Reborn Only to Love You Again...

By _little_strawberry

261K 39.9K 1.4K

Original Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။... More

Description
Chapter 1:ပြန်လည်မွေးဖွားခြင်း
Chapter 2: ချင်းရန်
Chapter 3:စောင့်ရှောက်ပေးခြင်း
Chapter 4:ဆွေမျိုးများ
Chapter 5:မိဘများ
Chapter 6:မသင်္ကာဖွယ်ရာများ
Chapter 7:ခွဲခွါခြင်း
Chapter 8:ဒဏ်ရာကိုတို့ထိခြင်း
Chapter 9:ကိုယ်ဝန်ရှိခြင်း
Chapter 10:ခရီးထွက်ခြင်း
Chapter 11:ရတနာ
Chapter 12:ပျောက်ဆုံးခြင်း
Chapter 13:ရှာဖွေခြင်း
Chapter 14:အရောင်းအဝယ်
Chapter 15:ရှောင်ယွီ
Chapter 16:ခွေးများကို လွှတ်ပေးခြင်း
Chapter 17:တွက်ချက်ခြင်း
Chapter 18:အရှက်မရှိခြင်း
Chapter 19:လူယုတ်မာ
Chapter 20:ပြန်ပေးဆွဲရန်
Chapter 21:အကူအညီတောင်းခြင်း
Chapter 22:ကယ်ဆယ်ခံရခြင်း
Chapter 23:တရားမျှတမှု၏ပိုက်ကွန်
Chapter 24:အိမ်ဆောက်ခြင်း
Chapter 25:ကြီးပြင်းလာခြင်း
Chapter 26:ရည်းစားစာ
Chapter 27: Homosexual Love (1)
Chapter 28:Homosexual Love (2)
Chapter 29:အိမ်မက်ဆိုး(1)
Chapter 30:အိမ်မက်ဆိုး(2)
Chapter 31:အိမ်မက်ဆိုး(3)
Chapter 32:အိမ်မက်ဆိုး(4)
Chapter 33:အိမ်မက်ဆိုး(5)
Chapter 34:အိမ်မက်ဆိုး(6)
Chapter 35:စတင်မှုအသစ်
Chapter 36:နားလည်မှုလွဲခြင်း
Chapter 37:သဝန်တိုခြင်း
Chapter 38:လက်ဆောင်
Chapter 39:ချိုမြိန်မှု
Chapter 40:ယှဉ်ပြိုင်မှု
Chapter 41:ငါသိတယ်
Chapter 42:ပုံပြင်ဟောင်းများ
Chapter 43:ခင်မင်ကျွမ်းဝင်မှု
Chapter 44:ခရစ္စမတ်(အမွှာများ)
Chapter 45:ခရစ္စမတ်(ထိုကိစ္စတွင်)
Chapter 46:ခရစ္စမတ်(တောက်လောင်သောည)
Chapter 47: စိတ်အနှောင့်အယှက်ပေးသော
Chapter 48: ချေးငှါးခြင်း
Chapter 49: အသိပေးခြင်း
Chapter 50:အရူး
Chapter 51:ဘာလဲ?
Chapter 52:ဒေါသ
Chapter 53: တရားခံလက်သည်
Chapter 54:ဒဏ်ခတ်ခံရခြင်း
Chapter 55:ကျောင်းကပွဲ
Chapter 56:တက္ကသိုလ်
Chapter 57: ချောမောသောအမျိုးသားအဆင့်သတ်မှတ်ချက်
Chapter 58:ပြေလည်ခြင်း
Chapter 59:ပြိုင်ဘက်
Chapter 60: ခိုးကြောင်ခိုးဝှက်
Chapter 61:စစ်ဆင်ရေး
Chapter 62: အံ့ဖွယ်ပြောင်းလဲသွားခြင်း
Chapter 63:ကျောက်ကပ်
Chapter 64:ဓာတ်ပုံ
Chapter 65: စိတ်မကောင်းဖြစ်ခြင်း
Chapter 67:တွေ့ရှိသွားခြင်း
Chapter 68:မိသားစု
Chapter 69:အမုန်းတရား
Chapter 70: ရိုက်ခြင်း
Chapter 71:စိတ်ပူပန်ခြင်း
Chapter 72: ရိုးသားခြင်း
Chapter 73:ထိုနေ့
Chapter 74: စွဲလန်းခြင်း
Chapter 75:ကျောင်းသားဟောင်းများတွေ့ဆုံပွဲ
Chapter 76:အဆုံးသတ်

Chapter 66:ပြန်လာခြင်း

1.9K 351 14
By _little_strawberry

ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်။ထွက်ပေါက်၌စည်ကားကာ ဆူညံနေလျက်။

ရုတ်တရက်ပြတ်ပြတ်သားသား အော်ဟစ်သံတစ်ခုကထွက်ပေါ်လာတော့သည်။

"ကိုကိုချင်းရန် ဒီမှာ!"

နူးညံ့သိမ်မွေ့သောချစ်စဖွယ်ကောင်ငယ်လေးသည် ခြေဖျားလေးများအားထောက်ကာ အားရဝမ်းသာဖြင့်လက်ဝှေ့ယမ်းပြနေလေသည်။လူများကသူ့လက်သွားရာနေရာသို့ကြည့်လိုက်ရာ ပိန်ပါးကာအလွန်လှပသောမျက်နှာလေးဖြင့်ဖြောင့်မတ်သောဝါးကဲ့သို့၊တောင်ထိပ်မှဆီးနှင်းလေးကဲ့သို့လူက ထိုကောင်လေးဆီလျှောက်လာခဲ့လေသညိ။

"ကြိုဆိုပါတယ် ကိုကိုချင်းရန်!"

ဖုန်းနန်သည်ယုန်ငယ်လေးကဲ့သို့ သူ့ဘေးနား၌ခုန်နေကာ သူ့လက်ကိုဖက်ထားလျက်အလွန်ပျော်ရွှင်နေ၏။

လီချင်းရန်သည်လည်းပျော်ရွှင်နေပုံရလေသည်။

"ငါ့ကိုလာခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်"

"ဘာလဲ! ကိုကိုချင်းရန် ကျွန်တော့်ကိုယဉ်ကျေးမနေပါနဲ့!"

ဖုန်းနန်ကပြုံးကာ ပြောလာ၏။

လီချင်းရန်ကပြုံးကာခေါင်းညိတ်ပြရင်း ခေါင်းကိုလှည့်ကာရုတ်တရက်မေးလာတော့သည်။

"တဟူဘယ်မှာလဲ?"

ဖုန်းနန်၏မျက်နှာသည် ရုတ်တရက်အေးခဲသွားပြီး သူ့မျက်လုံးများကချက်ချင်းပြောင်းလဲသွားတော့သည်။သူတစ်ခုခုပြောခါနီးတွင် လီချင်းရန်၏လက်ကိုင်ဖုန်းကမြည်လာ၏။

"ဟေး......"

ဘေးတွင်ရပ်ကာ ဖုန်းဖြေနေသည့်လီချင်းရန်ကိုကြည့်ရင်း ဖုန်းနန်ကသက်ပြင်းတစ်ချက်ချလိုက်လေသည်။ဝမ်တဟူပေးသည့်တာဝန်က ပြီးမြောက်ရန်ခက်ခဲလွန်းသည်ဟု သူတကယ်ခံစားရလေသည်။

"အဲ့လိုကိုး.....ဟုတ်ပြီ...ငါတွေ့တယ်...မင်းအချိန်မှန်သွားပြီးဂရုစိုက်နော်...အိမ်မှာစောင့်နေမယ်!"

လီချင်းရန်ကဖုန်းကိုချလိုက်ပြီး လှည့်ကြည့်လိုက်ရာ ဖုန်းနန်ကငေးငိုင်နေသည်ကိုတွေ့လျှင်သူကပြုံးကာပြောလိုက်လေသည်။

"သွားရအောင် တဟူကလုပ်စရာရှိလို့မလာနိုင်ဘူး"

"အာ ကောင်းပြီ! ကောင်းပြီ!"

