အရှင်မင်းကြီးနေမကောင်းဘူး [ C...

By dream_n99

781K 76.9K 1.7K

Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13
Announcement
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
paid group
Chapter 40
Chapter 41
Giveaway 🎉
Chapter 42
Chapter 43
Chapter 44
Giveaway 🎉
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92 Extra 1
Chapter 93 Extra 2
Notification

Chapter 10

9.4K 911 34
By dream_n99


ဧကရာဇ်ကျင်းလိ အံ့ဩတုန်လှုပ်စွာလျောင်ချင်းချင်းကိုကြည့်လာတယ် လျောင်ချင်းချင်းမျက်နှာမှာစိတ်ရှုပ်ထွေးမှုနဲ့ပြည့်နေကာ ဧကရာဇ်ဆတ်ခနဲထရပ်လိုက်တော့ လျောင်ချင်းချင်းစူးစိုက်ကြည့်နေရင်း‌နဲ့မေးလိုက်သည်။
" အရှင်မင်းကြီး အရှင်___"

ဧကရာဇ်ရဲ့ချောမောတဲ့မျက်နှာမှာတောင့်တင်းနေပြီး
" မပြီးပြတ်သေးတဲ့ကိစ္စတွေရှိနေသေးတာ ကျန်းအခုမှသတိရတယ်"

"???"

" ကောင်းကောင်းအနားယူ လျောင်ရုံဟွား ကျန်းသွားတော့မယ်"

"???"
လျောင်ချင်းချင်းတုံ့ပြန်တာကိုစောင့်မနေတော့ပဲ ဧကရာဇ်မှာဗြုန်းဆိုင်းကြီးခြေလှမ်းကျဲကြီးတွေနဲ့ လီရှန်းအဆောင်ထဲကထွက်ခွာသွားပြီး တော်ဝင်ဝေါယာဉ်ထဲဝင်သွားတော့တယ်

သူကျန်းချန်နန်းတော်ကိုအမြန်ပြန်ပြီး ချက်ချင်းတစ်ယောက်ယောက်ကိုလွှတ်ပြီး တော်ဝင်သမားတော်ဖန်ကိုသွားခေါ်ခိုင်းလိုက်သည်။

" ဒီငယ်သား အရှင်မင်းကြီးကိုဂါရဝပြုပါတယ် အရှင်မင်းကြီးနှစ်ပေါင်းတစ်သောင်းတိုင်အောင် အသက်ရှည်အုပ်စိုးနိုင်ပါစေ"

တော်ဝင်သမားတော်ဖန်က ဧကရာဇ်တစ်ယောက်ထဲကိုပဲသစ္စာခံအမှုထမ်းတဲ့ တော်ဝင်သမားတော်မိသားစုကပေါက်ဖွားလာတာဖြစ်သည်။ သူကဆေးဝါးသေတ္တာကိုသယ်ဆောင်လာပြီး ကျန်းချန်နန်းတော်ထဲဝင်တာနဲ့ ဧကရာဇ်ကိုဂါရဝပြုလိုက်သည်။

ဧကရာဇ်ကျင်းလိမှပြောလိုက်တယ်
" တော်ဝင်သမားတော်ဖန် ကျေးဇူးပြုပြီးအမြန်ထပါ"

ဧကရာဇ်ဖူရှန်းကိုတချက်စောင်းငဲ့ကြည့်လိုက်တော့ ဖူရှန်းနားလည်သွားပြီး ချက်ချင်းနန်းတော်အစေခံတစ်အုပ်နဲ့ကုန်းကုန်းတစ်စုကိုဦးဆောင်ပြီးထွက်သွားသည်။ ထိုမှသာ ဧကရာဇ်ကျင်းလိတော်ဝင်သမားတော်ဖန်ကိုကြည့်လိုက်သည်။

တော်ဝင်သမားတော်ဖန်ရှေ့တစ်လှမ်းတတ်လာပြီး
" အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ငယ်သားအရှင်မင်းကြီးရဲ့သွေးခုန်နှုန်းစမ်းပါတော့မယ်"

ဧကရာဇ်ကျင်းလိခေါင်းညိတ်ပြလိုက်သည်။ တော်ဝင်သမားတော်ဖန်အစွမ်းကုန်အလေးအနက်ထားပြီး ဧကရာဇ်ရဲ့သွေးခုန်နှုန်းကိုစမ်းသပ်လိုက်တယ် သူကဧကရာဇ်မှာပြောမရတဲ့ရောဂါရှိနေတာကို သိတဲ့တစ်ဦးတည်းသောလူပင် နှစ်ပေါင်းများစွာကြာအောင် ဧကရာဇ်‌ရဲ့သွေးခုန်နှုန်းကိုပုံမှန်စမ်းသပ်စစ်ဆေးတာအပြင် ရောဂါအမျိုးမျိုးကိုလေ့လာသုတေသနပြုတဲ့နေရာမှာ စိတ်ရောကိုယ်ပါမြှုပ်နှံထားခဲ့တာဖြစ်သည်။ အရေးအကြီးဆုံးအရာက ဧကရာဇ်ရဲ့ပြောလို့မရတဲ့ရောဂါကိုကုသပေးနိုင်ဖို့ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ရဲ့ဆေးပညာအရည်အချင်းက ကြီးကြီးမားမားချိုးဖျက်တွေပြုလုပ်နိုင်ခဲ့ပြီး ဆေးပညာစာအုပ်တစ်အုပ်တောင်သူရေးသားခဲ့ပေမဲ့ ဧကရာဇ်ကိုတော့သူမကုသနိုင်သေးပေ ဒါကအမြဲလိုလိုသူ့ရင်ထဲကအထုံးတစ်ခုဖြစ်ပြီး သူ့ရဲ့စွဲလမ်းမှုလည်းဖြစ်သည်။ အခုလက်ရှိမှာဧကရာဇ်ရဲ့အခြေအနေက တကယ့်ကိုတိုးတက်လာခဲ့တာပင် သူဧကရာဇ်ကိုအံ့ဩစွာကြည့်လိုက်သည်။

" ဘယ်လိုရှိလဲ?" ဧကရာဇ်ကျင်းလိမေးသည်။

တော်ဝင်သမားတော်ဖန်အမြန်လျှောက်တင်လိုက်သည်။
" အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ငယ်သားအတင့်ရဲစွာမေးပါရစေ ဘယ်လိုနတ်ဆေးသမားတော်ကများအရှင်မင်းကြီးကို ကုသပေးနေတာလဲ?"

" ဘယ်နတ်ဆေးသမားတော်မှမရှိဘူး" ဧကရာဇ်ကျင်းလိပြန်ဖြေသည်။ တော်ဝင်သမားတော်ဖန်ပိုလို့တောင်အံ့အားသင့်သွားသည်။

" မောင်မင်းကလွဲပြီး တခြားသမားတော်မရှိဘူး"

" အခု ကျန်း ရဲ့အခြေအနေကဘယ်လိုလဲ?"

" ဂုဏ်ပြုပါတယ်အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ရောဂါပျောက်ကင်းသွားပါပြီ"

" ပျောက်ကင်းသွားပြီ?" ထင်ထားတဲ့အတိုင်းပဲ တကယ့်ကိုသူတွေးထားသလိုပဲ

" မှန်ပါ" တော်ဝင်သမားတော်ဖန်ဖြေကြားသည်။

" ကျန်းရဲ့ ဘယ်နားကပိုသက်သာလာတာလဲ?"

