အဖြူရောင်ချစ်ခြင်းမှ အစတည်၍

By SuMyatYanant828

4K 188 30

မိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့... More

Part 1
part 2
Part 3 The beginning of Revenge
Part 5 He called my name at first
Part 6 He's follow my lead wherever I go
Part 7 My first lesson
tPart 8 Second question
Part 9 Silent
Part 10
Part 11 Out of my mind because of him
Part 12 My heart beat
His smile is mine
I want to say you "You're so beautiful ❤️❤️❤️" even you are a boy
I have nothing to say about you
Red ear,nose,cheek.He looks so cute for me and I don't know why???
Welcome to the hell
Closer
Shy
No reason
No Title

Part 4 I'm addicted to you even I was hurt

218 12 0
By SuMyatYanant828

ဒီနေ့ဟာ ကျွန်မရဲ့ပထမဦးဆုံးကျောင်းတက်ရမယ့်နေ့
အဲ့ထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာက ဒီနေ့က ကျွန်မရဲ့ပထမဦးဆုံးတက္ကသိုလ်တက်ရမယ့်နေ့လေ...
ဘယ်လောက်တောင် ကျွန်မစိတ်လှုပ်ရှားနေရတုန်း ရှင်တို့သိရဲ့လား ရင်တွေ ခုန်လွန်းလို့ ကျွန်မအသက်ရှုရပ်သွားမတတ်ဘဲ.....

အားလုံးပဲ မင်္ဂလာပါ ကျွန်မနာမည်ကတော့ မိုးဥတု
အခုမှ ‌ပထမဦးဆုံးတက္ကသိုလ်ကျောင်းတော်ကြီးကို ခြေချခွင့်ရမယ့် Physicကျောင်းသူတစ်ယောက်ပါ...
အချစ်ဦးက ဘုန်းမြင့်မြတ်ဖြစ်ပြီးတော့ အခုထိ မေ့ဖို့တော့ ကြိုးစားနေရတုန်းပေါ့နော့...
ကလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တယ်..
လူကြီးဆန်ပြီး ရင့်ကျက်လွန်းနေတယ်
အေးစက်ပြီး မာနကြီးလွန်းတယ် စတဲ့ကျွန်မမှာ မတူညီတဲ့ အခြေ‌အနေတစ်ရပ်တိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် ကျွန်မဟာ အသွင်အမျိုးမျိုးပြောင်းလဲသွားတတ်တယ်
အဲ့လိုမျိုး‌ေပြာင်းလဲသွားတတ်မှန်း ကျွန်မကိုယ် ကျွန်မသတိထားမိတာသိပ်မကြာသေးပါဘူး။
အခုကတော့ ကျွန်မရဲ့ချစ်စရာကောင်းပြီး ကလေးဆန်တဲ့characterဘက်ကို ရောက်နေတာ‌ပေါ့နော်

နက်ပြာရောင်မြန်မာဝမ်းဆက်က ကျွန်မရဲ့အသားအရေကို ပိုပြီးတော့ ဖြူဖွေးလာစေတယ်
ကျွန်မအသားအရေက မူမမှန်တတ်တဲ့ အသားအရေပါ
ဖြူချင် ဖြူလိုက် ဝါချင် ဝါလိုက် ညိုချင် ညိုလိုက် မဲလိုက်နဲ့ အမြဲမငြီးငွေ့ရလောက်အောင်ကို ပုတ်သင်ညိုတစ်ကောင်လို ခဏခဏအရောင်ပြောင်းလဲတတ်ပါတယ်
ထိုသူနဲ့တွေ့ရင်တော့ Taylor swiftရဲ့redပဲပေါ့ ပူပူပြင်းပြင်းနဲ့ကို နီရဲလာတဲ့ နားရွက်နဲ့ပါးလေးတွေ burning red.......