နှစ်ယောက်သားအပြင်ထွက်ပြီး တက္ကစီစီးကာအိမ်ပြန်ခဲ့ကြလေသည်။

တံခါးကိုဖွင့်ကာအခန်းထဲဝင်လိုက်ချိန်၌ လီချင်းရန်၏မျက်နှာဟာ လုံးဝကိုမည်းမှောင်သွားတော့သည်။

အိမ်ထဲ၌အမှိုက်များအစုအပုံလိုက်ကိုတွေ့လိုက်ရပြီးလေထဲတွင်အချဉ်နံ့များပင် ရနေ၏။ခုတင်ပေါ်၌ အတွင်းခံဘောင်းဘီတစ်ထည်၊သူ့ခြေဘေး၌အတွင်းခံဘောင်းဘီတစ်ထည်နှင့်ရေခဲသေတ္တာလက်ကိုင်ပေါ်တွင်ဖိနပ်ခုံနှစ်ခု ? ? ?

ဖုန်းနန်သည်ခေါင်းပေါ်၌ လုံးဝကိုမည်းမှောင်နေသည့်တိမ်မည်းကြီးဖုံးလွှမ်းနေသော လီချင်းရန်ကိုကြည့်ပြီးနောက် ရုတ်တရက်နောက်သို့ခြေလှမ်းအနည်းငယ်မျှခုန်ကာဆုတ်လိုက်မိတော့သည်။အကောင်ပေါက်လေး၏ပင်ကိုယ်အသိအရ လက်ရှိကိုကိုချင်းရန်က အရမ်းအရမ်းကိုကြောက်စရာကောင်းနေတယ် ~~~~(>_<)~~~~

"ဝမ်တဟူ!"

သွယ်လျသောမျက်ခုံးများကိုပင့်ကာ နှုတ်ခမ်းထောင့်များကကွေးညွတ်သွားလျက် အမြဲတမ်းအေးစက်နေသောမျက်နှာပေါ်တွင် "ရက်စက်သော"အပြုံးတစ်ခုကပေါ်လာတော့သည်။သူကအံကြိတ်ရင်းပြောလာ၏။

"မင်းကဝက်ပဲ!"

ထို့ကြောင့်ချက်ချင်းဆိုသလိုပင် ထိုလူအားမတွေ့ရသည့်အခါအနည်းငယ်မျှစိက်ပျက်သွားခဲ့လေသည်။ထို့နောက် သူကဤကိစ္စကိုခဏမျှဖယ်ထားခဲ့လေ၏။

အဲ့ဒီဝက်ပြန်လာတာကိုစောင့်ပြီး ငါကသူ့အတွေးတွေကိုဘယ်လိုရှင်းလင်းပေးမလဲဆိုတာစောင့်ကြည့်နေလိုက်!

တစ်လကျော်မျှခွဲခွါခဲ့ရသည့်တိုင် လီချင်းရန်သည် လွမ်းဆွတ်နေသောခံစားချက်ကိုဂရုမစိုက်နိုင်တော့ဘဲ အနားယူရန်ဆိုသည့်ကိစ္စကိုလည်းဘေးဖယ်ထားရကာ အမှိုက်များနှင့်တိုက်ပွဲထဲသို့ခြေချရလေတော့သည်။ဆံပင်များမြေပြင်ပေါ်ကျနေသည်ကိုပင် သည်းမခံနိုင်သည့်သူတစ်ယောက်အတွက် အိမ်အားဤမျှညစ်ပတ်အောင်ထားရန်ဆိုသည်က မဖြစ်နိုင်ပေ။

ထို့ကြောင့်မှောင်လာကာ နာရီလက်တံက၁၁ နာရီထိုးခါနီးတွင် လူများနေထိုင်နိုင်စေရန် "ဝက်အသိုက်" ကိုသန့်ရှင်းပြီးသွားလေပြီ။

"ကိုကိုချင်းရန် ကျွန်တော်သွားတော့မယ်!"

ကူညီရန်အတူရှိပေးနေသည့်ဖုန်းနန်မှာ သိသိသာသာပင်အလွန်ပင်ပန်းနေပြီး သူ့မျက်နှာလေးမှာလည်းအစင်းကြောင်းများဖြင့် ကြောင်ပေါက်လေးတစ်ကောင်လိုဖြစ်နေတော့သည်။

လီချင်းရန်က ပြောလိုက်၏။

"အရမ်းနောက်ကျနေပြီ ဒီမှာနေလိုက်လေ!"

ပုံမှန်ဆိုလျှင် ဖုန်းနန်ကဝမ်းသာအားရဖြင့်သဘောတူမည်ဖြစ်သော်လည်း ယခုအခါသူ့နှလုံးသားထဲတွင် "ကိစ္စတစ်ခုခု"ရှိနေသဖြင့် ငေးငိုင်ကြောင်အနေလေသောအခြေအနေတွင်ရှိနေကာ ဤနေရာတွင်နေရန်ဆိုသည်ကမည်သို့မျှမဖြစ်နိုင်ပေ။သူကပြောလိုက်လေသည်။

"မဟုတ် မဟုတ်ဘူး လင်ဖုန်းကလာခေါ်မယ်လို့ပြောတယ် အခုကြည့်ရတာအချိန်တောင်နီးနေပြီ ကိုကိုချင်းရန် ကျွန် ကျွန်တော်သွားတော့မယ်!"

"ခဏ ခဏလေး......."

သူထွက်သွားတော့မည်ကိုမြင်လျှင် သူ့နောက်မှလီချင်းရန်ကရုတ်တရက်ရပ်တန့်လာ၏။

ဖုန်းနန်ကခါးသီးနေသောမျက်နှာလေးဖြင့် မျက်လုံးများကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် ခေါင်းကိုလှည့်ကာပြုံးရင်းမေးလိုက်၏။

"ဘာဖြစ်လို့လဲ?"

လီချင်းရန်ကနံရံကိုမှီကာမေးလာ၏။

"မင်းရဲ့ကုမ္ပဏီကဘယ်လိုလဲ?"

"အာ?"

ဖုန်းနန်မှာစိတ်ရှုပ်ထွေးစွာဖြင့် ပါးစပ်လေးမှာဟစိဟစိဖြင့်သာ။

လီချင်းရန်ကမျက်မှောင်ကြုတ်လာ၏။

"တဟူကမင်းနဲ့ အတူစီးပွါးရေးလုပ်ချင်တယ်လို့ပြောတာမဟုတ်ဘူးလား ဒီတခေါက်ရှန်ဟိုင်းကိုတောင်အရည်အချင်းရှိတဲ့လူနည်းနည်းလောက်ရှာချင်တဲ့ရည်ရွယ်ချက်နဲ့ သွားတာဆို?"

"အာ! အာ! ဟုတ်! ဟုတ်တယ်!"

ဖုန်းနန်ကရုတ်တရက်နားလည်သွားသည့်အကြည့်မျိုးကို ပြသလာ၏။

"အဲ့တာကဆက်ပြီးလုပ် လုပ်နေပါတယ်! ကိုကိုတဟူကအရည်အချင်းရှိတဲ့လူတွေရှာဖို့ရှန်ဟိုင်းသွားတယ် ကျွန်တော်နဲ့လင်ဖုန်းကအများပိုင်အဆောက်အဦးတွေဆီပြေးလွှားနေရတာ......."

"ကြိုက်တာတွေ့ပြီလား?"

"အာ....တတိယထပ်ဆိုလည်းကောင်းတယ်......ခြောက်ထပ်ဆိုလည်းကောင်းတာပဲ.......စဉ်းစားနေ....စဉ်စားနေတုန်းပဲ..."

