက်ထိကာ ပြုံးလိုက်သည်။
"သားတော်ကအိပ်ပျော်သွားပြီလား။"
"မှန်ပါ့ဘုရား၊ကလေးတွေဆိုတော့ လွယ်လွယ်ဘဲအိပ်လွယ်နိုးလွယ် တာပါဘုရား။"
"ကိုယ်တော် တို့ရောအိပ်ကြမှာလား။"
"အိပ်မှာပေါ့ဘုရား၊အရှင်ကဘာလုပ်ချင်လို့လဲ။"
"ဒီဧကရီ တော့တာ၀န်တွေ၀တ္တရားတွေကိုမေ့ရဲတယ်ပေါ့လေ။"
"အဟင်း အရှင်ကတစ်ခါတစ်လေ ကလေးဆန်လိုက်တာမှ ဟောဒီက မင်းသားလေးထက်တောင်ငယ်ရွယ်တယ်ထင်ရသေးတယ်။"
"ကိုယ်တော့်အသက်က မင်းလေးထက် နှစ်ရာချီကြီးတယ်ဆိုတာမေ့နေသလားကွာ။"
"မမေ့ပါဘူးဘုရား၊နှစ်ရာချီ အသက်ကြီးနေတဲ့အရှင့်ကို နှစ်နှစ်ဆယ်နေမှ အဖြေပေးမယ်ဆိုရင်ရော။"
"ကိုယ်တော်ကတော့ မင်းလေးအဖြေပေးတာကို စောင့်နေရင်းကောင်းကင်ဘုံကိုကြွမြန်းရတော့မှာဘဲ။"
"ခစ် ...ခစ်.....ခစ်.."ဟန်တျာက ရယ်လိုက်လေသည်။
"ဒါဆိုရင်တော့ အရှင်ကအဖြေရမှာမဟုတ်တော့ဘူးနော်၊ကျွန်တော်မျိုးက နတ်ဥယျာဉ်အတွင်းမှာဘဲ တစ်ကိုယ်တည်းနေထိုင်သွားရတော့မှာမလို့လေ။"
ထိုအခါ ဧကရာဇ်သည်စနောက်နေရာမှ မျက်နှာသည်တည်သွားပြီး အလေးအနက်ထားဟန်ဖြင့် ဟန်တျာ၏ဘက်သို့ကိုယ်တစ်စောင်းလှည့်ကာ
" မင်းလေး ဘယ်နေရာဘဲရောက်ရောက် ကိုယ်တော့်အပိုင်ဘဲဖြစ်စေရမယ်။"ဟုပြောလိုက်သည်။
ထိုအခိုက် မင်းသားလေးသည် မျက်စိမှိတ်လျက်အင့်ခနဲအသံထွက်ကာ ခန္ဓာကိုယ်လေးအားလှုပ်ကာ မကျေနပ်ဟန်ဖြင့် ပြုလေသည်။
"အင်းအင်း....ကျွတ်.ကျွတ်.ကျွတ် ."
"ကဲ အရှင် လည်း အနားယူပါတော့ဘုရား၊ကလေးတောင် နိုးလာတော့မယ်။"
ဟန်တျာသည် မင်းသားလေး၏ ကော့နေသော တင်ပါးလေးအားတစ်ချက်ပုတ်ကာ ချော့သိပ်လိုက်ပြီး မအိပ်ဘဲ စကားများနေသောလူကြီးကိုပါ အိပ်ခိုင်းရတော့သည်။
"ကောင်းပြီ ကိုယ်တော်လည်း အိပ်ပြီ၊နောက်နေ့များမှဘဲ မင်းလေးနဲ့အိမ်ထောင်မှုရေးရာ ဆွေးနွေးဦးမယ် ဟင်းဟင်း။"
ဧကရာဇ်သည် ထိုသို့ပြောပြီးနောက်မျက်လုံးနှစ်လုံးကိုပိတ်ကာငြိမ်ကျသွားသည်။ဟန်တျာကမူ ပြုံးသာပြုံးလိုက်ပြီး ကလေးလေးကိုပုတ်လျက် အိပ်စက်သွားတော့သည်။
-------------------------------------
ဘေးနားတွင် အိပ်ပျော်လျက်ရှိသော ဧကရီကိုကြည့်ကာဆက္ကနန္ဒသည်ပြုံးလိုက်သည်။ဤလူသားလေးကိုမိမိဘေးနားသို့ရောက်ရှိအောင် ဟိုးနှစ်များကတည်းက တိတ်တဆိတ်ကြိုးစားခဲ့ရသည်။မိမိ၏အချိန်၊မိမိ၏သွေးနှင့် ချွေးများကိုရင်းပြီးမှ ဤ ထိပ်ဆုံးနေရာနှင့် ဤ ကြင်သူလေးကို ဘေးနားတွင် ထားကာနေနိုင်ခြင်းဖြစ်သည်။တန်ပါသည်။မိမိရင်နှင့်ရင်း၍ချစ်ခဲ့ရသူကို မိမိနှင့်အတူထိပ်ဆုံးနေရာတွင်ထားနိုင်သည်အထိစွမ်းဆောင်နိုင်ခဲ့သည်။