ကိုယ်လုံး‌ေပါ်မှန်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း ကျွန်မသက်ပြင်းမောတစ်ချက်ကို ချလိုက်မိတယ်
ဒီနေ့လည်း သူ့အကြောင်းကို ထပ်တွေးမိပြန်ပြီ

ဘာပဲဖြစ်ဖြစ် ဒီနေ့ကကျွန်မအတွက် နေ့ကောင်းရက်မြတ်လေးမို့လို့ အလျှင်အမြန်သူ့အကြောင်းမစဉ်းစားမိအောင် ကျွန်မအတွေးတွေကို ထိန်းချုပ်လိုက်ရပါတယ်
အရမ်းSkilfulဖြစ်‌မနေပေမဲ့ပေါ့
သူ့အကြောင်း စဉ်းစားမိရင် ကျွန်မဝမ်းနည်းရမှာမို့
ကျွန်မကို ဘယ်သောအခါမှ အရေးမလုပ်ခဲ့တဲ့သူ့ကို နာကျဉ်းမုန်းတီးလာမိတာမို့
တစ်ဖက်သတ်ကိုယ်ကပဲ နာကျင်ပြီးချစ်နေရမှန်း သိလာတာမို့
သူ့အကြောင်းတွေကို ဒီလိုမျိုး စဉ်းစားမိချိန်တိုင်း....ကျွန်မကို အကြိမ်ကြိမ်အခါခါနာကျင်စေတယ်

Fbထဲမှာ ကျွန်မဖတ်ဖူးတယ့် စာပေတစ်ခုအကြောင်းပြော
ပြမယ် နားထောင်မယ်မလား...

လူတစ်ယောက်က စင်ပေါ်ကနေ ဟာသတစ်ခုကို ပြောပြတယ်
အောက်က လူအုပ်ကြီးက တစ်ဝါးဝါး တစ်ဟားဟားနဲ့အကုန်အူလိုက်သည်းလိုက်ရယ်ကြတာပေါ့
ဒါနဲ့ သူလည်း လူအုပ်ကြီး ငြိမ်သွားတဲ့အထိစောင့်ပြီး စောနက ဟာသကို ပြန်ပြောပြပြန်တယ်
ဒီတစ်ခါလည်း လူအုပ်ကြီးက ရယ်ပြန်ပါတယ် စောနကလောက်တော့ အုံလုံးကျွတ်မဟုတ်တော့ဘူးပေါ့
ဒီလိုနဲ့ သူဟာ လူအုပ်ကြီး ငြိမ်တဲ့ထိ စောင့်လိုက် ပြောပြီးသားဟာသကိုပဲ ထပ်တလဲလဲပြောလိုက်နဲ့ လူအုပ်ကြီးထဲက တစ်ယောက်မှ ရယ်မဲ့သူမရှိတော့မယ့်အထိ သူဟာ ဟာသတစ်ခုတည်းကိုပဲ ထပ်တလဲလဲပြောနေခဲ့တယ်

နောက်ဆုံးသူထပ်တလဲလဲပြောပြနေတဲ့ ဟာသကို တစ်ယောက်မှ မရယ်ကြတော့တဲ့အခါကြမှ...

“သင်တို့ဟာ ဟာသတစ်ခုတည်းကို ထပ်တလဲလဲကြားရဖန်များတဲ့အခါ ပထမဆုံးကြားခဲ့ရသလိုမျိုး အူလှိုက်သည်းလှိုက်မရယ်ကြတော့ဘူး သင်တို့အတွက် အဲ့ဒီဟာသဟာ ရယ်စရာမကောင်းတော့ဘူး..

ဒါဆို ဘာလို့ သင်တို့ဟာ ဝမ်းနည်းစရာတစ်ခုခုကို ထပ်တလဲလဲတွေးပြီးတော့ ဝမ်းနည်းနေရပြန်တာလဲတဲ့
ဟာသတစ်ခုကိုတော့ ထပ်တလဲလဲကြားရဖန်များတဲ့အခါ ရိုးအီသွားပြီးတော့
ဘာလို့ ဝမ်းနည်းနာကျင်စရာတွေကိုတော့ ရိုးအီမသွားကြတာလဲတဲ့...”

