𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

715K 34.2K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50
51
real51
52

13

13.1K 805 45
By SuuNanChal

Unicode




မနက်ဆို စိုင်းတို့အိမ်က အရင်ကလိုခြောက်ကပ်မနေ မြူဒေါင်းတို့သားအမိရောက်လာကတည်းက ဆည်းလည်းသံလိုပင် နားဝင်ချိုနေတော့သည် ။ တစ်ခါတလေကျတော့လည်း အိမ်ရှင်းသခင်လေး၏ ဒေါသတကြီး ကြိမ်းမောင်းသံတို့ပါ ရှိတတ်သေးသည် ။

ဦးထည်ဝါက မာယာချိုထည့်ပေးထားသော ကော်ဖီကိုယူသောက်ရင်း စကားစမြည်ပြောနေသည် ။ ဘေးက မြူဒေါင်းနှငွသူ့အမေကတော့ ဂရုတစိုက်နားထောင်လို့ပင် ။

"သား....မြူဒေါင်း''

"ဟုတ် ပြောပါဖေဖေ''

"သား ကျောင်းမဖွင့်တုန်း သင်တန်းလေးဘာလေး တက်လေကွယ်''

"ဟို....သင်တန်းတက်ရင် ဖေဖေပိုက်ဆံကုန်မှာ စိုးလို့ပါ''

"ဟား ဟား ကွာ ပိုက်ဆံကုန်တာပဲ ကုန်ပါစေပေါ့ သားရယ် ၊ သားတက်ချင်တာရှိရင် ဖေဖေကိုပြော ဖေဖေအားလုံးစီစဥ်ပေးမယ်''

"သင်တန်းကတော့ ဖေဖေအဆင်ပြေမယ်ထင်တာပဲ သားတက်ပါ့မယ်''

"ဟုတ်ပါပြီကွာ ဒါဆို ဖေဖေရဲ့အတွင်းရေးမှူးကိုပဲ စီစဥ်ခိုင်းလိုက်မယ် အကြိုအပို့ကတော့ မောင်ဟိန်းနဲ့ပဲ ကြိုပို့ခိုင်းရမှာပေါ့ ၊ သားကို ကားမောင်းပါသင်ခိုင်းချင်တာ ဒါပေမဲ့ သားကအရမ်းငယ်သေးလို့ ဖေဖေက လက်လျော့ထားတာ''

"ဟုတ် ကျေးဇူးပါ ဖေဖေ''

"ဟော....မလိုပါဘူး သားရာ''

"ကဲ.....ဒီသားအဖတွေ စကားပဲပြောမနေကြနဲ့ ကော်ဖီတွေအေးကုန်ပြီး သောက်လိုက်အုံး ''

"ဟုတ်....ဟိုလေ မေမေ သားဒါပြီးရင် စာကြည့်တိုက်ခဏသွားချင်လို့''

"သြော်.....အေး သွားလေသား''

"အဟီး....ဟုတ်''

လိုချင်တာ ရတော့ကြယ်တွေလို အပြုံးလေးပြန်ပေါ်လာသည် ။ လှသည်ထက်ပို ချစ်စရာကောင်းသည် ။ ဘယ်သူကရော ဒီလိုကလေးမျိုးကို မချစ်ပဲနေနိုင်ပါ့မလည်း ။

"အကိုလေး စက်ဘီးနဲ့ဘယ်သွားမလို့လဲ ကျွန်တော်လိုက်ပို့ရမလား''

အရင်နေ့ကဟိုနားသည်နားသွားဖို့ ဖေဖေဝယ်ပေးထားတဲ့စက်ဘီးကို ထုတ်လာတော့ အိမ်ကအလုပ်သမားဖြစ်တဲ့ ကိုဟိန်းထက်သာက လှမ်းမေးသည် ။ ကိုဟိန်းက မြူဒေါင်းထက် ၄နှစ်သာကြီးသည် ။ မြူဒေါင်းဒီကိုရောက်ကတည်းက ခင်စရာစကားပြောဖော်ဆိုလို့ သူတစ်ယောက်ပဲရှိ၏ ။

"နေပါစေ ကိုကြီးဟိန်းရဲ့ သားသွားတတ်ပါတယ်''

"စာကြည့်တိုက်သွားမှာမလား အကိုလဲအလုပ်ပြီးပြီဆိုတော့ မြူလေးနဲ့အတူလိုက်ခဲ့မယ်လေ''

"ဒါဆို ကိုကြီးဟိန်းရှေ့ကစီးလေ သားနောက်ကလိုက်မယ်''

"ဟုတ်ပါပြီဗျာ အကိုလေးသဘောပါဗျ''

"ဟာ....အဲ့လိုကြီး မခေါ်ကြပါနဲ့ဆို''

"ဟား....ဟား.... ဟုတ်ကဲ့ပါဗျာ ကဲ.... ဒါဆိုသေချာကိုင်ထားနော်''