ဖုန်းနန်မှာစိတ်ရှုပ်ထွေးနေသဖြင့် စကားများကအထစ်ထစ်အငေါ့ငေါ့ဖြင့်။သို့သော်လီချင်းရန်သတိမထားမိဘဲ ခေါင်းညိတ်ကာပြောလာ၏။

"ငါလိုက်ပို့ပေးမယ်!"

"ရတယ် ရတယ်! အနားယူ အနားယူပါ"

ဖုန်းနန်ကာလှိမ့်ကာသွားလုနီးပါးပင် ဓာတ်လှေကားဆီသို့ကမန်းကတန်းပြေးလေတော့သည်။

လီချင်းရန်မှာနားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်မိလေသည်။

"ဒီကလေးဘာဖြစ်နေတာလဲ?"

တံခါးကိုပိတ်ပြီး ရေပူဖြင့်ရေချိုးရန်ရေချိုးခန်းထဲဝင်သွားလိုက်လေသည်။ရေနွေးနွေးလေးက သူ့ခန္ဓာကိုယ်ကိုစိုစွတ်သွားစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်သွားစေခဲ့လေသည်။မှန်ပေါ်မှအဖြူရောင်မြူခိုးများကိုသုတ်လိုက်ပြီး အတွင်းမှမှုန်ဝါးနေသောပုံရိပ်ကိုကြည့်လိုက်ရင်း လီချင်းရန်သည်မျက်လုံးများကိုအနည်းငယ်မှိတ်ကာရေရွတ်လိုက်လေသည်။

"ကတိတွေကိုမတည်တဲ့ လူညစ်တဟူ"

မင်းပြန်လာရင် အရသာရှိတဲ့ဟင်းတွေချက်ပေးမယ်.....

မင်းပြန်လာရင် ကိုယ်ကမင်းပခုံးလေးနဲ့ခြေထောက်တွေကိုဂရုတစိုက်နှိပ်ပေးမယ်......

မင်းပြန်လာရင် ကိုယ်တို့စစ်ပွဲအကြိမ်သုံးရာလောက်နွှဲပြီး လွမ်းနာကျတဲ့ဝေဒနာကိုဖယ်ရှားလိုက်ရအောင်......

အဲ့ဒီလူဆိုးကောင်!!

လီချင်းရန်ကစိတ်ဆိုးနေ၏......

ထိုလူကိုသေချာပေါက်ကိုခွင့်ပြုချက်မပေးတော့ဘူး!!

ဤသို့ဖြင့် နောက်ထပ်တစ်ပတ်အကြာတွင်လီချင်းရန်သည်အတန်းဆက်တက်ရန် ကျောင်းသို့ပြန်လာခဲ့ပြီး ဝမ်တဟူနှင့်ညတိုင်းဖုန်းပြောခဲ့သော်လည်း မကြာသေးခင်ကမှထိုသူမှာနေမကောင်းဖြစ်နေပုံရပြီး အသံကိုနားထောင်ရသည်က အမြဲအားနည်းနေခဲ့လေသည်။

လီချင်းရန်ကအကြိမ်ပေါင်းများစွာမေးခဲ့သော်လည်း အဖျားရှိနေသည်ဟုသာပြောပြီး အမြဲတမ်းပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့အားနမ်းခိုင်းကာ ၎င်းကဝေဒနာကိုသက်သာစေသည့် ဆေးဖြစ်သည်ဟုပြောတတ်လေသည်။

လီချင်းရန်ကရေငုံနှုတ်ပိတ်နေပြီး အကြိမ်တိုင်းအေးစက်စက်ဖြင့်သာတုံ့ပြန်ခဲ့လေသည်။

ထိုလူဆိုးကောင်မှာ ယခုထိတိုင်ပြန်မလာသေး!

ပိုလို့တောင်အံ့သဩမိသည်က ဝမ်တဟူ၏ 'စီးပွားရေးခရီး' ကတကယ်ပဲတစ်လလုံးအချိန်ယူခဲ့ရလေသည်။ညတိုင်းဖုန်းသာမကိုင်လျှင် လီချင်းရန်ကရှန်ဟိုင်းကို တိုက်ရိုက်လိုက်သွားတော့မည်သာ။

ထိုညနေခင်းတွင် လီချင်းရန်သည်ကွန်ပျူတာရှေ့တွင်အချက်အလက်များကို စစ်ဆေးနေလေသည်။

ရုတ်​တရက်​ပင်​ ​သော့လှည့်​​နေ​သောအသံ​ကထွက်ပေါ်လာ၏။

လီချင်းရန်သည် သူ့လက်များကိုရုတ်တရက်ရပ်တန့်လိုက်ပြီး ရုတ်တရက်မတ်တတ်ထရပ်ကာပြေးသွားတော့မည်ဖြစ်သော်လည်း သူ့မျက်နှာကရုတ်တရက် ပြောင်းလဲသွားကာ ဆက်၍ထိုင်နေလိုက်လေသည်။

"အချစ်လေးရန်ရန်!!!!!!"

တုန်ခါနေသောအသံနှင့်အတူ လီချင်းရန်၏မျက်လုံးရှေ့က နှင်းဆီပန်းစည်းကြီးတစ်ခုကပေါ်လာ၏။

လှည့်ပင်မကြည့်ဘဲ လီချင်းရန်ကအေးစက်နေသောမျက်နှာဖြင့်ပြောလာ၏။

"ပြန်ယူသွား ကွန်ပြူတာစခရင်ကိုမမြင်ရတော့ဘူး!"

"အိုး!"

နှင်းဆီပန်းစည်းကြီးပျောက်ကွယ်သွားပြီး ကြီးမားသောမျက်နှာကြီးကသာအစားထိုးလာတော့သည်။

"ကွန်ပြူတာစခရင်က ကိုယ့်ထပ်ပိုပြီးကြည့်ကောင်းတာလား?"

မတွေ့ရသည်မှာကြာမြင့်လှပြီဖြစ်သည့် ချစ်ရသူကမျက်လုံးရှေ့၌ရှိနေသည့်အခါ ဝမ်တဟူမှာချုပ်ထိန်းမထားနိုင်တော့ဘဲ လီချင်းရန်၏ခေါင်းကိုကိုင်ကာ နူးညံ့ကာပါးလျသောအနီရောင်နှုတ်ခမ်းလေးများအား အပြင်းအထန်စုပ်ယူလိုက်၏။လီချင်းရန်၏မျက်ခုံးများကြား၌ ဒေါသများကပေါ်လာသော်လည်း သူ၏နှလုံးသားကတော့အဆပေါင်းများစွာရိုးသားနေခဲ့လေသည်။ထို့ကြောင့် မကြာခင်မှာပင်ထိုကောင်လေး၏နှုတ်ခမ်းများက ကျွမ်းကျင်ပိုင်နိုင်စွာဖွင့်ဟခံလိုက်ရတော့သည်။

၎င်းကသိသာစွာပင် အနမ်းတစ်ခုမျှသာ။

သို့သော်ဤနေ့ရက်များအတွင်းရှိ အတွေးများ၊ စိုးရိမ်ပူပန်မှုများနှင့်စိတ်ပူမှုများသည် ထိုအနမ်းကြောင့်လွယ်ကူစွာပင်ပြေလျော့သွားခဲ့ရ၏။

အချိန်အတော်ကြာပြီးနောက် နှုတ်ခမ်းများကကွဲကွာသွား၏။

ဝမ်တဟူသည် ရှက်ရွံ့နေသောလီချင်းရန်၏မျက်နှာလေးကိုကြည့်ပြီး ရယ်မောရင်းရင်ခွင်ထဲ၌ပွေ့ဖက်ထားလိုက်ကာ ရှားရှားပါးပါးပင်မည်သို့စကားစရမည်လဲမသိဖြစ်နေ၏။

"ရန်ရန် ရန်ရန် ရန်ရန် ကိုယ်မင်းကိုလွမ်းတယ် အရမ်းအရမ်းကိုလွမ်းနေတာ"

