အဖြူရောင်ချစ်ခြင်းမှ အစတည်၍

By SuMyatYanant828

4K 188 30

မိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့... More

Part 1
part 2
Part 3 The beginning of Revenge
Part 4 I'm addicted to you even I was hurt
Part 6 He's follow my lead wherever I go
Part 7 My first lesson
tPart 8 Second question
Part 9 Silent
Part 10
Part 11 Out of my mind because of him
Part 12 My heart beat
His smile is mine
I want to say you "You're so beautiful ❤️❤️❤️" even you are a boy
I have nothing to say about you
Red ear,nose,cheek.He looks so cute for me and I don't know why???
Welcome to the hell
Closer
Shy
No reason
No Title

Part 5 He called my name at first

198 11 0
By SuMyatYanant828

ဟော...ပြောရင်း ဆိုရင်း ဒီမျက်ရည်တွေက ကျလာပြန်ပြီ
မတွေးမိအောင် ထိန်းထားရင်းနဲ့မှကို တကယ်ပါပဲ.....

ကျောင်းကို ကျွန်မအရမ်းချစ်ရတဲ့ဖေဖေလိုက်ပို့ပေးခဲ့တယ်
ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လုံး ဆိုင်ကယ်ပေါ်ကနေ ကျွန်မပြောသမျှကို မငြီးမငြူနားထောင်ပေးခဲ့တယ် ကျွန်မက မေးလိုက် အဖေက ပြန်ဖြေလိုက်နဲ့သူ့‌ကြောင့် ဝမ်းနည်းနေရတဲ့ စိတ်အခံဟာလည်း ပိန်းကြာရွက်ပေါ် ရေမတင်သလို ပပျောက်သွားခဲ့ရတယ်
မိဘမေတ္တာက အေးချမ်းသလောက် အပူတွေကို ပပျောက်စေသလောက်
၁၅၀၀မေတ္တာကတော့ ပူလောင်လိုက်တာလို့ ကျွန်မပြောမယ်ထင်ရင်တော့ ရှင်တို့မှားသွားလိမ့်မယ်

၅၂၈က မပူလောင်ဘူးဆိုရင် သိပ်မှားသွားမှာပေါ့
မီးဆိုတာ သေ‌းသေးကြီးကြီး ကိုင်မိတဲ့လူကိုတော့ အပူလောင်စေတာပဲ

မီးကို ကိုင်မကြည့်ခဲ့ရင်တောင် မီးနားလေးမှာ နေရတဲ့သူကိုတော့ အပူလာဟပ်စေတယ်မလား
ဒါကြောင့် ၅၂၈မီးဆိုတာကလည်း လူကို ပူလောင်စေတယ် အခန့်မသင့်ရင် ၁၅၀၀မီးထက် ပိုပြီးလောင်ကျွမ်းပူလောင်မြိုက်စေတယ် စိတ်ဝိညာဉ်အထဲထိကို....
ငါက အဲ့လိုမျိုး‌လောင်မြိုက်ခံနေရတဲ့သူတစ်ယောက်မို့
ငါပြောတာကို မင်းတို့ယုံလိုက်ပါ အတင်းအကြပ်ကြီးငါမတောင်းဆိုပါဘူး လက်ခံစေချင်ရုံလေးပါ....