" အရှင်မင်းကြီးကိုဖြေကြားရရင် အရှင်မင်းကြီးကဘက်ပေါင်းစုံကနေပိုသက်သာလာပါပြီ ဒါပေမဲ့__"

" ဒါပေမဲ့ ဘာဖြစ်လဲ?"

" ဒါပေမဲ့ ဒီနိမ့်ကျတဲ့ငယ်သားက အရှင်မင်းကြီးရဲ့ကျန်းမာရေး ဘယ်လိုပြန်ကောင်းသွားလဲဆိုတာတော့မသိပါဘူး"

" ဒါက ကျန်းကငယ်ရွယ်နေသေးတာကြောင့်ဖြစ်မှာပေါ့"

ငယ်ရွယ်တယ်?
တော်ဝင်သမားတော်ဖန်ရောဂါတွေပေါင်းစုံကို နှစ်တွေအများကြီးလေ့လာခဲ့ပြီး ကမ္ဘာကြီးကအံ့ဩဖွယ်ရာတွေနဲ့ပြည့်နေပြီး လူသားတွေရဲ့ကိုယ်ခန္ဓာမှာအဆုံးမရှိတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတာကို သူသိခဲ့တယ် ငယ်သေးတာကြောင့် ရောဂါပျောက်ကင်းသွားတယ်ဆိုတာက မကြားဖူးတာတော့မဟုတ်ဘူး

ဒီတိုင်း ဧကရာဇ်ရဲ့ထူးခြားမှုကအတော်လေးကိုအံ့အားသင့်ဖွယ်မို့လို့ပင်!

ဧကရာဇ်မှာကောင်းကင်ကံကြမ္မာရှိနေတာကြောင့် ရှင်းပြရခက်နေတာများဖြစ်နေမလား?

တော်ဝင်သမားတော်ဖန်အံအားသင့်နေမိပေမဲ့ ဧကရာဇ်ရဲ့ကိုယ်ခန္ဓာကသူ့ဘာသာသူပြန်သက်သာသွားတာကိုတော့ သူလက်ခံရမည်။ သူပြန်သွားပြီး သုတေသနတချို့တော့လုပ်ဖို့လိုနေပြီဆိုပေမဲ့ အခုတော့သူဧကရာဇ်ကိုသတိပေးဖို့ လိုနေသေးတာကြောင့် သူလျှောက်တင်လိုက်သည်။

" အရှင်မင်းကြီးကငယ်ရွယ်ပေမဲ့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ရာအတွက် အရှင်မင်းကြီးရဲ့ကိုယ်ကအရင်တုန်းက အဆိပ်ကြောင့်ထိခိုက်ခဲ့ရတယ် ဒီငယ်သားကအဆိပ်ကိုဖယ်ရှားပေးပြီးပြီဆိုပေမဲ့ အရှင့်ရဲ့ကိုယ်ကထိခိုက်ခဲ့သေးတယ် အခုကောင်းကင်ကအရှင်မင်းကြီးကိုကောင်းချီးပေးပြီး အရှင့်ရဲ့ကိုယ်ကတိုးတက်ကောင်းမွန်လာပြီ အရှင်မင်းကြီးဂရုမပြုပဲမနေသင့်ဘူးလို့ဒီငယ်သားထင်ပါတယ် ဒီအချိန်မှာအရှင်မင်းကြီး'တိမ်စိုင်နဲ့မိုး'လိုကိစ္စမျိုးတွေမထိတွေ့သင့်သေးပါဘူး အရှင့်ရဲ့ခန္ဓာကိုယ်ကသာပထမဦးစားပေးဖြစ်သင့်ပါတယ်"

(T/N 'တိမ်စိုင်နဲ့မိုး' refers လိင်ဆက်ဆံခြင်း)

ဒါကိုကြား‌ပြီး ဧကရာဇ်ကျင်းလိ ခေါင်းညိတ်ပြလိုက်တယ်
" တော်ဝင်သမားတော်ဖန်ပြောတာမှန်ပါတယ်"

" ဒါဆို ဒီနိမ့်ကျတဲ့အစေခံအရှင်မင်းကြီးစိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်ဖို့အထောက်အကူဖြစ်မဲ့ဆေးတစ်ချို့ညွှန်းပေးပါ့မယ် "

" မလိုဘူး ခုတလောကျန်းအရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်"

" အရှင်မင်းကြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လား?"

" ဟုတ်တယ် ညဘက်မှဘာအနှောင့်အယှက်မှမရှိရင် ကျန်းတစ်ညလုံးအိပ်မက်တောင်မမက်ဘူး"

တော်ဝင်သမားတော်ဖန်အလွန်အမင်းဝမ်းသာသွားပြီး လျှောက်တင်လိုက်သည်။
" ဂုဏ်ယူပါတယ် အရှင်မင်းကြီး အရှင်မင်းကြီးသာကောင်းကောင်းအိပ်ပျော်သရွေ့ အရှင့်ရဲ့ခေါင်းကိုက်ဝေဒနာလည်းပဲသက်သာသွားမှာပါ"

ဧကရာဇ်ကအမြဲလိုလိုအိပ်ဖို့ရာခက်ခဲတယ် ဧကရာဇ်ကျင်းလိခေါင်းညိတ်ကာ
" ဒါဆို တော်ဝင်သမားတော်ဖန်ထွက်သွားနိုင်ပြီ အရင်ကအတိုင်းပဲ ဒီနေ့လဲသာမာန်နေ့စဉ်သွေးခုန်နှုန်းစစ်ဆေးတာလို့ပဲသဘောထားလိုက်"

" မှန်ပါ ဒီငယ်သားအရှင့်ရဲ့အမိန့်ကိုနာခံပါတယ်"

တော်ဝင်သမားတော်ဖန် ဆေးသေတ္တာကိုပိတ် ဧကရာဇ်ကိုအရိုအသေပေးပြီး ကျန်းချန်နန်းတော်မှထွက်လာခဲ့သည်။ သူ့ခေါင်းထဲမှာအတွေးတစ်ခုပဲဝဲလည်နေတယ်

ဧကရာဇ်ဘယ်လိုပြန်ကောင်းသွားတာလဲ?

တကယ်ပဲ ငယ်ရွယ်တာကြောင့်လား?

ငယ်ရွယ်တာကြောင့်မဟုတ်မှန်း အသိသာကြီး!

ဒါကလျောင်ချင်းချင်းကြောင့်မှန်း ဧကရာဇ်ကျင်းလိသေချာသိသည်။ လျောင်ချင်းချင်းကနန်းတော်ထဲဝင်ဖို့ရွေးချယ်ခံခဲ့ရပြီး သူမကိုသူမြင်ဖူးတာကြာပြီလို့ပြောလို့ရတယ်ဆိုပေမဲ့ သူမရဲ့ထူးခြားမှုတွေကို သူဘယ်တုန်းကမှရှာမတွေ့ခဲ့ဘူး။ သူတော်ဝင်ဥယျာဉ်ထဲမှာရှိနေခဲ့တဲ့အချိန်ကမှ ကိုယ့်ကိုကိုယ်ကုသပေးနိုင်တဲ့စွမ်းရည်ရှိလို့ရှိမှန်းမသိရှာတဲ့လျောင်ချင်းချင်းရဲ့မတူကွဲပြားမှုကို သူခံစားခဲ့ရတာ

ဒါကကြီးမြတ်တဲ့ဝေ့ပြည်ကြီးကိုအုပ်ချုပ်မှုအတွက် သူ့ကိုကောင်းကင်ကပေးတဲ့လက်ဆောင်လေလား?