ဒါကို ဖတ်ပြီးတော့ သင်တို့စဉ်းစားစရာတစ်ခုရသွားမှာကို ကျွန်မသေချာသိနေတယ်
ဘာလို့ဆို ကျွန်မကိုယ်တိုင်လည်း အဲ့လိုဖြစ်ခဲ့လို့ပဲ

နာကျင်စရာတွေကို ပျော်ရွှင်စရာတွေထက် ပိုပြီးဖက်တွယ်နေမိတယ်
ကိုယ့်ကို ပြန်လှည့်မကြည့်သူကိုမှ ရပ်စောင့်နေမိတယ်လို့လည်း ပြောမရတဲ့ မသေချာခြင်းမျိုးစုံနဲ့ ကိုယ့်ကိုကိုယ်မျှော်လင့်ချက်တွေ ပေးမိတယ်
ပိုင်ရှင်မသိတဲ့ မျက်ရည်တွေ၊နာကျင်ဝမ်းနည်းမှု‌ေတွနဲ့မသိစိတ်ကနေ ဆက်ပြီးမျှော်လင့်စောင့်စားနေမိတဲ့ ကျွန်မက သွက်သွက်ခါအောင် ရူးနေပြီ မဟုတ်လား..
ကိုယ့်အတွက် မဟုတ်တဲ့လူကို ရပ်စောင့်နေခဲ့တာမဟုတ်ပေမဲ့ သူရဲ့နောက်ကနေ တိတ်တိတ်ကလေး ငေးမောစောင့်ကြည့်နေခဲ့ဖူးတယ် သူ့ရဲ့လှုပ်ရှားမှုအရာရာတိုင်းကို......

သူ့ရဲ့စကားပြောသံလေးက အစ ကျွန်မရဲ့နားထဲမှာ သံမှိုနဲ့ရိုက်သွင်းထားသလို စွဲမြဲမှတ်မိနေခဲ့တယ် သူပြောခဲ့သမျှ အရာအားလုံးကို ....
၁မိနစ်တောင်မှ ကျွန်မနဲ့မျက်နှာချင်းဆိုင်စကားမပြောဖူးတဲ့ သူ့ရဲ့ တစ်ခြားသူတွေနဲ့ပြောနေတဲ့ စကားသံတွေကိုတောင်မှ ကျွန်မအသေးစိတ်ကအစ မှတ်မိနေတယ်

သူ့ကို ကျွန်မသိပ်ချစ်သလို
အရမ်းလည်း မုန်းတယ် နားကျည်းတယ် ကျွန်မရဲ့အချစ်တွေကို မမြင်ခဲ့လို့ ကျွန်မကို လျှစ်လျူရှုခဲ့လို့ ကျွန်မကို ဒီလိုမျိုး အကြိမ်ကြိမ်ဝမ်းနည်းနာကျင်စေခဲ့လို့...

ဒါဟာ သူ့အပြစ်မဟုတ်မှန်း ကျွန်မသေချာ သိပါတယ်
မှားခဲ့တာက ကျွန်မပါ သူ့လိုလူတစ်ယောက်ကိုမှ သွားချစ်ခဲ့မိလို့ ကိုယ့်ကို မျက်လုံးထဲတောင် ထည့်မထားတတ်တဲ့ သူ့လိုလူကိုမှ ချစ်မိလို့
နောက်ဆုံးမှာ အစထဲက အကုန်မှားခဲ့တဲ့လူက ကျွန်မပါပဲ

သူ့အတွက် ကျွန်မရည်ရွယ်ပြီး ဖွင့်ထားတတ်တဲ့ သီချင်းလေးတွေထဲရဲ့ထိပ်ဆုံးမှာ နေရာအမြဲယူထားတတ်တဲ့ သီချင်းလေးရဲ့အမည်က ....

ချမ်းချမ်းရဲ့ သိပ်ချစ်တယ် အရမ်းမုန်းတယ်....ဆိုတဲ့သီချင်းလေး....

ရှင့်ကို သိပ်လည်း ချစ်သလို အရမ်းလည်း မုန်းတယ်....

Continue Reading

You'll Also Like

579K 36.5K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
1.7M 70.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
370K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."