ငါက မီး၂မျိုးရဲ့လောင်မြိုက်မှုကို ခံစားနေရတာပဲ
အချစ်မီးနဲ့အိမ်တွင်းမီး...
ဒါတွေက ငါ့အတွက် သိပ်မထူးဆန်းတော့ပါဘူး ငါငယ်ငယ်ကတည်းက အကျွမ်းဝင်ခဲ့ပြီးသားတွေမို့...
အဲ့ဒီရဲ့သက်ရောက်မှုအားကတော့ အရွယ်နဲ့မလိုက်အောင် ငါရင့်ကျက်လာခဲ့တယ်
ငါချစ်တဲ့ ငါ့အဒေါ်ရဲ့  ငါအမှားလုပ်မိချိန် ဆဲဆိုနှိမ်ချတတ်တဲ့စကားလုံးတွေကိုလည်း ငါအပြုံးမပျက်ဘဲ နားထောင်နိုင်ခဲ့ပြီ နှလုံးသားနဲ့တော့ မဟုတ်ပေမဲ့လို့
နာကျင်တယ် သူတို့ရဲ့စကားလုံးတွေအောက်မှာ ...
ငါပြိုလဲတယ် ငါယုံကြည်ရတဲ့သူတွေကမှ ငါ့ကို ဒီလိုမျိုး ရက်ရက်စက်စက်ပြောထွက်ရက်ခဲ့လို့...
ငါဟန်ဆောင်ခဲ့တယ် ငါ့ကို ဘယ်သူမှ သနားကြမှာ မဟုတ်မှန်းသိလို့ ငါ့မျက်ရည်တွေကို မြင်ရင် ငါ့ကို အားနည်းတဲ့လူတစ်ယောက်လို့ အပြောခံရမှာစိုးလို့ ငါသန်မာခဲ့တယ် လူတွေရှေ့မှာ မငိုမိအောင် ငါ့မျက်ရည်တွေကို ထိန်းခဲ့တယ်.....
နောက်ဆုံးတော့လည်း ငါဟာ ငါ့မိသားစုရှေ့မှာတောင် ဟန်ဆောင်သန်မာနေခဲ့ရတာပဲ....

“သမီး....ဘာတွေ အတွေးလွန်နေတာလဲ အဖေခေါ်နေတာတောင် မကြားဘူး..”

ကျွန်မအဖေရဲ့ ခေါ်သံကို ကြားမှ ကျွန်မအတွေးနွံထဲကနေ လွတ်မြောက်လာခဲ့ရတယ်

“ဪ..ဘာမှ မတွေးပါဘူးအဖေကလည်း ဒီတိုင်း ဆိုင်ကယ်လေတိုးတာရော ရှုခင်းတွေ ငေးနေတာနဲ့ရောပြီး မကြားလိုက်တာပါ အဖေရ....”

“အေးပါ ငါ့သမီးရ...မကြာခင် တက္ကသိုလ်ကျောင်းကြီးရောက်တော့မယ်....”

“အင်း..အဖေ့”
ဝေ့ဝဲနေမိတဲ့မျက်ရည်ကြည်များကို ကျွန်မ မသိမသာသုတ်လိုက်ရသည်

သနပ်ခါးလူးမထားတော့ သိသာနေမှာ မဟုတ်ဘူး
ကိုယ့်ဟာကိုယ်ဖြေသိမ့်တွေးရင်း ....

ကျောင်းပေါက်ဝရောက်ချိန်မှာ အဖေ့ကို သေချာနှုတ်ဆက်ရင်း ကျောင်းထဲသို့ ဝင်လာခဲ့တယ်
မြင်မြင်သမျှကတော့ အသစ်အဆန်းတွေပါပဲ
ဟိုတစ်စု ဒီတစ်စုသွားလာနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းသူတွေကိုလည်း တကယ်အများကြီးတွေ့ရတယ်
ကျွန်မကတော့ တစ်ယောက်ထဲလျှောက်ဆဲပါပဲ
ကျွန်မရဲ့မေဂျာဆောင်ကိုလည်း ရောက်ပြီ ပြဿနာကတော့ အဲ့မှာမှ စတော့တာပါပဲ
ဘယ်ကို မေးလို့ ဘယ်ကိုသွားရမှန်းမသိ တကယ်ကို ဒုက္ခတွေ ရောက်ပါတော့တယ် အသိကလည်း မရှိ ကိုယ်ကလည်း သွားမမေးချင် ....
နောက်ဆုံးမှာတော့ အရဲစွန့်ပြီးမေးလိုက်တော့ ကိုယ့်အဆောင်boardမှာ ကပ်ထားတဲ့စာကို အပြေးအလွှားသွားကြည့်ရပါတော့တယ်
ဟူး...တက္ကသိုလ်ပထမရက်ကတည်းက မလွယ်ပါ့လား...

