တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့အပြာရောင်ကောင်းကင်နှင့် ဆောင်းဦးပိုင်း လေပြေအေးအေးလေးက သူမဆံပင်တွေကို ညင်သာစွာ ဖြတ်တိုက်သွားလေသည်
စိတ်ချမ်းသာစရာနေ့ကလေးတနေ့ဖြစ်နေလေသည်
သူကိုမမြင်ခင်အချိန်အထိ
"ဟိုင်း"
ခွန်းက သူမအား အားပါပါနှင့် လက်ယမ်းပြနေသည် သူကိုမြင်လိုက်ချင်းမှာပဲ ကျောပေးကာ လှည့်လိုက်သည်
ခွန်းကတော့ သူမနောက်ကနေ စကား ဆက်ပြောနေလေသည်
"ဟေး။ မင်း ငါကို အရမ်း မာနကြီးလွန်းနေတယ်မထင်ဘူးလား"
"ကျွန်မတောင်းပန်ပါတယ် အခု ကျွန်မနည်းနည်းလေးအလုပ်များနေတယ်"
"ငါ့ကို ဟိုင်းလို့ ပြန်မပြောရလောက်အောင်အထိ အရမ်းအလုပ်များနေတာလား"
"ဟုတ်တယ် ကျွန်မ ရှင့်ကို မကြည့်နိုင်လောက်တဲ့အထိကို အရမ်း အလုပ်များနေတာ"
သူမနောက်ကိုလိုက်နေတဲ့ခွန်းက ရုတ်တရက်ကြီး သူမရှေ့ကို ရောက်လာခါ မေးလေသည်
"ငါပို့လိုက်တဲ့လက်ဆောင်ရလား"
သူမလဲ မတတ်နိုင်ပဲ လမ်းလျှောက်တာရပ်လိုက်ရသည် ခွန်းနဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး ပြောလိုက်သည်
"ကျွန်မလဲ နောက်ကျရင် ရှင့်ကို ပြောရမယ်ဆိုပြီး စီစဉ်ထားတာ ရှင်မေးလာမှတော့ အတော်ပဲ လက်ဆောင်ပဲ ဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် အဲ့ရုပ်ဆိုးတဲ့ဟာကြီးပြန်ယူသွားလိုက်စမ်းပါ"
"ဘာလို့လဲ မင်းမကြိုက်ဘူးလား"
ခါးသီးနေသောမျက်နှာနှင့် ခွန်းက ဆေးပင်အကြောင်းကို ရှင်းပြဖို့ စတင်လေသည်
"မင်း သဘောမပေါက်သေးဘူးထင်တယ် ဒါပေမဲ့ အဲ့ဆေးပင်က မင်းအခု၀တ်ထားတဲ့ အထည်နှစ်ဆယ်စာလောက်၀ယ်လို့ရတယ် အဲ့အပင်က ရှာတွေ့ဖို့အရမ်းခက်လို့ ပိုက်ဆံနဲ့ပေး၀ယ်ချင်ရင်တောင် ဝယ်မရဘူးနော်"
ထို့နောက် ခွန်းက မာနကြီးစွာရယ်နေတော့သည်
"ဒါဆို အခုရော ဘယ်လိုလဲ အခု ငါကို ကျေးဇူးတင်ချင်သွားပြီမလား"
'ဘာပြောလိုက်တယ် ကျေးဇူးတင်တယ်?'
သူမက မျက်နှာတည်တည်နှင့်ပြောလိုက်သည်
"အဲ့ဆေးပင်က ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးရတနာဖြစ်နေရင်တောင် ကျွန်မမလိုချင်ဘူး ဒါကြောင့် ပြန်ယူသွားပါ ကျွန်မက ဘာလို့ ရှင်ဆီကဟာကို ယူရမှာလဲ"
သူလက်ဆောင်ပေးတဲ့လူက အခုလေးတင် စည်းတကြောင်းဆွဲလိုက်ပေမဲ့ ခွန်းကတော့ ရှက်ရမဲ့အစား အင်နိုးဆန့်မျက်နှာနှင့်ပြောလာခဲ့သည်
"ဘာလို့လဲဆိုတော့ ငါ မင်းကို စိတ်၀င်စားလို့လေ"
"......!"