သူ့စကားကိုနားထောင်ပြီး နောက်ကနေခါးကိုသေချာဖက်လာတဲ့ကောင်လေးက ချစ်စရာပင် ။ သူဌေး၏အိမ်ကို မြူဒေါင်းငယ်ဆိုတဲ့ ကောင်လေးစရောက်ကတည်းက ဟိန်း၏ နှလုံးသားလေးက လှုပ်ခတ်နေခဲ့တာပေ ။ ဖြူစင်ပြီးထင်တာထက်ကို ရိုးအလွန်းတဲ့ကောင်လေးက လူတွေရဲ့လှည့်စားခြင်းကို ခံရဖို့များမှာမို့လို့ ဟိန်းဖြစ်နိုင်ရင် သွားရာလိုက်ရျ် စောက်ရှောက်ပေးချင်မိသည် ။

စက်ဘီးလေးကို ခပ်ဖြည်းဖြည်းပဲနင်းလို့ ဟိန်းစိတ်ကူးတွေယဥ်နေမိ၏ ။ အသက်တောင်မပြည့်သေးတဲ့ကလေးတစ်ယောက်အပေါ်မှာ သူမေတ္တာတွေ သက်ဝင်မိနေခဲ့ပြီ ။

"ကိုဟိန်း ရှေ့မှာကား!''

ဘေးကနေတမင်ဝင်ပွတ်မလို့လုပ်လာသည့်ကားအား မြူဒေါင်းကအလန့်တကြားအော်ပြောတာကြောင့် ဟိန်းအလျင်အမြန်ရှောင်နိုင်ခဲ့ပေမဲ့လည်း စက်ဘီးကောလူတွေကောပါ ပစ်လဲကျကုန်သည် ။

ကျန်တဲ့အချိန်တွေမှာ ဟိန်းတစ်ယောက်သည်းခံတတ်သော်လည်း အခုလိုတမင်လုပ်တာမျိုးကိုတော့ ခွင့်လွှတ်မပေးနိုင်ပါ ။ နောက်ပြီး ထိုကားကြောင့်ပဲ မြူဒေါင်းပါအနာရသွားရတာကြောင့် စိတ်တိုစွာပဲ ရန်ထောင်ဖို့ကားဘက်လှည့်အကြည့် ကားကလည်း သူ့တို့ကျောဘက်မှာ ရပ်နေတော့သည် ။

ထို့နောက်ကားထဲက ဆင်းလာတဲ့ သူတို့အလုပ်ရှင်သခင်လေးကြောင့် ဟိန်းမှာပြောရမည့်စကားတွေတောင်မေ့လို့ ။ သခင်လေးက သူတို့စီ ဒေါသတကြီးလျှောက်လာပြီး ဟိန်းဘေးနားက လဲကျနေတဲ့ မြူဒေါင်း၏လက်ကို အကြမ်းပတမ်းဆွဲလို့ထစေသည် ။

"မင်း ထစမ်း!''

"အာ့! ကိုကို! နာတယ်''

ဒူးခေါင်းက ပွန်းပဲ့ရာလေးကြောင့် ကိုကို့၏အကြမ်းဆန်မှုမှာ မြူဒေါင်းကို ပိုနာကျင်စေသည် ။ လက်မှာလည်း ဒဏ်ရာတစ်ချို့ရသွားသည်မို့ မြူဒေါင်းငိုချင်သွားမိပြန်သည် ။

"တောက်စ်! ကမ်းမမြင်လမ်းမမြင်တွေ ဖြစ်ပျက်နေမှတော့ နာလဲသေလေ!''

ဒေါသတကြီး မာန်မဲပစ်တော့ ကောင်လေးက နှုတ်ခမ်းလေးကိုက်ခါ အသံတိတ်ငိုရှာသည် ။ သူ့ဒူးမှ ဒဏ်ရာကလည်း သွေးတွေ ပိုထွက်လာနေ၏ ။ စိုင်းစိတ်မရှည်သလိုနဲ့ ကျစ်စုပ်လိုက်ပြီး ဒူးခေါက်ကနေပွေ့ရျ် ခေါ်လာလိုက်သည် ။

"အဟင့်! ကိုကို့''

ကိုကိုက ရုတ်တရက်ကြီး ထပွေ့တာမို့ မြူဒေါင်းလန့်ပြီး ကိုကို့လည်တိုင်ကို ဖက်ထားမိသည် ။ ကားရှေ့ရောက်တော့ သူ့ကိုကားထဲထည့်မလို့ လုပ်လာတာကြောင့် ကိုကြီးဟိန်းကို ထားခဲ့မှာ စိုး၏ ။

"ဟို.....ကိုကို ကိုကြီးဟိန်းလဲ မထနိုင်ဘူး ထင်တယ် ''