ဝမ်တဟူသည် ထိုလူကိုသူ့ရင်ခွင်ထဲတွင်တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြီး မျက်လုံးထဲ၌မျက်ရည်များပင်ကျလုမတတ်ဖြစ်နေတော့သည်။

သူ့ကိုဤသိူ့မြင်လိုက်ရသဖြင့် လီချင်းရန်မှာစိတ်ပင်မဆိုးနိုင်တော့။ထိုလူ၏နွေးထွေးလှသည့်ရင်ဘတ်ကိုမှီထားလိုက်ကာ သူ့မျက်လုံးများကနာကျင်လာတော့သည်။

နှစ်ယောက်သားကခဏမျှဖက်တွယ်နေခဲ့ကာ လီချင်းရန်ကဝမ်တဟူကစားပြီပြီလားဟုမေးလိုက်လေသည်။

ဝမ်တဟူကမစားရသေးကြောင်း ခေါင်းယမ်းပြလာ၏။

စားပွဲပေါ်၌ဟင်းခြောက်ပွဲနှင့်ဟင်းချိုတစ်ပွဲကိုတွေ့လိုက်ရလေသည်။

ဝမ်တဟူကအံဩသင့်စွာဖြင့်မေးလိုက်လေသည်။

"ဒီနေ့ကိုယ်ပြန်လာမယ်ဆိုတာ သိနေတာလား?"

လေဆိပ်ကိုနေ့တိုင်းဖုန်းဆက်ကာ ခရီးသည်စာရင်းအားမေးနေသည့်ကိစ္စကို လီချင်းရန်ကမည်သို့မှမပြောပြနိုင်ပါပေ။

ရှက်စိတ်ဖြင့်မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"စားတော့လေ!"

ဝက်နံရိုးပြုတ်တစ်ပိုင်းကအဖြူရောင်ကြွေပန်းကန်လုံးထဲသို့ရောက်သွား၏။ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်ထိ သူတို့၏အစားအသောက်တာဝန်ကိုဝမ်တဟူကယူခဲ့ပြီး လီချင်းရန်ကချက်ပြုတ်ခဲလှ၏။ဤတစ်ကြိမ်တွင်တော့ သူကကိုယ်တိုင်ပင်ဟင်းချိုချက်ခဲ့သဖြင့် တစ်စုံတစ်ယောက်မှာမျက်ရည်ကျလုမတတ်ပင်စိတ်လှုပ်ရှားသွားကာ ပန်းကန်ထဲမှဝက်နံရိုးကိုစားမည့်အစား တစ်ဖက်လူ၏လက်သေးသေးကိုဆုတ်ကိုင်လိုက်ပြီး နူးညံ့ဖြူဖွေးနေသည့်လက်ခုံလေးအား ခပ်ဖွဖွနမ်းလိုက်လေသည်။လီချင်းရန်မှာစိတ်တိုသွားကာ တူကိုမလျက်ဝမ်တဟူ၏ခေါင်းကိုခေါက်ပစ်လိုက်လေသည်။

တိုတိုးလေးဆူပူလိုက်၏။

"အလှအပကိုပဲလိုချင်နေတဲ့လောင်ဟူ!"

နှစ်ယောက်သားချိုမြိန်ကာနွေးထွေးသည့် ညစာစားပွဲကိုစားသောက်ပြီးနောက် ဝမ်တဟူကအင်္ကျီလဲကာ နှစ်ယောက်သားကုတင်ပေါ်တွင် လှဲနေလိုက်လေသည်။

လီချင်းရန်ကသူ့အားတွန်းကာ ရေချိုးခိုင်းလာ၏။

သို့သော်ထိုလူကတော့ အလိုက်လိုက်ခံထားရသည့်ကလေးတစ်ယောက်လိုဆိုးသွမ်းသည့်ပုံစံမျိုးပြုမူနေပြီး တစ်နေကုန်ပင်ပန်းနေပြီဖြစ်သဖြင့် ယခုအိပ်ချင်ပြီဖြစ်ကြောင်းသာပြောလာ၏။

လီချင်းရန်ကသူ့အားကန်ချခဲ့သော်လည်း သူကလှုပ်ပင်မလှုပ်ပေ။

သို့သော်အိပ်ရာဝင်ပြီးမကြာခင်မှာပင် ဝက်သေတစ်ကောင်လိုအိပ်ပျော်သွားသောကြောင့် ထိုလူက အမှန်အတိုင်းပြောနေခြင်းသာ။

လီချင်းရန်သည် သူ့ခန္ဓာကိုယ်ကိုမကာ အိပ်နေသော လူ၏မျက်နှာကိုကြည့်လိုက်ပြီး အလွန်နူးညံ့သိမ်မွေ့ကာပျော်ရွှင်နေသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် မသိလိုက်ဘဲပေါ်လာခဲ့လေသည်။သူကလက်ကိုမြှောက်လိုက်ပြီး ထိုလူ၏ပါးပြင်လေးကိုညင်သာစွာပွတ်သပ်လိုက်လေသည်။

တဟူ ကိုယ်အလေးချိန်ကျသွားလေသည်!တကယ်ကိုကိုယ်အလေးချိန်အများကြီးကျသွားကာ ပိန်လွန်းနေ၏။

လုပ်ငန်းတစ်ခုစတင်ရန်က ခက်ခဲလှပေသည်!

ခြောက်ကပ်ကာဖြူဖျော့နေသောနှုတ်ခမ်းလေးအား အနမ်းလေးတစ်ပွင့်ပေးလိုက်လေသည်။

လီချင်းရန်ကတိုးတိုးလေးပြောလိုက်၏။

"တဟူရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်!"

နောက်တစ်နေ့ မိုးသောက်။

နှစ်ယောက်သား တယောက်ပြီးတယောက်နိုးလာကာ နံနက်ခင်းအနမ်းများပေးကြပြီးနောက် ကိုယ်လက်သန့်စင်ကာ တစ်နေ့တာခရီးအတွက်ပြင်ဆင်ကြလေသည်။

"တဟူဘာတွေသောက်နေတာလဲ?"

လီချင်းရန်ကရုတ်တရက်မေးလာ၏။

ဝမ်တဟူမှာရေသီးလုနီးပါးပင် ထိတ်လန့်သွားလေသည်။

သူ့မျက်လုံးရှေ့တွင် "ဗီတာမင် C"ဟုရေးထားသောပုလင်းသေးသေးလေးကိုလှုပ်ခါပြပြီး ချောင်းဟန့်ကာပြောလာ၏။

"မကြာသေးခင်က ခုခံအားကနည်းနည်းအားနည်းနေလို့ ဗီတာမင်သောက်နေတာ"

လီချင်းရန်ကခေါင်းညိတ်ရင်း စိတ်ပူစွာဖြင့်ပြောလာ၏။

"ဒီညတဟူပြန်လာရင် ရန်ရန်စစ်ဆေးကြည့်မယ်!"

"(*^__^*) ဟီးဟီး......ရန်ရန် မင်းဘွဲ့တောင်မရသေးဘူးလေ! ဒီလိုမျိုးလူနာကြည့်ဖို့အလျင်လိုနေတာလား? မင်းခွင့်ပြုချက်ရှိလို့လား?"

ဟမ့်.......

လီချင်းရန်သည်မျက်လုံးများကိုကျဉ်းမြောင်းကာ ခေါင်းမော့ပြီး အထင်သေးသလိုပင်သူ့အားအပေါ်အောက်စုန်ဆန်ကြည့်လာ၏။

"လက်ရှိတော့လူနာကြည့်ဖို့ခွင့်ပြုချက်မရှိသေးပေမယ့် ဝက်တွေကိုကုသပေးဖို့အတွက်တော့လုံလောက်တာထပ်ကိုပိုနေပါပြီ!"

(⊙_⊙)????