သူမမျက်လုံးတွေပြူးသွားတော့သည်
ခွန်းက နူးညံတဲ့မျက်လုံးတွေနဲ့ပြောလာတော့သည်
"ယောကျာ်းတစ်ယောက်အတွက် သူစိတ်၀င်စားတဲ့အမျိုးသမီးကို တစ်စုံတစ်ခုပေးတာ သဘာ၀ပဲမဟုတ်ဘူးလား"
"......"
"မင်းရဲ့ ideal typeက ဘာလဲဆိုတာ ငါလဲမသိဘူးလေ ဒါကြောင့် ငါဆီမှာရှိတဲ့ အကောင်းဆုံးပစ္စည်းကိုပို့လိုက်ရတာပဲ ဒါပေမဲ့ မင်းဆီက ဘာပြန်စာမှမရဘူးလေ ဒါကြောင့် ငါအခု ဒီနေရာကိုရောက်လာရတာပဲ မင်းဘာတွေကြိုက်တတ်လဲ"
"........"
'ဝိုး သူက တကယ် ရူးနေတာပဲ'
သူမ ခွန်း အား တည်ငြိမ်သောမျက်နှာနှင့် ကြည့်နေလိုက်သည် သူပြောလိုက်တဲ့အရာက အဓိပ္ပာယ်မရှိပုံကတော့ သူမ စကားပင်မပြောနိုင်တော့လောက်အောင်ပင်
သူမပါးစပ်ဖွင့်ကို ကြိုးစားလိုက်ပြီး
"ရှင် ဘာတွေဖြစ်နေတာလဲ ကပွဲနေ့ကဖြစ်ခဲ့တဲ့အရာကြောင့်လား အဲ့ဒါကြောင့် ရှင် ကျွန်မကို ဒီလို ဘူလီနေတာလား"
"ငါမင်းကို ဘူလီနေတဲ့ ပုံပေါက်နေတာလား"
"ဟုတ်တယ် ပေါက်နေတယ်"
ခွန်းက မျက်လုံးကို မှေးပြီး နှုတ်ခမ်းဆူပြီးပြောလေသည်
"ငါ မင်းကို ဘူလီနေတာမဟုတ်ပါဘူး ငါက မင်းနဲ့ ဖလစ်နေတာ မင်းက ငါထင်ထားတာထက်ပိုပြီး ကြံခိုင်တာပဲ"
(နင် ဖလစ်တာကလဲဟာ🥲)
"ရှင်ဘာတွေပြောနေတယ်ဆိုတာကိုရော အသေအချာ သိရဲ့လား"
"ငါမလိမ်ပါဘူး"
"......"
သူမလိမ်ပါဘူးလို့ပြောတာကြီးက ပိုပြီးကြောက်စရာကောင်းလေသည်
'သူဘာလို့ ငါ့ကို ရုတ်တရက်ကြီး ကြိုက်သွားရတာလဲ'
သူက သူမကိုပထမဆုံး စတွေကထဲက သူမရုပ်ဆိုးကြောင်းပဲပြောနေခဲ့သည် ဒါကြောင့် သူက သူမရဲ့ရုပ်ရည်ကြောင့် သဘောကျတာမဖြစ်နိုင်ပေ။ သူမက သူ့ကို မိတ်ကပ်ပြင်နည်းသင်ပေးလိုက်လို့များ သူမကို ကြိုက်သွားတာလား?
'သူက အဲ့လောက်တောင်လွယ်တဲ့သူလား'
သူဘယ်လိုလုပ်ပြီး သူမကိုသဘောကျသွားလဲတော့ သူမလဲ နားမလည်ပေ
အသက်ပြင်းပြင်းရှုနေတာကို တည်ငြိမ်အောင်လုပ်လိုက်သည် ပြီးနောက် အရူးကောင် ခွန်းကို လေးနက်သောအသံtoneနဲ့ ပြောလိုက်သည်
"တဆိတ်လောက် ကျွန်မမှာ ရည်းစားရှိတယ်နော်"
"ရည်းစား?"