ဒီအတွေးကသူ့နှလုံးသားကိုနွေးထွေးစေသည်။ ထို့ပြင် သူ့ရဲ့အဆိပ်မိထားတဲ့ခန္ဓာကိုယ်ပြန်သက်သာလာတဲ့အကြောင်း သူတွေးမိတဲ့အခါ စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ပေ။ ဒါတွေအားလုံးက လျောင်ချင်းချင်းကြောင့်ပဲဆိုတာ သိသာပါတယ်

သူ့ကိုယ်သူမထိန်းနိုင်တော့ပဲ လှည့်ပြီးတော်ဝင်စာကြည့်ဆောင်ဆီဦးတည်သွားတယ် ဟင်္သာပြဒါးစုတ်တံကိုကိုင်ကာ တခကမျှစဉ်းစားပြီးနောက် ' ရှီး' ဆိုတဲ့စကားတစ်လုံးကိုသေသပ်စွာရေးလိုက်ပြီး တော်ဝင်အမိန့်တော်တစ်ခုပြင်ဆင်လိုက်သည်။

တစ်ခဏကြာပြီးနောက် ဖူရှန်းမှာတော်ဝင်အမိန့်တော်ကိုသေချာသယ်ဆောင်ပြီး လီရှန်းအဆောင်ဆီတန်းသွားပြီး ကျယ်လောင်တဲ့အသံနဲ့ကြေငြာလိုက်သည်။
" တော်ဝင်အမိန့်တော်ရောက်ရှိလာပါတယ်"

လီရှန်းအဆောင်ထဲမှာ ဧကရာဇ်ကျင်းလိရဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရှုပ်ထွေးနေတဲ့လျောင်ချင်းချင်းအမိန့်တော်ရောက်ရှိကြောင်းကြေငြာချက်ကြားလိုက်တယ် ဒါကြောင့် သူမပိုပြီး‌တော့တောင်စိတ်ရှုပ်ထွေးလာတယ်

ဘာကြောင့်နောက်ထပ်အမိန့်တော်တစ်ခုရောက်လာတာလဲ?

ဘာတွေဖြစ်ကုန်တာလဲ?

သူမဘာအမှားတွေလုပ်မိလို့လဲ?

ဒီစိတ်ဆတ်တဲ့ဧကရာဇ်ဘာဖြစ်ပြန်တာလဲ?

လျောင်ချင်းချင်းတစ်ချက်လောက် စိတ်ပူပန်သွားတယ် ထို့နောက်သူမနဲ့အတူဟယ်ရှန်းကိုခေါ်ပြီး ရိုသေလေးစားစွာနဲ့ အမိန့်တော်ကိုသွားနားထောင်လိုက်တယ်

ဖူရှန်းကျယ်လောင်စွာရွတ်ပြသည်။
" အရှင်မင်းကြီးရဲ့အမိန့်တော်ကိုကြေငြာလိုက်သည်။ အမိန့်တော်မှာ- လီရှန်းအဆောင်ကလျောင်ရှီသည် မြင့်မြတ်တဲ့ကိုယ်ကျင့်တရားနဲ့သစ်ခွပန်းလိုဖြူစင်တဲ့ နှလုံးသားရှိတယ် ဒါကိုကျန်းအလွန်နှစ်သက်စေတယ် သူမကို'ဖင်'အဖြစ်တိုးမြှင့်ပေးပြီး သူမရဲ့ဘွဲ့အမည်ကို'ရှီး'လို့တွင်စေ ဧကရာဇ်ရဲ့အမိန့်တော်"

ရှီးဖင်?!

ထပ်ပြီးတိုးမြှင့်ခံရပြန်ပြီ!

ဟယ်ရှန်းအံ့ဩတုန်လှုပ်နေပြီး စကားတစ်သံတောင်မထွက်နိုင်ဘူး။
လျောင်ချင်းချင်းလည်းအကြောင်းပြချက်ကိုရှာမတွေ့ဘူး သူမဒီမနက်မှာပုံမှန်အတိုင်းနိုးထလာပြီး တနင့်တပိုးစားသောက်ပြီး နေ့လည်မှာမတရားအိပ်ခဲ့တယ် ဒါပေမဲ့လျောင်ရှုကျီနဲ့ကျန်းဖန်းယီရဲ့ထေ့လုံးငေါ့လုံးတချို့ကိုပဲနားထောင်ခဲ့ရတာပါ ဒါပေါ့ သူမကအမြဲတမ်းထပ်တူပြန်တုံ့ပြန်ပြီး သူတို့မျက်နှာတွေနီရဲလာတဲ့အထိဒေါသထွက်သွားအောင်တော့လုပ်ပစ်လိုက်တာပေါ့ အဲ့ဒီနောက်ဧကရာဇ်ရောက်လာပြီး အကျိုးဆက်တွေကိုလျစ်လျူရှုပြီး လျောင်ရှုကျီနဲ့ကျန်းဖန်းယီကိုနှိပ်ကွပ်ပစ်လိုက်တယ် သူမရဲ့လက်လေးကိုကိုင်ပြီး ရုတ်တရက်ကြီးဂရုစိုက်တဲ့စကားတွေဘာတွေပြောလာတယ်

ရိုးရိုးသားသားပြောရရင်တော့......... သူမထိရှသွားတယ်!
ဒီခံစားချက်‌ကခုထိတောင်မပျောက်သေးဘူး ပြီးတော့ဧကရာဇ်ကျင်းလိဗြုန်းဆိုထွက်သွားတော့တာပဲ သူထွက်သွားပြီးဘယ်လောက်မှမကြာဘူး တော်ဝင်အမိန့်တော်တစ်ခုပေးလာတယ်

ထပ်ပြီးအဆင့်တိုးပေးတာလား?!

တော်ဝင်မောင်းမဆောင်ထဲမှာရှင်သန်ဖို့ကခက်ခဲတယ်လို့ ပြောကြတယ် သူမကတော့ဘာကြောင့်ဒုံးပျံလိုပဲအဆင့်တက်နေရတာလဲ? ဒါ ဒါက ငါ့ကိုအလွန်အကျွံတွေချီးမြှောက်ပြီး ကျဆုံးခန်းရောက်စေချင်တာဖြစ်နိုင်မလား?

ဒါတော့မဟုတ်သေးပါဘူး!

သူမလိုဘာပါဝါအာဏာနောက်ခံမှမရှိတဲ့ ပုစွန်စိတ်လေးတစ်ကောင်ကို ဒီတိုင်းတိုက်ရိုက်သတ်လိုက်လို့ရတယ် သူမကိုချီးမြောက်ရတာကရိကထတောင်အရမ်းများနေသေး!