သူနှင့်မိမိ၏တွေ့ဆုံမှု(သို့မဟုတ်)ဆက္ကနန္ဒရဲ့ အချစ်တို့မွေးဖွားရာအချိန်ကိုပြပါဆိုလျှင်တော့ ဟိုးနှစ်များစွာက သီတင်းကျွတ်ပွဲတော်အချိန် သက္ကအန္တလာပြည်ကြီးရဲ့ ခြိမ့်ခြိမ့်သဲ ရွှေဆန္ဒီဘုရားပွဲတော်ကို ပြန်သွားရပေလိမ့်မပေါ့။ထိုအချိန်ကတည်းကမိမိသည် ဤလူသားလေးကို မြင်တိုင်းဖက်နမ်းပစ်ချင်မိခဲ့သည်။ထိုလူသားလေးကို ရင်ဘတ်ထဲထည့်သိမ်းချင်မိခဲ့သည်။သို့ရာတွင် မိမိ၏အခြေနှင့်အဆင့်အတန်းကြောင့် မိမိစိတ်ကို ခွင့်မပြုနိုင်ခဲ့ပေ။ထိုနေ့ကရွှေဆန္ဒီဘုရားတွင် ဆိုခဲ့သောသစ္စာသည် ယခုအခါ အမှန်တစ်ကယ်ပင်ဖြစ်လာခဲ့သည်။
---------------------------------
"သူ့ရဲ့အခြေအနေကရော ဘယ်လိုလဲ"
ကန့်လန့်ကာ၏နောက်ကွယ်မှ လူတစ်ယောက်ကမေးလိုက်ခြင်းဖြစ်သည်။
"နန်းတွင်းမှာဧကရီရဲ့ အာဏာကအဆုံးမရှိကြီးထွားစပြုနေပြီး ဧကရီမယ်တော်ကြီးပင်လျှင် အခြေအနေကြည့်လှုပ်ရှားနေရကြောင်းပါ သခင်လေး၊ပြီးတော့ ဧကရီက ပထမမင်းသားလေးကို ခေါ်ယူမွေးစားလိုက်တာကြောင့်နဲ့ တော်၀င်မိဖုရားကြီးကိုနန်းချစေတာကြောင့် ဝေဖန်သူတွေရော၊ပြစ်တင်သူတွေရောရှိနေပေမယ့် ယာ၀အိမ်တော်ရဲ့ ပထမအိမ်တော်အဆင့်အတန်းက အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါပြီ သခင်လေး။"
အသက်ကြီးကြီးဟန်နှင့် မျက်နှာဖုံးအနက်ရောင်စွပ်ထားသော သူကပြန်ဖြေလိုက်လေသည်။
"ကောင်းပြီ ဆက်ပြီးစောင့်ကြည့်ထား"
"ကောင်းပါပြီအရှင်။"
ကန့်လန့်ကာနောက်ကွယ်မှလူသည်ရေ နွေးတစ်ခွက်ကိုယူကာတစ်၀က်မျှသောက်ရင်း အတန်ငယ်စဉ်းစားပြီးနောက် ထိုနေရာမှထွက်သွားသည်။
-----------------------------------------------
မနက် မိုးလင်းသောအခါ အရွယ်မတူသောအမျိုးသားသုံးယောက်တို့သည် အတူတူထကြ၍ ကိုယ်လက်သန့်စင်ခြင်းကိုပြုလုပ်ကာ မနက်ခင်းစားတော်ကိုအတူတူသုံးဆောင်ကြလေသည်။ ထို့နောက် ဟန်တျာကဧကရာဇ်၏ မင်း၀တ်တန်ဆာများကိုကူညီပြင်ဆင်ပေးကာ မင်းသားလေးက သလွန်ပေါ်တွင်ထိုင်ကာ လူကြီးနှစ်ယောက်ပြုလုပ်သည်များကို ထိုင်ကြည့်နေတော့သည်။