"ကျွန်မက လုရှန်အကြောင်းပြောနေတာ"
ခွန်းက မျက်လုံးတွေပြူးလာပြီး ရည်းစား ဆိုတဲ့ စကားကို ရေရွတ်ကာ ဗိုက်ကိုကိုင်ပြီး ထရီတော့သည်
သူက ဘာရီစရာကိုရှာတွေ့သွားလဲ သူမလဲ မသိပေ
သူမ တစ်ခုခု ထပ်ပြောလိုက်ရင် သူအကျယ်ကြီးရယ်နေလိမ့်မည် ထိုအရာကြောင့် သူမ စိတ်က အခြေအနေကောင်းမနေပေ
မျက်ခုံးတွေကို ကြုံ့လိုက်ပြီး တခစ်ခစ်ရီနေဆဲခွန်းကို ပြောလိုက်သည်
"ဒါကြောင့် ရှင့်ဖလစ်တာ နည်းနည်းလေး,အရမ်းကို,တကယ်ကို,ပြင်းပြင်းထန်ထန်ကို မကောင်းဘူး ဒါကြောင့် ကျွန်မတို့ အနာဂတ်မှာ တယောက်နဲ့တယောက် မတွေ့မိဖို့ မျှော်လင့်မိပါတယ်"
သူမကဆက်ပြီး "အနာဂတ်မှာ ဒါမျိုးထပ်ဖြစ်ရင် ကျွန်မ ရှင့်ဇတ်ပိုးကို အုပ်ပစ်မယ်"လို့ ပြောချင်ပေမဲ့ ခွန်းမျက်နှာမှာ ရူးကြောင်ကြောင်ပြုံးကြီးရှိနေခဲ့သည်
သူမ တခုခုဆက်ပြောဖို့ လုပ်လိုက်ချိန်၌
"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"
ခွန်းနဲ့ သူမရဲ့ခေါင်းတွေက အသံလာရာနေရာဆီကို တချိန်ထဲ လှည့်ကြည့်လိုက်မိသည် ထိုနေရာ၌ လုရှန်က ခပ်တည်တည်မျက်နှာနှင့် ရပ်နေခဲ့သည် ခွန်းနဲ့ သူမက မျက်နှာချင်းဆိုင်နေခဲ့ပြီး လုရှန်က ခြေတလှမ်းအကွာမှာ ရပ်နေခဲ့သည်
အချိန်က ရပ်တန့်နေသလို
ပထမဆုံး စပြောလိုက်သူက ခွန်းဖြစ်သည်
"မတွေ့ရတာကြာပြီနော် ကာဒီယမ် မင်းကတော့ အရင်အတိုင်းပဲ ချောမောနေဆဲပဲ"
ခွန်းကို နှုတ်ဆက်မဲ့အစား လုရှန်က သူမဘေးကို တခါထဲလာလိုက်သည် သူက သူမလက်ကိုကိုင်လိုက်ပြီး သူအနားကို ဆွဲခေါ်လိုက်ရင်း ပြောလိုက်သည်
"အဆင်ပြေရဲ့လား နေးရား"
သူမျက်နှာက စိုးရိမ်မှုတွေနှင့်ပြည့်နေတော့သည် သူမက ခွန်းကို ထိတ်လန့်သွားတဲ့အမူအရာနဲ့ကြည့်နေမှတော့ ဒါက သဘာ၀ကျပါတယ်လေ
သူမခေါင်းကိုညိမ့်လိုက်ရင်း
"ကျွန်မ အဆင်ပြေပါတယ်"
သို့ပေမဲ့လည်း လုရှန်မျက်နှာကတော့ ပေါ့ပါးမသွားပေ
"မင်းပုံစံက အဆင်ပြေနေတဲ့ပုံ လုံး၀မပေါ်ပါဘူး ခွန်းက မင်းကို မကောင်းတာတခုခုပြောလိုက်လို့လား"
သူမ တံတွေးမြိုချမိသည်
သူပြောခဲ့တာကို ဖြေဖို့ အဆင်သင့်မဖြစ်သေးပေ
'သူက(ခွန်း) ငါ့ကိုစိတ်၀င်စားနေတာလို့ပြောတယ်လေ သူရူးနေတယ်လို့ မထင်မိကြဘူးလား'
သူမမဖြေနိုင်ပေ