" ရှီးဖင် ကျေးဇူးပြုပြီးအမိန့်တော်ကိုလက်ခံပါ"
ဧကရာဇ်ကလျောင်ချင်းချင်းကိုကွဲပြားစွာဆက်ဆံတာကို သူသတိပြုမိကတည်းက သူလျောင်ချင်းချင်းကိုပိုပြီးလေးလေးစားစားဆက်ဆံခဲ့သည်။

လျောင်ချင်းချင်းစိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အမိန့်တော်ကိုလက်ခံလိုက်တယ်
ဖူရှန်း သူမကိုမဆိုင်းမတွဦးညွတ်ကာ ပြောလာသည်။
" ဒီအစေခံ ရှီးဖင်ကိုဂုဏ်ပြုပါတယ် ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ ရှီးဖင်"

" ဖူကုန်းကုန်းကအရမ်းယဉ်ကျေးနေပါပြီ"

" အရှင်မင်းကြီးကဒီအစေခံကို ဆုလာဒ်တော်တွေသယ်ဆောင်ဖို့လည်း မိန့်ကြားခဲ့ပါတယ်"ဖူရှန်းပြုံးရင်းဆိုလာသည်။

ထိုသို့ပြောပြီးနောက် အနောက်ကိုဖူရှန်းသူ့လက်ကိုဝှေ့ယမ်းပြလိုက်တယ် အစေခံတစ်စုသည်အနီရောင်ပိုးထည်နဲ့လွှမ်းထားတဲ့ဗန်းတွေကို သယ်ဆောင်လာကြသည်။ ဖူရှန်းရဲ့ဆက်တိုက်ဖတ်ပြမှုအလယ်မှာ အမျိုးမျိုးသောဆုလာဒ်တော်တွေကိုလီရှန်းအဆောင်ခန်းမထဲသယ်ဆောင်လာကြသည်။

ထိုအရာတွေကစာလုံးပေါင်းတစ်သောင်းစီးဆင်းနေတဲ့ဘရိုကိတ်သေတ္တာ၊ ပန်းပေါင်းတစ်ရာကြွေပန်းအိုး၊ တရုတ်အနီရောင်သစ်သားနဲ့ထွင်းထုထားတဲ့ တောင်တန်းနဲ့မြစ်ပြင်ပုံမာရဘင်နဲ့တခြားဟာတွေဖြစ်ပြီး အကျိုးဆက်ကတော့လီရှန်းအဆောင်တစ်ဝက်လောက်က တန်ဖိုးကြီးပစ္စည်းများနဲ့ပြည့်နှက်သွားတော့တယ်

ဖူရှန်းနဲ့အစေခံအုပ်စုကြီးထွက်ခွာသွားပြီးနောက် ထိုဆုလာဒ်တော်တွေကို ဟယ်ရှန်းအံ့ဩ‌တကြီးအမူအရာနဲ့ ကြည့်လိုက်ပြီး နန်းတော်အစေခံတွေကိုဦးဆောင်ကာ လျောင်ချင်းချင်းကိုဦးညွတ်လိုက်သည်။

လျောင်ချင်းချင်းလက်ကို‌ယမ်းကာ သူတို့ကိုထဖို့အချက်ပြလိုက်ပြီး မျက်စိကျိန်းအောင်ဖြာထွက်နေတဲ့ဆုတော်တွေကိုကြည့်လိုက်သည်။ ဟယ်ရှန်းရှေ့တိုးပြီးပြောလာတယ်
" သခင်မ အရှင်မင်းကြီးကသခင်မကိုတကယ်အလေးထားတာပဲ သခင်မကိုအဆင့်တိုးမြင့်ပေးပြီးဆုတော်တွေထပ်ချီးမြှင့်ပြန်ပြီ"

" အင်း" လျောင်ချင်းချင်းသာမာန်ပဲပြန်တုံ့ပြန်တယ်။

" ဒီတစ်ခါဆုတော်တွေအများကြီးပဲ အားလုံးကဒီအစေခံတစ်ခါမှမမြင်ဖူးတာတွေကြီးပဲ" ဟယ်ရှန်းထပ်ပြောသည်။

" ငါလဲတစ်ခါမှမမြင်ဖူးပါဘူး"

ဆုတွေ‌ကပစ္စည်းကောင်းတွေဆိုပေမဲ့ နန်းဆောင်ထဲမှာပဲ အလှထားလို့ရတာလေ တရုတ်ရိုးရာခြိုးခြံချွေတာတဲ့အကျင့်သီလကောင်းရှိတဲ့ဆိုရှယ်လစ်စနစ်ဆက်ခံသူတစ်ယောက်အနေနဲ့ လျောင်ချင်းချင်းဒီဇိမ်ခံတန်ဖိုးကြီးပစ္စည်းတွေကိုကြိုက်တာပေါ့ သူမမတတ်နိုင်တာကတော့စိတ်မကောင်းစရာပဲ ထို့ကြောင့်သူမလက်တွေ့ဆန်စွာပြောလိုက်တယ်

" ဒါတွေကသာစားစရာတွေဆို သိပ်ကောင်းမှာပဲ!"

လီရှန်းအဆောင်ထဲဝင်လာခါစဧကရာဇ်ကျင်းလိမှာ ထိုစကားကိုကြားလိုက်တဲ့အခါ ချော်လဲလုနီးပါးဖြစ်သွားတော့တယ်









曦(xī)- မင်းသမီးရဲ့ဘွဲ့အမည်'ရှီး'ကအာရုံဦးရဲ့နေရောင်ခြည်လေးပါတဲ့

ရှီးဖင်- လျောင်ချင်းချင်းက 'ရှီး' ဘွဲ့အမည်ချီးမြင့်ခံထားရတော့ 'ဖင်' ရာထူးခြင်းတူရင်တောင် သူမကတစ်ဆင့်ပိုမြင့်ပါတယ်











Zawgyi


ဧကရာဇ္က်င္းလိ အံ့ဩတုန္လႈပ္စြာေလ်ာင္ခ်င္းခ်င္းကိုၾကည့္လာတယ္ ေလ်ာင္ခ်င္းခ်င္းမ်က္ႏွာမွာစိတ္ရႈပ္ေထြးမႈနဲ႕ျပည့္ေနကာ ဧကရာဇ္ဆတ္ခနဲထရပ္လိုက္ေတာ့ ေလ်ာင္ခ်င္းခ်င္းစူးစိုက္ၾကည့္ေနရင္းနဲ႕ေမးလိုက္သည္။
" အရွင္မင္းႀကီး အရွင္___"

ဧကရာဇ္ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာမွာေတာင့္တင္းေနၿပီး
" မၿပီးျပတ္ေသးတဲ့ကိစၥေတြရွိေနေသးတာ က်န္းအခုမွသတိရတယ္"

"???"