"ကဲကိုယ်တော် သွားပြီ ဇနီးလေး၊"
"အရှင့်ကိုပြန်လည်ပို့ဆောင်ပါတယ်ဘုရား။"
ဟန်တျာနှင့်အထိန်းတော်များသည် ဦးညွတ်ကာ အရိုအသေပြုလိုက်ပြီး ဧကရာဇ်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ဟန်တျာသည်သလွန်ပေါ်တွင် ထိုင်ကာစံမြန်းနေခိုက် နန်းဆောင်အပြင်မှ နန်းတွင်းသူလေးမှ ဒုတိယမိဖုရားများကြွလာကြောင်းလျှောက်ထားသဖြင့် ဟန်တျာက ခေါင်းငြိတ်ကာ၀င်ခွင့်ပြုလေသည်။ထို့နောက် ဟန်တျာသည် အတွင်းဆောင်သို့၀င်သွားကာ ဒုတိယမိဖုရားများကိုစောင့်ဆိုင်းရင်း ဆံပင်ကိုဖြီးနေလိုက်သည်။
ဟန်တျာသည်အလိုလိုက်ခံရသော သခင်လေးဖြစ်ရုံမျှသာမက၊နတ်ဒေဝါသွေးများနှင့်ပါ ဆက်စပ်သူဖြစ်ရာ ဟန်တျာ၏ဆံသားသည်ပျော့ခွေနူးညံ့ကာ မဲနက်သန်စွမ်းသည်။
ထိုအခိုက် ဒုတိယမိဘုရားများသည် ၀င်လာကြပြီး ဒုတိယမိဖုရား(၂)ကအမြန်ပင် လာကာ ဟန်တျာအား ဆံပင်ပြင်ပေးလေသည်။ထိုအခါ ဒုတိယမိဖုရား(၂)သည်ကြောင်အသွားပြီး နောက်မှ အသိ၀င်ကာ ဟန်တျာ၏အနားသို့ကပ်ကာဆံထိုးများကိူရွေးပေးရန်ကြိုးစားနေတော့သည်။
"ဧကရီအရှင်မြတ်ရဲ့ ဆံနွယ်တွေကတော့ တစ်ကယ့်ကိုဧကရီအရှင်မြတ်ပါဘဲဘုရား။"
ဒုတိယမိဖုရား(၂)ကမျက်နှာလိုမျက်နှာရချီးကျူးလိုက်သည်။သို့ရာတွင်ဟန်တျာကပြုံးရုံသာပြုံးထားပြီး
"ယနေ့ သင်တို့က အချိန်စောစော လာရောက်ခစားမှတော့ ကျွန်ုပ်နဲ့အတူတူ ဧကရာဇ်ကချီးမြှင့်တဲ့လက်ဆောင်ကို ကူပြီးကြည့်ပေးရမယ်နော်။"
"ဘာများပါလိမ့်ဘုရား။"
"အဆင့်မြင့်ကျားဖြူပေါက်လေးပေါ့၊တော်၀င်သားရဲထိန်းကျောင်းကငါ့ကို ပိုင်ရှင်လာပြတယ်ထင်ပါ့။"
"ရှင် !"
ထိုအခါ ဒုတိယမိဖုရားများသည် ရင်မောမိသွားသည်။အဆင့်မြင့် သားရဲပါဆို မိမိတို့အဆင့်နိမ့်သောလူတွေသာ အနားကပ်ရင် ဖိနှိပ်ခံရမှာအသေအချာဘဲလေ။
ဆိုတော့ ဒါကြီးက ငါတို့ကို ခြိမ်းခြောက်နေတာကြီးမလား!!!
September 30 2022
Zawgyi
အခ်စ္ၿပိဳင္ဘက္
ဟန္တ်ာသည္တစ္ေနကုန္ပထမမင္းသားေလးကိုထိန္းလိုက္၊အေနာက္ေဆာင္ကိစၥမ်ားကိုစီမံလိုက္ႏွင့္အလုပ္ရႈပ္ေနခဲ့သည္။
ေန႔လည္စာစားရာတြင္လည္းယခင္ကထက္အခ်ိန္ပိုယူကာ မင္းသားေလးအားေကြၽးလိုက္၊မိမိစားလိုက္ျဖင့္ ေပ်ာ္႐ႊင္စြာစေနာက္ရင္းအခ်ိန္ကုန္သြာသည္။