ဒါပေမဲ့လဲ သူမရဲ့ ရှုပ်ထွေးလှတဲ့ စိုးရိမ်စိတ်တွေကို လွှမ်းမိုးရင်း ခွန်းက အရှက်မရှိတဲ့မျက်နှာနှင့် ထပြောလေသည်
"မကောင်းတာဆိုတာက ဘာကိုဆိုလိုတာလဲ ငါအဲ့လိုအရာမျိုး တခါမှမပြောဖူးဘူး"
ထိုအခါမှသာ လုရှန်ခေါင်းကခွန်းဆီ လှည့်သွားတော့သည် ခွန်းက လုရှန်ရဲ့ အေးစက်စက်အကြည့်ကို သတိမထားမိသလို ဆက်ပြောလာသည်
"ငါ တစ်ခုထဲပဲ ပြောခဲ့တာ"
"......."
"ငါ သူမကိုစိတ်၀င်စားတယ်လို့လေ"
ထိုစကားတွေကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်က ထိတ်လန့်စရာပင်
သူမကသတိမထားမိလိုက်ပဲ အော်လိုက်မိသည်
လုရှန်ရဲ့နီရဲရဲမျက်လုံးတွေက တဖြည်းဖြည်းတောက်ပလာသည်
'ငါတို့တော့ ဒုက္ခရောက်ပြီဟေး'
သူမရဲ့ဗီဇက စတင်အလုပ်လုပ်လာတော့သည် သူမအတွေးတွေကို စီစဉ်ဖို့အချိန်မရှိပဲ မြန်မြန်အော်လိုက်တော့သည်
"ရပ်လိုက် လုရှန်!"
လုရှန်က သူမကိုကြည့်လိုက်သည် တခဏကြာပြီးနောက် သူလက်တွေက ခါးမှာချိတ်ဆွဲထားတဲ့ ဓားရဲ့ ဓားရိုးဆီကိုလှမ်းကိုင်လိုက်သည်
မသိရင် အသုံးပြုဖို့အဆင်သင့်ဖြစ်နေသလို
သူရဲ့လက်ကိုကြည့်ပြီး သူမ စကားတွေတောင်ထစ်လာသည်
"ရှင် ရှင်ဓားကို ထုတ်ဖို့ ကြိုးစားနေတာလား"
လုရှန်မျက်တောင်ခတ်လိုက်သည် 'ထိုကြောက်ရွံ့နေတဲ့မျက်လုံးတွေက ပုံရိပ်ယောင်များလား'
လုရှန်မျက်နှာက အရင်ကနဲ့တပုံစံထဲပင် ထိုအတွေးကို ပယ်ဖျက်သလို ခေါင်းကိုခါလိုက်သည်
"မဟုတ်ဘူး စစ်မြေပြင်အပြင်မှာဆိုရင် ဘယ်တော့မှာ လူမသတ်ဘူး"
"ဒါဆို ရှင်လက်က ဘာလို့အဲ့နေရာကိုရောက်နေရတာလဲ"
ထိုအခါမှသာ လုရှန်အကြည့်က လက်ထဲမှာကိုင်ထားတဲ့ ဓားဆီရောက်သွားတော့သည် လက်ထဲက ဓားကိုလွှတ်ချလိုက်ပြီး လုရှန်က ဝေခွဲမရသလို ပြောလာတော့သည်
"အဲ့ဒါက စစ်သည်တွေ ထိတ်လန့်ကြောက်ရွံ့စရာအခြေအနေနဲ့ကြုံလာတဲ့အခါကျရင် မသိလိုက် မသိဘာသာနဲ့ သူတို့ ဓားကိုကိုင်တာက ဗီဇတစ်ခုပဲ ကိုယ် အဲ့ဒါနဲ့ တခုခုလုပ်ဖို့ မရည်ရွယ်ခဲ့ဘူး"
"...... "
သူမ သူ့ကိုယုံဖို့ ခက်ခဲတဲ့အချိန်ကိုရောက်သွားတော့သည် ခွန်းရောပင်
ခွန်းက သူ့နဖူးက ချွေးအေးတွေကို သုတ်ရင်းရေရွတ်လေသည် (နင်သွားစတာကို နည်းသေးတယ်)
"သောက်ချီး ပါနေးရားသာမရှိရင် အခု ဒီနေရာမှာတင် ငါ့လည်ပင်းကို ဖြတ်ပစ်မဲ့ပုံပဲ"
"......"