ကျွန်မရဲ့အခန်းက (B)ခန်း
အမှတ်နဲ့စဥ်ထားတဲ့ ခုံနံပါတ်တွေထဲမှာ ကျွန်မက ခုံနံပါတ် ၂၅၆။ကျွန်မဝမ်းမနည်းပါဘူး ကိုယ့်ဟာကိုယ်လည်း မသိမ်ငယ်ပါဘူး ဒီအမှတ်က ကျွန်မကြိုးစားလို့ ရလာတဲ့အမှတ်လေ ဒါကြောင့် ကျွန်မဘာကိုမှ မကျေမနပ်မဖြစ်ပါဘူး (A)ခန်းထဲမ‌ေနရလို့လည်း ကိုယ့်ကိုကိုယ်စိတ်မပျက်မိပါဘူး
၁ကနေ ၂၀၀ထိက Aခန်း
၂၀၁ကနေ ၄၀၀ထိက (B)ခန်း
အဲ့ဒီနောက်ပိုင်းကတော့ (C)ခန်းပဲပေါ့....

ကျောင်းဖွင့်ကာစဆိုတော့ ဆရာ/မတွေလည်း ဆုံးမစကားဟောကြ ပြောကြတုန်းပေါ့
ကျွန်မတို့လည်း ကျောင်းသစ်ဆရာမအသစ်နေရာအသစ်မှာ စိတ်လှုပ်ရှားစွာနဲ့နားထောင်ကြတာပေါ့
ကျောင်းဖွင့်ကာစရက်ဆိုတော့ သိတယ်မလား မြင်မြင်သမျှက အကုန်စိတ်ဝင်စားဖို့ကောင်းနေတော့တာ

နေ့ခင်းထမင်းစားချိန် တစ်ဖြတ်ဆင်းပေးတဲ့အချိန်မှာပဲ သူ့ကို ကျွန်မတွေ့လိုက်ရတယ် ကျွန်မတို့ physicအပေါ်ထပ်အဆောင်ရဲ့ဝရန်တာမှာ ငုတ်တုတ်ကြီးရပ်လို့.....

ကျွန်မစိတ်ထဲတုန်လှုပ်သွားမယ်လို့ ရှင်တို့ထင်လား
Noပါ အထက်တန်းကတည်းက သူက ဒီလိုပဲ သူ့ကောင်မလေးရှိတဲ့ အခန်းရှေ့ကို ရောက်လာနေကြ
ကျွန်မဆီကိုတော့ ဘယ်တော့မှ ယောင်လို့တောင် လမ်းမှားပြီး ရောက်မလာခဲ့ဖူးဘူး
အဲ့ထက်ပိုဆိုးတာက နှစ်ယောက်လုံးလမ်းမှာ မျက်နှာချင်းဆိုင်တွေ့ကြရင်တောင် တစ်ယောက်နဲ့တစ်ယောက်မသိဖူးတဲ့ သူစိမ်းတွေလို ဖြတ်လျှောက်သွားကြလို့ တစ်ယောက်ကို တစ်ယောက်...
အဲ့လောက်ထိကို သူနဲ့ကျွန်မဆက်ဆံရေးက အေးစက်နေခဲ့တာ
သူနဲ့ကျွန်မက friend zoneတောင် မဟုတ်ဘူး  “Stranger zone”ကို ရောက်နေတာပါ
ဒါကြောင့် ထူးဆန်းပြီးတော့လည်း ရင်ခုန်မနေတော့ပါဘူး

‌ဒါပေမဲ့ ထူးဆန်းသွားအောင် လုပ်ခဲ့တာက သူ...
သူကျွန်မနာမည်ကို ခေါ်ခဲ့တယ် သူ့ကို ကျောခိုင်းပြီး လှည့်ထွက်သွားခဲ့တဲ့ ကျွန်မကို...
သူနဲ့မျက်နှာချင်းဆိုင် ဖြစ်လျှောက်မသွားချင်လို့ အနောက်ဘက်လှေကားက ဆင်းမယ်ဆိုပြီးလှည့်ထွက်လာခဲ့တာ

နေပါဦး သူရူးများသွားတာလား ငါ့နာမည်ကို ထူးထူးဆန်းဆန်းခေါ်လို့ပါလား....
အဲ့လိုပဲ ရင်ခုန်တာထက် ပေါက်ကရအတွေးတွေက ပိုများနေတာလေ ကျွန်မက...