ဤသို႔ျဖင့္ညေနေစာင္းေသာအခါ "ဧကရာဇ္ႂကြလာပါၿပီဘုရား။"ဟူေသာအသံကနန္းေဆာင္၏ အ၀င္၀မွထြက္ေပၚလာရာ ဟန္တ်ာသည္ ထိုင္ရာမွထ၍ ဧကရာဇ္ကိုေစာင့္ေမွ်ာ္လိုက္သည္။ဧကရာဇ္သည္ ဟန္တ်ာ့ကိုျမင္ေသာအခါ ၿပဳံးလိုက္ၿပီး စကားေျပာမည္အျပဳတြင္ ဧကရီ၏အေနာက္မွ အရာေလးအားသတိထားမိသြားသည္။
"ဇနီး ေလး မင္းက ကိုယ္ေတာ္ခြင့္ျပဳတာကိုေတာင္မေစာင့္ႏိုင္ေတာ့ဘူးေပါ့ေလ၊ဟမ္။" ဧကရာဇ္ကမ်က္ႏွာကိုအနည္းငယ္တည္ကာ မင္းသားေလးကိုေမးေငါ့ျပလိုက္သည္။ ထိုအခါဟန္တ်ာက ၿပဳံးလိုက္ၿပီး "အေၾကာင္းစုံကိုသိရဲ႕သားနဲ႔ ကြၽန္ေတာ္မ်ိဳးကိုစေနာက္မေနပါနဲ႔ဘုရား၊ဒီကေလးေလးက အရွင့္ရဲ႕ေသြးသားရင္းပါေနာ္၊ကြၽန္ေတာ္မ်ိဳးက အရွင့္ကိုေမတၱာေတြမေပးခင္ အရွင့္ရဲ႕ေသြးသားကိုေမတၱာေတြနဲ႔ျပဳစုခ်င္ေသးလို႔ပါေနာ္။"ဟုေျပာလိုက္သည္။
"ဟာ..ဒီလိုဆိုဘယ္ျဖစ္မလဲ၊ကိုယ္ေတာ့္အတြက္အခ်စ္ေတြမက်န္ေတာ့ရင္ ေတာ့ သြားပါၿပီကြာ။"
"ခ်စ္ျခင္းေမတၱာကကုန္ခမ္းႏိုင္တာဘယ္ျဖစ္ႏိုင္မလဲ အရွင္ရဲ႕။"
"ဒါဆိုကိုယ္ေတာ့္ကို မကုန္ခမ္းႏိုင္တဲ့ေမတၱာေတြနဲ႔လႊမ္းၿခဳံေပးမလား။"
"ဒါကေတာ့ အရွင့္အေပၚမူတည္မွာေပါ့။"ဟန္တ်ာကႏႈတ္ခမ္းတစ္စုံကိုအေပၚသို႔ေကာ့ၫြတ္႐ုံသာၿပဳံးၿပီး မိမိ၏ေနာက္ကြယ္တြင္ ပုန္းလွ်ိဳးကြယ္လ်ိဳးလုပ္ေနေသာ မင္းသားေလးအားေကာက္ကာ ေပြ႕ခ်ီလိုက္သည္။
"ကဲ သဲေလး၊ဒါကမင္းေလးရဲ႕ ခမည္းေတာ္ေလကြာ၊ေၾကာက္စရာမဟုတ္ဘူေလေနာ္၊ ခမည္းေတာ္ကဟိုးအရင္ႏွစ္ေတြမွာအရမ္းအလုပ္ရႈပ္လြန္းလို႔ သားေတာ္ကိုလာမၾကည့္ႏိုင္တာေနာ္၊တစ္ကယ္က သားေတာ္ကိုအရမ္းခ်စ္တာေနာ္။"
ဟန္တ်ာသည္ မိမိႏွင့္ ေဆာ့ကစားခဲ့စဥ္ကကဲ့သို႔ မဟုတ္ဘဲ အနည္းငယ္ ေၾကာက္လန႔္ေနေသာပုံျဖင့္ မိမိ၏ ပုံခုံးေပၚတြင္ ေမးတင္ကာ ဧကရာဇ္အားေက်ာေပးေနေသာ မင္းသားေလးအား ေနာက္ေက်ာကိုလက္ျဖင့္ သပ္ေပးကာ ႏွစ္သိမ့္လိုက္သည္။
"သဲေလးတဲ့လား၊ၾကည့္ရတာမင္းေလးရဲ႕ႏွလုံးသားထဲမွာ ကိုယ္ေတာ့္အတြက္ေနရာေရာက်န္ေသးရဲ႕လားကြာ။"
ဟန္တ်ာကမူ မႏိုင္ဘူးဟူေသာ အၾကည့္ျဖင့္ၾကည့္ကာ " ဒီကို ႂကြပါဘုရား၊အရွင့္အေနနဲ႔ ပထမမင္းသားေလးကို ႏွစ္သိမ့္ေပးသင့္တယ္ဘုရား၊ၿပီးေတာ့အခုအခ်ိန္ကစၿပီး ကြၽန္ေတာ္မ်ိဳးရဲ႕ကေလးျဖစ္သြားၿပီဆိုေတာ့ ကြၽန္ေတာ္မ်ိဳးရဲ႕ကေလးကို လ်စ္လ်ဴမရႈရဘူးေနာ္။"
"ေကာင္းပါၿပီကြာ၊ကဲလာပါဦး သားေတာ္က ခမည္းေတာ္ဆီကို။"ဧကရာဇ္သည္ ကေလးအားလက္ေျပာင္းခ်ီကာ မိမိ၏ေသြးသားရင္းျဖစ္ေသာ ကေလးအား ၾကည့္လိုက္သည္။