ဝမ်တဟူ : "...........ကိုယ်ကဝက်လား?"

-Zawgyi

ေပက်င္းအျပည္ျပည္ဆိုင္ရာေလဆိပ္။ထြက္ေပါက္၌စည္ကားကာ ဆူညံေနလ်က္။

႐ုတ္တရက္ျပတ္ျပတ္သားသား ေအာ္ဟစ္သံတစ္ခုကထြက္ေပၚလာေတာ့သည္။

"ကိုကိုခ်င္းရန္ ဒီမွာ!"

ႏူးညံ့သိမ္ေမြ႕ေသာခ်စ္စဖြယ္ေကာင္ငယ္ေလးသည္ ေျခဖ်ားေလးမ်ားအားေထာက္ကာ အားရဝမ္းသာျဖင့္လက္ေဝွ႔ယမ္းျပေနေလသည္။လူမ်ားကသူ႔လက္သြားရာေနရာသို႔ၾကည့္လိုက္ရာ ပိန္ပါးကာအလြန္လွပေသာမ်က္ႏွာေလးျဖင့္ေျဖာင့္မတ္ေသာဝါးကဲ့သို႔၊ေတာင္ထိပ္မွဆီးႏွင္းေလးကဲ့သို႔လူက ထိုေကာင္ေလးဆီေလွ်ာက္လာခဲ့ေလသညိ။

"ႀကိဳဆိုပါတယ္ ကိုကိုခ်င္းရန္!"

ဖုန္းနန္သည္ယုန္ငယ္ေလးကဲ့သို႔ သူ႔ေဘးနား၌ခုန္ေနကာ သူ႔လက္ကိုဖက္ထားလ်က္အလြန္ေပ်ာ္႐ႊင္ေန၏။

လီခ်င္းရန္သည္လည္းေပ်ာ္႐ႊင္ေနပုံရေလသည္။

"ငါ့ကိုလာေခၚေပးလို႔ ေက်းဇူးတင္ပါတယ္"

"ဘာလဲ! ကိုကိုခ်င္းရန္ ကြၽန္ေတာ့္ကိုယဥ္ေက်းမေနပါနဲ႔!"

ဖုန္းနန္ကၿပဳံးကာ ေျပာလာ၏။

လီခ်င္းရန္ကၿပဳံးကာေခါင္းညိတ္ျပရင္း ေခါင္းကိုလွည့္ကာ႐ုတ္တရက္ေမးလာေတာ့သည္။

"တဟူဘယ္မွာလဲ?"

ဖုန္းနန္၏မ်က္ႏွာသည္ ႐ုတ္တရက္ေအးခဲသြားၿပီး သူ႔မ်က္လုံးမ်ားကခ်က္ခ်င္းေျပာင္းလဲသြားေတာ့သည္။သူတစ္ခုခုေျပာခါနီးတြင္ လီခ်င္းရန္၏လက္ကိုင္ဖုန္းကျမည္လာ၏။

"ေဟး......"

ေဘးတြင္ရပ္ကာ ဖုန္းေျဖေနသည့္လီခ်င္းရန္ကိုၾကည့္ရင္း ဖုန္းနန္ကသက္ျပင္းတစ္ခ်က္ခ်လိုက္ေလသည္။ဝမ္တဟူေပးသည့္တာဝန္က ၿပီးေျမာက္ရန္ခက္ခဲလြန္းသည္ဟု သူတကယ္ခံစားရေလသည္။

"အဲ့လိုကိုး.....ဟုတ္ၿပီ...ငါေတြ႕တယ္...မင္းအခ်ိန္မွန္သြားၿပီးဂ႐ုစိုက္ေနာ္...အိမ္မွာေစာင့္ေနမယ္!"

လီခ်င္းရန္ကဖုန္းကိုခ်လိုက္ၿပီး လွည့္ၾကည့္လိုက္ရာ ဖုန္းနန္ကေငးငိုင္ေနသည္ကိုေတြ႕လွ်င္သူကၿပဳံးကာေျပာလိုက္ေလသည္။

"သြားရေအာင္ တဟူကလုပ္စရာရွိလို႔မလာႏိုင္ဘူး"

"အာ ေကာင္းၿပီ! ေကာင္းၿပီ!"

ႏွစ္ေယာက္သားအျပင္ထြက္ၿပီး တကၠစီစီးကာအိမ္ျပန္ခဲ့ၾကေလသည္။

တံခါးကိုဖြင့္ကာအခန္းထဲဝင္လိုက္ခ်ိန္၌ လီခ်င္းရန္၏မ်က္ႏွာဟာ လုံးဝကိုမည္းေမွာင္သြားေတာ့သည္။

အိမ္ထဲ၌အမႈိက္မ်ားအစုအပုံလိုက္ကိုေတြ႕လိုက္ရၿပီးေလထဲတြင္အခ်ဥ္နံ႔မ်ားပင္ ရေန၏။ခုတင္ေပၚ၌ အတြင္းခံေဘာင္းဘီတစ္ထည္၊သူ႔ေျခေဘး၌အတြင္းခံေဘာင္းဘီတစ္ထည္ႏွင့္ေရခဲေသတၱာလက္ကိုင္ေပၚတြင္ဖိနပ္ခုံႏွစ္ခု ? ? ?

ဖုန္းနန္သည္ေခါင္းေပၚ၌ လုံးဝကိုမည္းေမွာင္ေနသည့္တိမ္မည္းႀကီးဖုံးလႊမ္းေနေသာ လီခ်င္းရန္ကိုၾကည့္ၿပီးေနာက္ ႐ုတ္တရက္ေနာက္သို႔ေျခလွမ္းအနည္းငယ္မွ်ခုန္ကာဆုတ္လိုက္မိေတာ့သည္။အေကာင္ေပါက္ေလး၏ပင္ကိုယ္အသိအရ လက္ရွိကိုကိုခ်င္းရန္က အရမ္းအရမ္းကိုေၾကာက္စရာေကာင္းေနတယ္ ~~~~(>_<)~~~~

"ဝမ္တဟူ!"

သြယ္လ်ေသာမ်က္ခုံးမ်ားကိုပင့္ကာ ႏႈတ္ခမ္းေထာင့္မ်ားကေကြးၫြတ္သြားလ်က္ အၿမဲတမ္းေအးစက္ေနေသာမ်က္ႏွာေပၚတြင္ "ရက္စက္ေသာ"အၿပဳံးတစ္ခုကေပၚလာေတာ့သည္။သူကအံႀကိတ္ရင္းေျပာလာ၏။

"မင္းကဝက္ပဲ!"

ထို႔ေၾကာင့္ခ်က္ခ်င္းဆိုသလိုပင္ ထိုလူအားမေတြ႕ရသည့္အခါအနည္းငယ္မွ်စိက္ပ်က္သြားခဲ့ေလသည္။ထို႔ေနာက္ သူကဤကိစၥကိုခဏမွ်ဖယ္ထားခဲ့ေလ၏။

အဲ့ဒီဝက္ျပန္လာတာကိုေစာင့္ၿပီး ငါကသူ႔အေတြးေတြကိုဘယ္လိုရွင္းလင္းေပးမလဲဆိုတာေစာင့္ၾကည့္ေနလိုက္!

တစ္လေက်ာ္မွ်ခြဲခြါခဲ့ရသည့္တိုင္ လီခ်င္းရန္သည္ လြမ္းဆြတ္ေနေသာခံစားခ်က္ကိုဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ အနားယူရန္ဆိုသည့္ကိစၥကိုလည္းေဘးဖယ္ထားရကာ အမႈိက္မ်ားႏွင့္တိုက္ပြဲထဲသို႔ေျခခ်ရေလေတာ့သည္။ဆံပင္မ်ားေျမျပင္ေပၚက်ေနသည္ကိုပင္ သည္းမခံႏိုင္သည့္သူတစ္ေယာက္အတြက္ အိမ္အားဤမွ်ညစ္ပတ္ေအာင္ထားရန္ဆိုသည္က မျဖစ္ႏိုင္ေပ။

ထို႔ေၾကာင့္ေမွာင္လာကာ နာရီလက္တံက၁၁ နာရီထိုးခါနီးတြင္ လူမ်ားေနထိုင္ႏိုင္ေစရန္ "ဝက္အသိုက္" ကိုသန္႔ရွင္းၿပီးသြားေလၿပီ။

"ကိုကိုခ်င္းရန္ ကြၽန္ေတာ္သြားေတာ့မယ္!"