စိုင်း ဒီကောင်လေးကို ထုထောင်းသတ်ပစ်ချင်လာမိသည် ။ သဘောက ကိုယ်ကသူ့ကိုခြေထောက်နာလို့ပွေ့ခေါ်ပေးတယ်ထင်နေလားမသိ ဟိုဘာမဟုတ်တဲ့ကောင်ကိုပါ ခေါ်စေချင်နေတာ ။

"သူ့ဘာသာ မထနိုင်ရုံမကလို့ လဲသေနေလဲ ငါ့စောက်ကြောင်းမဟုတ်ဘူး ဝင်အထဲကို''

"ဒါဆို ကိုကြီး ဟိန်းကို ထားခဲ့မလို့လား ၊ အဲ့ဆို သားလဲမလိုက်တော့ဘူး ကိုကိုအောက်ပြန်ချပေး ''

"ဘာကွ! မင်း!''

"ကိုကို.... အောက်ပြန်ချပေးပါ ကိုကြီးကို တစ်ယောက်ထဲ မထားခဲ့ချင်ဘူး''

"တောက်စ်! မင်းခိုင်းတိုင်း ငါကလုပ်ပေးမယ် ထင်နေတာလား အဟက်!''

တက်ခေါက်သံက ပြင်းသလို လှောင်သလိုရယ်ပြန်တော့လည်း စွဲဆောင်မှုအားကောင်းလှသည် ။ ရွှေရောင်ဆံပင်ရှည်တွေကို နောက်ပြန်သိမ်းစည်းထားတဲ့ စိုင်းက နတ်သားတစ်ပါးလိုပင် ။

မြူဒေါင်း ရုန်းကန်ကာ အောက်ပြန်ဆင်းဖို့လုပ်ပေမဲ့လည်းမရ စိုင်းက ကားထဲအတင်းဝင်စေသည် ။ ဒါတောင်မြူဒေါင်းက အားလျှော့ စိုင်းရင်ဘတ်အား ထုရိုက်ပစ်နေတုန်းပင်။

"အား.....ကိုကိုလွှတ်ပေး သားမလိုက်ဘူး လွှတ်ပေးလို့ ကားရပ်ပေး အဟင့်''

"မင်းမတိတ်သေးရင် အဲ့ကောင်ကို ငါအလုပ်ထုတ်ပစ်မယ်! စောက်ပါးစပ်ပိတ်ပြီး! ငြိမ်ငြိမ်လေးနေ''

အသံကုန်ခြစ်ပြီး အော်နေတော့ စိုင်းကပိုစိတ်ရှုပ်လာပြီး ပြန်အော်ပစ်တော့မှ ငြိမ်သည်လေ ။ ဒါတောင် မသိမသာရှိုက်ပြီး ငိုနေသေးတာ တကယ့်ဟာလေး ။

"ကိုကို မကောင်းဘူး ကိုကို အနိုင်ကျင့်တယ် မေမေနဲ့ တိုင်မယ် ''

"ငါမင်းကို ငြိမ်ငြိမ်နေဖို့ ပြောနေတယ်လေ!''

"အင့်!''

တော်သေးသည်က အိမ်အထိငြိမ်ပြီးပါလာသေးလို့ အိမ်ရောက်တော့ ကားပေါ်ကဆင်းခိုင်းတာကိုမဆင်းပဲ ပေတေနေတာမို့ စိုင်းကဘဲ အတင်းပွေ့ခေါ်ရပြန်သည် ။ ရုန်းကန်နေတော့ ခြိမ်းခြောက်ရပြန်သည့်စိုင်းမှာ လူဆိုးကြီးကိုဖြစ်လို့ စောက်ခလေးက တကယ်ကိုဆိုးလွန်းပါသည် ။

"ကိုကို! သားကို အောက်ချပေး! လွှတ်လို့ ကိုကို ကိုကိုမကောင်းဘူး! သားကိုလွှတ်လို့ အဟင့်!''

"ကဲကွာ! အဲ့လောက်ဖြစ်နေတာ''

အခန်းထဲထိပွေ့ခေါ်လာပြီးမှ စိတ်မရှည်တော့လို့ ကုတင်ပေါ်ပစ်တင်ချလိုက်တာ ကောင်လေးက အင့်ကနဲအသံထွက်လာသည် ။ သူခါးထောက်ပြီး စိုက်ကြည့်တော့ ကုတင်ပေါ်မှာအသံမထွက်ပဲ ကုပ်ကုပ်လေးငြိမ်နေပြန်ပါသည် ။

အိမ်မှာလည်း ဘယ်သူမှရှိပုံမရ အိမ်ကအလုပ်သမားတွေကတော့ စိုင်းကိုကြောက်လို့ အပေါ်တက်လာရဲမည်မဟုတ် ။ ဒါကိုသိလို့ ဒီကောင်လေးမအော်ရဲတာပေ မဟုတ်ရင်အသံကုန်ခြစ်အော်မှာ မြင်ယောင်သေးသည် ။

"မင်းနဲ့ အဲ့အကောင်က ဘာတွေလဲ!''