မိမိငယ္စဥ္က ႏွင့္ အျဖစ္တူစြာ ပိန္လွီၿပီးျဖဴေဖ်ာ့ေနေသာကေလးကိုျမင္ေသာအခါ ဧကရာဇ္သည္ မ်က္ေမွာင္ၾကဳပ္မိသြားသည္။ၾကည့္ရတာ ငါကိုယ္တိုင္ရဲ႕အျပစ္ကမ်ားေနတဲ့ပုံဘဲ၊အႀကီးအကဲျဖစ္တဲ့ ခမည္းေတာ္ကိုယ္တိုင္က လ်စ္လ်ဴရႈမိထားေတာ့ ငါ့ရဲ႕သားကို ဒီလိုဆက္ဆံရဲၾကၿပီေပါ့ေလ။
"အရွင္ စိတ္မပူပါနဲ႔ ကြၽန္ေတာ္မ်ိဴးစီရင္လိုက္ပါ့မယ္။"ဟန္တ်ာက ဧကရာဇ္၏ မ်က္ႏွာအေျခအေနကိုရိပ္စားမိသျဖင့္ အလိုက္တသိေျပာလိုက္သည္။ဟန္တ်ာ့အေနျဖင့္ ဤဧကရာဇ္၏ ခက္ခဲၾကမ္းတမ္းေသာငယ္ဘ၀ႏွင့္ ခါးသီးမႈမ်ားကို သိေနသျဖင့္ အလိုက္တသိပင္ ေျပာလိုက္ျခင္းျဖစ္သည္။
ဧကရာဇ္ကမူ အသာၿပဳံးၿပီးေခါင္းၿငိတ္ျပကာ မင္းသားေလးႏွင့္ ေဆာ့ကစားေပးေလသည္။တစ္ခ်ိန္လုံး ဖခင္ေကာင္းဆန္ခဲ့သမွ် ညအိပ္ယာ၀င္ခ်ိန္တြင္ မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနသည္မွာ ဆကၠနႏၵမဟာအဏီရာပင္ျဖစ္သည္။
"ဇနီးေလး သားေတာ္ကို လြတ္လြတ္လပ္လပ္အိပ္ပါေစကြာ၊ မင္းစိတ္မခ်ရင္ ေနာင္မ်ားမွာႏို႔ထိန္းေတြလုံလုံေလာက္ေလာက္ခန႔္ထားလိုက္ပါ့မယ္ကြာ။"
"ဒါကေတာ့ မျဖစ္ပါဘူးဘုရား၊ကေလးကဒီေန႔ဘဲေနရာအသစ္ေျပာင္းတာ အေလ့အက်င့္မရွိဘဲ ဘယ္လို အိပ္ေပ်ာ္ပါ့မလဲ။"
"ဒါဆို ရင္ မင္းေလးက ကေလးကို ဒီနန္းေဆာင္မွာဘဲ သိပ္မလို႔လား။"
"မွန္ပါ့၊ဒီအိပ္ယာထဲမွာေပါ့။"ဟန္တ်ာကရယ္ခ်င္စိတ္ကိုတင္းခံကာေျပာလိုက္သည္။
မင္းသားေလးသည္လည္းေပ်ာ္႐ႊင္စြာရယ္ေမာလ်က္ ဟန္တ်ာ့ကိုတစ္လွည့္၊ဧကရာဇ္ကိုတစ္လွည့္ၾကည့္ကာ ဟန္တ်ာ၏ရင္ခြင္ထဲသို႔ေျပး၀င္ေတာ့သည္။
ထိုအခါ ဧကရာဇ္သည္ " ဘယ္လို" ဒါဆို ကိုယ္ေတာ္ကေရာ ကိုယ္ေတာ့္တို႔ သုံးေယာက္အတူတူအိပ္ရမယ္လို႔ေတာ့မေျပာနဲ႔ေနာ္။"
"အတူတူမအိပ္ဘဲ အရွင္က ဘယ္မိဘုရားနန္းေဆာင္ကိုႂကြျမန္းမလို႔လဲဘုရား။" ဟန္တ်ာက မင္းသားေလး၏ ပါးေလးကို အားမရစြာ ကိုင္ရင္းေျပာလိုက္သည္။
ဧကရာဇ္သည္သြားမ်ားေပၚသည္အထိ ရယ္လိုက္ၿပီး"ဘယ္မွမသြားရပါဘူးကြာ၊ဒီေန႔ေတာ့ ဒီမွာဘဲအိပ္ ေဆာင္၀င္မယ္ဟုတ္ၿပီလား၊ကဲ..သားေလးေရ ခမည္းေတာ္ေတာ့ မင္းျမန္ျမန္ႀကီးလာဖို႔ေမွ်ာ္လင့္ေနၿပီကြာ။"