သိပ်သည်းတဲ့တိတ်ဆိတ်မှုတစ်ခုဖြတ်ပြေးသွားတော့သည်
အသက်ကို အရှည်ကြီး ဆွဲထုတ်ပြီးမှ ခွန်းကပြောလေသည်
"တော်သေးတာပေါ့ ငါသေတော့မလို့ ဒါပေမဲ့ သိပ်တော့မဆိုးသေးပါဘူး မင်းမျက်နှာပေါ်က အမူအရာကိုမြင်ရတာ ပီတိဖြစ်စရာပဲ မဟာမိတ်ဖြစ်စေ ရန်သူဖြစ်စေ မင်းကတော့ တစ်စုံတစ်ယောက်ရဲ့ သေခြင်းကို ယူရင် မျက်စိတခက်စာတောင် မကြာခဲ့ဘူး"
ခွန်းက စိတ်ကြီး၀င်သလိုအပြုံးမျိုးပြုံးပြလေသည်
"သူမက ထူးထူးခြားခြားပဲ ထင်တယ်"
သူမ အခုချိန်ထိ မသိခဲ့ပေ
ခွန်း သူမနဲ့ ရုတ်တရက်ကြီး ထဖလစ်ရတဲ့အကြောင်းအရင်းကို
'လုရှန်ကြောင့်ကိုး'
ခွန်းက လုရှန်ကို အရမ်းစိတ်၀င်စားနေလေသည် လုရှန်အပေါ် ထားရှိတဲ့ ခင်မင်စိတ်ကြောင့်လား ရန်လိုစိတ်ကြောင့်လားဆိုတာတော့ သူမလဲ မသေချာပေ
"နောက်ကျရင် ပြန်တွေ့ကြမယ်"
ထို့နောက် ခွန်းက ထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်
လုရှန်နဲ့ သူမက လူသူကင်းမဲ့နေတဲ့တောလမ်းတလျှောက် လမ်းလျှောက်လာကြသည်
လက်တွေ တင်းနေအောင် ကိုင်ထားကြရင်း
သူမလုရှန်ကိုမေးလိုက်သည်
"ရှင်ပြောတော့ ရှင်က ခွန်းနဲ့မရင်းနှီးဖူးဆို ဒါပေမဲ့ အဲ့လိုပုံစံလဲ လုံး၀ ပေါက်မနေဘူး"
"ကိုယ်တို့ကြားမှာ ဘာမှမရှိပါဘူး သူက ကိုယ်နဲ့ ရန်တပွဲလောက်ဖြစ်ချင်နေရုံပဲ"
လုရှန်က သက်ပြင်းချရင်း ပင်ပန်းနေသောမျက်နှာနှင့် မေးလာခဲ့သည်
"နေးရား လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဘာဖြစ်ခဲ့သေးလဲ"
သူက သူမအဖြေအပေါ် အရမ်းကိုစိတ်ပူနေပုံရသည် တခဏလောက်တွေးပြီးနောက် လုရှန်အား အားလုံးကိုပြောပြလိုက်သည်
လျို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ
ကပွဲမှာ ခွန်းက လုရှန်ကို စွပ်စွဲပြီး မကောင်းဆိုးဝါးလို့ခေါ်တဲ့အကြောင်း
ဒါကြောင့် သူမက ခွန်းကို ပြန်ရိုက်ချပစ်ကြောင်း ပြီးတော့ ခွန်းကို မိတ်ကပ်ပြင်နည်းသင်ပေးခဲ့ကြောင်း
လုရှန်က မျက်မှောင်ကြုတ်ရင်း
"ခွန်းနဲ့ မင်းအခန်းထဲမှာ တစ်ယောက်ထဲရှိနေတာလား"
"အခု အဲ့ဒါက အရေးကြီးလို့လား"