ကူညီရန္အတူရွိေပးေနသည့္ဖုန္းနန္မွာ သိသိသာသာပင္အလြန္ပင္ပန္းေနၿပီး သူ႔မ်က္ႏွာေလးမွာလည္းအစင္းေၾကာင္းမ်ားျဖင့္ ေၾကာင္ေပါက္ေလးတစ္ေကာင္လိုျဖစ္ေနေတာ့သည္။

လီခ်င္းရန္က ေျပာလိုက္၏။

"အရမ္းေနာက္က်ေနၿပီ ဒီမွာေနလိုက္ေလ!"

ပုံမွန္ဆိုလွ်င္ ဖုန္းနန္ကဝမ္းသာအားရျဖင့္သေဘာတူမည္ျဖစ္ေသာ္လည္း ယခုအခါသူ႔ႏွလုံးသားထဲတြင္ "ကိစၥတစ္ခုခု"ရွိေနသျဖင့္ ေငးငိုင္ေၾကာင္အေနေလေသာအေျခအေနတြင္ရွိေနကာ ဤေနရာတြင္ေနရန္ဆိုသည္ကမည္သို႔မွ်မျဖစ္ႏိုင္ေပ။သူကေျပာလိုက္ေလသည္။

"မဟုတ္ မဟုတ္ဘူး လင္ဖုန္းကလာေခၚမယ္လို႔ေျပာတယ္ အခုၾကည့္ရတာအခ်ိန္ေတာင္နီးေနၿပီ ကိုကိုခ်င္းရန္ ကြၽန္ ကြၽန္ေတာ္သြားေတာ့မယ္!"

"ခဏ ခဏေလး......."

သူထြက္သြားေတာ့မည္ကိုျမင္လွ်င္ သူ႔ေနာက္မွလီခ်င္းရန္က႐ုတ္တရက္ရပ္တန္႔လာ၏။

ဖုန္းနန္ကခါးသီးေနေသာမ်က္ႏွာေလးျဖင့္ မ်က္လုံးမ်ားကိုပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီးေနာက္ ေခါင္းကိုလွည့္ကာၿပဳံးရင္းေမးလိုက္၏။

"ဘာျဖစ္လို႔လဲ?"

လီခ်င္းရန္ကနံရံကိုမွီကာေမးလာ၏။

"မင္းရဲ႕ကုမၸဏီကဘယ္လိုလဲ?"

"အာ?"

ဖုန္းနန္မွာစိတ္ရႈပ္ေထြးစြာျဖင့္ ပါးစပ္ေလးမွာဟစိဟစိျဖင့္သာ။

လီခ်င္းရန္ကမ်က္ေမွာင္ၾကဳတ္လာ၏။

"တဟူကမင္းနဲ႔ အတူစီးပြါးေရးလုပ္ခ်င္တယ္လို႔ေျပာတာမဟုတ္ဘူးလား ဒီတေခါက္ရွန္ဟိုင္းကိုေတာင္အရည္အခ်င္းရွိတဲ့လူနည္းနည္းေလာက္ရွာခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ သြားတာဆို?"

"အာ! အာ! ဟုတ္! ဟုတ္တယ္!"

ဖုန္းနန္က႐ုတ္တရက္နားလည္သြားသည့္အၾကည့္မ်ိဳးကို ျပသလာ၏။

"အဲ့တာကဆက္ၿပီးလုပ္ လုပ္ေနပါတယ္! ကိုကိုတဟူကအရည္အခ်င္းရွိတဲ့လူေတြရွာဖို႔ရွန္ဟိုင္းသြားတယ္ ကြၽန္ေတာ္နဲ႔လင္ဖုန္းကအမ်ားပိုင္အေဆာက္အဦးေတြဆီေျပးလႊားေနရတာ......."

"ႀကိဳက္တာေတြ႕ၿပီလား?"

"အာ....တတိယထပ္ဆိုလည္းေကာင္းတယ္......ေျခာက္ထပ္ဆိုလည္းေကာင္းတာပဲ.......စဥ္းစားေန....စဥ္စားေနတုန္းပဲ..."

ဖုန္းနန္မွာစိတ္ရႈပ္ေထြးေနသျဖင့္ စကားမ်ားကအထစ္ထစ္အေငါ့ေငါ့ျဖင့္။သို႔ေသာ္လီခ်င္းရန္သတိမထားမိဘဲ ေခါင္းညိတ္ကာေျပာလာ၏။

"ငါလိုက္ပို႔ေပးမယ္!"

"ရတယ္ ရတယ္! အနားယူ အနားယူပါ"

ဖုန္းနန္ကာလွိမ့္ကာသြားလုနီးပါးပင္ ဓာတ္ေလွကားဆီသို႔ကမန္းကတန္းေျပးေလေတာ့သည္။

လီခ်င္းရန္မွာနားမလည္ႏိုင္စြာျဖင့္ ေရ႐ြတ္လိုက္မိေလသည္။

"ဒီကေလးဘာျဖစ္ေနတာလဲ?"

တံခါးကိုပိတ္ၿပီး ေရပူျဖင့္ေရခ်ိဳးရန္ေရခ်ိဳးခန္းထဲဝင္သြားလိုက္ေလသည္။ေရေႏြးေႏြးေလးက သူ႔ခႏၶာကိုယ္ကိုစိုစြတ္သြားေစၿပီး ပင္ပန္းႏြမ္းနယ္မႈကို ေျပေပ်ာက္သြားေစခဲ့ေလသည္။မွန္ေပၚမွအျဖဴေရာင္ျမဴခိုးမ်ားကိုသုတ္လိုက္ၿပီး အတြင္းမွမႈန္ဝါးေနေသာပုံရိပ္ကိုၾကည့္လိုက္ရင္း လီခ်င္းရန္သည္မ်က္လုံးမ်ားကိုအနည္းငယ္မွိတ္ကာေရ႐ြတ္လိုက္ေလသည္။

"ကတိေတြကိုမတည္တဲ့ လူညစ္တဟူ"

မင္းျပန္လာရင္ အရသာရွိတဲ့ဟင္းေတြခ်က္ေပးမယ္.....

မင္းျပန္လာရင္ ကိုယ္ကမင္းပခုံးေလးနဲ႔ေျခေထာက္ေတြကိုဂ႐ုတစိုက္ႏွိပ္ေပးမယ္......

မင္းျပန္လာရင္ ကိုယ္တို႔စစ္ပြဲအႀကိမ္သုံးရာေလာက္ႏႊဲၿပီး လြမ္းနာက်တဲ့ေဝဒနာကိုဖယ္ရွားလိုက္ရေအာင္......

အဲ့ဒီလူဆိုးေကာင္!!

လီခ်င္းရန္ကစိတ္ဆိုးေန၏......

ထိုလူကိုေသခ်ာေပါက္ကိုခြင့္ျပဳခ်က္မေပးေတာ့ဘူး!!