‌ကျွန်မလှည့်မကြည့်ခဲ့ဘူး ကျွန်မစိတ်ထဲမှာ

“ငါနားကြားမှားတာပဲ နေမှာပါ သူလား ဘယ်တုန်းက ငါ့နာမည်ကို အရေးတယူခေါ်ခဲ့ဖူးလို့လဲ
အင်း...အခုတလောငါနားကြပ်တပ်တာများပြီး နားကြားတွေ မှားနေတာနေမှာ အင်း ....အိမ်ပြန်ရောက်ရင် ငါ့အဒေါ်ကို နားကလော်ခိုင်းဦးမှ.....”

ကျွန်မကိုယ့်အတွေးနဲ့ကို တွေးရင်း နောက်က ဘယ်လိုကျန်ခဲ့လဲ ကျွန်မမစဉ်းစားမိတော့....

ရုတ်တရက်ကျွန်မပခုံးအပုတ်ခံလိုက်ရသလို နောက်တစ်ခါ ကျွန်မနာမည်ခေါ်သံကို ပီပီသသထပ်ကြားရပြန်ပါတယ်

“အင်း...ကြည့်ရတာ ငါနားကြားမှားတာ မဟုတ်ဘူးပဲ ”တွေးရင်း ခေါ်နေတဲ့ နောက်ကလူကို လှည့်ကြည့်လိုက်တော့....

သေချာပါတယ် ကျွန်မရဲ့crushဘုန်းမြင့်မြတ်ပါပဲ

“ဪ...ဘုန်းမြင့်မြတ်ကိုး...ငါ့ကို ပြောစရာတစ်ခုခုရှိလို့လား....”

“မဟုတ်ပါဘူး ...ငါက ဒီတိုင်းလိုက်နှုတ်ဆက်ရုံပါ ငယ်ငယ်က ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းကို...”

“ဪ...ဟုတ်လား...
ငါတို့ ထ.(၁)မှာ တုန်းကလည်း တွေ့ဖူးကြတယ်လေ အဲ့တုန်းကတော့ ဒီလိုမျိုး နင်လှမ်းမခေါ်ဘူးပါဘူး အခုမှ အထူးအဆန်းခေါ်နေလို့ပါလား...”

ကျွန်မမေးခွန်းတွေအတွက် သူ့မှာ အဖြေမရှိဘူးထင်ပါရဲ့
ကျွန်မလည်း ‌သူ့ကိုချောင်ပိတ်ရိုက်မနေချင်တော့ပါဘူး...
သူ့အပြုအမူတွေအပေါ်မှာ ကျွန်မထပ်ပြီးမျှော်လင့်ချက်တွေကို အလောင်းအစားမထပ်ချင်တော့ဘူး...
သေချာနေပြီးသားအဖြေအတွက် အဲ့ပုစ္ဆာကို ထပ်ကာထပ်ကာတွက်နေစရာလိုတော့လို့လား....
သူနဲ့ခပ်ဝေးဝေးနေခြင်းကသာ ကျွန်မအတွက် လွတ်မြောက်ခြင်းလမ်းစပဲ မဟုတ်လား....

“ဒါဆို ငါသွားတော့မယ် ငါလည်း တွေ့ရတာ ဝမ်းသာပါတယ်”
သူဘယ်လိုကျန်ခဲ့မလဲဆိုတာ ကျွန်မစဉ်းစားမကြည့်ချင်
အတွေးတွေကနေ တစ်ဆင့် ပိတ်ထားတဲ့ နှလုံးသားတံခါးထဲ ခိုးပြီးဝင်ရောက်သွားမှာ စိုးလို့....

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
501K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...