" ေကာင္းေကာင္းအနားယူ ေလ်ာင္႐ုံဟြား က်န္းသြားေတာ့မယ္"

"???"
ေလ်ာင္ခ်င္းခ်င္းတုံ႕ျပန္တာကိုေစာင့္မေနေတာ့ပဲ ဧကရာဇ္မွာျဗဳန္းဆိုင္းႀကီးေျခလွမ္းက်ဲႀကီးေတြနဲ႕ လီရွန္းအေဆာင္ထဲကထြက္ခြာသြားၿပီး ေတာ္ဝင္ေဝါယာဥ္ထဲဝင္သြားေတာ့တယ္

သူက်န္းခ်န္နန္းေတာ္ကိုအျမန္ျပန္ၿပီး ခ်က္ခ်င္းတစ္ေယာက္ေယာက္ကိုလႊတ္ၿပီး ေတာ္ဝင္သမားေတာ္ဖန္ကိုသြားေခၚခိုင္းလိုက္သည္။

" ဒီငယ္သား အရွင္မင္းႀကီးကိုဂါရဝျပဳပါတယ္ အရွင္မင္းႀကီးႏွစ္ေပါင္းတစ္ေသာင္းတိုင္ေအာင္ အသက္ရွည္အုပ္စိုးနိုင္ပါေစ"

ေတာ္ဝင္သမားေတာ္ဖန္က ဧကရာဇ္တစ္ေယာက္ထဲကိုပဲသစၥာခံအမႈထမ္းတဲ့ ေတာ္ဝင္သမားေတာ္မိသားစုကေပါက္ဖြားလာတာျဖစ္သည္။ သူကေဆးဝါးေသတၱာကိုသယ္ေဆာင္လာၿပီး က်န္းခ်န္နန္းေတာ္ထဲဝင္တာနဲ႕ ဧကရာဇ္ကိုဂါရဝျပဳလိုက္သည္။

ဧကရာဇ္က်င္းလိမွေျပာလိုက္တယ္
" ေတာ္ဝင္သမားေတာ္ဖန္ ေက်းဇူးျပဳၿပီးအျမန္ထပါ"

ဧကရာဇ္ဖူရွန္းကိုတခ်က္ေစာင္းငဲ့ၾကည့္လိုက္ေတာ့ ဖူရွန္းနားလည္သြားၿပီး ခ်က္ခ်င္းနန္းေတာ္အေစခံတစ္အုပ္နဲ႕ကုန္းကုန္းတစ္စုကိုဦးေဆာင္ၿပီးထြက္သြားသည္။ ထိုမွသာ ဧကရာဇ္က်င္းလိေတာ္ဝင္သမားေတာ္ဖန္ကိုၾကည့္လိုက္သည္။

ေတာ္ဝင္သမားေတာ္ဖန္ေရွ႕တစ္လွမ္းတတ္လာၿပီး
" အရွင္မင္းႀကီး ဒီနိမ့္က်တဲ့ငယ္သားအရွင္မင္းႀကီးရဲ႕ေသြးခုန္ႏႈန္းစမ္းပါေတာ့မယ္"

ဧကရာဇ္က်င္းလိေခါင္းညိတ္ျပလိုက္သည္။ ေတာ္ဝင္သမားေတာ္ဖန္အစြမ္းကုန္အေလးအနက္ထားၿပီး ဧကရာဇ္ရဲ႕ေသြးခုန္ႏႈန္းကိုစမ္းသပ္လိုက္တယ္ သူကဧကရာဇ္မွာေျပာမရတဲ့ေရာဂါရွိေနတာကို သိတဲ့တစ္ဦးတည္းေသာလူပင္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဧကရာဇ္ရဲ႕ေသြးခုန္ႏႈန္းကိုပုံမွန္စမ္းသပ္စစ္ေဆးတာအျပင္ ေရာဂါအမ်ိဳးမ်ိဳးကိုေလ့လာသုေတသနျပဳတဲ့ေနရာမွာ စိတ္ေရာကိုယ္ပါျမႇုပ္ႏွံထားခဲ့တာျဖစ္သည္။ အေရးအႀကီးဆုံးအရာက ဧကရာဇ္ရဲ႕ေျပာလို႔မရတဲ့ေရာဂါကိုကုသေပးနိုင္ဖို႔ျဖစ္သည္။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ သူ႕ရဲ႕ေဆးပညာအရည္အခ်င္းက ႀကီးႀကီးမားမားခ်ိဳးဖ်က္ေတြျပဳလုပ္နိုင္ခဲ့ၿပီး ေဆးပညာစာအုပ္တစ္အုပ္ေတာင္သူေရးသားခဲ့ေပမဲ့ ဧကရာဇ္ကိုေတာ့သူမကုသနိုင္ေသးေပ ဒါကအၿမဲလိုလိုသူ႕ရင္ထဲကအထုံးတစ္ခုျဖစ္ၿပီး သူ႕ရဲ႕စြဲလမ္းမႈလည္းျဖစ္သည္။ အခုလက္ရွိမွာဧကရာဇ္ရဲ႕အေျခအေနက တကယ့္ကိုတိုးတက္လာခဲ့တာပင္ သူဧကရာဇ္ကိုအံ့ဩစြာၾကည့္လိုက္သည္။

" ဘယ္လိုရွိလဲ?" ဧကရာဇ္က်င္းလိေမးသည္။

ေတာ္ဝင္သမားေတာ္ဖန္အျမန္ေလွ်ာက္တင္လိုက္သည္။
" အရွင္မင္းႀကီး ဒီနိမ့္က်တဲ့ငယ္သားအတင့္ရဲစြာေမးပါရေစ ဘယ္လိုနတ္ေဆးသမားေတာ္ကမ်ားအရွင္မင္းႀကီးကို ကုသေပးေနတာလဲ?"

" ဘယ္နတ္ေဆးသမားေတာ္မွမရွိဘူး" ဧကရာဇ္က်င္းလိျပန္ေျဖသည္။ ေတာ္ဝင္သမားေတာ္ဖန္ပိုလို႔ေတာင္အံ့အားသင့္သြားသည္။

" ေမာင္မင္းကလြဲၿပီး တျခားသမားေတာ္မရွိဘူး"

" အခု က်န္း ရဲ႕အေျခအေနကဘယ္လိုလဲ?"

" ဂုဏ္ျပဳပါတယ္အရွင္မင္းႀကီး အရွင္မင္းႀကီးရဲ႕ေရာဂါေပ်ာက္ကင္းသြားပါၿပီ"

" ေပ်ာက္ကင္းသြားၿပီ?" ထင္ထားတဲ့အတိုင္းပဲ တကယ့္ကိုသူေတြးထားသလိုပဲ

" မွန္ပါ" ေတာ္ဝင္သမားေတာ္ဖန္ေျဖၾကားသည္။

" က်န္းရဲ႕ ဘယ္နားကပိုသက္သာလာတာလဲ?"

" အရွင္မင္းႀကီးကိုေျဖၾကားရရင္ အရွင္မင္းႀကီးကဘက္ေပါင္းစုံကေနပိုသက္သာလာပါၿပီ ဒါေပမဲ့__"

" ဒါေပမဲ့ ဘာျဖစ္လဲ?"