ဟန္တ်ာသည္ ဧကရာဇ္၏ ၿပဳံးေယာင္သန္းေနေသာမ်က္ႏွာအားျမင္ေသာအခါ ထို ပါးႏွစ္ဖက္အား ညႇစ္ခ်စ္စိတ္မ်ားသည္တဖြားဖြားျဖစ္လာခဲ့ျပန္သည္။ဧကရာဇ္ျဖစ္ၿပီးဘယ့္ႏွယ့္ ဒီေလာက္ခ်စ္စရာေကာင္းေအာင္ရယ္ေမာေနရတာလဲ။ဟန္တ်ာ...ဟန္တ်ာ... မင္းစိတ္ကိုထိန္းစမ္း။လုပ္သင့္တာကိုလုပ္ေဆာင္ၿပီးမွ ဒါေတြကိုအခ်ိန္ေပးသင့္တယ္။
"ကဲကဲ မယ္အိနဲ႔ မယ္ျဖဴေရ "
"အိပ္စက္ဖို႔ရာျပင္ဆင္ၾကေတာ့ကြယ္။"
မယ္အိႏွင့္မယ္ျဖဴသည္လည္း သူမတို႔သခင္ေလး၏စကားကို လိုက္နာၿပီး ေပ်ာ္႐ႊင္စြာ ျဖင့္ အရွင္ႏွစ္ပါးက်ိန္းစက္ဖို႔ရာ ျပင္ဆင္ေပးၾကသည္။မိမိတို႔ သခင္ေလးသည္အမႈကိစၥမ်ားျဖင့္ အလုပ္ရႈပ္ကာ ဤကဲ့သို႔ဆက္ဆံေရးကိုရလိမ့္မည္ဟုထင္မွတ္မထားၾကေပ။
မင္းသားေလးသည္ လူႀကီးႏွစ္ေယာက္၏အလယ္တြင္ဟိုလွိမ့္ဒီလွိမ့္ျဖင့္ တစ္ခဏလႈပ္႐ြေနၿပီးသည့္ေနာက္ ဟန္တ်ာ၏လက္တစ္ဖက္ကို ဖက္ကာ အိပ္ေပ်ာ္သြားေတာ့သည္။ဟန္တ်ာသည္ မင္းသားေလးအားၾကည့္ကာ သူ၏လက္ညႇိဳးျဖင့္မ်က္ႏွာေလးအားတစ္ခ်က္ထိကာ ၿပဳံးလိုက္သည္။
"သားေတာ္ကအိပ္ေပ်ာ္သြားၿပီလား။"
"မွန္ပါ့ဘုရား။"ကေလးေတြဆိုေတာ့ လြယ္လြယ္ဘဲအိပ္လြယ္ႏိုးလြယ္ တာပါဘုရား။"
"ကိုယ္ေတာ္ တို႔ေရာအိပ္ၾကမွာလား။"
"အိပ္မွာေပါ့ဘုရား၊အရွင္ကဘာလုပ္ခ်င္လို႔လဲ။"
"ဒီဧကရီ ေတာ့တာ၀န္ေတြ၀တၱရားေတြကိုေမ့ရဲတယ္ေပါ့ေလ။"
"အဟင္း အရွင္ကတစ္ခါတစ္ေလ ကေလးဆန္လိုက္တာမွ ေဟာဒီက မင္းသားေလးထက္ေတာင္ငယ္႐ြယ္တယ္ထင္ရေသးတယ္။"
"ကိုယ္ေတာ့္အသက္က မင္းေလးထက္ ႏွစ္ရာခ်ီႀကီးတယ္ဆိုတာေမ့ေနသလားကြာ။"
"မေမ့ပါဘူးဘုရား၊ႏွစ္ရာခ်ီ အသက္ႀကီးေနတဲ့အရွင့္ကို ႏွစ္ႏွစ္ဆယ္ေနမွ အ ေျဖေပးမယ္ဆိုရင္ေရာ။"
"ကိုယ္ေတာ္ကေတာ့ မင္းေလးအေျဖေပးတာကို ေစာင့္ေနရင္းေကာင္းကင္ဘုံကိုႂကြျမန္းရေတာ့မွာဘဲ။"
"ခစ္ ...ခစ္.....ခစ္.."ဟန္တ်ာက ရယ္လိုက္ေလသည္။
"ဒါဆိုရင္ေတာ့ အရွင္ကအေျဖရမွာမဟုတ္ေတာ့ဘူးေနာ္၊ကြၽန္ေတာ္မ်ိဳးက နတ္ဥယ်ာဥ္အတြင္းမွာဘဲ တစ္ကိုယ္တည္းေနထိုင္သြားကေတာ့မွာမလို႔ေလ။"
ထိုအခါ ဧကရာဇ္သည္စေနာက္ေနရာမွ မ်က္ႏွာသည္တည္သြားၿပီး အေလးအနက္ထားဟန္ျဖင့္ ဟန္တ်ာ၏ဘက္သို႔ကိုယ္တစ္ေစာင္းလွည့္ကာ" မင္းေလး ဘယ္ေနရာဘဲေရာက္ေရာက္ ကိုယ္ေတာ့္အပိုင္ဘဲျဖစ္ေစရမယ္။"ဟုေျပာလိုက္သည္။
ထိုအခိုက္ မင္းသားေလးသည္ မ်က္စိမွိတ္လ်က္အင့္ခနဲအသံထြက္ကာ ခႏၶာကိုယ္ေလးအားလႈပ္ကာ မေက်နပ္ဟန္ျဖင့္ ျပဳေလသည္။
"အင္းအင္း....ကြၽတ္.ကြၽတ္.ကြၽတ္ ."