"သူငယ်ချင်းပါ....''

"ဘာ! မင်းအခုရောက်နေတဲ့အဆင့်အတန်းကဘာလဲ မင်းသိလား မင်းအရင်ကနေခဲ့တဲ့ တဲစုတ်မဟုတ်ဘူး မြူဒေါင်းငယ်! ငါနဲ့ဒယ်ဒီရဲ့ ဂုဏ်သိက္ခာကျအောင် မင်းလုပ်နေတာလား!''

"ကိုကြီးဟိန်းက ဘာဖြစ်နေလို့လဲ''

"သူက ဒီအိမ်ကအလုပ်သမား မင်းကဒယ်ဒီရဲ့ မယားငယ်ကသားဆိုပေမဲ့ ဒီအိမ်ရဲ့သခင်လေးပဲဆိုတာကို မင်းမေ့နေတာလားဟမ်!''

"ကိုကို့ မေမေ့ကို အဲ့လိုမပြောပါနဲ့ မေမေကအဲ့လို မဟုတ်ပါဘူး ''

"အဟက်! မယားငယ်မလို့ မယားငယ်လို့ပြောတာ ဘာတွေနားနေတာလဲ ဘာလဲ မင်းက မင်းအမေငါ့ဒယ်ဒီကို ယူနိုင်လိုက်တာနဲ့ပဲ အိမ်ကြီးရှင်ဘဝကိုရနေပြီ ထင်နေတာလား ''

"ကိုကိုမေမေနဲ့ ဖေဖေက ကွာရှင်းပြီးသွားပြီ ဘာမှမပတ်သတ်တော့ဘူး! "

"ဘာ! မင်း! မင်းကများ!''

ဖြောင်း.......

ပါးပြင်နုနုလေးမှာ လက်ဝါးရာကထင်းကနဲပေ ။ ပူထူသွားတဲ့ပါးပြင်ကြောင့် မြူဒေါင်းကိုယ်လေး လန်ကျသွားသည် ။ အံသြသင့်လို့ မဆုံးနိုင်လောက်အောင် သူ့ကိုယ်သူဘာဖြစ်သွားမှန်းပင် မသိတော့ ။

ကိုကိုက သူ့ပါးပြင်အား ရိုက်ပစ်လိုက်တာပင် ။ သူ့မေမေတောင် ချစ်လို့ဆိုကာ မွှေးကြူတတ်သည့် ပါးပြင်ကိုမှ ကိုကိုက အညှာတာမဲ့စွာ ရိုက်ပစ်ရက်သည် ။

ချစ်မိခဲ့တဲ့ ဒီနှလုံးသားလေးထဲ ရိုက်ချက်တစ်ခုစိုက်ဝင်သွားချေပြီ ။ မေမေရွေးချယ်ခဲ့သာ သားလေးစိတ်ချမ်းသာဖို့ပါတဲ့ သို့ပေမဲ့ နောက်ကွယ်မှာ မြူဒေါင်းအနိုင်ကျင့်ခံနေရတာသာ မေမေသိရင် ဝမ်းနည်းနေတော့မည် ။

မြူဒေါင်းသိခဲ့ဖူးသောကိုကိုက အရင်ကနဲ့မတူတော့ပါ မြူဒေါင်းအပေါ်မှာ အကြင်နာတရားမဲ့လှပါသည် ။ သို့သော် မနာရက်သည့် ဒီအသည်းနုနုလေးက ခွင့်လွှတ်လိုစိတ်ပြင်းလှသည်လေ ။

ရက်စက်ပါကိုကို ကိုကိုရက်စက်သလောက် ကျွန်တော်က ချစ်မှာမလို့........

#TBC

မျှော်နေမယ်ထင်လို့ update ပေးလိုက်တာပါ သဘောကျရင် review လေးကူပေးအုံးနော်








Zawgyi




မနက္ဆို စိုင္းတို႔အိမ္က အရင္ကလိုေျခာက္ကပ္မေန ျမဴေဒါင္းတို႔သားအမိေရာက္လာကတည္းက ဆည္းလည္းသံလိုပင္ နားဝင္ခ်ိဳေနေတာ့သည္ ။ တစ္ခါတေလက်ေတာ့လည္း အိမ္ရွင္းသခင္ေလး၏ ေဒါသတႀကီး ႀကိမ္းေမာင္းသံတို႔ပါ ရွိတတ္ေသးသည္ ။

ဦးထည္ဝါက မာယာခ်ိဳထည့္ေပးထားေသာ ေကာ္ဖီကိုယူေသာက္ရင္း စကားစျမည္ေျပာေနသည္ ။ ေဘးက ျမဴေဒါင္းႏွငြသူ႕အေမကေတာ့ ဂ႐ုတစိုက္နားေထာင္လို႔ပင္ ။

"သား....ျမဴေဒါင္း''

"ဟုတ္ ေျပာပါေဖေဖ''