"အရေးကြီးဆုံးအရာပဲလေ"
ဒီလူက တခါတလေကျရင် ထူးဆန်းတယ်
မေးခွန်းထုတ်နေတဲ့သူ့ကိုကြည့်ပြီးပြောလိုက်သည်
"ကျွန်မတို့နှစ်ယောက်ထဲဆိုပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ဒါကြောင့် ရှင်စိတ်ပူမနေနဲ့တော့ သူမှာက မကောင်းတဲ့ရည်ရွယ်ချက်တွေမရှိတာကြောင့်မလို့ ကျွန်မကို စိတ်၀င်စားမှာမဟုတ်ဘူး"
"သူမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးပေါ့?"
"ဟုတ်တယ် သူက ကျွန်မကိုလိုက်ရှုပ်နေရတာ ရှင့်ဇနီးလောင်းဖြစ်နေလို့"
ပြောရင်း ထိုမတော်တဆကို လွှင့်ပစ်လိုက်သင့်ပြီ
သို့သော်လည်း လုရှန်က မယုံသင်္ကာအမူအရာနဲ့ မျက်နှာမဲ့ပြလေသည်
"မဖြစ်နိုင်ဘူး"
လုရှန်က စိတ်ပြင်းထန်စွာနှင့်
"သူက တမူထူးခြားတဲ့လူတယောက်ဆိုပေမဲ့ သူကလဲ သာမန်လူသားတယောက်ပဲ ကိုယ်မင်းနဲ့စကားပြောဖို့ အခန်းထဲနှစ်ယောက်ထဲရှိပြီး ဘယ်သူမှမရှိဘူးဆိုရင် မင်းအပေါ်မှာ ထူးခြားတဲ့ခံစားချက်မရှိဘူးဆိုတာမဖြစ်နိုင်ဘူး ကိုယ့်မျက်လုံးတွေက မင်းအပေါ်မှာ ကော်လိုကပ်နေမှာ ရင်တွေကလဲ ခုန်နေလိမ့်မယ် ပြီးရင် ကိုယ်... မင်းကို ချစ်မိသွားမှာ"
"ရှင်ပြောတာ သေချာတယ်လား"
"အင်း"
လုရှန်မျက်နှာပေါ်မှာ လိမ်လည်မှု အရိပ်အယောင်မရှိပေ
ဒါကြောင့် သူမ ပျာယာခတ်မိသွားသည်
လုရှန်နှလုံးသားထဲမှာ သူမက အချစ်၀တ္ထုတစ်ခုရဲ့ တကယ့် ဇာတ်လိုက်မင်းသမီးလို့ ထင်နေမိသည်
အကြည့်ချင်းဆုံရုံနဲ့ ယောကျာ်းတွေရဲ့အသဲတွေကို ဖမ်းစားနိုင်တဲ့ မှော်ဆန်ဆန် ဆွဲဆောင်မှုတွေနှင့်
စိတ်ထဲ၌ မျက်ရည်ပင် အနည်းငယ်ဝဲမိသည်
'ကျွန်မက သာမန် အရန် ဗီလိန်ဇာတ်ကောင်သာသာပါ'
ရှင်က ကျွန်မကို ချစ်မိသွားတဲ့ တစ်ယောက်ထဲသော ယောကျာ်းပဲ
ထိုသို့ပြောမဲ့အစား လုရှန်ရဲ့ အေးစက်စက်ပါးတွေကို ထိလိုက်သည်
"ခွန်းက ကျွန်မအပေါ် အဲ့လိုခံစားချက်မျိုးမရှိပါဘူး ရှိနေရင်လဲ ကိစ္စမရှိဘူး"
လုရှန်ရဲ့ နီရဲရဲမျက်လုံးတွေက သူမမျက်လုံးတွေနှင့် ဆုံသွားသည်
"ဘာလို့လဲဆိုတော့ ရှင်က ကျွန်မချစ်ရတဲ့ တစ်ယောက်ထဲသောသူမလို့"
".......!"