" ဒါေပမဲ့ ဒီနိမ့္က်တဲ့ငယ္သားက အရွင္မင္းႀကီးရဲ႕က်န္းမာေရး ဘယ္လိုျပန္ေကာင္းသြားလဲဆိုတာေတာ့မသိပါဘူး"

" ဒါက က်န္းကငယ္႐ြယ္ေနေသးတာေၾကာင့္ျဖစ္မွာေပါ့"

ငယ္႐ြယ္တယ္?
ေတာ္ဝင္သမားေတာ္ဖန္ေရာဂါေတြေပါင္းစုံကို ႏွစ္ေတြအမ်ားႀကီးေလ့လာခဲ့ၿပီး ကမၻာႀကီးကအံ့ဩဖြယ္ရာေတြနဲ႕ျပည့္ေနၿပီး လူသားေတြရဲ႕ကိုယ္ခႏၶာမွာအဆုံးမရွိတဲ့လွ်ို႔ဝွက္ဆန္းၾကယ္မႈေတြရွိေနတာကို သူသိခဲ့တယ္ ငယ္ေသးတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားတယ္ဆိုတာက မၾကားဖူးတာေတာ့မဟုတ္ဘူး

ဒီတိုင္း ဧကရာဇ္ရဲ႕ထူးျခားမႈကအေတာ္ေလးကိုအံ့အားသင့္ဖြယ္မို႔လို႔ပင္!

ဧကရာဇ္မွာေကာင္းကင္ကံၾကမၼာရွိေနတာေၾကာင့္ ရွင္းျပရခက္ေနတာမ်ားျဖစ္ေနမလား?

ေတာ္ဝင္သမားေတာ္ဖန္အံအားသင့္ေနမိေပမဲ့ ဧကရာဇ္ရဲ႕ကိုယ္ခႏၶာကသူ႕ဘာသာသူျပန္သက္သာသြားတာကိုေတာ့ သူလက္ခံရမည္။ သူျပန္သြားၿပီး သုေတသနတခ်ိဳ႕ေတာ့လုပ္ဖို႔လိုေနၿပီဆိုေပမဲ့ အခုေတာ့သူဧကရာဇ္ကိုသတိေပးဖို႔ လိုေနေသးတာေၾကာင့္ သူေလွ်ာက္တင္လိုက္သည္။

" အရွင္မင္းႀကီးကငယ္႐ြယ္ေပမဲ့ တိုင္းျပည္ကိုအုပ္ခ်ဳပ္ဖို႔ရာအတြက္ အရွင္မင္းႀကီးရဲ႕ကိုယ္ကအရင္တုန္းက အဆိပ္ေၾကာင့္ထိခိုက္ခဲ့ရတယ္ ဒီငယ္သားကအဆိပ္ကိုဖယ္ရွားေပးၿပီးၿပီဆိုေပမဲ့ အရွင့္ရဲ႕ကိုယ္ကထိခိုက္ခဲ့ေသးတယ္ အခုေကာင္းကင္ကအရွင္မင္းႀကီးကိုေကာင္းခ်ီးေပးၿပီး အရွင့္ရဲ႕ကိုယ္ကတိုးတက္ေကာင္းမြန္လာၿပီ အရွင္မင္းႀကီးဂ႐ုမျပဳပဲမေနသင့္ဘူးလို႔ဒီငယ္သားထင္ပါတယ္ ဒီအခ်ိန္မွာအရွင္မင္းႀကီး'တိမ္စိုင္နဲ႕မိုး'လိုကိစၥမ်ိဳးေတြမထိေတြ႕သင့္ေသးပါဘူး အရွင့္ရဲ႕ခႏၶာကိုယ္ကသာပထမဦးစားေပးျဖစ္သင့္ပါတယ္"

(T/N 'တိမ္စိုင္နဲ႕မိုး' refers လိင္ဆက္ဆံျခင္း)

ဒါကိုၾကားၿပီး ဧကရာဇ္က်င္းလိ ေခါင္းညိတ္ျပလိုက္တယ္
" ေတာ္ဝင္သမားေတာ္ဖန္ေျပာတာမွန္ပါတယ္"

" ဒါဆို ဒီနိမ့္က်တဲ့အေစခံအရွင္မင္းႀကီးစိတ္ကိုၿငိမ္သက္ေစၿပီး အိပ္ေပ်ာ္ဖို႔အေထာက္အကူျဖစ္မဲ့ေဆးတစ္ခ်ိဳ႕ၫႊန္းေပးပါ့မယ္ "

" မလိုဘူး ခုတေလာက်န္းအရမ္းကိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တယ္"

" အရွင္မင္းႀကီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တယ္လား?"

" ဟုတ္တယ္ ညဘက္မွဘာအႏွောင့္အယွက္မွမရွိရင္ က်န္းတစ္ညလုံးအိပ္မက္ေတာင္မမက္ဘူး"

ေတာ္ဝင္သမားေတာ္ဖန္အလြန္အမင္းဝမ္းသာသြားၿပီး ေလွ်ာက္တင္လိုက္သည္။
" ဂုဏ္ယူပါတယ္ အရွင္မင္းႀကီး အရွင္မင္းႀကီးသာေကာင္းေကာင္းအိပ္ေပ်ာ္သေ႐ြ႕ အရွင့္ရဲ႕ေခါင္းကိုက္ေဝဒနာလည္းပဲသက္သာသြားမွာပါ"

ဧကရာဇ္ကအၿမဲလိုလိုအိပ္ဖို႔ရာခက္ခဲတယ္ ဧကရာဇ္က်င္းလိေခါင္းညိတ္ကာ
" ဒါဆို ေတာ္ဝင္သမားေတာ္ဖန္ထြက္သြားနိုင္ၿပီ အရင္ကအတိုင္းပဲ ဒီေန႕လဲသာမာန္ေန႕စဥ္ေသြးခုန္ႏႈန္းစစ္ေဆးတာလို႔ပဲသေဘာထားလိုက္"

" မွန္ပါ ဒီငယ္သားအရွင့္ရဲ႕အမိန႔္ကိုနာခံပါတယ္"

ေတာ္ဝင္သမားေတာ္ဖန္ ေဆးေသတၱာကိုပိတ္ ဧကရာဇ္ကိုအရိုအေသေပးၿပီး က်န္းခ်န္နန္းေတာ္မွထြက္လာခဲ့သည္။ သူ႕ေခါင္းထဲမွာအေတြးတစ္ခုပဲဝဲလည္ေနတယ္

ဧကရာဇ္ဘယ္လိုျပန္ေကာင္းသြားတာလဲ?

တကယ္ပဲ ငယ္႐ြယ္တာေၾကာင့္လား?

ငယ္႐ြယ္တာေၾကာင့္မဟုတ္မွန္း အသိသာႀကီး!

ဒါကေလ်ာင္ခ်င္းခ်င္းေၾကာင့္မွန္း ဧကရာဇ္က်င္းလိေသခ်ာသိသည္။ ေလ်ာင္ခ်င္းခ်င္းကနန္းေတာ္ထဲဝင္ဖို႔ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူမကိုသူျမင္ဖူးတာၾကာၿပီလို႔ေျပာလို႔ရတယ္ဆိုေပမဲ့ သူမရဲ႕ထူးျခားမႈေတြကို သူဘယ္တုန္းကမွရွာမေတြ႕ခဲ့ဘူး။ သူေတာ္ဝင္ဥယ်ာဥ္ထဲမွာရွိေနခဲ့တဲ့အခ်ိန္ကမွ ကိုယ့္ကိုကိုယ္ကုသေပးနိုင္တဲ့စြမ္းရည္ရွိလို႔ရွိမွန္းမသိရွာတဲ့ေလ်ာင္ခ်င္းခ်င္းရဲ႕မတူကြဲျပားမႈကို သူခံစားခဲ့ရတာ

ဒါကႀကီးျမတ္တဲ့ေဝ့ျပည္ႀကီးကိုအုပ္ခ်ဳပ္မႈအတြက္ သူ႕ကိုေကာင္းကင္ကေပးတဲ့လက္ေဆာင္ေလလား?