"သား ေက်ာင္းမဖြင့္တုန္း သင္တန္းေလးဘာေလး တက္ေလကြယ္''

"ဟို....သင္တန္းတက္ရင္ ေဖေဖပိုက္ဆံကုန္မွာ စိုးလို႔ပါ''

"ဟား ဟား ကြာ ပိုက္ဆံကုန္တာပဲ ကုန္ပါေစေပါ့ သားရယ္ ၊ သားတက္ခ်င္တာရွိရင္ ေဖေဖကိုေျပာ ေဖေဖအားလုံးစီစဥ္ေပးမယ္''

"သင္တန္းကေတာ့ ေဖေဖအဆင္ေျပမယ္ထင္တာပဲ သားတက္ပါ့မယ္''

"ဟုတ္ပါၿပီကြာ ဒါဆို ေဖေဖရဲ႕အတြင္းေရးမႉးကိုပဲ စီစဥ္ခိုင္းလိုက္မယ္ အႀကိဳအပို႔ကေတာ့ ေမာင္ဟိန္းနဲ႕ပဲ ႀကိဳပို႔ခိုင္းရမွာေပါ့ ၊ သားကို ကားေမာင္းပါသင္ခိုင္းခ်င္တာ ဒါေပမဲ့ သားကအရမ္းငယ္ေသးလို႔ ေဖေဖက လက္ေလ်ာ့ထားတာ''

"ဟုတ္ ေက်းဇူးပါ ေဖေဖ''

"ေဟာ....မလိုပါဘူး သားရာ''

"ကဲ.....ဒီသားအဖေတြ စကားပဲေျပာမေနၾကနဲ႕ ေကာ္ဖီေတြေအးကုန္ၿပီး ေသာက္လိုက္အုံး ''

"ဟုတ္....ဟိုေလ ေမေမ သားဒါၿပီးရင္ စာၾကည့္တိုက္ခဏသြားခ်င္လို႔''

"ေၾသာ္.....ေအး သြားေလသား''

"အဟီး....ဟုတ္''

လိုခ်င္တာ ရေတာ့ၾကယ္ေတြလို အၿပဳံးေလးျပန္ေပၚလာသည္ ။ လွသည္ထက္ပို ခ်စ္စရာေကာင္းသည္ ။ ဘယ္သူကေရာ ဒီလိုကေလးမ်ိဳးကို မခ်စ္ပဲေနနိုင္ပါ့မလည္း ။

"အကိုေလး စက္ဘီးနဲ႕ဘယ္သြားမလို႔လဲ ကြၽန္ေတာ္လိုက္ပို႔ရမလား''

အရင္ေန႕ကဟိုနားသည္နားသြားဖို႔ ေဖေဖဝယ္ေပးထားတဲ့စက္ဘီးကို ထုတ္လာေတာ့ အိမ္ကအလုပ္သမားျဖစ္တဲ့ ကိုဟိန္းထက္သာက လွမ္းေမးသည္ ။ ကိုဟိန္းက ျမဴေဒါင္းထက္ ၄ႏွစ္သာႀကီးသည္ ။ ျမဴေဒါင္းဒီကိုေရာက္ကတည္းက ခင္စရာစကားေျပာေဖာ္ဆိုလို႔ သူတစ္ေယာက္ပဲရွိ၏ ။

"ေနပါေစ ကိုႀကီးဟိန္းရဲ႕ သားသြားတတ္ပါတယ္''

"စာၾကည့္တိုက္သြားမွာမလား အကိုလဲအလုပ္ၿပီးၿပီဆိုေတာ့ ျမဴေလးနဲ႕အတူလိုက္ခဲ့မယ္ေလ''

"ဒါဆို ကိုႀကီးဟိန္းေရွ႕ကစီးေလ သားေနာက္ကလိုက္မယ္''

"ဟုတ္ပါၿပီဗ်ာ အကိုေလးသေဘာပါဗ်''

"ဟာ....အဲ့လိုႀကီး မေခၚၾကပါနဲ႕ဆို''

"ဟား....ဟား.... ဟုတ္ကဲ့ပါဗ်ာ ကဲ.... ဒါဆိုေသခ်ာကိုင္ထားေနာ္''

သူ႕စကားကိုနားေထာင္ၿပီး ေနာက္ကေနခါးကိုေသခ်ာဖက္လာတဲ့ေကာင္ေလးက ခ်စ္စရာပင္ ။ သူေဌး၏အိမ္ကို ျမဴေဒါင္းငယ္ဆိုတဲ့ ေကာင္ေလးစေရာက္ကတည္းက ဟိန္း၏ ႏွလုံးသားေလးက လႈပ္ခတ္ေနခဲ့တာေပ ။ ျဖဴစင္ၿပီးထင္တာထက္ကို ရိုးအလြန္းတဲ့ေကာင္ေလးက လူေတြရဲ႕လွည့္စားျခင္းကို ခံရဖို႔မ်ားမွာမို႔လို႔ ဟိန္းျဖစ္နိုင္ရင္ သြားရာလိုက္ရ်္ ေစာက္ေရွာက္ေပးခ်င္မိသည္ ။

စက္ဘီးေလးကို ခပ္ျဖည္းျဖည္းပဲနင္းလို႔ ဟိန္းစိတ္ကူးေတြယဥ္ေနမိ၏ ။ အသက္ေတာင္မျပည့္ေသးတဲ့ကေလးတစ္ေယာက္အေပၚမွာ သူေမတၱာေတြ သက္ဝင္မိေနခဲ့ၿပီ ။

"ကိုဟိန္း ေရွ႕မွာကား!''