"ကဲ အရွင္ လည္း အနားယူပါေတာ့ဘုရား၊ကေလးေတာင္ ႏိုးလာေတာ့မယ္။"ဟန္တ်ာသည္ မင္းသားေလး၏ ေကာ့ေနေသာ တင္ပါးေလးအားတစ္ခ်က္ပုတ္ကာ ေခ်ာ့သိပ္လိုက္ၿပီး မအိပ္ဘဲ စကားမ်ားေနေသာလူႀကီးကိုပါ အိပ္ခိုင္းရေတာ့သည္။
"ေကာင္းၿပီ ကိုယ္ေတာ္လည္း အိပ္ၿပီ၊ေနာက္ေန႔မ်ားမွဘဲ မင္းေလးနဲ႔အိမ္ေထာင္မႈေရးရာ ေဆြးေႏြးဦးမယ္ ဟင္းဟင္း။"
ဧကရာဇ္သည္ ထိုသို႔ေျပာၿပီးေနာက္မ်က္လုံးႏွစ္လုံးကိုပိတ္ကာၿငိမ္က်သြားသည္။ဟန္တ်ာကမူ ၿပဳံးသာၿပဳံးလိုက္ၿပီး ကေလးေလးကိုပုတ္လ်က္ အိပ္စက္သြားေတာ့သည္။
-------------------------------------
ေဘးနားတြင္ အိပ္ေပ်ာ္လ်က္ရွိေသာ ဧကရီကိုၾကည့္ကာဆကၠနႏၵသည္ၿပဳံးလိုက္သည္။ဤလူသားေလးကိုမိမိေဘးနားသို႔ေရာက္ရွိေအာင္ ဟိုးႏွစ္မ်ားကတည္းက တိတ္တဆိတ္ႀကိဳးစားခဲ့ရသည္။မိမိ၏အခ်ိန္၊မိမိ၏ေသြးႏွင့္ ေခြၽးမ်ားကိုရင္းၿပီးမွ ဤ ထိပ္ဆုံးေနရာႏွင့္ ဤ ၾကင္သူေလးကို ေဘးနားတြင္ ထားကာေနႏိုင္ျခင္းျဖစ္သည္။တန္ပါသည္။မိမိရင္ႏွင့္ရင္း၍ခ်စ္ခဲ့ရသူကို မိမိႏွင့္အတူထိပ္ဆုံးေနရာတြင္ထားႏိုင္သည္အထိစြမ္းေဆာင္ႏိုင္ခဲ့သည္။
သူႏွင့္မိမိ၏ေတြ႕ဆုံမႈ(သို႔မဟုတ္)ဆကၠနႏၵရဲ႕ အခ်စ္တို႔ေမြးဖြားရာအခ်ိန္ကိုျပပါဆိုလွ်င္ေတာ့ ဟိုးႏွစ္မ်ားစြာက သီတင္းကြၽတ္ပြဲေတာ္အခ်ိန္ သကၠအႏၲလာျပည္ႀကီးရဲ႕ ၿခိမ့္ၿခိမ့္သဲ ေ႐ႊဆႏၵီဘုရားပြဲေတာ္ကို ျပန္သြားရေပလိမ့္မေပါ့။ထိုအခ်ိန္ကတည္းကမိမိသည္ ဤလူသားေလးကို ျမင္တိုင္းဖက္နမ္းပစ္ခ်င္မိခဲ့သည္။ထိုလူသားေလးကို ရင္ဘတ္ထဲထည့္သိမ္းခ်င္မိခဲ့သည္။သို႔ရာတြင္ မိမိ၏အေျခႏွင့္အဆင့္အတန္းေၾကာင့္ မိမိစိတ္ကို ခြင့္မျပဳႏိုင္ခဲ့ေပ။ထိုေန႔ကေ႐ႊဆႏၵီဘုရားတြင္ ဆိုခဲ့ေသာသစၥာသည္ ယခုအခါ အမွန္တစ္ကယ္ပင္ျဖစ္လာခဲ့သည္။
---------------------------------
"သူ႔ရဲ႕အေျခအေနကေရာ ဘယ္လိုလဲ"ကန႔္လန႔္ကာ၏ေနာက္ကြယ္မွ လူတစ္ေယာက္ကေမးလိုက္ျခင္းျဖစ္သည္။
"နန္းတြင္းမွာဧကရီရဲ႕ အာဏာကအဆုံးမရွိႀကီးထြားစျပဳေနၿပီး ဧကရီမယ္ေတာ္ႀကီးပင္လွ်င္ အေျခအေနၾကည့္လႈပ္ရွားေနရေၾကာင္းပါ သခင္ေလး၊ၿပီးေတာ့ ဧကရီက ပထမမင္းသားေလးကို ေခၚယူေမြးစားလိုက္တာေၾကာင့္နဲ႔ ေတာ္၀င္မိဘုရားႀကီးကိုနန္းခ်ေစတာေၾကာင့္ ေဝဖန္သူေတြေရာ၊ျပစ္တင္သူေတြေရာရွိေနေပမယ့္ ယာ၀အိမ္ေတာ္ရဲ႕ ပထမအိမ္ေတာ္အဆင့္အတန္းက အျမင့္ဆုံးအေျခအေနကိုေရာက္ရွိေနပါၿပီ သခင္ေလး။" အသက္ႀကီးႀကီးဟန္ႏွင့္ မ်က္ႏွာဖုံးအနက္ေရာင္စြပ္ထားေသာ သူကျပန္ေျဖလိုက္ေလသည္။
"ေကာင္းၿပီ ဆက္ၿပီးေစာင့္ၾကည့္ထား"