"ဒါကြောင့် စိတ်တိုနေတာကို ရပ်လိုက်ပါတော့နော်"
ထိုအခိုက်အတန့်မှာ သူမကိုကြည့်တဲ့ သူ့အကြည့်ကို သဘောကျလေသည်
ဒီအချိန်, ဘယ်သူစကားမှနားမထောင်တဲ့ ရက်စက်တဲ့နီရဲရဲမျက်လုံးတွေက သူမပြောတဲ့စကားတွေကြားပြီး ယုန်လေးတကောင်လို နူးညံ့လာတဲ့အချိန်
(Awwn 🥺❤️)
လုရှန်က သူမကို အချိန်အကြာကြီးငေးကြည့်နေပြီး မျက်လုံးတွေကိုမှိတ်ချလိုက်သည် နီရဲရဲမျက်လုံးတွေက ငွေရောင်မျက်တောင်တွေအောက်မှာ ရတနာတွေလို တလတ်လတ်တောက်ပနေလေသည်
"အိုခေ"
'ရက်စ် ဒါမှ ငါ့ရဲ့လုရှန်'
သူမရီလိုက်ပြီး လျို့ဝှက်တစ်ခုပြောစရာရှိသလို တိုးတိုးလေးပြောလိုက်သည်
"ကျွန်မ သူ့ကို အစောကြီးကထဲက တော်ခိုင်းပြီးသား ဒါပေမဲ့ ကျွန်မကောင်လေး မနာလိုဖြစ်တာမြင်ရတော့ ခံစားရတာကောင်းလိုက်တာ"
လုရှန် နားတွေ ယားလာလေသည်
"ဒါဆို ကိုယ်ထပ်လုပ်ပြရမလား"
သူမရယ်လိုက်သည်
"ရှင် ဘယ်သူ့ကိုမသတ်သရွေ့ပေါ့"
ထိုစကားကြားပြီးနောက် လုရှန်မျက်နှာက နီရဲလာတော့သည် အံအားသင့်ပြီးနီရဲနေတဲ့မျက်နှာနှင့် ဆင်ခြေတွေစပေးတော့သည်
"ကိုယ်ဓားကို မသိလိုက်ပဲ ကိုင်လိုက်မိတာပါ ယုံပါနော် ကိုယ်ကအဲ့လိုကြမ်းတမ်းတဲ့လူစားမျိုးမဟုတ်ရပါဘူး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်မ ရှင့်ကိုယုံပါတယ်"
စနောက်သလိုနဲ့ သူရဲ့ မျက်နှာကို သူမရှေ့ကို ဆွဲလိုက်သည် ဒိီလိုအချိန်အခါတွေက ခွေးကောင် ခွန်းရဲ့ကျေးဇူးကြောင့် နှောင့်နှေးသွားရတာ
ဒါက သူမအပြောချင်ဆုံးစကားဖြစ်လေသည်
"ကျွန်မ ရှင့်ကိုသတိရနေတာ"
အရမ်းပဲ
ထိုအချိန်၌ သူမျက်လုံးတွေက နူးညံ့စွာကွေးသွားတော့သည်
ပြန်ဆုံပြီးနောက် လှပတဲ့အပြုံးကို ပထမဆုံး သူမအား ပြသခြင်းဖြစ်သည်
(ဒီအပိုင်းတစ်ခုလုံး တကယ်ခွေးစာတွေတော့🥲🥲)