ေဘးကေနတမင္ဝင္ပြတ္မလို႔လုပ္လာသည့္ကားအား ျမဴေဒါင္းကအလန့္တၾကားေအာ္ေျပာတာေၾကာင့္ ဟိန္းအလ်င္အျမန္ေရွာင္နိုင္ခဲ့ေပမဲ့လည္း စက္ဘီးေကာလူေတြေကာပါ ပစ္လဲက်ကဳန္သည္ ။

က်န္တဲ့အခ်ိန္ေတြမွာ ဟိန္းတစ္ေယာက္သည္းခံတတ္ေသာ္လည္း အခုလိုတမင္လုပ္တာမ်ိဳးကိုေတာ့ ခြင့္လႊတ္မေပးနိုင္ပါ ။ ေနာက္ၿပီး ထိုကားေၾကာင့္ပဲ ျမဴေဒါင္းပါအနာရသြားရတာေၾကာင့္ စိတ္တိုစြာပဲ ရန္ေထာင္ဖို႔ကားဘက္လွည့္အၾကည့္ ကားကလည္း သူ႕တို႔ေက်ာဘက္မွာ ရပ္ေနေတာ့သည္ ။

ထို႔ေနာက္ကားထဲက ဆင္းလာတဲ့ သူတို႔အလုပ္ရွင္သခင္ေလးေၾကာင့္ ဟိန္းမွာေျပာရမည့္စကားေတြေတာင္ေမ့လို႔ ။ သခင္ေလးက သူတို႔စီ ေဒါသတႀကီးေလွ်ာက္လာၿပီး ဟိန္းေဘးနားက လဲက်ေနတဲ့ ျမဴေဒါင္း၏လက္ကို အၾကမ္းပတမ္းဆြဲလို႔ထေစသည္ ။

"မင္း ထစမ္း!''

"အာ့! ကိုကို! နာတယ္''

ဒူးေခါင္းက ပြန္းပဲ့ရာေလးေၾကာင့္ ကိုကို႔၏အၾကမ္းဆန္မႈမွာ ျမဴေဒါင္းကို ပိုနာက်င္ေစသည္ ။ လက္မွာလည္း ဒဏ္ရာတစ္ခ်ိဳ႕ရသြားသည္မို႔ ျမဴေဒါင္းငိုခ်င္သြားမိျပန္သည္ ။

"ေတာက္စ္! ကမ္းမျမင္လမ္းမျမင္ေတြ ျဖစ္ပ်က္ေနမွေတာ့ နာလဲေသေလ!''

ေဒါသတႀကီး မာန္မဲပစ္ေတာ့ ေကာင္ေလးက ႏႈတ္ခမ္းေလးကိုက္ခါ အသံတိတ္ငိုရွာသည္ ။ သူ႕ဒူးမွ ဒဏ္ရာကလည္း ေသြးေတြ ပိုထြက္လာေန၏ ။ စိုင္းစိတ္မရွည္သလိုနဲ႕ က်စ္စုပ္လိုက္ၿပီး ဒူးေခါက္ကေနေပြ႕ရ်္ ေခၚလာလိုက္သည္ ။

"အဟင့္! ကိုကို႔''

ကိုကိုက ႐ုတ္တရက္ႀကီး ထေပြ႕တာမို႔ ျမဴေဒါင္းလန့္ၿပီး ကိုကို႔လည္တိုင္ကို ဖက္ထားမိသည္ ။ ကားေရွ႕ေရာက္ေတာ့ သူ႕ကိုကားထဲထည့္မလို႔ လုပ္လာတာေၾကာင့္ ကိုႀကီးဟိန္းကို ထားခဲ့မွာ စိုး၏ ။

"ဟို.....ကိုကို ကိုႀကီးဟိန္းလဲ မထနိုင္ဘူး ထင္တယ္ ''

စိုင္း ဒီေကာင္ေလးကို ထုေထာင္သတ္ပစ္ခ်င္လာမိသည္ ။ သေဘာက ကိုယ္ကသူ႕ကိုေျခေထာက္နာလို႔ေပြ႕ေခၚေပးတယ္ထင္ေနလားမသိ ဟိုဘာမဟုတ္တဲ့ေကာင္ကိုပါ ေခၚေစခ်င္ေနတာ ။

"သူ႕ဘာသာ မထနိုင္႐ုံမကလို႔ လဲေသေနလဲ ငါ့ေစာက္ေၾကာင္းမဟုတ္ဘူး ဝင္အထဲကို''

"ဒါဆို ကိုႀကီး ဟိန္းကို ထားခဲ့မလို႔လား ၊ အဲ့ဆို သားလဲမလိုက္ေတာ့ဘူး ကိုကိုေအာက္ျပန္ခ်ေပး ''

"ဘာကြ! မင္း!''