ဤသို႔ျဖင့္ ေနာက္ထပ္တစ္ပတ္အၾကာတြင္လီခ်င္းရန္သည္အတန္းဆက္တက္ရန္ ေက်ာင္းသို႔ျပန္လာခဲ့ၿပီး ဝမ္တဟူႏွင့္ညတိုင္းဖုန္းေျပာခဲ့ေသာ္လည္း မၾကာေသးခင္ကမွထိုသူမွာေနမေကာင္းျဖစ္ေနပုံရၿပီး အသံကိုနားေထာင္ရသည္က အၿမဲအားနည္းေနခဲ့ေလသည္။

လီခ်င္းရန္ကအႀကိမ္ေပါင္းမ်ားစြာေမးခဲ့ေသာ္လည္း အဖ်ားရွိေနသည္ဟုသာေျပာၿပီး အၿမဲတမ္းၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ သူ႔အားနမ္းခိုင္းကာ ၎ကေဝဒနာကိုသက္သာေစသည့္ ေဆးျဖစ္သည္ဟုေျပာတတ္ေလသည္။

လီခ်င္းရန္ကေရငုံႏႈတ္ပိတ္ေနၿပီး အႀကိမ္တိုင္းေအးစက္စက္ျဖင့္သာတုံ႔ျပန္ခဲ့ေလသည္။

ထိုလူဆိုးေကာင္မွာ ယခုထိတိုင္ျပန္မလာေသး!

ပိုလို႔ေတာင္အံ့သဩမိသည္က ဝမ္တဟူ၏ 'စီးပြားေရးခရီး' ကတကယ္ပဲတစ္လလုံးအခ်ိန္ယူခဲ့ရေလသည္။ညတိုင္းဖုန္းသာမကိုင္လွ်င္ လီခ်င္းရန္ကရွန္ဟိုင္းကို တိုက္႐ိုက္လိုက္သြားေတာ့မည္သာ။

ထိုညေနခင္းတြင္ လီခ်င္းရန္သည္ကြန္ပ်ဴတာေရွ႕တြင္အခ်က္အလက္မ်ားကို စစ္ေဆးေနေလသည္။

႐ုတ္​တရက္​ပင္​ ​ေသာ့လွည့္​​ေန​ေသာအသံ​ကထြက္ေပၚလာ၏။

လီခ်င္းရန္သည္ သူ႔လက္မ်ားကို႐ုတ္တရက္ရပ္တန္႔လိုက္ၿပီး ႐ုတ္တရက္မတ္တတ္ထရပ္ကာေျပးသြားေတာ့မည္ျဖစ္ေသာ္လည္း သူ႔မ်က္ႏွာက႐ုတ္တရက္ ေျပာင္းလဲသြားကာ ဆက္၍ထိုင္ေနလိုက္ေလသည္။

"အခ်စ္ေလးရန္ရန္!!!!!!"

တုန္ခါေနေသာအသံႏွင့္အတူ လီခ်င္းရန္၏မ်က္လုံးေရွ႕က ႏွင္းဆီပန္းစည္းႀကီးတစ္ခုကေပၚလာ၏။

လွည့္ပင္မၾကည့္ဘဲ လီခ်င္းရန္ကေအးစက္ေနေသာမ်က္ႏွာျဖင့္ေျပာလာ၏။

"ျပန္ယူသြား ကြန္ျပဴတာစခရင္ကိုမျမင္ရေတာ့ဘူး!"

"အိုး!"

ႏွင္းဆီပန္းစည္းႀကီးေပ်ာက္ကြယ္သြားၿပီး ႀကီးမားေသာမ်က္ႏွာႀကီးကသာအစားထိုးလာေတာ့သည္။

"ကြန္ျပဴတာစခရင္က ကိုယ့္ထပ္ပိုၿပီးၾကည့္ေကာင္းတာလား?"

မေတြ႕ရသည္မွာၾကာျမင့္လွၿပီျဖစ္သည့္ ခ်စ္ရသူကမ်က္လုံးေရွ႕၌ရွိေနသည့္အခါ ဝမ္တဟူမွာခ်ဳပ္ထိန္းမထားႏိုင္ေတာ့ဘဲ လီခ်င္းရန္၏ေခါင္းကိုကိုင္ကာ ႏူးညံ့ကာပါးလ်ေသာအနီေရာင္ႏႈတ္ခမ္းေလးမ်ားအား အျပင္းအထန္စုပ္ယူလိုက္၏။လီခ်င္းရန္၏မ်က္ခုံးမ်ားၾကား၌ ေဒါသမ်ားကေပၚလာေသာ္လည္း သူ၏ႏွလုံးသားကေတာ့အဆေပါင္းမ်ားစြာ႐ိုးသားေနခဲ့ေလသည္။ထို႔ေၾကာင့္ မၾကာခင္မွာပင္ထိုေကာင္ေလး၏ႏႈတ္ခမ္းမ်ားက ကြၽမ္းက်င္ပိုင္ႏိုင္စြာဖြင့္ဟခံလိုက္ရေတာ့သည္။

၎ကသိသာစြာပင္ အနမ္းတစ္ခုမွ်သာ။

သို႔ေသာ္ဤေန႔ရက္မ်ားအတြင္းရွိ အေတြးမ်ား၊ စိုးရိမ္ပူပန္မႈမ်ားႏွင့္စိတ္ပူမႈမ်ားသည္ ထိုအနမ္းေၾကာင့္လြယ္ကူစြာပင္ေျပေလ်ာ့သြားခဲ့ရ၏။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ႏႈတ္ခမ္းမ်ားကကြဲကြာသြား၏။

ဝမ္တဟူသည္ ရွက္႐ြံ႕ေနေသာလီခ်င္းရန္၏မ်က္ႏွာေလးကိုၾကည့္ၿပီး ရယ္ေမာရင္းရင္ခြင္ထဲ၌ေပြ႕ဖက္ထားလိုက္ကာ ရွားရွားပါးပါးပင္မည္သို႔စကားစရမည္လဲမသိျဖစ္ေန၏။

"ရန္ရန္ ရန္ရန္ ရန္ရန္ ကိုယ္မင္းကိုလြမ္းတယ္ အရမ္းအရမ္းကိုလြမ္းေနတာ"

ဝမ္တဟူသည္ ထိုလူကိုသူ႔ရင္ခြင္ထဲတြင္တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္ၿပီး မ်က္လုံးထဲ၌မ်က္ရည္မ်ားပင္က်လုမတတ္ျဖစ္ေနေတာ့သည္။

သူ႔ကိုဤသိူ႔ျမင္လိုက္ရသျဖင့္ လီခ်င္းရန္မွာစိတ္ပင္မဆိုးႏိုင္ေတာ့။ထိုလူ၏ေႏြးေထြးလွသည့္ရင္ဘတ္ကိုမွီထားလိုက္ကာ သူ႔မ်က္လုံးမ်ားကနာက်င္လာေတာ့သည္။

ႏွစ္ေယာက္သားကခဏမွ်ဖက္တြယ္ေနခဲ့ကာ လီခ်င္းရန္ကဝမ္တဟူကစားၿပီၿပီလားဟုေမးလိုက္ေလသည္။

ဝမ္တဟူကမစားရေသးေၾကာင္း ေခါင္းယမ္းျပလာ၏။

စားပြဲေပၚ၌ဟင္းေျခာက္ပြဲႏွင့္ဟင္းခ်ိဳတစ္ပြဲကိုေတြ႕လိုက္ရေလသည္။

ဝမ္တဟူကအံဩသင့္စြာျဖင့္ေမးလိုက္ေလသည္။

"ဒီေန႔ကိုယ္ျပန္လာမယ္ဆိုတာ သိေနတာလား?"

ေလဆိပ္ကိုေန႔တိုင္းဖုန္းဆက္ကာ ခရီးသည္စာရင္းအားေမးေနသည့္ကိစၥကို လီခ်င္းရန္ကမည္သို႔မွမေျပာျပႏိုင္ပါေပ။

ရွက္စိတ္ျဖင့္မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္ေလသည္။

"စားေတာ့ေလ!"