ဒီအေတြးကသူ႕ႏွလုံးသားကိုႏြေးေထြးေစသည္။ ထို႔ျပင္ သူ႕ရဲ႕အဆိပ္မိထားတဲ့ခႏၶာကိုယ္ျပန္သက္သာလာတဲ့အေၾကာင္း သူေတြးမိတဲ့အခါ စိတ္လႈပ္ရွားမႈကိုမထိန္းနိုင္ေပ။ ဒါေတြအားလုံးက ေလ်ာင္ခ်င္းခ်င္းေၾကာင့္ပဲဆိုတာ သိသာပါတယ္

သူ႕ကိုယ္သူမထိန္းနိုင္ေတာ့ပဲ လွည့္ၿပီးေတာ္ဝင္စာၾကည့္ေဆာင္ဆီဦးတည္သြားတယ္ ဟသၤာျပဒါးစုတ္တံကိုကိုင္ကာ တခကမွ်စဥ္းစားၿပီးေနာက္ ' ရွီး' ဆိုတဲ့စကားတစ္လုံးကိုေသသပ္စြာေရးလိုက္ၿပီး ေတာ္ဝင္အမိန႔္ေတာ္တစ္ခုျပင္ဆင္လိုက္သည္။

တစ္ခဏၾကာၿပီးေနာက္ ဖူရွန္းမွာေတာ္ဝင္အမိန႔္ေတာ္ကိုေသခ်ာသယ္ေဆာင္ၿပီး လီရွန္းအေဆာင္ဆီတန္းသြားၿပီး က်ယ္ေလာင္တဲ့အသံနဲ႕ေၾကျငာလိုက္သည္။
" ေတာ္ဝင္အမိန႔္ေတာ္ေရာက္ရွိလာပါတယ္"

လီရွန္းအေဆာင္ထဲမွာ ဧကရာဇ္က်င္းလိရဲ႕ကိစၥနဲ႕ပတ္သတ္ၿပီး ရႈပ္ေထြးေနတဲ့ေလ်ာင္ခ်င္းခ်င္းအမိန႔္ေတာ္ေရာက္ရွိေၾကာင္းေၾကျငာခ်က္ၾကားလိုက္တယ္ ဒါေၾကာင့္ သူမပိုၿပီးေတာ့ေတာင္စိတ္ရႈပ္ေထြးလာတယ္

ဘာေၾကာင့္ေနာက္ထပ္အမိန႔္ေတာ္တစ္ခုေရာက္လာတာလဲ?

ဘာေတြျဖစ္ကုန္တာလဲ?

သူမဘာအမွားေတြလုပ္မိလို႔လဲ?

ဒီစိတ္ဆတ္တဲ့ဧကရာဇ္ဘာျဖစ္ျပန္တာလဲ?

ေလ်ာင္ခ်င္းခ်င္းတစ္ခ်က္ေလာက္ စိတ္ပူပန္သြားတယ္ ထို႔ေနာက္သူမနဲ႕အတူဟယ္ရွန္းကိုေခၚၿပီး ရိုေသေလးစားစြာနဲ႕ အမိန႔္ေတာ္ကိုသြားနားေထာင္လိုက္တယ္

ဖူရွန္းက်ယ္ေလာင္စြာ႐ြတ္ျပသည္။
" အရွင္မင္းႀကီးရဲ႕အမိန႔္ေတာ္ကိုေၾကျငာလိုက္သည္။ အမိန႔္ေတာ္မွာ- လီရွန္းအေဆာင္ကေလ်ာင္ရွီသည္ ျမင့္ျမတ္တဲ့ကိုယ္က်င့္တရားနဲ႕သစ္ခြပန္းလိုျဖဴစင္တဲ့ ႏွလုံးသားရွိတယ္ ဒါကိုက်န္းအလြန္ႏွစ္သက္ေစတယ္ သူမကို'ဖင္'အျဖစ္တိုးျမႇင့္ေပးၿပီး သူမရဲ႕ဘြဲ႕အမည္ကို'ရွီး'လို႔တြင္ေစ ဧကရာဇ္ရဲ႕အမိန႔္ေတာ္"

ရွီးဖင္?!

ထပ္ၿပီးတိုးျမႇင့္ခံရျပန္ၿပီ!

ဟယ္ရွန္းအံ့ဩတုန္လႈပ္ေနၿပီး စကားတစ္သံေတာင္မထြက္နိုင္ဘူး။
ေလ်ာင္ခ်င္းခ်င္းလည္းအေၾကာင္းျပခ်က္ကိုရွာမေတြ႕ဘူး သူမဒီမနက္မွာပုံမွန္အတိုင္းနိုးထလာၿပီး တနင့္တပိုးစားေသာက္ၿပီး ေန႕လည္မွာမတရားအိပ္ခဲ့တယ္ ဒါေပမဲ့ေလ်ာင္ရႈက်ီနဲ႕က်န္းဖန္းယီရဲ႕ေထ့လုံးေငါ့လုံးတခ်ိဳ႕ကိုပဲနားေထာင္ခဲ့ရတာပါ ဒါေပါ့ သူမကအၿမဲတမ္းထပ္တူျပန္တုံ႕ျပန္ၿပီး သူတို႔မ်က္ႏွာေတြနီရဲလာတဲ့အထိေဒါသထြက္သြားေအာင္ေတာ့လုပ္ပစ္လိုက္တာေပါ့ အဲ့ဒီေနာက္ဧကရာဇ္ေရာက္လာၿပီး အက်ိဳးဆက္ေတြကိုလ်စ္လ်ဴရႈၿပီး ေလ်ာင္ရႈက်ီနဲ႕က်န္းဖန္းယီကိုႏွိပ္ကြပ္ပစ္လိုက္တယ္ သူမရဲ႕လက္ေလးကိုကိုင္ၿပီး ႐ုတ္တရက္ႀကီးဂ႐ုစိုက္တဲ့စကားေတြဘာေတြေျပာလာတယ္

ရိုးရိုးသားသားေျပာရရင္ေတာ့......... သူမထိရွသြားတယ္!
ဒီခံစားခ်က္ကခုထိေတာင္မေပ်ာက္ေသးဘူး ၿပီးေတာ့ဧကရာဇ္က်င္းလိျဗဳန္းဆိုထြက္သြားေတာ့တာပဲ သူထြက္သြားၿပီးဘယ္ေလာက္မွမၾကာဘူး ေတာ္ဝင္အမိန႔္ေတာ္တစ္ခုေပးလာတယ္

ထပ္ၿပီးအဆင့္တိုးေပးတာလား?!

ေတာ္ဝင္ေမာင္းမေဆာင္ထဲမွာရွင္သန္ဖို႔ကခက္ခဲတယ္လို႔ ေျပာၾကတယ္ သူမကေတာ့ဘာေၾကာင့္ဒုံးပ်ံလိုပဲအဆင့္တက္ေနရတာလဲ? ဒါ ဒါက ငါ့ကိုအလြန္အကြၽံေတြခ်ီးျမႇောက္ၿပီး က်ဆဳံးခန္းေရာက္ေစခ်င္တာျဖစ္နိုင္မလား?