"ကိုကို.... ေအာက္ျပန္ခ်ေပးပါ ကိုႀကီးကို တစ္ေယာက္ထဲ မထားခဲ့ခ်င္ဘူး''

"ေတာက္စ္! မင္းခိုင္းတိုင္း ငါကလုပ္ေပးမယ္ ထင္ေနတာလား အဟက္!''

တက္ေခါက္သံက ျပင္းသလို ေလွာင္သလိုရယ္ျပန္ေတာ့လည္း စြဲေဆာင္မႈအားေကာင္းလွသည္ ။ ေ႐ႊေရာင္ဆံပင္ရွည္ေတြကို ေနာက္ျပန္သိမ္းစည္းထားတဲ့ စိုင္းက နတ္သားတစ္ပါးလိုပင္ ။

ျမဴေဒါင္း ႐ုန္းကန္ကာ ေအာက္ျပန္ဆင္းဖို႔လုပ္ေပမဲ့လည္းမရ စိုင္းက ကားထဲအတင္းဝင္ေစသည္ ။ ဒါေတာင္ျမဴေဒါင္းက အားေလွ်ာ့ စိုင္းရင္ဘတ္အား ထုရိုက္ပစ္ေနတုန္းပင္။

"အား.....ကိုကိုလႊတ္ေပး သားမလိုက္ဘူး လႊတ္ေပးလို႔ ကားရပ္ေပး အဟင့္''

"မင္းမတိတ္ေသးရင္ အဲ့ေကာင္ကို ငါအလုပ္ထုတ္ပစ္မယ္! ေစာက္ပါးစပ္ပိတ္ၿပီး! ၿငိမ္ၿငိမ္ေလးေန''

အသံကုန္ျခစ္ၿပီး ေအာ္ေနေတာ့ စိုင္းကပိုစိတ္ရႈပ္လာၿပီး ျပန္ေအာ္ပစ္ေတာ့မွ ၿငိမ္သည္ေလ ။ ဒါေတာင္ မသိမသာရွိုက္ၿပီး ငိုေနေသးတာ တကယ့္ဟာေလး ။

"ကိုကို မေကာင္းဘူး ကိုကို အနိုင္က်င့္တယ္ ေမေမနဲ႕ တိုင္မယ္ ''

"ငါမင္းကို ၿငိမ္ၿငိမ္ေနဖို႔ ေျပာေနတယ္ေလ!''

"အင့္!''

ေတာ္ေသးသည္က အိမ္အထိၿငိမ္ၿပီးပါလာေသးလို႔ အိမ္ေရာက္ေတာ့ ကားေပၚကဆင္းခိုင္းတာကိုမဆင္းပဲ ေပေတေနတာမို႔ စိုင္းကဘဲ အတင္းေပြ႕ေခၚရျပန္သည္ ။ ႐ုန္းကန္ေနေတာ့ ၿခိမ္းေျခာက္ရျပန္သည့္စိုင္းမွာ လူဆိုးႀကီးကိုျဖစ္လို႔ ေစာက္ခေလးက တကယ္ကိုဆိုးလြန္းပါသည္ ။

"ကိုကို! သားကို ေအာက္ခ်ေပး! လႊတ္လို႔ ကိုကို ကိုကိုမေကာင္းဘူး! သားကိုလႊတ္လို႔ အဟင့္!''

"ကဲကြာ! အဲ့ေလာက္ျဖစ္ေနတာ''

အခန္းထဲထိေပြ႕ေခၚလာၿပီးမွ စိတ္မရွည္ေတာ့လို႔ ကုတင္ေပၚပစ္တင္ခ်လိဳက္တာ ေကာင္ေလးက အင့္ကနဲအသံထြက္လာသည္ ။ သူခါးေထာက္ၿပီး စိုက္ၾကည့္ေတာ့ ကုတင္ေပၚမွာအသံမထြက္ပဲ ကုပ္ကုပ္ေလးၿငိမ္ေနျပန္ပါသည္ ။

အိမ္မွာလည္း ဘယ္သူမွရွိပုံမရ အိမ္ကအလုပ္သမားေတြကေတာ့ စိုင္းကိုေၾကာက္လို႔ အေပၚတက္လာရဲမည္မဟုတ္ ။ ဒါကိုသိလို႔ ဒီေကာင္ေလးမေအာ္ရဲတာေပ မဟုတ္ရင္အသံကုန္ျခစ္ေအာ္မွာ ျမင္ေယာင္ေသးသည္ ။

"မင္းနဲ႕ အဲ့အေကာင္က ဘာေတြလဲ!''