"ေကာင္းပါၿပီအရွင္။"
ကန႔္လန႔္ကာေနာက္ကြယ္မွလူသည္ေရ ေႏြးတစ္ခြက္ကိုယူကာတစ္၀က္မွ်ေသာက္ရင္း အတန္ငယ္စဥ္းစားၿပီးေနာက္ ထိုေနရာမွထြက္သြားသည္။
-----------------------------------------------
မနက္ မိုးလင္းေသာအခါ ပုံစံမတူေသာအမ်ိဳးသားသုံးေယာက္တို႔သည္ အတူတူထၾက၍ ကိုယ္လက္သန႔္စင္ျခင္းကိုျပဳလုပ္ကာ မနက္ခင္းစားေတာ္ကိုအတူတူသုံးေဆာင္ၾကေလသည္။ ထို႔ေနာက္ ဟန္တ်ာကဧကရာဇ္၏ မင္း၀တ္တန္ဆာမ်ားကိုကူညီျပင္ဆင္ေပးကာ မင္းသားေလးက သလြန္ေပၚတြင္ထိုင္ကာ လူႀကီးႏွစ္ေယာက္ျပဳလုပ္သည္မ်ားကို ထိုင္ၾကည့္ေနေတာ့သည္။
"ကဲကိုယ္ေတာ္ သြားၿပီ ဇနီးေလး၊"
"အရွင့္ကိုျပန္လည္ပို႔ေဆာင္ပါတယ္ဘုရား။"
ဟန္တ်ာႏွင့္အထိန္းေတာ္မ်ားသည္ ဦးၫြတ္ကာ အ႐ိုအေသျပဳလိုက္ၿပီး ဧကရာဇ္ကို ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ ဟန္တ်ာသည္သလြန္ေပၚတြင္ ထိုင္ကာစံျမန္းေနခိုက္ နန္းေဆာင္အျပင္မွ နန္းတြင္းသူေလးမွ ဒုတိယမိဘုရားမ်ားႂကြလာေၾကာင္းေလွ်ာက္ထားသျဖင့္ ဟန္တ်ာက ေခါင္းၿငိတ္ကာ၀င္ခြင့္ျပဳေလသည္။ထို႔ေနာက္ ဟန္တ်ာသည္ အတြင္းေဆာင္သို႔၀င္သြားကာ ဒုတိယမိဘုရားမ်ားကိုေစာင့္ဆိုင္းရင္း ဆံပင္ကိုၿဖီးေနလိုက္သည္။
ဟန္တ်ာသည္အလိုလိုက္ခံရေသာ သခင္ေလးျဖစ္႐ုံမွ်သာမက၊နတ္ေဒဝါေသြးမ်ားႏွင့္ပါ ဆက္စပ္သူျဖစ္ရာ ဟန္တ်ာ၏ဆံသားသည္ေပ်ာ့ေခြႏူးညံ့ကာ မဲနက္သန္စြမ္းသည္။
ထိုအခိုက္ ဒုတိယမိဘုရားမ်ားသည္ ၀င္လာၾကၿပီး ဒုတိယမိဘုရား(၂)ကအျမန္ပင္ လာကာ ဟန္တ်ာအား ဆံပင္ျပင္ေပးေလသည္။ထိုအခါ ဒုတိမိဘုရား(၂)သည္ေၾကာင္အသြားၿပီး ေနာက္မွ အသိ၀င္ကာ ဟန္တ်ာ၏အနားသို႔ကပ္ကာဆံထိုးမ်ားကိူေ႐ြးေပးရန္ႀကိဳးစားေနေတာ့သည္။
"ဧကရီအရွင္ျမတ္ရဲ႕ ဆံႏြယ္ေတြကေတာ့ တစ္ကယ့္ကိုဧကရီအရွင္ျမတ္ပါဘဲဘုရား။" ဒုတိယမိဘုရား(၂)ကမ်က္ႏွာလိုမ်က္ႏွာရခ်ီးက်ဴးလိုက္သည္။သို႔ရာတြင္ဟန္တ်ာကၿပဳံး႐ုံသာၿပဳံးထားၿပီး ယေန႔ သင္တို႔က အခ်ိန္ေစာေသာ လာေရာက္ခစားမွေတာ့ ကြၽႏ္ုပ္နဲ႔အတူတူ ဧကရာဇ္ကခ်ီးျမႇင့္တဲ့လက္ေဆာင္ကို ၾကည့္ေပးရမယ္ေနာ္။"
"ဘာမ်ားပါလိမ့္ဘုရား။"
"အဆင့္ျမင့္က်ားျဖဴေပါက္ေလးေပါ့၊ေတာ္၀င္သားရဲထိန္းေက်ာင္းကငါ့ကို ပိုင္ရွင္လာျပတယ္ထင္ပါ့။"
ထိုအခါ ဒုတိယမိဘုရားမ်ားသည္ ရင္ေမာမိသြားသည္။အဆင့္ျမင့္ သားရဲပါဆို မိမိတို႔အဆင့္နိမ့္ေသာလူေတြသာ အနားကပ္ရင္ ဖိႏွိပ္ခံရမွာအေသအခ်ာဘဲေလ။
ဆိုေတာ့ ဒါႀကီးက ငါတို႔ကို ၿခိမ္းေျခာက္ေနတာႀကီးမလား!!!
September 30 2022