ဒါေတာ့မဟုတ္ေသးပါဘူး!

သူမလိုဘာပါဝါအာဏာေနာက္ခံမွမရွိတဲ့ ပုစြန္စိတ္ေလးတစ္ေကာင္ကို ဒီတိုင္းတိုက္ရိုက္သတ္လိုက္လို႔ရတယ္ သူမကိုခ်ီးေျမာက္ရတာကရိကထေတာင္အရမ္းမ်ားေနေသး!

" ရွီးဖင္ ေက်းဇူးျပဳၿပီးအမိန႔္ေတာ္ကိုလက္ခံပါ"
ဧကရာဇ္ကေလ်ာင္ခ်င္းခ်င္းကိုကြဲျပားစြာဆက္ဆံတာကို သူသတိျပဳမိကတည္းက သူေလ်ာင္ခ်င္းခ်င္းကိုပိုၿပီးေလးေလးစားစားဆက္ဆံခဲ့သည္။

ေလ်ာင္ခ်င္းခ်င္းစိတ္နဲ႕ကိုယ္ျပန္ကပ္သြားၿပီး အမိန႔္ေတာ္ကိုလက္ခံလိုက္တယ္
ဖူရွန္း သူမကိုမဆိုင္းမတြဦးၫြတ္ကာ ေျပာလာသည္။
" ဒီအေစခံ ရွီးဖင္ကိုဂုဏ္ျပဳပါတယ္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းပါ ရွီးဖင္"

" ဖူကုန္းကုန္းကအရမ္းယဥ္ေက်းေနပါၿပီ"

" အရွင္မင္းႀကီးကဒီအေစခံကို ဆုလာဒ္ေတာ္ေတြသယ္ေဆာင္ဖို႔လည္း မိန႔္ၾကားခဲ့ပါတယ္"ဖူရွန္းၿပဳံးရင္းဆိုလာသည္။

ထိုသို႔ေျပာၿပီးေနာက္ အေနာက္ကိုဖူရွန္းသူ႕လက္ကိုေဝွ႕ယမ္းျပလိုက္တယ္ အေစခံတစ္စုသည္အနီေရာင္ပိုးထည္နဲ႕လႊမ္းထားတဲ့ဗန္းေတြကို သယ္ေဆာင္လာၾကသည္။ ဖူရွန္းရဲ႕ဆက္တိုက္ဖတ္ျပမႈအလယ္မွာ အမ်ိဳးမ်ိဳးေသာဆုလာဒ္ေတာ္ေတြကိုလီရွန္းအေဆာင္ခန္းမထဲသယ္ေဆာင္လာၾကသည္။

ထိုအရာေတြကစာလုံးေပါင္းတစ္ေသာင္းစီးဆင္းေနတဲ့ဘရိုကိတ္ေသတၱာ၊ ပန္းေပါင္းတစ္ရာေႂကြပန္းအိုး၊ တ႐ုတ္အနီေရာင္သစ္သားနဲ႕ထြင္းထုထားတဲ့ ေတာင္တန္းနဲ႕ျမစ္ျပင္ပုံမာရဘင္နဲ႕တျခားဟာေတြျဖစ္ၿပီး အက်ိဳးဆက္ကေတာ့လီရွန္းအေဆာင္တစ္ဝက္ေလာက္က တန္ဖိုးႀကီးပစၥည္းမ်ားနဲ႕ျပည့္ႏွက္သြားေတာ့တယ္

ဖူရွန္းနဲ႕အေစခံအုပ္စုႀကီးထြက္ခြာသြားၿပီးေနာက္ ထိုဆုလာဒ္ေတာ္ေတြကို ဟယ္ရွန္းအံ့ဩတႀကီးအမူအရာနဲ႕ ၾကည့္လိုက္ၿပီး နန္းေတာ္အေစခံေတြကိုဦးေဆာင္ကာ ေလ်ာင္ခ်င္းခ်င္းကိုဦးၫြတ္လိုက္သည္။

ေလ်ာင္ခ်င္းခ်င္းလက္ကိုယမ္းကာ သူတို႔ကိုထဖို႔အခ်က္ျပလိုက္ၿပီး မ်က္စိက်ိန္းေအာင္ျဖာထြက္ေနတဲ့ဆုေတာ္ေတြကိုၾကည့္လိုက္သည္။ ဟယ္ရွန္းေရွ႕တိုးၿပီးေျပာလာတယ္
" သခင္မ အရွင္မင္းႀကီးကသခင္မကိုတကယ္အေလးထားတာပဲ သခင္မကိုအဆင့္တိုးျမင့္ေပးၿပီးဆုေတာ္ေတြထပ္ခ်ီးျမႇင့္ျပန္ၿပီ"

" အင္း" ေလ်ာင္ခ်င္းခ်င္းသာမာန္ပဲျပန္တုံ႕ျပန္တယ္။

" ဒီတစ္ခါဆုေတာ္ေတြအမ်ားႀကီးပဲ အားလုံးကဒီအေစခံတစ္ခါမွမျမင္ဖူးတာေတြႀကီးပဲ" ဟယ္ရွန္းထပ္ေျပာသည္။

" ငါလဲတစ္ခါမွမျမင္ဖူးပါဘူး"

ဆုေတြကပစၥည္းေကာင္းေတြဆိုေပမဲ့ နန္းေဆာင္ထဲမွာပဲ အလွထားလို႔ရတာေလ တ႐ုတ္ရိုးရာၿခိဳးၿခံေခြၽတာတဲ့အက်င့္သီလေကာင္းရွိတဲ့ဆိုရွယ္လစ္စနစ္ဆက္ခံသူတစ္ေယာက္အေနနဲ႕ ေလ်ာင္ခ်င္းခ်င္းဒီဇိမ္ခံတန္ဖိုးႀကီးပစၥည္းေတြကိုႀကိဳက္တာေပါ့ သူမမတတ္နိုင္တာကေတာ့စိတ္မေကာင္းစရာပဲ ထို႔ေၾကာင့္သူမလက္ေတြ႕ဆန္စြာေျပာလိုက္တယ္

" ဒါေတြကသာစားစရာေတြဆို သိပ္ေကာင္းမွာပဲ!"

လီရွန္းအေဆာင္ထဲဝင္လာခါစဧကရာဇ္က်င္းလိမွာ ထိုစကားကိုၾကားလိုက္တဲ့အခါ ေခ်ာ္လဲလုနီးပါးျဖစ္သြားေတာ့တယ္









(x)- မင္းသမီးရဲ႕ဘြဲ႕အမည္'ရွီး'ကအာ႐ုံဦးရဲ႕ေနေရာင္ျခည္ေလးပါတဲ့

ရွီးဖင္- ေလ်ာင္ခ်င္းခ်င္းက 'ရွီး' ဘြဲ႕အမည္ခ်ီးျမင့္ခံထားရေတာ့ 'ဖင္' ရာထူးျခင္းတူရင္ေတာင္ သူမကတစ္ဆင့္ပိုျမင့္ပါတယ္






Continue Reading

You'll Also Like

200K 16.4K 96
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
204K 21.5K 37
System - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား ...
799K 66.8K 60
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
250K 33K 122
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...