"သူငယ္ခ်င္းပါ....''

"ဘာ! မင္းအခုေရာက္ေနတဲ့အဆင့္အတန္းကဘာလဲ မင္းသိလား မင္းအရင္ကေနခဲ့တဲ့ တဲစုတ္မဟုတ္ဘူး ျမဴေဒါင္းငယ္! ငါနဲ႕ဒယ္ဒီရဲ႕ ဂုဏ္သိကၡာက်ေအာင္ မင္းလုပ္ေနတာလား!''

"ကိုႀကီးဟိန္းက ဘာျဖစ္ေနလို႔လဲ''

"သူက ဒီအိမ္ကအလုပ္သမား မင္းကဒယ္ဒီရဲ႕ မယားငယ္ကသားဆိုေပမဲ့ ဒီအိမ္ရဲ႕သခင္ေလးပဲဆိုတာကို မင္းေမ့ေနတာလားဟမ္!''

"ကိုကို႔ ေမေမ့ကို အဲ့လိုမေျပာပါနဲ႕ ေမေမကအဲ့လို မဟုတ္ပါဘူး ''

"အဟက္! မယားငယ္မလို႔ မယားငယ္လို႔ေျပာတာ ဘာေတြနားေနတာလဲ ဘာလဲ မင္းက မင္းအေမငါ့ဒယ္ဒီကို ယူနိုင္လိုက္တာနဲ႕ပဲ အိမ္ႀကီးရွင္ဘဝကိုရေနၿပီ ထင္ေနတာလား ''

"ကိုကိုေမေမနဲ႕ ေဖေဖက ကြာရွင္းၿပီးသြားၿပီ ဘာမွမပတ္သတ္ေတာ့ဘူး! "

"ဘာ! မင္း! မင္းကမ်ား!''

ေျဖာင္း.......

ပါးျပင္ႏုႏုေလးမွာ လက္ဝါးရာကထင္းကနဲေပ ။ ပူထူသြားတဲ့ပါးျပင္ေၾကာင့္ ျမဴေဒါင္းကိုယ္ေလး လန္က်သြားသည္ ။ အံၾသသင့္လို႔ မဆုံးနိုင္ေလာက္ေအာင္ သူ႕ကိုယ္သူဘာျဖစ္သြားမွန္းပင္ မသိေတာ့ ။

ကိုကိုက သူ႕ပါးျပင္အား ရိုက္ပစ္လိုက္တာပင္ ။ သူ႕ေမေမေတာင္ ခ်စ္လို႔ဆိုကာ ေမႊးၾကဴတတ္သည့္ ပါးျပင္ကိုမွ ကိုကိုက အညွာတာမဲ့စြာ ရိုက္ပစ္ရက္သည္ ။

ခ်စ္မိခဲ့တဲ့ ဒီႏွလုံးသားေလးထဲ ရိုက္ခ်က္တစ္ခုစိုက္ဝင္သြားေခ်ၿပီ ။ ေမေမေ႐ြးခ်ယ္ခဲ့သာ သားေလးစိတ္ခ်မ္းသာဖို႔ပါတဲ့ သို႔ေပမဲ့ ေနာက္ကြယ္မွာ ျမဴေဒါင္းအနိုင္က်င့္ခံေနရတာသာ ေမေမသိရင္ ဝမ္းနည္းေနေတာ့မည္ ။

ျမဴေဒါင္းသိခဲ့ဖူးေသာကိုကိုက အရင္ကနဲ႕မတူေတာ့ပါ ျမဴေဒါင္းအေပၚမွာ အၾကင္နာတရားမဲ့လွပါသည္ ။ သို႔ေသာ္ မနာရက္သည့္ ဒီအသည္းႏုႏုေလးက ခြင့္လႊတ္လိုစိတ္ျပင္းလွသည္ေလ ။

ရက္စက္ပါကိုကို ကိုကိုရက္စက္သေလာက္ ကြၽန္ေတာ္က ခ်စ္မွာမလို႔........

#TBC

ေမွ်ာ္ေနမယ္ထင္လို႔ update ေပးလိုက္တာပါ သေဘာက်ရင္ review ေလးကူေပးအုံးေနာ္












Continue Reading

You'll Also Like

1.2M 91.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
307K 13.3K 34
ခဗျားကကျုပ်လင်ပဲ--- မိုးမြတ်သာထီ မိုးမြတ်သာထီ အရိုင်းအစိုင်းကောင်--- လေးညို့ရှင် မောင့်ကိုလက်မလွှတ်ပေးနိုင်ဘူး...
1.3M 46K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
18K 703 18
သိချင်ဝင်ဖတ် ဒါပဲ😅😅 Starting date.12.11.2021 Ending date.6.12.2021