ဝက္နံ႐ိုးျပဳတ္တစ္ပိုင္းကအျဖဴေရာင္ေႂကြပန္းကန္လုံးထဲသို႔ေရာက္သြား၏။ငယ္စဥ္ကေလးဘဝမွ အ႐ြယ္ေရာက္ၿပီးခ်ိန္ထိ သူတို႔၏အစားအေသာက္တာဝန္ကိုဝမ္တဟူကယူခဲ့ၿပီး လီခ်င္းရန္ကခ်က္ျပဳတ္ခဲလွ၏။ဤတစ္ႀကိမ္တြင္ေတာ့ သူကကိုယ္တိုင္ပင္ဟင္းခ်ိဳခ်က္ခဲ့သျဖင့္ တစ္စုံတစ္ေယာက္မွာမ်က္ရည္က်လုမတတ္ပင္စိတ္လႈပ္ရွားသြားကာ ပန္းကန္ထဲမွဝက္နံ႐ိုးကိုစားမည့္အစား တစ္ဖက္လူ၏လက္ေသးေသးကိုဆုတ္ကိုင္လိုက္ၿပီး ႏူးညံ့ျဖဴေဖြးေနသည့္လက္ခုံေလးအား ခပ္ဖြဖြနမ္းလိုက္ေလသည္။လီခ်င္းရန္မွာစိတ္တိုသြားကာ တူကိုမလ်က္ဝမ္တဟူ၏ေခါင္းကိုေခါက္ပစ္လိုက္ေလသည္။

တိုတိုးေလးဆူပူလိုက္၏။

"အလွအပကိုပဲလိုခ်င္ေနတဲ့ေလာင္ဟူ!"

ႏွစ္ေယာက္သားခ်ိဳၿမိန္ကာေႏြးေထြးသည့္ ညစာစားပြဲကိုစားေသာက္ၿပီးေနာက္ ဝမ္တဟူကအက်ႌလဲကာ ႏွစ္ေယာက္သားကုတင္ေပၚတြင္ လွဲေနလိုက္ေလသည္။

လီခ်င္းရန္ကသူ႔အားတြန္းကာ ေရခ်ိဳးခိုင္းလာ၏။

သို႔ေသာ္ထိုလူကေတာ့ အလိုက္လိုက္ခံထားရသည့္ကေလးတစ္ေယာက္လိုဆိုးသြမ္းသည့္ပုံစံမ်ိဳးျပဳမူေနၿပီး တစ္ေနကုန္ပင္ပန္းေနၿပီျဖစ္သျဖင့္ ယခုအိပ္ခ်င္ၿပီျဖစ္ေၾကာင္းသာေျပာလာ၏။

လီခ်င္းရန္ကသူ႔အားကန္ခ်ခဲ့ေသာ္လည္း သူကလႈပ္ပင္မလႈပ္ေပ။

သို႔ေသာ္အိပ္ရာဝင္ၿပီးမၾကာခင္မွာပင္ ဝက္ေသတစ္ေကာင္လိုအိပ္ေပ်ာ္သြားေသာေၾကာင့္ ထိုလူက အမွန္အတိုင္းေျပာေနျခင္းသာ။

လီခ်င္းရန္သည္ သူ႔ခႏၶာကိုယ္ကိုမကာ အိပ္ေနေသာ လူ၏မ်က္ႏွာကိုၾကည့္လိုက္ၿပီး အလြန္ႏူးညံ့သိမ္ေမြ႕ကာေပ်ာ္႐ႊင္ေနေသာအၿပဳံးတစ္ခုက သူ႔မ်က္ႏွာေပၚတြင္ မသိလိုက္ဘဲေပၚလာခဲ့ေလသည္။သူကလက္ကိုေျမႇာက္လိုက္ၿပီး ထိုလူ၏ပါးျပင္ေလးကိုညင္သာစြာပြတ္သပ္လိုက္ေလသည္။

တဟူ ကိုယ္အေလးခ်ိန္က်သြားေလသည္!တကယ္ကိုကိုယ္အေလးခ်ိန္အမ်ားႀကီးက်သြားကာ ပိန္လြန္းေန၏။

လုပ္ငန္းတစ္ခုစတင္ရန္က ခက္ခဲလွေပသည္!

ေျခာက္ကပ္ကာျဖဴေဖ်ာ့ေနေသာႏႈတ္ခမ္းေလးအား အနမ္းေလးတစ္ပြင့္ေပးလိုက္ေလသည္။

လီခ်င္းရန္ကတိုးတိုးေလးေျပာလိုက္၏။

"တဟူရဲ႕ႀကိဳးစားအားထုတ္မႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္!"

ေနာက္တစ္ေန႔ မိုးေသာက္။

ႏွစ္ေယာက္သား တေယာက္ၿပီးတေယာက္ႏိုးလာကာ နံနက္ခင္းအနမ္းမ်ားေပးၾကၿပီးေနာက္ ကိုယ္လက္သန္႔စင္ကာ တစ္ေန႔တာခရီးအတြက္ျပင္ဆင္ၾကေလသည္။

"တဟူဘာေတြေသာက္ေနတာလဲ?"

လီခ်င္းရန္က႐ုတ္တရက္ေမးလာ၏။

ဝမ္တဟူမွာေရသီးလုနီးပါးပင္ ထိတ္လန္႔သြားေလသည္။

သူ႔မ်က္လုံးေရွ႕တြင္ "ဗီတာမင္ C"ဟုေရးထားေသာပုလင္းေသးေသးေလးကိုလႈပ္ခါျပၿပီး ေခ်ာင္းဟန္႔ကာေျပာလာ၏။

"မၾကာေသးခင္က ခုခံအားကနည္းနည္းအားနည္းေနလို႔ ဗီတာမင္ေသာက္ေနတာ"

လီခ်င္းရန္ကေခါင္းညိတ္ရင္း စိတ္ပူစြာျဖင့္ေျပာလာ၏။

"ဒီညတဟူျပန္လာရင္ ရန္ရန္စစ္ေဆးၾကည့္မယ္!"

"(*^__^*) ဟီးဟီး......ရန္ရန္ မင္းဘြဲ႕ေတာင္မရေသးဘူးေလ! ဒီလိုမ်ိဳးလူနာၾကည့္ဖို႔အလ်င္လိုေနတာလား? မင္းခြင့္ျပဳခ်က္ရွိလို႔လား?"

ဟမ့္.......

လီခ်င္းရန္သည္မ်က္လုံးမ်ားကိုက်ဥ္းေျမာင္းကာ ေခါင္းေမာ့ၿပီး အထင္ေသးသလိုပင္သူ႔အားအေပၚေအာက္စုန္ဆန္ၾကည့္လာ၏။

"လက္ရွိေတာ့လူနာၾကည့္ဖို႔ခြင့္ျပဳခ်က္မရွိေသးေပမယ့္ ဝက္ေတြကိုကုသေပးဖို႔အတြက္ေတာ့လုံေလာက္တာထပ္ကိုပိုေနပါၿပီ!"

(⊙_⊙)????

ဝမ္တဟူ : "...........ကိုယ္ကဝက္လား?"

Continue Reading

You'll Also Like

570K 99.2K 147
eng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိ...
6.5K 737 9
Title - 被迫嫁给敌对的王子( Forced to Marry the Enemy Prince ) Original Author - 乔柚/QiaoYou Type - Webnovel Total Chapters - 108 Chapters ☆I don't own this n...
114K 16.4K 107
Original Author_ Chai Jidan Book-1 (1~150) "ငါနင့်ကိုထားသွားတုန်းက ငါကရုပ်ဝါဒီသမားဖြစ်လို့မဟုတ်ပါဘူး။" "ငါသိတယ်။" "သူကငါ့ကိုမချစ်ဘူး။ ငါသူနဲ့ပြတ်ဆဲပြ...
482K 171 1
幻想农场| Fantasy Farm Author: Xī Zǐxù ||西子绪 Genre :Comedy Horror Mystery Slice of Life Supernatural Yaoi Year :2018 Total chapters :117 Chapters + 3 Ext...